← Chapters

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း(၁၁၂) အကြပ်အတည်းကို ခေတ္တရှောင်လွဲနိုင်ခဲ့တယ်

ဒီလူနှစ်ယောက်သည် တိုက်ပွဲရာဖြင့်ချီကို ဖြတ်သန်းခဲ့ဖူးပါသည်။ ထို့ကြောင့် ခြုံခိုတိုက်ခိုက်ခံရကြောင်း ချက်ချင်းသဘောပေါက်ကြသည်။ ထင်ထားသကဲ့သို့ပင်၊ စစ်ယူနီဖောင်းဝတ်ထားသော စစ်သားအနည်းငယ်က သူတို့ကို ဝန်းရံထားသည်။ သူတို့အားလုံသည် ရဲရင့်သော လေထုနှင့် ပြင်းထန်သော တိုက်ပွဲအရောင်အဝါများကို ပိုင်ဆိုင်ထားသည်။ သူတို့သည် ပထမတန်းစား လက်ရွေးစင်များဖြစ်ကြသည်။

“သေစမ်း၊ ဒါက စစ်တပ်ကနေ ခြုံခိုတိုက်ခိုက်တာပဲ။ ငါတို့ ဒီကနေထွက်သွားရမယ်”

အရပ်ရှည်ရှည် အနက်ရောင်ဝတ်ထားသည့် အမျိုးသားက ချက်ချင်း တုံ့ပြန်လိုက်သည်။ သူတို့နှစ်ဦးသည် ခံစစ်စည်း၏ အားအနည်းဆုံးနေရာဆီသို့ပြေးသွားကြသည်။ သူတို့ကို တားဆီးနေသည့် စစ်သားတစ်ယောက်သာရှိသည်။ သူတို့နှစ်ဦးသည် သူ့ထံသို့အရှိန်ဖြင့်ပြေးသွားသောအခါ၊ စစ်သားတစ်ယောက်တည်းသည် သူတို့နှစ်ဦးအား တစ်ချိန်တည်းတွင် တားဆီးနိုင်ရန်မဖြစ်နိုင်တော့ပေ။ သို့သော သူတို့နှစ်ဦးသည် စစ်သား၏ ဘယ်၊ ညာမှနေ၍ ကျော်ဖြတ်ရန် ညှိနှိုင်းနေကြစဥ်တွင် အနီးနားရှိ ခြုံပုတ်ထဲမှ လူတစ်ယောက်ပြေးထွက်လာခဲ့၏။ သူတို့နှစ်ဦး လက်ရှိဖြစ်စဥ်ကို မသိလိုက်ခင်တွင်ပင် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ လက်ဝါးဖြင့်ရိုက်လိုက်သည်ကို ခံစားလိုက်မိသည်။

ဘမ်း

ဘမ်း

အနက်ရောင်ဝတ်လူနှစ်ဦးသည် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွား၏။

“အခု မင်းတို့ငါ့ရှေ့မှာ ရှိနေကြမှတော့ ငါဘယ်လိုလုပ် မင်းတို့ကို လွှတ်ပေးရတော့မလဲ”

လူတစ်ဦးက ထွက်လာသည်။ ၎င်းမှာ ရွှယ်ပိုင်လုံသာဖြစ်သည်။ “မင်းတို့ ဒီလောက်အလျင်လိုနေမယ်လို့ ငါမထင်ထားဘူး။ ဒါလည်း ကောင်းပါတယ်။ ငါတို့ နောက်ထပ်ရက်ကြာကြာ ခြုံခိုစောင့်ဆိုင်းရတာကနေ ကယ်လိုက်တာပဲပေါ့”

သူတို့နှစ်ဦးက ဖြစ်နေသည့် အခြေအနေကို၊ အထူးသဖြင့် သူတို့ရှေ့တွင်ရပ်နေသော ရွှယ်ပိုင်လုံကို သိသွားသောအခါတွင် သူတို့အတွက် သူ့ကို ရင်ဆိုင်ရန်မလွယ်မှန်း သိသွားကြသည်။ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စိတ်ထဲပြင်ဆင်လိုက်ကြသည်။ သူတို့သည် သူတို့ပါးစပ်ကို ဖွင့်ကာ အဆိပ်သောက်၍သတ်သေကြတော့မည်ဖြစ်သည်။

