← Chapters

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း(၈၂) ပထမဆုံး တိုက်ပွဲစစ်

ကျောင်းသားတိုင်းသည် လက်ပတ်ကိုယူကာ သူတို့၏လက်ကောက်ဝတ်တို့တွင်ပတ်လိုက်ကြသည်။ ထို့နောက် တန်းစီကာ လေယာဥ်ပေါ်မှဆင်းကြ၏။

ဤနေရာသည်ဟင်းလင်းပြင်ကြီးတစ်ခုမှန်း အဝေးကပင်မြင်နိုင်၏။ ဟင်းလင်းပြင်၏ ဘေးနှစ်ဖက်သည် ငါးကီလိုမီတာခန့်ဝေးကာ နှစ်ဘက်လုံးတွင် ခံတပ်ရှိသည်။ ဤသည်ကာ လူသားမျိုးနွယ်၏ နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုကာ တည်ဆောက်ထားသော တိုက်ပွဲခံတပ်ဖြစ်သည်။ သေနတ်ပေါင်းစုံဖြင့် အဆက်မပြတ် ပစ်နေ၏။ မွန်းစတားမည်မျှပင်ရှိစေကာမူ သူတို့သည် ခံတပ်နှစ်ခုလုံး၏ အကာအကွယ်များကို ဖောက်ထွင်းမဝင်ရောက်နိုင်သလို ဖျက်စီး၍မရနိုင်ပေ။

.

ဤသို့ကြုံလာသည့်အခါတိုင်းတွင် အမြဲတစေရုတ်ရုတ်သဲသဲဖြစ်လေ့ရှိသည်။

“ခံတပ်နှစ်ခုရဲ့အလယ်က ဧရိယာကို မင်းတို့မြင်လား။ အဲ့နေရာက မင်းတို့အတွက် သီးသန့်ပေးထားတဲ့ စစ်မြေပြင်ပဲ။ ခဏနေရင် ခံတပ်နှစ်ခုကြားက လျှပ်စစ်သံလိုက်နံရံတွေကို ဖွင့်ပေးမယ်။ တကယ်လို့ မင်းတို့မထိန်းနိုင်တော့ဘူးဆိုရင် ကန့်လန့်ကာနံရံအနောက်ကို ပြန်ဆုတ်ကြပါ။ ဒီလက်ပတ်ကို မင်းတို့ဝတ်ထားသရွေ့ လျှပ်စစ်သံလိုက်နံရံကို မင်းတို့လွတ်လွတ်လပ်လပ်ဖြတ်သန်းနိုင်မှာပါ” ရွှယ်ပိုင်လုံက ဆိုသည်။

ကျောင်းသားအားလုံးသည် ခေါင်းညိတ်ကြသည်။ ဤသည်ကား သူတို့၏ နောက်ဆုံးသောအာမခံချက်တစ်ခုဖြစ်သည်။

ချူးယွင်ဖန်းသည် ခံတပ်နှစ်ခု၏အလယ်သို့ကြည့်လိုက်သည်။ သာမန်မွန်းစတားများ၏ တိုက်ခိုက်မှုများသည် ခံတပ်နှစ်ခု၏ ၃၆၀ ဒီဂရီပတ်လည်ပစ်ခတ်နိုင်သော ပိုက်ကွန်ကို ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။ ထိုအချိန်တွင် လျှပ်စစ်သံလိုက်နံရံများကို ဖွင့်ပေးလိမ့်မည်မဟုတ်ကြောင်း သူကြားသိခဲ့သည်။ မွန်းစတားအုပ်လိုက် ဝိုင်းအုံလာသည့်အချိန်ကျမှသာ လျှပ်စစ်သံလိုက်နံရံကို အသက်ဝင်စေလိမ့်မည် မွန်းစတားတိုက်ခိုက်မှုများသာ များပြားပြည့်နှက်လာပါက ကောင်းကင်နှင့်မြေကြီးကိုပင် ဖုံးလွှမ်းသွားစေနိုင်သည်။ ထိုအချိန်တွင် ခံတပ်၏ ပစ်ခတ်အားကို အပြည့်အဝအသက်သွင်းလိုက်လျှင်ပင် မွန်းစတားအုပ်ကို တားစီးနိုင်မည်မဟုတ်ပေ။ ထိုအချိန်ကျလျှင် လျှပ်စစ်သံလိုက်နံရံအား အသက်သွင်းရန်လို၏။

ကျင်းဝူနှင့် ချင်ဖုန်းတို့ ဦးဆောင်ကာ လူတိုင်းကို ယင်းတို့၏အတန်းများအလိုက် အမြန်လူစုခွဲလိုက်သည်။ အချို့ကိစ္စများစီစဥ်ပြီးသည့်နောက်တွင် ရွှယ်ပိုင်လုံသည် အမြန်ထွက်ခွာသွား၏။ အသက်ငယ်ငယ်မှာပင် ရာထူးကြီးသူဖြစ်နှင့်နေသဖြင့် အားလပ်ချိန်များစွာမရှိသည်မှာ သဘာဝပင်ဖြစ်သည်။ ပြတ်ပြတ်သားသားဆိုရလျှင် အမှတ် ၁၃ အထက်တန်းကျောင်းသည် သာမန်ကျောင်းတစ်ကျောင်းသာဖြစ်သဖြင့် ရွယ်ပိုင်လုံအားဖိတ်ခေါ်ခွင့်ရခဲ့ခြင်းမှာ ထင်မှတ်မထားစရာတစ်ခုပင်ဖြစ်သည်။

ရွှယ်ပိုင်လုံထွက်သွားပြီးနောက်တွင် ကျင်းဝူက ပါးစပ်ဖွင့်ကာဆိုသည်။

“မင်းတို့ရှေ့ကမြင်နေရတာက စစ်မြေပြင်ပဲ။ အခန်း ၁ရဲ့ ချင်ဖုန်းလူကြီးမင်းက မင်းတို့အတွက် မလှမ်းမကမ်းကနေ စောင့်ရှောက်၊ စစ်ဆေးနေမယ်။ တကယ်လို့ ကြာကြာမထိန်းနိုင်တော့ဘူးလို့ ခံစားရရင် လလျှပ်စစ်သံလိုက်နံရံနောက်ကို ပြန်ဆုတ်လာဲ့။ ငါတို့ ကင်းလှည့်ပြီး နံရံနဲ့ အရမ်းမဝေးအောင် ကြိုးစားနေမယ်။ ဒါ့အပြင် လိုအပ်ရင် မင်းတို့ အဖွဲ့ငယ်လေးတွေဖွဲ့နိုင်တယ်”

အခြေခံညွှန်ကြားချက်များကို ထုတ်ပြန်ပြီးသည့်နောက် လူအုပ်ကြီးသည် တရားဝင် လူစုခွဲသွားကြသည်။ ဟင်းလင်းပြင်ဆီသို့ ဦးတည်လာနေသော မွန်းစတားအချို့ကိုပင် အဝေးမှမြင်နေရ၏။

“သတ်… သတ် မွန်းစတားတွေကို သတ်ပစ်”

