အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
အခန်း (၈၈) ငါတစ်ယောက်ယောက်ကို သွားကယ်တော့မယ်
ချူးယွင်ဖန်းသည် စစ်မြေပြင်၏ အနက်ရှိုင်းဆုံးနေရာများသို့ အလျင်အမြန်ပြေးဝင်ကာ အခြေနေတစ်ခုလုံးသည် သူမျှော်လင့်ထားသည့်အတိုင်းဖြစ်နေ၏။ မျှော်လင့်ထားသည့်အတိုင်းပင် မွန်းစတားများသည် သူတို့အားလုံးကို တစ်ချက်တည်း အပြုတ်ဖြုတ်ရန် စီစဥ်ထားကြသည်။ ဤအချိန်တွင် ကျောင်းသားအားလုံးသည် ကျင်းဝူ၏ သတိပေးချက်ကို လက်ခံရရှိကာ စတင်နောက်ဆုတ်နေကြ၏။ သို့သော် နောက်ဆုတ်ရန်အချိန်မရှိသော ကျောင်းသားအနည်းငယ်လည်းရှိသေးသည်။ သူတို့အားလုံးသည် စစ်မြေပြင်၏ အလွန်အတွင်းကျသော နေရာများတွင်ရှိနေကြ၏။ ဤအခိုက်အတိုက်တွင် သူတို့လွတ်မြောက်ချင်လျှင်တောင် အလွန်နောက်ကျနေပြီဖြစ်သည်။ ကျောင်းသားများ ဆုတ်ခွာတော့မည့် အရိပ်အယောင်များကို မြင်သောအခါ မွန်းစတားများသည် အရှိန်မြှင့်ကာ သူတို့အားခုန်အုပ်လာကြသည်.
မွန်းစတားများနှင့်ရောယှက်နေသော ကျောင်းသားတချို့လည်းရှိသည်။
၎င်းတို့ထဲတွင် ဂေါင်ဟုန်ချီလည်း ပါဝင်၏။ ချူးယွင်ဖန်းသည် အဦးဆုံးအခိုက်အတန့်တွင်ပင် သူ့အားဖုန်းဆက်အကြောင်းကြားခဲ့သည်။ ဂေါင်ဟုန်ချီဆုတ်ခွာနေချိန်တွင် မွန်းစတားအနည်းငယ်၏ တိုက်ခိုက်မှုကို ခံရသေး၏။
သူ့လက်ထဲမှ လှံရှည်သည် လေးလံကာ အစွမ်းထက်သည်။ ၎င်းသည် အလွန်အစွမ်းထက်သောကြောင့် မွန်းစတားများသည် ထိုလှံရှည်ကိုပင် မချဥ်းကပ်ရဲကြပေ။ ဤသည်မှာ အလွန်အထင်ကြီးစဖွယ်ဖြစ်၏။ သို့သော် ၎င်းသည် တစ်ကြိမ်တွင် မွန်းစတားတစ်ကောင်ဖြင့်သာရင်ဆိုင်နိုင်သည်။ ဤအခိုက်အတန့်တါ၍် မွန်းစတားအနည်းငယ်က သု့ကိုရုတ်တရက်တိုက်ခိုက်လာသဖြင့် အကြပ်ရိုက်သွားခဲ့ရသည်။ ဤနုန်းဖြင့် သူဒဏ်ရာမရခင် အချိန်လေးတစ်ခုသာ ဖြစ်တော့သည်။
ကံကောင်းစွာဖြင့် သူသည် တာဝေးလက်နက်ကို အသုံးပြုနေခြင်းဖြစ်ကာ ဤအချိန်တွင် ဤလက်နက်၏ အားသာချက်ကို ပြသခဲ့သည်။ တစ်လက်မရှည်က တစ်လက်မသန်မာသည်။ သူ၏လှံကို ကျားတစ်ကောင်ကဲ့သို့ဝှေ့ယမ်းလျက်ရှိကာ သူ့ခံနိုင်ရည်အားများအကုန်မီအထိ မွန်းစတားများသူ့ထံသို့ ချဥ်းကပ်ရန်ခက်ခဲမည်ဖြစ်သည်။
သို့်သော် ချူးယွင်ဖန်းသည် သူနှင့်အတူတိုက်ဖူးခဲ့သော ဂေါင်ဟုန်ချီမှာ ခံနိုင်ရည် ထက်ဝက်ကျော်ခန့်ကို အသုံးပြုခဲ့ပြီးဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သူ အကြာကြီးထိန်းထားနိုင်လိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းခမျာ ချက်ချင်းစိတ်ပူလာသည်။
လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်း သူတို့နစ်ဦးသည် အလွန်ကောင်းသော သူငယ်ချင်းများဖြစ်လာခဲ့ကြသည်။ ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီ အန္တရာယ်ရှိနေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရစဥ်တွင် ထပ်မံ၍ ရပ်ကြည့်ကာ ဘာမှမလုပ်ဘဲမနေချင်တော့ပေ။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် အဆက်မပြတ် လျှပ်တပျက်ပြေးနေ၏။ သူ့အလျင်သည် အလွန်မြန်ကာ စစ်မြေပြင် အတွင်းထဲတွင်ရောက်နေသော ဂေါင်ဟုန်ချီဆီသို့ လျင်မြန်စွာ ပျံသန်းလာ၏။ ဤအခိုက်အတန့်တွင် မွန်းစတားအနည်းငယ်သည် ဂေါင်ဟုန်ချီကား ဝန်းရံကာ တိုက်ခိုက်လျက်ရှိသည်။ သူတို့ထဲမှတစ်ကောင်သည် အလျင်အမြန်ပြေးကာ ချူးယွင်ဖန်း၏လမ်းအား ပိတ်ဆို့နေ၏။
အကယ်၍များ တခြားအချိန်သာဆိုလျှင် ချူးယွင်ဖန်းသည် ဤအမွန်းစတားနှင့် တိုက်ပွဲကြီးတစ်ခုကို တိုက်ရမည်ဖြစ်သည့်အတွက် ပျော်ရွှင်နေပေလိမ့်မည်။ သို့သော် ယခုအချိန်တွ၍် သူသည် မွန်းစတားနှင့် တိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ။
“ငါ့လမ်းက အခုဖယ်စမ်း”
ချူးယွင်ဖန်းက အော်ပြောလိုက်ကာ ချက်ချင်းပင် သူ့ဓားကိုထုတ်လိုက်သည်။ မျက်စိကန်းလုမတက်တောက်ပနေသော အလင်းတန်းတစ်ခုရိုက်ခတ်လာကာ မွန်းစတားကို တိုက်ရိုက်ထိမှန်သွားသည်။
ဘမ်း
