အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အခန်း (၆၄) မရီဒါန်သန့်စင်ဆေးဝါး
မရီဒါန်
သာမန်ကျင့်ကြံသူတစ်ယောက်အတွက်တော့ ဓားရေးနည်းစနစ်ကို နှစ်ခုလုံးကျွမ်းကျင်တတ်မြောက်ရန် လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည်တော့ တွန့်ဆုတ်မနေပေ။
သူကျင့်ကြံရန်ဆုံးဖြတ်ထားသည့် လက်နက်မှာ ဆေဘာဓားဖြစ်သည်မို့ သုံးနည်းစနစ်အပြင် အရေးအကြီးဆုံးမှာ လက်နက်ပင်ဖြစ်သည်။ ချူးယွင်ဖန်းက လက်နက်အပိုင်းကို ရှာကြည့်သည်။ ဗဟိုအဖွဲ့ချုပ်၏ ဥပဒေများအရ သေနတ်များကို သာမန်ပြည်သူများက ပိုင်ဆိုင်ခွင့်မရှိပေ။ သို့သော် အနီးကပ်လက်နက်များတော့ မပါ။
အကောင်းဆုံး သတ္တုရိုင်းများနှင့် သတ္ထုစပ်နည်းလမ်းများအပါအဝင် လက်နက်များကို ဖွံ့ဖြိုးရေးလုပ်ငန်းအကြီးများက လက်ဝါးကြီးအုပ်ထားသည်။ ချူးယွင်ဖန်းက အချိန်အတော်ကြာ ရှာကြည့်သည်။ သူက ၁၀သန်းကျော်မှ သန်းရာကျော်အထိတန်ဖိုးရှိသော လက်နက်များကို အကြမ်းဖျင်းဖတ်ကြည့်သည်။ ထိုလက်နက်များသည် စျေးမပေါပေ။ အစိုးရမှ ထောက်ပံ့သော သာမန်လက်နက်များသည်သာ စျေးအပေါဆုံးဖြစ်သည်။ သို့သော် ၎င်းတို့သည်လည်း တစ်ခုကို ၅သောင်းလောက်ရှိ၏။
သူတို့အားလုံးကို နည်းပညာမြင့် သတ္ထုစပ်များဖြင့်ပြုလုပ်ထားသည်။ ထိုမှသာ မွန်းစတား များကို အန္တရယ်ပြုနိုင်မည်ဖြစ်၏။ မျက်မှောက်ခေတ်၏ သံဓား၊ သံမဏိဓားများသည်မူ သတ္တဝါများ၏ အကြေးခွံကိုပင် ဖြတ်တောက်နိုင်လိမ့်မည်မဟုတ်ပေ။
အဆင့်အနည်းငယ်မြင့်သော တိုက်ပွဲလက်နက်များသည် သန်းချီတန်၏။ ထိုနာမည်ကြီး လက်နက်များသည် အနည်းဆုံး ၁၀သန်းကျော်ရှိကာ သံကို ရွှံ့ကဲ့သို့ ဖြတ်နိုင်၏။ သို့သော် ချူးယွင်ဖန်းက ဤအရာသည် ဘာမှမဟုတ်သေးသည်ကိုသိသည်။ စျေးအကြီးဆုံးမှာ မှော်လက်နက်များဖြစ်သည်။
ချူးယွင်ဖန်းက အရိပ်မဲ့ဟုအမည်ရသော ဓားကို သဘောကျသည်။ ဆေဘာဓား၏ ကိုယ်ထည်က လက်ဝါးလောက် ကျယ်ကာ လက်ချောင်းတစ်ခုစာလောက်ထူသည်။ အရှည်အားဖြင့် လေးပေထက်ပို၏။ ကိုယ်ထည်တစ်ခုလုံးမှာ ပိန်းပိတ်အောင် မည်းနက်နေကာ မှော်ဆန်စွာ တောက်ပနေ၏။
ဓား၏ကိုယ်ထည်ကို ခွန်းလွန်ခေတ်တွင်သာရနိုင်သော သတ္ထုဖြင့် ပေါင်းစပ်ထားသည်။ ထို့နောက် ကမ္ဘာပေါ်ရှိ ခေတ်မီသော သတ္ထုစပ်ဖော်မျူလာများ၊ သတ္ထုကြိုနည်းပညာများဖြင့် ပြုပြင်ထားသည်။ ဓားသည် အတော်လေးထက်ကာ သံကိုရွှံ့ကဲ့သို့ ဖြတ်နိုင်သည်ဟုဆို၍ရသည်။
ဤဓားကို ရှာဖွေရေးအဖွဲ့များနှင့် မွန်းစတား မုဆိုးများက သဘောကျလောက်သည်။ ထိုသူများက ဤလက်နက်ကိုဝယ်ရန် ဒေဝါလီခံရသည်ဖြစ်ဖြစ် ချေးငွေယူရသည်ဖြစ်စေ လုပ်မည့်သူများဖြစ်သည်။ ဤလက်နက်သည် သူတို့အသက်များကို ကယ်နိုင်၏။
မှန်ပါသည်။ အရိပ်မဲ့ဆေဘာဓားသည် နာမည်ကြီးသည့်အလျောက် စျေးလည်းများသည်။ တစ်ခုလျှင် ၃သန်းခန့်ရှိသည်။ ချူးယွင်ဖန်း၏ အဖေနှင့် အမေကဲ့သို့ အလုပ်ရှိလူတန်းစားများပင် ဤလက်နက်ကို သူတို့တစ်ဘဝလုံးတွင်ဝယ်နိုင်မည်မဟုတ်ပေ။
သို့သော် အရိပ်မဲ့ကဲ့သို့ အံ့ဖွယ်လက်နက်များသည် အလုပ်သမားလူတန်းစားများအတွက် မဟုတ်ပေ။ သာမန်အားဖြင့် ထိုသူတို့သည် မြို့တော်ကို ကာကွယ်ရန်မလိုသည့်အတွက် ဤလက်နက်ကို မလိုပေ။
