အခန်း ၃၇-၃၉
Vol. 3 Ch. 37-39
အပိုင်း(၃၇)- မမျှော်လင့်သောရလဒ်
အားလုံးက ရုတ်တရက်ဆို အံ့ဩသွားကြသည်။ သူတို့ အံ့ဩလွန်းသဖြင့်စကားတစ်ခွန်းမှ မပြောနိုင်အောင် ဖြစ်ကြသည်။ သူတို့သည် ဖန်ဒေယင်းက ယခုကဲ့သို့ရှုံးနိမ့်လိမ့်မည်ဟု မထင်မိပေ။ ဖန်ဒေယင်းက မရှုမလှရှုံးနိမ့်စေရန် မျှော်လင့်နေကြသူများလည်း ရှိသည်။ ပြိုင်ပွဲတစ်လျှောက်လုံးမှာ သူက ၉၀%လောက် တိုက်ခိုက်ပြီး ချူးယွင်ဖန်းက ၁၀%လောက်သာ တိုက်ခိုက်ခဲ့သည်။ ရလဒ်ထွက်လာသောအခါ ထိုတစ်ကြိမ် တည်းတိုက်ခိုက်ခြင်းက လုံလောက်ခဲ့သည်။
“တစ်ချက်တည်း…ဖန်ဒေယင်းကို တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တာလား”
အားလုံး၏ ဦးနှောက်ထဲတွင် ထိုအတွေးက ရုတ်တရက်ပေါ်လာခဲ့ပြီး အရမ်းကိုထိတ်လန့်နေကြသည်။ ပြိုင်ပွဲကိုလာကြည့်သူများသည် ဖန်ဒေယင်း၏ အစွမ်းကိုသိကြပြီး အများစုမှာ အတန်းဖော်များဖြစ်ကြသည်။ သူတို့က ဖန်ဒေယင်း ဘယ်လောက်စွမ်းဆောင်နိုင်လဲဆိုတာ ကောင်းမွန်စွာနားလည်ကြသည်။ ဂေါင်ဟုန်ချီ
နှင့်တန်စီယုကလွဲပြီး သူနှင့် ယှဉ်ပြိုင်နိုင်သူဟူ၍ မရှိပေ။ ဂေါင်ဟုန်ချီသည်သူ့ကိုယှဉ်ပြိုင်တိုက်ခဲ့နိုင်ပြီး အနိုင်ရခဲ့ခြင်းကလည်း နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
“ချူး…ချူးယွင်ဖန်းက ဘာလို့ဒီလောက်တောင်တော်နေရတာလဲ”
“သူက အရမ်းတန်ခိုးကြီးတယ်ဆိုတာ ငါတို့သိတောင်မသိခဲ့ဘူး”
လူအားလုံးသည် အချိန်တော်တော်ကြာတော့မှ အဖြစ်မှန်ကိုသိကြရသည်။
“ငါရှုံးတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…ငါရှုံးတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထိုအနိုင်အရှုံးရလဒ်ကို လက်ခံရန်အခက်ခဲဆုံးသူမှာ ဖန်ဒေယင်းဖြစ်သည်။ သူက ထိုစကားကို
တတွတ်တွတ် အဆက်မပြတ်ရေရွတ်နေသည်။ သူက ပထမဆုံးအကြိမ်တုန်းက အစွမ်းကိုလျှော့ခဲ့သဖြင့် သူရှုံးခဲ့တာကို လက်ခံနိုင်သေးသည်။ ဒီတစ်ကြိမ်မှာတော့ သူအမှန်တကယ်ရှုံးနိမ့်ခဲ့ရသည်။ ချူးယွင်ဖန်းက သူ့ကိုတစ်ချက်တောင်လှည့်မကြည့်ပေ။ သူက နောက်ပြန်လှည့်ပြီး ကြိုးဝိုင်းထဲမှထွက်သွားသည်။
“ငါရှုံးတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရုတ်တရက်ဆိုသလို ချူးယွင်ဖန်း၏ နောက်မှအော်သံကြီးတစ်သံထွက်လာပြီး လေပြင်းတစ်ခုက သူ့ကို ဦးတည်တိုက်ခိုက်သည်။ ထိုအရာသည် ရလဒ်ကိုလက်မခံနိုင်သော ဖန်ဒေယင်းဖြစ်သည်။ သူက ထိုအချိန် မှာ စိတ်လွတ်နေပြီး ချူးယွင်ဖန်း၏ နောက်ကျောဘက်ကိုလက်သီးတစ်ချက်ထိုးခဲ့သည်။ ချူးယွင်ဖန်းက
ချက်ချင်း တုံ့ပြန်သည်။ သူက နောက်ပြန်လှည့်ပြီး ခပ်ပြင်းပြင်းကန်ပစ်သည်။ ထိုကန်ချက်သည် ဖန်ဒေယင်း၏ ရင်ဘတ် နားဆီသို့ တိုက်ရိုက်ကျရောက်လာသည်။
ဘန်း!
