အခန်း ၇-၉
Vol. 1 Ch. 7-9
အပိုင်း(၇)-စာပေပါရမီရှင်အဆင့်သင်ယူမှုစွမ်းရည်
ချူးယွင်ဖန်းသည်ကျောင်းကိုရောက်သောအခါလစ်ဘရယ်အနုပညာအတန်းမှကျောင်းသားများအားလုံးရောက်နှင့်ပြီးဖြစ်သည်။ခွန်လွန်းခေတ် ကျောင်းတိုင်း၏သင်ရိုးညွှန်းတမ်းသည် လစ်ဘရယ်အနုပညာနှင့် သိုင်းပညာအပေါ်အခြေပြုပြီးတော့မှ သင်ကြားကြသည်။ စာကြမ်းပိုးများသို့မဟုတ်အားကစားထူးချွန်သူများဖြစ်ကြသော်လည်းသာမန်ခေတ်မှရိုးရိုးရှင်းရှင်းနေထိုင်သူများဖြစ်ပါကဤခေတ်တွင်ဘာမှမဟုတ်တော့ပေ။
ခွန်လွန်းခေတ်ကပညာရေးသည် ကျောင်းသူကျောင်းသားများကိုလစ်ဘရယ်အနုပညာနှင့်သိုင်းပညာနှစ်ခုလုံးမှာထူးချွန်တတ်မြောက်စေရန်ရည်ရွယ်ထားသည်။ခွန်လွန်းခေတ်ကကျောင်းသားကျောင်းသူများကိုသာမန်ခေတ်တွင်ထားပါကအားလုံးသည်ထူးချွန်သူများဖြစ်ကြလိမ့်မည်။
မေဂျာမခွဲခင်မှာကျောင်းတတ်ချိန်ကိုမနက်ပိုင်းနှင့်နေ့ခင်းပိုင်းအချိန်များဟုနှစ်ပိုင်းခွဲခြားထားသည်။မနက်ပိုင်းတွင်လစ်ဘရယ်အနုပညာနှင့်သက်ဆိုင်သောဗဟုသုတများက်ုသင်ယူရပြီးနေ့ခင်းပိုင်းတွင်သိုင်းပညာနှင့်သက်ဆိုင်သောလေ့ကျင့်သင်ကြားခြင်းကိုပြုလုပ်ကြရသည်။ထို့ကြောင့်သူတို့သည်လစ်ဘရယ်နှင့်သိုင်းနှစ်ခုလုံးမှာထူးချွန်နိုင်သောကျောင်းသားကျောင်းသူများကိုလေ့ကျင့်သင်ကြားပေးနိုင်ခြင်းဖြစ်သည်။
မေဂျာခွဲပြီးနောက်မှာကျောင်းသားကျောင်းသူများသည်သူတို့နှစ်သက်ရာဘာသာရပ်ကိုရွေးချယ်နိုင်သောလွတ်လပ်ခွင့်ရရှိမည်။ထိုအချိန်မှာတော့လစ်ဘရယ်နှင့်သိုင်းပညာအတန်းများကိုမတူညီသောအခန်းများတွင်သင်ကြားကြရသည်။လစ်ဘရယ်အနုပညာစာသင်ခန်းသည်သာမန်ခေတ်မှာရှိသောစာသင်ခန်းနှင့်ဆင်တူသည်။သိုင်းပညာအတန်းများကိုကျောင်းသားကျောင်းသူများလေ့ကျင့်သင်ကြားရာတွင်အဆင်ပြေစေရန်အလို့ငှါကြီးမားသောပွဲခင်းနေရာများတွင်ပြုလုပ်ကြသည်။
ချူးယွင်ဖန်း၏ရောက်ရှိလာမှုသည်အားလုံး၏အာရုံစိုက်မှုကိူမဖမ်းစားနိုင်ပေ။သူသည်ထိုင်ခုံမှာထိုင်ပြီးတက်ဘလက်ကိုထုတ်လိုက်သည်။လွန်ခဲ့သောနှစ်များထဲကစက္ကူစာအုပ်များအစားတက်ဘလက်များဖြင့်အစားထိုးသင်ကြားကြသည်။ထိုအရာသည်သုံးစွဲရတာအဆင်ပြေပြီးသဘာဝပတ်ဝန်းကျင်ကိုလည်းမထိခိုက်စေပေ။
သင်ကြားမည့်အကြောင်းအရာများအားလုံးကိုတက်ဘလက်ထဲတွင်ထည့်သွင်းထားသည်။တက်ဘလက်ထဲတွင်လေ့ကျင့်ခန်းမေးခွန်းအမျိုးအစားများစွာရှိသည်။ထို့ကြောင့်ကျောင်းသားများသည်သူတို့ကြိုက်နှစ်သက်သည့်အချိန်တွင်သင်ခန်းစာများကိုonlineမှအချိန်မရွေးကြည့်နိုင်ကြသည်။ထို့ကြောင့်ဤအရာသည်ကောင်းမွန်သောသင်ကြားရေးဆိုင်ရာအစီအစဉ်တစ်ခုဖြစ်သည်။
ချူးယွင်ဖန်းသည်တက်ဘလက်ကိုနှိပ်ပြီးသင်ခန်းစာများကိုစတင်ကြည့်ရှု့သည်။သူ၏နေ့စဉ်လှုပ်ရှားနေထိုင်မှု၏တစ်စိတ်တစ်ပိုင်းဖြစ်သောအိမ်စာများလည်းရှိနေသည်။သူတို့သည်နယ်ပယ်နှစ်ခုလုံးမှာအာရုံစိုက်ရမယ်ဖြစ်သောကြောင့်သူကသိုင်းပညာကိုရွေးချယ်လိုက်သော်လည်းလစ်ဘရယ်အနုပညာမှာရလဒ်ကောင်းများရရှိရန်လည်းလိုအပ်သေးသည်။
မကြာခင်မှာပင်တစ်စုံတစ်ရာကထူးခြားနေတာကိုသူသတိထားမိခဲ့သည်။သူကသင်ခန်းစာများကိုဖွင့်လိုက်ချိန်တွင်တစ်ချိန်ထဲမှာစာကြောင်း(၁၀)ကြောင်းလောက်ကိုသူဖတ်နိုင်နေတာကိုသတိထားမိခဲ့သည်။ဒါတင်မကသေးပဲသူဖတ်ပြီးသမျှအရာအားလုံးကိုလည်းချက်ချင်းပဲမှတ်မိနိုင်စွမ်းရှိနေသည်။သူသင်ကြားခဲ့သည်များကိုပြန်လည်စဉ်းစားသည့်အခါတွင်လည်းယခင်ကသူနားမလည်နိုင်ခဲ့သောအရာများစွာကိုလည်းအကြမ်းဖျဉ်းနားလည်နိုင်တာကိုတွေ့ရသည်။
သူ၏လစ်ဘရယ်အနုပညာအဆင့်များသည်မဆိုးရွားသော်လည်းကောင်းလည်းမကောင်းနေပေ။သူ့ကိုအလယ်အလတ်အဆင့်ဟုမှတ်ယူနိုင်သည်။သို့သော်လည်းယခုအခါမှာတော့သူစာတွေအားလုံးကိုဖတ်ပြီးပြီဖြစ်သည်။သူကသိုင်းပညာနှင့်သက်ဆိုင်သောလေ့ကျင့်ခန်းမေးခွန်းများကိုပြုလုပ်သောအခါမှာသူ့အတွက်ပိုတောင်လွယ်နေသေးသည်။သူဖတ်လိုက်သမျှအရာအားလုံးကိုနားလည်နိုင်သည်။ဤအရာသည်သေချာပေါက်စာပေပါရမီရှင်အဆင့်သင်ယူမှုစွမ်းရည်ဖြစ်သည်။
သူမှန်းထားသမျှအရာအားလုံးထပ်လုံးဝသာလွန်ထူးခြားနေသည်။”ကြည့်ရတာငါ့ရဲ့သိုင်းပညာစွမ်းးည်ကပဲအဆင့်မြင့်သွားတာမဟုတ်ဘူး။ငါကကဏ္ဍပေါင်းစုံမှာပြောင်းလဲသွားခဲ့ပုံရတယ်။ကြည့်ရတာငါ့ရဲ့ဦးနှောက်ကြီးတစ်ခုလုံးပြောင်းလဲသွားတာဖြစ်ရမယ်”ချူးယွင်ဖန်းသည်သူ့ဘာသာသူတွေးနေမိသည်။
သူ၏စိတ်များသည်လည်းအရင်ကထပ်ပိုမိုကြည်လင်လာပြီးထို့ကြောင့်သူယခင်ကမတွေးနိုင်သောအရာများကိုလည်းတွေးလာနိုင်သည်။အိပ်မက်နှင့်တူသောထူးခြားဆန်းကြယ်ဖြစ်ရပ်သည်သူထင်သလောက်မရိုးရှင်းနေပေ။ထိုဖြစ်ရပ်သည်သူ့အပေါ်မှာများစွာလွှမ်းမိုးနေသည်။”ဘာတွေပဲဖြစ်ဖြစ်ငါ့အတွက်ကောင်းတာပဲ”ဤသို့ထူးကဲလှသောသင်ယူမှူစွမ်းရည်နဲ့ဆိုသူသည်အချိန်အများကြီးကုန်ရန်မလိုတော့ပေ။ထို့ပြင်စွမ်းဆောင်ရည်မြင့်မားသောသိုင်းပညာရှင်တစ်ဦးသည်အရာအားလုံးပိုလေ့လာရန်လိုအပ်သည်။
တရားထိုင်ခြင်းနှင့်ကျင့်ကြံခြင်းစသည့်အရာများထပ်ပိုမိုလုပ်ဆောင်ရန်လိုအပ်သည်။ဤသို့ထူးကဲလှသောပါရမီအရဆိုသူဒီထပ်အများကြီးပိုမိုလုပ်ဆောင်နိုင်သည်။သူတောင်မသိလိုက်ပဲနဲ့အချိန်များစွာကုန်ဆုံးလာခဲ့သည်။ပထမဦးဆုံးအတန်းအတွက်အချိန်ကျရောက်လာသည်။ပထမဦးဆုံးသောသင်ခန်းစာသည်ကျောက်စာများအကြောင်းဖြစ်သည်။ဤအတန်းသည်ကျောင်းသားများအတွက်မဖြစ်မနေယူရသည့်အတန်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော်ခွန်လွန်းခေတ်ကအရာများစွာသည်ရှေးဟောင်းလူသားယဉ်ကျေးမှူနှင့်သက်ဆိုင်နေသောကြောင့်ဖြစ်သည်။
နောက်ထပ်ပိုမိုပြီးလေ့လာချင်လျှင်ကျောက်စာလေ့လာခြင်းသည်မဖြစ်မနေလုပ်ဆောင်ရမည့်အရာဖြစ်သည်။မကြာခင်မှာကျောက်စာသင်ကြားပေးသောဆရာရောက်ရှိလာသည်။သူသည်အသက်(၆၀)ကျော်သောအဖိုးအိုတစ်ဦးဖြစ်ပြီးအဖြူရောင်ဆံပင်များတစ်ခေါင်းလုံးဖြူဖွေးနေသည်။သူတို့၏အသက်အရွယ်ကွာခြားချက်ကြီးကြောင့်ကျောင်းသားများကသူ့ကိုဆရာဟုမခေါ်ကြပေ။ထို့အစားသူတို့သည်သူ့ကိုဆရာဟေးဟုခေါ်ကြသည်။
