အခန်း (၁၀၀-၁၀၂)
Vol. 7 Ch. 100-102
အခန်း(၁၀၀) တန်စီယုဘက်မှ ရပ်တည်ခြင်း
ဤသည်ကို သတိထားမိပြီးနောက်တွင် တန်စီယုသည် အလွန်ထိတ်လန့်သွား၏။ သူမသည်သာ သူမကျင့်ကြံထားသော အတွင်းအားအကြောင်း ရှင်းလင်းစွာသိပါသည်။ ၎င်း၏အရည်အသွေးသည် အလွန်မြင့်၏။ အမှတ် ၁၃ အထက်တန်းကျောင်း၏ မည်သူကမှ သူမနှင့် နှိုင်းယှဥ်၍မရနိုင်သင့်ပေ။ ထို့ကြောင့် သူမသည် ဘယ်တုန်းကမှ သူမနှင့် အဆင့်တူသည့်မည်သူကိုမှ မကြောက်ရွံ့ခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ အလိုအလျောက်တုံ့ပြန်မှုတစ်ခုသာဖြစ်သော်လည်း သူမလုံးလုံးယုံကြည်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင်ချူးယွင်ဖန်းသည်လည်း အလွန်တုန်လှုပ်သွား၏။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ ဓားချက်တိုင်း၏ အစွမ်းသက်ရောက်မှုကို ရှင်းလင်းစွာသိသောကြောင့်ဖြစ်၏။ အမြန်နှုန်းကို အဆပေါင်းများစွာတိုးလာစေသည့် ကမ္ဘာခွဲဓားသိုင်းအပြင် လေဟုန်တိုက်ခွင်းဓားသိုင်းကိုပါ ရံဖန်ရံခါထည့်သုံးနေခြင်းဖြစ်၏။ သာမန်လူသာဖြစ်မည်ဆိုပါက အကာအကွယ်မဲ့ အခုတ်ခံလိုက်ရမည်ဖြစ်သည်။ သံချပ်ပါအစွယ်ကွေးကျားငယ်ပင် ဤသိုင်းကွက်ကြောင့် နောက်သို့ပြန်ဆုတ်ခဲ့ရသေးသည်။ ၎င်း၏ခေါင်းပင် မထောင်နိုင်လောက်အောင် ဖိနှိပ်ခံထားရမည်ဖြစ်၏။
သို့သော် အစပိုင်းတွင် ချူးယွင်ဖန်း၏ သိုင်းနှင့် ကျင့်သားမရသေးသော တန်စီယုသည် လျင်မြန်စွာပင် ပြောင်းလဲသွားခဲ့၏။ ဤသို့သော သိုင်းပညာသည် တကယ့်ကိုပင် အံ့သြစရာဖြစ်၏။
ချလန်
ချလန်
ချလန်
မျက်စိတစ်မှိတ်အတွင်းတွင်ပင် နှစ်ဖက်စလုံးသည် သိုင်းကွက်ပေါင်းရာကျော်အောင်ဖလှယ်ပြီးခဲ့ပြီဖြစ်သည်။ ပုံမှန််အားဖြင့် လူတစ်ယောက်သည် ဤအချိန်သို့ရောက်လာပါက မလွဲမသေ ၎င်းတို့၏ ကိုယ်ခံအားမှာ ကျဆင်းလာမည်ဖြစ်သည်။ မည်သို့သော အရှိန်ဖြင့်ဖြစ်စေ၊ မည်သို့ပင် သန်မာပါစေ ၎င်းတို့၏အားသည် စတင်၍ ကျဆင်းလာမည်ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်လုံးသည် နှေးကွေးလာသော အခြေအနေကို အနည်းငယ်လေးပင်မပြပေ။ ယင်းအစား၊ ပို၍ ပို၍ မြန်မြန်ပင် တိုက်ခိုက်နေကြ၏။ ချီပင်လယ်အဆင့်မရောက်ကြသေးသော သာမန်အတန်းမှ ကျောင်းသားများသည် သူတို့ဓားချက်များ၏ အမြန်နှုန်းကို လိုက်မကြည့်နိုင်တော့သကဲ့သို့ ခံစားနေရသည်။ သူတို့အားလုံးသည် တိတ်တဆိတ် ထိတ်လန့်နေကြ၏။
“ဒါအထူးတန်း လက်ရွေးစင်တွေရဲ့ ခွန်အားလား၊ တကယ့်ကို စွမ်းအားကြီးတာပဲ။ ငါတို့အတန်းရဲ့ စွမ်းအားအကြီးဆုံးကျောင်းသားတောင် သူတို့ရဲ့ သိုင်းကွက်နည်းနည်းလောက်ကိုခံနိုင်မှာမဟုတ်ဘူး”
“ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကမှ သူ့ကျင့်ကြံရေးအဆင့်က ငါတို့နဲ့အတူတူပဲရှိသေးတယ်လို့ ကြားထားတာ။ အခုတော့ ငါတို့လုံးဝ အဝေးကြီးမှာ ကျန်ခဲ့ပြီပဲ။ သူ့ဆီက ဓားချက်တစ်ခုကိုတောင် ငါမခံနိုင်လောက်မှာ ကြောက်မိတယ်။ တကယ်လို့ သူသာ အထူးတန်းကို ဝင်ခွင့်မရခဲ့ရင် ငါတို့ ဒီလောက် ကွာဟချက်ကြီးကြီးမားမားရှိမှာမဟုတ်ဘူးမလား”
“ငါကြားတာတော့ သူတို့နှစ်ယောက်က စွမ်းအားအကြီးဆုံးတွေမဟုတ်ဘူးတဲ့။ စွမ်းအားအကြီးဆုံးလူတွေက အို့ယန်နဲ့ ကျန်းထန်ပဲ။ သူတို့နှစ်ယောက်ဆို ဘယ်လောက်တောင်စွမ်းအားကြီးလိုက်မလဲဆိုတာ ငါ့ဖြင့် တွေးတောင်မတွေးရဲဘူး”
ကျောင်းသားများမသိခဲ့သည်က သူတို့ပြောနေသော အို့ယန်နှင့် ကျန်းထန်သည်လည်း ချူးယွင်ဖန်းနှ်င့ တန်စီယုတို့၏ တိုက်ပွဲကြောင့် ထိတ်လန့်သွားကြရသည်ကိုပင်ဖြစ်သည်။
“သူတို့ရဲ့ အမြန်နှုန်း၊ ခွန်အား ဒါမှမဟုတ် သိုင်းကွက်တွေကို နားလည်သဘောပေါက်မှုမှာပဲဖြစ်ဖြစ် သူတို့က အကုန် အမှားကင်းတယ်။ လခွီး သူတို့ ဘယ်လိုလုပ်ဒီလောက်အစွမ်းထက်နိုင်တာလဲ”
ကျန်းထန်က တိတ်တဆိတ် စိတ်ဆိုးသွားသည်။ သူသည် မာနကြီးသည်မှန်သော်လည်း ငတုံးတော့မဟုတ်ပေ။ သူ၏အမျှော်အမြင်သည် သာမန်ကျောင်းသားများထက် များစွာကောင်း၏။ ဤလူနှစ်ယောက်ထူးချွန်သည်ကို သဘာဝကျကျပင် သူမြင်နေနိုင်၏။