ဖန်ဒေယင်းက နောက်တစ်ကြိမ်လွင့်ထွက်သွားသည်။ သူက မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်းလဲကျကာ ဒီတစ်ကြိမ်မှာတော့ ထတောင်မထနိုင်တော့ပေ။ ချူးယွင်ဖန်းက အရင်တုန်းက ဖန်ဒေယင်းကို အနိုင်ယူရန် တွန့်ဆုတ်ခဲ့သဖြင့် ဤလက်သီးထိုးချက်မှာ အားကုန်ထုတ်သုံးခဲ့သည်။ ဖန်ဒေယင်းသည် လွယ်လွယ်ကူကူ ပြန်မထနိုင်တော့ပေ။ သူ့ဗိုက်နားမှာရှိသော နံရိုးအကုန်ကျိုးအက်ကုန်သည်။ သူက နာကျင်မှုဒဏ်ကြောင့် လူးလွန့်နေပြီး လုံးဝမလှုပ်နိုင်တော့ပေ။ ထိုအချိန်မှာ အားလုံးက အသက်တောင် မနည်းရှုနေကြသည်။
ပွဲသိမ်း အနိုင်ပိုင်းတုန်းက ချူးယွင်ဖန်းသည် အင်အားအကုန်သုံးခဲ့တာမျိုးမဟုတ်ဘူးဆိုတာ သိလိုက် ကြသည်။ သူ၏ ကန်ချက်ကိုမည်သူမျှမမြင်ခဲ့ရပေ။ ဖန်ဒေယင်းက ချူးယွင်ဖန်းထံပြေးဝင်လာပြီး လွင့်ထွက် သွားတာကိုပဲမြင်လိုက်ရသည်။
“သူက..သူက ဘယ်လောက်တောင် အင်အားကြီးနေတာလဲ”
“သူက အနိုင်ရမယ်ဆိုတာ အရင်တုန်းကမသိခဲ့ဘူး”
“သူက သိုင်းပညာအထူးတန်းကိုသေချာပေါက်တက်နိုင်မယ်ဆိုတာ ငါပြောရဲတယ်။ သူ့ကို ဝင်ခွင့်စာမေးပွဲ မအောင်ဘူးလို့တောင် ထင်ခဲ့ကြတာ။ သူက တကယ့်ကို လျှို့ဝှက်နိုင်တာပဲ”
“ဒါကြောင့်ပဲ မြွေနဲ့နဂါးတူတူမနေနိုင်ဘူးလို့ ဆိုကြတာ။ ဂေါင်ဟုန်ချီကလည်း အထက်စီးဆန်တယ်။ ဒါပေမဲ့ သူတို့ကရင်းနှီးကြတယ်။ ချူးယွင်ဖန်းက သာမန်လူဖြစ်နိုင်ပါ့မလား”
ချူးယွင်ဖန်းက သူ၏ အစွမ်းမျာကို ဖုံးကွယ်ထားသည်ဟု ထင်နေကြသည်။ သူ၏ အစွမ်းက မယုံကြည် နိုင်အောင် ကောင်းမွန်သဖြင့် သူက လျင်လျင်မြန်မြန်တိုးတက်လာသည်ဟု မည်သူမျှမထင်ကြပေ။ တချို့က ဖန်ဒေယင်းကို ဆေးရုံသို့ပို့ရန် မနိုင်မနင်းသယ်နေကြသည်။ ခေတ်သစ်လူ့အဖွဲ့အစည်း၏ဆေးပညာ သည် အဆင့်မြင့်သော်လည်း ထိုကန်ချက်တစ်ခုတည်းနဲ့ပင် သူ့ကိုအချိန်အကြာကြီးခံစားရစေမည်။ သို့သော် သူသည် ချူးယွင်ဖန်းကို ဘာမှမလုပ်နိုင်ခဲ့ပေ။ ထိုအရာသည် စိန်ခေါ်ပွဲများဖန်တီးရခြင်း၏ အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်သည်။ ပြိုင်ပွဲကဘယ်လောက်ပဲပြင်းထန်နေပါစေ မည်သူမှ သာမန်အခြေအနေကဲ့သို့ စုံစမ်းစစ်ဆေးကြမည်မဟုတ်ပေ။ စိတ်မပါလျှင် ကြိုးဝိုင်းထဲမဝင်သင့်ပေ။ ကြိုးဝိုင်းထဲဝင်သည်နှင့်စည်းမျဉ်းများကိုလေးစားလိုက်နာရမည်။
ထို့ကြောင့်ပင် အားလုံးက ချူးယွင်ဖန်းရှုံးနိမ့်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ ရလဒ်သည် သူတို့မျှော်လင့်ထား သလို မဟုတ်ပေ။ ဖန်ဒေယင်းက ဤရလဒ်နှင့် ထိုက်တန်သည်ဟု ထင်ကြသူများလည်းရှိသည်။ အူရန်သည်လည်း ပြန်သွားကြသောကျောင်းသားများထဲမှ တစ်ဦးဖြစ်သည်။ ကျောင်း၏နာမည်ကြီး ကောင်လေး တစ်ဦးက သူ့ကို ရှာတွေ့ခဲ့သည်ကို ချူးယွင်ဖန်းသတိမပြုမိပေ။ ထိုအချိန်မှာ ဖန်ဒေယင်း ဆေးကုသနိုင်ရန် သယ်ဆောင်သွားကြသော လူများကိုရပ်ကြည့်နေမိသည်။ သူ့မျက်နှာမှာ ဘာခံစားချက်မှ မရှိပေ။ သူ့အတွက်တော့ ဖန်ဒေယင်းကိုအနိုင်ရဖို့ အပိုင်တွက်ထားခြင်းဖြစ်သည်။ အဓိက ဘယ်လိုမျိုး လှလှပပအနိုင် ယူရမလဲဟူသော အချက်ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ဆယ်ရက်သာကျန်တော့သည်။ သူက သိုင်းပညာလိုင်းကိုတက်ရောက်ခွင့် ရရုံနှင့်မကျေနပ်ပေ။ ထိုအစား သူသည် သိုင်းပညာလိုင်း၏ အထူးတန်းကို ဝင်ရောက်ခွင့်ရချင်သည်။ သူသည် ထိုသို့တက်လှမ်းနိုင်ဖို့သေချာစေရန် ချီပင်လယ်အဆင့်ကိုဖြတ်ကျော်ရမည်။သူသည် ချီစွမ်းအင် အားဖြည့်ဆေးသုံးလုံးဖြင့် ကျင့်ကြံခဲ့ခြင်းဖြစ်သည်။သူသည် ချီစွမ်းအင်အားဖြည့်ခြင်း၏ အမြင့်ဆုံး အနေ
အထား ကိုရောက်ရန် နောက်ထပ်ကျန်သောဆေးနှစ်လုံးဖြင့် ကျင့်ကြံရမည်။ ထိုမှသာ သူသည် ချီပင်လယ် အဆင့်ကိုဖြတ်ကျော်နိုင်လိမ့်မည်။ အချိန်က အရေးအကြီးဆုံးဖြစ်သည်။
