← Chapters

အခန်း ၃၄-၃၆

Vol. 3 Ch. 34-36

အခန်း ၃၄-၃၆

Vol. 3 Ch. 34-36

အပိုင်း (၃၄)- လုယုရှုက နောက်ဆုံးတော့ ဖြတ်ကျော်နိုင်ခဲ့ပြီ….

ဘန်း!

ဘန်း!

ဘန်း!

လုယုရှု၏ အခန်းဆီမှ ထိရိုက်ခတ်သံများသည် ထပ်ခါထပ်ခါထွက်ပေါ်လာခဲ့သည်။ သို့သော် သူမ၏သက်တော်စောင့်များက ထိုအရာများနှင့် နေသားကျနေပြီဖြစ်သည်။ မကြာသေးခင်ကမှ

သူတို့နေ့စဉ်ယဉ်ပါးလာသော အကြောင်းအရာများဖြစ်လာကြသည်။

ချူးယွင်ဖန်းရောက်လာသည့် အချိန်မှစပြီး သူတို့၏ သခင်မလေးနှင့် လေ့ကျင့်နေသောအချိန်တိုင်း သူတို့အားလုံးသည် ဘေးနားမှာရပ်နေကြသည်။ သူတို့က ဘာမှ မပြောနိုင်သော်လည်း တကယ့်လက်တွေ့မှာတော့ သူတို့တိတ်တဆိတ်ကြောက်လန့်နေကြသည်။ သက်တော်စောင့်များသည် တိုက်ပွဲများမှာ စွမ်းဆောင်ရည်အရဆိုလျှင် အခြားသူများထက်ပိုမိုအင်အားကြီးကြသည်။ သူတို့သာ အင်အားနည်းပါးလျှင် လုဝေဂွမ်က သူတို့ကိုငှါးလိမ့်မည်မဟုတ်ချေ။

သို့သော် ဤကာလတစ်လျှောက် သခင်မလေးတို့နှစ်ဦး၏ တိုးတက်ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ကြရသည်။ အချိန်က တစ်လတောင်မရှိသေးသော်လည်း

သခင်မလေးသည်နတ်ဆိုးကျားလက်သီးသိုင်းကို ဘာမှ မတတ်မြောက်ခြင်းမှ ပြစ်ချက်ကင်းမဲ့အဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။ ထိုကဲ့သို့အမြန်နှုန်းဖြင့် သိုင်းကျင့်ကြံခြင်းကို အလွန်တရာမြန်ဆန်သည်ဟု ခေါ်တွင်နိုင်သည်။ သူမ၏ အတွင်းအားကျင့်စဉ်များ သည်လည်း တိုးတက်လာပြီး ပိုမိုအားကောင်းလာခဲ့သည်။ ထိုကဲ့သို့ရလဒ်မျိုးသည် အံ့အားသင့်ဖွယ်ကောင်း သည်ဟုဆိုသော်လည်း ချူးယွင်ဖန်း၏ တိုးတက်မှုနှင့်ယှဉ်ပါက ဘာမှ မဟုတ်တော့ပေ။

သူဒီကိုမရောက်ခင်တုန်းက သူသည် အရိုးအဆစ်သန့်စင်ခြင်းအဆင့်ကိုသာဖြတ်ကျော်နိုင်ပြီး

သွေးသစ်လောင်း ခြင်းအဆင့်ကိုတောင်မှ မရောက်ရှိသေးပေ။ သို့သော် ယခုမှာ သူသည်

ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်း၏ နတ်ဆိုးကျားလက်သီးသိုင်းသည် ကျွမ်းကျင်အဆင့်မှ ပြီးပြည့် စုံခြင်းအဆင့်ကို ချောချောမွေ့မွေ့တက်လှမ်းနိုင်ခဲ့သည်။ ထိုအရာကသာ သူတို့ထိတ်လန့်ရသည့်

ပကတိ အကြောင်းရင်းအစစ်အမှန်ဖြစ်သည်။

လုအုပ်စု၏ သခင်မလေးဖြစ်သူ လုယုရှုအတွက် လုမိသားစုပိုင်ဆိုင်သမျှ ပုံအောပေးနိုင်သည်။ သို့သော် ချုးယွင်ဖန်းက သာမန်မိသားစုက လူတစ်ဦးဆိုတာ ကြားမိကြသည်။ အချိန်တိုလေးအတွင်းမှာ ထိုကဲ့သို့သော ဖြတ်ကျော်နိုင်မှု များသည် အမှန်တကယ်အံ့အားသင့်ဖွယ်များ ဖြစ်ကြသည်။ သူတို့သည် သက်တောင့် သက်သာလုံးဝမနေနိုင်ဘဲ တိုက်ခိုက်သည့်ဇုံကိုစိုက်ကြည့်နေကြသည်။

လေ့ကျင့်နေခြင်းဟုဆိုသော်လည်း ဒဏ်ရာများကိုတော့ မရှောင်လွှဲနိုင်ပေ။ သူတို့၏ လက်သီးများနှင့် ခြေကန်ချက်များမှာမျက်လုံးမပါတာမို့ အရာအားလုံးက မသေချာပေ။ သက်တော်စောင့်များ၏ တာဝန်သည် မတော်တဆဖြစ်နိုင်သည့် အခွင့်အလမ်းများ နည်းနိုင်သမျှ နည်းစေရန် ဖြစ်သည်။

ထိုအချိန်တွင် တိုက်ခိုက်ဇုန်ထဲမှာရှိသော ပြိုင်ပွဲသည် ပိုမိုပြီးပြင်းထန်လာသည်။ ချူးယွင်ဖန်း၏

ကျင့်ကြံခြင်းအခြေခံသည် ပိုနိမ့်သော်လည်းသူ၏ နတ်ဆိုးကျားလက်သီးသိုင်းသည်

ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ သူ၏ ပုံမှန်လက်သီးချက်များသည် လုယုရှု၏ အားနည်းချက်များကို အမြဲဦးတည်နေသည်။ သို့သော် လုယုရှုက ပိုမိုအားပြင်းသည်။ ထို့ကြောင့် ချူးယွင်ဖန်းက ချီစွမ်းအင် အားဖြည့်ခြင်းကို ဖြတ်ကျော်နိုင်သော်လည်း သူမတိုက်ခိုက်သောအခါ တွန့်ဆုတ်ခြင်း အလျဉ်းမရှိ ပေ။သူမအသုံးပြုသော အင်အားသည် ယခင်ကထက် အဆပေါင်းများစွာပိုများနေသည်။

သူမ၏ ပြစ်ချက်အားနည်းချက်များကို ချူးယွင်ဖန်းက မြင်သော်လည်း သူမ၏ပြစ်ချက်များကိုသုံးကာ သူမကိုအနိုင်ယူမည့် အရည်အချင်းမျိုးသူ့မှာမရှိနေပေ။တိုက်ပွဲက ပိုပိုပြင်းထန်လာပြီး သူမ၏ ပြစ်ချက်