သူသည်သာမန်ခေတ်မှအသက်ကြီးရင့်နေသောစာအုပ်ကြီးသမားနှင့်တူသည်။ဘာတွေပဲဖြစ်ဖြစ်ချူးယွင်ဖန်းသည်သူ့ထံမှလာသောစွမ်းအင်ပြောင်းလဲမှုတစ်ခုကိုခံစားနိုင်သည်။သေချာပေါက်သူသည်သိုငးပညာရှင်ဖြစ်ခဲ့သည်။အိပ်မက်ကဲ့သို့ ဖြစ်ရပ်ပြီးကတည်းက သူ၏အရာအားလုံးအပေါ်အာရုံခံနိုင်စွမ်းသည် ချက်ချင်းဆိုသလိုမြင့်မားလာခဲ့သည်။လူတစ်ဦးကိုအပေါ်ယံအသွင်အပြင်ကိုကြည့်ပြီးဆုံးဖြတ်၍မရနိုင်ကြောင်းချူးယွင်ဖန်းသဘောပေါက်သည်။သူသည်ဆရာဟေးကိုလွန်ခဲ့တဲ့နှစ်နှစ်တုန်းကကြောက်မက်ဖွယ်ကောင်းသောသိုင်းပညာရှင်တစ်ဦးဖြစ်မှန်းသတိမပြုခဲ့မိချေ။အားလုံးမတ်တပ်ရပ်ပြီးနှုတ်ဆက်ပေးနောက်အတန်းစတင်သည်။
ဆရာဟေးသည်ဝင်လာထဲကဘာမှအများကြီးမပြောပေ။ထို့အစားသူသည်လျှပ်စစ်ကျောက်သင်ပုန်းပေါ်တွင်ကျောက်စာအက္ခရာတစ်ခုကိုရေးခဲ့သည်။
”ငါမင်းတို့ကိုဒီစာလုံးကိုမသင်ပေးခဲ့ရသေးဘူး။ဒါဆိုရင်ဒီစာလုံးကဘာဖြစ်မလဲဆိုတာကိုမင်းတို့ကိုခန့်မှန်းခိုင်းမယ်”သူကအသက်အရွယ်ကြီးမြင့်နေသော်လည်းသူ့အသံကခတ်ထန်မာကျောနေသည်။”
သိုင်းသက်တဲ့သူတွေအဖို့တော့ကျောက်စာလေ့လာသင်ယူးခြင်းကအခြေခံစွမ်းရည်တစ်ခုဖြစ်တယ်။ဘာကြောင့်လည်းဆိုတော့လျှို့ဝှက်မှတ်တမ်းများစွာကိုဒီကျောက်စာအက္ခရာများနဲ့ရေးခဲ့ကြတာဖြစ်တယ်။မင်းတို့ကဒီအက္ခရာတွေမသိဘူးဆိုလို့ရှိရင်ခွန်းလွန်းခေတ်ကလျှို့ဝှက်မှတ်တမ်းတစ်ချို့ကိုမင်းတို့ရရင်တောင်မှမင်းတို့ဖတ်တတ်မှာမဟုတ်ဘူး”ငါအရင်အတန်းတုန်းကပြောခဲ့သလိုပဲဒီကျောက်စာကငါတို့တရုတ်စာတွေလိုပဲအရုပ်စာအမျိုးအစားမျိုးဖြစ်တယ်။ဒါကြောင့်မို့လို့ဒီကျောက်စာအက္ခရာရဲ့ပုံပန်းသွင်ပြင်ကိုကြည့်ပြီးတော့မှဒီစာလုံးကဘာကိုဆိုလိုလဲဆိုတာမင်းတို့ခန့်မှန်းနိုင်သလား”ဆရာဟေးသည်ကျောင်းသားများဘက်ကိုတစ်ချက်ကြည့်လိုက်သည်။
သူသည်ကျောင်းသားများထဲကတစ်ယောက်ကိုညွှန်ပြပြီး”ဖန်ဒေယင်း၊ငါ့ကိုပြောပါဦး။မင်းကအတန်းခေါင်းဆောင်ဖြစ်ပြီးတော့ကျောက်စာအတန်းမှာလည်းအမှတ်ကောင်းကောင်းရတယ်”ထိုသူသည်အသက်၁၆/၁၇အရွယ်လူငယ်တစ်ဦးဖြစ်သည်။သူသည်အရပ်ရှည်ပြီးကြည့်ကောင်းသည်။သို့သော်လည်းသူ၏မျက်နှာမှာမာနထောင်လွှားသည့်အရိပ်အယောင်များရှိနေသည်။
တစ်ချက်လှမ်းကြည့်လိုက်ရုံနှင့်သူသည်ဂုဏ်သိက္ခာကြီးမားသောမိသားစုမှဆင်းသက်လာသည်ဟုပြောနိုင်သည်။သူ၏အပြာရင့်ရောင်သိုင်းဝတ်စုံသည်အလွန်စျေးကြီးသည့်ပုံပေါက်သည်။သူသည်အခန်း(၁၁)၏ခေါင်းဆောင်ဖြစ်သူဖန်ဒေယင်းဖြစ်သည်။သူ့မှာမြို့မျက်နှာဖုံးမိသားစုအသိုင်းအဝိုင်းရှိရုံသာမကသူသည်အရည်အချင်းလည်းရှိသည်။သူ၏ကျင့်ကြံခြင်းအခြေခံသည်အခြေတည်အဆင့်၏အဆင့်(၉)ကိုရောက်ရှိခဲ့ပြီဖြစ်သည်။
သူ၏ချောမောလှပသောမျက်နှာအနေအထားကြောင့်အတန်းထဲမှအတန်းဖော်မိန်းကလေးများသည်သူ့ကိုတိတ်တခိုးချစ်မြတ်နိုးကြသည်။ထို့ကြောင့်သူသည်အတန်းထဲမှာအကျော်ကြားဆုံးသောကျောင်းသားဖြစ်သည်။ချူးယွင်ဖန်းသည်သူ၏ဘေးမှာရှိသောဂေါင်ဟုန်ချီကိုကြည့်သည်။သူသည်လည်းချမ်းသာကြွယ်ဝသောမိသားစုဆင်းသက်လာသူဖြစ်ပြီးစွမ်းဆောင်ရည်လည်းမြင့်မားသည်။သူ၏ကျင့်ကြံခြင်းအခြေခံသည်ဖန်ဒေယင်း၏ကျင့်ကြံခြင်းအခြေခံနှင့်အတူတူပဲဖြစ်သည်။သို့သော်ငြားသူတို့၏ကျော်ကြားမှုအဆင့်အတန်းသည်ကွဲပြားခြားနားသည်။စကားပုံရှိသလိုပဲ”နှိုင်းယှဉ်မှုမရှိရင်ဘယ်သူမှဒုက္ခမပေးနိုင်ဘူး”
တစ်ယောက်သည်အတန်းထဲမှာနာမည်ကြီးသောမင်းသားလေးတစ်ပါးဖြစ်နေချိန်တွင်အခြားတစ်ယောက်သည်ဝတုတ်တစ်ဦးဖြစ်နေသည်။ဖန်ဒေယင်း၏ကြည့်ကောင်းသောပုံစံကိုမြင်ရသောအခါဂေါင်ဟုန်ချီသည်နှုတ်ခမ်းကြီးဆူပြီး”သူသိတာကဘယ်လိုရှိုးထုတ်ရမလဲဆိုတာပဲသိတယ်။သူ့ကိုကြည့်လိုက်လို့ရှိရင်တောင်ပံတွေဖြန့်ပြီးတော့မှကနေတဲ့ဒေါင်းကြီးနဲ့တူတယ်။သူဟန်လုပ်နေတာကိုဘယ်သူမှမသိကြဘူးလား”
ချူးယွင်ဖန်းသည်ဂေါင်ဟုန်ချီရေရွတ်ပြောဆိုနေတာကိုကြားပြီးရယ်စရာကောင်းသည်ဟုထင်မိသည်။သူတို့နှစ်ဦး၏ကျင့်ကြံခြင်းအခြေခံသည်အတန်းထဲမှာရှိသောကျောင်းသားများအားလုံးထဲမှာအမြင့်ဆုံးအနေအထားဖြစ်သည်။
ဖန်ေဒယင်း၏ဇီဇာကြောင်သည့်အကျင့်ကိုပြောနေပုံထောက်ရင်တော့သူတို့နှစ်ဦးသည်တစ်ယောက်နဲ့တစ်ယောက်တည့်ပုံမပေါ်ပေ။
”ဆရာဟေးဒီဟာကအာမေဍိက်သံဖြစ်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ကျနော်သင်ဖူးခဲ့သမျှကျောက်စာအက္ခရာတွေနဲ့ဒီစာလုံးကအများကြီးကွဲပြားတယ်”ဖန်ဒေယင်းကဖြေဆိုခဲ့သည်။
ဆရာဟေးသည်ခပ်ပြုံးပြုံးဖြစ်သွားသည်။ထို့နောက်သူသည်အတန်းထဲမှာရှိသောကျန်တဲ့ကျောင်းသားများဘက်တစ်ချက်ကြည့်ပြီး”ဒီစာလုံးပေါ်ထင်မြင်ချက်ရှိတဲ့ကျောင်းသားများရှိနေမလား”ဟုပြောသည်။
”ဆရာဟေးတစ်ခြားကျောင်းသားတွေကိုမေးစရာမလိုဘူးလို့ကျနော်ထင်တယ်။ကျနော်မသိတဲ့အရာတွေကိုသူတို့ကဘယ်လိုသိနိုင်မှာလဲ။ကျနော့်မိသားစုကတက္ကသိုလ်ကနေကျောက်စာအထူးပြုသုတေသနနဲ့ကျောင်းပြီးထားတဲ့ကျောင်းဆင်းတစ်ဦးကိုငှါးပြီးကျနော့်ကိုသင်ပေးနေတာ”ဖန်ဒေယင်းကမောက်မာစွာပြောဆိုသည်။သူသည်တစ်ခြားကျောင်းသားများအပေါ်အထင်သေးနေပုံရသည်။
”သူ့မှာရှိတဲ့ပိုက်ဆံနည်းနည်းလေးကိုကြွားတာပဲသူတတ်နိုင်တယ်။ငါတို့လည်းတစ်ယောက်ယောက်ကိုငှါးပြီးသင်နိုင်တယ်ဆိုတာသူမသိဘူးလား”ဂေါင်ဟုန်ချီကထွီခနဲလုပ်ကာ”ဒီလိုတိုးတက်မှုအရဆိုရင်သူ့မိသားစုကသူ့အတွက်ဆရာငှါးပေးရင်တောင်သူဘယ်လိုလုပ်တိုးတက်နိုင်မှာလဲ””ဒါပေမယ့်ဒီစာလုံးကထူးကိုထူးဆန်းနေတာ။ငါလည်းတစ်ခါမှမတွေ့ဖူးဘူး”သူသည်လည်းဒီစာလုံးကိုထူးခြားသည်ဟုထင်နေသည်။အမှန်မှာဂေါင်ဟုန်ချီလည်းကျောက်စာအက္ခရာမှအထူးပြုသောဆရာတစ်ဦးကိုလျှို့ဝှက်စွာငှါးရမ်းပြီးသင်ယူနေခဲ့ခြင်းဖြစ်သည်။သူသည်မြင်တွေ့နေကြဖြစ်သောအက္ခရာအားလုံးကိုသိပြီးသူတို့၏အဓိပ္ပါယ်များကိုလည်းမှတ်မိသည်။
သို့သော်လည်းဒီအက္ခရာမျိုးကိုသူမမြင်ဖူးသည်မှာသေချာသည်။
”တန်စီယု၊မင်းရောဘယ်လိုမြင်လဲ”ဆရာဟေးသည်ပြုံးပြီးကလေးမလေးတစ်ဦးကိုညွှန်ပြသည်။မိန်းကလေးသည်အသက်၁၆သို့မဟုတ်၁၇အရွယ်ရှိပြီဖြစ်သည်။သူ့မှာထူးခြားသောရုပ်ရည်သွင်ပြင်ရှိပြီးအနည်းဝသယောင်ရှိသည်။
