← Chapters

အခန်း ၁၉-၂၁

Vol. 2 Ch. 19-21

အခန်း ၁၉-၂၁

Vol. 2 Ch. 19-21

အပိုင်း(၁၉)- တစ်ဆက်တည်းမှာအဆင့်မြင့်တက်ပြီး ခန္ဓာကိုယ်အားဖြည့်ဆေးကိုဖော်စပ်ပြီးခဲ့ပြီ…

ဆေးလုံးကိုအောင်မြင်စွာဖော်စပ်ပြီးနောက် ချူးယွင်ဖန်းသည် အခြေခံအဆင့်ပညာသင်စစ်ဆေးမှုကိုအောင်မြင်ခဲ့သည်။ သို့သော်လည်း သူက စိတ်ထဲကျေနပ်မှုမရှိသေးဘဲ စစ်ဆေးမှုများကိုထပ်လုပ်ရန် စီစဉ်ခဲ့သည်။ ဆေးပညာအစည်းအရုံး၏ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး ပုံရိပ်ယောင်ကွန်ယက်တွင်လက်ခံရရှိနိုင်သောအမြင့်ဆုံးအဆင့်မှာ ကျွမ်းကျင်သူအဆင့်ပညာသင်အသိအမှတ်ပြုလက်မှတ်ဖြစ်သည်။

လိုင်စင်ရတရားဝင်ဆေးပညာရှင်ဖြစ်လိုပါက ဆေးပညာရှင်အစည်းအရုံးမှာ စာမေးပွဲထပ်မံဖြေဆိုရမည်။ ပညာသင်အဆင့်မှာပဲရှိနေသေးပါက မည်သည့်အကျိုးခံစားခွင့်မှမရသေးပေ။ ဆိုလိုသည်မှာ တရားဝင်ဆေးပညာရှင်ဖြစ်လာမှသာ ကွန်ယက်မှာဖော်စပ်ခဲ့သောဆေးများကိုရောင်းချနိုင်မည်။ထိုမှသာ သူတို့၏ကုန်ကျစရိတ်များကိုပြန်လည်ကာမိမည်။ ဆေးပညာရှင်အဆင့်မြင့်လေလေ ကုန်ကျစရိတ်များလေလေဖြစ်သည်။

ဆေးပညာအလုပ်သင်အဆင့်ကိုအောင်မြင်သည်နှင့် တရားဝင်ဆေးပညာရှင်ဖြစ်လာပြီး အဖွဲ့အစည်းများအားလုံးအတွက် ဂုဏ်သရေရှိဧည့်သည်ဖြစ်လာကြသည်။ တည်ငြိမ်သမုဒ္ဓရာမြို့တော်မှာရှိသော လူဆယ်သန်းအနက် လူနည်းစုမှာသာ တရားဝင်ဆေးပညာရှင်ဖြစ်လာရန် သတ်မှတ်ထားသောအရည်အချင်းများနှင့်ကိုက်ညီသည်။ ဆေးပညာလမ်းကြောင်းမှာရှိနေဖို့သည် ချူးယွင်ဖန်း၏ အကြံအစည်ဖြစ်သည်။

အရည်အချင်းစစ်ဆေးမှုအောင်မြင်ရန် သာမန်လူများကအကြိမ်ပေါင်းများစွာလေ့ကျင့်ရန်လိုအပ်သော်လည်း သူ့အတွက်တော့မလိုအပ်နေပေ။ ထိုသို့အခြေအနေမှာ သူသည် စစ်ဆေးမှုများကိုတစ်ကြိမ်တည်းမှာ တစ်ပြိုင်နက် ပြုလုပ်လိုသည်။ ထို့ကြောင့်သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ အလယ်အလတ်အဆင့်ပညာသင်စစ်ဆေးမှုကို ဖြေဆိုရန် ဆေးပညာအကူကို နှိပ်ခဲ့သည်။

အခြေခံအဆင့်ပြီးနောက် အလယ်အလတ်အဆင့်မှာတော့ သူသည် ဆေးတစ်ကြိမ်ဖော်စပ်မှုတစ်ကြိမ်မက လိုအပ်လာသည်။ အလွန်အခြေခံကျသောဆေးလုံးဖြစ်သည့်အလျောက် အလွန်တရာလွယ်ကူသည်။ ဆေးပညာရှင်ဧကရာဇ်၏မှတ်ဥာဏ်များရရှိထားသော ချူးယွင်ဖန်းအဖို့ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူသည်။

“မင်းက ။ ဆေးပညာရှင် အစည်းအရုံးရဲ့ အလယ်အလတ်အဆင့် ဆေးပညာသင်အသိအမှတ်ပြုလက်မှတ်ကို မင်းလက်ခံရရှိပါပြီ။ မင်းရဲ့ဒေသမှာရှိတဲ့ ဆေးပညာအစည်းအရုံးကိုသွားရောက်ပြီး လိုင်စင်ထုတ်ယူနိုင်ပါပြီ”

အလယ်အလတ်အဆင့်အသိအမှတ်ပြုလက်မှတ်ကိုရပြီးသည်နှင့် ချူးယွင်ဖန်းသည် အဆင့်မြင့်ပညာသင် စစ်ဆေးမှုကိုဖြေဆိုရန် ပြင်ဆင်သည်။ အလယ်အလတ်အဆင့်ကဲ့သို့ပင် ကျွမ်းကျင်သူအဆင့်သည်လည်း တစ်ကြိမ်ထက်ပိုသောဆေးဖော်စပ်မှုကိုလိုအပ်သည်။ အခြေခံဆေးဖော်စပ်မှုတစ်ကြိမ်မကလိုအပ်သော်လည်း သူက အဆက်မပြတ်ဖော်စပ်နိုင်သည်။ သို့သော် ဆေးပညာနှင့် မကြာသေးခင်ကမှ ရင်းနှီးကျွမ်းဝင်သူများအဖို့တော့ ခက်ခဲလောက်မည်။

ချူးယွင်ဖန်းအတွက်တော့ ရှုပ်ထွေးခက်ခဲသည့်အရာဟူပြီး မရှိပေ။ သူသည် ဆေးမြစ်၊ မီးနှင့်ရေထည့်သည့် အဆင့်များကို တစ်ဆင့်ချင်းလုပ်ဆောင်ပြီးနောက် လွယ်လွယ်ကူကူပဲ ပြီးမြောက်ခဲ့သည်။

“မင်းက ဆေးပညာရှင်အစည်းအရုံးရဲ့ ကျွမ်းကျင်သူအဆင့် ဆေးပညာသင်အသိအမှတ်ပြုလက်မှတ်ကို မင်းလက်ခံရရှိပါပြီ။ မင်းရဲ့ဒေသမှာရှိတဲ့ ဆေးပညာအစည်းအရုံးကိုသွားရောက်ပြီး လိုင်စင်ထုတ်ယူနိုင်ပါပြီ”

အလယ်အလတ်အဆင့်နှင့် ကျွမ်းကျင်အဆင့်အသိအမှတ်ပြုလက်မှတ်များကိုတစ်ပြိုင်တည်းရရှိပြီးနောက် ချူးယွင်ဖန်းသည် ပုံရိပ်ယောင်ကွန်ရက်မှ ထွက်လိုက်သည်။ သူအချိန်ကိုကြည့်သောအခါ မနက် ငါးနာရီထိုးပြီ ဖြစ်သည်။ နှစ်နာရီကြာပြီးနောက် သူ၏မိဘများနိုးလာခဲ့သည်။ သို့သော်သူက မအိပ်ရသေးပေ။ အိပ်မည့်အစား သူသည်စတင်ပြီး တရားထိုင်သည်။သူ၏ ခန္ဓာကိုယ်ကို ဆန်းကြယ်သောတန်ခိုးက အဆင့်မြှင့်တင်ပေးပြီးနောက် တစ်နာရီကြာတရားထိုင်ပြီးလျှင် တစ်နေကုန်လန်းဆန်းတက်ကြွနေပေတော့မည်။

သူသည် ခဏကြာ အနားပေးထားသည့် ကွန်ယက်ကိုဆက်လက်အသုံးပြုသည်။ သာမန်လူများသည် ရှစ်နာရီကြာအိပ်ပြီး နောက်တစ်နေ့မှာသူတို့အစွမ်းများကို ထိန်းထားနိုင်သည်။ သို့သော်လည်း အကြာကြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါက လူ့ခန္ဓာကအနည်းဆုံးလိုအပ်သောအိပ်စက်မှုရရုံဖြင့် အားအင်ပြန်လည်ဖြည့်တင်း နိုင်သည်။ထိုအချိန်တွင် တရားထိုင်ချိန်မှာ ရွေ့လျားမှုအနေအထားမှာ ရှိခြင်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းနှင့် ညီမျှသည်။

သူသည် ထိုအခွင့်အရေးကိုအသုံးချကာ စစ်နတ်ဘုရားသိုင်းကို ကျင့်ကြံမည်။ ထိုသိုင်းသည် အလွန်ထူးခြားသောအရာဆိုတာ အံ့အားသင့်ဖွယ်မရှိပေ။ ထိုသိုင်းကိုကျင့်ကြံခြင်းဖြင့် ရရှိလာမည့်အစွမ်းသည် ယခင်ကထက်အနည်းငယ်သာလွန်သည်ဆိုတာ သူနားလည်သဘောပေါက်သည်။ သူလိုအပ်သောအချိန်ကိုထက်ဝက်ခန့်လျှော့ပေးနိုင်သည်။ ထို့ကြောင့်ပင် တစ်နာရီကြာ တရားထိုင်ပြီးနောက် ကျင့်ကြံခြင်းပြီးမြောက်ခဲ့သည်။

သူအလွန်အမင်းဗိုက်ဆာလာသည်။ ခေတ်သစ်ကျင့်ကြံခြင်းသီအိုရီအရ အတွင်းအားကျင့်ကြံခြင်းမှရရှိသော စစ်မှန်စွမ်းအားသည် သဘာဝစွမ်းအားဖြစ်သည်။ တခြားနည်းနှင့်ပြောရမည်ဆိုလျှင် ကျင့်ကြံခြင်းမှထွက်လာသောစစ်မှန်စွမ်းအားသည် ကုန်ဆုံးသွားသော စွမ်းအားပမာဏဖြစ်သည်။ ထို့ကြောင့် သာမန်လူများအဖို့ အချိန်အကြာကြီးမကျင့်ကြံနိုင်ခြင်းမှာ သူတို့ဆာလောင်မွတ်သိပ်မှုဒဏ် ကိုခံစားရသောကြောင့်ဖြစ်သည်။

