အခန်း ၅၅-၅၇
Vol. 4 Ch. 55-57
အခန်း (၅၅) တန်ဖိုးကြီး နိုးထခြင်းဖော်မူလာ
ပိုင်လင်အာမှမဟုတ်ရင် အခြားဘယ်သူဖြစ်နိုင်မှာလဲ။
သူတို့စိတ်ထဲတွင် ချူးယွင်ဖန်းကိုပင် ခက်ခက်ခဲခဲလက်ခံပေးရလျှင် ပိုင်လင်အာသည်မူ လုံးဝကွဲပြားသောသူတစ်ယောက်ဖြစ်လိမ့်မည်။
လောကမှာ ဉာဏ်ကြီးရှင်လို့ခေါ်တဲ့သူတွေ ရှိတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို သာမန်အသိအမြင်နဲ့တော့ တွက်ချက်လို့ရမှာမဟုတ်ဘူး။
ချူးယွင်ဖန်းက ပိုင်လင်အာကိုတွေ့သည့်အခါ အနည်းငယ်တော့ အံ့ဩသွားရသည်။ ဆေးပညာကို သူလေ့လာလေလေ ဆရာတစ်ဆူဖြစ်ရန်အချိန် မည်မျှလိုသည်ကို နားလည်လာလေဖြစ်နေသည်။ ဤအရွယ်မျှနှင့် ပိုင်လင်အာသည် ဆေးပညာသင်တစ်ယောက် ဖြစ်နေခဲ့ပြီးဖြစ်သည်။ ဤအခြေအနေတွင် သူမသည် တရားဝင်ဆေးပညာရှင်၏ အကူမဟုတ်တော့ဘဲ သူမကိုယ်တိုင်ပင် ဆေးပညာရပ်ကို တစ်ဖက်ကမ်းခတ်တတ်မြောက်နေခဲ့၏။ သူမ၏ ဆေးပညာနှင့် ပတ်သက်သောဗဟုသုတ လေးနက်လေလေ၊ အနာဂတ်တွေ ဒီ့ထက်ပို၍ သူမ တိုးတက်လာနိုင်လေဖြစ်သည်။
မှန်၏။ ပိုင်လင်အာကို သူ့မှတ်ဉာဏ်ထဲမှ ဆေးဧကရာဇ်နှင့်တော့ နှိုင်းယှဉ်၍မရနိုင်ပေ။ သူမသည် နှစ်တစ်သောင်းတွင် တစ်ကြိမ်သာပေါ်သည့် ရှားပါးသော ဉာဏ်ကြီးရှင်ဖြစ်လိမ့်မည်။ သို့သော်လည်း သူမအသက်အရွယ်နှင့် ဤအချင်းအရာသည် အလွန်အံ့ဩထိတ်လန့်စရာကောင်းနေသေးသည်။
သူ့နားထဲတွင် ပိုင်လင်အာအကြောင်း ပြောဆိုဆွေးနွေးချက်များဖြင့် ပြည့်နှက်သွားသည်။
“ဒါက အရမ်းချဲ့ကားပြောနေတာပဲ။ အလွန်ဆုံးရှိလှ အလယ်တန်းကျောင်းသူပေါ့။ ငါခုဏလေးကတင် အထက်တန်းကျောင်းသားတစ်ယောက်ကို တွေ့လိုက်တယ်ထင်တယ်။ ဒါက သိပ်ကိုချဲ့ကားနေတာပဲ။ အလယ်တန်းကျောင်းသူလည်း ဘာဖြစ်လဲ။ ဘာမှမဟုတ်ပါဘူး”
“ ဒီနှိုင်းယှဉ်မှုက သိပ်ဒေါသထွက်ချင်စရာပဲ။ တကယ်လို့ ဒါကသာ အတုလုပ်မရတဲ့ အဆင့်မြင့်ဆေးပညာသင် လက်မှတ်ကြောင့်မဟုတ်ခဲ့ရင် ငါ သူဝင်ခွင့်ရဖို့ လိမ်ညာခဲ့တဉ်လို့ တွေးနေဦးမှာ”
“ ဒါပေမဲ့ အခု ပိုပိုပြီးအားကြီးတဲ့သူတွေရှိနေပြီ။ အရင်လေ့လာမှုမှာ ခေတ်ပေါ်လူတွေက မျက်မှောက်ခေတ်နဲ့ယှဉ်ရင် အတော်လေးတိုးတက်လာတယ်လို့ တွေ့ရှိခဲ့တယ်။ ဒါက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကြောင့်မဟုတ်ဘူး။ အတိတ်မှာတုန်းက အရည်အချင်းရှိတဲ့သူတွေကို ဖန်တီးရမယ့်နေရာက လှပပြီး နာမ်ဝိဉာဉ်အပြည့်ရှိနေရမယ်လို့ဆိုကြတယ်။ အခု၊ ကမ္ဘာတစ်ခုလုံးက နာမ်ဝိဉာဉ်တွေပြည့်နေပြီ။ အခုလိုပတ်ဝန်းကျင်မှာ နေ့နေ့ညညသာနေရင် ဉာဏ်ကြီးရှင်မွေးဖွားမှုနှုန်းက မျက်မှောက်ခေတ်ထက် သိသိသာသာတိုးတက်လာမှာပဲ။”
သို့သော်လည်း၊ လူအုပ်ကြီး၏အလယ်တွင် ပိုင်လင်အာက ခံစားချက်မဲ့သောမျက်နှာမျိူးဖြင့်သာ တည်ရှိနေ၏။ လူအုပ်ထဲမှ ချူးယွင်ဖန်းအား သတိထားမိသည့်အခါမှ သူမ၏မျက်ဝန်းဝိုင်းများမှာ တောက်ပသွားသည်။
“မင်းပဲလား” ချူးယွင်ဖန်းက မျက်မှောင်ကြုတ်လျက်ဆိုသည်။ ပိုင်လင်အာ၏ မျက်နှာထားက ချက်ချင်းပင် တောင့်တင်းသွားရသည်။
သူမဒီလောက် စက်ဆုပ်ရွံရှာစရာကောင်းလို့လား။ အဖိုး၏ မှာကြားထားချက်များသာ ရှိမနေခဲ့လျှင် သူမ ထိုနေရာမှ လှည့်ထွက်လာခဲ့မိလိမ့်မည်ဖြစ်သည်။ ပိုင်လင်အာက သူမ၏ စိတ်မသက်မသာမှုကိုဖိနှိပ်ကာ ဆိုသည်။
“ကျွန်မ၊ ရှင့်ကိုမေးစရာရှိတယ်။ မနေ့က စာအုပ်ထဲမှာ အမှား ၁၀ ခုအနည်းဆုံးရှိတယ်လို့ ရှင်ပြောခဲ့တယ်နော်။ အဲ့တာ ဘယ် ၁၀ခုလဲ”
ချူးယွင်ဖန်း၏ မျက်ခုံးထူနှစ်ခုသည် ပို၍ပင် တွန့်သွားရသည်။
ဆိုတော့ ဒါက ဒီကိစ္စကြောင့်ပဲပေါ့။ ယွင်ဖန်းသည်လည်း ငတုံးတော့မဟုတ်။ ပိုင်လင်အာနှင့် ပိုင်ဟုန်တွင် ဆက်နွယ်မှုတစ်ခုခုရှိလိမ့်မည်ဖြစ်ကြောင်း သူပိုသေချာသွားသည်။ မဟုတ်ရင် သူမ ဒီလောက် မခံမရပ်နိုင်ဖြစ်နေစရာအကြောင်းမရှိပေ။