သို့သော် ရွှယ်ပိုင်လုံသည် ပို၍ အတွေ့အကြုံရှိခဲ့သည်။ ဤအတွက် သူကြိုတင်ပြင်ဆင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူသည် လျှပ်စီး၏ အရှိန်ဖြင့် တိုက်ခိုက်ကာ သူတို့၏ ခြေလေးချောင်း၊ လက်လေးချောင်းနှင့် မေးစေ့သို့ အရှိန်ပြင်းပြင်းဖြင့်မသန်မစွမ်းဖြစ်စေကာ မလှုပ်ရှားနိုင်စေရန် လုပ်လိုက်သည်။ ရွှယ်ပိုင်လုံသဘ် ၎င်းတို့၏ သွားများနောက်ဆွင် ဖ‌ယောင်းဖြင့် အဆိပ်ခတ်ထားသော အဆိပ်တစ်ခုကို တွေ့ရှိခဲ့သည်။ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်း၏ ဤလူများကိုကိုင်တွယ်ရခြင်းသည် သူ့အတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ခဲ့ပေ။ ထိုဂိုဏ်းသားများသည် မစ်ရှင်များအတွက် မထွက်မီတွင် ဤအရာများကို သတ်သေရန်ကြိုတင်ပြင်ဆင်ထားကြသည်။ ဖမ်းမိပါက သူတို့၏ ဂိုဏ်းကို သစ္စာဖောက်ကြခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ မကောင်းဆိုးဝါး အစွန်းရောက်ဂိုဏ်း၏ အဖွဲ့ဝင်များသာ စိတ်ညှို့ခံထားရကာ ဦးနှောက်ဆေးခံထားကြရသဖြင့် မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းကို မည်သည့်အခါတွင်မှ သစ္စာဖောက်ကြလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ယနေ့ခေတ်တွင် အဆုံးမရှိသော စစ်ကြောရေးနည်းလမ်းများစွာရှိ၏။ သူတို့သည် မကောင်းဆိုးဝါးအဖွဲ့ဝင်များပြောဆိုရန် နည်းလမ်းများစွာကို အမြဲတစေရှာဖွေနေလျက်ရှိကာ သူတို့အားဖမ်းမိသည်နင့် ၎င်းတို့ထံမှ သတင်းရယူရန်မှာ လွယ်ကူသွားမည်ဖြစ်သည်။

“သူတို့ကို ပြန်ခေါ်သွား ခြေလက်တွေဖြတ်လိုက်ပြီး သူတို့ရဲ့ သိုင်းပညာကို သုံးမရအောင်လုပ်လိုက်။ ပြီးရင် စတင်စစ်မေးတော့။ သူတို့ထဲက နှစ်ယောက်ကို အရှင်လတ်လတ်ဖမ်းနိုင်ဖို့ဆိုတာ ရှားတယ်။ တည်ငြိမ်သမုဒ္ဒရာမြို့ ထဲက သူတို့ရဲ့ တွင်းအောင်းဂူကိုရှာပြီး တစ်ချက်တည်း တစ်ဖွဲ့လုံးကို ဖမ်းဖို့ နည်းလမ်းရှာရမှာပေါ့” ရွှယ်ပိုင်လုံက စစ်သားများကို အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ”

စစ်သားများသည် ရှေ့သို့ပြေးကာ လူနှစ်ဦးကို အမြန်ခေါ်သွားကြသည်။ ခဏအကြာတွင် သူတို့သည် ရပ်ကွက်အတွင်းမှ ‌ပျောက်ကွယ်သွားကြသည်။

ရွှယ်ပိုင်လုံသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည် ရပ်ကွက်အတွင်းရှိ အဆောက်အဦတစ်ခုအတွင်းသို့ဝင်ရောက်ကာ ချူးမိသားစုအိမ်ကိုတွေ့ရှိခဲ့သည်။ သူက လူခေါ်ဘဲလ်ကိုနှိပ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ညသန်းခေါင်ပင်ဖြစ်နေသော်လည်း မိသားစုသည်၊ အထူးသဖြင့် သိုင်းဝတ်စုံဝတ်ထားကာ အချိန်မရွေးတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပုံပေါ်သော ချူးယွင်ဖန်းသည် အိပ်ရန်စိတ်မဝင်စားတော့ပေ။ ရွှယ်ပိုင်လုံဖြစ်နေသည်ကို မြင်သောအခါ သူက တံခါးဖွင့်၍

