အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
အခန်း(၇၃) တိုက်ပွဲအစစ်မတိုင်မီ ကြိုတင်ပြင်ဆင်မှု
ကျင်းဝူသယ်လာသော သတင်းများသည် အတန်းထဲရှိကျောင်းသားများကို စိတ်လှုပ်ရှားစေသည့်အပြင် စိုးလည်းစိုးရိမ်စေ၏။
နောက်ဆုံးတော့ သူတို့သည် လူသားများကို တိုက်ရတော့မည်မဟုတ်ဘဲ မွန်းစတား များကို တိုက်ခိုက်ကြရတော့မည်ဖြစ်သည်။ ထိုနေရာတွင် မွန်းစတား တိုက်ခိုက်မှု၏ အထိအခိုက်ဟူ၍ရှိတော့မည်မဟုတ်ပေ။ သူတို့စတိုက်ခိုက်ကြပြီဆိုသည်နှင့် သေခြင်းနှင့် ရှင်ခြင်းဟူ၍သာရှိတော့မည်ဖြစ်သည်။ ဤသည်မှာလည်း သူတို့ မရှိသော အရာပင်ဖြစ်သည်။ အကယ်၍သာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာကဖြစ်မည်ဆိုလျှင် ပတ်ဝန်းကျင်သည် ဒီ့ထက်ပို၍အခြေအနေဆိုးနေနိုင်၏။ ထိုအချိန်တွင် ချီပင်လယ်အဆင့်ရောက်နေသာ လူသားစွမ်းအားရှင်များသည် တိုက်ပွဲပေါင်းရာကျော်ကို ဖြတ်သန်းခဲ့ကြသည်။ ကျောင်း၌သာလေ့လာခြင်းဖြင့်တော့ ဤအဆင့်သို့ရောက်မည်မဟုတ်ပေ။
“နောက်သုံးရက်နေရင် မင်းတို့ကို စစ်မြေပြင်ကို ခေါ်သွားမယ်၊ ချင်းဟိုင်မြို့ နယ်နိမိတ်အစောင့်တွေကို ကူညီပြီး မွန်းစတား သတ်ပေးရမယ်” ကျင်းဝူက သတိပေးပြီးနောက် စာရွက်တစ်ရွက်ကို ထုတ်ကာ လူတိုင်းကိုပေးလိုက်သည်။ “ဒါက သေခြင်းရှင်ခြင်းစာချုပ်ပဲ၊ အကယ်၍ စစ်မြေပြင်မှာ မင်းတို့တစ်ခုခုဖြစ်လို့ သေခဲ့သည်ရှိသော် ငါတို့ကျောင်းက ဒီ့အတွက် တာဝန်ယူမှာမဟုတ်ဘူး။ သွားမလား မသွားဘူးလားဆိုတာတော့ မင်းတို့သဘောပဲ။ ဒါပေမယ့် သွားမယ်ဆိုရင်တော့ စာချုပ်မှာ လက်မှတ်ထိုးပေးဖို့လိုတယ်။ မင်းတို့ သေနိုင်တယ်ဆိုတာလေးကို မှတ်ထားပါ။ ဒီသေခြင်းရှင်ခြင်းစာချုပ်ကို အိမ်ကိုယူသွားပြီး အုပ်ထိန်းသူကို လက်မှတ်ထိုးခိုင်းခဲ့ပါ။ လက်မှတ်ထိုးပြီးရင် ဒါက အကျုံးဝင်ပြီလို့ယူဆလို့ရတယ်။”
စစ်မြေပြင်သည် အမြဲတစေ ပြောင်းလဲနေတတ်သဖြင့် အခြေအနေပေါင်းစုံဖြစ်နိုင်၏။ အဆုံးမဲ့ ကျောင်းကပင် ထိုနေရာ၌ သတ်ခံရသူ၊ သေဆုံးသူ မရှိနိုင်ဟု အာမမခံပေးနိုင်ပေ။ အကယ်၍ လူတိုင်းသာ ကျောင်းကို ပြဿနာရှာခဲ့လျှင် ကျောင်းပါပိတ်လိုက်ရနိုင်၏။ ဖိအားပေးထားခြင်းလည်းမဟုတ်သဖြင့် သွားလိုက သွားနိုင်သလို၊ မသွားလိုကလည်း မသွားဘဲနေနိုင်၏။ သွားမည်ဟု ဆုံးဖြတ်ပါကလည်း အကျိုးသက်ရောက်မှုများကို လက်ခံနိုင်ရမည်ဖြစ်သည်။
ချူးယွင်ဖန်းက သေခြင်းရှင်ခြင်းစာချုပ်ကို ယူကာ ကြည့်ကြည့်သည်။ ဤစာချုပ်သည် သေချာပေါက်တော့ မသက်ဆိုင်ကြောင်းရှင်းလင်းချက်တစ်ခုဖြစ်သည်။ သို့သော် သူသည် တိုက်ပွဲအစစ်သို့ ပါဝင်ရန်ဆုံးဖြတ်နှင့်ပြီးသားဖြစ်သည်။ ပြိုင်ပွဲအစစ်တိုင်းသည် ပါဝင်သူ၏ ခွန်အားကို သိသိသာသာ မြန်မြန်ဆန်ဆန် တိုးတက်စေလိမ့်မည်။ အကယ်၍သူသာ ဤအခွင့်အရေးကို ဆုံးရှုံးသွားပါက သူများနောက်တွင် နောက်ကျကျန်ခဲ့မည်ဖြစ်သည်။ ပြိုင်ပွဲအစစ်တွင်ပါဝင်ရသော အထူးတန်းမှ ကျောင်းသားများနှင့် သာမန်အတန်းမှ ကျောင်းသားများကြား ခွန်အားကွာခြားချက်သည် ဒီအတိုင်းတော့ ဆက်တိုက်ကြီးမားလာလိမ့်မည်မဟုတ်ပေ။
သုံးရက်သာလိုတော့သည်။ အချိန်ကို အကျိုးရှိရှိအသုံးချကာ စစ်မြေပြင်ထဲသို့ခြေမချခင် ကမ္ဘာခွဲဓားသိုင်းကို ပြီးပြည့်စုံအဆင့်သို့ရောက်ရန် ကျင့်ကြံရမည်ဖြစ်သည်။ သုံးရက်သာလိုတော့သည်မို့ မဖြစ်နိုင်သောအရာတစ်ခုဟု ထင်ရသော်လည်း ချူးယွင်ဖန်းအတွက်မူ မဖြစ်နိုင်သောကိစ္စတော့မဟုတ်။
ချူးယွင်ဖန်း၏မိဘများက စိတ်ပူနေကြသော်လည်း လက်မှတ်တော့ထိုးပေးခဲ့ကြသည်။ သူတို့ကိုယ်တိုင်လည်း တိုက်ပွဲအစစ်တွင်ပါခဲ့ဖူးကြသည်သဖြင့ တိုက်ပွဲ၏ အန္တာရယ်များကိုသိကြသည်။ သို့သော် ဤသည်မှာ သူတို့တက္ကသိုလ်ကာလတွင်ဖြစ်ခဲ့ကြခြင်းများဖြစ်၏။ ယခု၊ သူတို့၏သားသည် သိပ်ငယ်လွန်းနေသော်လည်း တိုက်ပွဲအစစ်တွင် ပါဝင်ချင်နေသည်။ ဤအရာက သူတို့အားစိတ်ပူစေကြခြင်းဖြစ်၏။