သို့သော်၊ သူမဒီနေ့ ဤအကြောင်းမေးရန် ရောက်လာကတည်းက၊ ယမန်နေ့က သူမအဖိုးကို သူပြောခဲ့သော နိုးထခြင်းဖော်မြူလာအကြောင်းမေးခဲ့သည်မှာ သေချာ၏။ သူမ စာအုပ်ရေးသူကိုပင်မေးခဲ့ပြီး၏။
အနှီပိုင်လင်အာသည် အဆင့်မြင့်ဆေးပညာသင်အဆင့်သို့ အလွန်ငယ်ရွယ်သောအသက်မှာပင် ရောက်ခဲ့ပြီဖြစ်သည်။ ဤသည်မှာ ထင်ရှားသော အရည်အချင်းရှိရုံဖြင့် အောင်မြင်နိုင်သောအရာမဟုတ်ပေ။ ဤအဆင့်သို့ရောက်ရန် လိုအပ်သော ဆေးဆေးစပ်နည်းများနှင့် ကိရိယာများကိုထောက်ပံ့ပေးသည့် အရာတစ်ခု သူမနောက်တွင်ရှိနေ၍သာဖြစ်သည်။
ဆေးပညာရှင်ဟူသာ ပထမအဆင့်များတွင် ဝင်ငွေအရနည်းသော အလုပ်တစ်ခုဖြစ်သည်။ နောင်ပိုင်းတွင် နိုင်ငံနှင့်ချီ၍ ကြွယ်ဝနိုင်သော်လည်း ပထမအဆင့်များတွင် စိတ်ညစ်စရာကောင်းသည်မှာ ပုံမှန်သာဖြစ်သည်။
နှောင်းကာလလူ့အဖွဲ့အစည်းအတွက်မူ အဆင်ပြေသေးသည်။ ပြည်ထောင်စုအစိုးရက တရားဝင်ဆေးပညာရှင်များအတွက် ထောက်ပံ့ပေးသည်။ ရှေးလူသားခေတ််လူ့အဖွဲ့အစည်းတွင် ကျောထောက်နောက်ခံမရှိပါက ထိုဆေးပညာသည်၏ဘဝသည် စိတ်ညစ်စဖွယ်ဖြစ်နေပေလိမ့်မည်။
“ဒါမင်း လူတွေကိုတောင်းပန်တဲ့ပုံစံလား”
ချူးယွင်ဖန်းက အေးစက်စွာဆို၏။
“ကောင်းပြီ။ ကျွန်မမှားသွားတယ်။ ကျွန်မဘာမှားသွားသလဲဆိုတာ ရှင်သေချာပြောပြနိုင်မလား” ပိုင်လင်အာက အံ့ကြိတ်ရုံသာကြိတ်လိုက်ကာ နူးညံ့သော အမူအယာဖြင့် ဆို၏။
ယခုအချိန်တွင် ပိုင်လင်အာ၏ နှိမ်ချသောမျက်နှာသွင်ပြင်ကြောင့် ခန်းမထဲမှ ပညာရှင်များနှင့် ပညာသင်များသည် ချူးယွင်ဖန်းကို ဒေါသဖြစ်စွာ စိုက်ကြည့်လာကြသည်။
ပိုင်လင်အာ ဉာဏ်ကြီးရှင်ဖြစ်ခြင်းက သူတို့အား နေရာမှန်ပျောက်ပြီဟု ခံစားစေခဲ့ရသည့်အချက်အပြင် သူမ၏ အလှကြောင့်လည်း အများ၏အာရုံစိုက်ခံရခြင်းဖြစ်၏။ သူမသည်ငယ်သေးသော်လည်း ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်သည် အတော်လေး ထင်ရှားနေ၏။ ဤအခြေအနေတွင် ချူးယွင်ဖန်းကို မည်သို့ပင်မြင်စေကာမူ အတော်လေး သူသည်စိတ်အနှောက်အယှက်ဖြစ်စေသည်။ လူအားလုံးက သူ့အားစိုက်ကြည့်နေသော်လည်း ချူးယွင်ဖန်းကမူ ခံစားချက်မဲ့နေ၏။ သူက ပိုင်လင်အာကို ကြည့်ကာ
“စာရွက်တစ်ရွက်နဲ့ ခဲတံတစ်ချောင်းယူခဲ့ပါ။ ငါရေးချပေးမယ်။ အစက ငါမင်းကို စကားပြောဖို့ အရမ်းပျင်းနေတာ။ ဒါပေမဲ့ စာအုပ်က အခြားသူတွေကို အထင်မှားစေမှာစိုးလို့ ပြောပြလိုက်မယ်။ မှားရေးထားတာဆိုတော့ ပြင်လိုက်”
ချူးယွင်ဖန်း၏ မျက်နှာပြောင်တိုက်သော စကားကိုကြားသည့်အခါ သူမ အလွန်မုန်းတီးစွာဖြင့် သွားကို ကြိတ်လိုက်သည်။ သို့သော် သူမသူ့ကို မတားရဲပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အမြန်ပြေးသွားလိုက်ကာ ခဲတံနှင့် စာရွက်ကို ပြန်ယူလာ၏။
ချူးယွင်ဖန်းက သူတွေ့စော အမှားများကို ရေးချသည်။ သူ့မှတ်ဉာဏ်ထဲတွင် အရာရာက ဖတ်ရင်းရေးချနေသည့်အတိုင်း ရှင်းလင်းပြတ်သားနေသည်။ ပြဿနာများကို ညွှန်ပြသည့်အကုန်် ချူးယွင်ဖန်းက မှန်သောအပိုင်းများကိုပါ ချရေးလိုက်သည်။ အထူးသဖြင့် အများစုသည် မှန်းဆချက်များဖြစ်သည့်အတွက် အရာရာသည် သီအိုရီများသာဖြစ်သည်။ ထို့ကြောင့် မှန်သောအပိုင်းများကို ချရေးရန် သူ့အတွက် မခက်ပေ။
သို့သော်၊ နောက်ဆုံးနိုးထခြင်းဖော်မျူလာတွင်မူ သူက အနည်းငယ် တွန့်ဆုတ်သွားမိ၏။ နိုးထခြင်းဖော်မျူလာသည် ဆေးပညာ၏ လမ်းကြောင်းတစ်ခုလုံးကို လမ်းညွှန်ပေးထားသည်။ အကယ်၍ အခြားဆေးဝါးများကို လေ့ကျင့်ရန်ကျန်သေးလျှင်တောင်မှ နိုးထခြင်းဖော်မျူလာကို တစ်ဖက်ကမ်းခတ်တတ်မြောက်လျှင် mနိုးထခြင်းဖော်မျူလာက လိုအပ်ချက်နှင့်ကိုက်ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ အောင်မြင်နိုင်စွမ်းရှိသည်ပင်။ နိုးထခြင်းဖော်မျူလာတစ်ခုချင်းစီတိုင်းကို အကြိမ်ပေါင်းများစွာ စမ်းကြည့်ခဲ့ပြီးဖြစ်သည်။