သူမသည်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီးရှည်လျားသောအရပ်အမောင်းနှင့်အချိုးအဆစ်ကျသောခန္ဓာကိုယ်လည်းရှိသည်။သူမသည်အခန်း(၁၁)၏ဒုအတန်းခေါင်းဆောင်ဖြစ်ပြီးအတန်းထဲမှာရှိသောကျောင်းသားများကသဘောကျနှစ်သက်ခြင်းခံရသောနတ်သမီးလေးတစ်ပါးလည်းဖြစ်သည်။
သူမ၏နာမည်မှာတန်စီယုဖြစ်သည်။တန်စီယု၏နောက်ခံအကြောင်းသည်သူတို့အတန်းအတွက်တော့ပဟေဠိတစ်မျှဖြစ်နေသည်။အကြောင်းရင်းမှာသူမသည်အခြားကျောင်းသားများကဲ့သို့ကျောင်းကိုစာရင်းသွင်းအပ်နှံထားခြင်းမဟုတ်ပဲတခြားကျောင်းမှလွန်ခဲ့တဲ့နှစ်မှပြောင်းလာခဲ့ခြင်းဖြစ်သည်။
သူမရောက်လာကတည်းကသူ၏ကျင့်ကြံခြင်းအခြေခံသည်အဆင့်(၃)ရှိနေပြီဖြစ်သည်။သို့သော်လည်းတစ်နှစ်ကြာပြီးနောက်သူမ၏ကျင့်ကြံခြင်းအခြေခံသည်အဆင့်(၉)သို့ရောက်ခဲ့ပြီ။ထိုသို့မြင့်မားလှသည့်စွမ်းရည်ကြောင့် ကျောင်း၏အထက်တန်းကျောင်းသားစာရင်းမှာဝင်ရောက်ခဲ့သည်။သူမကိုအခြားကျောင်းများမှတကူးတကပိုးပန်းသူများရှိသည်။
အခန်း(၁၁)တွင်တန်စီယု၊ဂေါင်ဟုန်ချီနှင့်ဖန်ဒေယင်းတို့မှာအမြင့်ဆုံးသောကျင့်ကြံခြင်းအခြေခံရှိပြီးထိပ်သီးကျောင်းသား(၃)ဦးလည်းဖြစ်သည်။သူတို့သည်သိုင်းပညာအတန်းကိုဝင်ရောက်မည့်သူများဖြစ်ကြသည်။
တန်စီယုသည်မတ်တပ်ရပ်ပြီးကျယ်လောင်သောအသံဖြင့်”ဆရာဟေး၊ကျွန်မကတော့ဒီစာလုံးကိုအာမေဍိက်သံလို့မထင်ဘူး၊ဒီဟာကနာမ်တစ်ခုပဲဖြစ်ရမယ်၊ကြည့်ရတာသတ္တဝါတစ်ကောင်ဖြစ်ပုံပဲ၊ဒီစာလုံးရဲ့ပုံပန်းသွင်ပြင်အနေအထားကနေမှသမီးပြောနိုင်တာကတော့ဒါကသတ္တဝါတစ်ကောင်ဖြစ်ရမယ်”ထိုအချိန်မှာဆရာဟေး၏မျက်နှာပေါ်မှာအပြုံးယောင်ယောင်လေးရှိနေသေးသည်။
”တခြားသောထင်မြင်ချက်တွေရောရှိနေသေးလား”ရုတ်တရက်ဆိုသလိုချူးယွင်ဖန်းသည်လက်ကိုမြှောက်ပြီးမတ်တပ်ရပ်ကာ”ဆရာဟေး၊ကျနော်ဒီစာလုံးရဲ့အဓိပ္ပါယ်ကိုသိတယ်”မျက်လုံးများသည်ချူးယွင်ဖန်းဆီသို့ကျလာကြသည်။
အဘယ့်ကြောင့်ဆိုသော်ဆရာဟေးသည်သူတို့ကိုစာလုံး၏အဓိပ္ပါယ်ကိုခန့်မှန်းခိုင်းခြင်းဖြစ်သည်။ဒါကြောင့်မို့လို့ထိုအရာသည်သူတို့သိလိမ့်မည်မဟုတ်သောအရာတစ်ခုဟုမျှော်မှန်းထားခဲ့ကြသည်။သို့သော်ငြားချူးယွင်ဖန်းကသူသိသည်ဟုဆိုလာသည်။
”အို၊ဟုတ်လား။ဒါဆိုရင်ဘာလဲဆိုတာပြောပါဦး””ဒုအတန်းခေါင်းဆောင်ပြောတာမှန်ပါတယ်။ဒီစာလုံးရဲ့အဓိပ္ပါယ်ကကြီးမားပြီးကြောက်စရာကောင်းတဲ့ငှက်တစ်ကောင်လို့ဆိုလိုတာ”ချူးယွင်ဖန်းကပိုင်ပိုင်နိုင်နိုင်သေသေချာချာဖြစ်သောပုံစံဖြင့်ပြန်ဖြေသည်။တခြားသောသူများကထိုစာလုံး၏အဓိပ္ပါယ်ကိုခန့်မှန်းဖို့ခက်နေချိန်တွင်သူသည်ဒီစာလုံးကိုချက်ချင်းဆိုသလိုနားလည်သဘောပေါက်သည်။
အဘယ်ကြောင့်ဆိုသော်သူ၏ခေါင်းထဲမှာရှိနေသောဆေးပညာဧကရာဇ်၏မှတ်ဉာဏ်များကြောင့်ဖြစ်သည်။ထိုစကားလုံးသည်ထိုခေတ်တုန်းကအသုံးပြုခဲ့သောစာလုံးတစ်ခုဖြစ်သည်။သာမန်သုံးနေကြစကားလုံးများအပြင်သူသည်ကြုံတွေ့ရခဲသောစကားလုံးများကိုပါမှတ်မိနိုင်သည်။
”အဓိပ္ပါယ်မရှိတာ”ဖန်ဒေယင်းကအော်ဟစ်ပြောဆိုသည်။”ချူးယွင်ဖန်း၊မင်းမသိပဲနဲ့သိဟန်ဆောင်နေတာရပ်လိုက်တော့။ငါတောင်မသိတာမင်းကဘယ်လိုသိမှာလဲ”ဂေါင်ဟုန်ချီသည်ချက်ချင်းဆိုသလိုမတ်တပ်ထရပ်သည်။
”အာ၊ငါမင်းပြောတာကိုတော့သဘောမတူဘူး။မင်းမသိတဲ့အရာကိုသူသိမှာမဟုတ်ဘူးဆိုတာဘာသဘောလဲ။ဆရာဟေးကလည်းဘာမှပြောသေးတာမဟုတ်ဘူး။ဒါကိုမင်းကဘာကြောင့်မို့လို့နှောင့်ယှက်ဟန့်တားနေတာလဲ”သူသည်ဖန်ဒေယင်းထိုကဲ့သို့ပြုမူနေသည်ကိုသည်းခံနိုင်စွမ်းမရှိတော့ပေ။
”မင်း”ဖန်ဒေယင်း၏မျက်နှာကြီးတစ်ခုလုံးနီမြန်းလာပြီးသူ၏မျက်ဝန်းများမှာဒေါသအရိပ်အယောင်များပေါ်ထွက်နေသည်။ချူးယွင်ဖန်းကသူ၏ရှင်းပြချက်မှားယွင်းသည်ဟုထောက်ပြပြောဆိုဝံ့သဖြင့်သူဒေါသထွက်ရခြင်းဖြစ်သည်။ထို့ပြင်ချူးယွင်ဖန်းကထိုစကားလုံးဘာကိုဆိုလိုလဲဆိုတာကိုသိသည်ဟုပြောဆိုခြင်းကိုသူမယုံကြည်ပေ။
လွန်ခဲ့တဲ့နှစ်တုန်းကသူသည်ကျောက်စာသီးသန့်တစ်ခုထဲအတွက်ဆရာတစ်ယောက်ကိုငှါးရမ်းခဲ့သည်။စကားလုံးများအားလုံး၏အဓိပ္ပါယ်ကိုသူကောင်းစွာမှတ်မိသည်။သို့သော်လည်းဒီတစ်ခုကိုတော့သူမသိပေ။ဆင်းရဲသောမိသားစုမှာမွေးဖွားလာတဲ့ယောကျ်ားလေးတစ်ဦးဖြစ်တဲ့ချူးယွင်ဖန်းကရောဘယ်လိုလုပ်သိနိုင်မှာလဲ။
”ကောင်းပြီ။တိတ်တိတ်နေကြ”
ဧကရာဇ် အမွေခံ
အပိုင်း(၈)-ထူးခြားသည့်ခန့်မှန်းနိုင်စွမ်း
ဆရာဟေးသည်ချောင်းဟန့်လိုက်သောအခါမှသူတို့နှစ်ဦးသည်ရပ်သွားတော့သည်။ထို့နောက်သူက”ချူးယွင်ဖန်းပြောတာမှန်တယ်။ဒီစကားလုံးကကြောက်စရာကောင်းတဲ့ငှက်တစ်ကောင်ကိုကိုယ်စားပြုတယ်။မင်းသိတယ်ဆိုတာကိုငါမယုံနိုင်ဘူး။အဖြစ်မှန်ကဒီစကားလုံးကိုမကြာသေးခင်ကမှရှာဖွေဖော်ထုတ်ခဲ့ပြီးဘာသာပြန်ပြန်နိုင်ခဲ့တာ။ကျောက်စာသုတေသနမှာအထူးပြုတဲ့သူအများကြီးတောင်မှဒါဘာကိုဆိုလိုလဲဆိုတာမသိကြသေးဘူး။ကြည့်ရတာမင်းကတော်တော်ကြိုးစားထားပုံရတယ်။”
ဆရာဟေးပြောသောအရာကဖန်ဒေယင်းကိုရှက်ရွံ့သွားစေသည်။အကြောင်းအရင်းတစ်ဝက်ကဂေါင်ဟုန်ချီကြောင့်သူဒေါသထွက်ခဲ့ရပြီးကျန်တစ်ဝက်မှာသူ၏ခန့်မှန်းမှုမှာလုံးဝမှားယွင်းခဲ့သောကြောင့်ဖြစ်သည်။
တန်စီယုသည်ချူးယွင်ဖန်းကဲ့သို့အဖြေမှန်လုံးဝမရသော်လည်းအနည်းဆုံးတော့ထိုစကားလုံး၏အနှစ်ချုပ်ရည်ညွှန်းချက်သည်သတ္တဝါတစ်ကောင်ဆိုတာတော့သူမပြောဆိုနိုင်ခဲ့သည်။ထိုအချိန်မှာမျက်လုံးအစုံသည်သူ့ကိုကြည့်နေသည်ဟုချူးယွင်ဖန်းခံစားမိသည်။
တစ်စုံမှာအတန်းခေါင်းဆောင်ဖန်ဒေယင်း၏ကြောက်မက်ဖွယ်ကောင်းသောစိုက်ကြည့်နေမှုဖြစ်ပြီးကျန်တစ်စုံမှာဒုအတန်းခေါင်းဆောင်တန်စီယု၏နားမနိုင်သောစိုက်ကြည့်နေမှုဖြစ်သည်။အတန်းထဲမှာမထင်မရှားနှင့်နေထိုင်သောသူကထိုကဲ့သို့သောဘာသာရပ်မျိုးကိုနက်နက်ရှိုင်းရှိုင်းလေ့လာနေမည်ဟုသူမဘယ်တုန်းကမှမမျှော်လင့်ခဲ့ပေ။
”ကဲဒါဆိုရင်လည်းမင်းတို့ကိုဆက်ပြီးတော့မှစမ်းသပ်ကြည့်တာပေါ့”ဆရာဟေးသည်လျှပ်စစ်ကျောက်သင်ပုန်းပေါ်တွင်မြင်တွေ့ရခဲဖြစ်သောကျောက်စာအက္ခရာတစ်ခုကိုရေးပြန်သည်။သူသည်ချူးယွင်ဖန်းကိုစမ်းသပ်မည်ဟုတွေးထားပုံရသည်။သို့သော်ချူးယွင်ဖန်းသည်ထိုစကားလုံးများကိုတည်တည်ငြိမ်ငြိမ်အနေအထားဖြင့်အားလုံးမှန်အောင်ဖြေဆိုနိုင်သည်။
