← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁) ထိပ်ဆုံး အယောက် ၂၀

“သူဘာလက်နက်ရွေးသင့်လဲ”

ဤမေးခွန်းကို ချူးယွင်ဖန်း ပထမဆုံးအကြိမ်တွေးမိခြင်းဖြစ်သည်။ သူ့မှတ်ဉာဏ်ထဲမှ ဆေးဧကရာဇ်သည် သိုင်းပညာကျင့်ကြံခြင်းတွင် သိပ်မတော်ခဲ့ပေ။ ဆေးဝါးများကြောင့်သာ ကျင့်ကြံခြင်းအဆင့်တိုးချဲ့နိုင်ခဲ့ခြင်းဖြစ်သော်လည်း သူသည် ပြိုင်ဖက်ကင်း ဧကရာဇ်အဖြစ် သတ်မှတ်ခံရသေးသည်။

စစ်မှန်သောပညာရှင်တစ်ဦး လွန်ကဲစွာကျွမ်းကျင်သည့်အခါ မြက်ရိုင်းဓားကို အသုံးပြု၍ ကောင်းကင်မှကြယ်ကိုခူးစွတ်နိုင်လိမ့်မည်။ ဤသည်မှာ သိုင်းပညာ၏ အနှစ်သာရ ဖြစ်၏။

သို့သော် လက်ရှိ ချူးယွင်ဖန်းသည် ဤသို့သော အဆင့်သို့ ရောက်ရှိနိုင်ခြင်းမရှိသေးသည်မှာ သေချာ၏။ အခြားသူများအတွက်မူ သူတို့ရွေးချယ်သောလက်နက်သည် သူတို့အပေါ် သက်ရောက်မှု များများစားစားရှိလိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းအတွက်မူ ထိုလက်နက်သည် သက်ရောက်မှုကြီးကြီးမားမားရှိနိုင်သည်။

ကျောင်းရှိ လက်နက်ဘာသာရပ်များတွင် မတူညီသော သိုင်းပညာ ၁၈ မျိုးရှိသည်။ ပို၍ လေးလံပြီး လူကြိုက်မများသော လက်နက်များလည်း ရှိပီးထိုလက်နက်များကို လူနည်းစုကသာရွေးချယ်လိမ့်မည်။ သို့သော် အဓိက ရွေးချယ်စရာ အုပ်စု အမျိုးအစားတွင်မူ ထိုအရာများသည် ဓားများ၊၊ လှံများ၊ တင်းပုတ်များ၊ ဓားရှည်များ၊ လေးများ၊ စစ်ပုဆိန်များ နှင့် ပေါက်ဆိန်များသာ ဖြစ်၏။

တစ်နည်းအားဖြင့် အတန်းထဲမှလူအများစုသည် ဓားရှည်သုံးမည့်သူများဖြစ်သည်။ တရုတ်ဓားသမားများ၏ ပုံရိပ်သည် သူတို့၏အရိုးထဲတွင် ခွန်းလွန်ခေတ်ကတည်းက ခေါင်းမာစွာစွဲကပ်နေသည်။ ဓား၏ပေါ့ပါးမှုသည် အလယ်ခေတ် တရုတ်ဓားသမားများ၏ ပုံရိပ်နှင့် လိုက်ရောညီထွေရှိသည်။ ချင်နှင့် ဟန်မင်းဆက်များတွင် ဓားကိုင်ဆောင်သော သူရဲ‌ကောင်းတို့သည် မိမိတို့၏ လက်နက်ကို အလွန်ဂုဏ်ယူကြသည်။ ဤဓားသမားများ၏ ပေါ့ပါးမှုသည် သူတို့ကို မသေမျိုးနှင့်တူစေသည်။ ဤသည်မှာ လူတိုင်း၏ အရိုးထဲမှ လိုချင်တောင့်တနေသော အရာဖြစ်၏။

လူသားများနှင့်တိုက်ခိုက်ရာတွင် အောင်မြင်မှုကိုရရှိနိုင်၏။ သို့သော် ပြိုင်ဘက်က မွန်းစတား ဖြစ်နေလျှင်မူ ဓားတစ်ချောင်းသည် စွမ်းအားသိပ်မကြီးနိုင်။ လူတစ်ယောက်သည် ဓားဖြင့်ထိုးခံရလျှင် သေသည်သော်၎င်း၊ ဒဏ်ရာရသည်သော်၎င်း ဖြစ်နိုင်သည်။ သို့သော် မွန်းစတား သတ္တဝါကို တူညီသောခွန်အားဖြင့် ထိုးပါက ထိုသတ္တဝါ၏ အကာအကွယ်ကိုပင် ဖောက်နိုင်လိမ့်မည်မဟုတ်ပါ။

ထို့အပြင် ဓားသုံးနည်းသည် ထိုးခြင်းနှင့် ထုတ်ခြင်းသာဖြစ်သည်။ ထို့ကြောင့် မွန်းစတား သတ္တဝါအား တိုက်ခိုက်ရာတွင်မူ ဤလက်နက်၏ အကျိုးသက်ရောက်မှုသည် ပို၍ပင် နည်းပါပေလိမ့်မည်။ ပို၍လေးလံသော ဓားများရှိပီး ထိုဓားများ၏အကျိုးသက်ရောက်မှုသည် အခြားတစ်မျိုးဖြစ်လိမ့်မည်။

ဓားသုံးသော ကျွမ်းကျင်သူများစွာရှိပီး သူတို့သည် သိုင်းပညာအရာတွင်သာမက ခန္ဓာကိုယ်တို့သည်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် သန်မာနေပြီဖြစ်သည်။ ထို့အတူ ခွန်အားလည်းကြီးမားကြပြီး အထူးပြုလုပ်ထားသော အဆင့်မြင့် ဓားများသည် မွန်းစတားတို့၏ အကာကွယ်များကို လွယ်လွယ်ကူကူပင်ဖြတ်တောက်ပစ်နိုင်၏။

နည်းပညာ၏အကူအညီဖြင့် ပြုလုပ်ထားသော ဖျက်စီးမှုအားကောင်းသော လှံ၊ ဓား နှင့် တင်းပုတ်တို့လည်းရှိသည်။

ကျောင်းသားအများစုသည် တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနေကြ၏။

“ မင်းတို့ဘာတွေ‌ရွေးကြမှာလဲ။ ငါသာဆိုရင် ဓားရွေးမှာ။ လူကြီးလူကောင်းတစ်ယောက်က အမြဲတမ်း ဓားသယ်တယ်။ ငါ့အတွက် အသင့်တော်ဆုံးကတော့ ဓားသုံးဖို့လို့ထင်တယ်”

“လူကြီးလူကောင်းတွေက ဓားပဲသယ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ မင်းက ငကြွားသက်သက်ပဲ ဟားဟားဟား”

