အခန်း (၁၀၃-၁၀၅)
Vol. 7 Ch. 103-105
away
အခန်း(၁၀၃) ညီမလေးကို ကုသလို့ရပြီ
ချူးယွင်ဖန်းနှင့် အိုးယန်တို့၏ ထိပ်တန်း အယောက် ၂၀အတွက်တိုက်ပွဲသည် ကျောင်းတစ်ခွင် ပျံ့နှံ့သွားခဲ့သည်။
“ဘာ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျူရိကအရမ်းစွမ်းအားကြီးတယ်မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် လုံးဝရှုံးနိုင်မှာလဲ”
“မှန်တယ်မလား။ ငါသာ ကိုယ့်မျက်စိနဲ့မမြင်ခဲ့ရရင် ယုံမှာမဟုတ်ဘူး၊ တန်စီယုနဲ့ ချူးယွင်ဖန်း သရေကျတုန်းက တန်စီယုကို ငါ ပန်းထိုးခေါင်းအုံးတစ်အုံးလို့ပဲထင်ခဲ့တာ။ သူမက လှရုံပဲလို့ထင်ခဲ့တာ။ တကယ်တမ်းမှာ ကျူရိက ပန်းထိုးခေါင်းအုံးဖြစ်နေမယ်လို့မထင်ထားဘူးကွာ”
“မင်းတို့အားလုံးက ရှုထောင့်တလွဲကနေကြည့်နေကြတယ်။ သူ့နာမည်သူထွင်းနိုင်ခဲ့တဲ့ ကျူရိက ဘယ်လိုလုပ် ပန်းထိုးခေါင်းအုံးဖြစ်နိုင်မှာလဲ။ တကယ့်မေးခွန်းက ချူးယွင်ဖန်း ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာပဲ”
“ငါ အရမ်း အားကျတာပဲကွာ၊ ငါလည်း နတ်ဘုရားလိုခွန်အားမျိုးနဲ့ မွေးလာရင်ကောင်းမှာပဲ”
သတင်းများကို ကြားပြီးသည့်နောက်တွင် ကျောင်းသားအများသည် မယုံကြည်နိုင်လောက်အောင်ဖြစ်နေကြ၏။ ချူးယွင်ဖန်း၏ ဂုဏ်သတင်းတက်လာသော်လည်း လူအများအမြင်တွင် သူနှင့် ကျူရိကဲ့သို့ ဝါရင့်ပုဂ္ဂိုလ်တစ်ဦးကြားတွင် ကွာခြားချက်ရှိနေသေး၏။ ချူးယွင်ဖန်းသည် ကျူရိထက်သာလွန်နေကာ လုံးဝချေမှုန်းနိုင်ခဲ့လိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။
ကနဦးထိတ်လန့်ပြီးနောက်တွင် လူတိုင်းသည် ချူးယွင်ဖန်းနှင့် အိုးယန်အကြားရှိ ထိပ်တန်း တိုက်ပွဲနှစ်ဆယ်ကို လျှင်မြန်စွာအာရုံပြောင်းခဲ့ကြသည်။
“ချူးယွင်ဖန်း ဒီလောက်သန်မာနေတာလား။ အိုးယန်ကတောင် သူ့ကို စိတ်ဝင်စားနေတယ်” လူအများသည် မယုံကြည်နိုင်သောပုံပေါ်၏။
အဘယ်ကြောင့်ဆိုသော် အိုးယန်သည် အထက်တန်းကျောင်းတက်စဥ်တည်းက အခြားကျောင်းသားများနှင့် အလွန်ကွာသော အဆင့်တွင်ရှိနေခဲ့သောကြောင့်ဖြစ်သည်။ ကျန်းထန်သည်သာ သူနှင့် ခွန်အားချင်းယှဥ်နိုင်၏၊
ကျန်းထန်နှင့်အိုးယန်တို့ အမြင့်တွင်ရပ်ကာယှဥ်ပြိုင်နေကြခြင်းကို လူအများက နေသားကျနေခဲ့ပြီးဖြစ်သည်။ အိုးယန်တစ်ယောက် အခြားလူများကို စိတ်ဝင်တစားဖြင့် ယှဥ်ပြိုင်ရန်ခေါ်ခြင်းကို မည်သည့်အချိန်တုန်းကမှ မကြားခဲ့ဖူးပေ။ ပြောရမည်ဆိုလျှင် ဤသည်မှာ ထိပ်တန်း စာရင်းဝင် အယောက်နှစ်ဆယ်အကြားပြိုင်ဆိုင်မှုပင်ဖြစ်လိမ့်မည်။
အကယ်၍ သာမန်လူတစ်ဦးသာဖြစ်လျှင် ဤသဘောတူညီချက်သည် ဖြစ်လာလိမ့်မည်ပင်မဟုတ်ပေ။ လူတိုင်းက နောက်ဆုံးကျန်ရစ်သူ၊ အောင်နိုင်သူသည် အိုးယန်ဖြစ်နေခြင်းဖြင့် အသားကျနေခဲ့ကြပြီဖြစ်ကာ ချူးယွင်ဖန်းသည် ကျောင်းတွင် သန်မာသောလူအနည်းငယ်ထဲမှ တစ်ဦးသာဖြစ်ကြောင်း ထင်ရှား၏။ သူတို့နှစ်ဦးတွေ့နိုင်ချေသည် တကယ့်ကိုပင် အလွန်မြင့်ပါသည်။ သို့သော် လူတိုင်းက ၎င်းသည် ဖြစ်နိုင်ချေရှိသော ရင်ဆိုင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်ဟုသာခံစားမိကြသည်။ ချူးယွင်ဖန်းသည် အို့ယန်အတွက် ပြဿနာတချို့ဖြစ်ကောင်းဖြစ်စေနိုင်လိမ့်မည်ဖြစ်သော်လည်း ချူးယွင်ဖန်းသည် သူ့ကို အနိုင်ယူရန် မဖြစ်နိုင်သည်မှာ သေချာ၏။
အို့ယန်သည် အသန်မာဆုံးဖြစ်သည်။ ကျောင်းသားအချို့က ဤသည်မှာ အချက်အလက်တစ်ခုဖြစ်သည်ဟုပင်တွေးကြကာ ငြင်း၍မရသော အမှန်တရားတစ်ခုဟု သဘောထားကြသည်။ ကျန်းထန်ပင်လျှင် အို့ယန်အား ပြဿနာအချို့၊ အနှောက်အယှက်အချို့ပေးနိုင်ရုံသာတတ်နိုင်လိမ့်မည်ဖြစ်သည်။
သို့သော် အချို့သူများသည် အို့ယန်ကို လုံးဝရင်ဆိုင်ရလိမ့်မည်မဟုတ်ဟုပင် ခံစားမိကြသည်။ ကျန်းထန်က သူ့အား ထုပ်ပိုးလွှတ်လိုက်မည့်အခြေအနေဖြင့်ပင် ကြုံနိုင်ပေလိမ့်မည်။
အချိန်တစ်ခုကြာသည်အထိ သီအိုရီအမျိုးမျိုးသည် လေထဲတွင် ပျံနှံ့နေ၏။ ဤငြီးငွေ့စဖွယ်ကောင်းသော ကျင့်ကြံရေးလောကတွင် ဤသို့သော စိတ်လှုပ်ရှားဖွယ်သတင်းများကို လူများစွာက စိတ်ဝင်စားကြသည်။ ဤသီအိုရီများသည် ဆရာများနားသို့ရောက်ခဲ့သည်အထိ ခရီးရောက်ခဲ့၏။
