← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း(၉၁) ကယ်တင်ခြင်း၊ တိုက်ပွဲ၏ အဆုံးသတ်

ချီပင်လယ်တတိယအဆင့်သို့ ကျော်ဖြတ်ပြီးသည့်နောက်တွင် ချူးယွင်ဖန်းသည် လုံးဝတည်ငြိမ်ခြင်းအဆင့်တွင် ရှိနေ‌သာ်လည်း သူ့ ခွန်အားသည် အဆင့်တစ်ခု တိုးတက်လာသည်ကို ခံစားမိနိုင်နေ၏။ သူ့ စွမ်းအင် သည် ဆက်တိုက်တိုးတက်နေကာ ချီပင်လယ်ဒုတိယအဆင့်ထက် သိသိသာသာ ပိုသန်မာနေ၏။ တကယ်တမ်းတွင် သူ့ခွန်အားသည် သာမန်လူများထက် ပို၍ သန်မာသည်။ ထို့ကြောင့် သာမန်လူများကဲ့သို့ ကျင့်စဥ်တစ်ခုစီ၏ အထွဋ်အထိပ်ကိုရောက်ရှိရန် သူ့အတွက် ပို၍ခက်ခဲသည်။ သို့သော် ကျော်ဖြတ်လိုက်နိုင်သည်နှင့် သူ့ခွန်အားသည် သိသာကြီးမားစွာ တိုးတက်လာ၏။

သို့သော် ယခုမူ ထိုကိစ္စများအကြောင်း အာရုံမစိုက်နိုင်သေးပေ။ သူသည် သူ၏စိတ်နှလုံးအစုံကို ကျေနပ်စေရန် ဤတိုက်ပွဲကြီးကိုသာ တိုက်ခိုက်ချင်နေသော်လည်း သံချပ်ကာအစွယ်ကွေးကျား၏ ပြိုင်ဖက်ကောင်းတစ်ယောက်တော့မဟုတ်ပေ။ ပြင်ပလူများ၏မျက်လုံးထဲတွင် ဤသည်မှာ အလွန်အန္တရာယ်ရှိသော အခြေအနေတစ်ခုဖြစ်နေ၏။

သို့သော် ချူးယွင်ဖန်းသည် အလွန်ကောင်းမွန်သည်ဟု ခံစားနေရ၏။ သူသည် အကြိမ်တစ်ရာကျော်ဆက်တိုက် ခုတ်ထစ်နေကာ ဤဓားချက်များသည် သာမန်ဓားချက်များမဟုတ်ဘဲ ပေါ့ပါးသော ဓားသိုင်းကောင်းများဖြစ်သည်။ ၎င်း၏ စွမ်းအားသည် အလွန်ကြီးမားကာ သူ၏ကိုယ်ခံအားအား အလွန်ကုန်ခမ်းစေ၏။

သာမန်အားဖြင့် သူသည် အလွန်ပင် ပင်ပန်းလာမည်ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် အလွန်ကြည်လင်သော စွမ်းအင်စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက်စီးဝင်လျက်ရှိကာ သူ့မောပန်းနွမ်းနယ်မှုကို သက်သာစေ၍ သူ့အား မလွှမ်းမိုးနိုင်လောက်အောင်ဖြစ်စေသည်။ ထို့ကြောင့် ဤအခိုက်အတန့်တွင် သူ အခြားအရာများအား တွေးနေစရာမလို‌တော့ပေ။ တိုက်ခိုက်ရန်၊ နောက်ထပ် တိုက်ခိုက်ရန် ဆက်လက်တိုက်ခိုက်ရန်သာလိုအပ်၏။

“သူတကယ်ပဲ တိုက်ပွဲအလယ်မှာ ‌အောင်မြင်သွားတာလား၊ ငါ့ ိုး”

ဂေါင်ဟုန်ချီျီက ထိန်းချုပ်မရနိုင်သော အခြေအနေသို့ရောက်ရှိနေသည့် ချူးယွင်ဖန်းအားကြည့်ကာ လျှာကို ချည်ထားရုံမှလွဲတပါးမတတ်နိုင်တော့ပေ။ သူသည် ၎င်း၏ တစ်စိတ်တစ်ပိုင်းကိုသာ မြင်နိုင်သော်လည်း ချူးယွင်ဖန်း၏ အရှိန်နှင့်ခွန်အားသည် ယခင်ကထက် သိသိသာသာ တိုးတက်လာသည်ကို သူမြင်နေရဆဲဖြစသ်ည်။ ရလဒ်သည်အလွန်ထင်ရှား၏။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ဤစကားများကို မကြားနိုင်ပေ။ သူ့စိတ်ထဲတွင် တိုက်ခိုက်မှုများနှင့် တိုက်ခိုက်ခိုက်မှုများသာရှိတော့ကာ ပို၍ အထိန်းအကွပ်မဲ့သော တိုက်ခိုက်မှုများသာရှိ၏။ ဤအခြေအနေတွင် အချိန်၏ သဘောတရားကိုကိုမေ့လျော့သွားခဲ့ကာ အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ပြီး အမြတ်များစွာရခဲ့သည်ဟုသာ ခံစားခဲ့ရ၏။

ဘမ်း

ချူးယွင်ဖန််းသည် သံချပ်ကာအစွယ်ကွေးကျား၏ ခြေထောက်အား တစ်နေရာတည်းသို့ ဆက်တိုက်ခုတ်ထစ်ပစ်လျက်ရှိသည်။ နောက်ဆုံးတွင် သူသည် သံချပ်ကာအစွယ်ကွေးကျား၏ အကြေးခွံတစ်လျှောက်ခုတ်လိုက်ကာ သွေးများပန်းထွက်လာစေခဲ့သည်။

သံချပ်ကာအစွယ်ကွေးကျားသည် နာကျင်မှုကြောင့် ဒေါသထွက်ပေါက်ကွဲကာ ပို၍ပင် ကြမ်းကြုတ်လာသည်။ ထို့နောက် သူတို့သုံးဦးအား အရူးအမူးတိုက်ခိုက်တော့၏။

သူတို့သုံးဦးသားသည် အတူတွဲကာ တစ်ယောက်နှင့်တစ်ယောက်ကူညီကြသော်လည်း ချက်ချင်းပင် အကျိုးနည်းတော့မည့်အရေးသို့ရောက်လာ၏။ ဆက်တိုက်တိုက်ပွဲများအပြီးတွင် ကြာချိန်သိပ်မများသော်လည်း သူတို့သုံးဦးအတွက်မူ ဤတိုက်ပွဲ၏ စွမ်းအင်အသုံးပြုမှုသည် သာမန်တိုက်ပွဲထက် ဆယ်ဆပိုများ၏။

ရဲရင့်သော ချူးယွင်ဖန်းသည်ပင် ပို၍ကြာကြာ မတောင့်ခံနိုင်တော့ပေ။ ဤအခိုက်အတန့်တွင် သူတို့သုံးဦးသားသည် ကိုယ်ခန္ဓာသည်အဘယ်ကြောင့် သိုင်းပညာရှင်တစ်ဦး၏ အဓီကအုတ်မြစ်ဖြစ်သည်ကို အမှန်တကယ်နားလည်ခဲ့ကြသည်။ မည်မျှပင် သိုင်းကွက်များရျိပါစေ၊ သိုင်းကွက်များသည် မည်မျှပင် အားကောင်းနေပါစေ ခန္ဓာကိုယ်က မထိန်းနိုင်ငါက အသုံးမဝင်ပေ။

