← Chapters

နှစ်တစ်သောင်း ဂျင်ဆင်းပင်

Vol. 38 Ch. 528

နှစ်တစ်သောင်း ဂျင်ဆင်းပင်

Vol. 38 Ch. 528

လောထျန်းမှာ သူ့လက်သီးချက် လွဲသွားသည်ကို ကြည့်ကာ အံ့အားသင့်သွားရသည်။

ယခုလို အခြေအနေမျိုးတွင် သူ့လက်သီးကို ရှောင်နိုင်သူ များများစားစား မရှိပါချေ။

ထိုအချိန်မှာပင် တဖက်လူကြီးက လောထျန်းအား မျက်နှာတည်ဖြင့် ကြည့်လာ၏။

" ကောင်လေး မင်းရဲ့လက်သီးက ဘာလို့အဲ့လောက် အစွမ်းထက်နေရလဲဆိုတာ ငါ နားမလည်ပေမယ့် .. ငါ့ရှေ့မှာတော့ အသုံးဝင်မှာမဟုတ်ဘူး။ အမြန်နှုန်းနဲ့ ပတ်သက်လာရင် ငါက ကမ္ဘာပေါ်မှ အကောင်းဆုံးပဲ "

သူ လောထျန်းအား အေးစက်စက်ပြောလိုက်သည်။

" အိုး..  အဲ့လိုလား..  "

လောထျန်းမျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်။

သူ လက်သီးထပ်ဆုပ်လိုက်ပြန်၏။

" အခြေအနေ မဟန်ဘူး "

၎င်းကိုမြင်သည်နှင့် တဖက်လူကြီး လန့်သွားကာ လျှပ်စီးမိုးကြိုးအဖြစ် အသွင်ပြောင်းပြီး အနောက်ဘက် မိုင်ထောင်ချီ အကွာအဝေးအထိ ချက်ချင်း ဆုတ်သွားလိုက်သည်။

" ဒီကောင်လေးရဲ့ ကျင့်ကြံခြင်းက ထူးဆန်းတယ် ။ သူ့ကို ငါတစ်ယောက်တည်း ကိုင်တွယ်ဖို့ မဖြစ်နိုင်လောက်ဘူး ။ ကမ္ဘာသခင်ကြီးဆီ အကူအညီတောင်းမှ ဖြစ်မယ်နဲ့တူတယ်။ အဲ့ဒါကောင်းတယ်..  အခုပဲ သွားလိုက်မယ်ကွာ "

သူ ထိုသို့တွေးကာ နောက်လှည့်ထွက်သွားရန် ပြင်လိုက်သည်။

သို့သော်...  သူ နောက်လှည့်လိုက်သည့်အချိန်မှာပင် လောထျန်းက သူသတိမထားမိဘဲ သူ့နောက်သို့ ရောက်နေသည်ကို တွေ့လိုက်ရ၏။

" ဟင်..  မင်းက ဘယ်လိုလုပ်ပြီး "

ဤတစ်ကြိမ်တွင် ထိုလူကြီး အမှန်တကယ် အံ့သြမှင်သက်သွားရတော့သည်။

သူ နောက်မလှည့်ခင် အချိန်လေးတွင်ပင် လောထျန်း၏ အရောင်အဝါက မိုင်ထောင်ချီအကွာအဝေး၌ ရှိနေဆဲ ဖြစ်ပါသည်။

သို့သော် ယခု သူလှည့်လိုက်ချိန်တွင်..  သူ့နောက်သို့ ရောက်နေသတဲ့လား...  ။

ထိုအမြန်နှုန်းမှာ သူ့ကိုယ်ပိုင်ထက် များစွာ ပိုကြောက်စရာကောင်းနေလေပြီ ။

၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း ။

ထိုအချိန်မှာပင် လောထျန်းက အေးစက်စက်ပြောလာ၏။

" စိတ်မကောင်းပါဘူးကွာ..  မင်းရဲ့ အမြန်နှုန်းက ဘယ်လောက်ပဲကောင်းကောင်း..  တည်နေရာရွှေ့ပြောင်းခြင်းထက်တော့ ပိုမမြန်နိုင်ဘူးလေ ။ သေလိုက်တော့...  "

ဘုန်း..

ဤတစ်ကြိမ်တွင်မူ လူနှစ်ယောက်မှာ ကပ်ကပ်လေး ဖြစ်နေသဖြင့် တဖက်လူ မည်သို့မှ မရှောင်နိုင်တော့ဘဲ လောထျန်း၏ လက်သီးချက်ကို ခံလိုက်ရတော့သည်။

အသံကျယ်ကြီး တစ်သံနှင့်အတူ လူကြီးမှာ လေထဲတွင်ရှိနေရာမှ မြေပြင်သို့ ပြင်းပြင်းထန်ထန် ကျသွား၏။

ထိုလူ အသက်ဆုံးသွားခဲ့လေပြီ..