“ဗိုလ်ကြီးရွှယ်၊ ဒီလောက်နောက်ကျနေမှ ဘာလို့လာတာလဲ”

“ဟားဟား မင်းကိုကြည့်စမ်း၊ ဘာလို့ ဒီလောက်စိတ်ပူနေပုံပေါ်နေရတာလဲ။ ငါသတင်းကောင်းလေးတစ်ခုပြောပြချင်လို့ လာတာပါ။ ထင်ထားတဲ့အတိုင်း မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းက သူတို့လူတွေကို ထပ်ပြီးစေလွှတ်ခဲ့တယ်။ ဒါပေမယ့် သူတို့အားလုံးကို တစ်ချက်တည်းဖမ်းမိသွားတယ်” ရွှယ်ပိုင်လုံကပြောသည်။

ရွှယ်ပိုင်လုံ၏စကားကို ကြားသောအခါ ချူးများသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းအကြောင်း ကြားပြီးစဥ်တည်းက တစ်မိသားစုလုံး၊ အထူးသဖြင့် မကောင်းဆိုးဝါးဂိုဏ်းသည် အမှောင်ထဲတွင်ရှိနေကာ သူတို့သည် မြင်သာထင်သာရှိသောနေရာတွင်ရှိနေကြရသည့်အတွက် တစ်မိသားစုလုံးသည် အလွန်စိုးရိမ်သောကရောက်နေသော အခြေအနေတွင် ရှိနေကြ၏။ ယင်းကို မကာကွယ်နိုင်ကြပေ။ လူတိုင်းသည် နေ့တိုင်း သူခိုးများဖြစ်နေနိုင်သည်။ သို့သော် သူခိုးများကို နေ့တိုင်း ကာကွယ်ရန် နည်းလမ်းရှိပါသလား။

“ဗိုလ်ကြီးရွှယ်၊ သူတို့ပြန်မလာတော့ဘူးမလား”ယန်ယာယွင်က မေးသည်။

“စိတ်မပူပါနဲ့၊ အခုသူတို့ကို ဖမ်းမိပြီးတာနဲ့ စစ်ကြောရေးကို ပို့ပြီး မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းကို နှိမ်နင်းဖို့ စစ်တပ်ကို စုရုံးပြင်ဆင်ထားမယ်။ သူတို့ ဒီအချိန်အတောအတွင်းတော့ ခင်ဗျားတို့ကို အန္တရာယ်ပေးဖို့ အချိန်ရှိမှာမဟုတ်ဘူး။ ခင်ဗျားတို့ကို ဒုက္ခပေးနေသေးရင် ကျွန်တော်တို့ အလုပ်ကို ကောင်းကောင်းလုံလုံလောက်လောက် မလုပ်နိုင်လို့ပဲ” ရွှယ်ပိုင်လုံက သူတို့ကို နှစ်သိမ့်ပေးသည်။

ရွှယ်ပိုင်လုံ၏ ပေါ့ပါးသောအသံကို ကြားသောအခါ သူတို့အားလုံးသက်သာရာရသွားသည်။ သူအသံသည် အလွန်ယုံကြည်မှုရှိနေပုံရ၏။

“ကောင်းပြီ၊ ကျွန်တော့်မှာ လုပ်စရာတွေကျန်သေးတယ်။ ခင်ဗျားတို့ အနားယူသင့်ပြီ” ရွှယ်ပိုင်လုံသည် အချိန်ပိုအလုပ်လုပ်နေရသည်ဟု လုံးဝမခံစားရပေ။ ယင်းအစား သူ စိတ်လှုပ်ရှားနေသည်။ မကောင်းဆိုးဝါးဂိုဏ်း၏ အဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးခဲ့ကာ တည်ငြိမ်သမုဒ္ဒရာမြို့ရှိ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်း၏ ဌာနချုပ်သို့ သဲလွန်စများကို ခြေရာခံနိုင်မည်ဖြစ်သည်။ တုန်ဟွာမြို့ရှိ ၎င်းတို့၏ ဌာနချုပ်ကိုပင် ရှာတွေ့နိုင်လောက်သည်။ သူသာ ဤသည်ကို ကောင်းကောင်းကိုင်တွယ်နိုင်လျှင် နောက်ထပ်ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်နိုင်ကာ သူ့အတွက် အဆင့်ထပ်တက်ရန်လုံလောက်ပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ်၊ ဗိုလ်ကြီးရွှယ်။ ဂရုစိုက်ပါ”

