← Chapters

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အခန်း(၈၅) ဆယ်ရက်ကြာတိုက်ပွဲစစ်အပြီး အကူးအပြောင်း

ချူးယွင်ဖန်း၏ဓားချက်သည် သံချပ်ကာအစွယ်ကွေးကျား၏ ဦးခေါင်းကို ခုတ်ဖြတ်ကာ ဦးနှောက်ကို

သံချပ်ကာအစွယ်ကွေးကျားသည် သွားများအထိတိုင် အကာကွယ်ရှိနေသော်လည်း ၎င်း၏ဦးနှောက်သည်မူ အားနည်းသည့်နေရာများထဲမှ တစ်ခုဖြစ်နေ၏။ သာမန်လူတစ်ယောက်၏ ဦ‌နှောက်နှင့် ယှဥ်လျှင် ကွဲပြားမှုတစ်ခုမှမရှိပေ။ ဓားချက်တစ်ခုတည်းဖြင့်ပင် ၎င်းကို အပိုင်းပိုင်းခုတ်ဖြတ်နိုင်၏။

ချူးယွင်ဖန်းက အခုအခိုက်အတန့်တွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ အခြားနေရာများကိုသာ အခုတ်ခံရပါက ဤသံချပ်ကာအစွယ်ကွေးကျားသည် ၎င်း၏ ဇွဲလုံလအပေါ်မှီခိုကာ ဆက်လက်တိုက်ခိုက်နိုင်ဦးမည်ဖြစ်သည်။ ဆက်လက်၍ ခုန်ပေါက်ပြေးလွှားမနေစေရန် တစ်ခုတည်းသောနည်းလမ်းမှာ ၎င်း၏ ဦးနှောက်ကို ခုတ်ထစ်ပစ်ရန်သာဖြစ်သည်။

ချူးယွင်ဖန်း၏ အသက်ရှုသံသည် ပင်ပန်းလာကာ သူ့ကျောပြင်များအေးစက်လာသည်။ ဤသည်ကာ သူ့ ပထမဆုံး သေခြင်းနှင့်ရှင်ခြင်းကြား တိုက်ပွဲဖြစ်ကာ ဤသို့သော ကြမ်းကြုတ်ရာတွင်ကျော်ကြားသော မကောင်ဆိုးဝါးတစ်ကောင်နှင့် ရင်ဆိုင်ရသည်။ တိုက်ပွဲတစ်လျှောက်တွင် သူအလွန်တည်ငြိမ်နေသည် ထင်ရသော်လည်း ဤသည်မှာ တည်ငြိမ်ရန် သူ့ကိုယ်သူတွန်းအားပေးနေခြင်းကြောင့်ဖြစ်၏။ အရေထူနေသော အတွေ့အကြုံရှိ စစ်မှုထမ်း‌ဟောင်းများနှင့်မတူသဖြင့် တိုက်ပွဲပြီးသည်နှင့်ချက်ချင်းပင် သူအနည်းငယ် ပင်ပန်းနွမ်းနယ်သွားသည်။

သို့သော် ယခုအခိုက်အတန့်တွင်မူ သူ့စိတ်သည် သူလုပ်နိုင်ခဲ့သော ကျော်ဖြတ်မှုထဲတွင် နစ်မြုပ်နေဆဲဖြစ်သည်။ ထိုတိုက်ခို်ကမှုတွင် သူက လေဟုန်တိုက်ခွင်းဓားသိုင်း၏ ပြီးပြည့်စုံအဆင့်ကို ကျော်ဖြတ်သွားခဲ့သည်။ ပြီးပြည့်စုံအဆင့်သည် ခံစားချက်ပေါ်မူတည်သည့် သဘောပေါက်နားလည်နိုင်စွမ်းတစ်မျိုးဖြစ်သည်။ ချူးယွင်ဖန်းသည် ပြစ်ချက်ကင်းအဆင့်တွင် အချိန်အတော်ကြာအောင်ပိတ်မိနေခဲ့သည်။ သူ့တွင်၎င်းကို ကျင့်ကြံင်ရန် အခွင့်အရေးမရှိခဲ့ပေ။ ယခုမူ သံချပ်ကာအစွယ်ကွေးကျားသည် သူ့ထံသို့ ထိုသို့သော အခွင့်အရေးတစ်ခုကို ပေးခဲ့ခြင်းဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ချူးယွင်ဖန်းသည် သိတတ်နားလည်မှုကို ကြေညက်သွားခဲ့သည်။ သူ၏ လေဟုန်တိုက်ခွင်းဓားသိုင်းသည် ပြီးပြည့်စုံအဆင့်တွင်အခိုင်အမာရှိနေသည်ဟု ယုံကြည်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ သိသာစွာပင် တိုးတက်လာခဲ့သည်။ မြေပြင်ပေါ်လဲကျနေသော သံချပ်ကာအစွယ်ကွေးကျားကို ကြည့်ကာ သူ့မျက်လုံးများတွင် နာကျင်ရိပ်များပေါ်နေ၏။ ဤသည်ကား သူ့ပိုက်ဆံများဖြစ်သည်။ သူအင်တာနက်ပေါ်တွင် စုံစမ်းခဲ့ဖူးပြီဖြစ်ကာ သံချပ်ကာအစွယ်ကွေးကျားငယ်တစ်ကောင်၏ အလောင်းကိုပင် ဒေါ်လာပေါင်းရာချီဖြင့် လွယ်လွယ်ကူကူရောင်းချနိုင်သည်။ ကျား၏ အကြေးခွံများကို ပျော့ပြောင်းသော ချပ်ဝတ်တန်ဆာအဖြစ် ပြုလုပ်နိုင်သည်။ လေးလံသည်ဟု ယူဆရသော်လည်း ၎င်း၏ ခုခံနိုင်စွမ်းသည် အလွန်ကောင်း၏။ ထို့အပြင် ၎င်း၏ချွန်ထက်သော အစွယ်များသည် ဓားများထုစစ်ရန် ကောင်းမွန်သော ကုန်ကြမ်းများဖြစ်၏။

သံချပ်ကာအစွယ်ကွေးကျား၏ အသားသည် လူချမ်းသာများစွာ အနှစ်သက်ဆုံးအသားဖြစ်ကာ၊ ဤသို့သော မွန်းစတားများ၏ အအသားထဲတွင် ဝိဉာဥ်စွမ်းအင်အမြောက်အမြားပါရှိ၏။ ရေရှည်စားသုံးခြင်းသည် လူတစ်ဦး၏ ကိုယ်ကာယကို သိသိသာသာတိုးတက်စေနိုင်၏။ ထို့ကြောင့်၊ မွန်းစတားအသားသည် အချမ်းသာဆုံး ထမင်းစားပွဲ၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ မွန်းစတားက ပိုအားကောင်းလေ အကျိုးသက်ရောက်မှုကောင်းလေဖြစ်၏။ ချမ်းသာသောမိသားစုများမှ သားသမီးများသည် ဤမွန်းစတားများ၏ အသားကိုစားကာ ကြီးပြင်းလာကြသည်။ အရွယ်ရောက်လာသောအခါတွင် သူတို့၏အရည်အသွေးများ တူညီနေစေကာမူ သာမန်မိသားစုမှကလေးများထက် ပိုမိုအားကောင်းမည်ဖြစ်သည်။

