အခန်း (၂၀၀)
Vol. 20 Ch. 200
ကျူးလင်လင်သည် အမှန်ပင် လှပသော်လည်း အကျည်းတန်သောဒေါသကြောင့်သာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရခြင်းပင်။ ယခုအခါ သူမသည် အလျင်အမြန် အ၀တ်အစားများလဲထားသောကြောင့် တိုက်ခိုက်ထားသည်တုန်းကလောက် ဖရိုဖရဲဖြစ်မနေတော့သည်။
သူမ အခွင့်အရေးကိုလက်လွှတ်မခံချင်သည့်ပမာ အသက် ပြင်းပြင်းရှူလိုက်ပြီး "ချင်ရှန့်... ကျွန်မ ရှင့်ကိုချစ်တယ်၊ အရမ်းချစ်တယ်၊ ကျွန်မ ငယ်ငယ်လေးထဲက စတွေတဲ့အချိန်ကစပြီး ရှင့်ကိုချစ်လာခဲ့တာ အခုဆိုဆယ်နှစ်လောက်ရှိပြီ၊ ရှင် အရင်က ယုကျစ်နဲ့အတူရှိရင် ပျော်ရွှင်နေတယ်လို့ ကျွန်မထင်တော့ ကျွန်မရှင့်ကို မလိုက်ခဲ့ဘူး၊ ဒါပေမယ့် အခုကျွန်မ ရှင်နဲ့အတူရှိချင်တယ်"
လူတိုင်း အံ့အားသင့်သွားကာ ကျူးလင်လင်ကို မယုံကြည်နိုင်စွာစိုက်ကြည့်နေကြသည်။
"ဒါက သာမာန်ပဲလား? မထူးဆန်းဘူးလား?"
"ယုကျစ်ဆီကတောင် ခိုးဖို့ တိတ်တိတ်လေးပဲကြိတ်ကြံခဲ့တာလေ"
"သူ့ တရားဝင်ဇနီးသည် အဲ့ဒီမှာအကောင်လိုက်ကြီး ရပ်နေတာကိုကျူးလင်လင်က ပေါ်တင်ကြီးဖွင့်ပြောတယ်ဆိုတော့ ဒါ သူ များယောင်္ကျားကို ပေါ်တင်ကြီးကြောင်တောင်နှိုက်နေတာမဟုတ်ဘူးလား? သူ ဘယ်လိုတောင် တည်ငြိမ်နေတာလဲ? သိက္ခာလေးနည်းနည်းတောင် မရှိတော့ဘူးလား"
"သူ ရူးသွားပြီပဲ၊ ကြည့်ရတာ ဆေးတောင်မမှီတော့တဲ့ပုံပဲ"
"ဒါကတော်တော်လေး...မိုက်ရူးရဲဆန်တယ်ပြောရမလား"
"ဒီညတော့ သူ တကယ်လွန်သွားပြီ"
"ငါသာ သူ့မိဘဆိုရင် သွေးတက်နေမိမှာ"
"ဒါ သိပ်မမှန်ဘူး၊ ဒီလို စရိုက်မျိုးနဲ့သူကို သာမန်မိဘတွေကမမွေးနိုင်ဘူး"
"စဉ်းစားကြည့်လေ ယုကျစ် ကျူးလင်လင်ကိုထိန်းနိုင်တာက တော်တော်လေးတော်တယ်လို့ထင်တယ်"
ကျူးလင်လင်၏ကျယ်လောက်သော ဝန်ခံမှုသည် ကျီဖေးနှင့် ချင်ရှန့်တို့ကို ထိတ်လန့်စေသည်။
[ငါ သူမကို အရံဇာတ်ကောင်လေးလို့ပဲ ထင်ခဲ့တာ၊ အခုတော့ ဘာလဲ? အမြောက်စာဇာတ်ကောင်လေးက ဇာတ်လိုက်ဖြစ်ချင်နေတာလား? တော်တော်လေးဆိုးတဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခြေအနေတွေကို ငါ တွေ့ဖူးပေမယ့် ဒါကအပြင်းထန်ဆုံးပဲ၊ အခုလို ပွင့်ပွင့်လင်းလင်းပြောလိုက်တော့ သူ့ကို စနိုက်ကြော်မဲ့သူလို့တောင် ထင်ရခက်သွားပြီ၊ သူ့ သိက္ခာတွေ အားလုံးဆုံးရှုံးသွားလို့ ဘာမှဖုံးကွယ်ထားဖို့မလိုအပ်ဘူးလို့ထင်နေတာလား? ငါးကြီးကြီးကတော့ လာနေပြီ၊ ငါ ပိုပြီးစိတ်၀င်စားလာပြီ"