အခြားနှစ်ယောက်အတွက်မူ အထူးသဖြင့် မွန်းစတားများကိုတိုက်ခိုက်ရန် လှံအသုံးပြုနေသော ဂေါင်ဟုန်ချီသည် သူတို့၏ လက်များတွင် သွေးများပေပွလျက်ရှိပြီဖြစ်ကာ အသားများပင် အကြိမ်ကြိမ်ကွဲထွက်သွားခဲ့၏။ နောက်ဆုံးတွင် သူတို့ သုံးယောက်သည် ထပ်မံ၍ ကြာကြာ မထိန်းထားနိုင်တော့‌ပေ။ ကောင်းကင်ပေါ်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်လာ၏။

ဤသည်ကား ကောင်းကင်မှပြုတ်ကျလာသော ဓားသိုင်းတစ်ခုဖြစ်သည်။ မျက်စိကန်းလုနီးပါးအလင်းရောင်သည် ကောင်းကင်ကို ဖြတ်၍ သံချပ်ကာအစွယ်ကွေးကျားဆီသို့ တိုက်ရိုက် ပျံသန်းသွား၏။

ခုတ်ထစ်

သံချပ်ကာအစွယ်ကွေးကျားသည် အလွန် သနားဖွယ်ကောင်းသော အော်ဟစ်သံကို ပြုပြီးသည့်နောက်တွင် ကြီးမားသော ပေါက်ကွဲသံနှင့်အတူ တောင်ငယ်တစ်ခုစာကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဘေးနှစ်ဖက်သို့ ပြုတ်ကျသွား၏။

“မင်းတို့အားလုံး မဆိုးပါဘူး၊ မင်းကိုကြည့်၊ တကယ်ပဲ သံချပ်ကာအစွယ်ကွေးကျားကို ဒီလောက်ကြာအောင်ထိန်းထားနိုင်တယ်”

သူတို့သုံးယောက် ခေါင်းလှည့်ကြည့်လိုက်သောအခါ ရောက်လာသူမှာ ရွှယ်ပိုင်လုံမှလွဲ၍တခြားသူမဟုတ်ပေ။ ပထမတော့ အဦးဆုံးရောက်လာမည့်သူမှာ ကျင်းဝူဖြစ်မည်ဟု သူတို့တွေးခဲ့ကြသည်။ ရွှယ်ပိုင်လုံဖြစ်မည်ဟု မမျှော်လင့်ထားကြပေ။ ဇာတ်လမ်းရှည်တစ်ပုဒ်ဖြစ်နေသော်လည်း အချိန်တိုလေးသာရှိပါသေးသည်။ သို့သော် ယင်းအချိန်တိုလေးအတွင်းတွင် သူတို့သုံးယောက်ကို ငရဲတံခါးဝမှ လမ်းလျှောက်သွားနေရသကဲ့သို့ ခံစားရစေသည်။ သူတို့သည် တစ်နှစ်လောက် သို့မဟုတ် တစ်စက္ကန့်လောက်အသက်ရှင်နေရခြင်း၏ အဓိပ္ပါယ်ကိုပင် နားလည်လိုက်ကြရသည်။

သူတို့သုံးယောက်သည် ချက်ချင်းပင် မြေကြီးပေါ်သို့ထိုင်ချလိုက်ကြသည်။ ယခင်က သံချပ်ကာအစွယ်ကွေးကျား၏ ခြိမ်းခြောက်မှုကြောင့် ပင်ပန်းမှုကို မခံစားရသော်လည်း ယခုမူ ယင်းခြိမ်းခြောက်မှုပျောက်သွားသောအခါ ပင်ပန်းနွမ်းနယ်မှုကြီးတစ်ခုသည် သူတို့ခန္ဓာကိုယ်အား နယ်ချဲ့နေပြီကို ခံစားလိုက်မိကြ၏။

“ဗိုလ်ကြီးရွှယ်၊ အရွယ်ရောက် သံချပ်ကာအစွယ်ကွေးကျားလိုမျိုး မွန်းစတားမျိုးက ကျောင်းသားတွေလေ့ကျင့်နေတဲ့ စစ်မြေပြင်မှာ ဘာလို့ပေါ်လာရတာလဲ။ မင်း ငါတို့ကျောင်းကို ရှင်းလင်းချက်တစ်ခုတော့ပေးရမယ်ထင်တယ်” ကျင်းဝူက နောက်ဆုံးတော့ရောက်လာသည်။ သူ့မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။ အမှားတစ်ခုခုရှိခဲ့ကာ သူတို့ကို အချိန်မီပင်မကယ်နိုင်လုနီးပါးဖြစ်ခဲ့၏။ ချူးယွင်ဖန်းနှင့် အခြားနှစ်ယောက်သာ သေဆုံးသွားလျှင် အကျိုးဆက်သည် တွေးကြည့်၍ရနိုင်မည်ပင်မဟုတ်ပေ။

ရွှယ်ပိုင်လုံ၏ မျက်နှာသည် ခပ်ရှားရှား ရှက်ရွံမှုအရိပ်အမြွက်ကို ပြနေပြီဖြစ်သည်။ သာမန်အားဖြင့် စစ်တပ်သည် စစ်မြေပြင်၏ အပြင်ဘက်စွန်းစွန်းတွင် စွမ်းအားကြီးမွန်းစတားများကို ပစ်သတ်ကာ အားနည်းသောအကောင်များကိုသာ အထဲသွင်းလေ့ရှိသည်။

“ဒါကတကယ့်ကို ကျွန်တော်တို့ရဲ့ ပေါ့ဆမှုပါပဲ။ အချိန်ကျရင် ကျွန်တော်တို့ ခင်ဗျားတို့ကျောင်းအုပ်နဲ့ စကားပြောပါလိမ့်မယ်” ရွှယ်ပိုင်လုံက ချက်ချင်းပင် အလေးအနက်ပြောကာ ဆိုသည်။

“ငါတို့ မူလအစီအစဥ်က ချောင်းပြီးပစ်သတ်မလို့ပဲ။ ဒါပေမယ့် သံချပ်ကာအစွယ်ကွေးကျားက ပဏာမအဆင့်ရောက်နေတဲ့မွန်းစတားမို့ သာမန်ချောင်းပစ်တာလောက်နဲ့တော့ အဲ့အကောင်ကို ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။

ပြောင်းအကြီး စနိုက်ပါကသာ အဲ့အကောင်ကြီးကိုသတ်နိုင်မှာပဲ။ ဒါပေမဲ့ ပေါက်ကွဲမှုရဲ့ အကွာ အဝေးက အရမ်းကျယ်တဲ့အတွက် မင်းတို့ကို မတော်တဆထိခိုက်မိနိုင်တယ်။ ကံကောင်းလို့ မင်းတို့ရဲ့ လုပ်ဆောင်ချက်က အရမ်းဆိုးမနေတာကြောင့် ငါရောက်တဲ့အထိ မင်းတို့တောင့်ခံထားနိုင်ခဲ့ကြတာပဲ”

“လခွမ်း ခင်ဗျားသာ ကျွန်တော့်ကို နောက်တစ်ခေါက်လုပ်ခိုင်းရင် ကျွန်တော် လုပ်နိုင်မှာမဟုတ်ဘူး” ဂေါင်ဟုန်ချီက အော်ပြောလိုက်သည်။

သူ့တစ်ကိုယ်လုံးသည် ရေကန်ထဲမှထွက်လာသော ငါးတစ်ကောင်ကဲ့သို့ ချွေးများဖြင့် ရွှဲနစ်နေ၏။ ဤအချိန်တိုလေးအတွင်မှာပင် သူသည် တစ်နေကုန် သိုင်းပညာလေ့ကျင့်နေရသည်ထက် ပို၍ပင် ပင်ပန်းနွမ်းနယ်လျက်ရှိသည်။ သူက အော်ပြောလိုက်ကာ အနာကျက်ဖြန်းဆေးကို သူ့အနာများပေါ်သို့ ဖြန်းလိုက်သည်။ အလွန်နာကျင်လွန်ရသောကြောင့် နာကျင်မှုဖြင့် မျက်နှာပျက်နေ၏။ တိုက်ခိုက်နေစဉ်အတွင်းတွင် ဤသည်ကို မခံစားရသော်လည်း ယခုမူ နာကျင်နေရ၏။

