အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
အခန်း (၁၀၆) ဓားသွယ်က အနက်ရောင်ဝတ်အမျိုးသမီးကို သတ်လိုက်တယ်
အနက်ရောင်ဝတ်အမျိုးသမီးသည် ပို၍နီးကပ်လာသည်။ သူမခြေတစ်လှမ်းလှမ်းလိုက်တိုင်းတွင် နှလုံးခုန်နှုန်းကို မြင့်တက်စေပုံပေါ်ကာ ခြေလှမ်းတိုင်းသည် လူများကို ထိတ်လန့်စေ၏။
ချူးယွင်ဖန်း၏ အမူအယာသည် လေးနက်နေသည်။ သူသည် ဤသိုင်းပညာအကြောင်းကြားဖူးသည်။ လူများကိုတိုက်ခိုက်ရန် နည်းလမ်းများစွာသိသည့်၊ ရှိသည့် သိုင်းပညာရှင်များစွာရှိသည်။ လမ်းလျှောက်ခြင်းသည်ပင် လူများကို တိုက်ခိုက်နိုင်သည့် သိုင်းတစ်ခုအဖြစ်သို့ပြောင်းလဲနိုင်၏။ သူတို့၏ ခြေလှမ်းများသည် နှလုံးခုန်နှုန်းနှင့် ပတ်သက်၍ လူများကို အထိတ်တလန့်ဖြစ်စေနိုင်သည်။ သို့သော် ထိုလူများသည် အများအားဖြင့် တိုက်ပွဲတွင် အတွေ့အကြုံများစွာရှိတတ်ကြသည်။
အနက်ရောင်ဝတ်အမျိုးသမီးသည် ချူးယွင်ဖန်း၏ နှလုံးခုန်နှုန်းကိုနှောက်ယှက်ရန်ကြိုးစားလျက် ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည်။ သို့သော် ချူးယွင်ဖန်း၏ မျက်နှာအမူအယာမှာ ဤသိုင်းပညာကြောင့် လုံးဝမထိခိုက်သကဲ့သို့ပင် တည်ငြိမ်နေ၏။ ထိုအမျိုးသမီး၏ မျက်လုံးထဲတွင် အံ့သြမှု အရိပ်အရောင်တစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။
သို့သော် နောက်ထပ်တစ်စက္ကန့်တွင် အမျိုးသမီးသည် ရုတ်တရက် အရှိန်မြှင့်လိုက်သည်။ တစ်ခဏအတွင်းမျာပင် သူမသည် ချူးယွင်ဖန်းနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ ရှေ့သို့အမြန်ပြေးချက်သည် အကွာအဝေးကို နီးကပ်စေရန် လုံလောက်၏။ ယခင်တိုက်ခိုက်မှုများသည် မီးခိုးများ မှန်များသာဖြစ်သည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ သတိကို လျော့ကျစေရန်သာဖြစ်၏။ ယခုသည်ကာ တကယ့် သတ်ဖြတ်မှုဖြစ်သည်။ ချူးယွင်ဖန်းကဲ့သို့ သူမထက်စွမ်းအင်နိမ့်ကျသော လူတစ်ယောက်ကို ရင်ဆိုင်ရန် သူမနည်းမျိုးစုံကို အသုံးပြုခဲ့ကာ အလွန် သတိထားနေ၏။
သို့သော် ချူးယွင်ဖန်းသည် အဆင်သင့်ဖြစ်နေ၏။ သူ့လက်ထဲမှ အရိပ်မဲ့ဓားသွယ်သည် အလျားလိုက် ဖြတ်ကာ အနက်ရောင်ဝတ်အမျိုးသမီးကို နောက်ဆုတ်စေခဲ့သည်။ နောက်ဆုံးတော့လည်း အနက်ရောင်ဝတ်အမျိုးသမီးသည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ ဓားချက်ကို ထိပ်တိုက်မရင်ဆိုင်ရဲပေ။ ဓားသွားဖြင့် မယုံကြည်နိုင်ဖွယ်ရှု့ထောင့်မှ ခုတ်ခံရမည်ကို ရှောင်ရှားရန် သူမ၏ ခန္ဓာကိုယ်သည် နောက်ဘက်သို့ ကွေးညွတ်သွား၏။ ထို့နောက် သွက်လက်သော ကျားသစ်နက်တစ်ကောင်ကဲ့သို့ မတ်တပ်ထရပ်ကာ ချူးယွင်ဖန်းဆီသို့ လျပ်တပြတ် တိုက်ခိုက်လိုက်သည်။
သို့သော် ချူးယွင်ဖန်းသည် ပိုမြန်၏။ သူ၏တိုက်ခိုက်မှု ကျဆုံးပြီးနောက်တွင် သူက အရိပ်မဲ့ဓားကို လမ်းတစ်ဝက်တွင် ပြန်ရုတ်ကာ အနက်ရောင်ဝတ်အမျိုးသမီးအား ခုတ်ချလိုက်သည်။ အနက်ရောင်ဝတ်အမျိုးသမီးသည် ထိုဓားချက်ကိုရှောင်ရန် ဘေးသို့ခြေတစ်လှမ်းရွှေ့လိုက်ကာ ချူးယွင်ဖန်းကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
ချူးယွင်ဖန်းကမူ လက်သီးတစ်ချက်ထိုးလိုက်၏။
“တောတွင်းဘုရင်”
ဘမ်း
ထို တိုက်ခိုက်မှုသည် ၎င်း၏ ပစ်မှတ်ကို ထိကာ အရိုးများနှင့် အသားများ တိုက်မိကြေမွသော အသံကို ကြားလိုက်ရသည်။
ဘမ်း ဘမ်း ဘမ်း
တိုက်မိပြီးနောက်တွင် ချူးယွင်ဖန်းသည် သူ့ဟန်ချက်သူပြန်ထိန်းရန် ခြေလှမ်းများစွာနောက်သို့ဆုတ်ခဲ့သည်။ ဤသည်မှာ အရွယ်ရောက်ပြီး သံချပ်ပါအစွယ်ကွေးကျားနှင့် ယှဥ်ပြိုင်ခြင်းမှလွဲ၍ ကိုယ်ခံအားပိုင်းတွင် လုံးဝနိမ့်ကျခဲ့သည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။ အနက်ရောင်ဝတ်အမျိုးသမီးသည် အနည်းဆုံး စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်ရှိနေကာ ချူးယွင်ဖန်းထက် အဆင့်တစ်ခုလုံးစာမြင့်၏။
အနက်ရောင်ဝတ်အမျိုးသမီးသည် အခြေအနေကို အခွင့်ကောင်းယူကာ လုပ်ကြံခဲ့သည်။ ချူးယွင်ဖန်းသည် ဤအခြေအနေထိရောက်ရန် တွန်းအားပေးနေပြီဖြစ်သောကြောင့် သူ့ပြိုင်ဘက်အား ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ရုံမှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။ သူ့လက်ထဲမှ အရိပ်မဲ့ဓားသည် သူ၏ တစ်ခုတည်းသောအားသာချက်ဖြစ်သည်။
