← Chapters

မသေမျိုးစွမ်းအင်သွေးကြော

Vol. 38 Ch. 522

မသေမျိုးစွမ်းအင်သွေးကြော

Vol. 38 Ch. 522

" ဟတ်ချိုး ... "

ပျောင်ပိုင်မြို့ပြင်တွင် ရှိနေသော လောထျန်းတစ်ယောက် ရုတ်တရက် နှာချေလိုက်သည်။

" တစ်ယောက်ယောက်ကများ ငါ့အကြောင်းကို တွေးနေတာလား "

လောထျန်း နှာခေါင်းပွတ်ရင်း ရေရွတ်လိုက်သည်။

သူ ယောင်ချီမှ ထွက်လာသည်မှာ ငါးရ​က်ကြာသွားခဲ့လေပြီ ။

ကျုံ့ကျိုးမှ မြောက်ပိုင်းဒေသသို့ လမ်းခရီးမှာ တောင်ပေါင်းများစွာနှင့် မြစ်ပေါင်းများစွာကို ကျော်ဖြတ်ရသည့် ခရီးရှည်ကြီး ဖြစ်ပါသည်။

သို့သော် စိတ်စွမ်းအင်သွေးကြောများ၏ အမြန်နှုန်းမှာလည်း မယုံနိုင်လောက်အောင်ပင် မြန်လှသဖြင့်..

ကောင်းကင်ဝါးမြို မြွေဟောက်ကြီးပေါ်တွင် ထိုင်လိုက်လာသည့် လောထျန်းမှာ ငါးရက်အတွင်း ပျောင်ပိုင်မြို့သို့ ပြန်ရောက်လာခဲ့သည်။

သို့သော် ကြားထဲတွင် စိတ်စွမ်းအင်သွေးကြောငယ်လေးများကိုလည်း ဂရုစိုက်ရသေးသဖြင့် ဤမျှ ကြာသွားခဲ့ခြင်း ဖြစ်ပါ၏။

သို့မဟုတ်ပါက သူ နှစ်ရက်ကြိုပြီး ပြန်ရောက်နေမည် မလွဲပေ။

" သခင်လေး.. နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့ "

ထိုစဥ် ပျောင်ပိုင်မြို့သား တစ်ယောက်က လောထျန်းအား တွေ့သွားသည်။

မကြာမီမှာပင် ပထမအကြီးအကဲက လောထျန်းရှေ့ ပျံသန်းရောက်ရှိလာ၏။

" ဟင်.. ပထမအကြီးအကဲ ၊ ဘာတွေ ဖြစ်လို့လဲဗျ "

လောထျန်း စိုးရိမ်တကြီး မေးလိုက်သည်။

" သခင်လေး ၊ ကျုပ်တို့ရဲ့ စိတ်စွမ်းအင်သွေးကြောက လဲကျတော့မလို ဖြစ်နေပြီဗျ ။ မြို့ထဲက စိတ်စွမ်းအင်တွေလဲ ပြီးခဲ့တဲ့ရက်ပိုင်းမှာပင် သိသိသာသာကြီးကို ထိုးကျသွားခဲ့တာ။ အခုဆို မြို့ထဲကလူတွေလဲ အလန့်တကြား ဖြစ်နေပြီးတော့ တချို့ကလဲ.. ဘာမဟုတ်တဲ့ ကောလဟာလတွေတောင် လိုက်ဖြန့်နေကြတာ။ တချို့က အဲ့စကားတွေကိုယုံပြီး ပျောင်ပိုင်မြို့ကနေတောင် ထွက်သွားကြတော့မလို့ "

ပထမအကြီးအကဲက စိုးရိမ်စွာ ဆိုသည်။

လောထျန်း မျက်မှောင်ကြုံ့သွား၏ ။

" အဲ့လို ကောလဟာလတွေ ဘယ်သူဖြန့်လဲ ဆိုတာကိုရော အကြီးအကဲသိလား "

ပထမအကြီးအကဲက နဖူးမှချွေးသုတ်ရင်း ပြန်ဖြေသည်။

" ကျုပ်တို့ သတင်းရထားတာတော့ ရှိတယ်ဗျ ။ ဒီကိစ္စမှာ ကျုံ့ကျိုးရော ၊ တောင်ပိုင်းဒေသရော ပါဝင်ပတ်သက်နေတာ "