“ငါတော့ လှံသုံးချင်တယ်။ နီးကပ်တဲ့တိုက်ပွဲတွေမှာ အကွာအဝေးက အရေးပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် မွန်းစတား တွေက ကြီးမားတယ်။ တကယ်လို့ လက်နက်ကို အဝေးကနေသုံးလို့မရရင် ချက်ချင်း နှိမ်နှင်းခံလိုက်ရမှာပဲ။”

အချိန်အတော်ကြာစဥ်းစားပြီးသည့်နောက်တွင် ချူးယွင်ဖန်းက ဓားသွယ်များကိုသုံးရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဓားတစ်ချောင်းမှ အရှိန်သည် ထူထဲကာ လေးလံ၏။ ထို့အတူ ခုတ်ထစ်သည့်အခါတွင်လည်း အားစိုက်ရလွယ်သည်။ ထို့ကြောင့်ဤနည်းလမ်းမှာ မွန်းစတား များနှင့်ရင်ဆိုင်ရန် အသင့်တော်ဆုံးနည်းလမ်းဖြစ်ပေလိမ့်မည်။

ထို့အပြင် သူက ကြီးကျယ်မြင့်မြတ်သော စစ်နတ်ဘုရား၏နည်းလမ်းကို ကျင့်ကြံခဲ့သည်။ သူရုပ်ပိုင်းဆိုင်ရာသန်မာမှုသည် အတန်းဖော်များထက်သာ၏။ ထူးခြားသော စွမ်းရည်ရှိသူများထက်မနိမ့်သည့်အပြင် သူ့ခွန်အားမှာ အဆုံးအစမဲ့သည်ဟုဆိုနိုင်သည်။ ယခင်က ချုးယွင်ဖန်းနှင့် ဖန်ဒေယင်သည် အဆင့်တူတွင်ရှိသော်လည်း ဖန်ဒေယင်မှာ သူ့ကို လွယ်လွယ်ပင် အရှုံးပေးလိုက်ရသည်။

ဓားအသုံးပြုခြင်းသည် သူ့လိုက်ရောညီထွေမှုကိုမထိခိုက်စေဘဲ တစ်ပန်းသာစေနိုင်သည်။

“ငါဆုံးဖြတ်ပြီးပြီ။ ဓားရှည်ကိုအသုံးပြုမယ်”

ချူးယွင်ဖန်းက ဆုံးဖြတ်ချက်ချကာ သူ့ကိုယ်သူ ကြေညာလိုက်သည်။ ထို့နောက် တန်စီယုကိုကြည့်လိုက်သည်။

တန်စီယုက နှောင့်နှေးခြင်းမရှိဆို၏။

“ငါက ဓားရှည်”

သူတို့သုံးယောက်ရွေးသည့် လက်နက်များသည် လုံးဝကို ကွဲပြားနေ၏။ သူတို့တစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားများ၊ သိုင်းပညာလမ်းကြောင်းများနှင့် တစ်သားတည်းကျနေသည်။ အမျိုးသမီးတစ်ယောက်အနေနှင့်၊ က ပေါ့ပါးသောလမ်းကြောင်းကိုရွေးသည်။ ဂေါင်ဟုန်ချီကမူ လှံအသုံးပြုခြင်း၏ ကျယ်ပျံ့သောလမ်းကြောင်းကိုရွေး၏။ ချုးယွင်ဖန်းသည်တော့ ထိုအကျိုးနှစ်ခုလုံးရှိမည့် ဓားသွယ်ကိုရွေးသည်။

“ကောင်းပြီ၊ မင်းတို့သုံးမယ့်လက်နက်ကို မင်းတို့စိတ်ကြိုက်ရွေးလို့ရတယ်။ နက်ဖြန်ကျရင် အကြောင်းကြားပါ၊ ငါ ကျောင်းက မင်းတို့ကိုလက်နက်တွေပေးလိမ့်မယ်။ အကုန်လုံးကို ပြည်ထောင်စုအစိုးရကထောက်ပံ့ပေးထားတာပဲ။ ဟုတ်တယ်၊ လက်နက်တွေရဲ့အရေအသွေးက သာမန်ပဲ။ တကယ်လို့ မင်းတို့လက်နက်ကို ကိုယ်ဘာသာဝယ်ချင်လည်းရတယ်။ လက်နက်ဖိုးကတော့ မင်းတို့ဆုံးဖြတ်ပေါ့” ကျင်းဝူကဆိုသည်။

ချူးယွင်ဖန်းက နားထောင်ကာ သူ့ဘာသာတွေးနေသည်။ အစိုးရက မွန်းစတား တွေကို လက်နက်မပါဘဲတိုက်ခိုက်ဖို့ ငါတို့ကိုလွှတ်ထားမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ လက်နက်တွေက သာမန်ပဲ။ လက်ခံတဲ့ကျောင်းသားရဲ့ နောက်ကွယ်အထောက်အပံ့က သာမန်ဆိုရင် ဒါကတော်တော်လေး ကောင်းတယ်ဆိုလို့ရပေမဲ့ ဂေါင်ဟုန်ချီလိုမျိုး မိသားစုအထောက်အပံ့ကောင်းတယ်ဆိုရင် အပြင် လက်နက်ကုမ္ပဏီတစ်ခုခုကိုရှာပြီး သီးသန့်လက်နက်တစ်ခုလုပ်မှာပဲ။

ချူးယွင်ဖန်း မိသားစုသည် မချမ်းသာလှသော်လည်း မကောင်းဆိုဝါးများကိုတော့ သာမန် လက်နက်များဖြင့် မတိုက်ချင်။ အကယ်၍ လက်နက်သည် မကောင်းလှပါက ပေးရမည့်အဖိုးအခမှာ သူ့သေဆုံးခြင်းဖြစ်သွားလိမ့်မည်။ သို့သော် ကိုယ်ပိုင်လက်နက်စျေးသည်မူ အလွန်မြင့်လှ၏။ ထို့ကြောင့် ငွေဝင်မည့်နည်းလမ်းကို စဉ်းစားရမည်ဖြစ်သည်။

“နောက်ကျရင် မင်းတို့ဘယ်သူလဲဆိုတာနဲ့ပက်သက်ပြီး ကိစ္စတစ်ခုအကြောင်းပြောစရာရှိတယ်။ အကုန်လုံးက အဆင့်သုံး အထက်တန်းကျောင်းရဲ့ လက်ရွေးစင်တွေဖြစ်ကြပေမယ့် မင်းတို့ထဲက အယောက် ၂၀ ကို ထပ်ပြီးရွေးချရလိမ့်မယ်။ ဒီအယောက် ၂၀ က ကျောင်းရဲ့ ဗဟိုဖြစ်လိမ့်မယ်။ ဒါကြောင့် အကျိုးအမြတ်လည်း အများကြီးရမယ်။ ဒါ့အပြင် ငါတို့က အခန်း(၁) နဲ့ ယှဉ်ပြိုင်ရတဲ့ဆက်ဆံရေးမျိုးဖြစ်လာတာကြောင့် မင်းတို့ထဲက အနည်းငယ်ကတော့ အယောက် ၂၀ ထဲပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အနည်းဆုံးတော့ အခန်း (၁) ကို အယောက် ၂၀ လုံးနေရာမပေးနိုင်ဘူး”