သို့သော်လည်း သူ့မိဘများက သူတို့သားသည် အရေးကြီးသောအတန်းတွင်တက်နေရမှန်းသိသည်မို့ သူတို့ ယခင်တက်ခဲ့ရသော သာမန်အတန်းများနှင့် နှိုင်းယှဥ်စရာအကြောင်းမရှိတော့ပေ။ အထူးတန်းမှဘွဲ့ရသောသူတို့သည် အထူးတက္ကသိုလ် သို့မဟုတ် ပြည်ထောင်စုအထူးတက္ကသိုလ် ၁၀ ခုကို ဝင်ခွင့်ရရန် မျှော်မှန်းထားကြသည်။ သူတို့၏ စံနှုန်းများမှာ သာမန်လူများထက် သေချာပေါက်ပိုတင်းကြပ်၏။
“ဒီမယ် သား၊ ဖေဖေတို့ ပြောစရာတော့ သိပ်မရှိပါဘူး၊ ဒါက စစ်မြေပြင်ဖြစ်တဲ့အတွက်ကြောင့် သားဆရာတွေ ၊အတန်းဖော်တွေနဲ့ အကယ်၍တစ်ခုခုမူမမှန်ရင်၊ အမြန်ပြေးပြီး စစ်သားတွေရှိတဲ့နေရာကို သွားရမယ်နော်။ ယေဘုယျပြောရရင်တော့ ဒီလိုမျိုး တိုက်ပွဲရဲ့ စစ်တပ်က သားနဲ့ အရမ်းဝေးမှာမဟုတ်ဘူး။ မျက်လုံးနဲ့ နားကို လျင်လျင်ထားဖို့မမေ့နဲ့။” ချူးဝမ်ချန်းက အလေးအနက်ထား၍ မှာ၏။
“သား နားလည်ပါတယ်။ စိတ်မပူပါနဲ့” ချူးယွင်ဖန်းက ခေါင်းညိတ်ကာဆိုသည်။
“သတ္တိရှိပြပြီး အလွန်အကြူးမလုပ်နဲ့နော် သားလေး၊ ကျော်ကြားဖို့အတွက် မတိုက်ခိုက်နဲ့၊ ဒီလိုလူတွေက စစ်မြေပြင်မှာ အသေစောတယ်။ သားဖေဖေနဲ့ မေမေက သားကို ထင်ပေါ်ကျော်ကြားဖို့မတောင်းဆိုဘူး၊ အသက်ရှင်ပြီးပြန်လာတာပဲ လိုချင်ပါတယ်”
ယန်ယာ့ယွင်က ထပ်မံ၍ သတိပေးသည်။
“ဟုတ်ကဲ့”
ညစာစားပြီးသည့်နောက်တွင် ချူးယွင်ဖန်းက ကမ္ဘာခွဲဓားသိုင်းကို လေ့ကျင့်ရန် အပြင်ထွက်လာကာ အိမ်နားရှိ လေ့ကျင့်ရေးအခန်းသို့သွား၏။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူတိုင်းသည် ကျင့်ကြ၏။ မြင့်မြတ်သော ကျင့်ကြံရေး၏ ကြီးကျယ်သောကာလဖြစ်သဖြင့် လေ့ကျင့်ရေးအခန်းများသည် လူ့ပတ်ဝန်းကျင်တိုင်းတွင် မရှိမဖြစ်လိုသော အဆောက်အုံဖြစ်လာ၏။ ထို့အပြင် ထိုနေရာကို ရပ်ကွက်ထဲနေထိုင်သူများအတွက် အခမဲ့ဖွင့်ပေးထားခြင်းဖြစ်သည်။
ရပ်ကွက်ကောင်းလေ၊ လေ့ကျင့်ရေးအခန်းထဲရှိ အထောက်အပံ့ပစ္စည်းများကောင်းလေဖြစ်သည်။
ညရောက်နှင့်ပြီဖြစ်သော်လည်း၊ လေ့ကျင့်ခန်းထဲတွင် လူများစွာရှိနေ၏။ သူတို့သည် သိုင်းပညာလေ့ကျင့်သူကလေ့ကျင့်၊ တရားထိုင်သူကထိုင်နှင့်ရှိနေသည်။ အားလုံးမှာ လူကြီးများဖြစ်ကာ ကျောင်းသားများထက် သိသိသာသာ အလွန် သန်မာ၏။
ဒေသငယ်တစ်ခုတည်း၏ နေထိုင်သူများဖြစ်သည့်အလျောက် အများစုက ချူးယွင်ဖန်းကိုသိကြသည်။ ထို့အပြင် အခန်းထဲတွင် ကလေးသူငယ်များထက် လူကြီးများသည်မို့ ချူးယွင်ဖန်းကဲ့သို့ လူငယ်တစ်ယောက်သည် သူတို့အားလုံး၏ အာရုံကို ဖမ်းစားနိုင်၏။
“အဲ့တာ ချူးမိသားစုက ကလေး၊ ချူးယွင်ဖန်းမဟုတ်လား။ မပြောတ်ဘူး။ အရင်တုန်းက ငါသူ့မှာ ပါရမီသိပ်မရှိလို့ သာမန်သိုင်းပညာအတန်းဝင်ခွင်တောင် မအောင်နိုင်ဘူးလို့ပြောခဲ့တာ။ ဘယ်သူက သူ တန်းခွဲစာမေးပွဲကိုအောင်ပြီး အထူးတန်းတက်ရလိမ့်မယ်လို့ ထင်ခဲ့မှာလဲကွာ”
“တကယ်ပဲ။ ငါတို့အားလုံး အထင်အမြင်လွဲခဲ့တာပဲ။ သူပါရမီမကောင်းလို့မဟုတ်ဘဲ သူက အဲ့တာကိုသေချာ ဖုံးကွယ်ခဲ့တာ။ အခုတော့ တန်းခွဲစာမေးပွဲမှာ လူတိုင်းကို အံ့သြအောင်လုပ်ခဲ့တာပဲ”
“ဟူး… အထူးတန်းကို သူတက်ခွင့်ရတာဆိုတော့ နောင်မှာ အထူးတက္ကသိုလ်ကိုရောက်ဖို့ မျှော်လင့်ချက်ရှိသေးတာပဲ။ ငါတို့ မိသားစုက ကလေးသာ သူ့လိုဆိုရင် သိပ်ကောင်းမှာပဲ”
“ ဘယ်သူက မဖြစ်နိုင်ဘူးလို့ပြောလို့လဲ။ ငါ့သမီးလည်း နောက်နှစ်ဆို အထက်တန်း တတိယနှစ်ရောက်ပြီး တန်းခွဲစာမေးပွဲဖြေရတော့မှာ။ တကယ်လို့ သိုင်းပညာတန်းကို ဝင်ခွင့်မရရင် ငါတို့လိုမျိူးဖြစ်လာပြီး အလုပ်ကို ရိုရိုကျိုးကျိုးသွားဖို့ပဲရှိတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ဘယ်သူမှငတ်မသေပေမယ့် အဲ့ဒီ့သိုင်းပညာရှင်တွေနဲ့တော့ ဘယ်ယှဥ်လို့ရမလဲကွာ”
ချူးယွင်ဖန်း အခန်းထဲသို့ဝင်လာသည်နှင့် သူသည် အဓိကဆွေးနွေးရန်ခေါင်းစဥ်ဖြစ်လာခဲ့သည်။ သို့သော် သိပ်ခံစားမနေဘဲ နေရာတစ်ခုကိုရှာကာ သူ့ဓားသွယ်ကိုဆွဲထုတ်ပစ်လိုက်ကာ လေ့ကျင့်ရန်စတင်၏။