အတန်းပိုင်ဆရာ ကျင်းဝူကိုပင် သတိပေးလိုက်ကြသော်လည်း ကျင်းဝူသည်တော့ များများစားစားမပြောပေ။ နောက်ဆုံးတွင် သူတို့နှစ်ဦးလုံးသည် သူ့တပည့်များဖြစ်ကြကာ ချူးယွင်ဖန်းအား ကြိုးစား၍ အို့ယန်နှင့်ရင်ဆိုင်ရန် အားပေးခဲ့သည်။ သူတို့၏ အတန်း ၂သည် ထိပ်တန်းနှစ်နေရာကိုရမည်ဟုတွေးလိုက်ရခြင်းမှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်း၏။
ချူးယွင်ဖန်းအတွက်မူ ဤသည်က သူ့ဘဝ၏ အပိုင်းတစ်ခုပင်ဖြစ်ကာ ပုံမှန်ဘဝကိုပင် ဆက်လက်လျှောက်လှမ်းနေဆဲဖြစ်သည်။ နေ့စဥ်အတန်းတက်သည်၊ ကျင့်ကြံသည်။ ကျောင်းပြီးသောအခါ သူသည် လုချင်းရွှမ်၏ ကုမ္ပဏီသို့သွားကာ ပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေးများကို ဖော်စပ်သည်။ တစ်နေ့လျှင် ဆေးလုံးသုံးလုံးဖော်စပ်ခြင်းက သူ၏လုပ်နိုင်စွမ်းကိုကျော်လွန်နေသော်လည်း အမှားအယွင်း မရှိခဲ့ပေ။ အရာအားလုံးသည် ချောချောမွေ့မွေ့ပြီးသွား၏။
နေ့တိုင်းနေ့တိုင်း သူ့ဘဏ်အကောင့်ထဲသို့ ၄.၅သန်းဝင်လာသည်။ ချူးယွင်ဖန်းသည် သူ့စိတ်လှုပ်ရှားမူကို ထိန်းပင်မထိန်းနိုင်တော့ပေ။ သူ့ညီမလေး၏ ရောဂါသည် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကာ ယခူ နောက်ဆုံးတွင်တော့ ကုသရန်အခွင့်အရေးရှိလာခဲ့ပြီဖြစ်သဖြင့် မိသားစုသည် မည်မျှ စိတ်လှုပ်ရှားနေမည်ဖြစ်ကြောင်း တွေးကြည့်၍ရသည်။
ချူးယွင်ဖန်းသည် ပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေးများကို ဆက်လက်ဖော်စပ်နေချိန်တွင် သူ၏ဖခင် ချူးဝမ်ချန်းနှင့် မိခင် ယန်ယာ့ယွင်တို့သည် ခွဲစိတ်မှုပြုလုပ်နိုင်သည့်ဆေးရုံများကို ဆက်သွယ်ရန်ကြိုးစားနေကြသည်။ ၎င်းတို့အားလုံးသည် ထိပ်တန်းဆေးရုံကြီးများဖြစ်ကာ ခွဲစိတ်မှုကို ပြုလုပ်နိုင်သော ဆရာဝန်များသည်လည်း ထိပ်တန်းဆရာဝန်များဖြစ်ကြသည်။ ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျော်ကြားသောသူများဖြစ်ကြ၏။
ပုံမှန်အားဖြင့် ချူးကဲ့သို့ မိသားစုငယ်များမှ သာမန်လူများသည် ထိုသို့သောလူများနှင့်တွေ့ဆုံရန် မဖြစ်နိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် ငွေလမ်းကိုဖွင့်နိုင်ခဲ့ကာ နောက်ဆုံးတွင် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ထိပ်တန်းဆေးရုံတစ်ခုတွင် ပြနိုင်ရန် သေချာစေနိုင်ခဲ့သည်။
စရန်ငွေအဖြစ် ဒေါ်လာသန်းပေါင်းများစွာကို ရက်ရောစွာပေးသွင်းပြီးနောက်တွင် အကျော်ကြားဆုံးဆရာဝန်များကပင် ခွဲစိတ်မှုကို ညတွင်းချင်း စတင်သုသေသနပြုလုပ်ကြတော့သည်။ ချူးမိသားစုသည် အထူးဗွီအိုင်ပီများအဖြစ် ဆက်ဆံခံရခြင်းကို နှစ်သက်ကြသည်။ မျိုးရိုးဗီဇနည်းပညာကို အချိန်အတော်အတန်ကြာတည်းက တီထွင်ထားခဲ့သော်လည်း လက်တွေ့တွင် ဤကုသမှုကိုရှာဖွေသည့် လူနာများများစားစားမရှိပေ။
ပထမအချက်မှာ မွေးရာပါမျိုးရိုးဗီဇရောဂါသည် ကမ္ဘာ့လူဦးရေ၏ အနည်းငယ်မှာသာ ဖြစ်လေ့ရှိသည်။ အရေအတွက်သည် တစ်သန်းပင်မကျော်ပေ။ ဒုတိယအချက်မှာ ဤရောဂါရှိသောလူများသည် ဘဝတွင် မြင့်မားသောရာထူးများကိုရရှိနိုင်ကြမည်မဟုတ်ပေ။ ဒေါ်လာသန်းပေါင်းများစွာကျသော ကုသစရိတ်သည် သာမန်လူများမဆိုနှင့်၊ သာမန်ကြွယ်ဝမှုရှိသော စီးပွားရေးသမားများ ငုံ့ကြည့်နိုင်သောအရာတစ်ခုမဟုတ်ပေ။ ထို့ကြောင့် တည်ငြိမ်သမုဒ္ဒရာမြို့ရှိဆေးရုံသည် ချူးချင်ရွှမ်၏ကိစ္စတစ်ခုတည်းကိုပင် မြှုပ်နှံထားသည်။ ဒေါ်လာသန်းသုံးဆယ်သည် နည်းသောပမာဏတစ်ခုမဟုတ်ပေ။
ချူးချင်ရွှမ်၏ အမှုကို ဆရာဝန်များအားလုံးလေ့လာနိုင်ရန် ဆေးရုံတစ်ခုလုံးသို့ပို့ခဲ့သည်။ သူတို့သည် ဗီဒီယိုဆွေးနွေးပွဲများပင်ပြုလုပ်ခဲ့ကြကာ ဆေးရုံမှ ကျွမ်းကျင်သူများ၏ ဆုံးဖြတ်ချက်အရ ချူးချင်ရွှမ်၏ ရောဂါသည် ပြင်းထန်သော်လည်း ကုသ၍ရနိုင်၏။ အဓိကပြဿနာမှာ သူမ၏ ဗီဇချို့ယွင်းချက်ဖြစ်သည်။ ခေတ်မီ ဗီဇနည်းပညာများဖြင့် သူမအား ကုသနိုင်မည်ဖြစ်သည်။ ပြန်ကောင်းလာရန် ၇၀ နှ ၈၀ရာခိုင်နှုန်းအထိအခွင့်အရေးရှိ၏။ ၎င်းကို အတည်မပြုခင် ချူးချင်ရွှမ် ကိုယ်တိုင်ကိုယ်ကျ လာကာ စစ်ဆေးရန်သာ လိုတော့၏။