ထိုမွန်းစတားအား လွင့်ပျံထွက်သွားစေလိုက်သည်။ ချူးယွင်ဖန်းသည် အလျင်အမြန်ပင် လုံးဝတွန့်ဆုတ်မနေတော့ပေ။ သူသည် ထိုမွန်းစတား၏ ခေါင်းအား ဖြတ်လုမတက် ကြီးမားသော ဒဏ်ရာတစ်ခုကို ၎င်း၏ကိုယ်ထည်ပေါ်တွင် ဖန်တီးပေးလိုက်သည်။ မွန်းစတားသည် လွင့်ထွက်ကာ မြေပြင်ပေါ်သို့ပြင်းပြင်းထန်ထန်ပြုတ်ကျ၏။ ၎င်းသည် ဆက်တိုက်ရုန်းကန်ကာ အော်လိုက် လှိမ့်လိုက်ဖြစ်နေ၏။
ချူးယွင်ဖန်း ပျံသန်းထွက်ခွာသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ၎င်းသည် ရှေ့သို့ဆက်မတိုးရဲပေ။ ချူးယွင်ဖန်းထံမှ အလွန်အမင်းအန္တရာယ်ရှိသော ခံစားချက်မျိုးကို ခံစားနေရကာ ထပ်မံချဥ်းကပ်ပါက သေရလိမ့်မည်ကို နားလည်သဘောပေါက်နေ၏။
ဤအရာအားလုံးသည် အချိန်အတော်ကြာဖြစ်ပျက်နေသည်ထင်ရသော်လည်း တကယ်တမ်းတွင် ခဏတာသာဖြစ်သည်။ ချူးယွင်ဖန်းသည် ရပ်တန့်ခြင်းအလျင်းမရှိဘဲ ဂေါင်ဟုန်ချီထံသို့ ပြေးသွား၏။ မကြာမီတွင် ဂေါင်ဟုန်ချီျီရပ်တည်နေသော နေရာအနီးအနားသို့ရောက်ရှိနေပြီဖြစ်သည်။ ယခုအချိန်တွင် လှံရှည်ကိုင်ဆောင်ထားသော ဂေါင်ဟုန်ချီသည် အန္တရာယ်ထဲသို့ကျရောက်နေပြီဖြစ်သည်။ မွန်းစတားများစွာကို တစ်ပြိုင်နက်ရင်ဆိုင်ရခြင်းကြောင့် သူ၏ ကိုယ်ခံအားသည် လွန်စွာကုန်ခမ်းသွားခဲ့သည်။ သူသိုင်းကွက်များ၏ အကြိမ်ရေသည် ယခင်ကထက်များစွာ နည်းပါးလာသည်။
လှံရှည်ဖြင့် ဖန်တီးထားသော ခံစစ်သိုင်းကွက်များအကြားတွင် အားနည်းချက်များစတင်ပေါ်လာကာ အကြိမ်များစွာ မွန်းစတားများထံတွင် အသတ်ခံရလုနီးပါးဖြစ်နေ၏။
ထိုအချိန်တွင် ချူးယွင်ဖန်းရောက်ရှိလာသည်။ ယခုမှရောက်လာသော်လည်း နည်းနည်းလေးပင် နားနေချိန်မရလိုက်ဘဲ ဓားဖြင့်စတင်တိုက်ခိုက်ရတော့သည်။ တစ်ဟုန်ထိုးတိုက်ခိုက်ရာမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အရောင်အဝါသည်ကိုအားကိုးကာ သူ၏ အလွန်လျင်မြန်သော အရှိန်နှင့် ချူးယွင်ဖန်း၏ အညှာအတာကင်းမဲ့သော တိုက်ခိုက်မှုနှင့်အတူ ဤဓားသည် မွန်းစတားတစ်ကောင်၏ ခန္ဓာကိုယ်အားခုတ်လှဲလိုက်၏။
ဒေါသများဖြင့် စုစည်းထားသော ခွန်အားများပါနေသည့် ချူးယွင်ဖန်း ဓား၏ စွမ်းအားသည် စိတ်ကူးယဥ်နိုင်သည်ထက် သာလွန်နေပြီဖြစ်သည်။ မဟုတ်ပါက ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် အနာတရရစေရုံသာဖြစ်နိုင်ကာ ၎င်းကို ထက်ဝက် တိုက်ရိုက်ပိုင်းနိုင်လိမ့်မည်မဟုတ်ပေ။
ဟစ် ဟစ် ဟစ်
ဤတိုက်ခိုက်မှုသည် အလွန်အစွမ်းထက်သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းသည် ချူးယွင်ဖန်း၏ ကိုယ်ခံအား
ကိုလည်း များစွာသုံးစွဲခဲ့သည်။ လမ်းတွင်အသုံးပြုခဲ့သော သူခွန်အားအပြင် ၎င်းသည် သူ့ကိုယ်သူပင် ထောက်ပံ့နိုင်စွမ်းမရှိတော့ကြောင်းခံစားရစေ၏။
“တော်သေးတယ် မင်းဒီမှာရှိလို့”
ဂေါင်ဟုန်ချီက ချူးယွင်ဖန်းဖြစ်မှန်းသိလိုက်ရသည်နှင့် ချက်ချင်းပင် အလွန်အမင်းဝမ်းသာသွားရသည်။ သူသည် သူ့ကိုယ်ခံအားကို အလွန်အကျွံအသုံးပြုနေပြီးဖြစ်ကာ ဆက်လက်ထိန်းထားနိုင်စွမ်းမရှိတော့ချိန်တွင် ချူးယွင်ဖန်းပေါ်လာခြင်းဖြစ်၏။
ယခုအချိန်တွင် သူတို့နှစ်ဦးရှေ့တွင် မွန်းစတားနှစ်ကောင်ရှိနေသေး၏။
သို့သော် ဤမွန်းစတားများသည် သူတို့ရှေ့တွင် တိုက်ရိုက်ရှိနေသည်။ နှစ်ကြိမ်ဟိန်းဟောက်ပြီးသည့်နောက်တွင် သူတို့က ချူးယွင်ဖန်းကို ကြည့်ကာ ကြောက်လန့်တကြားထွက်ပြေးသွားကြသည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ရန်လိုမှုကို သူတို့ခံစားနိုင်ကြ၏။
ဂေါင်ဟုန်ချီသည်လည်း အံ့အားသင့်သွားကာ အချိန်အတော်ကြာပြီးသည့်နောက်မှ
“ဒီသားရဲတွေက အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပြီး အားကြီးတဲ့လူတွေကို ကြောက်ကြမယ်လို့ ငါမမျှော်လင့်ထားမိဘူး။ ငါကို အနိုင်ကျင့်ဖို့လွယ်မှန်းမြင်ကြတော့ အားလုံးက ငါကို အနိုင်ကျင့်ဖို့လာကြတာပဲ။ မင်းကိုအနိုင်ကျင့်ဖို့မလွယ်မှန်းမြင်တော့ သူတို့ တကယ်ကို ထွက်ပြေးသွားကြတယ်”
“ကောင်းပါပြီကွာ၊ အချဥ်ပေါက်မနေစမ်းနဲ့၊ မြန်မြန်လုပ်ပြီး ထွက်တော့။ ဒီမွန်းစတားတွေ တစ်ခုခုမှားနေကြပြီ” ချူးယွင်ဖန်းက ဂေါင်ဟုန်ချီအား သူ့ဓားဖင်နှင့် ခေါက်လိုက်ကာဆို၏။
“မင်းကရော။ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒီမှာနေခဲ့မယ်လို့တော့ ငါကိုမပြောနဲ့နော်” ဂေါင်ဟုန်ချီက ချူးယွင်ဖန်းကို သံသယဖြင့်ကြည့်ကာ ဆိုသည်။