ချွင်
ချွင်
ချွင်
ချူးယွင်ဖန်း၏ ဓားသွယ်သည် လေကို ခုတ်ဖြတ်လျက်ရှိကာ ဓားသံများထုတ်လွှတ်၍ သူ့ ကမ္ဘာခွဲဓားသိုင်းကို ပြသနေသည်။
“ဒါ ကမ္ဘာခွဲဓားသိုင်းမဟုတ်လား။ သူက ပြစ်ချက်ကင်းအဆင့်ရောက်နှင့်နေပြီနော်။ ငါမှတ်မိသလောက်တော့ သူတို့ လက်နက်တွေရပြီး သိုင်းပညာကိုစလေ့လာရတာ သိပ်မကြာသေးဘူးတဲ့။ ဒီကလေးက တကယ်ပဲ ဉာဏ်ကြီးရှင်ဖြစ်နေနိုင်မလား”
လူအများက ချူးယွင်ဖန်းကို ကြည့်နေကြသည်။ သူတို့အားလုံးသည် အတွေ့အကြုံရှိကျင့်ကြံသူများဖြစ်သည်မို့ သဘာဝအလျောက်ပင် ချူးယွင်ဖန်း၏ အဆင့်ကို သိရှိနိုင်ကြသဖြင့် အံ့သြရုံမှလွဲ၍ အခြားမတတ်နိုင်ကြပေ။
“ချူးမိသားစုရဲ့ ကလေး အနာဂတ်က အကန့်အသတ်မရှိဘူးပဲ”
“တကယ်လို့ ချူးယွင်ဖန်းသာ တိုးတက်လာရင် ချူးမိသားစု ဒီကနေပြောင်းသွားရမှာတောင် စိုးရိမ်မိတယ်ကွာ၊ သူတို့ သေချာပေါက် လူကုန်ထံဒေသကို ပြောင်းရွှေ့သွားကြမှာပဲ”
လူအားလုံးသည် အသက်ဝင်စွာပင် ဆွေးနွေးနေကြသည်။ ထိုအချိန်တွင် ချူးယွင်ဖန်းကမူ ကမ္ဘာခွဲဓားသိုင်းကို ပြသနေ၏။ ဓားကွက်များနှင့်အတူ ကမ္ဘာခွဲဓားသိုင်း၏ ကျင့်စဥ်စာများ ခေါင်းထဲပေါ်လာ၏။ စူပါကွန်ပျူတာတစ်ခုက ဤသိုင်းကိုစိတ်ဖြာနေသည့်အတိုင်း စာလုံးတစ်လုံးစီတိုင်းသည် သူ့စိတ်ထဲပေါ်လာသည်။
သူ့စိတ်ထဲရှိ နတ်ဘုရား စိတ်ဝိဉာဉ်သည်လည်း ဆက်တိုက် အလင်းရောင်များထုတ်လွှတ်နေကာ သူ့ခန္ဓာတစ်ခုလုံးသည် အလင်းနောက်သို့လိုက်နေခြင်းဖြင့် ဓားရေးလေ့ကျင့်နေစဥ်တွင် သူ့ခန္ဓာကိုယ်အား တရားမှတ်သောအခြေအနေသို့ရောက်ရှိနေစေ၏။
လွန်ခဲ့သောလတစ်ဝက်ခန့်တွင် သူသည် ကမ္ဘာခွဲဓားသိုင်းကို ပြစ်ချက်ကင်းအဆင့်သို့ ကျင့်ကြံနှင့်ပြီးသားဖြစ်သည်။ ယခုမူ သူ့ခွန်အားကို တစ်ဆင့်တိုးစေသည့်အနေဖြင့် ပြီးပြည့်စုံအဆင့်သို့ရောက်ရန် သူ့ကိုယ်သူတွန်းအားပေးလျက်ရှိသည်။
အခန်း (၇၄) ကမ္ဘာခွဲဓားသိုင်းကို အောင်မြင်ခြင်း
တစ်ချက်ပြီး တစ်ချက်၊ ချူးယွင်ဖန်းသည် သိပ်မမြန်သော်လည်း သူ့ဓား၏ အားအင်သည် ဆက်တိုက်ဖြစ်နေကာ ဓားချက်များသည်လည်း အဆက်မပြတ်ပေ။ တစ်ချက်နှင့်တစ်ချက် ကွဲပြားသော်လည်း ဓားချက်များကြားတွင် ကွာဟချက်မရှိပေ။ အဆုံးမရှိသည့်အတိုင်း ဓားချက်တစ်မျိုးစီသည် တစ်ခုပြီးတစ်ခုဖြစ်နေ၏။ ချူးယွင်ဖန်း၏ လေ့ကျင့်မှုကို ကြည့်နေကြသော အိမ်နီးချင်းများသည် တဖြည်းဖြည်း လူစုခွဲလာကြသည်။ ချူးယွင်ဖန်း၏အားအင်သည် သာမန်ထက်ပိုနေသော်လည်း အချိန်အတော်ကြာဆက်တိုက်ကြည့်နေခြင်းက အနည်းငယ်တော့ ပျင်းစရာကောင်းသည်။
သို့သော် မကြာမီမှာပင် ချူးယွင်ဖန်းသည် နောက်တစ်ကြိမ် သူတို့၏ အာရုံကိုဖမ်းစားနိုင်လိုက်၏။ ချူးယွင်ဖန်းသည် ကမ္ဘာခွဲဓားသိုင်းကို အကြိမ် ၂၀ ထက်ပို၍ပြုလုပ်လိုက်ခြင်းကြောင့်ဖြစ်သည်။ သူတို့သည်လည်း အနည်းနှင့်အများတော့ ကမ္ဘာခွဲဓားသိုင်းသည် ကြီးမားသော စွမ်းအားနှင့် လေးလံမှုပါသောဘက်သို့ရောက်မှန်းသိကြသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဤသိုင်းသည် အလွန်အမင်း လူပင်ပန်းစေနိုင်သည်။
သာမန်အားဖြင့် ချီပင်လယ်အဆင့်သို့ရောက်ရှိနေသော သိုင်းပညာရှင်သည် ဓားသိုင်း သုံးကြိမ်မှငါးကြိမ်အထိ တစ်ခါတည်းကျင့်ကြံပြီးလျှင်ပင် အတော်လေး ပင်ပန်းလာမည်ကာ အသက်ရှုရန်ပင် အနိုင်နိုင်ဖြစ်၏။ ချီပင်လယ်အဆင့်ရောက်နေသော အတွေ့အကြုံရ သိုင်းပညာရှင်သည်ပင် ဆယ်ကြိမ်လောက်တစ်ဆက်တည်းလုပ်ပါက ခဏတာတော့ နားကိုနားရမည်ဖြစ်သော်လည်း ချူးယွင်ဖန်းသည် ကမ္ဘာခွဲဓားသိုင်းကို သာမန်အတိုင်း အကြိမ်နှစ်ဆယ်ပြုလုပ်နေခြင်းဖြစ်သည်။ အသက်ရှုသည်ဆိုရုံမျှ အနည်းငယ်သာရှု၏။ သိသာစွာပင်၊ သူ့ နောက်ဆုံးကန့်သတ်ချက်ထိမရောက်သေးပေ။ ဤကြာရှည်ခံသော ရုပ်ပိုင်းဆိုင်ရာ သန်မာမှုသည် အလွန်ထိတ်လန့်ဖွယ်ကောင်း၏။