ချူးယွင်ဖန်းက ခဏတာ ရပ်သွားပြီးနောက် ပိုင်ဟုန့် နိုးထခြင်းနည်း၏မပြီးပြတ်သေးသော အပိုင်းအနည်းငယ်ကို ဖြည့်စွက်ပေးသည်။ အဓိက အရေးကြီးဆုံး၊ နောက်ဆုံးနှစ်ခုကိုမူ ချန်ထားခဲ့သည်။
ပိုင်လင်အာက ဤအရာကို နားလည်နိုင်စွမ်းမရှိပေ။ ပိုင်ဟုန်သာလျှင် နားလည်လိမ့်မည်။ သူသည် ဤ နိုးထခြင်းနည်း၏ အရေးကြီးပုံကို သိသင့်သည်။ ရှေးလူသားခေတ််လူ့အဖွဲ့အစည်းတွင် နိုးထခြင်းဖော်မျူလာတစ်ခုခုကို တိုးတက်ပြုပြင်သူ၊ ဆေးဆရာသည် ဘုရင်တစ်ဆူဖြစ်လုနီးပါးဖြစ်ခဲ့သည်။ နှောင်းကာလလူ့အဖွဲ့အစည်းတွင်လည်း ကွဲပြားမှုမရှိပေ။ ထို့ကြောင့် ချူးယွင်ဖန်းတွင် အခြားအကြံများ သဘာဝကျစွာရှိ၏။
သူက ရေးပြီးသည့်နောက်တွင် စာရွက်နှင့်ခဲတံကို ပိုင်လင်အာအားပေးလိုက်ရင်း ဆိုသည်။
“ဒါကိုပေးလိုက်။ မင်းကိုထောက်ပံ့ပေးနေတဲ့သူက ဒါကိုနားလည်မယ်ထင်တယ်”
ပိုင်လင်အာက ချူးယွင်ဖန်းကို ခဏကြည့်ပြီးနောက် တံခါးပေါက်ကနေ လျှောက်ထွက်လာလိုက်သည်။ သူမ၏အဖိုးကို သွားပေးရန် ထွက်လာခဲ့သည်မှန်း သိသာနေ၏။
ချူးယွင်ဖန်းနှင့် ပိုင်လင်အာတို့၏လုပ်ရပ်ကြောင့် ခန်းမရှိလူများ ကြောင်အန်းနေကြသည်။ သူတို့နှစ်ယောက်ဘာလုပ်နေကြမှန်း သူတို့မသိခဲ့ကြပေ။ ချူးယွင်ဖန်းသည်လည်း ရှင်းပြမည့်အရိပ်အရောင်မပေါ်။ သူက ခန်းမထဲတွင် တိတ်ဆိတ်စွာ ဆက်လက်စောင့်ဆိုင်းသည်။ မကြာမီမှာပင် အဂ္ဂိရတိသင်တန်းသားစာမေးပွဲစတင်၏။ အသံလွှင့်သံက သူတို့နားထဲပျံ့၍လာသည်။
“ ဆေးသင်တန်းသား စာမေးပွဲ စတင်ပါတော့မယ်။ ဆေးသင်တန်းသားများ နံပါတ်ပြားအစဉ်လိုက် စာဖြေခန်းမတွင် နေရာယူပါ”
ချူးယွင်ဖန်းက မတ်တပ်ရပ်လိုက်ကာ သူ့နံပါတ်ပြားအရ စာမေးပွဲခန်းမ၏ ညွှန်ကြားချက်အတိုင်းလုပ်သည်။ ပညာသင်နှင့် သင်တန်းသားတို့ကြားကွဲပြားချက်သည် နံပါတ်ပြားတစ်ခုတည်းပင်မဟုတ်ပေ။ သူတို့၏ အဆင့်အတန်းသည် လက်တွေ့ကျကျပင် ကမ္ဘာခြားနေ၏။
အခန်း(၅၆) ပညာသင်တွေရဲ့ ထိတ်လန့်မှု
ဆေးအလုပ်သင် စာမေးပွဲ၏ စာဖြေခန်းမကို ဤအဆောက်အဦထဲတွင် ပြင်ဆင်ထားသည်။ ခန်းမတစ်ခုစီတွင် မီးပြင်းဖို အခု ၂၀ကိုထားရှိသည်။ မီးပြင်းဖိုများသည် အတော်လေးကြီးကာနေရာယူ၏။ တစ်ခုနှင့်တစ်ခု၏အလယ်တွင် အဝါရောင်လိုင်းကြောင်းဖြင့်ခြားထားသည်။ စာဖြေသူတိုင်းသည် သူတို့၏နေရာအတွင်းတွင် လွတ်လပ်စွာရွေ့လျားနိုင်သည်။
ခန်းမ၏ အခြားတစ်ဖက်တွင် မတူညီသော ဆေးဖက်ဝင်အပင်များ စုပုံထားသော အပုံကြီးတစ်ခုရှိသည်။ ဆေးဖက်ဝင်အပင်အမျိုးအစားတစ်ခုစီတိုင်းကို အရေအတွက်များများထောက်ပံ့ပေးထားသည်။ ဖြေဆိုသူများက ပါဝင်ပစ္စည်းများကို ကိုယ်တိုင်ယူ၍ ဆေးဖော်စပ်ရမည်ပင်။
ဆေးပင်စုဆောင်းခြင်းအမှုသည် ဆေးပညာသည်၏ အခြေခံအရည်အချင်းများကို စစ်ဆေးခြင်းလည်းဖြစ်သည်။
ဖြေဆိုသူတိုင်းက သူတို့၏နံပါတ်အသီးသီးတွင် နေရာယူရသည်။ ဘေးရှိ tablet မှ မည်သည့်ဆေးဖော်စပ်ရမည်ကို ညွှန်ကြားပေးသည်။ ဖြစ်စဥ်တစ်ခုလုံးသည် ကျပန်းဖြစ်သဖြင့် မည်သူက မည်သည့် ဆေးဖော်စပ်ရမည်ကို ကြိုမသိနိုင်ကြပေ။ ယေဘုယျအားခြင့် သူတို့သည် ဆေးဖော်စပ်နည်းအားလုံးကို သင်ယူခဲ့ရမည်ဖြစ်သည်။
ချူးယွင်ဖန်းက သူ့အလှည့်တွင် မည်သည့်ညွှန်ကြားချက်ပေးထားသည်ကို ငုံ့၍ကြည့်လိုက်သည်။ ဤအရာမှာ လက်သင်အဆင့် ချီပြန်ဖြည့်ဆေးဖြစ်သည်။ ဤဆေး၏ အဓိက အသုံးဝင်မှုမှာ စစ်မှန်သောစွမ်းအင်ကို ပြန်ဖြည့်ရန်ဖြစ်သည်။
