← Chapters

အားလုံးတွင် ရှိသည့် ရွှယ်ဟွမ်အစွမ်း

Vol. 38 Ch. 525

အားလုံးတွင် ရှိသည့် ရွှယ်ဟွမ်အစွမ်း

Vol. 38 Ch. 525

လောထျန်းက ထိုသို့ ဆုံးဖြတ်ပြီးသည်နှင့် နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားပြီး ဆုမီတောင်သို့ ရောက်လာ၏။

" ကယ်ကြပါဦး.... "

သူ ဆုမီတောင်သို့ ရောက်ရောက်ချင်းမှာပင် တောင်ပေါ်မှ အမြီးခြောက်ချောင်း မြေခွေး၏ အော်သံကျယ်ကြီး ရုတ်တရက် ထွက်လာသည်။

" ဟင်.... "

လောထျန်း အံ့အားသင့်သွားကာ.. မည်သူက သူ့ပိုင်နက်ထဲလာပြီး အဆင်အခြင်မဲ့ ပြုမူရဲနေသနည်းဟု တွေးလိုက်၏။

ထိုစဥ်မှာပင် အခြားသူများလည်း တောင်ပေါ်သို့ ရောက်လာကြသည်။

" သခင်လေးလောထျန်းလား... ကယ်ပါဦး သခင်လေးရေ "

ထိုစဥ်မှာပင် အမြီးခြောက်ချောင်း မြေခွေးကလည်း လောထျန်းအား တွေ့သွားကာ ကယ်တင်ရှင်တစ်ယောက်ကို မြင်လိုက်ရသည့်အလား ငိုယိုအော်ဟစ်ပြီး အသည်းအသန် ပြေးလာ၏။

" မင်း ဘာတွေ ဖြစ်နေတာလဲ "

လောထျန်းက သူ့အား မျက်မှောင်ကြုံ့ကြည့်ရင်း မေးလိုက်သည်။

အမြီးခြောက်ချောင်းမြေခွေးက ဝမ်းနည်းနေသည့် မျက်နှာငယ်လေးဖြင့် ပြန်ပြောရှာ၏။

" သခင်လေး... ဟို သခင်လေး ရှောက်ထျန်းလုံက အင်မတန်ရက်စက်တယ်ဗျ "

ဤတစ်ကြိမ် လောထျန်း ကျုံ့ကျိုးသို့ သွားစဥ်၌ ရှောက်ထျန်းလုံလေးအား ခေါ်မသွားဘဲ ဆုမီတောင်တွင်သာ နေခိုင်းပြီး ကျင့်ကြံစေခဲ့ပါသည်။

သို့သော် .. သူ ပြန်လာချိန်၌ ယခုကဲ့သို့ ပရမ်းပတာ ဖြစ်နေလိမ့်မည်ဟုမူ ထင်မထားခဲ့ပေ။

" သူက မင်းကို ထိုးကြိတ်လိုက်လို့လား "

လောထျန်း မေးလိုက်သည်။

အမြီးခြောက်ချောင်းမြေခွေးက ငိုသံကြီးဖြင့် ပြန်ဖြေ၏။

" ထိုးကြိတ်တာထက်ကို ဆိုးပါတယ်ဗျာ။ သူက... သူက... ကျုပ်နှလုံးသားကို ကာကွယ်ထားတဲ့ အမွေးတွေအားလုံးကို ဆွဲနှုတ်သွားခဲ့တာဗျ "

သူ ထိုသို့ပြောနေရင်းလည်း ရင်ဘတ်ကို ပြလိုက်သေးသည်။ သူ့ရင်ဘတ်တွင်ကား လိမ်ကောက် ရှုပ်ထွေးနေသော အမွေးများ ကျိုးတို့ကျဲတဲ ဖြစ်နေကာ အလွန်ရယ်စရာကောင်းနေပါ၏။

လောထျန်း ၎င်းကိုကြည့်ရင်း နှုတ်ခမ်းမဲ့လိုက်သည်။

" မင်းနဲ့ တန်တာပဲလေ "

ထိုအချိန်မှာပင်..