လောထျန်းက မြေပြင်တွင် ပြန့်ကျဲနေသော သွေးများကို ကြည့်လိုက်ပြီးမှ ရှောက်ထျန်းလုံလေးဘက် လှည့်၍ ပြောလိုက်သည်။

" အခု မင်းကျင့်ကြံဖို့ လိုသေးတယ်ဆိုတာကို သိပြီမဟုတ်လား "

ရှောက်ထျန်းလုံလေးက မျက်နှာငယ်ဖြင့် ခေါင်းအသာညိတ်ပြသည်။

ထိုကောင်လေးမှာ မွေးဖွားလာသည့်အချိန်မှစ၍ အခြားသူများကိုသာ တောက်လျှောက် အနိုင်ကျင့်ခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်ကမှ သူ့အား ပြန်အနိုင်မယူနိုင်ခဲ့ပါချေ။

သို့ဖြစ်ရာ ယနေ့တိုက်ပွဲက သူ့အား သင်ခန်းစာတစ်ခု ပေးလိုက်သလိုပါပင် ။

" ဒီကမ္ဘာကြီးမှာ မင်းထက် ပိုအစွမ်းထက်တဲ့သူတွေ အများကြီး ရှိတယ်ကွ။ မင်း ပိုပြီးအစွမ်းထက်မလာရင် မင်းဘေးကလူတွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ အဲ့တော့ မင်း ပိုပြီးကြိုစားမှဖြစ်မယ် "

လောထျန်း ဆက်နားချလိုက်သည်။

ရှောက်ထျန်းလုံလေးကလည်း ခေါင်းဆက်ညိတ်ပြ၏။

ထိုအချိန်တွင် လောထျန်းရုတ်တရက် လန့်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။

" ဟာ..  မဖြစ်ဘူး "

ဝှစ်..

ထို့နောက်တွင်ကား သူ မြေကြီးပေါ်သို့ ချက်ချင်းဆင်းသက်၍ အစောကလူကြီး၏ အဖိုးတန်လှသော ဟင်းလင်းပြင်လက်စွပ်ကို ရှာဖွေလိုက်၏။

ထိုလူကြီးမှာ ကမ္ဘာပေါ်မှမသေမျိုးအဆင့် ကျင့်ကြံခြင်းရှိထားသူ ဖြစ်ပါသည်။

သို့ဖြစ်ရာ သူ့ထံတွင် သိဒ္ဓိဝင်ဆေးပင်များပင် ရှိနေမည်လား မပြောတတ်ချေ။

သို့သော်..  ကံဆိုးစွာပင် လောထျန်းက ဒေါသတကြီး ထိုးခဲ့သဖြင့် တဖက်လူ၏ ကိုယ်မှာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ရပါ၏။

သို့သော် ထိုသူ၏ ဟင်းလင်းပြင်လက်စွပ် ရှိနိုင်ပါဦးမည်လား.. 

" ဆိုးလိုက်တာကွာ....  "

တခဏအကြာတွင်မူ လောထျန်း မျက်မှောင်ကြုံ့သွားပြီး အစောက မြို့ထဲသို့ ပြန်သွားလိုက်တော့သည်။

" ဟိုနားမှာနဲ့တူတယ် "

လောထျန်းက ထိုလူကြီး၏ အိမ်သို့ တိုက်ရိုက်ပင် သွားလိုက်၏။

" ဟေ့..  မင်းဘယ်သူလဲ "

အိမ်တော်အစောင့်အကြပ်များက လောထျန်းကို တွေ့သည်နှင့် ထွက်လာပြီး အော်သည်။

လောထျန်းက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် သူတို့ထဲမှ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသူကို ရွေးလိုက်၏။ ထို့နောက် လက်ဖျောက်တစ်ချက်တီး၍ ထိုလူအား သူ့ရှေ့သို့ ဆွဲခေါ်လိုက်သည်။

" ခုခံဖို့ မကြိုးစားနဲ့နော် ။ မဟုတ်လို့ကတော့ မင်းရဲ့ အသိစိတ်ပင်လယ် ချက်ချင်းပြိုကွဲသွားလိမ့်မယ် "