“ငါ တစ်စက္ကန့်တောင် နားနား နေနေ နေလို့မရဘူး။ “ ချူးယွင်ဖန်းက လက်သီးကို ခပ်ဖျော့ဖျော့ ဆုပ်ထားရင်းပြောသည်။
သူအတန်းထဲကိုပြန်ရောက်သောအခါ ဖန်ဒေယင်းကိုအနိုင်ယူသည်ဆိုသော သတင်းကတစ်တန်းလုံးကြားမှာ ပျံ့နှံ့နေပြီးဖြစ်သည်။ ထိုအချိန်မှာ အခန်း-၁၁က ကျောင်းသားများက အံ့အားသင့်ကြသည်။ ချူးယွင်ဖန်း မှာထိုသို့အစွမ်းများရှိနေခြင်းကို မယုံကြည်နိုင်အောင်ဖြစ်နေသည်။ ချူးယွင်ဖန်းက ကံကောင်းထောက်မပြီး နိုင်ချေရှိသည်ဟုသာ ထင်ခဲ့ကြသည်။ လူတစ်ဦးကို သင်ခန်းစာပေးခြင်းက ဘာလဲဆိုတာကို ချူးယွင်ဖန်းက သေချာပြသခဲ့သည်။
ဖန်ဒေယင်းကို အနိုင်ရပြီးနောက် တစ်တန်းလုံးမှာ ချူးယွင်ဖန်းက အတော်ဆုံးဟု အများစုက ထင်လာကြသည်။ ထိုပြိုင်ပွဲသည် ကျောင်း၏တခြားအတန်းများကြားမှာတော့ ရုတ်ရုတ်သဲသဲကိစ္စတစ်ခု ဖြစ်မသွားခဲ့ပေ။ ဖန်ဒေယင်းက နာမည်ကြီးရုံမျှသာဖြစ်ပြီး သူ့ကိုပင် မသိကြသော လူအများကရှိတာမို့ သူ့ကိုအနိုင်ရခဲ့သော ချူးယွင်ဖန်းအတွက်တော့ ပြောဖွယ်မရှိပေ။
နေ့လည်ခင်းမှာ ဖန်ဒေယင်းနှင့်ယှဉ်ပြိုင်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး အတန်းပိုင်က ချူးယွင်ဖန်းအား ခေါ်တွေ့ခဲ့ သည်။သို့သော် သူ့ကိုအပြစ်ဆိုချင်သောကြောင့် ခေါ်တွေ့ခြင်းမဟုတ်ပေ။ ကြိုးဝိုင်းထဲတွင် ဖြစ်ပျက်ခဲ့သောအရာများကို မေးမြန်းစူးစမ်းမည်မဟုတ်ချေ။ ဖန်ဒေယင်းက နောက်မှချုံခိုတိုက်ခိုက်ရန်
ကြံစည်သူဖြစ်ပြီး ချူးယွင်ဖန်း၏ ကန်ချက်ဖြင့် အဆုံးသတ်မှာဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
အတန်းပိုင်ဆရာကလည်း ဖန်ဒေယင်းကို မျက်နှာသာပေးခြင်းမရှိပေ။ သူ့ကိုအားပေးစကားပြောချင်သောကြောင့် ခေါ်တွေ့ခြင်းဖြစ်သည်။
သူ၏ အဆမတန်မြင့်တက်လာသောစွမ်းအားကြောင့် ဖန်ဒေယင်းကို အနိုင်ရခဲ့ခြင်းဖြစ်သည်။ သူသည် သိုင်းပညာလိုင်း၏ အထူးတန်းကိုဝင်ရောက်ခွင့်ရနိုင်သော ကျောင်းသား
တစ်ဦး ဆိုတာအသေအချာပင်ဖြစ်သည်။ သူတို့သာ ကျောင်းသားများကိုအထူးတန်းကို ပို့ဆောင်နိုင်ပါက ဆရာများကိုကျောင်းမှဆုချီးမြှင့်ပေးသည်။ ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ရောက်နိုင်သော ကျောင်းသား ရှိပါကအစိုးရက သူတို့ကို ဆုချီးမြှင့်လေ့ရှိသည်။ သူတို့သည် လူ့အသိုင်းအဝိုင်းအတွက် အရည်ချင်းရှိသူများကို ပြုစုပျိုးထောင်ပေးသော လူများဖြစ်ကြသည်။
အတန်းပိုင်ဆရာသည် ယခင်တုန်းက ချူးယွင်ဖန်းကို သတိမထားမိခဲ့ပေ။ လူ့အသိုင်းအဝိုင်းက စစ်မှန်သော တန်ခိုးရှင်များကိုသာ ဘာပဲဖြစ်ဖြစ်ခေါ်ယူချင်ကြသည်။ သူက ယခင်တုန်းက သာမန်ကျောင်းသား တစ်ဦး ဖြစ်ဖူးသည်ဆိုသော အချက်ကိုမည်သူက ဂရုစိုက်မည်နည်း။ ဖန်ဒေယင်းကို အနိုင်ရပြီးနောက် သူက အိမ်မှာပဲသက်တောင့်သက်သာနေခဲ့သည်။ သူက ဝင်ခွင့်စာမေးပွဲအတွက်လည်း ပြင်ဆင်ချင်သည်။ ချူးယွင်ဖန်းကို နှောင့်ယှက်မည့်သူမရှိသောကြောင့် အိမ်မှာပဲ သက်တောင့်သက်သာ ကျင့်ကြံနိုင်သည်။
ဝင်ခွင့်စာမေးပွဲသည် တစ်နေ့ထက်တစ်နေ့နီးကပ်လာသည်။
အပိုင်း (၃၈)- အတန်းဖော်များအတွက် ရပ်တည်ပေးခြင်း
မျက်တောင်တစ်ခတ်အတွင်းမှာ ငါးရက်ကုန်သွားသည်။ ကူရှင်ထိုင်ခုံများစွာစီထားသော စာသင်ခန်း၏ အနောက်မှာ လူငယ်တစ်ဦးသည် တင်ပျဉ်ခွေထိုင်နေသည်။ သူကအသက်ကိုပြင်းပြင်းထန်ထန်ရှုရှိုက်ရင်း ညင်သာစွာထုတ်သည်။ ကျောင်းသားများကလည်း တရားထိုင်နေကြသည်။ သို့သော် ထိုလူငယ် ထိုင်နေ သော နေရာကိုရှောင်ရင်း ခပ်ဝေးဝေးမှာတရားထိုင်နေကြသည်။ ထိုလူငယ်သည် ချူးယွင်ဖန်းဖြစ်သည်။ ဖန်ဒေယင်းကို အနိုင်ရခဲ့ပြီး ငါးရက်မြောက်နေ့ဖြစ်သည်။ထိုကာလမှာ အတန်းထဲရှိသူ့အနေအထားသည်