ထို့အပြင်စစ်နတ်ဘုရားသိုင်းကို ကျင့်ကြံခြင်းစွမ်းဆောင်နိုင်စွမ်းသည် သာမန်သိုင်းများထက် အဆပေါင်းများစွာမြင့်မားသည်။ ဆိုလိုသည်မှာ တစ်ကြိမ်တည်းမှာ နာရီပေါင်းများစွာကျင့်ကြံခြင်းနှင့်ညီမျှသည်။ သူသည် စွမ်းအင်ပြန်လည်ဖြည့်တင်းပေးနိုင်သော ဆေးကိုဝယ်သင့်မဝယ်သင့်ဆိုတာ ချူးယွင်ဖန် းချိန်ဆနေမိသည်။ ထိုဆေးများသည် အနံ့နှင့်အရသာကင်းမဲ့သည်။ များပြားလှစွာသောအစားအစာများကိုအကြိမ်များစွာ ပေါင်းခံခြင်းဖြင့်ဖန်တီးထားသည်။

ခေတ်မီနည်းပညာနှင့်ဆို မည်သည့်အရာမဆိုဖြစ်နိုင်သည်။ ခွန်လွန်းခေတ်စတင်သောအခါ ကျင့်ကြံသူများသည်အစားကြူးသူများဖြစ်ကြသည်။ ဒီကနေ့မှာတော့ သူတို့သည် အားဖြည့်ဆေးများပေါ်သာ လုံးဝမှီခိုကြသည်။ ဆေးတစ်ချောင်းသောက်ရုံနှင့် တစ်နေကုန်လုံး စွမ်းအင်းကိုထိန်းသိမ်းထားနိုင်သည်။ ထို့ကြောင့်ပင် အားဖြည့်ဆေးများသည်စျေးအလွန်မြင့်မားသည်။ ဆေးတစ်ချောင်းကို တစ်ထောင်လောက်ရှိသည်။ သိုင်းပညာကျင့်ကြံနေသော သိုင်းသမားတစ်ဦးသည် တစ်နေ့မှာ ဆေးချောင်းအနည်းငယ်လိုအပ်သည်။

စုစုပေါင်းကုန်ကျငွေပမာဏသည် အလွန်ကြောက်စရာကောင်းသည်။ နည်းပညာမြင့်မားလာမှုကြောင့် ခေတ်သစ်လူ့အဖွဲ့အစည်းသည် ရှေးဟောင်းလူသားများခေတ်ကကြုံတွေ့ခဲ့ရသော ပြသနာများကိုဖြေရှင်းနိုင်မည့်နည်းလမ်း များကိုရှာတွေ့ခဲ့ကြသည်။ သာမန်လူတန်းစားများတောင်မှ ပိုက်ဆံရှိပါက လက်လှမ်းမီနိုင်သည်။ သူက ယခင်အခြေအနေတုန်းက မတတ်နိုင်ပေ။ ယခုတော့ လုယုရှု၏ နည်းပြဖြစ်လာတာမို့ တစ်နေ့၆၀၀၀ရှာနိုင်ပြီး ဝယ်ယူနိုင်တော့မည်။

ထိုအားဖြည့်ဆေးနှင့်ဆို သူ၏ကျင့်ကြံခြင်းအမြန်နှုန်းသည် ကြောက်ခမန်းလိလိတိုးတက်လာမည်။ မနက်စာစားပြီး မိသားစုကိုနှုတ်ဆက်ပြီးနောက် မနက်စောစောမှာ ချူးယွင်ဖန်အိမ်မှထွက်လာသည်။ သူသည် ဆေးပညာရှင်အစည်းအရုံးကိုရောက်နိုင်မည့်ဘတ်စ်ကားကိုစီးသည်။ သူ့မိသားစုက ချို့တဲ့သောကြောင့် မြို့အစွန်မှာနေကြသည်။ သို့သော် ဆေးပညာရှင်အစည်းအရုံးသည် မြို့လယ်ခေါင်မှာဖြစ်သည်။

တစ်နာရီကြာဘတ်စ်ကားစီးပြီးနောက် မြို့လယ်ခေါင်တည့်တည့် လူစည်ကားရာနေရာကို ချူးယွင်ဖန်းရောက်လာသည်။ ခွန်လွန်းခေတ်မှာ လူဦးရေ ဆယ်သန်းရှိသောမြို့သည် ဘာမှမဟုတ်သော်လည်း သာမန်ခေတ်မှာတော့ နိုင်ငံတကာ မြို့ကြီးတစ်ခုသဖွယ်မှတ်ယူကြသည်။ မနက်ခင်းပဲရှိနေသေးတာတောင်မှ လူစည်ကားနေသည်။ မြို့ပေါ်ရှိ သာမန်ရုံးဝန်ထမ်းများသည် ထိုနေရာကိုအလုပ်လာလုပ်ကြသည်။

လူသိများသော အဖွဲ့အစည်းကြီးများနှင့် ကုမ္ပဏီများသည် မြို့လည်ခေါင်မှာတည်ရှိနေသည်။ မကြာခင်မှာ တည်နေရာလမ်းညွှန်၏ အကူအညီဖြင့် ဆေးပညာရှင်အစည်းအရုံးကိုတွေ့ရှိခဲ့သည်။ ထိုအချိန်မှာ အစည်းအရုံးတွင် လူတန်းရှည်ကြီးတစ်ခုရှိနေသည်။ လူအများစုသည် အကူအညီတောင်းခံဖို့လာကြပြီး တချို့ကတော့ ဆေးဝယ်ယူရန်ခရီးနှင်လာခဲ့ကြသည်။ အစည်းအရုံးမှာရောင်းချသောဆေးများသည် စျေးပိုပြီးသင့်သည်။ ဘယ်နေရာမှာမှ ဝယ်လို့မရသော အဆင့်မြင့်ဆေးများလည်းရှိသည်။ သိပ်မကြာခင်မှာ အစည်းအရုံးဝန်ထမ်းတစ်ဦးသည် ချူးယွင်ဖန်းကိုတွေ့သွားပြီး “ ဘာများကူညီပေးရမလဲ” ဟုမေးသည်။

“ကျွန်တော်က ဆေးဖော်စပ်ချင်တယ်။ ဆေးပညာစမ်းသပ်ခန်းကို ငှါးနိုင်ဖို့ ဘယ်နေရာမှာစာရင်းသွင်းရမလဲဆိုတာ သိချင်ပါတယ်” ချူးယွင်ဖန်းက တိုက်ရိုက်မေးသည်။ သူသည် ထိုနေရာကို တစ်ခါမှ မရောက်ဖူးသဖြင့် ဘယ်လိုကိစ္စရပ်များလုပ်ရမည်ဆိုတာ သူမသိပေ။

“မင်းမှာ အခြေခံပညာသင်အဆင့်နှင့်အထက် အသိအမှတ်ပြုလက်မှတ်ရမှသာ ဆေးပညာရှင်အစည်းအရုံးမှာ စမ်းသပ်ခန်းငှါးနိုင်ပါတယ်” ဝန်ထမ်းသည် ချူးယွင်ဖန်ကိုတစ်ချက်ကြည့်ပြီး ထိုကဲ့သို့ပြောသည်။ ချူးယွင်ဖန်က ငယ်ရွယ်သဖြင့် သူက သံသယဖြစ်နေမိသည်။

“ဟုတ်ကဲ့ပါ။ ကျွန်တော့်မှာ အသိအမှတ်ပြုလက်မှတ်တွေရှိပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်ကနေပဲ စမ်းသပ်စစ်ဆေးမှုခံယူခဲ့တာပါ။ လိုင်စင်လာမထုတ်ခင်ထိ ဒီကိုတစ်ခါမှ မရောက်ဖူးပါဘူး”

သူ့အပေါ်သံသယဖြစ်နေသည်ကို ချူးယွင်ဖန်းသိသည်။

“ပြသနာမရှိပါဘူး။ မင်းမှာ အွန်လိုင်းပေါ်ကနေ လက်မှတ်ရထားလျှင်လည်း ငါတို့ရဲ့ သတင်းအချက်အလက်စုဆောင်းခန်းမှာ မှတ်တမ်းတင်ထားပါတယ်..မင်းရဲ့လူဝင်မှုစစ်ဆေးရေးအထောက်အထားနဲ့ချိတ်ဆက်ထားတယ်ဆို ငါကြည့်ပေးနိုင်ပါတယ်”

“ကောင်းပါပြီ..ကျွန်တော့်ကိုလမ်းညွှန်ပြပါ။ ပြီးတော့..လိုအပ်တဲ့ဆေးမြစ်တွေလည်း မှာချင်သေးတယ်”

အစည်းအရုံးဝန်ထမ်းက “ကောင်းပါပြီ။ ကွန်ယက်ပေါ်မှာပဲ ဆေးမြစ်တွေကို ကြိုတင်ရယူထားနိုင်ပါတယ်။ ဆေးပညာစမ်းသပ်ခန်းကို ကြိုတင်ယူထားပြီးတာနဲ့ မင်းဆီကိုတစ်ယောက်ယောက်လာပို့ပေးပါလိမ့်မယ်” ဟု စကားပြန်သည်။ ဝန်ထမ်းသည် တက်ဘလက်ကိုယူလာသည်။ စျေးနှုန်းများနှင့်အတူစာရင်းပြုစုထားသော ဆေးမြစ်၊ သစ်ဥ၊ သစ်ဖုများရှိသည်။