ဝှစ်..

လေကိုခွင်း၍ လာနေသောအသံ ထွက်လာသဖြင့်

အမြီးခြောက်ချောင်းမြေခွေး လန့်သွားကာ လောထျန်းနောက်တွင် ဝင်ပုန်းလိုက်သည်။

မရှေးမနှောင်းမှာပင် မျောက်၏ ရင်ဘတ်မှ ဆွဲနှုတ်ထားသည့် အမွေးများကို ကိုင်ထားသော ရှောက်ထျန်းလုံလေး ရောက်လာပါ၏။

သို့သော်.. ၎င်းက လောထျန်းကိုမြင်သည်နှင့် လန့်သွားဟန်တူကာ သူ့လက်ထဲမှ အမွေးများကို ချက်ချင်းလွင့်ပစ်လိုက်သည်။ ထို့နောက် ခေါင်းလေးစောင်းငဲ့၍ ချစ်စဖွယ် အမူအရာလေးဖြင့် အသံပေး၏။

" ဝု... "

လောထျန်းမှာ သူ့ကိုကြည့်နေရင်း ဒေါသထွက်သွားရသလို...

ထိုကောင်လေးက အင်မတန် ဉာဏ်နီဉာဏ်နက် များတတ်မှန်းလည်း သိလိုက်တော့သည်။

" သွား... တခြား နတ်ဆိုးဘုရင်တွေအားလုံးကို ခေါ်လာခဲ့ "

လောထျန်း အမြီးခြောက်ချောင်းမြေခွေးအား လှည့်ကြည့်၍ ပြောလိုက်၏။

" ဟုတ်ကဲ့.. "

မြေခွေးကလည်း သူ့အမိန့်ကိုရသည်နှင့် ချက်ချင်း အားတက်သရောပင် ထွက်သွားသည်။

ဤသို့ဖြင့် မကြာမီမှာပင် အမြီးခြောက်ချောင်းမြေခွေးနှင့်အတူ ကျန်နတ်ဆိုးဘုရင် ရှစ်ယောက်လုံး လောထျန်းရှေ့သို့ ပြန်ရောက်လာကြ၏။

သို့သော် ထိုနတ်ဆိုးဘုရင်များကိုကြည့်ရင်း လောထျန်း အနည်းငယ် အံ့အားသင့်သွားရပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုသားရဲများအားလုံးက ဒဏ်ရာရထားသည့် မျက်နှာကိုယ်စီဖြင့် ဖြစ်နေကြသောကြောင့်ပင် ။

အထူးသဖြင့် အရိုးဖြူပညာရှိမှာ အ​ခြေအနေ အဆိုးဆုံးဖြစ်ပြီး လမ်းကိုပင် ဒယီးဒယိုင် လျှောက်နေရရှာ၏။

" မင်းတို့တွေ ဘယ်လိုဖြစ်ကြတာလဲ... "

လောထျန်း သူ့ကိုကြည့်ကာ မေးလိုက်သည်။

အရိုးဖြူပညာရှိက မျက်ရည်ပေါက်ပေါက်ကျအောင်ပင် ငိုကြွေးပြီး ပြန်ပြော၏။

" ဒီလိုပါသခင်လေး... ကျုပ် အရင်တစ်ခေါက်က ဟို ရှောက်ထျန်းလုံလေးကို ကျုပ်ရဲ့ အသွင်အမှန် ထုတ်ပြမိခဲ့ပါတယ် ။ အဲ့မှာ ကောင်လေးက ကျုပ်ရဲ့အရိုးတွေကို ရယ်စရာကောင်းတယ်လို့ သဘောထားပြီး တစ်စစီဖြစ်အောင် လုပ်ပြီးမှ အားလုံးပြန်ဆက်ပေးခဲ့တာဗျ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင်ကို သူ ကျုပ်ကို အဲ့လိုတစ်စစီလုပ်ပြီးမှ ပြန်ဆက်ပေးတာ အကြိမ်ပေါင်း ရာချီပါတယ်ဗျာ။ ကျုပ်က ကံကောင်းလွန်းလို့သာပေါ့.. မဟုတ်ရင် အဲ့လို တစ်စစီ အလုပ်ခံရလို့ သေနေလောက်ပြီ "