ချင်ရှန့်လည်း ထိုသို့အခြေအနေမျိုး တစ်ခါမှမကြုံဖူးချေ။
[ဒီလိုအချိန်မျိုးမှာ သူ့ကို ပါးရိုက်လိုက်မယ်ဆိုရင်တောင် ငါ့လုပ်ရက်ကို သူတို့တွေလက်ခံနိုင်မှာပဲ၊ ဟင့်အင်း ဟင့်အင်း မဟုတ်သေးဘူး၊ နယူတန်ရဲ့ တတိယနိယာမအရ သူ့ကိုရိုက်ရင် ငါ့လက်နုနုလေးလည်း နာကျင်ရလိမ့်မယ်၊ netizens တွေက ငါ့ကို ပါးဖြတ်ရိုက်တဲ့ကျဲကျဲလို့ခေါ်တက်ကြပေမဲ့ ဒါက သူတို့ ဒီအတိုင်းစနောက်နေတာလေ]
ကျီဖေးသည် သူမအတွေးများကြား နစ်မျောနေပြီ ချင်ရှန့် သူမလက်ကို ရုတ်တရက်ဆုပ်လိုက်လိုက်တော့မှ သတိပြန်၀င်သွားသည်။ သူသည် တွဲယှက်ထားသောလက်နှစ်ဖက်ကို ကျူးလင်လင်ရှေ့တွင် ထောင်ပြလိုက်သည်။
"မစ္စကျူး... ငါ့မိန်းမက ငါ့အနားမှာရှိနေတာကို မင်း မမြင်ဘူးလား" ချင်ရှန့်၏လေသံသည် သူမအား 'မစ်ကျူး'ဟူ၍မဖော် ရွေစွာခေါ်လိုက်သည်။
ထိုအရာသည် ကျူးလင်လင်၏မျက်လုံးများကို မျက်ရည်များဝေ့သန်းလာစေသော်လည်း သူသည် ယုကျစ်ထက် စိတ်ဓာတ်မာသည်။
သူမသည် ကျီဖေးကို ပြင်းပြင်းထန်ထန်စိုက်ကြည့်ကာ "ကျွန်မက ရှင့်ထက် ချင်ရှန့်နဲ့ ပိုသင့်တော်တယ်၊ ကျွန်မက မိသားစုမှာ တစ်ဦးတည်းသောသမီးဖြစ်လို့ အနာဂတ်ကျရင် ကျူးမိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးက ကျွန်မအတွက်ပဲဖြစ်လိမ့်မယ်၊ ကျွန်မတို့ ကျူးမိသားစုရဲ့လုပ်ငန်းတွေက Qin Corporationကို အပြည့်အဝကူညီပေးနိုင်တယ်၊ ကျွန်မကိုသာ လက်ထပ်လိုက်ရင် အင်အားကြီးတဲ့မဟာမိတ်ပါ ထပ်ဖွဲ့နိုင်လိမ့်မယ်"
ကျူးလင်လင်သည် ကျီဖေးကိုအထင်သေးသလိုမျိုး သူမ ခေါင်းကို ခပ်မြင့်မြင့်မြှောက်ထားလိုက်သည်။
သို့သော် အနီးနားရှိလူအားလုံးသည် ကျူးလင်လင်ကိုအရူးတစ်ယောက်လိုကြည့်နေကြသည်။
[အဟမ်း.. ဒါက အစွန်းရောက်နေတဲ့ အချစ်မျက်ကန်းကြီးလား? နင် မိဘတွေကိုတောင် ဆွဲသွင်းနေပြီပဲ]
ကျီဖေး ရွဲ့စောင်းစွာ ပြောလိုက်သည်။
ကျူးလင်လင်က "ချင်ရှန့်ကို ကွာရှင်းဖို့အတွက် နင်ကြိုက်တဲ့ စျေးပြောလိုက်"
ကျီဖေး အေးခဲသွားသည်။
[ဟမ် ? ဘာကြီး ?]
ချင်ရှန့် ကျီဖေးကိုချက်ချင်းလှည့်ကြည့်သည်။
"သိန်းရာချီတဲ့ ပိုက်ဆံအမောင့်ဖြစ်ရင်တောင် နင် သူ့ကို ကွာရှင်းဖို့သဘောတူသရွေ့ ငါ တတ်နိုင်တယ်"
[သန်းရာချီ... ဒါဆို သန်း ၂၀၀ လောက်ဆိုလည်း စိတ်မရှိလောက်ဘူး မဟုတ်လား?]