ချူးယွင်ဖန်းသည် ရွှယ်ပိုင်လုံကို ပြန်လွှတ်လိုက်ပြီးနောက်ဆွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ နောက်ဆုံးတွင်တော့ အသက်ရှုချောင်သွားသကဲ့သို့ ခံစားရသည်။ အနည်းဆုံးတော့ ဤကိစ္စကို စိတ်ပူနေစရာလိုအပ်တော့မည်မဟုတ်ပေ။ ခဏအကြာတွင်သူမိသားစု နောင်တွင် ဤသို့မဖြစ်စေရန် ခပ်ဝေးဝေးသို့ ပြောင်းရွှေ့ရမည့် နည်းလမ်းကို တွေးတောနေမိသည်။

“နောက်ဆုံးတော့ ကောင်းကောင်းအိပ်လို့ရပြီ” ယန်ယာယွင်က သမ်းကာပြောလိုက်သည်။

ချူးဝမ်ချန်းသည် သူ့မိန်းမနှင့် ကလေးမျးာကို ကြည့်ကာ

“ဒီမှာ နည်းနည်းအန္တရာယ်များနေသေးတယ်။ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းက ဘယ်လိုနေလဲ ငါမသိပေမယ့် ဝမ်းနည်းနေရမှာထက်တော့ ဘေးကင်းအောင်နေဖို့ကပိုအရေးကြီးပါတယ်။ ဒီနေ့ည လက်မှတ်တွေကြိုဖြတ်ပြီး ကျင်ဟွာမြို့ကို ချက်ချင်းသွားရအောင်။ ငါတို့ မနက်ဖြန်ထွက်ကြမယ်”

“ကောင်းပြီ” ချူးယွင်ဖန်းက ဆိုသည်။ “မနက်ဖြန်မနက်အတွက် လက်မှတ်တွေ ကြိုတင်ထားလိုက်မယ်”

“ဒါပေမယ့် သားရဲ့နောက်ဆုံးစာမေးပွဲကရော ယွင်ဖန်း” ယန်ယာယွင်က စိုးရိမ်တကြီးမေးသည်။

“အဆင်ပြေပါတယ်။ ရက်နည်းနည်းကြာရင် သားပြန်လာလိုက်မယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အခု လွန်းပြန်ယာဥ်က အရမ်းမြန်နေပါပြီ။ တည်ငြိမ်သမုဒ္ဒရာမြို့ကနေ ကျင်ဟွာမြို့ကို နာရီဝက်ပဲကြာတော့တယ်” ချူးယွင်ဖန်းက ဆိုသည်။

“ကောင်းပြီလေ။ ဒါက ရှောင်နေဖို့အခွင့်အရေးကောင်းပဲ” ချူးဝမ်ချန်းက ဆိုသည်။ သူ့အတွက်တော့ သူ့သားသမီး၏ လုံခြုံရေးထက် မည်သည်ကမှ ပို၍အရေးမကြီးပေ။

မိသားစုက ဆုံးဖြတ်ပြီးသည်နှင့် သူတို့သည် အခန်းကိုယ်စီသို့ ပြန်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် နောက်တစ်နေ့မနက်လေယာဥ်အား ဘိုကင်တင်ရန် အွန်လိုင်းသို့တက်ခဲ့သည်။ ထို့နောက်မှသာ တရားထိုင်ခြင်းအဆင့်သို့ရောက်ရှိသွားကြသည်။ သူ့လက်တစ်ဖက်ဒဏ်ရာရသွားကာ သိုင်းပညာကို မလေ့ကျင့်နိုင်သော်လည်း သူ၏ စွမ်းအင်စစ်ကို လေ့ကျင့်ပေးနိုင်သေးးသည်။

ချူးယွင်ဖန်း တရားစထိုင်သောအခါတွင် သူစိတ်ထဲ၌ နတ်ဘုရားစိတ်ဝိဉာဥ်သည် ကြည်လင်သောစွမ်းအင်စီးကြောင်းတစ်ခုဖြင့် ဖြည့်စွမ်းပေးနေသည်ကို ခံစားရသည်။ ကျိုးသွားသော လက်မောင်းတစ်လျှောက်သို့ ၎င်းသည် စီးဆင်းသွား၏။ ချူးယွင်ဖန်းသည် ဧကရာဇ်ကျင့်စဥ်ကို စတင်ကျင့်ကြံကာ သူ့ဒဏ်ရာများကို ကုသလျက်ရှိသည်။ ဧကရာဇ်နည်းလမ်းသည် ခန္ဓာကိုယ်အား သန့်စင်ရာတွင် အကောငင်ဆုံးဖြစ်ကာ ဒဏ်ရာကုသရာတွင် အထူးထိရောက်မှုရှိသည်။