ဤလူ့အဖွဲ့အစည်းသည် တန်းတူဟုထင်ရသော်လည်း တကယ်တမ်းတွင် မည်သည့်အချိန်တုန်းကမှ တန်းတူမဖြစ်ခဲ့ပေ။ ပိရမစ်၏ ထိပ်ဆုံးရှိလူများ၏ စမှတ်သည် မရေမတွက်နိုင်အောင်များပြားသော သူများ၏ ဆုံးမှတ်ဖြစ်သည်။ ထိုမွန်းစတားများ၏ အလောင်းများသည် စစ်တပ်၏လက်ချက်သာဖြစ်သည်။ မဟုတ်လျှင် ကျောင်းက စစ်တပ်အား လျှပ်စစ်သံလိုက်နံရံကို အဘယ်ကြောင့်ဖွင့်ထားခိုင်းလိမ့်မည်နည်း။ နံရံ၏ သုံးစွဲပမာဏသည်လည်း နားပါးသည်မှမဟုတ်ပေ။

ချူးယွင်ဖန်းသည် ဤအတွေးကို သူ့စိတ်ထဲမှ မဖယ်ထုတ်လိုက်ခင်တွင် ခဏတာလေး သက်ပြင်းချလိုက်သည်။ ဤသည်က အန္တရာယ်ပြည့်နေသည့် စစ်မြေပြင်ဖြစ်နေဆဲဆိုသည်ကိုတော့ သူမမေ့ခဲ့ပေ။ ထို့အပြင် သူကိုယ်တိုင်နှင့် သူ့မိသားစု၏ ကံကြမ္မာကို ပြောင်းလဲနိုင်ရန် သူ့ကိုယ်သူ မှီခိုနိုင်သည်ဟု ယုံကြည်၏။

ဤအခိုက်အတန့်တွင်၊ လေထုထဲရှိသွေးနံ့ကြောင့် သို့မဟုတ် ခံတပ်များကြား ပစ်ခတ်မှုမရှိသောကြောင့်ဟု သူသေချာမသိသော်လည်း အဝေးတွင် မွန်းစတားများ ပို၍ပို၍များလာသည်ကို သူတွေ့ရှိသွား၏။

တကယ့်တိုက်ပွဲကား ယခုမှစသည်ဟု ချူးယွင်ဖန်းသိလိုက်သည်။

ဤသို့တွေးကာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အခြားမွန်းစတားတစ်ကောင်ဆီသို့ တိုက်ရိုက်ခုန်ဝင်လိုက်သည်။

ခံတပ်အတွင်းတွင်၊ ရွှယ်ပိုင်လုံက ပြတင်းပေါက်မှတစ်ဆင့်လှမ်းကြည့်နေကာ စစ်မြေပြင်တွင် မွန်းစတားများ နှင့် ကျောင်းသားများ တိုက်ခိုက်နေသည်ကို ကြည့်နေ၏။ သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားကာဆိုသည်။

“ သူတို့က လူသစ်တွေပဲ။ ဒါပေမယ့် အတိအကျပြောရရင် ငါတို့လူသားတွေ မျှော်လင့်ထားတဲ့ အဆုံးမသတ်နိုင်တဲ့ လူသစ်တွေပဲ။ ငါတို့ တကယ်ပဲ ဒီကပ်ဆိုးကြီးကို ကျော်ဖြတ်နိုင်မှာလား”

ထို့နောက် ချက်ချင်းပင်၊ သူ့လက်အောက်ငယ်သားများကို ရွှယ်ပိုင်လုံက ဆက်ညွှန်ကြား၏။

“မင်းတို့အားလုံး၊ သတိထားပါ။ အဲ့ဒီ စွမ်းအားကြီးမွန်းစတားတွေကိုတွေရင် စစ်မြေပြင်ရဲ့အပြင်ဘက်မှာတင် ပစ်သတ်ဖို့ကြိုးစားကြပါ။ တကယ်လို့ ဒီ့ထက်လူနည်းနည်း ထပ်ပြီး သေဆုံးတာတို့ ဒဏ်ရာရတာတို့ဆိုရင် ပညာရေးဝန်ကြီးဌာနက သေချာပေါက် ရုတ်ရုတ်ရုတ်ရုတ်လုပ်လိမ့်မယ်”

စစ်မြေပြင်တွင် အချိန်များသည် အလွန်မြန် ကုန်ဆုံးလျက်ရှိသည်။ တကယ်တမ်းတွင် ပြင်းထန်သောတိုက်ပွဲ အဆုံးမသတ်ခင် နေ့တစ်ဝက်ကျော်ကျော် ဖြတ်သန်းလိုက်ရသည်။

တိုက်ပွဲအပြီးတွင် သူတို့အားလုံး လုံးဝကိုပင် မောပန်းနွမ်းနယ်သွားကြကာ၊ အိပ်ရန်တဲများကိုရှာဖွေရန် လျှပ်စစ်သံလိုက်နံရံ၏ နောက်ဘက်သို့ ဆုတ်ခွာခဲ့ကြသည်။ သူတို့နိုးလာသောအခါတွင်မူ တိုက်ပွဲကို ပြန်လည်ဆင်နွှဲကြ၏။

ရပ်တန့်ရန် အချိန်ဟူ၍ မရှိပေ။ ထို့အပြင် မည်သူကမှလည်း မရပ်တန့်ရဲကြပေ။ သူတို့နောက်မှ တွန်းအားပေးရန် မည်သူမှမလိုပေ။ ဤသို့သော တိုက်ပွဲစစ်အတွက် အခွင့်အရေးမျိုး ရှားသည်ကို သူတို့အားလုံးသေချာသိသည်။ ကျောင်းက သူတို့အားလုံးအတွက် ဤနောက်ဖေးပေါက်ကိုဖွင့်ပေးရန် ဖျောင်းဖျထားသည့်အတွက် တန်ရာတန်ကြေးကိုတော့ပေးရလိမ့်မည်ဖြစ်ကာ ယခု သူတို့ နောက်ဆုတ်ခွင့်မရှိတော့ပေ။

ထို့ကြောင့် သူတို့အားလုံးသည် ဤအခွင့်အရေးကို အပြည့်အဝအသုံးချလျက်ရှိသည်။ မျက်စိတစ်မှိတ်အတွင်း တွင် ရက်နှစ်ဆယ်ကြာသွားသည်။ ဆယ်ရက်ကြာပြီးနောက်တွင် အတန်းနှစ်ခုရှိရာချီသောကျောင်းသားများ၏ အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဓာတ်တို့သည် လုံးဝပြောင်းလဲသွားသည်။ တပ်မတော်တွင် တစ်စိတ်တစ်ဒေသ ပါဝင်ခဲ့ရခြင်းက သူတို့ကို ပြောင်းလဲစေခဲ့၏။ မည်မျှပင်ကောင်းစွာ လေ့ကျင့်ထားစေကာမူ ကောင်းစွာလေ့ကျင့်ထားသူ ဟုသာ အမည်တပ်နိုင်နည်ဖြစ်သည်။ စင်စစ်သွေးထွက်သံယိုတိုက်ပွဲကို တွေ့ကြုံကာ တိုက်ပွဲပေါင်း ရာချီတွင် ရှင်သန်နိုင်မှသာ လက်ရွေးစင်များဖြစ်လာနိုင်၏။

အနားယူခြင်းမရှိဘဲ ဆယ်ရက်တိုင်တိုင် နေ့ရောညပါ လေ့ကျင့်ပြီးမှ ကျောင်းသားများသည် ကနဦးပြောင်းလဲမှုဖြစ်စဉ်ကို အလုံးစုံပြီးမြောက်အောင်မြင်သွား၏။ လွန်ခဲ့သော ဆယ်ရက်ခန့်က ကျောင်းသားအများစုသည် မွန်းစတားများနှင့် ရင်ဆိုင်ရာတွင် ပျာယာခတ်နေခဲ့ကြသော်လည်း ၁၀ရက်ကြာပြီးသည့်နောက်တွင် မွန်းစတားများကို အေးအေးလူလူရင်ဆိုင်နိုင်ကြပြီဖြစ်သည်။ အချို့သောလူများသည် တည်ငြိမ်သော စိတ်အစဉ်နှင့်မွေးဖွားလာခဲ့ကြသော်လည်း လူအများစု၏ နှလုံးသားများမှာမူ လေ့ကျင့်ထားရခြင်းဖြစ်သည်။ များစွာကြုံကြိုက်ပြီးသည့်နောက်တွင်တော့ ဤသည်ကား ဘာမှမဟုတ်တော့ပေ။