မြင်တွေ့ရခဲသောကျောက်စာအက္ခရာများအပေါ်ဘာသာပြန်ဆိုမှုအများစုသည်သူတို့၏အမှန်တကယ်ဖြစ်သောအဓိပ္ပါယ်များကိုထိရောက်မှုနည်းပါးပြီးမတိကျပေ။သို့သော်လည်းချူးယွင်ဖန်းကထိုစကားလုံးများကိုခန့်မှန်းသောအခါသူ၏ရှင်းလင်းဖော်ပြချက်သည်ရှိနှင့်ပြီးသားဖြစ်သောခန့်မှန်းချက်များနှင့်အနည်းငယ်ကွဲလွဲနေသည်။
ဆရာဟေးသည်ထိုအကြောင်းကိုတွေးမိသောအခါချူးယွင်ဖန်း၏အဓိပ္ပါယ်ရှင်းလင်းချက်များကထူးကဲလှသည်ဟုသူထင်မိသည်။
”ကောင်းတယ်။ကောင်းတယ်။မင်းရှင်းပြတာကပိုကောင်းတယ်။အရင်တုန်းကငါနားမလည်နိုင်တဲ့စကားလုံးတစ်ချို့တောင်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကသဘာဝမကျလို့။ဒါပေမယ့်မင်းဒီစကားလုံးတွေကိုရှင်းပြမှတော့ပဲအရာအားလုံးကရှင်းလင်းသွားတော့တယ်။ဒီဟာတွေကသာစကားလုံးအများစုရဲ့မှန်ကန်တဲ့ဘာသာပြန်ဆိုချက်ဖြစ်ရမယ်။အရမ်းကြီးမားတာပဲ”ဆရာဟေးတစ်ယောက်စဉ်းစားလေလေပိုပြီးစိတ်လှုပ်ရှားလေလေဖြစ်လာသည်။
”မဟုတ်ဘူး။ငါဒီအကြောင်းအရာကိုကျောက်စာသုတေသနအဖွဲ့အစည်းထံကိုအမြန်ဆုံးသတင်းပို့ရမယ်”သူသည်ချူးယွင်ဖန်းကိုလေးစားသောမျက်လုံးများဖြင့်ကြည့်သည်။ယခင်တုန်းကတော့သူသည်ချူးယွင်ဖန်း၏ဗဟုသုတနှင့်ပတ်သတ်ပြီးစမ်းသပ်လိုစိတ်မရှိပေ။သူကရှားပါးဖြစ်သောကျောက်စာအက္ခရာတစ်ချို့ကိုချူးယွင်ဖန်းသိရင်သိလောက်မယ်သိချင်ခဲ့သည်။ချူးယွင်းဖန်းကဒီစကားလုံး၏အဓိပ္ပါယ်ကိုသိနေမည်ဟုသူမျှော်မှန်းမထားခဲ့သော်လည်းချူးယွင်ဖန်းကတော့အတွေးသစ်အမြင်သစ်တွေကိုပါပေးစွမ်းနိုင်သည်။
ချူးယွင်ဖန်း၏ကျောက်စာအဓိပ္ပါယ်ဖွင့်ဆိုချက်များသည်အဓိကရှင်းလင်းဖော်ပြချက်များနဲ့တထပ်တည်းကျနေပုံရသည်။သို့သော်လည်းသေချာဂရုတစိုက်ယှဉ်ကြည့်ပြီးစဉ်းစားသောအခါမှယခင်ကရှင်းလင်းဖော်ပြချက်များကမှားယွင်းနေသည်ဟုဆရာဟေးခံစားမိသည်။ချူးယွင်ဖန်း၏ရှင်းလင်းဖော်ပြချက်များကမှန်ကန်နေသည်။
”မင်းကပါရမီရှင်ပဲချူးယွင်ဖန်း။ငါမင်းအကြောင်းကိုအရင်ကဖတ်ဖူးတယ်။မင်းမှာသာမန်သိုင်းပညာအခြေခံအဆင့်ရှိတယ်။ဒါပေမယ့်ဒါကအဆင်ပြေတယ်။ငါမင်းကိုထိပ်တန်းကျောင်း(၁၀)ကျောင်းမှာရှိတဲ့ကျောက်စာအက္ခရာအထူးပြုလေ့လာနေတဲ့သုတေသနအတွက်တောက်ခံပေးနိုင်တယ်။မင်းလိုမျိုးပါရမီရှင်ကကျောက်စာကိုမလေ့လာဘူးဆိုရင်နှမျောစရာကောင်းလိမ့်မယ်။”
ဆရာဟေးသည်မရပ်မနားပြောဆိုသည်။ကျောက်စာအက္ခရာများလေ့လာရန်အရည်အချင်းသည်လိုအပ်သေးသည်။လူတစ်ချို့သည်သူတို့၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီးကျောက်စာအက္ခရာများ၏အဓိပ္ပါယ်ကိုခန့်မှန်းနိုင်သော်လည်းတစ်ချို့ကလုံးဝမခန့်မှန်းနိုင်ပေ။တိုအရာသည်ကျောက်စာအက္ခရာနှင့်ပတ်သတ်ပြီးအရည်အချင်းရှိသူနှင့်အရည်အချင်းမရှိသူကြားကကွဲလွဲမှုတစ်ခုဖြစ်သည်။
ကျောင်းသားများသည်ချူးယွင်ဖန်းကိုအလန့်တကြားလှမ်းကြည့်ကြသည်။အထူးသဖြင့်သိုင်းပညာမေဂျာကိုယူမည်မဟုတ်သောကျောင်းသားအများစုဖြစ်သည်။သူတို့သည်ချူးယွင်ဖန်းကိုမနာလိုသောအကြည့်ဖြင့်ကြည့်ကြသည်။ထိပ်သီးကျောင်း(၁၀)ကျောင်း!သူသည်လစ်ဘရယ်အနုပညာကိုလေ့လာမည်ဆိုလျှင်သူကဒီထိပ်သီးကျောင်း(၁၀)ကျောင်းထဲမှတစ်ကျောင်းကနေမှဘွဲ့ရလိမ့်မယ်။
ထိုကျောင်းကထွက်လာတဲ့ဘယ်သူမဆိုအခွင့်ထူးခံလူတန်းစားတစ်ရပ်ဖြစ်လာလိမ့်မယ်။ဒီအတန်းထဲမှာရှိသောဘယ်သူကမှဒီထိပ်သီးကျောင်း(၁၀)ကျောင်းကိုဝင်နိုင်မှာမဟုတ်ဟုသူတို့ပြောနိုင်သည်။သို့သော်ချူးယွင်ဖန်းသည်ဆရာဟေးထံမှထောက်ခံချက်တစ်ခုကိုရရှိခဲ့သည်။
ဆရာဟေးသည်ကျောင်းမှာဂုဏ်သတင်းကြီးမားသူမို့ဘယ်သူမှဒီထောက်ခံချက်အပေါ်သံသယမရှိပေ။ကျောင်းအုပ်ကြီးတောင်မှဆရာဟေးကိုတရိုတသေတလေးတစားခေါ်ရသည်။သူကပင်စင်ယူပြီးခဲ့တာတောင်မှကျောင်းမှာလာရောက်သင်ကြားပေးရန်ကျောင်းအုပ်ကြီးမှတောင်းဆိုခဲ့ရသူဖြစ်သည်။ဆရာဟေးသည်လည်းဩဇာအာဏာကြီးမားသောမိသားစုမှဆင်းသက်လာသည်ဟုအားလုံးကခန့်မှန်းကြသည်။တန်စီယုသည်ချူးယွင်ဖန်းကိုကြည့်သောအခါသူမ၏မျက်လုံးသည်တလက်လက်ထနေသည်။
”ဝိုး၊ထူးကဲ့တဲ့ရှာဖွေတွေ့ရှိမှုပဲ။ကျောင်းသားများဒီနေ့အတွက်သင်ခန်းစာကတော့ဒီလောက်ပဲ။ကိုယ့်ဘာသာကိုယ်လေ့လာကြပါ”ဆရာဟေးသည်စကားပြောပြီးသည်နှင့်အတန်းထဲမှထွက်သွားသည်။ထိုအချိန်မှာကျောင်းသားများအားလုံးသည်တအံ့တဩဖြစ်နေကြသည်။ဆရာဟေးသည်ဒီကိစ္စနဲ့ပတ်သတ်ပြီးတထူးတဆန်းဖြစ်နေတာကိုအားလုံးနားလည်ကြသည်။တစ်ဖက်မှာတော့သူတို့၏မျက်လုံးများသည်ချူးယွင်ဖန်းဘက်သို့လှည့်လာကြသည်။သူသည်အတန်းတစ်တန်းလုံး၏အာရုံစိုက်မှုခံရခြင်းမှာပထမဦးဆုံးအကြိမ်ဖြစ်သည်။
ငယ်စဉ်ကလေးဘဝထဲကချူးယွင်ဖန်းသည်သာမန်ကလေးတစ်ဦးဖြစ်သည်။ဘယ်နေရာမှာပဲနေနေသူသည်လူများ၏အာရုံစိုက်ခံရခြင်းကိုမရရှိခဲ့ပေ။ဘာတွေပဲဖြစ်ဖြစ်သူကတော့တည်တည်ငြိမ်ငြိမ်ပဲရှိနေခဲ့သည်။ဆေးပညာဧကရာဇ်၏မှတ်ဉာဏ်များကသူ့ကိုလွှမ်းမိုးနေသောကြောင့်သူ၏စိတ်ထဲမှာပရမ်းပတာဖြစ်နေသောမြင်ကွင်းများစွာရှိနေသည်။ထိုအရာများနှင့်ယှဉ်လျှင်ဒီဖြစ်ရပ်မှာဘာမှမဟုတ်တော့ပေ။
သူအံ့ဩမိသည်ကဒုတိယခေါင်းဆောင်တန်စီယုဖြစ်သည်။သူမသည်အတန်းထဲမှဘယ်သူ့ကိုမှစိတ်ဝင်စားခဲ့ခြင်းမရှိသူဖြစ်သော်ငြားသူ့ကိုအရင်စပြီးချဉ်းကပ်လာခဲ့သည်။သူမက”နင်ကျောက်စာရဲ့အဓိပ္ပါယ်ကိုနားလည်နေနိုင်တာကိုငါအံ့ဩမိတယ်။””ဘာမှမဟုတ်ပါဘူး”ချူးယွင်ဖန်းကပြုံးပြီးပြန်ဖြေသည်။
ဒီကျောက်စာသည်သူကဒီအတိုင်းသိနေခဲ့ခြင်းဖြစ်သည်။ဘာအားစိုက်ထုတ်မှုမှမလုပ်ဆောင်ခဲ့ရပေ။တန်စီယုကထိုစကားကိုပြောပြီးနောက်သူမ၏ခုံမှာပြန်ထိုင်ခဲ့သည်။သူမသည်တက်ဘလက်ပေါ်မှာရှိသောသင်ခန်းစာများကိုစတင်လေ့လာကြည့်ရှူနေတော့သည်။ဖန်ဒေယင်းသည်တန်စီယုနှင့်ချူးယွင်ဖန်းကိုကြည့်ခဲ့သည်။သူ၏မျက်ဝန်းထဲမှာရက်စက်မှုများအတိုင်းသားပေါ်နေသည်။”ဝိုးမင်းဒီကျောက်စာနဲ့ပတ်သတ်ပြီးအများကြီးသိနေတယ်ဆိုတာငါမယုံကြည်နိုင်ဘူး”ဂေါင်ဟုန်ချီသည်ချူးယွင်ဖန်း၏ပခုံးကိုခပ်ပြင်းပြင်းပုတ်ပြီးပြောသည်။သူ၏သူငယ်ချင်းကောင်းနှင့်ပတ်သတ်ပြီးရှာဖွေဖော်ထုတ်နိုင်ပြီဟုသူခံစားမိသည်။