ကျင်းဝူက လူအုပ်ထဲမှ လူအနည်းငယ်ကိုကြည့်လျက် ဆိုသည်။ ဤ လူအနည်းငယ်အပေါ်တွင် သူ့မျှော်လင့်ချက်ကြီးများရှိသည်မှာ သိသာ၏။

ဤသည်မှာမှန်၏။ သို့သော် ကျောင်းသားအများစုက ချူးယွင်ဖန်းအပေါ်တွင် ရပ်သွားသော ကျင်းဝူ၏ အကြည့်ကို သတိထားမိကြသည်။ ချူးယွင်ဖန်းကို သူ၏ အထူးကျောင်းသားစာရင်းထဲသို့ ထည့်ထားသည်မှ သိသာ၏။ ချူးယွင်ဖန်းကိုမသိသော လူတချို့အတွက်တော့ ဤအရာသည် တုန်လှုပ်စဖွယ်ဖြစ်နေလောက်၏။ ချူးယွင်ဖန်း၏ ကျော်ကြားမှုမှာ သိပ်မကြာသေးပေ။ ထို့ကြောင့် ချူးယွင်ဖန်း မည်သူမည်ဝါဖြစ်ကြောင်း သိပ်မသ်ကြ။ ဂေါင်ဟုန်ချီနှင့် တန်စီယုအတွက်မှု အထူးတလည်တော့မဟုတ်ပေ။

ကျင်းဝူက သူ့အပေါ်အာရုံစိုက်နေခြင်းကို ချူးယွင်ဖန်း အနည်းငယ် အံ့ဩသွားသော်လည်း ကျင်းဝူ၏ အကြည့်က တန်စီယုအပေါ်တွင်လည်းရှိသည်ကို သတိထားမိသည်။ ကျင်းဝူက တန်စီယုကို ဤမျှလောက် တန်ဖိုးထားနေသည်ကို အံ့ဩနေရ၏။

“အို့ယန်၊ ငါ မင်းအကြောင်း သိပ်မသိသေးဘူး။ ဒါပေမဲ့ ငါတို့အတန်းကို ကိုယ်စားပြုပြီး ပထမအဆင့်ကိုရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မင်းရှုံးလို့မဖြစ်ဘူး”

ကျင်းဝူက အကြည့်ကိုလွှဲလိုက်ကာအို့ယန်ကိုကြည့်သည်။ ဤမှာ အို့ယန်အပေါ်ထားသော သူ့မျှော်မှန်းချက်များကို သိသာနေစေ၏။

“ဟုတ်ကဲ့ပါ ဆရာ” အို့ယန် က သူများထက်သာမည်ကို သိပ်မလိုလားပေ။

“ အယောက် ၂၀ ရွေးချယ်မှုက နောက် ၂ လက စမယ်။ အခန်း (၂) ရဲ့ ဂုဏ်ကို မြှင့်တင်ပေးဖို့ အကောင်းဆုံးလုပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ကိုယ့်အခွင့်အရေးကိုယ် ရှာဖို့လည်းလုပ်ကြရဦးမယ်”

အခန်း (၆၂) ချီလေ့ကျင့်သူတွေက ဘယ်တော့မှမသေဘူး

“ ထိပ်တန်းဝင် အယောက် ၂၀ ရွေးချယ်မှုအပြင် ပထမဆုံး တိုက်ခိုက်ပွဲကို ဒီလအတွင်း ကျင်းပမယ်။ ဒီကာလမှာ လူတိုင်းက ကျင့်ကြံဖို့အတွက် အချိန်ကို အကျိုးရှိအောင် အသုံးချရမယ်။ သေနိုင်ချေလည်းရှိပေမယ့် အခန်း(၂) ရဲ့ဆရာတစ်ယောက် အနေနဲ့ မင်းတို့ရဲ့ လုံခြုံမှုအတွက် ငါအကောင်းဆုံး ကြိုးစားသွားပါမယ်” ကျင်းဝူကဆိုသည်။

“ဒါ့အပြင် မင်းတို့ သိုင်းပညာတန်းပို ရောက်လာပြီးရင် သိုင်းပညာက အဓိကအပိုင်းဖြစ်လာမယ်။ စာပေပိုင်းသင်တန်းမှာ မင်းတို့ရဲ့ရလဒ်တွေကို အာမခံနိုင်သရွေ့ မင်းတို့ခွင့်ရက်ယူချင်ရင် ငါ့ကို မက်ဆေ့ပို့လို့ရတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ခွင့်မယူဖို့မျှော်လင့်ပါတယ်။”

“ ဘာလို့လဲဆိုတော့ မွန်းစတား တိုက်ခိုက်ဖို့အပြင် မွန်းစတား အမျိုးအစားတွေ၊ ဘယ်လိုခွဲခြားရမလဲဆိုတာတွေ၊ အားနည်းချက်တွေကိုပါ ကျောင်းမှာသင်ရမှာမို့လို့ပဲ။ တကယ်လို့ မင်းက ဒီအရာတွေကို လွတ်သွားမယ်ဆိုရင်မ မင်းတို့ကို ခွဲပြီးပြန်သင်ရင်တောင် အမှီလိုက်လို့ရမှာမဟုတ်ဘူး။”

ဤအခိုက်အတန့်တွင် ကျောင်းသားတစ်ဦးက လက်ထောင်လျက် ဆိုသည် ။

“ဆရာ၊ ကျွန်တော်တို့ ၆လုံးပြူးသေနတ်နဲ့ လေ့ကျင့်ရမယ်ဆိုရင်ရော ဘာလုပ်သင့်လဲ”

ကျောင်းသားအများစုက ခေါင်းညိတ်သည်။ လက်နက်သေများသည် မဆိုးလှသော် လူအများကမူ သေနတ်အသုံးပြုချင်ကြသည်။ အနီးကပ်တိုက်ခိုက်ရေးလက်နက်များသည် သတ်နိုင်သော်လည်း ၆လုံးပြူးသေနတ်များမှာမူ မွန်းစတား များကို တစ်ချက်တည်းလဲကျသေဆုံးအောင်လုပ်နိုင်သည်။