ဤဆယ်ရက်အတွင်းတွင် မည်သူမှ ထိခိုက်ဒဏ်ရာမရခဲ့သည်တော့ မဟုတ်ပေ။ မွန်းစတားများကို ရင်ဆိုင်ရခြင်းမှာ ဒဏ်ရာအနာတရဖြစ်ရန် အလွန် လွယ်ကူလွန်းသည်။ မွန်းစတားများ၏ ချွန်ထက်သော လက်သည်း၊ ခြေသည်းများသည် သာမန်အဆင့် ထက်သော လက်နက်များထက် မနိမ့်ကျပေ။ အချို့သော ကျောင်းသားများသည် လက်မောင်းတစ်ခုလုံးကိုပင် ဖြတ်ခံလိုက်ရ၏။ မျက်မှောက်ခေတ်တွင်သာဆိုလျှင် ဤသည်မှာ အလွန်အင်မတန် ပျက်ဆီးဆုံးရှုံးမှုများမည်ဖြစ်သော်လည်း ယခုမူ ကိစ္စကြီးတစ်ခုမဟုတ်ပေ။ ကျိုးသွားသော ခြေလက်၊ အင်္ဂါများကို ပြန်လည် ဖြည့်တင်းရန်၊ ခံတပ်၏ ဆေးကုသဆောင်သို့ ရောက်ရှိလာကြသည်။ နှစ်ရက်အတွင်းတွင် ထိုသူတို့သည် အသက်ရှင်လျက် ကန်ကျောက်ကာ စစ်မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားကြ၏။

ဤကဲ့သို့သော သေခြင်းနှင့်ရှင်ခြင်းကြားဆက်နွယ်နေသည့် လေ့ကျင့်မှုအောက်တွင် ကျောင်းသားများ၏ ခွန်အားသည် အလွန်အင်မတန် လျင်မြန်စွာတိုးတက်လာသည်။ လွန်ခဲ့သော ဆယ်ရက်ခန့်က ချီပြည့်ဝခြင်းအဆင့်ထိသာ ကျင့်ကြံနိုင်သေးသော ကျောင်းသား အများအပြားရှိသေးသော်လည်း ယခုမူ ချီပြည့်ဝခြင်း နောက်ဆုံးအဆင့်ရှိကျောင်းသားများသည် ချီပင်လယ်အဆင့်သို့ရောက်ရှိနေကြပြီဖြစ်သည်။ လွန်ခဲ့သော သုံးရက်ခန့်တွင် အထူးအတွက် အခြေခံအဆင့်ကို ပြီးမြောင်အောင်မြင်ခဲ့ကြပြီးဖြစ်၏။

ထိုသို့သော ပြောင်းလဲမှုသည် နှစ်ခြင်းခံမင်္ဂလာတစ်ခုခုကို ဖြတ်သန်းခဲ့ရသလိုပင်ဖြစ်၏။ လူတိုင်း၏ ကျင့်ကြံရေးသည် တိုးတက်လာခဲ့ပြီပင်ဖြစ်သည်။ ပို၍မြန်သောသူများက အဆင့်တစ်ဆင့်ကို ချက်ချင်းကျော်ဖြတ်နိုင်ကြသော်လည်း မဖြတ်ကျော်ရသေးသော အချို့သည်ပင် ဖြတ်ကျော်ရန် မဝေးတော့ပေ။ တိုက်ပွဲစစ်လေ့ကျင့်ရေးပြီးနောက်တွင်တော့ အဆင့်များကို ဖြတ်ကျော်နိုင်ရန် သိပ်ကြာမည်မဟုတ်ပေ။

ဤသည်ကား သူတို့ ရရှိခဲ့သည့် ကြီးကြီးမားမားအကျိုးတစ်ခုပင်ဖြစ်၏။

ဆယ်ရက်အကြာတွင် ဤကျောင်းသားများသည် အနည်းနှင့်အများ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ ရောက်ကာစအချိန်ကကဲ့သို့တော့ ပြစ်မျိုးမှည့်မထင်လေးများမဟုတ်ကြတော့ပေ။ သို့သော် လူတိုင်းအတွကိတော့ တူညီသည်မဟုတ်ပေ။ အစမှ အဆုံးထိ ဒဏ်ရာမရရှိခဲ့သူတစ်ဦးရှိ၏။

ထိုလူမှာ လူတိုင်း၏ အာရုံစူးစိုက်ခံရသူ ချူးယွင်ဖန်းသာဖြစ်သည်။

အခန်း (၈၆) ဒဏ်ရာကင်း တိုက်ပွဲစံချိန်

ဤဆယ်ရက်အတွင်းတွင် ကျန်သူများနှင့် အနည်းငယ်ကွာခြား၊ ထင်ပေါ်သော လူတစ်ချို့ရှိခဲ့သည်။ သူတို့၏ စွမ်းဆောင်ရည်သည် အခြားသူများထက် သာလွန်နေ၏။ ၎င်းတို့ထဲတွင် တန်းခွဲနှစ်ခု၏ ခေါင်းဆောင်များဖြစ်သော ကျန်းထန်နှင့် အိုးယန်တို့ဖြစ်သည်။ ကျောင်းတွင် ဩဇာအရှိဆုံးလူများဖြစ်သည့်အလျောက် သူတို့နှစ်ဦးသည် ထူးချွန်ကာ သူတို့၏ ကျင့်ကြံရေးများသည် အခြားသူများထက် သိသိသာသာ များစွာအားကောင်း၏။

ထိုသူတို့အပြင် မျက်စိကျဖွယ်ကောင်းသော စွမ်းဆောင်ရည်နှင့် အခြားလူနှစ်ဦးလည်းရှိ၏။ တစ်ယောက်မှာ အတန်း (၂) ၏ အဦးဆုံးအလှမယ် တန်စီယုဖြစ်သည်။ အတန်း(၁) နှင့် အတန်း(၂) တို့ရှိ ယောက်ျားသားများစွား၏ နှလုံးသားထဲတွင် ဤနတ်ဘုရားမ၏ စွမ်းဆောင်ရည်သည် အလွန်ထူးချွန်၏။ ဆယ်ရက်အတွင်းတွင် ဆယ့်ငါးကောင်ထက်မနည်း မွန်းစတားမျာစွာကိုချေမှုန်းခဲ့ကာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည်။

ကျန်သူများ၏ အထက်တွင်ရပ်တည်နေသူမှာတော့ ချူးယွင်ဖန်းဖြစ်သည်။ သူသည်ကား တစ်ကြိမ်တစ်ခါမျှ ဒဏ်ရာမရရှိခဲ့သည့်အပြင် တန်စီယုထက် ငါးကောင်ပိုကာ မွန်းစတား၂၀ကျော်ခန့်ကို ချေမှုန်းသတ်ဖြတိခဲ့၏။ တကယ်၍သာ သူတို့မျက်လုံးနှင့် တပ်အက်မြင်ခြင်းမဟုတ်လျှင် ယုံကြလိမ့်မည်မဟုတ်ပေ။ ဤသို့သော သတ်နိုင်စွမ်းသည် ကျန်းထန်၊ အို့ယန်တို့နှင့်ပငိ တန်းတူ ဖြစ်နေပြီဖြစ်သည်။ ကျန်းထန်နှင့် အို့ယန်တို့မှာမူ ချးးယွင်ဖန်းထက် သိသိသာသာ ပို၍အားကောင်း၏။ ဤသည်က လူတိုင်းကို အံ့ဩစေခဲ့သော အချက်ပင်ဖြစ်သည်။