ကျန် နတ်ဆိုးဘုရင်များလည်း မျက်ရည်များကျကာ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်ကြသည်။

ထိုစကားကို ကြားပြီးနောက် လောထျန်း ရှောက်ထျန်းလုံလေးအား ခေါင်းစခြေဆုံး ကြည့်လိုက်သည်။

ရှောက်ထျန်းလုံလေးကမူ ခေါင်းလေးစောင်း၍ ချစ်စဖွယ် အမူအရာသာ လုပ်ပြနေပြီး ထိုအရာများက သူနှင့်ဘာမှ မဆိုင်သလိုပါပင် ။

လောထျန်း ချောင်းဟန့်၍ လည်ချောင်းရှင်းလိုက်ပြီးမှ ပြောလိုက်သည်။

" လောလောဆယ် အဲ့ကိစ္စကို ခဏထားလိုက်ကြတာပေါ့ ။ အမြီးခြောက်ချောင်းမြေခွေး.. ဒီကို ခဏလာဦး "

မြေခွေးမှာ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှသာ လောထျန်းရှေ့သို့ လျှောက်လာသည်။

ထိုအချိန်မှာပင် လောထျန်းက လက်တစ်ဖက်ဆန့်ထုတ်၍ မြေခွေး၏ခေါင်းပေါ်သို့ လက်ဖြင့်ဖိလိုက်၏။

ဝုန်း...

ချက်ချင်းဆိုသလိုပင်.. ကြောက်မက်ဖွယ် အစွမ်းတစ်ခုက အမြီးခြောက်ချောင်းမြေခွေး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။

" ဟင်... ဒီအစွမ်းက ဘယ်လိုကြီးလဲ.. "

မြေခွေးမှာ ကြောက်မက်ဖွယ်အစွမ်းကို ခံစားရင်း နားမလည်နိုင် ဖြစ်သွားတော့သည်။

ထို့ထက်ပို အရေးကြီးသည်မှာ ထိုအစွမ်းက သူ့ခန္ဓာကိုယ်ထဲသို့ အတင်းဝင်ရောက်နေခြင်းပါပင် ။

" ဒါ သားရဲသိမ်းသွင်းနည်း တစ်ခုပဲကွ။ ငါက အခု မင်းကိုယ်ထဲကို အစွမ်းတွေထည့်ပေးလိုက်တာ။ မင်းဘက်က လုပ်ရမှာက အဲ့အစွမ်းကို မြန်နိုင်သမျှအမြန်ဆုံး သန့်စင်ဖို့ပဲ "

လောထျန်း ပြောလိုက်သည်။

" ဒီအစွမ်းကို သန့်စင်ရမယ်.... "

မြေခွေးက အံ့သြတကြီး ရေရွတ်၏။

" ဘာဖြစ်လို့လဲ... ပြဿနာရှိလို့လား. "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

အမြီးခြောက်ချောင်းမြေခွေးက တံတွေးကို ခက်ခက်ခဲခဲ မြိုချပြီး ချက်ချင်း ပြန်ပြော၏။

" မဟုတ်ပါဘူးဗျာ.. မရှိပါဘူး ။ သခင်လေးက အခွင့်ကောင်းတစ်ခု ပေးနေတာကို.. ကျုပ် သေချာပေါက် အစွမ်းကုန်သုံးပြီး လုပ်မှာပါ "