လောထျန်း ပြောကာ ထိုသူ၏ အသိစိတ်ပင်လယ်ထဲသို့ သူ့စိတ်ဝိဉာဉ်အစွမ်း ပို့လွှတ်၍ ရှာဖွေလိုက်သည်။

" အား....  "

တဖက်လူမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မလှုပ်ရှားနိုင်တော့ချေ။

အားလုံးမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း တုန်လှုပ်သွားကုန်ကြ၏။

ထိုအစောင့်အကြပ်မှာ ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံခြင်း ရှိထားသူတစ်ယောက်ပင် ။

ထိုသို့သော လူတစ်ယောက်သည်ပင် လုံးဝ မခုခံနိုင်ဘူးတဲ့လား ။

၎င်းမှာ သူတို့ရှေ့မှလူ၏ ကျင့်ကြံခြင်းက အနည်းဆုံး..  ကမ္ဘာပေါ်မှ မသေမျိုးအဆင့် ရှိသည်ဆိုသည့်သဘောပင် ။

" အား. ... "

ထိုအချိန်တွင် လောထျန်းလက်ထဲမှလူမှာ ရုန်းကန်ရန် ကြိုးစားနေဆဲဖြစ်သည်။

နောက်ဆုံးတွင်မူ..

လောထျန်း၏ စိတ်ဝိဉာဉ်အစွမ်း နှောင့်ယှက်ခံလိုက်ရကာ တဖက်လူ၏ အသိစိတ်ပင်လယ် လုံးဝ ပြိုကွဲသွားတော့သည်။

ဘုတ်..

ထိုလူ ခန္ဓာကိုယ်တွန့်လိမ်ပြီး မြေပြင်သို့ လဲကျသွား၏။

သူ့ခန္ဓာကိုယ်က အကောင်းတိုင်း ကျန်နေသေးသည့်တိုင် သူ့စိတ်ဝိဉာဉ်က ပြိုကွဲသွားခဲ့လေပြီ ။

" မင်းကို မခုခံနဲ့လို့ ပြောသားပဲ...  မင်းက အတင်းခုခံနေတာကိုးကွ "

လောထျန်း ထိုလူကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။

အကယ်၍ တဖက်လူသာ မခုခံခဲ့ပါက ယခုကဲ့သို့ ဖြစ်သွားစရာ အကြောင်းမရှိချေ။

သို့သော် ယခုတွင်ကား..  သူ တဖက်လူ၏ အသိစိတ်ပင်လယ်ကိုပင် ကောင်းကောင်းမရှာခဲ့ရပါ။

သို့သော် သူ အသုံးဝင်မည့် သတင်းများစွာကိုမူ ရခဲ့ပါ၏။

ဥပမာဆိုလျှင်..  ယခု သူရောက်နေသည့်ကမ္ဘာအား ယဲ့လန်ကမ္ဘာဟု ခေါ်ဆိုပြီး..

သူ သတ်ခဲ့သည့် လူကြီး၏ အမည်မှာ လန်ရှ ဖြစ်ကာ..  ယဲ့လန်ကမ္ဘာသခင်ကြီး၏ လက်အောက်ရှိ ဗိုလ်ချုပ်ကြီး ဆယ့်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပါသည်။

သို့သော်..  လန်ရှလက်ထဲတွင် သိဒ္ဓိဝင်ဆေးများကိုမူ မပိုင်ဆိုင်ထားပါ။

သို့တိုင်...  သိဒ္ဓိဝင်ဆေးနှင့် ပတ်သက်သော အရေးကြီးသည့် သတင်းတစ်ခုကို သူ တွေ့ခဲ့ရပါသည်။

" ယောင်ဝမ်တောင်ရဲ့ သိဒ္ဓိဝင်ဆေး....  နှစ်တစ်သောင်း ဂျင်ဆင်း..  "

လောထျန်း ရေရွတ်လိုက်သည်။

အခြားအချက်များကိုမူ တဖက်လူ၏ အသိစိတ်ပင်လယ် မပေါက်ကွဲခင် အချိန်အနည်းငယ်သာ ရခဲ့သဖြင့် သူ ဘာမှ သိပ်မသိခဲ့ရပါ။

သို့သော် သူ ယခုသိထားသည့် အချက်များနှင့်ပင် လုံလောက်နေလေပြီ ။

" သွားကြစို့ "

လောထျန်း ထိုသို့ပြောကာ ရှောက်ထျန်းလုံလေးနှင့်အတူ နေရာမှ ပျောက်ကွယ်သွား၏။

လောထျန်းတို့ ထွက်သွားပြီး နောက်မှသာလည်း လန်မိသားစုအိမ်တော်မှ လူများ အသိပြန်ဝင်လာကြသည်။