အကယ်၍ အတိတ်သာဖြစ်လျှင် ချူးယွင်ဖန်းသည် ငွေ ၃ သန်းအကြောင်း တွေးတောင်တွေးဝံ့မည်မဟုတ်ပေ။ သူ့မိသားစု ဒေဝါလီခံလိုက်လျှင်တောင် ထိုပမာဏကို တတ်နိုင်မည်ဟုတ်။ ထို့အပြင် သူသည် ချူးယွင်ရှင်းမဟုတ်သည့်အတွက် သူ့ဘိုးဘွားများက ကူညီပေးရန် အကောင်းဆုံးကြိုးစားကြမည်မဟုတ်ပေ။
ယခု သူ့တွင် လုချင်းရွှမ်အား ခန္ဓာကိုယ်အားဖြည့်သန့်စင်ဆေး ကူညီဖော်စပ်စဉ်ရခဲ့သည့် ငွေရှိသည်။ ကိုယ်ခန္ဓာသန့်စင်ဆေး အတွက် ကုန်ကျစားရိတ်နှင့် လွန်ခဲ့သောရက်များတွင် သူစွမ်းအင်ကုသဆေးများအပေါ် သုံးခဲ့သော ငွေကို နှုတ်လျှင် သူ့လက်ထဲ၌ ယွမ် လေးသိန်း ခန့် ကျန်ဦးမည်။
ဤပိုက်ဆံအနည်းငယ်မျှနှင့် ကမ္ဘာတုန်လှုပ်လောက်သော ဆေးများကို ဖော်စပ်နိုင်မည်မဟုတ်။ ဆေးများကို အတော်အံ့ဩစရာကောင်းသော စျေးဖြင့်ရောင်းချကြသော်လည်း ဆေးဖက်ဝင်ပစ္စည်းများ၏ စျေးသည်လည်း အလွန်အံ့ဩစရာကောင်း၏။ ဤသည်မှာ ချူးယွင်ဖန်းတတ်နိုင်သော ပမာဏမဟုတ်ပေ။
အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်တွင် မတူညီသောဆေးဝါးများ၏ စျေးများကို အင်တာနက်တွင်ရှာကြည့်သည်။ နောက်ဆုံးတွင် ချူးယွင်ဖန်းက ဆုံးဖြတ်ချက်ချလိုက်သည်။ မရီးဒျန်သန့်စင်ဆေး များကို ထုတ်လုပ်ရန် ဆုံးဖြတ်၏။
ဤဆေးအမျိုးအစားများသည် သုံးစွဲသူ၏ နဂိုမူလ မရီးဒျန်များကို သန့်စင်ကာ စွမ်းအင်စုစည်းလုပ်နိုင်စွမ်းကို ပြန်လည်ဖန်တီးပေးသည်။ ဤဆေးများကို အချိန်စောသုံးလေ၊ အကျိုးရလဒ်များလေဖြစ်သည်။
မွေးခါစအရွယ်တွင် ဆေးကိုသုံးနိုင်ပါက ထိုသုံးစွဲသူ၏စွမ်းအင်သည် သာမန်ဖြစ်လင့်ကစား ဉာဏ်ကြီးရှင်ဖြစ်လာနိုင်သည်။ ဉာဏ်ကြီးရှင်ဖြစ်ပြီးသားဆိုပါက ပို၍ပင်စွမ်းအားကြီးလာလိမ့်မည်။ လူတိုင်းတွင် ဘဝ၌ ထိုဆေးကို သုံးဆောင်ရန် အခွင့်အရေးတစ်ကြိမ်သာရှိသည်။ ဒုတိယတစ်ကြိမ်သုံးဆောင်ပါက အသုံးမဝင်ပေ။ ထို့ကြောင့် စောစောသောက်လေ အကျိုးရှိလေဖြစ်သည်။
ချူးယွင်ရှင်း ၏မိခင်က ယန်ယယွင်ကို ဤအကြောင်းကို ထပ်ခါတလဲလဲပြောခဲ့သည်။ သူ့အဖိုးသည် ချူးယွင်ရှင်း အတွက် မရီးဒျန်သန့်စင်ဆေးကိုတောင်းရန် ချူးမိသားစုသို့ ပြန်လာခဲ့သည်။ ယန်ယယွင်၏အမြင်တွင်မူ ချူးယွင်ရှင်း ဉာဏ်ကြီးရှင်ဖြစ်နေရခြင်းမှာ မရီးဒျန်သန့်စင်ဆေး၏ အကျိုးရလဒ်ကြောင့်ဟုထင်သည်။ အကယ်၍ ချူးယွင်ဖန်းသာ ဤဆေးကို သောက်ခဲ့ရလျှင် သူ၏ လုပ်နိုင်စွမ်းငည် ချူးယွင်ရှင်း ထက် သာမည်မှာသေချာ၏။
ဤသည်မှာ ယန်ယယွင်တစ်ယောက် သူ့အဖိုးအဖွားတွေက ဘက်လိုက်သည်ဟု အမြဲပြောနေရသည့် အကြောင်းဖြစ်သည်။ မရီးဒျန်သန့်စင်ဆေးများ၏ တန်ဖိုးမှာ မနည်းပေ။ စျေးကွက်တန်ဖိုးသည် ၂သန်းထိရှိကာ အရည်အသွေးကောင်းမွန်လျှင် ၃သန်းထိတင်ရောင်းနိုင်သည်။
လက်သင်များအတွက် အခြေခံတည်ဆောက်ရန်ဆေးဖြစ်သော်လည်း ဆေး၏ အထူးစွမ်းရည်ကြောင့် တန်ဖိုးမှာ မြင့်သည်။
တန်ဖိုးမြင့်နေရခြင်း၏ အဓိက အကြောင်းမှာ ပါဝင်ပစ္စည်းများကိုယ်တိုင်က ၁သန်းထိရှိနေရခြင်းကြောင့်ဖြစ်၏။ အဓိကပါဝင်ပစ္စည်းတစ်ခုမှာ ခွန်းလွန်နယ်တွင်သာ ကြီးသည့်အပြင် စွမ်းအားကြီးမွန်းစတား များနှင့် ဝန်းရံထားသည်ကြောင့် သိန်း ချီထိရှိသည်။ ရနိုင်သောအရေအတွက်လည်း နည်း၏။
ချူးယွင်ဖန်းတွင် မရီးဒျန်သန့်စင်ဆေး၏ စျေးကိုလျှော့ချနိုင်ရန် အဓိကပါဝင်ပစ္စည်းကို အစားထိုးနိုင်မည် နည်းလမ်းတစ်ခုရှိသည်။