“မင်းတို့ကောင်တွေ မဆိုးဘူး။ ငါ အထင်သေးခဲ့မိတယ်။ တကယ်လို့ မင်းတို့ စစ်တပ်ထဲဝင်ချင်ရင် ငါ့ဆီကိုလာခဲ့၊ မင်းတို့ကို ထောက်ခံပေးလိုက်မယ်” ရွှယ်ပိုင်လုံက သူတို့သုံးယောက်၊ အထူးသဖြင့် ချူးယွင်ဖန်းကို ကြည့်ကာဆိုသည်။ ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်ကို သူမြင်ခဲ့ပြီးဖြစ်သည်။ အရွယ်ရောက် သံချပ်ကာအစွယ်ကွေးကျား၏ ရှေ့တွင် ချူးယွင်ဖန်းသည် ကြောင့်ရွံ့မနေသလို စိတ်မရှည်လည်းဖြစ်မနေပေ။ ပြန်လည်တိုက်ခိုက်ရန်ပင် သတ္တိရှိနေခဲ့၏။ ဤသည်မှာ ရွှယ်ပိုင်လုံ တန်ဖိုးအထားဆုံးအရာတစ်ခုလည်းဖြစ်သည်။

သတ္တိရှိသူတစ်ဦးသည် ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် တိုက်ခိုက်ပေလိမ့်မည်ဖြစ်သည်။

ခွန်အားကို မြှင့်တင်နိုင်ကာ အရည်အချင်းများကို သွေးနိုင်သော်လည်း သန်မာသောရန်သူကို ရင်ဆိုင်ရဲစည့် သတ္တိမရှိလျှင်မူ အရာရာသည် အချည်းအနှီးသာဖြစ်ပေလိမ့်မည်။

“ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးရွှယ်။ ကျွန်တော် အလေးအနက်ထားစဉ်းစားပါ့မယ်။”

ချူးယွင်ဖန်းက ခေါင်းညိတ်ကာဆိုသည်။ သူသည် ကျင့်စဉ်အဆင့်တက်ခဲ့သော ခံစားချက်ကို ပြန်လည်အမှတ်ရနေကာ ထို နတ်ဘုရားဆန်စွာ သတ္တိရှိမှုအောက်တွင် သူသည် အတော်လေး တိုးတက်ခဲ့သည်။

သို့သော်လည်း ယခု အံ့အားသင့်ဖွယ်ဓားချက်များသည် သူ့အား အလွန်ထိတ်လန့်စေခဲ့သည်။ ရွှယ်ပိုင်လုံအရမ်းသန်မာသည်ကို သူသိသော်လည်း ရွှယ်ပိုင်လုံသည် သူတို့သုံးဦးအား အလွန်အံ့အားသင့်စေခဲ့သည်။ ဝမ်းနည်းဖွယ်သေဆုံးခဲ့ရသော သံချပ်ကာအစွယ်ကွေးကျားသည် ရွှယ်ပိုင်လုံ၏ သိုင်းကွက်တစ်ခုကိုပင် တောင့်ခံနိုင်စွမ်းမရှိခဲ့ပေ။ ထို့မှသာ သူသည် စစ်မှန်သောခွန်အား၏အဓိပ္ပါယ်အား နားလည် သဘောပေါက်ခဲ့သည်။

သို့သော် ချူးယွင်ဖန်းသည် စိတ်ဓာတ်မကျပေ။ ထိုအဆင့်သို့ရောက်ရန်၊ သို့မဟုတ် ထိုအဆင့်ကို ဖြတ်ကျော်ရန်ပင် နေ့ရက်တစ်ခု အနာဂတ်တွင် ကြုံလာနိုင်လိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းနှင့် အခြားနှစ်ဦးသည် ကယ်တင်ခြင်းခံခဲ့ရကာ ဤသည်က သူတို့အား အာရုံစိုက်နေသည့် ကျောင်းသားများကို စိတ်သက်သာရာရစေခဲ့သည်။ ယခုအချိန်တွင် သူတို့သည် သူတို့၏ ပြုခဲ့သော စွမ်းဆောင်ရည်အပေါ် အာရုံစိုက်ချင်သည့် ခံစားချက်မျိုးရှိနေကြ၏။

သံချပ်ကာအစွယ်ကွေးကျားကို ရင်ဆိုင်ရစဥ်တွင် သူတို့ သုံးဦးသည် အရှုံးမပေးခဲ့ပေ။ သူ့တို့လုပ်ဆောင်ရည်သည် အလွန်ကောင်းမွန်သော်လည်း ချူးယွင်ဖန်း၏ စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်သည်ကိုတော့ သိသာ၏။ သံချပ်ကာအစွယ်ကွေးကျားအား ကိုင်တွယ်ကာ ရစေခဲ့သော ဒဏ်ရာသည် ချူးယွင်ဖန်း တစ်ဦးတည်းကြောင့်သာဖြစ်သည်။

သူတို့သည် ထိုအနိုင်မခံအရှုံးမပေးသောအခြေအနေကို အဝေးကပင် မြင်နိုင်ခဲ့ကြသည်။ သံချပ်ကာအစွယ်ကွေးကျား၏ ဓားချက်များကို ချူးယွင်ဖန်း ရှောင်တိမ်းလိုက်တိုင်းတွင် ၎င်းသည် နောက်ဆုံးအကြိမ်ဖြစ်သွားနိုင်သည်အထိ အန္တရာယ်များသည်။ သို့သော် ထိုပုဂ္ဂိုလ်…၊ သူတို့နှလုံးသားထဲတွင် ၎င်းကို ထာဝရမှတ်မိနေကြလိမ့်မည်ဖြစ်သည်။

ယခု၊ သူတို့သုံးဦးအားကယ်တင်နိုင်လိုက်ခြင်းဖြင့် တိုက်ပွဲစစ်အတန်းသည် နာရီအနည်းငယ်စော၍ အဆုံးသတ်သွားခဲ့သည်။

အခန်း(၉၂) လုချင်းရွှမ်နှင့် ထပ်မံပူးပေါင်းဆောင်ရွက်ခြင်း

မမျှော်လင့်ထားကြသော အခေခြအနေကြောင့် တိုက်ပွဲစစ်ကဏ္ဍသည် နာရီအနည်းငယ်စော၍ အဆုံးသတ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် လူတိုင်းသည် ဘေးကင်ကာ တိုက်ပွဲစစ်လေ့ကျင့်ရေး၏ ရည်ရွယ်ချက်မှာ အောင်မြင်သွား၏။ ကျောင်းသားအားလုံးသည် ကျော်လွှားမှုကိုယ်စီရရှိခဲ့ကြသည်။ အကျိုးအမြတ်များများရရှိခဲ့သော သူတို့သည် နေရာတွင်ပင် ကျော်ဖြတ်နိုင်ခဲ့ကြကာ အကျိုးနည်းနည်းရရှိသောသူတို့သည် အိမ်ပြန််ပြီးရက်အနည်းငယ်အတွင်းတွင် ကျော်ဖြတ်နိုင်ခဲ့ကြ၏။

