အခန်း (၉၄-၉၆)
Vol. 7 Ch. 94-96
အခန်း(၉၄) မိသားစုအပေါ်တွင် ရိုးသားခြင်း
“ဒါတော့မဖြစ်ပါဘူး ဦးလေးလီ။ အခြားတစ်ယောက်က ဒီပြီးပြည့်စုံတဲ့မရီးဒျန်သန့်စင်ဆေးတွေကို မှာယူထားပြီးသားပါ” လုချင်းရွှမ်သည် အနည်းငယ်စိတ်ရှုပ်နေသော အမူအယာကိုထုတ်ပြလိုက်ကာ ဆက်ပြော၏။ “တကယ်လို့အဲ့တာက တပါးသူဖြစ်နေရင် ကျွန်မသဘောတူမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ မိသားစုနှစ်ခုကို သူငယ်ချင်းဖြစ်ဖို့ ဘယ်သူပြောခဲ့တာလဲ။ ကျွန်မ ဒီမရီးဒျန်သန့်စင်ဆေးအုပ်ရဲ့ သုံးလုံးကို ပေးပါ့မယ်။ ဒါပေမယ့် ကျွန်မမှာ အခြေအနေလေးတွေတော့ရှိတယ်။ စီးပွားရေးမှာ ချူးကျိကွာက ကျွန်မတို့ကုမ္ပဏီရဲ့ ဆေးတွေကို လက်မခံဖို့ ဦးကို ဖိအားပေးထားတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ဒါက ချူးကျိကွာရဲ့ ကိုယ်ပိုင်ဆန္ဒပဲဖြစ်တယ်ဆိုတာလည်း ဦးသိပါတယ်။ အဲ့တာက တန်ဒါအဖွဲ့ကို ကိုယ်စားမပြုပါဘူး။ ဦးတို့လက်မြောက်ပြီး ကျွန်မတို့ကုမ္ပဏီကို ထွက်ပေါက်တစ်ခုပြီးနိုင်ရင် အရာရာက အဆင်ပြေသွားမှာပါ ဦးလေးလီ”
အသက်လတ်ပိုင်းအမျိုးသား၏ အမူအယာသည် ကောင်းကျိုးနှင့်ဆိုးကျိုးကြားချိန်ဆနေသကဲ့သို့ အနည်းငယ်စိတ်ရှုပ်ထွေးနေ၏။ ခဏအကြာတွင် သူက ဆုံးဖြတ်ချက်ချလိုက်သည်။
“ပြဿနာမရှိပါဘူး၊ မင်းနဲ့ငါတို့က မိသားစုသူငယ်ချင်းတွေပဲ။ ဒီ့ထက်ပိုပြီး ချိန်ဆနေရမယ့် အကြောင်းကဘာလဲ။ ဒါပေမယ့် ချင်းရွှမ်၊ မင်းရုတ်တရက် ပြီးပြည့်စုံတဲ့မရီးဒျန်သန့်စင်ဆေးအုပ်ကို ရနိုင်ခဲ့တယ်။ ဆေးဆရာကြီးတစ်ယောက်ယောက်နဲ့ မင်းရင်းနှီးသွားတာဖြစ်မလား။ မင်းငါ့ကို သူနဲ့မိတ်ဆက်ပေးနိုင်မလားသိချင်မိတယ်”
“ဦးလေးလီ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ဘာမှလုပ်ပေးလို့မရပါဘူး။ ကျွန်မဲ့ အဲ့လူနဲ့က လျှို့ဝှက်ရေးသဘောတူညီချက်စာချုပ်မှာ လက်မှတ်ထိုးပြီးသားမို့ ကျွန်မတတ်နိုင်တာမရှိပါဘူး။ ဒါပေမယ့် နောက်တစ်ခေါက် ဆေးကောင်းတွေရရင် ကျွန်မ ဦးကို ချက်ချင်း အကြောင်းကြားပါမယ်။ ဦးလေး လီ ဘယ်လိုထင်လဲ” လုချင်းရွှမ်က တုံ့ဆိုင်းမနေဘဲ ငြင်းလိုက်သည်။
တစိဖက်သားတွေးနေသည့်ပုံကိုလည်း သူမနားလည်သည်။ ပြီးပြည့်စုံသော ပျိုမြစ်သန့်စင်ဆေးများနှင့်ယှဉ်ပါက အရေးကြီးဆုံးအရာမှာ ၎င်းတို့ကိုရရှိရန်ဖြစ်သည်။ ပြုလုပ်သူနှင့် အဆက်အသွယ်ရှိနိုင်သရွေ့တော့ သူလိုချင်သလောက် များများရနိုင်မည်ဖြစ်သည်။
ဟုတ်သည်။ သူမသည် ထိုသက်လတ်ပိုင်းအမျိုးသားအား ချူးယွင်ဖန်းနှင့်ဆက်သွယ်ခွင့်ရရန် အခွင့်အရေးပေးမည်မဟုတ်ပါ။ ယင်းသည် သူမကုမ္ပဏီအား သေဆုံးနေရာမှာ နောက်ထပ်အဆင့်တစ်ခုသို့တက်လှမ်းနိုင်မည့် အခွင့်အရေးပင်ဖြစ်သည်။
“ကောင်းပြီ။ မင်းအိမ်ကို မကြာခင် ငါလာလည်ပါ့မယ်။ ဒီနေ့အတွက်တော့ ဒီလောက်ပဲ” လုချင်းရွှမ်ဆီမှ သတင်းအချက်အလက် တစ်စုံတစ်ရာမှမရရှိစဖြင့် လူလတ်ပိုင်းအမျိုးသားသည် လက်လျှော့ရုံသာတတ်နိုင်ခဲ့သည်။
ဖုန်းချလိုက်သည်နှင့် လုချင်းရွှမ်၏ ဖုန်းသည် ထပ်၍မြည်၏။ ယင်းကာ နောက်ထပ်ကုန်သည်တစ်ဦးဖြစ်ကာ လုချင်းရွမ်၏ လှပသော မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်သွား၏။
ချူးကျိကွာ၊ ရှင့်ရဲ့ပိတ်ဆို့မှုကို ဒီနည်းလမ်းနဲ့ ပျက်သွားနိုင်လိမ့်မယ်လို့ ရှင်မျှော်လင့်ထားမိမှာတောင်မဟုတ်ဘူး။ ခဏပဲစောင့်၊ တစ်နေ့နေ့တော့ ကျွန်မ ရှင့်ကို အနိုင်ယူပြမယ်။ ရှင့်နောက်ကွယ်က တန်ဒါအဖွဲ့ကိုပါအနိုင်ယူပြမယ်။
ချူးယွင်ဖန်းသည် အိမ်သို့ပြန်ရောက်ခဲ့သည်။ သူ့ညီမလေး၏ ဖျားနာမှုအား ကုသရန် ပိုက်ဆံမရသေးမီ အချိန်အနည်းငယ်လိုသေးသော်လည်း၊ ချူးယွင်ဖန်းသည် သူ့မိသားစုအား ဝန်ခံရန်အချိန်ကျရောက်ပြီဟု ခံစားမိသည်။ ပိုက်ဆံရရန်အချိန်ကြာဦးမည်ဆိုသော်လည်း၊ အကောင်းဆုံးဆေးရုံနှင့် အကောင်းဆုံးဆရာဝန်အားငှားယူရန် အချိန်ယူပြင်ဆင်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လို၏။