အားနည်းချက်များသည် ပိုမိုပြီးနည်းပါးလာသည်။ သူမ၏ နတ်ဆိုးကျား လက်သီးသိုင်းသည်ပြစ်ချက်ကင်းမဲ့ အဆင့်၏ အမြင့်ဆုံး အနေအထားကိုရောက်ရှိနေပြီး ပြီးပြည့်စုံခြင်းအဆင့်မှ တစ်ဆင့်သာကွာဝေးတော့သည်။ သူမဖြတ်ကျော်နိုင်ဖို့ နည်းနည်းလေးသာလိုအပ်တော့သည်ဟု သူမခံစားလာမိသည်။

ထိုစဉ်တွင် ချူးယွင်ဖန်း၏ နတ်ဆိုးကျားလက်သီးသိုင်းသည် ပြီးပြည့်စုံခြင်းအနေအထားမှာရှိနေသည်။

ထိုပြီးပြည့်စုံခြင်းအနေအထားမှာရှိနေသော နတ်ဆိုးကျားလက်သီးသိုင်းသည် ဘယ်လိုမျိုးလဲဆိုတာ သူမကိုနားလည်စေချင်သည်။ သူမ၏ ကျင့်ကြံခြင်းသည်

တိုက်ပွဲမှတစ်ဆင့်အမြန်ဆုံးတိုးတက်လာသည်ဆိုတာ သူမပြောနိုင်သည်။

သူတို့နှစ်ဦး၏ အစွမ်းများသည် လွန်ခဲ့သောရက်များနှင့်ယှဉ်ပါက တိုးတက်လာခဲ့သည်။

တိုက်ခိုက်ခြင်းကြောင့် သူတို့လက်မောင်းပေါ်မှာရှိသောဒဏ်ရာများသည် ပိုမိုပြီးဆိုးဝါးလာပြီး

သွေးများထွက်လာခဲ့သော်လည်း သူတို့နှစ်ဦးလုံးမမှုခဲ့ပေ။ ထိုဒဏ်ရာများသည်

အပေါ်ယံအရေပြားဒဏ်ရာများသာဖြစ်ကြသည်။ ခေတ်မီနည်းပညာဖြင့်ဆို မိနစ်အနည်းငယ်အတွင်းမှာ ကုသနိုင်သည်။ ထိုကဲ့သို့တိုက်ပွဲသည် သူတို့၏ တိုက်ခိုက်ချင်စိတ်များကို အရောင်တင်နိုင်မည့်အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

ဘန်း!

ထိရိုက်မိခြင်းမှ နှစ်ဦးသား နောက်ကိုပြန်ဆုတ်ကုန်ကြသည်။ ချူးယွင်ဖန်းက သူ့နေရာမှာရပ်ကာ စစ်မှန်စွမ်းအင်များကို စုစည်းသည်။ သူသည် ချီပင်လယ်အဆင့်ကိုရောက်ရှိနေသဖြင့် သူ၏တစ်ကိုယ်လုံးမှာ စစ်မှန်စွမ်းအင်များပျံ့နှံ့နေသည်။ အမှန်တော့ သူသည် ထိုစစ်မှန်စွမ်းအင်၏ ၃၀%

နှင့် ၅၀% လောက်သာ အသုံးပြုရသေးသည်။ သို့သော်လည်း

ယခင်ကထက်တော့ပိုမိုအားကောင်းလာပြီဖြစ်သည်။

“သေချာကြည့်ပါ..ဒါက ငါ့ရဲ့အားအပြင်းဆုံးလက်သီးပဲ..ပြီးပြည့်စုံခြင်းအဆင့်ဆိုတာ

ဒီလိုမျိုးကိုခေါ်တာ” ချူးယွင်ဖန်းက ကြုံးဝါးကာ သူ၏ လက်ငါးချောင်းကို ကျစ်ကျစ်ပါအောင်

ဆုပ်ထားလိုက်သည်။ သူသည် လုယုရှုထံသို့ လျှပ်စီးနဂါးတစ်ကောင်အသွင်ဖြင့်

တိုက်ရိုက်တိုးဝင်လာသည်။

“တောဘုရင်”

ထိုလက်သီးချက်သည် အရာတိုင်းထက်သာလွန်ပြီး သူ၏ အရှိန်အဝါသည်လည်း ထိပ်ဆုံးမှာရှိနေသည်။ လုယုရှုက ထိုလက်သီးသည် သာမန်ထက်ပိုပြီးထူးကဲသည်ဆိုတာ နားလည်သဘောပေါက်သည်။ ထိုလက်သီးသည် တစ်စုံတစ်ဦးကို ချက်ချင်းသေစေနိုင်သော နတ်ဆိုးကျားလက်သီးသိုင်း၏ ဇီဝိန်ခြွေ သိုင်းကွက်ဖြစ်သည်။ ထိုအချိန်မှာ သူမကလည်း တိုက်ခိုက်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ထက် ပိုမိုအားကောင်းသည်။ သူမက နောက်မှတိုက်ခိုက်သော်လည်း အရင် ရောက်လာပြီး

ချူးယွင်ဖန်း၏လက်သီးချက်ကို သူမ၏လက်သီးချက်ဖြင့် တွေ့ဆုံစေခဲ့သည်။

ဘန်း!!

သူတို့၏ လက်သီးနှစ်ခုဆုံတွေ့သောအခါ အသံကျယ်ကြီးထွက်လာသည်။ သူမ၏ လက်မောင်းသည် ချက်ချင်းဆိုသလို မလှုပ်ရှားနိုင်အောင်ဖြစ်သွားသဖြင့် ချူးယွင်ဖန်း၏ တောဘုရင်တိုက်ကွက်သည် မည်မျှအင်အားပြင်းကြောင်း ခန့်မှန်းနိုင်သည်။ ထိုအချိန်မှာ ချူးယွင်ဖန်း၏ နံရိုးတစ်ချို့ကျိုးအက်သွားသည်။ သူက တောဘုရင်သိုင်းကွက်ကို လုပ်ဆောင်ရန် အင်အားကုန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း လုယုရှု၏လက်မောင်းကိုတော့ မကျိုးပဲ့စေပေ။

“သခင်မလေး”

ဘေးနားမှာရှိနေသောသက်တော်စောင့်များသည် ထိုအဖြစ်ကိုမြင်သောအခါ သူမကိုချက်ချင်းဆိုသလို ဆေးကုသပေးကြသည်။

“ငါနဲ့လိုက်ခဲ့ပါ။ လက်သီးထိုးချက်က နံရိုးတစ်ချို့ကကျိုးစေခဲ့တယ်ထင်တယ်။ အရိုးအက်သံကိုတောင် ငါကြားရတယ်” ဟု လုယုရှုက ချူးယွင်ဖန်းကိုပြောသည်။ သူမကမျက်မှောင်ကြုံ့နေပြီး စောဒကမတက်ပေ။