တမဟုတ်ချင်းပြောင်းလဲလာသည်။ သူ့ကို အရင်တုန်းက အခန်းထဲမရှိသူတစ်ဦးလို မြင်ခဲ့ကြသည်။
သူ့ကိုသတိထားမိသည့် တစ်ခုတည်းသောအကြောင်းရင်းသည် သူက ဂေါင်ဟုန်ချီနှင့် အမြဲအတူတူရှိနေ ခြင်းကြောင့်ဖြစ်သည်။
သို့သော် ယခုတော့ ကွာခြားခဲ့သည်။ သူက ဖန်ဒေယင်းကိုလှလှပပအနိုင်ရပြီးနောက် အတန်းထဲမှာရှိ သော သူ့အနေအထားသည် မြင့်တက်လာသည်။ သူက အခန်း-၁၁၏ နံပါတ်တစ်ဟု ထင်မြင်ကြသူများ တောင်ရှိတာမို့ မည်မျှပြောင်းလဲသွားလည်းဆိုတာသိနိုင်သည်။ သူက ယခုဘာမှမလုပ်လျှင်တောင်မှ
အတန်းဖော်များနှင့်ဆရာများက အလေးပေးသော လူတစ်ဦးဖြစ်သည်။ သူတရားထိုင်နေချိန်တွင် မည်သူမှဘေးနားမှာ လာမထိုင်ရဲပေ။ ထိုအရာများသည် ယခင်တုန်းက ဖန်ဒေယင်း၊ တန်စီယုနှင့် ဂေါင်ဟုန်ချီ တို့ကို ဆက်ဆံပုံမျိုးဖြစ်ကြသည်။ ဘာတွေပဲဖြစ်ဖြစ် ထိုအရာများအပေါ်အာရုံမထားပေ။
ငါးရက်အတွင်း သူသည် ချီစွမ်းအင်အားဖြည့်ဆေး၏ အစွမ်းများကို သူ့ကျင့်ကြံခြင်းအခြေခံအတွင်းသို့ လုံးဝစုပ်ယူနိုင်ခဲ့ပြီး ချီစွမ်းအင်အားဖြည့်ခြင်း၏ အမြင့်ဆုံးအနေအထားကို ရောက်ရှိခဲ့သည်။ လွန်ခဲ့သော ငါးရက်တုန်းကထက် သူသည် ပိုမိုပြီး အင်အားကြီးမားလာသည်။ သူက ဖန်ဒေယင်းကို အနိုင်ရချင်သော အခါ တစ်ချက်တည်းနှင့် အနိုင်ယူနိုင်ခဲ့သည်။ ယခင်အခေါက်တုန်းကထက် ပိုမိုလွယ်ကူခဲ့သည်။ သူက ချီစွမ်းအင်အားဖြည့်ခြင်း၏ အမြင့်ဆုံးအနေအထားကိုဖြတ်ကျော်ပြီးနောက် ချီပင်လယ်ကို အသက်သွင်း ရန် သူ၏ အတွင်းအားကိုအသုံးပြုရတော့မည်။
သူသည် စစ်နတ်ဘုရားသိုင်းကို လေ့ကျင့်နေသဖြင့် ဖြတ်ကျော်နိုင်ရန် သာမန်လူများထက်ပိုမို ခက်ခဲ သည် ။ သို့သော် သူက လုပ်နိုင်သည်နှင့် ပိုမိုပြီး အင်အားကောင်းလာတော့မည်။
“အချိန်က အနည်းငယ်ပဲကျန်တော့တာမို့ ကျောင်းမှာနေလို့မရတော့ဘူး။ ချီပင်လယ်ကို အသက်သွင်း နိုင်ဖို့ အာရုံစိုက်မှုကိုလိုအပ်နေပြီ။ ငါအနှောင့်ယှက်ခံလို့မရတော့ဘူး။ အတန်းပိုင်ဆရာဆီမှာ ငါခွင့်တိုင် သင့်တယ်” ဟု ချူးယွင်ဖန်းတွေးနေမိသည်။
ဖန်ဒေယင်း၊ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့က သူတို့၏ချီပင်လယ်ကိုအသက်သွင်းရန် ခွင့်တိုင်ပြီးထွက်သွား ခဲ့ ကြပြီဖြစ်သည်။ အရင်တုန်းက သူ့ကိစ္စမဟုတ်ခဲ့ပေမဲ့ ယခုတော့ သူတကယ်စဉ်းစားရတော့မည်။ ရုတ်တရက်ဆိုသလို ကျောင်းသားများစွာ လျှောက်လှမ်းလာသော ခြေသံများကို ကြားလိုက်ရသည်။ ယောကျာ်းလေးများနှင့် မိန်းကလေးများသည် သူ့ဆီကိုအမောတကောပြေးလာကြသည်။
ချူးယွင်ဖန်းခေါင်းမော့ကြည့်သောအခါ သူ့ဆီရောက်လာသောကျောင်းသား၊ ကျောင်းသူများကိုမြင်ခဲ့ သည်။ သူတို့က ချူးယွင်ဖန်းနှင့် မစိမ်းချေ။ သူတို့က မထင်မရှားကျောင်းသားများဖြစ်ကြပြီး ချူးယွင်ဖန်း က သူတို့နှင့် မရင်းနှီးပေ။ သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ ကောင်မလေးတစ်ဦးက သူမ၏ အောက်နှုတ်ခမ်းကိုကိုက်ထားပြီး ဒုက္ခရောက်နေသည့်ပုံစံဖြင့်
“ချူးယွင်ဖန်း..ငါတို့ကိုကူညီပါ” ဟုပြောသည်။
“ဘာဖြစ်ကြတာလဲ” ဟု ချူးယွင်ဖန်းကမေးသည်။ ချူးယွင်ဖန်းက သူတို့ကိုကူညီချင်သည်ဆိုတာကို ရိပ်မိသောကြောင့်
“တစ်ယောက်ယောက်က ငါတို့လေ့ကျင့်ခန်းမ ကို ယူလိုက်ပြီး ငါတို့ကို တိုက်ခိုက်ကြသေးတာ”ဟု ထိုကောင်မလေးက ချက်ချင်းပြန်ဖြေသည်။
“ဘယ်အခန်းက လုပ်တာလဲ” ဟု ချူးယွင်ဖန်းကမေးသည်။အမှတ်-၁၃ကျောင်းသည် ကြီးမားပြီး လေ့ကျင့်ခန်းမ များစွာတည်ဆောက်ထားသော်ငြား အမြဲလိုလိုမလောက်ငှပေ။ သူတို့သည် အတန်းလိုက် သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ ရန်ဖြစ်ကြသည်။ ထိုပြသနာကကြီးထွားလာပါက ကျောင်းက ဝင်ထိန်း ရသည့်အခါမျိုးတောင်ရှိသည်။ အခန်းအသီးသီးက မတူညီသောအချိန်မှာ လေ့ကျင့်ခန်းမကို အသုံးပြုရမည်ဆိုသော စည်းမျဉ်းစည်းကမ်းများတောင်ထုတ်ထားသည်။ ထိုသို့ထိပ်တိုက်တွေ့ဆုံမှုများ လျော့နည်းလာသော်လည်း ယခုထိတိုင် ထိုပြသနာများဖြစ်ပျက်နေဆဲဖြစ်သည်။