“၆လုံးပြူးတွေကို လူတိုင်းသုံးလို့မရဘူး။ စစ်တပ်ထဲကိုဝင် စစ်သားလုပ်ပြီး ၆လုံးပြူးရရင်ရ၊ မရရင်တော့ ၆လုံးပြူး သုံးခွင့်လိုင်စင် စာမေးပွဲတွေအောင်ဖို့ နည်းလမ်းကို စဉ်းစားကြည့်ကြ” ကျင်းဝူက ဆိုသည်။ “ဒါပေမယ့်၊ ကိရိယာတွေအသုံးပြုတဲ့ဘက်ကကြည့်ရင် ၆လုံးပြူးတွေနဲ့ အနီးကပ်တိုက်ခိုက်ရေးလက်နက်တွေမှာ ကွဲပြားမှုမရှိပါဘူး။ သိုင်းပညာရဲ့ ကျယ်ပြန့်တဲ့အပိုင်းတွေကိုသွားချင်ရင် ကိုယ့်ရဲ့ ကျင့်ကြံရေးကိုပဲ အာရုံစိုက်ကြပေါ့။ စစ်တပ်ထဲက စနိုက်ပါတို့၊ လက်ဖြောင့်သမားတို့၊ စက်ပြင်လေယာဉ်မှုးတို့ဖြစ်ဖို့တောင် အရမ်းမြင့်တဲ့လိုအပ်ချက်တွေရှိတယ်။ အခုအသစ်ပြုလုပ်ထားတဲ့ ပြွန်ကြီးမားတဲ့ လက်ဖြောင့် ရိုင်ဖယ်က မွန်းစတား သတ္တဝါကို တစ်ချက်နဲ့တင် အလဲထိုးနိုင်ပေမယ့် သူ့ရဲ့နောက်ပြန်ကန်အားကလည်း သိပ်ကို ကြောက်စရာကောင်းလောက်အောင် သန်မာတယ်။ ပစ်ချက်တစ်ခုရဲ့ တန်ပြန်အားက မင်းတို့ရဲ့ ပခုံးတွေပြုတ်ထွက်သွားလောက်နိုင်တယ်။ ခေတ်မီလက်နက်တွေ ပေါ်ထွက်လာတာနဲ့အမျှ အသုံးပြုသူတွေအတွက် လိုအပ်ချက်တွေကလည်း မြင့်လာတယ်။ ဒါ့ကြောင့် မင်းတို့ရဲ့ တိုးတက်မှုကိုသာ အာရုံစိုက်တာက မှန်ကန်တဲ့လမ်းကြောင်းပဲ။”

ကျင်းဝူသည် အထူးလက်နက်ကိုင်အဖွဲ့၏ နည်းပြဟောင်းဖြစ်တာကြောင့် လူအများက သူ့စကားကိုယုံကြသည်။ ချူးယွင်ဖန်းကလည်း လက်ခံသည်။ လူသားများနှင့် မွန်းစတား များကြား အကြီးမားဆုံးကွာခြားချက်မှာ လူသားများသည် လက်နက်ကိရိယာများသုံးကြသော်လည်း မိမိခန္ဓာသည်သာ အရာအားလုံး၏ အခြေခံ အုတ်မြစ်ဖြစ်သည်။ ထို့အပြင် ကျင့်စဉ်ကို အမြင့်ဆုံးထိကျင့်ထားသော သူတစ်ယောက်သည် နေနှင့် လကိုပင် လက်ဗလာဖြင့် ကောင်းကင်မှ ဖယ်ထုတ်နိုင်သည်။

ဤကဲ့သို့စွမ်းအားမှာ မရှိမဖြစ်ပင်။ လူသားတို့သည် ဒဏ္ဍာရီလာကြယ်ဖျက်လက်နက်ကို ထီထွင်နိုင်ရန်တော့ လိုအပ်၏။

ထို့ကြောင့် သူက သူကိုယ်တိုင်၏တိုးတက်ခြင်းသည်သာ မှန်ကန်သည်သောလမ်းဖြစ်သည်ဟု ယုံကြည်၏။

“ကောင်းပြီ။ ဒီနေ့ပြောသင့်သလောက် ပြောပြီးပြီဆိုတော့ သင်ခန်းစာနောက်တစ်ခုအတွက် အချိန်ကျပြီ။ မင်းတို့ရဲ့အတန်းပိုင်အနေနဲ့ ဒီကမ္ဘာမှာရှိတဲ့ မတူညီတဲ့ မွန်းစတား တွေနဲ့ ယေဘုယျအခြေအေတွေကို ရှင်းပြသွားမယ်။ ဒါကို မင်းတို့ရဲ့ဗဟုသုတကို ချဲ့တယ်ပဲ သဘောထားကြပေါ့” ကျင်းဝူက ဆိုသည်။

“လက်ရှိမွန်းစတား တွေကို ခွန်းလွန်နယ်ပယ်ရဲ့ မျိုးရင်းသတ္တဝါတွေနဲ့၊ ကမ္ဘာရဲ့ မျိုးရင်းသတ္တဝါတွေဆိုပြီး နှစ်မျိုးခွဲနိုင်မယ်။ ဒီထဲကမှ ကမ္ဘာ့သတ္တဝါတွေက ကမ္ဘာ့ကပ်ဆိုးက နှစ်ရာကျော်လောက်ပဲ ကြာခဲ့တာမို့ ပိုအားနည်းတယ်။ ဒါပေမယ့် ခွန်းလွန်နယ်ကကျ နှစ် တစ်သောင်းကျော်လောက်ရှိခဲ့တယ်”

“ခွန်းလွန်ခေတ်ဟာ ကြာခဲ့ပြီ။ တက္ကသိုလ်ရောက်မှသာ အဲ့အကြောင်းစသိရတာဖြစ်တယ်။ ဒါ့ကြောင့် အခုတော့ ကမ္ဘာ့မွန်းစတား တွေအကြောင်း ရှင်းပြမယ်။ ကမ္ဘာပေါ်က မျိုးရင်းမွန်းစတား တွေကို အကြမ်းဖျင်းအားဖြင့် ကုန်း၊ ကောင်းကင်၊ ရေ ဆိုပြီး သုံးမျိုးခွဲနိုင်တယ်။ မကြာသေးခင်နှစ်တွေတုန်းက အာကသမျိုးစိတ်အနည်းငယ်ကိုလည်း တစ်ကောင်ပြီး တစ်ကောင် ရှာတွေ့ခဲ့ကြသေးတယ်။ အာကာသထဲမှာ နေနိုင်တဲ့မွန်းစတား သိပ်မရှိပါဘူး။ ဒါ့အပြင် သူတို့က ကောင်းကင်မျိုးစိတ်တွေရဲ့ မျိုးကွဲတွေပဲမို့ ကောင်းကင်မျိုးစိတ်မွန်းစတား တွေလို့ ခွဲခြားလို့ရမယ်”