ကမ္ဘာခွဲဓားသိုင်း၏ တစ်မူထူးသော အပိုင်းမှာ ဓားချက်တစ်ခုပြီးတစ်ခုတွင် ကမ္ဘာမြေ၏ ကြီးကျယ်သောစွမ်းအင်ပါဝင်နေခြင်းဖြစ်သည်။ ဤသိုင်း၏ စွမ်းအားပြင်းကာ လေးလံသောအားအပြင် ဓားချက်တစ်ခုစီ၏ စွမ်းအင်များ စုပုံလာခြင်းဖြစ်သည်။ တစ်ဆက်တည်းတွင် အကြိမ်နှစ်ဆယ်ခန့်ပြုလုပ်ပြီးသည့်နောက်တွင် ကမ္ဘာခွဲဓားသိုင်း၏ စွမ်းအင်သည် အလွန်အမင်း ထိတ်လန့်ဖွယ်ဖြစ်နှင့်နေပြီဖြစ်သည်။ အချက်တစ်ခုစီနှင့်အတူ လေကို ခုတ်ဖြတ်နေသော အသံသည်လည်း လိုက်ပါလာ၏။ ၎င်းသည် တောင်ကို ဖြိုခွင်းနေသကဲ့သို့ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းနေသည်။
ချူးယွင်ဖန်းသည် ရပ်တန့်၍မရပေ။ ဤအားကို တားရန်ကြိုးစားသူမှန်သမျှသည် ဓားခုတ်ကောင်က မြှင်းလှည်းကိုတားရန်ကြိုးစားနေသကဲ့သို့ပင် ဖြစ်လိမ့်မည်။ သူ့ကမ္ဘာခွဲဓားသိုင်းသည် လူအများကို ကြောက်လန့်ခြင်းကို ခံစားစေမိနေ၏။
“ဘယ်လိုစွမ်းအင်မျိုးလဲ။ အမှန်တိုင်းပြောရရင် ဒီလိုမျိုး သာမန်သိုင်းတစ်ခုဖြစ်တဲ့ ကမ္ဘာခွဲဓားသိုင်းက ဒီလောက်ထိ စွမ်းအားမျိုးရှိလိမ့်မယ်လို့ မတွေးခဲ့ဖူးဘူး။ တကယ်လို့ ငါလည်း ချီပင်လယ်ဒုတိယဆင့်ကို ရောက်ခဲ့ရင်တောင် သူ့ဓားသိုင်းကိုဒီအချိန်မှာ တားနိုင်မှာမဟုတ်ဘူး။ ရှုံးတောင်ရှုံးနိုင်တယ်။”
“မှန်တယ်။ ကမ္ဘာခွဲဓားသိုင်းရဲ့ ဓားချက်တွေထဲက စွမ်းအင်က တစ်ချက်ပြီးတစ်ချက် စုပေါင်းလာတာပဲ။ နောက်ဆုံးမှာ ဒါက လျပ်တပျက် ရေကြီးသလိုပဲ၊ အစုလိုက်ပြန်ထွက်လာလိမ့်မယ်။ ဒါက သိပ်ခြောက်ခြားစရာပဲ။ ဒါပေမဲ့ ပြောရရင် တကယ့်တိုက်ပွဲမှာ ဘယ်သူက သူကမ္ဘာခွဲဓားသိုင်းကို အချက်နှစ်ဆယ် လုပ်နေတာကို ဒီတိုင်းကြည့်နေမှာလဲ။ စိတ်မလှုပ်ရှားကြစမ်းနဲ့”
“ဒါက တစ်ကြောင်းပေမယ့် သူအတန်းဖော်တွေထဲမှာ သူကို တော်တယ်လို့ ယူဆလို့ရတယ်။ ချူးလူကြီးမင်းက နောက်ဆုံးတော့ လုပ်နိုင်ခဲ့တာပဲ။ ဒါ့အပြင် သူ့သမီးရဲ့ ရောဂါကိုကုသနိုင်တော့မယ်”
လူတိုင်းက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ချူးယွင်ဖန်းက မကြားပေ။ သို့မဟုတ် တိတိပပမကြားနိုင်ပေ။ အလိုအလျောက်ပင် ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။ သူသည် ရှင်းပြရန်ခက်ခဲသောအခြေအနေတစ်ခုသို့ ကျရောက်နေသကဲ့သို့ ခံစားမိနေသည်။ သူတစ်ယောက်သာလျှင် ဖြတ်ကျော်မှုက သူရှေ့တည်တည့်တွင်ရောက်နေပြီဟု ခံစားရ၏။
သူ့ရှေ့တွင် ကမ္ဘာခွဲဓားသိုင်း၏ ပြီးပြည့်စုံအဆင့်ရှိနေပြီဖြစ်သည်။ သူက ကမ္ဘာခွဲဓားသိုင်းကို ခွန်အားအတော်သုံးကာ အဆက်မပြတ်ကျင့်ကြံလျက်ရှိသည်။ သူပင်ပန်းလာသည်ဟု ခံစားရတိုင်း သူ့ခေါင်းထဲရှိ နတ်ဘုရား စိတ်ဝိဉာဉ်က ကြည်လင်သော
စီးကြောင်းတစ်မျိုးကိုထုတ်လွှတ်ပေးလျက်ရှိကာ သူ့ခန္ဓာကိုယ်၏ မောပန်းမှုသည် ချက်ချင်းပင် ပြေပျောက်သွား၏။ ပေါင်၄၀လေးသော ဓားသွယ်သည်ပင်လျှင် အားမန်အပြည့်ဖြင့် ဝှေ့ယမ်းခံနေရ၏။
အချိန်သည် အကြိမ်ကြိမ်ကုန်ဆုံးသွားသော်လည်း ချူးယွင်ဖန်းသည် အချိန်မည်မျှကုန်ဆုံးသွားမှန်းသတိမထားမိပေ။ သူ့ဓားချက်များ၏ စွမ်းအင် အလွန်မြင့်မားလာသည်ကိုသာ ခံစားမိသည်။ ဓားချက်တစ်ချက်ပြီးတစ်ချက်သည် အတားအဆီးတစ်ခုကို ထိုးဖောက်ခွဲဖြတ်နေသကဲ့သို့ ထင်ရ၏။
သူ အချိန်မည်မျှကုန်သွားသလဲမသိပေ။ နောက်ဆုံးတွင် သူ့ဓားသွယ်သည် ရှေ့မှအရာအားလုံးကို ခွဲဖြတ်ပစ်နေ၏။ ရုတ်တရတ်ပင် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လှိုဏ်ဂူတစ်ခုထဲသို့ ဝင်သွားရာမှ အလင်းကိုတွေ့လိုက်ရသော ခံစားချက်မျိုးဖြစ်သည်။
“ငါ နောက်ဆုံးတော့ ပြည့်ဝစုံလင်အဆင့်ကိုရောက်ပြီ”
ချူးယွင်ဖန်း၏ အသံထွင်လာသည်နှင့်တစ်ပြိုင်နက် ဓားသွား၏ အရှိန်အဝါသည် ချက်ချင်း ရပ်တန့်သွား၏။ ဓားသွား၏ အရှိန်အဝါကို လွတ်လွတ်လပ်လပ် ပြန်ရုတ်သိမ်းနိုင်သလို လွတ်လွတ်လပ်လပ် ပြန်ထုတ်နိုင်၏။ ဤသည်ကား ပြည့်စုံခြင်း၏ အစစ်အမှန်လုပ်ပိုင်ခွင့်ဖြစ်သည်။ ဓားသည် အားထုတ်စရာမလိုဘဲ ပေါ့ပါးစေနိုင်သလို လေးလည်းလေးလံစေနိုင်၏။