" ကျုံ့ကျိုး နဲ့ တောင်ပိုင်းဒေသ.. ဟုတ်လား ၊ ဘယ်သူတွေလဲ "

လောထျန်း ထပ်မေးလိုက်သည်။

" ကျုံ့ကျိုးဒေသက ကျင်းဟွမ်တောင် နဲ့ တောင်ပိုင်းဒေသက ထျန်းဟူကုန် မိသားစုပါ သခင်လေး "

ပထမအကြီးအကဲ ပြန်ဖြေ၏။

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ ၊ ကျုပ် မှတ်ထားလိုက်ပါ့မယ် ။ လောလောဆယ် ဒီကကိစ္စတွေကို ရှင်းပြီးသွားမှ အဲ့ကိုသွားပြီး တရားမျှတမှု ပြန်ရှာကြတာပေါ့ဗျာ "

ထို့နောက် သူ ပျောင်ပိုင်မြို့အား လက်နောက်ပစ် ကြည့်လိုက်ပြီး စကားဆက်၏။

" အခုချိန် ပျောင်ပိုင်မြို့ကနေ ထွက်သွားချင်တဲ့ သူတွေကတော့.. သူတို့အတွေးနဲ့ သူတို့မို့ သွားကြပါစေ ။ ဒါပေမယ့် ကျုပ်အမိန့်ကိုတော့ သိအောင်ပြောပြလိုက်ပါ။ ခုချိန်ကစပြီးတော့ ပျောင်ပိုင်မြို့ကို ခြေထပ်လာချရဲရင် ကျုပ်က ဘာကိုမှ ညှာတာပေးမနေဘဲ သတ်ပစ်မှာလို့ "

" ဟုတ်ကဲ့ပါ သခင်လေး "

ပထမအကြီးအကဲ ပြန်ပြောလိုက်သည်။

" စိတ်စွမ်းအင်သွေးကြော ကိစ္စကတော့... "

လောထျန်း သူ့နောက်မှ စိတ်စွမ်းအင်သွေးကြောအား လှည့်ကြည့်ကာ အပြုံးဖြင့် ဆို၏။

" မင်းတို့အားလုံး ဒီမှာပဲ ကြည့်ကြပ်ပြီး နေကြဟေ့ ၊ ခုချိန်ကစပြီးတော့ ဒီနေရာက မင်းတို့အိမ် ဖြစ်သွားပြီ "

ဝေါင်း..

နောက်မှ စိတ်စွမ်းအင်သွေးကြောများ အားလုံးကလည်း အသံပေးကာ ပျောင်ပိုင်မြို့ဆီသို့ ပြေးသွားလိုက်ကြသည်။

ထို့နောက်တွင်ကား စိတ်စွမ်းအင်သွေးကြောများ ပျောင်ပိုင်မြို့အောက်ထဲ ဝင်သွားကြပြီး လောထျန်း၏ မျက်စိအောက်မှ ပျောက်ကွယ်သွားကြ၏။

ဝုန်း..

တစ်ချိန်တည်းမှာပင် ပျောင်ပိုင်မြို့အောက် မြေကြီးမှလည်း အဆုံးမဲ့သော စိတ်စွမ်းအင်များ တိုးထွက်လာတော့သည်။

ထိုစိတ်စွမ်းအင်များ၏ သိပ်သည်းဆမှာ ကြီးလွန်းလှ၍ အငွေ့အဖြစ် ပြောင်းသွားသည်အထိပါပင် ။

ပထမအကြီးအကဲမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့သြမှင်သက်နေတော့၏။

လက်ရှိ ပျောင်ပိုင်မြို့၏ စိတ်စွမ်းအင်သိပ်သည်းမှုမှာ ယခင်ပျောင်ပိုင်မြို့ အကောင်းဆုံးအချိန်ထက်ပင် အဆပေါင်း ရာချီ ပိုသာနေခဲ့လေပြီ ။

လောထျန်းက အကြီးအကဲကိုကြည့်ရင်း အေးအေးဆေးဆေး ဆက်ပြောသည်။

" မြို့ထဲက ကောလဟာလတွေက စိတ်စွမ်းအင်တွေ နည်းလာလို့ ဖြစ်တာဆိုတော့... ခု အခြေအနေနဲ့ဆို မြို့သူမြို့သားတွေလဲ စိတ်အေးလောက်ပါပြီ ။ ဟုတ်တယ်မလား.. "