ချူးယွင်ဖန်းသည် လမ်းလျှောက်နေရင်းနှင့် ဆေးမြစ်များကိုမှာယူခဲ့သည်။ ကွန်ယက်ပေါ်တွင်သူမြင်သောစျေးနှုန်းများနှင့် အကြမ်းဖျဉ်း တူညီသည်။ ဆေးပညာရှင်အစည်းအရုံးမှ မှာယူတာမို့ အရည်အသွေးသည်စိတ်ချရသည်။ ဝန်ထမ်းသည် တက်ဘလက်ကို ထုတ်ပြီးကြည့်သည်။ သူသည် ဆေးပညာရှင်အစည်းအရုံးဝန်ထမ်းမို့ ဆေးပညာရှင်မှာယူသော ပစ္စည်းများမှ မည်သည့်ဆေးကို ဖော်စပ်နိုင်ကြောင်း သူနားလည်သည်။

အနည်းငယ်ကွဲလွဲမှုရှိသော်ငြား ချူးယွင်ဖန်းသည် ခန္ဓာကိုယ်အားဖြည့်ဆေးဖော်စပ်မည်ဆိုတာ သူပြောနိုင်သည်။သူကအံ့အားသင့်မိသည်။ အလယ်အလတ်အဆင့် အလုပ်သင်ဆေးပညာရှင်များနှင့်အထက်သာ ထိုဆေးကိုဖော်စပ်နိုင်သည်။ သူ့ရှေ့မှာရောက်နေသောကောင်လေးသည်ငယ်ရွယ်ပြီး အလယ်အလတ်အဆင့် အလုပ်သင်ဆေးပညာရှင်လည်းမဟုတ်ပေ။ သို့သော်လည်း ဆေးပညာရှင်အစည်းအရုံးမှာနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သူမို့ ဘာကိုမေးပြီး ဘာကိုမမေးရဘူးလဲဆိုတာ သူနားလည်သည်။

သူသည် ချက်ချင်းပြန်လှည့်ပြီး ချူးယွင်ဖန်းအတွက် ပစ္စည်းများကိုစီစဉ်ပေးသည်။ မကြာခင်မှာ စမ်းသပ်ခန်းကပြင်ဆင်ပြီးပြီမို့ ချူးယွင်ဖန်းမှာထားသော ဆေးမြစ်များကိုလည်းပို့ဆောင်ပေးခဲ့သည်။ တကယ်တော့ ဆေးပညာရှင်အစည်းအရုံးသည်ထိုကိစ္စရပ်များမှာကျွမ်းကျင်ပိုင်နိုင်လှသည်။ စမ်းသပ်ခန်းထဲဝင်ပြီးနောက် သူသည်အချိန်မဆွဲနေဘဲ မီးဖိုမှာမီးမွှေးကာ ရေထည့်သည်။

မကြာခင်မှာ ရေနွေးဆူပွက်လာပြီး ဆေးမြစ်တစ်ဆုပ်ကိုယူကာ မီးဖိုထဲသို့ပစ်ချသည်။ သူ့မှာ ဆေးဧကရာဇ်၏မှတ်ဥာဏ်များရှိသောကြောင့် သူသည် အကြိမ်ပေါင်းများစွာလေ့ကျင့်ထားသလို ဆေးမြစ်ပမာဏဘယ်လောက်ယူရမယ်ဆိုတာ အတွေ့အကြုံရင့်သန်သော ဆရာများကဲ့သို့သိနေသည်။

ဆေးပညာရှင်များအဖို့ ထိုအရာသည်အခြေခံဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ဆေးမြစ်ထုတ်လုပ်သည့်ခုနှစ်နှင့်နေရာကိုပြောနိုင်ခြင်းသည် အခြေခံအဆင့်ဖြစ်သည်။ ခေတ်သစ်ဆေးပညာရှင်များက အဆင့်မြင့်နည်းပညာများကိုအသုံးပြုတာမို့ထိုအရာများကိုသိစရာမလိုပေ။ သူတို့မှာ ဒစ်ဂျစ်တယ်စနစ်များရှိပြီး သူတို့ကိုကူညီရန် ပညာသင်အကူများလည်းရှိသည်။ ဆေးမြစ်များကိုထည့်ရမည့်အချိန်၊ အမျိုးအစားခွဲခြင်း၊ အလေးချိန်ချိန်ခြင်းနှင့် ဖြတ်တောက်ခြင်းများကို ပညာသင်များကလုပ်ဆောင်ရသည်။

ချူးယွင်ဖန်းလုပ်ဆောင်သမျှ အရာများဖြစ်သည့် ဆေးမြစ်ထည့်ချိန်နှင့် ရေထည့်ချိန်တို့သည် အပြစ်ပြောစရာမရှိဘဲ အဆင်ပြေချောမွေ့သည်။ ဆေးဖော်စပ်သည့်လုပ်ငန်းစဉ်တစ်ရပ်လုံးသည် ပျင်းစရာကောင်းသည်။ ထို့ကြောင့်သူက တရားထိုင်နေရင်းနှင့် ဆေးဖော်စပ်တာကိုစောင့်ဆိုင်းနေသည်။ တစ်နာရီကုန်ဆုံးခဲ့သည်။ အိုးထဲမှ ဆေးရနံ့လေးသည် သင်းပျံ့မွှေးကြိုင်စွာ ပျံ့လွင့်လာသည်။

တစ်ချိန်တည်းမှာ ဆေးမီးဖိုလည်း ဖြည်းဖြည်းချင်းပွင့်လာသည်။ အညိုရောင်ခပ်ဖျော့ဖျော့ဆေးလုံးသည် ဖြည်းဖြည်းချင်းထွက်လာသည်။ ချူးယွင်ဖန်သည် မျက်လုံးဖွင့်မကြည့်သော်လည်း ခန္ဓာကိုယ်အားဖြည့်ဆေးသည် အောင်မြင်စွာဖော်စပ်နိုင်ပြီဆိုတာ အနံ့တစ်ခုတည်း ရတာနှင့်ပင် သိနိုင်သည်။

ဧကရာဇ်အမွေခံ

အပိုင်း (၂၀).-သွေးသစ်လောင်းခြင်း

သူသည် ခန္ဓာကိုယ်အားဖြည့်ဆေးကိုဖော်စပ်ပြီးဖြစ်သည်။ ဆေးပညာအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တစ်ဦးသာရှိနေပါက ချူးယွင်ဖန်းဖော်စပ်သောဆေးရနံ့သည် ဆေးအများစုထက်ရနံ့ပိုမွှေးသည်ကို သတိပြုမိလိမ့်မည်။ ဆိုလိုသည်မှာ ချူးယွင်ဖန်း၏ ဆေးသည် စျေးကွက်ထဲမှာ ရောင်းချသောဆေးများထက် အရည်အသွေးပိုကောင်းသည်။

ဆေးဧကရာဇ်၏ ဆေးနည်းအတိုင်းဖော်စပ်ထားသော ခန္ဓာကိုယ်အားဖြည့်ဆေးဖြစ်သည်။ တချို့ဆေးမြစ်များကိုအစားထိုးသောကြောင့် ဖော်စပ်နည်းသည် အနည်းငယ်ကွဲလွဲနေသည်။ အပေါ်ယံကြည့်လျှင်တော့ ပြောင်းလဲမှုသည်မသိသာသော်ငြား တိုးတက်မှုတစ်ခုဖြစ်သည်။ ဆေးမြစ်များအားလုံးကိုပြောင်းလဲပါက တစ်စုံတစ်ခုဖြစ်နိုင်သည်။

ဆေးများသည် လူတစ်ဦး၏ခန္ဓာကိုယ် သို့ အဖိုးတန်သစ်မြစ်များကိုပြောင်းလဲနိုင် စေကာမူခန္ဓာကိုယ် အားဖြည့်ဆေးတစ် ခုတည်း ကပဲ လုပ်ဆောင်နိုင်တာမဟုတ်ပေ။ ထိုသို့ဖြစ်လျှင် ထိုဆေးသည် အဘယ်ကြောင့်နာမည်ကြီးရသနည်း။ ခန္ဓာကိုယ်အားဖြည့်ဆေး၏ စျေးနှုန်းသည် သင့်သည်ဟုယူဆကြသည်။ သာမန်လူတန်းစားအများစုအတွက်လည်းငွေကြေးအရ သင့်တော်သည်။ ဆေးဖော်စပ်နည်းကို အဆင့်မြင့်ဆေးမြစ်များနှင့်အစားထိုးပါက ဆေးစွမ်းကို သိသာထင်ရှားစွာပြောင်းလဲတိုးတက်စေသော်လည်း တန်ဖိုးသည်လည်းမြင့်တက်လာသည်။

ထိုအရာက ဆေးဧကရာဇ်အဆင့်မြှင့်တင်ထားသော ခန္ဓာကိုယ်အားဖြည့်ဆေးကိုပိုမိုပြီး တန်ဖိုးကြီးစေသည်။တကယ်တော့ ဆေးပညာဧကရာဇ်က ဆေးပညာဖြစ်စဉ်များကိုအဆင့်မြှင့်တင်ချိန်တွင် များပြားလှစွာသောဆေးများကိုအဆင့်မြှင့်တင်နိုင်ခဲ့သည်။ သူသည် ဆေးဖော်စပ်နည်းကိုအများကြီးမပြောင်းလဲပဲနဲ့ ဆေးစွမ်းကို သိသိသာသာမြင့်တက်စေသည်။ ပြီးနောက် သူသည် ထိုအကြောင်းအရာများကို စာအုပ်အဖြစ်ရေးသား ဖွဲ့စည်းခဲ့သည်။ ကံဆိုးစွာနှင့် ထိုစာအုပ်ကို တကမ္ဘာလုံးထံသို့မဖြန့်ဝေခင်မှာ နတ်ဘုရားများကြားမှာစစ်ပွဲပေါ်လာပြီး သူသည်လည်း စစ်မြေပြင်မှာကျဆုံးခဲ့သည်။

ချူးယွင်ဖန်းသည် မီးဖိုထဲမှ ဆေးလုံးကိုထုတ်သည်။ ထိုအချိန်မှာ နေမွန်းတည့်ချိန်ရောက်နေပြီဖြစ်သည်။ သူသည် ဆေးပညာစမ်းသပ်ခန်းကို တစ်နေ့လုံးစာငှါးရမ်းထားတာမို့ သူထွက်သွားဖို့မလိုသေးပေ။ သူသည် ထိုနေရာကို ကျင့်ကြံသည့်အခန်းသဖွယ်အသုံးပြုသည်။သူသည် ဆိုဖာထိုင်ခုံပေါ်တွင်တင်ပျဉ်ခွေထိုင်သည်။ သူ့ကိုယ်သူ တရားထိုင်သည့်ပုံစံနေရာချပြီးနောက် သူသည် ခန္ဓာကိုယ်အားဖြည့်ဆေးကိုမျိုချသည်။