တစ်ခဏတာအတွင်းတွင် သေးငယ်သော တောအုပ်တစ်လျှောက်တွင် တိုက်ခိုက်သံပေါင်းစုံကိုကြားနေရ၏။ နှစ်ဖက်စလုံးသည် သိုင်းကွက်များကို အလွန်လျင်မြန်သော အရှိန်ဖြင့် တိုက်ခိုက်နေကြသည်။ သူတို့၏ အော်စံများဖြင့်အတူ ညခင်း၏ အမှောင်ထုဖုံးလွှမ်းထားသော ထိုတောအုပ်ငယ်လေးအတွင်းတွင် ကျယ်လောင်စွာ အသံပြုခဲ့ကြ၏။
တိုက်ခိုက်ပြီး စက္ကန့်အနည်းငယ်အတွင်းတွင် ချူးယွင်ဖန်းသည် နောက်ထပ်တစ်ကြိမ် သေခြင်း၏ အစွန်းတစ်ဖက်ဆီသို့ အပို့ခံလိုက်ရသည်။ နှစ်ဦးကြား ကွာခြားချက်သည် ကြိုးစားမှုရှိရုံဖြင့် ဖြည့်၍မရနိုင်သော ကွာခြားချက်ဖြစ်သ်ည။ အမြန်နှုန်း၊ ခွန်အား၊ တိုက်ပွဲအတွေ့အကြုံ မည်သည်တို့ပဲဖြစ်ပါစေ ချူးယွင်ဖန်းသည် လုံးဝကို အားနည်း၏။ စက္ကန့်အနည်းငယ်ကြာ တိုက်ခိုက်ချိန်အတွင်းတွင် ချူးယွင်ဖန််းသည် အန္တရာယ်ရှိသောအခြေအနေသို့ ကျရောက်နေပြီဖြစ်ကာ တစ်ဆင့်ပြီးတစ်ဆင့် ရှုံးရာမှ နောက်ဆုံးတွင် သူ့နောက်ကျောသည် သစ်ပင်ကြီးနှင့် တိုက်မိသွား၏။
သို့သော် အနက်ရောင်ဝတ်အမျိုးသမီး၏ မျက်လုံးထဲတွင် အံ့သြသွားခဲ့သည်။ ချူးယွင်ဖန်းသည် အရှုံးဘက်တွင်ရှိကာ စက္ကန့်အမျှ ပို၍ အန္တရာယ်ကျကျလာသော်လည်း ဤအမျိုးသမီးသည် ပုံမှန်အားဖြင့် ချီပင်လယ်အဆင့်သိုင်းသမားအား သိုင်းကွက် နှစ်ခု၊ သုံးခုအတွင်း ချေမှုန်းနိုင်သူဖြစ်သည်။ နောက်ဆုံးတော့ နှစ်ဖက်လုံး၏ အင်အားသည် လွန်စွာဝေးကွာ၏။
ချူးယွင်ဖန်းနှင့် သူမရင်ဆိုင်ရချိန်တွင် သူမသည် သိုင်းကွက်အမျိုးမျိုးနှင့် စိတ်ပိုင်းဆိုင်ရာနည်းဗျူဟာ အချို့ကိုပါ အာရုံလွှဲရန် အသုံးပြုခဲ့သည်။ သို့သော်လည်း သူမသည် မည်သည့် အားသာချက်ကိုမှမရယူနိုင်ခဲ့ပေ။ သူမမျက်လုံးထဲတွင် သတ်ပစ်ချင်စိတ်က ပို၍ ပို၍ သိသာထင်ရှားလာသည်။ ဤသို့သော လူကို သတ်ရန်ပို၍ပင် လိုအပ်သည်။ ဤသို့ဖြင့် သူမ၏ တိုက်ခိုက်မှုများသည် ပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့ကာ သိုင်းကွက်တိုင်းတွင် သတ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်။
ချူးယွင်ဖန်းသည် သေခြင်း၏ အခြားတစ်ဖက်သို့ တွန်းပို့ခံရသည်။ ရုတ်တရက်၊ ဤအခိုက်အတန့်တွင် သူ၏စိတ်ထဲရှိ နတ်ဘုရားဝိဉာဥ်မှ ကြည်လင်သောစီးကြောင်းတစ်ခုကို သူခံစားမိလိုက်သည်။ ၎င်းသည် သူ့တစ်ကိုယ်လုံးသို့ စီးဆင်းသွား၏။ သူ့ စိတ်ဝိဉာဥ်သည် နိုးကြားလာကာ မကြုံစဖူးသော တည်ငြိမ်မှုတစ်ခုကို ခံစားလိုက်ရသည်။ မူလကပြင်းထန်သော တိုက်ပွဲအတွင်းတွင် ချူးယွင်ဖန်းသည် မည်သည့်အရာကိုမျှ တွေးတောရန် စိတ်မရှိခဲ့ပေ။ သို့သော် ယခုတော့ သူ့အတွေးများရုတ်တရက် ပြန့်ကျဲလာသည်ကို ခံစားလိုက်ရသည်။ သူစိတ်ထဲတွင် အကြံအစည်များစွာနှင့် အတွေးများစွာသည် အမှန်တကယ်ပင် ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် သူ၏ လှုပ်ရှားမှုများသည် အရှိန်မြင့်မလာသော်လည်း အမျိုးသမီး တိုက်ခိုက်မှုကြောင့် စိတ်ရှုပ်ထွေးမနေတော့သည်မှာ ထင်ရှား၏။ သူ့အမှားလုပ်နှုန်းသည်လည်း လျော့ကျလာကာ အမျိုးသမီးလက်ထဲတွင် အဖမ်းခံရနိုင်ချေသည်လည်း လျော့ကျလာ၏။ သို့သော် ဤအခြေအနေသည် ကြာကြာမခံလိုက်ပေ။ သူသည် သစ်ပင်ကြီးတစ်ခုဆီသို့ အတင်းတွန်းပို့ခံလိုက်ရကာ သူရွေ့လျားနိုင်သောနေရာမှာ အကန့်အသတ်ဖြင့်ဖြစ်နေ၏၊ ဆိုရလျှင် သူရွေ့လျားရန်နေရာမရှိသလောက်ပင် ချောင်ပိတ်မိသွား၏။
“မင်းသေပြီ”
အနက်ရောင်ဝတ်အမျိုးသမီး၏ မျက်နှာဖုံးအောက်မှ ကျယ်လောင်သောအသံများပေါ်ထွက်လာသည်။ သူမ၏ မျက်လုံးများသည် အလွန်ပြင်းထန်သော အမူအယာဖြင့်တောက်ပလျက်ရှိသည်။ နောက်ဆုံးတွင်တော့၊ ဤဒုက္ခကောင်ကို ကိစ္စတုံးနိုင်တော့မည်ဖြစ်သည်။
အနက်ရောင်ဝတ်အမျိုးသမီးသည် ချူးယွင်ဖန်း၏ ဓားချက်ကိုရှောင်လိုက်ကာ လျှပ်စီးကဲ့သို့ ရှေ့သို့တိုးလိုက်သည်။ သူမသည် ချူးယွင်ဖန်း၏ မျက်နှာကို ခုတ်ချရန် သူမက သေခြင်းပိုင်းဖြတ်ခြင်း ကို အသုံးပြုခဲ့သည်။ ချူးယွင်ဖန်းသည် ထောင့်တစ်နေရာသို့အတင်းကြပ်တွန်းပို့ခံလိုက်ရကာ အော်လိုက်သည်။
“ငါမင်းကို အဆုံးထိတိုက်ခိုက်မယ်”
“တောတွင်းဘုရင်”