ထို့အပြင် ဆေးရုံမှ ရလဒ်များကို ပြန်ပို့ကာ ခွဲစိတ်မှုပြီးမြောက်ရန် ပြဿနာမရှိဟု ဆို၏။ နောက်ဆုံးအတည်ပြုချက်တစ်ခုကိုပြုလုပ်ရန် လူများကို စေလွှတ်ကာ ခွဲစိတ်မှုပြုလုပ်ရန်ပြင်ဆင်ခဲ့ကြသည်။
ယင်းကြောင့် ချူးမိသားစုတစ်ခုလုံး၊ အထူးသဖြင့် သူတို့၏ မိခင် ယန်ယာယွင်သည် ဝမ်းသာမျက်ရည်ကျခဲ့သည်။ သူမျသည် အများအားဖြင့် စိတ်ခံစားချက်များကို ပြသတတ်သူမဟုတ်သော်လည်း ချူးယွင်ဖန်းသည် သူ၏ ညီမကြောင့် သူ့အမေ ဤညအချိန်တွင် ငိုကြွေးသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းမဟုတ်ပေ။ သူမမိသားစု ထိခိုက်မည်ကို သူမကြောက်၏။၊ ထိုနေ့တွင် သူမသည် ဘာမှမဖြစ်သည့်အတိုင်း ဟန်ဆောင်နေ၏။ ယခုသူမ၏ သမီးဖြစ်သူကို ကုသနိုင်သည်ဆိုသည့် သတင်းကို အတည်ပြုလိုက်သည့်အတွက် ဝမ်းသာမျက်ရည်ကိုပင် မထိန်းနိုင်ဘဲငိုခဲ့ရခြင်းဖြစ်သည်။ သူမပျော်ရွှင်နေသည်ကို လူတိုင်းသိကြကာ အခြားသူများသည်လည်း ထပ်တူထပ်မျှပျော်ရွှင်ကြသည်။
ချူးချင်ရွှမ်သည် ချူးယွင်ဖန်း၏ ခါးကိုပွေ့ဖက်လိုက်ကာ
“ကျေးဇူးတင်ပါတယ် ကိုကို” ဟု ဆက်တိုက်ပြောနေ၏။
မည်မျှပင် လိမ္မာပါးနပ်စွာပြုမူလေ့ရှိပါစေ သူမသည် ဆယ်ကျော်သက်ကလေးတစ်ယောက်သာဖြစ်သည်။ သူမ ငယ်စဥ်တည်းက ဤရောဂါကို ခံစားခဲ့ရကာ သူမ၏ ခြေထောက်များ တဖြည်းဖြည်း ကျုံ့သွားသည်ကို ကြည့်ခဲ့ရသည်။ ထိုအကြောက်တရားသည် အခြားသူများ ဘယ်သောအခါမှ နားလည်နိုင်မည့်အရာမဟုတ်ပေ။ သူမသာ သူမမိသားစုအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်၍မဟုတ်လျှင် သူမ လုပ်ခဲ့သည့်အတိုင်း ကြာကြာ တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။
ထိုအချိန်တွင် သူမ၏ ဖခင် ချူးဝမ်ချန်းသည် မျက်ရည်ကျခဲ့၏။ ယောက်ျားများမျက်ရည်မကျတတ်ဟု မည်သူပြောသနည်း။ ခံစားချက်မလွန်ကဲကြသောကြောင့်သာဖြစ်ကြလိမ့်မည်။ သူက မျက်ရည်များကို သုတ်ကာ သူ့သားကိုကြည့်လိုက်သည်။ သူ့သားလေးကြီးပြင်းလာသည်နှင့်အမျှ သူထင်ထား၊ မျှော်မှန်းထားသည်ထက် ထူးချွန်၏၊ နှစ်ပေါင်းများစွာကြာအောင် သူသည် သူမိသားစုအတွက် ခိုင်ခိုင်မာမာရပ်တည်နေခဲ့သည်။ သူ့ကိုယ်သူအနစ်နာခံခဲ့သော်လည်း မျက်ရည်တစ်စက်ပင်မကျခဲ့ဖူးပေ။ ယခုတော့ သူဆက်လက်၍ မထိန်းနိုင်တော့ပေ။
ထိုညတွင် ချူးယွင်ဖန်းအပါအဝင် ချူးမိသားစုမှ လူအားလုံးသည် အိပ်မပျော်နိုင်တော့ပေ။
နောက်နေ့မနက်တွင် ချူးယွင်ဖန်းသည် မျက်လုံးတစ်ဝိုက်မျက်ကွင်းညိုဖြင့် ကျောင်းသို့သွားခဲ့ရ၏။
အခန်း (၁၀၄) ဆယ်ရက်ကြာပြီးနောက် ကပ်ဘေးရောက်လာတယ်
နောက်ဆုံးစာမေးပွဲသည် ပိုနီးလာသည်။ ချူးယွင်ဖန်းသည် နေ့စဥ်တူညီသောအချိန်ဇယားအတိုင်း လိုက်နာကာ ဆေးများဖော်စပ်လိုက် ကျင့်ကြံလိုက်ဖြင့်နေ၏။
တည်ငြိမ်သမုဒ္ဒရာမြို့ မှ ဆေးရုံနှင့် ဆရာဝန်များကို ဆက်သွယ်မေးမြန်းရာတွင် သူ၏ မိခင်နှင့် ဖခင်တို့က တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ သူ များများစားစားပါဝင်ဆောင်ရွက်ရန်မလိုအပ်ပေ။ ဤသို့ဖြင့် ချူးယွင်ဖန်းသည် ပျော်ရွှင် ပေါ့ပါးနေ၏။
နောက်ဆုံးစာမေးပွဲသည် ချူးယွင်ဖန်းအတွက် အလွန်အဖိုးတန်သည်။ နေ့ရက်တိုင်းကုန်ဆုံးလာသည်နှင့်အမျှ သူ့ခွန်အားများသိသိသာသာတိုးလာခဲ့သည်။ သူသောက်သုံးခဲ့သော အဆင့်သုံးမူလဝိဉာဥ်ဆေးမှ ဆေးဖက်ဝင်အာနိသင်များကို အလုံးစုံအသုံးမပြုရသေးပါ။ ယခင်က ဂေါင်ဟုန်ချီနှင့် တန်စီယုတို့သည်လည်း အဆင့်သုံးမူလဝိဉာဥ်ဆေး၏ ဆေးဖက်ဝင်အာနိသင်များကို မှီခိုကာ သူတို့၏ ကျင့်ကြံရေးအဆင့်များကို အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာခဲ့သည်။
ယခုတော့၊ ချူးယွင်ဖန်း၏ အလှည့်ကျခဲ့ပြီဖြစ်သည်။ ချီပင်လယ်စတုတ္ထအဆင့်သို့ဖြတ်ကျော်ပြီးနောက်သူသည် သူ၏ ကျင့်ကြံရေးကို အပြည့်အဝခိုင်မာစုစည်းနိုင်ခဲ့သည်။ ၎င်းနောက် သူကျင့်စဥ်သည် တစ်နေ့ထက်တစ်နေ့သိသိသာသာ တိုးတက်လာခဲ့သည်။ သူ၏ တိုးတက်မှု နောက်ဆုံးရပ်တန့်သွားသောအခါ ဆယ်ရက်ပင်ကြာနေခဲ့ပြီဖြစ်သည်။