ကျောင်းသားများ၏မျိုးစုံသောခံစားမှုများဖြစ်သည့်အံ့ဩမှု၊ထိတ်လန့်မှု၊ကြင်နာသနားမှု၊သံသယဖြစ်မှုစသည့်အမူအရာများကိုခံစားမိသောချူးယွင်ဖန်းသည်ဒါကအစပဲဖြစ်သည်ဟုသူ့ကိုယ်သူပြောမိသည်။နေ့လည်ခင်းပိုင်းတွင်သိုင်းပညာအတန်းရှိသည်။အမှတ်(၁၃)အထက်တန်းကျောင်း၏အခန်း(၁၁)မှာဖြစ်သည်။လစ်ဘရယ်အနုပညာအတန်းများနှင့်မတူပဲသိုင်းပညာအတန်းသည်ကြီးမားကျယ်ပြန့်သောဧရိယာဖြစ်သည်။သိုင်းပညာအခန်းများသည်ဧရိယာအားဖြင့်၁၀၀၀စတုရန်းမီတာပတ်လည်ကျယ်ဝန်းသည်။
သူတို့ကိုလုပ်ဆောင်ချက်များစွာအတွက်ဇုံအသီးသီးခွဲခြားထားသည်။တရားထိုင်ခြင်းသီးသန့်အတွက်တရားထိုင်ခြင်းဇုံသီးသန့်ရှိသည်။ထို့ပြင်ကျောင်းသားများနားနေရန်နေရာလည်းရှိသေးသည်။တရားထိုင်သည့်ဇုံ၏ထောင့်နားမှာချူးယွင်ဖန်းသည်ခြေထောက်များကိုတင်ပျဉ်ခွေချိတ်ပြီးတရားထိုင်နေသည်။သူသည်ညတုန်းကအဆင့်(၆)အထိရောက်ရှိခဲ့ပြီးဖြစ်သည်။အဆင့်(၇)နှင့်အထက်ကိုဖြတ်သန်းနိုင်ရန်အလို့ငှါအချိန်များကိုအကျိုးရှိစွာအသုံးချချင်သည်။ရုတ်တရက်ဆိုသလိုသူတရားထိုင်နေသည့်အခြေအနေမှာဆူညံမှုအသံအကျယ်ကြီးကနှောင့်ယှက်လာခဲ့သည်။သူကခေါင်းကိုထောင်ပြီးကြည့်လိုက်သည်။ထိုအချိန်မှာအတန်းထဲမှကျောင်းသားများသည်စက်ဝိုင်းသဏ္ဍန်လုပ်ပြီးထိုင်နေခဲ့ကြသည်။
ထိုစက်ဝိုင်းအတွင်းမှာအသက်၁၆/၁၇နှစ်အရွယ်လူငယ်နဇစ်ဦးသည်ယှဉ်ပြိုင်တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေကြသည်။တစ်ဦးသည်ခန္ဓာကိုယ်ကြီးမားပြီး(၁.၉)မီတာကျော်အရပ်မြင့်မားသည်။ကျန်တစ်ဦးမှာ(၁.၇)မီးတာလောက်မြင့်သည်ဟုထင်ရသည်။ချူးယွင်ဖန်းသည်သူတို့နှစ်ဦးလုံးကိုသိသည်။အရပ်မြင့်သောကျောင်းသားကိုမူကျန်းဖေးဟုခေါ်ပြီးကျန်တစ်ဦးကတော့ဒီမင်းဖြစ်သည်။သူတို့နှစ်ဦးသည်တစ်ယောက်နဲ့တစ်ယောက်မတည့်ကြပေ။သူတို့နှစ်ဦးမှာတူညီသောကျင့်ကြံခြင်းအခြေခံရှိပြီးချူးယွင်ဖန်းထပ်သာလွန်ကြသည်။သူတို့သည်အဆင့်(၆)၏အမြင့်ဆုံးအနေအထားမှာရှိနေကြပြီးသိုင်းပညာမေဂျာယူရန်ရောက်ရမည်ဖြစ်သည့်အဆင့်(၇)နှင့်တစ်ဆင့်ပဲကွာတော့သည်။ထို့ကြောင့်သူတို့နှစ်ဦးလုံးသည်သူတို့အချိန်ကိုလွန်စွာမှာတန်ဖိုးထားသည်။လွန်ခဲ့တဲ့လကမှသူတိူ့နှစ်ဦးလုံးကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ထို့နောက်သူတို့သည်သိုင်းပညာမေဂျာအတန်းကိုတက်ရောက်ခွင့်ရမည်ဖြစ်ပြီးသူတို့၏အနာဂတ်သည်လည်းထွန်းလင်းတောက်ပတော့မည်။ချူးယွင်ဖန်းသည်ဂေါင်ဟုန်ချီ၏ဘေးနားတွင်ထိုင်နေသည်။
ချူးယွင်ဖန်းရှိနေတာကိုမြင်ပြီးဂေါင်ဟုန်ချီလည်းမေးမိတော့သည်။”ယွင်ဖန်းသူတို့နှစ်ဦးထဲမှာဘယ်သူနိုင်မယ်လို့မင်းထင်လဲ””မင်းရောဘယ်နိုင်မယ်လို့ထင်လဲ”အဖြေပြန်ဖြေရမည့်အစားချူးယွင်ဖန်းကသူ့ကိုမေးခွန်းပြန်မေးသည်။
”ငါတော့မူကျန်ဖေးနိုင်မယ်လို့ထင်တယ်။သူရဲ့အရပ်မြင့်ပြီးတော့မှတောင့်တင်းခိုင်မာတဲ့ခန္ဓာကိုယ်ကသူ့အတွက်အားသာချက်ဖြစ်စေလိမ့်မယ်။ဒီမင်းမှာပိုပြီးမြင့်မားတဲ့အခြေခံရှိရင်တောင်မှဘာမှထူးခြားမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ဦးရဲ့ကျင့်ကြံခြင်းအခြေခံကအတူတူပဲ။ဒါကြောင့်မို့လို့ဒီမင်းမှာအနိုင်ရဖို့အခွင့်အလမ်းနည်းပါးလိမ့်မယ်”ဂေါင်ဟုန်ချီသည်ချူးယွင်ဖန်း၏ပြောင်းလဲမှူများကိုသတိမထားမိပေ။ထို့အစားသူကဆက်တိုက်ပြောဆိုနေသည်။
”ငါကတော့အဲ့လိုမထင်ဘူး”
ချူးယွင်ဖန်းကခေါင်းကိုခါက”မူကျန်ဖေးကအရပ်မြင့်တယ်ဆိုသော်ငြားသူ့ရဲ့အောက်ပိုင်းခန္ဓာကိုယ်ကသူ့အတွက်အားနည်းချက်ဖြစ်လိမ့်မယ်။သူ့ရဲ့အောက်ပိုင်းခန္ဓာကိုယ်ကတောင့်တင်းခိုင်မာရင်တော့သူကကြောက်စရာကောင်းလိမ့်မယ်။ဒါပေမယ့်သူရဲ့အောက်ပိုင်းခန္ဓာကိုယ်ကအားနည်းတယ်ဆိုတာငါမြင်နေရတယ်။အဲ့အချိန်မှာပဲ ဒီမင်းမှာထူးခြားတဲ့ကန်နိုင်စွမ်းရှိတယ်။သူ့ပြိုင်ဘက်ရဲ့အောက်ပိုင်းခန္ဓာကိုယ်ကိုအဓိကထားပြီးတော့မှသူကသုံးဆင့်ကန်လိုက်မယ်ဆိုရင်ဒီမင်းကမူကျန်ဖေးကိုသေချာပေါက်နိုင်လိမ့်မယ်”ချူးယွင်ဖန်းသည်စကားပြောနေရင်းထိုသူနှစ်ဦးအပေါ်အာရုံစိုက်ကြည့်နေသည်။
သူသည်တိုက်ခိုက်ဇုံအတွင်းကျရောက်နေသောထိုသူနှစ်ဦးကိုစကင်န်ဖတ်သလိုသေချာစူးစိုက်ကြည့်နေသည်။ထိုသူနှစ်ဦး၏အားသာချက်နှင့်အားနည်းချက်များသည်သူ့မျက်လုံးထဲတွင်အတိုင်းသားပေါ်နေသည်။ဒါမျိုးအရင်ကမဖြစ်ဘူးပေ။မူကျန်ဖေးနှင့်ဒီမင်းတို့မှာသူ့ထပ်မြင့်မားသောကျင့်ကြံခြင်းအခြေခံတွေရှိနေသော်လည်းပဲမူကျန်ဖေး၏အောက်ပိုင်းခန္ဓာကိုယ်မှာတောင့်တင်းခိုင်မာခြင်းမရှိပေ။ထို့ကြောင့်မို့လို့ဤအတွေးများအားလုံးသည်သူ၏ခေါင်းထဲမှာအလိုအလျောက်ပေါ်လာခဲ့သည်။
သူကဘာမှစဉ်းစားပြီးပြောတာမျိုးမဟုတ်ပဲဒီသုံးသပ်ချက်များကိုပြောဆိုခဲ့သည်။သူ၏အသံသည်အသေအချာအခိုင်အမာပြောဆိုသကဲ့သို့ဖြစ်နေသည်။သူ၏ခေါင်းထဲမှာဒီနှစ်ဦးသည်ယှဉ်ပြိုင်ပြီးစီးသည့်အနေအထားဖြစ်နေပြီးရလဒ်ကလည်းသူခန်မှန်းထားသည့်အတိုင်းဖြစ်သည်။သူ့ဘေးနားမှာရှိနေသောလူများအားလုံး၏မျက်လုံးအစုံသည်သူ့ထံသို့လှည့်လာသည်။ချူးယွင်ဖန်းကဟန်ဆောင်ပြီးပြောဆိုနေသည်ဟုထင်မိပြီးကျောင်းသားများအားလုံးသည်သူ့ကိုတိတ်တဆိတ်ကဲ့ရဲ့အပြစ်တင်ကြသည်။မူကျန်ဖေးမှာတောင့်တင်းမခိုင်မာတဲ့အောက်ပိုင်းရှိတယ်ဟုတ်လား။သူတို့ကိုယ်သူတို့ရောမသိပဲနေပါ့မလား။အခန်း(၁၁)၏ထိပ်သီးကျောင်းသား(၃)ဦးတွင်ပါဝင်သောဂေါင်ဟုန်ချီကိူယ်တိုင်ကမူကျန်ဖေးကအနိုင်ရမည့်အလားအလာမြင့်မားသည်ဟုထင်နေခဲ့သည်။
သို့သော်လည်းချူးယွင်ဖန်းကလုံးဝကွဲပြားသောအဖြေတစ်ခုကိုပေးသည်။”သူကအပိုတွေလုပ်ပြီးတော့မှလူအများရဲ့စိတ်ဝင်စားမှုကိုရယူနေတာလား”သို့သော်လည်းဂေါင်ဟုန်ချီရှိနေတာမို့သူတို့လည်းမကောင်းသည့်အရာမျိုးမပြောခဲ့ကြေပေ။ထိုအချိန်မှာပင်တိုက်ခိုက်ဇုံမှာရှိနေသောပြိုင်ဘက်နှစ်ဦးသည်စတင်ယှဉ်ပြိုင်တော့သည်။ကစားကွင်းစတင်စဉ်တုန်းကပြိုင်ပွဲသည်အလွန်ပြင်းထန်သည်။