လောထျန်း ခေါင်းညိတ်လိုက်ပြီးနောက် ကျန်နတ်ဆိုးဘုရင်များဘက် လှည့်ကြည့်လိုက်သည်။

" နောက်တစ်ယောက်.. မင်းအလှည့် "

ထို့နောက်တွင်မူ ကျန်နတ်ဆိုးဘုရင်များ အားလုံးကိုလည်း အစွမ်းများ ထည့်ပေးလိုက်ပါ၏။

" မင်းတို့အားလုံး လုပ်ရမှာက ခုနက မြေခွေးကို ပြောသွားတာနဲ့ အတူတူပဲ။ ခုချိန်ကစပြီးတော့ ဒီအစွမ်းကို သန့်စင်ဖို့ တစ်ခုတည်းကိုပဲ အာရုံစိုက်ကြပါ။ နောက်နှစ်လအတွင်းမှာ ရလဒ်ထွက်လာတာကို မြင်ချင်တယ်နော် "

လောထျန်း ဆိုသည်။

" ဒါ.... "

နတ်ဆိုးဘုရင်များ တစ်ယောက်ကိုတစ်ယောက် ကြောက်လန့်တကြား လှည့်ကြည့်လိုက်ကြသည်။

အမြီးခြောက်ချောင်းမြေခွေးက ဦးစွာ စကားစလာ၏။

" သခင်လေးလောထျန်း ၊ ဒီအစွမ်းက.. အစွမ်းထက်လွန်းတယ်ဗျ ။ ကျုပ်တို့ရဲ့ လက်ရှိအစွမ်းနဲ့ ဒီအစွမ်းအားလုံးကို သန့်စင်ပြီးဖို့ဆိုရင် နှစ်လမပြောနဲ့... နောင်နှစ်ပေါင်း နှစ်ရာအတွင်းတောင် မဖြစ်နိုင်ဘူး "

ကျန်နတ်ဆိုးဘုရင်များလည်း ခေါင်းကိုယ်စီ ညိတ်လိုက်ကြသည်။

လောထျန်းက အေးအေးဆေးဆေးပင် ပြန်ပြော၏။

" အဲ့ကိစ္စကို စိတ်မပူနဲ့ ။ ငါ့မှာ နည်းလမ်းတစ်ခုရှိတယ် "

သူ ထိုသို့ပြောပြီးသည်နှင့် ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ကာ လက်ဖြင့် အစီအမံတစ်ခု ပြုလုပ်လိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် ဆုမီတောင်ကြီး တစ်ခုလုံး မြေပြင်မှ ကြွတက်လာပြီး မြို့မြောက်ဘက်သို့ ဦးတည်ရွေ့လျားသွား၏။

ဝီ...

ထို့နောက်တွင်ကား... ဆုမီတောင်က လျှို့ဝှက်ဒေသထဲသို့ ရောက်လာတော့သည်။

" ဟင်.. ဒီနေရာက... "

နတ်ဆိုးဘုရင်များမှာ မြင်နေရသည့် မြင်ကွင်းကြောင့် အလွန်အံ့သြတုန်လှုပ်သွားကြသည်။

" ဒီနေရာက ငါဖွင့်ထားတဲ့ လျှို့ဝှက်ဒေသပဲ ။ မသေမျိုးလျှို့ဝှက်ဒေသလေးလို့ပဲ ခေါ်ပေါ့ "

လောထျန်း ပြောလိုက်သည်။

" မသေမျိုးလျှို့ဝှက်ဒေသလေး တဲ့လား.... "

" သခင်လေးကိုယ်တိုင် ဖွင့်ထားတဲ့ လျှို့ဝှက်ဒေသက.. အဲ့လောက်ကြီးတာလား "

နတ်ဆိုးဘုရင်များ အံ့သြတုန်လှုပ်သွားကြရပြန်၏။

ထိုစဥ်တွင် လောထျန်းက လက်ဖြင့် အစီအမံတစ်ခု ပြုလုပ်လိုက်ပြန်သည်။

ထို့နောက်တွင်ကား...