လသည် အရှေ့အရပ်မှတက်လာသည်နှင့်အမျှ ငွေရောင်၊ လရောင်သည် လမ်းမီးတိုင်များမှ အလင်းရောင်များဖြင့်ရောထွေးကာ လူများအပေါ်သို့ ထူးခြားသောအလင်းရောင်တစ်ခု ဖြာကျလျက်ရှိ၏။ ချူးဘွင်ဖန်းသည် သူ့ခရိုင်အတွင်းရှိ လမ်းပေါ်တွင် လမ်းလျှောက်လျက်ရှိကာ သူ့ခန္ဓာကိုယ်အား အနည်းငယ်ဆန့်နေ၏။ ယနေ့၊ မရီးဒျန်သန့်စင်ဆေးအလုံးသုံးဆယ် ဖော်စပ်ခြင်းလုပ်ငန်းသည် ပြီးမြောက်ခဲ့ပြီဖြစ်သည်။ ထိုဆေးအားလုံးသည် ပြီးပြည့်စုံသောအရည်အသွေးများရှိကြကာ အမှားအယွင်းတစ်ခုမှမရှိပေ။
ယခုလည်း လုချင်းရွှမ်သည် နောက်ဆုံး ၄.၅သန်းကို သူ၏အကောင့်ထဲသို့လွှဲပေးထားပြီးဖြစ်သည်။ သူသည် ဤအရောင်းအဝယ်မှ ၄၅သန်းရရှိထားကာ ၎င်းတို့ထဲမှ ၁၀သန်းကို တည်ငြိမ်သမုဒ္ဒရာမြို့ဆေးရုံသို့ အပ်နှံထားပြီးဖြစ်သည်။ ထိုမှတ်စဆင့် နောက်ထပ် ၂၅သန်းအား သူ့မိဘများထံသို့ လွှဲပြီးဖြစ်ကာ ၎င်းထဲမှ သန်း၂၀သည် သူ့ညီမလေး၏ ဆေးဖိုးဝါးခဖြစ်သည်။ ကျန် ၅သန်းမှာမူ ပိုပိုလိုလိုပေးထားခြင်းဖြစ်၏။ ယခုအချိန်တွင် သူ့တွင် ၁၀သန်းကျန်သေးသဖြင့် သူ့ကို သန်းကြွယ်သူဌေးငယ်လေးဟုပင် ဆိုနိုင်မည်ဖြစ်သည်။
သူ သက်ပြင်းချမိသည်။ ဆေးပညာရှင် အဆင့်မြင့်လေ ငွေရှာရန်လွယ်ကူလေဖြစ်၏။ သို့သော် သာမန်ဆေးပညာရှင်များသည် ဤမျှမြင့်မားသော အောင်မြင်မှုနှုန်း မရှိကြပေ။ ထို့အပြင် သူရရှိသော ပိုက်ဆံ၏တစ်ဝက်ကျော်လောက်ကို အသစ်အသစ်သော ဆေးများဖော်စပ်ရာတွင် လေ့ကျင့်ရန် ပါဝင်ပစ္စည်းများဝယ်ရန်အသုံးပြု၏။ သို့သောလညားလည်း ထိုငေွပမာဏသည် သာမန်အလုပ်လုပ်ကိုင်သူတစ်ဦး၏ တစ်သက်တာလုံးအလုပ်လုပ်ပြီးသည့်တိုင် မရရှိနိုင်သည့် ချမ်းသာမှုတစ်ခုဖြစ်သည်။ ငွေကြေးဥစ္စာ ၁၀သန်းကျော်ဖြင့် ချူးယွင်ဖန်းသည် သူ၏ ကျင့်ကြံရေးကို အချိန်အတော်ကြာအောင် ထောက်ပံ့နိုင်ရန် လုံလောက်မည်ဖြစ်သ်ည။ စည်းစိမ်ဥစ္စာသည် အမှန်တကယ်ပင် ကျင့်ကြံရေးအတွက်မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။
လုချင်းရွှမ်သည်ပင် သူနှင့်ပူးပေါင်း၍ ဝင်ငွေများစွာမရရှိခဲ့သော်လည်း အနည်းဆုံးတော့ ဝင်ငွေ နှစ်သန်းဝန်းကျင်ကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။ ချူးယွင်ဖန်း၏ ဝင်ငွေနှင့် မနှိုင်းယှဥ်နိုင်သော်လည်း ထိုက်ထိုက်တန်တန် အမြတ်ထွက်သည်ဟု ယူဆနိုင်သေး၏။ အရေးကြီးဆုံးမှာ ဤပြီးပြည့်စုံသည့် မရီးဒျန်သန့်စင်ဆေးများဖြင့် လုချင်းရွှမ်သည် တည်ငြိမ်သမုဒ္ဒရာမြို့နှင့် တုန်ဟွာမြို့တို့တွင် ကုန်သွယ်ရေးလမ်းကြောင်းများကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်။
ယခင်က ၎င်းတို့သည် တန်ဒါအဖွဲ့၏ ဆန္ဒကို လိုက်နာနေသောကြောင့် လုချင်းရွှမ်နှင့် လက်တွဲလိုခြင်းမရှိခဲ့ကြပေ။ သို့သော် အထူးသဖြင့် လုချင်းရွှမ်၏ ပြီးပြည့်စုံသောမရီးဒျန်သန့်စင်ဆေးများကို အရောင်းကိုယ်စားလှယ်များက ပိုမိုလက်ခံလာသောအခါတွင် တန်ဒါအဖွဲ့သည် ၎င်းမှရမည့် အကျိုးခံစားခွင့်များကဲ့သို့အရေးမကြီးတော့ပါ။ တန်ဒါအဖွဲ့သည် ဒေါသဖြင့် ဆွေ့ဆွေ့ခုန်နေတော့သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူတို့မည်သို့မျှမလုပ်နိုင်ကြပေ။ ထို့ကြောင့် ဥပဒေသည် လူထုအား အပြစ်မပေးခြင်းပင်ဖြစ်သည်။
အရေးအကြီးဆုံးမှာ လုချင်းရွှမ်၏ လက်ထဲရှိ ပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေးများ စျေးကွက်ထဲသို့ဝင်ရောက်လာသည်နှင့်အမျှ လုချင်းရွှမ်၏နောက်ကွယ်တွင် အဆင့်မြင့်ဆေးပညာရှင်တစ်ဦးရှိနေသည်ဟူသည့် ကောလဟာလများလည်း ပျံ့နှံ့သွားခဲ့သည်။ ထိုမှလွဲ၍ အခြားဖြစ်နိုင်ခြေများကို မစဥ်းစားနိုင်ကြပေ။ ပြီးပြည့်စုံသောမရီဒျန်သန့်စင်ဆေးတစ်လုံး ဖော်စပ်နိုင်ခြင်းသည် မတော်တဆဖြစ်နိုင်သော်လည်း တစ်သုတ်ဖော်စပ်ခြင်းမှာမူ သေချာပေါက် မဖြစ်နိုင်ပေ။ ဤသည်က ၎င်းသည် တိုက်ဆိုင်မှုမဖြစ်နိုင်ကြောင်းဖော်ပြနေခြင်းဖြစ်၏။