သူသည် စစ်နတ်ဘုရားသိုင်းကို အသက်သွင်းပြီး ဆေးစွမ်းကိုချက်ချင်းဆိုသလိုမြှင့်တင်သည်။ သူ၏ဆေးမှ ပူနွေးသောခံစားချက်များသည် သူ့ခြေလက်များနှင့်အရိုးများဆီသို့ပြေးဝင်လာသည်။ အခြေတည်အဆင့်ကိုကျင့်ကြံခြင်းသည် လူတစ်ဦး၏ ရုပ်သွင်ကိုယ်ထည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။ ခန္ဓာကိုယ်အားဖြည့်ဆေးကိုလည်း ထိုအတွက်ဖော်စပ်ထားသည်။ အခြေတည်အဆင့်မှာသောက်သုံးပါက အာနိသင်အရှိဆုံးဖြစ်သည်။

တကယ်တော့ မည်သည့်အဆင့်မှာမဆိုခန္ဓာကိုယ်အားဖြည့်ခြင်း၏ အကျိုးကျေးဇူးများရှိသော်လည်း ဆေးစွမ်းက မမြင့်မားပေ။ ချက်ချင်းဆိုသလို ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲတွင် မီးပန်းများရှိသကဲ့သို့ တဖောက်ဖောက် မြည်သံများထွက်လာသည်။ သူ၏ ကြွက်သားများသည် လူးလွန့်လှုပ်ရှားနေသည်။ သူ၏အရိုးများက တစ်ခုနှင့်တစ်ခုပွတ်တိုက်လျှင် ထွက်လာသောအသံများကဲ့သို့ဖြစ်နေသည်။

အခြေတည်အဆင့်ကျင့်ကြံခြင်း၏ အရေးကြီးဆုံးအချက်မှာ ခန္ဓာကိုယ်အားဖြည့်ခြင်းဖြစ်သည်။ ခန္ဓာကိုယ်အစွမ်းတက်စေရန်ပြုလုပ်ခြင်းမဟုတ်ပေ။ သွေးသစ်လောင်းခြင်းသည် အဆင့်-၆ အရိုးအဆစ်များသန့်စင်ခြင်းပြီးနောက်ရောက်လာခဲ့သည်။ ထိုအဆင့်သည် အခြေတည်အဆင့်မှာ ခန္ဓာကိုယ်အားဖြည့်မှုအများဆုံးလိုအပ်သော နောက်ဆုံးအဆင့်ဖြစ်ပြီး သေးငယ်သောအောင်မြင်မှုဟုလည်း ဆိုနိုင်သည်။ ထို့အပြင် ထိုအဆင့်သည် ပြန်လည်မွေးဖွားခြင်းအဆင့်ဖြစ်သည်။

သူ၏ ခြေ၊ လက်နှင့် အရိုးများအတွင်းသို့ ဆေးအာနိသင်ပိုပိုပြီး ပြန့်လာလေလေ သူ၏ခန္ဓာကိုယ်ကိုအသစ်ပြန်လည်ဖွဲ့စည်းရန်အတွက် အဆက်မပြတ်အထောက်အပံ့ပြုသည်။ သူ၏ အရေပြားပေါ်တွင် ချွေးများထွက်လာသည်။ ချွေးထွက်ခြင်းသည် မတိတ်တော့ပေ။ သူ၏ ကိုယ်ထဲမှရေဓာတ်ကိုဆွဲထုတ်လိုက်သလို ခြောက်သွေ့လာတော့သည်။ ပြီးနောက် ထိုချွေးမှ အနက်ရောင်အရာတစ်ခုအဖြစ်လျင်မြန်စွာပြောင်းလဲလာသည်။

ကနဦးမှာတော့ ချွေးနှင့်အတူစီးဆင်းသည်။ သို့သော် ထိုအနက်ရောင်အရာသည် သူ၏ကိုယ်ထဲမှ စီးဆင်းလာသောတစ်ခုတည်းသောအရာဖြစ်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ ထိုအနက်ရောင်အရာသည် သူ၏တစ်ကိုယ်လုံးကိုဖုံးလွှမ်းထားလိုက်သည်။သူ့ခန္ဓာကိုယ်အပေါ်များမှ သွေးနက်များပင် ထွက်လာသည်။ သူ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ဦးကဆွဲဖြဲနေသလို နာကျင်စွာခံစားရသည်။ ယခင်ကသာ ထိုကဲ့သို့နာကျင်ပါက ချူးယွင်ဖန်တစ်ယောက် တရားမရှုမှတ်နိုင်တော့ပေ။

ဒီတစ်ကြိမ်မှာ သူတည်ငြိမ်အေးဆေးနေသည်။ သူအမွေဆက်ခံတုန်းက ခံစားမှုနှင့်ယှဉ်လျှင် ဒီတစ်ကြိမ်က ခံသာသေးသည်။ယခင်ကဘယ်လိုခံစားချက်မျိုးလဲဆိုတာ ယှဉ်မပြနိုင်ပေ။ အခြေတည်အဆင့်မှာကျင့်ရန်အခက်ဆုံးအဆင့်မှာ သွေးသစ်လောင်းခြင်းဖြစ် သည်။သွေးသစ်လောင်းခြင်းသည် လူတစ်ဦး၏သွေးကိုလုံးဝအစားထိုးခြင်းကိုဆိုလိုခြင်းမဟုတ်ပေ။လူတစ်ဦး၏ ရုပ်ရည်ကိုယ်ခန္ဓာပြန်လည်ဖြစ်တည်ခြင်းဖြစ်သည်။

ရှေးလူကြီးများက ပြောကြသည်မှာ လူအများစုမှာသာမန်ကိုယ်ထည်ပဲရှိတာမို့ နည်းလမ်းအစစ်အမှန်များကို လူတစ်ဦးကမမျှဝေနိုင်ဟူ၍ ဖြစ်သည်။ လူတိုင်းက ကျင့်ကြံခြင်းလမ်းကို မလျှောက်လှမ်းနိုင်ပေ။ ထို့ကြောင့် ကျင့်ကြံခြင်း၏ ပထမဆုံးအဆင့်မှာ သာမန်ခန္ဓာကိုယ်ကိုချွတ်ပြီး ပြန်လည်မွေးဖွားရန်ဖြစ်သည်။ ရှေးခေတ်ကျင့်ကြံခြင်းမှာ မွေးရာပါကျင့်ကြံခြင်းကိုယ်ထည်ဟုခေါ်ကြသည်။ ထိုအရာကိုရရှိသောသူကသာ ကျင့်ကြံဖို့အရည်အချင်းပြည့်မီသည်။

ရှေးခေတ်တုန်းက ကန့်သတ်ချက်များရှိသောကြောင့် ကျင့်ကြံခြင်းသည် လူတစ်ဦး၏ ကံကြမ္မာအပေါ်မူတည်သည်။လူတစ်ချို့သည် သန့်ရှင်းသောသွေးကြောများနှင့် မွေးဖွားလာသူမို့ ကျင့်ကြံခြင်းအတွက် ကောင်းမွန်သောအခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ ထိုကဲ့သို့သောလူများကသာ ကျင့်ကြံနိုင်ပြီး သာမန်လူများအဖို့ကံကြမ္မာကိုပြောင်းပြန်လှန်ရန် အခွင့်အရေးမရှိနေပေ။ ထိုအရာကပင် အမွေဆက်ခံသူရှာဖွေရန် ခက်ခဲရသည့်အကြောင်းအရင်းဖြစ်သည်။

ထို့ကြောင့် ရှေးခေတ်တရုတ်နိုင်ငံမှာ ခေတ်စားခဲ့သောကျင့်ကြံခြင်းသည် တဖြည်းဖြည်းချင်းမထင်မရှားဖြစ်လာခဲ့သည်။ ထိုခေတ်၏ကန့်သတ်ချက်တစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် ခေတ်သစ်လောကမှာ လူများသည် သူတို့ဘဝကိုပြောင်းလဲနိုင်စွမ်းရှိကြသည်။ လူတစ်ဦး၏ စိတ်ပိုင်းဖြတ်ထားမှုသည် သဘာဝကိုအနိုင်ယူနိုင်သည်။ အချိန်ဘယ်လောက်ကုန်သွားသည်ကိုမသိလိုက်ပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အရာဝတ္ထုနှင့် သွေးဖြင့်ဖုံးလွှမ်းသောအခါ သူ၏မျက်လုံးများသည် နောက်ဆုံးမှာပွင့်လာခဲ့သည်။

အနံ့သည်စိတ်ပျက်ဖွယ်ကောင်းပြီး သူ၏မျက်နှာကိုပင်မမြင်ရပေ။ သူခံစားနေရသော နာကျင်မှုသည်ပျောက်ဆုံးသွားသည်။ ဆန့်ကျင်ဘက်အနေနှင့် သူ၏တစ်ကိုယ်လုံးမှာ သစ်လွင်ပြီး ကောင်းမွန်သောခံစားချက်များဖြစ်လာသည်။ သူသည်ငှက်မွှေးကဲ့သို့ပေါ့ပါးသည်။ စစ်မှန်သောမွေးဖွားသန့်စင်ခြင်းတစ်ခုဖြစ်လာသည်။ ချူးယွင်ဖန်းကို အနက်ရောင်အရာတစ်ခုက ဖုံးလွှမ်းထားသော်လည်း သူသည် အံ့အားသင့်မနေပေ။

