← Chapters

အခန်း (၁၄၅၉-၁၄၆၁)

Vol. 98 Ch. 1459-1461

အခန်း (၁၄၅၉-၁၄၆၁)

Vol. 98 Ch. 1459-1461

အခန်း(၁၄၅၉)

ကျန်းမျိုးနွယ်စုကို ဖယ်ထားလိုက်လျှင် ဤတစ်ကြိမ် ကျန်းချန်၏ အကဲဖြတ်ပွဲကို လာရောက် ကြည့်ရှုသူများသည် အဆင့်အတန်းရှိသော ခေါင်း‌ဆောင်ကြီးများ ဖြစ်ကြသည်။

ထို့ကြောင့် "ကျူးရှန်း"စာသားပါသည့် ဧရာမ ရွှေရောင်စည်းတံဆိပ်ကြီးကို မည်သူမှ မရင်းနှီးဘဲ မနေပေ။

"လူသားဧကရာဇ် စည်းတံဆိပ်ပါလား"

ဤသည်က လူသားဧကရာဇ် စည်းတံဆိပ် ဖြစ်သည့်အပြင် ဒုတိယမြောက် စည်းတံဆိပ်ဖြစ်သည့် ကျူးရှန်းစည်းတံဆိပ် ဖြစ်သည်။

ကျန်းချန်က လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယမြောက်စည်းတံဆိပ်ကို အမှန်တကယ် ကျွမ်းကျင်နေလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။

"ကျူးရှန်းစည်းတံဆိပ်ပါလား.. ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းချန် ထုတ်ဖော်လိုက်သည့် ရွှေရောင်စည်းတံဆိပ်ကို မြင်လျှင် အမြဲတစေ ကျန်းချန်ကို အရေးမစိုက်သည့် ကျန်းကျွင်းပင် တအံ့တသြ မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။

ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ကျန်းရီနှင့် ကျန်းယန်တို့၏ မျက်ဝန်းထဲတွင်လည်း မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့ကြသည်။

အကဲဖြတ်မှု အားလုံးကို အောင်မြင်ခဲ့သည့် ကျန်းမျိုးနွယ်စုမှ ကိုယ်စားလှယ်လောင်း သုံးဦးအနေဖြင့် သူတို့သုံးဦးစလုံးသည် လူသားဧကရာဇ်စည်းတံဆိပ် အကြောင်းကို မည်သူ့ထက်မဆို ပိုမို သိရှိထားကြသည်။

ထို့ကြောင့် ထိုစည်းတံဆိပ်ကို ကျင့်ကြံရန် မည်မျှခက်ခဲမှန်း သူတို့သုံးယောက်ထက် မည်သူမှ ပိုမသိကြပေ။

သူတို့၏ အရည်အချင်းဖြင့်ပင် လူသားဧကရာဇ်စည်းတံဆိပ်၏ ပထမဆုံး စည်းတံဆိပ်ကို ကျွမ်းကျင်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ကြာမြင့်ခဲ့သည်။

သို့သော်လည်း ကျန်းချန်ကမူ ဒုတိယမြောက် စည်းတံဆိပ်ကိုပင် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်၏။

ဤသည်မှာ မယုံကြည်နိုင်စရာ စွမ်းဆောင်ရည်ဟုပင် ဆို၍ရသည်။

"ချန်အာက တကယ်ပဲ လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ဒုတိယမြောက် စည်းတံဆိပ်ကို ကျွမ်းကျင်ထားပါလား"

ဤအချိန်တွင် သူမ ရှေ့မှ အခြေအနေကိုကြည့်ကာ ကျီဝူရွှမ်၏ လှပသောမျက်နှာလေးတွင် ရှားရှားပါးပါး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လူသားဧကရာဇ် စည်းတံဆိပ်ကို ရွှယ်လင်ကုန်းမြေတိုက်၏ အစွမ်းအထက်ဆုံး ကိုယ်ခံပညာဟု ခေါ်ဆိုလျှင်ပင် ချဲ့ကားပြောဆိုခြင်းဟု သတ်မှတ်၍ မရပေ။

အဘယ်ကြောင့်ဆိုသော် စည်းတံဆိပ်တစ်ခု၏ စွမ်းအားသည်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။

ယခုအခါတွင် ကျန်းချန်က ကျူးရှန်းစည်းတံဆိပ်ကို ကျွမ်းကျင်ထားသည့် အတွက် ကျန်းချန်ကို တားဆီးနိုင်မည့်သူ မရှိသလောက်ပင်။

ကျန်းကျန့်က ရှုံးနိမ့်ရန် သေချာသလောက် အနေအထား ဖြစ်သွားခဲ့သည်။

"အရှင်မင်းသားကျန်းချန်က ကျူးရှန်း စည်းတံဆိပ်ကိုတောင် ကျင့်ကြံနိုင်ခဲ့တယ်လား"

ဤအချိန်တွင် ဧရာမ ရွှေရောင်စည်းတံဆိပ်၏ လွှမ်းမိုးနိုင်သော နတ်စွမ်းအားဖြင့် ဖိနှိပ်ခံထားရသော ကျန်းကျန့်၏ အမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့သည်။

သူက ချက်ချင်းပင် လေနှင့်မိုးကြိုး ဥပဒေသကို စုစည်းလိုက်ပြီး အင်ပါယာခန္ဓာကိုယ်ကို ထုတ်ဖော်ကာ ကျူးရှန်း စည်းတံဆိပ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"ဝုန်း.."

လေထုက တုန်ယင်သွားခဲ့ပြီး နေနှင့်လပင် တုန်ခါသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းမုန်တိုင်းသည် သူတို့နှစ်ဦးကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လာခဲ့ရာ ပြိုင်ပွဲကို ကြီးကြပ်နေသည့် ရှင်းပိုင်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။

ရှင်းပိုင်က သူ၏လက်ကို အလျင်အမြန် ဆန့်ထုတ်ကာ အကာအကွယ် အတားအဆီးတစ်ခုကို ထုတ်ဖော်လိုက်ပြီး ရင်ပြင်မှ လူများကို ကာကွယ်ပေးလိုက်သည်။

ရင်ပြင်အလယ်တွင် တိုက်ခိုက်နေသော ကျန်းချန်သည် အင်ပါယာခန္ဓာကိုယ်ကို ထုတ်ဖော်ကာ ကျူးရှန်း စည်းတံဆိပ်ကို ဟန့်တားလိုက်သော်လည်း ကြာရှည် မဟန့်တားနိုင်ခဲ့ပေ။

သိပ်မကြာခင်မှာပင် ကြည်လင်သော အက်ကွဲသော တစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

ထိုအခါ လူတိုင်း၏အကြည့်သည် နှစ်ယောက်သား တိုက်ခိုက်နေသည့်နေရာသို့ စုပြုံကျရောက်သွားခဲ့သည်။