ဤအရာက သူ့အား မရီးဒျန်သန့်စင် ဆေးဖော်ထုတ်ရန် ဖြစ်နိုင်စေ၏။
အခန်း (၆၅) လုချင်းရွှမ်၏ အံ့ဩမှု
ထိုဆေးဖက်ဝင်အပင်ကို မရီးဒျန်သန့်စင် မြက်ဟုခေါ်သည်။ ဤအပင်တွင် မရီးဒျန်သန့်စင် ြခင်းအတွက် အထူးဆေးဖက်ဝင်အကျိုးရှိသည်။ လူသားများပေါ်အစွမ်းထက်သည်သာမက မွန်းစတား များအပေါ်လည်း သက်ရောက်နိုင်သည်။ ငယ်ရွယ်သော မွန်းစတား တစ်ကောင်က သုံးဆောင်လျှင် အကောင်ငယ်ပေါ်တွင် မရီးဒျန်သန့်စင် ခြင်း လုပ်ငန်းစဉ်ကို ပြုလုပ်နိုင်သည်။
ထို့ကြောင့်၊ မရီးဒျန်သန့်စင် ခြင်းမြက်၏ ပတ်ဝန်းကျင်တွင် လှည့်လည်နေသော စွမ်းအားကြီးမွန်းစတား များကို တွေ့နိုင်သည်။ သူတို့အားလုံးသည် ထိုမြက်ကိုမလိုကြသော်လည်း သူတို့၏ မျိုးဆက်များနှင့် အကောင်ငယ်များက လိုအပ်သည်။ လူသားများကဲ့သို့ မြက်၏အကျိုးအမြတ်များကို သေချာနားလည်မှုမရှိကြသော်လည်း မျိုးဆက်တစ်ခုမှ တစ်ခု ပေးကမ်းလာသော အသိဉာဏ်ကြောင့် မြက်၏ အကျိုးအမြတ်များကို နားလည်စေနိုင်သည်။
ထိုအကောင်များသည် သာမန်မွန်းစတား များနှင့်မတူဘဲ ပို၍ အန္တရယ်ရှိကာ ဉာဏ်ကောင်းသည်ဟူသော တွေ့ရှိချက်များရှိသည်။ လူသားများနှင့် ဉာဏ်ပညာချင်းယှဉ်နိုင်သည့် မွန်းစတား များပင်ရှိ၏။
စွမ်းအားကြီးသော မွန်းစတား ဘုရင်များသည် လူသားများအပေါ် ထိခိုက်မှုအတော်လေးပေးနိုင်သည်။ သူတို့၏အသိဉာဏ်မှာ လူသားများထက်မမြင့်သော်လည်း သံသယဝင်တတ်ကာ ဉာဏ်နီဉာဏ်နက်များသည်။
ထိုအခြေအနေများတွင် အကယ်၍ လူသားများက မြက်ကိုတွေ့နိုင်လျှင်တောင် ထိုမွန်းစတား များ၏ပါးစပ်မှ အလွယ်တကူ ဆွဲလုရန်လွယ်မည်မဟုတ်။
လူသားအစိုးရသည် မရီးဒျန်သန့်စင် မြက်များကို အရေအတွက်များများ စိုက်ပျိုးချင်ကြသည်။ အကယ်၍ ဤစီမံချက်သာ အောင်မြင်လျှင် လက်ရှိ မရီးဒျန်သန့်စင်ဆေးဝါး အသုံးပြုမှုပမာ၏သည် နှစ်ဆဖြစ်လာလိမ့်မည်။ ၎င်းနောက်တွင် လူသားမျိုးနွယ်၌ ဉာဏ်ကြီးရှင်မွေးဖွားမှုသည်လည်း ၂ဆ ဖြစ်လာပေလိမ့်မည်။ ထို့နောက် လူသားမျိုးနွယ်၏ ခွန်အားသည် သိသာကြီးမြတ်စွာပင် တိုးမြင့်လာလိမ့်မည်။
အကယ်၍ မရီးဒျန်သန့်စင် မြက်ကို လူတိုင်းသုံးဆောင်နိုင်သည်အထိ ချဲ့ထွင်လာနိုင်ပါက လူသားအားလုံး နဂါးတစ်ကောင်ဖြစ်လာနိုင်သည့် ခေတ်တစ်ခေတ်ဖြစ်လာလိမ့်မည်။ ထိုနောက် လူသားမျိုးနွယ်သည် ကမ္ဘာကို အုပ်စိုးရန် သိပ်လိုတော့မည်မဟုတ်ပေ။
ကံဆိုးစွာပင် မရီးဒျန်သန့်စင် မြက်စိုက်ပျိုးခြင်းသည် မလွယ်ကူသည့်အပြင် ပတ်ဝန်းကျင်သည် အလွန်ကြမ်းတမ်း၏။ ယခုအချိန်အထိ ထိုမြက်ကို ပမာဏများများ ထုတ်လုပ်ရန် နည်းလမ်းမရှိပေ။ ပမာဏအနည်းငယ်ထုတ်နိုင်ရန်အတွက်မူ မည်သူမှမသိကြပေ။ အစိုးရ၏ လျှို့ဝှက်ချက်တစ်ခုခုတော့ရှိနေ၏။
ထို့ကြောင့် ဤမြက်ကို ပမာဏ များများထုတ်လုပ်ရန် မျှော်လင့်ချက်မရှိပေ။
ရှေးဇင်းနစ်လူ့အဖွဲ့အစည်းနှင့် နှိုင်းယှဉ်လျှင် ကျင့်ကြံရေးနှင့်ပက်သက်၍ နိမ့်ကျမှုများစွာ သိသိသာသာရှိ၏။ သို့သော် တစ်ခုသောအချက်မှာ စက်မှုထုတ်လုပ်ရေးဖြစ်သည်။ ဤအချက်သည် ရှေးဇင်းနစ်လူ့အဖွဲ့အစည်းထက် မိုင်ပေါင်းများစွာသာလွန်၏။
ဤသည်မှာ ရှေးဇင်းနစ်လူ့အဖွဲ့အစည်းရှိ ပြည်သူများ ညံ့ဖျင်း၍မဟုတ်ဘဲ နိုင်ငံနှစ်ခုတွင် အုတ်သုံကွဲပြားသော တိုးတက်မှုများရှိခြင်းကြောင့်ဖြစ်သည်။