ညနေပိုင်းတွင် ချူးဝမ်ချန်းနှင့် ယန်ယာယွင်တို့ပြန်ရောက်လာသည်။ သူတို့နှစ်ဦးသည် သာမန်ရုံးဝန်ထမ်းများဖြစ်ကြသဖြင့် နေ့တိုင်းအချိန်မှန်အလုပ်သွားရသည်မှာ ပုံမှန်သာဖြစ်သည်။ သူဖြစ်သူ ပြန်လာသည်ကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် သူတို့နှစ်ဦး၏ စိုးရိမ်ထိတ်လန့်နေသော နှလုံးသားများ ပြေလျော့သွားခဲ့သည်။ လွန်ခဲ့သောညအနည်းငယ်က ဖုန်းပြောဖြစ်ကြသေးသော်လည်း နောက်ဆုံးတွင် သားဖြစ်သူ ဘေးကင်းစွာပြန်လာသည်ကို မြင်ရမှသာ အသက်ရှုချောင်နိုင်သွား၏။
“သား ကိုယ်အလေးချိန် အများကြီးကျသွားတယ်။ ဒီရက်တွေထဲမှာ ကောင်းကောင်းမစားရဘူးလား။ ဘာစားချင်လဲ၊ မေမေ သားအတွက်လုပ်ပေးမယ်” ယန်ယာယွင်ကဆိုသည်။
“အဆင်ပြေပါတယ်၊ သားဘာဖြစ်ဖြစ်စားမယ်” ချူူးယွင်ဖန်းက ခပ်မြန်မြန်ပြုံးပြလိုက်သည်။
ချူးဝမ်ချန်းက ချူးယွင်ဖန်းကို အားရပါးရကြည့်ကာ
“မင်း တော်တော်ကြီးလာပြီ။ သွေးတွေမြင်ဖူးပြီလား။ မဆိုးဘူး၊ မဆိုးဘူး”
သူတို့နှစ်ယောက်လုံး ချူးယွင်ဖန်းအားဂရုစိုက်ကြသည်ဖြစ်သော်လည်း အဖေဖြစ်သူ ချူးဝမ်ချန်းနှင့် အမေဖြစ်သူ ယန်ယာယွင်တို့သည် မတူညီသောအရာများပေါ်တွင် ဂရုစိုက်၏။
“မဆိုးပါဘူး။ အရာရာက ချောချောမွေ့မွေ့ဖြစ်သွားပါတယ်”
ချူးယွင်ဖန်းက အပြုံးတစ်ခုဖြင့်ဆိုသည်။ ယနေ့သူ အရွယ်ရောက် သံချပ်ကာအစွယ်ကွေးကျားနှင့် ရင်ဆိုင်ခဲ့ရသည့်အကြောင်းကိုတော့ မပြောခဲ့ပေ။ နောက်ဆုံးတော့ အားလုံးသည် အတိတ်သာဖြစ်ကာ အတိတ်ကြောင့် သူ့မိဘများအား အသည်းမယားစေချင်တော့ပေ။
“ဖေဖေ၊ မေမေ၊ ထမင်းချက်ဖို့အလျင်မလိုနဲ့။ သားမေမေတို့ကိုပြောစရာရှိတယ်။ ရွှမ်ရွှမ်၊ နင်လည်းဒီကိုလာခဲ့” ချူးယွင်ဖန်းက သူ့မိဘများကို ရပ်ခိုင်းလိုက်ကာ ညီမလေးကိုလည်း ခေါ်လိုက်သည်။
သူတို့သုံးဦးသားသည် အနည်းငယ် စိတ်ရှုပ်သွားသည်။ ချူးယွင်ဖန်းသည် သူတို့အား ဤမျှလောက် အလေးအနက်ထားပြော့လေ့ပြောထသိပ်မရှိပေ။ သူတို့သုံးဦးစုပြီးသည့်နောက်တွင် ချူးယွင်ဖန်းက
“ဖေဖေ၊ မေမေ။ ချင်းရွှမ်ရဲ့ရောဂါအကြောင်းပြောပြချင်ပါတယ်။ သားမှာ အကြံတစ်ခုရှိတယ်”
ချူးယွင်ဖန်းက ဤသို့ပြောသော်လည်း သူတို့သုံးဦး၏ အဦးဆုံးတုံ့ပြန်မှုသည်တော့ ပျော်ရွှင်မှုမဟုတ်ကြပေ။ အထူးသဖြင့်၊ ချူးဝမ်ချန်း၏ အမူအယာသည် ရုတ်တရတ် လေးနက်လာ၏။ သူကဆိုသည်။
“ယွင်ဖန်း၊ မင်းအမေနဲ့ ငါတို့ ဒီကိစ္စကိုတာဝန်ယူမယ်လို့ ဟိုးအရင်တည်းက မပြောထားခဲ့ဘူးလား။ မင်းအဲ့တာကို စိတ်မပူပါနဲ့။ အရေးကြီးဆုံးက မင်း ပြင်းပြင်းထန်ထန်ကျင့်ကြံ၊ ကြိုးကြိုးစားစားလေ့လာ၊ နောက်ပြီး တက္ကသိုလ်ကောင်းတစ်ခုကို တက်ဖို့ပဲ။ မင်းရွှမ်ရွှမ်ကိုကုသနိုင်မယ်လို့ ဘယ်သူကပြောတာလဲ။ လှည့်စားနေတာပဲဖြစ်မယ်”
ချူးဝမ်ချန်း၏ ပထမဆုံးတုန့်ပြန်မှုသည် သူ့သားသည် ရိုးရာဆေးစာတစ်ချို့ကိုယုံကြည်ကာ လှည့်စားခြင်းခံခဲ့ရသည်ဟူ၍ပင်ဖြစ်သည်။ တကယ်တမ်းတွင် လွန်ခဲ့သော ဆယ်နှစ်စကျော်က သူသည်လည်း ရိုးရာဆေးညွှန်းများကို အဆက်မပြတ်ရှာဖွေခဲ့သော်လည်း ယင်းတို့သည် လုံးဝအသုံးမဝင်ခဲ့ကြပေ။ သူအချိန်အကြာကြီး စွန့်လွှတ်ထားသောအရာဖြစ်သည်ကြောင့် သူ့သားအာ တူညီသော ထောင်ချောက်တစ်ခုတည်းလို့မကျစေချင်ခြင်းဖြစ်သည်။
“ဖေဖေ ဘာတွေတွေးနေတာလဲ။ ချင်းရွှမ်အတွက်ဆေးရှာတွေ့ပြီလို့ ဘယ်သူပြောတာလဲၑ ချူးယွင်ဖန်းက ချက်ချင်းဆိုသလို ရယ်ရမလို ငိုရမလိုဖြစ်သွားသည်။ “ဆေးလောကက မျိုးရိုးဗီဇချို့ယွင်းချက်အတွက် ကုသနည်းကိုမထုတ်ပြန်ခဲ့ဘူးလား။ ဒါကို သားပြောနေတာပဲ”
“ကောင်းပြီ။ ဒါပေမယ့် အဲ့တာက ပိုက်ဆံအများကြီးကုန်မှာ။ မင်းက ပိုက်ဆံဘယ်သွားရှာမလို့လဲ”
ချူးဝမ်ချန်းသည် ဤအကြောင်းကို သိသည်မှာ သေချာ၏။ သူ့သမီး၏ ရောဂါကြောင့် တစ်နှစ်ပတ်လုံး ဆေးဘက်ဆိုင်ရာအကြောင်းအရာတချို့ကို လိုက်လံရှာဖွေကြည့်ရှုခဲ့ကာ ဤနည်းလမ်းအကြောင်းကို လေးနက်စွာနားလည်၏။။ တကယ်ထိရောက်သည့်အပြင် ဘေးထွက်ဆိုးကျိုးပင်မရှိပေ။ ချို့ယွင်းချက်တစ်ခုသာရှိကာ ၎င်းသာ အလွန်စျေးကြီးနေခြင်းဖြစ်သည်။