ကျန်းကျန့်၏ အင်ပါယာခန္ဓာကိုယ်ကို ကျူးရှန်းစည်းတံဆိပ်၏ နတ်စွမ်းအားက အဆက်မပြတ် ဖိအားပေးနေခဲ့ရာ အဆုံးသတ်တွင် ခန္ဓာကိုယ်၌ အက်ကွဲကြောင်း အသေးလေးများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းကျန့်၏ ဧရာမအင်ပါယာ ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းအသေးလေးများ ဖြစ်ပေါ်လာသော်လည်း သိပ်မသိသာခဲ့ပေ။

သို့သော်လည်း အမြင်အာရုံ အလွန်တရာ အားကောင်းသည့် ကျင့်ကြံသူများကမူ ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်းပင် မြင်နိုင်ခဲ့ကြပြီး မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

ကျန်းကျန့်၏ အင်ပါယာခန္ဓာကိုယ်ပင် ကျူးရှန်းစည်းတံဆိပ်၏ နတ်စွမ်းအားကို မတားဆီးနိုင်ခဲ့ပေ။

လူတိုင်း၏ အကြည့်အောက်မှာပင် လေထုထဲမှ အက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း တဖြည်းဖြည်းနှင့် အက်ကွဲသံသည် ပို၍ပင် သိပ်သည်းလာခဲ့သည်။

သိပ်မကြာခင်မှာပင် ကျန်းကျန့်၏ အင်ပါယာ ခန္ဓာကိုယ်တွင် မူလက ဖြစ်ပေါ်နေသည့် သေးငယ်သော အက်ကွဲကြောင်းလေးများသည် ပင့်ကူအိမ်ကဲ့သို့ အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။

အက်ကွဲကြောင်းများသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး အင်ပါယာခန္ဓာကိုယ် တစ်ခုလုံးကို ပြည့်နှက်သွားခဲ့၏။

အဆုံးသတ်တွင် ကျန်းကျန့်၏ အင်ပါယာခန္ဓာကိုယ်သည် ကျူးရှန်းစည်းတံဆိပ်၏ နတ်စွမ်းအားကို မခုခံနိုင်တော့ဘဲ ပြိုကျသွားခဲ့၏။

"အား"

အင်ပါယာခန္ဓာကိုယ် ပြိုပျက်သွားပြီးနောက်တွင် ကျန်းကျန့်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကျူးရှန်းစည်းတံဆိပ်၏ နတ်စွမ်းအားအောက်တွင် မတောင့်ခံနိုင်တော့ဘဲ ရင်ပြင်အလယ်တွင် ဒူးထောက်ကျသွားခဲ့သည်။

အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူ၏ အပြည့်အဝ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသော ရင်ပြင်သည် ကျန်းကျန့်၏ ဒူးထောက်ချလိုက်မှုကြောင့် ချိုင့်ဝင်သွားခဲ့သည်။

ထို့အပြင် ကျန်းကျန့်၏ ပါးစပ်ကနေ သွေးများသည် ရေပန်းကဲ့သို့ အန်ထွက်လာခဲ့၏။

သူတို့ရှေ့မှ ထိတ်လန့်စရာ မြင်ကွင်းကို မြင်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော လူတိုင်း၏အကြည့်တွင် ယခင်ထက် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ပြင်ပကုန်းမြေတွင် ရှင်သန်လာခဲ့သည့် လူသားဧကရာဇ်၏ သားတော်သည် ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ကျန်းကျန့် ကဲ့သို့ ကျန်းမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်ပင် ကျူးရှန်းစည်းတံဆိပ်ဖြင့် ဖိနှိပ်ခံလိုက်ရသည်။

ဤသည်က အလွန်ပင် ကြောက်မက်ဖွယ်ရာ စွမ်းရည်တစ်ခု ဖြစ်၏။

ကျူးရှန်း စည်းတံဆိပ်ဖြင့် ကျန်းကျန့်ကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်သည် လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာများကို လျစ်လျူရှုလိုက်သည်။

ထို့နောက် သူ၏ မောက်မာသောအသံသည် ရင်ပြင်ထက်တွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

"ငါ ဧကရာဇ်စစ်ဆေးပွဲ ဝင်ရောက် ယှဥ်ပြိုင်မှာကို မကျေနပ်တဲ့သူ ဘယ်သူရှိသေးလဲ.. ရှိသေးရင် ရှေ့ထွက်လာပြီး ငါနဲ့ရင်ဆိုင်ပါ.. ကျန်းမျိုးနွယ်စုရဲ့ တပည့်တစ်ဦးဦးက ငါ့ကို အနိုင်ယူနိုင်သရွေ့ ကိုယ်စားလှယ်လောင်း အဖြစ် ငါလက်လျော့လိုက်မယ်"

ကျန်းချန်၏ မောက်မာသောစကားကို ကြားလျှင် ရင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့ကြသည်။

ကျန်းမျိုးနွယ်စုမှ တပည့်များစွာသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မည်သူမှ ကျန်းချန်ကို စိန်ခေါ်ရန် မဝံ့ရဲကြပေ။

ကျန်းကျန့်သည် ကျန်းမျိုးနွယ်စု၏ ကိုယ်စားလှယ်လောင်းသုံးဦးနှင့်ပင် ယှဥ်နိုင်သော လူငယ်မျိုးဆက်၏ ပါရမီရှင်တစ်ယောက် ဖြစ်သည်။

ကျန်းကျန့်ပင် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်ဆိုလျှင် သူတို့အနေဖြင့် ရှေ့ထွက်သည်က သေခြင်းတရားကို ရှာဖွေသည်နှင့် ဘာမှမကွာခြားပေ။

ကိုယ်စားလှယ်လောင်း သုံးဦး၏ လူများသည်ပင် ဤအချိန်၌ မလှုပ်ရှားရဲကြပေ။

အဆုံးသတ်တွင် ကျန်းချန် ထုတ်ဖော်ခဲ့သည့် တိုက်ခိုက်ရေးစွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းပြီး သူတို့အနေဖြင့် ရှေ့ထွက်ခဲ့လျှင်ပင် ကျန်းချန်ကို အနိုင်ယူနိုင်မည်မဟုတ်ချေ။

ဤကဲ့သို့သော အခြေအနေတွင် သူတို့က ကျန်းချန်ကို အနိုင်မယူနိုင်သည့် အပြင် ကျန်းချန်က သူတို့ကို အနိုင်ယူသွားခဲ့မည်ဆိုလျှင် ရာဇပလ္လင် အတွက် ယှဥ်ပြိုင်ရာတွင် ကျန်းချန်အတွက် ပိုမိုထောက်ခံမှု ရရှိသွားလိမ့်မည် မဟုတ်ပါလား။

"အကြီးအကဲရှင်းပိုင် အကဲဖြတ်မှုရလဒ်ကို မကြေညာသေးဘူးလား"