သွေးသစ်လောင်းခြင်းမှာ ဘာတွေဖြစ်ပျက်မလဲဆိုတာသေချာသိသည်။ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသောအနက်ရောင်အရာတစ်ခုသည် အနံ့ဆိုးလှသဖြင့် သူသည် ချက်ချင်းထပြီး ဆေးပညာရှင်အစည်းအရုံး၏ ရေချိုးခန်းမှာ ရေချိုးသန့်စင်သည်။ သူရေချိုးပြီး အဝတ်များကို လျှော်ဖွပ်ပြီးနောက် နေ့လည်အချိန်ရောက်ခဲ့သည်။ သူက တစ်ချိန်လုံးတရားထိုင်နေသောကြောင့် ဆာလောင်မွတ်သိပ်လာသည်။ သူသည် လုယုရှုကို ပထမဆုံး နည်းပြရမည်။ သူချက်ချင်းဆိုသလိုထွက်လာပြီး ကားငှါးကာ သူမ၏အိမ်သို့ ထွက်လာခဲ့သည်။

ထိုနေရာကို သူဒုတိယအကြိမ် ရောက်ရှိခြင်းဖြစ်သည်။ လုယုရှုအသုံးပြုသော လေ့ကျင့်ခန်းသို့ အနက်ရောင်ဝတ်ရုံဝတ်ထားသော သက်တော်စောင့်၏ လမ်းပြမှုဖြင့် လျှောက်လှမ်းလာသည်။ ထိုအချိန်မှာ တိုက်ခိုက်ဇုန်တွင် လုယုရှုတစ်ဦးတည်းရှိနေသည်။ သူမသည် လေ့ကျင့်ခန်းလုပ်လျှင်ဝတ်သည့်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံဖြင့်လေ့ကျင့်ပါက ပြိုင်ပွဲယှဉ်ပြိုင်ချင်စိတ်များတဖွားဖွားပေါ်လာမည်ဟု မှတ်ယူကြသည်။

လူကုံထံအသိုင်းအဝိုင်းက ကျင့်ကြံခြင်းပစ္စည်းများကို ဝယ်ယူရခြင်းကို နှစ်ခြိုက်သည့် အကြောင်းအရင်းရှိသည်။ ရှေးဟောင်းလူသားများခေတ်မှာ ရှားပါးပြီး ရှေးခေတ်များမှာလည်း မဖြစ်နိုင်ကြပေ။ခေတ်မီအများအပြားထုတ်လုပ်ခြင်းနှင့်အတူ ယနေ့ခေတ်မှာ သူတို့လိုချင်သလို လေ့ကျင့်ခန်းဝတ်စုံများအပေါ်ရှိကမ္ဘာ့ဆွဲအားကို ချိန်ညှိနိုင်သည်။

သာမန်ဝတ်စုံတစ်ခုသည် ကမ္ဘာမြေဆွဲအားကို ငါးဆမြှင့်ပေးသည်။ထိုသာမန်ဝတ်စုံတစ်ထည်တောင်မှ သန်းချီကုန်ကျတာမို့ သာမန်လူတန်းစားအဖို့ မဝယ်နိုင်ပေ။ သူမက အချမ်းသာဆုံးမဟုတ်ဘူးဆိုတာသိသည်။ ဒီ့ထက်ပိုချမ်းသာသူများသည် လေ့ကျင့်ခန်းတစ်ခုလုံးကိုကမ္ဘာမြေဆွဲအားအခန်းတစ်ခုအဖြစ်ပြောင်းလဲနိုင်ပြီး ထိုအရာ၏ အစွမ်းသည် ဝတ်စုံဝတ်ခြင်းထက် အဆပေါင်းများစွာသာလွန်သည်။

လေ့ကျင့်ခန်းဝတ်စုံဝတ်ဆင်ထားသော လုယုရှု၏ လှုပ်ရှားမှုများသည် ယခင်ကလောက်မသွက်လက်ပေ။ သူမကနှေးကွေးလေးလံနေပြီး သူမမြေပြင်ပေါ်သက်ဆင်းသည့်အချိန်တိုင်း လေးလံထိုင်းမှိုင်းသောအသံထွက်ပေါ်နေသည်။ ကံကောင်းစွာဖြင့် တိုက်ခိုက်ဇုန်ထဲက မြေပြင်ကိုတောင့်တင်းခိုင်မာစေရန်ပြုလုပ်ထားသည်။ မဟုတ်ပါက လေးလံသောခြေလှမ်းများမှတစ်ဆင့် ချော်လဲကြလိမ့်မည်။

သိပ်မကြာလိုက်ခင်မှာ လုယုရှုရပ်ခဲ့သည်။ သူမက မောပန်းနွမ်းဟိုက်နေပြီး ဝတ်စုံကိုချွတ်သည်။ သူမ၏ ချွေးပေနေသောဆံပင်က နဖူးမှာကပ်နေသည်။ သူမ၏ပုံစံက ကြောက်စရာမကောင်းတော့ဘဲ ဘေးအိမ်ကကောင်မလေးတစ်ဦးကဲ့သို့ဖြစ်နေသည်။ သူမက ချူးယွင်ဖန်ကို တစ်ချက်ကြည့်သည်။

“နင်ရောက်နေပြီကိုး..ခဏလေးစောင့်ပါဦး” သူမက ဆေးသေတ္တာထဲက အားဖြည့်ဆေးတစ်ဘူးကို ထုတ်သည်။ သူမသောက်သုံးပြီးသောအခါ ဆေးစွမ်းကသိသာသည်။လုယုရှုမောပန်းနေသည်များ ချက်ချင်းဆိုသလို ရပ်တန့်သွားသည်။ ချွေးထွက်ခြင်းလည်းရပ်သွားသည်။ ပြင်းထန်သောလက်ဝှေ့ထိုးနည်းသင်ကြားခြင်းမှ ပင်ပန်းခဲ့သောအရာများသည် တစ်ခဏအတွင်းမှာပြန်လည်အားပြည့်လာသည်။

ရုတ်တရက်ဆိုသလို ချူးယွင်ဖန်း၏ ဗိုက်ထဲမှ တဂွီးဂွီးအော်မြည်လာသည်။ တည်ငြိမ်ချင်ယောင်ဆောင်နေရသော်လည်း သူရှက်ရွံ့လာသည်။ သွေးသစ်လောင်းခြင်းအဆင့်ကိုရောက်ရှိရန် ကျင့်ကြံခဲ့သည့်နေ့တစ်ဝက်သည် သူ၏အားအင်များကိုကုန်ဆုံးစေသည်။ ခန္ဓာကိုယ်က ဆာလောင်ခြင်းကြောင့် တစ်ခုခုစားသုံးရန်အချက်ပြခြင်းမဟုတ်ပေ။

တကယ့်လက်တွေ့မှာ လူတစ်ဦးတွင် သိုလှောင်ထားသောအရန်စွမ်းအင်ရှိသည်။ သို့သော် ထိုကျင့်ကြံခြင်းကြောင့်ဖြစ်လာသော ဆာလောင်မှုသည် သူ့တစ်ကိုယ်လုံးမှာ ပြင်းထန်သောဆာလောင်ငတ်မွတ်မှုကိုဖြစ်စေသည်။ သူ့ဆန့်ကျင်ဘက်မှာရပ်နေသော လုယုရှုကပြုံးမိသည်။ သူမက ဘေးဘက်မှာရှိသော ဆေးသေတ္တာထဲမှ အားဖြည့်ဆေးတစ်ဘူးယူပြီး ချူးယွင်ဖန်းကိုပေးသည်။

“နင်ခုနတုန်းက ကျင့်ကြံနေတာမလား။ နောက်ပိုင်းလေ့ကျင့်လျှင် အစွမ်းကုန်တိုက်ခိုက်ရမှာမို့ နင့်အင်အားတွေကိုဖြည့်ထားပါ။ မဟုတ်ရင် နင် အင်အားပြည့်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး”

“ကောင်းပါပြီ ကျေးဇူးတင်ပါတယ်။ ငါ့လစာထဲက ဖြတ်လိုက်ပါ” သူ့ခန္ဓာကိုယ်က အားအင်ဖြည့်ဖို့လိုနေသောကြောင့် သူမရှက်တော့ပေ။ သူမဆီက ထိုဆေးဗူးမရလည်း သူကိုယ်တိုင်ဝယ်သောက်ရမှာမို့ ဘာမှမထူးခြားပေ။ အားဖြည့်ဆေးတစ်လုံးသောက်ပြီးနောက် သူ့ကိုယ်ထဲက ဆာလောင်မွတ်သိပ်မှုများပျောက်ကွယ်ခဲ့သည်။

သူက အင်အားအပြည့်ဖြစ်သွားသည်။ ထိုအားဖြည့်ဆေးသောက်မည့်အစား အစားစားပါက အားအင်ပြည့်ရန်နှေးကွေးပြီး မပြည့်ဝပေ။ လူချမ်းသာများအတွက် ကျင့်ကြံခြင်းအထောက်အပံ့များများစွာရှိနေတာမို့ သူအံ့အားသင့်ရသည်။ သူတို့သည် အလွန်မထူးချွန်လျှင်တောင်မှ လူချမ်းသာများ၏ ကျင့်ကြံခြင်းရလဒ်သည် သာမန်လူတန်းစားများထက်သာလွန်သည်။

“ကောင်းပြီ..ငါ့လက်သီးကိုမြည်းစမ်းကြည့်။ ငါဒီနေ့မှ သိလာရတာရှိတယ်။ အဲ့အရာကို လက်တွေ့လုပ်ဆောင်ဖို့ နင်ကအစမ်းသပ်ခံပဲ” လုယုရှုသည် မိန်းကလေးပုံစံဖြင့်ဟစ်ကြွေးပြီး တောင်တစ်လုံးမှထွက်လာသော ကျားတစ်ကောင်သဖွယ် ချူးယွင်ဖန်းဆီသို့ ပြေးဝင်လာသည်။ ကျားတစ်ကောင်၏အစွမ်းရှိနေပြီး နတ်ဆိုးကျားလက်သီးသိုင်း၏ အဆင့်မြင့်အစွမ်းကိုမြင်နေရသည်။သို့သော် ချူးယွင်ဖန်းက ကြောက်လန့်ခြင်းမရှိဘဲ သူ့ကိုယ်ပိုင်ကျားတစ်ကောင်၏အစွမ်းဖြင့် လက်သီးတစ်ချက်ပြန်ထိုးသည်။ လုယုရှု၏ လက်သီးထက် ပိုမိုပြင်းထန်သည်။

ဘန်း!