သို့ရာတွင် လူ့ခန္ဓာကိုယ်သည် မွန်းစတား များထက် နိမ့်၏။ မရီးဒျန်သန့်စင် ်မြက်၏ ဆေးဖက်ဝင်စွမ်းအားသည် ကြီးမားသည်။ မွန်းစတား များ၏ ခန္ဓာဖွဲ့စည်းပုံသည် လူသားများထက် များစွာသာလွန်သောကြောင့် သူတို့သည် မြက်ကို တိုက်ရိုက် စားသုံးနိုင်သော်လည်း လူသားများကမူ မစားခင်တွင် ပြန်လည်သန့်စင်ရန်၊ ( မရီးဒျန်သန့်စင် ်မြက်ကို မရီးဒျန်သန့်စင်ဆေးပြားအဖြစ် ပြောင်းရန်) လိုအပ်သည်။
အဓိကပါဝင်ပစ္စည်းမှလွဲ၍ အခြားဆေးဖက်ဝင်ပစ္စည်းများသည် စျေးသိပ်မကြီးပေ။ မှန်၏၊ ဤသည်မှာ မြက်၏စျေးနှင့် နှိုင်းယှဉ်မှသာဖြစ်သည်။ အဆုံးသတ်တွင်၊ ခန္ဓာသန့်စင်ဆေးပြားများသည် ယွမ် ၁သိန်းသာရှိသော်လည်း မရီးဒျန်သန့်စင်ဆေး၏ အခြားပါဝင်ပစ္စည်းများသည် ယွမ် ၂သိန်းခန့်ရှိသည်။ တစ်နည်းအားဖြင့်ဆိုရရလျှင် ၎င်းတို့သည် ခန္ဓာသန့်စင်ဆေးပြားများထက်ပင် ပို၍ စျေးကြီး၏။
ဤစျေးမှာ လူ့အဖွဲ့အစည်း၏ အများစု တတ်နိုင်သောပမာ၏မဟုတ်ပေ။ မရီးဒျန်သန့်စင် ်မြက်ကို ပမာဏများများထုတ်လုပ်နိုင်လျှင်တောင် အချိန်အတော်ကြာအထိ စျေးကျမည်မဟုတ်။
ချူးယွင်ဖန်း၏ အစီအစဉ်မှာ မရီးဒျန်သန့်စင် ်မြက်ကို အခြား ပမာဏများများထုတ်နိုင်သော ဆေးတစ်မျိုးနှင့် အစားထိုးရန်ဖြစ်သည်။ ထိုအပင်သည်လည်း စျေးများ၏။ အမည်မှာ နဂါးအမြှီးမြက် ဖြစ်သည်။ ဤဆေးပင်သည် သာမန်အားဖြင့် ခွန်အားကိုအချိန်ခဏတာတိုးသည့် ဆေးဖော်စပ်ရာတွင် သုံးသည်။
လက်ရှိတွင် မည်သူကမှ နဂါးအမြှီးမြက်သည် မရီးဒျန်သန့်စင် ်မြက်ကို အစားထိုးနိုင်သည်ဟု မတွေ့ရှိခဲ့ကြဖူးပေ။ နဂါးအမြှီးမြက်၏ အညှာတစ်ခုပင်လျှင် တန်ဖိုးအားဖြင့် ၁သိန်းခွဲရှိသည်။ သိုသော်လည်း ၈သိန်းတန် မရီးဒျန်သန့်စင် ်မြက်နှင့်ယှဉ်လျှင်တော့ တတ်နိုင်သော ပမာ၏ဖြစ်၏။
ချူးယွင်ဖန်း၏ မှတ်ဉာဏ်ထဲတွင်၊ ဆေးဧကရာဇ်က ဆေးပြားပေါင်းများစွာကို တိုးမြှင့်ခဲ့သည်။ ခန္ဓာသန့်စင်ဆေးအပြင် မရီးဒျန်သန့်စင်ဆေးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သို့သော် ဧကရာဇ်သည် ထိုဆေးများကို ကြေညာရန် အချိန်မရှိခဲ့၊ နတ်ဘုရားတိုက်ပွဲကဲ့သို့ စစ်ပွဲတွင် သေဆုံးခဲ့ရသည်။
ယခုမူ ဆေးများစွာရှိသည့်အနက် ချူးယွင်ဖန်းအတွက် အသင့်တော်ဆုံးဆေးမှာ မရီးဒျန်သန့်စင်ဆေးဖြစ်သည်။ ထိုဆေးကိုဖော်စပ်ရန် ပထမဆုံး သူ့ခေါင်းထဲရောက်လာသည်က လုချင်းရွှမ်ပင်ဖြစ်သည်။ လုချင်းရွှမ်တွင် သူအသုံးပြုနိုင်သော ဆေးဖိုရှိသည်သာမက လုချင်းရွှမ်၏ ဆေးရောင်းနည်းအပေါ်တွင် မှီခိုနိုင်၏။
ဆေးသင်တန်းသားအဖြစ် ဝင်ခွင့်ရခဲ့ခြင်းက ဆေးရောင်းရန် သူ၏အရည်အချင်းသတ်မှတ်ချက် ပြဿနာကို ဖြေရှင်းလိုက်နိုင်သည်။ သို့သော် ထိုဆေးများကို ရောင်းရန် နည်းလမ်းလိုသည်။ အွန်လိုင်းစျေးဆိုင်သည် တကယ့်ကိုပင် ကောင်းသော အကြံဖြစ်သော်လည်း လုချင်းရွှမ်၏ အကူအညီကိုပို၍ တိမ်းညွတ်သည်။ လုချင်းရွှမ်၏ နည်းဖြင့်သာဆိုလျှင် ဆေးများကို မြန်မြန်၊ စျေးများများဖြင့်ရောင်းနိုင်သည်။ မဟုတ်လျှင် ဆေးပညာရှင်အားလုံးက သူတို့အပိုင် အွန်လိုင်းစျေးဆိုင်ဖွင့်နေကြလိမ့်မည်။ မည်သူက ထိုကုမ္ပဏီများနှင့် ပူးတွဲလုပ်ဆောင်ချင်လိမ့်မည်နည်း။