“ကောင်းပါပြီ” ချူးယွင်ဖန်းကလည်းလက်ခံသည်။ သူက ခေါင်းမမာပေ။ သူက

နတ်ဆိုးကျားလက်သီးသိုင်း၏ ပြီးပြည့်စုံခြင်းအဆင့်ကို ပြသနိုင်ရန် သူအတတ်နိုင်ဆုံး

အစွမ်းကုန်ထုတ်သုံးခဲ့သည်။ ထိုသို့မဟုတ်ပါက သူလည်း ဆိုးဆိုးရွားရွားဒဏ်ရာရမည်မဟုတ်ချေ။

“နင်က ငါ့လက်မောင်းကိုချိုးခဲ့ပေမဲ့ တန်ပါတယ်။ ခုတော့ နတ်ဆိုးကျားလက်သီးသိုင်းရဲ့

ပြီးပြည့်စုံခြင်းအဆင့်က ဘာလဲဆိုတာ ငါသိခဲ့ရပြီ..အားလုံးက နင့်ကျေးဇူးကြောင့်ပါ။

ဒီကနဦး‌ေလ့ကျင့်မှုပြီးလျှင် နင့်ကို ကျန်တဲ့ပိုက်ဆံ ငါးသောင်းထပ်လွှဲပေးပါ့မယ်” ဟု လုယုရှုကပြောသည်။

သူမ၏လေ့ကျင့်ဖော်လုပ်ပေးခြင်းမှ စုစုပေါင်းရရှိငွေသည် တစ်သိန်းရှစ်သောင်းဖြစ်သည်။

သူကြိုယူထားသော တစ်သိန်းကိုနှုတ်ပြီး သူသောက်သုံးခဲ့သော အားဖြည့်ဆေးဖိုး သုံးသောင်းဖယ်ပါက ငါးသောင်းကျန်ရှိသည်။

“ဒါပေမဲ့ တစ်လတောင်မပြည့်သေးဘူးလေ” ချူးယွင်ဖန်းက အံ့အားသင့်နေသည်။

“အချိန်က အရေးမကြီးပါဘူး။ ငါက ပြီးပြည့်စုံခြင်းအဆင့်ကိုတက်လှမ်းနိုင်ဖို့က အရေးကြီးဆုံးပဲ။ နင့်ကြောင့် ဆယ်ရက်လောက် အချိန်ကုန်သက်သာသွားပြီ။နင့်ကို ဆုမချသင့်ဘူးလား။ ဒီပိုက်ဆံငါးသောင်းအပြင် နင့်ကို လက်ဆောင်အဖြစ် တစ်သိန်းပေးဖို့ စီစဉ်ထားတယ်။ မငြင်းပါနဲ့။ ဒီတစ်သိန်းဆိုတဲ့ ပိုက်ဆံက ငါ့အတွက်မပြောပလောက်ဘူး။ အဲ့ပိုက်ဆံနဲ့ယှဉ်လျှင် နင်ငါ့ကိုကူညီခဲ့တာတွေက အများကြီးပိုပါတယ်”

“ကောင်းပါပြီ..ငါမငြင်းတော့ပါဘူး” ချူးယွင်ဖန်းလည်း လက်ခံသည်။

သူက လုယုရှု ဖြတ်ကျော်နိုင်ဖို့ ကူညီပေးခဲ့တာမို့ သူ၏စစ်မှန်စွမ်းအင်ကိုလေ့ကျင့်ရန်

အချိန်အများကြီးပိုရသည်။ ပြီးတော့ ဖန်ဒေယင်းနှင့် ယှဉ်ပြိုင်ဖို့ အချိန်မကျန်တော့ပေ။

သူ့ကိုအနိုင်ရချင်ရုံသာမက မှတ်တမ်းတင်ထိုက်သော နိုင်ပွဲတစ်ခုလည်း ဖြစ်ချင်သည်။

အပိုင်း (၃၅)-ဖန်ဒေယင်းကိုတိုက်ခိုက်ခြင်း

သာမန်လည်းမဟုတ် အရမ်းလည်းကြီးကြယ်ခမ်းနားခြင်းမရှိသောအခန်းထဲတွင် လူငယ်တစ်ဦးသည် ကြမ်းပြင်ပေါ်ရှိကူရှင်ပေါ်တွင် တင်ပျဉ်ခွေချိတ်ထိုင်နေသည်။ သူသည်သာမန်အရှိန်ဖြင့်အသက်ရှုနေသည်။ သူအသက်ရှုသွင်းသည့်အခါတိုင်း လေအများကြီးကို ရှုသွင်းပြီးနောက် ဖြည်းဖြည်းချင်းပြန်လည်ရှုထုတ်နေသည်။ ရုတ်တရက်ဆိုသလို အခန်းထဲမှ ခေါင်းလောင်း မြည်သံက ထိုလူငယ်လေး၏ မျက်လုံးကိုပွင့်လာစေသည်။ သူက ဖြည်းဖြည်းချင်း အသက်ရှုထုတ်သည်။ ထို့နောက် ချူးယွင်ဖန်းသည် ခန္ဓာကိုယ်အကြောဆန့်လိုက်သည်။ ညလုံးပေါက်ကျင့်ကြံထားသော်ငြား သူက နည်းနည်းလေးမျှ ပင်ပန်းနွမ်းနယ်ခြင်းမရှိပေ။

နတ်ဘုရားဦးခေါင်းရကတည်းက သူသည် အိပ်စက်မှုနည်းလာသည်။ သူက ပုံမှန်အတိုင်းတရားထိုင်ပြီး အိပ်စက်ခြင်းအစား ကျင့်ကြံနေတော့သည်။သူက တစ်နာရီသို့ နှစ်နာရီ တရားထိုင်ပါက နောက်တစ်နေ့တွင် စိတ်ဓာတ်တက်ကြွနေသည်။ အစိုးရပိုင်းမှာ အံ့အားသင့်ဖွယ်ကျင့်ကြံမှုအခြေခံရှိသော စွမ်းအားရှင်များသည် အာဟာရသိဒ္ဓိပြည့်ဝကြသည်ဟု ဆိုကြသည်။ ထို့ကြောင့် သူတို့သည် အစားအစာပေါ်မှီဝဲစရာမလိုဘဲ ကောင်းကင်နှင့် မြေပြင်ကြားမှာရှိသော စိတ်ဝိဥာဉ်စွမ်းအင်ကို

စားသုံးရင်းရှင်သန်နိုင်သည်ဟု ဆိုကြသည်။ ထို့ပြင် သူတို့က အိပ်ရန်မလိုဘဲတရားထိုင်ဖို့သာ လိုအပ်သည်။

ချူးယွင်ဖန်းလည်း ထိုအနေအထားကို ယခုချိန်မှာ မရောက်သေးသော်လည်း မကြာမီအချိန်မှာ ရောက်ရှိလာတော့မည်။

