← Chapters

အခန်း ၁၃-၁၅

Vol. 1 Ch. 13-15

အခန်း ၁၃-၁၅

Vol. 1 Ch. 13-15

အပိုင်း (၁၃)- နတ်ဆိုးကျားလက်သီးသိုင်းကို ချက်ချင်းပင်အောင်မြင်ခြင်း…

ချူးယွင်ဖန်းသည် ဘတ်စ်ကားပေါ်မှဆင်းသောအခါ ခမ်းနားကြီးကျယ်လှသည့် အသိုင်းအဝိုင်းကြောင့်မျက်လုံးများပင်ပြူးမိသည်။

“တည်ငြိမ်သမုဒ္ဓရာမြို့တော်မှာလူသိများတဲ့အသိုင်းအဝိုင်းကြီးတစ်ခုဖြစ်တဲ့ လဝိဥာဉ်အသိုင်းအဝိုင်းပါလား။ ဒီနေရာမှာနေနိုင်တဲ့လူတိုင်းက အသားတင်ကြွယ်ဝချမ်းသာမှုက အနည်းဆုံး ဘီလီယံပေါင်းများစွာရှိရမယ်။ သူတို့က တကယ့်ကိုကြွယ်ဝချမ်းသာတာပဲ” ချူးယွင်ဖန်းသည် သူ့ပတ်လည်မှာရှိသောခမ်းနားသည့်ပတ်ဝန်းကျသ်ကိုကြည့်နေမိသည်။

သူ့မျက်စိထဲမှာ အသိုင်းအဝိုင်းတစ်ခုလုံးကို မိုးတိမ်များဖြင့်ဖုံးလွှမ်းထားသကဲ့သို့ဖြစ်နေသည်။ ထိုအထဲမှာ ကြီးမားသောစိတ်ဝိဥာဉ်စုဝေးခြင်းအစီအရင်တစ်ခုလည်းလှည့်ပတ်စီးဆင်းနေသည်။ ထို့ကြောင့် ထိုနေရာမှာရှိနေသော စိတ်ဝိဥာဉ်စွမ်းအင်သည် တခြားနေရာများထက်ပိုမိုပြီး များပြားနေသည်။ ထိုနေရာတွင်နေထိုင်သူများသည် မကျင့်ကြံလျှင်တောင်မှ အသက်ရှည်အနာကင်းမဲ့ပြီး ချမ်းသာစွာနေနိုင်ကြသည်။

ကျင့်ကြံပါက ထိုအစွမ်းများကိုပိုမိုတိုးတက်စေမည်။ များပြားလှစွာသော အိမ်ရာများက နေရာအနှံ့ပျံ့ကြဲနေပြီး တောင်များနှင့်မြစ်များက ပတ်လည်မှာဝိုင်းရံနေသည်။ ကြွယ်ဝချမ်းသာသောအသိုင်းအဝိုင်းဟု ဆိုနိုင်သည်။အိမ်ရာတစ်ခုစီသည် အနည်းဆုံးဆယ်သန်းနှင့် ဆယ်သန်းအထက်ကုန်ကျနိုင်သည်။

သို့သော်လည်း ဒီနေရာမှာနေနိုင်သူများသည် အမှန်တကယ်ချမ်းသာသူများ မဟုတ်ဘူးဆိုတာ သူပြောနိုင်သည်။ တည်ငြိမ်သမုဒ္ဓရာမြို့မှာရှိသော အချမ်းသာဆုံးပုဂ္ဂိုလ်များသည် တောင်တစ်လုံးလုံးကို ဝယ်ယူနိုင်ပြီး သူတို့စိတ်ကြိုက်နေရာတစ်ခုအဖြစ်ပြောင်းလဲနိုင်ကြသည်။ ထိုအိမ်မျိုးသည် စျေးအဆမတန်မြင့်မားသော အိမ်ကြီးရခိုင်တစ်ခုကဲ့သို့ ဖြစ်သည်။ အချမ်းသာဆုံးသောနေရာမဟုတ်သော်ငြား ချို့တဲ့သောမိသားစုများသည် နှစ်ပေါင်းများစွာပိုက်ဆံစုပြီး လဝိဥာဉ်အသိုင်းအဝိုင်းတွင် နေထိုင်နိုင်ရန် ကြိုးပမ်းကြသည်။

သူက အိမ်ယာအထဲသို့ ဝင်လာသည်။ မကြာခင်မှာ အနက်ရောင်ဝတ်စုံနဲ့ နေကာမျက်မှန်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အိမ်ယာဝင်ပေါက်မှထွက်လာပြီး သူ့ဆီချဉ်းကပ်လာသည်။ သူ့ကိုတစ်ချက်ကြည့်ပြီးနောက် ထိုလူကြီးက မေးသည်။

“မင်္ဂလာပါ..ခင်ဗျားက မစ္စတာချူးယွမ်ဖန်းလား”

“ဟုတ်ပါတယ် ကျွန်တော်ပါ” ချူးယွင်ဖန်းက ခေါင်းညိမ့်ပြသည်။

“ကောင်းပါပြီ..ကျွန်တော့်နောက်လိုက်ခဲ့ပါ။ သခင်မလေးက ခုလေးတင်ပဲအတန်းပြီးလို့ မင်းကို ခေါ်လာဖို့မှာထားပါတယ်”

ချူးယွင်ဖန်းသည် ထိုလူကြီးနောက်မှနေပြီး အိမ်ယာထဲသို့ အဆင်ပြေချောမွေ့စွာဝင်လာခဲ့သည်။ သူတို့သည် အိမ်တစ်လုံးပြီးတစ်လုံးကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးမှာ အလွန်ကြီးမားသောအိမ် ကြီးသို့ရောက်ရှိ လာကြသည်။ အိမ်ထဲရှိနေရာန၏အနှံ့မှာ တူညီဝတ်စုံဝတ်ဆင်ထားသော ကိုယ်ရံတော်များရှိနေပြီး အစေခံများလည်းအလုပ်ကိုယ်စီလုပ်နေကြသည်။ ချူးယွင်ဖန်းသည် လေ့ကျင့်ခန်းမအတွင်းသို့ဝင်လာသည်။

အထဲမှာ သိုင်းသမားဝတ်စုံဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ဦးရှိနေသည်။ သူမသည် အပေါ်နှင့်အောက်ခုန်ပျံကျော်လွှားနေပြီး သူမ၏ခန္ဓာကိုယ်လှုပ်ရှားသောအခါ သွက်လက်မြန်ဆန်လှသည်။ တစ်ချက်ကြည့်ရုံနှင့် သူမသည် နတ်ဆိုးကျားလက်သီးသိုင်းကို ကျင့်ကြံနေသည်ဆိုတာ ချူးယွင်ဖန်းပြောနိုင်သည်။ သူမ၏ သိုင်းကွက်သည် ထူးခြားပြီး ပြေပြစ်လှသည်။ သူမက ထူးချွန်အဆင့်မှာပဲရှိနေသော်လည်း သူမက ဖန်ဒေယင်းထက်ပိုမိုပြီး သိုင်းကွက်များနှင့် အကျွမ်းတဝင်ရှိလှပြီး ပိုမိုပြီးလည်း အားကောင်းသည်။

သူမသည် ကျွမ်းကျင်အဆင့်၏ အမြင့်ဆုံးအနေအထားမှာရှိနေသည်မှာ သေချာလောက်သည်။ သူမသည် စင်းလုံးချောအဆင့်ရောက်ရန် အနည်းငယ်သာလိုတော့သည်။ ထိုအချိန်တွင် သူမ၏ လက်သီးချက်မှာ စစ်မှန်တန်ခိုးက ခပ်ရေးရေးလေးဖုံးလွှမ်းထားသည်ကို အံ့အားသင့်စွာတွေ့ရသည်။ သူမ၏ခန္ဓာကိုယ်မှာချီပင်လယ်တန်ခိုးများစီးဆင်းနေပုံရသည်။

တစ်စုံတစ်ဦးသည် ချီပင်လယ်အဆင့်သို့ရောက်သောအခါ သူတို့မှာအဆုံးအဆမဲ့စစ်မှန်တန်ခိုးများရပြီး သူတို့၏ လက်သီးပတ်လည်တွင် တန်ခိုးများက ရစ်ပတ်ထားသည်။ ထိုအရာသည် သူတို့၏ တိုက်ခိုက်မှုစွမ်းအင်ကို ထူးခြားစွာမြှင့်တင်ပေးသည်။ သူမသည် ကျင်းဝူက မိတ်ဆက်ပေးသော ဧည့်သည်ဖြစ်သူ တည်ငြိမ်သမုဒ္ဓရာမြို့၏ လုအုပ်စု၏ လုယုရှု ဖြစ်သည်။ ကျင်းဝူက သူ့ကိုပေးခဲ့သော စာရွက်စာတမ်းများအရ လုယုရှုသည် သာမန်ထက်ထူးကဲသောလူတစ်ဦးဖြစ်သည်။ သူမငယ်ငယ်လေးတည်းက အံ့အားသင့်ဖွယ်အစွမ်းများပြသပြီး တည်ငြိမ်သမုဒ္ဓရာမြို့၏ အမှတ်-၁ အထက်တန်းကျောင်းကို တက်ရောက်နိုင်ခဲ့သည်။ သူတက်သော လူသိနည်းသည့် အမှတ်-၁၃ကျောင်းနှင့် တခြားစီဖြစ်သည်။

အမှတ်-၁ကျောင်းသည် မြို့မှာအကောင်းဆုံးကျောင်းဖြစ်သည်။ သုန့်ဟွာမြို့တစ်မြို့လုံးမှာ အကောင်းဆုံးသော ကျောင်းဟု ခေါ်တွင်သည်။ ထိုကျောင်းသို့ဝင်ခွင့်ရသူများသည် တည်ငြိမ်သမုဒ္ဓရာမြို့၏ အတော်တကာ့အတော်ဆုံးကျောင်းသားများဖြစ်သည်။ သူတို့က သက်တူရွယ်တူဖြစ်သော်ငြား သူမသည် အခြေတည်အဆင့်ကိုကျင့်ကြံခဲ့ပြီး ချီပင်လယ်အဆင့်ကို တက်လှမ်းနေပြီဆိုတာ အံ့အားသင့်ဖွယ် မဟုတ်တော့ပေ။

“သခင်မလေး..သူ့ကိုခေါ်လာခဲ့ပါပြီ” သက်တော်စောင့်က ချူးယွင်ဖန်းကို အပြင်မှာစောင့်စေသည်။ လုယုရှုရပ်မှသာ သူစကားပြောသည်။ သူမသည် အသက် ၁၆၊ ၁၇ အရွယ်ဖြစ်သည်။ သူမသည် အနီရင့်ရင့်သိုင်းသမားဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏လှပသောခန္ဓာကိုယ်နှင့်လိုက်ဖက်လွန်းလှသည်။ သူမ၏ အသားရည်သည် နှင်းကဲ့သို့ဖြူဖွေးပြီး သူမ၏ သွင်ပြင်များသည်လည်း ပေါ်လွင်လှသည်။ သူမမည်သည့်နေရာသွားသွား အလှဆုံးမိန်းကလေးတစ်ဦးဖြစ်နေလိမ့်မည်။