အထူးသဖြင့် ဆေပညာရှင်တိုင်းသည် တစ်ဦးတည်းလုပ်ကိုင်လေ့ရှိကြသည်ကို အများကသိသောကြောင့်ဖြစ်သည်။ တကယ်တမ်းတွင် ဤဆေးပာရှင်အားလုံးသည် ဆေးကုမ္ပဏီ တစ်ခု၊ သို့မဟုတ် တစ်ခုထက်ပို၍ပင် ပိုင်ဆိုင်ကြ၏။ လုချင်းရွှမ်၏ ကုမ္ပဏီသည် သေးငယ်သော်လည်း ၎င်းတို့သည် ဆေးပညာရှင်ကြီးတစ်ဦးကို ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်လာနိုင်ခြေရှိသည်။ လုချင်းရွှမ်အား ဆန့်ကျင်ခြင်းသည် ကိစ္စကြီးတစ်ခုမဟုတ်သော်လည်း ဆေးပညာရှင်တစ်ဦးကို စော်ကားခြင်းသည် ပြဿနာကြီးတစ်ခုဖြစ်၏။ ဆေးပညာရှင်အားလုံးသည် ထူးခြားသော ခွန်အားရှိရုံသာမက ကျွမ်းကျင်သူများစွာကိုလည်း သိကြကာ ကျယ်ပြန့်သော ကွန်ရက်တစ်ခုရှိကြသည်။ ဤဖြန့်ဝေသူများကိုသာ ခေါ်ယူချင်ပါက စကားလုံးအနည်းငယ်သာသုံးရပေလိမ့်မည်ဖြစ်သည်။
လုချင်းရွှမ်သည် ဤအချက်နှင့်ပတ်သက်၍ အလွန်ရှင်းလင်းစွာပြောဆိုခဲ့သော်လည်း သူမသည် ထိုလူများကို နားလည်မှုလွဲစေကာ အခြားသူများကို ခြိမ်းခြောက်ရန် အမည်မသိသူ၏ အာဏာအား ပျော်ပျော်ကြီးအသုံးပြုချင်သည်။ သိူ့သော် သူမမသိသောအရာမှာ ဆေးပညာရှင်ထက် အဆပေါင်းများစွာကြောက်ဖွယ်ဖြစ်သည်က အလားအလာရှိသောရှယ်ရာစျေးကွက်တစ်ခု သူမနောက်ကွယ်တွင်တည်ရှိနေခြင်းဖြစ်သည်။
လုချင်းရွှမ်သည် ဤအရာများကို ချူးယွင်ဖန်းထံမှ ဖုံးကွယ်မထားသောကြောင့် ချူးယွင်ဖန်းသည်လည်း ဤအကြောင်းအရာနှင့်ပတ်သက်၍ ရှင်းလင်းစွာသိ၏။ သို့သော် သူသည် ဤအကြောင်းအရာများကို ဂရုသိပ်မစိုက်ပေ။ သူ့ညီမလေး၏ ရောဂါမှလွဲ၍ သူဂရုစိုက်သောအရာမှာ သူ့ခွန်အားတိုးရန်ဖြစ်သည်။ ဆယ်ရက်ကြာပြီးေနာ်ပဆုံးတွင် သူသည် အဆင့်သုံးမူလဝိဉာဥ်ဆေး၏ အာနိသင်အားလုံးကို သုံးစွဲချေဖျက်လိုက်ပြီးဖြစ်သည်။ နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင်ကျင့်ကြံရေးသည် ချီပင်လယ်စတုတ္ထအဆင့် အထွဋ်အထိပ်သို့ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။
ယခု မရီးဒျန်သန့်စင်ဆေးအားလုံးကို ပြုလုပ်ထားပြီးသဖြင့် သူ့လက်များကို အလွတ်ပေးအနားယူနိုင်ပြီဖြစ်သည်။ ကျန်ရက်အနည်းငယ်တွင် တက်လှမ်းနိုင်ရန်ကြိုးစားရမည်ပင်။ သူနှင့် အို့ယန်ကြားမှ ချိန်းဆိုမှုသည် လေ့ကျင့်ရေးတိုက်ပွဲသဘောမျှသာဖြစ်သော်လည်း သူမရှုံးချင်ပေ။ ယခု သူသည် နံပါတ် ၁ အရည်အချင်းပြည့်မီသော အို့ယန်နှင့် တိုက်ခိုက်ရန် အရည်အချင်းပြည့်ဝနေပြီဖြစ်သည်။ စာသင်နှစ်တစ်ခု ကျန်တော့ကာ သူ့အနာဂတ်သည် အကန့်အသတ်မရှိတော့ပေ။ ထိုအကြောင်းအရာများကိုတွေးကာ ချူးယွင်ဖန်း၏ ခြေလှမ်းများသည် အလွန်ပေါ့ပါးလာ၏။
ရုတ်တရတ် လမ်းဘေးတောအုပ်အတွင်း ဖြတ်သန်းသွားသော အနက်ရောင်အရိပ်တစ်ခုကိုသာတွေ့လိုက်ရသည်။ သာမန်လူတစ်ယောက်သာဆိုလျှင် သတိထားမိမည်မဟုတ်သော်လည်း ချူးယွင်ဖန်း၏ ပုံမှန်မဟုတ်သော တက်ကြွသည့်အမြင်သည် အပြည့်အဝအသုံးပြုထား၏။ ညဘက်ဖုံးကွယ်ဝတ်စုံအားဝတ်ထားသော ပိန်ပါးသည့် ပုံစံမျိုးဖြစ်သည်။ မူလက ဤသို့သော လူတစ်ယောက်ဖြတ်သွားခြင်းသည် မထူးဆန်းပေ။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူသားများစွာတို့သည် အလျင်လိုသောအချိန်တိုင်းတွင် ကျင်းကုန်းကို အသုံးပြုကြသည်။ သို့သော် ညဘက်တွင် ဖုံးကွယ်ဝတ်စုံဝတ်ထားခြင်းက ထူဆန်းလှသည်။
ချူးယွင်ဖန်း၏ ပထမဆုံးအတွေးမှာ ရဲကိုဖုန်းဆက်ခေါ်ရန်ပင်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် လူနေရပ်ကွက်အတွင်းသို့ဝင်ရောက်ခဲ့လျှင် အန္တရာယ်အတိုင်းအတာမှာ ထင်ရှား၏။ သို့သော် ထိုလူသည် လူတစ်ယောက်အားသယ်ဆောင်သွားသည်ကိုတွေ့လိုက်သောအခါတွင်တော့ ချူးယွင်ဖန်း၏သူ့စိတ်ကို ချက်ချင်းပြောင်းလဲလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူ၏ အဝတ်အစားများသည် သူ့ညီမလေး ဝတ်လေ့ရှိသည့် ညဝတ်အင်္ကျီနှင့် တူနေသည်ကို သတိထားမိသွားသောကြောင့်ဖြစ်၏။
