← Chapters

အခန်း ၃၁-၃၃

Vol. 3 Ch. 31-33

အခန်း ၃၁-၃၃

Vol. 3 Ch. 31-33

အပိုင်း (၃၁)- ညီမလေး၏ဂရုစိုက်မှု

နောက်တစ်နေ့မနက်တွင် ချူးယွင်ဖန်သည် ပိုက်ဆံခုနှစ်သိန်းရရှိခဲ့သည်။ စာချုပ်အရ သူသည်

ဒီတစ်ကြိမ်မှာ လုချင်းရွှမ်ဆီမှ ပိုက်ဆံတစ်သန်းရရှိမည်။ သူမထံမှ ချီအင်အားဖြည့်ဆေးဝယ်ယူရန်

သုံးသိန်းကိုနှုတ်ယူလိုက်သောအခါတွင် ကျန်ရှိနေသော ခုနှစိသိန်းကို လွှဲပေးလာခြင်းဖြစ်သည်။

“ငါ ပိုက်ဆံရပြီ။ ငါမှန်းထားတဲ့အချိန်ထက်နည်းနည်းပိုစောတာပဲ” ဟု ချူးယွင်ဖန်က တွေးမိသည်။

ဖန်ဒေယင်းနှင့်ပြိုင်ပွဲသည် နောက်လာမည့်တစ်ပတ်အတွင်းတွင်စတင်တော့မှာမို့ သူအနေဖြင့် အဆင့်-၉ကို ဖြတ်ကျော်ရန် လုံလောက်သည်။ ထို့ပြင်ထိုတိုက်ပွဲမှ သူ၏ဂုဏ်သတင်းများလည်း ကြီးထွားလာမှာဖြစ်ပြီး လူမသိသူမသိနေရမည့်အချိန်မဟုတ်တော့ပေ။

ကောလိပ်ဝင်ခွင့်စာမေးပွဲကြီးကျင်းပရန် တစ်နှစ်တောင်မလိုတော့ပေ။ ထိုစာမေးပွဲမတိုင်ခင်မှာ အစွမ်းပြနိုင်လျှင် ကျောင်းများ၏ စိတ်ဝင်စားမှုကိုခံရပြီး လေ့ကျင့်ပေးခံရနိုင်သည်။

ထိပ်သီးကျောင်းဆယ်ကျောင်းနှင့် ပြည်ထောင်စုတက္ကသိုလ်ကိုဝင်ရောက်နိုင်မည့်အခွင့်အလမ်းများ သိသိသာသာ မြင့်တက်လာသည်။ အရည်အချင်းများကိုဖုံးကွယ်ပြီး မထင်မရှားနေထိုင်မှုအား ဆက်ပြီးအားမရတော့ပေ။ ခွန်လွန်းခေတ်မှာ အရည်အချင်းရှိသူများကို နယ်ချဲ့ထွင်သူများအဖြစ်အသိအမှတ်ပြုကြပြီး အရည်အချင်းရှိသူများက လူသားများအတွက်

စတေးခံကြသည်။ ထိုအရာသည် တစ်ကမ္ဘာလုံးမှာ နာမည်ကြီးထင်မြင်ယူဆချက်တစ်ခုဖြစ်သည်။ သူက

ပိုက်ဆံခုနှစ်သိန်းရသောအခါ သူ၏စိတ်ဓာတ်များတက်ကြွလာခဲ့သည်။

သူက အိမ်မှာနေလိုစိတ်မရှိတော့ပေ။ သူကချီအားဖြည့်ဆေးဖော်စပ်ရန် လုချင်းရွှမ်၏ကုမ္ပဏီကို သွားရန်လိုအပ်လာသည်။ သူကကျောင်းသွားရမည်ဖြစ်သော်လည်း တစ်ရက်ခွင့်ယူလိုက်သည်။

တတိယတန်းကျောင်းသားများသည် အစွမ်းကုန်လေ့ကျင့်ရန် လိုအပ်သဖြင့် ခွင့်ယူကြသည်မှာ ပုံမှန်ပဲဖြစ်သည်။ တစ်ခါတလေမှာ တံခါးပိတ်ကျင့်ကြံမှုသည် ရက်ပေါင်းများစွာကြာမြင့်သည်။ ပုံမှန်အားဖြင့် ကျောင်းသားများသည် ကျောင်းမှာပဲအချိန်ပြည့် နေ့တိုင်းရှိနေရန် မဖြစ်နိုင်ပေ။ နောက်နေ့များမှာ ဂေါင်ဟုန်ချီလည်းပဲကျောင်းမလာပေ။

ချူးယွင်ဖန်းက သူနှင့်သီးသန့်ပြောဆိုသောအခါတွင် သူက ချီစွမ်းအင်ဖြည့်တင်းခြင်းအဆင့်ကိုပြီးမြောက်ပြီး ချီပင်လယ်အဆင့်ကို တက်လှမ်းတော့မည်ဆိုတာ သိခဲ့ရသည်။ ဂေါင်ဟုန်ချီသည် သူ၏ကျင့်ကြံခြင်းနှင့် ကျောင်းဝင်ခွင့်ရနိုင်သော ထိပ်တန်းကျောင်းသားအုပ်စုထဲမှာ တစ်ဦးဖြစ်သော်လည်း ချီပင်လယ်အဆင့်ကိုရောက်ရှိပါက လုံးဝကွဲပြားသွားတော့မည်။ မေဂျာမခွဲခင်မှာ

ချီပင်လယ်အဆင့်ကိုရောက်ရှိပါက ကျောင်းတစ်ကျောင်းလုံးမှာရှိသော အရင်းအမြစ်များကို ထိုကဲ့သို့ကျောင်းသားအုပ်စုများကို လေ့ကျင့်ခြင်းအပေါ်မှာ ပုံအပ်ထားကြသည်။

ချူးယွင်ဖန်အပြင်ထွက်ဖို့ပြင်သောအခါ သူ့ညီမဖြစ်သူ ချူးချင်ရွှမ်က သူ့ကိုအကြောင်းရှိသည့်ပုံစံဖြင့် ဟန့်တားသည်။ သူက ထူးဆန်းသည်ဟုတွေးမိသောအခါ သူ၏ဘဏ်အကောင့်ထဲသို့ ပိုက်ဆံငါးသောင်း ဝင်လာသည်ဟု သူ့ဖုန်းမှ အချက်ပြသံကိုကြားမိသည်။ သူ့ကိုပိုက်ဆံလွှဲပေးသူမှာ

သူညီမလေးဖြစ်နေသည်ကိုသိရသောအခါ မယုံကြည်နိုင်အောင်ဖြစ်ရသည်။

“ညီမလေး..ဒီပိုက်ဆံတွေကိုဘယ်ကရတာလဲ။ ပြီးတော့ ကိုကို့ကို ဘာလို့လွှဲပေးတာလဲ” ချူးယွင်ဖန်က

မျက်မှောင်ကြီးကြုံ့ပြီးမေးမိသည်။

“အွန်လိုင်းတင်ဆက်သူလုပ်တာကနေ ပိုက်ဆံရလာတာ” ချူးချင်ရွှမ်က ပြန်ဖြေသည်။

“အွန်လိုင်းတင်ဆက်သူ” ချူးယွင်ဖန်၏ မျက်မှောင်က ပိုပိုပြီးကြုံ့လာသည်။ သူက

ထိုလုပ်ငန်းအကြောင်းနားမလည်သော်လည်း ပရိတ်သက်များအကြိုက်တွေ့ပါက

ဆုချီးမြှင့်ကြသည့်စနစ်ရှိတာကို သူနားလည်သည်။ ချူးချင်ရွှမ်သည် ရက်အနည်းငယ်ပဲအလုပ်လုပ်ရသေးတာကို ပိုက်ဆံငါးသောင်းရှာနိုင်ခဲ့သည်။