လက်သီးနှစ်ခုသည် ရိုက်ခတ်မိသွားသည်။ချူးယွင်ဖန်းသည် တည်ငြိမ်နေဆဲဖြစ်ပြီး လုယုရှုက နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး သူ့မကိုယ်သူမ တည်ငြိမ်ရန် ပြန်လည်လုပ်ဆောင်သည်။ သူမက အံ့အားသင့်ရမည့်အစား လုံးဝပျော်ရွှင်ပြီး “နင်က သွေးသစ်လောင်းခြင်းအဆင့်ကိုရောက်ပြီပေါ့။မြန်လိုက်တာ။ ဒါကြောင့် နင်ဆာလောင်နေတာမဆန်းပါဘူး။ နင်တစ်နေ့လုံးကျင့်ကြံနေပုံရတယ်။ ကောင်းတယ်။ ငါနင့်ကို ဒီ့ထက်အားပြင်းပြင်းနဲ့ ထိုးရမယ်” ဟု ပြောသည်။

သူမစကားပြောနေရင်းနှင့် သူမ၏ပုံစံပြောင်းလဲလာသည်။ ချူးယွင်ဖန်းက ယခင်တုန်းက အရိုးအဆစ်သန့်စင်ခြင်းအဆင့်မှာရှိသောကြောင့် သူမ၏အစွမ်းကို ထိုအဆင့်မှာပဲ ကန့်သတ်ထားရသည်။ ချူးယွင်ဖန်းက တစ်ဆင့်မြင့်လာသောကြောင့် သူမ၏ အစွမ်းများကိုနည်းနည်းပိုပြီး ထုတ်နိုင်သည်။

“ကောင်းပြီ။ ထပ်ပြိုင်ကြမယ်။ ငါဘယ်လောက်တိုးတက်လာလဲဆိုတာ သိချင်တယ်” ချူးယွင်ဖန်းသည် စိန်ခေါ်မှုကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံပြီး ရှေ့ကိုတိုးလာသည်။

သူတို့နှစ်ဦးသည် တစ်ဖန်ပြန်ပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ကြသည်။

အပိုင်း(၂၁)- နတ်ဆိုးကျားလက်သီးသိုင်းကိုထပ်မံဖြတ်ကျော်နိုင်ခြင်း.ပြီးပြည့်စုံခြင်းအဆင့်

ဘန်း! ဘန်း! ဘန်း!

တိုက်ခိုက်သည့်နေရာတွင် သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများသည်လေထဲတွင် လွင့်ပျံနေသလိုမျိုး

အရိပ်နှစ်ခုသည် လျင်မြန်စွာရွေ့လျားနေသည်။ အချိန်ခဏလေးအတွင်းမှာ သူတို့သည်

လက်သီးချက်များစွာကိုဖလှယ်ပြီးဖြစ်သည်။ သူတို့နှစ်ဦးသည် မိမိကိုယ်ကိုခုခံကာကွယ်ရန်

အသေအကြေတိုက်ခိုက်နေကြပြီး သူတို့၏လက်သီးချက်များသည် အဆက်မပြတ်ရိုက်ခတ်နေကြသည်။

အရိုးနှင့်အသား ထိရိုက်သံများသည် တိုက်ခိုက်ဇုန်တစ်ခုလုံးအတွင်းမှာ ပဲ့တင်သံထွက်နေသည်။တစ်ခဏကြာပြီးနောက် နှစ်ဦးလုံးသည် ခေတ္တရပ်နားပြီး လွန်စွာမှမောပန်းနွမ်းဟိုက်နေကြသည်။နတ်ဆိုးကျားလက်သီးသိုင်းကိုကျင့်ကြံခြင်းသည် လူတစ်ဦး၏အင်အားကိုလွန်စွာမှကုန်ခမ်းစေသည်။

“မဆိုးပါဘူး..မဆိုးပါဘူး”

လုယုရှုသည်လျင်မြန်စွာပြန်လည်သက်သာပြီးနောက်ပုံမှန်အတိုင်းတစ်ဖန်အသက်ရှုလာနိုင်သည်။

“နင်ကျင့်ကြံတုန်းကဘယ်နည်းလမ်းကိုအတိအကျအသုံးပြုခဲ့တာလဲ..မင်းရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကသွေးသစ်လောင်းခြင်းအဆင့်မှာရှိတဲ့ သတ်မှတ်ချက်တွေထက်သာလွန်နေတယ်။နင့်ရဲ့

နတ်ဆိုးကျားလက်သီးသိုင်းကစင်းလုံးချောအဆင့်မှာရှိနေလျှင်သွေးသစ်လောင်းခြင်းအဆင့်မှာရှိတဲ့တစ်စုံ တစ်ဦးအဖို့ လက်သီးသုံးချက်ဆင့်ထိုးနိုင်တယ်ဆိုတာအောင်မြင်မှုတစ်ခုပဲ”

“နင့်မှာလည်း နင့်လျှို့ဝှက်ချက်နဲ့နင်ရှိမှာပဲ။ ဦးလေးကျင်းပြောတာထက်တောင်နင်က သာလွန်နေသေးတယ်။သူကတော့ နင့်မှာအတွင်းအားရဲ့ သာမန်ကျင့်ကြံခြင်းလောက်ပဲရှိတယ်ပြောတာပဲ။နင်ကမနေ့တုန်းက အရိုးအဆစ်သန့်စင်ခြင်းအဆင့်မှာပဲရှိနေသေးတာ။ အခုကျတော့ သွေးသစ်

လောင်းခြင်း အဆင့်ကိုဖြတ်ကျော်နိုင်ပြီ။ ဟီး..ဒါမျိုးကို ပါရမီရှင်လို့ မစဉ်းစားသင့်ဘူးလား။ဘာများလဲ”

လုယူရှုက တစ်ချက်ရယ်မောပြီးနောက် စကားပြန်ဆက်သည်။

“စိတ်မပူပါနဲ့..ငါက နင့်လျှို့ဝှက်ချက်တွေကိုစိတ်မဝင်စားပါဘူး။

ဘယ်သိုင်းသမားမှာများလျှို့ဝှက်ချက်မရှိတာရှိလို့လဲ။ အထူးသဖြင့်

ကြီးကြီးမားမားအောင်မြင်တဲ့သူတွေအားလုံးမှာ သူတို့ကိုယ်ပိုင်လျှို့ဝှက်ချက်ဆိုတာရှိတာပဲ။

နင်တိုးတက်တာမြန်လေလေ ငါ့အတွက်အကျိုးရှိလေလေပေါ့။ ငါ့အစွမ်းတွေပိုမိုပြီးထုတ်နိုင်တယ်။ငါလည်း အလျော့ပေးစရာမလိုတော့ဘူးပေါ့”

သူမ၏ စကားများကိုကြားပြီး ချူးယွင်ဖန်သည် သူမကိုအနည်းငယ်ပိုပြီး သဘောကျလာမိသည်။သူမကို ချစ်ခင်မြတ်နိုးနှစ်သက်သည့်ခံစားချက်မျိုးမဟုတ်ပေ။ သူမကို မိန်းကလေးလိုမျိုးမခံစားမိပေ။သူမက ပြုလုပ်မည်ဆိုသော အရာများကိုစိတ်ပိုင်းဖြတ်လုပ်ဆောင်ပြီးပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်ရှိသည့်ပုံစံဖြစ်သည်။ ထို့ကြောင့် သူမလိုသူငယ်ချင်းမျိုးကို ဆက်လက်ခင်မင်သင့်သည်။

“အမှန်တကယ်က နင်က ငါ့ရဲ့ပြိုင်ဘက်ကောင်းပါ။ ငါသာ တကယ့်အစွမ်းကုန်အင်အားကုန်ဖွင့်ပြီး

တိုက်ခိုက်လျှင် ငါနဲ့အဆင့်တူတဲ့လူတွေက ငါ့လက်သီးချက်တွေကိုမခံနိုင်ကြဘူး”

ချူးယွင်ဖန်က ပွင့်ပွင့်လင်းလင်းပြောပြသည်။ ထိုအချိန်မှာ သူ့တစ်ကိုယ်လုံးအင်အားပြည့်နေသည်ဟု ခံစားမိသည်။ စစ်နတ်ဘုရားသိုင်းသည်

တကယ့်ကိုကြောက်စရာကောင်းလှသည်။ သူနှင့် အနေအထားချင်းတူညီသောလူတစ်ဦးကို ရှာဖွေရန် ခဲယဉ်းလှပေသည်။

“ကောင်းပါတယ်။ငါလည်းနင်နဲ့ယှဉ်ပြိုင်တိုက်ခိုက်တော့မှနတ်ဆိုးကျားလက်သီးသိုင်းကိုပိုပြီးနားလည် လာတယ်။ ဒီသိုင်းအပေါ်ငါတို့ရဲ့နားလည်မှုက အတူတူပါပဲ။ တကယ်တော့ နင်က ငါ့ထက်အနည်းငယ်

ပိုပြီး အရည်အချင်းရှိတယ်။ နင်ကလည်း ငါ့အတွက်တော့လေ့ကျင့်ဖော်ကောင်းတစ်ယောက်ပါ။

တစ်လအတွင်း မှာ ငါကပြီးပြည့်စုံခြင်းအဆင့်ကိုဖြတ်ကျော်နိုင်ရမယ်။ ကဲ..ဆက်ပြီးလေ့ကျင့်ကြစို့။ ငါတို့အချိန်ဆွဲနေလို့မရဘူး။ နင်က ငါ့အတွက် အဖိုးတန်လေ့ကျင့်ဖော်တစ်ဦးပါ။ ငါ အချိန်တွေ

အလဟသမကုန်ဆုံးချင်ဘူး” လုယုရှုသည် သူ့အား ညင်သာစွာခေါ်ထုတ်ပြီး ချူးယွင်ဖန်ဆီသို့

တစ်ဖန်ထပ်ပြီး ဦးတည်တိုက်ခိုက်ပြန်သည်။ သူမသည် ကျားကိုသွေးဆောင်ဖျားယောင်းခြင်းအကွက်