ဝုန်း..

အချိန်နှင့်နေရာဗိမ္မာန် ရုတ်တရက် ပေါ်လာ၏။

ပြီးနောက်တွင် လောထျန်းက ​မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော ဆယ်ခုကျော်လောက်ကိုလည်း လျှို့ဝှက်ဒေသထဲသို့ တစ်ပါတည်း ခေါ်ယူလိုက်သည်။

" နောက်ထပ် နာရီဝက်နေရင် ဒီအချိန်နဲ့နေရာဗိမ္မာန်ကိုဖွင့်မယ် ။ ဒီတစ်ကြိမ်က စိတ်စွမ်းအင်တွေ အများကြီးရှိနေတာ ဆိုတော့ အထဲမှာ တစ်နာရီလောက် ကျင့်ကြံတာက အပြင်မှာ နှစ်သုံးရာလောက် ကျင့်ကြံတာနဲ့ ညီမျှလိမ့်မယ် "

လောထျန်း ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

" နှစ်ပေါင်းသုံးရာ... ဒါဆို ကျုပ်တို့အတွက် ဒီအစွမ်းကို သန့်စင်ဖို့ လုံလောက်တာပေါ့ "

အရိုးဖြူပညာရှိက ပြန်ပြော၏။

လောထျန်း သူ့အား ခေါင်းညိတ်ပြလိုက်ပြီးနောက် ပျောင်ပိုင်မြို့မှ လူများဆီပါ သတင်းပို့လိုက်သည်။

ဤသို့ဖြင့် မကြာမီမှာပင် ပျောင်ပိုင်မြို့ထဲမှ သီးသန့်ရွေးချယ်ခံထားကြရသော ရာနှင့်ချီသည့် လူများ လျှို့ဝှက်ဒေသထဲသို့ ရောက်လာကြတော့၏။

" ကဲ ... အရင်တစ်ခါလိုပဲ အားလုံး အချိန်နဲ့နေရာဗိမ္မာန်ထဲဝင်ပြီး ကျင့်ကြံကြပါ။ ဒါပေမယ့်... ဒီတစ်ခါတော့ ကျုပ် အားလုံးကို ပေးစရာ အခွင့်ကောင်းနောက်တစ်ခု ရှိသေးတယ် "

လောထျန်းက ပြောပြောဆိုဆိုပင် လက်တစ်ဖက် ယမ်းလိုက်သည်။

ဝုန်းခနဲ အသံကျယ် တစ်သံနှင့်အတူ သူ့လက်ထဲတွင် ရွှယ်ဟွမ်အစွမ်းများ စီးဆင်းလာကြ၏။

" အားလုံး.. ရွှယ်ဟွမ်အစွမ်းကို ခွဲဝေပြီး လာယူကြပါ "

လောထျန်း ဆက်ပြောလိုက်သည်။

ကျုံ့ကျိုးဒေသမှ ပြန်လာပြီးနောက် ရွှယ်ဟွမ်အစွမ်းမှာလည်း ကောင်းမွန်လှသော အခွင့်ကောင်းကြီး တစ်ခုဖြစ်သည်ကို သူ သိခဲ့ရလေပြီ ။

ထိုအစွမ်းက လူများအား မသေမျိုးတစ်ယောက် ဖြစ်လာအောင်ပင် ကူညီနိုင်ကောင်း ကူညီနိုင်မည်ဖြစ်ရာ အားလုံး ရသင့်သည် မဟုတ်ပါလား။