ထိုအရာသည် လုံးဝအဓိပ္ပါယ်မရှိပေ။

“ညီမလေး အွန်လိုင်းတင်ဆက်သူလုပ်တာ သိပ်မကြာသေးတာကို ဘယ်လိုလုပ်ပြီး

ဒီလောက်ပိုက်ဆံတွေရလာတာလဲ” ချူးယွင်ဖန်က မကောင်းသည့်အတွေးများတွေးမိသည်။ သူက

ထိုလုပ်ငန်းနှင့် အကျွမ်းတဝင်မရှိသော်ငြား ကောကဟာလများစွာကြားဖူးနေသည်။

ချမ်းသာသောပွဲကြည့်ပရိတ်သက်များက တင်ဆက်သူများနှင့် ပရောပရည်ပြုလုပ်ကြသည်မှာ

ပုံမှန်လိုဖြစ်နေသည်။

“ဘာလို့လဲဆိုတော့ လူတစ်ယောက်က ညီမလေးကိုဆုချခဲ့တာ။ ကိုကို..ညီမလေးက အွန်လိုင်းတင်ဆက်သူ လုပ်တာမကြာသေးပေမဲ့ ဗီဒီယိုနောက်ခံစကားပြောအတွေ့အကြုံရှိတယ်လေ။

ပြီးတော့ ညီမလေးကိုအချိန်အကြာကြီး အားပေးတဲ့ပရိတ်သတ်တစ်ဦးရှိတယ်။ သူကပဲ ညီမလေး အွန်လိုင်းတင်ဆက်သူ စလုပ်တော့ ပိုက်ဆံတစ်သိန်းပေးခဲ့တာ။ ဒါပေမဲ့ အလုပ်က တစ်ဝက်ကို ဖြတ်ယူတာမို့ ကျန်တဲ့ ငါးသောင်းကို ကိုကို့ဆီကိုလွှဲပေးတာ” ဟု ချူးချင်ရွှမ်ကရှင်းပြသည်။

“သူက ယောကျာ်းလေးလား မိန်းကလေးလား”

ချူးယွင်ဖန်က တဲ့တိုးမေးလိုက်သည်။

“မိန်းကလေးပါ” ချူးချင်ရွှမ်ကို လျှာထုတ်ပြပြီးပြန်ဖြေသည်။ “စိတ်မပူပါနဲ့

ကိုကိုရယ်..ကိုကို့ညီမလေးက နားလည်ပါတယ်။ မမကျီချင်းက ညီမလေးနောက်ခံ စကားပြောသူလုပ်ကတည်းက အားပေးလာတဲ့ အမာခံပရိတ်သတ်ပါ။ မမက

ချမ်းသာတယ်ဆိုတာ ညီမလေးက သိတောင်မသိဘူး”

“အို” သူ၏ညီမလေး၏အဖြေကိုကြားရတော့မှ ချူးယွင်ဖန်သည် စိတ်သက်သာရာရမိသည်။

သူ့ညီမလေးက မွေးရာပါရောဂါသည်လေးဖြစ်သော်ငြား သူမကတည်ငြိမ်ရင့်ကျက်ပြီး အကင်းပါးသည်။

တချို့ဆယ်ကျော်သက်များကကလန်ကဆန်ပြုမူသော်လည်း သူမကထိုကဲ့သို့ မဟုတ်ပေ။ ထို့ကြောင့်

သူစိတ်ပူစရာမလိုပေ။

“ကိုကို..ညီမလေးတို့မိသားစုဝင်ငွေတွေကို ညီမလေးရဲ့ရောဂါကုသဖို့ နှစ်အတော်ကြာသုံးခဲ့ရတယ်။

ကိုကိုလုပ်ချင်တဲ့အရာတွေအတွက် နည်းနည်းပဲထောက်ပံ့ပေးနိုင်ခဲ့တာ။ တကယ်တော့ ကိုကိုက ဘာအထောက်အပံ့မှ မရခဲ့ပါဘူး။ အရင်တုန်းက ကိုကို့အတွက်အကူအညီမဖြစ်ခဲ့တာတွေကို မေ့လိုက်ပါတော့။ အခုတော့ ကိုကို့အတွက် အကူအညီရဖို့ ညီမလေးတတ်နိုင်သမျှ ကြိုးစားမယ်။ သိပ်မကြာခင်မှာ ကိုကို ဝင်ခွင့်စာမေးပွဲကြီးဖြေရတော့မှာမလား။

ဒီပိုက်ဆံနဲ့ ခန္ဓာကိုယ်အားဖြည့်ဆေးဖြစ်ဖြစ် ဝယ်နိုင်မလားဆိုတာ ကြည့်လိုက်ပါဦး။ ဝယ်နိုင်တယ်ဆို ကိုကိုက သေချာပေါက် သိုင်းပညာမေဂျာရမှာ” ချူးချင်ရွှမ်က စိတ်လိုလက်ရပြောဆိုသည်။

ချူးယွင်ဖန်က သူ၏ညီမလေးကိုကြည့်လိုက်သည်။ သူမက ဘာမှမသိလောက်ဘူးဟု တစ်ချိန်လုံးထင်နေမိသော်လည်း အမှန်တကယ်တော့ သူမက အရာအားလုံးသိနေခဲ့သည်။ သူမက မိသားစုကို တတ်နိုင်သလောက်ကူညီပေးချင်သည်။

ချူးယွင်ဖန်က ပြုံးပြပြီး စကားဆိုသည်။ “မစိုးရိမ်ပါနဲ့..ကိုကိုက အခုအရင်လိုမဟုတ်တော့ပါဘူး။

ပြောင်းလဲနေပြီ။ ကိုကိုက သိုင်းပညာလိုင်းကို ဝင်ဖို့အတွက် ပြသနာမရှိပါဘူး”

သူ့စကားဆုံးသည်နှင့် ချူးချင်ရွှမ်၏ အကောင့်ထဲသို့ ပိုက်ဆံတစ်သိန်းခွဲလွှဲပေးသည်။

“ကိုကို..ဒီလောက်ပိုက်ဆံအများကြီးဘယ်ကရလာတာလဲ” သူမကအလန့်တကြားမေးသည်။

သူမအကိုက အလုပ်လုပ်နေသည်ဆိုတာ သိထားသော်လည်း အချိန်ပိုင်းအလုပ်မှ ဒီလောက်ပိုက်ဆံများစွာ ရှာနိုင်ပါ့မလား။ သူရသည့် ပိုက်ဆံကလည်း ကျင့်ကြံခြင်းအတွက် သုံးစွဲရန်ပင် မလုံလောက်ချင်ပေ။

“ညီမလေးပဲငွေရှာနိုင်တယ်ထင်နေလား။ ကိုကို့မှာလည်း နည်းလမ်းတွေရှိပါတယ်”

“ကိုကိုတို့မိသားစုအခြေအနေက ဒီနှစ်တွေမှာ ကြပ်တည်းတာမို့ ညီမလေးသုံးဖို့ငွေတောင်မပေးနိုင်ခဲ့ဘူး။

ပိုက်ဆံတစ်သိန်းခွဲယူပြီး လိုတဲ့နေရာမှာသုံးပါ။ ညီမလေးကမိန်းကလေးဆိုတော့ ဝယ်ချင်တဲ့ပစ္စည်းတွေများမှာပဲ”

“ဟုတ်ကဲ့ပါ” ချူးချင်ရွှမ်သည် အံ့အားသင့်ရုံကလွဲပြီး ဘာမှထပ်မပြောတော့ပေ။သူ့အကိုက အရာရာကို

တာဝန်ကျေပွန်စွာထမ်းရွက်တာကို သူမနားလည်သည်။ သူမက ချူးယွင်ဖန်ကို တစ်ချက်ကြည့်ကာ

“ကိုကိုက မကြာသေးခင်ကမှ သိသာတဲ့ပြောင်းလဲမှုရှိခဲ့တာပဲ။ ကိုကိုက အခု အခြေတည်အဆင့်ရဲ့

အမြင့်ဆုံးအနေအထားမှာရှိနေလောက်မယ်”