ပထမအကြီးအကဲက ချက်ချင်းခေါင်းညိတ်ပြ၏။

" ဒါပေါ့ဗျာ.. ဒါပေမယ့်.. ကျုပ်တို့ရဲ့ အရင်စိတ်စွမ်းအင်သွေးကြောကတော့.. "

ပျောင်ပိုင်မြို့၏ နဂါးအသွင်ပြောင်း စိတ်စွမ်းအင်သွေးကြောမှာ မြို့အတွက် များစွာအလုပ်ကျွေးပြုခဲ့ဖူးပါသည်။

ပထမအကြီးအကဲမှာ ထိုစိတ်စွမ်းအင်သွေးကြော အပေါ်တွင် သံယောဇဥ်လည်း ရှိနေပြီဖြစ်သဖြင့် ၎င်းက ယခုကဲ့သို့ အခြေအနေဆိုးလာရသည်ကို မမြင်လိုပါချေ။

လောထျန်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

" အဲ့ကိစ္စကို စိတ်မပူပါနဲ့ဗျာ ။ ကျုပ်တာဝန်သာ ထားလိုက်ပါ "

သူ ထိုသို့ပြောပြီးသည်နှင့် ပျောင်ပိုင်မြို့ထဲသို့ တိုက်ရိုက်တည်နေရာရွှေ့ပြောင်းလိုက်၏။

" ငါ ပြန်ရောက်ပြီ ၊ ထွက်လာခဲ့တော့... "

လောထျန်း ပြောလိုက်သည်။

ထို့နောက်တွင်..

ဝီ..

နဂါးအသွင်ပြောင်း စိတ်စွမ်းအင်သွေးကြောက မြေကြီးအောက်ထဲမှ ခေါင်းမော့ကြည့်လာ၏။

ယခင်တစ်ကြိမ် အချိန်နှင့်နေရာဗိမ္မာန် ဖွင့်ပြီးချိန်မှစ၍ စိတ်စွမ်းအင်သွေးကြောက ခြောက်ကပ်သွားတော့မည့်ဟန် ပြလာခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် ထိုစိတ်စွမ်းအင်သွေးကြောက လအချို့ကြာ အနားယူပြီးသည့်တိုင် ပြန်လည်သက်သာကောင်းမွန်လာခြင်း မရှိဘဲ ပိုပို၍ အားနည်းလာလိမ့်မည်ဟုမူ သူ ထင်မထားခဲ့ပါ။

ယခုလက်ရှိ စိတ်စွမ်းအင်သွေးကြော၏ အသွင်မှာ ယခင်ထက် များစွာ ပိန်လှီနေရုံမက အလွန်လည်း အားနည်းနေဟန်ပါပင် ။

သို့သော်.. ၎င်းက ထိုအခြေအနေ ဖြစ်နေသည့်တိုင် လောထျန်းကို တွေ့သည်နှင့် အတင်းပွတ်သပ်လာပါ၏။

၎င်းကို ကြည့်ရင်း လောထျန်း သက်ပြင်းချလိုက်သည်။

" မင်းကို ခုလိုဒုက္ခရောက်သွားအောင် လုပ်မိသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်ကွာ "

လောထျန်း ထိုသို့ပြောပြီးသည်နှင့် လေထဲ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။

ဝုန်း..

ထို့နောက်တွင်ကား သူ့လက်ထဲတွင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများမှ စုစည်းထားသည့် ဓားတစ်လက် ပေါ်လာ၏။

" ရော့.. ဒါကို စားလိုက် "

လောထျန်း ပြောပြောဆိုဆိုပင် ဓားအား စိတ်စွမ်းအင်သွေးကြောဆီသို့ ပေးလိုက်သည်။

ဤတစ်ခေါက် ယွဲ့ယန်ကမ္ဘာသို့ ရောက်ခဲ့သည့်ခရီးတွင် စိတ်စွမ်းအင်သွေးကြောများကို အစာကျွေးရန် လိုကြောင်း သူသိခဲ့ရပါ၏။

စိတ်စွမ်းအင်သွေးကြောမှာလည်း လောထျန်းဆီမှ ဓားရှည်ကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားသည်။

ဂလု..

ထို့နောက်တွင်အား ၎င်းက ဓားကို ချက်ချင်းမြိုလိုက်၏။

ဝီ..

