← Chapters

သွေးအစွမ်းကို သန့်စင်ခြင်း

Vol. 38 Ch. 524

သွေးအစွမ်းကို သန့်စင်ခြင်း

Vol. 38 Ch. 524

" သုံးလ.. ဟုတ်လား.. "

ဤမျှ မြန်လိမ့်မည်ဟု လောထျန်း မျှော်လင့်မထားခဲ့မိပါချေ။

သိူ့သော် ဗောဓိစိတ်ဝိဥာဥ်က သူ့စကားကို နားလည်မှုလွဲသွားကာ အံကြိတ်၍ ပြန်ပြောလာ၏။

" ပိုအပင်ပန်းခံပြီး သေချာကြိုးစားလိုက်ရင် နှစ်လအတွင်း ရဖို့တောင် ဖြစ်နိုင်ပါတယ်... "

လောထျန်း ခေတ္တမျှ အံ့သြမှင်သက်သွားပြီးမှ အပြုံးဖြင့် ဆိုလိုက်သည်။

" ဒါဆို အကောင်းဆုံးသာ ကြိုးစားပါဗျာ ။ ခုချိန်ကစပြီးတော့ ခင်ဗျား တခြားဘာမှ မလုပ်ဘဲနဲ့ ဒီကိစ္စကိုပဲ အာရုံအပြည့်စိုက်လိုက်ပါ "

" ဟုတ်ကဲ့ပါ သခင်လေး "

ဗောဓိစိတ်ဝိဥာဥ်က ပြန်ပြော၏။

ထို့နောက်တွင်ကား.. လောထျန်း လျှို့ဝှက်ဒေသထဲမှ ထွက်လာပြီး ယဲ့ထုံလင်းတို့သုံးယောက် ရှိရာဆီသို့

သွားလိုက်သည်။

" တွေ့ရတာဝမ်းသာပါတယ် သခင်လေးလောထျန်း "

ထိုသုံးယောက်က သူ့ကို တွေ့သည်နှင့် ချက်ချင်းဦးညွှတ်အရိုအသေပေး၍ နှုတ်ဆက်၏။

လောထျန်း သူတို့ကို ကြည့်ကာ ခေါင်းအသာညိတ်လိုက်သည်။

ထိုသုံးယောက်မှာ သူနှင့် နောက်ဆုံးတွေ့စဥ်ကထက် အစွမ်းအနည်းငယ် ပိုတိုးလာခဲ့သော်လည်း..

တိုးတက်သည့် ပမာဏက အလွန်နည်းသည်ဟု ပြော၍ရပါ၏။

သို့သော် ၎င်းကို လောထျန်း နားလည်ပေးနိုင်ပါသည်။

သူတို့၏ ခန္ဓာကိုယ်များက အခြားသူများနှင့် မတူရာ.. ကျင့်ကြံခြင်း အဆင့်တက်လိုပါက အခြားသူများထက် အချိန်ပိုပေးကာ ပိုကြိုးစားရမည်

ဖြစ်သည်။

ယခု သူ လာခဲ့ရသည်မှာလည်း ထိုအကြောင်းကြောင့်ပင်။

" ဒီတစ်ခေါက် ကျုပ်လာခဲ့တာက ခင်ဗျားတို့ကို ပြစရာရှိလို့ဗျ "

လောထျန်းက ပြောပြောဆိုဆိုပင် သွေးနီနတ်ဘုရားပုလဲလုံးအား ထုတ်လိုက်သည်။

ဝီ...

ထို သွေးနီနတ်ဘုရားပုလဲလုံးကို မြင်သည်နှင့် ယဲ့ထုံလင်းတို့ သုံးယောက်လုံး နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားကြ၏။

" ကြောက်စရာကောင်းလိုက်တဲ့ ဖိအားပါလား။ ဒါ ဘယ်လိုမသေမျိုးလက်နက်လဲ.. "

သူတို့သုံးယောက်လုံး ပုလဲလုံးအား တအံ့တသြကြည့်လိုက်ကြသည်။

လောထျန်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြော၏။

" ဒီ မသေမျိုးလက်နက်က တကယ်လဲကောင်းတယ်။ ဒါပေမယ့် ကျုပ်ပြချင်တာ အဲ့ဒါမဟုတ်ဘူး "

လောထျန်း ထိုသို့ပြောနေရင်း ခေါင်းထဲအတွေးတစ်ခု ဝင်လာသည်။

ဝီ..