သူမက ယခင်ရက်များတုန်းက တစ်စုံတစ်ရာကိုသတိထားမိသော်ငြား သူ့ကို သေချာအကဲမခတ်ခဲ့ပေ။

သူမအကို၏ ပြောင်းလဲမှုသည် တကယ့်ကိုထူးဆန်းဖွယ်ရာဆိုတာ သိလိုက်ရသည်။

“ညီမလေးကပြောနိုင်တယ်” ချူးယွင်ဖန်အံ့ဩမိသည်။

“ဒါက ထူးမှမထူးဆန်းတာ။ ဒါတွေက ညီမလေးတို့လို တင်ဆက်သူတွေသိထားတဲ့ အခြေခံအချက်တွေလေ။ တင်ဆက်သူမလုပ်ခင်မှာ နောက်ခံစကားပြောသူလုပ်ဖူးတာမို့ သိုင်းပညာရှင်များစွာမြင်ဖူးတယ်”

“ကိုကိုက သွေးသစ်လောင်းခြင်းအဆင့်ကိုပြီးမြောက်ထားတဲ့ သိုင်းပညာရှင်နဲ့တူတယ်။ ပြီးတော့ ကိုကို့အရှိန်အဝါက သူတို့ထက်ပိုပြီးကြီးမားတယ်” သူမအကိုက သွေးသစ်လောင်းခြင်းအဆင့်ကို ဖြတ်ကျော်နိုင်သည့်အပေါ် ချူးချင်ရွှမ်ပျော်မိသည်။ သူမအကို၏အိမ်မက်သည် သိုင်းပညာလိုင်းဝင်ခွင့်ရရန် သွေးသစ်လောင်းခြင်းအဆင့်ကို ဝင်ရောက်ခြင်း ဖြစ်သည်ဆိုတာ သူမနားလည်သည်။ ပုံမှန်အတိုင်းဆို သူ့အိမ်မက်များ အကောင်ထည်ပေါ်လာသည်ကို သူမ ဝမ်းသာမိရမှာဖြစ်သည်။ ယခုတော့ သူမအံ့အားသင့်နေမိသည်။ သူမ၏အကိုက အရှိန်အဝါများကို ဖုံးကွယ်ထားသော်လည်း သူမ၏ စုံထောက်မျက်ဝန်းအစုံက သူက အဆင့်တူမှာရှိနေသောလူများထက် အားကောင်းသည်ဆိုတာ သတိထားမိသည်။

“ဟားဟား..ဟုတ်တယ် ကိုကိုက မကြာသေးခင်ကမှ အဆင့်-၇ကို ဖြတ်ကျော်ခဲ့ပြီးပြီ။ ကိုကို့အတွက်

စိတ်မပူပါနဲ့။ ကိုကို့ဘာသာ အဆင်ပြေအောင်လုပ်နိုင်ပါတယ်” ချူးယွင်ဖန်က

အားပါးတရရယ်မောကာပြောသည်။ လက်တွေ့မှာ အဆင့်-၇ သွေးသစ်လောင်းခြင်းအဆင့်ကို

ရောက်ပါက အခြေတည်အဆင့်၏ အဆုံးသတ်ကိုရောက်ရှိသည်ဟု ဆိုကြသည်။

စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းသည် သွေးသစ်လောင်းခြင်းနှင့် ယှဉ်ပါက ရုပ်ခန္ဓာအပေါ်ကို

အကျိုးသက်ရောက်မှုမရှိပေ။ ခန္ဓာကိုယ်ကို ရှုထောင့်မျိုးစုံမှ ထိန်းချုပ်နိုင်ရန် အရေးပါသောအဆင့်တစ်ခု ဖြစ်သည်။ ကနဦးစွမ်းအင် ၁၀၀%နှင့် နှိုင်းယှဉ်ပါက ၁၂၀%ထိ စွမ်းဆောင်နိုင်တာမို့ စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းသည် သွေးသစ်လောင်းခြင်းထက် တန်ခိုးကြီးသည်။ ထိုအချိန်မှာချီအားဖြည့်ခြင်းအဆင့်ကိုရောက်ရှိသောအခါ စစ်မှန်စွမ်းအင်ကို ရှုရှိုက်ခြင်းသည် ကိုယ်တွင်းအင်္ဂါများနှင့် ချီပင်လယ်ကိုအသက်သွင်းရုံသာမက ခြေလက်များပတ်လည်တွင် စစ်မှန်စွမ်းအင်က ရစ်ပတ်ထားပါက ထိုခြေလက်များ၏အစွမ်းလည်း အဆပေါင်းများစွာတိုးတက်လာသည်။ အဆုံးသတ်မှာတော့ သူ့ညီမလေး၏ ရောဂါကုသရန်အတွက် ပိုက်ဆံရှာရခြင်းအကြောင်းအား သူမကိုမပြောပြရန် ချူးယွင်ဖန် ဆုံးဖြတ်မိသည်။သူက ထိုအရာကို လျှို့ဝှက်ထားချင်သည်။

“ကောင်းပြီ..ဒါဆို ကိုကိုအပြင်သွားဦးမယ်။ အင်တာနက်ပေါ်မှာ

ညီမလေးကြိုက်တာရှာပြီးဝယ်လိုက်နော်။ ကိုကိုဝယ်ပေးမယ်”

ချူးယွင်ဖန်က ချူးချင်ရွှမ်၏ ခေါင်းကိုအသာအယာပုတ်ပြီး အိမ်မှထွက်လာခဲ့သည်။

သူသည် လုချင်းရွှမ်၏ ကုမ္ပဏီကိုရောက်သောအခါ သူမက သူ့ကိုခရီးဦးကြိုနှင့်နေသည်။

သူမနှင့်မတွေ့ရတာ နှစ်ရက်ပဲရှိသော်ငြား သူမက တခြားလူတစ်ဦးလို ပြောင်းလဲသွားသည်ကို

ခံစားမိသည်။သူမက လန်းဆန်းတက်ကြွနေသည်။

လွန်ခဲ့သောနှစ်ရက်ခန့်က တင်းမာနေပြီး စိတ်မနည်းတည်ငြိမ်အောင်ထားနေရသော သူမပုံစံနှင့်တခြားစီဖြစ်သည်။ ကုမ္ပဏီလည်းပဲ အများကြီးပြောင်းလဲသွားသည်။ လွန်ခဲ့သောနှစ်ရက်က ကုမ္ပဏီကိုရောက်ခဲ့တုန်းကညတိတ်ဆိတ်ငြိမ်သက်ပြီး လူတစ်ဦးမှ မရှိနေပေ။ ယခုတော့ ကုမ္ပဏီသည်ပြောင်းလဲသွားပြီး ဝန်ထမ်းများလည်း ညတွင်းချင်းပြန်ရောက်လာသကဲ့သို့ဖြစ်နေသည်။ ကုမ္ပဏီက ဒေဝါလီမခံတော့ဘဲ ဝန်ထမ်းများလည်း စိတ်ဓာတ်တက်ကြွလာခဲ့သည်။

စာချုပ်လည်း အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ကုမ္ပဏီ၏လုပ်ငန်းများ၊ အချိတ်အဆက်များနှင့်

ဂုဏ်သတင်းလည်းကြီးမားလာသည်။ ဝန်ထမ်းများအတွက် ဒီ့ထက်ကောင်းသော အနေအထားဟူ၍

မရှိတော့ပေ။

“ဆရာချူး..စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်” လုချင်းရွှမ်က သူ့ထံချဉ်းကပ်လာသည်။

သူမရှေ့မှာရှိနေသော ထိုကောင်လေးကိုယ်တိုင် သူမ၏ကုမ္ပဏီကိုကယ်တင်ခဲ့သည်။ သူမ၏ လုပ်ငန်းကို