အကယ်၍ ယခုဖြစ်ပျက်နေသည့် အကြောင်းအရာကိုသာ ဝူလျန်နန်းတော်နှင့် ထျမ်းယွမ်ကျောင်းတော်မှလူများ သိသွားပါက.. ဒေါသထွက်လွန်း၍ သွေးပင်အန်ကြမည်လား မပြောတတ်ပါချေ။

ရှန့်မူချင်းဆိုလျှင် ထျန်းယွမ်စမ်းသပ်ပွဲ၌ သက်စွန့်ဆံဖျား ဝင်ပြိုင်ပြီးမှသာ ရွှယ်ဟွမ်အစွမ်း အနည်းငယ်ကို ရခဲ့ပါ၏။

ယခု ပျောင်ပိုင်မြို့တွင်ကား... လူတိုင်း၏ လက်ထဲတွင် ရွှယ်ဟွမ်အစွမ်းများ ကိုယ်စီပိုင်ဆိုင်လျက်..

ကွာဟချက်က ကြီးမားလွန်းလှပေသည်။

" ရွှယ်... ရွှယ်ဟွမ်အစွမ်းတဲ့လား.. "

အခြားသူများမှာ ထိုအရာက မည်မျှအဖိုးတန်လှသည်ကို မသိကြသော်ငြား.. နတ်ဆိုးဘုရင် ကိုးယောက်ကမူ ထိုအကြောင်းကို ကောင်းကောင်းကြီး သိထားကြပါသည်။

ထို့ကြောင့်.. ရွှယ်ဟွမ်အစွမ်းကို မြင်ရချိန်၌ သူတို့မှာ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင် ဖြစ်သွားကြပါ၏။

" ကျုပ်... ကျုပ်တို့ရော ရမှာလားဟင် "

အမွေးစိမ်းခြင်္သေ့က တုန်တုန်ယင်ယင်အသံဖြင့် မေးလာသည်။

" ငါ ပြောထားသားပဲ.. အားလုံး ရမှာပါဆို ။ ဒီဟာတွေက အဲ့လောက်လဲ မရှားဘူး "

လောထျန်းက ဘာမှမထူးခြားဟန်ဖြင့် ပြန်ပြော၏။

" မရှားဘူးတဲ့လား... "

နတ်ဆိုးဘုရင် ကိုးယောက် ဆွံ့အသွားကြတော့သည်။

ဤအရာကိုမှ အံ့သြစရာဟု မခေါ်လျှင် မည်သည်ကို ခေါ်ရပါတော့မည်နည်း။

" အကိုထျန်း ၊ ဘာမှ စိတ်မပူပါနဲ့ဗျာ ။ ဒီတစ်ခေါက် ကျုပ် အနည်းဆုံး ကောင်းကင်ဘုံတံခါးဝအဆင့်ထိ ရောက်အောင် ကြိုးစားမယ် "

ထိုစဥ် လောရုံက လောထျန်းကိုကြည့်ရင်း အံကြိတ်၍ ပြောလာ၏။

ပြီးခဲ့သည့် ကျုံ့ကျိုးဒေသ ခရီးမှာ လောရုံအပေါ်တွင် ကြီးစွာသော အကျိုးသက်ရောက်မှုကြီး ဖြစ်ခဲ့ပါသည်။

သူ့လက်ရှိအစွမ်းဖြင့်ဆိုပါက လောထျန်းအား အကူအညီလုံးဝ မဖြစ်သေးကြောင်း သူ ကောင်းကောင်းကြီး သိခဲ့ရ၏။

ထို့ကြောင့်.. သူ မဖြစ်မနေ ပိုအစွမ်းထက်လာမှသာ ရပေလိမ့်မည်။

" ကောင်းပါပြီ ၊ ငါ စောင့်နေပါ့မယ် "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူ လက်နှစ်ဖက်ကို စုလိုက်၏။

ဝုန်း..

အချိန်နှင့်နေရာ ဗိမ္မာန်တံခါးကြီး ရုတ်တရက် ပွင့်လာသည်။

All Chapters