အိမ်ပြန်သည့် ပို့ဆောင်ရေးလေယာဥ်ပေါ်တွင် ကျောင်းသားအများသည် အလွန်စိတ်လှုပ်ရှားနေကြသေး၏။ ထိုအန္တရာယ်မျိုးကို အစောလေးတင် ရင်ဆိုင်ခဲ့ကြရသော်လည်း လူငယ်များဖြစ်သည့်အလျောက် ထိတ်လန့်မှုသည် အမြန်လာကာ အမြန်ပင် ပျောက်သွား၏။ ထိုအချိန်အတွင်တွင် သူတို့ရခဲ့သော တိုးတက်မှုများအကြောင်း စတင်၍ စိတ်လှုပ်ရှားကာဆွေးနွေးကြသည်။ လွန်ခဲ့သော ဆယ်ရက်ခန့်၊ သူတို့‌ရောက်ကာစအချိန်နှင့်ယှဥ်လျှင် ကွဲပြားချက်သည် အလွန်သိသာ၏။ သူတို့ခန္ဓာကိုယ်မှ ပြင်းထန်သောရောင်ဝါတစ်ခု လွင့်ပျံထွက်နေ၏။

လေယာပေါ်တွင်၊ ချူးယွင်ဖန်း၊ ဂေါင်ဟုန်ချီနှင့် တန်စီယုတို့သည် လူတိုင်း၏ အာရုံကို ဖမ်းစားလျက်ရှိသည်။ လူတိုင်းသည် သူတို့သုံးယောက်မှာ သံချပ်ကာအစွယ်ကွေးကျားကို တောင့်ခံနိုင်ခဲ့ကြသည်ကို ရှင်းရှင်းလင်းလင်းသိကြသည်။ အချိန်တိုလေးအတွင်းသာဖြစ်ပျက်ခဲ့ခြင်းဖြစ်စေကာမူ ၎င်းသည် အလွန်လေးစားဖွယ်ကောင်းနေသေး၏။။ သူတို့၏ ဂုဏ်သတင်း၊ အထူးသဖြင့် လွန်ခဲ့သောလအနည်းငယ်အတွင်းတွင် သူ့အမည်သူထွင်းခဲ့သော ချူးယွင်ဖန်း၏ ဂုဏ်သတင်းသည် အထူးတန်းနှစ်ခုတစ်လျှောက် လွင့်ပျံတိုးမြင့်လာသည်။ သူသည်လူအများ စပ်စုခြင်း၏ အဓိကအကြောင်းအရာဖြစ်လာခဲ့သော်လည်း ယခုအချိန်တွင် ချူးယွင်ဖန််းသည် လူအများ၏ အကြည့်ကို အလုံးစုံ ဥပက္ခာပြုထားကာ သူ့ကျင့်စဥ်ထဲတွင် စိတ်နှစ်ထား၏။

သူ့ဘေးတွင်ထိုင်လျက်ရှိသော ကျင်းဝူအား ချင်ဖုန်းက ဆိုသည်။

“မင်းအတန်းရဲ့ ချူးယွင်ဖန်းက တကယ့်ကို ကောင်းမွန်တဲ့ မြင်းနက်တစ်ကောင်ပဲ၊ ဒီလိုမျိုး ဆူညံပြီး ပရမ်းပတာဖြစ်နေတဲ့အခြေအနေမှာ သူက ကမ္မဠာန်းအဆင့်ကိုရောက်အောင်တရားထိုင်နိုင်သေးတယ်။ တရားထိုင်ခြင်းဆေးကိုတောင် မှီဝဲစရာမလိုလိုက်ဘူး။ ဒီလိုမျိုး လိုချင်စိတ်တစ်ခုတည်းနဲ့တင် သူ့ကို အဆုံးမဲ့တဲ့ အနာဂတ်တစ်ခုရစေနိုင်တယ်”

တရားရတဲ့အဆင့်ကို နေရာတိုင်း၊ အချိန်တိုင်းတွင်ရောက်ရန်မှာ သူတို့ကျင့်ကြံရေးအဆင့်ရှိ လူတစ်စုံတစ်ဦး လုပ်နိုင်သည့်အရာမဟုတ်ပေ။။ စစ်မြေပြင်သည် ဒီထက်ပိုဆူညံသည်။ သူတို့ နှစ်ပေါင်းများစွာကျင့်ကြံခဲ့သော်လည်း ချူးယွင်ဖန်းသည် နှစ်အနည်းငယ်သာ ကျင့်ကြံခဲ့ရသည်။

“သူက အံ့ဖွယ်တစ်မျိုးမျိုးကို အမြဲရရှိနေတယ်။ အစတုန်းက ဒီနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အံ့သြစရာတွေအများကြီးရှိလိမ့်မယ်လို့ ငါမထင်ထားဘူး။ ကျန်းထန်၊ အိုhယန်နဲ့ အခြားကျောင်းသာနည်းနည်းလောက်ပဲ တခြားကျောင်းတွေနဲ့ယှဥ်ပြိုင်နိုင်လိမ့်မယ်လို့ထင်ခဲ့တာ။ အခုတော့ အဲ့ထက်ပိုတဲ့ပုံပါပဲ” ကျင်းဝူက ပြုံးလျက်ဆိုသည်။

ထို့နောက် သူ့အကြည့်များသည် တန်စီယုနှင့်ဂေါင်ဟုန်ချီဆီသို့ပြောင်းသွား၏။ သူတို့၏ လုပ်ဆောင်ချက်သည်လည်း အတော်လေးထူးချွန်ခဲ့သဖြင့် သူတို့အနာဂတ်သည် စောင့်မျှော်ကြည့်ရကျိုးနပ်လိမ့်မည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးလေယာဥ်သည် အမှတ် ၁၃ အထက်တန်းကျောင်းသို့ အမြန်ပင်ပြန်ရောက်သွားသည်။ ကျောင်းကြီးသည် ချက်ချင်းပင် ကျောင်းသားများကို အားလပ်ရက်ပေးလိုက်ကာ အတန်းများကို ဆက်သင်ခြင်းမရှိသေးပေ။ သို့သော် ချူးယွင်ဖန်းသည် အိမ်သို့တိုက်ရိုက်ပြန်မည့်အစား လုချင်းရွှမ်၏ ဆေးကုမ္မဏီသို့ သွား၏။

အလုပ်လုပ်နေသော လုချင်းရွှမ်သည် ချူးယွင်ဖန်းလာရောက်ရသည့်အကြောင်းအရင်းကို သိချင်စိတ်ပျင်းပြနေ၏။ ဤအချိန်အတောအတွင်းတွင် ချူးယွင်ဖန်း၏ မရီးဒျန်သန့်စင်ဆေးဝါးများ လုချင်းရျွန်သည် ချင်းဟွာမြို့ အားအမြန်ရယူနိုင်ခဲ့ကာ သူတို့ကုမ္ပဏီ၏ မရေရာမသေချာသော အခြေအနေမှ လွတ်မြောက်နိုင်ခဲ့သည်။ ကုမ္ပဏီ၏ အဆင့်အတန်းမှာ နောက်ထပ်တစ်ဆင့်သို့ပင် တိုးတက်လာသည်ဟု ဆို၍ရလောက်မည်ဖြစ်ကာ အခြားသောနေရာများမှ ဆေးဆရာများကိုပင် ခေါ်ယူနိုင်ခဲသည်။ ချူးကျိကောသည် တည်ငြိမ်သမုဒ္ဒရာမြို့နှင့် တုန်ဟွာမြို့ တို့မှ ဆေးပညာရှင်များကို လုချင်းရွှမ်အားလက်လှမ်းမမှီနိုင်အောင် လုပ်နိုင်သော်လည်း သူ့လက်များသည် အခြားသော မြို့တော်များကိုမှီနိုင်လောက်သည်အထိတော့ မရှည်လှပေ။

