← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆) အခန်းဂုဏ်သိက္ခာအတွက် တိုက်ပွဲ

အတန်းနှစ်ခု၏ ကျောင်းသားများသည် အခြေခံအားဖြင့် တစ်ကျောင်းလုံးကျောင်းသားများထဲမှ အကောင်းဆုံးများဖြစ်ကြသည်။ ထိုသူတို့ကို နှစ်ပိုင်းခွဲလိုက်ခြင်းဖြစ်သည်။ သူတို့နှစ်ဖွဲ့ကို ယှဥ်ပြိုင်စေကာ တစ်ဦးနှင့်တစ်ဦး အထောက်အကူဖြစ်စေချင်သည့် ကျောင်း၏ ရည်ရွယ်ချက်မှာလည်းသိသာ၏။ မည်သူကမျှ နောက်ကောက်ကျန်ခဲ့ချင်မည်မဟုတ်ပေ။

နှစ်ဖွဲ့လုံးသည် ကျောင်းသားများထဲမှ အကောင်းဆုံးများဖြစ်သည်။ မည်သူက အခြားသူထက် နိမ့်ကျကျန်နေခဲ့ချင်ပါ့မည်လဲ။

သာမန်ကျောင်းသားများကြားတွင် အတန်း(၂) ၏ အဓိကကျသော အို့ယန် ကဲ့သို့ အထင်ရှားဆုံး လူတစ်ဦးရှိသည်။

ထိုသူမှာ ၁၆ ၁၇ အရွယ်လောက်ရှိမည်ဖြစ်ကာ အို့ယန်နှင့်ကွာခြားသည်။ သူသည် သာမန်ကိုယ်ခန္ဓာမျိုးရှိသော်လည်း အရှိန်အဝါသည်မူ အို့ယန်ထက်တော့မနည်းပေ။ သိသာစွာပင် သူ့သည်လည်း ခံ့ညားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ချူးယွင်ဖန်းက သူ့အကြောင်းကြားခဲ့ဖူးပီး သူက အတန်း၁ ၏ ခေါင်းဆောင် ကျန်းထန်သာဖြစ်သည်။

အို့ယန် ကဲ့သို့ပင် သူတွင်လည်း တစ်ကျောင်းလုံး၌ ထင်ရှားသော ပုံသဏ္ဍာန်ရှိသည်။ အခြေခံအားဖြင့် သူသည် ကျောင်း၏ လူရှားပါးတစ်ဦးဖြစ်သ်ည။ ကျောင်းသည် နှစ်တန်းလုံး၏ ခွန်အားညီမျှစေရန် အတော်လေးအားထုတ်ထားဟန်တူသည်။ သို့သော် ကျန်းထန်အကြောင်းအခြားအကြောင်းအရာများလည်း သူကြားဖူးသည်။ ကျန်းထန်၏ဂုဏ်သတင်းမှာ အကောင်းချည်းတော့လည်းမဟုတ်ပေ။ အို့ယန်သည် ခပ်တန်းတန်းနေတတ်သောလည်း ဂုဏ်သတင်းမွှေး၏။ သို့သော် အတိတ်တွင်၊ ကျန်းထန်သည် သူ့မိသားစုအဆက်အသွယ်များပေါ်တွင် မှီခိုခဲ့ဖူးကာ ကျောင်းတွင် လူဆိုးဂိုဏ်းများဖြစ်ပေါ် စေခဲ့သည်။ ကျောင်းသားအများစု အနိုင်ကျင့်ခံခဲ့ရသည်။ ချူးယွင်ဖန်းသည်ပင် သူ့မျက်လုံးများနှင့် တစ်ကြိမ် တပ်အပ်မြင်ခဲ့ဖူးသည်။ ထို့ကြောင့် ကျန်းထန်နှင့် သိပ်မဆက်ဆံဖူးသော်လည်း ချူးယွင်ဖန်းတွင်တော့ ကျန်းထန်အပေါ် အကောင်းမြင်ခြင်းမရှိပေ။

မကြာခင်တွင် ချူးယွင်ဖန်သည် ပြင်းထန်သော အကြည့်တစ်ခုကိုခံစားလိုက်မိသည်။ ထို့ကြောင့်မော့ကြည့်လိုက်သောအခါ ဖန်ဒေယင််ဖြစ်နေသည်ကို မြင်ရ၏။ ချူးယွင်ဖန်းက ထိုကြမ်းကြုတ်သောအကြည့်ကို စိတ်ထဲမထည့်သည့်အတိုင်း ခပ်ပေါ့ပေါ့လေးပြုံးလိုက်သည်။ ဤသည်မှာ ဖန်ဒေယင််ကို ပို၍ပင်စိတ်ဆိုးစေ၏။

ကျန်းထန်က တန်စီယုကိုတွေ့သောအခါ သူ့မျက်လုံးများအရောင်းတောက်လာသည်။ ထို့နောက်ချက်ချင်းပင်အကြည့်ကို ရွှေ့ကာ ဆိုသည်။

“အို့ယန်၊ ငါတို့ယှဥ်ပြိုင်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီထင်တယ်”

“ဘာလဲ ငါ့ဆီမှာ ရှုံးတာမလုံလောက်သေးလို့လား” အို့ယန်က ပေါ်တင်ပြောဆို၏။ သူနှင့်ပြိုင်ဖူးသည့် ကျန်းထန်အပေါ်တွင် အကောင်းမြင်စိတ်လုံးဝရှိမနေပေ။ ကျန်းထန်၏မျက်လုံးများတွင်လည်း ကြမ်းကြုတ်သောအကြည့်များဖြတ်ပြေးသွားကာ ဆို၏။

“ငါတို့နှစ်ယောက်တည်း တစ်ယောက်ကိုယ်တစ်ယောက် တိုက်ခိုက်ရင် ပျင်းစရာကောင်းတယ်။ ကျောင်းက လက်ရွေးစင်ကျောင်းသားတွေကို အတန်းနှစ်ခုခွဲပြီး ငါတို့ကို တစ်ခန်းစီဦးဆောင်ခိုင်းတယ်။ ဒီအဓိပ္ပါယ်ကို မင်းနားလည်မယ်လို့ ငါထင်ပါတယ်။ ခုဆို တစ်လကျော်ခဲ့ပြီ။ ငါတို့နှစ်ယောက်လုံး ကောင်းကောင်းမတိုက်ဖြစ်သေးဘူး။ ငါတို့ဆရာတွေမလာခင် ဒီအချိန်ကို အခွင့်ကောင်းယူကြမလား။ အတန်း ၂ က အတန်း ၁ထက် ပိုသန်မာသလားဆိုတာသိရဖို့ ပြိုင်ကြည့်ကြမလား။”

“လုပ်ရအောင်”

“အတန်း ၁က အတန်း ၂ ထက် ပိုသန်မာတယ်”

‘မဖြစ်နိုင်တာ။ လေပဲပေါနေတာ ဘာအသုံးဝင်လဲ၊ အတန်း ၂ထက်ပိုသန်မာတယ်လို့ပြောနေတဲ့လူတွေ ငါ့ဓားကိုပဲလာပြောကြစမ်း”