ဤသို့လုပ်ခြင်းက သူအာရုံကို ကျင့်ကြံခြင်းနှင့် ဆေးဖော်ခြင်းတို့ပေါ်တွင် ထားနိုင်သည်။ ဝယ်သူများနှင့်လည်း စကားပြောရန် အချိန်နည်းသွားပေလိမ့်မည်။
သူ့စိတ်ကိုပြင်ဆင်ပြီးသည့်နောက်တွင် ချူးယွင်ထန်းက လုချင်းရွှမ်ကို ချက်ချင်းဆက်သွယ်သည်။
လုချင်းရွှမ်က သူမအား ချူးယွင်ဖန်းရုတ်တရက် ဆက်သွယ်သည်ကြောင့် အတော် အံ့ဩသွားရသည်။ သူတို့ကဲ့သို့ ဆေး စီးပွါးရေးတွင် လုပ်ငန်း၏အတိုင်းအတာကို သူတို့သိထားသော ဆေးပညာရှင် ပမာဏနှင့် အရည်အချင်းပေါ်မူတည်၍ ဆုံးဖြတ်သည်။ လုချင်းရွှမ် လက်ရှိသိသော အကောင်းဆုံး ဆေးပညာရှင်မှာ ချူးယွင်ဖန်းဖြစ်သည်။
ချူးယွင်ဖန်းသည် သူ၏အရည်အချင်းကို ခန္ဓာသန့်စင်ဆေးဝါးများထုတ်လုပ်ရန်သာ ဖော်ထုတ်ပြသခဲ့သော်လည်း ချူးယွင်ဖန်း၏ အမြန်နှုန်းသည် အခြားဆေးပညာရှင်များထက် သာလွန်၏။ သူမ၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် အခြားတရားဝင် ဆေးပညာရှင်များထက်ပင် တန်ဖိုးရှိ၏။ ထို့အပြင် လက်ရှိသူသည် ဆယ်ကျော်သက်ကလေးသာဖြစ်သည်။ ထို့ကြောင့် နောင်အနာဂတ်တွင် သူမည်မျှထိ တိုးတက်လာမည်ကို မခန့်မှန်းနိုင်ပေ။
ချူးယွင်ဖန်း၏ ငယ်ရွယ်သောအသက်သည် လူအများ၏ အထင်သေးစရာဖြစ်နေလိမ့်မည်။ သို့သော် ရေရှည်ကြည့်တတ်သောသူများ၏ မျက်လုံးထဲတွင်မူ ငယ်ရွယ်နေခြင်းသည် သူ့အနာဂတ်မှာအကန့်အသတ်မရှိဟုဆိုလို၏။ ဆင်းရဲနွမ်းပါသော လူငယ်တစ်ဦးအား အနိုင်မကျင့်ခြင်း နိယာမကို လူအများက နားလည်ကြသည်။
“ခင်ဗျားကိုဆက်သွယ်တာ နောက်ကျနေမှန်း ကျွန်တော်သိပါတယ်။ ကျွန်တော်နှောက်တော့မယှက်မိဘူး မို့လား” ချူးယွင်ဖန်းက မေးသည်။
သူဖုန်းဆက်ရန်ဆုံးဖြတ်လိုက်သည့် အချိန်သည် ည၁၀နာရီပင် ကျော်ခဲ့၏။
“မဟုတ်တာ၊ မဟုတ်တာ၊ ကျွန်မဘာများလုပ်ပေးနိုင်သလဲ ဆရာချူ။ ပြောပါ” လုချင်းရွှမ်က မြန်မြန်ပြောသည်။ တကယ်တမ်းတော့ ဤအချိန်တွင် သူမသည် အိပ်ရာထဲပင် ရောက်နှင့်နေပြီဖြစ်သည်။ သူမ၏ ကာတွန်းပုံ ညဝတ်အင်္ကျီကိုဝတ်ထားခြင်းက ကုမ္ပဏီတွင် ဝတ်လေ့ရှိသော၊ သူမ၏ လှပ၊ ကျော့ရှင်းသော ခန္ဓာကိုယ်ကို သိသာစေသည့် ဝတ်စုံပြည့်နှင့် လုံးဝကွဲပြားနေသည်။
သို့သော် ချူးယွင်ဖန်း၏ စကားလုံးများက သူမအား ချက်ချင်းပင်နိုးထစေ၏။ ချူးယွင်ဖန်းက အကြောင်းမရှိဘဲဖုန်းခေါ်လိမ့်မည် မဟုတ်မှန်း သူမသိသည်။
ချူးယွင်ဖန်းသည် ခပ်တန်းတန်းနေတတ်ကာ တစ်သီးတစ်သန့်ဖြစ်သည်။ သူမ၏ ဆက်သွယ်ရန်အချက်အလက်ကို ရပြီးသည့်တိုင် တစ်ကြိမ်တစ်ခါလေးမှ သူမအားမဆက်သွယ်ခဲ့ပေ။
ကျောင်းတုန်းကဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ သူမအားဆက်သွယ်ချင်သည့် ယောက်ျားများ မရေမတွက်နိုင်အောင်ရှိသည်။ ထို့ကြောင့် ချူးယွင်ဖန်းကဲ့သို့ အဖက်မလုပ်တတ်သောသူမျိုးကို တွေ့ရန်ရှား၏။
“ကျွန်တော် ခင်ဗျားကုမ္ပဏီရဲ့ ဆေးဖိုကို ငှါးချင်ပါတယ်။ ဒါအပြင် အချိန်ကျတဲ့အခါ ခင်ဗျား ကုမ္ပဏီရဲ့ အဆက်အသွယ်တွေကိုငှါးပြီး ကျွန်တော်လုပ်တဲ့ ဆေးရောင်းပေးစေချင်ပါတယ်။ ဒါအဆင်ပြေမလား” ချူးယွင်ဖန်းက ပါးစပ်ကိုဖွင့်ကာဆိုသည်။
“ရှင် ဘာဆေးတွေလုပ်နေတာလဲ သိလို့ရမလား” လုချင်းရွှမ်က သေသေချာချာမေးသည်။
“မရီးဒျန်သန့်စင်ဆေး” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးဖြေ၏။