သူတို့သည် သူ့လောက်မတော်သော်လည်း အဓိကအကြောင်းမှာ သူတို့၏ တိုးတက်မှုနှုန်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းနေခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ ဓားသိုင်းသည် အထက်မှ ဖိထားသော တောင်ကြီးတစ်ခုနှင့်တူသည်။ ဓားချက် တစ်ချက်ပြီးတစ်ချက်တွင် သူသည် ပြီးပြည့်စုံအဆင့်သို့ရောက်ရှိနေသည်မှာ ထင်ရှား၏။ အကယ်၍ သူတို့သာ တူညီသောအဆင့်တွင်ရှိနေပါက ကျန်းထန်သည် ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို လုံးဝလက်ခံနိုင်လိမ့်မည်ဟု မပြောဝံ့နိုင်ပေ။
ထို့အပြင် တန်စီယု၏ ဓားသိုင်းသည် ရွေ့လျားနေသော တိမ်များ၊ စီးဆင်းနေသော ရေများနှင့်တူသည်။ ၎င်းတို့သည် အနှိုင်းမဲ့ချောမွေ့နေကာ ဓားချက်တစ်ခုစီ၏ကြားတွင် အပြစ်အနာအဆာမရှိသလောက်နည်း၏။ ဤဓားသိုင်းကို သူမည်သည့်အချိန်တုန်းကမှ မမြင်ဖူးသော်လည်း ချူးယွင်ဖန်း၏ ကမ္ဘာခွဲဓားသိုင်းထက်သာသည်မှာတော့ သေချာ၏။
ကိစ္စအများစုတွင် သိုင်းပညာမြင့်လေ ပိုကောင်းလေဖြစ်သည်။ အဆင့်နိမ့်သိုင်းပညာကို အထွဋ်အထိပ်အထိ ကျင့်ကြံလိုက်သောအခါ ၎င်း၏ စွမ်းအားသည် အဆုံးမဲ့ဖြစ်လာပေလိမ့်မည်။ သို့သော် ဤစည်းမျဥ်းသည် တန်စီယုနှင့်မသက်ဆိုင်ပေ။ တန်စီယု၏ဓားသိုင်းသည်လည်း ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိနေသောကြောင့်ဖြစ်သည်။ မဟုတ်လျှင် သူမသည် ချူးယွင်ဖန်း၏ အဆုံးမဲ့တိုက်ခိုက်မှုများကို တားဆီးနိုင်မည်မဟုတ်ပေ။
တစ်ဖက်တွင်မူ အို့ယန်သည် အခြားအရာတစ်ခုကို သတိထားမိ၏။
“သူတို့နှစ်ယောက်က သာမန်ကျောင်းသားတွေထက်သာလွန်တဲ့ ခံနိုင်ရည်ရှိရုံတင်မကဘူး၊ အရေးအကြီးဆုံးကတော့ သူတို့ စွမ်းအင်ပြန်လည်ဖြည့်တင်းမှုအရှိန်က ရယ်စရာကောင်းလောက်အောင် မြန်ဆန်လွန်းနေတာပဲ။ သူတို့ရဲ့အတွင်းအားတွေက အရမ်းမြင့်တယ်။ ဒီခွန်အားက သာမန်တော့မဟုတ်ဘူး” အို့ယန်က ဤအရာများကို သတိထားမိသည်။
သို့သော် သူက သိလိုစိတ်ပြင်းပြနေ၏။ အဆင့်မြင့်အတွင်းအားအတွက် တန်ကြေးသည် အမှန်တကယ်ပင် အလွန်မြင့်မားသည်။ တန်စီယုကို ထားပါ။ လွန်ခဲ့သော တစ်နှစ်ခန့်၊ သူမ ရွှေ့ပြောင်းလာစဥ်ကပင် သူမသည် ပဟေဠိဆန်မှုထဲတွင် ဖုံးကွယ်နေခြင်းဖြစ်သည်။ သူမတွင် ခိုင်မာသော ကျောထောက်နောက်ခံရှိလိမ့်မည်ဟု လူအများက တွေးထင်ကြခြင်းဖြစ်သဖြင့် အတွင်းအားကို တန်းမြင့်အဆင့်များကျင့်ကြံနိုင်ခြင်းက သာမန်ပင်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် သာမန်မိသားစုမှလာသည်မှန်း လူအများက သိကြသည်။ အဆင့်မြင့်အတွင်းအားကို ရရှိရန် သူ့တွင် ငွေမည်သို့ရှိနိုင်မည်နည်း။
ချူးယွင်ဖန်းနှင့် လအနည်းငယ်ကြာအတန်းဖော်ဖြစ်ပြီးနောက်တွင် အို့ယန်သည် သူ့ကို ပို၍နားလည်လာရမည့်အစား ပို၍လျှို့ဝှက်ဆန်းကြယ်မှုများကိုပင် တွေ့ကြုံခဲ့ရသည်ဟု ခံစားရသည်။
ချလန်
နှစ်ဖက်စလုံးသည် သိုင်းကွက်တစ်ရာကျော်ဖလှယ်ပြီးသည့်တိုင် အနိုင်ရသူကို ဆုံးဖြတ်ရန် ခက်ခဲနေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် တိုက်ပွဲမှ ဆုတ်ခွာရန်အစပြုလိုက်သည်။ သူက လက်ထဲမှ ဓားနှင့် သူ့လက်များကို အတူမြှောက်ထားကာ
“ဒီတိုက်ပွဲ ဆက်ဖြစ်နေရင် အနိုင်ရဖို့ဆုံးဖြတ်ရခက်မယ်ထင်တယ်။ ငါတို့ ဒီမှာ ရပ်သင့်တယ်ထင်တယ်”
ဤတိုက်ပွဲ၏ အောင်နိုင်သူကို အဆုံးအဖြတ်ပေးရန်မှာ သေချာပေါက်မဖြစ်နိုင်သည်တော့မဟုတ်ပေ။ ရာနှင့်ချီသော သိုင်းကွက်များရှိခဲ့ရုံသာဖြစ်ပြီး သူ၏ သန်မာမှုအတိုင်းအတာကို စမ်းသပ်ချင်ရုံသာဖြစ်သည်။ တန်စီယုအား သေသည်အထိ တိုက်ခိုက်ချင်ပုံမျိုးမဟုတ်ပေ။
သူ့ပတ်ဝန်းကျင်ရှိလူများ၏ အကြည့်မှာ မတူသည်ကို ခံစားမိသည်။ ဤတိုက်ပွဲသည် အမှတ် ၁၃ အထက်တန်းကျောင်းသားများ၏ နှလုံးသားအထက်သို့တက်လှမ်းစေနိုင်ခဲ့သည်။
“ ကောင်းပြီ” တန်စီယုက သဘောတူလိုက်သည်။ သူမက အသက်ကို တည်ငြိမ်စွာရှုလိုက်ကာ ဓားကိုဖယ်လိုက်သည်။ ရုတ်တ၇က် လူအုပ်ဆီမှ စိတ်လှုပ်ရှားနေသော အသံတစ်ခုပေါ်ထွက်လာ၏။ အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနှစ်နှစ်ဝန်းကျင်လူငယ်တစ်ဦးဖြစ်ကာ ခရမ်းရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီးသန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိ၏။ သူသည် လူအုပ်ထဲမှ မတ်တပ်ရပ်ကာ တန်စီယုကို သရော်လိုက်သည်။