“သား မကြာသေးခင်က ဆေးထုတ်လုပ်နည်းကို လေ့လာခဲ့တယ်။ နောက်ပြီး ကျွန်တော့်လက်ထဲမှာ ရှေးဟောင်းဆေးစပ်နည်းတစ်ခုရှိနေပြီ။ အရည်အသွေးပိုကောင်းတဲ့မရီးဒျန်သန့်စင်ဆေးကို သားထုတ်လုပ်ပေးနိုင်ပါတယ်။ ကုသမှုစရိတ်က သန်းသုံးဆယ်လောက်ကုန်ကျမှာမို့ သား အဲ့ပမာဏကို မြန်မြန်စုဆောင်းနိုင်ပြီ” ချူးယွကင်ဖန်းက အချိန်အတော်ကြာအောင်ပြင်ဆင်ထားသည့် အဖြေကိုပေးသည်။
သူတို့သုံးဦးသားသည် ခေတ္တတိတ်ဆိတ်သွားကြသည်။ အချိန်အတော်ကြာပြီးနောက် ချူးဝမ်ချန်းက နောက်ဆုံးတွင် ဆိုသည်။
“အရိပ်မဲ့ဓားဝယ်ဖို့ မင်းဒီလိုမျိုးပိုက်ဆံရခဲ့တာလား”
“ဟုတ်တယ်” ချူးယွင်ဖန်းက ဤကိစ္စကို ရှင်းပြရမည်ကို မူလကစိုးရိမ်နေခဲ့သော်လည်း၊ ဤအရိပ်မဓားဖြင့် ပြဿနာအားလုံးကို ရှင်းပြရန်ပိုမိုလွယ်ကူသွား၏။ ချူးဝမ်ချန်းက ချူးယွင်ဖန်းကို ကြည့်ကာ
“မင်းမကြာသေးခင်ကအ အရမ်းကြီးပြင်းလာခဲ့တာ သေချာတယ်။ အမှားနဲ့အမှန်ကြား မင်းခွဲခြားနိုင်မယ်လို့ ငါယုံကြည်ပါတယ်? ငါက ခေတ်ဟောင်းလူမဟုတ်ဘူး။ ငွေက တရားဝင်နည်းလမ်းနဲ့ဝင်လာသရွှေ့တော့ အားလုံးအဆင်ပြေတယ်လို့ပဲပြောချင်တယ်”
ချူးဝမ်ချန်း၏ စကားကိုကြားသောအခါ ချူးယွင်ဖန်းက သက်ပြင်းတစ်ချက်ချလိုကသည်။ သူသည် သားဖြစ်သူ ယူလာသောပိုက်ဆံအား သူ့အဖေလက်မခံမည်ကို ကြောက်သည်။ သို့သော် မကြာခင်တွင်ပင် ရယ်စရာဟုထင်သွား၏။ ဖခင်ဖြစ်သူသည် ခေါင်းငုံ့ကာ သူ့ညီမလေး၏ရောဂါအတွက် လေသံကိုလျှော့ကာ သားဆီမှ အကူအညီကိုလက်ခံလိုက်သည်။
သူသည် တကယ့်ကိုပင် အရည်အချင်းရှိသည့်ဖခင်ကောင်းတစ်ယောက်မဟုတ်သော်လညး်၊ သားသမီးများကို ပေးခဲ့သည့် ဖခင်မေတ္တာသည် အခြားသူများနှင့်မတူပေ။ ထိုညတွင် ချူးမိသားစုသည် ရယ်မောသံများဖြင့်ပြည့်နှက်နေခဲ့သည်။ သူ့ညီမလေးမွေးစဥ်တည်းက မိသားစုအား လေးလံစေခဲ့သော ဤကျောက်တုံးကြီးကို မြေပြင်ပေါ်သို့ ပစ်ချရန် အခွင့်အရေးရခဲ့သည်။ တစ်ညတာကုန်ဆုံးပြီးသည့်နောက်တွင် သောက်ခဲသော ချူးဝမ်ချန်းသည် အရက်နှစ်ခွက်ကို ထပ်သောက်ခဲ့၏။
ညဥ့်နက်နေပြီဖြစ်သည်။ ကောင်းကင်သည် အေးစက်နေသော်လည်း သူတို့နှလုံးသားများသည် နွေးထွေးနေ၏။
အခန်း(၉၅) စစ်တပ်၏ ကြေအေးငွေ
နောက်နေ့အနက်အစောတွင် ချူးယွင်ဖန်းသည် အမှတ် ၁၃ အထက်တန်းကျောင်းသို့ အမြန်ပြေးသွားခဲ့သည်။ သူသည် နောက်ကျောတွင် အရိပ်မဲ့ဓားကို ထမ်းထားကာ ကျောင်းသားအများက သူလာသည့်လမ်းတစ်လျှောက် ငေးကြည့်နေလျက်ရှိသည်။
“အဲ့တာ တတိယတန်းက စီနီယာ ချူးယွင်ဖန်းပဲ”
“ဒါဆို သူက ချူးယွင်ဖန်းပေါ့။ ငါသူ့ကို ဒီလောက်အစွမ်းထက်မယ်လို့မမျှော်လင့်ထားဘူး”
“အတန်း ၂က ဂေါင်ဟုန်ချီနဲ့ ထန်စီယုတို့က သံချပ်ကာအစွယ်ကွေးကျားနဲ့ရင်ဆိုင်ပြီးချေမှုန်းနိုင်ခဲ့တယ်လို့ကြေညာခဲ့တယ်”
ချူးယွင်ဖန်းသည် ပတ်ဝန်းကျင်မှ သူ့အကြောင်းဆွေးနွေးမှုများကို နားထောင်ပြီးသည့်နောက်တွင် ယမန်နေ့မှသတင်းပျံ့နှံ့သွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူက မျက်လုံးများကို မှိတ်လိုက်ရုံသာတတ်နိုင်သည်။ ဤကောလဟာလ ပိုမိုချဲ့ကားလာနိုင်သလား။
တကယ်ပဲ သူတို့သုံဂယောာက်အတူတူလက်တွဲပြီး သံချပ်ကာအစွယ်ကွေးကျားကို အနိုင်ယူနိုင်မယ်လို့ ထင်ထားကြတာလား။ သို့သော် ဤကောလဟာလသည် လျင်လျင်မြန်မြန်ပင် ပျံ့နှံ့သွား၏။
လမ်းတစ်လျှောက်နှင့် အတန်းထဲသို့ဝင်ပြီဂသည့်တိုင် ကျောင်းသားအများသည် သူ့ကို အာရုံစိုက်နေကြဆဲဖြစ်သည်။ သိပ်မကြာခင်မှာပင် တန်စီယုနှင့် ဂေါင်ဟုန်ချီတို့ရောက်လာကြ၏။
တိုက်ပွဲကြီးပြီးသွားသည့်နောက်၊ သူတို့သုံးယောက်ကြားဆက်နွယ္မှုသည် နေရာကွက်ကာကွဲထွက်သွားပုံပေါ်၏။ သူ၏ ဆက်ဆံရေးသည် ခုန်ပျံကျော်လွှားတက်မလာသော်လည်း အနည်းဆုံးတော့ ချူးယွင်ဖန်းသည် တန်စီယုကိုတွေ့သောအခါ သူမကပြုံးပြကာ ခေါင်းညိတ်၏။ ဤသည်က အလွန်ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သည်။ ယခင်က တန်စီယု အတန်း ၁၁တွင်ရှိခဲ့စဥ်က ချူးယွင်ဖန်းသည် သူမအပြုံးကို တစ်နှစ်နေလို့ တစ်ခါပင်တွေ့ရန်ခဲယဥ်းသည်။ သူမသည် လူတိုင်းနှင့် ခပ်ခွာခွာနေတတ်ကာ အေးစပ်အထီးကျန်သောအရောင်အဝါမျိုးတော့မဟုတ်ပေ။ ဤမိန်းကလေးနှင့်နီးစပ်ရန် အလွယ်ကူဟုပြောနေသော ခံစားချက်သက်သက်သာဖြစ်သည်။