ပြီးပြည့်စုံအဆင့်သို့ရောက်သောအခါ ချူးယွင်ဖန်းသည် ကမ္ဘာခွဲဓားသိုင်းကို နောက်တစ်ကြိမ်ပြု၏။ ၎င်း၏စွမ်းအားသည် ယခင်ကထက် နှစ်ဆပိုသန်မာ၏။ အကယ်၍သာ သူ့ခွန်အားအကုန်သုံးမည်ဆိုလျှင် သူနှင့် အဆင့်ချင်းတူသည့် ဂေါင်ဟုန်ချီသည်ပင် သူ့ဆီမှ ဓားချက်၊ ငါးချက်ထက်ပို၍ တောင့်ခံနိုင်မည်မဟုတ်ဘဲ ချက်ချင်းပင် အရှုံးပေးရပေလိမ့်မည်။
ဤအချိန်တွင် ချူးယွင်ဖန်းက နာရီကိုကြည့်လိုက်သည့်အခါ ညပင်နက်နေခဲ့ပြီဖြစ်သည်။ သတိမထားမိဘဲ သူ တစ်ဆက်တည်း ၆နာရီကြာအောင် လေ့ကျင့်မိလိုက်ခြင်းဖြစ်၏။ ယခုမူ လေ့ကျင့်ရေးအခန်းထဲတွင် မည်သူမျှမကျန်တော့ပေ။ ဆိုရလျှင် လူနေရပ်ကွက်မှ လေ့ကျင့်ရေးအခန်းသည် တစ်ရက်တွင် ၂၄နာရီဖွင့်၏။
သူသည်လည်း တိတ်တဆိတ်အံ့သြသွားမိသည်။ သူကျင့်ကြံသော စစ်နတ်ဘုရားကျင့်စဉ်သည် သာမန်ကျင့်ကြံရေးလမ်းစဥ်များထက် ပို၍ကြာ၏။ သူ့ရုပ်ပိုင်းဆိုင်ရာသန်မာမှုသည် သာမန် ချီပင်လယ်ဒုတိယအဆင့်ထက် အဆပေါင်းများစွာသာသော်လည်း မည်မျှပင် ရုပ်ပိုင်ဆိုင်ရာသန်မာစေကာမူ ဓားသိုင်းတစ်ခုကိုတော့ တစ်ဆက်တည်း ၆နာရီကြာလေ့ကျင့်ရန် မဖြစ်နိုင်ပေ။ ဓားသိုင်းများသည် သူတို့ကိုယ်တိုင်ပင် လေးလံပြီးသားဖြစ်သည်။ ထို့အပြင် ကမ္ဘာခွဲဓားသိုင်းသည် ပို၍စွမ်းအားကြီးကာ အားပြင်း၏။ ယခုမူ သူ့လက်ပင် ကျိုးသွားသင့်နေပြီဖြစ်သည်။
သူက ထိုအကြောင်း အချိန်ခဏတာတွေးသည်။ ဤသည်မှာ သူ့ခေါင်းထဲရှိ နတ်ဘုရား စိတ်ဝိဉာဉ်ကြောင့်ဖြစ်နိုင်၏။ သူလက်လျော့တော့မည့်ဆဲဆဲတိုင်းတွင် ကြည်လင်သော စွမ်းအင်စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်တစ်လျောက်လုံးကို စီးမျောကာ ပင်ပန်းမှုကို ဟန့်တား၍ အသိစိတ်ကို ထိန်းပေးသည်။ ၎င်းက သူ့ကို ဆန်းကြယ်သော အခြေအနေတစ်ရပ်သို့ ရောက်စေ၏။ ဤ၆နာရီကြာလေ့ကျင့်မှုသည် သူ့ကမ္ဘာခွဲဓားသိုင်းကို ပြစ်ချက်ကင်းအဆင့်မှ ပြီးပြည့်စုံအဆင့်သို့ရောက်စေသည်။ မှန်သည်။ ဤ ၆နာရီတည်းကြောင့်တော့ ပြည့်စုံခြင်းသို့ရောက်ခဲ့ခြင်းမဟုတ်ပေ။ လွန်ခဲ့သောလဝက်ခန့်တည်းက စုပေါင်းလာသော အတွေ့အကြုံကြောင့်လည်းဖြစ်သည်။ ချူးယွင်ဖန်းသည် ယင်းနောက်ကွယ်မှ ဆန်းကြယ်မှုကို နားမလည်နိုင်သော်လည်း ကြည့်ရသလောက်တော့ ဆိုးသည့်အရာမဟုတ်ပေ။
အနည်းငယ်ရှင်းလင်းပြီးနောက်တွင် ချူးယွင်ဖန်းက အိမ်သို့ပြန်ခဲ့၏။ ယခုအချိန်တွင် သူ့မိသားစုက အိပ်ပျော်နှင့်ကြပြီဖြစ်သည်။ ချူးယွင်ဖန်းက ရေချိုးလိုက်သော်လည်း ချက်ချင်းအိပ်မပျော်သွားပေ။ သူက အွန်လိုင်းဖွင့်ကာ ဆေးဘက်ဆိုင်ရာအချက်အလက်အချို့ကို ရှာကြည့်၏။ သူ့ညီမလေး၏ ရောဂါကို ကုသပေးရန်ဖြစ်သည်။ လွန်ခဲ့သော နှစ်ရာကျော်က ဤသို့သော မျိုးရိုးဗီဇဆိုင်ရာရောဂါကို ကုသရန် နည်းလမ်းမရှိပေ။ ယခုမူ နည်းလမ်းရှိပြီဖြစ်သော်လည်း တန်ကြေးသည် သာမန်မိသားစုများမတတ်နိုင်သော ပမာဏဖြစ်နေ၏။ ယခင်ကမူ သူတို့မိသားစု မတတ်နိုင်သော ပမာဏဖြစ်သည်။ ယခုတော့ ချူးယွင်ဖန်းရှာရန်ဖြစ်နိုင်၏။ မရီးဒျန်သန့်စင်ဆေးတစ်လုံးကို ယွမ် ၃.၂ သန်းဖြင့်ရောင်းချနိုင်ခဲ့သည်။ အကယ်၍ သူသာအနည်းငယ် ထပ်မံထုတ်လုပ်နိုင်ပါက သူ့ညီမလေး၏ ရောဂါကို ကုသနိုင်မည်ဖြစ်သည်။ ယခု သူ့တွင် ဆေးသင်တန်းသား လက်မှတ်လည်းရှိနေခဲ့ပြီဖြစ်သည်ကြောင့် သူဖော်စပ်သော ဆေးများကို ပြန်ရောင်းထုတ်နိုင်ပြီဖြစ်သည်။
အရာအားလုံးသည် အဆင်သင့်ဖြစ်နေ၏။ တိုက်ပွဲလေ့ကျင့်ရေးမှပြန်လာလျှင် သူ့ညီမ၏ ရောဂါကို ကုသရန် ပိုက်ဆံရှာဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