ချက်ချင်းဆိုသလိုပင် ကျန်းထန်၏စကားလုံးများက လူအများကို အုံကြွစေသည်။ ဤလူတို့အားလုံးသည် ငယ်ရွယ်ကာ သိုင်းပညာများစွာကိုလည်းတက်ကျွမ်းကြသည်။ မယှဥ်ပြိုင်ဘဲ ဘယ်နေလိမ့်ကြမလဲ။ ကျောင်းက တားမြစ်ထားခြင်းကြောင့်သာ ဖြစ်သည်။

အို့ယန်က ခဏတာစဥ်းစားပြီးမှဆိုသည်။

“သေချာတာပေါ့။ တကယ်လို့ ငါနဲ့မင်းသာ မလုပ်ကြရင် အခြားသူတွေလုပ်ကြမှာပဲ။ အခန်း ၂က ဘယ်သူ ယှဥ်ပြိုင်ချင်လဲ”

ဤအချိန်တွင် အတန်း ၂မှ ကျောင်းသားတစ်ဦးက မတ်တပ်ရပ်ကာ ဆိုသည်။

“ငါကို လုပ်ခွင့်ပြုပါ”

ချူးယွင်ဖန်းက လှမ်းကြည့်လိုက်သည်။ ဤကျောင်းသားသည် ဝမ်လဲ့ဖြစ်ပီးသူက အရပ်ရှည်ကာ သန်မာ၏။ သူသည် ရှည်လျားသော ခြေလက်များရှိပီး တဖက်ကို အမှန်တကယ် ဖိအားပေးနိုင်ဟန် ရှိသည်။

“ငါ မင်းကိုတိုက်ခိုက်မယ်”

ထိုအခိုက်အတန့်တွင် ဖန်ဒေယင််သည် လက်မြှောက်ကာ စင်အောက်မှထွက်လာသည်။ ဝမ်လဲ့၏အမူအယာသည် အနည်းငယ်ဂုဏ်သိက္ခာရှိဟန်တူသည်။ ဖန်ဒေယင််သည် သည် ကျောင်းသားများအကြားတွင်အတော်လေး နာမည်ကြီးပီး ပထမတန်း၏ အတန်းခေါင်းဆောင်အနေဖြင့် သူသည် သဘာဝအလျောက်ပင် သာမန်ထက်ပို၏။

နှစ်ဘက်လုံးသည် တိုက်ပွဲဝင်ရန်အသင့်အနေအထားဖြင့်ရှိနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် စတင်တိုက်ခိုက်ကြ၏။ ဖန်ဒေယင််၏ အထူးကောင်းမွန်သော သံမဏိဓားရှည်သည် ပုံမှန်မဟုတ်စွာပင် ချွန်ထက်ကာ သူ့ဓားသိုင်းသည်လည်း ထိ‌ရောက်၏။ စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် သူက အလွန် အံ့အားသင့်ဖွယ်တိုက်ခိုက်မှုမျိုးကို ပြုလုပ်ပီး ဓားကို ဝမ်လဲ့၏ အရေးကြီးနေရာများကိုတည့်တည့် ထိုးသည်။ သူ့သိုင်းကွက်သည် လျင်မြန်ကာ အကြင်နာကင်းမဲ့နေ၏။ ဝမ်လဲ့က နောက်ကျမခံဘဲ သူ့လက်ထဲကိုင်ထားသော လှံရှည်သည် ချောမွေ့ပေါ့ပါးစွာလှုပ်ရှားနေကာ ဖန်ဒေယင််၏ ဓားချက်များကို ကာထုတ်နေသည်။

လူတိုင်းသည် အာရုံစူးစိုက်ကာ တိတ်တဆိတ်ကြည့်နေကြသည်။ နှစ်ဦးသားလုံးသည် ချီပင်လယ်အဆင့်သို့ရောက်နေကြပြီးဖြစ်သည်။ သိုင်းကွက်များဖလှယ်ချိန်တွင် သူတို့၏ ချီစင်စစ်သည် ကောင်းကင်ပေါ်တွင် ပျံကြဲနေသလို တိုက်ပွဲသည် အလွန်ပြင်းထန်လာသည်။

သို့သော် သိုင်းကွက်နှစ်ခုကြည့်အပြီးတွင် ချူးယွင်ဖန်းက ခေါင်းကို အသွင်သွင်ခါနေသည်။ ဝမ်လဲ့သည် သူ၏ ပြိုင်ဖက်မဟုတ်ပေ။ အများဆုံး အချက် ၂၀လောက်တွင်ရှုံးနေပြီဖြစ်သည်။ နှစ်ဖက်ကြားမှ ကွာခြားမှုအား ရိုးရိုးရှင်းရှင်းပင် အလုံးစုံမြင်နေရ၏။ ဝမ်လဲ့သည် ချီပင်လယ်အဆင့်သို့ရောက်နှင့်ပြီးသားဖြစ်သော်လည်း ပထမအဆင့်တွင်သာရှိသေးသည်။ အခြားတစ်ဖက်တွင်မူ ဖန်ဒေယင််သည် ချီပင်လယ်ဒုတိယအဆင့်၏ အထွဋ်အထိပ်ကာလသို့ ရောက်နေပြီးသားဖြစ်သည်။ ခွန်အားဖြစ်စေ၊ မြန်နှုန်းဖြစ်စေ၊ ဖန်ဒေယင််၏ ချီစွမ်းအားသည် ဝမ်လဲ့ထက်များစွာသာ၏။ သို့သော် ဤသည်က ချူးယွင်ဖန်းကို အနည်းငယ်လေး အံ့သြစေသည်။ ဖန်ဒေယင်် သူ့ကို အရှုံးပေးရပြီးနောက်တွင် သူသည် စိတ်ဓာတ်မကျသည့်အပြင် သူ့ခွန်အားသည်ပင် လျင်လျင်မြန်မြန်တိုးတက်လာ၏။

“ကျစ် ကျစ် မျှော်လင့်ထားတဲ့အတိုင်း၊ ဘယ်သူ့ကိုမှ လျှော့တွက်လို့မရဘူးပဲ!”

ချူးယွင်ဖန်းမျှော်လင့်ထားသည့်အတိုင်းပင်၊ ဝမ်လဲ့မှာ ရှုံးသွား၏။ ၁၉ချက်အထိသာ တောင့်ခံနိုင်ခဲ့သည်။ ဝမ်လဲ့၏ လက်မောင်းမှာ အခုတ်ခံလိုက်ရသဖြင့် ဓားဒဏ်ရာဆီမှ သွေးစက်များ တစ်စက်ခြင်း ကျနေ၏။ အတန်း(၂)မှကျောင်းသားများသည် ချက်ချင်းပင် ရှေ့သို့တိုးလာကြကာ အနာပေါ်သို့ ကုသဆေးဖြန်းပေး၏။ သိပ်မကြာခင်မှာပင် ဒဏ်ရာသည် စတင်၍ အနာကျက်လာ၏။

“ဖန်ဒေယင််၊ ရလဒ်ကို ကျောင်းသားတွေကြားဆုံးဖြတ်နိုင်ရင် ရပြီလေ။ ဒီလောက်သွေးထွက်သံယိုဖြစ်အောင် လုပ်စရာမလိုဘူး” ဂေါင်ဟုန်ချီက ‌ရှေ့တိုးကာဆိုသည်။