မည်သူက လှမ်းအော်လိုက်သည်ကို မသိကြသော်လည်း လူတိုင်းသည် လက်နက်များမြှောက်ကာ ရှေ့သို့လှမ်းပစ်ကြ၏။ ၁၀ကီလိုမီတာရှိသော ကွင်းပြင်တစ်ခုလုံးတွင် ကျောင်းသား ၁၀၀ ကျော်ဖြန့်ကျက်ထား၏။ ရှေ့တန်းသို့ မီတာရာဂဏန်းလောက်သာလိုတော့သဖြင့် သူတို့အားလုံးသည် ခပ်မြန်မြန်ရောက်လာကြသည်။ သူတို့အားလုံးတွင် ကျင့်ကြံရေးအခြေခံများရှိကြကာ အနည်းဆုံးတော့ သူတို့အားလုံးသည် ချီအားဖြည့်အဆင့်တွင် ရှိကြ၏။ ဤအကွာအဝေးသည် ဘာမှတော့မဟုတ်ပေ။

ခုန်ချက်တစ်ခုဖြင့်ပင် သူတို့သည် ၁၀မီတာအထက် တိုက်ရိုက်ခုန်နိုင်၏။ မျက်မှောက်ခေတ်၏ အမြင့်ခုန် ကမ္ဘာ့ချန်ပီယံများသည်ပင် ရှုံးနိမ့်ကြောင်းဝင်ခံရပေလိမ့်မည်။

ချူးယွင်ဖန်းသည်လည်း လျှပ်စစ်သံလိုက်နံရံကို ဖြတ်၍ တစ်ဟုန်ထိုးတိုက်ခိုက်သ်ည။ ချက်ချင်းပင် သူ့ဆီသို့ ပြင်းပြသော ရောင်ဝါတစ်ခုဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရ၏။ လျှပ်စစ်သံလိုက်နံရံနှင့် မနီးမဝေးတွင် ဒါဇင်ပေါင်းများစွာသော မွန်းစတားများသည် စူးရဲသောမျက်လုံးများဖြင့် အဝေးမှလှမ်းကြည့်နေကြသည်။ မွန်းစတားများမှာ သူတို့အား အစာများကဲ့သို့ တည့်တည့်စိုက်ကြည့်နေကြ၏။

ဤအကြည့်သည် ချူးယွင်ဖန်းအား တွန့်ဆုတ်သွားစေရမည့်အစား သူ့ခန္ဓာထဲမှသွေးများပွက်ပွက်ဆူလာစေသည်။ ထိုမွန်းစတားများသည် သူတို့အား သားကောင်းများအဖြစ်ဆက်ဆံနေသည်။ ထို့ကြောင့် ထိုမွန်းစတားများကို သားကောင်များအဖြစ် ပြန်လည်မဆက်ဆံဘဲ မည်သို့နေနိုင်လိမ့်မည်နည်း။

လူအုပ်ထဲတွင် ကျန်းထန်နှင့် အို့ယန်တို့က ဦးဆောင်ကာ ရှေ့သို့ သွားကြသည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးပြိုင်ဆိုင်နေသည်ထင်ရကာ မွန်းစတားတစ်ကောင်ကို တစ်ချိန်တည်းမှာပင် တွေ့ရှိသွားကြ၏။ ကျောင်းသားများသည်လည်း ထိုမွန်းစတားများနှင့်စတင်တိုက်ခိုက်ကြတော့သည်။ သူတို့သည် ယခင်က မွန်းစတားများနှင့်မတိုက်ခိုက်ဖူးကြပေ။ ဤသို့သော မွန်းစတားများနှင့်တိုက်ခိုက်ခြင်းသည် သာမန်အတွင်းလေ့ကျင့်မှုနှင့်လုံးဝကွဲပြားကြောင်း သက်သေပြနေ၏။

မွန်းစတားများသည် နေ့စဥ်တိုက်ခိုက်ရင်း ကြီးပြင်းလာကြခြင်းဖြစ်ကာ ယင်းတို့သည် အလွန်ရက်စက်ကြမ်းကြုတ်ကြသည်။ ထိုမွန်းစတားများပြုလုပ်သော တိုက်ခိုက်မှုတိုင်းသည် ရက်စက်ကြမ်းကြုတ်ကာ သေစေနိုင်၏။

အပြန်အလှန်တိုက်ခိုက်ပြီးကြသည့်နောက်တွင် ဒဏ်ရာရကေျာင်းသားအချို့သည် အလျင်အမြန်ဆုတ်ခွာသွားကြသည်။ အချိန်ခဏအတွင်းတွင် မြင်ကွင်းတစ်ခုလုံးသည် ရှုပ်ပွနေသည်ထင်ရ၏။

“သူတို့က လူသစ်လေးတွေပဲ” ပုဂ္ဂိုလ်နှစ်ဦးသည် လက်နှစ်ဖက်ကိုနောက်တွင်ယှက်ထာားကာ သိမ်းငှက်များကဲ့သို့

ရပ်ကြည့်နေ၏။ ဤသည်မှာ ကျင်းဝူနှင့် ချင်ဖုန်းဖြစ်သည်။ သူတို့နှစ်ဦးသည် ကျောင်းသားများ၏နောက် အတော်လေးခပ်ဝေးဝေးတွင်ရှိနေကြသည်။ အကယ်၍ ကျောင်းသားများ အန္တရာယ်ရှိသော အခြေအနေဖြင့်ရင်ဆိုင်ရပါက ချက်ချင်း လှုပ်ရှားပေလိမ့်မည်။

“အဲ့ဒီကျောင်းသားတွေက ငါတို့တုန်းကထက် ကောင်းကောင်းမွန်မွန်ဆက်ဆံခံရတာပဲ။ ငါတို့စစ်သားဘဝတုန်းက ငါတို့နောက်မှာ နည်းပြတစ်ယောက်ရှိတယ်လို့ ဘယ်တုန်းကများကြားဖူးလဲ။ ဖြစ်ကိုမဖြစ်နိုင်ခဲ့ဘူး” ချင်ဖုန်းက အနည်းငယ်ပြုံးလျက်ဆိုသည်။

“ကယ်… နောက်ဆုံးတော့လည်း သူတို့က စစ်သားတွေမှမဟုတ်တာကွာ။ မင်း သူတို့ကို စစ်သားတွေလိုမျိုး မျှော်လင့်လို့မရဘူးလေ။ လမ်းကြောင်းတွေမှမတူကြဘဲ”

ကျင်းဝဓက ကျောင်းသားများ၏ ပြာယာခတ်နေသော စွမ်းဆောင်ရည်များကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုတောက်ပစွာ ဖြတ်ပြေးသွား၏။ ငယ်စဥ်တုန်းက အချိန်များကို ပြန်သတိရသွားခြင်းဖြစ်သည်။ ထိုစဥ်က တပ်မတော်တွင် တစ်နှစ်ကျော်ကြာ လေ့ကျင့်ခဲ့ရသော်လည်း စစ်မြေပြင်သို့ ပထမဆုံးအကြိမ်ဝင်ရောက်ရသောအခါတွင်မူ တုန်လှုပ်နေခဲ့ဆဲဖြစ်သ်ည။ တိုက်ပွဲပြီးသောအခါတွင်ပင် အတန်းခေါင်းဆောင်ဟောင်းထံမှ အပြစ်တင်ခြင်းကို ခံခဲ့ရ၏။

ယခုမူ၊ ထိုနှစ်များပြန်မလာတော့ပေ။ ဤကျောင်းသားအားလုံးသည် အလွန် အတွေ့အကြုံမရှိကြကာ အတွေ့အကြုံများများစားစား မရှိသည်မှာ ထင်ရှား၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့၏ခန္ဓာကိုယ်ကြံခိုင်မှုသည် မျက်မှောက်ခေတ်သာမန်လူတစ်ယောက်ထက်တော့ များစွာပိုကောင်း၏။ ထိုလူများသည် ဤကဲ့သို့ မဖြစ်နိုင်သော အခြေအနေမျိုးကို ကြုံလာရလျှင်ပင် ပြန်လည်သက်သာလာနိုင်၏။