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိကြွက်သားများအားလုံးသည် တင်းမာလာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲရှိစွမ်းအင်စစ်သည် မြင့်တက်လာကာ သူ့လက်သီးထဲတွင် စုစည်းသွားသည်။ သူသည် ဘယ်ဘက်လက်ရှိ လက်ချောင်းများကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လိုက်ကာ ပြင်းထန်သော လက်သီးတစ်ခုကို ထိုးလိုက်သည်။
ဘမ်း
ချူးယွင်ဖန်း၏ လက်သီးနှင့် အနက်ရောင်ဝတ်အမျိုးသမီး၏ လက်ဝါးဖြင့် ထိမိသွားချိန်တွင် ကျယ်လောင်သော ညည်းညူသံတစ်ခုသည် ပေါ်ထွက်လာ၏။ ချူးယွင်ဖန်းသည် နောက်ဆုတ်ရန် နေရာအလုံအလောက်မရှိသဖြင့် ထိုးချက်ကို ထိပ်တိုက်ရင်ဆိုင်ရုံသာတတ်နိုင်တော့သည်။ သို့သော် ဤထိပ်တိုက်တိုက်ခိုက်မှုသည် တစ်ခဏသာကြာလိုက်သည်။ အက်ကွဲသံနှင့်အတူ ချူးယွင်ဖန်း၏ လက်တစ်ချောင်းလုံးကြေမွသွား၏။ ဤပြင်းထန်သော တိုက်ခိုက်မှုတွင် သူသည်တစ်ခဏအတွင်း ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရသည်။
အနည်းဆုံးတော့ ၎င်းသည် ခပ်မျှင်မျှင်လေးသာ ကျိုးကြေသွားခြင်းဖြစ်သည်။
ချူးယွင်ဖန်း၏မျက်နှာသည် ချက်ချင်းပင် ပြိုလဲသွား၏။ အနည်းငယ် နုပျို၊ ငယ်ရွယ်သော သူ့မျက်နှာသည် အေးစက်သောချွေးများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ သူသည်အံကြိတ်ထားကာ မျက်နှာတစ်ခုလုံးပြောင်းလဲနေ၏။
အနက်ရောင်ဝတ်အမျိုးသမီး၏ မျက်လုံးများတွင် ပျော်ရွှင်မှုများရောင်ပြန်ဟပ်နေ၏၊ နောက်ဆုံးတော့ သူမသည် ဤလူကို ပြင်းထန်စွာဒဏ်ရာရစေနိုင်ခဲ့ပြီဖြစ်သည်။ သူမ၏ လက်များသည် ချူးယွင်ဖန်း၏ မျက်နှာဆီသို့ ချက်ချင်းရောက်ရှိသွားသည်။ ဤအရေးကြီးသောအခိုက်အတန့်တွင် မျက်စိကျိန်းလုနီးသော နှင်းဖြူရောင်အလင်းတန်းတစ်ခုသည် ပြဒါးတစ်စင်းကဲ့သို့ လွင့်ထွက်လာ၏။
ဓားရောင်ဝါသည် အမျိုးသမီး၏ လည်ပင်းကို ဖြတ်သွားကာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ သွေးများ ဖြန်းပက်လိုက်သည့်နှယ် သွေးစိမ်းများ ချက်ချင်းပန်းထွက်လာ၏။ အနက်ရောင်ဝတ်အမျိုးသမီးသည် သူမကိုယ်သူမ မယုံကြည်နိုင်စွာကြည့်ကာ သူမ၏ အကြည့်သည် မြေပြင်ပေါ်သို့မကျမီ အထက်သို့ ဦးစွာလန်သွား၏။
မနီးမဝေးရှိ ခေါင်းမပါသော အလောင်းသည် သူမ၏ ခန္ဓာကိုယ်ဖြစ်ပုံရသည်။
ယခုအရေးကြီးသော အခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ညာလက်တွင် အရိပ်မဲ့ဓားကို ဆုတ်ကိုင်ထားကာ ခုတ်ပစ်လိုက်၏။ သုံးသန်းတန်သော အရိပ်မဲ့ဓားသည် နောက်ဆုံးတွင်တော့ ၎င်း၏ စွမ်းအားကို ပြသခဲ့ပြီဖြစ်သည်။ သံကို ရွှံ့ကဲ့သို့ဖြတ်သည့်နှယ် အမျိုးသမီး၏ ဦးခေါင်းကို ချက်ချင်းဖြတ်လိုက်သည်။
“ငါ သတိမထားလိုက်မိတာ”
အနက်ရောင်ဝတ်အမျိုးသမီးမသေခင်တွင် ထိုစကားလုံးများသည် သူမ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။
အခန်း (၁၀၇) အချက်အလက်နောက် အစီစဥ်ချခြင်း
“ဟူး ဟူး ဟူး”
ချူးယွင်ဖန်းသည် ပြင်းပြင်းထန်ထန်မောဟိုက်လာသည်။ သူ့ဘယ်ဘက်လက်သည် ကျိုးသွားကာ လှုပ်၍မရနိုင်တော့ပေ။ အနည်းငယ်လေးလှုပ်လိုက်လျှင်ပင် သူသည် အပ်ပေါင်းများစွာဖြင့် ထိုးနေသကဲ့သို့ အနှိုင်းမဲ့သောနာကျင်မှုမျိုးကို ခံစားနေရ၏။
သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသည် ပို၍ပင် ဆိုးသည်။ သိုင်းပညာသည် သူခန္ဓာကိုယ်အပေါ်တွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်ရှိနေကာ ကြီးမားသော ဖိအားအောက်တွင်တိုက်ခိုက်နေရသည်ဟုပင် ဆို၍ရနိုင်မည်ဖြစ်သည်။ ဤတိုက်ပွဲတွင် သူ့ခွန်အား၏ ၁၂၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့သည်။ အရွယ်ရောက်ပြီးသော သံချပ်ပါအစွယ်ကွေးကျားကို တိုက်ခိုက်ခဲ့သည့်အချိန်ထက် ပို၍ပင် ပင်ပန်းခဲ့ကာ ပျက်စီးဆုံးရှုံးမှုသည် ပို၍ကြီးမားခဲ့သည်။ ဂေါင်ဟုန်ချီနှင့် တန်စီယုတို့က သူ့ကို ကူညီခဲ့ကြသည်။ ယခုမူကား ဤတိုက်ပွဲကို သူတစ်ယောက်တည်းရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ တိုက်ပွဲအစမှအဆုံးထိ အန္တရာယ်ရှိခဲ့ကာ သတိမထားလျှင် သေဆုံးသွားနိုင်၏။