“ဒါ ဘာမှမဟုတ်ပါဘူး ဂေါင်ဟုန်ချီရဲ့။ အခု ငါတို့အတန်းတွေက ဘာသွားလုပ်ကြမလို့ ထင်လို့လဲ။ တိုက်ပွဲအစစ်ကို သွားနေကြတာ။ ငါတို့ မွန်းစတား တွေကို တိုက်တဲ့အခါ ဒီထက် ဆယ်ဆလောက် သွေးထွက်မှာပဲ။ လူတွေလည်း သေကြလိမ့်မယ်” ဖန်ဒေယင််က ဂေါင်ဟုန်ချီ၏ မိန်းမသဖွယ်စိုးရိမ်နေမှုကို လှောင်သည့်အနေဖြင့် အရယ်မရပ်နိုင်ပေ။

ဂေါင်ဟုန်ချီက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောသည်။

“မင်းဆိုလိုတာကို ငါနားလည်ပါတယ်။ ဝမ်လဲ့ကို မင်းအနိုင်ယူတာဟုတ်ပါတယ်၊ ဒါပေမဲ့ အနိုင်ရဖို့ သူ့ကိုခုတ်စရာမလိုဘူး။ ငါတို့ အခု ခရီးသွားရတော့မှာလေ။ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ”

ဖန်ဒေယင််က ကျယ်လောင်စွာရယ်ကာ ဆို၏။

“မင်းက သူ့သိမ်ငယ်မှုအတွက် ငါ့ကို အပြစ်တင်နေတာလား။ ရှေးခေတ်အချိန်တွေကတည်းက အနိုင်ရတဲ့သူကို ဘယ်သူမှအပြစ်မတင်ဖူးဘူး”

ဖန်ဒေယင််က ထိုသို့ဆိုပြီးသည့်နောက်တွင် အတန်း (၁) မှလူအများက အထင်သေးသော မျက်နှာထားများဖြင့် ကျယ်လောင်စွာရယ်သည်။ အတန်း ၂ ကျောင်းသားများသည်မူ မခံမရပ်နိုင် စိတ်ညစ်သော အမှုအယာတို့ဖြင့်ရှိနေ၏။

ပထမဆုံးအကြိမ်အဖြစ် အတန်း၏ ဂုဏ်သည် သူတို့၏ကိုယ်တိုင်၏ ဂုဏ်သိက္ခာနှင့် ထပ်တူကျနေ၏။ တကယ်တမ်းတွင် ဤသည်မှာ ကျောင်းသားများအကြား ယှဥ်ပြိုင်လိုစိတ်ကို ကိုယ်တိုင်ဖန်တီးမိစေရန် အတန်းခွဲရခြင်းဖြစ်သည်။

“ဂေါင်ဟုန်ချီ၊ ဘာလို့လဲကွ။ မင်းရော တိုက်ခိုက်ချင်လို့လား။ ဒါဆို ငါတို့ကြားက ပြဿနာကိုဖြေရှင်းပြီးသားဖြစ်မယ် ထင်တာပဲ” ဖန်ဒေယင်က ဂေါင်ဟုန်ချီကို တမင်ဆွပေးကာ ဆိုသည်။

“တိုက်ချင်တယ်ဆို လာလိုက်။ ငါမင်းကို ကြောက်မနေဘူး” ဂေါင်ဟုန်ချီကတစ်ဖန် သရော်ပြုံးပြုံးကာ ဆို၏။

ဂေါင်ဟုန်ချီက သူ့လှံကိုဆုတ်ကိုင်ကာ စည်းဝိုင်းထဲသို့ဝင်လိုက်သည်။ ထို့နောက် ဖန်ဒေယင််ကို လက်ညှိုးထိုးကာဆိုသည်။

“လာစမ်းပါ”

နှစ်ဦးကြားတွင် ကြာရှည်လှပြီဖြစ်သော မကျေနပ်ချက်များရှိပြီး အတန်း ၁၁ ၏ ထိပ်တန်းသုံးဦးအနေဖြင့် သူတို့တွင် ယှဉ်ပြိုင်စရာအတော်များသည်။ သဘောထားမကွဲဘဲ မည်သို့နေနိုင်မည်နည်း။

“ဒါဆိုလည်း သေချာကြည့်” ဖန်ဒေယင််က အော်လိုက်ပီး သူ့ဓားရှည်ကိုကိုင်ကာ စတင်တိုက်ခိုက်၏။

သူသည် အနီးကပ်တိုက်ခိုက်သူဖြစ်ကာ ဂေါင်ဟုန်ချီကမူ အဝေးလက်နက်ရှိသည်ကို သူသေချာသိ၏။ အကွာအဝေးကျယ်လာသည်နှင့်တစ်ပြိုင်နက် ဂေါင်ဟုန်ချီသည် အခြေအနေကို ထိန်းချုပ်လိုက်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့်ဤခြေလှမ်းသည် ဉာဏ်များကာ ကောက်ကျစ်၏။ သို့သော် ဂေါင်ဟုန်ချီသည်လည်းသာမန်လူမဟုတ်ပေ။ သူက ချက်ချင်းတုံ့ပြန်ကာ လှံကို အသုံးပြုကာ ခုခံလိုက်၏။ ထို့နောက် နှစ်ဦးသားသည် ထိပ်တိုက်တိုက်ခိုက်တော့၏။

အခန်း(၇၇) ချူးယွင်ဖန်း၏ တိုက်ခိုက်မှု

ဖန်ဒေယင််နှင့် ဝမ်လဲ့ကြားမှတိုက်ခိုက်မှုနှင့်နှိုင်းယှဥ်လျှင် ဖန်ဒေယင််နှင့် ဂေါင်ဟုန်ချီအကြားတိုက်ပွဲက ပိုပြင်းထန်၏။ နှစ်ဦးသား၏ခွန်အားသည် ပို၍လိုက်လျောညီထွေရှိကာ ညီမျှ၏။ ဖန်ဒေယင််သည် ချီပင်လယ်ဒုတိယအဆင့်သို့ ရောက်နှင့်ပြီဖြစ်ကာ ဂေါင်ဟုန်ချီသည်လည်း ဒုတိယအဆင့်ဖြစ်၏။

အချိန်ခဏအကြာအထိ နှစ်ဦးသား၏ လက်နက်များသည် ထိတိုက်သံများကို လေထဲတွင်ထွက်ပေါ်နေ၏။ နှစ်ယောက်သည် မည်သည့်နေရာမှကြည့်ကြည့် သိပ်ကွာသည်မထင်ရပေ။ အချိန်ခဏတာလေးအတွင်းမှာပင် သိုင်းကွက် တစ်ဒါဇင်လောက် ဖလှယ်နေကြ၏။ လူအများက တစ်ခုခုကိုလွတ်သွားမည်စိုး၍ အသက်ပင်မရှုဘဲ အာရုံစူးစိုက်လျက်ရှိကြသည်။ နှစ်ဦးလုံးသည် သေချာပေါက်ပင် အတန်းလက်ရွေးစင်များဖြစ်ကြသည်။ နှစ်ယောက်လုံးသည် အနာဂတ်တွင် အထူးတက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်မည့်အခွင့်အရေးများရှိသည်။

ဖန်ဒေယင်် ၏ ဓားသိုင်းသည် ထက်မြက်ပီး ကြမ်းတမ်းသလို ဂေါင်ဟုန်ချီ၏ လှံရေးက အထိန်းအကွပ် မရှိ ကြမ်းတမ်းလှသည်။ နှစ်ဦးလုံးသည် ထက်မြက်ကာ အားသာချက်ကိုယ်စီရှိ၏။