နှောင်းသီအိုရီများတွင် စစ်မှန်သောစွမ်းအင်သည် ဇီဝစွမ်းအင်ဖြစ်သည်ဟုယုံကြည်ကြသည်။ ဤကဲ့သို့ ဇီဝစွမ်းအင်သည် အလျင်အမြန်ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်ပေ။ သိုင်းပညာရှင်က ကြံ့ခိုင်လေလေဦ ပြန်လည်ကောင်းမွန်နှုန်းမြင့်လေလေ၊ မြန်လေလေ ဖြစ်သည်။ ပုံမှန်အားခြင့် ဤကိစ္စသည် သေးငယ်သည်။ သို့သော် အရေးပေါ်ကိစ္စရပ်များတွင် စွမ်းအင်စစ်ကို အမြန်ဖြည့်တင်းနိုင်ရန် ချီပြန်ဖြည့်ဆေးကို အသုံးပြု၍ရနိုင်သည်။ ဤဆေးဝါးများကို လက်သင်အဆင့်၊ အလယ်အလတ်အဆင့်၊ နှင့် တန်းမြင့်အဆင့်ဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ ဆေးတစ်ခုစီ၏ အကျိုးရလဒ်ကွာသကဲ့သို့ တန်ဖိုးလည်းကွာ၏။
သို့သော်၊ မည်သည့်အဆင့်ဖြစ်နေစေကာမူ ဤအရာသည် အထူးသဖြင့် ရှာဖွေရေးအဖွဲ့များအတွက် ကျော်ကြားသောကုန်ပစ္စည်ဖြစ်သည်။ ရှာဖွေရေးအဖွဲ့များသည် တစ်နှစ်ပတ်လုံးနေရာပေါင်းစုံသို့ သွားရကာ အလွန်အန္တရာယ်ရှိသောအခြေအနေများနှင့် တွေ့ဆုံရသည်။ သူတို့အတွက်တော့ ချီပြည်ဖြည့်ဆေးများသည် အရေးပါသောဆေးများဖြစ်သည်။
အခုအချိန်သည် စာမေးပွဲ၏ လက်တွေ့ကျသောအပိုင်းဖြစ်သည်။ ပြီးလျှင် သူတို့က သီအိုရီစာရွက်ဖြင့် အဖြေပေးရမည်။ အကယ်၍ ဖြေဆိုသူက နှစ်ပိုင်းလုံးကိုအောင်မြင်လျှင် သူတို့သည် သဘာဝအလျောက် ဆေးသင်တန်းသားများဖြစ်လာကြမည် ဖြစ်သည်။
ချူးယွင်ဖန်းက ပါဝင်ပစ္စည်းယူရန် ချက်ချင်းမထဘဲ ခဏတာမျှ ငြိမ်သက်နေသည်။ ဤအချိန်တွင် အခြားဖြေဆိုသူများက သူတို့လိုအပ်သောပါဝင်ဆေးဝါးများကိုယူဆောင်ရန် ဆေးပင်တောင်ကြီးသို့ လမ်းလျှောက်သွားနှင့်ကြပြီးဖြစ်သည်။
သူတို့အားလုံးသည် ပါဝင်ပစ္စည်းများ၏ အရေအတွက်နှင့် အတိုင်းအတာကို သေချာစေရန် ကိရိယာပေါင်းစုံကိုအသုံးပြုကြသည်။ အခြားသောပြဿနာများဖြစ်မလာစေရန်ဖြစ်သည်။ သို့သော်ကား၊ ချူးယွင်ဖန်းသည် ထိုသို့ရှုပ်ထွေးဆန်းပြားသော ကိရိယာများကို အသုံးမပြုပေ။ သူက ပါဝင်ဆေးဝါးများကို လက်ဖြင့်တင်းကြပ်စွာကိုင်ကာ ဆေးခြင်းထဲသို့ ကြမ်းတမ်းစွာထည့်လိုက်သည်။
သူက ရနိုင်သော ဆေးဖက်ဝင်ပစ္စည်းတစ်ခုစီကို တစ်ကြိမ်သာရွေးချယ်ခဲ့သည်။ အစတွင်၊ မည်သူကမျှ သတိမထားမိကြသော်လည်း သိပ်မကြာမီတွင် အနီးအနားရှိဖြေဆိုသူများသည် ချူးယွင်ဖန်း၏ ခက်ထန်ကြမ်းတန်းသောအမူအယာကို သတိထားမိလာကြသည်။ ချူးယွင်ဖန်း ရူးသွားပြီဟု အများကထင်ကြသည်။ ဤသည်မှာ ရူးနှမ်းမှုသာဖြစ်သည်ဟု ထင်ကြသည်။ ဓာတ်ဆေးအားလုံးသည် တိကျသော ပါဝင်ပစ္စည်းပမာဏရှိရမည်။ အကယ်၍ အနည်းငယ်လေးကွာဟနေခဲ့လျှင်တောင် နောက်ဆုံးရလဒ်က လိုချင်သောရလဒ်နှင့်ဝေးကွာနေလိမ့်မည်။ ထို့ကြောင့် ဤသည်မှာ ရိုးရှင်းစွာပင် ရူးနှမ်းမှုတစ်ခုဖြစ်သည်။
သို့သော်၊ လျင်မြန်စွာပင် အချို့မျက်စိရှင်သော ဖြေဆိုသူများက ပါဝင်ပစ္စည်းများကို ချူးယွင်ဖန်းယူလိုက်သည့်အချိန်တိုင်းတွင် တိကျသောပမာဏဖြင့် ယူနေခြင်းဖြစ်သည်။ ထိုဖြေဆိုသူများသည် ချူးယွင်ဖန်းကဲ့သို့ တစ်ချက်ကြည့်ရုံနှင့် ပမာဏအတိအကျမယူနိုင်ကြသော်လည်း၊ ၁၀နှစ်ကျော်ကြာအောင် ပညာသင်ဘဝဖြင့်နေလာခဲ့ကြသဖြင့် ပမာဏအကြမ်းဖျင်းကိုတော့မှန်းကြည့်နိုင်သည်။
သူတို့စိတ်ထဲတွင် ထိတ်လန့်မှုများဖြင့်ပြည့်နှက်သွားသည်။ တစ်ကြိမ်၊ နှစ်ကြိမ်မျှ ပမာဏကတိကျလျှင်တောင် သူတို့မေ့ထားနိုင်နေသေးသည်။ အကြိမ်တိုင်းတွင် ပမာဏအတိအကျရနေသည်ကမူ ကံကောင်းခြင်းကြောင့်ပြော၍ ရနိုင်မည့်အရာတစ်ခုမဟုတ်ပေ။
အလွန်နူးညံ့သောမျက်နှာရှိသည့် အထက်တန်းကျောင်းသား၊ ပညာသင်ကလေးသည် ဤနေရာသို့ လူဖြည့်ရန်ရောက်နေခြင်းမဟုတ်။
သူက တကယ် အရည်အချင်းရှိတာပဲ။