ချူးယွင်ဖန်က ပြန်လည်ရှင်သန်လာစေခဲ့သည်။

“အဆင်ပြေတယ်မလား..ဒါရိုက်တာ လု..စာချုပ်လည်း အဆင်ပြေမယ်ထင်ပါတယ်” ဟု

ချူးယွင်ဖန်ကမေးသည်။သူက ပိုက်ဆံလက်ခံရရှိကတည်းက အဆင်ပြေသည်ဆိုတာ သိနေခဲ့သည်။

“ဟုတ်ပါတယ်။ အားလုံးဆရာ့ကျေးဇူးကြောင့်ပါ”လုချင်းရွှမ်က

ကျေးဇူးတင်စိတ်အပြည့်ဖြင့်ပြောသည်။

“ကျွန်မတို့ ရဲ့ဖောက်သည်နဲ့ ကုန်သွယ်ရေးကိစ္စတွေအကုန် အဆင်ပြေခဲ့ပါတယ်။ ကျွန်မအဖေကလည်း

သူတို့ကိုအချိန်စောင့်ပေးဖို့ပြောခဲ့ပေမဲ့ မရခဲ့ပါဘူး။ ကျွန်မတို့ကျရှုံးခဲ့လျှင် ကုမ္ပဏီက

ဒေဝါလီခံရတော့မှာပါ..ဆရာက ကျွန်မတို့အားလုံးကိုကယ်တင်ပေးခဲ့တာပါ”

“ရပါတယ်။ နှစ်ဖက်လုံးအကျိုးရှိတာပဲလေ။ ကုမ္ပဏီရဲ့စမ်းသပ်ခန်းကို ဘယ်သူမှ

သုံးမနေဘူးလို့ထင်ပါတယ်။”

“မရှိပါဘူး။ အခန်းအလွတ်ပဲရှိနေပါတယ်။ ဆရာက စမ်းသပ်ခန်းကိုသုံးနိုင်ဖို့စောင့်နေကြတာပါ။

ဆေးမြစ်တွေကိုလည်း စမ်းသပ်ခန်းကိုရွှေ့ပြီးပါပြီ”

ကုမ္ပဏီမှာ ယခင်တုန်းက ခန့်အပ်ထားခဲ့တဲ့ ပညာရှင်တွေကလည်း ရွှေ့ပြောင်းကုန်တာမို့

အသစ်ထပ်ခန့်နိုင်ရန် ကြိုးစားနေကြသည်။ ချူးယွင်ဖန်သာမသုံးပါက သုံးမည့်သူမရှိဘဲ အခန်းက

လွတ်နေမည်။

“ကောင်းပြီ..သွားကြစို့လေ” ဟုချူးယွင်ဖန်ကဆိုသည်။ထိုအချိန်မှာ သူတို့၏ သူဌေးက လူငယ်လေးကို

ခရီးဦးကြိုပြီး စမ်းသပ်ခန်းဆီသို့ခေါ်သွားတာကိုမြင်သောအခါ သူတို့သူဌေးလေးစားနေးသော

ထိုလူငယ်လေးက ဘယ်လိုလူမျိုးလဲဆိုတာ ဝန်ထမ်းများက သိချင်နေကြသည်။

“ဘယ်သူများပါလိမ့်။ ချမ်းသာတဲ့မိသားစုက သူဌေးသားများလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါရိုက်တာ လုကမာနကြီးတယ်။ သူမက တစ်ယောက်ယောက်ကိုကြိုဆိုဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ကုမ္ပဏီကြီးက သူဌေးသားတွေကိုတောင်

မကြိုဆိုခဲ့တာလေ”

“ဒါရိုက်တာ လုက သူ့ကိုဆရာချူးလို့ခေါ်တာငါကြားလိုက်မိတယ်။ ဒါဆို သူက ဆေးပညာရှင်ကြီးလား”

“သူက အဲ့လိုကျတော့လည်း အရမ်းငယ်နေတာ” “ဘယ်သူပြောနိုင်မှာလဲ။ ဆေးပညာရှင်တွေမှာ

သူတို့ကိုယ်သူတို့ ငယ်ရွယ်နုပျိုအောင်လုပ်နိုင်တဲ့ ဆေးတွေရှိချင်ရှိမှာပေါ့”

အပိုင်း (၃၂)- ချီအားဖြည့်ခြင်းအဆင့်ကိုချဉ်းနင်းဝင်ရောက်လာခြင်း….

လုချင်းရွှမ်၏ ကုမ္ပဏီဝန်ထမ်းမည်သူမှ ချူးယွင်ဖန်းကိုမမြင်ဖူးပေ။ ထို့ကြောင့် ဆေးပညာရှင်က ကိုယ့်ကိုကိုယ် နုပျိုစေရန် ဖန်တီးထားကြသည်ဟု သူတို့တွေးကြသည်။ ထိုအတွေးသည် စိတ်ကူးယဉ်ဆန်သော်ငြား ဤမျှငယ်ရွယ်သောသူ့ကို ဆေးပညာရှင်အစစ်အမှန်အဖြစ်လက်ခံခြင်းထက် သာလွန်သေးသည်။ ချူးယွင်ဖန်းသည် လုချင်းရွှမ်ကုမ္ပဏီ၏ စမ်းသပ်ခန်းကို ဒုတိယအကြိမ်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ စမ်းသပ်ခန်းထဲတွင် စုပုံထားသော ဆေးမြစ်များစွာရှိနေသည်။

ထိုအရာများသည် ခန္ဓာကိုယ်အားဖြည့်ဆေးအတွက် ဆေးမြစ်များမဟုတ်တော့ဘဲ

ချီစွမ်အင်းအားဖြည့်ဆေးများဖြစ်ကြသည်။ ချူးယွင်ဖန်းက ခေါင်းကိုလှည့်ပြီး လုချင်းရွှမ်ကိုပြောသည်။

“ခင်ဗျားကိုဒုက္ခတွေပေးမိပြီ ထင်ပါတယ်”

“မဟုတ်ရပါဘူးရှင်..ဆရာကကျွန်မဒုက္ခရောက်နေချိန်မှာ ကူညီပေးခဲ့တာပဲ။ ကျွန်မဖြင့်

ဘယ်လိုကျေးဇူးတင်ရမှန်းတောင် ခုထိမစဉ်းစားမိသေးပါဘူး” ဟု လုချင်းရွှမ်က ချက်ချင်းပြန်ဖြေသည်။

သူမသည် ခုတစ်ခေါက်မှာ ကုမ္ပဏီကြီးများမှ သူဌေးသားများကို ပြောဆိုသည့်ပုံဖြင့်မတူဘဲ

ချူးယွင်ဖန်းကိုကြင်ကြင်နာနာပြန်ဖြေသည်။ လွန်ခဲ့သောနှစ်ရက်တာကာလအတွင်း သူမဘဝ၏

အနိမ့်အမြင့်အတက်အကျများစွာကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရခြင်းမှာ ချူးယွင်ဖန်း၏ ကျေးဇူးကြောင့်ဟု သူမထင်မြင်ယူဆသည်။ သူမ၏ ကုမ္ပဏီကိုကယ်တင်ပေးသည့်ကျေးဇူးနှင့် ယှဉ်ပါက သူ့အတွက်ဆေးမြစ်များဝယ်ပေးခြင်းနှင့် စမ်းသပ်ခန်းဝယ်ပေးခြင်းသည် မပြောပလောက်ပေ။

“ကောင်းပါပြီ..ဒါဆိုကျွန်တော်လည်း ဆေးဖော်စပ်တော့မယ်။ ခင်ဗျားလည်း လုပ်စရာရှိတာလုပ်ပါ။

ကျွန်တော့်ကိုဒီမှာထားခဲ့လိုက်ပါ” ဟု ချူးယွင်ဖန်းကပြောသည်။

“ကောင်းပါပြီ..တစ်စုံတစ်ခုလိုအပ်ခဲ့လျှင် ကျွန်မကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်” လုချင်းရွှမ်က ထိုသို့ပြောပြီး စမ်းသပ်ခန်းထဲမှထွက်ခဲ့သည်။ ချူးယွင်ဖန်းသည် မီးစတင်မွှေးကာ