သို့သော် သူမနှလုံးသားထဲတွင် တန်ဖိုးအထားဆုံးလူမှာ ချူးယွင်ဖန်းဖြစ်နေဆဲပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ဆေးနှစ်မျိုးဖော်ထုတ်ရန်သာ အရည်အချင်းကိုဖော်ပြနိုင်သော်လည်း ဤသည်မှာ သူမအား အံ့အားသင့်စေရန် လုံလောက်၏။ သို့သော် ချူးယွင်ဖန်းသည် သူ၏ ဆေးပညာအရည်အချင်းကို တိုးမြှင့်ရန် ရည်ရွယ်ချက်ရှိသည်ဟု မထင်ရပေ။ လိုချင်သည့်အရာတစ်ခုခုရှိမှသာ သူမအား လာရောက်ရှာဖွေတတ်သည်။ မှန်သည်၊ သူ သူမအားလာရှာသည့်အချိန်တိုင်းတွင် ၎င်းသည် နှစ်ဦးနှစ်ဖက်အကျိုးရှိသောရလဒ်မျိုးသာဖြစ်၏။

လုချင်းရွှမ်သည် ကုမ္ပဏီ၏ ဧည့်ခန်းတွင် ချူးယွင်ဖန်းကို လက်ခံတွေ့ရှိခဲ့သည်။

“ဆရာကြီးချူး၊ ဒီနေ့ရှင်ဘာအကြောင်းကြောင့် ကျွန်မကိုလာရှာတာလဲ” လုချင်းရွှမ်က ချူးယွင်ဖန်းကို ကြည့်ကာဆိုသည်။ ချူးယွင်ဖန်းသည် နူးညံ့သော ဆိုဖာပေါ်တွင်ထိုင်ကာ လက်ဖက်ရည် တစ်ငုံကို မော့ချလိုက်သည်။ ထို့နောက် လုချင်းရွှမ်၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ဆိုသည်။

“မရီးဒျန်သန့်စင်ဆေးရဲ့ တုံ့ပြန်ချက်ဘယ်လိုအခြေအနေရှိလဲ ကျွန်တော်သိလို့ရမလား”

“တုံ့ပြန်ချက်ကအရမ်းကောင်းပါတယ်၊ အခုအချိန် စျေးကွက်ထဲမှာ မရီးဒျန်သန့်စင်ဆေးက ရှားပါးလာပြီလေ၊ ဒါ့အပြင် အရည်အသွေးပြည့်မီတဲ့ ဆေးဆိုပိုတောင်ရှားပါးသေးတယ်။ ဖောက်သည်က အရမ်းကျေနပ်ပါတယ်”

လုချင်းရွှမ်က ချူးယွင်ဖန်းတစ်ယောက် အဘယ်ကြောင့် ဤအကြောင်းအရာကိုမေးမြန်ရသနည်းကို အနည်းငယ်အံ့သြသွားသော်လည်း သူမ ရိုးရိုးသားသားပင်ဖြေခဲ့သည်။

“ထပ်ပြီးပူးပေါင်း လုပ်‌ဆောင်လိုပါသလား မိန်းကလေးလု” ချူးယွင်ဖန်းကပြောသည်။

“ထပ်ပြီးပူးပေါင်းမယ်၊ ဟုတ်လား။ ရှင်ဘာကိုဆိုလိုတာလဲ ဆရာကြီးချူး” လုချင်းရွှမ်က မေးသည်။

“ကျွန်တော် မရီးဒျန်သန့်စင်ဆေး အတွဲတစ်ခုလုံးကို ပြည့်စုံတဲ့အရည်အသွေးနဲ့ရအောင် ကူညီဖော်ထုတ်ပေးနိုင်တယ်” ချူးယွင်ဖန်းက တည်ငြိမ်စွာဆိုသည်။

“ဘာ၊ ပြည့်စုံတဲ့အရည်အသွေး။ တကယ်ပြောနေတာလား ဆရာချူး” လုချင်းရွှမ်၏ မျက်လုံးများသည် ချက်ချင်းတောက်ပလာကာ အလျင်အမြန်တုံ့ပြန်၏။

ရောင်းတန်းဝင် မရီးဒျန်သန့်စင်ဆေး များသည် ရှားပါနေသည်မှန်သော်လည်း ပိုက်ဆံရှိနေသရွေ့တော့ ၎င်းတို့ကိုရှာဝယ်နိုင်သည်။ သို့သော် ပြီးပြည့်စုံသောအရည်အသွေးရှိသည့် မရီးဒျန်သန့်စင်ဆေးများသည်မူ ငွေရှိရုံနှင့် ဝယ်ယူနိုင်သော အရာများမဟုတ်ပေ။ထ ထို့အပြင် မရီးဒျန်သန့်စင်ဆေးများသည် အလွန်ထိရောက်မှုရှိကာ ပြီးပြည့်စုံသော အရည်အသွေးရှိပါက ၎င်းတို့ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရောင်းထွက်သွားနိုင်သည်။

နောက်ဆုံးအကြိမ်က သူမတွင် လမ်းကြောင်းသိပ်မရှိသဖြင့် အခက်အခဲများစွာဖြတ်သန်းခဲ့ရသည်။ သို့သော် ယခုမူ သူမသတင်းလွှင့်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်မိနစ်အတွင်းတွင်ပင် ချက်ချင်းရောင်းကုန်မည်မှာသေချာ၏။

“ဒါပေါ့ ကျွန်တော် အလေးအနက်ထားပြီးပြောနေတာပါ။ ဒီအကြောင်းကို ခင်ဗျားနဲ့ စနောက်ပြီးပြောမှာမဟုတ်ပါဘူး” ချူးယွင်ဖန်းက ခေါင်းညိတ်ကာဆိုသည်။

လုချင်းရွှမ်သည် သူမစားပွဲမှထကာ ချူးယွင်ဖန်းရှေ့မှ ဆိုဖာသို့သွားထိုင်လိုက်သည်။ ထို့နောက် သူမကဆို၏။

“ရှင်က ပူးပေါင်းဆောင်ရွက်ဖို့စိတ်ဝင်စားတဲ့အတွက် ကျွန်မ ရှင့်ကို အကုန်ပြောပြပါ့မယ် ဆရာချူး။ ရှင်ထုတ်လုပ်မယ့် ပြည့်စုံတဲ့ မရီးဒျန်သန့်စင်ဆေးတစ်လုံးစီအတွက် ကျွန်မ ၁.၅သန်းပေးပါ့မယ်။ ဘယ်လိုသဘောရလဲ”

ဥအချိန်တွင် ချူးယွင်ဖန်းသည် အားသင့်သွားသည်။ မရီးဒျန်သန့်စင်ဆေးများကို အများအားဖြင့် နှစ်သန်းကျော်ဖြင့်ရောင်းချလေ့ရှိသည်။ အရည်အသွေးပြည့်မီသော ဆေးများကို သုံးသန်းအထက်ဖြင့်ရောင်းနိုင်၏။ သို့သော် ပါဝင်ပစ္စည်းများအတွက်ပင် တစ်သန်းလောက်ကုန်ကျနိုင်၏။ အကယ်၍ သူသာ ၁.၅သန်း သီး သန့်ရနိုင်လျှင် အခွန်၊ ကြားခံလူ အခကြေးငွေ၊ အဆက်အသွယ်ကုန်သည်အခ နှင့် အခြားရှယ်ယာများနှုတ်လိုက်ပါက သူမအတွက် များများစားစားကျန်လိမ့်မည်မဟုတ်ပေ။

“ဒါပေါ့၊ ကျွန်တော်က ဒီစျေးနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ ဒါပေမယ့် ခင်‌ဗျား အကျိုးအမြတ်ဘာမှရနိုင်မှာမဟုတ်ဘူး” ချူးယွင်ဖန်းက သံသယဝင်စွာဆိုသည်။ ဤကမ္ဘာတွင်၊ အထူးသဖြင့် ကုန်သည်များအတွက် နေ့လယ်စာအလကားကဲ့သို့အရာမျိုး မရှိဘူးဟု သူယုံကြည်ထားသည်။ မည်သည့်အကျိုးအမြတ်မှမရသည့် အရာတစ်ခုကို လုပ်ဆောင်လေ့မရှိသည်မှာ သဘာဝသာဖြစ်သည်။ ချူးယွင်ဖန်း၏ သံသယကိုမြင်သောအခါ လုချင်းရွှမ်က ချက်ချင်းသဘောပေါက်သွားသည်။ သူမက ပါးစပ်ကို ဖွင့်ကာ ဆို၏။