“ငါဟိုနားက တစ်ယောက်ကိုသွားကယ်မလို့” ချူးယွင်ဖန်းက အံကိုကြိတ်လျက်ဆိုသည်။ သူက အဝေးသို့ လှမ်းကြည့်လိုက်သောအခါ စစ်မြေပြင်၏ အခြားတစ်ဖက်တွင် အမှန်တကယ်ပင် ကြောက်ဖွယ်မွန်းစတားများပေါ်လာသည်ကို မြင်လိုက်ရ၏။
“သံချပ်ကာ အစွယ်ကွေးကျား”
ဂေါင်ဟုန်ချီက ထိုကြောက်စဖွယ် ရုပ်သဏ္ဍာန်အားမြင်လိုက်ရသောအခါတွင် သူ့မျက်နှာအမူအယာပြောင်းကာ မျက်နှာပျက်သွား၏။
ထိုမွန်းစတား၏ အငွေ့အသက်သည် အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ အဝေးမှပင် ၎င်း၏ ကြောက်မက်ဖွယ် နတ်ဆိုးအငွေ့အသက်များ ကောင်းကင်ထက်တွင် ကိန်းအောင်းပျံ့လွင့်နေသည်ကို ခံစားနိုင်နေ၏။ ထို သံချပ်ကာအစွယ်ကွေးကျားသည် ချူးယွင်ဖန်း ပထမရက်တွင်သတ်ခဲ့သောအကောင်နှင့် မတူပေ။ ထိုအကောင်သည် ဖွံ့ဖြိုးဆဲကာလတွင်သာရှိသေးသော်လည်း ယခုမူ အရွယ်ရောက်ပြီးသား သံချပ်ကာအစွယ်ကွေးကျားဖြစ်သည်။ ၎င်း၏ ကြောက်မက်ဖွယ်ခန္ဓာကိုယ်သည် ငါးမီတာကျော်မြင့်ကာ လူသုံးစာမြင့်မား၏။ ဤမွန်းစတားများ၏ သာမန်မဟုတ်သော လုပ်ရပ်များသည် ဤအရွယ်ရောက် သံချပ်ကာအစွယ်ကွေးကျား၏ ဦးစီးမှုကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ချူးယွင်ဖန်းက ချက်ချင်းပင်တွေးမိသွားသည်။
ဤအခိုက်အတန့်တွင် စစ်မြေပြင်၌ ကျောင်းသားအများစုသည် လျှပ်စစ်သံလိုက်နံရံ၏ အခြားတစ်ဖက်သို့ ပြန်လည် ဆုတ်ခွာနှင့်ကြပြီဖြစ်သည်။ လူအနည်းစုသည်သာ မွန်းစတားများ အဝိုင်းခံထားရသော်လည်း အခြားကျောင်းသားများ သို့မဟုတ် အတန်းပိုင်ဆရာများဖြစ်သော ကျင်းဝူနှင့် ချင်ဖုန်းတို့က ကိုင်တွယ်ကြ၏။
စစ်မြေပြင်၏ အနက်ရှိင်းဆုံးနေရာများသို့ ဝင်ရောက်ခဲ့ကြသော ကျန်းထန်နှင့် အိုးယန်သည်ပင် ချူးယွင်ဖန်းနှင့် အခြားသူများရှိသည့် နေရာသို့ ဆုတ်ခွာခဲ့ကြပြီဖြစ်သည်။ အကောင်းဆိုးဝါးများစွာ ဝန်းဝိုင်းထားသော စစ်မြေပြင်၏ အနက်ရှိုင်းဆုံးနေရာတစ်ခုတွင် လူတစ်ဦးသာရှိတော့သည်။ လျှပ်စီးတစ်ခု၏ အရှိန်ဖြင့်ပြေးကာ ထိုလူအနားသို့ ချဥ်းကပ်လာနေသော သံချပ်ကာအစွယ်ကွေးကျားကို သူကြည့်လျက်ရှိသည်။ ၎င်း၏ အရှိန်မြန်လာသည်နှင့်အမျှ လူအများကို ကြောက်ရွံအားငယ်စေသည်အထိဖြစ်စေ၏။
“မင်း တန်စီယုကို သွားကယ်မလို့မဟုတ်ဘူးမလား။ မင်းရူးနေလား။ အဲ့တာ အရွယ်ရောက်ပြီးသာ သံချပ်ကာအစွယ်ကွေးကျားကွ” ဂေါင်ဟုန်ချီျီကဆိုသည်။
“ ဒီအချိန်မှာ ငါ့မှာ ရွေးချယ်စရာသိပ်မရှိပါဘူး။ ငါမသွားရင် သူသေမှာသေချာတယ်” ချူးယွင်ဖန်းကဆိုသည်။
ထို့သို့ပြောပြီးနောက်တွင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အမြောက်စံတစ်ခုသို့ပျံတက်သွားကာ တန်စီယု၏ ဦးတည်ရာသို့ ချဥ်းကပ်သွား၏။
“ဒီ မျိုးမစစ်လေးကတော့ ထပ်ပြီး အထာကျချင်ယောင်ဆောင်ပြန်ပြီ၊ မင်း သူရဲကောင်းလုပ်တမ်းမကစားရင် မင်းကို သူက သတ်မှာမို့လို့လား” ဂေါင်ဟုန်ချီက ပလုံးပထွေး ရေရွတ်လိုက်သော်လည်း သူ့မျက်လုံးများသည် စိတ်ပိုင်းဖြတ်နှင့်ပြီးသားဖြစ်နေ၏။ ထို့နောက် သူက လှံကိုမြှောက်ကာ ချူးယွင်ဖန်းနောက်သို့ လိုက်လာ၏။
“ဘာဖြစ်နေတာလဲ။ ဘာလို့ သူတို့ကအရှေ့ကို ဆက်တိုးနေကြတာလဲ”
ဤအခိုက်အတန့်တွင် အတန်းထဲရှိကျောင်းသားအားလုံးသည် ရှေ့သို့ ချီတက်နေသော ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့အပြင် တစ်ဦးတည်းရှိနေသော တန်စီယုကိုလည်းသတိထားမိသွားသည်။
အပိုင်း (၈၉) ကြောက်မက်ဖွယ် အရွယ်ရောက် သံချပ်ကာ အစွယ်ကွေးကျား
“သူတို့နှစ်ယောက် ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ”
အနောက်မှပြေးလိုက်လာသည့် ကျင်းဝူက ချက်ချင်းပင် အံ့သြစွာမေးလိုက်သည်။ ထို့နောက် ဆက်သွယ်ရေး ချန်နယ်အား အလျင်အမြန်ဖွင့်ကာ ဆိုသည်။
“ချူးယွင်ဖန်းနဲ့ ဂေါင်ဟုန်ချီ မင်းတို့နှစ်ယောက်ဘာလုပ်နေတာလဲ။ မြန်မြန်ပြန်လာစမ်း၊ အရမ်းအန္တရာယ်များလွန်းတယ်”
“ဆရာ၊ ကျွန်တော်တို့ တန်စီယုကိုသွားကယ်မလို့။ ကျွန်တော် သူရဲကောင်းဆန်ဆန်ပြုမှုဖို့ဆိုတာ အရမ်းရှားတယ်။ မနှောက်ယှက်ပါနဲ့” ဂေါင်ဟုန်ချီက သူ့လှံကိုမြှောက်ကာ အော်သည်။