သူတို့မှလွဲ၍ အသန်မာဆုံးသူသည် မွန်းစတား၈ကောင်သာ ချေမှုန်းခဲ့သည်။ ဆယ်ကောင်ထက်ပိုသတ်နိုင်သော လူတစ်ဦးတစ်ယောက်မှမရှိပေ။ ဂေါင်ဟုန်ချီ နှင့် ဖန်ဒေယင်းကဲ့သို့ လက်ရွေးစင်များသည်မူ မွန်းစတား၆ကောင်ကိုသာသတ်ဖြတ်ခဲ့ကာ အများစုမှာ နှစ်ကောင် သို့မဟုတ် သုံးကောင်သာ သတ်ဖြတ်နိုင်ခဲ့ကြသည်။ အများစုသည် မွန်းစတားများကို ဒဏ်ရာရစေခဲ့ကြရုံသာ တတ်နိုင်ခဲ့ကာ ထိုမွန်းစတားများထွက်ပြေးသွားသည့်နောက်သို့ လိုက်မဖမ်းနိုင်ခဲ့ကြပေ။ သို့မဟုတ် သူတို့ကိုယ်တိုင်ဒဏ်ရာရကာ မွန်းစတားများကို မသတ်နိုင်ခဲ့ကြခြင်းဖြစ်၏။

ချူးယွင်ဖန်း လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ရသည့် အကြောင်းအရင်းမှာ သူ သတ်နိုင်ခဲ့သော မွန်းစတားအရေအတွက်ကြောင့်သာမက၊ အတန်းခေါင်းဆောင်များ ချေမှုန်းနိုင်သောအရေအတွက်နှင့် နှိုင်းယှဥ်၍ရနိုင်သောကြောင့်ဖြစ်သည်။ အ‌ရေးအကြီးဆုံးအရာမှာ သူရင်ဆိုင်ခဲ့သော မွန်းစတားတစ်ကောင်မှ သူ့ထံမှ လွတ်မြောက်ရန်မစွမ်းဆောင်နိုင်ခဲ့ပေ။

ချူးယွင်ဖန်း၏တိုက်ပွဲသည် အလွန်ကောင်းမွန့်သည်။ သာမန်လူတစ်ယောက်ကဲ့သို့ တိုက်ပွဲတိုင်းအပြီးတွင် အနားယူရန် လျှပ်စစ်သံလိုက်နံရံ၏နောက်ဘက်ရှိ တဲဆီသို့ ပြန်မလာခဲ့ပေ။ ယင်းအစား၊ အနားယူရန် အစားထိုးအနေဖြင့် လျှပ်စစ်နံရံ၏ရှေ့တွင် တရားထိုင်၏။ တရားထိုင်ရာမှ ထသောအခါ စစ်တိုက်ပြန်သည်။ ဤသည်မှာ သူ့အား တားဆီးနိုင်သည့် အခိုက်အတန့်မရှိသကဲ့သို့ပင် ရက်ပေါင်း၊ ညပေါင်းများစွာ ဖြစ်ပျက်ခဲ့သော သူ့နေ့တာ၊ ညတာများသာဖြစ်သည်။ စားသောက်ရန်သာ လျှပ်စစ်နံရံ၏နောက်ကွယ်သို့ ပြန်လည် ဆုတ်ခွာလေ့ရှိသည်။

ဤသည်မှာ သာမန်ကျောင်းသားတစ်ယောက် လုပ်ရဲသောအရာဖြစ်သည်။ အထူးသဖြင့် ညပိုင်းများတွင် အလွန် အန္တရာယ်များ၏။ အချို့ မာယာများ၊ ဉာဏ်ကောင်းသောမွန်းစတားများသည် တိုက်ခိုက်ရန် လျှပ်စစ်သံလိုက်နံရံ၏အနီးဝန်းကျင်တွင်ပင် စောင့်နေတတ်ကြသည်။ ကျောင်းသားအချို့သည် လျှပ်စစ်သံလိုက်နံရံအနီးတွင် အန္တရာယ်မရှိနိုင်ဟု တွေးထင်ကြသည်။ ထို့ကြောင့် နံရံနားတွင် မွန်းစတားများ၏ ခြုံခိုတိုက်ခိုက်ခံရကာ အသက်ဆုံးရှုံးလုနီးပါးဖြစ်ကြလေ့ရှိသည်။ သူတို့အားကယ်တင်ခဲ့သူမှာ ချူးယွင်ဖန်းသာဖြစ်သည်။

ချူးယွင်းဖန်းသည်လည်း ခြုံခိုတိုက်ခိုက်ခံရသည်။ သို့သော် သူတရားထိုင်နေသည့်အချိန်တွင်ပင်၊ သူ့ခြေထောက်များကို ချက်ချင်းရွေ့လျားနိုင်၏။ လူအများက သူ့တွင် မွန်းစတားတစ်ကောင်၏ ဗီဇများပါရှိသည်ဟု စိတ်ထင်ကြသည်။

ထို့ကြောင့် သူသည် မွန်းစတားများကို အကြိမ်များစွာလိုက်ရှာရန်မလိုအပ်ဘဲ၊ ချွင်းချက်မရှိ တစ်ကောင်တစ်လေပင် မလွတ်ခဲ့ပေ။ အို့ယန်၊ ကျန်းထန် နှင့် တန်စီယုတို့သည် တစ်ကြိမ်ထက်မက မွန်းစတားများစွာကို အလွတ်ပေးခဲ့ရကာ မွန်းစတားများကြောင့်ပင် ဒဏ်ရာရရှိခဲ့ကြသည်။ ကျန်းထန်သည် မွန်းစတားတစ်ကောင်ကြောင့် ရင်ဘက်ကို ဟက်တက်ခွဲခံခဲ့ရသည်။ ထို့ကြောင့် ကြီးမားသော သွေးထွက်သံယိုအငွေ့အသက်များ ကျန်ရှိခဲ့၏။

အခြားတစ်ဖက်တွင်မူ၊ ချူးယွင်ဖန်း၏တိုက်ပွဲများသည် ကွာခြားသည်။ သူ့တိုက်ပွဲများသည် အဆက်မပြတ်ဖြစ်ကာ၊ ဓားချက်တစ်ခုစီတိုင်းတွင်၊ ကမ္ဘာခွဲဓားသိုင်းသည် အပြည့်အဝ အားသက်ရောက်ခဲ့၏။ ဓားချက်အစုကို ခံပြီးနောက်တွင် မွန်းစတားများသည် ပြန်လည်ခုခံ၊ တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲ ၎င်းတို့၏စွမ်းအားများယုတ်လျော့လာကြသည်။ ဤသို့ဖြင့် ချူးယွင်ဖန်းတစ်ယောက်ဒဏ်ရာမရရှိခဲ့ခြင်းဖြစ်၏။