ချီစွမ်းအင်အားဖြည့်ဆေးကိုစတင်ဖော်စပ်တော့သည်။

သူက အာရုံစူးစိုက်ထားသောအခါ ဆေးဘုရင်၏ မှတ်ဥာဏ်များသည်

သူ၏ဦးနှောက်ထဲမှာရေအသွင်စီးဆင်းနေသည်။ သူက ထိုဆေးကိုတစ်ခါမှမဖော်စပ်ဖူးသော်ငြား

သူ၏ဘဝမှာအကြိမ်ထောင်ပေါင်းများစွာဖော်စပ်ဖူးသည့်အလား သူသည်

သင့်လျော်သောဆေးမြစ်ပမာဏကို ကျွမ်းကျွမ်းကျင်ကျင်ယူလိုက်ပြီး မီးဖိုထဲကိုထည့်လိုက်သည်။ သူသည် တခြားသောဆေးပညာရှင်များကဲ့သို့ ဆေးမြစ်အတိအကျကိုချိန်တွယ်ရန် ကိရိယာမလိုအပ်ပေ။

ချူးယွင်ဖန်းသည် ချီစွမ်းအင်အားဖြည့်ဆေးကို တခြားဆေးပညာရှင်များလို တစ်လုံးချင်းဖော်စပ်ရမည့်အစား ဆေးငါးလုံးကို တစ်ပြိုင်တည်းဖော်စပ်ခဲ့သည်။ သူက ချီစွမ်းအင်အားဖြည့်ဆေးကိုအဆင်ပြေပြေဖော်စပ်နိုင်ရန်

အရာအားလုံးကိုကြိုတင်စီစဉ်ထားသလိုဖြစ်နေသည်။ ဆေးဘုရင်သည်လည်း သူ၏ဘဝတစ်လျှောက် ချီစွမ်းအင်အားဖြည့်ဆေးမြောက်မြားစွာ ဖော်စပ်ခဲ့ဖူးသည်။ လူတစ်ဦးသည် မည်မျှပင်အရည်အချင်းရှိနေစေကာမူ ကြိမ်ဖန်များစွာ လေ့ကျင့်မှုမရှိပါက မကျွမ်းကျင်နိုင်ပေ။ တစ်စုံတစ်ဦးသည် ဆေးဘုရင်စွမ်းဆောင်နိုင်ခဲ့သလိုလုပ်နိုင်လျှင် ဆေးဖော်စပ်နည်းများမှာ မည်မျှပင်ထူးဆန်းပြီးပြောင်းလဲနေစေကာမူ ထိုနည်းများမှာ အခြေခံတစ်ခုတည်းရှိဖို့ဆိုတာ ခဲယဉ်းလှသည်။ အခြေခံစွမ်းရည်များကို ကျွမ်းကျင်တတ်မြောက်ပါက အောင်မြင်မှုနှုန်းသည် အလွန်မြင့်မားသည်။ ထိုအရာသည် ဓားသိုင်းလေ့ကျင့်ခြင်းနှင့် အသွင်သဏ္ဍာန်တူသည်။ ထိုဓားသိုင်းသည် မည်မျှပင်ဆန်းကြယ်နေစေကာမူ အခြေခံအဆင့်များအားလုံး ပေါင်းစပ်ထားခြင်းမျှသာဖြစ်သည်။

နှစ်နာရီကျော်ကြာပြီးနောက် ချီစွမ်းအင်အားဖြည့်ဆေးများအားလုံးကိုဖော်စပ်နိုင်ခဲ့သည်။

စမ်းသပ်ခန်းတစ်ခုလုံးမှာ ဆေးနံ့များထုံသင်းမွှေးကြိုင်နေသော်လည်း အနံ့စုပ်ယူသောပန်ကာက ထိုအနံ့များကို စုပ်ယူပစ်သည်။ ချူးယွင်ဖန်းသည် ထိုဆေးလုံးများကိုထုပ်ပိုးရန် အထူး‌ေသချာပြင်ဆင်ထားသော ဆေးသတ္တာကိုအသုံးပြုသည်။ ဆေးပညာတိုးတက်ခြင်းသည် အခြားဆက်စပ်သောလုပ်ငန်းများအတွက်လည်း အခွင့်အရေးတစ်ခုဖြစ်သည်။ ဆေးလုံးများ၏အာနိသင်ကိုမပျယ်စေရန် သေချာထုပ်ပိုးသိမ်းဆည်းသင့်သည်။

ချီစွမ်းအင်အားဖြည့်ဆေးနှင့် ခန္ဓာကိုယ်အားဖြည့်ဆေးကဲ့သို့ သာမန်ဆေးများကို မြန်မြန်ဆန်ဆန်နှင့် အကြိမ်ပေါင်းများစွာဝယ်ယူနိုင်သောကြောင့်ထိုဆေးများကို စန္ဒကူးဗူးလေးများဖြင့် သိမ်းဆည်းကြသည်။ တစ်ဖက်တွင်လည်း ထူးခြားသောဆေးများကို ကျောက်စိမ်းသေတ္တာများတွင်သာ သိုလှောင်သိမ်းဆည်းကြသည်။ ထိုသေတ္တာတစ်ခုတည်းနှင့်ပင် စျေးကြီးလှသည်။ မိမိစိတ်တိုင်းကျပြုလုပ်ထားသော ကျောက်စိမ်းသေတ္တာ သို့ ကျောက်စိမ်းဗူးသည် သန်းပေါင်းများစွာကုန်ကျနိုင်သဖြင့် အံ့အားသင့်ဖွယ်ကောင်းလှသည်။ ပုံမှန်အတိုင်းဆို ထိုကဲ့သို့

သေတ္တာမျိုးလိုအပ်သောဆေးများသည် အနည်းဆုံး ဆယ်သန်းမှ သန်းရာပေါင်းများစွာကုန်ကျနိုင်သည်။

ထိုကဲ့သို့ဆေးမျိုးကို ဖော်စပ်နိုင်သော ဆေးပညာရှင်များသည် နာမည်ကျော်ကြားပြီး

ပိုက်ဆံလည်းအမြောက်အမြားရှာနိုင်ကြသည်။ သူတို့သည် ဤကမ္ဘာ၏

လူကုံထံအသိုင်းအဝိုင်းသဖွယ်ဖြစ်ကြသည်။ ချီစွမ်းအင်အားဖြည့်ဆေးကိုဖော်စပ်ပြီးသည်နှင့်

ချူးယွင်ဖန်းသည် တင်ပျဉ်ခွေထိုင်ပြီးစတင်ကျင့်ကြံတော့သည်။ သူသည်

စမ်းသပ်ခန်းကိုလေ့ကျင့်ခန်းသဖွယ်အသုံးပြုနိုင်ပြီး ဆေးပညာရှင်များက ထိုကဲ့သို့ အသုံးပြုကြသည်မှာ သာမန်ပဲဖြစ်သည်။

ချူးယွင်ဖန်းသည် ချီစွမ်းအင်အားဖြည့်ဆေးကိုမျိုချပြီးနောက် ဆေးစွမ်းများက

သူ၏တစ်ကိုယ်လုံးပျံ့နှံ့သွားသည်ကို ခံစားလာရသည်။ ထိုအချိန်မှာ သူ၏ကိုယ်ထဲတွင်

စစ်မှန်စွမ်းအင်များပေါက်ကွဲထွက်လာပြီး အလွန်မြန်သောအရှိန်ဖြင့် ကြီးထွားလာနေသည်။ သူ၏ ချီပင်လယ်ကို အသက်မသွင်းရသေးသဖြင့် သူကျင့်ကြံသော စစ်မှန်စွမ်းအင်များကို

သူ့ခန္ဓာကိုယ်မှာရှိသော အပေါက်များထဲတွင် သိုလှောင်သိမ်းဆည်းထားသည်။ ထိုအချိန်မှာ

ထိုအပေါက်များသည် စတင်အသက်ဝင်လာခဲ့သည်။

ချူးယွင်ဖန်းသည် စစ်နတ်ဘုရားသိုင်းကျမ်းကျင့်စဉ်ကို ချက်ချင်းကျင့်ကြံပြီး

ချီစွမ်းအင်အားဖြည့်ဆေးမှာရှိသော စွမ်းအင်များကို စစ်မှန်စွမ်းအင်အဖြစ်ဖြည်းဖြည်းချင်း