သူတို့သည်အခြေတည်အဆင့်၏အဆင့်(၆)မှာရှိနေသော်လည်းသူတို့နှစ်ဦးစလုံးသည်အဆစ်အမြစ်မြည်ခြင်း၏ထိပ်သီးအနေအထားမှာရှိနေကြသည်။ကြောက်စရာကောင်းသောပြိုင်ပွဲမှာသူတို့၏လက်မောင်းနှင့်ခြေချောင်းများ၏တိုက်ခိုက်သံမှထွက်ပေါ်လာသောအသံများကိုတောင်ကျောင်းသားများကကြားနိုင်ကြသည်။ဂေါင်ဟုန်ချီနှင့်တခြားကျောင်းသားများခန့်မှန်းထားသလိုမူကျန်ဖေး၏လက်သီးချက်များကပြင်းထန်လှသည်။အဘယ့်ကြောင့်ဆိုသော်သူ၏တောင့်တင်းခိုင်မာသောခန္ဓာကိုယ်ဖွဲ့စည်းမှုကြောင့်ဖြစ်သည်။
ဒီမင်းသည်သူနှင့်ယှဉ်ပြိုင်တိုက်ခိုက်ရန်အခက်တွေ့နေပုံရပြီးမကြာခင်မှာမူကျန်ဖေး၏အားနည်းချက်ကိုသူရှာဖွေတွေ့ရှိသွားသည်။သိပ်မကြာခင်မှာချူးယွင်ဖန်းသည်သူ့ကိုစိုက်ကြည့်နေသောမျကိလုံးတစ်စုံရှိတာကိုခံစားမိလာသည်။သိပ်မကြာခင်မှာသူ့ကိုမျက်လုံးများစွာကစိုက်ကြည့်နေသည်ကိုချူးယွင်ဖန်းခံစားမိသည်။သူတို့၏အထင်မြင်သေးမှုနှင့်လှောင်ပြောင်ပြောဆိုသည့်အကြည့်များကိုသူပြန်မကြည့်ပဲခံစားနေရသည်။သူတို့သေချာပေါက်တွေးနေပုံရသည်။
”ကြည့်စမ်း။မင်းမှန်းတာမှားပြီ။မင်းခန့်မှန်းတာမှားခဲ့ပြီ”ဤအရာမြင်တုန်းကဖြစ်လျှင်ချူးယွင်ဖန်းသေချာပေါက်ဒေါသထွက်မိမည်ဖြစ်သည်။သို့သော်လည်းယခုအခါတွင်သူဘာမှမခံစားရပေ။ထိုလူများ၏စကားလုံးများကသူ့ကိုဘာများလုပ်နိုင်မှာလဲ။ဒီမင်းကသေချာပေါက်ရှုံးလိမ့်မည်ဟုအားလုံးကတွေးနေချိန်မှာဒီမင်းသည်သူ၏တိုက်ကွက်ကိုရုတ်တရက်ပြောင်းလိုက်သည်။သူသည်မူကျန်ဖေး၏အောက်ပိုင်းခန္ဓာကိုယ်ကိုတိုက်ရိုက်ကန်တော့သည်။ထိုအချိန်မှာဒီမင်း၏ကန်သည့်စွမ်းရည်ကိုကောင်းစွာမြင်နေရသည်။
မူကျန်ဖေးသည်အကောင်းဆုံးခုခံကာကွယ်သော်ငြားသူ၏ခန္ဓာကိုယ်ကစတင်လှုပ်ယမ်းလာသည်။”သူ့မှာတကယ်ပဲအားနည်းတဲ့အောက်ပိုင်းခန္ဓာကိုယ်ရှိတာပဲ”ဂေါင်ဟုန်ချီကမျက်လုံးအပြးသားနဲ့ရုတ်တရက်ထပြောသည်။သာမန်ဆိုဒီအနေအထားအရမူကျန်ဖေးမှာအားနည်းသောအောက်ပိုင်းခန္ဓာကိုယ်ရှိတယ်တိုတာသူမြင်နိုင်သည်။
သူသည်ချူးယွင်ဖန်းကိုတဖန်လှည့်ကြည့်သည်။သို့သော်လည်းချူးယွင်ဖန်းကအေးဆေးတည်ငြိမ်နေသည်။သူကဘာဖြစ်လို့ဒီလိုပြောဆိုနိုင်လဲဆိုတာဂေါင်ဟုန်ချီစဉ်းစားနေမိသည်။သူကတွေးပဲတွေးတာလားဒါမှမဟုတ်ဒီတိုင်းသိနေခဲ့တာလား။ဒီမင်းကဒုတိယအကြိမ်တိုက်ခိုက်သောအခါမူကျန်ဖေး၏တောင့်တင်းခိုင်မာမှုမရှိသည့်အောက်ပိုင်းခန္ဓာကိုယ်သည်ခုခံနိုင်စွမ်းပျောက်ဆုံးခဲ့သည်။ထိုအချိန်မှာဒီမင်းသည်အခွင့်အရေးကိုလက်လွှတ်အဆုံးရှုံးမခံပဲတတိယအကြိမ်သူကကန်ပစ်သည်။
ခန္ဓာကိုယ်ကြီးမားပြီးမြင့်မားလှသောမူကျန်ဖေးသည်ချက်ချင်းဆိုသလိုမြေပြင်ပေါ်လဲကျသွားခဲ့ပြီးသူရှုံးသွားခဲ့သည်။ထိုအချိန်မှာကျောင်းသားများအားလုံးသည်စိတ်လှုပ်ရှားနေကြပြီးလုံးဝတိတ်ဆိတ်သွားကြသည်။အားလုံးသည်ချူးယွင်ဖန်းကိုကြည့်ခဲ့ကြသည်။မည်သူကမှသူကမှန်ကန်စွာခန့်မှန်းနိုင်ခဲ့ပြီဆိုတာကိုမမျှော်လင့်ခဲ့ကြပေ။
ဧကရာဇ် အမွေခံ
အပိုင်း (၉)- တစ်ချက်တည်းနှင့် အနိုင်ရခြင်း…
မူကျန်ဖေးက အသာစီးရနေတာကိုမြင်ပြီး ချူးယွင်ဖန်းသည် အရှက်ရလိမ့်မည်ဟု သူတို့ထင်ကြသည်။
“မင်း အံ့သြစရာ”ဟု သူတို့တွေးမိကြသည်။ သူတို့ကအရှက်ရခဲ့သည့်သူများဖြစ်ပြီး သူတို့အံ့အားသင့်ခဲ့ရမည်ဟု ဘယ်တုန်းကမှ မတွေးဖူးခဲ့ကြပေ။
မူလအတိုင်းဆိုအများစုက ထိုကဲ့သို့ ဝန်ခံကြမည်မဟုတ်။
“မူကျန်ဖေးက အောင်နိုင်သူဖြစ်မယ်လို့ ဘယ်တုန်းကမှ မလောင်းဖူးခဲ့ဘူး။ ဒီမင်းပဲ အနိုင်ရလိမ့်မယ်လို့ အမြဲတွေးမိတယ်”
ဂေါင်ဟုန်ချီသည် သူ၏မှားယွင်းပြီး အကဲဖြတ်မှုအပေါ်တော့ ဘာမှစိတ်ထဲမဖြစ်သောသူတစ်ဦးဖြစ်သည်။
“ယွင်ဖန်း..ဒီမင်းနိုင်လိမ့်မယ်လို့ မင်းဘယ်လိုသိခဲ့တာလဲ။မူကျန်ဖေးမှာ အားနည်းတဲ့အောက်ပိုင်းကိုယ်ထည်ရှိတယ်ဆိုတာကို ငါတောင် မပြောနိုင်ဘူး။”
ထိုအချိန်မှာ အားလုံး၏ မျက်လုံးနှင့် နားအစုံသည် သူတို့ဘာပြောလဲဆိုတာကို ဂရုတစိုက်နားထောင်နေကြသည်။ တကယ်တော့ သူတို့သည် ချူးယွင်ဖန်းက မည်ကဲ့သို့ ခန့်မှန်းနိုင်သလဲဆိုတာ သိချင်ကြသည်။ ချူးယွင်ဖန်းက ကံကောင်းပြီးခန့်မှန်းနိုင်သည်ဟု ယူဆကြသည်။ ထိုမှမဟုတ်လျှင် သူကမှန်ကန်စွာခန့်မှန်းနေချိန်တွင် သူတို့အားလုံးက မှားယွင်းခန့်မှန်းမိ၍ ရှက်ရွံ့နေကြရသည်။
ချက်ချင်းဆိုသလို တန်စီယုသည် စက်ဝိုင်းထဲမှာ သူနှင့်ဆန့်ကျင်ဘက်နေရာတွင်ထိုင်နေသည်ကိုတွေ့ရသည်။ သူမ၏ လှပပြီးတလက်လက်ထနေသောမျက်ဝန်းအစုံသည် သူ့အပေါ်သို့သက်ဆင်းနေသည်။ သူမ၏မျက်ဝန်းထဲတွင် အဖြေကိုသိလိုစိတ်ပြင်းပြနေသောအရိပ်အယောင်များမြင်နေရသည်။
ထိုစဉ်တွင် သူတို့အခန်းထဲမှ အကျော်အမော်ပုဂ္ဂိုလ်များသည် သူနှင့်ဓားလွယ်ခုတ်နေရာတွင် ထိုင်နေကြသည်။ ဖန်ဒေယင်းကို လှမ်းကြည့်သောအခါ သူ့အားမနှစ်မြို့သည့် အရိပ်အယောင်ပေါ်နေသည်။ သူ၏ ရန်လိုစိတ်ကို အလျင်အမြန်ဖုံးကွယ်ထားသော်လည်း ချူးယွင်ဖန်း၏ မြင့်မားသော အာရုံခံနိုင်စွမ်းက သူ၏စိတ်ဝင်စားမှုကို ဖမ်းစားနေသည်။
ချူးယွင်ဖန်းက တစ်ခဏနားကာ “အမှန်က..မူကျန်ဖေးရဲ့အောက်ပိုင်းခန္ဓာကိုယ်က အဲ့လောက် အားမနည်းဘူး။ ဒီမင်းက ကန်ချက်နေရာမှာ ကျွမ်းကျင်တယ်။ ဒါကြောင့်မို့ ငါပြောနိုင်တာ”
လူအုပ်စုကြီးသည် ယခုမှ သဘောပေါက်နားလည်ခဲ့ပုံရသည်။ ချူးယွင်ဖန်းက ထိုအချက်ကိုနားလည်ပြီးနောက် ကံကောင်းပြီးခန့်မှန်းနိုင်ခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။ သူတို့သာ ထိုအရာကို အစတည်းကမြင်ခဲ့လျှင် ဒီကောင်လေးသည် မှန်ကန်စွာခန့်မှန်းနိုင်သည့် အခွင့်အရေးရလိမ့်မည်မဟုတ်ချေ။
ဒီမင်း၏ မျက်နှာပေါ်တွင် တောက်ပသောအပြုံးပန်းဝေဆာနေသည်။ မူကျန်ဖေး၏ အောက်ပိုင်းခန္ဓာကိုယ်အားနည်းသည်ကို ပြိုင်ပွဲအတွင်းတွင် လေ့လာခဲ့ရပြီးနောက် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်ဆိုတာ သူအသိဆုံးဖြစ်သည်။ ထို့နောက် ချူးယွင်ဖန်းစကားဆုံးသည်နှင့် လူအရိပ်တစ်ခုသည် အင်အားပြင်းပြင်းနှင့် တိုးဝင်လာသည်။ ထိုအရိပ်သည် မူကျန်ဖေးက လွဲပြီး မည်သူမှ မဖြစ်နိုင်ပေ။ အောင်နိုင်သူဖြစ်သော ဒီမင်းနှင့်ယှဉ်လျှင် မူကျန်ဖေးသည် ပြိုင်ပွဲတွင်ရှုံးနိမ့်ခဲ့ရခြင်းအပေါ် အလွန်ဒေါသထွက်နေသည်။