ယုရှုက သဘက်ကိုကောက်ယူပြီး ချွေးသုတ်သည်။သူမသည် ချူးယွင်ဖန်းဆီသို့ လျှောက်လှမ်းပြီး “နင်က ဦးလေးကျင်း ထောက်ခံပေးတဲ့လူလား” ဟု မေးသည်။

“ဟုတ်ပါတယ်..နည်းပြက ငါ့ကိုလွှတ်လိုက်တာပါ”

“ဦးလေးကျင်းပြောတာတော့ နင်က နတ်ဆိုးကျားလက်သီးသိုင်းကို သင်သင်ပြီးချင်းမှာ ကျွမ်းကျင်အဆင့်ကိုရောက်ခဲ့တယ်ဆို။ ငါတော့ မယုံပါဘူး။ ငါလည်း လေ့ကျင့်နေဆဲပါပဲ ပြီးတော့ ခုမှ ကျွမ်းကျင်အဆင့်ကိုရောက်တုန်းပဲရှိသေးတာ။ နင်နဲ့တူတူလေ့ကျင့်ဖို့ ခေါ်လိုက်တာက ဦးလေးကျင်းအကြံပေးတာကို မငြင်းချင်လို့ပဲ” သူမ၏ အသံသည်ချိုသာယဉ်ကျေးသော်လည်း သူမ၏ အသံနေအသံထားက အလွန်အေးတိအေးစက်နိုင်သည်။

ထိုကောင်လေးသည် သူမနှင့် အသက်တူတူပဲဖြစ်ပြီး သူ့ကိုလည်းလုံးဝမယုံပေ။ ချူးယွင်ဖန်းသည် ကျီပင်လယ်အဆင့်မှာရှိမနေဘူးဆိုတာ သူမပြောနိုင်သည်။ သူမ၏ ဦးလေးကျင်းက သူ့အကြောင်းပြောပြသည်များကိုသံသယရှိသည်။

“ဦးလေးကျင်းက နင့်ကိုဘာကြောင့်ဒီကိုလွှတ်လိုက်လဲဆိုတာ ပြောခဲ့လား” လုယုရှုက မျက်ခုံးပင့်ကာမေးသည်။ “ပြောပါတယ်..မင်းနဲ့ လေ့ကျင့်ဖော် ယှဉ်ပြိုင်ဖက်အနေနဲ့ ရောက်လာခဲ့တာပါ”

“နင်သွားလို့ရပြီ။ နင်က ချီပင်လယ်အဆင့်မှာမှရှိမနေတာ။ ငါ့ရဲ့ လေ့ကျင့်ဖော် ယှဉ်ပြိုင်ဖက်ဖြစ်ဖို့နင်က မသင့်လျော်ဘူး” လုယုရှုက တွေဝေတုံ့ဆိုင်းမှုမရှိဘဲပြောသည်။

“နင့်ကို မတော်တဆ သတ်မိလိုက်မှာ ငါစိုးရိမ်တယ်”

လုယုရှုသည် စကားဆုံးသည်နှင့် လှည့်ထွက်သွားကာ အခန်း၏အလည်သို့လျှောက်လှမ်းလာသည်။ သူမက နတ်ဆိုးကျားလက်သီးသိုင်းကို ဆက်ပြီး လေ့ကျင့်ရန်အသင့်ဖြစ်နေသည်။ ဦးလေးကျင်း၏ ကျောင်းသားနှင့် ဆုံဖို့လက်ခံခဲ့ခြင်းသည် ကောင်းမွန်သည်ဟု ထင်မိသည်။

“မစ္စလု..နင်က နတ်ဆိုးကျားလက်သီးသိုင်းကိုလေ့ကျင့်ဖို့အဖော်ပဲရှာနေတာမလား။ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံနဲ့ ဒီသိုင်းအပေါ်နားလည်မှုက ဘာမှမဆိုင်ပါဘူး” လုယုရှုက ထွက်သွားတော့မည်ကိုသူသတိထားမိသည်။ ထိုကဲ့သို့ရှားပါးပြီး ကောင်းမွန်သောအခွင့်အရေးကို သူလက်မလွှတ်လိုပေ။

သူက ကမန်းကတန်းပြောသည်။

“တည့်တိုးပြောမိတယ်ဆိုလည်းခွင့်လွှတ်ပါ။ ဒါပေမဲ့ မစ္စလု..ငါလုပ်တဲ့ နတ်ဆိုးကျားလက်သီးသိုင်းကို နင်နားမလည်ဘူး”

“ဘာပြောတယ်” ထင်တဲ့အတိုင်းပင် လုယုရှုသည် ထိုစကားကိုကြားပြီး ပြန်လှည့်လာသည်။သူမ၏လှပသောမျက်ဝန်းအစုံက ချူးယွင်ဖန်းကို စိုက်ကြည့်သည်။ သူမက “မဟုတ်တာတွေမပြောလျှင်ကောင်းမယ်။ မဟုတ်လို့ရှိရင် နင့်ကို ဦးလေးကျင်းကပဲလွှတ်လိုက်တယ်ဆိုဦးတော့ သင်ခန်းစာကောင်းကောင်းပြန်ပေးလိုက်မယ်..နင်ပြောချင်တဲ့အရာမှန်သမျှ ပြောလို့မရဘူးဆိုတာ နင်နားလည်ဖို့လိုတယ်”

“ငါပြောတာတကယ့်အမှန်တရားတွေပါ။ ငါသာ ပေါက်ကရပြောတယ်ဆို ငါတို့ယှဉ်ပြိုင်တိုက်ခိုက်လျှင် မင်းတွေ့မှာပဲ” ချူးယွင်ဖန်းက တည့်တိုးပြောသည်။ “ငါ့အစွမ်းက နင့်လောက်မဟုတ်ပေမဲ့ နင်က အနိုင်ရချင်တယ်ဆို ငါနဲ့ နတ်ဆိုးကျားလက်သီးသိုင်းကို မလေ့ကျင့်နိုင်ဘူးလား။ နင့်ရဲ့ နတ်ဆိုးကျားလက်သီးသိုင်းမှာ တိုးတက်မှုနှေးနေတာကို ချေဖျက်နိုင်ဖို့ လေ့ကျင့်ဖော်တစ်ဦး လိုတာမလား”

ချူးယွင်ဖန်းက စကားပြောကောင်းမည်ဟု သူမ မထင်ခဲ့ပေ။ သူမသေချာတွေးကြည့်မှ သူပြောတာမှန်သည်ဆိုတာ သဘောပေါက်လာသည်။ သို့သော် သူမက “ဒါဆိုလည်း နင့်ကိုအခွင့်အရေးတစ်ခုပေးမယ်။ ဒါပေမဲ့ ငါက ချီပင်လယ်အဆင့်မှာရှိနေတယ်ဆိုတာ နင်နားလည်ရမယ်။ ဒါကြောင့် ငါက ငါ့ခန္ဓာကိုယ်ရဲ့ ကနဦးအဆင့်မြှင့်တင်မှုပြီးမြောက်ခဲ့ပြီ။ ငါက စစ်မှန်တန်ခိုးများကို ချိုးနှိမ်ထားလျှင်တောင်မှ ကိုယ်ခန္ဓာအနေအထားအရ နင်က ငါ့ပြိုင်ဘက်မဟုတ်ဘူး”

“စိတ်မပူပါနဲ့ ငါတို့တိုက်ခိုက်ကြလျှင် တွေ့ပါလိမ့်မယ်”

“ဒါဆိုလည်း ငါ အလျှော့မပေးတော့ပါဘူး”

လုယုရှုက ရှေ့ကိုထွက်လာသည်။ သူမ၏ လှပသွယ်လျသောခန္ဓာကိုယ်သည် လွန်စွာလျင်မြန်လှသည်။ သူမက ချူးယွင်ဖန်းဆီသို့ ဦးတည်လာပြီး ကြောက်ဖက်ဖွယ်ကျား၏ နှလုံးဇီဝိန်ခြွေတိုက်ကွက်နှင့်တိုက်ခိုက်သည်။ သူမသည် ချူးယွင်ဖန်း၏ နှလုံးသားဆီသို့ ဦးတည်လာနေသော လှံတံတစ်ခုလိုဖြစ်နေသည်။

ချူးယွင်ဖန်းက တည်တည်ငြိမ်ငြိမ်ပဲဖြစ်သည်။ သူသည် မူကျန်ဖေးနှင့် ဖန်ဒေယင်းကို ဒီနေ့မှာဆက်တိုက်အနိုင်ရပြီးနောက် သူ၏ တိုက်ခိုက်စွမ်းရည်သည် ကြောက်မက်ဖွယ်နှုန်းထားဖြင့် တိုးတက်လာသည်။ သူ၏ မျက်လုံးများမှာ အာရုံစိုက်ကာ လက်ငါးချောင်းကို လက်သီးတစ်ခုအသွင်ဖွဲ့စည်းသည်။ သူလည်း တူညီသောသိုင်းကိုသုံးပြီး မဆိုင်းမတွတိုက်ခိုက်သည်။ ကြောက်မက်ဖွယ်ကျား၏ နှလုံးဇီဝိန်ခြွေသိုင်းကဲ့သို့ အလွန်ကြောက်စရာကောင်းလှသည်။

ဘန်း!!