ကျင်းဝူ၏ စကားများသည် ကျောင်းသားများကြား အုတ်အုတ်ကျက်ကျက်ဖြစ်စေသည်။ လူတိုင်းက အာကာသသည် လူများရှင်သန်နေထိုင်ရန် မသင်တော်ကြောင်းသိထားသကဲ့သို့ မည်သည့် သက်ရှိသတ္တဝါမှလည်း နေနိုင်သင့်သောနေရာမဟုတ်ပေ။

အာကာသပေါ်တွင် လေမရှိပေ။ လူသားတို့ အာကာသထဲရောက်သည့်အခါ ကြုံရသော ပထမဆုံးကြုံရသော ပြဿနာမှာ လေမရှိခြင်းပင်ဖြစ်သည်။ ထို့အပြင် ကိုယ်တွင်းလေဖိအားနှင့် ပြင်ပလေဖိအား မညီမျှသောကြောင့် ပေါက်ကွဲကာ သေဆုံးနိုင်သည်။

“ ဆရာ၊ ဒါကဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။ အောက်စီဂျင်အကြောင်းတော့ ပြောတော့ပါဘူး။ ကမ္ဘာလေထုမရှိတာနဲ့တင် အဲ့ဒီ့ မွန်းစတား တွေကို ပေါက်ကွဲပြီး သေစေနိုင်နေပြီ” ကျောင်းသားတစ်ယောက်က လက်မြှောက်ကာ ဆိုသည်။

ကျင်းဝူက ခေါင်းခါကာ

“ ဒီအကြောင်းက ပြည်သူလူထုကို မကြေညာရသေးဘူး။ ဒါပေမယ့် ကပ်ဘေးဒုက္ခအပြီးမှာ ငါတို့ထင်ထားတာတွေက ပျက်စီးကုန်တယ်။ အာကာသထဲမှာ အသက်ရှင်ဖို့ တကယ်ပဲမဖြစ်နိုင်ဘူးလား။ အာကာသထဲမှာ အသက်ရှင်နိုင်တဲ့သူတွေ၊ တကယ်ကို အသက်ရှင်ခဲ့တဲ့သူတွေရှိတယ်လို့ ငါပြောနိုင်တယ်”

လူအများက ဤအကြောင်းကိုကြားသောအခါ ပင့်သက်ရှိုက်ရုံမှလွဲဘာမှမပြောနိုင်ကြချေ။ အာကာသထဲတွင်အသက်ရှင်ရန်၊ ခန္ဓာကိုယ်က ဖိအားမတည်ငြိမ်မှုကို လက်ခံနိုင်ရန်၊ မည်မျှတောင် ထိုသူတို့ သန်မာရမည်နည်း။

ချူးယွင်ဖန်း၏ အမူအယာကသာ တည်ငြိမ်နေသည်။ ရှေးခေတ်ချီအကြောင်း သူသိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ ထို့အပြင် ကြယ်‌ေရာင်စုံကောင်းကင်ကို ဖြတ်သွားနိုင်သည့် လူပုဂ္ဂိုလ်များလည်းရှိသည်။ အပြင်ဘက်အာကာသတွင် လေမရှိသော်လည်း အကယ်၍ သူတို့၏ခန္ဓာများသာ တိကျသော ပမာဏအခြေအနေရောက်အောင် သွေးချီစွမ်းအားကို ကျင့်ထားသည်ကြောင့်သာမဟုတ်လျှင် ဤသို့ ဖြစ်နိုင်မည်နည်း။

“ ဆရာ၊ ဘယ်လိုလုပ် ခန္ဓာကိုယ်က ပြင်ပဖိအားနဲ့ ကိုယ်တွင်းဖိအားမတည်ငြိမ်မှုကို လက်ခံနိုင်တာလဲ” နောက် ကျောင်းသားတစ်ယောက်က မေးသည်။ မယုံကြ၍မဟုတ်သော်လည်း မည်သည်ကြောင့် ဖြစ်နိုင်သည်ကိုသာသိချင်ကြခြင်းဖြစ်သည်။

“လက်ရှိအဖွဲ့အစည်းရဲ့ ကျင့်ကြံရေးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ ရုပ်ပိုင်းဆိုင်ရာအဆင့်က သိုင်းပညာလေ့ကျင့်ခြင်းရဲ့ ပထမအဆင့်ပဲ။ မင်းတို့သာ ထိပ်ဆုံးအဆင့်ထိ ကျင့်ကြံကြရင် မင်းတို့ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ သန်မာလာမှာပဲ။ မင်းခန္ဓာကိုယ်က သဘာဝအလျောက် ကိုယ်တွင်းဖိအားနဲ့ ပြင်ပဖိအား မညီညာမှုကို ခံနိုင်လိမ့်မယ်။ ဒါက အသေးအဖွဲ့ပါပဲ။ အာကာသအပြင်ဘက်က ပတ်ဝန်းကျင်က မင်းတို့ ခန့်မှန်းနိုင်တာထက် ပိုဆိုးတယ်။ အမြင့်ဆုံးအပူချိန်က ၁၀၀၀၀ ဒီဂရီဆဲစီးယက်စ် အထက်မှာရှိပြီး ပကတိသုညဒီဂရီနဲ့ အရာအားလုံးကို ခဲစေနိုင်တယ်။ ဒါတွေနဲ့နှိုင်းယှဉ်ကြည့်ရင် ဒီကိစ္စက ပြဿနာလို့တောင် ဆိုမရဘူး။ ကျင်းဝူက ပေါ့သေးသေးဆိုသည်။ “ရှေးကအချိန်တွေမှာ လူတွေက ရဲရင့်၊ တက်ကြွပြီး တွေက ဉာဏ်ကောင်း၊ ကျွမ်းကျင်ကြသလို ချီကျင့်ကြံသူတွေက နတ်ဘုရားတွေဖြစ်ကြပြီး အင်မော်တယ်တွေ နတ်ဘုရားတွေပဲ’ ဆိုတဲ့ ဆိုရိုးရှိတယ်။ တိရစ္ဆာန် တွေမှာလိုပါပဲ၊ မင်းစားတဲ့အရာက မင်းရဲ့တိုးတက်မှုကို ဆုံးဖြတ်ပေးတယ်။ မင်းမှာ ချိုတွေ၊ လက်သည်းရှည်တွေရှိရှိမရှိရှိ၊ သာမန်လူအတွက်တော့ လေရှုဖို့လိုနေတာပဲ။ ဒါပေမယ့် နေရာတစ်ခုရောက်တဲ့ထိ ကျင့်ကြံပြီးရင် ဒါက ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်”