ထို့ကြောင့် ကျင်းဝူသည် လှုပ်ရှားခြင်းမရှိပေ။ ဒဏ်ရာရသူများသေချာပေါက်ရှိသော်လည်း သူ့အတွက်တော့ အဓိပ္ပါယ်သိပ်မရှိပေ။ လက်၊ သို့မဟုတ် ခြေထောက်ဆုံးရှုံးသွားလျှင်ပင် လက်ရှိနည်းပညာဖြင့် ခြေလက်အင်္ဂါများ ပြန်လည်ရှင်သန်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ရပ်မဟုတ်ပေ။ ဤကျောင်းသားများသည် အနာဂတ်တွင် လူ့လောက၏အဓိက မဏ္ဍိုင်များဖြစ်လာပေလိမ့်မည်။ ဤကဲ့သို့ သေးငယ်သော ဆိုးယုတ်မှုတစ်ခုကိုပင် မရင်ဆိုင်နိုင်လျှင် ထိုကျောင်းသားများအတွက် အရင်းအမြစ်များကို ဖြုန်းတီးနေရန်မလိုပေ။

သို့သော် လက်ရွေးစင်ကျောင်းသားအချို့အား စိုက်ကြည့်မိသောအခါတွင်မူ ကျေနပ်စွာခေါင်းညိတ်နေမိသည်။ ကျန်းထန်ဖြစ်စေ၊ အို့ယန်ဖြစ်စေ၊ သူတို့၏စွမ်းဆောင်ရည်သည် ချီးကျုးဖွယ်ကောင်းလှသည်။ သူအထူးအာရုံစိုက်ခဲ့သော တန်စစ်ယုသည်ပင် အံသြဖွယ်ကောင်းလောက်အောင် လုပ်ဆောင်နိုင်၏။ ကျင့်ကြံရေးအပိုင်းတွင် သူမသည် ကျန်းထန်ရော၊ အိုးယန်ထက် အားနည်းသော်လည်း သူမသည် တည်ငြိမ်ကာ အာရုံစုစုစည်းစည်းရှိသည်။ ရက်စက်ကြမ်းကြုတ်သော ဘီလူးတစ်ကောင်၏ မျက်နှာတွင်ပင် သူမထိတ်လန့်မနေပေ။

“မင်းအတန်းရဲ့ တန်စီယုက မဆိုးဘူးပဲ။ သူ့မှာ ကြီးမားတဲ့နှလုံးသားရှိတယ်။ သူ့အနာဂတ်က အကန့်အသတ်မရှိဘူးပဲ” ချင်ဖုန်းက မှတ်ချက်ပေးသည်။ သို့သော်သူ့အကြည့်များ စစ်မြေပြင်၏တစ်နေရာသို့ရောက်သွားသောအခါတွင် မတတ်နိုင်ဘဲထိတ်လန့်စွာ စိုက်ကြည့်နေမိသည်။

သူ့အနားရှိ ကျင်းဝူသည်လည်း အကြည့်ကိုရွှေ့လိုက်သည့်အခါ ထိတ်လန့်တုန်လှုပ်သော အမူအယာသို့ပြောင်းသွား၏။

အခန်း (၈၃) အတန်းပိုင်နှစ်ဦး၏ အံ့သြမှု

သူတို့မြင်နေသလောက်တော့ ဤသည်မှာ မွန်းစတားတစ်ကောင်နှင့် လူသားတစ်ဦးတို့တိုက်ခိုက်နေသော မြင်ကွင်းဖြစ်သည်။ ဤမွန်းစတားသာ နှစ်မီတာရှည်ကာ ချူးယွင်ဖန်းထက် ခေါင်းတစ်လုံးစာမြင့်၏။ ကိုယ်ခန္ဓာသည် ခြောက်မီတာကျော်လောက်ရှည်၏။ ပါးစပ်မှ ထွက်နေသော အစွယ်ရှည်နှစ်ချောင်းသည် ဓားချွန်များကဲ့သို့ထင်ရ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထူထဲသော အစင်းကျားသဖွယ်အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။

“သံချပ်ကာ အစွယ်ကွေးကျား”

ဤကျော်ကြားသော ဂုဏ်သတင်းရှိသည့် ကြမ်းကြုတ်သောမွန်းစတားကြောင့် ဆရာနှစ်ဦး၏ မျက်စံများသည် အနည်းငယ်မသိမသာ ကြုံသွားသည်။ ကမ္ဘာမြေ၏ ကျားတစ်ကောင်သည် စိတ်ဝိဉာဥ်စွမ်းအင်ကို အသုံးပြုခဲ့ရာမှ ဤမွန်းစတားအဖြစ်ပြောင်းလဲသွားခြင်းဖြစ်သည်။ နှစ်မီတာသာရှည်သော သံချပ်ကာ အစွယ်ကွေးကျားသည် အရွယ်ရောက်ကာစဖြစ်သည်။ အရွယ်ရောက် သံချပ်ကာ အစွယ်ကွေးကျားသည်မူ ငါးမီတာထက်ပင်ပိုနိုင်၏။ ဆယ်မီတာကျော်မြင့်ကာ ကိုယ်ထည် ဆယ့်နှစ်မီတာကျော်ရှည်သော အစွယ်ကွေးကျားဘုရင်ကို သူတို့တစ်ကြိမ်တွေ့ရှိခဲ့ဖူးသည်။ ပြည်ထောင်စုတပ်သားများ၏ တပ်ရင်းတစ်ခုကို ပျက်စီးစေခဲ့သော မွန်းစတားအုပ်တစ်ခုထဲတွင် ယင်းကို တစ်ကြိမ် ဖျတ်ခနဲမြင်လိုက်ကြရခြင်းဖြစ်၏။

သို့သော် ငယ်ရွယ်သော သံချပ်ကာအစွယ်ကွေးကျားသည်ပင် ကျောင်းသားများ ကိုင်တွယ်ဖြေရှင်းနိုင်သောအရာမဟုတ်ပေ။ သံချပ်ကာအစွယ်ကွေးကျားသည် အလွန်သန်မာပာ လျှင်မြန်ရုံသာမက ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ဓားဖြင့်မဖျက်စီးနိုင်သော အကြေးခွံများဖြင့်ဖုံးအုပ်ထားခြင်းကြောင့်ဖြစ်သည်။ ကျောင်းသားများကြုံတွေ့နေရသည့်မွန်းစတားများအနက် မည်သည့်မွန်းစတားကိုမျှ သံချပ်ကာ အစွယ်ကွေးကျားနှင့် နှိုင်းယှဥ်၍ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့နှစ်ဦး၏ အဦးဆုံးတုံ့ပြန်မှုသည် ချူးယွင်ဖန်းအား ကယ်တင်ရန် အပြေးအလွှားသွားကြခြင်းဖြစ်၏။ ချူးယွင်ဖန်းသည် အမှန်တကယ်ကိုပင်အစွမ်းထက်သော မွန်းစတားနှင့် ရင်ဆိုင်နေရခြင်းဖြစ်၏။ စစ်မြေပြင်တွင် ကျောင်းသားများရင်ဆိုင်နေရသော မွန်းစတားများမှာ လူအရေအတွက်ထက်နည်း၏။ ကနဦးတုန်လှုပ်ခြောက်ခြားဖွယ်များကို ကြုံတွေ့ရကာ လူအနည်းငယ်ဒဏ်ရာရရှိပြီးနောက်တွင် သူတို့သည် နှစ်ဦး၊ သုံးဦးအဖွဲ့များခွဲ၍ ပူးပေါင်းတိုက်ခိုက်လာကြသည်။ ထိုမှသာ သူတို့ရှေ့ရှိမွန်းစတားများကို ပိတ်ဆို့နိုင်ရန် အတတ်နိုင်ဆုံးစီမံနိုင်မည်ဖြစ်သည်။