သူတို့နှစ်ဦး၏ လက်သီးချက်များသည် တိုက်မိကြသည်။ ချူးယွင်ဖန်းက နောက်မှတိုက်ခိုက်သော်လည်း သူ့လက်သီးက အရင်ဆုံးရောက်လာသည်။ သူ၏ လက်သီးထိုးချက်သည် လုယုရှု၏ လက်သီးထိုးချက်နှင့် တိုက်မိတော့သည်။

သူတို့နှစ်ဦးသည် ပြိုင်တူဆိုသလို နောက်ကိုဆုတ်သွားကြသည်။ တစ်ခုတည်းသောကွာခြားချက်မှာ လုယုရှုသည် တစ်လှမ်းပဲဆုတ်ချိန်တွင် ချူးယွင်ဖန်းက သုံးလှမ်းဆုတ်ရသည်။ သူမက စစ်မှန်တန်ခိုးကိုမသုံးသော်လည်း သူမ၏ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ပြီးဖြစ်သည်။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်အင်အားသည် ချူးယွင်ဖန်းထက်သာလွန်သည်။

“စိတ်ဝင်စားစရာပဲ” သူမ၏ မျက်လုံးများမှာအံ့အားသင့်မှုများအတိုင်းသားပေါ်နေသည်။ သူမ၏ လက်သီးမှာ စစ်မှန်တန်ခိုးကိုမသုံးထားသော်လည်း သူမက တခြားကဏ္ဍများမှာတော့ အင်အားပြည့်ထုတ်သုံးခဲ့သည်။ သူမနှင့် အနေအထားချင်းတူသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်သောအခါ ထိုသူများကို နောက်ဆုတ်အောင် ဖိအားပေးနိုင်ခဲ့သည်။

ချူးယွင်ဖန်းသည် အခြေတည်အဆင့်မှာရှိသော်လည်း သူသည်နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်သွားသော်လည်း သူက တည်ငြိမ်အောင်ထိန်းထားနိုင်သည်။ သူက သာမန်အဆင့်မှာရှိနေသော်လည်း သူ၏ခန္ဓာကိုယ်သည် အားအင်အပြည့်ရှိသည်ဆိုတာကို သက်သေပြနေသည်။ ဦးလေးကျင်းက တွေ့ကရာလူကိုတော့ သူမအတွက်ထောက်ခံပေးမည်မဟုတ်ပေ။ ဒီ ချူးယွင်ဖန်းဆိုသော လူက အမှန်တကယ်တော်သောကြောင့် ဖြစ်နိုင်မည်။

“ဆက်ပြိုင်ကြစို့။ နင်က ငါ့ရဲ့ လေ့ကျင့်ဖော် ယှဉ်ပြိုင်ဖက်ဖြစ်ချင်တယ်ဆို နင်ဘယ်လောက်အစွမ်းရှိလဲဆိုတာ ငါမြင်ရမှဖြစ်မယ်” လုယုရှုသည် ညင်သာစွာစိန်ခေါ်ပြီး သူမ၏လက်သီးကို လေထဲကိုဆန့်ထုတ်သည်။ ထိုလက်သီးသည် ချူးယွင်ဖန်းဆီ တည့်တည့်ဖြစ်သည်။ ဆက်နေမည်ဟု စိတ်ပိုင်းဖြတ်ထားသော ချူးယွင်ဖန်းသည် နောက်ကိုဆုတ်မည့်အစား ရှေ့ကိုခြေတစ်လှမ်းလှမ်းလာသည်။ သူ ကြုံတွေ့နေရသော အကြပ်အတည်းကို ထိပ်တိုက် ရင်ဆိုင်သည်။

ဘန်း! ဘန်း! ဘန်း!

သူတို့၏ လက်သီးများ ထပ်မံပြီးထိမိကြပြန်သည်။ ဆယ်စက္ကန့်တောင်မကြာလိုက်ဘဲ သူတို့သည် အကြိမ်ပေါင်းများစွာ ထိုးသတ်ကြသည်။ သူတို့၏ လှုပ်ရှားမှုများသည် လျင်မြန်တိကျပြီးရက်စက်လှသည်။ တိုက်ခိုက်မှုတိုင်းသည် ကြမ်းတမ်းပြီး ညှာတာထောက်ထားမှုမရှိပေ ။

မကြာခင်မှာ လုယုရှု၏ လက်မောင်းမှာ ဒဏ်ရာများရလာသည်။ သူမ၏ နှင်းလိုဖြူစွတ်သော အသားရည်နှင့်ယှဉ်လျှင် ဒဏ်ရာများသည် ရုပ်ဆိုးအကျည်းတန်လှသည်။ ထို့အပြင် သူမကလုံးဝအနားမယူပေ။ သူမက နတ်ဆိုးကျားလက်သီးကို တစ်ချက်ပြီးတစ်ချက် ထိုးနေသည်။ ထိုအချိန်တွင် သူမ၏ပြိုင်ဘက်ဖြစ်သော ချူးယွင်ဖန်း၏ အခြေအနေက ပိုဆိုးနေသည်။

သူ၏လက်မောင်းနှစ်ဖက်လုံးက သွေးများကျနေသည်။ သူ၏ ဒဏ်ရာများသည် လုယုရှု၏ ဒဏ်ရာများထက် ပိုဆိုးသည်။ သူတို့နှစ်ဦးကြားမှာကွဲလွဲချက်ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှသူက ခပ်စိပ်စိပ်အထိုးခံလာရသည်။ သူက တိုက်ခိုက်မှု၏ နာကျင်မှုများကို ကြံ့ကြံ့ခိုင်နေသည်။ ကံကောင်းချင်တော့ သူက အနန္တတန်ခိုးရှင်ဧကရာဇ်သိုင်းကိုလုံ့လစိုက်ပြီး ကျင့်ကြံခဲ့သည်။ ထို့ကြောင့်ပင် သူနှင့် တူညီသောအဆင့်မှာရှိနေသော လူများထက် သူကပိုမိုပြီး အဆပေါင်းများစွာ သန်မာနေခြင်း ဖြစ်သည်။

ထိုသို့မဟုတ်လျှင် အခြေတည်အဆင့်-၆ အရိုးအဆစ်သန့်စင်ခြင်းမှာ ရှိနေသောလူသည် အစောတည်းက ရှုံးနေပြီးဖြစ်သည်။ သို့သော်လည်း သူသည်တစ်ချိန်လုံး အားသွန်ခွန်စိုက် တိုက်ခိုက်သည်။ သူက အံကိုကြိတ်ပြီး နာကျင်မှုကိုတောင့်ခံသည်။

“ငါ မယုံနိုင်ဘူး” ချူးယွင်ဖန်းက စိတ်ထဲမှာ အော်ဟစ်နေသည်။ ချက်ချင်းဆိုသလို ယခင်တုန်းက တစ်ခါမှ မရောက်ဖူးသော အဆင့်ကိုသူရောက်လာသည်။ သူ့မျက်လုံးထဲမှာ လုယုရှု၏ တိုက်ကွက်များက နှေးလာသည်။ သူမ၏ ခန္ဓာကိုယ်အင်အားက သူ့ထက်သာလွန်နေသည်။ သူမ၏ တိုက်ခိုက်မှု အရှိန်က သူ့အားမူးနောက် လာစေသည်။ သို့သော် သူမက ယခုအခါမှာ ချက်ချင်းကြီးနှေးကွေးလာပုံရသည်။ ယခင်တုန်းက သူမ၏လက်သီးအရိပ်သည် ပြီးပြည့်စုံသော်လည်း ယခုအခါ ထိုလက်သီးထိုးချက်များ၏ ပြစ်ချက်များကိုမြင်လာရသည်။ သူက တုံ့ဆိုင်းမှုမရှိဘဲ ထိုပြစ်ချက်များကို တိုက်ခိုက်သည်။

လုယုရှုက တစ်စုံတစ်ရာထူးဆန်းလာသည်ကိုသတိထားမိသည်။ ချူးယွင်ဖန်းက သူမထက် ခန္ဓာကိုယ်အင်အားနည်းသောကြောင့် သူ၏ လက်သီးကြိမ်နှုန်းများသည် သူမထက် နိမ့်နေဆဲဖြစ်သည်။ သို့သော် သူ့လက်သီးထိုးချက်များ၏ တိကျမှုသည် ယခင်ကထက် ပိုမိုမြင့်မားလာသည်။

သူက သူမ၏ အားနည်းချက်များကို တိုက်ခိုက်နေသည်။ သူမက ထိုအချက်ကိုယခင်က သတိမမူခဲ့ပေ။ အံ့အားသင့်ရမည့်အစား သူမစိတ်ကျေနပ်လာသည်။ ဒါကြောင့်ပင် သူမက ယှဉ်ပြိုင်ဖက်လိုအပ်ခြင်းဖြစ်သည်။သူမ၏ အားနည်းချက်၊ ပြစ်ချက်များကို တကယ့်ပြိုင်ပွဲမှသာ မြင်နိုင်သည်။ ချူးယွင်ဖန်း၏ တိကျမှုများသည် တိုးတက်လာသည်ကို သူမသတိထားမိသည်။

အစတုန်းက သူမက အနိုင်ရနေသော်လည်း ချူးယွင်ဖန်းထံမှ သာမန်လက်သီးထိုးချက် တစ်ခုသည် သူမကို အခက်တွေ့စေခဲ့သည်။ ချူးယွင်ဖန်း၏ နတ်ဆိုးကျားလက်သီးသိုင်းအပေါ်နားလည်မှုသည် မြင့်မားလာသည်ကို သူမသိခဲ့ရသည်။ တိကျမှုသည် အဆုံးစွန် အနေအထားတစ်ခုထိမြင့်တက်သောအခါ ချူးယွင်ဖန်း၏ပုံစံအနေအထားသည် ပြောင်းလဲလာသည်။ သူ၏ လက်သီးထိုးချက်သည် သူမ လက်သီးထိုးချက် ၏ အရိပ်ကိုဖြတ်ပြီး သူမ၏မျက်နှာတည့်တည့် ကို ထိုးနိုင်မည့်ပုံစံဖြစ်လာသည်။ ထိုအရာသည် အလွန်မြန်ဆန် လှသည်။

ထိုးချက်သည် လျှပ်စီးကဲ့သို့မြန်ဆန်ပြီး ပုံစံသည်လည်း ထစ်ချုန်းဟီးနေသည့် မိုးခြိမ်းသံတစ်ခုအလား ပြင်းထန်လှသည်။ ဘေးနားမှာရပ်နေသော သက်တော်စောင့်များက အလန့်တကြားထအော်ကြသည်။ သူက ပွဲသိမ်းရန် ပြင်လိုက်ချိန်မှာ လုယုရှု၏မျက်နှာနားမရောက်ခင် တစ်လက်မအလိုမှာ လက်သီးက ရပ်တန့်သွား တော့သည်။

အပိုင်း (၁၄) လုယုရှုကို အကြံပေးထောက်ပြခြင်း…

ချူးယွင်ဖန်း၏ လက်သီးထိုးချက်မှ ထွက်လာသောလေပွေသည် လုယုရှု၏ နဖူးနားမှားရှိနေသော ဆံနွယ်များကြားတိုးဝှေ့လာသည်။ သူမ၏ မျက်ဝန်းအစုံက တုန်ရီလာပြီး သူမ၏ ပါးနှစ်ဖက်က နီမြန်းလာသည်။

ချူးယွင်ဖန်း၏ တိုက်ကွက်သည် သူမကိုအံ့အားသင့်စေသည်။ သူမ၏ ရှေ့နားကိုရုတ်တရက်ရောက်လာသော သူ၏လက်သီးချက်ကို မတုံ့ပြန်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းက အရှိန်လျော့လိုက်သည်ကိုမြင်တော့မှ ဘေးနားမှာရပ်ကြည့်နေသောသက်တော်စောင့်များလည်း စိတ်အေးသွားကြသည်။