“ဒါမကောင်းနိုင်ဘူး” ချူးယွင်ဖန်းက သူ့ဘာသာတွေးသည်။ တစ်ခဏချင်းမှာပင် သူ့ခန္ဓာကိုယ်သည် အလိုအလျောက်တုံ့ပြန်ကာ ထိုလူ၏ အနောက်သို့လိုက်သွားခဲ့သည်။ သူ့တွင် ရဲခေါ်ရန်အချိန်မရှိသကဲ့သို့ စဥ်းစားရန်လည်းအချိန်မရှိပေ။ ချူးယွင်ဖန်းက ခုန်ကာ သစ်ကိုင်းတစ်ခုပေါ်သို့ပြေးသွားသည်။ ထို့နောက် သူက မြေပြင်ပေါ်သို့ဆင်းသက်ကာ အမြောက်ကျည်တစ်ခုကဲ့သို့ ထိုလူနောက်သို့ လိုက်၏။ သူ့ရှေ့မှ ပိန်ပါးပါးသူက အလွန်သန်မာသည်မှာ သိသာ၏။ သို့သော် တစ်စုံတစ်ဦးကို ကျော်ပေါ်တင်ကာ ပြေးနေသဖြင့် အရှိန်ကို အပြည့်အဝအသုံးအပြုနိုင်ပေ။ ချူးယွင်ဖန်းသည် ပို၍နီးကပ်လာ၏။ ထိုလူက တစ်စုံတစ်ယောက်သည် သူ့နောက်မှလိုက်လာသည်ကို သတိထားမိသွားသည်။ ထို့ကြောင့် သူက မြက်ထူသောနေရာတွင်ရပ်ကာ သယ်ဆောင်လာသော သူအား ချလိုက်၏။
ချူးယွင်ဖန်းသည် နောက်သို့နီးကပ်စွာလိုက်လာကာ ချက်ချင်းနီးပါး သူ့အနားသို့ရောက်လာ၏။ သူစူးစိုက်ကြည့်လိုက်သောအခါတွင် မြက်ခင်းပြင်၌ချခံထားရသူမှာ သူ့ညီမဖြစ်သူ ချူးချင်ရွှမ်ကို မြင်လိုက်ရသည်။ သို့သော် ချူးချင်ရွှမ်၏ မျက်လုံးများသည် မှိတ်လျက်ရှိကာ သူမ၏ အသက်ရှုသံသည် ပုံမှန်ဖြစ်နေ၏။ သူမ သတိလစ်သွားခြင်းဖြစ်နိုင်သည်။
သူ့ညီမမေ့မြောနေသည်ကို မြင်ရသောအခါ ချူးယွင်ဖန်းက သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူမအဆင်ပြေသည်မို့ တော်သေး၏။
“မင်း ငါ့နောက်ကို ဘယ်လိုလိုက်ရဲတာလဲ”
အခန်း (၁၀၅) အနက်ရောင် ဝတ်စုံဖြင့် အမျိုးသမီးအား တိုက်ခိုက်ခြင်း
ပိန်ပါးသောခန္ဓာကိုယ်သည် သူမ၏ လမ်းကြောင်းပေါ်တွင် ရပ်တန့်သွား၏။ သူမသည် အနက်ရောင်ကို ဝတ်ဆင်ထားကာ မျက်နှာကိုဖုံးအုပ်ထားသည့် မျက်နှာဖုံးကို ဝတ်ဆင်ထားည်။ သူမ၏ အလွန်တောက်ပသောမျက်လုံးတစ်စုံကိုသာမြင်နိုင်ကာ ထိုတောက်ပမှုထဲတွင် ကြမ်းကြုတ်မှု၏ အရိပ်အမြွက်တစ်ခုကိန်းအောင်းနေ၏။
သူမ၏အသံသည် စက်ရုပ်သံပေါက်လျက်ရှိကာ အသံကိုပြောင်းရန် အသံပြောင်းစက်အသုံးပြုထား၏။ သူမ ပြင်ဆင်လာခဲ့သည်မှာ သိသာသည်။
“သတ္တိရှိတဲ့သူက မင်းပဲဖြစ်မယ်ထင်တယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းက ဥပဒေနဲ့အုပ်ချုပ်ပြီး နေရာတိုင်းမှာ ကင်မရာတွေရှိတယ်။ မင်းက တကယ်ပဲ လူတွေကို ခိုးယူဖို့ သတ္တိရှိနေတာလား။ မင်းကများ လုပ်ရဲတယ်ပေါ့” ချူးယွင်ဖန်းက အော်သည်။ “ငါအော်နေသရွေ့ မင်းတော့သွားပြီပဲ”
ချူးယွင်ဖန်းသည် ဤအနက်ရောင်ဝတ်အမျိုးသမီးက အဘယ်ကြောင့် သူ့ညီမလေးအားလာရှာသည်ကို သူမသိပေ။ သူ့ညီမလေးသည် လူဆိုးများကို ရန်စရန်မဆိုနှင့် အိမ်ထဲမှ အိမ်ပြင်ပင် ထွက်ခဲသည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ သူမ၏လမ်းကို သူခွင့်မပြုပေးနိုင်ပေ။
အနက်ရောင်ဝတ်အမျိုးသမီး၏ မျက်လုံးပေါ်ရှိအမူအယာသည် ရုတ်တရက်ပြောင်းလဲသွားသည်။ လူများကို ပြန်ပေးဆွဲခြင်းကို တိတ်တဆိတ်လုပ်ရမည်။ အကယ်၍ လူများသာသိရှိသွားလျှင် အကျိုးဆက်များသည် ပြင်းထန်လိမ့်မည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူတိုင်းသည် သိုင်းပညာကို ကျင့်ကြံကြကာ လူများတွင်ပင် ကျွမ်းကျင်သူများရှိ၏။ လမ်းပေါ်တွင် တံမြက်စည်းလှည်းနေသော အဖိုးကြီးတစ်ဦးသည် အံ့ဖွယ်ကောင်းသော သိုင်းပညာပြည့်နေသည့် ခန္ဓာကိုယ်တစ်ခုရှိနေနိုင်သည်ကို မည်သူမျှ မသိနိုင်ကြချေ။ အကယ်၍ ရပ်ကွက်အတွင်းနေထိုင်သူများသာ သတိထားမိသွားပါက နောက်ဆက်တွဲဆိုးကျိုးများကို မှန်းဆ၍ပင်ရနိုင်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် သူ့ဖုန်းထဲမှ ဖြတ်လမ်းခလုတ်အားနှိပ်ကာ ရဲကိုဖုန်းဆက်၍ပြောလိုက်သည်။
“ငါရဲကို ဖုန်းဆက်ပြီးပြီ။ ဆယ်မိနစ်အတွင်း ရဲတွေရောက်လာလိမ့်မယ်။ မင်းပြေးမလွတ်နိုင်ဘူး”
အနက်ရောင်ဝတ်အမျိုးသမီးအား ရင်ဆိုင်လျှင် သိပ်မလွယ်နိုင်သည်ကို သူခံစားမိသဖြင့် သူ့ညီမအား မထိခိုက်စေရန် အဦးဆုံးအနေဖြင့် သူမအား ခြောက်လှန့်လိုက်ခြင်းဖြစ်သည်။ အမျိုးသမီ၏ အမူအယာသည် ချက်ချင်းပြောင်းလဲသွားကာ သူမ၏ မျက်လုံးများသည်လည်း ချက်ချင်းပင် ကြောက်မက်ဖွယ်ပြင်းထန်ကြမ်းကြုတ်လာ၏။
“မင်းက တကယ်ပဲ ဒါကို ခက်ခက်ခဲခဲလုပ်ချင်ပုံရတယ်။ ဆယ်မိနစ်ဆို ငါ မင်းကိုသတ်ဖို့လုံလောက်ပြီ” အနက်ရောင်ဝတ် အမျိုးသမီက ချူးယွင်ဖန်းအား လှောင်ပြောင်ပြောဆိုလိုက်သည်။
ချက်ချင်းပင် ချူးယွင်ဖန်းသည် ဤအနက်ရောင်ဝတ်အအမျိုးသမီးထံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကိုခံစားလိုက်ရသည်။