ချင်ရှန့်၏ မျက်လုံးများသည် အန္တရာယ်ရှိစွာကျဉ်းမြောင်းသွားသည်။
[ဝါး ငါ့ဆီမှာ အခုလိုမျိုး ငွေထုတ်နဲ့ပစ်ပေါက်ပြီး ထွက်သွားခိုင်းမဲ့ဇာတ်၀င်ခန်းမျိုးရှိလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ]
ချင်ရှန့် အသက်ပြင်းပြင်းရှူရင်း "မစ်ကျူး မင်းငါ့ကို ဘာထင်နေလဲ? ရောင်းဝယ်ဖို့ပစ္စည်းတစ်ခုလား? ငါ့မိန်းမက သိန်းရာဂဏန်းလောက်ကိုလိုမနေဘူး"
ကျီဖေးသည် ချင်ရှန့်အားလျင်မြန်စွာကြည့်လိုက်သည်။ သူမသည် ထိုသို့သဘောတူညီချက်ကို လူသိရှင်ကြားပြော၍မရသလို ကျူးလင်လင်သည်လည်း လူကောင်းတစ်ဦးမဟုတ်ပေ။ ထို့အပြင် ခင်ပွန်းဖြစ်သူကိုရောင်းစားခြင်းမှာ မသင့်တော်သဖြင့် အနည်းငယ်ဝမ်းနည်းမိသွားသည်။
အမှန်တော့ သူမ မူလကမ္ဘာတွင်ရှိစဉ်က ထိုသို့သော ဇာတ်ဝင်ခန်းမျိုးကြုံရဖို့အမြဲတမ်းဆန္ဒရှိခဲ့သည်။
ထိုတုန်းက သူမ စိတ်ကူးပင်ယဉ်ခဲ့ဖူးသည်။
သို့သော် ယခုအခါ ဇာတ်ဝင်ခန်းမှာ ရောက်ချလာသော်လည်း သူ့ခမျာ ပါ၀င်မကပြနိုင်ချေ။
[ဟင်း...တကယ်တော့ ငါ လက်ခံချင်တာကို]
ကျီဖေး ပေါ့ပေါ့တန်တန်သက်ပြင်းချလိုက်သော်လည်း သူမကို ဆုပ်ကိုင်ထားသည့်လက်သည် ရုတ်တရတ်တင်းကျပ်လာသွားသောကြောင့် နာကျင်သွားသည်။
"ငါတို့ ကွာရှင်းမှာမဟုတ်ဘူး"
ချင်ရှန့်သည် ရုတ်တရက် ပြောလိုက်ပြီး ကျီဖေးကို သူ့မျက်နှာနှင့်အနီးထိဆွဲလိုက်ပြီး "ငါတို့ ကွာရှင်းမှာ မဟုတ်ဘူး"
ချင်ရှန့်၏ ရုတ်တရက် စိတ်အားထက်သန်မှုကြောင့် ကျီဖေး အံ့အားသင့်သွားသည်။
ချင်ရှန့်၏မျက်လုံးများသည် အလွန်မှောင်နေပြီး ညမီးရောင်အောက်တွင် နက်ရှိုင်းသည့် ချောက်က်ထဲအလင်းစက်များသိမ်းထားသည့်ပမာ တောက်ပနေသည်ာ
"ကျီဖေးက ငါ့ရဲ့ တစ်ဦးတည်းသောဇနီးပဲ"
ကျီဖေးကြက်သေသေနေသေးသော်လည်း ချင်ရှန့်သည် ရောက်ရှိလာသူတိုင်းအား သတိပေးစကားဆိုလိုက်သည်။
နောက်ဆုံးတော့ပြောလာပြီပဲ။
သူ့မိန်းမသည် မည်သည့်အချိန်မဆို ကျီဖေးသာဖြစ်သည်။
ကျူးလင်လင်သည် ချင်ရှန့်ကိုနာကျင်စွာကြည့်ရင်း "ချင်ရှန့်... ကျွန်မ ပြောခဲ့သမျှက အမှန်တွေချည်းပဲ၊ ရှင်က စီးပွားရေး သမားဆိုတော့ ဒီကိစ္စကို သေချာတွက်ချက်နိုင်မှာပါ"