“နောက်ဆုံးတော့ ဖန်ဒေယင်းနဲ့ တိုက်ခိုက်ဖို့နေ့ရောက်လာခဲ့ပြီ”

တစ်ပတ်ဆိုသောအချိန်အတိုင်းအတာသည် မျက်တောင်တစ်ခတ်အတွင်းကုန်ဆုံးခဲ့သည်။

ဖန်ဒေယင်းကိုတိုက်ခိုက်ဖို့အချိန်ကျရောက်ပြီ…

အချိန်လည်း လောက်လောက်ငှငှမရှိခဲ့ပေ။ ချူးယွင်ဖန်းသည် ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကို ပြီးမြောက်ခါစ ဖြစ်သည်။ သူလိုချင်သော ချီစွမ်းအင်အားဖြည့်ဆေးငါးလုံးတွင် သူသည် သုံးလုံးသာ ဖော်စပ် နိုင်ခဲ့သည်။

သို့သော်ငြား သူ့ကိုယ်ထဲမှာရှိနေသော စစ်မှန်စွမ်းအင်သည် ချီစွမ်းအင်အားဖြည့်ခြင်း၏

အမြင့်ဆုံးအနေအထား တွင်ရှိနေသော လူတိုင်းထက်သာလွန်သည်။ ထုံးစံအတိုင်း သူမနက်စာစားပြီး ကျောင်းကိုအပြေးအလွှား လာခဲ့သည်။ ယနေ့သည် ချူးယွင်ဖန်း နှင့် ဖန်ဒေယင်းတို့နှစ်ဦး၏ စိန်ခေါ်ပွဲရှိသောနေ့ဖြစ်သည်။ ကျောင်းသားများအကြားတွင် ဖန်ဒေယင်းက နာမည်ကြီးပြီး ချူးယွင်ဖန်း က ဘာမှမဟုတ်ပေ။ ထိုစိန်ခေါ်ပွဲသည် စပ်စုသောကျောင်းသားတချို့၏ အာရုံကိုဖမ်းစားနိုင်ရုံသော်လည်း ကျောင်းသား တစ်သောင်းနှင့် ဆရာများစွာရှိသော ကျောင်းမှာတော့ ကိစ္စရပ်ကြီးတစ်ခု မဟုတ်ပေ။

ချူးယွင်ဖန်းက အတန်းထဲရောက်သည်နှင့် ဖန်ဒေယင်းကသူ့ကို တိုက်ရိုက်ပိတ်ဆို့ထားသည်။

“မင်း လာရဲတယ်ပေါ့” ဖန်ဒေယင်းက တစ်ချက်မဲ့ပြရင်းမေးသည်။ တစ်ဆက်တည်းမှာ

သူသည်အတန်းဘက်ကို တစ်ချက်ဝေ့ကြည့်ရင်း “မင်းကို ကူညီပေးမဲ့ မင်းအကိုတောင် ဒီနေ့ကျောင်း မလာပါလား” ဟုပြောသည်။

ယနေ့သည် သူတို့နှစ်ဦး၏ စိန်ခေါ်ပွဲနေ့ဖြစ်သော်လည်း ဂေါင်ဟုန်ချီက ကျောင်းပျက်နေသည်။

ချူးယွင်ဖန်းသည် လွန်ခဲ့သောရက်အနည်းငယ်က ချူးယွင်ဖန်းနှင့် ယှဉ်ပြိုင်ခဲ့သည်။ ဤပြိုင်ပွဲက ဘာမှအရေးမပါတာမို့ ဂေါင်ဟုန်ချီ ၏ ချီစွမ်းအင်အား ဖြည့်ခြင်းအဆင့်ကို ရောက်ရှိရန် ကျင့်ကြံခြင်းအရှိန်ကို မပျက်လိုပေ။

ဂေါင်ဟုန်ချီသာမကဘဲ တန်စီယုလည်း ကျောင်းပျက်နေသည်။

ဖန်ဒေယင်းသည်အနည်းငယ်စိတ်ပျက်လာသည်။ သူက တန်စီယုကို ကြိုက်နေသည်ဆိုသောအကြောင်းကို တစ်တန်းလုံးသိကြသည်။ သူကြိုက်နှစ်သက်သည့် အကြောင်းကို အရိပ်အမြွက်ပြပြီး ဝန်ခံပြောဆိုခဲ့သည့် အချိန်များလည်းရှိသည်။

သို့သော် သူမက ငြင်းလည်း မငြင်း လျစ်လျူလည်း မရှုပေ။ တန်စီယုက အတန်းထဲကိုရောက်လာသည့် အချိန်ကစပြီး သူမက သာမန် ကျောင်းသားများနှင့် ကွဲပြားနေသည်။

သူမ၏ အမူအရာက ကျန်သောသူများနှင့် မတူကွဲပြားနေပြီး သီးသန့် နေထိုင်သည်။ သူမက နေ့တိုင်းကျောင်းကိုလာသော်လည်း တစ်ဦးတည်း သီးသန့်နေထိုင်ပြီး မတူကွဲပြား သော ပုံစံမျိုးကိုပေးစွမ်းသည်။ ထိုအချက်များကပင် သူမက ဆွဲဆောင်မှုရှိသည်ဟု ဖန်ဒေယင်း ထင်မြင်သည့် အချက်များဖြစ်သည်။

ဖန်ဒေယင်းသည် တန်စီယု၏ ရှေ့မှောက်တွင် ချူးယွင်ဖန်းကို အနိုင်ရလိုသည်။ သူမက ကျောင်းမှာ ရှိမနေခြင်း သည်နှမြောစရာကောင်းသော်လည်း ကိစ္စတော့မရှိပေ။ သူက ချူးယွင်ဖန်းကိုအနိုင်ရသည် ဆိုသောသတင်းသည် သူမထံကို အနှေးနဲ့အမြန်ရောက်လာမှာပဲဖြစ်သည်။

“ငါက အကူအညီလိုမယ် ဟုတ်လား…ပေါက်ကရလျှောက်မပြောနဲ့” ချုးယွင်ဖန်းက သူ၏ကျောပိုးအိတ်ကို လှမ်းပစ်သောအခါ အတန်းထဲမှာရှိသော သူ့နေရာတည့်တည့်ကို အထစ်အငေါ့မရှိကျရောက်လာသည်။ ထိုအရာတစ်ခုတည်းကပင် သူ၏ခန္ဓာကိုယ်သည် ပြစ်ချက်ကင်းမဲ့အဆင့်ကို ရောက်ပြီဆိုတာပြသနေသည်။ လွန်ခဲ့သော လဝက်ခန့်ကနှင့် ယှဉ်ပါက သူ၏ပြောင်းလဲမှုသည် အသစ်တဖန်ပြန်လည်မွေးဖွားလာသလို ထင်ရသည်။