“မျိုးမစစ်၊ အခါ မင်းတို့နှစ်ယောက်က မိုက်ချင်ယောင်ဆောင်နေကြတာလား။ မင်းတို့ ဒါဘယ်လောက် အန္တရာယ်များလဲဆိုတာမသိကြဘူလား ငါ တန်စီယုကို သွားကယ်လိုက်မယ် မင်းတို့အခု ဒီကိုပြန်လာခဲ့စမ်း”
ကျင်းဝူက ပျံသန်းရင်းအော်လိုက်သည်။
“မဟုတ်ဘူး၊ ဆရာက အရမ်းဝေးနေတယ်။ ဆရာ အဲ့ဒီ့ကိုရောက်တဲ့အချိန်မှာ အရမ်းနောက်ကျသွားလိမ့်မယ်။” ချူးယွင်ဖန်း၏ အသံသည် ဆက်သွယ်ရေးချန်နယ်မှ ပေါ်ထွက်လာ၏။ ဤသို့ကြားသောအခါ ကျောင်းသားများ သူတို့နှစ်ဦး အဘယ်ကြောင့် လှည့်ပြန်သွားကြသလဲဆိုသည်ကို နားလည်သဘောပေါက်သွားကြသည်။ ယခင်က ကျင်းဝူက အန္တရာယ်ရှိကြောင်းပြောသည်ကို ကြားရုံဖြင့် လျှပ်စစ်သံလိုက်နံရံ၏ အနောက်သို့ ကသုတ်ကရက်ပြေးခဲ့ကြသည်။ အခြားသူများ၏ အခြေအနေကို နည်းနည်းလေးမျှပင် ဂရုစိုက်မနေအားကြပေ။ အလွန်ဆုံးအနေဖြင့် အနီးအနားရှိကျောင်းသားများကိုသာ ကူညီနိုင်ကြသည်။
သူတို့အားလုံးသည် တိုက်ပွဲ၏ အတွင်းပိုင်းနောသို့ မျှော်ကြည့်နေကြသည်။ အမှန်စင်စစ်ပင် စစ်မြေပြင်၏ အနက်ရှိုင်းဆုံးနေရာများတွင် မွန်းစတားများစွာနှင့် ရင်ဆိုင်နေရသည့် မိန်းကလေးငယ်တစ်ဦး၏ ရုပ်သဏ္ဍာန်ရှိနေ၏။ လူအတော်များများ၏ နှလုံးသားများ တင်းကြပ်လာကြသည်။
အမှန် ၁၃ အထက်တန်းကျောင်း၏ အချောအလှလေးဖြစ်သည့် တန်စီယု၏ ကျော်ကြားမှုသည် အလွန်မြင့်မားသည်။ လူတော်များများသည် ကူညီချင်ကြသော်လည်း သူတို့ တတ်နိုင်သည့်အရာတစ်ခုမျှမရှိပေ။ ထို့အပြင် သူတို့သည် အလွန်ခပ်ဝေးဝေးတွင်ရှိနေကြကာ ကြည့်ရုံသာတတ်နိုင်၍ ချူးယွင်ဖန်းအပေါ် မျှော်လင့်ချက်ထားရုံသာ တတ်နိုင်ကြတော့သည်။ အစွမ်းထက်သော သံချပ်ကာအစွယ်ကွေးကြားသည် စစ်မြေပြင်တစ်ခုလုံးအား ပြင်းတန်သော အငွေ့အသက်ဖြင့် လွှမ်းခြုံထား၏။
ဝေါင်း
သံချပ်ကာအစွယ်ကွေးကျား၏ ဟောက်သံသည် စစ်မြေပြင်တစ်ခုလုံးအားတုန်လှုပ်သွားစေ၏။
တန်စီယုသည် အနားသို့ ချဥ်းကပ်လာသော သံချပ်ကာအစွယ်ကွေးကျားကို သတိထားမိ၏။ သူမ နောက်ဆုတ်ချင်သော်လည်း ရွေးချယ်ခွင့်မရှိပေ။ သူမအား မွန်းစတားအချို့ မှ တားဆီးထားခဲ့ကာ သူမအားဒဏ်ရာရစေသည့် မွန်းစတားများကို သတိထားရမည်ဖြစ်သည်။ ဤမွန်းစတားများထဲမှ မည်သည်အကောင်မဆို သူများအား ခြိမ်းခြောက်ရန် လုံလောက်နေ၏။ သူမက ပို၍ ပို၍ ကြောက်ရွံလာကာ စက္ကန့်ပိုင်းအတွင်းမှာပင် မွန်းစတားတစ်ကောင်သည် သူမ၏ နှင်းကဲ့သို့ဖြူဖွေးနေသော လက်မောင်းပေါ်သို့ ကြီးမားသော သွေးထွက်သံယို အမာရွတ်တစ်ခုကိုဆွဲခြစ်လိုက်၏။ ဒဏ်ရာမှ သွေးစိမ်းများ စီးကျလာကာ သူမ ဓားကို လက်ထဲတွင် ဆက်လက်၍မကိုင်ထားနိုင်တော့ပေ။ ဓားသည် ချွင်ခနဲပြုတ်ကျသွား၏။
ထိုအချိန်တွင် မွန်းစတားတစ်ကောင်သည် အခွင့်အရေးကိုမြင်ကာ သူမပေါ်သို့ ခုန်အုပ်လိုက်သည်။ ၎င်းသည် တန်စီယုအား ကိုက်ရန် သွေးရဲနေသော ပါးစပ်ဟလိုက်၏။ တန်စီယုသည် လွတ်မြောက်ရန်လမ်းသဖြင့် လက်လျှောလိုက်သည်။
ဒီနေရာတွင် သူမ သေရတော့မည်လား။
ဤအခိုက်အတန့်တွင် ကောင်းကင်မှ မျက်စိစူးဖွယ်အလင်းတန်းတစ်ခု ရုတ်တရတ်ဆင်းသက်လာသည်။
ကောင်းကင်မှ ရိုက်ခတ်လာသော ဓားချက်တစ်ခုကို သင်တို့ မြင်ဖူးပါသလား။
ထိုဓားချက်သည် မွန်းစတား၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။
ခုတ်ထစ်
ဤမွန်းစတားသည် လွှင့်ပစ်ခံလိုက်ရသကဲ့သို့ ပျံသန်းသွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ အကြိမ်အနည်းငယ် ရုန်းကန်ခဲ့သော်လည်း အဆုံးသတ်တွင် အသက်ရှုရပ်သွားသည်။ ဤဓားချက်ကြောင့် ၎င်း၏ ဦးခေါင်းခွံကွဲသွားကာ ဦးခေါင်းတစ်ခုလုံးကြေမွသွား၏။ မွန်းစတားတစ်ကောင်၏ အသန်မာဆုံးနေရာမှာ ဦးခေါင်းခွံဖြစ်သော်လည်း ဦးခေါင်းခွံကွဲသွားသည့် အခါတွင်မူ ၎င်းသည် အားအနည်းဆုံးအပိုင်းဖြစ်လာ၏။
“တိုက်ပွဲမှာ အာရုံလွဲနေတာက ကောင်းတဲ့အကျင့်တော့မဟုတ်ဘူး” ခပ်ပါးပါးရယ်သံတစ်ခုသည် တန်စီယု၏ နောက်ကွယ်မှ ထွက်ပေါ်လာ၏။ ခဏအကြာတွင် သူမဘေး၌ လူရိပ်တစ်ခုပေါ်လာကာ ကြည့်လိုက်သောအခါတွင် သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် ရုတ်တရက် သိမ့်ခနဲတုန်သွား၏။
ထိုသူသည် ချူးယွင်ဖန်းမှလွဲ၍ အခြားသူမဟုတ်ပေ။