လုချင်းရွှမ်က “မရီးဒျန်သန့်စင်ဆေး” ဟူသော စာလုံးများကိုကြားသည့်အခါ သူမ၏ အသက်ရှုနှုန်းနှင့် နှလုံးခုန်သံတို့ မြန်ဆန်ကျယ်လောင်လာသည်ကို ခံစားလိုက်ရသည်။
အခန်း (၆၆) ချူးယွင်ဖန်း၏ တန်ဖိုး
လုချင်းရွှမ်က ‘မရီးဒျန်သန့်စင်ဆေး’ဟူသော စာလုံးများကိုကြားသည့်အခါ သူမ၏ နှလုံးခုန်သံများ၊ အသက်ရှုနှုန်းများမြန်လာရသည်။
မရီးဒျန်သန့်စင်ဆေးသည် ကိုယ်ခန္ဓာသန့်စင်ဆေးနှင့် အလွန်ကွာခြားသည်။ ခန္ဓာအားဖြည့်သန့်စင်ဆေးသည် အလွန်အခြေခံကျသော အဆင့်ဖြစ်သည်ဟုဆိုလျှင် မရီးဒျန်သန့်စင်ဆေးသည် အလယ်အလတ်အဆင့်ဟု ယူဆနိုင်၏။ ထိုဆေးကို ဖော်စပ်သူသည် အနည်းဆုံး အလယ်အလတ်အဆင့် ဆေးပညာရှင်ဖြစ်ရမည်။
ဆေးပညာသင်၏ အခက်အခဲများ၊ ဆေးသင်တန်းသားတစ်ယောက်၏ ကြမ်းတမ်းသော ခရီးအစများနှင့်မတူဘဲ တရားဝင်ဆေးပညာရှင်များကို အုပ်စုကြီးအမျိုးမျိုးမှ အထူးဧည့်သည်များအဖြစ် ဆက်ဆံသည်။ ဖော်လန်ဖားနေကြခြင်းမဟုတ်သော်လည်း သဘာဝအလျောက်သာ လေးစားမှုဖြင့် ဆက်ဆံကြခြင်းဖြစ်သည်။
ထိုသူတို့သည် ကိုယ်ပိုင် ဆေးအလုပ်ခွင်မရှိလျှင်တောင် ဝယ်ယူသူတော့ နည်းပါးလိမ့်မည်မဟုတ်။ ဤအဆင့်မှစ၍ မိမိတို့ကိုယ်တိုင်၏ သုံးစွဲစားရိတ်များကို တတ်နိုင်ကာ ကြီးကျယ်ခမ်းနားသော ဥစ္စာပေါကြွယ်မှုကြီးကို စတင်တွက်ချက််နိုင်မည်ဖြစ်သည်။ ကြွယ်ဝချမ်းသာသော၊ အစွမ်းကြီးသော ဆေးပညာရှင်များအပေါ် လူထု၏အမြင်သည် အတိုင်းအတာတစ်ခုအထိ ဤလူများကြောင့်ဖြစ်သည်။
လုချင်းရွှမ်၏ ကုမ္မဏီသည် ဆေးကုမ္မဏီငယ်များထဲမှ တစ်ခုဟုယူဆနိုင်သည်။ သူတို့ရောင်းခဲ့ဖူးသော ဆေးများသည် ကိုယ်ခန္ဓာသန့်စင်ဆေးကဲ့သို့ အခြေခံဆေးများသာဖြစ်သည်။ အကယ်၍သာ နောက်ထပ်တစ်ဆင့်တက်ကာ သူတို့စီးပွါးရေးကို နယ်ချဲ့ချင်ပါက တန်းမြင့်ဓာတ်ဆေးများကို စတင်ရောင်းချကြည့်ရမည်ဖြစ်သည်။ သို့သော် ထိုဆေးများသည် လွယ်လွယ်ကူကူဖြစ်လာခြင်းမဟုတ်သည့်အပြင် စက်ရုံတွင်လည်း ထုတ်လုပ်၍ရနိုင်ခြေမရှိ။ တစ်ခုတည်းသော ရနိုင်သည့်နေရာမှာ ဆေးပညာရှင်များသာဖြစ်သည်။
ပညာရှင်များကိုမူ ဆေးပညာသင်များ၊ သင်တန်းသားများကဲ့သို့ အလုပ်ခန့်ရန်မလွယ်ကူပေ။ သူတို့အားလုံးသည် မတူညီသောအဖွဲ့အစည်း၊ ဂိုဏ်း၊ သို့မဟုတ် တက္ကသိုလ်တစ်ခုခုနှင့်သက်ဆိုင်သည်။ ပြည်ထောင်စုအစိုးရသည်ပင် သီးခြားဖြစ်သည်။ မဟုတ်လျှင် သူတို့ကိုယ်ပိုင် ဆေးကုမ္မဏီများတည်ထောင်ကာ သူတို့ထုတ်ကုန်များကို ရောင်းချနှင့်ပြီးမှာ ကြာခဲ့လောက်မည်ဖြစ်သည်။ အခြားသူများကို နှိမ့်ချစရာမလိုပေ။
အကယ်၍ သူတို့ကဲ့သို့အဆင့်နိမ့်ကုမ္မဏီက ရေရှည်ပူးပေါင်းနိုင်မည့် တရားဝင်ဆေးပညာရှင်ကိုရချင်လျှင် ပညာသင်၊ သင်တန်းသား၊ ပညာရှင်တို့ကို ငွေကြေးအကူအညီထောက်ပံ့ပေးရမည်ဖြစ်သည်။ သို့မှသာ စာချုပ်ချုပ်နိုင်ရန် အဆင်ပြေလိမ့်မည်။
ကျော်ကြားသော ဆေးပညာသင်များ၏ နောက်ကွယ်တွင် ကုမ္မဏီငယ် (၂) ခု သို့မဟုတ် (၃) ခုလောက်ရှိတတ်သည်။ ကုမ္မဏီအကြီးများပင်ရှိနိုင်၏။ ဤနည်းဖြင့် ထိုဆေးပညာသင်များအား အလုပ်သင်ကာလကို ရှင်သန်ရန်နှင့် တိုးတက်ရန် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။ ဆေးပညာသည် အစပိုင်းတွင်အကျိုးမရှိသော်လည်း ပညာသင်က ကုမ္မဏီကြီးများ၏အကူအညီဖြင့် အကျိုးရအောင် လုပ်နိုင်သည်။