" ခုနက သခင်ကြီးနဲ့  တိုက်ခိုက်ခဲ့တာ အဲ့လူပဲ မဟုတ်လား "

" ဟုတ်တယ်ကွ ။ သူကျ ပြန်လာပြီးတော့...  သခင်ကြီး ပြန်ရောက်မလာဘူးဆိုတော့...  မဟုတ်မှလွဲရော "

" သခင်ကြီး...  သခင်ကြီးရဲ့ အသက်ကျောက်စိမ်းပြား ကျိုးသွားပြီ.. "

" ဘယ်လို...  ဒီကောင်က သခင်ကြီးကို သတ်ခဲ့တာလား "

" အခု ဘာဆက်လုပ်ကြမလဲ ...   "

" ငါတို့က ဘာများလုပ်လို့ရမှာလဲကွာ။ ကမ္ဘာသခင်ကြီးဆီကိုပဲ သတင်းပို့ကြတာပေါ့ ။ ဒီကိစ္စကို ကမ္ဘာသခင်ကြီး ရှင်းပါလိမ့်မယ် "

ထိုသို့ ပြောကြပြီးနောက် သူတို့လူစု ချက်ချင်း နောက်လှည့်ထွက်သွားကြသည်။

အခြားတဖက်တွင်ကား...  အကြိမ်ပေါင်းထောင်ချီ တည်နေရာရွှေ့ပြောင်းပြီးနောက်...  ဒဏ္ဍာရီကျော် ယောင်ဝမ်တောင်တန်းသို့ လောထျန်း ရောက်သွားသည်။

သူ ထိုသို့ ကြိမ်ဖန်များစွာ တည်နေရာရွှေ့ပြောင်းလိုက်ရခြင်းမှာ ခရီးက ဝေးကွာလွန်းသောကြောင့် မဟုတ်ပါချေ။

လောထျန်းတစ်ယောက် လမ်းမှား သွားလိုက်မိသဖြင့် လမ်းမှန်ပြန်ရောက်အောင် ကြိမ်ဖန်များစွာ ကြိုးစားလိုက်ရသောကြောင့် ဖြစ်ပါ၏။

" ဒီနေရာပဲနဲ့ တူတယ် "

လောထျန်း စိတ်ထဲမှ သက်ပြင်းခိုးချလိုက်သည်။

" အဲ့ဂျင်ဆင်းဆိုတာ ဘယ်လိုလဲ မသိပါဘူးကွာ။ တစ်ယောက်ယောက်ကို မေးမှပဲ "

လောထျန်းတွေးကာ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည်။ သို့သော် သူ့မျက်စိတဆုံး မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေပါ။

လောထျန်း ခေတ္တမျှ တုန့်ဆိုင်းနေပြီးနောက်.. စိတ်ဝိဥာဥ်အစွမ်းကို ရုတ်ချည်းထုတ်လွှတ်လိုက်သည်။

" ဟင်... "

ထိုစဥ်မှာပင် သူနှင့် မြောက်ဘက် မိုင်သုံး၊လေးဆယ် အကွာ၌ အရောင်အဝါများ များစွာရှိနေကြသည်ကို တွေ့လိုက်ရပါ၏။

" နောက်ဆုံးတော့ လူတွေ့ပြီ "

လောထျန်း ပြုံးကာ နေရာမှ တမဟုတ်ချင်း ပျောက်ကွယ်သွားသည်။

မြောက်ဘက် ချောက်ကြီးတစ်ခု၌..

" သခင်ကြီးတို့ ... ကျုပ်တို့ မြေးအဖိုးနှစ်ယောက်ကို လွတ်ပေးပါဗျာ ။ ကျုပ် တောင်းပန်ပါတယ် "

ဟောင်းနွမ်းသည့် အဝတ်စားများ ဝတ်ဆင်ထားကာ ဆေးပင်များပါသော ခြင်းတစ်လုံးကို ကျောတွင်သယ်လာသည့် အဘိုးအိုတစ်ယောက်က မြေကြီးပေါ်တွင် ဒူးထောက်အရိုအသေပြုရင်း တောင်းပန်နေရှာ၏။

သူ့ရှေ့တွင်အား ခပ်တောင့်တောင့် လူထွားကြီးများစွာ ရပ်နေကာ အသက် ၁၂ ၊ ၁၃ နှစ်ခန့်သာ ရှိသေးမည့် မိန်းမငယ်လေးတစ်ဦးကို ဆွဲလားရမ်းလားဖြင့် ရယ်မောစနောက်နေကြသည်။