အနက်ရောင်ဝတ်အမျိုးသမီး သူ့ထံတွင် ဆုံးရှုံးရခြင်းအကြောင်းမှာ သူမ ဂရုမစိုက်ခြင်းကြောင့်သာဖြစ်သည်။ အစကတည်းက အနက်ရောင်ဝတ်အမျိုးသမီးသည် အလွန် သတိထားနေခဲ့သော်လည်း ချူးယွင်ဖန်းကဲ့သို့ ကျင့်ကြံရေးအဆင့် သိသိသာသာနိမ့်သောသူမျိုးနှင့်ရင်ဆိုင်ရသောအချိန်တွင်ပင် သူမသည် ယုန်တစ်ကောင်ကို သတ်ရန် သူမ၏ ခွန်အားကို အပြည့်အသုံးပြုခဲ့ရသည်။
ချူးယွင်ဖန်းသည် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်သည်မှန်းသိစဥ်တည်းက အစီစဥ်တကျလုပ်ဆောင်ခဲ့သည်။ သူသည် အနက်ရောင်ဝတ်အမျိုးသမီးအား အောင်နိုင်မှုသည် သူမလက်ထဲတွင်ရှိသည်ဟု ထင်စေသည်။ သူ၏ ခွန်အားလုံလုံလောက်လောက်မရှိခြင်းကြောင့် ဘေးကြပ်နံကြပ်အခြေအနေသို့ တွန်းပို့ခံရသော်လည်း ၎င်းသည်လည်း ချူးယွင်ဖန်း၏ တွက်ချက်မှုများကြောင့်သာဖြစ်သည်။
သစ်ပင်ကြီးထံသို့ အတင်းအကြပ် တွန်းပို့ခံရကာ နောက်ဆုတ်ရန်လမ်းမရှိသည့်နောက်တွင် ချူးယွင်ဖန်းအတွက် သူမနှင့် ထိပ်တိုက်ရင်ဆိုင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပုံပေါ်စေသည်။ တကယ်တမ်းတွင် ချူးယွင်ဖန်းသည် ဤအရာများအားလုံးကို စီစဥ်ခဲ့ခြင်းဖြစ်ကာ တစ်ဖက်မှ သူ့လက်ရိုးများကို ချိုးလိုက်သောအခါတွင် ၎င်းက အမျိုးသမီးအား သတိလွတ်သွားစေခြင်းဖြစ်သည်။ ထိုမှသာ အားနည်းချက်တစ်ခုပေါ် ထွက်လာခဲ့ခြင်းဖြစ်သည်။
လူတို့သည် သူတို့အနိုင်ရပြီဟု ထင်ကြသောအခါတွင် မိမိတို့၏ အားနည်းချက်ကို ထုတ်ဖော်ပြသတတ်ကြသည်။ နောက်ဆုံးတွင် အနက်ရောင်ဝတ်အမျိုးသမီး၏ ခေါင်းကို အောင်မြင်စွာဖြတ်နိုင်ခဲ့၏။ ဤသည်မှာ ချူးယွင်ဖန်းကိုယ်တိုင်ပင် အလွန်အံ့ဖွယ်ကောင်းသည်ဟု ခံစားမိသောအရာဖြစ်သည်။ ဤသို့သော အကြပ်အတည်းများအောက်တွင်ပင် ရှုံးနိမ့်မှုမှ အောင်မြင်ခြင်းအဖြစ် ပြောင်းလဲနိုင်ရန် စီစဥ်နိုင်သေးသည်။
သူစိတ်ထဲရှိ နတ်ဘုရားစိတ်ဝိဉာဥ်မှ ကြည်လင်သော စီးကြောင်းသည် သူ့ကို ပကတိငြိမ်သက်စေရန် ထိန်းသိမ်းနိုင်၏။ မဟုတ်လျှင် ဤအခြေအနေဆိုးကိုရင်ဆိုင်ရသည့်အချိန်သည် တိုတောင်းလွန်းသဖြင့် အတွေ့အကြုံရှိ စစ်မှုထမ်းဟောင်းတစ်ယောက်ပင် သေဆုံးသွားနိုင်သည်။ အခြားတစ်ဖက်ကို သူဆင်ထားသော ထောက်ချောက်ထဲသို့ တစ်ဆင့်ချင်းတစ်ဆင့် ကျစေသည့် ဤသို့သော ရှုပ်ထွေးသော အစီအစဥ်ကို စဥ်းစားနိုင်ရန် အချိန်မရှိပေ။
ချူးယွင်ဖန်းက ပြန်တွေးကြည့်ရင်း သူ့လျှာသူကိုက်လိုက်မိသည်။ အတွေ့အကြုံရှိ မုဆိုးတစ်ယောက်က ကောက်ကျစ်သည့် မြေခွေးကို ပိုက်ကွန်ထဲတိုးဝင်ပြုတ်ကျစေရန် စောင့်နေသည့်အလားပင်ဖြစ်သည်။ တစ်ဖက်သူသည် မည်မျှပင် သတိထားနေပါစေ၊ သေခြင်း၏အစွန်းတစ်ဖက်သို့ ပို့ခံရသော ချူးယွင်ဖန်းသည် သူ့ကိုယ်သူကယ်တင်ရန်တွေးနေမည်ဟု ထင်ကြမည်မဟုတ်ပေ။ ယင်းအစား ချူးယွင်ဖန်းသည် သူတို့ကို အနိုင်ယူရန်ပင် တွေးခဲ့သည်။ မှန်သည်။ အရိပ်မဲ့ဓားသွယ်၏ စွမ်းအားသည် အထင်ကြီးစရာပင်ဖြစ်သည်။ အကယ်၍ သူ၏ အံ့ဖွယ်တိုက်ကွက်အောင်မြင်ခဲ့လျှင်ပင်၊ သူလက်ဗလာဖြစ်နေပါက အနက်ရောင်ဝတ်အမျိုးသမီးကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။
လက်တစ်ဖက်မှ အရိုးများကျိုးသွားခဲ့သော်လည်း တန်သည်ဟု သူခံစားရသည်။ ချူးယွင်ဖန်းသည် နာကျင်မှုကို သည်းခံကာ အသက်ပြင်းပြင်းရှုသွင်းလိုကသ်ည။ သူက အသက်ပြင်းတစ်ချက်ရှုလိုက်ကာ ချူးချင်ရွှမ်၏ဘေးသို့ ခက်ခက်ခဲခဲလျှောက်သွားလိုကသ်ည်။ သူ၏ လက်အကောင်းတစ်ဖက်ကို သူညီမ သတိလစ်နေရုံသာဖြစ်ကြောင်း
အတည်ပြုရန် အသုံးပြုခဲ့သည်။ မေ့လဲသွားရုံသာဖြစ်ကာ မည်သည့်အန္တရာယ်မှမကျရောက်ခဲ့ပေ။ ထိုမှပင် သူသက်ပြင်းချနိုင်တော့သည်။
ထိုအချိန်တွင် ချူးယွင်ဖန်း၏ စိတ်ထဲ၌ မရေမတွက်နိုင်သော အတွေးများစွာ ပေါ်လာ၏။ အနက်ရောင်ဝတ်အမျိုးသမီးသည် မည်သူနည်း။ ချူးချင်ရွှမ်ကို အဘယ်ကြောင့်လာရှာသနည်း။ ထို့အပြင် သူမလေသံကို ကြည့်ကာ ဆုံးဖြတ်ရလျှင် ၎င်းသည် ရုတ်တရက် ဖောက်ထွင်းမှုမဟုတ်နိုင်ပေ။ ဟိုအရင်တည်းက စီစဥ်ထားခဲ့ခြင်းမျိုးဖြစ်သည်မှာ ထင်ရှားသည်။ ထို့အပြင် သူမသည် သူ့ညီမအတွက် ဤနေရာသို့ရောက်နေခြင်းဖြစ်သော်လည်း သူအနည်းငယ်အံ့သြသွားရသည်။ သူ့ညီမတွင် ငွေအမြောက်အများမရှိသည့်အပြင် ရန်သူလည်းမရှိပေ။ ငွေကြောင့်ဖြစ်စေ၊ ရန်ငြိုးကြောင့်ဖြစ်စေ၊ ၎င်းသည် မဖြစ်နိုင်ပေ။