သို့သော် ဤလုပ်ငန်းစဉ်သည် အချိန်ရော ငွေပါလိုအပ်၏။ မည်သူကမှ ထက်မြတ်သောပညာသင်တိုင်းသည် အောင်မြင်သော တရားဝင်ဆေးပညာရှင်ဖြစ်လာလိမ့်မည်ဟုအာမမခံနိုင်ပေ။ လမ်းတစ်ဝက်တွင်ပင် ကျရှုံးနိုင်ခြေမြင့်၏။
ကုမ္မဏီအကြီးများတွင်သာ ငွေကြေးအရင်းအမြစ်နှင့် အချိန်လုံလုံလောက်လောက်ရှိသည်။ ဤသည်က လုချင်းရွှမ်ကဲ့သို့ အရင်းအနှီးနည်းသည့ ကုမ္မဏီငယ်များကိုခက်ခဲစေသည်။
ထို့ကြောင့် သူမ၏နှလုံးခုန်နှုန်းမှာ ရုတ်ချည်းမြင့်တက်လာရခြင်းဖြစ်၏။ အစပိုင်းတွင် သူမက ချူးယွင်ဖန်းကို လွန်ကဲစွာအထင်ကြီးမိနေသည်ဟု ထင်ခဲ့သည်။ သူ့အရွယ်နှင့် ကိုယ်ခန္ဓာအားဖြည့်သန့်စင်ဆေးပြားများကို ထုတ်လုပ်နိုင်သည်ကပင် အတော်လေး ထိတ်လန့်စရာဖြစ်နှင့်နေပြီးသားဖြစ်၏။ အနည်းဆုံးတော့၊ သူမသိသော ဆေးဉာဏ်ကြီးရှင်များပင် မည်သူမျှလုပ်နိုင်မည်မဟုတ်ပေ။
အကယ်၍ ချူးယွင်ဖန်းက ဤဆေးဖော်ထုတ်နည်းတစ်ခုကိုသာသိကာ၊ ဤတစ်မျိုးတည်းကိုသာ ဖော်စပ်ခဲ့လျှင်တောင်မှ တစ်လတွင် သန်း ၁၀ ဂဏန်းအထိဝင်လျှင်ပင် ဘာမှမဟုတ်သေးပေ။ ထို့အပြင် သူတို့ကုမ္မဏီသည်လည်း အတော်လေးအကျိုးအမြတ်ရနိုင်၏။ ထိုအချိန်တွင် သူမကုမ္မဏီသည် တစ်နှစ်အတွင်းတွင်ပင် အဆပေါင်းများစွာတိုးချဲ့နိုင်လာလိမ့်မည်။
ဤသည်မှာ ချူးယွင်ဖန်း မရီးဒျန်သန့်စင်ဆေးကို ဖော်ထုတ်နိုင်သည်ဟူသော သတင်းနှင့်ယှဉ်လျှင် ဘာမှမဟုတ်သေးပေ။
မရီးဒျန်သန့်စင်ဆေးကဲ့သို့ အလယ်အလတ်အဆင့်ဆေးကို ဖော်စပ်နိုင်သော ချူးယွင်ဖန်း၏ တန်ဖိုးသည် လုချင်းယွမ်၏ မျက်လုံးထဲတွင် ၁၀ဆလောက်တိုးတက်ခဲ့ပြီဖြစ်သည်။ နှစ်ဦးသား တွေ့ဖူးသည်မှာ နှစ်ကြိမ်သာရှိသည်မို့ ဤသည်မှာ အသုံးချမှုမှန်း သိသာထင်ရှားနေသော်လည်း သူတို့နှစ်ဦးပူးပေါင်းမှု၏ တန်ဖိုးသည် နှစ်ဦးသားအတွက် အကြီးမားဆုံးလိုအပ်ချက်ကြီးတစ်ခုဖြစ်၏။
ချူးယွင်ဖန်းသည် လုချင်းရွှမ်ကဲ့သို့ နတ်ဘုရားမ၏အပြုံးကိုရရန် ချစ်ရေးဆိုသူများထဲမှ တစ်ယောက်မဟုတ်ပေ။
“ဘာလို့လဲ။ ပြဿနာရှိလို့လား” ချူးယွင်ဖန်းက လုချင်းရွှမ်တစ်ယောက် အသံတိတ်သွားသဖြင့် မေးလိုက်ခြင်းဖြစ်သည်။
“ပြဿနာမရှိပါဘူး၊ ပြဿနာမရှိပါဘူး။ ရှင် ကျွန်မတို့ကုမ္မဏီကိုလာပြီး မနက်ဖြန် ထုတ်လုပ်နိုင်ပါတယ်။ ဒါမယ့် ကိစ္စတစ်ခုတော့ရှိတယ်။ ကျွန်မရှင့်ကို ကြိုပြီး ရှင်းအောင်ပြောထားရမယ်ထင်လို့ပါ။ ရှင် ချူးကျိကောကို တွေ့ဖူးပြီးပြီနော်။ သူရဲ့မိသားစုက တည်ငြိမ်သမုဒ္ဒရာမြို့ရော သုန်ဟွာမြို့ရောမှာ သိပ်အာဏာကြီးတယ်။ ဒါ့ကြောင့်၊ ကျွန်မတို့ ကုမ္မဏီ ပို့ဆောင်ရေးချန်နယ်တွေမှာ ပြဿနာတချို့ရှိတယ်။ အခု ကျွန်မတို့ကုမ္မဏီရဲ့ ပို့ဆောင်ရေးမှတ်တိုင်တွေက အခြားဩဇာခံမြို့တွေအားလုံးမှာရှိတယ်။ ဒါကြောင့် မရီးဒျန်သန့်စင်ဆေးတွေပို့ဆောင်ဖို့ဆို ကျွန်မတို့အတွက်အချိန်အနည်းငယ်လိုလိမ့်မယ်”
လုချင်းရွှမ်က စိတ်ပူမှုနှင့်အတူဆို၏။ ချူးယွင်ဖန်းက ဆေးများကို သူမကုမ္မဏီမှတစ်ဆင့် ရောင်းချခြင်းမပြုတော့မည်ကို စိုးရိမ်နေသည်။ ဤဆေးများရောင်းချရန်မှာ ဒုတိယဦးစားပေးဖြစ်သည်။ အဓိကမှာ ချူးယွင်ဖန်းနှင့် ဆက်နွယ်မှုကို တိုက်ရိုက်ဖြတ်လိုက်ပါက ဆုံးရှုံးမှုမှာ ကြီးမားလွန်းလိမ့်မည်။