ချူးယွင်ဖန်းက “ ကြိုးဝိုင်းထဲကို သွားကြစို့” ဟု လှည့်ပြောသည်။သူက ဖန်ဒေယင်းကို ဘာမှ

ဆက်မပြောလိုပေ။ ဖန်ဒေယင်းက အရာရာတိုင်းကိုစူးစိုက်ကြည့်နေသောအခါ သူ၏မျက်လုံးများက ပိုပိုပြီး ကြောက်ဖို့ကောင်းလာသည်။

“မင်း ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေအားလုံးကို ချိုးပြမယ်။ အဲ့ချိန်ကျ မင်းမာန်တက်နိုင်သေးလားဆိုတာ ကြည့်ကြသေးတာပေါ့” သူက ချူးယွင်ဖန်းကို ပြန်လည်အရှက်ခွဲလိုသည်။ ပြိုင်ပွဲယှဉ်ပြိုင်မည့်နေရာကို ကျောင်းမှာ စီစဉ်ထားခဲ့သည်။ ချူးယွင်ဖန်းတို့ ကြိုးဝိုင်းထဲရောက်သောအခါ အခန်း -၁၁မှ ကျောင်းသားများနှင့် သတင်းကြားသော အခြားအခန်းမှကျောင်းသားများရောက်လာကြသဖြင့်

စုစုပေါင်း လူနှစ်ရာနီးပါးရှိသည်။

“ဒီကနေ့မှာ စိန်ခေါ်ပွဲကိုကြည့်ရမယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ ဒါပေမဲ့ ချူးယွင်ဖန်းဆိုတာ

ဘယ်သူများလဲ။ ငါက အခန်း-၁၁ရဲ့ အတန်းခေါင်းဆောင်ဖြစ်တဲ့ ဖန်ဒေယင်းကိုပဲသိတာ”

“မသိဘူးလေ..အခန်း-၁၁မှာဘာဖြစ်နေလဲဆိုတာ ဘယ်သူသိမှာလဲ…ဘာပဲဖြစ်ဖြစ် ဖန်ဒေယင်းက သိက္ခာကျတာပေါ့။ သူ့အတန်းထဲက အခြေအနေကိုငြိမ်အောင် မထိန်းထားနိုင်လို့ သူတို့က ကြိုးဝိုင်းထဲရောက်လာကြတာလေ”

“သူဘယ်သူလဲဆိုတာ သိတဲ့လူရှိလား။ ချူးယွင်ဖန်းက အခန်း-၁၁က ဂေါင်ဟုန်ချီနဲ့ရင်းနှီးတယ်လို့ ကြားဖူးတာပဲ။ သူနဲ့တစ်ခုခုဆက်စပ်ပုံရမယ်။ ဂေါင်ဟုန်ချီကလည်း မဆန့်ကျင်သင့်တဲ့လူထဲမှာပါတယ်”

ပြိုင်ပွဲမစခင်မှာ ကျောင်းသားများက အချင်းချင်းဆွေးနွေးနေကြသည်။ ဤမမျှတသည်ဟုထင်ရသော ပြိုင်ပွဲက တစ်စုံတစ်ရာထူးဆန်းသည်ဆိုတာတွေးမိကြသည်။ ဖန်ဒေယင်းနှင့် ဂေါင်ဟုန်ချီတို့နှစ်ဦး ယှဉ်ပြိုင်ကြပါက အတန်းအသီးသီးမ အင်အားကြီးကျောင်းသားများ လာရောက်ကြည့်ရှုကြမည်။ ဖန်ဒေယင်းနှင့် ဂေါင်ဟုန်ချီ တို့သည် အထူးတန်းတက်ရောက်ဖို့ သေချာနေပြီဖြစ်သည်။ ထို့ကြောင့်သူတို့သည် အတန်းဖော်များဖြစ်ကြသလို ပြိုင်ဘက်များလည်းဖြစ်ကြသည်။ သူတို့နှစ်ဦးတိုက်ခိုက်ပါက မလွဲမသွေလာရောက်ကြည့်ရှုကြမည်။ ဖန်ဒေယင်းက ချူးယွင်ဖန်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်တော့မည်။ သူ့အတန်းထဲမှ စည်းကမ်းမလိုက်နာသော ကျောင်းသားကိုပုံစံပေးလိုသော ကြောင့် တိုက်ခိုက်သည်ဟု ထင်ကြသည်။

“ကြိုးဝိုင်းထဲသွားကြစို့” ဖန်ဒေယင်းက ခပ်ယဲ့ယဲ့ပြုံးရင်းပြောသည်။ ထိုသို့ပြောကာ သူသည် ကြိုးဝိုင်းထဲ ဝင်သွားသည်။ ချူးယွင်ဖန်းကလည်း ကြောက်လန့်ခြင်း အလျဉ်းမရှိဘဲ ကြိုးဝိုင်းထဲဝင်လာသည်။ သူတို့ နှစ်ဦးလုံးသည် ကြိုးဝိုင်းထောင့်မှာရပ်နေကြသည်။

“ချူးယွင်ဖန်း..မင်းငါ့ကို ဘယ်လိုပြန်ပြီးတိုက်ခိုက်မယ်ဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ဒီနေ့မှာ

မင်းရဲ့မာနကိုရိုက်ချိုးပြ မယ်။ မင်းလိုသာမန်လူက ငါ့ပြိုင်ဘက် ဘယ်တော့မှမဖြစ်လာဘူးဆိုတာ သိအောင်လုပ်ပေးမယ်။ ငါတို့က မင်းတို့ထက်အဆင့်တန်းမြင့်မြင့် မွေးဖွားလာတာ” ဟု ဖန်ဒေယင်းသည်

မောက်မာစွာပြောဆိုသည်။

သူပြောလိုက်သည့်စကားများက ကြိုးဝိုင်းပတ်လည်မှာရှိနေသော ကျောင်းသားများကို လှုပ်လှုပ်ရှားရှား ဖြစ် စေသည်။ ချူးယွင်ဖန်းကဲ့သို့ပင် ကျောင်းသားအများစုကလည်း နွမ်းပါးကြသည်။ ခေတ်သစ်လူမှုအဖွဲ့အစည်းသည် သာတူညီမျှရှိမှုကို အလေးထားပြီး လူမှုအဆင့်အတန်းခွဲခြားမှုများကို တားမြစ် ထားသော် လည်း အပေါ်ယံသာသာပဲဖြစ်သည်။ ထိုကဲ့သို့ ခွဲခြားဆက်ဆံမှုများရှိနေတာ အားလုံးအသိပဲဖြစ်သည်။ ဖန်ဒေယင်းကဲ့သို့ ချမ်းသာသောမိသားစုများမှ မွေးဖွားလာကြသူများသည် မောက်မာကြသည်မှာလည်း ခေတ်သစ်လူ့အဖွဲ့စည်းမှာ ရှိနေတုန်းဖြစ်ကြသည်။သို့သော်လည်း ဖန်ဒေယင်းပြောတာက အတိုင်းအတာတစ်ခုထိ မှန်ကန်သဖြင့် သာမန်ကျောင်းသားများက သူတို့၏ စိတ်ခံစားချက်များကိုထိန်းချုပ်လိုက်ကြသည်။ လူအများစုက ချမ်းသာဖို့အရေး