ချူးယွင်ဖန်းက ခွဲခြမ်းစိတ်ဖြာကြည့်သည်။ နှစ်ဦးလုံး တူညီသည်ထင်ရသော်လည်း မကြာမီတွင် တစ်စုံတစ်ခုက မှားနေမှန်းသတိထားမိ၏။ ဤအချိန်တွင် သူ့မျက်လုံးများသည် နှစ်ဖက်လုံး၏ စိတ်ထဲဝင်ဖတ်နိုင်သော စက်ယန္တရားတစ်ခုနှင့်တူသည်။ ချူးယွင်ဖန်းသည် တိုက်ပွဲအတွေ့အကြုံအား ရေမြှုပ်ကဲ့သို့ စုပ်ယူသည့်နည်းလမ်းကို အသုံးပြုနေခြင်းဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ လျူယုရှု ကပင် ချူးယွင်ဖန်း၏ တိုက်ပွဲအတွေ့အကြုံ အလျင်အမြန်တိုးတက်မှုအပေါ် ဂုဏ်ပြုခဲ့ဖူးသည်။

သို့သော် ချူးယွင်ဖန်း အခုသတိထားမိခြင်းမှာ နှစ်ဦးကြားမှ တိုက်ပွဲသည် သူ့စိတ်ထဲပုံဖော်ထားသော တိုက်ပွဲနှင့်ကွဲပြားနေခြင်းဖြစ်သည်။ သူက တစ်ကြိမ်မှ အမှားမလုပ်ဖူးသည်မို့ သူ့စိတ်ထဲပုံဖော်ထားသော တိုက်ပွဲပုံစံကို ယုံကြည်ရန်ရွေးချယ်ထားသည်။ အသက်အနည်းငယ်ရှုပြီးသည့်နောက်တွင် ချူးယွင်ဖန်းက ပြဿနာကိုနားလည်သွား၏။

ဖန်ဒေယင််က လျှော့ပေးနေတယ်။

တိုက်ပွဲ၏ အနိုင်ရရှိသူကို ဆုံးဖြတ်ရချိန်တွင် ချူးယွင်ဖန်းတွေးလိုက်မိခြင်းဖြစ်သည်။

ဂေါင်ဟုန်ချီသည် သတိမဲ့ကာ ဖန်ဒေယင််ဆီမှ ပြန်အတွန်းခံရသည်။ သူက ယိမ်းယိုင်ကာ တိုက်ပွဲစည်းထဲမှ ထွက်ကျမလိုဖြစ်သွား၏။ ဖန်ဒေယင််က ထိုအချိန်တွင် ရပ်နားခြင်းမရှိဘဲ ဂေါင်ဟုန်ချီ၏ နံရိုးများဆီသို့ သူ့ဓားကို တိုက်ရိုက်ထိုးရန် ရွယ်လိုက်သည်။

ယုတ်မာသော အပြုံးက ဖန်ဒေယင််မျက်နှာထက်တွင် ထင်ဟပ်လာသည်။ တိုက်ခိုက်စဉ်အတောအတွင်းတွင် လျှော့သုံးထားသောခွန်အားကို ဖွင့်ချရမည့် အချိန်ကောင်းကိုစောင့်နေခြင်းဖြစ်၏။ ယခုမူ သူ့အခွင့်အရေးက ရောက်လာခဲ့ပြီ။ လွန်ခဲ့သောနှစ်များအတွင်း ခံစားခဲ့ရသည့် ဒေါသကို ယခုတစ်ကြိမ်တည်းနှင့် စွန့်ထုတ်လိုက်နိုင်ပြီဖြစ်သည်။

“သေစမ်း” ဂေါင်ဟုန်ချီကလည်း ဤသည်ကို သတိထားမိသည်။ ဖန်ဒေယင််သည် အလွန် ကလိမ်ကျသည်။ သူက အနိုင်လိုချင်ရုံတင်မကဘဲ ပြင်းပြင်းထန်ထန်ဒဏ်ရာရစေချင်ခြင်းဖြစ်သည်။ ထိုအချိန်တွင် တာဝန်မယူလျှင်လည်း မည်သူက သူ့ကို အပြစ်တင်လိမ့်မည်နည်း။

ကျောင်းက ကျောင်းသားများကို နှစ်ကိုယ်ကြားမတိုက်ခိုက်ခိုင်းသည်မှာ မှန်သော်လည်း နှစ်ဘက်စလုံးမှ အလိုရှိသော ဤကဲ့သို့ ယှဉ်ပြိုင်မူတွင်မူ မည်သူမှအသက်မသေသရွေ့၊ အရေးကြီးသော နောက်ဆက်တွဲမရှိသ၍တော့ မသိချင်ယောင်ဆောင်ထားကြလိမ့်မည်။

လာနေသော ဓားချက်ကို သူကာကွယ်နိုင်လိမ့်တော့မဟုတ်ဟု တွေးနေစဉ်မှာပင် ဓားချင်းပွတ်တိုက်သံကို ကြားလိုက်ရ၏။ ဖန်ဒေယင်၏ ဓားချက်မှာ ပိတ်ဆို့ခံလိုက်ရသည်။ ချူးယွင်ဖန်းသည် သူမသိလိုက်ခင်မှာပင် စင်ပေါ်သို့ ရောက်လာ၏။ ချူးယွင်ဖန်းက အရိပ်မဲ့ဓားကို သုံးကာ သိုင်းကွက်ကို တားဆီး လိုက်ခြင်းဖြစ်သည်။

ဤအချိန်တွင် ဂေါင်ဟုန်ချီက သူ့ဟန်ချက်ကို ထိန်းလိုက်နိုင်ရုံသာရှိသေး၏။

“ချူးယွင်ဖန်း မင်း ငါတို့တိုက်ပွဲကို ဘယ်လိုလုပ်ဝင်ရှုပ်ရဲတာလဲ” ဖန်ဒေယင််က သူ့ဓား ဂေါင်ဟုန်ချီ၏ကိုယ်ထဲသို့ ဖောက်ထွင်းမသွားသည်ကို မြင်သောအခါ ချက်ချင်းပင် ဒေါသနှင့် အော်ဟစ်ပစ်လိုက်မိသည်။

“ပြိုင်ပွဲကို ဆုံးဖြတ်ပေးပြီးပြီပဲ၊ ဆက်တိုက်ဖို့လိုသေးလို့လား” ချူးယွင်ဖန်းက အေးစက်စွာဆိုသည်။ “မင်းက ဒီဓားချက်ကို လုပ်ချင်လို့ မင်းခွန်အားကို ဖုံးကွယ်ပြီး အလျှော့ပေးထားတာပဲ”