ပြောင်းလဲလိုက်သည်။

သူ့ကိုယ်ထဲမှာရှိသော စစ်မှန်စွမ်းအင်သည် ကြောက်မက်ဖွယ်အရှိန်နှင့်

တိုးပွါးလာနေသည်။ စစ်နတ်ဘုရားသိုင်းကျမ်းကျင့်စဉ်သည် သူယခင်တုန်းက အသုံးပြုခဲ့ဖူးသော အခြေတည်စွမ်းအင်သန့်စင်ခြင်းကျင့်စဉ်ထက် အနည်းငယ်ပိုမိုမြန်ဆန်နေသည်။ထို့ကြောင့်ပင် စစ်မှန်စွမ်းအင်စုပ်ယူခြင်းများက ယခင်အခေါက်များထက် အဆပေါင်းများစွာမြန်ဆန်နေသည်။ သူ့မျက်လုံးများဖွင့်လိုက်သောအခါ နေမွန်းတည့်ချိန်ရောက်ခါနီးဖြစ်နေသည်။

သူ၏ ခန္ဓာကိုယ်ထဲမှာရှိသော စစ်မှန်စွမ်းအင်များသည် ၅၀%လောက်ပိုမိုများပြားလာသော်လည်း ကန့်သတ်ထားခြင်းမဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှာရှိသော စစ်မှန်စွမ်းအင်များကိုပိုမိုစုပ်ယူနိုင်သေးသည်။ ထိုအချိန်မှာသူသည် ဆေးအစွမ်းကို လုံးဝဥသုံစုပ်ယူခြင်း မပြုရသေးပေ။ တကယ့်လက်တွေ့မှာ အခြေတည်အဆင့်၏အဓိကကျင့်ကြံခြင်းသည် ခန္ဓာကိုယ်ဖြစ်ပြီး အတွင်းအားကျင့်ကြံရခြင်းသည် အလွန်နည်းပါးသည်။ သို့သော်ငြား အခြေတည်အဆင့်တောက်လျှောက်ရှိ ခန္ဓာကိုယ်သန့်စင်ခြင်းသည် နေ့စဉ်ဘဝမှာ လူတစ်ဦး၏ ခြေနှင့်လက်များမှာ သိုလှောင်ထားခြင်းဖြစ်သည်။ သာမန်လူတစ်ဦးမှာထိုကဲ့သို့ဖြစ် ပါက သူတို့၏ ကိုယ်တွင်းအင်္ဂါ များပေါက်ကွဲထွက်လာတော့မည်။

“ငါက ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီ။ ဒါပေမဲ့

ဒီအနေအထားနဲ့မလုံလောက်သေးဘူး။ ငါက အမြင့်ဆုံးအနေအထားကိုရောက်ဖို့

အချိန်တချို့လိုအပ်သေးတယ်”

သူသည် ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကိုဝင်ရောက်နိုင်ခဲ့ပြီးနောက် ခန္ဓာကိုယ်သန့်စင်ခြင်းကို

နှုတ်ဆက်ကျောခိုင်းရမည်။ ယခုလက်ရှိအရေးကြီးဆုံးအချက်မှာ ချီပင်လယ်အဆင့်ကိုဖြတ်ကျော်နိုင်ရန် အလို့ငှါ စစ်မှန်စွမ်းအင်အများအပြားကိုကျင့်ကြံပြီး သူ၏ကိုယ်တွင်းအင်္ဂါများနှင့် ချီပင်လယ်ကိုအသက်သွင်းရမည်။

“ကံကောင်းချင်တော့ ငါ့မှာအချိန်ရှိသေးတာပဲ”

သူသည် ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကိုတက်လှမ်းနိုင်ပြီဖြစ်တာမို့ သူသည်

သေချာပေါက်ကျောင်းဝင်ခွင့်ရတော့မည်။ ထို့သို့ပြီးပြည့်စုံသောအနေအထားကို အသုံးချပြီး

သိုင်းပညာအတန်း၏ အထူးတန်းကိုတက်နိုင်ရန်အလို့ငှါ ချီပင်လယ်အဆင့်ကိုမည်သို့မည်ပုံဖြတ်ကျော် ရမလဲဆိုတာ တွေးနေမိသည်။ မဟုတ်ပါက သူနှင့် အခြားသူများကြားက ကွာခြားချက်သည် ကြီးမားလာလိမ့်မည်။ ထိုအချက်ကိုစဉ်းစားမိကာသူ၏မျက်လုံးများကိုဆက်လက်မှိတ်ထားသည်။

ထိုစဉ်တွင် စမ်းသပ်ခန်းတံခါးကိုတွန်းလိုက်သောကြောင့် အသံတစ်ခုသည် ရုတ်တရက်ထွက်လာခဲ့သည်။ သူနှင့် သက်တူရွယ်တူရှိပြီး ခေတ်မီအဝတ်အစားများကိုဝတ်ဆင်ထားသော လူငယ်တစ်ဦးသည်

အခန်းတွင်းဝင်လာသည်။ သူ့နောက်မှာ လုချင်းရွှမ်လည်း ထပ်ကြပ်မကွာလိုက်လာသည်။

“ချူကျိ‌ေကာ.ဒါက ငါတို့ကုမ္ပဏီပိုက်နက်နော်..ငါ့ပိုင်နက်ထဲကျူးကျော်လာလို့

နင့်ကိုတရားဆွဲလို့ရတယ်”

အပိုင်း (၃၃)- မင်းကိုအပြတ်ရှင်းမယ်…

.

ချူးယွင်ဖန်းသည် ခေါင်းထောင်ပြီးမော့ကြည့်သည်။ သူ့ရှေ့မှာရှိနေသော

ဝတ်ကောင်းစားလှဝတ်ဆင်ထားသည့် ထိုလူငယ်သည် သူနှင့်သက်တူရွယ်တူ

အသက်နှစ်ဆယ်အရွယ်ဖြစ်သည်။ သူက ချူးယွင်ဖန်းကိုဒေါသတကြီးစိုက်ကြည့်နေရင်း

မောက်မာသောမျက်နှာထားက သူ့မျက်နှာပေါ်တွင် အတိုင်းသားမြင်နေရသည်။

“ဒါဆို မင်းက ငါ့ကိုဆန့်ကျင်ရဲပြီး ငါ့အကြံတွေပျက်စီးအောင်လုပ်ရဲတဲ့လူလား” ထိုလူငယ်က သူ့အား စူးစူးစိုက်စိုက်ကြည့်ရင်း ပြောသည်။ ချူးယွင်ဖန်းက အနည်းငယ်တွေဝေမိသည်။ သို့သော် ထိုသူက မည်သူဖြစ်နိုင်မလဲဆိုတာ တွေးနေမိသည်။ ထိုသူသည် လုချင်းရွှမ်ယခင်က ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အကြပ်အတည်းပြသနာတစ်ခုဖြစ်နိုင်သည်ဆိုတာ သူတွေးမိသည်။ သူက ထိုအခြေအနေကို အနည်းငယ်ရိပ်မိသည်။ ဤလူသည် ပြသနာကောင်ပဲဖြစ်ရမည်။

“ငါ့အမိန့်ကို ဘယ်သူကဆန့်ကျင်ရဲတာလဲဆိုတာ သိချင်နေခဲ့တာ။ ငါမင်းကို အပြတ်ရှင်းချင်တာ။ မင်းက တည်ငြိမ်သမုဒ္ဓရာမြို့ မဟုတ်လား …သုန့်ဟွာတစ်မြို့လုံးမှာ

စီးပွါးရေးလုပ်စားနိုင်မယ်လို့ဘယ်တော့မှမတွေးနဲ့” ဟု ချူကျိ‌ေကာက မိုက်မိုက်ရိုင်းရိုင်းပြောဆိုသည်။