ကောင်းစွာစွမ်းဆောင်နေသော အချို့သူများလည်းရှိသေးသည်။ ဥပမာအားဖြင့် အို့ယန်၊ ကျန်းထန်၊ တန်စီယုုနှင့်အချို့သောသူများသည် ၎င်းတို့ရှေ့မှ မွန်းစတားများကို မိမိတို့ကိုယ်ပိုင် ခွန်အားဖြင့် ရင်ဆိုင်နိုင်ကြသည်။ သို့သော် သူတို့သည် ဤမွန်းစတားများကို ရင်ဆိုင်နိုင်ကြရုံသာဖြစ်ကာ မချေမှုန်းနိုင်ကြပေ။ သူတို့ရှေ့ရှိ မွန်းစတားများကို ဒဏ်ရာရရန်မစွမ်းဆောင်နိုင်ကြပေ။

ချူးယွင်ဖန်းသည်မူ ကွဲပြား၏။ သူသည့်ကား သူ့ဓားကိုပင် ဓားအိမ်ထဲမှမထုတ်ရသေးပေ။ အစပိုင်းတွင်၊ သူ့ကို စိတ်ကြီးဝင်နေသည်ဟုသာ ကျင်းဝူနှင့် ချင်ဖုန်းတို့ထင်ထားခဲ့သော်လည်း အနီးကပ်စစ်ဆေးကြည့်မိသည့်အခါပိုသိလာရသည်။ ချူးယွင်ဖန်းသည် ဓားကိုထုတ််ပင်မထုတ်ရသေးသော်လည်း သူ့သိုင်းကွက်များသည် တည်ငြိမ်နေကာ နောက်ဆုံးတွင် သံချပ်ကာအစွယ်ကွေးကျား၏ ကိုယ်ခန္ဓာအား ခုတ်ထစ်ပစ်လိုက်၏။

သူတို့နှစ်ဦးလုံးသည် သေခြင်းနှင့်ရှင်ခြင်းလွန်ဆွဲနေသော တိုက်ပွဲများတွင် ရှင်သန်ခဲ့ကြသည့် ပညာရှင်များဖြစ်ကြသည်။ ထို့ကြောင့် သာမန်ထင်ရသော သိုင်းကွက်နောက်ကွယ်မှ နက်နဲမှုကို သဘာဝကျကျပင်နားလည်ကြ၏။ သိုင်းကွက်တစ်ခုလုပ်ဆောင်ချိန်တွင် မွန်းစတား၏ အဓိကအစိတ်အပိုင်းများကို ခုတ်ထစ်ခြင်းက ပုံမှန်ပင်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်း၏ဓားချက်များသည် သံချပ်ကာအစွယ်ကွေးကျား၏ ရှေ့ခြေဖဝါး ခြေချင်းဝတ်နေရာသို့သာ ခုတ်ထစ်နေသည်က ထူးဆန်းသည်။ ဓားချက်တိုင်းသည် တစ်ပုံစံတည်းပင်ဖြစ်ကာ၊ သံချပ်ကာအစွယ်ကွေးကျား မည်သည့်နေရာသို့ပင်ရွှေ့ပါစေ၊ မည်သည့်နေရာတွင်ရှိပါစေ ချူးယွင်ဖန်း၏ဓားချက်များသည် တစ်နေရာတည်းသို့ကျနေ၏။

ဤသို့လုပ်ဆောင်ရန် လွန်ကဲစွာထိန်းချုပ်နိုင်ရမည့်အပြင် အလွန်တိကျသောအမြင်ရှိသည့် မျက်လုံးများလည်းရှိရမည်ဖြစ်သည်ကို ဆရာနှစ်ပါးလုံးသိကြသည်။ ထိုမှသာ မွန်းစတား၏ရွှေ့လျားမှုတိုင်းကို အမိဖမ်းနိုင်မည်ဖြစ်သည်။

“ဘယ်လောက်တောင် အထင်ကြီးလောက်တဲ့ကလေးလဲ။ မင်းအတန်းက ဒီလိုမြင်းနက်မျိုးကို တကယ့်ကို ဖန်တီးခဲ့တာပဲ”

ချင်ဖုန်းက တွန့်ဆုတ်ခြင်းအလျင်းမရှိဘဲ ချီးကျုးလိုက်သည်၊ သူနှင့် ကျင်းဝူသည် ပြိုင်ဘက်များဖြစ်သော်လည်း သူသေကိုယ်သေတိုက်ကြရလောက်မည့် ရန်သူများမဟုတ်ပေ။ ထို့အပြင် ငယ်ရွယ်သူများကိုနှိမ့်ချသည့်အလုပ်မျိုးလည်း သူမလုပ်တတ်ပေ။ ချူးယွင်းဖန်း၏ လုပ်ဆောင်ချက်များသည်လည်း သူ့မျက်လုံးများကို တကယ်ကိုပင် တောက်ပစေ၏။ ဤသည်မှာ အခြားသူများ မွန်းစတားများဆီမှ အနိုင်ယူခံနေကြရခြင်းကြောင့်တင်မဟုတ်သည်မှာ သေချာသည်။ အများဆုံးတော့၊ ဤသည်မှာ တိုက်ပွဲတစ်ခုဖြစ်နေသေး၏။ ချူးယွင်ဖန်းသည်သာလျှင် သံချပ်ကာအစွယ်ကွေးကျားကို လက်တစ်ဖက်၊ ဓားတစ်ချောင်းတည်းနှင့် အဆက်မပြတ်အနိုင်ယူနေနိုင်၏။

“သူ့စွမ်းဆောင်ရည်က တကယ်ကိုမဆိုးဘူး” ကျင်းဝူ၏အကြည့်သည် ချူးယွင်ဖန်းဆီသို့ မြဲမြံစွာကြည့်နေသည်။ ဤရိုးရှင်းသောတိုက်ပွဲတစ်ခုမှတစ်ဆင့် အရာများစွာကိုမြင်နိုင်နေသည်။ လူအများမပိုင်ဆိုင်နိုင်သော တိုက်ပွဲအတွေ့အကြုံများစွာကို သူတပ်မတော်တွင် ကုန်ဆုံးခဲ့စဥ်ကရခဲ့သည်။