နှိုးစက်နာရီကြောင့် ချူးယွင်ဖန်းနိုးလာသောအခါ နံနက် ခြောက်နာရီကျော်နေပြီဖြစ်သော်လည်း ချူးယွင်ဖန်းသည် နာရီအနည်းငယ်ကြာတရားထိုင်ပြီးနောက်တွင် သူ့ဒဏ်ရာများ ပျောက်ကင်းလုနီးပါးဖြစ်နေသည်ကို အမှန်တကယ်ပင်တွေ့ရှိခဲ့သည်။ အကင်းမသက်သာသော်လည်း အခြေခံအလုပ်များကို လုပ်ရာတွင် ပြဿနာမဟုတ်တော့ပေ။ ခေတ်မီ‌ဆေးပညာ၏အထောက်အပံ့ဖြင့်ပင် ဤအတိုင်းအတာထိပြန်လည်သက်သာလာရန် ရက်အနည်းငယ်ကြာ အချိန်ယူရမည်ဖြစ်သော်လည်း ယခုမူ နာရီပိုင်းအတွင်း သက်သာသွားပြီဖြစ်သည်။ နတ်ဘုရားစိတ်ဝိဉာဥ်နှင့် စွမ်းအားကြီး မသေမျိုး ဧကရာဇ်ကျင့်စဥ်၏ ကုသနိုင်စွမ်းသည် ချူးယွင်ဖန်းကိုပင် အလွန်အံ့အားသင့်သွားစေခဲ့သည်။

ချူးယွင်ဖန်း တံခါးကို ဖွင့်လိုက်သောအခွတွင် အခြားမိသားစုဝင်များနိုးနေပြီဖြစ်သည်။ ယမန်နေ့ညက ကောင်းကောင်းအိပ်မပျော်ကြသည်မှာ သိသာ၏။ မနက်စာစားပြီးသည်နှင့် မိသားစုသည် ထွက်လာခဲ့သည်။ တက္ကစီစီးကာ တည်ငြိမ်သမုဒ္ဒရာမြို့၏ လေဆိပ်သို့ သွားခဲ့ကြသည်။

အခန်း (၁၁၃) အနမ်းဦး

နံနက်စောစောတွင် တည်ငြိမ်သမုဒ္ဒရာမြို့ လေဆိပ်သည် လူများဖြင့် စည်ကားလျက်ရှိနေပြီဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့သည် တုန်ဟွာမြို့၏ သြဇာခံမြို့များထဲမှ တစ်ခုသာဖြစ်သော်လည်း လူဦးရေ ဆယ်သန်းကျော်ရှိနေဆဲဖြစ်သည်။ မျက်မှောက်ခေတ်ကိုသာပြန်ရောက်မည်ဆိုလျှင် ဤမြို့ကို နိုင်ငံတကာ မြို့ပြကြီးတစ်ခုဟုပင် သတ်မှတ်ထားလိမ့်မည်ဖြစ်သည်။

သူတို့သည် လေယာဥ်ကို ကြိုတင်ဘိုကင်တင်ထားကြသည်ကြောင့် ချူးများသည် လေယာဥ်ပေါ်သို့မတက်ခင် အချိန်ကြာကြာ စောင့်ရန်မလိုပေ။ သပ်တောင့်သက်သာရှိစေရန် ချူးယွင်ဖန်းသည် ငွေမလောက်မငှမဖြစ်နေသောကြောင့် ပထမတန်းစားခုံများကို ကြိုတင်စာရင်းပေးထားခဲ့သည်။

ချူးဝမ်ချန်းနှင့် ယန်ယာယွင်တို့သည် သူတို့သား ပိုက်ဆံဖြုန်းတီးနေသည်ဟု မပြောခဲ့ကြပေ။ သူတို့သားသည် သူတို့အတွက်တွေးပေးနေသည်ကို သူတို့နားလည်ကြသည်။ ထို့အပြင် ယနေ့ခေတ်တွင် လေယာဥ်စီးရန် အနည်းဆုံး ယွမ်ထောင်ဂဏန်းကုန်ကျမည်ဖြစ်သော်လည်း ယခုအချိန်တွင် သူတို့သားသည် ငွေကြေးမချို့တဲ့သေးပေ။ သူတို့ကဲ့သို့ ဝင်ငွေရှာရခက်သော သူများအတွက်တော့ ပထမတန်းစားခုံစျေးသည် လုံလောက်၏။