“ရှေးကာလတွေမှာ အစာဖြတ်တဲ့ ကျင့်စဉ်တစ်ခုလည်းရှိတယ်။ ဒါက သေမျိုးကမ္ဘာရဲ့ အစားအသောက်တွေကိုမစားဘဲ၊ ကောင်းကင်နဲ့ ကမ္ဘာရဲ့ စိတ်စွမ်းအင်ကို စုပ်ယူတာပဲ။ ဘာလို့သေမျိုးကမ္ဘာရဲ့ အစာတွေကို မထိသင့်တာလဲ။ ဘာလို့လဲဆိုတော့ ဒီအစာတွေမှာ မသန့်စင်မှုတွေအများကြီးပါနေလို့ပဲ။ ငါတို့အတွက်တော့ ဒီအစာတွေကိုလိုအပ်တယ်။ ဒါပေမယ့် အနက်ရှိုင်းဆုံးထိ ကျင့်ကြံထားတဲ့သူတွေအတွက်ကတော့ ဒါဟာ ဝတ္တရားဖြစ်လာတယ်။ သူတို့က လေကိုမရှူဘဲ စိတ်ဝိညဉ်စွမ်းအင်ကို စုပ်ယူတယ်။ ဒါ့ကြောင့် လေက သူတို့အတွက်အရေးမကြီးဘူး။ မှန်တယ်။ ဒါက သဘာဝရဲ့စည်းကမ်းချက်တွေနဲ့ လူသားတွေရဲ့ ဗီဇကိုဆန့်ကျင်နေတယ်။ ဒါကိုလုပ်နိုင်ဖို့အတွက်ဆို ကြိုးစားနေရုံနဲ့မရဘူး။ ဒါကို ထိပ်တန်းစွမ်းအင်လို့ခေါ်တယ်”

အခန်း (၆၃) ဓားရှည်ရွေးချယ် နည်းလမ်းများ

“ဆရာ၊ ထိပ်တန်းစွမ်းအင်တာဆိုတာ ဘာလဲ။ ကောင်းကင်ဘုံကို တက်ပြီး၊ မြေကြီးကိုဖောက်ထွင်းနိုင်တဲ့ အစွမ်းထက် ဒဏ္ဍာရီဆန်ဆန်စွမ်းအင်တစ်မျိုးနဲ့ တူလား။ အသက်တစ်ချက်ရှုရုံနဲ့နင် သူတို့က မရေတွက်နိုင်တဲ့ပုံစံတွေကို ပြောင်းလို့ရတာလား”

ကျောင်းသားတစ်ယောက်က လက်မြှောက်ကာ မေးသည်။ ကျောင်းသားအများက စတင်လှောင်ရယ်ကြသည်။

သို့သော် ကျင်းဝူကတော့ မရယ်ခဲ့။ သူက လေးနက်စွာဆိုသည်။

“နည်းလမ်းကျကျပြောရရင်၊ လူတစ်ယောက်က ဆက်တိုက်ကျင့်ကြံမယ်ဆိုရင် ဒါမျိူးဖြစ်နိုင်ချေရှိပါတယ်” သူက ကျောင်းသားကိုကြည့်ကာဆိုသည်။ “ထိပ်တန်းစွမ်းအင်က ဘာလဲဟုတ်လား။ အတိုချုံးပြောရရင် သိပ္ပံနည်းကျဗဟုသုတတွေနဲ့ သဘာဝရဲ့စည်းကမ်းတွေကို ဆန့်ကျင်တဲ့ ယုံနိုင်စရာမရှိတဲ့အရာတွေပဲ။”

“ဥပမာပေးရရင်၊ လူသားတွေရဲ့ အိပ်မက်ဖြစ်တဲ့ ကောင်းကင်ပေါ်ပျံခြင်းပေါ့။ ဒါပေမယ့် စက်ကိရိယာတွေရဲ့ အကူအညီမပါဘဲ လုပ်လို့ရသလား။ မပျံနိုင်ဘူးဆိုတာကတော့ ပုံမှန်ပဲ။ ဒါပေမယ့် ပျံနိုင်ပြီဆိုရင်ရော ဒါဟာ ထိပ်တန်းစွမ်းအင်ပဲ”

“နောက်ထပ်ဥပမာတစ်ခုကတော့ မီးမှုတ်ခြင်း၊ ရေကိုထိန်းချုပ်ခြင်းနဲ့ ကိုယ်ခန္ဓာနဲ့ကာကွယ်နိုင်ရခြင်းတွေပဲ။ ဒါတွေင သာမန်လူတွေမလုပ်နိုင်တဲ့အတွက် ဒါတွေကို ထိပ်တန်းစွမ်းအင်တွေလို့ခေါ်တယ်။ ငါအခုပြောနေတာက ယုံတမ်းတစ်ခုမဟုတ်ဘူး။ လူတွေတကယ်ကို လုပ်နိုင်နေပြီးသား အရာတွေပဲ။ တစ်နည်းအားဖြင့်ပြောရရင် အနာဂတ်မှာ မင်းတို့ လုပ်နိုင်လောက်မယ့်အရာတွေပဲ။ မင်းတို့ကြိုးစားနေသရွေ့တော့ မျှော်လင့်ချက်ရှိပါတယ်”

ကျင်းဝူ၏ စကားများသည် ကျောင်းသားများကို တက်ကြွစေသည်။ အကယ်၍ သူတို့သာ ထိပ်တန်းစွမ်းအင်ကို ရနိုင်ရင် ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်မလဲ။ ယခုမှအံ့ဩနေကြသော အခြားသူများနှင့်ယှဉ်လျှင် ချူးယွင်ဖန်းက ဆေးဧကရာဇ်၏ မှတ်ဉာဏ်မှတစ်ဆင့် ၎င်းတို့ကို ကျော်ဖြတ်ခဲ့ပြီးနှင့်ပြီးသားဖြစ်၏။ ဤစွမ်းအင်များသည် ကျင်းဝူပြောခဲ့သလိုပင် စိတ်ကူးယဉ်များမဟုတ်ပေမယ့် ၎င်းတို့နှင့် အတော်ဝေးဝေးတွင် ရှိနေခြင်းဖြစ်သည်။

“ကောင်းပြီ။ အဓိကအကြောင်းအရာကို ပြန်ပြောရအောင်။ မွန်းစတား တွေကို အကြမ်းဖျင်းသုံးမျိုးခွဲလို့ ရတယ်လို့ပြောခဲ့တယ်။ အဲ့ထဲကမှ အများစုဟာ ရေသတ္တဝါတွေပဲ။ ကမ္ဘာ့မူရင်းသတ္တဝါတွေက စိတ်စွမ်းအင်ကိုစုပ်ယူပြီး မျိုးရင်းမွန်းစတား တွေဖြစ်လာတာပဲ။ သိပ်ကိုများပြားလှတဲ့ သတ္တဝါတွေက ကမ္ဘာ့သမုဒ္ဒရာတွေထဲမှာ ရှိကြတယ်။ ကုန်းသတ္တဝါနဲ့ ကောင်းကင်သတ္တဝါတွေ ပေါင်းလိုက်ရင်တောင် ရေသတ္တဝါရဲ့ တစ်ဝက်ထက် နည်းတယ်လို့ပြောလို့ရတယ်။ တုန်ဟွာမြို့က သမုဒ္ဒရာနဲ့နီးတယ်။ ဒါ့ကြောင့် ခုခံကာကွယ်ရတဲ့ ကဏ္ဍက အရမ်းကြီးတယ်။” ကျင်းဝူက ဆိုသည်။