ကြိုးစားရုန်းကန်နေကြချိန်တွင် ချမ်းသာသောမိသားစုမှမွေးဖွားသူများ၏ ဘဝကသာယာသော အခြေအနေမှ စတင်ရုံပဲဖြစ်သည်။

“နောက်ထပ် ငတုံးတစ်ကောင်ပဲ” ချူးယွင်ဖန်းက တည်တည်ငြိမ်ငြိမ်တုံ့ပြန်လိုက်သည်။

အပိုင်း (၃၆)- ဖန်ဒေယင်းကို တစ်ချက်တည်းနှင့် အနိုင်ယူခြင်း

ဖန်ဒေယင်းသည် ချူးယွင်ဖန်းကို အေးတိအေးစက်စိုက်ကြည့်နေသည်။ သူ့ရှေ့မှာရှိနေသော ချူးယွင်ဖန်း သည် သူ့ကိုထပ်ခါထပ်ခါ စော်ကားပြောဆိုသဖြင့် ရွံရှာမုန်းတီးဖွယ် ကောင်းလှသည်ဟုထင်မိသည်။ ပြီးတော့ သူဂုဏ်ယူရသောအရာမှန်သမျှကိုလည်း မော်မောက်မာမာဆက်ဆံပြောဆိုသည်။ သူ့က မြင့်မြတ်စွာ မွေးဖွားလာသည်ဟု သူ့ကိုယ်သူထင်မြင်မိသော်လည်း ချူးယွင်ဖန်းက ထိုအရာအပေါ် ဂရုမစိုက်ပေ။ ထိုအကြောင်းအရာကပင် ချူးယွင်ဖန်းကိုစတင်ပြီး သတိထားမိသည့်အချိန်ကစပြီး အမြင်မကြည်ခဲ့ပေ။ ဖန်ဒေယင်း သည် မြားတစ်စင်းသဖွယ်လျင်မြန်စွာတိုးဝင်တိုက်ခိုက်သည်။ သူက လေထဲမှာဝဲပျံသော ရိုးရိုးရှင်းရှင်း လက်သီးတစ်ချက်ကိုထိုးလိုက်သောအခါ ချူးယွင်ဖန်း၏မျက်နှာထံသို့ လေလှိုင်းများ ဝဲပျံ လာသော်ငြား ချူးယွင်ဖန်းက တွန့်ဆုတ်ခြင်းအလျဉ်းမရှိပေ။

ဘန်း!

ချူးယွင်ဖန်းသည်လက်မောင်းကိုမြှောက်ပြီး တိုက်ခိုက်မှုကို ကာဆီးလိုက်သောအခါ ဖန်ဒေယင်း၏ လက်သီးကို အေးအေးဆေးဆေးရပ်တန့်လိုက်နိုင်သည်။ သူ့ခန္ဓာကိုယ်သည် လုံးဝမလှုပ်ပေ။ချူးယွင်ဖန်း၏ နှုတ်ခမ်း ထောင့်မှာ ခပ်မဲ့မဲ့ အပြုံးလေးတစ်ခုဖြစ်လာသည်။ လုယုရှုနှင့် ယှဉ်လျှင်ဖန်ဒေယင်းသည် အများကြီး ပိုပြီးအားနည်းသည်။သူမသည်ချီပင်လယ်အဆင့်ကိုရောက်ရှိနေပြီဖြစ်သည်။ အင်အားဖြစ်စေ အမြန်နှုန်း ဖြစ်စေ သူမနှင့်ဖန်ဒေယင်းကြားက ကွာခြားချက်သည် ကြီးမားလှသည်။ သူမ၏ အစွမ်းကိုလျှော့ချထားသောအခါ ချူးယွင်ဖန်းက မျှတသောပြိုင်ပွဲတစ်ခုကို ဆင်နွှဲနိုင်ခဲ့သည်။ သူက အကြိမ်ပေါင်းများစွာ အသာစီး ရခဲ့သည်။ သူ၏အစွမ်းက မည်မျှတိုးတက်လာသည်ဆိုတာ ခန့်မှန်းကြည့်နိုင်သည်။

ဖန်ဒေယင်းသည် လုံးဝအံ့အားသင့်ခဲ့သည်။ သူ၏ အစွမ်းနှင့်ပတ်သက်ပြီး ကြွားဝါတာမျိုးမဟုတ်ပေ။ သူသည် တန်စီယုနှင့် ဂေါင်ဟုန်ချီကိုတိုက်ခိုက်နိုင်သည်။ သူ့ထံမှလက်သီးတစ်ချက်ကိုတောင့်ခံနိုင်ခြင်း သည် အံ့အားသင့် ဖွယ်ဖြစ်သည်။ နောက်ဆုံးတစ်ခေါက်တုန်းကချူးယွင်ဖန်းနှင့်တိုက်ခိုက်တုန်းကလို အစွမ်းကို နှိမ့်ချပေးထားတာမျိုးလည်း မရှိပေ။

“ငါ့လက်သီးကို ပိတ်ဆို့နိုင်တာ မယုံနိုင်ဘူး။ မင်းက တကယ့်ကို သိသိသာသာတိုးတက်လာတာပဲ။ ဒီတစ်ချက်နဲ့ မင်းစိတ်ကြီးဝင်တော့မယ်ဆိုတာ သိသားပဲ” ဖန်ဒေယင်းက ခပ်ရွဲ့ရွဲ့ပြောဆိုသည်။

“ဟုတ်ပြီလေ..အတန်းခေါင်းဆောင်..မင်းမှာရှိတာဒါအကုန်ပဲလား။ မင်းကကြည့်ကောင်းရုံသက်သက်ပဲ ဆိုတာသိသားပဲ ခုကြည့်နေတဲ့သူတွေကအများကြီး ဒီပြိုင်ပွဲပြီးလျှင် မင်းက ဘာမှသုံးစားလို့မရတဲ့ ကျောင်းသားပါလားဆိုတဲ့သတင်းက တစ်ကျောင်းလုံးပျံ့သွာ့တော့မယ်” ဟု ချူးယွင်ဖန်းက တည်တည် ငြိမ်ငြိမ် ပြန်ပြောသည်။

“အဓိပ္ပါယ်မရှိတာတွေ မင်းပြောရဲတယ်။ မင်းခန္ဓာကိုယ်ထဲက အရိုးတွေအားလုံးကို ချိုးတဲ့အချိန်ကျ ဒီလိုမျိုးပြော ထွက်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့” ဟု ဖန်ဒေယင်းက ကျယ်လောင်စွာကြုံးဝါး ပြောဆိုသည်။ သူ၏ ဂုဏ်သိက္ခာသည် ထပ်ခါထပ်ခါ စော်ကားခံရသဖြင့်ဒေါသထွက်လာသည်။ သူသည် ချူးယွင်ဖန်း၏ နှလုံးတည့်တည့်ဆီသို့ဦးတည်ကာ လက်သီးတစ်ချက်ထိုးလိုက်သည်။