သွေးနီနတ်ဘုရားပုလဲလုံးဆီမှ အစွမ်းထက်သော သွေးအစွမ်းတစ်ခု ရုတ်ချည်း ထွက်လာ၏။

ထိုသွေးအစွမ်း ပေါ်လာသည်နှင့် ယဲ့ထုံလင်းတို့ သုံးယောက်လုံး တုန်သွားကြကာ သူတို့ကိုယ်ထဲမှ သွေးများလည်း ဆူပွက်လာသည်။ သူတို့ကိုယ်တိုင်လည်း အထိန်းအကွပ် မဲ့တော့မလို ဖြစ်သွား၏။

ဝှစ်..

သို့သော် ကံကောင်းစွာပင်.. လောထျန်းက လက်ဝေ့ယမ်း၍ သူတို့သုံးယောက်လုံးကို ဖိနှိပ်လာသဖြင့် သူတို့ အသိစိတ်ပြန်ဝင်ပြီး ယခင်အခြေအနေ ပြန်ဖြစ်သွားကြသည်။

" သခင်လေးလောထျန်း... ဒါက... "

ယဲ့ထုံလင်းက လောထျန်းအား တုန်လှုပ်စွာလှမ်းကြည့်လိုက်သည်။

လောထျန်း သူ့ကိုကြည့်ကာ မေးလိုက်၏။

" ခင်ဗျား ဒီသွေးအစွမ်းကို မှတ်မိလား "

သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးမှ ယဲ့ထုံလင်းက စကားစလာသည်။

" မှတ်မိတယ် သခင်လေး.. ။ အဲ့သွေးအစွမ်းက ကျုပ်တို့ကိုယ်ထဲက သွေးအစွမ်းနဲ့ ဇစ်မြစ်အတူတူပဲဗျ "

" တကယ်ကြီးလား... "

လောထျန်း မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။

" သခင်လေး.. အဲ့ပုလဲလုံးကို ဘယ်ကရခဲ့တာလဲ "

ယဲ့ထုံလင်း မေးလာသည်။

လောထျန်းက ယခင် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်၏။

သူ့စကားဆုံးအောင် နားထောင်ပြီးနောက် ယဲ့ထုံလင်း မျက်မှောင်ကြုံ့သွားတော့သည်။

" အင်း.. အဲ့ ကျရှုံးသွားတဲ့ မသေမျိုးက နောက်ထပ် အရံအစီအစဥ်တစ်ခု ထားထားခဲ့တာကိုး "

လောထျန်း အပြုံးဖြင့် ပြန်ပြောလိုက်၏။

" ဒါနဲ့... ကျုပ် အဲ့သွေးနီရုပ်သေးတွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ သူတို့ရဲ့ လျှို့ဝှက်ချက်တစ်ခုကို အမှတ်မထင် သိခဲ့ရတယ်ဗျ ။ အဲ့ဒါဘာလဲဆိုတော့ သူတို့ရဲ့ အစွမ်းက အဲ့သွေးစွမ်းအင်တွေထဲမှာ ပါနေတယ်ဆိုတာပဲ။ အဲ့တော့.. ကျုပ်သိချင်တာက တကယ်လို့ ခင်ဗျားတို့သာ ဒီသွေးအစွမ်းကို စုပ်ယူပြီး သန့်စင်လိုက်ရင်.. အစွမ်းပိုတိုးလာနိုင်လား "

" ဟင်.... "

သူ့စကားကြောင့် တဖက်လူသုံးယောက်လုံး အံ့သြမှင်သက်သွားကြသည်။

အချိန်အတန်ငယ် ကြာသွားပြီးမှသာ ဖုချင်းလျန်က ပြောလာ၏။

" အမှန်တိုင်း ပြောရရင်တော့.. အဲ့ သွေးအစွမ်းပေါ်လာတာနဲ့ ကျွန်မတို့ကိုယ်ထဲက သွေးတွေစပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာတယ် ။ ဒီသွေးအစွမ်းကိုသာ စုပ်ယူလိုက်ရင် ကျွန်မတို့တွေရဲ့ ကျင့်ကြံခြင်းအဆင့်တက်တဲ့နှုန်း ပိုမြန်ပြီးတော့ ပိုပြီးလဲ အစွမ်းထက်လာမယ်လို့ ခံစားရတယ် ။ ဒါပေမယ့်... "