သူက ဘာမှမဖြစ်ပျက်ခဲ့သလို ပုံစံပြင်လိုက်သည်။ ချူးယွင်ဖန်းသည် စိတ်ကိုလျှော့ပြီး လက်နောက်ပစ်ပြီး မတ်တပ်ရပ်နေသည်။ ဆန့်ကျင်ဘက်အနေနှင့် သူမက စိတ်လှုပ်ရှားနေသည်။

“နင်က တိုးတက်ပြောင်းလဲလာတာလို့ ထင်တယ်။အွန်လိုင်းမှာတင်ထားတဲ့ဗီဒီယိုတွေမှာ ပြစ်ချက်ကင်းမဲ့အဆင့်မှာရှိတဲ့သိုင်းပညာရှင်တွေရဲ့ နတ်ဆိုးကျားလက်သီးသိုင်းကျင့်ကြံတာ ငါမြင်ဖူးတယ်။ အဲ့တာက နင့်ပုံစံနဲ့ အတော်လေးဆင်တူတယ်"

ထိုစကားကိုကြားပြီး ချူးယွင်ဖန်းသည် ခေါင်းညိတ်လိုက်သည်။

“တကယ်တော့ ငါ့မှာရှိတဲ့မေးခွန်းတွေအားလုံးကို ချက်ချင်းပဲငါနားလည်လာတယ်။ ငါက ချက်ချင်းပဲ ပြစ်ချင်ကင်းမဲ့အဆင့်ကိုရောက်ခဲ့ပြီ”

လုယုရှုက သူ့အပေါ်သက်ရောက်သောဖိအားများအောက်တွင် ချူးယွင်ဖန်းသည် ဆန်းကြယ်သောအနေအထားတစ်ခုကိုဝင်ရောက်ပြီး ပြစ်ချက်ကင်းမဲ့အဆင့်ကို ဖြတ်သန်းဝင်ရောက်ခဲ့သည်။

သူသည်စင်းလုံးချောအဆင့်မှာရှိသော နတ်ဆိုးကျားလက်သီးသိုင်းကို နက်နဲစွာသိမြင်လာသည်။ သူက အောင်မြင်သည်နှင့် သူ၏ အစွမ်းလည်း အဆင့်တစ်ခုကိုမြင့်တက်လာသည်။သူက လုယုရှု၏လက်သီးအရိပ်ကို ချိုးဖောက်ပြီး သူမကို ဒဏ်ရာရစေလုနီးပါး စွမ်းဆောင်နိုင်ခဲ့သည်။

ပုံမှန်အားဖြင့် သူက ပြုလုပ်တော့မည်ဟု သက်တော်စောင့်များတွေးနေသောအရာဖြစ်သည်။ ချူးယွင်ဖန်းသည် စင်းလုံးချောအဆင့်ကိုရောက်ရှိပြီး နည်းလမ်းများကိုလည်း သဘာဝအလျောက်သိမြင်ခဲ့တာမို့သူ့စိတ်ကြိုက်ထိန်းချုပ်နိုင်သည်။ သူသည် ထိုနည်းလမ်းများကို ပြန်လည်တွေးတောပြီး ထုတ်လွှတ်နိုင်သည်။ သူသည် မည်သူ့ကိုမှ မှားယွင်းပြီး ထိခိုက်ဒဏ်ရာရစေမည်မဟုတ်ပေ။

သူက အတွေးနယ်ချဲ့နေမိသည်။ လုယုရှုသည် ချမ်းသာကြွယ်ဝသောမိသားစု၏ သခင်မလေးတစ်ဦးဖြစ်သည်။ သူမက သိုင်းပညာရှင်ဆရာများ၏ သိုင်းဗီဒီယိုများကိုကြည့်သည်ဆိုတာကို မယုံကြည်နိုင်အောင်ဖြစ်ရသည်။ ခွန်လွန်းခေတ်မှာ သိုင်းပညာသည် ကျယ်ပြန့်လာသည်။

ရှေးဟောင်းလူသားများခေတ်တုန်းက ကိုယ့်ဘာသာကိုယ်လေ့ကျင့်ကြတာမျိုးမဟုတ်ဘဲ ယနေ့ခေတ်မှာ အခြေခံသိုင်းပညာစွမ်းရည်ဖြစ်သော နတ်ဆိုးကျားလက်သီးသိုင်းကဲ့သို့ နည်းပညာများနှင့်ပတ်သက်ပြီး လူအများလေ့လာနိုင်ရန် အလို့ငှါ သိုင်းပညာရှင်ဆရာကြီးများက အွန်လိုင်းပေါ်တွင် တင်ကြသည်။ သိုင်းပညာရှင်များစွာက သိုင်းပညာစွမ်းရည်မျိုးစုံကို အင်တာနက်ပေါ်တင်ကြသည်။ ထိုအရာများကိုကြည့်နိုင်ရန် အခကြေးငွေပေးဆောင်ရမည်။

တစ်နာရီကြာသော ဗီဒီယိုတစ်ပုဒ်သည် ဒင်္ဂါးတစ်ထောင်ကျော်ကုန်ကျသည်။ ချမ်းသာသောသူများသာ ထိုငွေကြေးကို ကုန်ကျခံနိုင်သည်။ ဗီဒီယိုများကြည့်နိုင်ရန် တစ်ထောင်သည် များ ပြားလှသောပမာဏမဟုတ် သော်လည်း ချမ်းသာကြွယ်ဝမှုနှင့် များစွ သက်ဆိုင်သည်။

“နင်က ဒီနေ့မှ နတ်ဆိုးကျားလက်သီးသိုင်းကို သင်ခဲ့တာလို့ ဦးလေးကျင်းကပြောတယ်။ တစ်ရက်တည်းမှာပဲ ပြစ်ချက်ကင်းမဲ့အဆင့်ကို တကယ်ပဲရောက်ခဲ့တာလား။ အစကတော့ ငါမယုံခဲ့ဘူး။ ခုတော့ တိုက်ခိုက်နေရင်း နင်အောင်မြင်အောင်စွမ်းဆောင်နိုင်မှုတွေကြောင့် ငါယုံလိုက်ရပြီ။ တကယ်တော့ နင့်အရည်အချင်းက ဒီနေရာမှာတော့ တကယ်မြင့်မားလွန်းပါတယ်။ ဦးလေးကျင်းက ချီးကျူးထားတာတက် နင်ကပိုတော်ပါတယ်” လုယုရှုက ပြောသည်။ တိုက်ခိုက်နေရင်း အဆင့်မြင့်တင်နိုင်စွမ်းသည် လူတစ်သန်းမှာတစ်ဦးတောင်ရှိခဲလှသည် ဟု သိုင်းစာအုပ်များမှာ အမြဲလိုလို ညွှန်းဆိုဖော်ပြကြသည်။

သူမက ငယ်ငယ်လေးတည်းက နာမည်ကြီးကျောင်းမှာတက်ရောက်ပြီး ပါရမီရှင်ဟု ဆိုကြသောလူများစွာနှင့် ဆုံခဲ့ဖူးသော်လည်း ယှဉ်ပြိုင်တိုက်ခိုက်နေရင်း အဆင့်မြှင့်တင်နိုင်ခဲ့သည်လူရှိဖူးသည်ဟု မကြားဖူးပေ။

“တကယ်တော့ ငါဒီနေ့မှသင်ခဲ့ရတာပါ။ ဒီ့မတိုင်ခင် နတ်ဆိုးကျားလက်သီးသိုင်းကို သင်ဖို့ ငါ့မှာအရင်းအမြစ်တွေလုံလုံလောက်လောက်မရှိပါဘူး။ တစ်ဖက်မှာတော့ မစ္စလုကတော့ ပိုက်ဆံလည်းမချို့တဲ့ပါဘူးလို့ ငါယူဆမိပါတယ်။ ဒါဆို ဘာကြောင့် အခုချိန်မှာ နတ်ဆိုးကျားလက်သီးသိုင်းကိုပဲ ဘာကြောင့်သင်နေရတာလဲ။” သူမသည် နတ်ဆိုးကျားလက်သီးသိုင်းကို ဆယ်ရက်ကြာသင်နေခဲ့သည်ဟု သူကြားမိသည်။

“တစ်လအတွင်းကျင်းပမဲ့ ဘာသာရပ်ခွဲခြင်းအတွက်ဖြစ်ပါတယ်။ ယဉ်ကျေးမှုလေ့လာခြင်းအတွက် စာမေးပွဲရှိရုံသာမကပဲ တကယ့်တိုက်ပွဲအတန်းတွေလည်းရှိတယ်။ ဒီ့မတိုင်ခင်က အတွင်းအားကိုပဲ အဓိကထားပြီး အစွမ်းကုန်ကျင့်ကြံနိုင်ခဲ့တာ။ ငါက တစ်ခါမှ သိုင်းပညာမကျင့်ဖူးဘူး။” လုယုရှုက ရှင်းပြသည်။သူတို့မတိုက်ခိုက်ခင်က ဒါမျိုးဖြစ်ခဲ့လျှင် ချူးယွင်ဖန်းကို ရှင်းပြရန် ဒုက္ခမများတော့ပေ။ သူမက သာမန်လူတစ်ဦးကိုတော့ ထိုမျှလောက်ရှင်းပြမည်မဟုတ်ပေ။

“ဒီမတိုင်ခင်က ငါတို့က ပြခန်းထဲမှာထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ပန်းပွင့်လေးတွေလိုပေါ့။ တကယ့်ပြိုင်ပွဲအတွေ့အကြုံတွေရဖို့ အခွင့်အလမ်းလည်း မရခဲ့ဘူး။ ဒါကြောင့် ငါတို့က သိုင်းပညာသင်သင် မသင်သင် အရေးမကြီးဘူး။ ဒါပေမဲ့ ဘာသာရပ်ခွဲပြီးလျှင်တော့ ကွာခြားသွားတာပေါ့”

“နင်တို့တက်တဲ့သာမန်ကျောင်းတွေမှာတော့ သွေးသစ်လောင်းခြင်းဆိုတဲ့ အဆင့်၇ရောက်ခြင်းက သိုင်းပညာမေဂျာယူနိုင်တယ်ဆိုတဲ့ အဆုံးအဖြတ်တစ်ခုပဲ။ ဒါပေမဲ့ သိုင်းပညာအတန်းကို သာမန်အတန်းနဲ့ အထူးတန်းဆိုပြီးပြန်ခွဲတယ်”