“ဆရာချူး၊ ကျွန်မနောက်ပြောင်နေတယ်လို့ ရှင်ထင်နေတာလား။ ဘယ်ဟုတ်ပါ့မလဲ သေချာပေါက်။ ရှင်ပြောသလိုပါပဲ။ အဆုံးမှာ ကျွန်မအတွက် သိပ်အကျိုးမရှိနိုင်ပေမယ့်၊ ကျွန်မအတွက်တော့ အခု ငွေရှာဖို့ထက် ပိုအရေးကြီးတဲ့အရာတစ်ခုရှိတယ်။”

“ဆရာချူး၊ ကျွန်မတို့ကုမ္ပဏီက တန်ဒါအဖွဲ့အစည်းရဲ့ အနိုင်ကျင့်ခံနေရတာကို ရှင်သိသင့်တယ်။ တည်ငြိမ်သမုဒ္ဒရာမြို့မှာရှိတဲ့ ကျွန်မတို့ရဲ့ အရောင်းလမ်းကြောင်းတွေအကုန်လုံးကို ပိတ်ဆို့ထားကြတယ်။ ဖြန့်ဝေသူတွေအကုန်လုံးက တန်ဒါအဖွဲ့ကို ဆန့်ကျင်လိုစိတ်မရှိကြဘူး။ အရင်က‌တော့ ဒါကအဆင်ပြေခဲ့တယ်။ ဒါပေမယ့် သူတို့ ပြီးပြည့်စုံတဲ့ မရီးဒျန်သန့်စင်ဆေးတွေကိုတော့ လျစ်လျူရှု့ကြလိမ့်မယ်လို့ ကျွန်မမထင်ဘူး။ ကျွန်မတို့ ကွာဟချက်တစ်ခုကို လှစ်ထားသရွေ့ တန်ဒါအဖွဲ့ပေါ်ပုံလာမယ့် ဖိအားတွေ စပြီးတည်ရှိလာမှာပဲ။ နောက်ဆုံးကျရင် ချူးကျိကွာက တန်ဒါအဖွဲ့ရဲ့ ဆက်ခံသူဖြစ်ပေမယ့် သူ တန်ဒါအဖွဲ့ကို ကိုယ်စားပြုနိုင်တော့မှာမဟုတ်ဘူး။ အလွန်ဆုံး သူတို့ကို တိတ်တိတ်လေးဖိအားပေးရုံပဲတတ်နိုင်ကြလိမ့်မယ်။” လုချင်းရွှန်က စိတ်အားထက်သန်စွာဆိုသည်။

“ကောင်းပြီ။ ငါတို့လက်တွဲပြီး တန်ဒါအဖွဲ့ရဲ့ ပိတ်ဆို့မှုကို ဖြိုခွင်းကြမယ်” ချူးယွင်ဖန်းက ဆိုဖာကိုရိုက်ကာပြောလိုက်သည်။

“ဒီတစ်ခါတော့ မင်းကို ပြီးပြည့်စုံတဲ့မရီးဒျန်သန့်စင်ဆေး အလုံးသုံးဆယ်ထုတ်လုပ်ပေးမယ်”

အခန်း (၉၃) မရီးဒျန်သန့်စင်ဆေးကြောင့်ဖြစ်လာတဲ့ ဂယက်

ပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေး အလုံးသုံးဆယ်သည် ချူးယွင်ဖန်းတွက်ချက်မှုများ၏ ရလဒ်များဖြစ်သည်။ မရီးဒျန်သန့်စင်ဆေးများကို ရှားပါးသောဆေးများအထူးရှားပါးသော ဆေးများဟု မယူဆကြပေ။ အရည်အသွေးပြည့်မီသော မရီးဒျန်သန့်စင်ဆေးများကို ရှာဖွေရခြင်းအကြောင်းမှာ ၎င်း၏ဆေးဖက်ဝင်အာနိသင်များသည် သာမန်တန်းဝင် မရီးဒျန်သန့်စင်ဆေးများထက် များစွာသာလွန်သောကြောင့်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ပြီးပြည့်စုံသောအရည်အသွေးရှိသည့်

မရီးဒျန်သန့်စင်ဆေးများသည် အလွန်ရှားပါသည်။ သာမာန်လူများလုပ်၍မရပေ။ ထို့အပြင်၊ ၎င်းတို့ကိုဖန်တီးရန်ယုံကြည်ချက်ရှိသောဆေးပညာရှင်များသည် ၎င်းကိုထုတ်လိုက်နိုင်ရန် အခွင့်အရေးသိပ်မရှိပေ။ ၎င်းကို သူတို့ဖော်ထုတ်နိုင်ခဲ့ကြသည်မှာလည်း အခြေခံအားဖြင့် တိုက်ဆိုင်မှုသာဖြစ်သည်။ ထိုဆေးများများပြားလွန်းပါက အရည်အသွေးပြည့်မီသော မရီးဒျန်သန့်စင်ဆေး၏တန်ဖိုးသည် အလွန်ကျသွားမည်ဖြစ်ကာ သုံးသန်းထက်ပို၍ရောင်းချနိုင်လိမ့်မည်မဟုတ်ပေ။

အရည်အသွေးပြည့်မီသော မရီးဒျန်သန့်စင်ဆေးသုံးဆယ်အတွက် ချုးယွင်ဖန်းသည် လေးဆယ့်ငါးသန်းကို ရရှိနိုင်မည်ဖြစ်သည်။ သူ့ညီမ၏ရောဂါကို ကုသရန် သေချာပေါက် လုံလောက်သည်ထက်ပို၏။ သူ၏ ကျင့်ကြံရေးစားရိတ်၏ အမြောက်အများကိုပင် ထောက်ပံ့ရန်ပင် လုံလောက်ပေလိမ့်မည်။

လုချင်းရွှမ်က ဤသို့ကြားလိုက်သည်နှင့် သူမမျက်လုံးများ ချက်ချင်းလင်းလက်သွားသည်။ အရည်အသွေးပြည့်မီသော မရီးဒျန်သန့်စင်ဆေး အလုံးသုံးဆယ်သည် သူမအား အရာများစွာပြုလုပ်ရန် လုံလောက်သည်။ ချူးယွင်ဖန်း ဆေးစပ်နေသည်ကို သူမမျက်လုံးများဖြင့် တပ်အပ်မြင်ခဲ့ဖူးသဖြင့် ချူးယွင်ဖန်း၏ စွမ်းရည်အားသူမသံသယမရှိပေ။ အခြားဆေးပညာရှင်များတွင် ထိုသို့သောအရောင်အဝါများလုံဂဝမမြင်ဖူးခဲ့ပေ။ အရာအားလုံးအပေါ်တွင် အလုံးစုံထိန်းချုပ်နိုင်သည့် ယုံကြည်ချက်မျိုးဖြစ်သည်။ သူသည် ဤနယ်ပယ်တွင် နတ်ဘုရားတစ်ဆူကဲ့သို့ထင်ရကာ ထိုမြင်ကွင်းကိုမြင်သည့်မည်သူမဆို ချူးယွင်ဖန်း၏ အရောင်အဝါကူးစက်၍ မသိစိတ်ထဲမှ ယုံကြည်မိသွားပေလိမ့်မည်။