အရာအားလုံးသည် ပုံမှန်အတိုင်းသာသွားနေကာ အချိန်များကုန်ဆုံးသွား၏။
စာပေအတန်းပြီးသွားသောအခါတွင် ချူးယွင်ဖန်းက အကြောဆန့်တန်းကာ အနားယူတော့မည့်အချိန်တွင် ကျင်းဝူသည် အတန်းထဲသို့ဝင်လာကာ အကြည့်များကို အတန်းတစ်လျှောက်ဖြန့်ကျက်လိုက်သည်။
ထို့နောက် သူကဆိုသည်။
“ချူးယွင်ဖန်း၊ ဂေါင်ဟုန်ချီနဲ့ တန်စီယု၊ ကျေးဇူးပြုပြီး အပြင်ကို ခဏထွက်ပါ”
အားလုံး၏အကြည့်က သူတို့သုံးယောက်ပေါ်သို့ ရောက်နေသည်။ အတန်းပိုင်ဆရာက အဘယ်ကြောင့်သူတို့သုံးဦးအားရှာဖွေနေမှန်းမသိသော်လည်း ယမန်နေ့ကအဖြစ်အပျက်နှင့် ဆက်စပ်နေသည်လို့တော့ လူအချို့က ခန့်မှန်းကြသည်။ မဟုတ်လျှင် ဤသုံးယောက်မှလွဲ အဘယ်ကြောင့် အခြားသူများကိုမခေါ်ခြင်းဖြစ်မည်လဲ။
သုံးဦးသားသည် မတ်တပ်ရပ်ကာ ကျင်းဝူနောက်သို့မလိုက်ခင်တွင် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြ၏။ ကျောင်းအုပ်ကြီးရုံးခန်းသို့ လမ်းတစ်လျှောက်လျောက်လာကြသည်။ ဝင်လာသောအခါတွင် အထဲ၌ လူနှစ်ယောက်စောင့်နေသည်ကို သိလိုက်ရ၏။ ၎င်းတို့ထဲမှတစ်ဦးမှာ သူတို့ယခင်ကတွေ့ဖူးသော လျှို့ဝှက်ဆန်းကြယ်သည့် စစ်အရာရှိ ရွှယ်ပိုင်လုံသာဖြစ်သည်။ အခြားတစ်ယောက်သည် အသက် ငါးဆယ် သို့မဟုတ် ခြောက်ဆယ်လောက်ရှိမည်ထင်ရသော်လည်း သူ့ကိုယ်သူ ကောင်းကောင်းဂရုစိုက်နိုင်ပုံပေါ်၏။ သူ့တွင် အနက်ရောင်ဆံပင်အပြည့်ဖြင့် ဖြောင့်စင်းသောခန္ဓာကိုယ်ရှိသည်။ သူ့ခန္ဓာကိုယ်ထဲတွင် အစွမ်းထက်အငွေ့အသက်များဖုံးကွယ်နေ၏။ သူသည် စွမ်းအားကြီး ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ဤပုဂ္ဂိုလ်သည် အမှတ် ၁၃ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဟွာချန်ရှန်မှလွဲ၍ အခြားသူမဟုတ်ပေ။
“ကျောင်းအုပ်၊ ဗိုလ်ကြီးရွှယ်” ချူးယွင်ဖန်းက ရှေ့သို့တိုးလာကာ နှုတ်ဆက်သည်။
“ကျွန်တော်တို့ကို ဘာကြောင့်ရှာတာလဲ သိလို့ရမလား”
ချူးယွင်ဖန်းထွက်လာသည်ကိုမြင်သောအခါ ရွှယ်ပိုင်လုံ၏မျက်လုံးများတောက်ပလာသည်။ ချူးယွင်ဖန်းသည် သုံးယောက်၏ ခေါင်းဆောင်ဖြစ်သည်ကို သူသတိမထားမိခဲ့ပေ။ သိသာထင်ရှားသော်လည်း လူသုံးဘောက်အား ခွဲခြားခြင်းမပြုပေ။ သို့သော ချူးယွင်ဖန်းသည် ရှေ့သို့တိုးလာကာ သူတို့သုံးဦးအစား စကားပြောရန်ထွက်လာခဲသည်။ ကျန်နှစ်ဦးကမူ သာမန်အတိုင်းသာသဘောထားကာ ပြုမူ၏။ ဤသည်ကအရာရာကိုရှင်းပြရန် လုံလောက်၏။
ဆုံးဖြတ်ချက် အမှန်တကယ်ချနိုင်သူမှာ ထိုအမျိုးသမီးငယ်လေးဖြစ်သည်ဟု သူမူလအစက တွေးထင်ခဲ့သည်။ ထိုကလေးမလေးသည် အခြးကျောင်းသားများနှင့် သိသိသာသာကွဲပြားသည်။
“ပိုင်လုံ၊ မင်းပဲပြောလိုက်တော့” ထိုအချိန်တွင် ဟွာချန်ရှန်က ပါးစပ်ကိုဖွင့်ကာဆို၏။ ချူးယွင်ဖန်း၏ မျက်လုံးများမှတစ်ဆင့် အလင်းတစ်ခု လင်းလက်လာသည်။ ကျောင်းအုပ်ကြီးနှင့်ရွှယ်ပိုင်လုံတို့ကြားတွင် နက်ရှိုင်းသောဆက်ဆံရေးရှိသည်မှာ ထင်ရှား၏။ သူတို့သည် နာမည်အရင်းများသုံးကာ အချင်းချင်းခေါ်ကြသည်။ အမြင့်တန်းတပ်များ၏ တပ်မှုးရွှယ်ပိုင်လုံသည် ဤလူသစ်များကိုပြုစုရန် အဘယ်ကြောင့်ရောက်လာသည်ကို သူရုတ်တရက်နားလည်သွားသည်။ သာမန်အခြေအနေအရ၊ တပ်ခွဲမှုးအဆင့်ဖြင့် လုံလောက်ပြီဖြစ်သည်။ ဤသည်မှာ ဗိုလ်ကြီးနှင့် ကျောင်းအုပ်ကြီးတို့ကြား ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကြောင့်ဖြစ်နိုင်၏။
“ဒီလိုပါပဲ။ ငါတို့ရဲ့ ပေါ့ဆမှုကြောင့် မင်းတို့အန္တရာယ်ကျရောက်ခဲ့တယ်။ တပ်မတော်ကိုယ်စား ငါတောင်းပန်ပါတယ်။ လျော်ကြေးလည်းယူလာပေးတယ်” ရွှယ်ပိုင်လုံက ဖြည်းညှင်းစွာဆိုသည်။
ချူးယွင်ဖန်းအခြားနှစ်ယောက်သည် သူတို့၏ မျက်နှာထက်တွင် တုန်လှုပ်သောအမူအယာများဖော်ပြလျက်ရှိသည်မှာ ထင်ရှား၏။ စစ်တပ်က သူတို့အား အမှန်တကယ်လျော်ကြေးပေးလိမ့်မည်ဟု မည်သည့်အချိန်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ယခင်နှစ်များတွင် စီနီယာအချို့သည် စစ်မြေပြင်တွင် သေဆုံးခဲ့ရသောကြောင့်သာ လျော်ကြေးပေးရမည့်တစ်ခုတည်းသောအကြောင်းအရာဖြစ်ခဲ့သည်ကို သူကြားခဲ့ရသည်။ သို့သော် ထိုစဥ်က သူတို့အားလျော်ကြေးလာပေးသည်မှာ ပြည်ထောင်စုအစိုးရမှဖြစ်သည်။ စစ်တပ်မှ တစ်ယောက်ယောက်ကိုလွှတ်ကာ သူတို့အား ပုဂ္ဂိုလ်ရေးအရ လျော်ကြေးပေးသည်ကို မကြားခဲ့ဖူးပေ။