ကျန်းမျိုးနွယ်စု၏ လူငယ် မျိုးဆက်များထဲမှ မည်သူမှ စိန်ခေါ်ဖို့ ရှေ့ထွက်မလာသည်ကို မြင်လျှင် ကျီဝူရွှမ်သည် ရင်ပြင်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"အရှင်မင်းသားကျန်းချန်က အရည်အချင်းရှိပါတယ်.. သူက ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သင့်ပါတယ်"

ရှင်းပိုင်က သတိပြန်ဝင်လာပြီးနောက်တွင် ဧကရီကျီကို အလောတကြီး ပြန်ဖြေလိုက်သည်။

ထို့နောက် သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ကာ ရလဒ်ကို ကြေညာလိုက်သည်။

"အခုအချိန်က စပြီး အရှင်မင်းသား ကျန်းချန်က ငါတို့ လူသားမျိုးနွယ်စုရဲ့ စတုတ္ထမြောက် ကိုယ်စားလှယ်လောင်း ဖြစ်ပြီး ဧကရာဇ် စစ်ဆေးပွဲမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီသွားခဲ့ပြီ"

"အရှင်မင်းသား ကျန်းချန်က စစ်ဆေးမှုကို ဒီလောက်ထိ မြန်မြန်ဆန်ဆန် အောင်မြင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ရှင်းပိုင်၏ ရလဒ် ကြေညာသည်ကို ကြားပြီးနောက်တွင် လူပေါင်းများစွာ၏ မျက်နှာထက်တွင် အံ့အားသင့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ယနေ့တိုက်ပွဲတွင် ကျန်းချန်သည် ကျန်းမျိုးနွယ်စု၏ လူငယ်မျိုးဆက် တစ်ဆက်လုံးကို တစ်ဦးတည်းဖြင့် လွှမ်းမိုးသွားခဲ့သည်။

လူသားဧကရာဇ်သားတော်သည် နောက်ထပ် အံ့သြဘနန်းကိစ္စရပ်များကို လုပ်ဆောင်နိုင်မည်မှာ သေချာသလောက်ပင်။

ဤအတိုင်းဆိုလျှင် လဝက်အကြာတွင် ပြုလုပ်မည့် ဧကရာဇ်စစ်ဆေးပွဲသည် ပို၍ပင် ရှုပ်ထွေးလာတော့မည် ဖြစ်၏။

ရှင်းပိုင် ရလဒ်ကို ကြေညာပြီးသည့်နောက်တွင် ကျန်းချန်နှင့်ကျီဝူရွှမ် တို့သည် ထိတ်လန့် တုန်လှုပ်နေသော အကြည့်များအောက်မှာပင် ရင်ပြင်ထဲကနေ ထွက်သွားခဲ့ကြသည်။

"သခင်လေးကျွင်း.. အခုဆိုရင် လူသားဧကရာဇ်ရဲ့သားတော်က ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ မင်းသိသင့်ပြီ"

လေထုထဲရှိ ကျန်းကျွင်း၏ နံဘေးမှ လူလတ်ပိုင်းအရွယ် စာပေပညာရှင်သည် ကျန်းချန် ထွက်ခွာသွားသည့် ဦးတည်ရာကို ကြည့်ကာ ရေရွတ်လိုက်သည်။

သူ၏မျက်နှာထက်တွင် လေးနက်သော အမူအရာတစ်ခု ရှိနေခဲ့၏။

"ဟမ့် ကိုယ်စားလှယ်လောင်း တစ်ယောက် တိုးလာလည်း ဘာမှထူးမှာမဟုတ်ဘူး.. လဝက်အကြာမှာ ပြုလုပ်မဲ့ ဧကရာဇ်စစ်ဆေးပွဲရဲ့ နောက်ဆုံး အနိုင်ရသူက ကျွန်တော်ပဲ ဖြစ်လိမ့်မယ်"

ကျန်းကျွင်းက နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်ပြီးနောက် တစ်ခဏအတွင်းမှာပင် လေထုထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၁၄၅၉)ပြီး၏။

အခန်း(၁၄၆၀)

သူမရှေ့မှ ကျန်းချန်ကိုကြည့်ကာ ကျီဝူရွှမ်၏ လှပသောမျက်နှာလေးတွင် အလွန်တရာ ကျေနပ်သောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ချန်အာ.. ဒီနေ့အကဲဖြတ်မှုမှာ မင်းရဲ့စွမ်းဆောင်ရည်က ငါမျှော်လင့်ထားတာထက်ကို ကျော်လွန်သွားခဲ့တယ်.. ဒီနေ့တိုက်ပွဲအပြီးမှာ မင်းအနေနဲ့ လူသားမျိုးနွယ်စုထဲက လူအများအပြားရဲ့ ထောက်ခံမှုကို သေချာပေါက် ရရှိသွားခဲ့ပြီ.. နောက်လဝက်အကြာမှာ ပြုလုပ်မဲ့ ဧကရာဇ်စစ်ဆေးပွဲ အတွက် မင်းကြိုတင်ပြင်ဆင်ထားရလိမ့်မယ်. အဲဒီစစ်ဆေးပွဲမှာ အင်ပါယာမြို့မှာ ရှိတဲ့ ပါရမီရှင်လူငယ်တွေနဲ့ မင်းရင်ဆိုင်ရလိမ့်မယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

"အမေ ဒီဧကရာဇ်စစ်ဆေးပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ရှင်းပြပါဦး"

"လူသားဧကရာဇ်စစ်ဆေးပွဲကို လူသားမျိုးနွယ်စုက ထိန်းချုပ်ထားတဲ့ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေမှာ ပြုလုပ်လိမ့်မယ်.. အဲဒီနေရာမှာ နဂါးစွမ်းအင် ပါဝင်တဲ့ အင်ပါယာအဆင့် သားရဲဝိညာဥ်တွေ မရေမတွက်နိုင်အောင် ရှိတယ်.. စစ်ဆေးပွဲရဲ့ စည်းမျဥ်းတွေက အရမ်းရိုးရှင်းပါတယ်.. သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေမှာ နဂါးစွမ်းအင်ကို ရရှိဖို့အတွက် အင်ပါယာအဆင့် သားရဲဝိညာဥ်‌တွေကို အမဲလိုက်ဖို့ပဲ.. နဂါးစွမ်းအင် ၉၉ခုကို စုစည်းနိုင်တဲ့သူက ရာဇပလ္လင်ကို ဆက်ခံနိုင်ခွင့် ရရှိလိမ့်မယ်"

ဤအထိပြောပြီးနောက်တွင် ကျီဝူရွှမ်၏ စကားသံသည် ခေတ္တရပ်တန့်သွားခဲ့သည်။

"ဒါက ဧကရာဇ်စစ်ဆေးပွဲဖြစ်ပေမဲ့ သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေကို မင်းတို့ လေးယောက်ထဲ ဝင်ရောက်ရမှာတော့ မဟုတ်ဘူး"

"သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေကို တခြားလူတွေလည်း ဝင်ရောက်မှာလား"

ကျန်းချန်က တအံ့တသြ မေးလိုက်သည်။

"ဟုတ်တယ် လူသားမျိုးနွယ်စုရဲ့ အသက်(၁၀၀)အောက်မှာ ရှိတဲ့ အင်ပါယာ နယ်ပယ်အဆင့် ပါရမီရှင် ဖြစ်နေသရွေ့ သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီတယ်.. ဒါ့အပြင် သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေက အခွင့်အလမ်း ရှာဖွေတဲ့နေရာတစ်ခု ဖြစ်တဲ့အတွက် လူသားမျိုးနွယ်စုက ပါရမီရှင် လူငယ်တွေက ဝင်ရောက်ခွင့်ရဖို့အခွင့်အရေးကို လက်လွှတ်ခံကြမှာမဟုတ်ဘူး.. ဒါပေမဲ့ ဧကရာဇ်စစ်ဆေးပွဲကို မင်းတို့ လေးယောက်က လွဲပြီး ဒီပါရမီရှင်လူငယ်တွေက ပါဝင်ခွင့်ရမှာတော့ မဟုတ်ဘူး"

ကျီဝူရွှမ်က လေးနက်စွာ ပြောလိုက်သည်။

"အဲဒါကြောင့် အမေက မင်းကို လူသားမျိုးနွယ်စုက ပါရမီရှင်လူငယ်တွေနဲ့ ရင်းနှီးအောင် လုပ်စေချင်တယ်.. သူတို့ရဲ့အကူအညီကိုသာ ရရင် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်တဲ့အခါ သူတို့က မင်းကို နဂါးစွမ်းအင်တွေ ရရှိအောင် ကူညီပေးကြလိမ့်မယ်"

လက်နှစ်ဖက်က လက်လေးဖက်ကို အနိုင်မရနိုင် ဟူသော စကားပုံကဲ့သို့ပင်။

အကယ်၍ ကျန်းချန်သာ ပါရမီရှင် လူငယ်အချို့၏ ထောက်ခံမှုကို မရရှိခဲ့လျှင် သူတစ်ဦးတည်း၏ စွမ်းအားဖြင့် နဂါးစွမ်းအင် (၉၉)ခုကို စုစည်းရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။

ဤအချက်က ကျီဝူရွှမ်အတွက် အမှန်တကယ်ပင် စိတ်ပူစရာဖြစ်နေခဲ့သည်။

တိုက်ခိုက်‌ရေးစွမ်းအင်အရ ကျန်းချန်သည် တခြားကိုယ်စားလှယ်လောင်း(၃)ဦးထက် လုံးဝ မနိမ့်ကျပေ။

သို့သော်လည်း ကျန်းချန်သည် ကျန်းမျိုးနွယ်စုကို ပြန်လာသည်မှာ အလွန်တရာပင် နောက်ကျနေခဲ့သည်။

ထို့ကြောင့် ဆက်ဆံရေးနှင့် သြဇာလွှမ်းမိုးမှုတွင် တခြားကိုယ်စားလှယ်လောင်း သုံးဦးနှင့် ယှဥ်နိုင်ရန် အလွန်ပင် အလှမ်း ကွာဝေးနေခဲ့သည်။

ကျန်းမျိုးနွယ်စုမှ ပါရမီရှင် လူငယ်များစွာသည် ကိုယ်စားလှယ်လောင်း သုံးဦးနှင့် ပိုမို ရင်းနှီးနေ၏။

သူမက ဧကရီကျီ ဖြစ်နေသည့်တိုင် ကျန်းမျိုးနွယ်စုမှ လူငယ်ပါရမီရှင်များကို ထိန်းချုပ်ပြီး ကျန်းချန်ကို အတင်းအကျပ်ကူညီခိုင်းရန် မလုပ်နိုင်ပေ။

ထို့ကြောင့် ဤလဝက်အတွင်း မည်မျှ ထောက်ခံမှု ရနိုင်မလဲ ဆိုသည်မှာ ကျန်းချန် အပေါ်တွင်သာ မူတည်နေခဲ့သည်။

"အမေ မစိုးရိမ်ပါနဲ့...ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ဧကရာဇ်စစ်ဆေးပွဲ၏ စည်းမျဥ်းသည် ယခုမှ ရောက်ရှိလာသော သူ့အတွက် အနည်းငယ် အားနည်းချက် ဖြစ်စေခဲ့သော်လည်း ကျန်းချန်သည် ဂရုမစိုက်ခဲ့ပေ။

ထို့အပြင် ကျန်းချန်သည် သူ၏ အမေ ဆန္ဒအတိုင်း လူသားမျိုးနွယ်စုမှ ပါရမီရှင် လူငယ်များနှင့် ရင်းနှီးအောင်လုပ်ရန် မတွေးထားခဲ့ပေ။

ဆိုရလျှင် ဧကရာဇ် စစ်ဆေးပွဲ၏ စည်းမျဥ်းနှင့်ပတ်သက်၍ တခြား ကိုယ်စားလှယ်လောင်းသုံးဦးသည်လည်း သဘာဝကျစွာပင် ရှင်းရှင်းလင်းလင်း သိထားခဲ့ကြသည်။

ထို့ကြောင့် ၎င်းတို့သည် အစောပိုင်းကတည်းကပင် လူသားမျိုးနွယ်စုမှ ပါရမီရှင်လူငယ်များကို စည်းရုံးပြီးလောက်ပြီဖြစ်ရာ ကျန်းချန်အနေဖြင့် ထိုပါရမီရှင် လူငယ်များကို စည်းရုံးနေလျှင်ပင် အဓိပ္ပါယ် သိပ်မရှိလှပေ။

၎င်းတို့ကို စည်းရုံး၍ အချိန်ဖြုန်းတီးနေမည့် အစား သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဧကရာဇ်စစ်ဆေးပွဲမတိုင်ခင် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် အထိ ထိုးဖောက်နိုင်ရန် ကြိုးစားသည်က ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။

ထိုအချိန်သို့ရောက်လျှင် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် အင်ပါယာအဆင့် သားရဲဝိညာဥ်များကို အမဲလိုက်လံခြင်းသည် ကြက်နှင့် ခွေးများကို သတ်သကဲ့သို့ လွယ်ကူသွားလိမ့်မည် ဖြစ်၏။

အလွန်အစွမ်းထက်သော စွမ်းအားနှင့် ရင်ဆိုင်ရသောအခါတွင် အရာအားလုံးသည် အသုံးမဝင်ပေ။

သူက တစ်ကိုယ်တော် ဖြစ်နေလျှင်ပင် နဂါးစွမ်းအင်(၉၉)ခုကို မစုစည်းနိုင်စရာ အကြောင်းမရှိချေ။