“ငတုံး” ချူးယွင်ဖန်းသည် သူ၏ခြိမ်းခြောက်မှုကို လုံးဝမမှုချေ။ ဆေးရောင်းဖို့

နည်းလမ်းများစွာရှိနေပါသေးသည်။

အွန်လိုင်းစတိုးများသည်လည်း အလွန်လူသိများကြသည်။ သူဘဝကို အဆုံးသတ်နိုင်မည်ဟု

ချူကျိကော တွေးနေခြင်းမှာ ရယ်စရာအလွန်ကောင်းလှသည်။ လုချင်းရွှမ်၏ ကုမ္ပဏီသည် သူတို့၏ ယုတ်မာမှုကြောင့် ဒုက္ခရောက်ခဲ့သော်လည်း သူမ၏ သတိကြီးမှုကြောင့် ကုမ္ပဏီဒေဝါလီခံရမည့်အရေးမှ လွတ်မြောက်ခဲ့ရသည်။ ကမ္ဘာကြီးက ကျယ်ဝန်းပါသည်။ တည်ငြိမ်သမုဒ္ဓရာမြို့ဖြစ်စေ သုန့်ဟွာမြို့ဖြစ်စေ နှစ်ခုလုံးသည် ကမ္ဘာကြီး၏ သေးငယ်သောအစိတ်အပိုင်းလေးသာဖြစ်သည်။

“ဘာပြောလိုက်တာ။ ကောင်းတယ်။ အရမ်းကောင်းတယ်” ချူးယွင်ဖန်းက သူ့ကို ထိုကဲ့သို့

လှောင်ပြောင်မည်ဟု ချူကျိကောမတွေးထားပေ။

“မင်းဘယ်ကလာလဲဆိုတာ ငါသိချင်တယ်။ ငါ မင်းရဲ့နာမည်ကိုဖျက်မယ်။ မင်းရဲ့ အလုပ်အကိုင်အသက်မွေးဝမ်းကြောင်းကိုလည်း အဆုံးသတ်နိုင်ဖို့ ကြိုပြင်ထားလိုက်”

သူ့ရှေ့မှာရှိနေသော ချူးယွင်ဖန်းသည် ဆေးအစွမ်းနှင့်နုပျိုအောင်ပြုလုပ်ထားသော

ဆေးပညာရှင်ဟုထင်ပြီး လူငယ်လေးတစ်ဦးဖြစ်နေမည်ဆိုတာ ချူကျိကောမတွေးထားပေ။ ဒီကောင်ကို မှတ်သားလောက်အောင် သင်ခန်းစာပေးရမည်။ သူဌေးလေး ချူကျိ‌ေကာ ကို

ဆန့်ကျင်သောသူခံစားရမည့်အကျိုးဆက်က ဘာလဲဆိုတာ ထိုလူသိအောင်ပြုလုပ်ပေးရမည်။

“ချူကျိကော.. ငါရဲခေါ်ပြီးပြီ။ နင်ဆက်နေမယ်ဆို ရဲတွေရောက်လာခဲ့လျှင် နင့်သိက္ခာကျလိမ့်မယ်။ နင်က တန်ဒါအုပ်စုရဲ့ သခင်လေးဆိုတော့ နင့်ကိုရဲစခန်းခေါ်သွားတယ်ဆိုတဲ့သတင်းသာ သတင်းထောက်တွေသိသွားလျှင် အရမ်းစိတ်ဝင်စားကြမှာ” ဟု လုချင်းရွှမ်က ခပ်မာမာပြောသည်။

သူမက ချူကျိဂွမ်ကိုကြည့်သောအခါ သူမ၏မျက်လုံးအစုံသည်ရွံရှာမုန်းတီးသည့်

အရိပ်အယောင်များပြည့်နေသည်။ သူမက ယခင်တုန်းက သူ့ကို စိတ်ပျက်ရုံမျှသာဖြစ်ပြီး

ယခုအခါမှတော့ အမုန်းကြီးမုန်းတီးနေမိသည်။ ထိုစကားများကိုကြားမိပြီး ချူကျိဂွမ်သည်

သူတို့နှစ်ဦးကိုတလှည့်စီကြည့်ပြီးနောက် အဆုံးမှာတစ်ချက်လှောင်ရယ်ပြီး

အခန်းထဲမှာဆက်မနေရဲတော့ပေ။

ထို့ပြင် ပြည်ထောင်စုအစိုးရသည် ဤကမ္ဘာမှာ တန်ခိုးအကြီးဆုံးဖြစ်သည်။ တန်ဒါအုပ်စုသည်

အင်အားကြီးသော်ငြား သူတို့သည် ဥပဒေ၏ အထက်မှာ မရှိကြပေ။ သူ့ကိုရဲစခန်းခေါ်သွားပါက

ဘာမှဖြစ်လိမ့်မည်မဟုတ်သော်လည်း သူ့လိုလူက ရဲစခန်းမှာထိန်းသိမ်းခံရခြင်းသည်

လှောင်ပြောင်သရော်စရာတစ်ခုကဲ့သို့ ဖြစ်နေလိ့မ့်မည်။ ထို့အပြင်အလွန်ရှက်စရာကောင်းပေလိမ့်မည်။

“နင်တို့နှစ်ယောက်လုံး ကြပ်ကြပ်သတိထား”

ချူကျိ‌ေကာက ထိုစကားပြောပြီး ထွက်သွားသောအခါ လုချင်းရွှမ်သည် ချူးယွင်ဖန်းထံ လျှောက်လာပြီး…

“ကျွန်မတောင်းပန်ပါတယ် ဆရာချူး…ဒီပြသနာထဲကိုဆရာ့ကိုသွင်းခဲ့မိမယ်လို့ ကျွန်မမတွေးမိခဲ့ဘူး။,ဆရာဒီမှာရှိနေတယ်ဆိုတာ သူဘယ်လိုသိသွားတာလဲဆိုတာ ကျွန်မစဉ်းစားလို့ကိုမရဘူး”ဟု ဆိုသည်။

ချူးယွင်ဖန်းက တစ်ချက်မဲ့ကာ”ဘယ်မှာရှိမှာလဲ..သူ့လူတစ်ယောက်ယောက်ကို

ခင်ဗျားကုမ္ပဏီကိုစောင့်ကြည့်ဖို့ထည့်ထားတာနေမှာပေါ့။ စောင့်ကြည့်ဖို့လူငှါးတာက လွယ်ပါတယ်”

“ဒါပေမဲ့ ခင်ဗျားဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ သူက ဘာလုပ်နိုင်မှာလဲ။ဒီခေတ်မှာ တန်ဒါအုပ်စုကအာဏာပိုင်တွေလက်ထဲကလွတ်ပြီး ကျွန်တော့်ကို တည်ငြိမ်သမုဒ္ဓရာမြို့မှာ ဒုက္ခပေးနိုင်ပါ့မလား”

အားလုံးက သာတူညီမျှ မဟုတ်သော်လည်း ယခင်ကထက်ပိုမိုကောင်းမွန်လာပြီဖြစ်သည်။

အနည်းဆုံးတော့ အာဏာရှိသည့် လူများသည် အကြောင်းမရှိဘဲ တခြားသူများကို မနှိပ်စက်ရဲပေ။

“ခင်ဗျားသာဂရုစိုက်ပါ…ကျွန်တော့်စိတ်ထဲ ခင်ဗျားနဲ့ ခင်ဗျားကုမ္ပဏီဒုက္ခရောက်အောင်

သူထပ်လုပ်ဦးမယ်လို့ကျွန်တော်ထင်တယ်”

“စိတ်မပူပါနဲ့…ကျွန်မဂရုစိုက်နေသရွေ့ သူဘာမှ မလုပ်နိုင်ပါဘူး။ သူက တည်ငြိမ်သမုဒ္ဓရာမြို့နဲ့

သုန့်ဟွာမြို့မှာ ကျွန်မဘာမှဆက်လုပ်လို့မရနိုင်ဘူးဆိုလျှင်တောင်မှ တခြားမြို့တွေဆီ ကျွန်မသွားမယ်။,အဆိုးဆုံးထိပါ တွေးထားပါတယ်။ ကျွန်မအသုံးစရိတ်တွေ လျှော့ချသင့်လျှင်လည်း လျှော့ချရမှာပေါ့”