စစ်တပ်မှ သူတို့အား စစ်မြေပြင်သို့လေ့ကျင့်ရန် ခေါ်ဆောင်သွားပေးသည်ကပင် ကျောင်းသားများသည် စစ်တပ်အပေါ်အကြွေးတင်နေပြီဖြစ်သည်။ လူတစ်ဦး၏ သေဆုံးမှုသည် ကြီးမားသောကိစ္စဖြစ်သော်လည်း ယခုမူ ထိခိုက်သေဆုံးမှုတစ်ခုမှမရှိခဲ့သော သေးငယ်သည့်ကိစ္စရပ်သာဖြစ်သည်။ ချူးယွင်ဖန်းသည် ဟွာချန်ရှန်ကြောင့်ဟုထင်ကာ ဟွာချန်ရှန်အား တစ်ချက်ကြည့်လိုက်သည်။
စကားပြောကာ ရွှယ်ပိုင်လုံက စားပွဲပေါ်မှ သေတ္တာသုံးခုကို ညွှန်ပြလိုက်သည်။
“ဒီသေတ္တာတစ်လုံးစီမှာ အဆင့်သုံးမူလ ဝိဉာဥ်ဆေးတစ်လုံးစီပါရှိတယ်။ ဒါကို တပ်မတော်ကပေးတဲ့ လျော်ကြေးအဖြစ်မှတ်ယူလိုက်ပါ”
“အဆင့်သုံးမူလဝိဉာဥ်ဆေး။ အရာရှိ ရွှယ်၊ အဆင့်ကိုးမူလ
ဝိဉာဥ်ဆေးတစ်မျိုးကိုပဲ ကျွန်တော်ကြားဖူးပါတယ်” ချူးယွင်ဖန်းက ရုတ်တရက် ပါးစပ်ဟကာမေးလိုက်သည်။ သူဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ မှတ်မိသလောက် အဆင့်ကိုးမူလ
ဝိဉာဥ်ဆေးတစ်မျိုး အမှန်စင်စစ်ရှိသည်။ ထိုဆေးအမျိုးအစားသည် အလွန်အဆင့်မြင့်ဆေးတစ်မျိုးဖြစ်၏။
၎င်းသည် ကျင့်ကြံရေးအားကောင်းစေသောဆေးအမျိုးအစားဖြစ်ကာ ၎င်း၏အာနိသင်မှာ အလွန်ကောင်းမွန်၏။ ကျင့်ကြံရေးအရှိန်အား ပုံမှန်နှုန်းထက်သုံးဆတိုစေရန်အတွက် သုံးဆောင်သောသူအတွက်တော့ ပြဿနာသိပ်မရှိပေ။ သို့သော် ၎င်းတွင် အသုံးပြုထားသော ပါဝင်ပစ္စည်းများသည် အလွန်အဖိုးတန်၏၊ ဆေးဧကရာဇ်ပင်လျှင် အကြိမ်များများမပြုလုပ်ခဲ့ဖူးပေ။
အဆင့်ကိုးမူလဝိဉာဥ်ဆေးအကြောင်း မင်းတကယ်ပဲသိလား။ မှန်တယ်။ တကယ်တော့ အဆင့်ကိုးမူလဝိဉာဥ်ဆေး ဖော်မျူလာကို ရှင်းလင်းလွယ်ကူအောင်ပြုလုပ်ထားပြီးတဲ့နောက်မှာ ဒီအဆင့်သုံးမူလဝိဉာဥ်ဆေးကို ဖန်တီးခဲ့တာပဲ။ အဲ့ဒီတုန်းက ငါတို့တူးဖော်နိုင်ခဲ့တဲ့ ရှေးဟောင်းလူသားကာလက ပစ္စည်းတွေထဲက ဖော်မျူလာတစ်ခုရှိတယ်။ အဆင့်ကိုးမူလဝိဉာဥ်ဆေးရဲ့ ဆေးစပ်နည်းပဲဖြစ်တယ်။ ဒါပေမယ့် စိတ်မကောင်းစရာကောင်းတာက ဆေးစပ်နည်းဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ အဆုံးမှာ၊ နှစ်ပေါင်းများစွာ တိုးတက်ကောင်းမွန်လာပြီးတဲ့နောက် ဆေးဘုရင်က အဆင့်သုံးမူလဝိဉာဥ်ဆေးကို တီထွင်နိုင်ခဲ့တယ်။ အဲ့ဆေးရဲ့အကျိုးသက်ရောက်မှုတွေက အဆင့်ကိုးမူလဝိဉာဥ်ဆေးနဲ့နှိုင်းယှဥ်ဖို့ ဝေးလွန်းသေးပေမယ့် အသုံးဝင်တယ်။ မင်းတို့ စျေးကွက်မှာ ဝယ်နိုင်မှာမဟုတ်ဘူး” ရွှယ်ပိုင်လုံကဆိုသည်။ “ဒါက တပ်မတော်သားတွေကို အထူးထောက်ပံ့ပေးထားတဲ့ ဆေးတစ်လုံးပဲ”
သူတို့သုံးဦးသည် ခဏတာထိတ်လန့်သွားကြသည်။ ရွှယ်ပုံလုံသည် လျော်ကြေးအဖြစ် တပ်မတော်သားများအတွက် အထူးပေးသော ဆေးလုံးကိုယူဆောင်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးရွှယ်”
ချူးယွင်ဖန်းနှင့် အခြားနှစ်ဦးသည် သေတ္တာအားယူခဲ့သော်လည်း မဖွင့်ကြည့်ခဲ့ကြပေ။ သို့သော် စစ်တပ်မှအထူးထောက်ပံ့ပေးထားသော ဆေးလုံးများသည် ကောင်းသောပစ္စည်းများဖြစ်မည်ကို သူတို့သိကြသည်။
“ဒါကဘာမှမဟုတ်ပါဘူး၊ ငါတို့တပ်မတော်မှာ ကောင်းတာတွေ အများကြီးရှိတယ်။ ဒါက အသေးအမွှားကိစ္စတစ်ခုပဲလေ။ အခုဆို တက္ကသိုလ်မှာတက်ရတာတစ်ခုတည်းက ရှေ့ဆက်လျောက်ရမယ့်နည်းလမ်းမဟုတ်ပါဘူး။ မင်းတို့ စစ်တပ်ထဲဝင်ရင် အနိုင်မခံအရှုံးမပေးတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာနိုင်တယ်။ အနာဂတ်မှဦ မင်းတို့ ဗိုလ်ချုပ်ဖြစ်လာတဲ့အခါ မင်းတို့အားလုံးဟာ လူ့အဖွဲ့အစည်းရဲ့ မဏ္ဍိုင်ဖြစ်လာကြလိမ့်မယ်” ရွှယ်ပိုင်လုံက ဆက်ပြောသည်။ ချူးယွင်ဖန်းသည် သူ၏ ရည်ရွှယ်ချက်အစစ်အမှန်ကို နောက်ဆုံးတွင် သိလိုက်ရသည်။ အချိန်အတော်ကြာစကားပြောပြီးသည့်နောက်တွင် စစ်တပ်ထဲသို့ သူတို့ကို မျှားခေါ်ချင်လာသည်။
“အဟမ်း၊ အလုံလောက်ပြီ။ ငါ့ရှေ့မှာ လူတွေကို ပွင့်ပွင့်လင်းလင်းလုယက်နေတာက မင်းအတွက်မကောင်းဘူး။”