"ဧကရီကျီ.. ကျန်းမျိုးနွယ်စုရဲ့အပြင်မှာ ယဲ့ချန်ကျွင်းဆိုတဲ့ ယဲ့မျိုးနွယ်စုက တပည့်တစ်ဦးက အရှင်မင်းသား ကျန်းချန်ကို အရေးကြီးတဲ့ကိစ္စ တစ်ခုအတွက် တွေ့ချင်တယ်လို့ ပြောနေတယ်"

ထိုအချိန်မှာပင် အစေခံတစ်ဦးသည် ခန်းမထဲသို့ ဝင်လာကာ အလျင်အမြန်ပင် အစီအရင်ခံလိုက်သည်။

"ယဲ့ချန်ကျွင်းက ဘယ်သူလဲ"

ကျီဝူရွှမ်က ကျန်းချန်ကို မေးလိုက်သည်။

"အမေ.. ချန်ကျွင်းက ကျွန်တော် ရှန်းဝူကုန်းမြေတိုက်မှာ တွေ့ခဲ့တဲ့ ယဲ့မျိုးနွယ်စုရဲ့ မျိုးဆက်တစ်ဦးပါ.. သူ ကျွန်တော့်ဆီ အရေးကြီးတဲ့ကိစ္စနဲ့ ရောက်လာတာ ဆိုတော့ ကျွန်တော် သွားတွေ့လိုက်ဦးမယ်"

ထိုစကားကို ပြောနေစဥ် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက အင်ပါယာမြို့တော်သို့ ရောက်လာသည်မှာ သိပ်မကြာသေးပေ။

ယဲ့ချန်ကျွင်း ဤမျှ မြန်မြန်ဆန်ဆန် သူ့ဆီ ရောက်လာခြင်းသည် ယဲ့မျိုးနွယ်စုတွင် နေထိုင်နေသည့် မုန့်ချင်းရွှယ်ထံတွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေခြင်း ဖြစ်နိုင်ပါသလော။

ကျီဝူရွှမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"မင်းရဲ့မိတ်ဆွေဆိုရင် သွားတွေ့လိုက်ပါ.. ဒါနဲ့ မင်းသူနဲ့ လိုက်သွားပြီး ယဲ့မျိုးနွယ်စုက အထူးချွန်ဆုံး ပါရမီရှင် ယဲ့ဝူကျီကို စည်းရုံးကြည့်ဖို့ အမေ အကြံပေးချင်တယ်.. မင်းသူ့ကို စည်းရုံးနိုင်ရင် ဧကရာဇ် စစ်ဆေးပွဲမှာ အောင်ပွဲရဖို့ အခွင့်အရေးက သေချာပေါက် တိုးမြှင့်လာလိမ့်မယ်"

"ကျွန်တော်နားလည်ပါပြီ အမေ"

ကျန်းချန်က ပြန်ဖြေလိုက်ပြီး ကျီဝူရွှမ်ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

ကျန်းမျိုးနွယ်စု၏ နန်းတော်မှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် တံခါးဝတွင် စိတ်ပူပန်သော အမူအရာဖြင့် စောင့်ဆိုင်းနေသည့် ယဲ့ချန်ကျွင်းကို တွေ့လိုက်ရသည်။

ယဲ့ချန်ကျွင်းက နန်းတော်ထဲကနေ ထွက်လာသည့် ကျန်းချန်ကိုမြင်သည်နှင့် အလျင်အမြန်ပင် နှုတ်ဆက်လိုက်သည်။

"အရှင်မင်းသား နောက်ဆုံးတော့ ထွက်လာပြီပေ့ါ"

ကျန်းချန်က အပိုစကားများကို မပြောတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။

"ချန်ကျွင်း မင်းငါ့ဆီ အရေးတကြီး လာရှာတာ ချင်းရွှယ်ပြဿနာတစ်ခုခု တက်နေလို့လား"

"အရှင်မင်းသား ခန့်မှန်းတာ မှန်ပါတယ်"

ယဲ့ချန်ကျွင်းက ခါးသီးစွာပြုံးလိုက်ပြီး ကျန်းချန်ကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

ယဲ့မျိုးနွယ်စုသို့ ရောက်ရှိလာပြီးနောက်တွင် မုန့်ချင်းရွှယ်သည် ရိုးရိုးရှင်းရှင်းပင် နေထိုင်ခဲ့သည်။

သူမက သိုသိုသိပ်သိပ် နေထိုင်နေသရွေ့ မည်သည့် ပြဿနာကိုမှ မကြုံတွေ့ခဲ့ရပေ။

သို့သော် ကျန်းချန်က ဧကရာဇ်စစ်ဆေးပွဲ အတွက် အကဲဖြတ်မှုကို ခံယူနေသော အချိန်တွင် မုန့်ချင်းရွှယ်သည် ယဲ့မျိုးနွယ်စုတွင် အင်ပါယာနယ်ပယ် အဆင့်ကို ထိုးဖောက်ခဲ့သည်။

ထိုထိုးဖောက်မှု၏ စွမ်းအင် လှုပ်ခတ်မှုကြောင့် ယဲ့မျိုးနွယ်စု၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး မျိုးနွယ်စု၏ နံပါတ်(၁) ပါရမီရှင် ယဲ့ဝူကျီသည် မုန့်ချင်းရွှယ်ကို သတိပြုမိသွားခဲ့၏။

မမျှော်လင့်ဘဲ ယဲ့ဝူကျီသည် မုန့်ချင်းရွှယ်ကို ပထမဆုံးအကြိမ် တွေ့သည်နှင့် အလွန်တရာပင် နှစ်သက် မြတ်နိုးသွားခဲ့ပြီး သူနှင့် လက်ထပ်ရန် တောင်းဆိုခဲ့သည်။

ယခုအခါတွင် ယဲ့ဝူကျီက မုန့်ချင်းရွှယ်ကို သုံးရက် အချိန်ပေးထားခဲ့ပြီး သုံးရက်အကြာတွင် မုန့်ချင်းရွှယ်နှင့် လက်ထပ်လိမ့်မည် ဖြစ်၏။

ကျန်းချန်က ယဲ့ချန်ကျွင်း၏ စကားကိုကြားလျှင် မအံ့သြဘဲ မနေနိုင်ခဲ့ပေ။

သူ့အမေကျီဝူရွှမ်က သူ့ကို ယဲ့မျိုးနွယ်စုဆီ သွားပြီး ယဲ့ဝူကျီအား စည်းရုံးရန် ယခုလေးတင် ပြောဆိုခဲ့သော်လည်း သူ့အနေဖြင့် ယဲ့ဝူကျီကို စည်းရုံးဖို့ နေနေသာသာ ယဲ့ဝူကျီနှင့် ပြိုင်ဘက် အဖြစ် ရင်ဆိုင်ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကြည့်ရသည်မှာ သူနှင့် ယဲ့ဝူကျီသည် မိတ်ဆွေများ မဖြစ်ဘဲ ရန်ဘက်များဖြစ်ရန် ကံကြမ္မာ ပါနေပုံရ၏။