“ဉာဏ်ကြီးရှင်… ပျိုးပင်ကောင်း” ချူးယွင်ဖန်းသည် ယခင်က အနက်ရောင်ဝတ်အမျိုးသမီးပြောခဲ့သည့် စကားလုံးတိုင်းကို ဂရုတစိုက်ဖြင့် သတိပြန်ရကာ အဓိကစာလုံးနှစ်ခုကို ရှာတွေ့ခဲ့သည်။ သူ့ညီမ အရည်အချင်းရှိသည်ကို သူသိသည်။ မွေးရာပါမျိုးရိုးဗီဇရောဂါကြောင့်သာမဟုတ်လျှင် သူမသည် သေချာပေါက်ပွင့်လန်းလာနိုင်သည့် ပန်းကလေးတစ်ပွင့်ဖြစ်သည်။ ချူးယွင်ဖန်း၏ အမြင်တွင် သူမသည် အနည်းဆုံး သူတို့၏ ဝမ်းကွဲ ချူးယွင်ရှန်းထို့ထက် နိမ့်ကျမည်မဟုတ်ပေ။
သို့သော် အနက်ရောင်ဝတ်အမျိုးသမီးသည် အဘယ်ကြောင့် ဤအချက်ကို ထည့်ပြောသနည်း။ ဤအရာနှင့် ပတ်သက်မှုတစ်ခုခုရှိနိုင်ပါသလား။ သူတို့၏ ပါရမီကြောင့် လူများကို ပြန်ပေးဆွဲခြင်းဖြစ်နိုင်သလား။ အဘယ်ကြောင့်နည်း။ ခေတ်သစ်လူ့အဖွဲ့အစည်းသည် ယခင်လူ့အဖွဲ့အစည်းကဲ့သို့မဟုတ်ပေ။ လူများကို ပြန်ပေးဆွဲလျှင် သူမဘာလုပ်နိုင်မည်လဲ။
နေအိမ်မှ လူများကို ပြန်ပေးဆွဲမှုမျိုးသည် အသေအချာပင် ကြီးမားသော ကိစ္စရပ်များဖြစ်သည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် နေရာတိုင်း၌ ကင်မရာများရှိနေကာ ဖုံးကွယ်ရန်နေရာမရှိပေ။ အနက်ရောင်အဝတ်အစားများဝတ်ထားလျှင်ပင် အသုံးမဝင်ပေ။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် တိုးတက်နေသောအင်တာနက်သည် ဒေတာဘေ့စ်မှတစ်ဆင့် မိနစ်ပိုင်းအတွင်း ရာဇဝတ်ကောင်များကို ဖော်ထုတ်နိုင်၏။
သူတို့သည် ဆန်းဆန်းပြားပြားစွန့်စားချင်ကြသည်။ တစ်စုံတစ်ဦးကို ပြန်ပေးဆွဲရန် အဘယ်ကြောင့် ဤသို့ ကြီးကြီးမားမားအရဲစွန့်ကြသနည်း။
သူ မတွေးနိုင်သည့်အရာတစ်ခုခုရှိကိုရှိရမည်။ အမည်မသိအင်အားစုတစ်ခုခုမှ ပစ်မှတ်ထားနေသည်ဟုသဘောသက်ရောက်သောကြောင့် သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေသည်။ အကယ်၍ ၎င်းသည် ရုတ်တရက်အကြံမျိုးမဟုတ်ခဲ့လျှင် သူမနောက်ကွယ်၌ ဂိုဏ်းတစ်ခုခုရှိနေနိုင်သည်။ ပထမအကြိမ်ရှိလျှင် ဒုတိယအကြိမ်လည်းရှိလိမ့်မည်ဖြစ်၏။
အနက်ရောင်ဝတ်ထားသော ကြုံရာလူတိုင်းသည် ကျင့်စဥ် စွမ်းအင်သန့်စင်ခြင်းအဆင့်အထက်တွင်ရှိနိုင်သည်။ အကယ်၍ ချူးယွင်ဖန်းသာ ထိုလူနှင့်ထပ်တွေ့ခဲ့လျှင် ယခုကဲ့သို့ ကံကောင်းနိုင်မည်မဟုတ်တော့ပေ။
အမှတ် ၁၃ အထက်န်းကျောင်းမှ ဆရာများအနက်၊ သက်ကြီးရွယ်အိုများ သို့မဟုတ် သိုင်းပညာတန်းမှဆရာများသည်သ အဆင့်မြင့် ကျင့်ကြံရေးရှိကြသည်။ စာပေတန်းမှ လူငယ်ဆရာအချို့သည်မူ ကျင့်ကြံရေးတွင် အရည်အချင်းမရှိကြ၊ ယခုအချိန်ထိ ချီပင်လယ်အဆင့်၌သာရှိနေကြဆဲဖြစ်သည်။ ဤသို့ခြိမ်းခြောက်မှုမျိုးနှင့် ရင်ဆိုင်ရသောအခါ ချူးယွင်ဖန်း၏ အဦးဆုံးတုံ့ပြန်မှုသည် ပြဿနာအရင်းအမြစ်ကို ဖယ်ရှားပစ်ရန်ဖြစ်သည်။ သူက ခါးသက်သက်ပြုံးလိုက်သည်။ တစ်ဖက်လူ၏ နောက်ခံကိုပင် မသိလိုက်သဖြင့် ပြဿနာအရင်းအမြစ်ကို သူ မည်သို့မည်ပုံရှင်းထုတ်နိုင်မည်နည်း။
ထို့အပြင် သူ့တွင် ထိုသို့လုပ်နိုင်သော ခွန်အားမျိုးမရှိပေ။ ဤလူတစ်ယောက်တည်းကပင် သူ့ကို သတ်လုနီးပါးဖြစ်ခဲ့၏။ ဤလူများကို နှိုးဆွရန်မတတ်နိုင်သဖြင့် သူသည် ခပ်ဝေးဝေးတွင် နေရမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ယခင်က ပြောင်းရွှေ့ရန်စိတ်ကူးခဲ့ဖူးသည်။ လျို့ယွီရှုတို့ မိသားစုကဲ့သို့ လူချမ်းသာများနေထိုင်သည့်နေရာများတွင် လုံခြုံရေးပိုကောင်းရုံသာမက ပိုမိုကောင်းမွန်သော ကျင့်ကြံရေးအခြေအနေများလည်းရှိသည်။ ယေဘုယျအားဖြင့် ယနေ့ကဲ့သို့ဖြစ်ပျက်ရန်မဖြစ်နိုင်ပေ။
သူတို့ကဲ့သို့ အရပ်သားလူနေရပ်ကွက်များတွင် လုံခြုံရေးအစောင့်အနည်းငယ်သာရှိ၍ မတူညီသောနေရာများတွင် တပ်စွဲထားရသည်။ သို့သော်လည်း လူချမ်းသာများနေထိုင်သည့်ရပ်ကွက်တစ်ခုတွင် လုံခြုံရေးတစ်ခုတည်းကပင် အရပ်သားနေထိုင်သည့် ဧရိယာထက် အဆပေါင်းဆယ်ဆလောက်ပိုသာသည်။ ထို့အပြင် သူတို့အားလုံးသည် တပ်မတော်မှ အငြိမ်စားယူထားကြသော စစ်မှုထမ်းဟောင်းများဖြစ်ကြသဖြင့် ယနေ့ကဲ့သို့ကိစ္စမျိုး ဖြစ်မလာနိုင်ပေ။ ထို့အပြင် ကင်မရာအမျိုးမျိုးလည်းရှိသဖြင့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် ဖော်ထုတ်နိုင်မည်ဖြစ်သည်။