ယခင်တုန်းက ထိုပြသနာများဖြစ်လာသောအခါ အတန်းထဲမှာအင်အားအကြီးဆုံးသူများက ထိုပြသနာကို ဖြေရှင်းကြသည်။ ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီနှင့် ရင်းနှီးခဲ့တာမို့ အခြားအတန်းများက လူများနှင့် ဂေါင်ဟုန်ချီ ရန်ဖြစ်တာကို မြင်ဖူးခဲ့သည်။ အခန်းများအချင်းချင်းကြားမှ ပြသနာများသည် မပြင်းထန်ပါက ကျောင်းက မသိချင်ယောင်ထားသည်။ ချူးယွင်ဖန်းက ချက်ချင်းနားလည်လိုက်သည်။
ထိုနေ့မှာ ဖန်ဒေယင်း၊ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့ ကျောင်းပျက်သဖြင့် ချီစွမ်းအင်အားဖြည့်ခြင်းကို တက်လှမ်းနိုင်ခဲ့သည့် သူ့ကိုအကူညီလာတောင်းကြခြင်းဖြစ်သည်။
“သူတို့က အခန်း-၁၅က”
“ဟုတ်တယ်..အတန်းခေါင်းဆောင်နဲ့ အခြားသူတွေကျောင်းပျက်ကြတာကို အခွင့်ကောင်းယူပြီး
သူတို့ကရန်စတာ”
“အားကစားရုံအတွက်လည်း ရန်ဖြစ်ခဲ့ပြီးပြီ”
“သူတို့က လေ့ကျင့်ခန်းမအတွက် သတ်မှတ်ထားတဲ့ ကျောင်းစည်းကမ်းကိုဆန့်ကျင်ပြီး ထွက်သွားဖို့ ငြင်းဆန်တာက ကိစ္စမရှိဘူး။ ဒါပေမဲ့ သူတို့ကအတန်းဖော်တွေကိုပါ နှိပ်စက်ကြတယ်”
ကျောင်းသားများက တစ်ယောက်တစ်ပေါက်ပြောဆိုကြပြီး အကုန်လုံးလည်း စိတ်ပျက်နေကြသည်။ ချက်ချင်းဆိုသလို သူတို့အတွက် ရပ်တည်ပေးနိုင်မလားဟု မျှော်လင့်ပြီး ချူးယွင်ဖန်းကို အားကိုးတကြီး ကြည့်ကြသည်။
ချူးယွင်ဖန်းက ယခင်ကလည်းကြုံဖူးသည်။ သူက အတန်းဘက်က ရပ်တည်ပေးမလားဆိုတာမည်သူမျှ မသိပေ။ သူက ပြုံးလိုက်ပြီး “သွားကြစို့..ငါတို့လေ့ကျင့်ခန်းမကို ပြန်ယူကြမယ်” ဟုပြောသည်။
ချူးယွင်ဖန်းက ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး အခန်းအပြင်ဘက်ကိုထွက်လာခဲ့သည်။
သူ့နောက်မှကျောင်းသားများလိုက်လာကြသည်။ ခွန်လွန်းခေတ်က ကျောင်းသားများအားလုံးသည် သိုင်းပညာလေ့လာကြသည်။ သိုင်းပညာရှင်များသည် ရှောင်လွှဲမရသော အကြပ်အတည်းများ နှင့်ကြုံရ သောအခါ ပိုမိုရဲရင့်ပြီး အကြောက်အလန့်ကင်းမဲ့ကြသည်။
ချူးယွင်ဖန်းတို့သည် လေ့ကျင့်ခန်းမဆီသို့ လျှောက်လှမ်းလာကြသည်။ သူတို့သည် အခြားအခန်းက ကျောင်းသားများ၏ အာရုံကိုဖမ်းစားနိုင်ကြသည်။
“အခန်း-၁၁ကလူတွေ ဘယ်ကိုသွားကြတာလဲ..ထူးဆန်းတယ်”
“နင်မကြားသေးဘူးလား..သူတို့အခန်းကို အခန်း-၁၅က လုယူလိုက်တယ်လို့ ကြားမိတယ်”
“အခန်း-၁၅ကလည်း လုပ်ရဲလိုက်တာ။ အခန်း-၁၁က အင်အားမကြီးပေမဲ့ သူတို့ကိုတော့
မထီမဲ့မြင်မပြုသင့်ပါဘူး”
“မကြာခင်မှာ ဝင်ခွင့်စာမေးပွဲကျင်းပတော့မယ်။ ဒါကြောင့်မို့အများစုက လေ့ကျင့်ခန်းမကို
သိုင်းကျင့်ဖို့လိုနေကြတယ်။ဒီလိုပြသနာတွေက ပိုပိုပြီးများလာမှာပဲ။ ငါတို့က
လစ်ဘရယ်အနုပညာအတန်းကို သွားမှာမို့ ဒီပြသနာကိုစိုးရိမ်ဖို့မလိုကြတာ”
“ပွဲကြီးပွဲကောင်းပဲဟေ့…သွားကြည့်ကြစို့”
သတင်းကြားမိသော တတိယနှစ်ကျောင်းသားများသည် ချူးယွင်ဖန်းတို့ တိုက်ခိုက်ကြတာကို ကြည့်ရန် လိုက်လာကြသည်။ ချူးယွင်ဖန်းက ဂရုမစိုက်ဘဲ လေ့ကျင့်ရေးခန်းမ ဆီသို့တိုက်ရိုက်သွားခဲ့သည်။ ထိုအချိန်မှာ အခန်းထဲတွင် ကျောင်းသားအယောက်နှစ်ဆယ်ခန့် စုဝေးနေတာကို မြင်ခဲ့ရသည်။ သူတို့အားလုံးသည် အခန်း-၁၁မှမဟုတ်ဘဲ အခန်း-၁၅မှ ကျောင်းသားများဖြစ်ကြ သည်။သူတို့တံခါးကို ဖွင့်လိုက်သောအခါ အခန်း-၁၅မှ ကျောင်းသားများက တစ်ဦးကိုတစ်ဦးလှမ်းကြည့်ကြသည်။ ထိုသူများ သည် ခုနတုန်းက ကသောကမျော ထွက်ပြေးသွားကြသော အခန်း ၁၁မှကျောင်းသားများဟု မထင်ကြပေ။ သူတို့ကို စနောက်ပြောဆိုကြသည်။
“မင်းတို့ကောင်တွေ ပြန်လာရဲတာ ယုံတောင်မယုံနိုင်ဘူး”