" အဘိုးကြီး ၊ ကျုပ်တို့ဆီကို လတိုင်း အဆင့်ခြောက်နဲ့အထက် စိတ်စွမ်းအင်ဆေးပင်တစ်ရာ ပို့ပေးမယ်လို့ ခင်ဗျားကြီး ကတိပေးထားတာလေ။ ဒါပေမယ့် ဒီလအတွက် ခင်ဗျားကျုပ်တို့ကို ဆေးပင် သုံးဆယ်ပဲ ပေးရသေးတယ်။ ခင်ဗျားကြီးက ပုန်ကန်ဖို့ ကြိုးစားနေတာလား "

ထိုလူအုပ်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက လှောင်ပြုံးဖြင့်ပြောပြီး အဘိုးအို၏ လက်ပေါ်သို့ တက်နင်းလိုက်သည်။

အဘိုးအိုမှာ သူ့လက်မှ ဆိုးရွားလှသော နာကျင်မှုကို အံကြိတ်ခံရင်း ပြော၏။

" ဒါ တကယ်ကို ကျုပ်အမှား မဟုတ်ပါဘူးဗျာ။ ယောင်ဝမ်တောင်မှာ ဘာတွေဖြစ်သွားလဲ ကျုပ်တကယ်ကို မသိတာပါ။ အရင်ရှိထားတဲ့ ဆေးပင်တွေက ထူးထူးဆန်းဆန်း ပျောက်ကုန်ကြတာဗျ။ ကျုပ်လဲ အကောင်းဆုံးကြိုးစားပြီးတော့ ရှာခဲ့တာပါပဲ "

တဖက်လူ မျက်မှောင်ကြုံ့သွားကာ ပြောသည်။

" ခင်ဗျားကြီးပြောတဲ့ အကြောင်းပြချက်တွေကို စိတ်မဝင်စားဘူး။ အခု ကျုပ်တို့မှာ လုံလောက်တဲ့ စိတ်စွမ်းအင်ဆေးပင်တွေ ရှိမနေတာက ပြဿနာ။ အရင်တည်းကလဲ ခင်ဗျားနဲ့သဘောတူထားတာ ရှိပြီးသားကိုမှ ခင်ဗျားဘက်ကစပြီး ဒီသဘောတူချက်ကို ချိုးဖောက်လာတာဆိုတော့.. ကျုပ်တို့ဘက်ကလဲ ခင်ဗျားရဲ့မြေးမကို အကြွေးအဖြစ် သိမ်းရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့.. ကျုပ်တို့က မျှမျှတတတွေးတတ်တဲ့ သူတွေပါ။ ခင်ဗျားကြီးက ကျုပ်တို့ကို စိတ်စွမ်းအင်ဆေးပင် ၇၀ ပေးစရာရှိတာဆိုတော့... ကျုပ်တို့ ခင်ဗျားရဲ့မြေးမကို ခေါ်သွားပြီး ရက်ပေါင်း ၇၀ သူနဲ့ ကစားမယ်လေ ။ ပြီးသွားရင် ပြန်လွတ်ပေးပါ့မယ် "

ထိုစကားကို ကြားသောအခါ အဘိုးအို ရုတ်တရက်ခေါင်းမော့လာပြီး အော်လိုက်သည်။

" မဖြစ်ဘူး... မလုပ်ပါနဲ့ ။ သခင်ကြီးတို့ .. ကျုပ် အနူးညွှတ်တောင်းပန်ပါတယ်ဗျာ ။ ကျေးဇူးပြုပြီး ကျုပ်မြေးမလေးကို သွားခွင့်ပေးပါ။ သူက အခုမှ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ နောက်လကျရင် စိတ်စွမ်းအင်ဆေးပင်တွေ ပိုလျှံအောင် ပေးပါ့မယ်လို့ ကျုပ် ကတိပေးပါတယ် "

သို့သော် တဖက်လူက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" နောက်လ.. ဟုတ်လား... နောက်ကျလွန်းသွားပြီ ။ ကလေးမကို ခေါ်သွားကြတော့ဟေ့ "

" ဟုတ်ကဲ့ပါ.. "

ကျန်လူများက ရယ်မောရင်း မိန်းမငယ်အား ဆွဲခေါ်သွားလိုက်ကြသည်။

သို့သော်... သူတို့ နောက်လှည့်လိုက်သည့် အချိန်မှာပင် သူတို့နောက်ရောက်နေသည့် လောထျန်းကို မြင်လိုက်ရ၏။

All Chapters