ဟွာချန်ရှန်ကဆိုသည်။
“ဦးလေးဟွာ သူတို့က ဦးလေးရဲ့ကျောင်းက ကျောင်းသားတွေပဲ၊ သူတို့ဘွဲ့ရရမယ်မဟုတ်လား။ အအထက်တန်ကျောင်းပြီးရင် သူတို့ တက္ကသိုလ်ကို သွားတာဖြစ်ဖြစ်၊ စစ်တပ်ထဲဝင်ချင်တာဖြစ်ဖြစ် ဒါ သူတို့ သဘောပါ။ ဒါကို ခင်ဗျားတကယ်ပဲ စိတ်ထဲထားနေတော့မှာလား” ရွှယ်ပိုင်လုံက ကူကယ်ရာမဲ့စွာပြောလိုက်သည်။
“ဒါက အနာဂတ်အတွက်ကိ္ဏပါ။ ငါ့ဆီကနေ လူတွေမခိုးနဲ့” ဟွာချန်ရှန်က ရိုင်းရိုင်းစိုင်းစိုင်းဆိုလိုက်သည်။
“ကောင်းပြီ။ မင်းတို့သုံးယောက် အတန်းပြန်သွားလို့ရပြီ။ နောက်ဆုံးစာမေးပွဲမှာ ရလဒ်ကောင်းတွေရအောင် ကောင်းကောင်းကြိုးစားကြပါ” ဟွာချန်ရှန်က သူတို့သုံးယောက်အားဆို၏။
နောက်ဆုံးတော့ သုံးဦးသားသည် သက်ပြင်းချလိုက်ကာ ပစ္စည်းများယူ၍ထွက်ခွာသွားကြ၏။
အခန်း(၉၆) လဝက်တိုးတက်မှု
ရွှယ်ပိုင်လုံသည် စစ်တပ်ထံမှ လျော်ကြေးကို ယူလာခဲ့သည်။ ထိုသုံးယောက်အား ခေါ်ယူရန်ကြံရွယ်ထားသော်လည်း ကျောင်းအုပ်ကြီးဟွာချန်ရှန် အနားတွင်ရှိနေခြင်းကြောင့် ရွှယ်ပိုင်လုံ၏ အတွေးများအတွက်မျှော်လင့်ချက်အလင်းရောင် မမြင်နိုင်တော့သည်မှာ ထင်ရှား၏။
ၐ
ထို့ကြောင့် စစ်မှန်တိုက်ပွဲ၏အပိုင်းကဏ္ဍသည် ပြီးမြောက်ပြီဟုယူဆနိုင်ပြီဖြစ်သည်။
ကျောင်းသားများစွာအတွက် ဘဝသည် ဆက်လက်၍ ကုန်ဆုံးနေမည်ဖြစ်သည်။ တစ်လအတွင်းဖြစ်ပေါ်လာမည့် ထိပ်တန်း အယောက်နှစ်ဆယ်ရွေးချယ်မှုအတွက် လူအများသည် ပြင်ဆင်လျက်ရှိသည်။ သူတို့သည် ထိပ်တန်းလူနည်းစုအကြောင်းတွေးပင်မတွေးရဲကြပေ။ ပထမနေရာသည် အို့ယန် သို့မဟုတ် ကျန်းထန်အတွက်ဖြစ်မည်ကို လူတိုင်းသိကြသည်။ ကျန်သူများထဲတွင် ချူးယွင်ဖန်းနှင့် တန်စီယု တို့သည် ရေပန်းစားသော သင့်တော်သူများဖြစ်ကြသော်လည်း နေရာမှာ အယောက်၂၀စာရှိသည်။ သူတို့အတွက်မူ ၎င်းသည် သူတို့ကြိုးစားနိုင်သည့် ပန်းတိုင်တစ်ခုဖြစ်သည်။ သူတို့သည် ထိပ်ဆုံးအယောက် ၂၀ အား မလိုက်နိုင်လျှင် သူတို့ကြား ကွာခြားချက်သည် တဖြည်းဖြည်းနှင့် ပိုကျယ်လာမည်ဟု အလိုလိုတွေးမိထားကြသည်။
တစ်ချိန်တည်းမှာပင် ထိပ်တန်းအယောက် ၂၀ ဆုံးဖြတ်မှုသည် နောက်ဆုံးစာမေးပွဲနှင့်သက်ဆိုင်၏။ ၎င်းသည် သူတို့၏ အထက်တန်းကျောင်းသားဘဝ၏ နောက်ဆုံးစာမေးပွဲလည်းဖြစ်သည်။ လူတိုင်းသည် ဤစာမေးပွဲ၌ နာမည်ရချင်ကြကာ နှစ်သစ်တွင် အမှတ်ကောင်းကောင်းဖြင့် အိမ်ပြန်ချင်ကြသည်။ ချူးယွင်ဖန်း၏ ဘဝသည်လည်း အတန်းများနှင့် ကျင့်ကြံရေးဟူ၍ နှစ်ပိုင်းခွဲထားသည်။ လက်ရှိချူးယွင်ဖန်းအတွက် အရေးအကြီးဆုံးအရာမှာ သူ့ကျင့်ကြံရေးကို တောင့်တင်းခိုင်မာစေရန်ဖြစ်သည်။ သူသည် ချီပင်လယ်တတိယအဆင့်သို့ ရောက်နေပြီဖြစ်ကာ စတုတ္ထအဆင့်သို့မကျော်ဖြတ်နိုင်မီတွင် ၎င်းကို ဦးစွာတောင့်တင်းခိုင်မာစေနိုင်ရမည်ဖြစ်သည်။ အချိန်အနည်းငယ်ကြာအောင် ဖိထားသကဲ့သို့ခံစားရသော်လည်း အလျင်စလိုတော့မဟုတ်ပေ။ သူ့အတွက်လအနည်းငယ်သာကျန်တော့သည် အောင်မြင်မှုတစ်ခုရရန်လုံလောက်၏။ ထို့အပြင် ဤသို့သော ကိစ္စများသည် အလျင်စလိုပြုလုပ်၍မရပေ။
နှစ်လ၊ သုံးလအတွင်းတွင်ပင် သာမန်ကျောင်းသားတစ်ဦးအဖြစ်မှ ကျောင်းသားအများစု၏ အထက်သို့ရောက်သွားခဲ့ကာ ကျောင်းသားအများ၏မျက်လုံးထဲတွင် ထိပ်တန်းအယောက်၂၀အတွက် စိန်ခေါ်သူတစ်ယောက်ဖြစ်လာခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ ပြောင်းလဲမှုအား ပြီးမြောက်စေရန် အချိန်လုံလုံလောက်လောက်ရှိသည်။ တစ်နှစ်ခွဲကျော်အအတွင်းတွင် နဂါးဖြစ်စေ၊ မြွေဖြစ်စေနှင့် တိုက်ခိုက်ရလျှင်ပင် အနိုင်ယူနိုင်လိမ့်မည်မှာ သေချာ၏။
ဤသို့ဖြင့်ပင် လတစ်ဝက်သည် ပေါ့ပေါ့ပါးပါးပင် ကုန်ဆုံးသွားသည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် ချီပင်လယ်တတိယအဆင့်ကို အပြည့်အဝအခြေခိုင်မာစေနိုင်ခဲ့သည်။ ယခင်သူ ပထမဆုံးကျော်ဖြတ်နိုင်ခဲ့သည်နှင့် မတူညီသောအရာမှာ သူ သတိထားရန် သိပ်မလိုတော့ခြင်းဖြစ်သည်။ တကယ်တမ်းတွင် သူသည် ချီပင်လယ်တတိယအဆင့် အထွဋ်အထိပ်သို့တရှိန်ထိုး လျင်မြန်စွာ ရောက်သွားခဲ့ခြင်းဖြစ်၏။