“ဟားဟား..သူတို့မှာ အကူပါလာတာပဲ။ ဒါပေမဲ့ အခန်း-၁၁က ဖန်ဒေယင်း၊ တန်စီယုနဲ့
ဂေါင်ဟုန်ချီတို့က ဒီနေ့ မရှိဘူးလို့ ကြားမိတယ်။ ဘယ်နားက အကူအညီများရနိုင်မလဲ”
“သူတို့ကိုဦးဆောင်လာတာဘယ်သူလဲ။ သူ့ကိုအရင်က တစ်ခါမှ မမြင်ဖူးပါဘူး”
သူတို့အနိုင်ရခဲ့သောလူများကိုမြင်ရသောအခါ အခန်း-၁၅မှ ကျောင်းသားများက
အားပါးတရရယ်မောကြသည်။ အခန်း-၁၁က ကျောင်းသားများက အလွန်ဒေါသထွက်နေသော်လည်း သူတို့ကိုအခန်း-၁၅မှ ကျောင်းသားများက အရှုံးသမားဟု သတ်မှတ်ကြသည်။ ထို့ကြောင့်ပင် သူတို့ထိပ်တိုက်ရင်ဆိုင်သောအခါ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ချူးယွင်ဖန်းက ခန်းမထဲသို့ဝင်လာသည်။ သူ့နားကို ဝိုင်းလာသော အခန်း-၁၅မှ ကျောင်းသားများကို တစ်ချက်တောင်မကြည့်ပေ။ သူက ထိုအဖွဲ့၏
ခေါင်းဆောင်ကိုသာ တိုက်ရိုက်စိုက်ကြည့်သည်။ ထိုကောင်လေးမှာ တောင့်တင်းသော ခန္ဓာကိုယ်ရှိပြီး အသက်က ၁၆၊၁၇အရွယ်ဟု ထင်ရသည်။
အပိုင်း (၃၉)- သင်ခန်းစာတစ်ခု
ချူးယွင်ဖန်း၏ လက်ရှိမြင်ကွင်းသည်ယခင်တုန်းက အခြေအနေထက်များစွာသာလွန်သည်။
လူတစ်ဦးကိုတစ်ချက်ကြည့်ရင်း ဘယ်လောက်တန်ခိုးကြီးလဲဆိုတာ ပြောနိုင်သည်။ အခန်း-၁၅မှ ကျောင်းသားများကြားတွင် ခန္ဓာကိုယ်ခပ်တောင့်တောင့်လူငယ်တစ်ဦးက အလယ်မှာရပ်နေသည်။ သူက အခန်း-၁၅မှ ကျောင်းသားများ၏ ခေါင်းဆောင်ဖြစ်ရမည်။ အခန်းများကြားမှာ ပဋိပက္ခဖြစ်ကြပါက ခေါင်းဆောင်များအချင်းချင်း တိုက်ခိုက်ကြသည်။ တိုက်ခိုက်ရမည့်သူသည် အတန်းထဲမှာ အကောင်းဆုံး ကျင့်ကြံခြင်း အခြေခံရှိသောသူဖြစ်သည်။
ထိုခပ်တောင့်တောင့်လူငယ်သည် ခပ်ပြင်းပြင်းအသက်ရှုနေသည်။ ချူးယွင်ဖန်းက ချီစွမ်းအင် အားဖြည့် ခြင်း အဆင့်ကိုဖြတ်ကျော်နိုင်ခဲ့တာမို့ ထိုအပြုအမူသည် တစ်စုံတစ်ရာပြုလုပ်ရန်ကြံစည်နေခြင်း ဆိုတာ သူမသိဘဲမနေပေ။ တခြားအခန်းက လူများက ဖန်ဒေယင်းကို မသိသလိုထိုလူငယ်က ဘယ်သူလဲဆိုတာ ချူးယွင်ဖန်းမသိပေ။ ထိုလူငယ်လေးသည် အင်အားကြီးသော်လည်း တစ်ကျောင်းလုံးမှာ နာမည်ကြီး သော အူရန် ကဲ့သို့ပြစ်ချက်ကင်းမဲ့သောအနေအထားမဟုတ်ပေ။
ထိုလူငယ်လေးက ချူးယွင်ဖန်းကို မထီမဲ့ပြင်ကြည့်ကာ “မင်းကဘယ်သူလဲ။ ဂေါင်ဟုန်ချီ၊ ဖန်ဒေယင်းနဲ့တန်စီယုတို့က ဒီမှာမရှိတာကို မင်းက ငါ့ကိုတားရဲတယ်”ဟု ပြောသည်။
ချူးယွင်ဖန်း က အကျီလက်ကို ခေါက်တင်ရင်း “ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုပါဘူး။ ပြီးတော့ မင်းဘယ်သူလဲဆိုတာလည်း ငါဂရုမစိုက်ဘူး။ ဒီနေ့ ငါတောင်းဆိုဖို့တစ်ခုပဲရှိတယ်။ ငါတို့အခန်းရဲ့ လေ့ကျင့်ခန်းမကို ပြန်ပေးလိုက်ပါ” ဟု ဆိုသည်။ ချူးယွင်ဖန်း၏ ပုံစံကိုကြည့်ရင်း ထိုလူငယ်လေးက ဒေါသထွက်လာသည်။ ချူးယွင်ဖန်းက သူ့ထက်ပိုပြီး မောက်မာနေတာကို သူဘယ်လိုမှ သည်းမခံနိုင်ပေ။
“ငါမယုံနိုင်ဘူး။ ငါဆိုတဲ့ ဆုန်ဖေး ထက်ပိုပြီး မောက်မာတဲ့လူကို နောက်ဆုံးတော့တွေ့ခဲ့ရပြီ။
မင်းတို့အတန်းခေါင်းဆောင် ဖန်ဒေယင်းတောင်မှ ငါ့ကိုဒီလိုပုံမျိုးမပြောရဲဘူး”
ဆုန်ဖေးက ချူးယွင်ဖန်းကို ညွှန်ပြရင်း “သူ့ကို သင်ခန်းစာပေးလိုက်ကြစမ်း”ဟု အော်သည်။အခန်း-၁၅မှ ကျောင်းသားများလည်း ရှေ့ကိုတက်လာပြီး ချူးယွင်ဖန်းကို တစ်ယောက်ပြီးတစ်ယောက် ရင်ဆိုင် တိုက်ခိုက် ကြသည်။သူတို့သည်ဘက်ပေါင်းစုံမှနေပြီး ချူးယွင်ဖန်းကို ဝိုင်းထားကြသည်။ အရပ်မြင့်မြင့် ခပ်ထွားထွားကျောင်းသားတစ်ဦးက ချူးယွင်ဖန်း၏ ဦးခေါင်းကို လက်သီးတစ်ချက် ထိုးလိုက်သည်။ ထိုလက်သီးသည် ချူးယွင်ဖန်းအရင်းနှီးဆုံးဖြစ်သည့် နတ်ဆိုးကျားလက်သီးသိုင်းကွက် ဖြစ်သည်။
သူက လက်သီးတောင် မသုံးလိုက်ဘဲ ထိုကျောင်းသား၏ ရင်ဘတ်ကိုကန်လိုက်သည်။
ဘန်း!