သူရောက်လာသည်နှင့်ပင် သူ၏ ဓားကို အစွမ်းကုန် ခုတ်လှဲချလိုက်သည်။ ချူးယွင်ဖန်း၏ အသက်ရှုသံသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ထို့နောက်တွင် ခပ်ပြင်းပြင်းလျှောက်လာသော ခြေသံများနှင့်အတူ လှံတစ်စင်း လေကိုခွင်းနေသော အသံသည်ပါ လိုက်ပါလာ၏။ လှံတစ်စင်းသည် လေထဲတွင် အလျားလိုက်ပေါ်လာကာ ခုန်အုပ်လိုက်သော မွန်းစတားအား တိုက်ရိုက် ချေမှုန်းပစ်လိုက်သည်။
“အင်း မင်းနည်းနည်းနှေးသွားတယ်”
ဂေါင်ဟုန်ချီသည် နောက်ဆုံးတော့ အမှီလိုက်နိုင်ခဲ့၏။ တန်စီယုသည် သူမ၏အတန်းဖော်နှစ်ဦးကိုကြည့်ကာ အနည်းငယ်မတည်မငြိမ်ဖြစ်နေသော အမူအယာကို ထုတ်ဖော်ပြသမိနေ၏။ သူမရင်ဆိုင်နေရသော အခြေအနေသည် အတော်လေးဆိုးရွားသည်ကို သူမသိသည်။ ယခုအချိန်တွင် အခြားသူများအားလုံးသည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်သာ ကြိုးစားနေကြသော်လည်း ဤနှစ်ဦးသည် သူမအား အပြေးအလွှားကူညီရန် သူတို့၏ အသက်ကိုစွန့်စားခဲ့ကြသည်။ ဤနှစ်အနည်းငယ်အတွ၍်းတွင် သူမသည် အနာဂတ်တွ၍် မည်သို့သော ဆက်နွယ်မှုမျိုးမှရှိလာမည်မဟုတ်သည်ကို သိသည့်အတွက် သူမ၏အတန်းဖော်များနှင့် ခပ်ခွာခွာနေခဲ့သည်။ ဤသည်အား သူမ၏ ဝမ်းနည်းမှုကိုသာ တိုးစေခဲ့ကာ ယခုမူ တွေဝေနေရပြီဖြစ်သည်။
“ကျေးဇူးတင်ပါတယ်” တန်စီယုက မျက်လုံးများကို မှိတ်ကာ အောက်နှုတ်ခမ်းကိုခပ်ဖွဖွဖိကိုက်ကာ ဆို၏။
“ကျေးဇူးတင်ဖို့မလိုပါဘူး၊ သွေးထွက်တာကိုရပ်ဖို့ မြန်မြန် အနာကျက်ဆေးဖြန်းလိုက်” ချူးယွင်ဖန်းက ခပ်မြန်မြန်သတိပေးလိုက်သည်။
ဤသည်ကို ကြားသောအခါ တန်စီယုသည် သူမနှင့်အတူဆောင်ထားသော အနာကျက်ဆေးကို အလျင်အမြန်ထုတ်ယူလိုက်သည်။ ၎င်းကို ဖြန်းပြီးနောက်တွင် သူမလက်မောင်းမှ သွေးများ ချက်ခြင်းပင် တိတ်သွား၏။
“ကောင်းအဖိုးကြီး၊ အခြားမွန်းစတားတွေကို မင်းတားလိုက်၊ ငါ ဒီကောင်ကြီးကို တားလိုက်မယ်” ချူးယွင်ဖန်းက အသက်ကို ပြင်းပြင်းရှုလိုက်ကာဆိုသည်။
သူ့အရှေ့တွင် သံချပ်ကာအစွယ်ကွေးကျားကြီးသည် ဆယ်မီတာထက်မပိုသောအကွာအဝေးတွင်ရှိနေပြီဖြစ်ကာ အကွာအဝေးသည် သိပ်မဝေးတော့ပေ။ ချူးယွင်ဖန်း၏ မျက်နာသို့ ပြင်းထန်သော အရှိန်အဝါတစ်ခုက အားပြင်းသော ရောင်ဝါတစ်ခုက ခြိမ်းခြောက်နေ၏။ ဤအရွယ်ရောက် သံချပ်ကာအစွယ်ကွေးကျားနှင့်ယှဥ်လျှင် သူလွန်ခဲ့သော ဆယ်ရက်အတွင်းသတ်ခဲ့ဖူးသော မွန်းစတားများသည် အမှုန်အမွှားသာဖြစ်သည်။
လွန်ခဲ့သော ဆယ်ရက်အတွင်းတွင် ထိုစွမ်းအားကြီး မွန်းစတားများသည် များသောအားဖြင့် စစ်မြေပြင်း အပြင်ဘက်တွင် ပစ်သတ်ခံရလေ့ရှိသည်။ ထိုမွန်းစတားများသည် အတော်လေး ဒုက္ခများစေသော်လည်း သေနိုင်ခြေရှိသည်ဟု မယူဆရပေ။ သို့သော် ဤသံချပ်ကာအစွယ်ကွေးကျားသည် ချီပြည့်ဝခြင်း ပဏာမအဆင့်ကို ကျော်နိုင်ခဲ့သည့် မွန်းစတားတစ်ကောင်ဖြစ်သည်။
ဤမွန်းစတား၏ ရှေ့တွင် သာမန်လူတစ်ယောက်သည် အလွန်ကြောက်လန့်ပျော့ခွေကာ ခုခံရန်စိတ်ကူးပင်ရှိနိုင်ကြမည်မဟုတ်ပေ။
“ကောင်းပြီ၊ ငါဒါကိုကိုင်တွယ်နိုင်တယ်။ ဘာကိုမှ အလောတကြီးမလုပ်နဲ့” ဂေါင်ဟုန်ချီကပြောသည်။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် ပြုံးကာ ဆိုသည်။
“ မင်း ဗိုလ်ကြီးရွှယ်ပြောတာကို မှတ်မိသေးလား။ စွမ်းအားကြီးမွန်းစတားတစ်ကောင်ကနဲ့ ရင်ဆိုင်ရရင် သတ္တိရှိရှိရင်ဆိုင်ပြီး စိုက်ကြည့်ရမယ်။ ဒီနည်းနဲ့ မင်း သိက္ခာရှိရှိသေလိမ့်မယ်တဲ့။ ငါ ဒီအဖြစ်အပျက်ကို တကယ်ကြုံတွေ့ရမယ်လို့တော့ မမျှော်လင့်ထားမိဘူး။ ဒါပေမယ့် အဲ့တာက သံချပ်ကာအစွယ်ကွေးကျားဖြစ်နေရင်တောင် ငါသေဖို့ မရည်ရွယ်ဘူး”
ချူးယွင်ဖန်းသည် သူ့ဓားကိုလက်နှစ်ဖက်ဖြင့် ဆုတ်ကိုင်ထားသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင် သံချပ်ကာအစွယ်ကွေးကျားကို ရင်ဆိုင်ခဲ့ရစဥ်ကပင် ၎င်းကို လက်တစ်ဖက်တည်းနှင့် အနိုင်ပိုင်းနိုင်ခဲ့သေးသည်။ သံချပ်ကာအစွယ်ကွေးကျားသည် မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူ့အနားသို့ရောက်ရှိလာၑ။ ဤ တောင်နှင့်တူသောမွန်းစတား၏ ဖိအားသည် သူတို့အပေါ်သို့ ကျရောက်နေသည်။
ဝေါင်း