“ချူးယွင်ဖန်း..မင်း တော်သလိုဟန်ဆောင်နေတာတွေရပ်တန်းကရပ်လိုက်တော့။ ငါနဲ့လာပြီး တိုက်ခိုက်စမ်းပါ” မူကျန်ဖေးသည် ချူးယွင်ဖန်းပြောသည်ကို သေချာပြတ်သားစွာကြားရသည်။ သူက အနိုင်ရခဲ့လျှင်တော့ ကိစ္စမရှိသော်လည်း သူကရှုံးနိမ့်ခဲ့ရသည်။ ချူးယွင်ဖန်း၏ ခန့်မှန်းပြောဆိုမှုတွင် သူသည် လှောင်ပြောင်ပြက်ရယ်ပြုခံရသောအရာတစ်ခုဖြစ်ခဲ့သည်။
“မင်းဘာလိုချင်တာလဲ..မင်းက အရှုံးသမားလုံးလုံးဖြစ်နေပြီ။ မင်းယောကျာ်းမဟုတ်ဘူးလား” ချူးယွင်ဖန်းက ဘာမှမပြောခင်မှာ ဂေါင်ဟုန်ချီက မတ်တပ်ရပ်သည်။
“မင်းရှုံးခဲ့တာကို စည်းဝိုင်းအပြင်ဘက်က လူကိုလာပြီး အပြစ်တင်နေတယ်”
“ဂေါင်ဟုန်ချီ..ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး။ ချူးယွင်ဖန်း..မင်း ငါနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရဲလားလို့ ငါမေးနေတယ်”
ဂေါင်ဟုန်ချီသည် မူကျန်ဖေးအား နောက်ကိုခြေတစ်လှမ်းဆုတ်သွားစေသည်အထိ ဖိအားပေးသည်။ သူသည် ခန္ဓာကိုယ်ထွားပြီး အနည်းငယ်ဝသယောင်ထင်ရသော်လည်း အတန်းထဲမှ လူအားလုံးကသူ့ကို ဆန့်ကျင်ပြီးမတိုက်ခိုက်နိုင်ကြဘူးဆိုတာ သူတို့သိကြသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ကိုယ်ထဲက ဒေါသကိုမထိန်းနိုင်ဘူး နောက်ထပ်တစ်ဖန်စိန်ခေါ်လိုက်ရခြင်းဖြစ်သည်။
“ဟေ့..ဂေါင်ဟုန်ချီ..ဒါကကျောင်းသားတွေကြားထဲက ပြိုင်ပွဲတစ်ခုပဲဖြစ်တယ်။ မင်းကဘာလို့ ထိတ်လန့်နေရတာလဲ။” ဖန်ဒေယင်းသည် တိုက်ခိုက်မှုဧရိယာထဲကိုတိုးဝင်လာသည်ကိုမည်သူမှသတိမထားမိခဲ့ကြပေ။ ထိုအချိန်မှာ သူသည်ဂေါင်ဟုန်ချီ၏ နေရာနားကို ရောက်ချလာသည်။
“အိုး..အတန်းခေါင်းဆောင်.” ဂေါင်ဟုန်ချီသည် ဖန်ဒေယင်းကိုကြည့်ပြီး အတန်းခေါင်းဆောင်ဆိုသောအသုံးအနှုန်းကိုသုံးသည်။
“မင်းက ဒီကိစ္စနဲ့ဘာဆိုင်လဲ..ဘာလဲ..မင်းက ငါနဲ့ ချချင်လို့လား”
အတန်းခေါင်းဆောင် ဖန်ဒေယင်းနှင့် ရင်ဆိုင်ရသော်လည်း ဂေါင်ဟုန်ချီသည် နောက်ဆုတ်သွားခြင်းမရှိပေ။ တစ်ဦးသည် အတန်းထဲက မင်းသားလေးဖြစ်ပြီး ကျန်တစ်ဦးမှာ ဝတုတ်တစ်ဦးဖြစ်သော်လည်း အခန်း ၁၁ အကြောင်းသိသောသူအားလုံးက သူတို့နှစ်ဦးသည် ကျောင်းသားများထဲတွင် အတော်ဆုံးဆိုတာသိကြသည်။ သူတို့တိုက်ခိုက်မည်ဆိုလည်း သဘာဝကျသည်။
သူတို့နှစ်ဦးလုံးသည် အလျှော့ပေးလိုစိတ်မရှိကြပေ။
“အဓိပ္ပါယ်မရှိတာတွေတော်စမ်း..ဂေါင်ဟုန်ချီ.ငါက ပြသနာကို ဖြစ်တဲ့အတိုင်းရှင်းနေတာ။ ဒါက အတန်းဖော်တွေကြားမှာ ကတောက်ကဆဖြစ်တာပဲရှိတာ..ချူးယွင်ဖန်းတောင်ဘာမှမပြောဘဲနဲ့ မင်းကဘာလို့ရုတ်တရက်ထပြောတာလဲ” ဖန်ဒေယင်းသည် သူ၏မျက်နှာပေါ်တွင်ခနဲ့တဲ့တဲ့အမူအရာဖြင့်ပြောသည်။
သူ၏စကားလုံးများကြောင့် လူအများ၏အာရုံသည် ချူးယွင်ဖန်းဆီသို့ ရောက်လာသည်။ သူက တိုက်ခိုက်ရဲပါ့မလားဆိုတာ သူတို့သိချင်နေကြသည်။ ချူးယွင်ဖန်း၏ အရည်အချင်းသည် သာမန်ပဲဆိုတာ အားလုံးအသိပဲဖြစ်သည်။ မူကျန်ဖေးက သူသည် သိုင်းပညာမေဂျာကိုဝင်ရောက်နိုင်ခွင့်ရမည်ဟု မျှော်မှန်းထားသော်လည်း ချူးယွင်ဖန်းမှာတော့ ထိုကဲ့သို့အခွင့်အရေးမရှိပေ။
သူတို့မှာအချိန်တစ်လပဲကျန်တော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် အခြေတည်အဆင့်-၅မှာပဲရှိနေသေးသည်။ သူတို့နှစ်ဦးသည် နှစ်ဆင့်ပဲကွာခြားပြီး တစ်လဆိုသောအချိန်ကာလသည် တိုတောင်းလှသည်။
ချူးယွင်ဖန်းက မတ်တပ်ရပ်ကာ” မင်းကမှ တိုက်ခိုက်ချင်နေတယ်ဆိုလည်း တိုက်ခိုက်ကြတာပေါ့”
သူက စိုးတထိတ်ထိတ်ဖြစ်နေသည်ကို နားလည်သဘောပေါက်သည်။ ယခင်ကသာ ဤအရာဖြစ်ပျက်ခဲ့လျှင် သူသည် ထိုမျှလောက်အန္တရာယ်ရှိသော စိန်ခေါ်မှုကို သေချာပေါက်လက်ခံလိမ့်မည်မဟုတ်ပေ။
သူ့မိသားစုအနေအထားအရ သူသည် စိန်ခေါ်မှုများကိုလက်ခံဖို့မဖြစ်နိုင်ပေ။ စိန်ခေါ်ပွဲများမှတစ်ဆင့် အရည်အချင်းမြှင့်တင်နိုင်သည်ဆိုသော်ငြား ထိခိုက်ဒဏ်ရာရမှုများကို ကုသမှုစရိတ်သည် လွန်စွာမှမြင့်မားသည်။
သို့သော်လည်း ဖြတ်ကျော်ပြီးနောက် သူကထိုစိန်ခေါ်မှုကို ဝမ်းသာအားရလက်ခံခဲ့သည်။
“ကောင်းတယ်..မင်း ယောကျာ်းပဲဟာ” ချူးယွင်ဖန်းက သဘောတူလိုက်သောအခါ မူကျန်ဖေးသည် အနည်းငယ်စိုးထိတ်မိသည်။ သူ၏ ယခင်ပွဲရှုံးနိမ့်မှုမှ ဒေါသအားလုံးကို ချူးယွင်ဖန်းဆီသို့ ပုံချပစ်ရမည်။ လူတစ်ဦးက မပြောသင့်မပြောထိုက်သောအရာများရှိသည်ဆိုတာ ချူးယွင်ဖန်းကို သိစေမည်။
“မင်း အဆင်ပြေပါ့မလား” ဂေါင်ဟုန်ချီက စိုးရိမ်တကြီးမေးသည်။
“စိတ်မပူပါနဲ့..ဒါက တစ်ကယ်တော့ ဘာများဟုတ်လို့လဲ။ ယှဉ်ပြိုင်ထိုးသတ်တာပဲလေ” ချူးယွင်ဖန်းက ခေါင်းတစ်ချက်ညိမ့်ပြကာပြန်ဖြေသည်။ သူတို့နှစ်ဦးက ပြင်ဆင်ပြီးသောအခါ လူအုပ်ကြီးသည် ယှဉ်ပြိုင်ထိုးသတ်မည့်နေရာမှဖယ်ပေးကြသည်။
“ငါ့ အောက်ပိုင်းခန္ဓာကိုယ်အားနည်းတယ်လို့ မင်းပြောခဲ့တာ..ဒါက မှန်လား မမှန်လားဆိုတာ မင်းကိုပြသမယ်” မူကျန်ဖေးသည် မဲ့ပြုံးပြုံးပြီး ချူးယွင်ဖန်း၏မျက်နှာဆီသို့ တစ်ချက်ကန်ရန် ကြံရွယ်သည်။
သူက ချူးယွင်ဖန်းကိုအနိုင်ရချင်ရုံသာမက သူ့ကို ပြက်ရယ်ပြုချင်သေးသည်။
“ငတုံးကောင်”
ချူးယွင်ဖန်းက တစ်ချက်မဲ့လိုက်သည်။ မူကျန်ဖေးမှာ အားနည်းသည့်အောက်ပိုင်းကိုယ်ထည်ရှိသည်ဟု သူပြောသော်ငြား သူထိုကဲ့သို့ ပြုလုပ်မည်ဟု မထင်ထားခဲ့ပေ။ ခပ်မှိန်မှိန် ရွှေရောင်အလင်းတန်းတစ်ခုသည် ချူးယွင်ဖန်း၏ မျက်ဝန်းထဲတွင် ပေါ်လာခဲ့သည်။ သူ၏ လက်မောင်းကိုမြှောက်ပြီး မူကျန်ဖေး၏ ခြေထောက်ကိုပိတ်ဆို့သည်။
သူတို့သည် သက်ရောက်မှုအသံကိုကြားရသည်။ သူသည် သံချောင်းတစ်ချောင်းကိုကန်လိုက်မိသကဲ့သို့ မူကျန်ဖေးခံစားမိသည်။ သူ့ခြေထောက်ရှိအရိုးများသည် အလွန်နာကျင်နေသည်။ တစ်ဖက်မှာတော့ ကန်ချက်သည် နံရံကိုကျသွားသကဲ့သို့ ချူးယွင်ဖန်းသည် မတ်တပ်ရပ်မြဲဖြစ်သည်။ အရာအားလုံးသည် မြန်မြန်ဆန်ဆန်ဖြစ်ပျက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ရှေ့ကိုခြေတစ်လှမ်းလှမ်းရုံမျှ လှမ်းပြီး လက်သီးတစ်ချက်ထိုးခဲ့သည်။ ထိုလက်သီးသည် မူကျန်ဖေး၏ ရင်ဘတ်တည့်တည့်ကို ထိသွားသည်။