လူအများစုက ထိတ်လန့်ကုန်ကြသည်။ ဤသို့တိကျမှုရရန် သူ့အရည်အချင်းကို ချူးယွင်ဖန်း အကြိမ်မည်မျှလောက် လေ့ကျင့်ထားရသလဲ။
ဒါက ယုံနိုင်စရာမရှိဘူး။
အချို့သူများက သူ့ကို ဤအသက်အရွယ်နှင့် အဆင့်မြင့်ဆေးပညာရှင်ဖြစ်လာစေရန် သူတစ်ယောက်တည်း၏ လေ့လာမှုကြောင့်မဟုတ်ဘဲ နောက်ကွယ်တွင် ဂိုဏ်းတစ်ခုရှိလိမ့်မည်ဟု is
တွက်ချက်ကြသည်။ ဤသို့သော ရှေးနည်းလမ်းမှာ ခွန်းလွန်ခေတ်တွင်မပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ဆက်လက်တည်ရှိနေသေး၏။ ဂိုဏ်းအများစုသည် သူတို့ကိုယ်ပိုင်နည်းလမ်းများရှိကြကာ ဆေးနယ်ပယ်တွင် အများစုသည် လုပ်ဆောင်ချက်များစွာ လုပ်ခဲ့ကြပြီးဖြစ်သည်။
သူတို့က သူ မည်သည့်ဂိုဏ်းဝင်မှန်းမသိကြရုံသာဖြစ်သည်။ လူအများစုသည် အတော်လေးအံ့သြနေကြ၏။
သို့သော်၊ တစ်ယောက်က စွပ်စွဲသည်။
“ဒါမှားနေတာ။ ငါဆေးဂိုဏ်းတွေရဲ့ တပည့်အများကြီးကိုတွေ့ပြီးပြီ။ သူတို့မှာ လျှို့ဝှက်နည်းလမ်းတွေ ရှိရင်တောင်မှ ဒီအရွယ်နဲ့ ဒီလိုမျိုးတစ်ဖက်ကမ်းခတ် တတ်မြောက်နိုင်မှာမဟုတ်ဘူး။ သူတို့မှာ လျှို့ဝှက်နည်းလမ်းတွေ ရှိရင် အမြန်နှုန်းကိုပဲ မြှင့်တင်နိုင်လိမ့်မှာ။ ဒီလိုမျိုးနည်းလမ်းတွေကို တတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။ ဂိုဏ်းတွေရဲ့ တရားဝင်ဆေးပညာရှင်ဖြစ်လာတဲ့ တပည့်တွေတောင်မှ ကိရိယာတွေကို အသုံးပြုဖို့လိုသေးတယ်။”
ဤအရာက ချူးယွင်ဖန်းကို သူတို့မျက်လုံးထဲတွင် ပို၍နားလည်ရခက်စေသည်။ သူတို့က လေးစားအံ့ဩနေကြချိန်တွင် ချူးယွင်ဖန်းက ဆေးပင်အားလုံးကိုယူ၍ သူ့နေရာသို့ပြန်သွား၏။ သူက မီးထွန်းလိုက်ကာ ရေအိုးတစ်အိုးကို တည်လိုက်သည်။ ထို့နောက် ဆေးပင်များကို အစဉ်လိုက် ထည့်လိုက်၏။ စဉ်းစားစရာပင်မလိုဘဲ အရာရာသည် ရေစီးကဲ့သို့ ချောမွတ်နေ၏။ သူမ အကြိမ်မရေတွက်နိုင်အောင် လေ့ကျင့်ခဲ့သည့်အလား အရာရာသည် ချောမွေ့နေ၏။
ဤအရာက လူအများကို အံ့ဩသက်ပြင်းချစေသည်။ အချိန်အတော်ကြာပြီးသည့်နောက်မှ သူတို့က သူတို့ကိုယ်တိုင်လည်း စာဖြေနေကြမှန်းသတိရကြတော့သည်။ အချိန်အတော်ကုန်ဆုံးသွားခဲ့ကာ သူတို့တွင် အချိန်များများစားစားမကျန်တော့ချေ။
လူတိုင်းက လျင်မြန်စွာပင် သူတို့၏ ပါဝင်ပစ္စည်းများကို စုခဲ့ကြကာ သူတို့နေရာဆီသို့ ပြန်ခဲ့ကြသည်။ ထို့နောက် ဆေးအသီးသီးကို ဖိုထိုးရန်ပြင်ကြ၏။ ဤ အခိုက်အတန့်တွင် ချူးယွင်ဖန်းကြောင့် အနှောက်အယှက်အဖြစ်မခံနိုင်တော့ချေ။ အကယ်၍ ဆေးဖော်စပ်ချိန်တွင် အာရုံပြောင်းမိပါက လုပ်ငန်းစင်တစ်ခုလုံး ကျရှုံးသွားနိုင်သည်။ ဤသို့ဖြစ်ခဲ့လျှင် အစမှစ၍ အချိန်အတော်ကြာပြန်စရမည်ဖြစ်သည်။
ချူးယွင်ဖန်းက သာမန်အတိုင်း သူ့ရှေ့မှ ဖြစ်စဉ်ကို အာရုံစိုက်နေသော်လည်း ဆေးဧကရာဇ်၏ မှတ်ဉာဏ်ကြောင့် ဤအရာများသည် သူ့ရိုးတွင်းခြင်ဆီထဲထိအောင် နစ်မြုပ်နေပြီးသားဖြစ်သည်။
ဆေးဝါးပြုလုပ်ခြင်းလုပ်ငန်းစဉ်တစ်ခုလုံးသည် သူ့အတွက်တော့ သာမန်အလေ့အကျင့်တစ်ခုသာသာသာ ဖြစ်သည်။ ထို့ကြောင့် သူသည် အခြားဖြေဆိုသူများနှင့်မတူ။ ကိုယ့်နားကိုယ် ဆိတ်ဆွဲနေသော၊ ကိုယ့်ပါးကို စိတ်လှုပ်ရှားစွာညှစ်နေသော အချိန်ကို ဆက်တိုက်မပျက်ကြည့်နေသော သူများနှင့်မတူ။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ သူရရှိခဲ့သော အတွေ့အကြုံသည် နာရီထက်ပို၍ တိကျသည်။
သို့သော် သူ့အတွေးများ လွင့်ပြယ်သွားရသည်။ သူ့အတွက်တော့ ဆေးအလုပ်သင်အဖြစ် သက်သေပြနိုင်ရန်သာ ဤစာဖြေပွဲကို အောင်ဖို့လိုခြင်းဖြစ်သည်။ ထို့နောက် သူဖော်စပ်သောဆေးဝါးများကို ပွင့်ပွင့်လင်းလင်း ရောင်းချနိုင်မည်ဖြစ်သည်။