သံချပ်ကာအစွယ်ကွေးကျားသည် သူ့တို့သုံးယောက်ရှေ့တွင် ခုန်ပေါက်သွားနေ၏။ ၎င်းသည် ခေါင်းကိုထောင်ကာ ရှည်လျားသော ဟိန်းဟောက်သံကြီးတစ်ခုထွက်လာ၏။ ထို့နောက် ၎င်းက ရှေ့ခြေသည်းများကိုမြှောက်ကာ ချူးယွင်ဖန်းအား ကုတ်လိုက်သည်။
ချွင်း
ချွင်း
ချွင်း
သံချပ်ကာအစွယ်ကွေးကျား၏ ကိုယ်ထည်သည် အလွန်ကြီးမားသော်လည်း လျှပ်စီးကဲ့သို့ လျင်မြန်၏။ သာမန်လူတစ်ယောက်သာဆိုလျှင် ထိုကဲ့သို့အရှိန်အဟုန်အား လိုက်နိုင်မည်မဟုတ်သော်လည်း ချူးယွင်ဖန်း၏ မျက်လုံးများသည် ၎င်းပေါ်တွင်သာကျရောက်နေ၏။ ထို့နောက် လျှပ်တပျက်အတွင်းတွင် သူ့ဓားသည် ကောင်းကင်ယံအား ဖြတ်ကျော်ကာ သံချပ်ကာအစွယ်ကွေးကျား၏ ရှေ့ခြေဖဝါးအား ခုတ်လိုက်၏။
ကလန်
သတ္ထုနှစ်ခု ပွတ်တိုက်သွားသကဲ့သို့ ကြည်လင်သောအသံသည် ပေါ်ထွက်လာ၏။ ချူးယွင်ဖန်း၏ ဓားသည် သံလျပ်ပါအစွယ်ကွေးကျား၏ ရှေ့ခြေဖဝါးကို ထိမှန်သွားသည်။ မီးတောက်အနည်းငယ်ပင် ထွက်ပေါ်လာ၏။
ချူးယွင်ဖန်းသည် သံချပ်ကာအစွယ်ကွေးကျား၏ ရှေ့ခြေထောက်ပေါ်တွင် ခြစ်ရာတစ်ခုသာလုပ်လိုက်နိုင်ခဲ့သည်။ သို့သော် ၎င်း၏ အလွန်ကာကွယ်အားကောင်းသော အကြေးခွံများကိုမူ မချိုးဖောက်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းက သူ့ကိုယ်သူ ဟန်ချက်ထိန်းနိုင်ရန် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရသည်။ သူ့လက်များသည် တဆတ်ဆတ်တုန်လာ၏။
“ဘယ်လောက်ခွန်အားကြီးလိုက်သလဲ”
အရွယ်ရောက်ပြီးသားနှင့် မွေးကာစ သံချပ်ကာအစွယ်ကွေးကျားသည် မတူညီသော သတ္တဝါနှစ်ကောင်နှင့် တူသည်။ သူသည် သံချပ်ကာအစွယ်ကွေးကျားငယ်ကို လက်တစ်က်ဖြင့် နှိမ်နှင်းနိုင်ခဲ့သော်လည်း အရွယ်ရောက်သံချပ်ကာအစွယ်ကွေးကျားကို တိုက်ခိုက်ရာတွင်မူ သူ့လက်မောင်များပင် ထုံကျဥ်သွားရသည်။
သံချပ်ကာအစွယ်ကွေးကျားသည် သူထင်ထားသည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေသော်လည်း ရွေးချယ်စရာမရှိတော့ပေ။ သူ ဒီနေရာသို့ပင်ရောက်နှင့်နေပြီဖြစ်ကာ သူ့ကို ကျင်းဝူ အလျင်အမြန်ကယ်ဆယ်နိုင်ရန် ရဲရင့်စွာ ချီတက်၍ အချိန်ဆွဲထားရမည်ဖြစ်သည်။
အပိုင်း (၉၀) ကြမ်းကြုတ်သော တိုက်ပွဲကို အောင်မြင်ခြင်း၊ ချီပင်လယ် တတိယအဆင့်
ဤသံချပ်ကာအစွယ်ကွေးကျားသည် သူ့အရှေ့မှ ခြေနှစ်ချောင်းသတ္တဝါကိုကြည့်ကာ အနည်းငယ်ထူးဆန်းသည်ကို ခံစားလိုက်မိသည်။ ၎င်း၏ခန္ဓာကိုယ်သည် သေးငယ်သော်လည်း ခွန်အားသည် သေးငယ်သည်ဟုမထင်ရပေ။
သို့သော် ၎င်း၏မျက်လုံးများသည် ချက်ချင်းပင် အလွန်ကြမ်းကြုတ်သောအကြည့်သို့ပြောင်းကာ ချူးယွင်ဖန်းအားခုန်အုပ်လိုက်သည်။ အရွယ်ရောက်သံချပ်ကာအစွယ်ကွေးကျားကြီးသည် တောင်ငယ်တစ်ခု၏အရွယ်နှင့် တူညီသည်။ ၎င်းက ခုန်ပေါက်လာသောအခါ တောင်ငယ်တစ်ခု ခုန်နေသကဲ့သို့ ထင်ရ၏။ သွေးနံခပ်ပြင်းပြင်းက သူ့အားခြိမ်းခြောက်လျက်ရှိသည်။
ချူးယွင်ဖန်းသည် သဘာဝကျကျပင် ၎င်းကို ထိပ်တိုက်မရင်ဆိုင်သဖြင့် ခပ်မြန်မြန်ပင် ဘေးသို့ရွှေ့လိုက်၏။ ထို့သို့ရွှေ့လိုက်သည့်တိုင် ခုန်အုပ်ခံရလုနီးနီးဖြစ်သွား၏။ သံချပ်ကာအစွယ်ကွေးကျားသည် အလွန်ကြီးသဖြင့် အနည်းငယ်လေးသာရွှေ့သော်လည်း ချူးယွင်ဖန်းသည်ရှောင်နိုင်ရန် အတော်ခပ်ဝေးဝေးခုန်ရ၏။
ချူးယွင်ဖန်းသည် သူ့မျက်နှာကိုဖြတ်သွားသော မွန်းစတားအငွေ့အသက်တစ်ခုကိုခံစားလိုက်ရသည်။ ၎င်းသည် ကြမ်းကြုတ်သော လေပြင်းအဖြစ်ပြောင်းလဲသွားကာ သူ့မျက်နှာအားနာကျင်သွားစေ၏။ စအစောက ခုန်ထွက်လဲ့သော်လည်း ၎င်း၏ ထက်သော လက်သည်းများဖြင့် အဖြတ်ခံရလုနီးနီးဖြစ်သွားရသည်။ ချူးယွင်ဖန်းသည် သူ့ဓားကိုဆွဲကိုင်ကာ သံချပ်ကာအစွယ်ကွေးကျား၏ ခန္ဓာကိုယ်အား ခပ်တင်းတင်း တွန်းထုတ်လိုက်သည်။ ဓားချက်၏ ပြန်ကန်အား၏ အကူအညီဖြင့် သူသည် လေထဲတွင် ကျွမ်းပစ်ကာ မြေပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့သည်။
“အဖိုးကြီး၊ တန်စီယုကို ခေါ်ပြီးသွားတော့”
ချူးယွင်ဖန်းက ဆိုသည်။ သူသည် ဤသံချပ်ကာအစွယ်ကွေးကျား၏ အကြမ်းဖက်မှုကို ရှင်းရှင်းလင်းလင်းခံစားလိုက်နိုင်ပြီဖြစ်ကာ သူတို့နှစ်ဦးကိုသာ အရင်ပြန်ဆုတ်စေနိုင်ခဲ့၏။