ယခုအခိုက်အတန့်တွင် ခန့်မှန်းကုန်ကျငွေကို သေချာစေရန်စီစစ်ကြည့်နေခြင်းဖြစ်၏။ ဤသို့သော ပစ္စည်းများသည် အင်တာနက်ပေါ်တွင် လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ အချို့ဆေးရုံများအတွက် ကြော်ညာထားသော ပစ္စည်းများပင်ရှိ၏။ ချူးယွင်ဖန်းက တစ်ချက်ကြည့်ကာ ခွဲစိတ်မှု နှစ်မျိုးရှိမှန်းသတိထားမိလိုက်သည်။ သာမန်ခွဲစိတ်ကုသခြင်းသည် ယွမ် ၁၀ သန်းခန့်ကုန်ကျမည်ဖြစ်သည်။ ဤနည်းသည် သာမန်လူကဲ့သို့ပင် ထရန်၊ လမ်းလျှောက်ရန် ပြေးရန် လုံလောက်သည်။ သို့သော် ဤသည်မှာ အကုန်ပင်ဖြစ်သည်။ သာမရိုးကျစွာပင် ဤသို့သော လူနာများ၏ အာရုံကြောများနှင့် ကြွက်သားများသည် အချိန်အတော်ကြာ ချည့်နဲ့နေကြသဖြင့် သူတို့သည် မကျင့်ကြံနိုင်ကြပေ။
ယွမ်သန်း ၅၀ခန့်ကုန်ကျမည့်အကျိုးများသော အခြားကုသမှုအသစ်တစ်ခုလည်းရှိသေးသည်။ လူနာသည် သူတို့၏ မူလအခြေအနေသို့ပြန်လည်ရောက်ရှိမည်ဖြစ်ကာ သာမန်လူကဲ့သို့ နိစ္စဒူဝလုပ်ငန်းများလုပ်ဆောင်နိုင်မည်သာမက ကျင့်ကြံ၍ပင်ရမည်ဖြစ်သည်။ သဘာဝကျကျပင် ချူးယွင်ဖန်းက ဒုတိယကုသနည်းကို ရွေးချယ်ရန် တုံ့ဆိုင်းမနေပေ။
သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ကာ အချိန်တစ်ခုကြာပြီးသည့်နောက်တွင် သူ့ညီမလေး ထပ်မံ၍ ပြေးနိုင်၊ ခုန်နိုင်တော့မည်။ ဝှီးချဲပေါ်မှာနေရသည့် ဒုက္ခကို သူမနောက်ထက် သည်းခံရန်မလိုတော့ပေ။
အရာရာသည် သိပ်မဝေးတော့ပေ။
အခန်း (၇၅) ဖန်ဒေယင်းပဲ
မြင်းဖြူတစ်ကောင် ဒုန်းစိုင်းသွားသကဲ့သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်ကုန်သွား၏။ အမှတ်(၁၃) အထက်တန်းကျောင်းသည် အလွန် အသက်ဝင်နေ၏။ ကျောင်းသားများသည် လက်နက်များကိုင်ကာ စစ်တိုက်ရန်အသင့်ပြင်ဆင်ထားကြသည်။ ကြည့်စရာမလိုအောင်ပင် ဤကျောင်းသားများသည် သိုင်းပညာ အထူးတန်းမှ ကျောင်းသားများဖြစ်ကြသည်။ ဤသည်မှာ သင်္ကေတတစ်ခုသဖွယ်ဖြစ်နေ၏။ အခြားကျောင်းသားများသည် လေးစားမှုများဖြင့် သူတို့အားကြည့်နေကြသည်။
ဤလူများထဲတွင် အသက် ၁၆၊ ၁၇ ဟုထင်ရသော လူငယ်တစ်ယောက်ရှိနေ၏။ သူသည် အနက်ရောင်သိုင်းပညာဝတ်စုံကို ဝတ်ဆင်ထားကာ သန့်ရှင်းသပ်ရပ်နေ၏။ နောက်ကျောဘက်တွင် တိုက်ပွဲဓားသွယ်ကို လွယ်ထားကာ ဓားအိမ်ထဲတွင်ထည့်ထား၏။ ထို့ကြောင့် မည်သို့မည်ပုံရှိသည်ကို လူအများက မမြင်နိုင်ကြသော်လည်း မျက်စိလျင်သောကျောင်းသားအချို့ကတော့ ဓားအိမ်ပေါ်မှ သင်္ကေတကိုတော့ တစ်ကြိမ်နှင့်ပင် သတိထားမိသည်။
“အဲ့တာ အရိပ်မဲ့ဆေဘာဓား မဟုတ်လား၊ ငါ အဲ့အကြောင်း မဂ္ဂဇင်းတွေထဲပဲဖတ်ဖူးတာ။ ငါတို့ကျောင်းကလူတွေ ဒီဓားမျိုးကို ဝယ်နိုင်၊ တတ်နိုင်လိမ့်မယ်လို့မမျှော်လင့်ထားဘူး။”
ကျောင်းသားအချို့က သင်္ကေတကိုတွေ့သည်နှင့် သတိထားမိသော်လည်း အာမေဋိတ်အသံပြုရုံမျှလွှဲ တခြားမတတ်နိုင်ပေ။
“အဲ့တာ တကယ့်ကိုပဲ တစ်လတ်ကို သုံးသန်းပေးရတဲ့ အရိပ်မဲ့ဓားပဲ။ အဲ့တာကြောင့် မွန်းစတား မုဆိုးတွေရဲ့ အကြိုက်ဆုံးဖြစ်နေတာပဲ။ လူတော်တော်များများတောင် အဲ့တာဝယ်ဖို့ ချွတ်ခြုံကျသွားကြတယ်”
“ငါတို့ကျောင်းက ဆွေကြီးမျိုးကြီးကျောင်းမဟုတ်ပေမယ့် လူချမ်းသာအတော်များများတော့ ရှိတယ်။ ဒါပေမဲ့ ဒီစီနီယာကို သိပ်ရင်းရင်းနှီးနှီးမမြင်ဖူးဘူး၊ ငါသိတဲ့ လူချမ်းသာစီနီယာထဲကတော့ မဟုတ်ဘူး”
“မင်းတို့လို အဆင့်နိမ့်ကျောင်းသားတွေ သူ့ကိုမသိတာ သာမန်ပဲ။ အဲ့တာ ချူးယွင်ဖန်းလေ။ လွန်ခဲ့တဲ့ နှစ်လအတွင်းမှ သူနာမည်သူထွင်းလာတာပေမယ့် သူက အရမ်းသန်မာတယ်။ အရင်လတန်းခွဲစာမေးပွဲအချိန်အတွင်းမှာ ချီပင်လယ်အဆင့်ကို စရောက်တာ။ အခုတော့ သိုင်းပညာအထူးတန်းရဲ့ လက်ရွေးစင်ကျောင်းသားတစ်ယောက်ဖြစ်နေပြီ”
ကျောင်းသားအချို့က မျက်စိလျင်ကာ ချူးယွင်ဖန်းကို သတိထားမိကြသည်။ နောက်ဆုံးတော့ ဤအချိန်အတောအတွင်းတွင် ချူးယွင်ဖန်း နာမည်ကြီးလာခဲ့ပြီဖြစ်သည်။
“ဒါဆို အဲ့တာသူပေါ့။ ငါ သူ့အကြောင်းကြားဖူးတယ်။ ဒါပေမယ့် သာမန်အတန်းအစားထဲကလို့ပဲ ကြားတယ်နော်။ ဘယ်လိုလုပ် အရိပ်မဲ့ဓားသွယ်ကို တတ်နိုင်မှာလဲ။ သာမန်လူချမ်းသာတစ်ယောက်တောင် မတတ်နိုင်တာ။ မွန်းစတား မုဆိုးတွေ၊ ရှာဖွေသူတွေ အများကြီးက ဒီဓားဝယ်နိုင်ဖို့ မွဲသွားကြတာလေ”