"ယဲ့မျိုးနွယ်စုဆီ သွားကြစို့.. ဒီကောင်က ငါကျန်းချန်ရဲ့လူကိုတောင် ထိရဲတယ်.. ဒီကောင် ဘယ်လောက် အစွမ်းရှိသလဲဆိုတာ ကြည့်ရသေးတာပေ့ါ"

ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် ယဲ့မျိုးနွယ်စု၏ ဦးတည်ရာသို့ ချက်ချင်းပင် အလျင်အမြန် သွားရောက်ခဲ့သည်။

ခဏအကြာတွင် ကျန်းချန်၏ ပုံရိပ်သည် ယဲ့မျိုးနွယ်စု၏ အထက် ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။

သူက ယဲ့မျိုးနွယ်စုကို တစ်ခဏမျှ အကဲခတ်ပြီးနောက်တွင် သူ၏ မောက်မာသောအသံသည် ယဲ့မျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ငါကျန်းချန်က ယဲ့ဝူကျီကို အထူးတလည် လာရောက်တွေ့ဆုံပါတယ်.. ယဲ့ဝူကျီ ကျေးဇူးပြုပြီး အမြန်ဆုံး ငါနဲ့ထွက်တွေ့ပါ"

"ကျန်းချန်ဆိုတာ ဧကရာဇ်စစ်ဆေးပွဲ အတွက် အကဲဖြတ်မှုကို အခုလေးတင် အောင်မြင်ခဲ့တဲ့ လူသားဧကရာဇ်ရဲ့ သား‌တော်မဟုတ်လား.. သူက ဘယ်လိုလုပ်ပြီး ယဲ့မျိုးနွယ်စုဆီ ရုတ်တရက် ရောက်လာရတာလဲ"

ယဲ့မျိုးနွယ်စုမှ တပည့်များသည် ကောင်းကင်ယံမှ ရုတ်တရက်ထွက်ပေါ်လာသော အသံကိုကြားလျှင် ကျန်းချန်ကိုမကြည့်ဘဲ မနေနိုင်တော့ပေ။

ထိုအချိန်မှာပင် ယဲ့မျိုးနွယ်စု၏ အဓိက နန်းဆောင်ထဲမှ အနက်ရောင်ပုံရိပ် တစ်ခုသည် ရုတ်တရက် လေထုထဲကို လှမ်းတက်လာခဲ့သည်။

ထို့နောက်တွင် ထိုအနက်ရောင်ပုံရိပ် ထံမှ မောက်မာသောအသံသည် ပတ်ဝန်းကျင်တွင် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။

"ကျန်းချန် မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့.. ငါမင်းကို အတော်လေး စောင့်ဆိုင်းလိုက်ရတယ်"

အခန်း(၁၄၆၀)ပြီး၏။

အခန်း(၁၄၆၁)

ယဲ့မျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ဦး ရှိနေခဲ့သည်။

သူက ပေထောင်ပေါင်းများစွာ အကွာမှ ကျန်းချန်ကို တည်ငြိမ်စွာ ကြည့်နေခဲ့၏။

သူ၏ခန္ဓာကိုယ်ကနေ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

"ယဲ့ဝူကျီ.. မုန့်ချင်းရွှယ် ဘယ်မှာလဲ ငါ့ဆီ ချက်ချင်းလွှဲပေးစမ်း"

ကျန်းချန်က ယဲ့ဝူကျီကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး အပို စကားမပြောတော့ဘဲ ခပ်မာမာပင် ပြောလိုက်သည်။

"မုန့်ချင်းရွှယ်က နောက်သုံးရက်အကြာမှာ ငါယဲ့ဝူကျီရဲ့မိန်းမဖြစ်လာတော့မှာပဲ.. ဘာလို့ မင်းဆီ ငါက လွှဲပေးရမှာလဲ"

ယဲ့ဝူကျီက လှောင်ပြောင်ကာ ပြန်ပြောလိုက်သည်။

"အရှင်မင်းသားကျန်းချန်.. ငါက ဒီအင်ပါယာမြို့တော်မှာ မင်းကို အကူအညီပေးနိုင်တဲ့ လူနည်းစုထဲက တစ်ယောက်ပဲ.. လဝက်အကြာမှာ ကျင်းပမဲ့ ဧကရာဇ်စစ်ဆေးပွဲမှာ မင်းအနိုင်ရချင်တယ်ဆိုရင် ငါ့ကို ဒီလိုသဘောထားမျိုးနဲ့ မဆက်ဆံသင့်ဘူး"

"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား"

ကျန်းချန်၏ မျက်ဝန်းထဲကနေ အေးစက်စက် အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ငါက အမှန်ကိုပဲ ပြောနေတာပါ"

ယဲ့ဝူကျီက မဲ့ပြုံးပြုံး လိုက်သည်။

"လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်လူငယ် ကိုးဆယ်ရာခိုင်နှုန်းလောက်ကို ကိုယ်စားလှယ်‌လောင်း သုံးဦးက စည်းရုံးထားပြီးပြီ ..မင်း ဧကရာဇ်စစ်ဆေးပွဲမှာ အနိုင်ရချင်ရင် ငါအကူအညီ ပေးနိုင်တယ်.. ငါက မင်းအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ"

"ဟမ့်.. မင်းက ကိုယ့်ကိုယ်ကိုယ် အတော်လေး အထင်ကြီးနေတာပဲ"

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပြည့်လျှံသွားခဲ့သည်။

"ယဲ့ဝူကျီ ဧကရာဇ်စစ်ဆေးပွဲမှာ ငါအနိုင်ရမရဆိုတာ မင်း စိုးရိမ်စရာမလိုဘူး.. ဒီကမ္ဘာမှာ ငါ့ကို ဘယ်သူမှ ခြိမ်းခြောက်လို့ မရဘူး.. မုန့်ချင်းရွှယ်ကို ငါ့ဆီ ချက်ချင်းလွှဲပေးစမ်း"

ဧကရာဇ်စစ်ဆေးပွဲတွင် ကျန်းချန်သည် မည်သူ့ကိုမှ အားကိုးရန် မတွေးထားခဲ့ပေ။

သို့ဖြစ်ရာ ယဲ့ဝူကျီ၏ ခြိမ်း‌ခြောက်မှုကို သူက မည်ကဲ့သို့ ဂရုစိုက်ပါမည်နည်း။

ပြောနေစရာ မလို‌လောက်အောင်ပင် ဤနှစ်‌တွေအတွင်း ကျန်းချန်သည် ပါးစပ်ကနေ မည်သည့်အရာမှ ဖွင့်မပြောခဲ့သော်လည်း မုန့်ချင်းရွှယ်သည် သူ၏ နှလုံးသားထဲတွင် နေရာယူထားခဲ့ပြီ ဖြစ်သည်။