ချင်ရှန့်က လှောင်ရယ်ရင်း "ကျီဖေးက ငါ့ဇနီးပါ၊ မင်း မိသားစုက မင်းကို ဘယ်လိုသင်ပေးလိုက်လဲ ငါမသိဘူး၊ ဒါပေမယ့် ငါ့ ဇနီးနေရာကို အခုလိုတွက်ချက်တက်ဖို့ ငါ့မိသားစုက မသင် ပေးဖူးဘူး၊ ငါတွက်ချက်ကြည့်ရင်တောင် မင်းက ငါ့မျက်လုံးထဲမှာတန်ဖိုးမရှိဘူး"
ဤစကားသည် ကျူးမိသားစုကိုမထိမဲ့မြင်လိုက်သလိုဖြစ်သော်လည်း ကျူးလင်လင်သည် ၎င်းတို့ကို ဦးစွာစော်ကားခဲ့ခြင်းဖြစ်သည်။
မင်းသာ ငါ့ကိုမရှုပ်ဘူးဆိုရင် ငါလည်း မင်းကိုမရှုပ်ပါဘူး - ချင်ရှန့်သည် ဘယ်တုန်းကမှ ထိန်းချုပ်ခံတက်သူမဟုတ်ချေ။
ကျူးလင်လင်သည် လူသိရှင်ကြား ငြင်းပယ်ခံရသောကြောင့် ဒေါသများမထိန်းနိုင်တော့ဘဲ ကျီဖေးပေါ်ပုံချသည်။
"နင်က မိဘမဲ့တစ်ယောက်ပဲလေ၊ ချင်မိသားစုရဲ့စေသနာတွေကြောင့် ဒီလောက်အထိ အသက်မရှင်နိုင်တာများ၊ ချင်ရှန့်ကို ဘာကိစ္စ ငါနဲ့ပြိုင်လုရဲတာလဲ"
ထိုစကားများ သူမပါးစပ်မှထွက်လာသည်နှင့် တပြိုင်နက် ရောင်ကိုင်းနေသော သူမ မျက်နှာသည် ထပ်မံအရိုက်ခံလိုက်ရသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။
ဒရာမာ၏အဆုံးတွင် အဓိကဇာတ်ဆောင်ဖြစ်သော ကျီဖေးတစ်ဖြစ်လဲ မစ္စချင်သည် ရုပ်လုံးထပြလာသည်။
"နင်ငါ့ကို ဘာပဲဖြစ်ဖြစ်ပြောလို့ပေမယ့် ငါ့မိဘတွေကိုစော် ကားတာက ရိုက်နှက်ခံရဖို့တောင်းဆိုနေတာပဲ" ကျီဖေး အေးစက်စွာပြောလိုက်သည်။
လူများသည် ပြပွဲပြီးသွားပြီဟုထင်ကြသော်လည်း တစ်ယောက်ပြီးတစ်ယောက်ထွက်လာမည်ဟု မမျှော်လင့်ထားချေ။
"ငါ့ယောက္ခမတွေကို စော်ကားခွင့်မပြုနိုင်ဘူး၊ သူတို့က ငါ့အ ပေါ် အရမ်းကောင်းတယ်!" ကျီဖေး ဤတစ်ခါအမှန်ပြောနေခြင်းပင်။
သူမ သူ့ကိုရိုက်ပြီးတော့မှ လန့်သွားသဖြင့် ချင်ရှန့်နောက်တွင် ၀င်ပုန်းနေလိုက်သည်။
ကျူးလင်လင် အသိစိတ်ဝင်လာပြီး ဒေါသပေါက်ကွဲတော့မည့်အချိန် ချင်ရှန့်သည် ကျီဖေး၏ရှေ့တွင်ရပ်ကာ "မစ္စကျူး.. ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုလေးစားပါ၊ ပြီးတော့ ကျွန်တော့်မိန်းမနဲ့ ကျွန်တော့်ရှေ့ကို ထပ်မပေါ်လာပါနဲ့"
သူသည် ထိုစကားကို လူတိုင်းကြားသိစေရန်ရည်ရွယ်ပြီး သူပြောသည့်အဓိပ္ပာယ်မှာ ကျူးမိသားစုနှင့် အဆက်အသွယ်ဖြတ်ကြောင်းကို ကြေညာခြင်းပင်။
အနာဂတ်တွင် ကျူးလင်လင်တက်ရောက်မည့် မည်သည့်ပွဲသို့မဆို သူ လာမည်မဟုတ်ချေ။