“ငါ့ရဲ့ အတွင်းအားအနေအထားနဲ့ဆို သိုင်းပညာမေဂျာကိုရမှာ အသေအချာပဲ။ ဒါပေမဲ့ ငါက ကျောင်းရဲ့ သိုင်းပညာမေဂျာအထူးတန်းကို တက်ရောက်ချင်တာ။ ငါက အထူးတန်းရဲ့ ထိပ်သီး ဆယ်ဦး၊ ထိပ်သီး သုံးဦး နဲ့ ပထမနေရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရမယ်။ ငါ့ရဲ့ နောက်ထပ်ရည်မှန်းချက်က ဖက်ဒရေးရှင်းတက္ကသိုလ်ကို ဝင်ရောက်နိုင်ဖို့ဖြစ်တယ်။ ဒါပေမဲ့ ကျောင်းသားလက်ခံတဲ့နှုန်းက ဘယ်လောက်နည်းလဲဆိုတာ နင်သိလား။ ငါက ငါတို့ကျောင်းရဲ့ ထိပ်သီးဆယ်နေရာနဲ့ တည်ငြိမ်သမုဒ္ဓရာမြို့ရဲ့ထိပ်သီး ကျောင်းသားဆယ်ဦးနေရာမှာ ရှိမှ ဖက်ဒရေးရှင်းတက္ကသိုလ်မှာ ငါ့ရဲ့နေရာအတွက် အာမခံချက်ရှိမယ်”

“ဒါပေါ့..ပထမဆုံးရည်မှန်းချက်က သိုင်းပညာမေဂျာအထူးတန်းကိုတက်ရောက်နိုင်ဖို့ဖြစ်တယ်။ အတွင်းအားလေ့ကျင့်ခြင်းကလွဲပြီး တကယ့်တိုက်ခိုက်ခြင်းစွမ်းရည်တွေက ငါ့အတွက်အရေးကြီးဆုံးဖြစ်တယ်။ ဒါကြောင့်ပဲ ငါက နတ်ဆိုးကျားလက်သီးသိုင်းကို လေ့ကျင့်ချင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်လာတာပေါ့။ ငါတင်ပဲလားဆိုတော့မဟုတ်ဘူး။ ငါ့အတန်းဖော်တွေလည်း ဒီလိုမျိုးလုပ်ကြတယ်”

သူမရှင်းပြမှသာချူးယွင်ဖန်းနားလည်သဘောပေါက်ခဲ့သည်။ သူတို့သည် နတ်ဆိုးကျားလက်သီးသိုင်းကိုကျင့်ကြံ သော်လည်း ထိုသို့ကျင့်ကြံရခြင်း၏ အကြောင်းရင်းမှာ ကွဲပြားနေသည်။သူက ထိုသိုင်းကို ကျင့်ရခြင်းမှာ သူ့အစွမ်းအစက ဆိုးဝါးသောကြောင့်ဖြစ်သည်။

သူက ထင်ပေါ်ကျော်ကြားရန်နှင့် သိုင်းပညာမေဂျာကိုတက် ရောက်နိုင်ရန်အတွက် သူ၏ အချိန်အများစုကို အတွင်းအားကျင့်ကြံရတော့မည်။ ထိုအချိန်မှာ လုယုရှုသည် ဖက်ဒရေးရှင်းတက္ကသိုလ်ကိုတက်ရောက်နိုင်ရန် အတွင်းအားများကိုလေ့ကျင့်နေသည်။ သူမသည် သိပ်မကြာခင်ကမှ နတ်ဆိုးကျားလက်သီးသိုင်းကိုကျင့်ကြံချိန်ရခဲ့သည်။ တူညီသည်ဟုထင်ရသော်ငြား မိုးနှင့်မြေလို ကွာခြားလှသည်။

“နင့်ရဲ့အရည်အချင်းတွေက ရဖို့ခဲယဉ်းတယ်။ ဒါပေမဲ့ နင့်ရဲ့ အတွင်းအားအနေအထားက သာမန်ပဲဖြစ်နေတာ နှမြောစရာပဲ။ မဟုတ်လို့ရှိရင် နင်ကထူးချွန်သူတစ်ဦးဖြစ်နေပြီ” လုယုရှုက ခေါင်းကိုခါရမ်းကာ သနားသည့် ပုံစံဖြင့်ပြောဆိုသည်။ သိုင်းပညာစွမ်းရည်ကျင့်ကြံခြင်းသည် အရေးကြီးသော်လည်း ဘာတွေပဲဖြစ်ဖြစ် အတွင်းအားသည် သိုင်းပညာ၏ ရေသောက်မြစ်တစ်ခုကဲ့သို့ အခြေခံကျသည်။

“မစ္စလု..ငါက စမ်းသပ်စစ်ဆေးတာကို အောင်မြင်တယ်မလား” ချူးယွင်ဖန်းကမေးသည်။

“နင်က စစ်ဆေးမှုကို အောင်တယ်လို့ ဆိုနိုင်ပါတယ်။ ဦးလေးကျင်းက ငါနဲ့လေ့ကျင့်ပေးမယ်ဆို တစ်နာရီ ငါးရာပေးမယ်ဆိုတာ ပြောခဲ့ပြီးဖြစ်မှာပါ။ ပြီးတော့ တစ်ရက်ကို နှစ်နာရီဖြစ်လိမ့်မယ်။ ပြီးတော့ ထပ်ဆောင်းအနေနဲ့ ငါက စင်းလုံးချောအဆင့်ကိုဖြတ်သန်းနိုင်လျှင် ပိုပြီးပေးပါ့မယ်။ ခုချိန်မှာ ငါ့မှာ အရှားပါးဆုံးအရာက အချိန်ပဲ။ ငါ့အချိန်တွေကုန်ဆုံးတာကို လျှော့ချပေးနိုင်လျှင် ငါက အပေးအကမ်းရက်ရောပါတယ်”

လုယုရှုသည် စကားဆုံးသည်နှင့် တိုက်ခိုက်ဇုန်၏ဘေးဘက်ကိုလျှောက်လှမ်းလာပြီး ဆေးသေတ္တာထဲမှ ဒဏ်ကြေးဆေးနှစ်ဘူးကို ယူထုတ်လာသည်။ သူမက ချူးယွင်ဖန်းကိုတစ်ဘူးပေးပြီး ကျန်တစ်ဘူးကိုဖွင့်ကာ သူမလက်မောင်းပေါ်က ဒဏ်ရာများကိုဖျန်းလိုက်သည်။ သူမသည် ထိုဒဏ်ရာများကိုကုသရာတွင် ယဉ်ပါးနေသည်။ ချူးယွင်ဖန်းလည်း အချိန်မဆွဲနေဘဲ သူ၏ လက်မောင်းပေါ်ကို တိုက်ရိုက်ဆေးဖြန်းလိုက်သည်။

မကြာခင်မှာ အေးမြသောခံစားမှုကို ခံစားမိလာသည်။ သူ၏ ဒဏ်ရာမျာလည်း ပျောက်ကင်းသက်သာလာသည်။ သူက လဲလျောင်းပြီး ဆေးဘူးကိုကြည့်နေသည်။ ထိုဆေးဘူးသည် အဆင့်မြင့်အနေအထားဖြစ်သည်။ ထိုဆေးဘူးသည် သူသုံးဖူးသည့်ဆေးဘူးထက်ပိုမိုစျေးကြီးကာ ထိရောက်သော သက်ရောက်မှုလည်းရှိသည်။ သူကနာကျင်မှုကိုမခံစားရတော့ပေ။ သူ၏ ဒဏ်ရာများသည် လျင်မြန်စွာပျောက်ကင်းလာသည်ကို မျက်လုံးနှင့် တပ်အပ်မြင်နေရသည်။ သူက တိတ်တဆိတ်အံ့အားသင့်မိသည်။

ချမ်းသာသောမိသားစု၏ သားသမီးများသည်သူတို့လို သာမန်လူများထက် အထောက်အပံ့များစွာရရှိကြသည်။ ထိုကဲ့သို့ ဆေးမျိုးနှင့်ဆို တကယ့်တိုက်ပွဲများကို အတိုင်းအဆမဲ့ လေ့ကျင့်နိုင်သည်။ ပုံမှန်အတိုင်းဆို သူတို့၏ စွမ်းရည်များ အဆက်မပြတ်တိုးတက်လာမည်။ ထိုအရာများသည် ချမ်းသာကြွယ်ဝသောမိသားစုများမှာ မွေးဖွားလာသူများက ပိုင်ဆိုင်သော အားသာချက်များဖြစ်သည်။ ခွန်လွန်းခေတ်မှာ သိုင်းပညာသည် အားလုံးအတွက်ရနေတာမို့ သာတူညီမျှရှိသည်ဟု ထင်ရသည်။ တကယ်တော့ လူများကြားမှာ ကွာခြားမှုသည် သာမန်ခေတ်ကထက် ပိုမိုကြီးမားသည်။

“နင်က အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီမို့ အတွေးအမြင်သစ်တွေရခဲ့ပြီလို့ ငါထင်ပါတယ်။ ပြောပါဦး..ငါက ကျွမ်းကျင်အဆင့်နဲ့ ပြစ်ချက်ကင်းမဲ့အဆင့်မှာ ပိတ်မိနေတာ။ ငါက နောက်တစ်ဆင့်ကိုမတက်လှမ်းနိုင်ဘူး ဖြစ်နေတယ်”

သူမက ချူးယွင်ဖန်းကိုကြည့်သောအခါ မနာလိုသော အရိပ်အယောင်များ ပေါ်လာသည်။သူမကိုယ်တွေ့သာမဟုတ်ပါက ကျင့်ကြံမှုမှာ ထိုမျှ အရည်အချင်းရှိသောသူရှိသည်ဆိုတာ သူမမယုံကြည်နိုင်ပေ။ သိုင်းပညာစွမ်းရည်အတွက် ပါရမီပါသည်ဟု ဆိုလျှင်တောင်မှ ဒီအရာသည် ပြောစမှတ်တွင်လောက်ပေသည်။

ချူးယွင်ဖန်းက မျက်လုံးကိုမှိတ်လိုက်သည်။ သူ၏ ဦးနှောက်ထဲတွင် သူ၏ ယခင်ပြိုင်ပွဲများကို သေချာရှင်းလင်းစွာ ပြန်လည်မြင်ယောင်နေသဖြင့် သူထိတ်လန့်မိသည်။ ဆေးပညာရှင်ဧကရာဇ်၏ မှတ်ဥာဏ်များကိုရရှိကတည်းက သူ၏ ကိုယ်ပိုင်မှတ်ဥာဏ်များသည် ပိုမိုပြီးတိကျပြတ်သားလာသည်ကို သဘောပေါက်နားလည်မိသည်။ တကယ်တော့ ထိုအရာသည်ဓာတ်ပုံမှတ်တမ်းသဖွယ်ဖြစ်နေသည်။