တစ်ချိန်တည်းနီးပါးမှာပင် စိတ်စွမ်းအင်သွေးကြောက မျက်လုံးဖြင့်ပင် မြင်နိုင်သော အရှိန်ဖြင့် ပြန်ကောင်းလာပါ၏။

ပိန်လှီနေခဲ့သော သူ့ခန္ဓာကိုယ်လေးမှာလည်း တစထက်တစ ပိုပိုကြီးထွားလာသည်။

" အိုး.. ကုန်တာမြန်လှပါလား.. ဒါဆိုလဲ ရော့ကွာ "

လောထျန်း ပြောကာ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်း လက်တစ်ဆုပ်စာကို ထပ်ယူကာ စိတ်စွမ်းအင်သွေးကြောအား ပေးလိုက်သည်။

စိတ်စွမ်းအင်သွေးကြောကလည်း အားပါးတရပင် မြိုချလိုက်ပြန်၏။

ဝီ..

သူ့ခန္ဓာကိုယ် ပြန်ကောင်းလာသည့်နှုန်းကလည်း ယခင်ထက် များစွာ ပိုမြန်လာသည်။

" ထပ်ကျွေးမယ်ကွာ.. "

၎င်းက အလွန်အကျိုးရှိနေသဖြင့် လောထျန်း စိတ်ဝင်တစား ပိုဖြစ်သွားကာ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းဓား ဆယ်ချောင်းခန့် ဆက်လုပ်ပြီး ပေးလိုက်ပြန်၏။

စိတ်စွမ်းအင်သွေးကြောမှာလည်း လောထျန်း ပေးလာသမျှ ဓားများကို ချက်ချင်းပင် ဝါးမြိုရှာသည်။

သို့သော်... ထိုစဥ်မှာပင်

ဝီ..

စိတ်စွမ်းအင်သွေးကြောက ရုတ်တရက် အလွန်နာကျင်ခံစားနေရဟန်ဖြင့် လူးလိမ့်လာပါ၏။

" ဟင်.. ဘာတွေဖြစ်နေတာလဲ "

၎င်းကိုကြည့်ရင်း လောထျန်း အံ့အားသင့်သွားရသည်။

သူသည် စိတ်စွမ်းအင်သွေးကြောအား မူလအခြေအနေ ပြန်ရောက်အောင်သာ ကူညီပေးချင်ခဲ့ပါ၏။ ထိုသို့ လုပ်နေစဥ်အတွင်း တစ်ခုခုသာ ဖြစ်သွားခဲ့ပါက သူ့အပြစ်ပင် မဟုတ်ပါလား ။

သို့သော် လောထျန်း မည်မျှပင် အော်မေးနေစေကာမူ စိတ်စွမ်းအင်သွေးကြောက မည်သို့မှပင် မတုန့်ပြန်နိုင်ရှာပါ ။

လောထျန်း အထိတ်တလန့် ဖြစ်နေစဥ်မှာပင်..

သူ့အနောက်ဘက်၌ ဗောဓိပင်၏ စိတ်ဝိဥာဥ် ရုတ်တရက် ပေါ်လာသည်။

" သခင်လေးလောထျန်း ၊ စိတ်မပူပါနဲ့... သူ ဘာမှမဖြစ်ပါဘူး ။ ကျွန်မ သခင်လေးကို ဂုဏ်ပြုစကား ပြောချင်လို့ လာခဲ့တာပါ "

သူမ အေးအေးဆေးဆေး ပြောသည်။

" ဟင်.. ဂုဏ်ပြုမှာ... ဘာအတွက် ဂုဏ်ပြုမှာလဲ "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

ယခုလိုအချိန်မျိုးတွင် ဘာအတွက် ဂုဏ်ပြုစကား ဆိုနေရပါသနည်း။

ဗောဓိစိတ်ဝိဥာဥ်က အေးအေးဆေးဆေးပင် စကားဆက်သည်။

" သခင်လေး လောထျန်းက စိုးရိမ်စရာတွေ များလွန်းလို့ သတိမထားမိဘူး ဖြစ်နေတာနဲ့တူတယ် ။ သခင်လေးရဲ့ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး စိတ်စွမ်းအင်သွေးကြောကို ကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ် "

လောထျန်း ခေတ္တမျှ အံ့အားသင့်နေပြီးနောက် ချက်ချင်း သူ့စိတ်ဝိဥာဥ်အစွမ်းကို ထုတ်သုံး၍ စိတ်စွမ်းအင်သွေးကြောအား စစ်ဆေးကြည့်လိုက်၏။