ယခင်တုန်းက လု့ကျင်းရွမ်နှင့် သူ့ကြားမှ လုပ်ငန်းသည် စစ်ဆေးခံရနိုင်ခဲ့သည်။ သူ့တွင် ဆေးပညာရှင်လက်မှတ်မရှိသည့်အတွက် ထိုလုပ်ငန်းသည် တရားမဝင်ဟု ယူဆနိုင်၏။
ဤသည်မှာ အဆင့်မမှီသောဆေးဝါးများ စျေးကွက်တွင်းရောက်ရှိမှုကို ကန့်သတ်ရန် ပြည်ထောင်စုအစိုးရ၏ ချိန်ဆချက်တစ်ခုဖြစ်သည်။ ယခု၊ ထိုအဟန့်အတားကို ဖယ်ရှား၍ရတော့မည်။ သူ့အတွက် ဝင်ငွေရှာဖို့ ပို၍လွယ်ကူလာလိမ့်မည်။ ထိုအချိန်ရောင်လျှင်၊ သူ့ညီမအား ကုသခြင်းမှာ ပြဿနာကြီးတစ်ခုဖြစ်နေလိမ့်တော့မည် မဟုတ်။ တကယ်တမ်း၊ ဆေးဧကရာဇ်၏ မှတ်ဉာဏ်ထဲတွင် ဤသို့သောရောဂါကိုကုသနိုင်မည့် ဆေးဝါးများရှိသည်။ သို့သော် ထိုဆေးဖော်ရမည့် ပါဝင်ပစ္စည်းများ၏စျေးနှုန်းသည် ကောင်းကင်ထက်ပင်မြင့်၏။ ရိုးရှင်းစွာပင် ဤသည်မှာ လက်ရှိ ချူးယွင်ဖန်းတတ်နိုင်သော အရာမဟုတ်ပေ။ ပို၍ သက်တောင့်သက်သာဖြစ်ကာ ရိုးရှင်းသော ခေတ်ပေါ် မျိုးရိုးဗီဇကုသနည်းများကိုလည်း အသုံးပြုကောင််းအသုံးပြုလိမ့်မည်။
အဆုံးသတ်တွင် လမ်းကြောင်းအားလုံးက ပန်းတိိုင်တစ်ခုတည်းကို ညွှန်းနေ၏။ သူ့ညီမ၏ ရောဂါကိုသာ ကုသပေးနိုင်လျှင် မည်သို့သောနည်းလမ်းကိုအသုံးပြုရစေကာမူ သူဂရုစိုက်မည်မဟုတ်ပေ။
သူစိတ်ကူးယဉ်နေသည်မှာ မျက်စိတစ်မှိတ်အတွင်းပင် ၂ နာရီကျော်ကြာခဲ့၏။ သူ့ရှေ့ရှိ ဆေးထိုးဖိုသည် အလိုလိုပွင့်လာသည်။ အဖြူရောင် အခိုးအငွေ့လေးများလျှံထွက်လာလျက် နှာခေါင်းထက်သို့ စူးရှသောဆေးနံ့တစ်ခု ရစ်သီလာ၏။
ချီပြန်ဖြည့်ဆေး အောင်မြင်ပြီ။
အပိုင်း (၅၇) အဲ့မှာဘာလို့ ဒီလိုသတ္တဝါမျိုး ရှိနေနိုင်တာလဲ
ချူးယွင်ဖန်းသည် ပထမဆုံးအောင်မြင်သူဖြစ်သည်။ လူတိုင်းက သူအောင်မြင်သည်မအောင်မြင်သည်ကိုသိချင်စိတ်ဖြင့်
ချူးယွင်ဖန်းကို လှည့်ကြည့်နေလျက်ရှိသည်။ အောင်မြင်သွားပုံပေါ်သည်။ သူအမှတ်မည်မျှရသွားသည်ကိုတော့ သူတို့မသိကြပေ။
သို့သော်၊ ချူးယွင်ဖန်း၏မျက်နှာသည် ခံစားချက်ကင်းမဲ့နေ၏။ မည်သူကမှ သူ့စွမ်းဆောင်ချက်၏ အရည်အသွေးကိုပြောနိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းတစ်ယောက်သာလျှင် သူ့ရှေ့ရှိ tablet ပေါ်မှ အမှတ်ပြည့်ကို တွေ့နိုင်မည်ဖြစသည်။
စာဖြေခန်းတွင်း ဖော်စပ်ထားသောဆေးများကို ကွန်ပျူတာမှတစ်ဆင့် အမှတ်ပေး အကဲဖြတ်သည်။ အကယ်၍ စာမေးပွဲအောင်ရန် ၇၀% သည် မျှော်မှန်းအမှတ်ဖြစ်လျှင် ၁၀၀ % ဆိုပါက အလိုအလျောက် အမှတ်ပြည့်ရမည်ဖြစ်သည်။
အချို့သူများက ဆေးဖော်စပ်နေကြစဉ်တွင် ချူးယွင်ဖန်းသည် ရေးဖြေစာမေးပွဲ၏ မေးခွန်းများကို ဖြေဆိုနေခဲ့ပြီဖြစ်သည်။ မေးခွန်းအားလုံးသည် သီအိုရီပိုင်းနှင့်သာဆိုင်သော်လည်း ချူးယွင်ဖန်းအတွက်မူ ပြဿနာမရှိချေ။
ဆေးပညာသင်အတော်များများသည် ဤသီအိုရီများကို မှတ်မိထားရန်လိုသည်။ အများစုသည် အယူအဆဆိုင်ရာများသာဖြစ်သည်။ ယခင်က ဖြေရှင်ဖူးသည့်အရာများဖြစ်သည့်အတွက် ချူးယွင်ဖန်းအဖို့တော့ ဤသီအိုရီများသည် ပုစ္ဆာများမဟုတ်ခဲ့ချေ။ ခက်လည်းမခက်ခဲပေ။
သူ့လက်ချောင်းများ ရှေ့နောက်လှုပ်ရှားနေသည့်နောက်တွင် မေးခွန်းအားလုံးကို ချော့မွေ့လျင်မြန်စွာဖြေနိုင်ခဲ့သည်။ မကြာမီတွင် ရမှတ်ထွက်ပေါ်လာသည်။ ထို့နောက် စာလုံးအကြီးသုံးလုံး ထပ်မံပေါ်ထွက်လာသည်။
“အမှတ်ပြည့်”
ချူးယွင်ဖန်းက လက်တွေ့ရော၊ သီအိုရီအကဲခတ်မှုတွင်ပါ အမှတ်အပြည့်ရခဲ့သည်။ ချူးယွင်ဖန်းသည် သဘာဝကျကျပင် ဆေးသင်တန်းသားစာဖြေပွဲကို အောင်မြင်ခဲ့သည်။
မှန်သည်။ ချူးယွင်ဖန်းက အချက်ဆက်ဆွဲမနေတော့ပေ။ ကျင့်ကြံရန် အိမ်သို့အမြန်ပြန်ရဦးမည်။
ဤအရေးကိစ္စတွင် စာမေးပွဲကို အောင်မြင်သည်နှင့် သူလက်မှတ်ရသည်မရသည်က အရေးမပါတော့ပေ။ သူ့သက်သေခံကဒ်ပြားပေါ်တွင် ဤအချက်ကိုထည့်သွင်းပြီးသား ဖြစ်ပေလိမ့်မည်။