သူ၏ ဦးခေါင်းထဲတွင် သုံးဖက်မြင်ပုံရိပ်များ ကြည့်နေရသကဲ့သို့ဖြစ်နေသည်။ သူယခင်က သတိမထားမိသည့်အရာများကို အသေးစိတ်မြင်လာရသည်။

ခဏအကြာမှာ သူက မျက်လုံးကိုဖွင့်ပြီး “နင်က နာမည်ကြီးသိုင်းပညာရှင်များရဲ့ နည်းပြဗီဒီယိုတွေကို ကြည့်ဖူးတာမို့ ကျွမ်းကျင်အဆင့်နဲ့ ပြစ်ချက်ကင်းမဲ့အဆင့်ကြားက ကွာခြားချက်က ဘာလဲဆိုတာ သိပြီးဖြစ်မှာပါ။ ကျွမ်းကျင်အဆင့်ကကျတော့ နင်က နည်းလမ်းအားလုံးကိုကျွမ်းကျင်ပိုင်နိုင်ပြီး လက်သီးတစ်ချက်ထိုးတိုင်းမှာအင်အားအများဆုံးထုတ်နိုင်တယ်။ ဒါပေမဲ့ ပြစ်ချက်ကင်းမဲ့ အဆင့်ကတော့ သပ်သပ်တစ်မျိုးပေါ့။ နင်က နည်းလမ်းအားလုံးကို ကနဦးအဆင့်မှာပဲချိတ်ဆက်အသုံးပြုနိုင်တာမဟုတ်ဘဲ စိတ်ကြိုက်အသုံးပြုနိုင်တယ်။ နင့်စိတ်ကြိုက် နည်းလမ်းတွေကိုပြောင်းလဲနိုင်တယ်။ပြီးတော့ နည်းလမ်းတွေကို ပြန်လည်ခေါ်ယူပြီး ထုတ်လွှတ်နိုင်ပြီး နင့်လက်သီးပြင်းအားကိုလည်းပြောင်းလဲနိုင်တယ်။ မင်းဆန္ဒရှိသလို ထိန်းချုပ်နိုင်တယ်။ ဒါက ပြစ်ချင်ကင်းမဲ့အဆင့်ပါ”

“တကယ့်လက်တွေ့မှာ နင်ကနည်းလမ်းအားလုံးကို ပြည့်ပြည့်စုံစုံ သင်ယူနိုင်တယ်..နင်က နည်းလမ်းတွေပြောင်းလဲတဲ့အခါမှာ ကိုယ့်ကိုကိုယ်အနည်းငယ် ကန့်သတ်ထားတယ်။ ငါအခုလုပ်နိုင်သလို ပြန်လည်ဆင့်ခေါ်ပြီး မထုတ်လွှတ်နိုင်ဘူး။ အဲ့အတွက် လျှို့ဝှက်ချက်ဆိုတာ မရှိဘူး။ ငါက သိုင်းဆရာတွေရဲ့ ဗီဒီယိုကိုမကြည့်ဖူးပေမဲ့ နင့်ဆီက အခကြေးငွေယူထားတာမို့ ဘာမှဖုံးကွယ်ထားတာမရှိဘူး။ အရေးကြီးအချက်ဆိုပြီး ထွေထွေထူးထူးလည်းမရှိပါဘူး။လေ့ကျင့်ယုံကလွဲပြီး နင်လုပ်နိုင်တာဘာမှမရှိဘူး။ ပြောင်းလဲတဲ့နည်းလမ်းတွေကို ကြိမ်ဖန်များစွာလေ့ကျင့်လျှင် အကျင့်တစ်ခုလိုဖြစ်သွားပြီး နင့်အတွက် ကန့်သတ်ချက်ဆိုတာ မရှိတော့ဘူး။ နင် စိတ်ကြိုက် ပြန်လည်ဆင့်ခေါ်ပြီး မထုတ်လွှတ်ခင်ကာလမှာရှိတဲ့ အချိန်က အဓိကပဲ” ချူးယွင်ဖန်းက ရှင်းပြသည်။ လုယုရှုက ခေါင်းညိတ်ကာ “ဟုတ်တယ်။ ငါထင်တာလည်းအဲ့လိုပဲ။ ဒါကြောင့်ပဲ ငါက လေ့ကျင့်ဖော်ကိုငှါးရမ်းခဲ့တာ။ နင့်ဒဏ်ရာတွေ ခုတော့ သက်သာပြီထင်ပါတယ်။ အချိန်မဆွဲတော့ဘဲ ခုပဲ ဆက်ပြီးလေ့ကျင့်ကြစို့”

“ကောင်းပြီ..အဆင်ပြေပါတယ်..ငါက အမြဲအသင့်ပါပဲ”

ချူးယွင်ဖန်းက သူ၏ လက်မောင်းကိုဝှေ့ရမ်းပြသည်။ သူက အခုသက်သာလာပြီဖြစ်သည်။ သူ့အိမ်မှာရှိသော ဒဏ်ကြေလိမ်းဆေးထက် ဤဆေးဘူးသည်ပိုပြီး အစွမ်းထက်သည်။

“ ငါ့လက်သီးကို မြည်းစမ်းကြည့်ပေတော့” လုယုရှုသည် လက်သီးတစ်ချက်ထိုးလိုက်သည်။ ထိုအရာသည် ကြောက်မက်ဖွယ်ကျား၏ နှလုံးဇီဝိန်ခြွေသိုင်းဖြစ်သည်။ ထိုအရာသည် ချူးယွင်ဖန်း၏ မျက်နှာတည့်တည့်ကိုတိုက်ရိုက်ဦးတည်ပြီး လျင်မြန်စွာကျရောက်လာသည်။

အပိုင်း (၁၅)- လုယုရှု၏ ဖြတ်ကျော်နိုင်ခြင်း..

ဘန်း! ဘန်း! ဘန်း!

တိုက်ခိုက်ဇုန်အတွင်းမှာရှိနေသော လူနှစ်ဦးသည် သွက်လက်ဖျက်လတ်သော လူဝံနှစ်ဦးကဲ့သို့ တိုက်ခိုက်နေကြသည်။ သူတို့နှစ်ဦး၏ လက်သီးများတစ်ချက်ပြီးတစ်ချက် ကျရောက်သောအခါ ဝှီးခနဲဟူသောမြည်သံများထွက်နေသည်။ ထိုသို့အော်မြည်သံများသည် ကျောက်မိုင်းများကွဲသကဲ့သို့ဖြစ်နေသည်။

သူတို့သည် အသက်၁၆၊၁၇အရွယ်ငယ်ရွယ်နုပျိုသော ကောင်လေးနှင့်ကောင်မလေးဖြစ်သည်ဆိုတာ တပ်အပ်ပြောနိုင်သည်။ သူတို့သည် ချူးယွင်ဖန်း နှင့် လုယုရှုတို့ဖြစ်ကြသည်။ သူတို့သည် ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြသည်။ သူတို့သည် ယှဉ်ပြိုင်နေသည်ဆိုသော်ငြား ပြိုင်ဘက်ကိုသတ်ခြင်းမှလွဲပြီး ကျန်အရာများကိုကန့်သတ်ထားခြင်းမရှိပေ။ သူတို့နှစ်ဦးသည် တစ်ချီလျှင် ၁၅မိနစ်ကြာတိုက်ခိုက်ကြသည်။

သာမန်လူတစ်ဦးသည် နတ်ဆိုးကျားလက်သီးသိုင်းနှင့် ယှဉ်ပြိုင်လျှင် သူတို့သည် အလွန်မောပန်းနွမ်းနယ်ကြမည်။ ဒီနေရာမှာတော့ သူတို့နှစ်ဦးသည် သက်လုံကောင်းကြသည်။ သူတို့၏ အသက်ရှုသံများတဖြည်းဖြည်းလေးပင် လာသော်ငြား သူတို့သည် ခြေကုန်လက်ပမ်းကျသည့်ပုံမပေါ်ပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် လုယုရှုလောက်မသန်မာသောကြောင့် အကြမ်းဖျဉ်းအားဖြင့် လုယုရှုက အသာစီးရနေသည်။ သို့သော် ခုတော့လုံးဝကွဲပြားခဲ့သည်။

တိုက်ပွဲသည် တဖြည်းဖြည်းပြင်းထန်လာပြီး ချူးယွင်ဖန်းက သူမကို အသာစီးရလာသည်။ သူ၏ လက်သီး အရှိန်နှင့်ပြင်းအားသည် လုယုရှုနှင့် မယှဉ်နိုင်ပေ။ ဆိုလိုသည်မှာ သူမက အကြိမ်ပေါင်းများစွာလက်သီးထိုးနိုင်သလောက် သူကမလုပ်နိုင်ပေ။ သို့သော်ငြား အံ့ဩစရာကောင်းသည်မှာ သူက လက်သီးတစ်ချက်ထိုးတိုင်း သူမ၏ ခုခံမှုများကို ချိုးဖျက်နိုင်သည်။ သူ၏ လက်သီးတစ်ချက်စီက သူမကို ကြောက်စိတ်ဝင်စေမိသည်။

သက်တော်စောင့်များသည် ဘေးနားမှရပ်ကြည့်ပြီး နားနားနေနေ မနေရဘဲ အသက်ပြင်းပြင်းတောင်မရှုရဲကြပေ။ သူတို့သည် တစ်နာရီကြာတိုက်ခိုက်ကြသောကြောင့်ဖြစ်သည်။ ခဏနားပြီး သူတို့၏ အင်အားကို ပြန်လည်ကုစားရန် ဆေးဖျန်းရုံမှတစ်ပါး သူတို့နှစ်ဦးသည် အနားယူခြင်းမရှိပေ။ ထို့ကြောင့်ပင် သူတို့နှစ်ဦး၏လက်မောင်းများမှာ ဒဏ်ရာအနာတရများစွာရကုန်ကြသည်။ ထိုကဲ့သို့တိုက်ပွဲများသည် အလွန်ထိရောက်သည်။

လုယုရှုသည် ကျွမ်းကျင်အဆင့်၏ အမြင့်ဆုံးအနေအထားကိုရောက်နေပြီး ပစ်ချက်ကင်းမဲ့အဆင့်မှ တစ်ဆင့်အကွာမှာရှိနေသည်။ ချူးယွင်ဖန်း၏ အဆက်မပြတ်တိုက်ခိုက်မှုများနှင့် ထောက်ပြမှုများကြောင့် သူမမှာ ပြစ်ချက်နည်းသထက် နည်းလာသည်။ သူမသည် သိုင်းကွက်များကို စိတ်ရှိသလို ပြောင်းလဲခြင်းနှင့် ပိုမိုအသားကျလာသည်။