ဤကိစ္ဏကို သူယခင်ကဦးစားပေးမလုပ်ဖူး၍သာဖြစ်သည်။ သူ့ကိုယ်ပိုင်ကျင့်ကြံရေးတိုးတက်မှု သို့မဟုတ် သူ့ညီမ၏ ရောဂါကုသရန်သည်သာ သူ၏ ဦးစားပေးစာရင်းထဲတွင် ထိပ်ဆုံး၌ရှိနေခြင်းဖြစ်သည်။
သူသည် မကြာသေးမီကပင် ထင်ပေါ်ကျော်ကြားလာခဲ့ကာ သူ့တွင် ဦးစားပေးလုပ်စရာကိစ္စများစွာရှိနေခဲ့သည်။ ထို့အပြင် သူမိသားစုမှ မည်သူကမှ ငြင်းဆိုခြင်းမရှိကြသဖြင့် လအနည်းငယ်စော၍ဖြစ်စေ၊ လအနည်းငယ်အကြာတွင်ဖြစ်စေ၊ မည်သည့်အချိန်အိမ်ပြောင်းကြပါစေ ကွဲပြားခြားနားမှုမရှိပေ။ သို့သော် ယနေ့ဖြစ်ပျက်ခဲ့သော အရာသည် ချူးယွင်ဖန်းအား ထိတ်လန့်စေခဲ့သည်။ ထို့ကြောင့် ဤကိစ္စကို အတတ်နိုင်ဆုံးခပ်မြန်မြန် ဖြေရှင်းရမည်ဖြစ်၏။
သို့သော်လည်း သူသာ ချမ်းသာသောရပ်ကွက်ကို ပြောင်းရွှေ့ချင်လျှင် အိမ်စျေးချည်းတင် ကောင်းကင်လောက်မြင့်မားနေလိမ့်မည်ဖြစ်သ်ည။ ဥမအာအားဖြင့် လျူယုရှုနှင့် သူမမိသားစုနေထိုင်သသော လဝိဉာဥ်အသိုင်းအဝိုင်းတွင် အလွန် စျေးအသက်သာဆုံးအိမ်သည် ဆယ်သန်းမှစတင်မည်ဖြစ်ကာ အများအားဖြင့် သန်းဆယ်ချီတန်ဖိုးရှိနိုင်၏။ တကယ်တမ်းတွင် လျုယုရှုတို့မိသားစု၏ အိမ်ကြီးများတည်ရှိရာ လဝိဉာဥ်အသိုင်းအဝိုင်း၏ အတွင်းပိုင်းတွင် အိမ်တစ်လုံးသည်ပင် သန်းရာနှင့်ချီ၍တန်ကြေးရှိနိုင်၏။
ဤအရာက သန်းဆယ်ဂဏန်းမျှသာရှိသော ချူးယွင်ဖန်းကို ထိုနေရာမျိုးသို့ပြောင်းရွှေ့နိုင်ရန် အချိန်အတော်ကြာမည်ဟု တွေးစေခဲ့သည်။ သူက ချက်ချင်းပင် သူ့ငွေကြေးအားဖြင့် မလုံလောက်နိုင်တော့သည်ကို ခံစားမိသဖြင့် ငွေရှာရန်နည်းလမ်းများကို ချက်ချင်းတွေးတောနေရသည်။
ချူးယွင်ဖန်း၏ အတွေးများပျံ့လွင့်နေသည်ချိန်တွင် ဥသြဆွဲသံတစ်ခုကို ထွက်ပေါ်လာသည်။ နောက်ဆုံးတော့ ရဲများရောက်လာပြီဖြစ်သည်။
အခန်း (၁၀၈) မကောင်းဆိုးဝါး ကိုးကွယ်မှု
ဇာတ်လမ်းအားလုံးကဲ့သို့ပင်၊ ရဲများသည် အမြဲ ပွဲအပြီးတွင်မှ ရောက်လာတတ်ကြသည်။ သို့သော် ကိစ္စများသည် ရုတ်တရက်ဆန်ဆန် မကြာခဏဖြစ်တတ်သဖြင့် သူတို့ကိုလည်း အပြစ်တင်၍မရပေ။ ပစ်မှတ်ထားကြိုတင်ကာကွယ်မှုသာမဟုတ်လျှင် ကြိုတင်သိရှိရန် မလွယ်ကူပေ။ သို့သော်လည်း ခေတ်မီလူ့အဖွဲ့အစည်းတွင် ရဲများတုံ့ပြန်သည့် အရှိန်သည် အလွန်မြန်၏။ ချူးယွင်ဖန်းတစ်ယောက် 911 ဖုန်းခေါ်ဆိုမှုလုတ်ကို နှိပ်ပြီးနောက် ဆယ်မိနစ်မပြည့်မီတွင်ပင် ရဲအရာရှိတစ်ဦးပေါ်လာ၏။
ချူးယွင်ဖန်းက ဘာမှမပြောလိုက်သော်လည်း 911 ခလုတ်အား နှိပ်လိုက်ခြင်းကပင် ကိစ္စအတော်အများကို ရှင်းပြရန်လုံလောက်၏။ ခေတ်မီလူ့အဖွဲ့အစည်းတွင် မှားယွင်းသောအချက်ပေးခြင်းများနှင့် ရဲများအား စနောက်ခြင်းအတွက် ပြစ်ဒဏ်သည် ပြင်းထန်၏။ ယခုတော့ မည်သူကမှ ရဲများအား မစနောက်ရဲကြတော့ပေ။
အဦးဆုံး အပြေးအလွှားလာရသူများသည် ကင်းလှည့်အရာရှိများဖြစ်သည်။ သူတို့ရောက်သည့်အခါတွင် အနက်ရောင်ဝတ်အမျိုးသမီး၏ အလောင်း၊ အသက်ပြင်းပြင်းရှုနေသော ချူးယွင်ဖန်းနှင့် မြေပြင်ပေါ်တါ၍် သတိမေ့စွာလဲလျောင်းနေသော ချူးချင်ရွှမ်ကို တွေ့ရှိခဲ့ကြသည်။ သူတို့က ဤသည်မှာ အမှုကြီးတစ်ခုဖြစ်မှန်း သတိထားမိကြသည်။ မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်သည့် စစ်မြေပြင် အဝေးတွင် လူသေသည့် ကိစ္စသည် အလွန်ကြီးမား၏။
ခေါင်းဆောင်သည် လူလတ်ပိုင်းအရာရှိတစ်ဦးဖြစ်သည်။ မြေပြင်အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် အဖြစ်အပျက်အသေးစိတ်ကို သူစိတ်ထဲတွင် ချက်ချင်းပုံဖော်လိုက်သည်။ အမှုအခင်းများကို ကိုင်တွယ်သည့် နှစ်ပေါင်းများစွာအတွေ့အကြုံဖြင့် အခြေအနေကို တစ်ခဏချင်းတွင်ပင် နားလည်လိုက်သည်။ အနက်ရောင်ဝတ်အမျိုးသမီးသည် တစ်စုံတစ်ယောက်ကို ပြန်ပေးဆွဲရန်ကြိုးစားခဲ့ပုံရကာ ဤလူငယ်၏ အသတ်ခံရခြင်းဖြစ်သည်။
“ရှောင်ဝမ်၊ စစ်တပ်ကို အကြောင်းကြားပါ။ ဒါ ငါတို့ကိုင်တွယ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။ ရှောင်လီ၊ ကောင်လေးကို ကားဆီခေါ်သွားပြီး ကုသလိုက်” လူလတ်ပိုင်းအရွယ်လူက အခြားလူများကို အော်ပြောလိုက်သည်။
သူ့နောက်တွင် အရာရှိငယ်တစ်ဦးက အမျှော်လင့်ထားစွာဆိုသည်။
“ခေါင်းဆောင် ချန်၊ ကျွန်တော်တို့ ဘာကြောင့် စစ်တပ်ကို အကြောင်းကြားရမှာလဲ။ လူတစ်ယောက်သေရင်တောင် ကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ကိုပဲ အကြောင်းကြားဖို့လိုအပ်ပြီး သူတို့တာဝန်ယူပေးမှာမလား”
“အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ကလည်း ဒီကိစ္စကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ စခန်းကိုအကြောင်းကြားပြီး စစ်တပ်ကို ကိုင်တွယ်ခိုင်းလိုက်”
အသက်လတ်ပိုင်း အရာရှိသည် အနက်ရောင်ဝတ်အမျိုးသမီး၏ အလောင်းကို အကျည်းတန်သောအမူအယာဖြင့်ကြည့်ကာ သူ့မျက်လုံးများတွင် နက်နဲသော မုန်းတီးမှုများပေါ်လွင်နေ၏။
“ဟုတ်ကဲ့ဆရာ”
အရာရှိငယ်သည် အမြန်တုံ့ပြန်ကာ စခန်းသို့ပြေးသွားခဲ့သည်။ အခြားအရာရှိငယ်က အမြန်သွားကာ ချူးယွင်ဖန်းအား အနာကျက်ဆေးဖြန်း၏။ ချူးယွင်ဖန်းသည် ချက်ချင်းပင် ပို၍သက်သာလာကာ အေးမြသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ အရာရှိငယ်၏အကူအညီဖြင့် သူသည် ဆေးကုသမှုခံယူရန် ရဲကားထဲသို့ဝင်နိုင်ခဲ့သည်။
ခေတ်မီလူ့အဖွဲ့အစည်းတွင် ကင်းလှည့်အရာရှိများသည် အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ရလေ့ရှိသောကြောင့် ၎င်းတို့၏ ကင်းလှည့်ကားများသည် များသောအားဖြင့် ဆေးဘက်ဆိုင်ရာ စက်ကိရိယာများတပ်ဆင်ထားကြသည်။ ခက်ခဲရှုပ်ထွေးသောရောဂါများကို ကုသရန်နည်းလမ်းမရှိသော်လည်း ဒဏ်ရာများနှင့် အရိုးကျိူးခြင်းများကဲ့သို့ ပြဿနာများသည် ကုသရန် လွယ်ကူသင့်သလောက် လွယ်ကူ၏။ ဆယ်မိနစ်ကျော်ကြာပြီးနောက် ချူးယွင်ဖန်း၏ လက်မောင်းကို ကုသပေးခဲ့သည်။ ရှေးဟောင်းလူသားများကာလတွင် ထိုဒဏ်ရာများသည် ရက်ပေါင်းတစ်ရာမျှ အနားယူခြင်းမရှိလျှင် မပျောက်နိုင်ပေ။ သို့သော်လည်း ခေတ်မီလူ့အဖွဲ့အစည်းတွင် ဆေးဘက်ဆိုင်ရာနည်းပညာသည် အလွန်သာလွန်သည်။ ပြင်းပြင်းထန်ထန်လှုပ်ရှားမှု ပြုလုပ်ခြင်းမရှိသရွေ့တော့ သူသည် ရက်အနည်းငယ်အကြာတွင် ပြန်ကောင်းသွားလိမ့်မည်ဖြစ်သည်။ ပိုမိုဘေးကင်းစေရန် ချူးယွင်ဖန်းသည် ကျောက်ပတ်တည်းစည်းထားရသေး၏။
ထိုနှင့်တင် မကပေ။ ဒဏ်ရာများစွာရခဲ့ကာ အတွင်းအင်္ဂါများပင ဒဏ်ရာရထား၏။ သို့သော် ယင်းတို့သည် အသေးအဖွဲ့ပြဿနာများသာဖြစ်သည်။ အနည်းငယ်ကုသမှုခံယူပြီးလျှင် နောက်နေ့တွင် ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ ယခုအချိန်တွင် ချန်ဟုခေါ်သော လူလတ်ပိုင်းအရာရှိသည် ချူးယွင်ဖန်းကို စတင်၍မေးမြန်းခဲ့သည်။
“မင်း အဲ့ဒီ့မိန်းမကို သတ်လိုက်တာလား”
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ခြင်း အနေဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် တစ်ဖက်သားကို သတ်လျှင်ပင် ပစ်မှုမမြောက်ပေ။
“ငါအခုလေးတင် စစ်ဆေးကြည့်ပြီးပြီ။ ဒီအနက်ရောင်ဝတ်အမျိုးသမီးက စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အိပ်ကာလမှာ ဆရာတစ်ဆူဖြစ်နေပြီ။ မင်းက သူ့ကို ဘယ်လိုသတ်လိုက်တာလဲ” ခေါင်းဆောင်ခန်က သိချင်စိတ်ပြင်းပျစွာမေးသည်။ ချူးယွင်ဖန်းက သူ့ညီမကို မြက်ခင်းပြင်ပေါ်မှရဲကားဆီသို့ရွှေ့လိုက်သည်ကို မြင်ရသော်အခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် သူက
“သူမက သတိမထားဘူး။ သူ ကျွန်တော်ကို သေချာပေါက်သတ်နိုင်မယ်လို့ထင်နေခဲ့ပေမယ့် ကျွန်တော့်ကို လျှော့တွက်ခဲ့တယ်။ ဒီလိုနဲ့ သူ့ကို သတ်ဖို့အခွင့်အရေးရှာတွေ့ခဲ့တာပဲ”
ချူးယွင်ဖန်းက ပေါပေါ့ပါးပါးပြောလိုက်သည်။ သို့သော်လည်း ခေါင်းဆောင်ချန်သည် အတွေ့အကြုံမရှိသော လူသစ်တစ်ဦးမဟုတ်ပေ။ စွမ်းအင်သန့်စင်ခြင်းအဆင့်မှ ကျွမ်းကျင်သူတစ်ဦးသည် ချီပင်လယ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်လိုလျှင် နည်းလမ်းပေါင်းများစွာရှိသည်ကို သူကောင်းစွာသိသည်။ ချီပင်လယ်အဆင့်သည် အလွန်အားကောင်းသော်လည်း စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိသူကို သတ်ရန်လွယ်ကူမည်မဟုတ်ပေ။ ရှင်သန်ရန် အခွင့်အလမ်းနည်းသော အနီးကပ်တိုက်ပွဲတစ်ခုဖြစ်မည်မှာ သေချာပေါက်ပင်ဖြစ်သည်ကို ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ဒဏ်ရာများမှတစ်ဆင့် ထင်ရှားစွာတွေ့မြင်နိုင်၏။