ကဒ်ဖတ်စက်က ကဒ်ကိုစစ်ကြည့်လိုက်သည်နှင့် သူသည် ဆေးသင်တန်းသားဖြစ်ကြောင်း သိရှိသွားကြလိမ့်မည်ဖြစ်သည်။ ထို့အပြင် အချိန်ကျလျှင် ဆေးပညာရှင်အစည်းအရုံးမှ သူ့လက်မှတ်နှင့်တကွ တရားဝင်ဆေးပညာရှင်၏ မှတ်ချက်များကို သူ့အိမ်သို့ ပေးပို့လိမ့်မည်။
ချူးယွင်ဖန်း ပြန်သွားပြီးနောက် နှစ်နာရီအကြာတွင် စာမေးပွဲရလဒ်များပေါ်ထွက်လာ၏။ လျှပ်စစ်ကြော်ညာသင်ပုန်းရှေ့တွင် သေးသွယ်သော ပိုင်လင်အာက မယုံကြည်နိုင်သောမျက်နှာဖြင့် ရပ်နေ၏။
သူမအမည်၊ ပိုင်လင်အာသည် အောင်စာရင်း၏ ထိပ်ဆုံးတွင်ရှိသည်။ အယူဆဆိုင်ရာစာမေးပွဲတွင် သူမက အကောင်းဆုံးအမှတ်ကိုရခဲ့ကာ လက်တွေ့စာမေးပွဲတွင် ၉၈ မှတ်ရခဲ့၏။ ဤရလဒ်သည် တည်ငြိမ်သမုဒ္ဒရာမြို့ အတွင်းသာမက တုန်ဟွာမြို့တစ်လျှောက်အထိပါ ထူးချွန်သည်ဟု ယူဆ၍ရနိုင်သည်။ သူမသည် အသေအချာကိုပင် ထူးချွန်၏။
တကယ်တော့ သူမ၏ လက်တွေ့ဖြေဆိုမှုအမှတ်ကို ကျော်ရန်မပြောနှင့် သီအိုရီပိုင်းတွင် အမှတ်ပြည့်ရနိုင်သည့်သူ တစ်ယောက်တစ်လေတောင် မရှိနေသင့်ပေ။ လူအများစုသည် ၇၀ မှ ၈၀ အတွင်းရကြသည်။ မည်သူကမှ အမှတ် ၉၀ထိမရကြ။ လူအများခန့်မှန်းခဲ့သည့်အတိုင်းပင်။ သူမသည် သာမန်ဆေးပညာသင်များ၏ ခွန်အားကို ကျော်တက်နိုင်ခဲ့သည်။ သူမကို ပထမနေရာတွင်ထားရန် လုံလောက်သည်။
မိမိအဆင့်အတန်းကိုကျော်လွန်၍ ဆောင်ရွက်နိုင်ခဲ့သဖြင့် သူမကို တုန်ဟွာမြို့ဆေးစာမေးပွဲတွင် ပထမနေရာရရသင့်သည်။ သို့သော် စင်စစ်တွင်မူ သူမသည် ဒုတိယနေရာ၌သာရှိ၏။
ပထမနေရာရှိ ချူးယွင်ဖန်း ဟူသော စာလုံးများသည် အတော်လေး ထင်းခနဲဖြစ်နေသည်။ အထူးသဖြင့် အမှတ်ပြည့်နှစ်ခုသည် သူမအား မယုံသင်္ကာဖြစ်စေ၏။
သီအိုရီအပိုင်းတွင် အမှတ်ပြည့်ရခြင်းသည် သူမကဲ့သို့ မှတ်ဉာဏ်ကောင်းလျှင် ဖြစ်နိုင်သည်မို့ သိပ်အထင်ကြီးစရာမဟုတ်ပေ။ သို့သော် လက်တွေ့အပိုင်းတွင် အမှတ်ပြည့်ရရန် မဖြစ်နိုင်။
သူမကဲ့သို့ ဉာဏ်ကြီးရှင်တစ်ယောက်တောင် အစမ်းဖြေစာမေးပွဲများတွင် အမှတ် ၉၀၊ ၉၅ ဝန်းကျင်သာရခဲ့သည်။ ယခု ၉၈ မှတ်ရခြင်းမှာ သူမ၏ အဆင့်ထက် သေချာပေါက် ကျော်လွန်နေသည်။ ထို့ကြောင့် ဤသို့ အမှတ်ပြည့်ရနိုင်ရန်မဖြစ်နိုင်ကြောင်း ပိုသေချာနေ၏။
“ဘယ်လိုလုပ် တစ်ယောက်ယောက်က အမှတ်ပြည့်ရနိုင်မှာလဲ။ ငါ့အဖိုးဝင်ဖြေခဲ့ရင်တောင် အမှတ်ပြည့်မရနိုင်လောက်ဘူးလေ။ စာဖြေသူက အမှားတစ်ခုလေးတောင် မမှားဘူးဆိုတာ ဖြစ်နိုင်လို့လား”
ပိုင်လင်အာက မယုံမကြည်နိုင်ဖြစ်နေသည်။ သူမကဲ့သို့ ဉာဏ်ကြီးရှင် တစ်ယောက်တောင် အကြိမ်တိုင်း ၉၀% လောက်ရနိုင်မည်ဟု အာမခံနိုက်သည်။ သို့သော် ၁၀၀% ပြီးပြည့်စုံသော ဆေးဝါးမှာမူ ကံကောင်းခြင်းကြောင့်မဖြစ်နိုင်။
“ကျွန်မ ရှင်ဘယ်သူလဲ သိချင်မိတယ်”
ပိုင်လင်အာက လူအုပ်ကြားထဲမှတိုးထွက်၍ ဆေးပညာရှင် အစည်းအရုံး၏ အတွင်းပိုင်းသို့ ဦးတည်လိုက်သည်။ ဤအခိုက်အတန့်တွင်၊ စာဖြေသူအားလုံးသည် အံ့ဩမှုတွင် ရပ်တန့်နေကြ၏။
ဤနေရာရှိ စာဖြေသူအားလုံးသည် သာမန့်အဆင့်သာရှိမည်ဟု သံသယကင်းကင်းဆိုနိုင်၏။ စစ်ဆေးချိန်အတွင်းတွင် သူတို့သည် အမှတ် ၇၀-၈၀ အတွင်းသာရကြသည်။ တစ်နည်းအားဖြင့်ပြောရလျှင် သူတို့ဖော်စပ်ခဲ့သော ဆေးများ၏ အရညါအသွေးသည် ၇၀-၈၀% သာရှိသည်။ အာနိသင်ကောင်းသည်ဟု မဆိုနိုင်။
ယခုမူ ပို၍အားကောင်းသောလူနှစ်ယောက်က အဆင့်သတ်မှတ်ချက်စာရင်းတွင် ပေါ်ထွက်လာသည်။ ဒုတိယအဆင့်ရသော ပိုင်လင်အာသည် အမှတ် ၉၈ မှတ်ရသည်။ သေချာပေါက် ထူးဆန်းသည့်သတ္တဝါတစ်ကောင်ဖြစ်သည်။
အဆင့်နိမ့်ဆေးကိုဖော်စပ်သည့်အချိန်တွင်တောင် ဆေးပညာသင်များအတွက် အမှတ် ၉၀နှင့် အထက်ရရန် ခက်ခဲသည်။ ၉၈မှတ်အတွက်မူ တရားဝင် ဆေးပညာရှင်တစ်ယောက်ကသာ စွမ်းဆောင်နိုင်မည့်အရာမျိုးဖြစ်သည်။