ကိုထုတ်သုံးပြီး သူ့ထံသို့ တစ်ဖန်ဦးတည်တိုက်ခိုက်လာပုံက ထူးကဲလှသည်။

ချူးယွင်ဖန်က ထိတ်လန့်ခြင်းမရှိဘဲ ကျယ်လောင်စွာပြောဆိုသည်။

“ဒါနဲ့မလုံလောက်သေးဘူး ယုရှု..အစွမ်းတွေထပ်ထုတ်စမ်းပါ။ ငါကဒီ့ထပ်ပြင်းတဲ့ဖိအားကိုလိုအပ်တယ်။ ဒီလောက်နဲ့ ငါ့ကိုယ်ငါတိုးတက်ဖို့ တွန်းအားမပေးနိုင်ဘူး”

လုယုရှုသည် ထိုစကားကိုကြားပြီးနောက်အံ့အားသင့်မိသည်။ သူသည် တိုက်ပွဲအစစ်အမှန်လိုမျိုးမှာ

ထိုကဲ့သို့ ဖြတ်ကျော်နိုင်မှုမျိုးကို လိုချင်လိမ့်မည်ဟု သူမမထင်ထားမိပေ။ ထို့အပြင်

သူ့မျက်လုံးများကလည်း ရုတ်ချည်းဆိုသလိုအရောင်တောက်ပလာသည်။ သူမက ချူးယွင်ဖန်၏

တိုးတက်မှုကိုမနာလိုမဖြစ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူကတိုးတက်မှုမြန်ဆန်လေလေ

တစ်လတောင်မကျန်တော့သည့် အချိန်အတွင်း သူမ၏တိုးတက်မှုကို

အထောက်အကူပိုပြုနိုင်လေလေဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာ သူမ၏အရှိန်အဝါသည်

လျင်မြန်စွာတိုးတက်လာသည်။သူမသည် အခြေတည်အဆင့်-၉ကိုရောက်ရှိပြီးဖြစ်သည်။

ချူးယွင်ဖန်သည် လုယုရှုနှင့် ယခင်တုန်းက ယှဉ်ပြိုင်ကတည်းက ထိုအနေအထားသာရှိပါက

သူ့အပေါ်ကိုပြင်းထန်သောဖိအားသက်ရောက်စေမည်။ ကြောက်မက်ဖွယ်ဖိအားတစ်ခုသည်

သူ့ကိုချက်ချင်းဆိုသလို ဖိနှိပ်လိုက်သည်။ သူမ၏ အစွမ်းကိုအနည်းငယ်ပိုမိုထုတ်ပြီးနောက် သူမ၏

လက်သီးချက်အရှိန်များသည် ပိုမိုလျင်မြန်မြန်ဆန်လာသည်။ လက်သီးတစ်ချက်ချင်းစီက

သေနတ်မှထွက်လာသော ကျည်ဆံတစ်တောင့်ကဲ့သို့ လျင်မြန်သည်။ အရည်အချင်းက

အရည်အချင်းဖြစ်သော်လည်း လူတစ်ဦး၏ စွမ်းအားက အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ လုယုရှုက

သူမ၏အစွမ်းကိုထုတ်သောအခါ သူမမှာပိုမိုပြင်းထန်သောနတ်ဆိုးကျားလက်သီးသိုင်းမရှိသော်လည်း

အစွမ်းက ယခင်ကထက်နှစ်ဆဖြစ်လာသည်။

ဘန်း!

ချူးယွင်ဖန်သည် သူမ၏တိုက်ကွက်ကိုခုခံကာကွယ်ခဲ့သည်။ သူ၏ ပုံစံအနေအထားဟန်ချက်ပျက်ပြီး

အနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လာသည်။

သူ၏လက်မောင်းပေါ်မှာအနီရောင်အမှတ်အသားတစ်ခုပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသည်။

သို့သော်ငြား သူသည် ထိတ်လန့်ခြင်းအလျဉ်းမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့်

သူကစိတ်လှုပ်ရှားနေသည်။ သူ၏တိုက်ခိုက်လိုစိတ်များ မြင့်မားလာသည်ကိုခံစားမိသည်။

သူ့ကိုယ်သူဟန်ချက်ညီအောင်ပြန်ထိန်းပြီးနောက် နောက်မဆုတ်ဘဲရှေ့ကိုတိုးလာပြီး သူမဆီသို့

တိုးဝင်တိုက်ခိုက်လာသည်။

ဘန်း! ဘန်း! ဘန်း!

သူတို့နှစ်ဦးသည် ကန့်လန့်ဖြတ်သွားနေသောအရိပ်များသဖွယ်ဖြစ်နေသည်။ သူတို့နှစ်ဦး

တိုက်မိသည့်အခါတိုင်း အာမေဍိတ်သံများအနည်းငယ်ထွက်ပေါ်လာသည်။လုယုရှုက

သူမ၏အစွမ်းကိုပိုပိုပြီးထုတ်လေလေ ချူးယွင်ဖန်ပေါ်ကိုသက်ရောက်သည့်ဖိအားများလေလေဖြစ်သည်။

သို့သော်ငြား သူကတုန်လှုပ်ခြင်းအလျဉ်းမရှိပေ။ သူ၏ခန္ဓာကိုယ်က

ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသော်လည်း သူ၏စိတ်က တည်ငြိမ်အေးဆေးနေသည်။ သူသည်

သတင်းအချက်အလက်များစွာကို ချက်ချင်းလုပ်ဆောင်ပေးနိုင်သော

ကွန်ပျူတာကြီးတစ်ခုလိုဖြစ်နေသည်။ သူ၏ နတ်ဆိုးကျားလက်သီးသိုင်းသည်

ယခင်ထဲကပြီးပြည့်စုံသည့်အနေအထားမှာရှိသည်။ သူ၏ပြစ်ချက်ကိုဘယ်လိုမှ ရှာမတွေ့နိုင်ဘူးဟုဆိုကြမည်။ အကြောင်းရင်းမှာ ပြစ်ချက်များရှိနေသော်ငြား

သူတိုက်ခိုက်ချိန်တွင်ထိုပြစ်ချက်များကိုပြောင်းလဲပစ်နိုင်သည်။

လုယုရှုက သူမ၏အစွမ်းကိုထုတ်လျှင်

ယခင်က ပြီးပြည့်စုံသည်ဟု ထင်ရသော ချူးယွင်ဖန်၏ လက်သီးချက်များသည်

ပြစ်ချက်များစွာထုတ်ဖော်ပြသလာသည်။ ပြစ်ချက်ဟူ၍ တစ်စုံတစ်ရာရှိသည်ဟု

မထင်ရသောအရာများကို ယခုအခါပြစ်ချက်များမြင်လာနိုင်သလိုဖြစ်လာသည်။ထိုအရာကပင်

သူ့အားတစ်စုံတစ်ရာကိုနားလည်လာစေသည်။ ပြစ်ချက်အချို့သည် အစတုန်းက

ပြစ်ချက်များမဟုတ်ပေ။ ပြင်ပအစွမ်းကြောင့်သာ သူတို့သည် ပြစ်ချက်များဖြစ်လာနိုင်ပြီး

တချို့ပြစ်ချက်များက သူ၏ အင်အားအကောင်းဆုံးအမှတ်အသားများဖြစ်လာနိုင်သည်။ ထိုစဉ်တွင်

သူက ဆန်းကြယ်သောအဆင့်တစ်ခုကိုတစ်ဖန်ပြန်လည်ရောက်လာသလိုခံစားမိလာသည်။ ထိုအရာသည် မှော်ဝင်သောအရာတစ်ခုလို သူသည် လူသားမဟုတ်သည့်အတိုင်း တည်ငြိမ်အေးဆေးနေသည်။

သူသည်ကြုံတွေ့လာသမျှပြသနာများကို မြင်နိုင်ပြီး အရာအားလုံးကို ကိုယ်တွယ်ဖြေရှင်းနိုင်သည်။

ထိုအချိန်မှာ လုယုရှုတစ်ယောက်သာ ပါးနပ်စွာဖြင့် ထိုအရာများကို အာရုံခံစားမိနိုင်သည်။ သူမသည်

အစတည်းက ထိုကဲ့သို့ တိုက်ခိုက်ခဲ့လျှင် သူ၏ ပြစ်ချက်များကိုအလွယ်တကူမြင်တွေ့နိုင်သည်။ သို့သော်

သူမက ထိုပြစ်ချက်များကို တဖြည်းဖြည်းသတိထားမိလာခဲ့ပြီးနောက် ဆက်ပြီးရှာမတွေ့တော့ပေ ။

ထိုကဲ့သို့တိုးတက်မှုသည် သိသာထင်ရှားပြီး သူမ၏ မျက်စိဖြင့်တောင်မြင်တွေ့လာနိုင်သည်။ ထိုအချိန်ထိသူမသည် သူ၏ပြစ်ချက်များကို သေချာရှာဖွေပြီ းတိုက်ခိုက်နိုင်သောကြောင့်ထိုကဲ့သို့တိုးတက်မှုသည်တကယ့်ကို

အံ့အားသင့်စရာပင်ဖြစ်သည်။

“နင့်မှာ သိုင်းပညာကျင့်ကြံဖို့အတွက် စစ်မှန်တဲ့အရည်အချင်းတွေရှိတာပဲ”