“သူ့ခွန်အားက သာမန်မဟုတ်ဘူးပဲ။ သူက အရည်အချင်းရှိပြီး အရှိန်လည်းမြန်တယ်။ နောက်ပြီး ခံနိုင်ရည်။ သက်လုံလည်း အရမ်းကောင်းတယ်။ ဒါတွေအားလုံးက ရုပ်ပိုင်းဆိုင်ရဦအရည်အသွေးတွေပဲ၊ ဒါပေမယ့် လူ့ခန္ဓာကိုယ်က ဘယ်လောက်ပဲသန်မာပါစေ လက်တစ်ဆုပ်စာလူအနည်းငယ်ကလွဲလို့ မွန်းစတားတွေနဲံယှဥ်ပြိုင်ဖို့ အရမ်းခက်ခဲတယ်။ ဒီကလေးရဲ့အရည်အချင်းက အရမ်းနက်နဲတယ်။ သူ ပြီးပြည့်စုံအဆင့်ကို မရောက်နိုင်သေးဘူးမလား။ အခွင့်အရေးတိုင်းကို ဒီလိုမျိုးဆုတ်ကိုင်နိုင်တာက သူ့ကို ပထမဆုံးအကြိမ်တိုက်ပွဲဝင်ဖူးတဲ့လူတစ်ယောက်နဲ့ မတူဘူး” ချင်ဖုန်းက တအံ့အသြဖြင့် ဆက်အော်သည်။

“အနည်းဆုံးတော့ သူပြစ်ချက်ကင်းအဆင့်ကိုရောက်သင့်နေပါပြီ။ သူက တကယ်ကို ကျင့်ကြံရေးမှာ ပါရမီပါပြီး အခွင့်အရေးတွေကို ဖမ်းဆုတ်တဲ့နေရာမှာ အရမ်းမြန်တယ်” ကျင်းဝူက ကြည့်ရင်းခေါင်းညိတ်သည်။

ချုးယွင်ဖန်း၏ခွန်အားမှာ အလွန်ကောင်းသော်လည်း သံချပ်ကာအစွယ်ကွေးကျားတစ်ကောင်းကို လက်တစ်ဖက်တည်းနှင့် ချေမှုန်းရန်အထိတော့ မသန်မာဟု သူထင်သည်။ မွန်းစတားများ၏ ခွန်အားသည် အလွန်ကြီးမားသည့်အပြင် သံချပ်ကာအစွယ်ကွေးကျားသည် အကြမ်းဆုံးမွန်းစတားများထဲမှတစ်ကောင်ဖြစ်သည်။ သူက ချူးယွင်ဖန်း၏ဓားချက်တိုင်းသည် တစ်နေရာတည်းသို့ဦးတည်နေသည်ကို သတိထားမိသည်။ သံချပ်ကာအစွယ်ကွေးကျား၏ ခန္ဓာကိုယ်သည် ဒဏ်ရာရရန်ခက်ခဲစေသော အကြေးခွံအကာအကွယ်များဖြင့်ကာထားသည်။ ထို့အပြင် တူညီသောနေရာတစ်ခုတည်းသို့ ဆက်တိုက်ဓားအိမ်ဖြင့် ခုတ်ရန်မှာမူ ဓားချက်များရာကျော်လာသည့်အခါ အလွန်ဆွံ့အစရာကောင်းနေပေပြီဖြစ်သည်။

အပိုင်းခံရသောဧရိယာဝန်းကျင်ရှိ အကြေးခွံများသည် အပိုင်းပိုင်းကွဲထွက်လာ၏။

“အံ့သြစရာအကောင်းဆုံးကတော့ ဒီသိုင်းသမားရဲ့ ထိန်းချုပ်နိုင်စွမ်းပဲ။ သူက သဘာဝအတိုင်းမွေးဖွားလာတဲ့ သူရဲကောင်းဖြစ်တဲ့အပြင် ကမ္ဘာခွဲဓားသိုင်းက ခွန်အားနဲ့ဆိုင်တယ်ထင်ရပေမယ့် တကယ်တမ်းတော့ သူက ဓားချက်တစ်ခုနဲ့ တစ်ခုကြား အဆက်မပြတ်ခြင်းအပေါ်ကို မူတည်တယ်။ သူက ကမ္ဘာခွဲဓားသိုင်းရဲ့ တကယ့်ပုံစံကိုအပြည့်အဝပြသနေတာပဲ။ သံချပ်ကာအစွယ်ကွေးကျားက သူ့မှာ ဘယ်လောက်ခွန်အားရှိရှိ အသုံးမပြုနိုင်ရင် ဘယ်လိုလုပ်အသုံးဝင်တော့မှာလဲ၊ အံ့သြစရာပဲ” ချင်ဖုန်းက လက်ခုပ်တီးကာရယ်လျက်ဆိုသည်။

ဤသည်မှာ သံချပ်ကာအစွယ်ကွေးကျားကို ရှုံးနိမ့်ကာ နောက်ဆုတ်သွားစေရန် လက်တစ်ဖက်တည်းနှင့်စွမ်းဆောင်နေသော ချူးယွင်ဖန်း၏နောက်ကွယ်မှ ဆန်းကြယ်မှုဖြစ်သည်။ ချူးယွင်ဖန်း၏ခွန်အားသည် သန်မာသည်မှန်သော်လည်း သံချပ်ကာအစွယ်ကွေးကျားသည်မူ သူခွန်အားတစ်ခုကိုမျှ မပြသနိုင်ခဲ့ပေ။ ၎င်းက ခုန်အုပ်ချင်သည့်အခါတိုင်းတွင် ချူးယွင်ဖန်းသည် ၎င်း၏ပခုံးကို ဓားအိမ်ဖြင့်ခုတ်ပစ်၏။ ထို့ကြောင့် မည်သည့်ခွန်အားမျှ ထုတ်မပြနိုင်ခဲ့ပေ။ ထိုအရာကြောင့်ပင် ဤတိုက်ပွဲပုံရိပ်သည် တစ်ဖက်သတ်ဖြစ်သွားခြင်းဖြစ်ကာ ချူးယွင်ဖန်းဘက်ကပိုသာ၏။

ချူးယွင်ဖန်း၏ စွမ်းဆောာင်ရည်သည် တသမတ်တည်းဖြစ်နေကာ စက်ရုပ်တစ်ရုပ်နျင့်တူသည်။ ဤသည်သို့ မွန်းစတားနှင့်ရင်ဆိုင်နေရသော်လည်း ကြောက်ရွံခြင်းအလျင်းမရှိပေ။ ဓားချက်တိုင်းသည် တစ်နေရာတည်းသို့ကျရောက်၏။ ဤသို့လုပ်နိုင်ရန် အလွန်သန်မာသော စိတ်ဓာတ်ကြံခိုင်မှုလိုအပ်သည်။ ယခင်က တန်စီယုုသည် စွမ်းဆောင်ရည်ကောင်းသည်ဟု သူပြောခဲ့ဖူးည်။ ယခုမူ ချူးယွင်ဖန်းသည်လည်း အရည်အချင်းရှိသူတစ်ဦးဖြစ်ပုံရသည်။

“သူက အလားအလာရှိတဲ့ လူငယ်တစ်ယောက်ပဲ။ တက္ကသိုလ်သွားတက်ရင် အလကားဖြစ်မှာပဲ။ စစ်တပ်ထဲကို ပိုသင့်တယ်။ ဒါမှ သူထိပ်ကို မြန်မြန်ရောက်နိုင်မှာ”

ကျင်းဝူက ခေါင်းခါကာ ဆိုသည်။ “ဒါက အသုံးမဝင်ပါဘူး။ ငါသူ့ကိုပြောပြီးပြီ။ သူက လုံးဝစိတ်မဝင်စားဘဲ တက္ကသိုလ်ပဲ ဆက်တက်ချင်နေတာ။ ငါထင်တာတော့ သူထိပ်တန်းတက္ကသိုလ် ဆယ်ခုထဲက တစ်ခုခုကို ဝင်ချင်နေတာဖြစ်နိုင်တယ်”