ဤအချိန်တွင် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လာကြသည်။ ထိုမှသာ ချူးယွင်ဖန်း၏ ပန်းတိုင်ကို သိရှိသွားကြခြင်းဖြစ်သည်။ အတန်း ၁ ၏ အများစုကပင် ဖန်ဒေယင််ကို မတူညီစွာကြည့်လာကြ၏။ သူတို့အားလုံးသည် အနိုင်ရခြင်းအတွက် တိုက်ခိုက်ကြရန် ရည်ရွယ်ချက်ရှိကြသည်။ အနိုင်ရရန် သီးသန့်ဗျူဟာများထုတ်သုံးခြင်းသည် သာမန်ဖြစ်သည်။ သို့သော် သူတို့သည် ကျောင်းနေဖော်ကျောင်းနေဖက်များဖြစ်ကြသည်။ အသေသတ်ရန်တိုက်ခိုက်ကြသည့် ရန်သူများမဟုတိပေ။ ဖန်ဒေယင််သည် သူ့စွမ်းအားကို အနိုင်ရရန်အသုံးပြုနေခြင်းမဟုတ်၊ အခြားတစ်ဖက်ကို ပြင်းပြင်းထန်ထန်ထိခိုက်နာကျင်စေရန်သာဖြစ်သည်။ ဤအချက်ကြောင့် လူအများက အထင်သေးလာကြ၏။

ဘေးဘီဝဲယာမှ ကျောင်းသားများက သူကို မတူညီစွာကြည့်နေသည်ကို မြင်ရသောအခါ ဖန်ဒေယင််က ချက်ချင်းပင် ဒေါသထွက်လာသည်။

“မင်းက ငါတို့ပြိုင်ပွဲကို ခွင့်ပြုချက်မရှိဘဲနှောက်ယှက်ပြီးမှ ဝေဖန်ရဲသေးတာလား။ ဒါက အတန်း ၂ က လူတွေရဲ့ အကျင့်ပဲလား။ နှစ်ယောက် တစ်ယောက်ပြိုင်ချင်တာလား”

ဖန်ဒေယင််၏ ပြက်ရယ်ပြုဟန်က အတန်း ၂၏ ကျောင်းသားအများစုကို မကျေမချမ်းဖြစ်စေသည်။ အို့ယန်သည်ပင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

ရုတ်တရတ် ကျန်းထန်က နှုတ်ခမ်းများကို ဟကာ ဆိုသည်။

“တိုက်ပွဲမှာ ခွင့်ပြုချက်မရှိဘဲ မဆီမဆိုင်ဝင်စွတ်ဖက်တာက မမှန်ဘူး။ ဒါတောင် မင်းက စည်းကမ်းတွေအကြောင်း ပြောချင်သေးတာလား။ အို့ယန်၊ အတန်း ၂ က မင်း လူတွေအားလုံးက ဒီလို အကျင့်ရှိတာလား။ ငါမင်းတို့ကို အရမ်းစိတ်ပျက်တာပဲ”

“ကျန်းထန်၊ မင်းမှာ စည်းမျဉ်းတွေအကြောင်းပြောဖို့ သတ္တိရှိနေသေးတာလား။ ဘယ်သူက မင်းရဲ့ အဲ့ခပ်သေးသေးအရာလေးကို မသိလို့လဲကွ။ ငြင်းချင်တာတစ်ခုခုရှိရင် လာစမ်းပါ” အို့ယန်က တွန့်ဆုတ်ခြင်းမရှိဘဲ အေးစက်စွာ ပြန်လည်ချေပသည်။ ကျန်းထန်၏ မျက်နှာသည် နီရဲကာ မုန်းတီးသော အရိပ်အရောင်များ မျက်နှာပေါ်ဖြတ်ပြေးနေ၏။

“ဒါက နှစ်ဦးတိုက်ပွဲဖြစ်တဲ့အတွက် နောက်တစ်ယောက်က ငါပဲ။ ဂေါင်ဟုန်ချီအတွက်ကတော့ ငါသူ့အစား အရှုံးကိုဝန်ခံပါတယ်။ ဖန်ဒေယင််၊ မင်းငါ့ကိုတိုက်ရဲလား” ချူးယွင်ဖန်းက ဆိုသည်။

ဖန်ဒေယင််၏ အစီအစဉ်ကို သူကြိုသိခဲ့ပြီးဖြစ်သော်လည်း ပြိုင်ပွဲဖြစ်သဖြင့် ဂေါင်ဟုန်ချီကို သူသတိမပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဂေါင်ဟုန်ချီသည် ရှုံးနှင့်နေပြီးဖြစ်သည်မို့ အကြီးအကျယ် ဒဏ်ရာရခြင်းမှ တားခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ ထိုဓားချက်က သူ့ပစ်မှတ်ကို ထိပါက ကုသဆေးသည် အသုံးမဝင်ပေ။ ဂေါင်ဟုန်ချီသည် ဆေးရုံပင် သွားရနိုင်၏။ ထို့ကြောင့် တိုက်ပွဲအစစ်ကို သူ လွတ်သွားလိမ့်မည်။ ထိုအချိန်တွင် ဂေါင်ဟုန်ချီနှင့် အခြားသူများအကြား ကွာခြားမှုများလာနိုင်သည်။ ဤသည်မှာ ဖန်ဒေယင််၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။

“သစ္စာရှိတာလား။ အတန်း ၂က တစ်ခုခုတော့ တစ်ခုခုပဲ” ဖန်ဒေယင်က လှောင်သည်။

“ မင်းကိုတိုက်ဖို့လား။ မလိုပါဘူး။ နားနေပြီး မင်းရဲ့ စွမ်းအင်စစ်ကိုသာ ပြန်ဖြည့်နေစမ်းပါ။ ငါအခွင့်ကောင်းမယူပါဘူး။” ချူးယွင်ဖန်းက ဆိုသည်။ သူမျက်လုံးများက ဒေါသရောင်တောက်နေ၏။ ဖန်ဒေယင်၏ ရည်ရွယ်ချက်ကို သိပြီးသည့်နောက်တွင် သူ့စိတ်ထဲမှ ဒေါသကို ဘယ်လိုမှထိန်းမထားနိုင်တော့ပေ။

သူ့နောက်တွင် ဂေါင်ဟုန်ချီက သူ့လှံရှည်ကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထား၏။ ဖန်ဒေယင်ထံတွင် ရှုံးရရကာ ပြင်းပြင်းထန်ထန်ဒဏ်ရာရလုနီးပါး ဖြစ်ရလိမ့်မည်ဟု သူမမျှော်လင့်ခဲ့မိပေ။ တိုက်ပွဲအစစ်တွင်ပင် မပါဝင်ရဘဲဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

“ကောင်းတယ်။ လက်ခံနိုင်စရာပဲ”

ဖန်ဒေယင်က လှောင်ပြောင်ကာ တင်ပျင်ခွေထိုင်လိုက်သည်။ အချိန်ခဏအကြာတွင် သူအသုံးပြုခဲ့သော ချီစွမ်းအင်ကို ပြန်လည်ဖြည့်တင်း လိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ ချူးယွင်ဖန်းကို ကြည့်သည်။

“မင်းရဲ့ဓားကို ထုတ်လိုက်။ မင်းငါ့ကို ပေးစရာရှိတဲ့ အကြွေးရော အတိုးရော အခု ငါပြန်ယူမယ်”

“ငါ့ဓားကို ထုတ်ရမယ်ဟုတ်လား၊ မင်းကိုတိုက်ဖို့ မလိုပါဘူး” ချူးယွင်ဖန်းက အေးစက်စွာဆိုသည်။

“ဘာ မင်းလိုကောင်ကများ”