ပထမအဆင့်ရသည့် ချူးယွင်ဖန်းသည်ကား ၁၀၀% အာနိသင်ရှိသည့် ဆေးကို ဖော်စပ်နိုင်ခဲ့သည်။ ယခုအချိန်တွင် မည်သူကမှ လှောင်ပြောင်နိုင်ခြင်းမရှိတော့ပေ။ သူတို့သည် လွန်ခဲ့သောနှစ်အနည်းငယ်လောက်တည်းက ဆေးပညာနှင့်ထိတွေ့ခဲ့ရခြင်း ဖြစ်လိမ့်မည်။ အမှတ် ၉၈မှတ်ကိုတော့ ကံကောင်းမှုကြောင့်ဟု သဘာဝကျကျ နားလည်ပေးနိုင်သော်လည်း ၁၀၀ သည်မူ ကံကောင်းခြင်းမဟုတ်နိုင်ပေ။
ထို့ကြောင့် သူတို့တွင် စောဒကတက်ရန်ခွန်အားမရှိတော့ပေ။ အကယ်၍သာ ဤစာမေးပွဲတွင် လှည့်စားဖြေဆိုဖို့ မဖြစ်နိုင်သည်မှန်း မသိကြလျှင်၊ တရားဝင်ဆေးပညာရှင်တစ်ယောက်က ချူးယွင်ဖန်းအစားဖြေဆိုပေးထားသည်ဟု ထင်ကြပေလိမ့်မည်။
လူအများစုသည် အမှတ်သည် လူတစ်ယောက်၏ ခွန်အားကို ပြသနိုင်သည်ဟုယူဆကြသော်လည်း အချို့သူများသည် အမှတ်ပြည့်မှာ ၁၀၀ ဖြစ်နေ၍ ၁၀၀ သာရခြင်းမျိုးကိုတော့ မသိကြပေ။
ဤအခိုက်အတန့်တွင် ပိုင်လင်အာက ချူးယွင်ဖန်းအကြောင်းကို ဆေးပညာရှင်အစည်းအရုံး၏ အတွင်းသတင်းအချက်အလက်များမှတစ်ဆင့် သိခဲ့ရပြီဖြစ်သည်။ သူမသည် ဆေးပညာသင်သာဖြစ်သော်လည်း နောက်ကွယ်တွင် ခိုင်မာသော ကျောထောက်နောက်ခံ ( ဆေးဆရာကြီး ပိုင်ဟုန်) ကြီးရှိ၏။
သူမ၏ အဆက်အသွယ်များကိုအသုံးပြုကာ ချူးယွင်ဖန်း၏ အချက်အလက်များကို ရှာနိုင်ခဲ့သည်။ အပေါ်ယံအချက်အလက်များသာ ဖြစ်သော်လည်း သူမအတွက်တော့ လုံလောက်၏။ သို့သော် ထိုအချက်အလက်များကို မြင်ရသည့်အခါတွင်မူ ပိုင်လင်အာက စိတ်ဓာတ်ကျသွားရသည်။
ချူးယွင်ဖန်းသည် တကယ့်ကိုပင် ခက်ထန်သော ဂိုဏ်းတူသားတစ်ယောက်ဖြစ်သည်။ သူ၏တိုးတက်မှုမှတ်တမ်းသည် လွန်ခဲ့သော လဝက်ခန့်တွင် ရပ်သွားခဲ့သည်။ ၎င်း၏ရှေ့တွင် မည်သည့်မှတ်တမ်းမျှမရှိ။ လွန်ခဲ့သောလဝက်ခန့်မှစ၍ သူသည် လက်သင်အဆင့်၊ အလယ်အလတ်အဆင့်နှင့်အဆင့်မြင့်အဆင့်တို့ကို ပြီးခဲ့ခြင်းဖြစ်သည်။ ယခု၊ သူက တည်ငြိမ်သမုဒ္ဒရာမြို့၏ ဆေးသင်တန်းသားစာဖြေပွဲတွင် ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သည်။
ဤအမြန်နှုန်းသည် ပေါ့သေးသေးတော့မဟုတ်ပေ။
ဤအခြေအနေတွင် သူမက သူမဘိုးဘေး၏ အကဲခတ်မှုကို ပို၍ ယုံကြည်လာသည်။ သူသည် မြင့်မြတ်သော ဆေးပညာရှင်ကြီးတစ်ဦးဦး၏ ကိုယ်ရေးနောက်လိုက်တစ်ယောက် ဖြစ်နိုင်သည်။ ယခင်က သူသည် သူ့ဆရာနားတွင်နေကာ ထိုဆရာက ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့ဖူးလိမ့်မည်။ ယခု လေ့လာမှုအားလုံးပြီး၍ သူ့ကို ထိုဆရာဆိုသူက ဆေးသင်တန်းသားအဖြစ်ဖြေဆိုရန် လက်လွှတ်ပေးခဲ့ခြင်းဖြစ်လိမ့်မည်။
သူမသည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်။ သူမငယ်စဉ်တည်းက ဘိုးဘေး၏အနားတွင် အမြဲတစေရှိခဲ့သည်။ ဘိုးအေအိုနှင့်အတူ ကျင့်ကြံရာက ဆေးပညာကို ထိတွေ့ဖြစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိသူမ၏ အဆင့်အတန်းသည် သူ့သင်ကြားမှုမှထွက်ရန်လုံလောက်ပြီကို သတိထားမိသဖြင့် ပိုင်ဟုန်သည် သူမအား စာဖြေပွဲသို့ လွှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါသထွက်စရာအကောင်းဆုံးမှာ ထိုသူက စာမေးပွဲအောင်မည်ကို သေချာနေသည့်အတိုင်း၊ ပထမရမည်ကိုသေချာနေသည့်အတိုင်းစော၍ပြန်သွားခဲ့သည်။
“ချူးယွင်ဖန်း၊ ရှင် ကျွန်မကို စောင့်နေစမ်းပါ။ နောက်တစ်ကြိမ်ကျရင် ကျွန်မရှင့်ကို သေချာပေါက်အနိုင်ယူပြမယ်”
ပိုင်လင်အာက ချူးယွင်ဖန်း၏နာမည်ကိုကြည့်၍ လေးနက်သောအမူအရာဖြင့်ဆို၏။
ပထမဦးဆုံးအနေဖြင့် သူမ အနိုင်ယူလိုစိတ်ပြင်းပျနေခြင်းဖြစ်သည်။ သူမနှင့် သက်တူရွယ်တူများထဲတွင် သူမအား စိန်ခေါ်နိုင်သည့်သူ မရှိခဲ့ဖူးပေ။