“ရင်ဆိုင်ဖို့အခက်ဆုံးကတော့ ကောင်းကင် မွန်းစတား တွေပဲ။ လူသားတွေက ကောင်းကင်ပေါ်ကို ခြေလှမ်းနိုင်ပြီဆိုပေမယ့် ကောင်းကင်မွန်းစတား အများကြီးကိုတော့ ရင်ဆိုင်ဖို့ ခက်တယ်။ ဒါကြောင့် ငါတို့က ခုခံကာကွယ်ဖို့ပဲလုပ်ရတယ်။ မြေပေါ်မှာသာလျှင် လူတွေက သေချာတဲ့အားသာချက်ရှိတာပဲ။ ဒါတောင် စိတ်ချလို့မရသေးဘူး။ မင်းတို့က အနာဂတ်မှာ လူသားလက်ရွေးစင်တွေဖြစ်လာကြမယ်။ ရှေ့တန်းကနေတိုက်ရမယ်။ ဒါကိုမင်းတို့ နားလည်ဖို့မျှော်လင့်ပါတယ်။ အနာဂတ်မှာ မပြင်မဆင်နဲ့ အဖမ်းမခံရဖို့ပေါ့”

ဤအချိန်တွင် အို့ယန်ကဆိုသည်။

“ဆရာ၊ မွန်းစတား တွေက အရမ်းအန္တရယ်ရှိပေမယ့် သူတို့ကို အမဲလိုက်ရတာက အရမ်းအကျိုးအမြတ်ရှိပါတယ်”

အို့ယန်၏စကားကြောင့် ကျောင်းသားအများစု၏ မျက်လုံးများ တောက်ပကုန်သည်။ ပိုက်ဆံရရန်နှင့် နာမည်ကြီးရန် ဤသိုင်းပညာလမ်းကြောင်းကို ရွေးခဲ့ကြခြင်းဖြစ်သည်။ ဒါ သူတို့သေချာပေါက်လိုချင်သည့် အရာပင်။

“တကယ်ကို အကျိုးအမြတ်ရှိတယ်။ ရှာဖွေရေးအဖွဲ့တွေအပြင် မွန်းစတား အမဲလိုက်ခြင်းဆိုတဲ့ အလုပ်အကိုင်တစ်ခု အခုရှိလာပြီ။ ဒါပေမယ့် ဒါက မင်းတို့ရဲ့အသက်နဲ့ဘဝကို စွန့်စားဖို့လိုတယ်၊ ဒီလိုတွေရဲ့ တစ်နှစ်အတွင်း သေဆုံးနှုန်းက ၃၀% ရှိတယ်။ မင်းတို့သဘောပါ”

ကျင်းဝူ၏စကားလုံးများသည် ရေခဲပုံးတစ်ခုသဖွယ်အေးစက်နေကာ လူအများကို ငြိမ်သက်သွားစေ၏။ မွန်းစတား များကို သတ်ခြင်းက အကျိုးအမြတ်တော့ရှိသည်။ သို့သော် တန်တော့မတန်ပေ။ ထို့နောက် ကျင်းဝူက မွန်းစတား များ၏ အခြေအနေကိုမိတ်ဆက်သည်။ အတန်းသည် လုံလောက်စွာ ကြာသွား၏။

အတန်းပြီးသည့်နောက်တွင် ကျောင်းသားများသည် သူတို့၏ တက်ပလက်များကိုယူကာ ကျောင်း၏ အင်တာနက်ဇုန်သို့ ဝင်ကြသည်။ မကြာသေးခင်ကမှ သူတို့အတွက်ဖွင့်ထားသော သိုင်းပညာသင်ယူရေးအပိုင်းတစ်ခုရှိသည်။ ထိုနေရာတွင် သူတို့သင်ချင်သော သိုင်းပညာကိုရွေးချယ်သင်ယူနိုင်သည်။ အားလုံးသည် လက်သင်အဆင့်များဖြစ်ကြသော်လည်း အတော်လေး အစွမ်းကြီးသေး၏။

အားနည်းတဲ့သိုင်းပညာဆိုတာမရှိဘူး၊ အားနည်းတဲ့သူပဲရှိတာ ဟူသည့် ဆိုရိုးတစ်ခုရှိသည်။

“ဒီအဆင့်ပညာတွေပဲလား။ အရမ်းသာမန်ဖြစ်လွန်းတယ်။ ငါက မွန်းစတား တွေကို သတ်နေသင့်တာ။ စွမ်းအားမြင့်တဲ့ ကျင့်စဉ်တွေကိုယ့်ဘာသာဝယ်တာပဲ ပိုကောင်းဦးမယ်။” သိသာစွာပင်၊ ဤသည်မှာ အတော်လေး ကြွယ်ဝသောမိသားစုမှကျောင်းသားဖြစ်သည်။

“နောက်ဆုံးတော့ ငါ လက်နက်နဲ့ သိုင်းပညာကို ဘယ်လိုသုံးရမလဲဆိုတာ သင်နိုင်ပြီ။ ဒါပေမယ့် ကောင်းတဲ့ လက်နက်တစ်ခုဝယ်ဖို့လိုသေးတယ်။ ပိုက်ဆံတွေအတော်လေး ကုန်မှာပဲ”

ဤသည်မှဋ အသာမန်မိသားစုမှလာသည့် ကျောင်းသားဖြစ်သည်။ သို့သော် အကယ်၍ သူ့တွင် ပိုက်ဆံမရှိလျှင်တောင် သူ့ဘဝသူတော့ မကျေမနပ်ဖြစ်နေ၍မရ။

ချူးယွင်ဖန်းသည်လည်း တက်ပလက်ကိုကောက်ယူလိုက်သည်။ သူက ဓားသွယ်သုံးရန်ရွေးချယ်ပြီးပြီမို့ ဓားသွယ်သုံးနည်းအပိုင်းကို တန်းကြည့်လိုက်သည်။