“မသွားဘူး။ မင်းက ဓားကိုသုံးတယ်၊ ငါ့ရဲ့လှံနဲ့ ငါက ဒီကောင်နဲ့ရင်ဆိုင်ဖို့ ပိုသင့်တော်တယ်။ အရူးလုပ်မနေစမ်းနဲ့” ဂေါင်ဟုန်ချီသည် ဦးစွာကန့်ကွက်၏။
“ငါ့ကို အထင်သေးမနေနဲ့။ ငါ ဒဏ်ရာရထားပေမယ့် အမှိုက်တစ်စတော့မဟုတ်ဘူး” တန်စီယုသည် သူမ
၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ သူမသည် ဓားကို အခြားလက်တစ်ဖက်ဖြင့် ပြောင်းကိုင်လိုက်သော်လည်း သူမ၏သွက်လက်မှုကိုတော့ လုံးဝထိခိုက်မှုမရှိပေ။ အကယ်၍ ဤကိစ္စကောင့်သာမဟုတ်လျှင် တန်စီယုတစ်ယောက် လက်နှစ်ဖက်စလုံးဖြင့် ဓားကောင်းကောင်း ကိုင်နိုင်သည်ကို မည်သူမျှသိခွင့်ရလိုက်မည်မဟုတ်ပေ။
“ကောင်းပြီ၊ ငါတို့ နည်းပြကျင်းဝူမလာခင်အထိ တောင့်ခံထားမယ်။ ဒါပေမယ့် မင်းတို့တွေ သတိထားရမယ်နော်။ ဒီသတ္တဝါကြီးက အရမ်းသန်မာတယ်” ချူးယွင်ဖန်းက ဆိုသည်။
ယခုလေးတင် သူသည် မွန်းစတား၏ ချွန်ထက်သော လက်သည်းများနှင့် ထိပ်တိုက်တွေ့ခဲ့ရကာ လက်မောင်းပင် တုန်ခါနေပြီဖြစ်သည်။ တစ်လတ်ကို သုံးသန်းဖြင့်ရောင်းရသောအရိပ်မဓားသည် ထက်ရုံပင်မကဘဲ တစ်ချိန်တည်းမှာပင် တိုက်ခိုက်မှုကို စုပ်ယူနိုင်စွမ်းလည်းရှိ၏။ ချူးယွင်ဖန်းသည် ၎င်းကို မကိုင်တွယ်နိုင်သေးပေ။
တန်စီယုုနှင့် ဂေါင်ဟုန်ချီတို့၏ အမူအယာများသည် လေးနက်လာကြသည်။ ချူးယွင်ဖန်း၏ စွမ်းအားသည် မည်မျှထိကြီးမားသည်ကို သူတို့ကောင်းစွာသိကြသော်လည်း ချူးယွင်ဖန်းကို သူတို့သည်းမခံနိုင်ကြပေ။ ဘယ်လိုလုပ် သူတို့ သတိမထားဘဲနေနိုင်လိမ့်မည်နည်း။ ထို့အပြင် မွန်းစတား၏ အရွယ်အစားကြောင့် သူတို့ သေချာနားလည်သဘောပေါက်ကြ၏။
သို့သော် သူတို့သုံးဦး၏ စကားမဆုံးခင်မှာပင် သံချပ်ကာအစွယ်ကွေးကျားသည် ခုန်ပေါက်သွား၏။ သုံးယောက်တစ်ယောက်တိုက်ပွဲဖြစ်သော်လည်း အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေ၏။ ခြေထောက်တစ်ဖက်ပြီးတစ်ဖက်ဝိုက်သွားကာ ပြင်းထန်သည့်လေတစ်ခု ကိုင်လှုပ်တိုက်ခတ်သွား၏။ အကယ်၍ သတိမထားကာ ရိုက်ခံရလျှင် မသေလျှင်တောင်မှ အလွန်အပြင်းအထန်ဒဏ်ရာရလိမ့်မည်ဖြစ်၏။
ချလန်
ကျယ်လောင်သော တိုက်မိသံနှင့်အတူ ဂေါင်ဟုန်ချီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူလှံကိုပင် လွတ်ကျလုမတက်ဖြစ်သွား၏။ သံချပ်ကာအစွယ်ကွေးကျားနှင့် ထိပ်တိုက်တိုက်ခိုက်မှုအပြီးတွင် ချူးယွင်ဖန်းဆိုလိုသော ၎င်းသည် သန်မာသည်ဟုသော စကားကို နားလည်သွားသည်။ သွေးများစိမ့်ထွက်နေသော အရိပ်အယောင်ပင်ရှိနေကာ သူ့လက်ဖဝါးသည်ပင် သက်ရောက်မှုကြောင့်ပွင့်ထွက်သွား၏။
“ငါ့ ိုး ဒီကောင်က သန်မာလိုက်တာ” ဂေါင်ဟုန်ချီက နောက်ပြန်ဆုတ်ကာ သူ့ဟန်ချက်ကိုထိန်းလိုက်သည်။ သို့သော် သံချပ်ကာအစွယ်ကွေးကျားသည်မူ ဆက်လက်တိုက်ခိုက်ရန် အခွင့်အရေးကိုဖမ်းဆုတ်ဖို့အချိန်မရှိပေ။ ချူးယွင်ဖန်းနှင့် တန်စီယုနှစ်ဦးသားလုံးသည် တစ်ချိန်တည်းတွင် ၎င်းအားတိုက်ခိုက်လိုက်ကြသောကြောင့်ဖြစ်၏။
တန်စီယုု၏ ဓားသိုင်းသည်ပေါ့ပါးသွက်လက်သည်။ ထိုကဲ့သို့ ကြီးမားသောအကောင်ကြီးနှင့်ယဥ်ဆိုင်ရသောအခါ၊ အထူးသဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးအား အကြေးခွံများဖြင့် ဖုံးအုပ်ထားသည့်အခါ သူမသည် အားနည်းသည့်ဘက်သို့ရောက်နေ၏။ သူမ၏ ဓားဦးသည် ၎င်းအား လုံးဝ မထိုးဖောက်နိုင်ပေ။ ထို့ကြောင့် သွက်လက်သောလမ်းကြောင်းကိုသာရွေးချယ်ကာ အပေါ်အောက် ဆက်တိုက်အဆက်မပြတ်ခုန်နေ၏။ သူမ၏ရည်ရွယ်ချက်ျာ ဤသံချပ်ကာအစွယ်ကွေးကျား၏ မျက်လုံးများကို ထိုးဖောက်ပစ်ရန်ဖြစ်ကာ အရွယ်ရောက် သံချပ်ကာအစွယ်ကွေးကျားကို သူမမရင်ဆိုင်နိုင်သော်လည်း ၎င်းကို တွယ်ကပ်နေနိုင်၏။ ထိပ်တိုက်ရင်ဆိုင်ရန်မှာ ချူးယွင်ဖန်း၏တာဝန်သာဖြစ်သည်။
သူ့ကိုသည်လည်း သံချပ်ကာအစွယ်ကွေးကျားသည် အထက်အောက်လိုက်လံဖမ်းဆီးနေသော်လည်း အခြားသူနှစ်ဦးထက်တော့ သိသိသာသာပိုသာ၏။ အနည်းဆုံးတော့ ဤသံချပ်ကာအစွယ်ကွေးကျားအား ခြိမ်းခြောက်ရန် သိုင်းကွက်အချို့ ဟန်ပြလုပ်နိုင်သေးသည်။
“မင်းကို မဖမ်းသွားစေနဲ့”