“တန်စီယု၊ မင်းက အခု ငါ့လိုမျိုးနာမည်ကြီးနေပြီ။ အခု မင်းက မင်းထက် တစ်ဆင့်နိမ့်တဲ့လူတစ်ယောက်က ဒီလိုမျိုး တိုက်ခိုက်ဖို့ တွန်းအားပေးခံခဲ့ရတယ်။ အခု မင်းမှာ ငါနဲ့ရင်ဆိုင်ဖို့အားရှိသေးလား” လူငယ်က ကဲ့ရဲ့သည်။
“အဲ့တာ ကျူရိ မဟုတ်လား။ ပွဲက ကြည့်ကောင်းတော့မှာပဲ။ သူ ဟိုတလောကမှ တန်စီယုနှင့်တန်းတူဖြစ်ခဲ့ကာ မရပ်မနား မကျေမနပ်ပြောနေခြင်းဖြစ်သည်။ ယခုနောက်ဆုံးတော့ ပေါက်ကွဲရန်အခွင့်အရေးကိုရှာတွေ့ပြီဖြစ်သည်။
“သူက အတန်း ၁ က ကျူရိလေ။ အထူးတန်းနှစ်ခုမှာ အသန်မာဆုံးက အတန်းခေါင်းဆောင်တွေဖြစ်တဲ့ အိုးယန်နဲ့ ကျန်းထန်ပဲ။ သူတို့ရဲ့အောက်မှာက တန်စီယုနဲ့ ကျူရိလေ။ သူတို့နှစ်ယောက်လုံးက ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်တွေပဲ”
“ဒါပေမယ့် ကျူရိပြောတာအဓိပ္ပါယ်ရှိတယ်။ တန်စီယုက ဒီလောက်နာမည်ကြီးပေမယ့် ချူးယွင်ဖန်းနဲ့သူ သရေကျသွားတာကိုကြည့်ရင် သူ့ရဲ့ဂုဏ်သတင်းက သူ့အလှကြောင့်ဖြစ်မယ်ထင်တယ်”
ကျောင်းသားအများစုက စိတ်လှုပ်ရှားကာဆွေးနွေးနေကြသည်။ ချူးယွင်ဖန်းနှင့်သရေကျပြီးနောက်တွင် သူတို့မျက်လုံးထဲ၌ တန်စီယု၏ ရောင်ဝါသည် အားနည်းသွားသည်ဟု မြင်ကြသည်။ ချူးယွင်ဖန်းက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ယခုတင်၊ သူသည် တန်စီယုနှင့်တိုက်ခိုက်နေခြင်းဖြစ်သည်။ တန်စီယုသည် သူမ၏နာမည်နှင့် ထိုက်တန်သည် မထိုက်တန်သည်ကို သူအဘယ်ကြောင့် မသိဘဲနေလိမ့်မည်နည်း။
“မှန်တယ်၊ မင်းငါ့ကိုမေးရင် မင်း သူနဲ့တန်းတူဖြစ်ဖို့ထိုက်တယ်လို့ ထင်လား” ချူးယွင်ဖန်းက ရှေ့သို့တိုးလာကာ ကျူရိကို လှောင်ပြောင်သည်။
“ဘာကိုဆိုလိုတာလဲ” ကျူရိသည် ချူးယွင်ဖန်းကို မဲ့ရွဲ့သော အမူအယာဖြင့်ကြည့်သည်။
“အရှိကိုအရှိအတိုင်းပြောတာလေ” ချူးယွင်ဖန်းက ဆိုသည်။
“ချူးယွင်ဖန်း၊ မင်း တန်စီယုနဲ့ သရေတိုက်နိုင်ရုံကြောင့် ငါ့ကို ဒီလိုပြောလို့ရမယ်မထင်နဲ့။ မင်းက ငါ့အဆင့်နဲ့ဝေးသေးတယ်” ကျူရိက ချူးယွင်ဖန်းကို အေးစက်သောအမူအယာဖြင့်ဆိုသည်။
“မင်း ဘာထပ်ပြောစရာရှိသေးလဲ။ ငါမင်းကို သိုင်းကွက် ဆယ်ခုအတွင်းမှာ ဒူးမထောက်ခိုင်းနိုင်ရင် င့ါအရှုံးလို့ပဲသဘောထားလိုက်မယ်” ချူးယွင်ဖန်းက အော်လိုက်သည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ တန်စီယုနဲ့သရေစွဲပြီးတော့ မင်းက မောက်မာဖို့ သတ္တိတွေရှိနေပြီပေါ့။ ငါမင်းကို သင်ခန်းစာပေးမယ်” ချူးယွင်ဖန်း၏ သဘောထားကြောင့် ကျူရိက ဒေါသထွက်သွားသည်။
ကျောင်းသားများ၏ မျက်လုံးများ တောက်ပလာသည်။ စောင့်ကြည့်ရမည့်နောက်ထပ်တိုက်ပွဲကြီးတစ်ခု ရှိဦးမည်ဖြစ်သည်။ သို့သော် အများစုက ချူးယွင်ဖန်းပြောသည်ကို မယုံကြည်ကြပေ။ ကျူရိကို သိုင်းကွက်ဆယ်ခုအတွင်း အနို်ငယူမည်ဟုပြောခဲ့သည်။ တန်စီယုကို သရေဟုဆုံးဖြတ်ခိုင်းလိုက်သော်လည်း ကျူရိသည် တန်စီယုကဲ့သို့နာမည်ကြီးကာ အနည်းငယ်လေးပင် နိမ့်ကျခြင်းမရှိပေ။
တန်စီယုသည် ဤမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေခဲ့သည်။ သူမ၏ လှပသောမျက်လုံးများသည် တောက်ပလာ၏။ သို့သော် သူမဘက်မှရပ်တည်ပေးနေသည့် ချူးယွင်ဖန်းကို တားမြစ်ခြင်းမရှိပေ။ သူမ၏ ခေါင်းထဲမှ အတွေးများကို သူမသာလျှင် သိပါလိမ့်မည်။
အခန်း(၁၀၁) ချီပင်လယ် ပဥ္စမအဆင့်ကို အလုံးစုံခြေဖျက်ခြင်း
ကျောင်းသားများစွာသည် သူတို့၏သွေးများဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ထပ်တိုက်ပွဲကြီးတစ်ခုဖြစ်တော့မည်ဖြစ်သည်။ ထိပ်တန်းကျောင်းသားများကြားမှ တိုက်ပွဲနှစ်ခုကို တစ်ရက်တည်းကြည့်ရလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ တန်စီယုကို သရေကျပြီးနောက်တွင် ချူးယွင်ဖန်းသည် လူတိုင်း၏အမြင်သည် အိုးယန်နှင့် ကျန်းထန်တို့၏ ဒုတိယနေရာသို့ တက်သွားခဲ့သည်။ ယခု သူသည် တန်စီယု နှင့် ကျူရိတို့နှင့် နှိုင်းယှဥ်နိုင်ခဲ့သည်။ ယခုလည်း ချူးယွင်ဖန်းသည် တန်စီယုနှင့် တိုက်ခိုက်ပြီးနောက် ကျူရိနှင့် တိုက်ခိုက်တော့မည်ဖြစ်သဖြင့် လူများစွာ စိတ်လှုပ်ရှားနေမည်မှာ သေချာ၏။ သို့ရာတွင် ချူးယွင်ဖန်းသည် ကျူရိကို သိုင်းကွက်ဆယ်ခုအတွင်း အနိုင်ယူမည်ဟုဆိုခဲ့သည်။ ဟာသပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် တန်စီယုနှင့် သရေသာဆွဲနိုင်သဖြင့် ကျူရိနှင့်ဆိုလျှင်လည်း အလားတူသာဖြစ်သင့်သည်။ သိုင်းကွက်ဆယ်ကွက်အတွင်းတွင် ကျူရိကို မည်သို့အနိုင်ယူနိုင်မည်နည်း။