လုယုရှုသည် ချူးယွင်ဖန်၏ လုပ်ဆောင်ချက်တွေကိုအံ့အားသင့်နေမိသည်။ သူ၏

နတ်ဆိုးကျားလက်သီးသိုင်းတိုးတက်လာလေလေ သူ၏ပြစ်ချက်များအားလုံးကိုပြင်ဆင်လာနိုင်သည်။

သူသည် အစပိုင်းတုန်းက ခံရသောဖိနှိပ်မှုဒဏ်ကို တောင့်ခံပြီးယခုအခါတော့

သူပြန်လည်တိုက်ခိုက်လာနိုင်သည်။

သူ၏ ပစ်မှတ်ထားသောတိုက်ခိုက်မှုများသည်နည်းပါးသော်လည်း

တကယ့်အရေးကြီးသောနေရာများကိုသာ ပစ်မှတ်ထားသည်။ သူသည် သူမ၏ပြစ်ချက်များကို

အမြဲရှာဖွေပြီး ထိုပြစ်ချက်များ၏ အားနည်းချက်များကို ပစ်မှတ်ထားတိုက်ခိုက်သဖြင့်

ပြီးပြည့်စုံသောလက်သီးချက်များဟု ထင်ရသည်။ ချူးယွင်ဖန်၏ မျက်ဝန်းများသည်

ရှာဖွေစူးစမ်းနေသကဲ့သို့ သူမ၏ပြစ်ချက်များကို ရှာဖွေပြီး တန်ပြန်တိုက်ခိုက်တော့သည်။

ထိုအရာသည်သူမအတွက်လေ့လာနိုင်သည်။

သူမက ချူးယွင်ဖန်ထက်လျင်လျင်မြန်မြန်

မတိုးတက်သော်လည်း သူမ၏ တိုးတက်မှုသည် ယခင်ဆရာနှင့်သင်ကြားတုန်းကတိုးတက်မှုထက်

ဆယ်ဆပိုမိုမြန်ဆန်သည်။ ထိုနည်းပြ၏ သင်ခန်းများက တကယ်အဆင့်မြင့်သော်လည်း

တကယ့်လက်တွေ့တိုက်ပွဲ၏စံနှုန်းများနှင့်ယှဉ်လျှင်တော့ ချူးယွင်ဖန်ကိုမမှီချေ။ ချူးယွင်ဖန်၏

သိုင်းပညာစွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ လုယုရှု၏ ပါရမီရှင်အတန်းဖော်များကြားမှာ

သူ့ကိုယှဉ်နိုင်မည့်လူမရှိနေပေ။ ထို့ပြင် ထိုမျှလောက်လျင်မြန်စွာတိုးတက်နိုင်သူကိုလည်း

သူမမမြင်ဖူးချေ။

သူတို့နှစ်ဦးသည်မပင်ပန်းသည့်အတိုင်း ဆက်လက်တိုက်ခိုက်နေကြသည်။

သူတို့နောက်ဆုံးမတောင့်ခံနိုင်မှသာ ရပ်တန့်ကြသည်။ သူတို့၏လက်မောင်းများတွင်

ဒဏ်ရာများအပြည့်ဖြင့်ဖုံးလွှမ်းထားသည်။ သူတို့သည် ဒဏ်ကြေလိမ်းဆေးဖျန်းပြီးနောက်

သက်သာလာလျှင် ဆက်လက်တိုက်ပွဲဝင်ကြသည်။

သူတို့၏အင်အားကုန်ခမ်းပြီးမောပန်းနွမ်းနယ်လာလျှင်

ပြန်လည်သက်သာရန်အားဖြည့်ဆေးသောက်သည်။ ယခုအခါမှာ ချူးယွင်ဖန်သည် မည်သည့်အရာကိုမှ

မပြောတော့ချေ။ သူ၏နည်းပြလစာထဲမှ ဆေးဖိုးနှုတ်ရန်ပြောထားသော်လည်း

သူသည်အောင်မြင်မှုနှုတ်ခမ်းဝကိုရောက်နေသလိုခံစားမိသည်။

ပြစ်ချက်ကင်းမဲ့အဆင့်မှပြီးပြည့်စုံခြင်းအဆင့်ကိုဖြတ်သန်းနိုင်ခြင်းသည် ကြီးမားသောခုန်ကူးမှုတစ်ခုဖြစ်ပြီး လုံးဝပြောင်းလဲမှုတစ်ခုလည်းဖြစ်သည်။ တကယ့်လက်တွေ့မှာ

နတ်ဆိုးကျားလက်သီးသိုင်းကိုကျင့်ကြံသူများစွာထဲမှ အနည်းငယ်ကသာ ပြီးပြည့်စုံခြင်းအဆင့်ကို

ကျင့်ကြံနိုင်ကြသည်။

လူအများစုသည် ထိုကဲ့သို့လက်သီးသုံးပြီးကျင့်ကြံရသောသိုင်းအပေါ်

အချိန်ကုန်မခံကြပေ။ ထို့ပြင်ဤသိုင်းသည် ရန်သူကိုခုခံရန် လေ့ကျင့်ပေးသော

အခြေခံလှုပ်ရှားမှုတစ်ခုဖြစ်သည်။ သူတို့နှစ်ဦးသည် တိုက်ခိုက်မှုကို ဝါသနာအိုးများသဖွယ်

စိတ်နှစ်ပြီးတိုက်ခိုက်ကြသည်။ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီနှင့် လေးနာရီကုန်ဆုံးခဲ့သည်။ အစတုန်းက

တစ်နေ့နှစ်နာရီပဲလေ့ကျင့်ရန် သဘောတူထားကြသည်။ အချိန်မြန်မြန်ကုန်ဆုံးသွားသည်ကို

မည်သူမျှသတိမမူမိကြပေ။

နောက်ဆုံးမှာ တိုက်ခိုက်သည့်နေရာအတွင်းအရာအားလုံးပြောင်းလဲခဲ့သည်။ ချူးယွင်ဖန်က

ရုတ်တရက်ဆိုသလို ပြောင်းလဲလာပုံရသည်။ လူတစ်ဦးက မျက်စိမှိတ်ထားလျှင် ချူးယွင်ဖန်က

လူသားမဟုတ်တော့ဘဲ သားရဲစိတ်ဝင်နေသော ကျားတစ်ကောင်အဖြစ် ခံစားမိလာသည်။ သူ့မှာ

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိပြီး သူ့ပတ်လည်မှာရှိသောလေထုသည် အေးစက်လာသည်။လုယုရှု၏ တိုက်ခိုက်မှုကိုရင်ဆိုင်ကြုံတွေ့နေရသော ချူးယွင်ဖန်သည် မျက်လုံးအစုံကို ဖွင့်ရုံမျှဖွင့်သည်။ရုတ်တရက်ဆိုသလို သူသည် တောင်ပေါ်မှာ သားကောင်ဖမ်းရန် ဆင်းသက်လာသော နတ်ဆိုးကျားတစ်ကောင်သဖွယ်ဖြစ်လာသည်။

“တောဘုရင်”

ချူးယွင်ဖန်၏ လက်သီးချက်က ရှေ့ကိုတိုးဝင်လာပြီး ထိုလက်သီးမှာ သူ၏အရှိန်အဝါများ ပါဝင်သည်။

လက်သီးမှ လာသော လေထုသည် မြားတစ်ချောင်းအသွင်ကူးပြောင်းကာ လုယုရှုထံပစ်ခွင်းသည်။

ထိုလက်သီးသည် သူမ၏လက်သီးထိုးချက်များ၏ အရိပ်များကို ချိုးဖျက်ပြီး သူမ၏မျက်နှာဆီသို့

ဦးတည်လာသည်။ သူမသည် ချက်ချင်းပင်အနောက်ကိုဆုတ်ကာ သူမ၏ ချီပင်လယ်အဆင့်တန်ခိုးများ

ကိုထုတ်သည်။ သူမ၏ လက်မောင်းကို ပင့်တင်ပြီး ချူးယွင်ဖန်၏ လက်သီးထိုးချက်ကို

ခုခံကာကွယ်သည်။

ဘန်း!

အသားနှင့်အရိုး၏ ထိရိုက်မှုအသံများထွက်ပေါ်လာသည်။ နောက်ဆုံးမှာ ချူးယွင်ဖန်၏

တိုက်ခိုက်မှုများအဆုံးသတ်ခဲ့သည်။

“ဒါက နတ်ဆိုးကျားလက်သီးသိုင်းရဲ့ နောက်ဆုံးတိုက်ကွက်ဖြစ်တဲ့ တောဘုရင်တိုက်ကွက်ဖြစ်မယ်။

ချီပင်လယ်အဆင့်မှာရှိတဲ့လူတွေပဲ သုံးနိုင်တာမလား” လုယုရှုက သူမ၏လက်မောင်းကို

အားကုန်လွှဲသည်။ သူမက အနည်းငယ် တိုက်ခိုက်ပြီးနောက် သူမ၏လက်မောင်းက

အနည်းငယ်ယောင်ကိုင်းလာသည်။

“မှန်တယ်။ ဒါက တောဘုရင်တိုက်ကွက်ပါ။ ငါက စင်းလုံးချောအဆင့်ရဲ့ ထိပ်ဆုံးကိုရောက်နေခဲ့ပြီ။

ဒါပေမဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်ဖို့ဆို တောဘုရင်တိုက်ကွက်ကို

လုပ်ဆောင်ရမယ်။ ငါက တောဘုရင်တိုက်ကွက်ကို ဖော်ဆောင်နိုင်မှပဲ ဒီသိုင်းတစ်ခုလုံးကပြီးပြည့်စုံတယ်လို့ မှတ်ယူနိုင်တယ်။ အဲ့လိုလုပ်မှသာ ပြီးပြည့်စုံခြင်းအဆင့်ကိုဖြတ်ကျော်နိုင်တာ”

ချူးယွင်ဖန်က ခေါင်းညိမ့်ပြပြီးအေးဆေးတည်ငြိမ်စွာရှင်းပြသည်။

“ဆိုလိုတာက နင်က ပြီးပြည့်စုံခြင်းအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့ပြီပေါ့”

လုယုရှုမျက်လုံးများပင်ပြူးမိသည်။ သူမကိုယ်တိုင်သာမျက်ဝါးထင်ထက်မမြင်ရပါက

နှစ်ရက်အတွင်းမှာ သူက နှစ်ဆင့်ကိုဖြတ်ကျော်နိုင်ခြင်းကို ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်မည်နည်း။

သူမ၏ အတန်းဖော်ထဲမှာ မည်သူမျှထိုကဲ့သို့ အစွမ်းမရှိနေပေ။

“မှန်တယ်” ချူးယွင်ဖန်က ပြောသည်။ သူသည် တောဘုရင်တိုက်ကွက်ကို ဖော်ဆောင်သောအခါ

သူသည် နတ်ဆိုးကျားလက်သီးသိုင်း၏နောက်ဆုံးအဆင့်ကို အမှန်တကယ်တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

All Chapters