“ငါ အရင်က ဒါကိုမြင်ဖူးတယ်။ ဒါအရမ်းသန်မာတဲ့အရည်အချင်းရှိသူတစ်ယောက်ပဲ။ မင်းက သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ လက်နက်သုံးခဲ့တာဖြစ်မယ်။ မင်းမှာ လက်နက်ရှိလို့ တော်တော်ကံကောင်းသွားတယ်မှတ်ပါ။ မဟုတ်ရင် မင်း ချက်ချင်းအသတ်ခံလိုက်ရမှာပဲ။ စွမ်းအင်သန့်စင်မှုအဆင့်ရှိတဲ့ ကျွမ်းကျင်သူတွေက သူတို့ရဲ့ စွမ်းအင်စစ်ကို ပုံစံထောင်ပေါင်းများစွာနဲ့ လေ့ကျင့်ခဲ့တာပဲ။ သူမလို သိုင်းသမားတစ်ယောက်အတွက် သူမရဲ့စွမ်းအင်စစ်က ဝါဂွမ်းထဲထည့်ဖွက်ထားတဲ့ အပ်တစ်ချောင်းလိုပဲ။ သိုင်းကွက်တစ်ခုက မင်းခန္ဓာကိုယ်ထဲကို သောင်းချီတဲ့ အပ်တွေထိုးနေတာနဲ့တူတယ်။ သိုင်းကွက်တစ်ခုက မင်းအသတ်ကို နှုတ်ယူသွားဖို့ လုံလောက်တယ်” ခေါင်းဆောင် ချန်က ချူးယွင်ဖန်း ရုန်းကန်ဖြတ်ကျော်ခဲ့ရသည်ကို နားလည်သည်။
ချူးယွင်ဖန်းက ခေါင်းညိတ်သည်။ အနက်ရောင်ဝတ်အမျိုးသမီးနှင့် တိုက်ခိုက်စဥ် သူမ၏ စွမ်းအင်စစ်ကို ထုတ်လိုက်သောအခါတွင် အစုလိုက်အပြုံလိုက်ဖြစ်သွားသည်ကို သိရှိခဲ့ရသည်။ စွမ်းအင်သည် ပြန့်ကျဲသွားကာ တစ်ဖက်သူ၏ စွမ်းအင်စစ်ကို အပ်များအဖြစ် စုစည်းသွားစေနိုင်သည်။ သေခြင်းတရားဖြင့် ဖုံးကွယ်ထားခြင်းဖြစ်စေ၊ သူမသည် သူ့ထက် များစွာသန်မာခဲ့သည်။
စွမ်အင်ကို ထိန်းချုပ်ရန် ပုံစံများစွာဖြင့် လေ့ကျင့်သင်ကြားခြင်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်၏ စစ်မှန်သောအဓိပ္ပါယ်ပင်ဖြစ်သည်။ ယခင်က သူ့ဆရာ ရံဖန်ရံခါပြောဖူးသည်ကို ကြားခဲ့ဖူးသော်လည်း ထိုအချိန်က ကွာခြားချက်သည် ကြီးမားလွန်းကာ စိတ်ထဲမထားခဲ့ပေ။ ထိုသို့သော ကျွမ်းကျင်သူတို့ သွားရာလမ်းကို သူဖြတ်ကျော်ရန် မမျှော်လင့်ထားခဲ့ပေ။
“မင်းပြောသလိုပဲ။ ဒီတစ်ခါ မင်းတကယ်ကံကောင်းခဲ့တာ။ မကောင်းဆိုးဝါးကိုးကွယ်မှုအဖွဲ့ရဲ့ လူတွေက သူတို့ သိုင်းကွက်ပြုလုပ်တဲ့အခါ အမှားလုပ်လေ့လုပ်ထမရှိဘူး။ များသောအားဖြင့် မိုးကြိုးသိုင်းကွက်လုပ်ပြီး ချက်ချင်းထွက်သွားကြတာ” ခေါင်းဆောင်ချန်က ပြောသည်။
“မကောင်းဆိုးဝါး ကိုးကွယ်မှု” ဟူသော စကားလုံးနှစ်လုံးကိုပြောသောအခါ သူမျက်လုံးများသည် မုန်းတီးမှုများဖြင့် ပူလောင်သွားခဲ့သည်။
“မကောင်းဆိုးဝါးကိုးကွယ်မှု ဟုတ်လား။ ဘာမကောင်းဆိုးဝါးကိုးကွယ်မှုလဲ။ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။” ချူးယွင်ဖန်းက ချက်ချင်းပင် စာကြောင်း၏ အဓိကအချက်ကို ချက်ချင်း ဆုတ်ကိုင်လိုက်သည်။
ခြုံခိုတိုက်ခိုက်ခံရခြင်းသည် သူ့အား မလုံခြုံမှဒကို ပြင်းပြင်းထန်ထန် ခံစားမိစေသည်။ အနက်ရောင်ဝတ်အမျိုးသမီးအကြောင်းသိရရန် သူမစောင့်နိုင်တော့ပေ။
“ပြည်ထောင်စုအစိုးရက မကောင်းဆိုးဝါးကိုးကွယ်မှုကို လူသိရှင်ကြာမထုတ်ပြန်ထားဘူး။ ဒါပေမယ့် သူတို့က ဖုံးကွယ်ထားခြင်းလည်းမရှိဘူး။ ဒါပေမယ်။ သူတို့နဲ့ ဆက်ဆံဖူးတဲ့သူအရေအတွက်က အရမ်းနည်းပါးလို့ လူအများစုက မကောင်းဆိုးဝါးကိုးကွယ်မှုကြောင်း မသိကြဘူး။ မင်းက သူတို့ကို တွေ့ပြီးပြီဆိုတော့ မင်းမှာ သိပိုင်ခွင့်ရှိတယ်။ ငါ မင်းကိုပြောပြမယ်။” ခေါင်းဆောင်ချန်က ဆိုသည်။
“ငါတို့ရဲ့ သေလောက်တဲ့ရန်သူဟာ မကောင်းဆိုးဝါးတွေဆိုတာ မင်းသိတယ်မလား” ခေါင်းဆောင်ချန်က မေးသည်။
“ဟုတ်၊ ကျွန်တော်သိပါတယ်” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ လူသားနှင့် မကောင်းဆိုးဝါးများအကြားစစ်ပွဲသည် ကမ္ဘာမြေမှ ခွန်းလွန်ခေတ်အထိ၊ ကုန်းမှ ပင်လယ်အထိ၊ ပင်လယ်မှ ကောင်းကင်အထိရောက်သွားခဲ့သည်။ အာကာသပြင်သည်ပင် စစ်မြေပြင်ဖြစ်လာခဲ့ပြီဖြစ်သ်ည။ ဤသည်မှာ လူမျိုးနှစ်ခုကြားမှ ရှင်ခြင်းနှင့် သေခြင်းအကြားစစ်ပွဲပင်ဖြစ်သည်။
“ငါတို့ထဲမှာ လူသားမျိုးနွယ်ရှင်သန်ထမြောက်ရေးအတွက် သူတို့အသက်ကို စတေးခဲ့ကြတဲ့သူတွေ မရေမတွက်နိုင်အောင်ရှိတယ်။ ဒါပေမယ့် တချို့လူတွေကတော့ ရည်မှန်းချက်ကြီးကြပြီး ငါတို့ကို နောက်ကွယ်ကနေ ဆွဲချနေကြတယ်။ မကောင်းဆိုးဝါးတွေရဲ့ အုပ်စိုးမှုဟာ မှန်ကန်တဲ့လမ်းကြောင်းလို့ သူတို့က ယုံကြည်ကြတယ်။ ဒါ့ကြောင့် သူတို့က ပြည်ထောင်စုအစိုးရကို ဖြိုခွင်းမယ့် လှုပ်ရှားမှုတွေမှာ ပါဝင်ကြတယ်။ ဒီလူတွေက မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ။”
ခေါင်းဆောင်ချန်က သူပြောသမျှစကားလုံးတိုင်းကို တစ်လုံးချင်းပြော၏။