ဤလဝက်အတွင်းတွင် သူကိုယ်တိုင် ကျင့်ကြံခြင်းမှလွဲ၍ ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီနှင့်လည်း လေ့ကျင့်ပေးခဲ့သည်။ ဤလဝက်အတွင်း ဂေါင်ဟုန်ချီ သည် အလွန်လျင်မြန်စွာတိုးတက်ခဲ့ကာ ချူးယွင်ဖန်း၏ လမ်းညွှန်မှုဖြင့် ဂေါင်ဟုန်ချီ၏ မီးမုန်တိုင်းလှံသိုင်းသည် နောက်ဆုံးတွင် ပြီးပြည့်စုံအဆင့်သို့ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ဂေါင်ဟုန်ချီအား စိတ်ပျက်စေသည့်အရာမှာ သူသည် မီးမုန်တိုင်းလှံသိုင်းကို ပြီးပြည့်စုံအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သော်လည်း ဤသိုင်းပညာသည် ချူးယွင်ဖန်း ကျင့်ကြံခဲ့သော ကမ္ဘာခွဲဓားသိုင်းနှင့် လေဟုန်တိုက်ခွင်းဓားသိုင်းတို့ထက် အဆင့်မြင့်သည့်တိုင် လေ့ကျင့်ချိန်တွင် ချူးယွင်ဖန်းလက်၌ အကြိမ်ကြိမ်ရှုံးနိမ့်နေခြင်းဖြစ်သည်။ အကြိမ်တိုင်းတွင် ချူးယွင်ဖန်းသည် သူ့အားဖိနှိပ်နိုင်ရန် လက်တစ်ဖက်သာလိုအပ်ခဲ့၏။
ဤသည်က ဂေါင်ဟုန်ချီ အား အလွန် စိတ်ပျက်စေသည်။
ချူးယွင်ဖန်း၏ ရန်စခံရပြီးနောက်တွင် ဂေါင်ဟုန်ချီသည် အဆင့်သုံးမူလဝိဉာဥ်ဆေးကို သောက်သုံးရန်ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် တပ်မတော်၏ အထူးဆေးဖက်ဝင်ဆေးဝါးဖြစ်ရန် အမှန်တကယ်ပင် ထိုက်တန်၏။ စစ်တပ်အတွင်း၌ပင် လူတိုင်း အဆင့်သုံး မူလဝိဉာဥ်ဆေးကို မရရှိနိုင်ကြပေ။
ဂေါင်ဟုန်ချီကိုယ်တိုင်သည် ချီပင်လယ် ဒုတိယအဆင့်သို့ရောက်နှင့်နေပြီးဖြစ်ကာ အဆင့်သုံးမူလဝိဉာဥ်ဆေးကို သောက်သုံးပြီးသည့်နောက်တွင် ချီပင်လယ်တတိယအဆင့်သို့ အလွယ်တကူရောက်ရှိခဲ့၏။ တစ်လခွဲကြာပြီးသည်နောက်တွင် ချူးယွင်ဖန်းကဲ့သို့ ချီပင်လယ်တတိယအဆင့် အထွဋ်အထိပ်ကာလသို့ရောက်ရှိနေပြီဖြစ်သည်။ သူ၏ ကျင့်ကြံရေးမှာ ချူးယွင်ဖန်းနှင့် တန်းတူဖြစ်သော်လည်း ကျင့်ကြံနေစဥ်တွင် ချူးယွင်ဖန်းသည် သူ့အား လက်တစ်ဖက်ဖြင့်အနိုင်ယူနိုင်သေးသည်။ ယခင်ကနှင့် ကွဲပြားခြားနားမှုမရှိပေ။
ချူးယွင်ဖန်းသည် သူနှင့် တူညီသောနယ်ပယ်များတွင်ပင် အနည်းဆုံးအဆပေါင်းများစွာ သာလွန်အားကောင်း၏။ ယင်းကြောင့် ချူးယွင်ဖန်းသည် တရားမျှတမှုမရှိကြောင်း၊ ဘုရားသခင်သည် ဘက်လိုက်ကြောင်းကြွေးကြော်ခဲ့သည်။ သို့သော် သူရှုံးနိမ့်တိုင်း၊ သိပ်မကြာမီတွင်ပင် နောက်ထပ်တစ်ပွဲတိုက်ခိုက်ရန် ထပ်ရောက်လာလိမ့်မည်ဖြစ်သည်။ သူသည် မတုံးအပေ။ ချူးယွင်ဖန်းနှင့် လေ့ကျင့်ခြင်းက သူ့အတွက်အကျိုးကျေးဇူးများစွာရှိကြောင်းသူသိသည်။ ဤတိုးတက်မှုနှုန်းအရ သူသည် နောက်ဆုံးစာမေးပွဲမတိုင်မီတွင် ချီပင်လယ် စတုတ္ထအဆင့်သို့တက်လှမ်နိုင်မည်ဖြစ်သည်။ ဤစွမ်းရည်ဖြင့် သူသည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ပါဝင်နိုင်ကာ သာမန်တက္ကသိုလ်တစ်ခုသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
အမှတ် ၁၃ အထက်တန်းကျောင်း၏ ကျောင်းသားများတွင် ထိပ်တန်းလူနည်းစုသည် မည်သည့်နေရာသို့သွားရမည်ကို ခန့်မှန်းစရာမလိုသော်လည်း အခြားသူများသည်တော့ ထိပ်တန်း ဆယ်ယောက်ထဲဝင်ရန်မျှော်လင့်ချက်ရှိသေး၏။ ဤအရာသည် ဂေါင်ဟုန်ချီ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေပြီဖြစ်သည်။ သူသည်လည်း သူ့အတန်းထဲတွင် လက်ရွေးစင်တစ်ယောက်ဖြစ်သော်လည်း သာမန်လက်ရွေးစင်တစ်ယောက်သာဖြစ်သည်။ ယခု ဤအရာသည် နောက်ထပ်တစ်ဆင့်ကို ကျော်ဖြတ်ခြင်းနှင့် ညီမျှ၏။
သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်းသိသည်။ သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးသည် အမြဲတစေကောင်းမွန်ခဲ့သဖြင့် အချို့စကားလုံးများသည် ပြောစရာမလိုဘဲ နားလည်နိုင်ကြ၏။