ဆရာနှစ်ဦး၏ စကားလုံဂများအရ၊ ချူးယွင်ဖန်း၏ တိုက်ပွဲများသည် ကြမ်းတမ်းကာ အစဥ်မကျဖြစ်နေသော်လည်း အမှန်တကယ် ထိန်းချုပ်နိုင်ခဲ့သည်။ ချူးယွင်ဖန်းအား တွေ့ပြီးသည့်နောက်တွင် ထိုမွန်းစတားများသည် သူ့ထိန်းချုပ်မှုအောက်သို့ လုံးဝကျ‌ရောက်သွားကြ၏။ အချိန်ကြာလာသည်နှင့်အမျှ၊ ဤပုံစံသည် ပို၍ပို၍ သိသာထင်ရှားလာသည်။ ချူးယွင်ဖန်း သံချပ်ကာအစွယ်ကွေးကျားအား ပထမဆုံးအကြိမ် သတ်ခဲ့စဥ်ကကဲ့သို့ ဖြစ်သည်။ မကောင်ဆိုးဝါး၏ ခွန်အားနှင့် အရှိန်သည် ချူးယွင်ဖန်းထက် သေချာပေါက်သာလွန်သည်။ သို့သော် အဆုံးသတ်တွင်၊ ဒဏ်ရာတစ်ချက်တစ်လေလေးမှရရှိခြင်းမရှိဘဲ ချေမှုန်းနိုင်ခဲ့သည်။ သူ့တိုက်ခိုက်ရေးသိုင်းသည် မြင့်သောကိုယ်ခံအားလိုအပ်သည်။ ဤသည်မှာ ရိုးရှင်းသည်ထင်ရသော်လည်း၊ တကယ်တမ်းတူ မည်သူကမှ ပုံစံတူလိုက်လုပ်နိုင်ခြင်းမရှိပေ။

ချူးယွင်ဖန်းသည် ဤနည်းလမ်းအတိုင်းသာ ဆက်သွားခဲ့ကာ မွန်းစတားတစ်ကောင်ကိုရှာသည်၊ သတ်သည်၊ ထို့နောက် သူ့ခွန်အားကို ပြန်လည်ဖြည့်တင်းရန် တရားထိုင်သည်။ ထို့နောက်တွင် ‌နောက်တစ်ကောင်ကိုရှာဖွေရန်ထွက်သွားကာ၊ ထိုအကောင်ကို သတ်သည်၊ ထို့နောက် တရားပြန်ထိုင်သည်။ ဤဖြစ်စဥ်သည် ထပ်ကာထပ်ကာဖြစ်လျက်ရှိကာ သူမသိလိုက်ခင်တွင်ပင် မွန်းစတားနှစ်ဆယ်ကျော်သည် သူ့လက်ထဲတွင် သေဆုံးသွားနှင့်ကြပြီဖြစ်သည်။

ဤဆယ်ရက်အတွင်းတွင် သူအတော်လေး မြတ်ခဲ့သည်။ ဤကဲ့သို့ သေလုမျောပါးတိုက်ပွဲ အတွေ့အကြုံမျိုးသည် ကျောင်းတွင် သူရနိုင်သော အရာတစ်ခုမဟုတ်ပေ။ သူနှင့် လျူယုရှု တို့၏ ယခင်တိုက်ပွဲသည် ပြင်းထန်သည်ဟု ယူဆနိုင်သော်လည်း လျူယုရှု သည် သူ့ကို သတ်မည်မဟုတ်ကြောင်းသူသိသကဲ့သို့ သူသည်လ ည်း လျူယုရှု ကို သတ်မည်မဟုတ်ပေ။ ဤသို့သော စိတ်ပိုင်းဖြတ်မှုအောက်တွင် သူသည် ထိုအားကုန်တိုက်ပွဲဟုခေါ်သော တိုက်ပွဲတွင် သူ့ခွန်အားကိုထိန်းထားနိုင်ခဲ့သည်။ ဤနေရာတွင်သာ မွန်းစတားများကို သတ်ရန် သူ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသာ အားကုန်အားလုံးကို အသုံးမပြုပါက မွန်းစတားများသည် သူ့ခေါင်းကို ကိုက်ဖြုတ်သွားမည်ကို သိနေသောကြောင့်ဖြစ်၏။

သူ့ခွန်အားသည် ကျန်းထန်နှင့် အို့ယန်တို့အဆင့်ထိမရောက်ကြသေးသော်လည်း သူ၏ လေဟုန်တိုက်ခွင်းဓားသိုင်းနှင့် ကမ္ဘာခွဲဓားသိုင်းနှစ်မျိုးလုံး ပြီးပြည့်စုံအဆင့်သို့ရောက်ရှိပြီးသည့်နောက်တွင် ဓားသိုင်းနှစ်ခုလုံးကို ချောချောမွတ်မွတ် ပြောင်းလဲအသုံးပြုနိုင်ခဲ့သည်။ ဓားချက်တစ်ခုစီတိုင်းသည် တူညီသည် ထင်ရသော်လည်း၊ တကယ့်လက်တွေ့တွင် သူအသုံးပြုခဲ့သော ဓားသိုင်းများသည် တစ်ခုနှင့်တစ်ခု လုံးဝကွဲပြားသည်။ အချို့သည် လျင်မြန်ကြကာ၊ အချို့မှာမူ အားပြင်း၍အင်အားကြီးကြသည်။ ဓားချက်တစ်ခုစီ၏ စွမ်းအားသည် အဆုံးမရှိဖြစ်ကာ တစ်ခုနှင့်တစ်ခု ကွဲပြား၏။

မွန်းစတားတိုင်းတွင် ကိုယ်ပိုင် စည်းချက်ရှိကြကာ ရင်ဆိုင်နေရသည့် ပြိုင်ဘက်ပေါ်မူတည်၍ ၎င်းစည်းချက်ကို ပြောင်းလဲနိုင်သည်။ ချူးယွင်ဖန်း၏ တိုက်ပွဲနည်းလမ်းမှာ တစ်ခါတစ်ရံမြန်သည်၊ တစ်ခါတစ်ရံ နှေးသည်၊ တစ်ခါတစ်ရံပေါ့ပါးကာ တစ်ခါတစ်ရံ လေးလံ၏။ ထို့ကြောင့်မွန်းစတားများသည် လုံးဝ သတိမထားလိုက်နိုင်ပေ။ ဤသည်မှာလည်း ချူးယွင်ဖန်း၏ တိုက်ပွဲနည်းလမ်းတစ်ခုပင်ဖြစ်ကာ ထပ်ခါတလဲလဲ စမ်းသပ်ခဲ့၏။ ဤသို့သော တိုက်ပွဲနည်းလမ်းဖြင့် ချူးယွင်ဖန်းသည် ဆယ်ရက်အတွင်းတွင် ‌မွန်းစတားနှစ်ဆယ်ကျော်ကို ဒဏ်ရာရခြင်းအလျင်းမရှိ သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆယ်ရက်ကြာ တိုက်ပွဲဝင်ပြီးနောက်တွင် ချူးယွင်ဖန်းသည် အပြောင်းအလဲတစ်ခုကို ခံစားလိုက်ရသည်။ သွေးမြင်ဖူးသော သူများသည် သွေးမမြင်ဖူးသော သူများနှင့် လုံးဝကွဲပြား၏။ ဖန်လုံအိမ်ထဲတွင် ပျိုးထားသော ပန်းတစ်ပွင့်သည် လေပြင်းများအောက်တွင် ဆယ်ရက်ကြာ ပစ်ထားခံခဲ့ရသလို့ပင်ဖြစ်သည်။ အကယ်၍ သူမသေလျှင်၊ သူပြောင်းလဲသွားလိမ့်မည်ဖြစ်၏။

ချူးယွင်ဖန်းက သူတရားထိုင်ရေရာမှ နောက်ထပ်တစ်ကြိမ် နိုးထလာသည်။ သူက အသက်ကို ခပ်ရှည်ရှည်ရှုထုတ်လိုက်သည်။ ယခုအချိန်တွင် သူသည် ချီပင်လယ် တတိယအဆင့်သို့မကျော်ဖြတ်နိုင်သေးပေ။ သို့သော် သူသည် အလျင်လိုခြင်းမရှိ၊ ၎င်းကို ခံစားနိုင်နေပြီဖြစ်၏။ နောက်ဆုံးအတားအဆီးသည် စက္ကူအလွှာတစ်ခုကဲ့သို့ပင်ဖြစ်သည်။ မပြိုကွဲခင် လိုသည့်အချိန်တစ်ခုသာဖြစ်၏။