ထိုကျောင်းသားသည် အနောက်ဘက်ကို လျင်လျင်မြန်မြန်လန်ကျပြီး မြေပြင်ပေါ်ကို ခပ်ပြင်းပြင်း ပြုတ်ကျချိန်တွင် ပြင်းထန်သောနာကျင်မှုဒဏ်ကိုခံစားရသဖြင့် လုံးဝ လှုပ်တောင်မလှုပ်နိုင်ပေ။ တခြားသောကျောင်းသားများလည်း မရပ်တန့်နိုင်ပေ။ ချူးယွင်ဖန်း၏ ကန်ချက်များက အလွန်မြန်ဆန် သည်။ ထိုအချိန်မှာ ကျောင်းသားသုံးဦးက သူ့ကိုအနောက်ဘက်မှ အနီးကပ်တိုက်ခိုက်သည်။
ဘန်း!
ဘန်း!
ဘန်း!
သူတို့သုံးဦးလုံးသည် ချူးယွင်ဖန်းကို လုံးဝမထိနိုင်ခဲ့ပေ။ သူက လုံးဝမလှုပ်ရှားသော်ငြား သူ့ထံသို့ တစ်ချက် မှ မကျရောက်ပေ။ ချူးယွင်ဖန်းက လက်သီးတစ်ချက် သို့ ကန်ချက်တစ်ခုဖြင့်သာ တိုက်ခိုက် သော်လည်း ထိုကျောင်းသားသုံးဦးသည် သူတို့ကိုယ်သူတို့ မကာကွယ်နိုင်ဘဲ လွင့်စင်သွားကြသည်။ ချူးယွင်ဖန်း၏ အရှိန်က အရမ်းမြန်ဆန်ပြီး လူလေးယောက်ကိုဆက်တိုက်ဆိုသလို လွင့်ထွက်စေခဲ့သည်။ သူက ထိုအချိန်မှာ လှုပ်ရှားပြီးဖြစ်တာမို့ ကျန်သောသူများက နောက်ပြန်ဆုတ်ချင်သော်လည်းနောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
ဘန်း!
ဘန်း!
ဘန်း!
ချူးယွင်ဖန်းက လျှပ်စီးကဲ့သို့တိုက်ခိုက်ပြီး သူ့ထံပြေးဝင်လာသော အခန်း-၁၅မှ ကျောင်းသားများကို တန်ပြန်တိုက်ခိုက်သည်။ယခုအချိန်မှာ ပြိုင်ဘက်အရေအတွက်သည် သူ့အတွက်ဘာမှမဟုတ်ပေ။ခအားလုံးလည်း ထိုအဖြစ်အပျက်ကိုကြည့်နေရင်း အံ့အားသင့်ကုန်ကြသည်။ ကျောင်းသား ၂၀လုံးသည် ထူးချွန်သူများမဟုတ်သော်လည်း သူတို့သည်အဆင့်-၅၊အဆင့်-၆နှင့် အဆင့်-၇ သွေးသစ်လောင်းခြင်း အဆင့်မှာရှိသော သူများဖြစ်ကြသည်။ သို့သော်ငြား သူတို့သည် ချူးယွင်ဖန်းကိုတစ်ချက်လေးတောင်မှ မထိနိုင်ခဲ့ပေ။ သူတို့အတူတကွတိုက်ခိုက်သော်ငြား ဘာမှမဖြစ်လာပေ။
အခန်း-၁၁မှ ကျောင်းသား/သူများ သာမကခတခြားအခန်းမှ လိုက်ပါလာကြသူများလည်းအံ့ဩတကြီး ဖြစ်ကြသည်။ သူတို့သည် ကျန်သော ကျောင်းသားများထက်ပိုသိကြသည်။ ချူးယွင်ဖန်သည် အတန်း ခေါင်းဆောင် ဖန်ဒေယင်းကို အနိုင်ရခဲ့သူဖြစ်သည်။ သို့သော် ကိုယ်တိုင်မမြင်လိုက်ရသူများလည်း ရှိသည်။ တစ်စုံတစ်ခုကို သိခြင်းက ကိစ္စတစ်ခုဖြစ်ပြီး မျက်ဝါးထင်ထင်မြင်တွေ့ရခြင်းက နောက်ထပ် ပုံပြင်တစ်ခုဖြစ်သည်။ သူက ဖန်ဒေယင်းကို အနိုင်ယူခဲ့သည့် အချိန်နှင့်ယှဉ်ပါက အခန်း-၁၅မှ ကျောင်းသားအယောက်(၂၀)ကို အနိုင်ရခြင်းသည် မဆန်းကြယ်ပေ။ အခြားအခန်းမှကျောင်းသားများ သည် ထူးဆန်းအံ့ဩသွားကြသည်။
သူတို့က စတင်ပြီးမေးမြန်းတော့သည်။
“ဒီလူကဘယ်သူလဲ..သူကဘာလို့ဒီလောက်တော်နေရတာလဲ..သူဘယ်သူလဲဆိုတာ
အရင်ကတစ်ခါမှမကြားဖူးဘူး”
“မင်းတို့အတန်းမှာဘယ်တုန်းကဒီလိုလူမျိုးရှိလာတာလဲ”
“သူတို့က အရမ်းအားကောင်းတယ်”
ချူးယွင်ဖန်းက တစ်ချက်မှမတုန်လှုပ်တာကိုမြင်ရသောအခါ အထိတ်တလန့်ဖြစ်ကုန်ကြသည်။
မြေပြင်ပေါ်မှာ လူးလွန့်အော်ဟစ်နေသော အခန်း-၁၅မှ ကျောင်းသားများကို ကျော်လွှားရင်း ဆုန်ဖေး၏ရှေ့မှောက်ကိုရောက်လာသည်။
“ငါ့ကို ထပ်ပြောခွင့်ပြုပါဦး။ ငါတို့အခန်းကလေ့ကျင့်ခန်းမကိုပြန်ပေးရင်ပေး မဟုတ်ရင်
မင်းကိုအလွတ်မပေးဘူး”