ဖန်ဒေယင်က ချူးယွင်ဖန်း၏ စကားလုံးများထဲမှ အထင်သေးမှုများကို ခံစားမိသည်။ သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှေ့သို့တစ်လှမ်းတိုးကာ ချူးယွင်ဖန်းဆီသို့ တန်းပြေးသွား၏။ သူ့ဓားဆီမှ အလင်းရောင်သည် မြေပြင်ကို တောက်ပသွားစေသည်။

“ဒီတိုက်ကွက်တွေက မင်းကို ရင်ဆိုင်ဖို့ လုံလောက်ပါတယ်”

ချူးယွင်ဖန်းက စကားပြောပြီးသည်နှင့် ဓားအိမ်ထဲသိမ်းထားသော ဓားကို ဆွဲထုတ်လိုက်၏။ ဓားအိမ်မှထုတ်ယူပုံက သေသပ်ကာ အလွန်မြန်၏။

ချလန်

ဖန်ဒေယင်၏ဓားသည် ချူးယွင်ဖန်း၏ဓားအိမ်နှင့် တိုက်မိသွားသည်။ ဓားအိမ်သာဖြစ်သော်လည်း ၎င်းသည် ဓားသွားကိုပြုလုပ်ထားသော ကုန်ကြမ်းတစ်ခုတည်းမှ လုပ်ထားခြင်းဖြစ်သည်။ ထိုမှမဟုတ်လျှင် ဤသို့ထက်မြတ်သော ဓားကို တားဆီးထားရန်မဖြစ်နိုင်ပေ။

ကျ!

ဖန်ဒေယင်် က ထိတွေ့မှုဖြစ်သောနေရာမှ တန်ပြန်ထွက်လာသော ကြောက်မက်ဖွယ် ထူးဆန်းသော အင်အားကို ခံစားမိသည်။ ဤအင်အားက ကြီးမားပီး သူ့ဓားပင် လွတ်ကျလောက်သည်အထိ ဖြစ်စေ၏။ သူ၏ခန္ဓာကိုယ်ကိုပင် ဟန်ချက်မထိန်းနိုင်ပေ။ ထိုအင်အားကိုလွင့်ပြယ်စေရန် အနောက်သို့ ခြေတစ်လှမ်းဆုတ်ရုံမှလွဲ အခြားမတတ်နိုင်တော့ပေ။

“သူ့ခွန်အားက ဘယ်လိုလုပ် ဒီလောက်ကောင်းနေတာလဲ”

ဖန်ဒေယင်တစ်ယောက် သူ့နှလုံးသားထဲတိုက်ခိုက်နေသော မုန်တိုင်းတစ်ခုကို ခံစားလိုက်မိသည်။

အခန်း(၇၈) သိုင်းကွက်သုံးခုတည်းနဲ့ အနိုင်ယူခဲ့တယ်

သူတို့နှစ်ဦး သိုင်းကွက်ဖလှယ်နေကြခြင်းမှာ ပထမဆုံးအကြိမ်သာရှိသေးသော်လည်း ဖန်ဒေယင်က သူ့ကိုပင် လှုပ်ခါသွားစေနိုင်သော ထူးဆန်းသည့် အားတစ်ခုကို ခံစားလိုက်မိသည်။

ချူးယွင်ဖန်းနှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးသော်လည်း၊ ထိုအချိန်တွင် ချူးယွင်ဖန်းသည် ကျင့်ကြံခြင်း၏ အခြေခံအဆင့်များ၌သာရှိနေသေး၏။ တစ်လကျော်လောက်သာရှိဦးမည်ဖြစ်သော်လည်း ချူးယွင်ဖန်းသည် ကြောက်ခမန်းလိလိတိုးတက်လာ၏။

“ပထမဆုံး တိုက်ကွက်”

ချူးယွင်ဖန်းက ဤစကားလုံးနှစ်ခုကို ခံစားချက်မဲ့သော မျက်နှာထားဖြင့်ဆိုသည်။ ဖန်ဒေယင်က ထိတ်လန့်သွားသောအခြေအနေတွင်ရှိနေသော်လည်း ဤသို့ကြားသော်အခါ ပို၍ စိတ်ဆိုးလာ၏။ သူသည် သူ့အတန်းတွင်သာမက တစ်ကျောင်းလုံး၏ လက်ရွေးစင်ဖြစ်သည်။ သူနှင့် ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်မှာ တူညီသလောက်ရှိသော်လည်း ယခုမူ ချူးယွင်ဖန််းက သူ့ကို သိုင်းကွက်သုံးကွက်အတွင်း အနိုင်တိုက်ချင်နေ၏။

ဖန်ဒေယင်က အော်ဟစ်ကာ သူ့ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်သည်။ ထို့နောက် သူ့လက်ထဲမှဓားသည် အလွန်အမင်းအံ့သြထိတ်လန့်ဖွယ်ကောင်းသော ချီစွမ်းအင်ဖြင့်ပေါ်ထွက်လာ၏။ ချီပင်လယ်အဆင့်ကျွမ်းကျင်သူသည် ကိုယ့်လက်နက်ပေါ်တွင် စစ်မှန်စွမ်းအားကိုထည့်သွင်းနိုင်၏။ ဤသည်က လက်နက်၏ အားကို အလွန်အင်မတန်မြှင့်တင်ပေး၏။ ထိုသို့ဖြစ်လျှင် တိုက်ခိုက်သူ၏ အမြန်နှုန်းနှင့် ခွန်အားသည် ပို၍သန်မာလာမည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်း၏မျက်နှာသည် ခံစားချက်မဲ့နေသေးသည်။ သူသည်လည်း ချီစွမ်းအင်ကို အသက်သွင်းနှင့်ပြီးသားဖြစ်သည်။ ဓားအိမ်ကိုရုတ်တရက်လွှဲလိုက်ခြင်းဖြင့် ဂေါင်ဟုန်ချီ၏ ချီစွမ်းအင်ကို အချည်းနှီးဖြစ်စေလိုက်သည်။ ဖန်ဒေယင်၏ စွမ်းအားသည် အတော်လေး စွမ်းအားကြီးသော်လည်း ရှေးဟောင်းသတ္ထုနှင့်ရောစပ်ပြုလုပ်ထားသော ဓားအိမ်ကိုတော့မဖျက်စီးနိုင်ပေ။

ချလန်

ဓားအိမ်သည် ဖန်ဒေယင်၏ဓားကို အညှာအတာကင်းမဲ့စွာ ထုချေပစ်လိုက်သည်။

ချွင်း

နောက်ထပ် သတ္ထုပွတ်တိုက်သံတစ်ခုက ပေါ်ထွက်လာသည်။ ၎င်းနှင့်အတူ ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုလည်း ဖြာထွက်လာ၏။ ဖန်ဒေယင်၏ လက်သည် အပြင်းအထန်တုန်လှုပ်လာကာ အနောက်သို့ ခြေလှမ်းများစွာပြန်ဆုတ်လိုက်ရ၏။

ဤနေရာတွင်ရှိသည့်လူတိုင်းက လက်ရှိဖြစ်ရပ်ကို မြင်ကြသည်။ အများစုသည် လေအေးများ အဆုတ်အပြည့်ရှုသွင်းလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ တိုက်ကွက်နှစ်ခု၊ နှစ်ကြိမ်လုံးတွင် ဖန်ဒေယင်ဘက်မှ အရင်စတိုက်ခိုက်ခြင်းဖြစ်သဖြင့် သမရိုးကျအတိုင်းဆို သူက ပိုသာနေသင့်သည်။ ချူးယွင်ဖန်းသည် သိပ်အလျင်မလိုနေဘဲ ဓားအိမ်ထဲတွင်သာရှိနေသေးသည့် ဓားကို ကိုင်ကာ တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည့်တိုင် ဖန်ဒေယင်ကို ကျော်နိုင်၏။