“မရီးဒျန်သန့်စင်ဆေး အလုံးသုံးဆယ်က အရင်းအနှီးအများကြီးလိုလိမ့်မယ်။ ခင်ဗျားကိုင်တွယ်နိုင်လား” ချူးယွင်ဖန်းက သံသယအနည်းငယ်ဖြင့်ဆိုသည်။ သူ့ကဲ့သို့ ဆေးပညာရှင်တစ်ဦး၏အသုံးစရိတ်အား ထည့်မတွက်ထားလျှင်ပင် မရီးဒျန်သန့်စင်ဆေးတစ်လုံး၏ ကုန်ကျစရိတ်သည် တစ်သန်းကျော်နေမည်ဖြစ်သဖြင့် အလုံးသုံးဆယ်အတွက်သာဆိုလျှင် သန်းသုံးဆယ်ထက်ပိုမည်မှာသေချာ၏။ လုချင်းရွှန်ကုမ္ပဏီ၏ ပိုင်ဆိုင်မှုထက်ပင် နှစ်ဆကျော်သွားမည်ဖြစ်သည်။

“ကျွန်မ ချေးငွေယူလိုက်ပါမယ်။ ဖေဖေက အရင်တုန်းကဘဏ်နဲ့ အဆက်အသွယ်ရှသေးတယ်။ သူက ကျွန်မ ကုမ္ပဏီနဲ့ဆိုင်တဲ့အရာအားလုံးကို အပေါင်ထားပေးလိမ့်မယ်။ ကျွန်မတို့အိမ်ကို အပေါင်ခံထားတာအပြင်ဆိုရင် ချေးငွေလည်းရလိမ့်မယ်။ ကျွန်မ မရီးဒျန်သန့်စင်ဆေးတွေ မရောင်းရမှာ စိတ်မပူဘူး။ ရန်ပုံငွေတွေလည်း အမြန်ပြန်ရလိမ့်မယ်။ ကျွန်မတို့ ဒါကိုမှန်မှန်ကန်ကန်ကိုင်တွယ်နိုင်သရွေ့တော့ ပြဿနာရှိမှာမဟုတ်ပါဘူး” လုချင်းရွှမ်က သွားကြိတ်ကာဆိုလိုက်သည်။ ချူးယွင်ဖန်းသည် လုချင်းရွှမ်အပေါ် လေးစားမှုနောက်တစ်ဆင့်တက်ရုံမှလွဲ တခြားမတတ်နိုင်တော့ပေ။ စီးပွားရေးအရဆိုလျှင် လုချင်းရွှမ်သည် အလွန်သန်မာသည်။ ရဲရင့်သော အမျိုးသမီးတစ်ဦးဟုပင်ခေါ်နိုင်မည်ဖြစ်ကာ သူမ၏ အနာဂတ်တွင်ရှိလာနိုင်သည့် ‌အောင်မြင်မှုများသည် အကန့်အသတ်မဲ့၏။ သူသည် ဤသို့သော လုပ်ဖော်ကိုင်ဖက်မျိုးနှင့် အတူအလုပ်လုပ်နိုင်ရန် ဆန္ဒရှိ၏။

သူ့တွင် စီးပွားရေးလောကထဲသို့ဝင်ရောက်ရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ ဤသို့သော လုပ်ဖော်ကိုင်ဖက်မျိုးနှင့်အတူ သူသည် ဒုက္ခအတော်များများမှ သူ့ကိုယ်သူကယ်တင်နိုင်၏။ လက်ရှိလုချင်းရွှမ် လုံလောက်သော အင်အားမရှိသော်လည်း သူတို့နှစ်ဦးသည် တန်းတူညီတူ အတူတကွလုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ လုချင်းရွှမ်သည်သာ တန်ဒါအဖွဲ့ကဲ့သို့ အကောင်ကြီးတစ်ကောင်ကောင်ဖြစ်လျှင် သူ့ကဲ့သို့ ဆေးဆရာအလုပ်သင်အား အလေးအနက်ထားလိမ့်မည်မဟုတ်ပေ။

“ဆရာချူး၊ ကျွန်မ ချေးငွေထုတ်လိုက်မယ်။ အဲ့တာက ဆယ်ရက်လောက်တော့ကြာမှာပဲ။ ဒါ့အပြင် ခွန်းလွန်ခေတ်က မရီးဒျန်သန့်စင်ဆေးအတွက်ပါဝင်ပစ္စည်းတွေကို မှာယူဖို့နဲ့ ပို့ဆောင်ဖို့က အချိန်တစ်ခုတော့ကြာလိမ့်မယ်။ ဒါ့ကြောင့် လဝက်အတွင်းလောက်တော့ ကျွန်မတို့ ဆေးတွေကို စထုတ်လို့ရမယ်လို့ ကျွန်မထင်တယ်။ ရှင်ဘယ်လိုထင်လဲ” လုချင်းရွှမ်က မေးသည်။

ချူးယွင်ဖန်းက ခေါင်းညိတ်ကာဆိုသည်။

“ကျွန်တော့်မှာ ဒါနဲ့ပတ်သက်ပြီး ကန့်ကွက်စရာမရှိပါဘူး”

သူသည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေသည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ရှေးဟောင်းလူသားကာလနှင့် နှိုင်းယှဥ်၍မရသော အရာများစွာရှိနေ၏။ လူတစ်ယောက်သည် အွန်လိုင်းပေါ်တက်ကာ ပစ္စည်းတစ်ခုကိုမှာယူနိုင်၏။ တစ်စုံတစ်ယောက်သည်လည်း ထိုပစ္စည်းကို မည်မျှပင် ဝေးကွာနေပါစေ ပို့လိမ့်မည်ဖြစ်သည်။

ရှေး‌ဟောင်းလူသားခေတ်တွင် ဆေးပညာရှင်များသည် ဆေးဖက်ဝင်ပစ္စည်းရှာဖွေနိုင်ရန် သူတို့ဘဝ၏ အချိန်တော်‌တော်များများကို သုံးစွဲခဲ့ကြသည်။ ထို့အပြင် ဆေးတစ်လုံးနှင့် ဆေးတစ်လုံးဖော်စပ်ရသည့် အချိန်သည် ရှည်လျားလှသည်။ ထိုဆေးပညာရှင်များ၏ တိုးတက်မှုအရှိန်သည် ခေတ်သစ် အဆင့်တူပုဂ္ဂိုလ်များနှင့် နှိုင်းယှဥ်၍မရပေ။

“ဒါက ဒီလိုဖြစ်နေမှတော့ ခင်ဗျားကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သင့်တယ်။ ကျွန်တော် လဝက်ကျပြန်လာခဲ့ပါ့မယ်။ အချိန်ကျရင် စာချုပ်နဲ့တကွ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ထားပေးပါ။ အခု ကျွန်တော် ဆေးအလုပ်သင် လိုင်စင်‌အောင်ပြီးပြီဆိုတော့ လုပ်ထုံးလုပ်နည်းတွေလုပ်ဖို့အဆင်ပြေပါတယ်”

ချူးယွင်ဖန်းက ဆိုသည်။

လုချင်းရွှမ်နှင့် သူအတူလုပ်ခဲ့ဖူးသော ကိုယ်ခန္ဓာသန့်စင်ဆေးများသည် အမှန်တကယ်ပင် တရားမဝင်ဟု ယူဆ၍ရကာ လူအများရှေ့သို့ မရောက်ခဲ့နိုင်ပေ။ ကိုယ်ခန္ဓာသန့်စင်ဆေး၏ စီးကြောင်းသည် အလွန်ကောင်းမွန်သောကြောင့်သာဖြစ်ကာ မည်သူကမှ ထိုဆေးများ၏ အရင်းအမြစ်အားမစုံစမ်းခဲ့ကြပေ။ သို့သော် ပြီးပြည့်စုံသောမရီးဒျန်သန့်စင်ဆေး ပမာဏအများသည်မူ ကွာခြား၏။ အခြားသူများ၏အာရုံစိုက်မျုအား ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဆေးအလုပ်သင်ဝင်ခွင့်ကို အောင်မြင်ထားသူဖြစ်ကာ၊ စည်းမျဥ်းများအရ သူလုပ်ထားသည့်ဆေးများကို ရောင်းချနိုင်ပြီဖြစ်သည်။