သူတို့သုံးယောက်၏ နောက်တွင် ကျင်းဝူသည် အလျင်အမြန် ချဥ်းကပ်လာကာ ဤကြောက်မက်ဖွယ် သံချပ်ကာအစွယ်ကွေးကျားကို ရင်ဆိုင်ရန် ယုံကြည်ချက်ခပ်များများရှိမနေပေ။ သို့သော်လည်း ချင်ဖုန်းသည် တပ်စခန်းကို အကြောင်းကြားနှင့်ပြီးဖြစ်ကာ တစ်ခဏလောက်ထိန်းထားနိုင်လျှင်ပင် စစ်တပ်က စစ်စည်းရုံးနိုင်မည်ဖြစ်သည်။ ဤသံချပ်ကာအစွယ်ကွေးကျားသည် သေချာပေါက် သေဆုံးရလိမ့်မည်။ သိုေသာ် ချူးယွင်ဖန်းနှင့် အခြားနှစ်ယောက်ထိန်းထားနိုင်ရမည်မှာ အကြိုလိုအပ်ချက်ဖြစ်သည်။ လူသေအရေအတွက်ဟူသော အရာမျိုးရှိသော်လည်း တစ်ချက်တည်းနှင့် သုံးယောက်လုံးသေဆုံးသွားပါက ပြဿနာကြီးတစ်ခုဖြစ်နိုင်၏။ ဤအချိန်တွင် သံချပ်ကာအစွယ်ကွေးကျားနှင့်တိုက်ခိုက်လျက်ရှိသော ချူးယွင်ဖန်းသည် ထောင့်တစ်နေရာသို့ချောင်ပိတ်ခံလိုက်ရ၏။
“ဒီသားရဲက အရမ်းဉာဏ်နီဉာဏ်နက်များတာပဲ”
ချူးယွင်ဖန်းသည် တကယ့်ကိုပင် အကျိုးနည်းသောအနေအထားသို့ကျရောက်လျက်ရှိကာ အခြားသူများနှင့် လူစုခွဲခံလိုက်ရသည်။ အကယ်၍ ကျန်နှစ်ယောက်က ၎င်း၏ ကိုယ်ပေါ်သို့ တိုက်ရိုက် တိုက်ခိုက်နိုင်လျှင်ပင် သေစေနိုင်လောက်သည့်ဒဏ်ရာရစေရန် ခက်ခဲနေဦးမည်ဖြစ်သည်။ ချူးယွင်ဖန်းအတွက်မူ ဤသည်မှာ မျှော်လင့်ချက်မရှိသောအခြေအနေဖြစ်သည်။ ၎င်း၏ ကြီးမားချွန်ထက်သောလက်သည်းများသည် ကောင်းကင်တွင် ပျံ့လွင့်ကာ ချူးယွင်ဖန်း၏ ဦးခေါင်းသို့ ဓားချွန်တစ်ခုသဖွယ် ခုတ်ချလိုက်၏။ အရိုက်ခံရလိုက်သည်နှင့် သူ့ခေါင်းတစ်ခုလုံးအဖြတ်ခံလိုက်ရမည်ဖြစ်သည်။
“သေစမ်း၊ ငါအစွမ်းကုန်သုံးလိုက်တော့မယ်”
ထိုအချိန်တွင် ချူးယွင်ဖန်းသည် ထိတ်လန့်နေရာမှ ရုတ်တရက်လန့်သွားသည်။ သူ့စိတ်တစ်ခုလုံးသည် ရှင်းလင်းသော အခြေအနေသို့ ဝင်ရောက်သွား၏။။ ထိုအခိုက်အတန့်တွင် ရှောင်ရန်မဖြစ်နိုင်တော့သော ချူးယွင်ဖန်းသည် ရုတ်တရက် သူ့ဓားကို ဆွဲထုတ်ကာ ခုတ်ပစ်လိုက်သည်။
ချလန်
ကျယ်လောင်သောအသံနှင့်အတူ ချူးယွင်ဖန်းသည် သံချပ်ကာအစွယ်ကွေးကျားနှင့် သဘာဝကျစွာပင် မယှဥ်ပြိုင်နိုင်ပေ။ သို့သော် တန်ပြန်ကန်မှု၏ အားကိုသုံး၍ ချူးယွင်ဖန်းသည် အဝေးသို့ပျံထွက်သွားကာ သေစေနိုင်သည့် ရိုက်ချက်ကိုရှောင်လိုက်နိုင်၏။ ချူးယွင်ဖန်း၏ ပုံရိပ်သည် လေထဲတွင် ငှက်မွှေးတစ်ခုသဖွယ်လွင့်နေ၏။ သူက ကျွမ်းပစ်ကာ တည့်တည့်ရပ်လိုက်သည်။ ဟန်ချက်ကိုထိန်းလိုက်ပြီဂကာစတွင် ချူးယွင်ဖန်းက နောက်မဆုတ်ဘဲ နောက်တစ်ကြိမ် ချီတက်လာ၏။
အကယ်၍ တစ်စုံတစ်ယောက်သာ ချူးယွင်ဖန်း၏ မျက်လုံးများကို ယခုအချိန်တွင် မြင်နိုင်လျှင် ချူးယွင်ဖန်း၏အကြည့်များလုံးဝပြောင်းလဲသွားသည်ကို မြင်နိုင်မည်ဖြစ်၏။ ၎င်းတို့သည် လူတစ်ယောက်၏ မျက်လုံးများနှင့်မတူပေ။ ထိုမျက်လုံးများထဲတွင် ခံစားချက်အရိပ်အမြွက်များလုံးဝ ပါရှိမနေပေ၊ လုံးဝတည်ငြိမ်နေသည့် အနေအထားတွင်ရှိသော စက်ရုပ်တစ်ရုပ်နှင့်တူ၏။ သူက သူ၏ဓားကို ထုတ်လိုက်သည့်အခါတွင် မျက်စိကျိန်းလောက်သော အလင်းတန်းသည် တောက်ပလာကာ သံချပ်ကာအစွယ်ကွေးကျားအား တိုက်ရိုက်ခုတ်ချလိုက်၏။
သံချပ်ကာအစွယ်ကွေးကျားသည် အလွန်ဒေါသထွက်သွားသည်။ ဤပိုးကောင်ငယ်ကလေးသည် သူ့အားပြန်လည်တိုက်ခိုက်ရဲ၏။ ၎င်းက ချူးယွင်ဖန်းအား အဓိကပစ်မှတ်ဖြစ်သွားစေ၏။
ချလန်
ချလန်
ချလန်
သတ္ထုပွတ်တိုက်သံများသည် တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်လာကာ ချူးယွင်ဖန်း၏ဓားသည် ဆက်လက် ခုတ်ထစ်နေ၏။ တစ်ချိန်တည်းတွင်ပင် သူသည် အခြေအနေတစ်ခုသို့ဝင်ရောက်နေပုံရသည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစိတ်ဝိဉာဥ်သည် မြင့်တက်လျက်ရှိကာ အထိန်းအကွပ်မဲ့သကဲ့သို့ခံစားနေရ၏။ ချီပင်လယ်တတိယအဆင့်၏ အတားအဆီးတွင် အချိန်အတော်ကြာပိတ်မိနေပြီးနောက် နောက်ဆုံးတွင် လျော့သွားခဲ့ပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ကြိမ်ရွေ့သွားတိုင်းတွင် နဂိုမူလတွင် ရှောင်ရန်မဖြစ်နိုင်သောတိုက်ခိုက်မှုများကို ရှောင်နိုင်လာ၏။ အဝေးမှကြည့်လျှင် အန္တရာယ်သည် သူ့ထံသို့နေရာအရပ်ရပ်မှ ဝင်ရောက်နေပြီဖြစ်သည်။ ချူးယွင်ဖန်းသည်တော့ ဤသို့မတွေးပေ။ အလွန်အမင်းပေါ့ပါးနေသည်ဟုသာခံစားနေရကာ အကြိမ်တစ်ရာကျော် ခုတ်ထစ်ပြီးနောက်တွင် အတားအဆီး၏ အလွှာပါးကို နောက်ဆုံးဖောက်ဖျက်နိုင်သွား၏။
သူ ချီပင်လယ် တတိယအဆင့်သို့ ရောက်ရှိပြီဖြစ်သည်။