“ကြောက်မက်ဖွယ်ကျားနှလုံးဇီဝိန်ခြွေသိုင်း”

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်က တစ်ချက်တောင်မလှုပ်ဘဲ လက်မောင်းကို မြှောက်ကာတိုက်ခိုက်မှုကို ကာဆီးသည်။ ထိုအချိန်မှာ ချူးယွင်ဖန်း၏ ရည်ရွယ်ချက်ကို ဖန်ဒေယင်းကသိနေသလိုဟန်ဖြင့် ပြုံးလိုက်သည်။

“ငါ့မှာရှိတာဒါအကုန်ပဲထင်နေလား”

သူ၏ လက်သီးကိုပိတ်ဆို့သဖြင့် ဖန်ဒေယင်းသည် ခန္ဓာကိုယ်ကိုလှည့်ကာ ကန်လိုက်သည်။တစ်စက္ကန့်တောင် မကြာလိုက်ခင်မှာ ဓားတစ်ချောင်းသည် ချူးယွင်ဖန်း၏ရင်ဘတ်တည့်တည့်ကိုဦးတည်ပြီး ပြေးဝင်လာသည်ဟု ထင်ရသည်။

ဘန်း!

ခုနက တစ်ခေါက်လိုပဲ ချူးယွင်ဖန်းသည် တိုက်ခိုက်မှုကို တိုက်ရိုက်ကာကွယ်လိုက်ပြန်သည်။

ဘန်း!

ဘန်း!

ဘန်း!

ဖန်ဒေယင်း၏တိုက်ခိုက်မှုသည် မုန်တိုင်းတစ်ခုသဖွယ်ဖြစ်သော်လည်း ချူးယွင်ဖန်းကတုပ်တုပ်မှမလှုပ်ပေ။ သူကဘယ်လိုတိုက်ခိုက်မှုပဲလာလာ ကာကွယ်နိုင်သည့်ပုံစံဖြစ်သည်။

“စိတ်ဝင်စားစရာပါလား”

ထိုအချိန်မှာ သိုင်းဝတ်စုံနှင့် သွယ်လျပြီးတောင့်တင်းသော ခန္ဓာကိုယ်ပိုင်ဆိုင်ထားသော ခန့်ညားသည့် လူငယ်တစ်ဦးပေါ်လာသည်။ ထိုလူငယ်သည် အနည်းဆုံး ၁.၉ မီတာ အရပ်ရှိလောက်ပြီးတခြားသောပွဲ ကြည့်ပရိတ်သက်ကျောင်းသားများထက် ခေါင်းတစ်လုံးပိုမြင့်ပြီး သူ့အနေအထားသည်ဆန်းကြယ်သည်။ သူ့ဘေးနားက လူများက သူ့ကိုမြင်သောအခါ သူ့အတွက်လမ်းဖယ်ပေးကြသည်။

“အိုရန် လား..ငါမယုံနိုင်ဘူး။ သူက ဘာလို့ဒီကိုရောက်နေတာလဲ”

ထိုလူငယ်လေးကို အားလုံးကချက်ချင်းမှတ်မိကြသည်။ ဖန်ဒေယင်းသည်အခန်း-၁၁မှာ နာမည်ကြီးပါက ဤလူငယ်လေးသည် အမှတ်-၁၃ကျောင်းတစ်ခုလုံးမှာ နာမည်အကြီးဆုံးကျောင်းသားဖြစ်သည်။ သူ့နာမည်က အိုရန်ဟု ခေါ်သည်။ မိသားစုနာမည်က အိုမျိုးရိုးဖြစ်ပြီး သူ့နာမည်က ရန်ဖြစ်သည်။ သူက အမှတ်-၁၃ ကျောင်းကိုတက်ကတည်းက နာမည်ကြီးကျောင်းသားဖြစ်ခဲ့သည်။ သူနှင့် သက်တူရွယ်တူ အတန်းတူ ကျောင်းသားများ ကြားမှာ သူက အင်အားအကြီးဆုံးဟု သိကြသည်။ သူက တတိယနှစ်ရောက် သောအခါ တစ်ကျောင်းလုံးမှာ အင်အားအကြီးဆုံးကျောင်းသားဟုလူသိများလာသည်။ သူ၏ စွမ်းရည်များသည် ဆရာတစ်ယောက်နီးပါး ရှိသည်ဟု ဆိုကြသည်။

အများစုက အူရန်ကို အဝေးမှသာမြင်ဖူးပြီး တစ်ခါမှမဆက်ဆံဖူးပေ။ ထို့ကြောင့် ဤနေရာမှာ သူ့ကိုတွေ့ ရသောအခါ အားလုံးက အံ့အားသင့်ကြသည်။ ဖန်ဒေယင်းက နာမည်ကြီးသော်လည်း ဤပွဲကို အူရန် လာရောက်ကြည့်ရသည်အထိ ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ပေ။ အမှန်တော့ အူရန်သည် ပြိုင်ပွဲကျင်းပရာ နေရာနားမှအမှတ်မထင်ဖြတ်လျှောက်ရင်း သိခဲ့ခြင်းဖြစ်သည်။သာမန်ကျောင်းသားများ

အတွက် အခြေတည်အဆင့်-၉ဖြစ်သည့် ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ရှိသော ကျောင်းသားများသည် အတော်ဆုံးဟု ဆိုနိုင်သော်လည်း သူ့အတွက်တော့ ဘာမှမဟုတ်ပေ။ အကြောင်းရင်းမှာ သူက ချီပင်လယ် အဆင့် ကိုရောက်ရှိနေပြီးဖြစ်သည်။

သို့သော် အမှတ်မထင်ကြည့်လိုက်ခြင်းမှ စိတ်ဝင်စားစရာကောင်းသော တစ်စုံတစ်ရာကိုရှာဖွေတွေ့ရှိခဲ့သည်။ သူက ဖန်ဒေယင်းအပေါ် အနည်းငယ် အထင်ကြီးမိသော်လည်း တစ်ဖက်ကတိုက်ခိုက်သူကို လုံးဝမသိပေ။ သူတို့နှစ်ဦး၏ တိုက်ခိုက်ပုံသည်စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဖန်ဒေယင်းသည် အဆက်မပြတ်တိုက်ခိုက်ပြီး သူ၏ချီစွမ်းအင်တန်ခိုးများပြည့်ဝမှုကို ပြသနေသည်။ သို့သော်လည်း ထိုတိုက်ကွက်များက အချည်းနှီး သာသာဖြစ်နေသည်။ သူက မည်သည့်ထောင့်မှပဲ တိုက်ခိုက်ပါစေ ချူးယွင်ဖန်းက နတ်ဆိုးကျား လက်သီးကို အေးအေးဆေးဆေး ကာကွယ်နိုင်သည်။ အဝေးမှကြည့်သောအခါ ချူးယွင်ဖန်းသည် ဖန်ဒေယင်း၏ တိုက်ခိုက် မှုများကို လှုပ်ရှားခြင်းအလျဉ်းမရှိဘဲ ခုခံနိုင်သည်ဆိုတာသိခဲ့ရသည်။