ချူးယွင်ဖန်းက လုချင်းရွှမ်၏ စကားများကိုကြားသည့်အခါ၊ သူ့ကို မောင်းထုတ်ရန်အော်ဟစ်နေသော ယောက်ျားတစ်ယောက်၏ ပုံရိပ်က သူ့စိတ်ထဲပေါ်လာသည်။ အစတွင် ချူးယွင်ဖန်းက လုချင်းရွှမ်၏ ကုမ္မဏီမှ တစ်ဆင့် ဆေးရောင်းရမည်ကို တွေဝေနေသေးသော်လည်း၊ ယခုမူ ထုတ်ကုန်များကို ထိုကုမ္မဏီသို့ တင်သွင်းတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ချူးယွင်ဖန်းက စိတ်အနည်းငယ်တိုနေသေးသည်။ ဤချူးကျိကော၏ စိတ်ဓာတ်သည် အတော်လေးစုတ်ပြတ်လွန်းသည်။ ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် ထိပ်တိုက်ရင်ဆိုင်ရလိုက်မည်။ ဆေးဧကရာဇ်၏ အမွေအနှစ်မှရခဲ့သော သူ့အရည်အချင်းများရှိသည့်အတွက် ထိုသူကြောင့်တော့ မောင်းထုတ်ခံရလိမ့်မည်ဟု မယုံကြည်ပေ။
“ကိစ္စမရှိပါဘူး။ ၁လထက်တော့မကြာနိုင်ဘူးမလား” ချူးယွင်ဖန်းက တစ်လအတွင်းရရန် ခန့်မှန်းခြေချထားသည်။ ထို့အပြင် ကျောင်းမှထုတ်ဝေသော တိုက်ပွဲဓားသွယ်ရှိသည်။ ထို့ကြောင့် အချိန်သည် ပြဿနာမဟုတ်။
“စိတ်မပူပါနဲ့၊ ဒါက ပြဿနာမဖြစ်ပါဘူး၊ နှစ်ပါတ်ထက်တော့ ပိုမကြာဘူး” လုချင်းရွှမ်က အလျှင်အမြန်ကတိပေးသည်။ လုချင်းရွှမ်သည် အခြားဩဇာခံမြို့များကို ပို့ဆောင်ရန်နှင့် သူမ၏ ကုမ္မဏီတိုးတက်စေရန်ကြိုးစားလျက်ရှိသည်။ သို့သော် မရီးဒျန်သန့်စင်ဆေးဝါးများသည် ရရန်ခက်ခဲသောကုန်ပစ္စည်းများဖြစ်သည့်အလျောက် ပို့ဆောင်၍မရမည်ကို တွေးပူနေစရာပင်မလိုပေ။ ကြွယ်ဝသောသူများထဲတွင် သူတို့ကလေး၏ အခြေခိုင်စေရန်၊ သူများထက်ပိုသာစေရန် မရီးဒျန်သန့်စင်ဆေးကိုမသုံးစေချင်သည့်သူ မည်သူရှိမည်နည်း။ အကယ်၍ တည်ငြိမ်သမုဒ္ဒရာမြို့နှင့် တုန်ဟွာမြို့တွင် ရောင်းခွင့်ရှိပါက ဤကိစ္စသည် ရက်ပိုင်းအတွင်းတွင်ပင် ဖြေရှင်းပြီးသားဖြစ်သွားပေလိမ့်မည်။
ဤသို့တွေးသည့်အခါ ချူးကျိေကာ၏ စိတ်ကြီးဝင်ကာမတရားသော မျက်နှာကြီးကို ပြန်တွေးမြင်လာမိသည်။
“ဒါဆို ကိစ္စမရှိတော့ဘူးပဲ။ ကျွန်တော် နောက်မှ ပါဝင်ပစ္စည်းတွေကို အင်တာနက်ကမှာလိုက်ပါမယ်။ ခင်ဗျားကုမ္မဏီကို မနက်ဖြန်မနက်လောက်ရောက်ပါလိမ့်မယ်။” ချူးယွင်ဖန်းက ခေါင်းညိတ်ကာဆိုသည်။
“ကျွန်တော် ခင်ဗျားကုမ္မဏီကို မနက်ဖြန်လာခဲ့မယ်။ မရီးဒျန်သန့်စင်ဆေးထုတ်ပြီးတဲ့အခါမှ ကျွန်တော်တို့ လက်မှတ်ထိုးကြတာပေါ့။ အကယ်၍ ဒီပူးပေါင်းမှုက အဆင်ပြေရင် အနာဂတ်မှာ အတူတူအလုပ်လုပ်ဖို့ အခွင့်အရေးတွေအများကြီးရှိဦးမယ်လို့ ငါထင်ပါတယ်”
လုချင်းရွှမ်က ချူးယွင်ဖန်း၏စကားလုံးများကို ကြားသောအခါ အလွန်အမင်းစိတ်လှုပ်ရှားလာမိသည်။ ချူးယွင်ဖန်းရှေ့တွင် တောက်ပသော အနာဂတ်ရှိဟန်တူသည်။ အကယ်၍ သူမနှင့် ချူးယွင်ဖန်းသာ အချိန်အတော်ကြာအောင် အတူအလုပ်လုပ်နိုင်လျှင် သူမ၏ ကုမ္မဏီသည် နောက်ထပ်အဆင့်တစ်ခုကို တိုးတက်လာပေလိမ့်မည်။
သူမက စိတ်လှုပ်ရှားမှုကိုပြန်လည်မြိုသိပ်ကာ ဆိုသည်။
“ကိစ္စမရှိပါဘူး ဆရာချူး။ ရှင် ကျွန်မကုမ္မဏီကို ရွေးချယ်လိုက်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ”
“ကောင်းပြီ”
ထိုသို့ပြောပြီးသည့်နောက်တွင် ချူးယွင်ဖန်းက ဖုန်းချလိုက်သည်။ သူ့နှလုံးသားထဲတွင်တော့ အရိပ်မဲ့ဓားသွယ်ပြသနာကို ဖြေရှင်းနိုင်မည့် မနက်ဖြန်၊ သဘက်ခါကို အနည်းငယ်မျှော်လင့်နေမိသည်။