သူ ယုကျစ်တုန်းကတောင် ယခုလိုမဖြစ်ခဲ့သော်လည်း ကျူးလင်လင် ကျီဖေးအား တစ်ခွန်းလောက်ပြောရုံနှင့် သူ ယခုလိုဖြစ်သွားခဲ့သည်။
ထိုအရာသည် ကျီဖေးမှာ ချင်ရှန့်၏အမည်ခံ ဇနီးတစ်ယောက်သာမဟုတ်ကြောင်း ဝန်ခံလိုက်သလိုပင်၊ သူတို့ဆက်ဆံရေးသည် ထိုသည်ထက်ပိုသည်။
မကြာမီ သူတို့ကားရောက်လာသဖြင့် ချင်ရှန့်သည် ကျီဖေးနှင့်အတူ ခန်းမမှထွက်ခွာသွားသည်။
ချင်ရှန့်သည် သူမ၏ ဂုဏ်သိက္ခာအတွက် နစ်နာမှုရေးအဖြစ် ကျီဖေးအကောင့်ထဲသိူ့ လျော်ကြေးများ လွှဲပြောင်းပေးသည့်တိုင်အောင် ကားတစ်စီးလုံးသည် တိတ်ဆိတ်နေပြီး သူမလည်း အတွေးများ နယ်ချဲ့နေသလိုပင်။
"ဒီညရဲ့ အဖြစ်အပျက်တွေအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ်၊ အားလုံးကိုယ့်ကြောင့်ပါ" ချင်ရှန့် ရိုးရိုးသားသား တောင်းပန်လိုက်သည်။
ကျီဖေးသည် ငွေလက်ခံရရှိသဖြင့် ပျော်ရွှင်နေသောကြောင့် ပြုံးလိုက်ကာ "ရပါတယ် ရပါတယ် ကိစ္စမရှိဘူး၊ ရှင်လည်း ခက်ခဲခဲ့မှာပဲ ရှင့်အချစ်ဦးက ဒီလိုမျိုးလိမ်တဲ့အပြင် ရှင့်ကို အမြဲတမ်း စောင့်ကြည့်နေတဲ့ stalker တစ်ယောက်တောင်ရှိတယ်"
ချင်ရှန့် မျက်မှောင်ကြုတ်သွားပြီး သူ့အမူအရာသည် စိတ်မသက်မသာဖြစ်သွားသည်။ "မင်း ကိုယ့်ကိုကို မယုံသေးဘူးလား၊ ယုကျစ်က ကိုယ့်အချစ်ဦးမဟုတ်ဘူး"
ကျီဖေး ချက်ချင်းဆိုသလို "ကျွန်မ ယုံပါတယ်၊ တကယ်ယုံပါတယ်"
[ယုံတာပေါ့၊ ငါ သေချာပေါက်ယုံသွားတာ၊ ဒီကိစ္စမှာသာ အ ချစ်ဇာတ်လမ်းတွေပါနေရင် ငါ ဒီလို အေးအေးဆေးဆေးဒရမ်မာကြည့်ရမှာမဟုတ်ဘူး၊ ငါ့ အုတ်ဂူရှေ့မှာပဲ ကနေရလိမ့်မယ်!]
[ဒါပေမယ့် ချင်ရှန့်က လူကောင်းတစ်ယောက်ဖြစ်လို့ပေါ့၊ ဒါကြောင့် သူ အခုလို အကြံဆိုးနဲ့ မိန်းမဆိုးတွေဆီက အလိမ်မခံရတာ]
ချင်ရှန့်သည် ကျီဖေး၏အတွင်းများကို နားထောင်ရင်းကားမောင်းနေသည်။
သို့သော် ထိုအတွေးအပြီးတွင် အိမ်အပြန်လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေခဲ့သည်။
ချင်ရှန့်: ဒါပဲလား ? သူမမှာ ဘာအတွေးမှ မရှိတော့ဘူးလား? ဒီည ငါ့ပြောခဲ့တဲ့ စကားတွေနဲ့ ငါလုပ်ခဲ့တာအရာကို သူမ နည်းနည်းလေးတောင်မတွေးဘူးလား?
ချင်ရှန့်၏နှုတ်ခမ်းများ အနည်းငယ်ရွေ့လျားကာ သူ့နှလုံးခုန်နှုန်းများမြန်ဆန်လာပြီး ကားထဲတွင် သူ့ နှလုံးခုန်သံကိုပင် ပြန်ကြားနိုင်လောက်သည်။