ဤသည်ကလည်း သူ့ညီမ၏ ဒဏ်ရာများကို ပျောက်ကင်းစေလိုပါက စတင်မပြင်ဆင်မီတွင် စာမေးပွဲအောင်ကာ ဆေးအလုပ်သင်ဖြစ်မည့်အချိန်ကို စောင့်ရမည်ကြောင့်သာဖြစ်သည်။

“ကောင်းပြီ” လုချင်းရွှမ်က ဆိုသည်။

ခေတ်မီဥပဒေများသည် အလွန်တင်းကြပ်သည်။ လုပ်ထုံးလုပ်နည်းများကို လိုက်နာနိုင်လျှင်အကောင်းဆုံးဖြစ်သည်။ ချူးယွင်ဖန်းနှင့် ယခင်ပူးပေါင်းဆောင်ရွက်မှုသည် နောက်ဆုံးရွေးချယ်မှုဖြစ်သည်။ ချူးယွင်ဖန်းတွင် ငွေကြေးအလွန်ချို့တဲ့နေကာ သူမသည် ခန္ဓာကိုယ်သန့်စင်ဆေးဖော်စပ်နိုင်သည့် ဆေးပညာရှင်ကို မရှာဖွေနိုင်ခဲ့ပေ။ ၎င်းသည် အကူအညီမဲ့ခြင်း၏ ထုတ်ကုန်တစ်ခုသာဖြစ်ခဲ့၏။ ယခုမူ လုချင်းရွှမ်တွင် လမ်းမှန်သို့လျှောက်ရန် အခြေအနေများရှိနေကာ စွန့်စားချင်စိတ်မျိုးရှိမနေပေ။

ချူးယွင်ဖန်းအား လွှတ်လိုက်ပြီးသည့်နောက်တွင် လုချင်းရွှန်သည် ပြီးပြည့်စုံသောပျိုမြစ်နုပျိုဆေး အမြောက်အများ စျေးကွက်ထဲရောက်တော့မည့် သတင်းကို သူမကိုယ်ပိုင် ချန်နယ်များမှတစ်ဆင့် ထုတ်လွှင့်လိုက်သည်။ သူမမျှော်လင့်ထားသည့်အတိုင်းပင်၊ ပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေးသည် အလွန် ဆွဲဆောင်မှုရှိသည်။ သိပ်မကြာခင်မှာပင် ခေါ်ဆိုမှုတစ်ခုသည် သူမတံခါးအားလာခေါက်၏။

သူမ၏ ဖုန်းမှ ခေါ်ဆိုမှုတွင် အနည်းငယ်ပြည့်သော ဝတ်စုံပြည့်ဝတ်ထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။

“ချင်းရွှမ်၊ မင်းမှာ ပြီးပြည့်စုံတဲ့ မရီးဒျန်သန့်စင်ဆေးရှိတယ်လို့ ငါကြားခဲ့တယ်” အသတ်လတ်ပိုင်းလူက အချိန်တစ်မိနစ်ကိုမှမဖြုန်းချင်သည့်ဟန်ဖြင့် အမြန်မေးလိုက်သည်။

လုချင်းရွှန်သည် ထိုအသက်လတ်ပိုင်းအမျိုးသားကိုကြည့်ကာ သူမ၏နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်လာကာ လှောင်သောအပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။ ၎င်းမှာ သူမအဖေ၏ စီးပွားရေးတွဲဖက်ဖြစ်ကာ မိတ်ဆွေဟောင်းများဟု သတ်မှတ်နိုင်မည်ဖြစ်သည်။ သို့သော် တန်ဒါအဖွဲ့၏ ဖိအားကြောင့် သူတို့၏ သူမနှင့် ဖြန့်ဝေရေးလမ်းကြောင်းများကိုပိတ်သိမ်းခဲ့သည်။ သူမက ခံစားချက်ကင်းမဲ့သလိုသာ ကျန်ရှိခဲ့သည်။ ထိုလှောင်ပြုံးသည် ခဏတာသာကြာလိုက်သည်။ ဤသည်မှာ စီးပွားရေးလုပ်နည်းဖြစ်သည်ကို သူမသိသည်. သူတို့သည် အကျိုးအမြတ်အတွက် စုစည်းကြမည်ဖြစ်ကာ လုပ်စရာမရှိသည့်အခါတွင် လူစုခွဲကြမည်ဖြစ်သည်။ ထို့အပြင် အဖွဲ့နှစ်ခုကြားဆက်ဆံရေးသည် သိပ်တော့လည်း နက်နဲသည်မဟုတ်ပေ။

“ဦးလေးလီ၊ ဦးပြောတာမှန်ပါတယ်။ ကျွန်မမှာ ပြီးပြည့်စုံတဲ့မရီးဒျန်သန့်စင်ဆေးတစ်အုပ်ရှိနေပြီ” လုချင်းရွှမ်ကတည်ငြိမ်စွာပြောသည်။

ထိုအသက်လတ်ပိုင်းလူ၏ နားလည်နိုင်စွမ်းသည် အားမနည်းသဖြင့် ထိုစကား၏ အဓိကအချက်ကို မြန်မြန်ပင် သဘောပေါက်နားလည်သွားသည်။

“ ပြီးပြည့်စုံတဲ့ မရီးဒျန်သန့်စင်ဆေးလုံးတစ်အုပ်။ အကြီးဆုံးတူမလေး၊ ငါအဲ့မရီးဒျန်သန့်စင်ဆေးတွေ အကုန်ယူနိုင်တယ်။ အဲ့တာတွေအတွက် စျေးကောင်းသေချာပေါက်ပေးမယ်။ မင်းမဆုံးရှုံးစေရဘူး”

သူသည် လုချင်းရွှမ်မည်သည့်နေရာမှ မရီးဒျန်သန့်စင်ဆေးရသည်ကို ဂရုမစိုက်ပေ။ ထိုဆေးအားလုံးကိုရရန်သာလိုအပ်၏။ ပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေးတစ်အုပ်သည် အလွန်အသုံးဝင်၏။ လုချင်းရွှမ်တစ်ယောက် ငွေရှာမည့်အစား တန်ဒါအဖွဲ့၏ ပိတ်ဆို့မှုကို ဖောက်ထွင်းရန်စိတ်ကူးထားသည့်အတိုင်းပင် ဤလူလတ်ပိုင်းအမျိုးသားသည်လည်း တူညီစွာတွေး၏။ သူ့တွင် တစ်နေ့တာအာရုံစိုက်ရန်လိုအပ်သည့်အရာ များစွာရှိသည်။ ထိုကြီးမားသော ရိုက်ချက်များသည် ပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေးများ အကြောင်းသိပ်ဂရုမစိုက်ပေ။ သို့သော် သူတို့တွင် စောင့်ရှောက်ပေးရမည့်ငယ်ရွယ်သူအနည်းငယ်ရှိကာ ဤသည်ကား အလွန်ကောင်းသည့် အခွင့်အရေးဖြစ်သည်။

အကယ်၍ သူ့တွင် ဤမရီးဒျန်သန့်စင်ဆေးများရှိထားပါက မူလကပြောရန်ခက်သည့်အရာတိုင်းသည် ပိုမိုလွယ်ကူလာပေလိမ့်မည်ဖြစ်သည်။

All Chapters