“နောာက်တစ်ရက်ပဲကျန်တော့တယ်၊ ငါကျော်ဖြတ်နိုင်မလားကြည့်ရအောင်”

ချူးယွင်ဖန်းသည် အရိပ်မဲ့ဓားကို ခပ်တင်းတင်းဆုတ်ကိုင်ထားသည်။ တိုက်ပွဲဆယ်ရက်သည် တဖျပ်ဖျပ်ကုန်ဆုံးသွားခဲ့ကာ သူအကျိုးအမြတ်များစွာရရှိခဲ့သည်။ သို့သော် နောက်ဆုံးအခိုက်အတန့်တွင် နောက်ထပ် အောင်မြင်မှုတစ်ကိုရနိုင်ဦးမလားကိုတော့ သူစမ်းကြည့်ချင်သေး၏။

ချူးယွင်ဖန်းက ရုတ်တရုတ်သူ့ခြေထောက်ကို နင်းလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ငှက်မွှေးတစ်ခုကဲ့သို့ မျောနေ၏။ ချက်ချင်းပင် သူက ဆယ်မီတာကျော်ပျံသန်းကာ စစ်မြေပြင်သို့ဝင်ရောက်ခဲ့သည်။

ဤကာလအတွင်းတွင် သူ့ဓားသိုင်းသည် တိုးတက်ကောင်းမွန်လာသည်ကာမက တိုက်ပွဲအတွေ့အကြုံလည်း တိုးတက်လာခဲ့သည်။ သူ့လှုပ်ရှားမှုများသည် ယခင်ကထက် ပိုကောင်းလာသည်။ ယခင်က ဤအကွာအဝေးကို မပျံသန်းနိုင်ခဲ့ပါ။ သူလက်ရှိလွယ်လွယ်ကူကူ ထုတ်သုံးနိုင်သော အင်အားကို ဤမျှလောက်လွယ်လွယ်ကူကူ မထုတ်သုံးနိုင်ခဲ့ဖူးပေ။

နောက်ဆုံးနေ့ရေ၊ ငါလာပြီ

အခန်း (၈၇) ကပ်ဘေး

မနက်အစောပိုင်းတွင် လူတိုင်းသည် စိတ်ဓာတ်မြင့်မားစွာဖြင့် စစ်မြေပြင်သို့လျှောက်လာခဲ့ကြသည်။ ယနေ့သည် နောက်ဆုံးနေ့ဖြစ်သည်။ ချူးယွင်ဖန်းကဲ့သို့ပင် လူတိုင်းသည် ယနေ့နောက်ဆုံး အားစိုက်ထုတ်ရန် ကြိုးစားနေကြသည်။ ယနေ့ပြီးလျှင် ဤကဲ့သို့အခွင့်အရေးကောင်းများရှိတော့မည်မဟုတ်ပေ။

ချူးယွင်ဖန်း စစ်မြေပြင်သို့ခြေချလိုက်ချိန်တွင် မွန်းစတားများနှင့်တိုက်ပွဲဝင်နေသော ကျောင်းသားများကို မြင်နိုင်နေပြီဖြစ်သည်။ လွန်ခဲ့သော ဆယ်ရက်ခန့်ကနှင့်မတူပေ။ လွန်ခဲ့သော ဆယ်ရက်ခန့်က ကျောင်းသားများအားလုံး ပျာယာခတ်နေခဲ့ကြသော်လည်၊ ယခုမူ တည်ငြိမ်ကာ စိတ်စုစည်းထားကြသည်။ စစ်မြေပြင်၏ အနက်ရှိုင်းဆုံးနေရာများတွင် တန်စီယု၊ အို့ယန်၊ ကျန်းထန်နှင့် အခြား တော်သော ကျောင်းသာများသည် ရောက်ရှိနှင့်နေကြပြီးသားဖြစ်သည်။

ယခင်က ကျောင်းသားများ၏တိုက်ပွဲလမ်းကြောင်းသည် လျှပ်စစ်သံလိုက်နံရံအနီးတွင်သာရှိကာ မွန်းစတားများကို တားဆီးရန် လျှပ်စစ်သံလိုက်နံရံ၏ အကာအကွယ်ကိုပင် အားကိုးခဲ့ရသေးသည်။ သို့သော် ဆယ်ရက်အကြာတွင်မူ အစပိုင်းတွင် အားနည်းသည်ဟုယူဆရသော ကျောင်းသာများသည်ပင် တိုက်ပွဲစည်းကို ချန်ခဲ့နိုင်ကြကာ အားကောင်းသော ကျောင်းသားများသည် တိုက်ပွဲပြင်းနေရာများသို့ပင် ဝင်ရောက်နိုင်နေကြပြီဖြစ်၏။ ရလဒ်အနေဖြင့် သူတို့သည် ပို၍များပြားသော မွန်းစတားများကို ရင်ဆိုင်ကြုံတွေ့လာရသည်။ တန်စီယုနှင့် အခြားသူများသည်လည်း ဒဏ်ရာအနာတရများရခဲ့ကြ၏။

ချူးယွင်ဖန်းသည် စစ်မြေပြင်၏ အတွင်းပိုင်းသို့ အခုလေးတင်မှရောက်ရှိကာ သူ့ဝမ်းဗိုက်အားစားရန် ချဥ်းကပ်လာသည့် ကြွက်နှင့်တူသော သတ္တဝါတစ်ကောင်နှင့် ရင်ဆိုင်ရ၏။

“ခရမ်းရောင် လျှပ်စီး ဆတ်ခလောက်”

(ဘာသာပြန်သူ မှတ်ချက်။ ။ အညိုရင့်ရောင် ဖျံတူ အာတိတ်သတ္တဝါတစ်မျိုး”

ချူးယွင်ဖန်းသည် ဤသတ္တဝါ၏ မူလ ဇစ်မြစ်ကို ချက်ချင်းပင် သတိထားမိသွားသည်။ ၎င်းသည် ဝိဉာဥ်စွမ်းအင်၏ လှုံ့ဆော်မှုကိုခံရပြီးနောက်တွင် ဆတ်ခလောက်တစ်ကောင်၏ ဗီဇပြောင်းလဲမှုမှ မွေးဖွားလာသည့် မွန်းစတားတစ်မျိုးဖြစ်သည်။ ခရမ်းရောင်လျှပ်စီး ဆတ်ခလောက်သည် အလွန်လျင်မြန်သော သတ္တဝါမျိုးစိတ်ဖြစ်သည်။ ၎င်း၏ နောက်ကျောတွင် ခရမ်းရောင်အမွှေးများပါရှိကာ လျှပ်စီးတစ်ခုကဲ့သို့ ရွှေ့လျားသဖြင့် ခရမ်းရောင်လျှပ်စီး ဆတ်ခလောက်ဟု ခေါ်ကြခြင်းဖြစ်သည်။ သံချပ်ကာအစွယ်ကွေးကျားနှင့်နှိုင်းယှဥ်ပါက ခရမ်းရောင် လျှပ်စီး ဆတ်ခလောက်သည် အစွယ်ကွေးကျား၏ သုံးပုံတစ်ပုံပင် မကြီးပေ။ သို့သော် ၎င်းသည် လျင်မြန်သောကြောင့် သံချပ်ကာအစွယ်ကွေးကျားထက် အနည်းငယ်လေးပင် အဆင့်မနိမ့်ပေ။ သာမန်ကျောင်းသားများ၊ သာမန် ဆရာများပင် ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်။။