ဝှစ်
အနက်ရောင်ဝတ်အမျိုးသမီးသည် ချူးယွင်ဖန်းဆီသို့ ခုန်ဝင်လာ၏၊ သူမ၏လက်သည် အရာရာကိုခွဲထုတ်နိုင်သည့် လျှပ်စီးကဲ့သို့ကျလာ၏။ ချူးယွင်ဖန်းသည် ဤသည်မှာ ဆန်းရှု့သိုင်းပညာတစ်မျိုးဖြစ်သည့် Great Coffin Split သိုင်းဖြစ်သည်ကို သတိထားမိသည်။ ၎င်းသည် အလွန်အစွမ်းထက်သော သိုင်းကွက်တစ်ခုဖြစ်ကာ စွန်းအင်သန့်စင်ခြင့်အဆင့်ရှိ သူများ၏ သိုင်းပညာတစ်ခုလည်းဖြစ်သည်။ တစ်နည်းဆိုရသော်၊ ဤအနက်ရောင်ဝတ်အမျိုးသမီးသည် အနည်းဆုံးတော့ စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်ရှိနေ၏။
ချလန်
အနက်ရောင်ဝတ်အမျိုးသမီဂသည် အရိပ်မဲ့ဓားသွယ်အား ထိပ်တိုက်မရင်ဆိုင်ရဲပေ။ သူမ၏ ဓားဖျားကိုရှောင်ရန် သူမလက်ကိုအမြန်ရုတ်လိုက်ကာ အနောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ချူးယွင်ဖန်းကို သူမကြည့်သည့်ပုံစံသည် ပြောင်းလဲသွားကာ လေးနက်လာသည်။ သူမအနည်းငယ်အံ့သြသွားသည်။ သာမန်အားဖြင့် ဤအရွယ်ရှိသည့် စစ်မြေပြင်ပေါ်သို့ မရောက်ဖူးသော လူငယ်တစ်ယောက်သည် သူမအား တောင့်ခံနိုင်မည်မဟုတ်ကာ ပထမတစ်ချက်ဖြင့်ပင် အသတ်ခံရနိုင်၏။ ပြန်လည်တိုက်ခိုက်ရန်ပင် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ သူမကဲ့သို့ တိုက်ပွဲအရေထူနေသောသူနှင့် ဖန်လုံအိမ်ထဲထည့်ပျိုးခံထားရသော ပန်းတစ်ပွင့်ကြားကွာခြားချက်ဖြစ်သည်။
“အရမ်းမြန်တဲ့လက်ပဲ” ချူးယွင်ဖန်းက အံ့အားသင့်စွာတွေးလိုက်သည်။ တစ်ဖက်လူ၏ လက်တွင် သူသည် အခုတ်ခံရလုနီးပါးဖြစ်သွား၏။
နှစ်ဖက်လုံးသည် တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ ချူးယွင်ဖန်းသည် တိုက်ခိုက်ရန် အစပျိုးခဲ့သည်။ သူသည် ရသလောက်အခွင့်အရေးကို ဆုတ်ကိုင်ထားချင်သည့်အတွက် ယခု အရိပ်မဲ့ ဓားသွယ်အား ကိုင်ထားခြင်းသည် သူ့အတွက် အားသာချက်တစ်ခုဖြစ်နေ၏။ တစ်လက်မလောက်ပဲပိုသန်သည်ဖြစ်စေ တစ်လက်မလည်း တစ်လက်မပင်ဖြစ်၏။ ထို့အပြင် ချူးယွင်ဖန်းသည် သူမ၏လက်ဗလာဖြင့်ပင် မရင်ဆိုင်ဝံ့ပေ။ ဤနည်းဖြင့်သာ သူ ဆယ်မိနစ်လောက်တောင့်ခံ့ထားနိုင်မည်ဖြစ်၏။
ချူးယွင်ဖန်းသည် ကမ္ဘာခွဲဓားသိုင်းဖြင့် ခုတ်ချလိုက်သည်။ အနက်ရောင်ဝတ်အမျိုးသမီး၏ တုံ့ပြန်မှုသည် အလွန်မြန်၏။ ဓားချက်ကိုရှောင်ရန် ဘေးသို့ အမြန်ရွှေ့လိုက်သ်ည။ သို့သော် ချူးယွင်ဖန်း၏ ဓားသွယ်သည် လေထဲတွင်ရပ်သွားလိမ့်မည်ဟု မည်သူကထင်မည်နည်း။ ထို့နောက် သူသည် အလျားလိုက်ခုတ်လိုက်ကာ အနက်ရောင်ဝတ်အမျိုးသမီး၏ အပေါ်သို့ ဦးတည်လိုက်သည်။
လမ်းတစ်ဝက်တွင် သူ့အမြန်နှုန်းသည် အဆအနည်းငယ်တိုးလာကာ ကမ္ဘာခွဲဓားသိုင်းမှ လေဟုန်တိုက်ခွင်းဓားသိုင်းသို့ပြောင်းလဲသွားသည်။ အနက်ရောင်ဝတ်အမျိုးသမီး၏ တုံ့ပြန်မှုသည် ပို၍ပင်မြန်၏။ သူမသည် ခြေလှမ်းအနည်းငယ် ရှေ့သို့လှမ်းကာ သူမ၏ ခန္ဓာကိုယ်လေးသည် အလျားလိုက်ရွေ့လျားသွား၏။ သူမသည် ဤသေလောက်သည့် ဓားချက်ကို ရှောင်ရှားရင်း ရှေ့သို့ နှစ်မီတာလောက်ရွေ့လာခဲ့သည်။ အနက်ရောင်ဝတ်အမျိုးသမီးသည် သူမ၏ လည်ချောင်းတွင် နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။ သူမ၏ လက်ချောင်းများဖြင့် ၎င်းကို သုတ်၍ကြည့်လိုက်သောအခါတွင် တကယ်ကိုပင် သွေးများထွက်နေ၏၊ မည်သည့်အချိန်က ထွက်နေမှန်းမသိသော်လည်း သွေးချင်းချင်းနီနေသော အမာရွတ်တစ်ခုသည် လည်ချောင်းတွင်ပေါ်လာနေ၏။ ထိုနေရာသည် အရိပ်မဲ့ဓားသွယ်၏ ရောင်ဝါဖြင့် ထိခဲ့သောနေရာဖြစ်သည်။
အရိပ်မဲ့ဓားသွယ်အလွန်စျေးကြီးနေရသည့်အကြောင်းအရင်းမှာ ၎င်းသည် အနှိုင်းမဲ့ချွန်ထက်ရုံသာမက ထို့ထက်ပိုအရေးကြီးသည်မှာ ၎င်းထဲသို့ထည့်သွင်းထားသော ချီစွမ်းအင်စစ်ကို ဓား၏အရောင်အဝါအဖြစ်ပြောင်းလဲနိုင်သည်။ ဤသည်မှာ ကျောင်းရှိ သာမန်အဆင့် လက်နက်များ မပြုလုပ်နိုင်သောအရာဖြစ်သည်။ အကယ်၍ ထိုလက်နက်များထဲသို့ ၎င်းတို့၏ စွမ်းအင်စစ်ကို အကြိမ်ပေါင်းများစွာထည့်သွင်းလိုက်လျှင် ၎င်းလက်နက်များသည် ပေါက်ကွဲသွားနိုင်၏။