သူမ၏ အတွေ့အကြုံများမှတစ်ဆင့် သူမက ပေါက်ကွဲထွက်တော့မည့်အလားလုယုရှုခံစားလာရသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှု ဖိအားအောက်တွင် သူ၏ တိုက်ကွက်များကိုမည်သို့ရင်ဆိုင်ရမည်ဆိုတာ သူမမှာစဉ်းစားချိန်မရှိနေပေ။ သူမက ချက်ချင်းဆိုသလို ပြန်လည်တိုက်ခိုက်ရုံသာတတ်နိုင်သည်။

ချူးယွင်ဖန်းပြောသလို သူမကပြစ်ချက်ကင်းမဲ့အဆင့်ကိုရောက်ရှိလိုလျှင် သူမသည် သိုင်းကွက်များကို ကျွမ်းကျင်ပိုင်နိုင်ရုံသာမက ထိုသိုင်းကွက်များကို အလိုအလျောက်သိနေရမည်။ နောက်ဆုံးမှာတော့ လေ့ကျင့်မှုမှတစ်ဆင့် သူမစုဆောင်းနိုင်ခဲ့သော အရာအားလုံးကို လုယုရှုသည် ဖော်ထုတ်ပြသနိုင်ခဲ့သည်။ သူမသည်လည်း နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့သည်။

အစတုန်းက ချူးယွင်ဖန်းကသူမ၏ အားနည်းချက်များမှတစ်ဆင့်တိုက်ခိုက်ခဲ့သည်။ သို့သော် အားနည်းချက်များလည်း လုံးဝကွယ်ပျောက်သွားခဲ့သည်။ သူမက သိုင်းကွက်များကိုကျွမ်းကျင်သောကြောင့် ထိုပြစ်ချက်များကို အချိန်မရွေး ကုစားလာနိုင်သည်။ ကန့်သတ်ထားသော နည်းစနစ်မရှိပေမဲ့ အားနည်းချက်များနှင့် ပြစ်ချက်များသည် လုံးဝကွယ်ပျောက်သွားရသည်။

ချူးယွင်ဖန်းသည် သူ့ကိုယ်သူတည်ငြိမ်အောင်မထိန်းနိုင်ခင်မှာ အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူက တွေဝေနေမည့်အစား သူက ပျော်မြူးပြီး အားပါးတရ လက်ခုပ်တီးကာ “ဂုဏ်ယူပါတယ်..မစ္စလု..နင်က နတ်ဆိုးကျားလက်သီးသိုင်းရဲ့ ပြစ်ချက်ကင်းမဲ့အဆင့်ကိုရောက်ရှိပါပြီ” ဟု ဆိုခဲ့သည်။ လုယုရှုသည် သက်တော်စောင့် ကမ်းပေးသော ဆေးဘူးကိုယူပြီး သူမ၏ လက်မောင်းနှစ်ဖက်လုံးမှာဖျန်းသည်။ သူမ၏ စွတ်စွတ်ဖြူသော အသားရည်ပေါ်တွင် ဒဏ်ရာများက ထင်းနေသည်။ သူမ၏ လက်မောင်းနှစ်ဖက်လုံးမှာ ဒဏ်ရာအပြည့်ဖြစ်သည်။

လုယုရှုသည်ကျင့်ကြံခြင်းအတွက်ဆို အပြင်းအထန်အပတ်တကုန်ကြိုးစားခဲ့သည်။ သူမ၏ လက်မောင်းများက ပြင်းထန်သောဒဏ်ရာများအတွက်လည်း ငြီးငြူပြောဆိုခြင်းမရှိပေ။ ထို့ကြောင့်ပင် ချူးယွင်ဖန်းက သူမကိုလေးစားခဲ့သည်။ ချမ်းသာကြွယ်ဝသောမိသားစုမှဆင်းသက်လာမှုကြောင့် သူမထူးချွန်ထက်မြက်နေခြင်းမဟုတ်ခဲ့ပေ။

“ဒါကလည်း နင်ငါနဲ့အတူတူ ယှဉ်ပြိုင်တိုက်ခိုက်ပေးခဲ့တဲ့ ကျေးဇူးတွေကြောင့်ပါ” သူမ၏ မျက်နှာပေါ်မှာ ပျော်ရွှင်မှုများ အတိုင်းသားမြင်နေရသည်။ သူမက ဘယ်လောက်ပဲ ရင့်ကျက်သည့်ပုံစံဖမ်းထားသော်လည်း သူမသည် ဆယ်ကျော်သက်လေးတစ်ဦးဖြစ်သည်။ သူမ၏ နတ်ဆိုးကျားလက်သီးသိုင်း တိုးတက်မှုနှင့်အတူတိုက်ပွဲအတွင်း သူမ၏ ခွန်အား များလည်းပဲတက်လာခဲ့သည်။

သူမ၏အတန်းဖော်တစ်ဦးက ထိုသိုင်းကို လွန်ခဲ့သော ခြောက်လကျော်ထဲက သင်ယူခဲ့သည်။ သူသည် သီးသန့်နည်းပြများစွာငှါးပြီးမှသာ ပြစ်ချက်ကင်းမဲ့အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ ဒါပေမဲ့ သူမကတော့ ဆယ်ရက်အတွင်းမှာ အောင်မြင်ခဲ့သည်။

တကယ်တော့ ထိုအောင်မြင်မှုသည် ချူးယွင်ဖန်းကြောင့်ဖြစ်သည်။

“နင်က အရမ်းသဘောကောင်းတာပဲ မစ္စလု” ချူးယွင်ဖန်းလည်း ဒဏ်ကြေဆေးဖျန်းနေသည်။ ပြင်းထန်သောနာကျင်မှုများအစား အေးမြသောခံစားမှုများ အဆက်မပြတ်ဝင်လာသည်။ လုယုရှုသည် ဒဏ်ရာရနေသော်လည်း လေ့ကျင့်မှုကို မရပ်တန့်ရန် သူမကိုယ်သူမ တွန်းအားပေးခဲ့သည်။ သူကလည်း သူမနဲ့ လေ့ကျင့်ဖော်ဖြစ်သောကြောင့် သူလည်းပဲ အနားမရပေ။ ထို့ပြင် ဒီယှဉ်ပြိုင်ပွဲများမှ သူသည် ဆုလာဘ်များစွာရပေဦးမည်။

သူသည် ခုနလေးတင် ပြစ်ချက်ကင်းမဲ့အဆင့်ကိုဖြတ်ခဲ့ပြီးပြီမို့ သူခုတော့သူ့ကိုယ်သူတည်ငြိမ်အောင်ပြုလုပ်နေရသည်။ သူနှင့် အတူ ယှဉ်ပြိုင်ဘက်ရှိသည့်အပေါ် သူက ပိုမိုပြီးပျော်ရွှင်ရသည်။ သူ့အတွက် ဒဏ်ကြေးဆေးဗူးပေးရုံသာမက ပိုက်ဆံလည်းရသည်။ သူကတိုက်ခိုက်ရင်း အဆင့်မြင့်လာသည်နှင့် တစ်ချိန်တည်းမှာ သူကနက်နဲစွာ သိမြင်လာနိုင်ခဲ့သည်။ သိုင်းပညာစွမ်းရည်များသည် သိုင်းပညာကျင့်ကြံမှုအတွက် အရေးပါသော်လည်း အတွင်းအားသည်လည်း အားလုံး၏ ပင်မရင်းမြစ်တစ်ခုဖြစ်သည်။ လုယုရှုသည် သူမ၏ အတွင်းအားကို ချိုးနှိမ်ထားသော်လည်း သူမ၏ ကိုယ်နေဟန်ထားသည် သူ့ထက် သာလွန်သည်။ သူမက နတ်ဆိုးကျားလက်သီးသိုင်း၏ ပြစ်ချက်ကင်းမဲ့အဆင့်ကိုဝင်ရောက်လာသောအခါ သူမ၏ ယခင်က အားသာချက်ကိုပြန်လည်ရယူပြီး သူ့ကိုတဖန်ပြန်ပြီး အသာစီးရလာသည်။ ယခင်က သူမ၏ အားနည်းချက်များကိုရှာဖွေပြီး တိုက်ခိုက်ခဲ့သော်လည်း သူယခုတော့ လုပ်လို့မရတော့ပေ။ သူမကို ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် သူသည် နောက်ကောက်ကျနေခဲ့တော့သည်။

“ငါက သဘောကောင်းတာမဟုတ်ပါဘူး။ ငါက သီးသန့်နည်းပြတစ်ဦးငှါးခဲ့တယ်။ ဒီနေ့က သူ့နားရက်လေ။ မကြာခင်မှာ သူ့ကိုအလုပ်ထုတ်ပစ်တော့မို့” လုယုရှုသည် စကားကိုတည့်တိုးပြောဆိုသည်။

“အဲ့နည်းပြက နင့်လိုမတော်ဘူး။ ငါသာနင်နဲ့ မလေ့ကျင့်ခဲ့လျှင် ပြစ်ချက်ကင်းမဲ့အဆင့်ကိုဝင်ရောက်ဖို့ ၁၅ရက်လောက်ကြာလိမ့်မယ်။ ငါ့ရဲ့ နည်းပြက ဒီလောက်သိသာတဲ့အားနည်းချက်ကို သတိပြုမိဖို့ အချိန်ကြာမြင့်ခဲ့တယ်။ နင်ရှိနေတဲ့အချိန် ငါက ဖုံးကွယ်နိုင်တဲ့အနေအထားမရှိဘူးလို့ ငါထင်တယ်။ ငါ့ရဲ့ ပြစ်ချက်တွေ အားနည်းချက်တွေအားလုံးကို ထုတ်ဖော်ပြသခဲ့မိတယ်။ နင်က အဲ့တာတွေကို တစ်ချက်ပြီးတစ်ချက်မြင်တွေ့တယ်။ ဒါကြောင့်မို့လည်း ငါက ဒီလောက်မြန်မြန်ဆန်ဆန်တိုးတက်တာပေါ့”

သူမဘာကိုဆိုလိုလည်းဆိုတာ ချူးယွင်ဖန်းသဘောပေါက်နားလည်သည်။ သူမပြောသလိုပင် သူက အာရုံစိုက်လိုက်သည်နှင့် သူမ၏ အားနည်းချက်များ အလွန်လွယ်ကူစွာ ဘာကြောင့်ဖော်ထုတ်နိုင်ရလဲဆိုတာ သူလည်း မတွေးတတ်ပေ။ သူ့မျက်လုံးထဲမှာတော့ စစချင်းသူမ၏ နတ်ဆိုးကျားလက်သီးသိုင်းသည် ပြစ်ချက်များအပြည့်ဖြစ်သည်။