ဤခရမ်းရောင် လျှပ်စီး ဆတ်ခလောက်၏ မျက်လုံးများသည် အလွန်ပြင်းထန်၊ ကြမ်းတမ်းသော ရောင်ဝါကို ပေးစွမ်းနိုင်၏။ အနည်းငယ်ချစ်စဖွယ်ကောင်းသည်ဟု မြင်ရသော်လည်း ချူးယွင်ဖန်းသည်တော့ ဤမွန်းစတားများသည် အိမ်မွေးသတ္တဝါများမဟုတ်သည်ကို သိ၏။ သူတော်စင်တစ်ဦး၏ စိတ်သဘောထားဖြင့် သွားဆက်ဆံလျှင်တော့ အချည်းအနှီးသာသေဆုံးရပေလိမ့်မည်။

ကျွိ ကျွိ ကျွိ

ခရမ်းရောင်လျှပ်စီး ဆတ်ခလောက်သည် ခပ်တိုးတိုးအသံဖြင့် အော်သစ်နေသည်။ တစ်ခဏလေးအတွင်းမှာပင် သူ့ခန္ဓာကိုယ်သည် ဘယ်မှညာသို့ရွှေ့လျားကာ ရှေ့သို့တိုးလာ၏။ ၎င်းသည် (z) ပုံသဏ္ဍာန်ဖြင့် ရှေ့သို့ လျင်လျင်မြန်မြန် ချဥ်းကပ်လာ၏။ မျဥ်းဖြောင့်အတိုင်းရွေ့လျားနေခြင်းမဟုတ်သည့်အတွက် တုံပြန်ရန်နှေးသောသူများသည် လုံးဝပင် တုံ့ပြန်နိုင်ကြလိမ့်မည်မဟုတ်ပေ။ သူတို့လည်ပင်းများပင် တစ်ချက်တည်းနှင့် ကိုက်ဖြတ်ခံလိုက်ကြရမည်ဖြစ်၏။

သို့သော် ချူးယွင်ဖန်းသည် သာမန်လူမဟုတ်ပေ။ သူ့မျက်လုံးများသည် ခရမ်းရောင်လျှပ်စီး ဆတ်ခလောက်ကို ခိုင်မြဲစွာ စိုက်ကြည့်နေသည်။ သူ၏ ဖြတ်လတ်သော အမြင်အာရုံသည် အလွန်ကောင်းကာ ချက်ချင်းပင် ၎င်း၏ တည်နေရာကို ချက်ချင်းတွေ့ရှိနိုင်၏။ ထို့နောက် သူက ဓားကို ဆွဲထုတ်ပစ်လိုက်သည်။ ရိုက်ခတ်သံနှင့်အတူ အလင်းတန်းတစ်ခုပေါ်ထွက်လာကာ ချူးယွင်ဖန်း၏ ဓားက ခရမ်းရောင်လျှပ်စီး ဆတ်ခလောက်အား တိကျစွာပင် တိုက်ရိုက်ထိမှန်သွားသည်။

ချူးယွင်ဖန်း၏ ဓားချက်သည် အလွန်မြန်ကာ အားပြင်း၏။ ခရမ်းရောင်လျှပ်စီး ဆတ်ခလောက်ကို မဆိုနှင့်။ သံချပ်ကာအစွယ်ကွေးကျားသည်ပင် သူ့ဓား၏အလင်းဖြင့် နောက်ဆုတ်စေနိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ ဓားဖြင့်ထိမှန်ပြီးနောက် လေထဲသို့ပျံတက်သွားကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့်ပြုတ်ကျလာ၏။

ကျွိ ကျွိ ကျွိ

ခရမ်းရောင်အစွယ်ကွေးကျားသည် မြေပြင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်အော်ဟစ်နေ၏။ သံချပ်ကာအစွယ်ကွေးကျားနှင့် မတူညီစွာ၊ အကြေးခွံများဖြင့် ကာကွယ်ထားခြင်းမရှိဖြင့် ဓားဖြင့်ထိလျှင် နာကျင်၏။ သို့သော် ၎င်း၏အမွှေးများသည် အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်၏။ သာမန်ဓား သို့မဟုတ် ဓားသည် ၎င်းကို တိုက်ရိုက်မထိပါက ကြီးကြီးမားမားထိခိုက်ဒဏ်ရာရရန်ခက်ခဲ၏။

သို့သော် ချူးယွင်ဖန်း၏ ဓားဖြင့် ထိပ်တိုက်တိုးကာ အလွန်ထက်သော အရိပ်မဓား၏ ထောင့်စွန်းသည် ခရမ်းရောင်လျှပ်စီး ဆတ်ခလောက်၏ ကိုယ်ထည်တွင် ကြီးမားသော သွေးရဲရဲနီနေသည့် ဒဏ်ရာတစ်ခုကို ဖန်တီးလိုက်သည်။ အသွေးနှင့် အသားတို့သည် နေရာတိုင်းသို့ ပျံ့လွင့်သွားကာ အရိုးများကိုပင် ခပ်ဝါးဝါးမြင်နေရပြီဖြစ်သည်။ ဤခရမ်းရောင်လျှပ်စီး ဆတ်ခလောက်သည် ယခုအချိန်ထိ ရှင်သန်နေထိုင်နိုင်ရန် ရာနှင့်ချီသောတိုက်ပွဲများကို ဖြတ်သန်းခဲ့သည်။ ၎င်းသည် အန္တရာယ်များကို အလွန် သတိရှိသည်။ ထို့ကြောင့် သူ့ရှေ့မှ ခြေနှစ်ချောင်းသတ္တဝါကို ကိုင်တွယ်ရန်မလွယ်သည်ကို တစ်ခဏလေးတွင်ပင် သတိထားလိုက်မိကာ ချက်ချင်းပင် နောက်လှည့်ကာ အဝေးသို့ပြေးထွက်သွား၏။

“ပြေးဖို့ကြိုးစားနေတယ်ပေါ့၊ ငါမင်းကို ဘယ်လိုလုပ် လွတ်မြောက်ခွင့်ပေးနိုင်မလဲ”

ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် အဆင်သင့်ဖြစ်နေနှင့်ပြီးသားဖြစ်သည်။ ခရမ်းရောင်လျှပ်စီး ဆတ်ခလောက်သည် ပြေးရန်အမြှီးကိုလှည့်လိုက်သော အခါတွင် ချူးယွင်ဖန်းသည် ချက်ချင်းပင် ၎င်း၏ဘေးနာားတွင် ပေါ်လာ၏။

ခုတ်ထွင်

ဓားသွား၏အလင်းရောင်သည် နောက်ထပ်ဖန်ပေါ်ထွက်လာသည်။ တစ်ခဏလေးအတွင်းမှာပင် ကောင်းကင်ပြည့်လင်းထိန်နေသော အလင်းရောင်သည် ခရမ်းရောင် လျှပ်စီးဆတ်ခလောက်အား ဝန်းရံထား၏။ ထို့နောက်တွင်၊ ကောင်ကင်ပြည့်နေသော အလင်းသည် နောက်ဆုံးတွင် ခရမ်းရောင်လျှပ်စီး ဆတ်ခလောက်အား ခုတ်ထစ်ပစ်မည့် တုန်လှုပ်ဖွယ်ဓားချက်အဖြစ်ပြောင်းလဲသွားသည်။

ဆလက်ရှ် ဆလက်ရှ်

ခရမ်းရောင်လျှပ်စီး ဆတ်ခလောက်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွားသည်။ ခဏတာရုန်းကန်ပြီးသည့်နောက်တွင် အလှုပ်အရှားရပ်သွား၏။ ချူးယွင်ဖန်းသည် ၎င်း၏ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းလုနီးပါးပင် ဖြစ်သွား၏။ ဤသို့သော အရှိန်ဖြင့်အနိုင်ယူရသော မွန်းစတားများသည် ချူးယွင်ဖန်းကဲ့သို့သော အရှိန်နှင့် ခွန်အားတွင် အားသာချက်ရှိသူများကို အကြောက်ဆုံးဖြစ်သည်။ ၎င်း၏ မြန်နှုန်းသည် အားသာချက်ဖြစ်တော့လျှင် စစ်မှန်သော တိုက်ခိုက်ရေးခွန်အားပေါ်ထွက်လာကာ ၎င်းသည် သံချပ်ကာအစွယ်ကွေးကျား၏ ဆယ်ပုံတစ်ပုံမျှပင် မရှိပေ။