“ဒါကမလွယ်ပါဘူး။ ငါတို့လိုသာမန်ကျောင်းမျိုးက ထိပ်တန်းတက္ကသိုလ်ထဲဝင်နိုင်မယ့် ကျောင်းသား တစ်နှစ်ကို တစ်ယောက်ပျိုးထောင်နိုင်ရင်တောင် ကောင်းချီးပေးသလိုဖြစ်နေပြီ။ သူကျရှုံးသွားတဲ့အခါ ငါတို့သူ့ကို အလုပ်ခံနိုင်သေးတာပဲ။ ရွှေအိတ်တစ်အိတ်ကို ဆွဲလုဖို့ နောက်မကျလောက်သေးပါဘူး”

ချင်ဖုန်းက ခေါင်းခါသည်။ ချူးယွင်ဖန်းအပေါ်တွင် မျှော်လင့်ချက်မြင့်မြင့်များထားသည်မှန်သော်လည်း ထိပ်တန်းတက္ကသိုလ်များကို ဝင်ခွင့်ရနိုင်လိမ့်မည်ဟု သူမထင်ပေ။ ထိုတက္ကသိုလ်များသို့ဝင်ခွင့်ရသော ကျောင်းသားများသည် သေချာပေါက်ပင် လူ့အဖွဲ့အစည်း၏ လက်ရွေးစင်များ၊ လူသားမျိုးနွယ်၏ အုတ်မြစ်များ၊ အကောင်းတကာ့အကောင်းဆုံး၊ နံပါတ် ၁ များဖြစ်ကြသည်။

ယခုအခိုက်အတန့်တွင် ချူးယွင်ဖန်းက ရုတ်တရတ် သူ့ဓားအိမ်နှင့် ဆက်လက်မတိုက်ခိုက်‌တော့ဘဲ သူ့ဓားကို ထုတ်လိုက်သည်။ ဓား၏ အရောင်အဝါမှာ မျက်လုံးများကန်းလုမတက် တောက်ပနေ၏။

အခန်း (၈၄) လေဟုန်တိုက်ခွင်းဓားသိုင်းအား အောင်မြင်ခြင်း၊ သံချပ်ကာ အစွယ်ကွေးကျား သေပြီ!

အရိပ်မဲ့ဓားထွက်လာသောအခါ ကျိန်းစပ်ရလောက်အောင် အဖြူရောင်တောက်နေ၏။ ချူးယွင်ဖန်းက သူ့ဓားကို ဓားအိမ်ထဲမှထုတ်လိုက်ကာ ယခင်ကကဲ့သို့ တစ်ထေရာတည်းပြုလိုက်သည်။ သူက သံချပ်ကာအစွယ်ကွေးကျား၏ ခြေဖဝါးအထက်သို့ တိကျစွာ ခုတ်လိုက်သည်။

သွေးလက်လက်ဆက်ဆက်များ ပန်းထွက်လာ၏။ ချူးယွင်ဖန်း၏ ဓားသွားသည် သံချပ်ကာအစွယ်ကွေးကျား၏ ဘယ်ဘက်ခြေထောက်အား ဖြတ်လုမတက်ဖြစ်သွားသည်။ သံချပ်ကာအစွယ်ကွေးကျား၏ ခန္ဓာတစ်ခုလုံးကို အကြေးခွံအမာများဖြင့် ဖုံးအုပ်ထား၏။ အကယ်၍ ကျောင်းမှထောက်ပံ့ပေးသော ဓားသာဖြစ်လျှင် အစွယ်ကွေးကျား၏ အကာအကွယ်အား ဖြတ်တောက်ရန်ပင်တောင်အလွန်ခက်ခဲမည်ဖြစ်သ်ည။

အရိပ်မဲ့ဓားအား အသုံးပြုနေခြင်းကိုပင် အားအလွန်စိုက်ထုတ်ရန်လို၏။ အရိပ်မဓားသည် တကယ့်ကိုပင် ကောင်းမွန်သည်။ သို‌သော် ၎င်းသည် ကိုင်ဆောင်သူပေါ်တွင်မူတည်၏။ အကယ်၍ ရွှယ်ပိုင်လုံ၏လက်ထဲကိုင်ထားလျှင် ဓားချက်တစ်ခုတည်းကပင် သံချပ်ကာအစွယ်ကွေးကျားငယ်ကို နှစ်ပိုင်းပိုင်းရန်လုံလောက်၏။ သိသာစွာပင် ချူးယွင်ဖန်းတွင် ဤသို့သော အံ့ဖွယ်အရည်အချင်းမျိုးမရှိပါ။ ထို့ကြောင့် ချူးယွင်ဖန်းက ဓားကို ချက်ချင်းမထုတ်ခဲ့ခြင်းဖြစ်သည်။ သူက မွန်းစတား၏အကြေးခွံများ အပိုင်းပိုင်းဖြစ်သည်အထိ ခုတ်ထစ်ပစ်ရန် ဓားအိမ်ကိုအရင်သုံးခဲ့သည်။ ထို့မှသာ သူ့တကယ့်ဓားချက်ကိုပြု၏။

သို့သော် ဤသည်မှာ သာမန်လူများမလုပ်နိုင်သောအရာပင်ဖြစ်သည်။ သာမန်လူများတွင်ဤသို့လုပ်နိုင်သည့် ခွန်အားမျိုးမရှိ‌ပေ။ သာမန်လူများသာဆိုလျှင် သံချပ်ကာအစွယ်ကွေးကျားနှင့်ရင်ဆိုင်ရပါက လွတ်လမ်းကိုရှာကြလိမ့်မည်။ သံချပ်ကာအစွယ်ကွေးကျား၏ အကြေးခွံများကိုဖြတ်၍ ပိုင်းခုတ်နိုင်ရန်မဆိုနှင့်၊ တစ်ယောက်တည်းပင် ရင်ဆိုင်နိုင်ကြလိမ့်မည်မဟုတ်ပေ။

ဤရှု့ထောင့်မှကြည့်လျှင်၊ သံချပ်ကာအစွယ်ကွေးကျားနှင့် ရင်ဆိုင်ရန် တကယ်ကိုပင် အလွန်ခက်ခဲသည်။ ဤသည်မှာ အကြမ်းဆုံးမွန်းစတားများထဲမှတစ်ကောင်ဖြစ်ကာ ချူးယွင်ဖန်းနှင့်သာမတွေ့ခဲ့လျှင် ကျောင်းသားများ အစမှာပင် ပြင်းပြင်းထန်ထန်ဒဏ်ရာရနိုင်၏။

ချူးယွင်ဖန်းသည်မူ ကျေနပ်မှုမရှိသေးပေ။ လက်ရှိသူက သန်မာသင့်သလောက် မသန်မာသည်ဟုမထင်ပေ။ မဟုတ်လျှင် သံချပ်ကာအစွယ်ကွေးကျားအား တစ်ချက်ခုတ်ရုံဖြင့် နှစ်ပိုင်းပိုင်းနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် အဝေးမှကြည့်နေကြသော ကျင်းဝူနှင့် ချင်ဖုန်းတို့၏မျက်လုံးများထဲတွင် အလွန်ထိပ်လန့်ဖွယ်စွမ်းဆောင်မှုတစ်ခု ဖြစ်နေ၏။