သူမ ပြောနေရင်း မျက်မှာညိုသွားကာ စကားဆက်သည်။

" ဒီသွေးအစွမ်းကို စုပ်ယူလိုက်ပြန်ရင်လဲ မလွဲမသွေ တိုက်စားခံရပြီး နောက်ဆုံးမှာ အသိစိတ်မရှိတော့တဲ့ သွေးနီရုပ်သေးတွေ ဖြစ်သွားနိုင်တယ်ရှင့် ။ ကျွန်မတို့မှာ အဲ့သွေးအစွမ်းကို တန်ပြန်ထိန်းချုပ်နိုင်တဲ့ သွေးအစွမ်းတစ်ခု ရှိထားရင်တော့ တစ်မျိုးပေါ့... "

လောထျန်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

" အဲ့ကိစ္စကို ကျုပ် တွေးမိပြီးသားပါ "

သူ ထိုသို့ပြောပြီးသည်နှင့် လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး.. အခြားလက်တစ်ဖက်ဖြင့် ဓားကိုင်၍ သူ့လက်သူ ဓားဖြင့်မွှန်းလိုက်သည်။

ဝီ...

ချက်ချင်းမှာပင်.. အရှုပ်အထွေးအလင်းတန်းများ လင်းလက်နေသည့် သွေးစက်ပေါင်းရာချီ မျောလွင့်လာ၏။

ထိုသွေး ပေါ်လာသည်နှင့် အစောကရှိနေခဲ့သော သွေးအစွမ်းမှာ ချက်ချင်းပြိုကွဲသွားတော့သည်။

" ဟင်... ဒါ... "

တဖက်မှ လူသုံးယောက်မှာလည်း ၎င်းကိုကြည့်ရင်း အထိတ်တလန့် ဖြစ်သွားကြ၏။

" အရင်တည်းက ကျုပ်ရဲ့သွေးကို သုံးပြီး ခင်ဗျားတို့ရဲ့သွေးအစွမ်းကို ဖိနှိပ်ပေးမယ်လို့ ကျုပ် ကတိပေးထားခဲ့တယ်လေ။ ကဲ.. အခု ဒီသွေးကို သန့်စင်လိုက်ပါ... ။ ပြီးရင် သွေးနီနတ်ဘုရားပုလဲလုံးထဲက သွေးအစွမ်းကိုလဲ စုပ်ယူလို့ ရသွားပြီပေါ့ဗျာ "

လောထျန်းက ထိုသို့ပြောပြီးသည်နှင့် နောက်လှည့်ထွက်ခွာသွားလိုက်သည်။

ကျန်ခဲ့သူ သုံးယောက်သားက လောထျန်း၏ နောက်ကျောကိုကြည့်ရင်း ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။

ဤသို့ဖြင့် လောထျန်း သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် ကျန့်ယီက ရုတ်တရက် စကားစလာသည်။

" အကိုကြီး... သခင်လေးလောထျန်းက ပြဿနာတစ်ခုခုနဲ့များ ကြုံခဲ့ရလို့များလား.. "

ယဲ့ထုံလင်း ခေတ္တမျှ စဥ်းစားနေပြီးမှ ခေါင်းညိတ်လိုက်၏။

" အဲ့လိုနဲ့ တူတယ်ကွ။ ပြီးတော့.. ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုက ပေးလာတဲ့ဖိအားကလဲ တော်တော်ကြောက်စရာကောင်းတယ်လို့ ကြားတယ် "

ဖုချင်းလျန် အံကြိတ်၍ ဝင်ပြောလိုက်သည်။

" အဲ့လိုဆိုရင်တော့.. ကျွန်မတို့ အသက်စွန့်ရင်စွန့်ရပါစေ.. သခင်လေးလောထျန်းကို ကူညီပြီးတော့ သူရင်ဆိုင်နေရတဲ့ အခက်ခဲတွေကို မျှဝေယူကြတာပေါ့ "