“ယွင်ဖန်း၊ ဒီသိုင်းပညာတွေက အရမ်းသာမန်ကျလွန်းတယ်။ ငါအိမ်ပြန်ရောက်ရင် အဖေ့ကို လှံသုံးနည်းတွေနဲ့ မင်းဖို့ ဓားသွယ်သုံးနည်းတွေဝယ်ခိုင်းလိုက်မယ်။ ဒါက ကျောင်းကပေးထားတာတွေထက် ပိုကောင်းတယ်” ဂေါင်ဟုန်ချီက သူဌေးကြီးတစ်ယောက်သဖွယ် ဆိုသည်။ ချူးယွင်ဖန်းက ဂေါင်ဟုန်ချီသည် သူ့ကောင်းကျိုးအတွက်လုပ်နေမှန်းသိသော်လည်း အကူအညီမလိုပေ။ စွမ်းအားကြီးသော ဆေဘာဓားနည်းစနစ်များသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်ထဲတွင် မှတ်မိထား၏။

ဓားသွယ်ခုတ်ချက်တစ်ခုသည် မြစ်များကို ပြောင်းပြန်စီးစေကာ တောင်များကို ပြိုကျစေနိုင်သည်။ သို့သော် သူ ထိုအကွက်များကို လုံးဝမသုံးနိုင်သေးပေ။ ထို့ကြောင့် သိုင်းပညာများသည် အဆင့်မြင့်ဖြစ်ရန်မလို သင့်တော်ရန်သာလိုသည်။

“မဘလိုပါညူး။ အားနည်းတဲ့သူပဲရှိပြီး အားနည်းတဲ့သိုင်းပညာဆိုတာမရှိဘူးလို့ မင်းမကြားဖူးဘူးလား။ ငါ့ရဲ့ ဉာဏ်ပညာရှိမှုကို ဘယ်သိုင်းပညာကမှတားဆီးနိုင်မှာ မဟုတ်ဘူး။” ချူးယွင်ဖန်းက တစ်ခစ်ခစ်ရယ်ကာဆို၏။

“ငါ မင်းသဘောမတူလောက်မှန်းသိပေမယ့် ဒီအကြောင်းပြချက်ကြီးကတော့ အထင်ကြီးစရာကောင်းလွန်းတယ်” ဂေါင်ဟုန်ချီက ချူးယွင်ဖိန်းလက်ခံမည်မဟုတ်မှန်း ကြိုတင်မှန်းဆခဲ့ပြီးသားဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်းတွင် ချူးယွင်ဖန်းက သူ့ဆီမှ မည်သည့် အကျိုးကိုမှမယူခဲ့ဖူးချေ။ တခါတရံတွင် ချူးယွင်ဖန်းသည် အလွန်ခေါင်းမာသည်ထင်ရသော်လည်း သူတို့နှစ်ယောက် သူငယ်ချင်းကောင်းများဖြစ်နေရခြင်းမှာ ဤအချက်ကြောင့်သာဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် စိတ်ဝမ်းကွဲခြင်းဟူ၍ လုံးဝမရှိပေ။

ချူးယွင်ဖန်းက အနည်းငယ်ပြုံးကာ ဆက်ဖတ်နေသည်။ ကျောင်းမှထောက်ပံ့ပေးသော ဓားသွယ်သုံးနည်းမှာ နှစ်မျိုးရှိသည်။ တစ်ခုကို လေဟုန်တိုက်ခွင်းဓားသိုင်းဟုခေါ်သည်။ ဤနည်းမှာ အလျင်ကိုအဓိကထားသည်။ နောက်တစ်နည်းကို ကမ္ဘာခွဲဓားသိုင်းဟုခေါ်သည်။ ဤတစ်နည်းမှာ အလျင်ကို အဓိကထားသည်။

နှစ်နည်းလုံးတွင် သူတို့၏ အားသာချက်များရှိကာ ညီတူမျှတူဖြစ်သည်။ အခြေခံဓားရေးစနစ်များ ဖြစ်သော်လည်း သူတို့သည် ဓားရေးပညာနှစ်မျိုး၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆုံးဖြတ်နိုင်သည်။

“ဒီဓားသိုင်းနှစ်ခုလုံးက သာမန်ပဲ။ ဒါပေမယ့် လုံးဝကွဲပြားတယ်။ မင်း ဘယ်ဟာရွေးမလဲ” ဂေါင်ဟုန်ချီက တစ်ချက်ကြည့်ကာ ဆိုသည်။

ဘယ်ဟာရွေးမလဲ။

ချူးယွင်ဖန်းက ခဏတာတွေဝေသွားသည်။ လူအများစုသည်တော့ စွမ်းအင်နှင့်အချိန် ကန့်သတ်ချက်ရှိသည်ကြောင့် နှစ်ခုထဲက တစ်ခုကိုရွေးလိမ့်မည်။ နှစ်ခုလုံးကိုတော့ ဂရုစိုက်နိုင်ကြလိမ့်မည်မဟုတ်ပေ။ မတော်ပါက ဆိုးကျိုးရှိနိုင်သည်။ သို့သော် သူက ကွဲပြားသည်။ သူ့တွင် လုပ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် သူ့အတွက်တော့ နှစ်ခုလုံးကိုလေ့လာရန် အကောင်းဆုံးဖြစ်၏။

ဤသည်မှာ အတော်ကြာတွေးပြီးသည့်နောက် သူ့ဆုံးဖြတ်ချက်ဖြစ်သည်။ နောက်ထပ်တစ်နည်းကိုသာ ပိုသိလျှင်လည်း နောက်ထပ်အကျိုးအမြတ်တစ်ခုပိုရှိမည်မှာပင်။ လူနှင့်တိုက်သည်ဖြစ်စေ၊ မွန်းစတား နှင့်တိုက်သည်ဖြစ်စေ သူ့တွင်ကြီးမားသော အကျိုးအမြတ်ရှိပေလိမ့်မည်။

ထို့အပြင် အကုန်လုံးသည် အခမဲ့ဖြစ်သည့်အတွက် လေ့လာ၍ နစ်နာမည်မဟုတ်။

“ငါ နှစ်ခုလုံးကို သင်ယူနိုင်မယ်ထင်တယ် ဟားဟားဟား၊ ဘယ်သူက ငါ့ကိုဉာဏ်ကြီးရှင်ဖြစ်လာခိုင်းတာပါလိမ့်”

ချူးယွင်ဖန်းက အမှန်ကိုပြောနေခြင်းဖြစ်သော်လည်း ဂေါင်ဟုန်ချီက သူ့ကိုမယုံကြည်ပေ။

“အမှန်တိုင်းပြောရရင် မင်းက အရှက်မရှိတဲ့ကောင်ပဲ။ မင်းက တအားနုံတာပဲ” ဂေါင်ဟုန်ချီက အတည်ဆိုနေသော်လည်း စကားအဆုံးတွင် ရယ်လိုက်သည်။

ချူးယွင်ဖန်းတစ်ယောက်သာလျှင် သူနောက်နေသည်မဟုတ်မှန်း သိပါလိမ့်မည်။

All Chapters