ဤနေရာရှိ မည်သူကမျှ ငတုံးမဟုတ်ပေ။ မည်သူက သန်မာပြီး မည်သူက အားနည်းသည်ကို သူတို့ သေချာမြင်နိုင်ကြ၏။ သို့သော် သူတို့သည် ချူးယွင်ဖန်းဆိုခဲ့သည်ကို ယုံကြည်ခြင်းမရှိပေ။ သူက ဖန်ဒေယင်ကို သိုင်းကွက် ၃ ခုအတွင်း အလဲထိုးမည်ဟုဆိုထားသော်လည်း ယခု တိုက်ကွက် ၂ခုရှိချေပြီ။

“ကောင်းလိုက်တဲ့ ခွန်အား” ကျန်းထန်၏ အကြည့်ထဲတွင် အံ့အားသင့်သော အရောင်အဝါများဖြတ်ပြေးသွားသည်။

တန်စီယုက ချူးယွင်ဖန်းကို ထူးဆန်းသောအကြည့်မျိုးဖြင့်ကြည့်နေ၏။ သို့သော် ဤသည်မှာ ပုံမှန်သာဖြစ်သည်။ ဤအတန်းဖော် ချူးယွင်ဖန်းကို သတိထားခဲ့သည့်အချိန်မှစ၍ သူသည် တစ်ကြိမ်တည်းတွင် ကျွမ်းကျင်မှုများစွာကို ပြသခဲ့သည်။ ယခုဖြစ်ရပ်သည်လည်း ထိုနည်းတူပင်ဖြစ်၏။

“ဒုတိယ တိုက်ကွက်”

ချူးယွင်ဖန်းက ထိုစကားလုံးနှစ်လုံးကို ထမ်မံ၍ ရေရွတ်သည်။

ဖန်ဒေယင်က ပို၍ပင် စိတ်တိုလာသည်။ ချူးယွင်ဖန်း အတော်လေးလွန်နေခဲ့ပြီဖြစ်၏။ ဤအချိန်တွင် သူလက်မောင်းတစ်ခုလုံးက ထုံလာ၏။

ချူးယွင်ဖန်း မည်မျှလောက်ထိ သန်မာသနည်း။

ချူးယွင်ဖန်းသည် ဆက်တိုက်အတိုက်ခံနေရာမှ ယခု နောက်ဆုံးတွင် ပထမဆုံးတိုက်ကွက်ကို စတင်၏။ ဤသည်မှာ ကမ္ဘာခွဲဓားသိုင်း၏ သိုင်းကွက်များထဲမှ တစ်ခုဖြစ်သည်။ ဓားချက်သည် တောင်တစ်ခုနှယ်ဖြတ်တောက်နေ၏။၊ တစ်ဆက်တည်းတွင် ဓား သည် ဖန်ဒေယင်၏ မျက်နှာတည့်တည့်ဆီသို့ လျှပ်စီးတစ်ကြောင်းကဲ့သို့ ဝင်လာ၏။ ဖန်ဒေယင်၏မျက်နှာသည် ကြောက်လန့်မှုဖြင့်ဖျော့တော့လာကာ ခုခံရန် အချိန်အလုံအလောက်မရှိသဖြင့် သူ့ဓားဖြင့် ခပ်မြန်မြန်ကာလိုက်၏။

ချလန်

လက်နက်ခြင်း ထိခိုက်မိသံနှင့်အတူ ဖန်ဒေယင် လက်ထဲမှ ဓားကို ခိုင်မြဲအောင် ဆုပ်ကိုင်မထားနိုင်တော့ဘဲ ချက်ချင်းလွင့်ထွက်သွား၏။ ဓားကိုကိုင်ထားသောလက်က ကွဲအက်သွားသဖြင့် သွေးများ စီးကျလာ၏။

ထိတ်လန့်မှုနှင့်အတူ သူ့လက် တစ်ချောင်းလုံးသည် ထုံကျင်သွားသည်။

ချူးယွင်ဖန်း၏ ဓားအိမ်သည် ထောပတ်ကိုလှီးနေသော ဓားတစ်ချောင်းကဲ့သို့ အားအင်ကလျော့မသွားဘဲ ဖန်ဒေယင်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။

ဘမ်း

ဖန်ဒေယင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရှေ့သို့ ၃မီတာကျော်လောက်လွင့်ထွက်သွားပီး မြေပြင်ပေါ်သို့ ကျသွား၏။ သူ၏ ခန္ဓာကိုယ်သည် ပုဇွန်တကောင်ကဲ့သို့ ကွေးကာ မြေပြင်ပေါ်တွင်လူးလိမ့်ပီး နာကျင်မှုကြောင့် အသံနက်ကြီးဖြင့် အော်ဟစ်နေသည်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် ဖန်ဒေယင်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသော သွေးများစွာဖြင့် ဒဏ်ရာကို မြင်လိုက်ကြသည်။ သူ့တိုက်ပွဲဝတ်စုံသည်ပင် ဓားကြောင့် ပွင့်ပြဲထွက်နေသဖြင့် ကြီးမားသည့်ဒဏ်ရာကို မြင်နေရခြင်းဖြစ်သည်။

လူအများသည် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ဤဓားချက်သည် ဓားအိမ်မှသာ ဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း ခန္ဓာကိုယ်သို့ထိသောအခါတွင်မူ မည်မျှနာလိမ့်မည်ကို ခန့်မှန်းနိုင်၏။ သူတို့ ချူးယွင်ဖန်းကို ပြန်ကြည့်သောအခါတွင် အကြည့်သည် ပြောင်းလဲသွား၏။ တိုက်ခိုက်မှုသည် တကယ့်ကိုပင် ရက်စက်ကြမ်းကြုတ်သည်။

ထိုလူများအားပို၍ တုန်လှုပ်စေသောအရာမှာ ချူးယွင်ဖန်း၏ခွန်အားသာဖြစ်သည်။

ဖန်ဒေယင်သည် အထူးတန်း၏ လက်ရွေးစင်ဖြစ်သည်။ ထိုအချက်အပြင် အတန်း(၂)၏ ကျောင်းသား ၂ဦးကို တစ်ဆက်တည်းအနိုင်ယူခဲ့သည်က ဖန်ဒေယင်၏ခွန်အားသည် တကယ်ကိုပင် သာမန်မဟုတ်မှန်းသိသာစေ၏။ သို့သော် ဤသို့သောလူသည်ပင် ချူးယွင်ဖန်းထံတွင် သိုင်းကွက်သုံးကွက်ဖြင့် အရှုံးပေးခဲ့ရသည်။

သူပြောခဲ့သည့်အတိုင်း သုံးကွက်တည်းနှင့် အနိုင်ယူခဲ့နိုင်ကာ

အစမှ အဆုံးထိ ဖန်ဒေယင်သည် လုံးဝအချေမှုန်းခံခဲ့ရသည်။ ပြန်၍ပင် မတုံ့ပြန်နိုင်ခဲ့ပေ။

“သူက အရမ်းသန်မာတာပဲကွာ သိုင်းကွက် သုံးကွက်တည်းသုံးသွားတာ”