ကျန့်ယီကလည်း အပြုံးဖြင့် ပြန်ပြော၏။

" အမှန်ပဲ.. ၊ ကျုပ်တို့အားလုံးရဲ့ အသက်တွေက သခင်လေးလောထျန်း ပေးထားတာပဲ ရှိတော့တာ။ ဒီတော့... ဒီတစ်ခေါက် သေရင်သေပါစေဗျာ.. ပိုအစွမ်းထက်လာအောင် မဖြစ်မနေလုပ်ရမယ်။ အဲ့ကျမှလဲ သခင်လေးလောထျန်းကို ကူညီပေးနိုင်မှာ "

" ကဲ.. ဒါဆို အခုပဲ စလိုက်ကြတာပေါ့။ ငါတို့တွေ ဒီသွေးကို အစွမ်းကုန်သုံး သန့်စင်ပြီးတော့ ပုလဲလုံးထဲမှာ ရှိနေတဲ့ သွေးအစွမ်းတွေအားလုံးကို စုပ်ယူရမယ် "

ယဲ့ထုံလင်း၏ အော်သံနှင့်အတူ သူတို့သုံးယောက်လုံး သွေးအစွမ်းကို အသည်းအသန် စတင်စုပ်ယူလိုက်ကြ၏။

ထိုအချိန်တွင် လောထျန်းမှာကား ပျောင်ပိုင်မြို့၏ ရတနာတိုက်ရှေ့သို့ပင် ရောက်နေခဲ့လေပြီ ။

" ရတနာတိုက်က တားမြစ်နေရာတစ်ခုပဲကွ ။ အပြင်လူတွေ ဝင်လို့မရဘူး "

လောထျန်း အနားရောက်သည်နှင့် အသံတစ်သံကို ကြားလိုက်ရသည်။

လောထျန်းကလည်း ထိုအသံကိုကြားသည်နှင့် အေးစက်စက်ပြန်ပြောလိုက်၏။

" လွမ့်ဟွမ်စွေ့ ... မင်းက အတင့်ရဲလှချည်လားကွ ၊ ငါ့ကိုတောင် တားရဲတယ်ပေါ့ "

သူ့အသံ ထွက်လာသည်နှင့် ရတနာတိုက်ထဲမှ ဝုန်းဒိုင်းခလုတ်တိုက်သံများ ချက်ချင်း မြည်လာသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် စိတ်ဝိဥာဥ်အရှုပ်အထွေးကြိုးက ပျော်ရွှင်စွာ ပျံသန်းထွက်လာ၏။

" သခင်လေး ရောက်လာတာကိုးဗျ ။ ကျုပ် လူကိုယ်တိုင် ထွက်မကြိုမိတာ ခွင့်လွတ်ပါဗျာ။ ကျုပ် သေသင့်ပါတယ် "

လွမ့်ဟွမ်စွေ့ အော်ပြောလိုက်သည်။

ထို စိတ်ဝိဥာဥ်အရှုပ်အထွေးကြိုးမှာ ယခင်ကတည်းက အသိဉာဏ်ရှိထားခြင်းဖြစ်ပြီး .. လောထျန်းက သူ့အား သိမ်းသွင်းပြီးနောက် ရတနာတိုက်၏ အစောင့်အကြပ်အနေဖြင့် ထားထားခဲ့ခြင်း ဖြစ်ပါသည်။

ယခု ကြည့်ရသည်မှာ ၎င်းက အလုပ်ကို သေချာလုပ်ထားဟန်ပါပင် ။

" သခင်လေး အိမ်ပြန်မလာတာ ကြာလှပြီနော်။ ကျုပ်က အများကြီး သတိရနေတာဗျ "

စိတ်ဝိဥာဥ်အရှုပ်အထွေးကြိုး ၊ လွမ့်ဟွမ်စွေ့က မျက်နှာချိုသွေး၍ ဆိုလာ၏။

လောထျန်း သူ့အား မျက်စောင်းထိုး ကြည့်လိုက်သည်။

" ငါ့ကို လျှောက်ဖားမနေနဲ့ ။ ဒီကိုလာခဲ့.. ငါ မင်းကို ပြစရာတစ်ခုရှိတယ် "

" ဟုတ်ကဲ့... သခင်လေး ဘာရတနာတွေများ ရခဲ့လဲ "

လွမ့်ဟွမ်စွေ့က ချက်ချင်းပြန်ပြော၏။

လောထျန်းက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ..