သို့သော် လက်ရှိချူးယွင်ဖန်းအတွက်မူ ဤငွေအနည်းငယ်သည် အမှန်ပင် ဘာမှမဟုတ်ပေ။

လေယာဥ်ပေါ်တက်ပြီးနောက်တွင် သူ့ညီမ ချူးချင်ရွှမ်သည် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်းတွင် သူမသည် အိမ်ထဲမှ အိမ်ပြင်ထွက်လေ့ထွက်ထမရှိပေ။ တည်ငြိမ်သမုဒ္ဒရာမြို့မှ ထွက်ခွာခဲ့သည်ကို မဆိုနှင့် ဤသည်မှာ စီးပွားရေးလေယာဥ်ပေါ်တွင် ပထမဆုံးအကြိမ်ချူးယွင်ဖန်း ထိုင်ဖူးခြင်းဖြစ်သည်။ လွန်ခဲ့သောရက်အနည်းငယ်ကသာ တိုက်ပွဲစစ်အတန်းအတွက် တပ်မတော်၏ သယ်ယူပို့ဆောင်ရေးယာဥ်ကို မစီးဖူးခဲ့လျှင် ဤသည်မှာ အမှန်တကယ်ပင် ပထမဆုံးအကြိမ်လေယာဥ်စီးဖူးခြင်းဟု ယူဆနိုင်သည်။

မျက်‌မှောက်ခေတ်မှ လူများနှင့် ယှဥ်လျှင် ခွန်းလွန်ခေတ်ကလူများသည် လေယာဥ်အနည်းအကျဥ်းကိုသာ စီးဖူးကြသည်။ လူတော်တ်ောများများသည် သူတို့ မွေးဖွားကြီးပြင်းခဲ့သော မြို့အား စွန့်ခွားခြင်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ မြို့မှထွက်သွားလျှင် အဆုံးမရှိသော မကောင်းဆိုးဝါးအုပ်များစွာ ရှိနေမည်ဖြစ်သည်။ ကောင်းကင်၊ မြေပြင်နှင့် သမုဒ္ဒရာများတွင်ပင် မကောင်းဆိုးဝါးများဖြင့် ပြည့်နေ၏။ ထို့အတွက်ကြောင့် မြို့များအကြားခရီးသွားခြင်းသည် မျက်မှောက်ခေတ်ထက် များစွာစျေးကြီး၏။

သို့သော် နည်းပညာတိုးတက်မှုကြောင့် လက်ရှိစီးပွားဖြစ်လေယာဥ်များသည် မျက်မှောက်ခေတ်ကာလထက် အဆပေါင်းများစွာပိုကြီးသည်။ လူတိုင်းတွင် အရင်ကထက် ခြေချစရာနေရာ ပို၍ကျယ်ကျယ်ရှိလာသည်။ မိသားစုအဖွဲ့လိုက်လက်မှတ်များပင် ရှိကာ ချူးယွင်ဖန်းသည် ဤသို့သောလက်မှတ်မျိုးကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အခန်းတစ်ခုထဲတွင် မိသားစုဖြင့်နေရသကဲ့သို့ပင်၊ အခြားမည်သူမျှမရှိပေ။ လှဲလျောင်းကာ အနားယူနိုင်သော ကကုတင်အနည်းငယ်ပင်ရှိသေး၏။