“ပိုပြီး ကြောက်ဖို့ကောင်းတာက သူ့ခွန်အားပဲ။ သူ့ဓားသိုင်းကလုံးဝ သိမ်မွေ့မနေဘူး။ ကြောက်စရာအားကို ပြသသွားတာပဲ”

“ဒါ ငါတို့ပြောပြောနေတဲ့ သဘာဝလွန်ပါရမီပဲ။ အတိတ်ကလူတွေက ဒီလိုမျိုး ကျင့်ကြံရေးမှာသဘာဝလွန် အရည်အချင်းရှိတဲ့လူတွေကို အမြဲရွေးချယ်ကြတယ်။ ငါတို့လူလူမျိုးတွေကျတော့ နေ့တိုင်းလေ့ကျင့်ရင်တောင် သူများတွေရဲ့ မွေးရာပါခွန်အားတွေကို မှီမှာမဟုတ်ဘူး”

အချိန်အနည်းငယ်ကြာပြီးနောက်တွင် အတန်း ၁ မှ ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လာကြသည်။ ဖန်ဒေယင်၏ခန္ဓာကိုယ်ကို ဘေးသို့အမြန်မကာ ကုသဆေးဖြန်းပေးသည်။ ထိုမှသာ သူ အနည်းငယ်သက်သာလာ၏။ မြေပြင်ပေါ်လူးလိမ့်နေရတုန်းကလောက် မနာကျင်တော့ပေ။ ချူးယွင်ဖန်းက ဓားအိမ်ကိုသာ သုံးလိုက်သော်လည်း သွေးကွက်များ၏ အကျယ်နှင့် ပျံ့နှံ့မှုကို ကြည့်လျှင် သူမည်မျှထိနာကျင်ခဲ့မှန်းသိနိုင်သည်။

ထိုအချိန်တွင် အတန်း(၂) မှကျောင်းသားများသည်တော့ အော်ဟစ်ဂုဏ်ယူနေကြ၏။ ယခင်က ဖန်ဒေယင် တစ်ဆက်တည်း သူတို့လူနှစ်ဦးကို အနိုင်ယူခဲ့ပြီးနောက် အလွန်အမင်းမကျေမနပ်ဖြစ်ခဲ့ကြသည်။ ယခု ချူးယွင်ဖန်းက ဖန်ဒေယင်ကို သန့်သန့်ရှင်းရှင်း လွယ်လွယ်ကူကူ အနိုင်ယူခဲ့ပြီဖြစ်သောကြောင့် သူတို့၏ဒေါသကို ဖြေလျော့နိုင်ခဲ့သဖြင့် အတန်း(၁)မှသူများကို ကျေနပ်စွာကြည့်နေကြ၏။

“ကောင်းလိုက်တာ၊ မင်းငါ့ဒေါသကို ဖြေလျော့ပေးခဲ့တာပဲ။” ဂေါင်ဟုန်ချီက လက်မထောင်လျက်ဆိုသည်။ ဖန်ဒေယင်ဆီတွင် အရှုံးပေးခဲ့ရသည့်အတွက် ခံစားခဲ့ရသမျှသည် ယခုအကုန်လွင့်စင်သွားခဲ့ပြီဖြစ်သည်။

“ဘယ်လိုလဲ ကျန်းထန်” အို့ယန်ကာ မျက်ခုံးပင့်ကာဆိုသည်။

“ဘာကို ဘယ်လိုလဲလဲ။ မင်းတို့က သုံးပွဲမှာမှတစ်ပွဲနိုင်သွားတာလေ” ကျန်းထန်က ချက်ချင်း အကျောမခံချင်ဇောဖြင့် ချက်ချင်းတုံ့ပြန်၏။ “ခြုံငုံပြီးတွက်ရင် ငါတို့ အခန်း ၁က ပိုသန်မာသေးတယ်ကွ”

ဤစကားကိုကြားသောအခါ ချူးယွင်ဖန်းက အခန်း ၁ကို ကြည့်ကာ ဆိုသည်။

“ငါတို့ တစ်ချီပဲနိုင်သေးတယ်၊ ဟုတ်လား။ ငါ အတန်း ၂ကို ကိုယ်စားပြုပြီးပြိုင်နေတာဖြစ်တယ်။ အတန်း ၁ရဲ့ဘယ်သူကများ ထပ်ပြီး ငါတို့ကို သင်ပြပေးဖို့ရှေ့ထွက်ခဲ့မလဲ”

ချက်ချင်းပင် ချူးယွင်ဖန်း၏စကားလုံးများက အတန်း ၁ ၏ ကျောင်းသား တစ်ဝက်ကျော်လောက်ကို ခြိမ်းခြောက်လိုက်သည်။ ဖန်ဒေယင်၏ ဆိုးဝါးသောအခြေအနေသည် သူတို့အား သတိပေးခေါင်းလောင်းကဲ့သို့မြည်နေပြီးသားဖြစ်သည်။ သူတို့ရှေ့ရှိ ထိုသူသည် သာမန်လူမဟုတ်ပေ။

ချူးယွင်ဖန်းက ကျောင်းသားများကို ဖြန့်ကျက်ကြည့်လိုက်ကာဆိုသည်။ “ဘာလဲ၊ ဘယ်သူမှ ရှေ့မထွက်ရဲကြဘူးလား”

အတန်း ၁ ၏ ကျောင်းသားများသည် ချူးယွင်ဖန်း၏တည်ငြိမ်သော မျက်နှာထက်မှ လှောင်ပြောင်မှုကို မြင်နေကြဟန်တူသည်။ သူက သူတို့တွင် စိန်ခေါ်မှုကို လက်ခံနိုင်သည့် သတ္တိမရှိသည့်အပေါ် လှောင်ပြောင်နေခြင်းဖြစ်၏။

ထိုအချိန်တွင် ကျန်းထန်၏မျက်နှာသည် ညကောင်းကင်ကဲ့သို့ မည်းနက်နေ၏၊ ချူးယွင်ဖန်းက သိသိသာသာပင် သူတို့ကို တက်နင်းနေပြီဖြစ်သည်။ အကယ်၍ သူသာ သူနှင့်အို့ယန် ဝင်မပါရန်မပြောထားလျှင် ချက်ချင်းပင် ဤသူကို သင်ခန်းစာပေးနှင့်ပြီဖြစ်သည်။ နောက်ဆုံးတွင်မူ အတန်း ၁ ၏ သိမ်ငယ်နေသော ကျောင်းသားတစ်ဦးက ခုန်ထွက်လာ၏။

“ ငါ မင်းကို တိုက်မယ်”

ဤသည်မှာ သာမန်ကိုယ်ခန္ဓာရှိသော လူငယ်တစ်ယောက်ဖြစ်သည်။ သူ့မျက်နှာက အနည်းငယ် ကြမ်းထော်နေ၏။ သူ့ လက်ထဲတွင် သံတင်းပုတ်ကို ကိုင်ထားကာ အလွန် စွမ်းအားကြီးသည်ထင်ရသည်။ သူ ချူးယွင်ဖန်းကိုကြည့်သောအကြည့်သည် ထကြွမှုများ၊ ရန်စမှုများနှင့် ပြည့်နေသည်။

All Chapters