“ဟီးဟီး၊ ချူးယွင်ဖန်း မင်းကတကယ့်ကို ယုံကြည်မှုရှိတာပဲ။ မင်း မိန်းမတစ်ယောက်ကို အနိုင်ယူလိုက်ရုံနဲ့ တစ်ကမ္ဘာလုံးက မင်းနဲ့မယှဥ်နိုင်ဘူးလို့ ထင်မနေနဲ့” ကျူရိက အေးစက်စွာရယ်မောလိုက်သည်။ သူ့အမူအရာက လွန်စွာ ယုံကြည်မှုရှိသည်။ မောက်မာမှုမျိုးမဟုတ်သော်လည်း နှစ်အတော်ကြာအောင်စုဆောင်းထားသော သူ့ယုံကြည်မှုတစ်ခုဖြစ်သည်။
အမှတ် ၁၃ အထက်တန်းကျောင်းတွင် သူသည် ကျန်းထန်နှင့် အိုးယန်တို့လောက် မထူးချွန်သော်လည်း သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် အလွန်ထူးချွန်ဆဲဖြစ်သည်။ သူသည် အနာဂတ်တွင် အထူးတက္ကသိုလ်တစ်ခုသို့ တက်ရောက်နိုင်လိမ့်မည်မှာ သေချာ၏။
“မင်း ဘာလို့ အရေးမပါတာတွေနဲ့လေရှည်နေတာလဲ။ မင်းသိုင်းကွက်ကိုစတော့” ချူးယွင်ဖန်းက သူ၏ နောက်ထပ်ရိုင်းစိုင်းသောစကားများကို သည်းမခံနိုင်တော့ပေ။ ခုဏက သူပြောသည်ကို မည်သူမျှ မယုံကြောင်း သူသိသည်။ တိုက်ပွဲမစမီတွင် ပြိုင်ဘက်ကို ခြိမ်းခြောက်နေကြသည်ဟု သူတို့ထင်နေကြခြင်းဖြစ်၏။ လူတော်တော်များများသည် ဤနည်းဗျူဟာကို တိုက်ပွဲမစခင်တွင်အသုံးပြုလေ့ရှိသည်။
ကျူရိသည် ဆိုးဝါးသောအမူအယာဖြင့်ရှိနေသည်။ ချူးယွင်ဖန်း သူ့ကို မလေးမစားလုပ်သည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ ချူးယွင်ဖန်းကို သင်ခန်းစာတစ်ခုပေးမည်ဟု သူဆုံးဖြတ်ထားပြီးဖြစ်သည်။
သူကနောက်ကျောဘက်မှ ဓားသွယ်တစ်ချောင်းကိုဆွဲထုတ်လိုက်သည်။ သူသည်လည်း ဓားသွယ်ကို သုံးခြင်းဖြစ်သည်။ ဓားသွယ်သည် အလွန်ကြီးမားကာ ကြည့်လိုက်ရုံနှင့် အလွန်ပြင်းထန်သော သက်ရောက်မှုကို ပေးစွမ်းနိုင်သည်ကို သိလိုက်ရသည်။ အနံအရ သို့မဟုတ် အထူအရ ဖြစ်စေ ၎င်းသည် ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသွယ်ထက် နှစ်ဆပိုများသည်။
ဓားသွားသုံးသူများသည် များသောအားဖြင့် လမ်းစဥ်နှစ်ခုထဲမှ တစ်ခုကိုသာလျှောက်ကြသည်။ တစ်ယောက်သည် ပေါ့ပါးသွက်လက်သော ဓားကိုအသုံးပြုကာ တစ်ယောက်သည် ထူထဲလေးလံသောဓားကို အသုံးပြု၏။ သိသာစွာပင် ကျူရိသည် ထူထဲလေးသံသောဓားကိုကို အသုံးပြုသည်မှာထင်ရှား၏။
“ဘယ်လောက်တောင်ကြီးတဲ့ ဓားကြီးလဲ။ ဤသို့ လေးလံသော ဓားရှည်ကို ကိုင်ဆောင်ရန် ဤကျူရိတွင် ခွန်အားမည်မျှရှိသနည်း။”
ကျောင်းသားအတော်များမာျးသည် တိတ်တဆိတ် ပြောစရာစကားပျောက်နေကြသည်။ ကျူရိ၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိကိုထင်ဟပ်စေသော သူ၏ဓားသွယ်သည် အမှန်တကယ်ပင်လေးလံကြောင်း သဘာဝကျကျမြင်နိုင်၏။ ကျူရိက ပြုံးကာ ချက်ချင်းတိုက်ခိုက်သည်။ သူ၏ဓားသည် အလွန်လေးလံသောကြောင့် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ့တွင် ခွန်အားများစွာရှိသော်လည်း ဓားကို သူလက်မောင်းများမတုန်လှုပ်နေစေရန်၊ ဓားချက်ကို မှန်မှန်ပြုနိုင်ရန် ဓားအား လက်နှစ်ဖက်ဖြင့် ကိုင်ထားရသေး၏။
သူလှုပ်ရှားလိုက်သောအခါတွင် ဝှီးခနဲအသံတစ်ခုက လေကိုခွင်းကာ ထွက်ပေါ်လာ၏။ စွမ်းအင် နှင့် လေထုကွဲအက်သံကို ကြားလိုက်ကြရခြင်းဖြစ်သည်။ ထို့နောက် အနက်ရောင်ဓားရှည်သည် ချူးယွင်ဖန်းဆီသို့ ခုတ်လဲကျလာ၏။
ချလန်
သတ္တုတိုက်မိသော အသံက တောက်လျှောက်ပဲ့တင်ထပ်နေသည်။ ချူးယွင်ဖန်းသည် ဤအရေးကြီးသောအခိုက်အတန့်တွင် သူ့ဓားကို မြှင့်တင်လိုက်ကာ ပြိုင်ဘက်၏ဓားကို ပိတ်ဆို့လိုက်သည်။
“မင်းက ငါနဲ့ထိပ်တိုက်ရင်ဆိုင်ချင်တာလား။ သေချင်နေတာပဲ”
ကျူရိက လှောင်ရယ်မောလိုက်သည်။ သူသည် ဓားကို လက်နှစ်ဖက်နဲ့ကိုင်ထားရသည်။ ချူးယွင်ဖန်း၏ အကောင်းဆုံးရွေးချယ်မှုမှာ ၎င်းကိုရှောင်တိမ်းရန်ဖြစ်သော်လည်း တားဆီးရန်လည်း သတ္တိရှိခဲ့သည်။ ၎င်းကြောင့် သူ့လက်များ ထုံနေသင့်နေပြီဖြစ်သည်။
သို့သော် ကျူရိက ၎င်းကို ရှင်းလင်စွာမြင်လိုက်သောအခါ လက်တွေ့မှာ သူစိတ်ကူးထားသည့်အတိုင်းမဟုတ်ကြောင်း သူသိလိုက်ရသည်။ ချူးယွင်ဖန်းသည် သူ့လက်နက်ကို လက်တစ်ဖက်ဖြင့် တားဆီးထားသည်။ သူ့ခန္ဓာကိုယ်သည် လုံးဝတည်ငြိမ်နေကာ တုန်လှုပ်ခြင်းအလျင်းမရှိပေ။ ဓားချက်၏သက်ရောက်မှုကြောင့် သူ့လက်များသည်မူ ထုံကျဥ်နေ၏။
ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်းသည် ဝင်ရောက်လာသောတိုက်ခိုက်မှုအား တားဆီးပြီးနောက် ချက်ချင်းပင် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သူ၏ဓားသွယ်သည် ဖြူစွတ်နေသော နှင်းကဲ့သို့အလင်းဖြင့် တောက်ပနေကာ ကျူရိ၏မျက်နှာတည့်တည့်ဆီသို့တိုးဝင်သွားသည်။ ကျူရိက ထိတ်လန့်သွားသည်။ ပုံမှန်အားဖြင့် သူတိုက်ခိုက်သောအခါ သူ့ပြိုင်ဘက်အများစုသည် ရှောင်တိမ်းလေ့ရှိကြကာ အစပြုမှုသည် သူ့လက်ထဲရောက်သွားလေ့ရှိသည်။ တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် သာမန်ဖြစ်နေကျသဘောတရားကို လုံးဝလိုက်နာခြင်းမရှိခဲ့ပေ။ ကျူရိ၏တိုက်ခိုက်မှုကို ရှောင်တခင်တားဆီးပြီးနောက်တွင် လှည့်လိုက်ကာ သူ၏ဓားဖြင့် ခုတ်ချလိုက်၏။
ကျူရိသည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကာ သူ့ဓားသွယ်အား လက်နှစ်ဖက်ဖြင့် အမြန်ကောက်ကာ ပြန်လည်ဆွဲကိုင်လိုက်သည်။ ဤအရာများအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာလိမ့်မည်ဖြစ်သော်လည်း တကယ်တမ်းတွင်တော့ အချိန်ခဏတာလေးအတွင်းတွင်ဖြစ်သွားခြင်းဖြစ်သည်။ ဤသို့ အပြန်အလှန်အားသုံးခြင်းသည် ချူးယွင်ဖန်း၏ ရင်ဘက်အား တင်းကြပ်စေ၏။
ချလန်
နောက်ထပ်တစ်ကြိမ် သတ္ထုပွတ်တိုက်သံတစ်ခုပေါ်ထွက်လာသည်။ ဓားသွယ်ကြီးနှစ်စင်းသည် တိုက်ရိုက်တိုက်မိသွား၏။ သို့သော် ဤအချိန်တွင် ပြုလုပ်သူနှင့် ခုခံသူနေရာပြောင်းလဲသွားခဲ့သည်။
ချလန်
ချလန်
ချလန်
ကျူရိကသူ့ကိုယ်သူ ဟန်ချက်ထိန်းရန် နောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်သည်။ သူ့မျက်လုံးများသည် ဖုံးကွယ်မရသော ထိတ်လန့်မှုမျးဖြင့်ပြည့်နှက်နေသည်။ သူ၏ပထမဆုံးတိုက်ခိုက်မှုသည် အလွန်နက်နဲခြင်းမရှိခဲ့လျှင် ချူးယွင်ဖန်း၏ တန်ပြန်တိုက်ခိုက်မှုသည် ပြင်းထန်၏။ နှဏ်ဖက်ကြား ကွာခြားချက်သည် ဒီ့ထက်ပို၍ သိသာထင်ရှားနိုင်လိမ့်မည်မဟုတ်ပေ။ ဓားသွယ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ထားသော ကျူရိသည် တစ်ဖက်တည်းဖြင့်ကိုင်ထားသော ချူးယွင်ဖန်းကြောင့် နောက်သို့ဆုတ်သွားခဲ့ရသည်။ ချူးယွင်ဖန်းတွင် ခွန်အားမည်မျှပိုင်ဆိုင်သနည်း။
ချူးယွင်ဖန်းသည် ကျူရိတွေးနေပုံကို ဂရုမစိုက်ပေ။ သူက လက်ကို ခပ်ရိုးရိုးပင်မြှောက်လုက်ကာ ဓားဖြင့် နောက်တစ်ကြိမ် ခုတ်ချလိုက်သည်။
ချလန်
နောက်ထပ်ကျယ်လောင်သော သတ္တုပွတ်တိုက်သံများပေါ်ထွက်လာသည်။ ကျူရိ၏ဓားသွားသည် ကျယ်လောင်သော အသံကိုထုတ်လွှတ်လိုက်သည်။ တုန်ယင်နေသောသူ့လက်များသည် လက်ထဲမှ ဓားကို တည်ငြိမ်အောင်မထိန်းနိုင်သောကြောင့် ဖြစ်ပေါ်လာသောအသံဖြစ်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ချူးယွင်ဖန်းရဲ့ခွန်အားက ကျူရိထက်သာလွန်တယ်”
ကျန်းထန်သည် မယုံမကြည်နိုင်ဖြစ်ကာ တွေးလိုက်မိသည်။ သူနှင့် ကျူရိသည် အတန်းတစ်ခုတည်းမှ ကျောင်းသားများဖြစ်သည်။ သူတို့နှစ်ဦးသည် ကျောင်းသားများကြားထဲတွင် အတော်ဆုံးဖြစ်ကြသည်။ ထို့ကြောင့် သူတို့နှစ်ဦး ယှဥ်ပြိုင်တိုက်ခိုက်ဖူးသည်မှာ မလွဲမသေဖြစ်သည်။ ကျူရိ၏ခွန်အားသည် သူထက်နိမ့်ကျသည်မှန်သော်လည်း ခွန်အားသည် ကြီးမား၏။ ကျန်းထန်တစ်ယောက် ကျူရိနှင့်ရင်ဆိုင်ရသည့်အခါတိုင်း သူ့သတိကို လုံးဝအလွတ်မခံရဲပေ။ များသောအားဖြင့် သူသည် ကျူရိအား ကျွမ်းကျင်မှု၊ ခွန်အားဖြင့် နှိမ်နင်းကာ အနိုင်ယူလေ့ရှိသည်။
သို့သော် ချူးယွင်ဖန်းသည် ကွဲပြားသည်။ သူသည် ခွန်အားအလွန်ကောင်းသော ကျူရိအား ခွန်အားဖြင့်သာ ဖိနှိပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် တိုက်ပွဲစစ်မစခင်တွင် အတန်း ၁မှကျောင်းများကို နှိမ်နင်းခဲ့သည့် တိုက်ပွဲကို ပြန်လည်အမှတ်ရစေသည်။ ထိုအဖြစ်အပျက်သည်လည်း ဤသို့ပင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန် တန်စီယုအားတိုက်ခိုက်နေချိန်တွင် အားသာချက်များရှိပုံမပေါ်ပေ။ ဤအရာက သူအား ချူးယွင်ဖန်းယခင်ကပြသခဲ့သော ကြောက်မက်ဖွယ်ထူးဆန်းသောခွန်အားကို မေ့လျော့သွားစေသည်။
ချလန်
ချလန်