ချူးယွင်ဖန်းသည် စိတ်တိုခြင်း၊ စိတ်မရှည်ခြင်းအလျင်းမရှိပေ။ သူ့အားသာချက်အား အသုံးပြုကာ ချေမှုန်းရန်ခက်ခဲသော သံချပ်ကာအစွယ်ကွေးကျားကို တစ်ယောက်တည်းနှိမ်နှင်းခဲ့သည်။ ချူးယွင်ဖန်းတစ်ယောက် သံချပ်ကာအစွယ်ကွေးကျားအား ဒဏ်ရာရစေသည်ကို မြင်ပြီးနောက်တွင် နှစ်ဦးသား သက်ပြင်းချလိုက်မိသည်။ အခြေအနေအရ၊ ချူးယွင်ဖန်း သတိထားနေသရွေ့တော့ သူ့ကိုယ်သူကာကွယ်ရန် ပြဿနာမရှိလောက်ပေ။

“မင်းရဲ့ကျောင်းသားက အရမ်းတော်တယ်။ သူက လက်ရွေးစင် အယောက်နှစ်ဆယ်ထဲ နေရာတစ်ခုတော့ ရယူနိုင်လိမ့်မယ်လို့ငါထင်တယ်” ချင်ဖုန်းကဆိုသည်။

“ငါလည်း ဒီလိုပဲတွေးထားပါတယ်။ သူဘယ်လောက်ထိ ခရီးရောက်နိုင်မယ်တော့ ငါမသိဘူး။ အခုဆို အလယ်တန်းအထူးကျောင်းတွေက တော်တဲ့ကျောင်းသားတွေအားလုံးကို ဖယ်ထုတ်သွားလိုက်ကြပြီဆိုတော့ ငါတို့ အမှတ် ၁၃ အထက်တန်းကျောင်းက တော်တဲ့ကျောင်းသားတစ်ယောက်ကို မွေးထုတ်ဖို့ မလွယ်ဘူး” ကျင်းဝူက ခေါင်းညိတ်သည်။

ယခုအချိန်တွင်မူ သူက ချူးယွင်ဖန်းအား ထွင်းဖောက်မမြင်နိုင်သည်ကို ခံစားမိသည်။ ချူးယွင်ဖန်းကို သူသတိထားမိစဥ်တုန်းက ဤမျှထိမသန်မာခဲ့ပေ။ နှစ်လအကြာတွင်မူ သံချပ်ကာအစွယ်ကွေးကျားအား အမှန်တကယ်ပင် နှိမ်နင်းနိုင်ခဲ့သည်။ ဤသည်ကို ပါရမီဟုခေါ်ရမည်။ ချူးယွင်ဖန်းက တကယ့်ကိုပင် သူ့မျက်လုံးများဖွင့်ထားခဲ့ခြင်းဖြစ်လိမ့်မည်။

တစ်ချိန်တည်းမျာပင် ချူးယွင်ဖန်း သံချပ်ကာအစွယ်ကွေးကျားအား ပိုင်းဖြတ်ခဲ့သောနေရာသည် သွေးစိမ်းများ ဖြန်းခနဲထွက်ကျလာ၏။ သံချပ်ကာအစွယ်ကွေးကျားသည် နာကျင်စွာဟိန်းဟောက်လျက်ရှိကြာ ၎င်း၏နှလုံးသားထဲမှ ဒေါသကို ပိုမိုလှုံဆော်သလိုဖြစ်ခဲ့သည်။ ယခင်က၊ ချူးယွင်ဖန်းကြောင့် အကြေးခွံများသာကွာခဲ့သော်လည်း ယခုမူ အရှေ့ခြေဖဝါးတစ်ခုလုံး ပြတ်လုနီးပါးဖြစ်နေ၏။ သံချပ်ကာအစွယ်ကွေးကျားသည် ပြန်လည်အားသုံးရန်မလွယ်ကူတော့သော်လည်း ချူးယွင်ဖန်းအား ကိုက်သတ်ချင်နေ၏။

ချူးယွင်ဖန်းသည် မနှေးသော်လည်း မမြန်ပေ။ နောက်ထပ်တစ်ချက် ခုတ်လိုက်ချိန်တွက် သံချပ်ကာအစွယ်ကွေး ကျား၏ ဒဏ်ရာပေါ်သို့ တိုက်ရိုက်ကျသွား၏။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ဓားချက်ပေါင်း ၁၀၀ ကျော်ပြုခဲ့ပြီးဖြစ်ကာ၊ ကမ္ဘာခွဲဓားသိုင်း၏ ဓားချက်တစ်ခုစီတိုင်းသည် အလွန် အင်အားကြီးနေ၏။ ချူးယွင်ဖန်းသည် ခံနိုင်ရည်ကို မကုန်ခမ်းသရွေ့ သုံးလျက်ရှိသည်။ ဟုတ်သည်။ သူ

များများသုံးလေ ဓားချက်၏ ခွန်အားပိုစွမ်းအားကြီးလာလေဖြစ်နေ၏။ အစွယ်ကွေးကျား၏ ခံနိုင်ရည်ပမာဏသည်လည်း တိုးလာ၏။ သို့သော် ၎င်း၏ ခန္ဓာကိုယ်ကား ဆက်လက်မတောင့်ခံနိုင်ခဲ့ပေ။

“ဝေါင်း”

သံချပ်ကာအစွယ်ကွေးကျားကြီးသည် လဲကျသွား၏။ မြေပြင်ပေါ်တွင် လူးလိမ့်နေကာ ဟိန်း‌ဟောက်လျက်ရှိသည်။ ဤသည်မှာ သူ့‌ရှေ့ခြေဖဝါးတစ်ခုကို ချူးယွင်ဖန်း လှီးဖြတ်လိုက်သောကြောင့်ဖြစ်၏။

“သူတကယ်လုပ်နိုင်ခဲ့တာပဲ” ချင်ဖုန်းက မျက်လုံးများပြူးကျယ်ကာ ဆိုသည်။ သံချပ်ကာအစွယ်ကွေး ကျားသည် တကယ့်ကိုပင် ရင်ဆိုင်ရန်ခက်ခဲသည်။ ကျင်းဝူက သူ့စိတ်ထဲတွင် အလွန်ထိတ်လန့်ကာ ခေါင်းတစ်ဆတ်ဆတ်ညိတ်နေ၏။

အတန်းခေါင်းဆောင်နှစ်ဦး၏ စိတ်ထဲတွင် ထိတ်လန့်သွားကြသော်လည်း ချူးယွင်ဖန်းသည်တော့ မကျေမနပ်နိုင်ဘဲဖြစ်လျက်ရှိသည်။ သံချပ်ကာအစွယ်ကွေးကျားသည် ရင်ဆိုင်ရန်တကယ့်ကို ခက်ခဲသည်။ သူ့သည် နည်းမျိုးစုံနှင့် သိုင်းကွက်ပေါင်းစုံကို ကြိုးစားခဲ့သော်လည်း ၎င်း၏ ခြေဖဝါးတစ်ဖက်တည်းကိုသာ ဖြတ်တောက်နိုင်ခဲ့သည်။ အခြားသော ကြမ်းကြုတ်သည့် သားရဲများသည် ဤမျှလောက်ထိ ကိုင်တွယ်ရခက်မည်မဟုတ်ပေ။ သံခပ်ပါအစွယ်ကွေးကျားသည် နောက်ထပ်တစ်ကြိမ် ပြန်မထနိုင်ခင်တွင် မြေပြင်ပေါ်၌ ခဏမျှလှိမ့်လျက်ရှိသည်။ ထို့နောက် ခြေထောက်သုံးချောင်းဖြင့် မတ်တပ်ရပ်နိုင်ခဲ့၏။ ၎င်းသည် တကယ့်ကိုပင် သဘာဝလွန်အရည်အချင်းရှိသည့် မွန်းစတားတစ်ကောင်ဖြစ်သည်။ ယင်း၏ ကိုယ်ခံအား သာမန်လူတစ်ဦးထက် များစွာပိုသာ၏။