ယခု ယဲ့ဝူကျီက သူချစ်ရသောသူကို စိတ်ကူးနေသည် ဖြစ်ရာ သူ့အနေဖြင့် ဒေါသမထွက်ဘဲ မည်ကဲ့သို့ နေနိုင်ပါအံ့နည်း။

"ဟားဟား.. စိတ်ဝင်စားဖို့ ကောင်းသားပဲ.. မထင်မှတ်ပဲ အရှင်မင်းသားကျန်းချန်ကလည်း မုန့်ချင်းရွှယ်ကို နှစ်သက်နေတာကိုး"

ယဲ့ဝူကျီက ကျန်းချန်ကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။

"အရှင်မင်းသား ကျွန်တော် နဲ့ ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားသလားဆိုတာ ကျွန်တော် သိချင်တယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်ခုံးကိုပင့်ကာ ပြန်မေးလိုက်သည်။

"မင်းက လောင်းကြေးကို ဘယ်လိုသတ်မှတ်မှာလဲ"

"ကျွန်တော် အနိုင်ရရင် အရှင်မင်းသားက မုန့်ချင်းရွှယ်ကို ထားခဲ့ရမယ်.. အကယ်၍ အရှင်မင်းသားအနိုင်ရခဲ့ရင်တော့ မုန့်ချင်းရွှယ်ကို အရှင်မင်းသားဆီ လွှဲပေးမဲ့အပြင် ဧကရာဇ်စစ်ဆေးပွဲအတွက် အရှင်မင်းသားကို အခမဲ့ကူညီပေးမယ် ဘယ်လိုသဘောရလဲ"

ယဲ့ဝူကျီက အရေးမထားသော အမူအရာဖြင့်ပြောလိုက်သည်။

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

"ချင်းရွှယ်ကို ချက်ချင်းလွှဲပေးစမ်း.. ငါ မင်းနဲ့ အချိန်ဖြုန်းဖို့ စိတ်မပါဘူး"

"ဘာလဲ.. အရှင်မင်းသား ကျန်းချန်ဆီမှာ ကျွန်တော်နဲ့ တိုက်ခိုက်ရဲတဲ့ သတ္တိတောင် မရှိဘူးလား"

ယဲ့ဝူကျီက တမင်တကာပင် ကျန်းချန် မခံနိုင်အောင် ရန်စလိုက်သည်။

"ကျန်းချန်.. သူနဲ့ တိုက်ခိုက်လိုက် ဒီ အလောင်းအစား ကို ငါသဘောတူတယ်"

ထိုအချိန်မှာပင် အေးစက်စက် အသံတစ်သံသည် ယဲ့မျိုးနွယ်စု၏ အောက်ဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အသံလာရာ ဆီသို့ ကြည့်လိုက်ရာ မုန့်ချင်းရွှယ် ကို တွေ့လိုက်ရသည်။

"ချင်းရွှယ် ထားလိုက်ပါ.. ငါတို့သွားကြစို့"

ကျန်းချန်က မုန့်ချင်းရွှယ် ကို နူးညံ့သောအပြုံးဖြင့် ကြည့်ကာပြောလိုက်သည်။

"ငါမင်းကို ခေါ်သွားချင်တယ်‌ဆိုရင် ဘယ်သူမှ ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး"

မုန့်ချင်းရွှယ်က သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကျန်းချန်ကို ပြန်လည်စိုက်ကြည့်လိုက်သည်။

"ဒါပေမဲ့ ကျွန်မက ရှင့်ကို သူနဲ့ တိုက်ခိုက်စေချင်တယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခဏမျှအံ့အားသင့်သွားခဲ့ပြီးမှ ခပ်ယဲ့ယဲ့ပြုံးလိုက်သည် ။

"ကောင်းပြီလေ ဒါဆိုလဲ ချင်းရွှယ် ရဲ့စကားကို နားထောင်ပြီး ငါသူနဲ့တိုက်ခိုက်လိုက်မယ်.. ဒီကောင့်ကို အနိုင်ယူပြီးမှပဲ ငါမင်းကို ခေါ်သွားတော့မယ်"

မုန့်ချင်းရွှယ် ဤကဲ့သို့ လုပ်ဆောင်ခိုင်းသည့် ရည်ရွယ်ချက်ကို သူကောင်းစွာ သိသည်။

သူမသည် ယဲ့ဝူကျီကို ဧကရာဇ်စစ်ဆေးပွဲတွင် သူအား ကူညီသူ တစ်ယောက် ဖြစ်စေချင်နေခဲ့သည်။

ဤတိုက်တွန်းချက်သည် ချစ်ရသော အမျိုးသမီး၏ဆန္ဒ ဖြစ်ရာ ကျန်းချန်သည် မည်ကဲ့သို့ လွန်ဆန်နိုင်ပါအံ့နည်း။

"ယဲ့ဝူကျီ မင်း ငါနဲ့ တိုက်ခိုက်ရဲတယ် မဟုတ်လား.. စလို့ရပြီ"

ကျန်းချန်က လက်ပိုက်၍ ရပ်နေခဲ့ပြီး တစ်ဖက်မှ ယဲ့ဝူကျီကို စူးစိုက်ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် ယဲ့ဝူကျီ၏ မျက်နှာထက်တွင် တိုက်ပွဲဝင်လိုသောစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

"ဒီနေ့ ငါက မင်းရဲ့ လူသားဧကရာဇ် စည်းတံဆိပ် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ကြည့်ရသေးတာပေါ့"

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

"ဒါဆိုရင် မင်းစိတ်ပျက်မှာ ကို ငါစိုးရိမ်မိတယ်.. မင်းကို အနိုင်ယူဖို့ အတွက် လူသားဧကရာဇ် စည်းတံဆိပ် ကို လုံးဝ အသုံးပြုဖို့ ငါအတွက် မလိုအပ်ဘူး"

"ဟားဟား ငါယဲ့ဝူကျီက ကိုယ့်ကိုယ်ကိုယ် ရူးသွပ်နေပြီလို့ အမြဲတစေ ထင်ထားခဲ့တာ.. ဒီနေ့ ငါ့ထက် ပိုပြီးရူးသွပ်တဲ့သူ တစ်ယောက်နဲ့ တွေ့ဆုံရလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး.. အကယ်၍ မင်းက လူသားဧကရာဇ် စည်းတံဆိပ်ကို အသုံးမပြုဘဲ ငါ့ကို အနိုင်ယူနိုင်တယ်ဆိုရင် ငါ ယဲ့ဝူကျီ မင်းဆီမှာ သစ္စာခံလိုက်မယ်"

ယဲ့ဝူးကျီက လှောင်ရယ်၍ ပြောလိုက်သည်။

ထို့နောက်တွင် ဆန်းကြည်သော နေရာလွတ် ဥပဒေသ တစ်ခုသည် လေထုထဲတွင် တစ်ခဏအတွင်း ပြည့်နှက်သွားခဲ့ပြီး စတုရန်း ပေထောင်ပေါင်းများစွာ ကျယ်ဝန်းသော နေရာလွတ်ကို တွန့်လိမ်သွားစေခဲ့သည်။