“သူက တည်ငြိမ်သမုဒ္ဓရာမြို့နဲ့ သုန့်ဟွမ်မြို့က ဆေးပညာရှင်တွေကို လွှမ်းမိုးခြယ်လှယ်နိုင်တယ်။,ပယ်ဟွမ်မြို့၊ နမ်ဟွာမြို့နဲ့ ရှီဟွာမြို့က ဆေးပညာရှင်တွေကို ခြယ်လှယ်နိုင်လောက်အောင် သူတို့တန်ဒါအုပ်စုက အင်အားမကြီးဘူးလို့ ငါထင်တယ်”

လုချင်းရွှမ်သည်လည်း ခေါင်းမာပြီး သူမ၏အကြံစည်များနှင့်ပတ်သက်ပြီးလုံးဝနောက်ဆုတ်မည့်ပုံမပေါ်ပေ။

“ကျွန်တော်လည်း ဆေးဖော်စပ်ပြီးပါပြီ။ ဒါပေမဲ့ ခင်ဗျားရဲ့စမ်းသပ်ခန်းကို

ယာယီခဏလေ့ကျင့်ခန်းအဖြစ် အသုံးပြုနေတာပါ”

“ရပါတယ်။ ဆက်သုံးပါ။ ကျွန်မလည်း လုပ်စရာတချို့ရှိနေသေးလို့ အပြင်ထွက်လိုက်ဦးမယ်။

ကိစ္စတစ်ခုခုရှိလို့ လိုအပ်လာခဲ့လျှင် ကျွန်မကိုခေါ်ပါ”

။

ချူးယွင်ဖန်း၏ တံခါးပိတ်လေ့ကျင့်ခြင်းသည် နေ့လည်အထိဖြစ်သွားခဲ့သည်။ အစောတုန်းက

သူပေးထားသော အချက်ပေးနှိုးစက်သံက မြည်လာခဲ့သည်။

လုယုရှု၏ လုအိမ်တော်ဆီသို့ သွားရောက်ရန်ပြီး သူမ၏ လေ့ကျင့်ဖော်အဖြစ်လုပ်ပေးဖို့

အချိန်ကျလာသည်။ လုယုရှုကိုနည်းပြခြင်းမှ ရှာနိုင်ခဲ့သောပိုက်ဆံအမြောက်အမြားလည်း

ဘာမှမရှိတော့ပေ။ သို့သော် သူမကိုကတိအပြည့်အဝပေးထားတာမို့

သူမသွားဖို့လိုအပ်သည့်အကြောင်းပြချက်တစ်စုံတစ်ရာဟူ၍ မရှိပေ။

ထိုအရာသည် ချူးယွင်ဖန်း၏ လက်ကိုင်ဆောင်ပုဒ်ဖြစ်သည်။လုယုရှုအိမ်ကို

အပြေးအလွှားသွားသောအခါ သူမက စောင့်နေသည်။ သူမလည်း ကျောင်းမတက်ပေ။ သူမသည်

ပထမနှစ်နှင့် ဒုတိယနှစ်မှာ စာပေယဉ်ကျေးမှုများလေ့လာခဲ့ပြီးတာမို့ သူမ၏ ယခုရည်မှန်းချက်မှာ ဝင်ခွင့်စာမေးပွဲအောင်မြင်ရန်ဖြစ်သည်။

“နင်က အချိန်မှန်ရောက်လာတာပဲ။ ငါအောင်မြင်ခါနီးပြီလို့ ငါ့ကိုယ်ငါ ထင်နေတယ်”

ချူးယွင်ဖန်းရောက်လာသည်ကိုမြင်ရသောအခါ သူမ၏ မျက်နှာမှာ ပျော်ရွှင်မှုအရိပ်အယောင်များ အတိုင်းသားမြင်နေရသည်။

“ကောင်းတာပေါ့..ကြိုးစားကြစို့” ဟု ချူးယွင်ဖန်းက ဆိုသည်။

သူမကမလှုပ်ရှားခင်မှာ ချူးယွင်ဖန်းက မြားတစ်ချောင်းသဖွယ်သူမဆီသို့ အရင်ဆုံးတိုးဝင်လာသည်။ သူမ၏မျက်နှာထံသို့ လက်သီးတစ်ချက်ပြင်းထန်စွာပစ်သွင်းသည်။

ဘန်း!

ထင်ထားသည့်အတိုင်း သူ၏ လက်သီးချက်ကို ပိတ်ဆို့ထားသည်။ လုယုရှု၏ ခန္ဓာကိုယ်က

အနည်းငယ်လှုပ်ရမ်းနေပြီး သူမက နောက်တစ်လှမ်းဆုတ်သွားကာ ဟန်ချက်ညီအောင်ပြန်ထိန်းသည်။ သို့သော် သူမက ဒေါသလုံးဝမထွက်ဘဲ အံ့အားသင့်နေသည်။

“နင်က ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကိုတက်လှမ်းနိုင်တာ မယုံနိုင်ဘူး။ မြန်လိုက်တာ” ဟု လုယုရှုက အံ့အားသင့်စွာပြောသည်။ သူမက ချူးယွင်ဖန်းကိုအထင်ကြီးမိပြီဟု တွေးမိခဲ့သော်လည်း သူ၏ တိုးတက်မှုက သူမကိုအလွန်အံ့အားသင့်စေသည်။ ရက်အနည်းငယ်အတွင်းမှာ သူသည် သွေးသစ်လောင်းခြင်းအဆင့်ကိုပြီးမြောက်ပြီး ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကိုတက်လှမ်းနိုင်သည်။

သူက မကြာသေးမီကမှ အောင်မြင်ခဲ့သည်ဆိုသော်လည်း ထိုကဲ့သို့အမြန်နှုန်းသည်

အံ့အားသင့်စရာကောင်းပေသည်။ သူမ၏ ယခင်ကခန့်မှန်းချက်များက မှန်ကန်သည်ဆိုတာ

ပိုပြီးသေချာလာသည်။ ချူးယွင်ဖန်းသည် ရုတ်တရက်ဆိုသလို ဥာဏ်အလင်းပွင့်လာတာဖြစ်မည်။ ထို့ကြောင့်ပင် ဒီလောက်အချိန်တိုလေးအတွင်းမှာ အလွန်မြန်သောအရှိန်ဖြင့် တိုးတက်လာရခြင်းဖြစ်သည်။ ထိုကဲ့သို့ဖြစ်စဉ်မျိုးသည် ရှားပါးဖြစ်ရပ်မဟုတ်ဘဲ မြင်တွေ့နေကျဖြစ်သည်။ ထို့ကြောင့် သူမက ထိုဖြစ်စဉ်ကို ထူးဆန်းသည် သံသယဖြစ်ဖွယ်ကောင်းသည်ဟု မတွေးမိပေ။

“ဟားး.ငါက ချီစွမ်းအင်အားဖြည့်ဆေးသောက်ပြီး ဖြတ်ကျော်နိုင်ခဲ့တာပါ” ချူးယွင်ဖန်းက

အားပါးတရရယ်မောသည်။ သူ၏ စိတ်ထဲပျော်ရွှင်နေသည်။

“အခုတော့ နင်က ပြီးပြည့်စုံခြင်းအဆင့်ကိုဖြတ်ကျော်နိုင်ဖို့အရေး ကူညီပေးမယ်”

“လုပ်လိုက်ကြစို့”သူမ၏ ဦးနှောက်ထဲက အတွေးများကို လုယုရှုထုတ်ပစ်လိုက်သည်။ သူမ၏

လက်သီးထိုးချက်သည် လှံတံတစ်ချောင်းနှင့် တူပြီး ချူးယွင်ဖန်းကို တိုက်ရိုက်ထိုးလိုက်သည်။

ပြင်းထန်သောတိုက်ပွဲတစ်ခု တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။

All Chapters