" ဟင်.. ဘာတွေဖြစ်နေတာလဲ ။ သူ့ကိုယ်ထဲမှာ ဘာဖြစ်လို့ မသေမျိုးအစွမ်းတွေ ရှိနေတာလဲ "

လောထျန်း အံ့သြမှင်သက်သွားရသည်။

ဗောဓိပင်က အပြုံးဖြင့် ပြန်ပြော၏။

" အဲ့ဒါ ဘာလို့လဲဆိုတော့.. စိတ်စွမ်းအင်သွေးကြောက အဆင့်တက်လာလို့လေ။ အခု သူက ရိုးရိုးစိတ်စွမ်းအင်သွေးကြောအဖြစ်ကနေ.. မသေမျိုးစွမ်းအင်သွေးကြော အဖြစ်ကို ရောက်သွားတော့မှာ သခင်လေးရဲ့ "

" ဘယ်လို.. ဘယ်လို... "

လောထျန်း ပို၍ အံ့အားသင့်သွားရပါ၏။

ဗောဓိပင်က စကားဆက်သည်။

" ကျွန်မ ငယ်ငယ်လေးတုန်းက အပေါ်ကမ္ဘာမှာ ကြီးပြင်းလာရတာ သခင်လေးရဲ့။ အပေါ်ကမ္ဘာနဲ့ အခု ထျန်းယွမ်ကမ္ဘာနဲ့ကြားက အကြီးမားဆုံး ကွာဟချက်က ဘာလဲဆိုတော့... အပေါ်ကမ္ဘာက ကောင်းကင်နဲ့မြေကြီးကြားမှာ စိတ်စွမ်းအင်တွေအပြင် မသေမျိုးအစွမ်းတွေပါ ရှိတာပဲ။ အဲ့မသေမျိုးအစွမ်းတွေကို ထုတ်ပေးတဲ့ အရင်းမြစ်ကတော့ မသေမျိုးစွမ်းအင်သွေးကြော တွေပေါ့ရှင် "

" အဲ့ဒီ မသေမျိုးစွမ်းအင်သွေးကြော ဆိုတာကလဲ

စိတ်စွမ်းအင်သွေးကြောတွေကနေ အဆင့်တက်ပြီး ပြောင်းလဲလာတာ။ ဒါပေမယ့် အပေါ်ကမ္ဘာမှာတောင် စိတ်စွမ်းအင်သွေးကြောကနေ မသေမျိုးစွမ်းအင်သွေးကြောအဖြစ် တိုးတက်ပြောင်းလဲဖို့ဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကို အနည်းဆုံး နှစ်တွေ ရာ ၊ ထောင်ချီပြီး အဆက်မပြတ် စုပ်ယူပြီးမှ အောင်အောင်မြင်မြင် ပြောင်းလဲနိုင်တာ "

" အခုကျတော့... သခင်လေး သူ့ကို ကျွေးလိုက်တဲ့ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းပမာဏနဲ့ စိတ်စွမ်းအင်သွေးကြောက စုပ်ယူလိုက်တဲ့ အမြန်နှုန်းနဲ့ကို ကြည့်လိုက်ရင်... အနည်းဆုံးဆိုရင်တောင် နှစ်တွေ ရာ၊ထောင် ချီကြာ ကြိုးကြိုးစားစား ကျင့်ကြံတာနဲ့ ညီမျှနေတယ် ။ ဒါ့ကြောင့်မို့လဲ စိတ်စွမ်းအင်သွေးကြောက မသေမျိုးအစွမ်းသွေးကြောအဖြစ်ကို ပြောင်းလဲသွားခဲ့တာပဲ "

" ဒါ.... "

လောထျန်း အနည်းငယ် ရှက်သလို ဖြစ်သွားသည်။

သူသည် စစချင်းတွင် စိတ်စွမ်းအင်သွေးကြောအား မူလအခြေအနေ ပြန်ရောက်အောင်သာ လုပ်ချင်ခဲ့ပါ၏။

သို့သော်.. သူ သုံးသည့်အစွမ်းများသွားပြီး ၎င်းက မသေမျိုးစွမ်းအင်သွေးကြောအဖြစ် တိုးတကိပြောင်းလဲသွားမည်ဟု သူ မည်သို့ ထင်မိပါမည်နည်း။

All Chapters