ကျောင်းသားတစ်ယောက်ပြီးတစ်ယောက် တစ်ခုခုကို သတိထားမိသည့်အတိုင်း ခေါင်းညိတ်ထောက်ခံကြသည်။ သာမန်အတန်းစားကျောင်းသားများသည် ချူးယွင်ဖန်းကို လေးစားကြကာ သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ်၊ ပန်းတိုင်အဖြစ်သဘောထားကြ၏။
“ငါလည်း သူ သာမန်အတန်းစားကျောင်းသားလို့ကြားသည်၊ ဒါပေမယ့် ပြောရတော့ခက်ပါတယ်။ ဘယ်သူသိမလဲ။ ငွေကြေးအဖွဲ့ကြီးတစ်ခုခုဆီက ထောက်ပံ့ငွေရရင်ရထားမှာပေါ့၊ ဒါလည်းဖြစ်နိုင်တာပဲ”
ကျောင်းသားများသည် “အိုး” ဟူ၍ တုံ့ပြန်ကြသည်။ ဤသည်မှာ ဖြစ်နိုင်ချေအရှိဆုံးအကြောင်းပြချက်တစ်ခုဖြစ်သည့်အတွက် အမှန်တရားကို သိကြသည်ဟုထင်နေကြခြင်းဖြစ်သည်။
ချူးယွင်ဖန်းက သူ့တိုက်ပွဲဓားကို ကျောတွင်သယ်ကာ လူအုပ်ထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏။ ဘေးပတ်လည်ရှိကျောင်းသားအားလုံးသည် သူ့နောက်ကျောပေါ်မှ ဆေဘာအကြောင်းဆွေးနွေးနေကြသူများဖြစ်သည်။ ကြီးကျယ်သော ယွမ် ၃သန်းတန် အရိပ်မဲ့ဆေဘာဓားသည် ထိုကျောင်းသားများအတွင်တော့ စိတ်ကူးယဥ်တည်ရှိမှုတစ်ခုဖြစ်နေ၏။
တကယ်တမ်းတွင် ချူးယွင်ဖန်းသည် အရိပ်မဲ့ဓားကို မနေ့ကမှရခြင်းဖြစ်သည်။ တိုက်ပွဲစစ်မတိုင်မီ နောက်ဆုံးတော့ ရခဲ့၏။ ဓားကို ခွန်းလွန်နယ်ပယ်တွင်သာ ရှိသော ရှေးဟောင်းကျောက်တစ်မျိုးကို အဆင့်မြင့်နည်းပညာသုံးကာ ပြုလုပ်ထားခြင်းဖြစ်သည်။ ပြည်ထောင်စုအစိုးရမှ ထုတ်ပေးသော တိုက်ပွဲဓားသည်ပင် ပေါင်လေးဆယ်လေး၏။ အရိပ်မဲ့ဓားသည်မူ သာမန်ဓားများထက် အဆပေါင်းများစွာပို၍ ထက်ကာ ခိုင်မာသည်။ သို့သော် ၎င်းသည် ပေါင် ၂၀ သာလေး၏။ တူညီသောခွန်အားဖြင့် စစ်သည်၏ တိုက်ပွဲခံနိုင်ရည်သည် အလိုလိုပင် နှစ်ဆဖြစ်သွားပေလိမ့်မည်။
အတန်းထဲသို့ဝင်သောအခါ သူ့မျက်လုံးကို ကြိုဆိုနေသည်က လက်နက်ပေါင်းစုံနှင့် အနည်းငယ်စိတ်လှုပ်ရှားနေကြသော ဆယ်ကျော်သက်ကလေးများ၏ မျက်နှာတို့ပင်ဖြစ်သည်။ ချူးယွင်ဖန်းက ဝှေ့ဝိုက်ကြည့်၏။ သူ့ကဲ့သို့ သန်းကျော်တန်လက်နက် ယူဆောင်လာသော ကျောင်းသားအနည်းငယ်သာရှိသော်လည်း အားလုံးနီးပါးသည် ပို၍ကောင်းသော လက်နက်ကို လဲနိုင်ကြသည်။ မည်သူကမှ အစိုးရကထောက်ပံ့ပေးထားသော လက်နက်များကို အသုံးပြုမနေကြပေ။ ဤသည်ကား တိုက်ပွဲအစစ်ဖြစ်သဖြင့် မည်သူကမှ မိမိအသက်ကို ကစားနေကြမည်မဟုတ်ပေ။ သာမန်အတန်းအစားမိသားစုသည်ပင်လျှင် သိန်းရာပေါင်းများစွာတန်သော လက်နက်များကိုဝယ်ရန် အကောင်းဆုံးလုပ်ကြမည်ဖြစ်သည်။ ချူးယွင်ဖန်း၏ မိသားစုသည်လည်း ဤအကြောင်း သူ့ကိုမေးခဲ့သေး၏။ သို့သော် သူ့ပိုကောင်းသောဖြေရှင်းချက်ကြောင့် မိဘများ၏ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။ သူထိုင်ပြီးသိပ်မကြာခင်မှာပင် ဂေါင်ဟုန်ချီ၏အသံကို ကြားလိုက်ရသည်။
“ဝိုး… မင်းတကယ် အရိပ်မဲ့ဓားကို ဝယ်လိုက်တာပဲ”
ဂေါင်ဟုန်ချီက လှံရှည်တစ်ခုကို လက်ထဲတွင်ကိုင်ထားသည်။ လှံ၏ကိုယ်ထည်က သတ္ထုရောင်တောက်ပမှုကိုပေးနေကာ လှံထိပ်တွင် စူးရှသောအလင်းက တောက်နေ၏။ ဂေါင်ဟုန်ချီက ချူးယွင်ဖန်းနောက်ကျောပေါ်မှ ဓားသွယ်ကိုကြည့်ကာ သူ့မျက်လုံးများအရောင်တောက်လာသည်။ ချူးယွင်ဖန်း အရိပ်မဲ့ဓားကို ဝယ်ချင်မှန်း သူကြားခဲ့ဖူးသော်လည်း စကားအဖြစ်ဆိုရုံဟုသာထင်ခဲ့သည်။ ကုန်ကုန်ပြောရလျှင် ချူးယွင်ဖန်း၏ မိသားစုနောက်ခံအကြောင်း သူရှင်းလင်းစွာသိသည်။ ထို့အပြင် သူ့ငွေကြေးအကူအညီကိုလည်း ငြင်းဆိုခဲ့သေး၏။ ထို့ကြောင့် ဤဓားကို မဝယ်နိုင်သင့်ပေ။
“မနေ့ကမှရောက်တာ” ချူးယွင်ဖန်းက ပြုံးလျက်ဆိုသည်။
ထို့နောက် ဂေါင်ဟုန်ချီက မျက်မှောင်ကြုတ်ကာ ဆိုသည်။
“ကုမ္မဏီအကြီးတွေဆီ လက်မှတ်ထိုးပြီး မင်းကိုယ်မင်းရောင်းချပစ်လိုက်တယ်လို့တော့မပြောနဲ့နော်။ အဲ့ကုမ္မဏီကြီးတွေက မင်းကို ပိုက်ဆံပေးမှာဆိုပေမယ့် သူတို့ မင်းကိုလုပ်စေချင်တဲ့အလုပ်က အသက်အန္တရာယ်ရှိတယ်။ ဒါက ၃သန်းမတန်ဘူး”