တစ်ပြားမှ တစ်ပေါင်ရသည်။ အရိပ်မဲ့ဓားသွယ်သည် အလွန်ရေပန်းစားနေသည်ဆိုသောအချက်မှာ ကြက်ကန်းဆန်အိုးတိုးခြင်းမဟုတ်ပေ။ အနက်ရောင်ဝတ်အမျိုးသမီးသည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ အကယ်၍ သူမသာအနည်းငယ်နှေးကွေးစွာတုံ့ပြန်လိုက်မည်ဆိုပါက သူမ၏ ဦးခေါင်း အဖြတ်မခံရလျှင်ပင် ဓားသည် သူမ၏ လည်ချောင်းကို သေချာပေါက် ဖြတ်ဖွင့်လိုက်မည်ဖြစ်သည်။
“ဘယ်လောက်တောင် မြန်တဲ့ဓားလဲ။ ကြီးမြတ်တဲ့ကလေးပဲ။ ငါက မင်းညီမကို ဉာဏ်ကြီးရှင်ဖြစ်နေပြီလို့ထင်တာ။ မင်းလည်း တော်မယ်လို့ မမျှော်လင့်ထားဘူး” အနက်ရောင်ဝတ်အမျိုးသမီးက လှောင်ပြောင်သည်။ ချူးယွင်ဖန်း၏ အမူအယာပို ပို၍ပင် အေးစက်လာသည်။ ထိုအမျိုးသမီး၏ စကားလုံးများအရ သူမသည် ရုတ်တရက်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ကြိုတင်စီစဥ်ထားခြင်းဖြစ်သည်ကို ပြောနိုင်၏။ သူမသည် ဤမောင်နှမနှစ်ယောက်၏ အသေးစိတ်အချက်အလက်များကိုပင် သိသည်။ အနက်ရောင်ဝတ်အမျိုးသမီဂသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သော်လည်း ချူးယွင်ဖန်းကို မတိုက်ခိုက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မြေပြင်ပေါ်တွင် သတိလစ်နေသော ချူးချင်ရွှမ်ဆီသို့ ဦးတည်လိုက်သည်။
ချူးယွင်ဖန်းသည် ရှေ့သို့တစ်လှမ်းတိုး၍ သူမအားတားဆီးရန်ကြိုးစားလိုက်သော်လည်း အနက်ရောင်ဝတ်အမျိုးသမီးသည် လမ်းတစ်ဝက်တွင် လမ်းကြောင်းပြောင်းသွားသည်။ သူမသည် ရှေ့သို့ တိုးလာကာချူးယွင်ဖန်းအား ရုတ်တရက် တိုက်ခိုက်လိုက်သည်။
ချူးချင်ရွှမ်ဆီသို့ တိုက်ခိုက်ရန်သွားခြင်းသည် အာရုံလွှဲခြင်းတစ်ခုသာဖြစ်ကာ သူမ၏ တကယ့် ပစ်မှတ်မှာ ချူးယွင်ဖန်းဖြစ်နေဆဲပင်ဖြစ်သည်။ တစ်ခဏလေးအတွင်းမှာပင် သူမသည် ချူးယွင်ဖန်း၏ရှေ့သို့ရောက်လာ၏။
ချလန်
ကြီးမားသော သတ္တုပွတ်တိုက်သံနှင့်အတူ ကြီးမားသည်် အင်အားတခုကအရိပ်မဲ့ဓားသွယ်၏ အစွန်းသို့ ထိမှန်သွားသည်။ ဓားမှတစ်ဆင့် ချူးယွင်ဖန်းသည် ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သောအားတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
ချူးယွင်ဖန်းတစ်ယောက် လွင့်ထွက်ကာ သစ်ပင်အကြီးတစ်ခုဆီသို့ ရောက်သွား၏။ သူ့အရိုးများအားလုံးကွဲလုနီးနီး ခံစားလိုက်ရသည်။ ပြင်းထန်သော ဝေဒနာသည် သူ့ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွား၏။ အနက်ရောင်ဝတ်အမျိုးသမီးသည် သူ့ထက်များစွာ သန်မာနေသည်မှာ သိသာ၏။ သူမသတိမထားမိလိုက်သောကြောင့်သာ သူ့ကြောင့် ဒဏ်ရာရသွားခြင်းဖြစ်သော်လည်း ယခု လေးနက်လာသည့်အခါတွင်မူ အပြတ်အသတ်ကွာသော ခြားနားမှုတစ်ခုရှိလာ၏။
သူမကို အရိပ်မဲ့ဓားကပိတ်ဆို့ကာ စွမ်းအင်အချို့ကို စုပ်ယူလိုက်ခြင်းကြောင့်မဟုတ်ပါက ဤသိုင်းကွက်သည် ချူးယွင်ဖန်း၏ နံရိုးအချို့ကိုပင် ချိုးဖျက်ပစ်ရန် လုံလောက်၏။
“မင်းကိုယ့်ကိုယ်ကိုယ် အထင်အရမ်းကြီးလွန်းနေတာပဲ။ မင်းက ပျိုးပင်ကောင်းတစ်ယောက်ဖြစ်ပေမယ့် အခုအချိန်မှာတော့ အရမ်းသတိထားဖို့လိုအပ်တယ်။ နံစော်နေတဲ့ ရဲတွေ မကြာခင်ဒီကိုရောက်တော့မှာဆိုတော့ ငါမင်းကို အရင်သတ်မှဖြစ်တော့မှာပဲ”
အနက်ရောင်ဝတ်အမျိုးသမီးသည် ချူးယွင်ဖန်းထံသို့ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။ သူမ၏ အကြည့်သည် ပို၍ ပို၍ ပြင်းထန်လာ၏။ သူမ၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းအား သတ်ချင်စိတ်များ ကိန်းအောင်းနေ၏။ သနားခြင်းအရိပ်အယောင်များပင် အနည်းငယ်ရှိနေသေးသည်။
“အဟွတ် အဟွတ် အဟွတ် ငါကို လွယ်လွယ်နဲ့ သတ်လို့ရမှာမဟုတ်ဘူး” ချူးယွင်ဖန်းက ပြင်းပြင်းထန်ထန် ချောင်းဆိုးနေသည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှာ သွေးအနည်းငယ်ထွက်လာသည်။ သူ၏ အတွင်းဒဏ်ရာများသည် ဒဏ်ထိနေပြီဖြစ်၏။
သေခြင်းတရားကို ခွဲခြမ်းတိုက်ကွက် ၏အင်အားသည် ကြောက်မက်ဖွယ်ကောင်းသည်။ အကယ်၍ ကျင့်ကြံခြင်းမရှိသော သာမန်လူတစ်ဦးထံသို့ တိုက်ခိုက်ခြင်းသာဖြစ်လျှင် ဤဓားချက်တစ်ခုတည်းဖြင့် ကြိတ်ထားသောအသားပုံကြီးအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ အလွန်ကြောက်မက်ဖွယ်ကောင်း၏။