ချလန်
ချူးယွင်ဖန်း၏ ဓားသွယ်သည် ဆက်လက် ခုတ်ထစ်လျက်ရှိသည်။ ဓားချက်တစ်ခုစီတိုင်းသည် ရှေ့ဓားချက်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းကာ တစ်ကြိမ်ပြီးတစ်ကြိမ်တိုင်းတွင် ဓားသည် စွမ်းအင်များကို ဆက်လက်စုဆောင်းနေ၏။ ဆန့်ကျင်ဘက်အနေဖြင့် ကျူရိသည် ချူးယွင်ဖန်း၏ဓားချက်များကြောင့်အံ့သြနေ၏။ လိုက်လျောညီထွေသောသိုင်းကွက်များကို သူမပြုလုပ်နိုင်တော့ဘဲ အဆုံးသတ်တွင် သူသည် ခုခံရုံသာတတ်နိုင်ကာ ပြန်လည်မတိုက်ခိုက်နိုင်တော့ပေ။
“ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ကျူရိက တန်စီယုနဲ့ တန်းတူလို့ပြောတာမလား။ တန်စီယုက ချူးယွင်ဖန်းနဲ့ ညီတူညီမျှတိုက်နိုင်ပေမယ့် ကျူရိရဲ့ တိုက်ခိုက်မှုကတော့ တကယ်အမှိုက်ပဲ”
“ချူးယွင်ဖန်းပြောတာမှန်တယ်။ ကျူရိက တန်စီယုကို ဘယ်နည်းနဲ့မှ တန်းတူညီမှာမဟုတ်ဘူး”
“ကျစ် သူ့ရဲ့စွမ်းဆောင်ရည်က အရမ်းညံ့တယ်။ သူ့မှာ နာမည်ကောင်းရှိတယ်လို့တွေးရလောက်အောင် တအားညံ့လွန်းတယ်”
အို့ယန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူက ကောက်ချက်ချသည်။
“မဟုတ်ဘူး၊ ကျူရိရဲ့စွမ်းဆောင်ရည်က ညံ့လို့မဟုတ်ဘဲ၊ ချူးယွင်ဖန်းက အရမ်းသန်မာလွန်းနေတာ။ ဒါ့အပြင် သူ့ခွန်အားက ကျူရိထက်သန်မာလွန်းတယ်။ ကျူရိရဲ့ ဓားသိုင်းက ပြစ်ချက်ကင်းအဆင့်ကိုမရောက်သေးဘူး။ တကယ်လို့ ချူးယွင်ဖန်းရဲ့ခွန်အားသာ သူ့ထပ်သာလွန်မနေရင် ကျူရိက သူ့ကို ခုခံဖို့ သူ့ခွန်အားပေါ်မှီခိုလို့ရတယ်။ ဒါပေမယ့် ချူးယွင်ဖန်းရဲ့ခွန်အားက သူ့ထက်အားကောင်းနေသေးတယ်။ ချူးယွင်ဖန်းရဲ့ရှေ့မှာ ကျူရိက သိသိသာသာ အားနည်းနေပြီး သူ့စွမ်းဆောင်ရည်က လုံးဝအသုံးမဝင်ဘူး”
ထို့နောက် သူက ဆက်သည်။ “သူက တကယ်ကိုပဲ တန်စီယုထက်အဆင့်နိမ့်တယ်။ မဟုတ်ဘူး၊ တန်စီယုက အရမ်းသန်မာတယ်လို့ပြောလို့ရတယ်”
လူတိုင်းဆွေးနွေးနေကြစဥ်တွင် ချူးယွင်ဖန်းက
“သိုင်းကွက် ဆယ်ကွက်”
ထို့နောက်တွင် ချူးယွင်ဖန်းသည် ကျူရိ၏ ဓားသွယ်နောကိဘက်ကို ခုတ်ချလိုက်သည်ကို လူတိုင်းမြင်လိုက်ရသည်။ နောက်ဆုံးတော့ ကျူရိက ဆက်လက်မထိန်းနိုင်တော့ဘဲ ချက်ချင်းပင် ဒူးထောက်ကျသွားသည်။ သူ့လက်ထဲမှ ဓဦးကို မကိုင်နိုင်တော့သဖြင့် ဓားသည် မြေကြီးပေါ်သို့ပြုတ်ကျသွား၏။
ချလန်
လေးလံသောဓားတစ်ချောင်း မြေပြင်ပေါ်သို့ပြုတ်ကျသောအသံကို လူတိုင်းပြတ်ပြတ်သားသားကြားလိုက်ရသည်။ သူတို့က ချူးယွင်ဖန်းကို ထိတ်လန့်စွာကြည့်နေကြသည်။ သူသည် အမှန်တကယ်ကိုပင် ကျူရိအား သိုင်းကွက် ဆယ်ကွက်အတွင်း ဒူးထောက်ကျစေခဲ့သည်။
အခန်း (၁၀၂) လှိုင်းများကို လှုံ့ဆော်ခြင်း
လူတိုင်းသည် ကြက်သေသေသွားကြရကာ ခဏတာအကြာလောက်ထိ ပင်အပ်ပြုတ်ကျသံပင် မကြားရတော့ချေ။ ချူးယွင်ဖန်းသည် ကျူရိကို ဒူးထောက်စေနိုင်လိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားသကဲ့သို့ဖြစ်သည်။ ထို့အပြင် သူသည် ၎င်းကို သိုင်းကွက်ဆယ်ကွက် အတွင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲမစခင်တွင် ရူးနှမ်းနေသည့်လူကပင် ဤကဲ့သို့ရလဒ်မျိုးဖြစ်လာမည်ဟု တစ်ကြိမ်တစ်ခါလေးမှ တွေးခဲ့ဖူးမည်မဟုတ်ပေ။ အသာစီးဆန်သော လှည့်ကွက်များကို အသုံးပြုခြင်းမရှိဘဲ ချူးယွင်ဖန်းသည် ကျူရိအား ဓားတစ်ချက်ပြီး တစ်ချက်ခုတ်ကာ အနိုင်ယူခဲ့သည်။ ကျူရိ၏အားအင်သည် မပျော့ညံ့ပေ။ အမှတ် ၁၃ အထက်တန်းကျောင်းသားအများအပြားအနက် သူ့ကို အကောင်းဆုံး၊ အတော်ဆုံး သူများထဲမှ တစ်ယောက်ဟု သဘောထားနိုင်သည်။ အချိန်အတော်ကြာအောင် သူသည် ထိပ်တန်းလူနည်းစုတွင် အမြဲရှိ၏။ ကျန်းထန် သို့မဟုတ် အို့ယန်တို့လောက် မတော်သေးသော်လည်း ကျူရိကို အလေးအနက်ထားဆက်ဆံကြသည်။ ကျန်ကျောင်းသားများကိုတော့ ပြောစရာပင်မလိုပေ။ အခြေခံအားဖြင့် သူတို့ မယှဉ်နိုင်ကြပေ။ တန်စီယု၏ မကြာသေးမီကတိုးတက်မှုသည် အလွန်မြန်သော်လည်း ကျူရိနှင့် တန်းတူဟူ၍သဋ အကဲဖြတ်ခံခဲ့ရသည်။ ထိုသို့သော ပုဂ္ဂိုလ်ကို ထူးချွန်သည်ဟုဆိုနိုင်သော်လည်း ဤသို့ဖြင့်ပင် သူသည်ကျရှုံးသွားရသည်။
သူရှုံးသွားကာ ပြန်လည်လက်တုံ့ပြန်ရန်ပင် မလုပ်ခဲ့နိုင်ဟု ဆို၍ရ၏။
အစမှအဆုံးထိ သူသည်တစ်ကြိမ်ကလေးမှပင် မှန်ကန်စွာ ပြန်တိုက်ခိုက်နိုင်ခြင်းမရှိပေ။