ဂေါင်ဟုန်ချီအပြင် တန်စီယုသည်လည်း ချီပင်လယ်စတုတ္ထအဆင့် အထွဋ်အထိပ်ကာလမှ ချီပင်လယ် ပဥ္စမအဆင့်သို့ ချောမွေ့စွာတက်လှမ်းခဲ့ပြီး အဆင့်သုံးမူလဝိဉာဥ်ဆေးကို သောက်သုံးခဲ့သည်။ ယခုအခါ သူမသည် နတ်ဘုရား၏အရှိန်အဟုန်ဖြင့် ချီပင်လယ် ပဥ္စမအဆင့် အထွဋ်အထိပ်ကာလသို့ ရောက်ရှိနေပြီဖြစသ်သည်။ ဤသို့သော တိုးတက်မှုအရ သူမသည် နောက်ဆုံးစာမေးပွဲမတိုင်မီတွင် ချီပင်လယ်ဆဠမအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။ အတန်းထဲတွင် ကျင့်ကြံမှုအခြေခံအပြင်းထန်ဆုံးဖြစ်သော အိုးယန်နှင့် အတန်း ၁မှ ကျန်းထန်တို့နှင့် တန်းတူဖြစ်နေပြီဖြစ်သည်။ သေချာသည်မှာ သူတို့နှစ်ဦးသည် ယခုလတွင် နောက်ထပ် အောင်မြင်မှုများမရရှိခြင်းကြောင့်ဖြစ်၏။
တန်စီယု၏ တိုးတက်မှုနှုန်းသည် အလွန်တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည်။ သို့သော် ချုူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီနှစ်ဦးစလုံးသည် အလွန်တည်ငြိမ်ကြသည်။ နောက်ဆုံးတော့ သူတို့သည် အတန်းဖော်များဖြစ်ခဲ့ကြသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သဖြင့် သူမအား ဒုံးပျံစီးနေသကဲ့သို့ ထင်ရစေသည့် တန်စီယု၏တိုးတက်မှုနှုန်းကို သူတို့မြင်တွေ့ခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ တန်စီယု လွန်ခဲ့သော တစ်နှစ်ကျော်၊ ကျောင်းသို့ပြောင်းလာခဲ့စဥ်က သူမ၏ ကျင့်ကြံရေးအဆင့်သည် အခြားလူတိုင်းထက်နောက်ကျခဲ့သည်။ သို့သော် တစ်နှစ်ကျော်အတွင်းတွင် သူမသည် သူမ၏ အတန်းဖော်အများစုကို ကျော်တက်နိုင်ခဲ့ပြီဖြစ်၏။
ချူးယွင်ဖန်းအတွက်မူ အရေးအကြီးဆုံးအရာမှာ ကျင့်ကြံရေးမဟုတ်ပေ။ မရီးဒျန်သန့်စင်ဆေးများ ထုတ်လုပ်ရန်ပင်ဖြစ်သည်။ ဆေးတစ်လုံးတိုင်းသည် ပြီးပြည့်စုံသောအရည်အသွေးရှိရမည်။ သူမှလွဲ၍အခြားသူများသည် ထိုအရာကို ကြေညာဝံ့ကြမည်မဟုတ်ပေ။ လုချင်းရွှမ်မှလွဲ၍ မည်သူကမှ သူ၏ ယုံကြည်ချက်ပြင်းပြနေသော ကြေညာချက်ကို ယုံကြလိမ့်မည်မဟုတ်ပေ။
လုချင်းရွမ်အတွက် ဤတစ်ကြိမ်သည် ကြီးမားသော လောင်းကစားတစ်ခုဖြစ်သည်။ ဤအတွက် သူမ၏ အရာခပ်သိမ်းကို ပေါင်နှံကာ သူမကုမ္ပဏီကိုပင် ချေးငွေနှင့်လဲလှယ်ခဲ့သည်။ မအောင်မြင်ပါက ဆိုင်ပိတ်သိမ်းကာ ဒေဝါလီခံကြောင်းကြေညာရုံမှတပါး အခြားရွေးချယ်စရာမရှိပေ။ သို့သော် သူမသည် ချူးယွင်ဖန်း၏ စကားအားရွေးချယ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။
အကယ်၍ သူမကျရှုံးလျှင် သူမသည် ဒေဝါလီခံကာ နောက်ထပ်တစ်ကြိမ်ခေါင်းထောင်နိုင်တော့မည်မဟုတ်ပေ။ အကယ်၍ သူမကျရှုံးလျှင် ချူးကျိကွာချမှတ်ထားသည့် တားမြစ်ပိတ်ပင်မှုကို ချိုးဖျက်ပစ်လိမ့်မည်ဖြစ်သည်။ ထိုအချိန်မှစ၍ ကုမ္ပဏီသည် ပိုမိုမြင့်မားသော အဆင့်သို့တိုးမြင့်လာမည်ဖြစ်ကာ ပြဿနာလုံးဝရှိနိုင်လိမ့်တော့မည် မဟုတ်ပါ။
တစ်လခွဲအကြာ စီစဥ်၍ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုအားလုံးအား အပေါင်အဖြစ်အသုံးပြုပြီးနောက်တွင် သူမလိုချင်သော ချေးငွေကို နောက်ဆုံးထုတ်ပေးခဲ့သည်။ ခွန်းလွန်ခေတ်မှ သူမမှာယူခဲ့သော ပါဝင်ပစ္စည်းများသည် နောက်ဆုံးတွင်ရောက်ရှိလာပြီဖြစ်သည်။
ဆေးဖော်စပ်ရမည့်အချိန်သို့ နောက်ဆုံးတော့ရောက်ခဲ့ပြီဖြစ်သည်။
ယနေ့ ကျောင်းပြီးသည့်အခါ ချူးယွင်ဖန်းသည် အိမ်သို့မပြန်ဘဲ လုချင်းရွှမ်၏ ကုမ္ပဏီသို့ အမြန်သွားခဲ့သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းနှင့် ေနာက်ဆုံးအကြိမ်စကားပြောခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော လုချင်းရွှမ်သည် သူ့အား နံနက်အစောကတည်းကပင် စောင့်နေခဲ့သည်။
“ဆရာချူး၊ ရှင်နောက်ဆုံးတော့ဒီကိုရောက်ပြီ။ ကျွန်မရှင့်ကိုစောင့်နေတာကြာပြီ” လုချင်းရွှမ်က ရုံးခန်းထဲသို့ ချူးယွင်ဖန်းဝင်လာသည်နှင့် အလျင်အမြန်ပင် ကြိုဆိုလိုက်သည်။
ချူးယွင်ဖန်းက ပြုံးကာဆိုသည်။
“ခင်ဗျားသိတဲ့အတိုင်းပဲ၊ ကျွန်တော့်မှာ အတန်းချိန်တွေရှိသေးတယ်။ အချိန်တန်ရင် ကျွန်တော့်မှာ အားလပ်မှုသိပ်မရှိဘူး”
သူခွင့်ယူနိုင်ခဲ့သော်လည်း ဆက်တိုက်လုပ်နေခြင်းက သူ့အတွက်သိပ်ကောင်းမည်မဟုတ်ပေ။ မလိုအပ်လျှင် ခွင့်မတောင်းချင်တော့ခြင်းဖြစ်၏။
“ကောင်းပါပြီ။ အလာပသလာပတွေ စကားဖြတ်ကြရအောင်။ ကျွန်တော့်ကို ဓာတ်ခွဲခန်းထဲခေါ်သွားတော့”