၎င်း၏ ခြေဖဝါးတစ်ဖက်ကို လှီးဖြတ်ပြီးသည့်နောက်တွင် သံချပ်ကာအစွယ်ကွေးကျားသည် ပိုမို၍ပင် ကြမ်းကြုတ်ပြင်းထန်လာ၏။ ဤအချိန်သည် အန္တရယ်အရှိဆုံးအချိန်ဖြစ်သည်။ ဆိုရိုးအတိုင်းဆိုရလျှင် မွန်းစတားတစ်ကောင်ထက် ပို၍အန္တရယ်ကြီးသည်မှာ သေခါနီးအကောင်ပင်ဖြစ်သည်။ မသေခင်တွင် မွန်းစတားတစ်ကောင်၏ တန်ပြန်တိုက်ခိုက်မှုသ်ည ယခင်အဆင့်များထက် အန္တရာယ်ပိုများ၏။ အကယ်၍ ဂရုမစိုက်လျှင် ဝါရင့်စစ်မှုထမ်းတစ်ယောက်သည်ပင် သေနိုင်၏။

အီးရှ်

သံချပ်ကာအစွယ်ကွေးကျားသည် ရှေ့သို့ ခုန်တက်လာကာ ၎င်း၏ လှုပ်ရှားမှုများသည် ယခင်ကထက် အဆအနည်းငယ်ပိုမြန်လာ၏။ ချူးယွင်ဖန်း၏ ဓားသည် သံချပ်ကာအစွယ်ကွေးကျား၏ ဦးခေါင်းကို ခုတ်လိုက်သည်။ သူ့လှုပ်ရှားမှုများသည် အလုံးစုံတိကျနေ၏။

လတ်ဆတ်သော သွေးစီးကြောင်းတစ်ခုသည် ဖြန်းခနဲထွက်လာပာ ချူးးယွင်ဖန်း၏ ဓားချက်ကြောင့် သံချပ်ကာအစွယ်ကွေး ကျားသည် လွင့်စင်သွား၏။ ဤဓားချက်သည် လူတစ်ယောက်ကိုပင် နှစ်ပိုင်းပိုင်းနိုင်သော်လည်း သံချပ်ကာအစွယ်ကွေးကျားအတွက်မူ နှဖူးပေါ်တွင် အမာရွတ်တစ်ခုရနိုင်ရုံသာ စွမ်းနိုင်၏။ ၎င်းသည် ဒဏ်ရာရရှိသွားသော်လည်း ပြင်းပြင်းထန်ထန်တော့မဟုတ်ပေ။။

ချူးယွင်ဖန်းသည် သူ့လက်မောင်းအနည်းငယ်ထုံသွားသည်ကို ခံစားလိုက်ရသည်။ ဒေါသပေါက်ကွဲသွားပြီးနောက် သံချပ်ကာအစွယ်ကွေးကျား၏ ခွန်အားသည် အဆပေါင်းများစွာ သိသိသာသာ တိုးတက်လာသည်။ သူ့လက်မောင်းသည် တကယ်ကိုပင် ထုံကျင်သွား၏။ မွန်းစတားတစ်ကောင်၏ ခန္ဓာကိုယ်သည် လူသားတစ်ယောက်၏ခန္ဓာကိုယ်ထက် သန်မာသည်ဆိုသော စကားမှာ အံ့သြစရာမဟုတ်ပေ။ သို့သော် အခြားသူများ၏အမြင်တွင် သူသည် ပို၍ကြောက်စရာကောင်းနေသည်ကိုတော့ သူမသိပေ။ သံချပ်ကာအစွယ်ကွေးကျားကို လက်တစ်ဖက်နှင့်ချေမှုန်းနေခြင်းနိုင်ခြင်းကမှ တကယ့်မွန်းစတားဖြစ်သည်။

“ကိစ္စတွေက ဒီလိုဆိုမှတော့ ငါအခြား သိုင်းတွေ သုံးဖို့ပဲကျန်တော့တာပဲ”

ချူးယွင်ဖန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ မျက်စိစူးလောက်သော အလင်းတန်းတစ်ခုကို ပစ်ထုတ်လိုက်၏။ အံ့သြဖွယ်ကောင်းလောက်အောင်ပင် လူအများသည် မျက်လုံးမဖွင့်နိုင်ကြပေ။ ၎င်းသည် သံချပ်ကာအစွယ်ကွေးကျား. နှဖူးပေါ်ရှိ သွေးစွန်းနေသော အနာဆီသို့ တိုက်ရိုက် လျှပ်စီးကြောင်းတစ်ခု၏အရှိန်ဖြင့် ကျရောက်သွား၏။

ဘမ်း

ဤဓားချက်သည် သံချပ်ကာအစွယ်ကွေးကျားကို ပြန်လည်ချေမှုန်းနိုင်ခဲံသည်။ ၎င်း၏နှဖူးပေါ်ရှိ အက်ကွဲရာသည် သိသိသာသာ ကြီးမားလာ၏။ ၎င်း၏ အရိုးများပေါ်တွင်ပင် ကွဲရာများပေါ်လာသည်။ ဓားချက်တစ်ချက်မဆုံးမီတွင် နောက်တစ်ချက်ဝင်လာ၏၊၊ ၎င်းသည် လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်ကာ အရိပ်မဓားသည် လေထဲတွင်တောက်ပနေ၏။ ဓားချက်များသည် သံချပ်ကာအစွယ်ကွေးကျား၏ နှဖူးပေါ်မှ သွေးရဲရဲနီနေသော အက်ကွဲရာပေါ်သို့ တိုက်ရိုက်ကျရောက်နေ၏။

ယခုအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် မကြုံစဖူးအခြေအနေသို့ရောက်နေပုံပေါ်သည်။ ဤလေဟုန်တိုက်ခွင်းဓားသိုင်းကို ပြစ်ချက်ကင်းအဆင့်သို့ကျင့်ကြံနှင့်ပြီးသားဖြစ်သည်။ ယခုမူ၊ ရှေ့သို့နောက်တစ်လှမ်းတိုးနိုင်ခဲ့ပြီဖြစ်၏။ သူသည် ပြစ်ချက်ကင်းအဆင့်မှ ပြီးပြည့်စုံအဆင့်သို့ ကျော်ဖြတ်နို်ငခဲ့ပြီဖြစ်သည်။ ဓားသွား၏ အလင်းရောင်ဖျော့လာသည်နှင့်အမျှ သံချပ်ကာအစွယ်ကွေးကျား၏ ဦးခေါင်းသည် ပေါက်ကွဲထွက်ကာ သွေးများပေါက်ထွက်လာ၏။ မသေခင်တွင် နှစ်ကြိမ်တိုင်တိုင် လူးလိမ့်သွားရသည်။

All Chapters