အထူးသဖြင့် ကျူရိအပေါ် အလွန်ယုံကြည်မှုရှိသော အတန်း ၁မှကျောင်းသားအများအပြားသည် ယခုအချိန်တွင် အလွန် အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်းသည် အတန်း ၁ အား လက်တစ်ဖက်တည်းနှင့် အနိုင်ယူနေသည့် မြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ပင်ဖြစ်သည်။
“မဖြစ်နိုင်ဘူး၊ ငါဘယ်လိုလုပ်ရှုံးနိုင်မှာလဲ”
အချိန်အတော်အတန်ကြာပြီးနောက် ကျူရိသည် နောက်ဆုံးတွင် သူရှုံးနိမ့်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားပုံရသည်။ သူ့လက်များထုံကျင်နေမှုသည် ချူးယွင်ဖန်း၏ ခွန်အား မည်မျှ ကြောက်မက်ဖွယ်ဖြစ်ကြောင်း ပြောပြနေသကဲ့သို့ပင်ဖြစ်သည်။ ဓားကို လက်နှစ်ဖက်ဖြင့် ဆုတ်ကိုင်ထားသည့် သူက လက်တစ်ဖက်တည်းသုံးသော ချူးယွင်ဖန်းထံတွင် အနိုင်ယူခံရကာ ဒူးထောက်ခဲ့ရသည်။
“အမြန်နှုန်း၊ ခွန်အား၊ သိုင်းကျွမ်းကျင်မှုတွေနဲ့ တိုက်ပွဲစိတ်ဓာတ်။ စင်ပေါ်မှာ အားသာချက် အနည်းငယ်ရှိရုံကလွဲလို့ သူ့အတွက် ကောင်းတာဘာမှမရှိဘူး။ မင်းရဲ့ အရှုံးက ရှောင်လွဲလို့မရဘူး” အို့ယန်က သူ့ခေါင်းကိုခါကာဆိုသည်။
မယုံကြည်နိုင်စရာကောင်းသော်လည်း လက်တွေ့တွင် သူပြောနေသည်များမှာ ဖြစ်ရပ်မှန်များဖြစ်သည်။ အရှိန်၊ ခွန်မား၊ သိုင်းကျွမ်းကျင်မှုနှင့် တိုက်ပွဲ စိတ်ဓာတ်။ အကယ်၏ ကျူရိကို လုံးလုံးအနိုင်ယူခဲ့သူ ချူးယွင်ဖန်းသာ ရှုံးနိမ့်ခဲ့လျှင် ၎င်းသည် အံ့ဖွယ်တစ်ခုဖြစ်နေပေလိမ့်မည်။
မကြာခင်တွင် ကျန်းထန်သည်လည်း ဤသုံးသပ်ချက်ကို ချခဲ့သည့်တိုင် သူ့အမူအယာသည် လေးနက်နေခဲ့၏။ ထိိပ်တန်း လက်ရွေးစင် အယောက်၂၀ ရွေးချယ်မှုသည် စတင်တော့မည်ဖြစ်ကာ သူ၏ ပန်းတိုင်မှာ ထိပ်ဆုံးနေရာကို ရရန်ဖြစ်သည်။ ထို့ကြောင့် ဤလူများသည် သူ့ပြိုင်ဘက်များဖြစ်လာလိမ့်မည်။ ယခု အိုးယနိအပြင် အခြားစိတ်အနှောက်အယှက်ပေးသော လူတစ်ဦးရှိနေ၏။ ထို့အပြင် ချူးယွင်ဖန်းနှင့် သရေကျနိုင်သည့် တန်စီယုသည် သံသယဝင်ရန်မလိုလောက်အောင်ပင် သူ့နေရာအား ခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်သည်။
ချူးယွင်ဖန်း၏ ပိန်ပါးသော ကိုယ်ခန္ဓာကိုကြည့်ကာ ကျန်းထန်သည် အနည်းငယ် မယုံချင်စရာဖြစ်သွားရသည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တွင် ဤမျှကြီးမားသော စွမ်းအားများ မည်သို့ ပါဝင်နေနိုင်မည်နည်း။ မွေးရာပါခွန်အား သို့မဟုတ် သူ ကျင့်ကြံထားသည့် ကျင့်စဉ်ပဲဖြစ်စေကာမူ လျှော့တွက်၍မရပေ။
“ကျူရိ တကယ်ရှုံးသွားပြီ”
“တကယ်လို့ ငါ့မျက်စိနဲ့ငါ မမြင်ခဲ့ရင် ကျူရိက ချူးယွင်ဖန်းဆီ လွယ်လွယ်နဲ့ရှုံးသွားတယ်ဆိုတာ ငါယုံမှာမဟုတ်ဘူး”
“အခုကစပြီး ငါတို့ကျောင်းရဲ့ ထိပ်တန်းအဆင့်လေးခုကို ပြန်ပြီး နေရာပြောင်းရမယ်။ အို့ယန်နဲ့ ကျန်းထန်ရဲ့အောက်မှာ တန်စီယုနဲ့ ချူးယွင်ဖန်းဖြစ်သင့်တယ်”
“မြင်းနက်တစ်ကောင်၊ သေချတာကတော့ သူက ဒီနှစ် ငါတို့ကျောင်းမှာပေါ်လာတဲ့ မြင်းနက်ကြီးတစ်ကောင်ပဲ”
အချိန်အတော်ကြာပြီးနောက် ကျောင်းသားများသည် အလွန်တုန်လှုပ်ကာ နောက်ဆုံးတွင် တစ်ယောက်တစ်ပေါက်ပြောကြရင်း ရလဒ်ကိုတုံ့ပြန်ကြသည်။ သို့သော် ဤအချိန်တွင် လူများစွာ၏ အကြည့်သည် တန်စီယုထံသို့ရောက်နေကြ၏။ ချူးယွင်ဖန်းနှင့် သရေကျခဲ့သော တန်စီယုကို ဂုဏ်ပုဒ်အလွတ်တစ်ခုရထားသည်ဟု ထင်ကြသော်လည်း ဂုဏ်ပုဒ်အလွတ်ရထားသည်မှာ တန်စီယုမဟုတ်ဘဲ ကျူရိသာဖြစ်သည်။ တန်စီယုသည် အနည်းဆုံးတော့ ချူးယွင်ဖန်းနှင့် သရေစွဲနိုင်ကာ မရှုံးနိမ့်ခဲ့ပေ။
ချူးယွင်ဖန်းငည် လူအများ၏အမြင်တွင် မကောင်းဆိုးဝါးတစ်ကောင်နှင့်တူနေပြီဖြစ်သည်။
“မွေးရာပါခွန်အားက တကယ်ကိုပဲ စွမ်းအားကြီးတယ်။ မွေးရာပါခွန်အားနဲ့ မွေးလာတဲ့သူတွေက အထုံပါရမီပါတာလို့ ငါ ဆရာတွေဆီကကြားဖူးတယ်။ အထူးသဖြင့် သိုင်းကျင့်စဉ်ရဲ့ အစောပိုင်းအဆင့်တွေမှာပေါ့။ အဲ့တာက အရမ်းအကျိုးရှိပြီးတော့ တစ်ခါကဆို ပေါင်ထောင်နဲ့ချီတဲ့ ခွန်အားရှိတဲ့လူတစ်ယောက်အကြောင်းကြားဖူးတယ်။ အရွယ်ရောက်ပြီးတဲ့အခါ သူက သူ့ထက်အများကြီး မြင့်တဲ့လူတွေကိုတောင် အနိုင်ယူနိုင်တယ်တဲ့”