“သူက ချီပင်လယ်အဆင့်ကိုဖြတ်ကျော်နိုင်ခဲ့တာလား” အူရန်က ချူးယွင်ဖန်းကိုကြည့်ရင်း ဇဝေဇဝါ ဖြစ်လာ သည်။ သူက ဖြစ်နိုင်ချေကို မေ့လိုက်သော်ငြား ချီစွမ်းအင်အား ဖြည့်ခြင်းအဆင့်မှာရှိနေသောသူက ဤမျှလောက် အင်အားကြီးနေခြင်းသည်ထူးဆန်းလှသည်။ သူက မအံ့ဩပေ။ သာမန်အဆင့်ဟု ထင်ရသော ကျောင်းသားများသည် နှစ်တိုင်းလိုလိုကျင်းပသော ဝင်ခွင့်စာမေးပွဲပြီးနောက် ရုတ်တရက်ဆိုသလို နာမည်ကြီး လာမြဲဖြစ်သည်။ သူတို့သည် နေ့တွင်းညတွင်းချင်း နာမည်ကြီးလာပြီး မူလတည်းက နာမည်ကြီးသူများကိုပါ ဖြတ်ကျော်လာနိုင်သည်။ သူ့အတွက်တော့ ချူးယွင်ဖန်းက ထိုလူများနှင့် မထူးမခြားနားပေ။ ထိုအရာကပင် သူ့အာရုံကိုဆွဲဆောင်သည်။ ဖန်ဒေယင်းက မည်သူနဲ့ဖြစ်ဖြစ် တိုက်ခိုက်ခြင်းကို ကြည့်ဖို့အကြောင်း မရှိပေ။

“အိုး..အတန်းခေါင်းဆောင်ကြီး..ငါနဲ့တိုက်ခိုက်ရတာပင်ပန်းနေပြီလား။

မင်းမှာရှိတာဒါအကုန်ပဲဆိုရင်တော့ ငါတကယ့်ကိုစိတ်ပျက်သွားပြီ” ဟု ချူးယွင်ဖန်းက ခေါင်းကိုခါရမ်းရင်း ပြောသည်။

“ဘာ မင်းကများ ငါ့ကိုအထင်သေးရဲတယ်”

ဖန်ဒေယင်းသည် ဒေါသအလွန်အမင်းထွက်လာသည်။သူက နောက်ထပ်လက်သီးတစ်ချက် ထိုးသောအခါ သူလေပေါ်မြောက်လာသည်။ သူ့မျက်နှာပေါ်မှာ ကြောက်စရာကောင်းသော အပြုံးတစ်ခု ကိုလှစ်ဟပြသည်။ အမှန်တော့ သူက လျှိုထားခြင်းဖြစ်သည်။ သူသည် နတ်ဆိုးကျားလက်သီးသိုင်းကို ပြစ်ချက်ကင်းမဲ့အဆင့် ထိကျင့်ကြင့်နိုင်ခဲပြီးဖြစ်သော်လည်း သူက ခုချိန်ထိစောင့်ဆိုင်းရင်း မထုတ်ပြရသေးခြင်းဖြစ်သည်။

သူက ချူးယွင်းဖန်းကိုလည်း လျှော့မတွက်ပေ။ သူက မောက်မာသော်လည်း အရူးတစ်ယောက်တော့ မဟုတ် သေးပေ။ ယခုချိန်ထိ ယှဉ်ပြိုင်ရသလောက် ချူးယွင်ဖန်းသည်လွယ်ကူသောပစ်မှတ်တစ်ခုမဟုတ်ဘူးဆိုတာ ပြောနိုင်သည်။ ချူးယွင်ဖန်းက ဘာမှမတတ်ဘဲ ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ထိ မရောက်နိုင်ပေ။

ထို့ကြောင့် သူ၏ အစွမ်းများကို အကုန်ထုတ် သုံးရတော့သည်။ သို့သော် သူက မျှော်လင့်ချက်ကြီးစွာ ထိုးလိုက်သောလက်သီးများသည်သူမျှော်လင့်ထားသလို မဖြစ်လာပေ။ ချူးယွင်ဖန်းအတွက် ဘာမှမဟုတ်သည့် ပုံစံဖြစ်နေသည်။

ဘန်း!

ချူးယွင်ဖန်းက သူ၏လက်မောင်းကို မ ရင်း” အတန်းခေါင်းဆောင်..ဒါမင်းရဲ့ ဝှက်ဖဲလား။

သေချာတာတော့ မင်းရဲ့ ရှုံးနိမ့်မှုကို မကယ်တင်ပေးနိုင်လောက်ဘူး။

မင်းထိုးတဲ့လက်သီးချက်ပေါင်းများစွာက ငါ့အတွက်ဘာမှမဟုတ်ဘူး။ ခုကြည့်လိုက်..မင်းကိုအနိုင်ရဖို့ တစ်ချက်ပဲလိုတယ်” သူက ပြောရင်းဆိုရင်း လျှပ်စီးကဲ့သို့ပြေးဝင်လာသည်။ သူက ယခုအကြိမ်မှ စတင်တိုက်ခိုက်ခြင်း ဖြစ်ပြီးလက်သီးတစ်ချက်ထိုးလိုက်သည်။

မြန်ဆန်တယ်..

အရမ်းမြန်တယ်…

လျှပ်စီးတစ်ခုလိုပဲဖြစ်တယ်…

သူ့ထံသို့ လျှပ်စီးတစ်ခုပြေးဝင်လာသည်ဟု ဖန်ဒေယင်းခံစားမိလာသည်။ သူက ဘာမှမပြောနိုင်ခင်မှာပင် သူ၏ရင်ဘတ်ကို တိုက်ခိုက်ခဲ့သည်။ ချက်ချင်းဆိုသလို သူက နောက်ပြန်ကျပြီး ကြိုးဝိုင်းထဲမှာ ပြင်းထန်စွာလဲကျခဲ့သည်။ အနိုင်အရှုံးကို သေသေချာချာဆုံးဖြတ်နိုင်ပြီဖြစ်သည်။ လွန်ခဲ့သောရက်က အတန်းထဲမှ ယှဉ်ပြိုင်ခဲ့စဉ်က ရခဲ့သောရလဒ်နှင့် အတူတူပဲဖြစ်သည်။

All Chapters