ထိုလက်သီးသည် အံ့ဩဖွယ်ကောင်းလှသည်။ မူကျန်ဖေးသည်နှစ်မီတာကျော်လွင့်ပျံသွားပြီးနောက် မြေပြင်ပေါ်သို့ကျလာသည်။ ထိုအချိန်မှာ အပ်ကျသံပင်ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်နေသည်။ အားလုံးသည် တအံ့တဩဖြစ်နေကြသည်။
မူကျန်ဖေးက ဒီလိုမျိုးရှုံးနိမ့်သွားတာလား…
မူကျန်ဖေးသည် ဒီမင်းနှင့် ယှဉ်ပြိုင်တိုက်သောအခါ အခြေအနေပိုကောင်းသည်။ သူက ရှုံးနိမ့်ခဲ့သော်ငြား လေးစားခံရသေးသည်။ သူတို့နှစ်ဦးသည် အနည်းဆုံးတော့ အချိန်တစ်ခုကြာ ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြသည်။ ဒီတစ်ကြိမ်မှာ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ တစ်တန်းလုံးနားမလည်ကြပေ။ ချူးယွင်ဖန်းက အနိုင်ရပြီး တိုက်ခိုက်ခဲ့သည်။ သို့သော် မူကျန်ဖေးသည် ထိုကဲ့သို့ တိုက်ခိုက်ခံရကာ အလွယ်တကူ ကျရှုံးခဲ့သည်။
ဘာမှတောင်မကြာလိုက်ဘဲနှင့် သူရှုံးနိမ့်ခဲ့ပီး ထိုအရာသည်ရှက်ဖွယ်အတိဖြစ်သည်။
ပွဲစတည်းက မူကျန်ဖေးမှာ အနိုင်ရဖို့အခွင့်အလမ်းမရှိဘူးဆိုတာ ချူးယွင်ဖန်းသိနေခဲ့သည်။ သူ၏ အားနည်းချက်များကို ချူးယွင်ဖန်းက မြင်နေရသည်။ သူသည် အခြေတည်အဆင့်-၆ကိုရောက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အနေအထားသည် မူကျန်ဖေးထက်အဆပေါင်းများစွာ သန်မာသည်။ထို့ကြောင့် အစမှ အဆုံးထိ မူကျန်ဖေးမှာ အနိုင်ရဖို့ မျှော်လင့်ချက်မရှိပေ။
“သေစမ်း..ငါက ဒါတွေမြင်ခဲ့တာလား”
“ဘယ်လိုဖြစ်တာပါလိမ့်..မျက်တောင်တစ်ချက်ခတ်လိုက်တာနဲ့ ပွဲပြီးသွားသလိုခံစားရတယ်”
“ငါ ထင်ယောင်ထင်မှားဖြစ်နေတာပဲဖြစ်ရမယ်”
လူအများသည် မယုံကြည်နိုင်ဖွယ်ဖြစ်ပြီး ဆွေးနွေးပြောဆိုနေကြသည်။ တန်စီယု၏ တောက်ပသောမျက်ဝန်းများသည် ချူးယွင်ဖန်းကို တအံ့တဩကြည့်နေသည်။
သူတို့သည် ချူးယွင်ဖန်းကို တအံ့တဩကြည့်နေကြသည်။ လွန်ခဲ့သော နှစ်နှစ်ကထက် ဒီနေ့တစ်ရက်တည်းမှာ ချူးယွင်ဖန်းအပေါ်ပိုမိုလေးစားလာမိကြသည်။ ဆရာဟေး၏ မေးခွန်းကို ချူးယွင်ဖန်းက အထစ်အငေါ့မရှိဖြေနိုင်သောအခါ သူ့အပေါ်သူတို့၏ အမြင်များ အနည်းငယ်ပြောင်းလဲလာခဲ့သည်။ ထိုပြိုင်ပွဲပြီးနောက် သူ့ကို အမှန်တကယ်လေးစားလာမိကြသည်။ ပြီးတော့ သိုင်းပညာဖွံ့ဖြိုးလာသော ကမ္ဘာတစ်ခုဖြစ်တာမို့ သိုင်းပညာကျွမ်းကျင်သောမည်သူမဆို ထိပ်သီးနေရာတွင်ရှိနေလိမ့်မည်။
အားလုံးက အံ့အားသင့်နေချိန်တွင် အခန်းထဲမှ ရုတ်တရက်ဆိုသလို အသံတစ်သံထွက်လာသည်။
“မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ” ခပ်ဖြောင့်ဖြောင့် ပုံရိပ်တစ်ခုသည် အခန်းထဲသို့ဝင်လာသည်။ ထိုအရာသည် သူတို့၏နည်းပြ ကျင်းဝူဖြစ်သည်။ သူလမ်းလျှောက်လာရင်း ကျောင်းသားများကို အကဲခတ်နေမိသည်။ တိုက်ခိုက်ဇုန်ထဲတွင် ချူးယွင်ဖန်းနှင့် လွင့်သွားသော မူကျန်ဖေးတို့ကိုတွေ့ရသည်။
အစတုန်းက ကလေးများကြားမှာဖြစ်သော ထိုးပွဲများကို သူစိတ်မဝင်စားပေ။ ဤကိစ္စမှာ သူ့ကိုစိတ်ဝင်စားလာသောအကြောင်းမှာ အတန်းထဲမှာ ထူးချွန်သောကျောင်းသားဖြစ်သော မူကျန်ဖေးကရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပြောင်းပြန်အနေနှင့် အနိုင်ရသူဖြစ်သော ချူးယွင်ဖန်းမှာ အရည်အချင်းမရှိပေ။
နည်းပြတစ်ဦးအနေနှင့် သူသည်ကျောင်းသားများကို အခြေခံကျကျနားလည်သည်။ ချူးယွင်ဖန်းက ကြိုးစားပြီး ကျင့်ကြံသော်လည်း သူ့မှာပါရမီမပါပေ။ သူတိုးတက်နိုင်မည့် အခွင့်အလမ်းလည်း အလွန်နည်းပါးသည်။ ရက်စက်သည်ဟု ထင်ရသော်ငြား ဒါကအမှန်တရားပင်ဖြစ်သည်။ ချူးယွင်ဖန်းက ဒီကနေ့မှာ သူ့ကိုအံ့အားသင့်စေမည်ဟု မထင်ထားပေ။ ကျင်းဝူသည် ချူးယွင်ဖန်းကို တစ်ခဏကြာစိုက်ကြည့်ပြီး ...
“မင်းက အဆင့်-၆ကို ကျော်ဖြတ်ပြီးပြီလား”ဟုမေးသည်။ ကျင်းဝူသည် ကျောင်း၏ သိုင်းပညာနည်းပြ ဖြစ်နေသည်မှာ မထူးဆန်းတော့ဟု ချူးယွင်ဖန်းတွေးနေမိသည်။ တစ်ချက်ကြည့်ရုံနှင့် သူဖြတ်ကျော်နိုင်ခဲ့သော အဆင့်များကိုသတိမူမိသည်မှာ သူကအလွန်ထက်မြက်ရမည်။ သူ့ကိုဖော်ထုတ်လိုက်ပြီဖြစ်တာမို့ ထပ်ပြီးဖုံးကွယ်ထားဖို့ မလိုအပ်ပေ။ ထိုအစား သူကခေါင်းညိမ့်ကာ “ဟုတ်ပါတယ်ဆရာ…အဆင့်-၆ကိုရောက်သွားပါပြီ”
ဟု ပြန်ဖြေသည်။
“မဆိုးပါဘူး” ကျင်းဝူက ခေါင်းညိမ့်ပြပြီးဘာမှထပ်မပြောပေ။ ထိုအချိန်မှာ ကျောင်းသားများသည် လှုပ်လှုပ်ခတ်ခတ်ဖြစ်လာကြသည်။ သူတို့ယခုမှနားလည်သဘောပေါက်လာခဲ့သည်။
“အာ..မထူးဆန်းတော့ပါဘူး..ချူးယွင်ဖန်းက အဆင့်-၆ကို ဖြတ်ကျော်ခဲ့ပြီးပြီပဲ”
“မူကျန်ဖေးရှုံးတာက ရှက်စရာကြီး။ သူကလည်း သတိလက်လွတ်ဖြစ်သွားတာ။ ဒါပေမဲ့ချူးယွင်ဖန်းကလည်း အငိုက်ဖမ်းတာ။ သူက အဆင့်-၆ရောက်နေတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောဘူး။ သူဒီအကြောင်းတွေမသိခဲ့လို့ မူကျန်ဖေးရှုံးရတာ”
“သူတို့နောက်တစ်ခေါက်ပြန်တိုက်ခိုက်လျှင် သေချာပေါက် မူကျန်ဖေးရှုံးမှာမဟုတ်တော့ဘူး”
လူအများက အချင်းချင်းဆွေးနွေးတိုင်ပင်နေကြသည်။ ချူးယွင်ဖန်းက အဆင့်-၅ရောက်တာတောင်မှထူးဆန်းလှသည်။ သူက အဆင့်-၆ကိုတောင်မှ ဖြတ်ကျော်ခဲ့ပြီးပြီ။ ထိုအရာကို
သာမန်ကျော်ဖြတ်ခြင်းဟု ဆိုနိုင်သည်။ သူက ထိုအဆင့်ကိုရောက်ရောက်ချင်းမှာ မူကျန်ဖေးကို အနိုင်ရမည်ဟု သူတို့ထင်မထားခဲ့ပေ။ မူကျန်ဖေးက လွန်ခဲ့သောလများထဲက ကျော်ဖြတ်နိုင်ခြင်းဖြစ်သည်။ ထိုအချိန်မှာ ဂေါင်ဟုန်ချီ၏ နှုတ်ခမ်းထောင့်လေး ကွေးညွှတ်လာသည်။ သူက မထီမဲ့မြင်ပုံစံဖြင့် “ဟားဟား.ထပ်ပြီး ယှဉ်ပြိုင်လည်း မူကျန်ဖေးပဲရှုံးမှာ။ ခွန်အား၊ လျင်မြန်မှုနဲ့ တိုက်ခိုက်ပုံမှာယွင်ဖန်းက အပြစ်ပြောစရာမရှိဘူး။ သူတို့ထပ်ပြိုင်လည်း ဒီရလဒ်ပဲရမှာ။ သူက ပြင်ဆင်လာတာပဲဖြစ်ဖြစ် မပြင်ဆင်ဘူးပဲဖြစ်ဖြစ် သူက တိုက်ခိုက်နိုင်စွမ်းမှာ အသာစီးရနေတာမို့ ဘာမှလုပ်လို့မရဘူး”
ဂေါင်ဟုန်ချီက ထိုကဲ့သို့ပြောသောအခါ အားလုံးအသံတိတ်ကုန်ကြသည်။
စောနကတိုက်ပွဲမှာ မူကျန်ဖေးက အငိုက်မိခဲ့သည်ဟု ပြောဆိုလို့မရနိုင်ပေ။ ကျင်းဝူက လက်ခုပ်တီးကာ “အားလုံးတိတ်တိတ်နေမယ်။ ဒီကနေ့သင်ခန်းစာမှာ တကယ့်တိုက်ပွဲတွေမှာသုံးတဲ့ သိုင်းပညာစွမ်းရည်တစ်ခုကို မင်းတို့ကို သင်ပေးမယ်”