ချူးယွင်ထန်းအပေါ် လူအနျား၏ နားလည်မှုသည် ဤအဆင့်တွင်သာရှိကြသေးငည်။ ချူးယွင်ဖန်းသည် အလွန်စွမ်းအားကြီးရုံသာမက ကျူရိထက်လည်းသာလွန်ကြောင်းကို လူအနည်းငယ်ကသာ မြင်နိုင်သေးသည်။ သိုင်းကွက်ဆယ်ကွက် အပြီးတွင် ကျူရိသည် သင့်တင့်သော ပြန်လည်တိုက်ခိုက်မှုပင် မလုပ်နိုင်ခဲ့ပေ။ တိုက်ခိုက်မှုတိုင်းသည် ကြားဖြတ်ခံခဲ့ရ၏။
ရှုံးနိမ့်ပြီးနောက်တွင် ကျူရိတွင် မျက်နှာထားရန်နေရာပင်မရှိတေည့ပေ။ သူက သူ့ဓားသွယ်ကိုကောက်ယူကာ ထွက်ခွါသွား၏။ တိုက်ပွဲဝင်တစ်ဦးထွက်သွားသည်ကို မြင်သောအခါ ကျောင်းသားများသည်လည်း လူစုခွဲခဲ့ကြသည်။ နောက်ဆုံးတွင် စာပေတန်းတက်ရန်အချိန်ကျပြီဖြစ်သည်။
တန်စီယုသည်လည်း သူမဓားကိုကိုင်ကာ ထွက်လာခဲ့သည်။ သူမက ချူးယွင်ဖန်းရှေ့မှဖြတ်သောအခါ ခဏရပ်၍ သူမ၏ အနီရောင်ရဲရဲနှုတ်ခမ်းနှုတ်လွှာကို ငြင်သာစွာခွဲ၍ ဆိုသည်။
“ကျေးဇူးပါ”
“ရပါတယ် သူက အရမ်းမောက်မာနေတာ။ သူလည်း ငါ့ကို မနှိမ်ချသင့်ဘူးမလား။ ငါ သူ့ကို သင်ခန်းစာပေးလိုက်ရုံပါ”
ချူးယွင်ဖန်းက တန်စီယု၏ ကျက်သရေရှိလှသော မျက်နှာကို ကြည့်ကာ ပြုံးသည်။ သူ့ပြောစကားမဆုံးခင်မှာပင် ဂေါင်ဟုန်ချီရောက်လာကာ ပခုံးပေါ်သို့ အားဖြင့်ရိုက်လိုက်၏။ ဂေါင်ဟုန်ချီကဆိုသည်။
“ငါမင်းကို အရမ်းအစွမ်းထက်မယ်လို့မထင်ထားဘူး။ လက်တလော မင်းအဆင့်တက်တာတွေက အရမ်းမြန်မြန်လာတယ်။ ဟားဟား ကျူရိကို သူ့ကိုယ်သူ တစ်ကမ္ဘာလုံးမှာ ဒုတိယ တတိယလို အယောင်ဆောင်မနေအောင် သင်ခန်းစာပေးလိုက်စမ်းပါ”
အတန်း ၂၏ ကျောင်းသားအများသည် ချူးယွင်ဖန်းအား စိတ်လှုပ်ရှားစွာကြည့်ကြသည်။ သူတို့မျက်လုံးထဲတွင်တော့ ဤသည်က အတန်း၂ အား ဂုဏ်သရေတက်စေသည်။ အတန်း နှစ်ခုကြားပြိုင်ဆိုင်မှုသည် လက်ညှိုးထိုးမလွဲပေ။
ချူးယွင်ဖန်း သတိမထားမိလိုက်သည့်အရာမှာ အိုးယန်သည် မည်သည့်အချိန်တည်းက သူ့ဘေးသို့ရောက်နေသည်ကိုပင်ဖြစ်သည်။
“မင်းရဲ့ ခွန်အားကမဆိုးဘူးပဲ။ အခွင့်အရေးရရင် တူတူတိုက်ခိုက်ကြရအောင်”
အို့ယန်သည် ဤတစ်ကြောင်းတည်းကိုသာ ပြောလိုက်သော်လည်း လူအများ၏ စိတ်ကူးစိတ်သန်းများကို တောက်လောင်စေခဲ့သည်။ ဆိုလိုသည်မှာ အို့ယန်သည် ချူးယွင်ဖန်း၏ ခွန်အားကို အသိအမှတ်ပြုခဲ့သည်။ သူသည် တစ်ကျောင်းလုံးတွင် နံပါတ် ၁ဖြစ်သည်။ သူ၏ အသိအမှတ်ပြုမှုသည် သာမန်ထက်ပို၏။
“ကောင်းပြီ” ချူးယွင်ဖန်းက ခေါင်းညိတ်သည်။
သူသည် အို့ယန်နှင့်တိုက်ခိုက်ရန် မျှော်လင့်နေသည်။ တကယ်တမ်းတွင် သူသည် အနည်းငယ်လေးပင် စိတ်လှုပ်ရှားနေမိသည်။ လွန်ခဲ့သော လအနည်းငယ်က အို့ယန်သည် သူ့ကို ကြည့်ပင်ကြည့်ခဲ့လိမ့်မည်မဟုတ်ပေ။ သူတို့နှစ်ဦးသည် တစ်ကမ္ဘာတည်းမှမဟုတ်ပေ။
နဂါးများငည် မြွေများနှင့်မနေထိုင်ကြသကဲ့သို့ လင်းယုန်များသည်လည်း ပုရွက်ဆိတ်များပေါ်တွင် အသက်မရှုကြပေ။
ယခုမူ ကွာခြား၏။ အို့ယန်က သူ့အား အဆင့်တူတစ်ဦးကဲ့သို့ မြင်ခဲ့ပြီဖြစ်သည်။ လပေါင်းများစွာ ပင်ပင်ပန်းပန်း ကျင့်ကြံပြီးနောက်တွင့် သူ့အဆင့်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
“မင်း ထိပ်တန်း အယောက် ၂၀ထဲကိုသာ ဝင်အောင်လုပ်နိုင်မယ်ဆိုရင်၊ ငါ မင်းရဲ့ ပြိုင်ဘက်ဖြစ်လာပေးမယ်။ မင်းရဲ့စွမ်းဆောင်ရည်ကို ငါမျှော်လင့်ထားပါ့မယ်”
အို့ယန်က စိတ်ချလက်ရှိပြောသည်။ သူထိပ်တန်းကိုရောက်နိုင်မည်ဖြစ်ကြောင်း သေချာနေ၏၊ အကယ်၍ ချူးယွင်ဖန်းသာနောက်ဆုံးအချီထိ အောင်နိုင်ခဲ့ပါက အလိုအလျောက်ပင် သူနှင့်တွေ့နိုင်မည်ဖြစ်သည်။
“ကောင်းပြီ။ စိတ်ဝင်စားဖို့ကောင်းတော့မှာပဲ” အို့ယန်က ရယ်လျက် လေ့ကျင့်ရေးအခန်းထဲမှထွက်သွားသည်။ မကြာမီတွင် ချူးယွင်ဖန်းသည် တန်စီယုနှင့် လက်ရည်တူကာ ကျူရိကို အပြတ်အသတ်အနိုင်ယူခဲ့သည့်သတင်းက တတိယနှစ်ကျောင်းသားများအကြား တောမီးကဲ့သို့ပျံနှံ့သွားသည်။ ကျောင်းသားအများစုသည် ထိတ်လန့်ကုန်ကြ၏။ သူတို့အားလုံးသည် တန်စီယုနှင့် ကျူရိတို့၏ အမည်များကို သေချာသိကြသည်ပင်။
သတင်းများသည် ဆရာများထံသို့ပင် ပျံ့နှံ့သွားခဲ့သည်။ အတန်း ၂တွင် ဤသို့သော မြင်းနက်ကြီးတစ်ကောင်ပေါ်လာခဲ့သည့်အတွက် ဆရာအများအပြားသည်လည်း ပြောဆိုလျက်ရှိကြသည်။
ချူးယွင်ဖန်းနှင့် အိုးယန်တို့၏ ထိပ်တန်းအယောက် ၂၀ ရွေးချယ်မှုအတွင်း ဖြစ်လာမည့်တိုက်ပွဲသည်လည်း တိတ်တဆိတ်ပျံ့နှံ့နေပြီဖြစ်သည်။