ချူးများသည် အနားယူရန်လှဲချလိုက်သည်။ ယမန်နေ့ညတွင် ကောင်းကောင်းမအိပ်ရသောကြောင့် အချိန်ကို အခွင့်ကောင်းယူကာအနားယူလိုက်ကြသည်။ လေယာဥ်နှင့် ပတ်သက်၍ နှောင့်နှေးမှုမရှိပေ။ ၎င်းသည် လျင်မြန်စွာပျံတက်ကာ မကြာမီတွင်ပင် ကောင်းကင်ယံဆီသို့ ပျံတက်သွားသည်။ သို့သေ ၎င်းသည် အချိန်များစွာ မပျံသန်းခဲ့ပါ။ တည်ငြိမ်သမုဒ္ဒရာမြို့တော်မှ ထွက်ခွာပြီး မကြာခင်တွင်ပင် ပျံသန်းနေသော မကောင်းဆိုးဝါးအုပ်စုနှင့်ကြုံတွေ့ခဲ့ရသေးသည်။ အကယ်၍ ၎င်းသည်သာ မျက်မှောက်ခေတ်၏ ခရီးသည်တင်လေယာဥ်ဖြစ်လျှင် ဤပျံသန်းနေသော မကောင်းဆိုးဝါးအုပ်ဖြင့် တွေ့ဆုံပါက မျှော်လင့်ချက်ရှိတော့မည်မဟုတ်ပေ။ သို့သော် လက်ရှိခရီးသည်တင်ယာဥ်သည် တိုးစစ်အားကောင်းသော စွမ်းအားများဖြင့် တပ်ဆင်ထားခြင်းဖြစ်သည်။ လေဆာရောင်ခြည်များဆက်တိုက်ပစ်လွှတ်ကာ အဆိုပါ ပျံသန်းနေသော မကောင်းဆိုးဝါးများကို မောင်းထုတ်ပစ်လိုက်သည်။

သိပ်မကြာမီတွင် လေယာဥ်သည် ပြင်ပလေထုထဲသို့ရောက်သွား၏။ ချူးယွင်ဖန်းသည် ပျံသန်းနေသည့် မကောင်းဆိုးဝါးများသည် ဤနေရာတွင်မပျံသန်းနိုင်သောကြောင့် ခရီးသည်တင်လေယာဥ်များသည် ဤနေရာတွင်ပျံသန်းရန်ရွေးချယ်ခဲ့ကြကြောင်း သူ့ဖတ်စာအုပ်ထဲမှ သင်ယူခဲ့ဖူးသည်။ ၎င်းတို့သည် ဤနေရာတွင် အန္တရာယ်ကင်းကင်းပျံသန်းနိုင်သည်။ လိုအပ်ပါက လေယာဥ်သည် အာကာသယာဥ်အဖြစ်ပင်ပြောင်းလဲနိုင်ကာ အာကာသထဲသို့ ပျံသန်းနိုင်၏။ ခေတ်မီခရီးသည်တင်ယာဥ်သညအားလုံးတွင် ဤသို့သော ဒီဇိုင်းမျိုးရှိသော်လည်း ပုံမှန်အခြေအနေအောက်တွင် ၎င်းကို အသုံးပြုနိုင်မည်မဟုတ်ပေ။

နာရီဝက်ခန့်အကြာတွင် လေယာဥ်သည် ကျင်းဟွာမြို့ လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ လေယာဥ်မှ ဆင်းပြီးနောက် ချူးယွင်ဖန်း၏ မိသားစုသည် သူတို့၏ ဦးတည်ရာဖြစ်သော ကျင်းဟိုင် ပထမ ဆေးရုံသို့ သွားခဲ့သည်။ ဤသည်မှာ လက်ရှိရနိုင်သော အကောင်းဆုံးဆေးရုံများထဲမှ တစ်ခုဖြစ်၏။

အပြင်ဘက်တွင် လူများစွာတန်းဆီနေကြသော်လည်း ချူးများကဲ့သို့ တစ်ကြိမ်တည်း သန်းဆယ်ဂဏန်းလောက် အသုံးပြုခဲ့သော VIP များသည် အထူးအခွင့်အရေးများကို ရရှိကြသည်။ သူတို့ကို ချက်ချင်းစီမံပေးကာ ဇိမ်ခံလူနာဆောင်များတွင် ထားလိုက်၏။ လူနာဆောင်တွင် ဇိမ်ခံခန်းများလည်းရှိသည်။ ဤသည်က ချူးချင်ရွှမ်ဆေးကုသမှု ခံယူနေစဥ်အတူနေမည့် ချူးဝမ်ချန်းနှင့် ယန်ယာယွင်တို့အတွက် အဆင်ပြေသည်။ တည်းခိုခန်း၊ ဟိုတယ်များရှာရန် မလိုအပ်ပေ။