“နင့်ကို ငါ့နည်းပြအဖြစ်ငှါးတော့မယ်။ စာချုပ်ကိုတော့ နောက်မှငါပြင်ထားမယ်။ နောက်လမှာ နေ့တိုင်းလိုလို ငါနဲ့တူတူ နတ်ဆိုးကျားလက်သီးသိုင်းကို တစ်နေ့နှစ်နာရီ လေ့ကျင့်ရမယ်။ နင့်ကြောင့်သာ ငါ့အစီအစဉ်တွေရှေ့ဆက်နိုင်တာ။ ဒါကြောင့်မို့ မေဂျာမခွဲခင်မှာ ငါက နတ်ဆိုးကျားလက်သီးသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ တက်လှမ်းနိုင်မလားဆိုတာ ကြိုးစားကြည့်ချင်တယ်။ ဒါမှပဲ ငါက ကျောင်းမှာရှိတဲ့ ထိပ်သီးဆယ်နေရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မယ်”

သူမသည် ပြတ်ပြတ်သားသားပြောဆိုတတ်သူတစ်ဦးဖြစ်သည်။

“ဦးလေးကျင်းက နင့်ကို တစ်နာရီ ၅၀၀ပေးဖို့ ပြောထားပြီးသားဖြစ်မယ်။ခုတော့ နင့်ကို နည်းပြတစ်ဦးရဲ့ နှုန်းထားအတိုင်းပေးမယ်။ နင်က တစ်နာရီကို ၃၀၀၀ဆိုတော့ နှစ်နာရီကို ၆၀၀၀ရမယ်။ စာချုပ်က တစ်လ ရက်သုံးဆယ်အတွက် ချုပ်ဆိုမယ်။ ဒါကြောင့်နင်က ၁၈၀,၀၀၀ရမှာပေါ့။ နင် အလုပ်ကို နေ့တိုင်းအချိန်မှန်လာနိုင်တာနဲ့ ငါ လစာပေးမယ်”

ထိုစကားကိုကြားပြီး သူအရမ်းပျော်ရွှင်မိသည်။ သူသည် ခန္ဓာကိုယ်အားဖြည့်ဆေးဝယ်ယူရန် ပိုက်ဆံများများရှာနိုင်မည့်နည်းလမ်းကို တွေးတောနေခဲ့သည်။ သို့သော် သူက ဒီမှာအလုပ်လုပ်ရုံဖြင့် ပိုက်ဆံရနိုင်သည်။ တစ်လပဲကြာသည့် စာချုပ်ဖြစ်သော်လည်း သူ့မိဘများတစ်နှစ်ရှာနိုင်သည့်ပမာဏထက်များပြားသည်။သူသည် တက္ကသိုလ်ကောင်းကောင်းတစ်ခုကိုတက်ချင်ပြီး သိုင်းပညာရှင်တစ်ဦးဖြစ်ချင်သည်။ သူက သာမန်အလုပ်ပဲရခဲ့ပါက တစ်သိန်းရှစ်သောင်းရနိုင်ရန် နှစ်ပေါင်းများစွာကြာမြင့်မည်။ သူသည် အလုပ်သင်တစ်ဦးမဟုတ်သော်လည်း ထိုမျှလောက်ပိုက်ဆံအများကြီးရှာနိုင်သည်။ အနာဂတ်တွင် သူပိုမိုပြီး ရှာဖွေလာနိုင်တော့မည်။ သူ့ညီမလေး၏ မွေးရာပါ ရောဂါကိုလည်း ကုသပေးဖို့ ပိုက်ဆံရှာနိုင်တော့မည်။

“မစ္စလု..ငါ့ကိုလစာလေးကြိုပေးဖို့ တောင်းဆိုလို့ရမလား” ချူးယွင်ဖန်းက သေချာ စဉ်းစားပြီးနောက် တောင်းဆိုရန်ဆုံးဖြတ်ချက်ချသည်။

“နင့်ကိုလစာကြိုပေးရမယ်။ ဘာကြောင့်လဲ” လုယုရှုက မေးသည်။

“ငါမညာပါဘူး။ငါက အရိုးအဆစ်သန့်စင်ခြင်းအဆင့်ကိုပဲရောက်နေပါသေးတယ်။ ငါ့အတွက် ခန္ဓာကိုယ်အားဖြည့်ဆေးဝယ်ချင်လို့ ပိုက်ဆံကြိုတောင်းတာပါ။ မစ္စလုလိုပဲ ငါလည်း သိုင်းပညာမေဂျာကိုဝင်ခွင့်ရချင်ပါတယ်။ ငါတို့မှာ အချိန်တစ်လပဲရှိသေးတယ်။ ဒါကြောင့် ငါ့မှာ လေ့ကျင့်ဖို့အချိန်မကျန်တော့ဘူး။” ချူးယွင်ဖန်းက သူ၏ ရည်ရွယ်ချက်ကို သေချာရှင်းပြသည်။ ထိုအရာသည် လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပေ။

“ဖြစ်နိုင်ပါတယ်။ ငါဒါကိုမတွေးမိဘူး။ ငါတို့စာချုပ်ချုပ်ပြီးတာနဲ့ နင့်ရဲ့ဘဏ်အကောင့်ကိုပေးပါ။ ကနဦးငွေပေးချေမှုအနေနဲ့ ငါက နင့်ကိုငှါးရမ်းတဲ့အတွက် တစ်လစာ တစ်သိန်းအရင်လွှဲပေးမယ်။ နင့်အနေနဲ့ ဘယ်လိုသဘောရလဲ”

ထိုပမာဏသည် သူ့အတွက် အလွန်များပြားလှသည်။ သို့သော် လုယုရှုအတွက်တော့ မုန့်ဖိုးသာသာပဲရှိသည်။ ပြီးတော့ သူမသည် ချူးယွင်ဖန်းကိုအနှေးနဲ့အမြန်ငွေပေးချေလိုသည်။ ဒါမှသာ နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေမည်။

ချူးယွင်ဖန်းက ပိုက်ဆံယူပြီး လစ်ပြေးသွားလိမ့်မည်ဟု သူမမထင်မိပေ။သူမက ပိုက်ဆံတစ်သိန်းပမာဏကိုလည်း မမှုပေ။ထို့ပြင် သူတို့သည် ဖက်ဒရယ်အသိုင်းအဝိုင်းမှာနေထိုင်နေကြသည်။ အစိုးရသည် နိုင်ငံ၏ မည်သည့်နေရာကိုမဆို စောင့်ကြည့်နိုင်သည်။ ချူးယွင်ဖန်းသာ ပိုက်ဆံယူပြီး ထွက်ပြေးလျှင် သူသည် ဘယ်တော့မှပြန်ပေါ်မလာနိုင်တော့ဘဲ တောတောင်များအကြားမှာနေရုံပဲရှိသည်။

သူမအတွက်တော့ ချူးယွင်ဖန်း၏ပုံစံကထူးခြားသည်။ သူသည် ကြိုးစားပြီး ရည်မှန်းချက်ကြီးမားသူမို့ သူ၏ အနာဂတ်လည်းတောက်ပနေမည်။ ထိုကဲ့သို့ ရူးကြောင်ကြောင်လုပ်ရပ်မျိုးသူလုပ်မည်မဟုတ်ချေ။

“အဆင်ပြေပါတယ် ကျေးဇူးတင်ပါတယ်မစ္စလု”

ထိုငွေနဲ့ဆို သူသည် အဆင့်-၇ကိုတက်လှမ်းနိုင်ရန် လွယ်ကူတော့မည်။ “စိတ်မပူပါနဲ့..ဒါက ဘာမှမဟုတ်ပါဘူး။ ပြီးတော့ ငါ့ကို မစ္စလုလို့မခေါ်ပါနဲ့။ ငါ့သူငယ်ချင်းတွေက ယုရှုလို့ခေါ်ကြတယ်။ နင်လည်းခုချိန်ကစပြီး အဲ့လိုပဲခေါ်ပါ”

မလှမ်းမကမ်းမှာရပ်နေသော သူမ၏သက်တော်စောင့်က ထိုစကားကိုကြားသောအခါ မယုံကြည်နိုင်အောင်ဖြစ်ရပြီး မျက်လုံရများပင် ပြူးမိသည်။ သူသည် လုယုရှုကို နှစ်ပေါင်းများစွာကာကွယ်လာခဲ့သည်။ သူ၏မျက်စိရှေ့တွင် သူမအရွယ်ရောက်လာခဲ့သည်။ သခင်မလေးက ထောင်လွှားမောက်မာသည်ဟုမထင်ရသော်လည်း လက်တွေ့မှာတော့ သူမသည် လူများကို သူမ၏ သူငယ်ချင်းအဖြစ် လက်ခံလေ့မရှိပေ။ သူမနှင့် နှစ်နာရီကြာတိုက်ခိုက်သောချူးယွင်ဖန်းကိုတော့သူမက သူငယ်ချင်းအဖြစ်လက်ခံသည်။ထို့ကြောင့်သူသည် ကောင်လေးကိုကြည့်ပြီး ဒီကောင်လေးက ဘာများထူးခြားနေလဲဆိုတာ သိချင်လာသည်။

“ဒါဆိုငါအချိန်မဆွဲတော့ပါဘူး။ နင့်ကို ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်ရှိနိုင်အောင် အစွမ်းကုန်ကူညီပါ့မယ်” နှစ်နာရီတောင်မကြာလိုက်ပေမဲ့ ပွဲစဉ်များသည် အကြိမ်ပေါင်းများစွာတိုက်ခိုက်ရသကဲ့သို့ဖြစ်နေသည်။ သူသည် နတ်ဆိုးကျားလက်သီးသိုင်းကိုယခုအခါ ပိုမိုနားလည်လာသည်။ သူသည် ပြီးပြည့်စုံခြင်းအနေအထားမှာ ရောက်လုနီးပါးဖြစ်နေပုံရသည်။ သူမကို တစ်လအတွင်း ပြီးပြည့်စုံခြင်းအဆင့်ထိ တက်လှမ်းနိုင်အောင်ကူညီနိုင်မည်ဆိုတာ သူယုံကြည်သည်။ ပြီးတော့ သူကိုယ်တိုင်လည်း နတ်ဆိုးကျားလက်သီးသိုင်းကိုလေ့ကျင့်ချိန်တွင် ပြီးပြည့်စုံခြင်းအနေအထားထိရောက်အောင်ကျင့်ကြံရမည်။

“ဒါက အကောင်းဆုံးပဲ။ ငါက ပြီးပြည့်စုံခြင်းအဆင့်ကိုတက်လှမ်းနိုင်လျှင် နင့်ကိုဆုချမယ်”

“နောက်ကျနေပြီဆိုတော့ ဒီနေ့တော့ဒီလောက်နဲ့တော်ကြစို့။ စာချုပ်မှာလက်မှတ်ထိုးပြီးတာနဲ့နင်သွားနိုင်ပြီ။ နောက်နေ့လည်း ဒီအချိန်ပဲလာပါ”

“ကောင်းပါပြီ”

All Chapters