ဝုန်း..

သူ့လက်ထဲတွင် အမည်းရောင် အလင်းလုံးတစ်ခု ပေါ်လာသည်။

ထိုသို့ပေါ်လာသည်နှင့် တစ်ချိန်တည်းမှာပင် စိတ်ဝိဥာဥ်အရှုပ်အထွေးကြိုး တုန်သွားပြီး တစ်စစီ ပြတ်ထွက်တော့မလို ဖြစ်သွားပါ၏။

အချိန်အတန်ငယ်ကြာပြီးနောက်မှသာ ၎င်းက အထိတ်တလန့်ဟန်ဖြင့် ပြောလာသည်။

" အဲ့ဒါ... မိစ္ဆာအစွမ်းလား.. "

လောထျန်း အနည်းငယ် အံ့အားသင့်သွား၏။

" မင်းက သိနေတာလား.. "

စိတ်ဝိဥာဥ်အရှုပ်အထွေးကြိုးက တုန်တုန်ယင်ယင် စကားဆက်သည်။

" သိတာပေါ့ဗျာ... အဲ့ဒါက သားရဲတွေအတွက်တော့ ရတနာပဲ.. "

" ဒါကို သန့်စင်လို့ရလား "

လောထျန်း မေးလိုက်သည်။

စိတ်ဝိဥာဥ်အရှုပ်အထွေးကြိုး တုန်သွားပြန်ကာ ကြောက်လန့်တကြား ပြန်မေး၏။

" သခင်လေးက... ကျုပ်ကို ဒီဟာကို သန့်စင်ခိုင်းနေတာလား.. "

လောထျန်း မျက်မှောင်ကြုံ့သွားရသည်။

" အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေဘဲ ငါမေးတာကိုသာ ဖြေစမ်းပါ "

လွမ့်ဟွမ်စွေ့က သူ့ကိုကြည့်ရင်း ကြောက်သွားဟန်ဖြင့် ချက်ချင်း ပြန်ပြောရှာ၏။

" ဒါပေါ့ဗျာ.. ရတာပေါ့ ။ ဒီဟာကိုသာ သန့်စင်လိုက်ရင် ကျုပ်ရဲ့အစွမ်းလဲ ပိုတိုးလာမှာပဲ။ အနည်းဆုံး ဆိုရင်တောင်.. ဘယ်မသေမျိုးလက်နက်နဲ့မဆို ယှဥ်နိုင်သွားပြီ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ ။ ဒါဆို ယူသွားပြီး သန့်စင်လိုက် "

သူ ထိုသို့ပြောပြီးသည်နှင့် လက်ထဲမှ မိစ္ဆာအစွမ်းအား စိတ်ဝိဥာဥ်အရှုပ်အထွေးကြိုးဆီသို့ လှမ်းပစ်ပေးလိုက်၏။

ထိုအချိန်တွင် လွမ့်ဟွမ်စွေ့မှာ လောထျန်းက သူ့အား ဤမျှအဖိုးတန်သည့်အရာကို အမှန်တကယ် ပေးလာမည်ဟု ထင်မထားသဖြင့် အံ့သြတုန်လှုပ်ပြီး မှင်သက်နေတော့သည်။

" ကျေးဇူးတင်ပါတယ် သခင်လေး "

သူ စိတ်လှုပ်ရှားစွာ အော်လိုက်ပြီးနောက် မိစ္ဆာအစွမ်းကို ယူ၍ တစ်ကိုယ်တည်းကျင့်ကြံရန် ပျော်ပျော်ကြီး ထွက်သွားတော့၏။

" အင်း .. အဲ့လောက်နဲ့ မလုံလောက်သေးဘူး ။ ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုကို ရင်ဆိုင်ဖို့ဆို ဒီလောက်အစွမ်းနဲ့ မလောက်တာသေချာတယ်။ ကဲလေ... အချိန်နဲ့နေရာဗိမ္မာန်ကို ထပ်ဖွင့်ကြတာပေါ့ "

လောထျန်း ပျောင်ပိုင်မြို့အား လေထဲမှ ငုံ့ကြည့်ရင်း ဆုံးဖြတ်ချက် ချလိုက်သည်။

All Chapters