ထိုအချိန်မှာ သူ့ရှေ့မှာရှိနေသော တစ်ခါမှမကြားဖူးခဲ့သည့် ထိုလူက သာမန်မဟုတ်ဘဲ လျှော့တွက် လို့မရသောလူဆိုတာ ဆုန်ဖေး နားလည်လာသည်။“ငါ့လူတွေကို ထိခိုက်အနာတရဖြစ်အောင်လုပ်ပြီးမှ မင်းကိုအလွတ်ပေးစေချင်တာလား”ဟု ဆုန်ဖေးကအေးတိအေးစက်ကြည့်ကာ “ငါ့လက်သီးကိုခံစား ကြည့်လိုက်ဦး” ဟုဆိုသည်။ ဆုန်ဖေး၏ခန္ဓာကိုယ်ပေါ်က ကြွက်သားများက လှုပ်ရှားလာပြီး ချူးယွင်ဖန်းထံသို့နတ်ဆိုးကျားတစ်ကောင်သဖွယ် တိုက်ခိုက်သည်။
“ကျားကို ဖျားယောင်းခြင်း”
သူ့လက်သီးက ချူးယွင်ဖန်း၏ မျက်နှာတည့်တည့်ကို ဦးတည်သည်။ သူ၏ ခွန်အားနှင့် အမြန်နှုန်းက အခန်း-၁၅မှ အခြားကျောင်းသားများထက်သာလွန်သည်။ သူသည် အနည်းဆုံးတော့အင်အား နည်းငယ်ပိုသာသည်။ ဆုန်ဖေးက အခန်း-၁၅၏ ခေါင်းဆောင်ဖြစ်ရသည့် အကြောင်းရင်းရှိသည်။ သူက ဖန်ဒေယင်းနှင့် သာတူညီမျှဖြစ်သော်လည်း သူ၏နတ်ဆိုးကျားလက်သီးသိုင်းကျွမ်းကျင်မှုသည်
ဖန်ဒေယင်းထက်ပိုမိုသာလွန်သည်။
သူသည် ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်မှာရှိနေသောအခြားကျောင်းသားများနှင့်ရင်ဆိုရပါက
သေချာပေါက်ရှုံးနိမ့်မည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြလိမ့်မည်။ မမျှော်လင့်ဘဲ သူက ချူးယွင်ဖန်းနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ချူးယွင်ဖန်းလည်း အလျှော့မပေးဘဲ ကြောက်မက်ဖွယ် နတ်ဆိုးကျားလက်သီးသိုင်းဖြင့်ပြန်လည်တိုက်ခိုက်သည်။
ဘန်း!
သူတို့နှစ်ဦး၏ လက်သီးများထိရိုက်မိပြီးနောက် ဘယ်သူမှမမျှော်မှန်းထားသော ရလဒ်ဖြစ်လာခဲ့သည်။
ချူးယွင်ဖန်းက နေရာမှာရပ်နေဆဲဖြစ်ပြီး ဆုန်ဖေးက အနောက်ဘက်ခပ်ဝေးဝေးကို
လွင့်ထွက်သွားခဲ့သည်။ သူ၏မျက်လုံးထဲမှာ အလွန်အမင်းထိတ်လန့်မှုကို မြင်နေရသည်။ သူကလက်သီးတစ်ချက်တည်းဖြင့် အရေးနိမ့်ခဲ့ရသည်။ သူ၏ လက်မောင်းက လှုပ်လို့မရတော့ပေ။ သူ၏ ဦးခေါင်းထံသို့ ပြင်းထန်သောနာကျင်မှုက တိုက်ရိုက်ဝင်ရောက်လာသဖြင့် အံကြိတ်ထားမိသည်။
“မင်းက ဘာမှမဟုတ်သလို ငါတို့အခန်းရဲ့ လေ့ကျင့်ခန်းမကလုယူရဲတယ် ဟုတ်လား” ချူးယွင်ဖန်းကခပ်ယဲ့ယဲ့ပြုံးရင်း လျင်မြန်စွာတိုးဝင်လာပြန်သည်။ သူ၏ ခန္ဓာကိုယ်သည်မြားတစ်စင်းသဖွယ်ဖြစ်ပြီး ဆုန်ဖေးကို လက်သီးနှစ်ချက်ဆင့်ပြီးထိုးလိုက်သည်။
ပထမလက်သီးထိုးချက်မှ သက်သာခါစပြုလာသော ဆုန်ဖေးသည် အချိန်မီမတားဆီးနိုင်ခဲ့ပေ။ သူက အထိုးခံရပြီးနောက် သူ့တစ်ကိုယ်လုံးက ချက်ချင်းဆိုသလွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ပြုတ်ကျလာသည်။ မြေပြင်ပေါ်မှာ နာကျင်မှုကြောင့် လူးလွန့်နေသောကျောင်းသားများကိုတစ်ချက်ကြည့်ရုံကြည့်ပြီး “ထွက်သွားကြစမ်း” ဟု ချူးယွင်ဖန်းကပြောသည်။ ထိုကျောင်းသားများလည်း နာကျင်မှုဒဏ်ကိုခဏ လျစ်လျူရှုပြီး မြန်မြန်ဆန်ဆန်ထလာကြသည်။သူတို့က ဆုန်ဖေးကို တွဲခေါ်ရင်း အသက်ရှင်သန်ဖို့အရေး လျင်လျင်မြန်မြန်ထွက်ပြေးကြသည်။ သူတို့ကရိုင်းပျသော စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ ချူးယွင်ဖန်းကို လုံးဝအံ့ဩသွားကြသည်။