“နောက်တစ်ကောင်”

ချူးယွင်ဖန်းက အနည်းငယ်ပြုံးလိုက်သည်။ ခရမ်း‌ရောင်လျှပ်စီး ဆတ်ခလောက်ကဲ့သို့သော မွန်းစတားမျိုးကို သူအကြိုက်ဆုံးဖြစ်သည်။ သတ်ရလည်း အလွန်လွယ်သည်။ ဟုတ်သည်၊ ဤသည်ကား သူနှင့်သာသက်ဆိုင်၏၊ အခြားသူသာဆိုပါက အလွန်ပင် ဒုက္ခရောက်ရပေလိမ့်မည်။

သို့သော် ဤအချိန်တွင် ခရမ်း‌ရောင်လျှပ်စီး ဆတ်ခလောက်ကို သတ်ပြီးနောက်၊ ချူးယွင်ဖန်းသည် သူ့ပတ်ဝန်းကျင်လေထုမှာ ပုံမှန်သိပ်မဟုတ်သည်ကို ခံစားမိလိုက်သည်။ လေထုသည် ရန်ငြိုးအငွေ့အသက်တစ်မျိုးကို ခပ်ရေးရေးခံစားလိုက်ရသည်။ ဤသို့သောခံစားချက်မျိုးသည် မမြင်နိုင်၊ မထိနိုင်သည်မှန်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူခံစားမိနေနိုင်သေး၏။

နတ်ဘုရားစိတ်ဝိဉာဥ် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အချိန်မှစဿ ချူးယွင်ဖန်းသည် ဤသို့သော အရောင်အဝါများကို အလွန်အမင်းအာရုံခံစားမိလာခဲ့သည်။ ဤသို့မှမဟုတ်လျှင် ယခင် သူတရားထိုင်နေသည့်အချိန်များတွင် ထိုမွန်းစတားများ တိုက်ခိုက်မှုများမှ သူရုန်းထွက်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။ သူက လှမ်းကြည့်လိုက်ကာ တစ်ခုခုမူမမှန်သည်ကို ခပ်မြန်မြန်ပင် သတိထားမိသွား၏။ ကျောင်းသားများသည် မွန်းစတားများကို လိုက်ဖမ်းရန် စစ်မြေပြင်သို့ နက်နက်ရှိုင်းရှိုင်းဝင်ရောက်ခဲ့ကြပြီးဖြစ်သည်။ ဤအခိုက်အတန့်တွင် မွန်းစတားအတော်များများသည် သူ့အနီးနားတစ်ဝိုက်သို့ တိတ်တဆိတ်ဝန်းဝိုင်းလာ၏။

“ဒါ မကောင်းဘူး”

ချူးယွင်ဖန်းသည် တစ်ခုခုမှားနေကြောင်းကို ချက်ချင်းပင် သတိထားလိုက်မိသည်။ ထိုမွန်းစတားများသည် ရည်ရွယ်ချက်ရှိရှိ ဝန်းရံကာ အမဲလိုက်နေကြခြင်းဖြစ်သည်။ တောရိုင်းသတ္တဝါများသည်ပင် အထူးသဖြင့် အစုလိုက်အမဲလိုက်ခြင်းကဲ့သို့ တိကျသော ဉာဏ်ရည်အဆင့်မျိုးရှိကြသည်။ ဥပမာအားဖြင့် ဝံပုလွေအုပ်များ၊ ခြင်္သေ့အုပ်များနှင့် အခြားများစွာသော တိရိစ္ဆာန်များသည် အစုလိုက်အမဲလိုက်နိုင်သည့် ဉာဏ်ရည်၊ ဉာဏ်သွေးမျိုးရှိကြသည်။ ဝိဉာဥ်စွမ်းအင်ကို စုပ်ယူပြီးသည့်နောက်တွင် မွန်းစတားများအဖြစ်ပြောင်းလဲသွားပြီးနောက် ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးသည် တိုးလာမည်သာဖြစ်သည်။

၎င်းတို့ကို ဉာဏ်မမီသည့် သားရဲများအဖြစ်ဆက်ဆံခြင်းသည် ကြီးမားသည့် အမှားတစ်ခုဖြစ်လိမ့်မည်။

ဤမွန်းစတားများသည် သူတို့အား သားကောင်ကဲ့သို့ရည်ရွယ်ချက်ရှိရှိ ဝန်းရံကာ သတ်ဖြတ်ကြသည်မှာသိသာနေ၏။ သို့သော် ချူးယွင်ဖန်းအား ပို၍ ထိတ်လန့်စေသည်မှာ ဤမွန်းစတားများသည် မျိုးနွယ်စုများမတူနေကြခြင်းဖြစ်သည်။ သာမန်အခြေအနေအောက်တွင် သူတို့ အတူတကွပူးပေါင်းတိုက်ခိုက်ကြလိမ့်မည်မဟုတ်လျှင် ယခု မည်သည့်အရာက သူတို့ကို ပူးပေါင်းတိုက်ခိုက်ကြစေရန် လှုံဆော်လိုက်သနည်း။

ဤအကြောင်းတွေးကာ ချူးယွင်ဖန်းက သူ့လက်ကောက်ဝတ်ပေါ်ရှိ ဆက်သွယ်ရေးကိရိယာအား ဖွင့်ကာ ကျင်းဝူကို တိုက်ရိုက်ဆက်သွယ်လိုက်သည်။

“နည်းပြ၊ တစ်ခုခုမကောင်းတာတော့ ဖြစ်နေပြီ။ အဲ့မွန်းစတားတွေက ရည်ရွယ်ချက်ရှိရှိ ကျွန်တော်တို့ကို ဝိုင်းနေပြီး တစ်ကြိမ်တည်းနဲ့ အားလုံးကို ဖမ်းဖို့ကြိုးစားနေကြပြီ။ လာပြီး ကူညီပေးပါဦး။”

ချူးယွင်ဖန်းက စကားပြောနေရင်းဖြင့်ပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အမြောက်ဆံတစ်ခုကဲ့သို့ လေထဲသို့ ခုန်တက်သွား၏။ ထို့နောက် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ဆင်းသက်ကာ မြေပြင်၏ တွန်းကန်အားကိုသုံး၍ နောက်ထပ်တစ်ကြိမ် ထပ်မံပျံသန်းလိုက်သည်။ ဤအချိန်တွင်မူ စွမ်းအားကို ထိန်းချုပ်ရန် သူဂရုမစိုက်တော့ပေ။ သတင်းရရှိခဲ့သော ကျင်းဝူနှင့် ချင်ဖုန်းသည် စစ်မြေပြင်ဆီသို့ အလျင်အမြန်မျှော်ကြည့်လိုက်ကြသည်။ ထင်ထားသည့်အတိုင်းပင် မွန်းစတားများစွာသည် စစ်မြေပြင်အနားသို့ ချဥ်းကပ်နေကြပြီဖြစ်သည်။

“ငါသွားပြီး သူတို့ကိုကယ်လိုက်မယ်။ တပ်ကိုအကြောင်းကြားပြီး နောက်မှလိုက်လာခဲ့” ကျင်းဝူက ချင်ဖုန်းကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် လေးမှထွက်လာသော မျှားတစ်စင်းကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ထွက်လာ၏။

တင်းမာသော အခြေအနေတစ်ခု ပေါ်ပေါက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

All Chapters