ကျန်းချန်က သူ၏ လက်ကို ညင်သာစွာ ပင့်မြှောက်လိုက်ရာ ချက်ချင်းဆိုသလိုပင် မူလက တွန့်လိမ်နေသော နေရာလွတ်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပြန်လည် ကောင်းမွန်သွားခဲ့သည်။

"မင်းလည်း နေရာလွတ် ဥပဒေသကို ကျွမ်းကျင်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး"

ယွဲ့ဝူကျီက ကျန်းချန် ကို တအံ့တဩဖြင့် ကြည့်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလို ပတ်ဝန်းကျင်၌ မိုးကြိုး ဥပဒေသများ ဖြစ်ပေါ်လာခဲ့ပြီး နေရာလွတ် ဥပဒေသနှင့် မိုးကြိုးဥပဒေသ ပေါင်းစပ်ထားသည့် မိုးကြိုး လက်သည်း တစ်ခုသည် ကျန်းချန်ဆီသို့ ဦးတည်လာခဲ့သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် နေရာလွတ်ဥပဒေသနှင့် မိုးကြိုးဥပဒေသ ပေါင်းစပ်ထားသော စွမ်းအားဖြင့်ပင် မိုးကြိုးလက်သည်းကို ဖျက်ဆီးပစ်လိုက်သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းသည် ကောင်းကင်ယံတွင် တိုက်ခတ်သွားခဲ့သည်။

ယဲ့ဝူကျီက လေထုထဲတွင်‌ခြေ နှစ်လှမ်း၊ သုံးလှမ်းခန့် နောက်ဆုတ်လိုက်ရ၏။

သူက ခြေလှမ်း တစ်ဝက်သာ နောက်ဆုတ်လိုက်ရသော ကျန်းချန်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ.. မင်း ဥပဒေသ ဘယ်နှစ်မျိုးကို ကျွမ်းကျင်ထားလဲ ဆိုတာ ငါသိချင်သေးတယ်"

"လေဥပဒေသ ထွက်ပေါ်စေ"

ယဲ့ဝူကျီက ကြုံးဝါးလိုက်ပြီး ချက်ချင်းပင် လေဥပဒေသကို ထုတ်ဖော်လိုက်သည်။

ဤသို့ဖြင့် ဥပဒေသ သုံးမျိုးသည် လေထုထဲတွင် ရောယှက်ကာ ပေါင်းစပ်သွားခဲ့ ပြီး အဆုံးသတ်တွင် မိုးကြိုးလျှပ်စီးနဂါး တစ်ကောင် အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုမိုးကြိုးလျှပ်စီးနဂါးက အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားကို သယ်ဆောင်ကာ လေထုကို ထိုးဖေါက်၍ ကျန်းချန် ဆီသို့ ပျံသန်းလာခဲ့၏။

မိုးကြိုးလျှပ်စီး နဂါးက သူဆီသို့ ဦးတည်လာသော်လည်း ကျန်းချန်သည် ထိတ်လန့်မနေခဲ့ပေ။

သူက ယဲ့ဝူကျီ နှင့် တူညီသော ဥပဒေသ သုံးမျိုးကို ထုတ်ဖော်ကာ ပေါင်းစပ်လိုက်ပြီး အတားအဆီးတစ်ခု ဖန်တီးကာ ယဲ့ဝူကျီ၏ မိုးကြိုးလျှပ်စီးနဂါးကို ပိတ်ဆို့လိုက်သည်။

"ဓားဥပဒေသ"

ထိုအချိန်မှာပင် ယဲ့ဝူကျီက ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ မိုးကြိုးလျှပ်စီးနဂါးသည် လူသတ်ငွေ့များဖြင့် ဖုံးလွှမ်းနေသော နဂါးဓားတစ်လက် အဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။

ထိုနဂါးဓားသည် ဥပဒေသလေးမျိုး ပေါင်းစပ်စွမ်းအားဖြင့် ကျန်းချန်၏ အတားအဆီးကို ထိုးဖောက်ကာ ကျန်းချန်ကို ခုတ်ချလိုက်သည်။

"ပျက်စီးစမ်း"

ကျန်းချန်က သူ၏ လက်ညှိုးမှ ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်ရာ လေးရောင်ခြယ် ဓားအလင်းတစ်ခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး နဂါးဓားပေါ်သို့ ကျရောက်သွားခဲ့ကာ နဂါးဓားကို အပိုင်းပိုင်း အစစ ဖြစ်သည်အထိ ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် ချန်းကျန်က လက်ပိုက်၍ ရပ်နေရင်း ယဲ့ဝူကျီကို တည်ငြိမ်စွာပင် မေးလိုက်၏။

"မင်းမှာ တစ်ခြား နည်းလမ်တွေ ရှိသေးလား.. ရှိသေးရင် ထုတ်သုံးလိုက်"

"အရှင်မင်းသား ကျန်းချန်က လူသားဧကရာဇ်ရဲ့ သားတော် ဖြစ်ဖို့ ထိုက်တန်ပါတယ်.. အင်ပါယာ ဥပဒေသ လေးမျိုးကိုတောင် ကျွမ်းကျင်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ယဲ့ဝူကျီက အေးစက်စက် ပြောလိုက်သည်။

"ကျွန်တော်တို့နှစ်ယောက်လုံးက အင်ပါယာဥပဒေသလေးမျိုးကို ကျွမ်းကျင်ထားကြတယ်.. ဒီလောက်နဲ့တော့ အရှင်မင်းသား ကျွန်တော့်ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး.. အရှင်မင်းသားအနေနဲ့ လူသားဧကရာဇ် စည်းတံဆိပ်ကို ထုတ်‌ဖော်မှပဲ အခွင့်အရေး ရှိနိုင်လိမ့်မယ်"

"ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မင်းက ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ"

ကျန်းချန်က မထီတရီ ပြုံးလိုက်ပြီး ယဲ့ဝူကျီ ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက်ွင် သူ၏မောက်မာသံသည် လေထဲတွင် တိုက်ရိုက်ပဲ့တင်ထပ်သွားခဲ့၏ ။

"ယဲ့ဝူကျီ မင်းရဲ့မျက်လုံးကို ပြူးနေအောင်ဖွင့်ထားပြီး လူသားဧကရာဇ် စည်းတံဆိပ် အသုံးမပြုဘဲ ငါ မင်း ကို ဘယ်လို အနိုင်ယူပြမလဲဆိုတာ ကြည့်နေလိုက်"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ကောင်းကင်တစ်ခုလုံးကို ဘာမှမကျန်ရှိအောင် လောင်ကျွမ်းစေနိုင်သည့် မီးဥပဒေသ တစ်ခုသည် ဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့သည်။

အခန်း(၁၄၆၁)ပြီး၏။

All Chapters