ကုမ္မဏီကြီးများသည် အရည်အချင်းရှိသော ငွေကြေးခေါင်းပါးသည့် ကျောင်းသားအချို့ကို ထောက်ပံ့ကာ သူတို့ကိုယ်သူတို့ စာချုပ်ချုပ် ရောင်းချစေသည်။ ဤသည်မှာ အလွန်ရက်ရောသည်ဟုတွေးနိုင်သော်လည်း၊ သူတို့လုပ်စေချင်သော အရာများသည် အလွန်အမင်း အန္တရာယ်ရှိ၏။ ဂေါင်ဟုန်ချီက သူ့ကိုတော့ ဤလမ်းကြောင်းမလျှောက်စေချင်ပေ။
“မင်းတကယ် ပိုက်ဆံမရှိဘူးဆိုရင် ငါ့ကိုပြောလို့ရပါတယ်။ မင်းဘဝနဲ့လဲလှယ်ဖို့လောက်ထိတော့ ဒါကမတန်ဘူးလေ”
ချူးယွင်ဖန်းက ပြုံးလိုက်ကာ ဆို၏။
“စိတ်မပူပါနဲ့ကွာ၊ ငါ ငတုံးမဟုတ်ပါဘူး။ ငါ့မှာ ပိုက်ဆံရဖို့အခြားနည်းတွေရှိပါတယ်။”
“ပြီးရော”
သူတို့စကားပြောနေစဥ်တွင် နောက်ထပ်ပုဂ္ဂိုလ်တစ်ဦးရောက်လာ၏။ တန်စီယုပင်ဖြစ်သည်။ သူမက သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြသည်။ သူတို့အားလုံးသည် နဂိုအခန်း၁၁မှဖြစ်ကြသည်မို့ အခြားကျောင်းသားများထက် သေချာပေါက်ပိုရင်းနှီး၏။
တန်စီယုက ဓားရှည်ကိုကိုင်ထားသည်။ ၎င်း၏ပုံစံမှာ ရိုးရှင်းသည်မို့ တံဆိပ်ကိုပြောရန်မလွယ်ပေ။ သို့သော်လည်း သိသာစွာပင် မကောင်းသောအရာတစ်ခုတော့မဟုတ်ပေ။ ချုးယွင်ဖန်းက တန်စီယု၏ အရောင်အဝါ ထပ်မံပြောင်းလဲသွားကာ ပို၍သန်မာလာသည်ကို သတိထားမိသည်။ အကယ်၍ ချုးယွင်ဖန်းသာ လူသာမန်တစ်ယောက်ထက် အာရုံခံနိုင်စွမ်းမမြင့်လျှင် ဤသည်ကို သတိထားမိမည်မဟုတ်ပေ။ သူမက ချီပင်လယ်၏ တတိယအဆင့်ကို ရောက်ရှိနေပြီထင်ရသဖြင့် ချူးယွင်ဖန်းထက် ခြေတစ်လှမ်းသာနေသေး၏။
သို့သော် ချူးယွင်ဖန်းက ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။ လွန်ခဲ့သောတစ်လခန့်က တန်းခွဲစာမေးပွဲတွင် တန်စီယုသည် ချီပင်လယ်ဒုတိယအဆင့်သို့ရောက်နှင့်နေပြီးသားဖြစ်သည်။ ထို့ကြောင့် တစ်လအတွင်းတွင် နောက်ထက်ကျော်လွှားမှုတစ်ခုကို လုပ်နိုင်ခြင်းက သူမအတွက်ပုံမှန်သာဖြစ်သော်လည်း သူ့ရင်ထဲတွင် အနည်းငယ်လေးတော့ အံ့သြနေမိသည်။ တန်စီယုသည် တကယ့်ကိုပင် အံ့သြစရာကောင်းသည်။ ထို့ကြောင့်လည်း ဆရာ့အမြင်က သူမအပေါ်တွင် တမူထူးနေခြင်းဖြစ်သည်။ သိပ်မကြာလိုက်ခင်မှာပင်၊ အို့ယန်က အတန်းထဲသို့ဝင်လာ၏။ သူက တိုက်ပွဲဝတ်ဆုံကိုဝတ်ထားကာ ထူရှည်သော ဓားတစ်ချောင်းကိုလက်ထဲတွင်ကိုင်ထားသည်။ သူသည်လည်း လေးလံသော ဓား၏လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။
သူဝင်လာသည့်အခိုက်အတန့်တွင် ကျောင်းသားများက အံ့သြရုံမှတပါးအခြားမတတ်နိုင်တော့ပေ။ သူ့လက်ထဲရှိ ဓားသည်လည်း မြင့်မြတ်သော နောက်ခံရှိသည်။ အရိပ်မဲ့ဓားထက်တော့ စျေးနိမ့်ကျမည်မဟုတ်ပေ။ သူ့ဓားသည် တကယ်တမ်းတွင် ယွမ်သုံးသန်းထက် စျေးများ၏။ လူအုပ်သည် စကားအတော်ကြာပြောလိုက်သည်။ သိပ်မကြာခင်တွင် အတန်းပိုင် ကျင်းဝူက လမ်းလျှောက်ဝင်လာ၏။ သူက ဝေ့ဝိုက်ကြည့်လိုက်ကာ လူစုံတက်စုံရှိကြောင်းသေချာစေသည်။ ထို့နောက် သူကဆို၏။
“လူစုံပြီဆိုတော့ အဆင်သင့်ပြင်ရအောင်၊ ကွင်းပြင်ထဲမှာ လူစုကြမယ် ပြီးတာနဲ့ သွားကြမယ်”
ကျင်းဝူ၏စကားများကိုကြားချိန်တွင် လူအများက သူတို့လက်နက်ကိုယ်စီကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား၏။ တိုက်ပွဲစစ်သည် လာနေပေပြီဖြစ်ကာ မည်သူက နဂါးဖြစ်၍၊ မည်သူက တီကောင်ဖြစ်နေသည်ကို တိုက်ပွဲထဲတွင်သိရှိကြရမည်ဖြစ်သည်။
အတန်းခေါင်းဆောင် အို့ယန်၏ ခေါင်းဆောင်မှုဖြင့် လူတိုင်းသည် ကွင်းလယ်တွင်စုရန် ဦးတည်နေကြသည်။ ဤအချိန်တွင် အတန်း ၁ မှကျောင်းသားများသည်မူ စုဝေးပြီးကြပြီဖြစ်သည်။ သူတို့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ နဂိုတည်းက ယှဥ်ပြိုင်လျက်ရှိကာ သဘာဝအလျောက်ပင် ထိပ်တိုက်တွေ့ကြပြီဖြစ်၏။
သူတို့ထဲတွင် ချူးယွင်ဖန်းက ယခင် အတန်း ၁၁ မှကျောင်းသားများကိုလည်းတွေ့ကာ မိတ်ဆွေဟောင်းကြီး ဖန်ဒေယင်းကိုလည်းပြန်တွေ့၏။