အားလုံးပြီးစီးသည့်နောက်တွင် မွန်းတည့်ချိန်ပင်ဖြစ်နေပြီဖြစ်သည်။ ချူးယွင်ဖန်းက သက်ပြင်းချလိုက်သည်။ ငွေသည် တကယ့်ကိုပင် ဘုရင်ဖြစ်သည်။ သူ့တွင် ပိုက်ဆံမရှိလျှင် ဆေးရုံတက်သည့် လုပ်ငန်းစဥ်များပြီးရန် မည်မျှကြာနိုင်သည်ကို တွေးကြည့်မိသည်။ ဤသို့အခြေအနေမျိုး မဖြစ်လာနိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် ဆေးရုံတွင် နေ့လည်စာစားပြီးနောက် လေကောင်းလေသန့်ရရန် အပြင်သို့ထွက်ရန်ဆုံးဖြတ်လိုက်သည်။ နေ့လည်ပိုင်းတွင် ဆေးရုံမှ သူ့ညီမ၏ရောဂါအကြောင်း အထူးကုဆရာဝန်နှင့် တိုင်ပင်ကာ နောက်ဆုံးအတည်ပြုချက်ကို ရယူခဲ့သည်။

အရာအားလုံးပြီးသွားသောအခါတွင် ပြဿနာတစ်စုံတစ်ရာမျှ ရှိလာလိမ့်မည်မဟုတ်ကြောင်း ဆရာဝန်ကာ အာမခံခဲ့သည်။ ဤသည်ကာ နောက်ဆုံးအတည်ပြုချက်တစ်ခုသာဖြစ်သည်။ ဤခွဲစိတ်မှုသည် တစ်ရက်နှင့် တစ်ညကြာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဆရာဝန်များသည်လည်း ကိုယ်ပိုင် ကျင့်ကြံရေးများရှိကြသည်။ မဟုတ်ပါက ဤမျှကြာအောင် ထိန်းထားနိုင်လိမ့်မည်မဟုတ်ပေ။

အတွင်းလူနာဌာန၏ ဥယျာဥ်တွင် ချူးယွင်ဖန်းသည် ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်နေ၏။ မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကို သူ့စိတ်ထဲတွင် ပြန်လည်သတိရနေချိန်တွင် သူ့အတွေးများသည် လွင့်ပြန့်သွား၏။

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့သည့်အချိန်မှစ၍ သူ့ဘဝ၏ ပြောင်းလဲမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ လအနည်းငယ်သာကြာခဲ့ပြီးဖြစ်သော်လည်း သူ့ဘဝ၏ လွန်ခဲ့သော ဆယ်နှစ်တာထက် ပိုစိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု သူခံစားရသည်။ သူအရာများစွာကို ကြုံတွေ့ခဲ့ရသည်။

ဒုက္ခများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ကောင်းကင်ဘုံမှသည် သူ့အား ဤကံကောင်းမှုဖြင့် ကြုံဆုံခွင့်ရသည့်အတွင် အလွန်ပင်ကျေးဇူးတင်နေသေးသည်။ မဟုတ်လျှင် သူ့ညီမဖျားနှာမှုသည်ပင် သူ့ဘဝတစ်လျှောက်လုံးအား ကူကယ်ရာမဲ့ဖြစ်သွားစေပေလိမ့်မည်။

ပြာလဲ့လဲ့ကောင်းကင်ကြီးတွင် တိမ်ဖြူဖြူကြီးတစ်စင်း ဖြည်းညှင်းစွာဖြတ်ကျော်သွားသည်။ စက္ကန့်တိုင်း အရေးပါနေသည့် ဘဝကို လအနည်းငယ်ကြာအောင် ဖြတ်သန်းပြီးသည့်နောက်တွင် သူဤကဲ့သို့ သက်တောင့်သက်သာ အေးအေးဆေးဆေးနေခဲ့သည်မှာ မည်မျှကြာခဲ့ပြီကို သူမသိပေ။

ရုတ်တရက် လှပသော မျက်နှာသည် ချူးယွင်ဖန်း၏ရှေ့တွင် ပေါ်လာကာ သူ၏ အမြင်အာရုံကို ပိတ်ဆို့လိုက်သည်။ အနက်ရောင်ဆံနွယ်အုပ် ခပ်သေးသေးသည် ပြုတ်ကျလာကာ ချူးယွင်ဖန်း၏ မျက်နှာပေါ်သို့ရောက်လာ၍ မွှေးရနံ့တစ်ခုက သူ့နှာခေါင်းထဲတိုးဝင်လာသည်။ ချူးယွင်ဖန်းသည် လန့်သွားကာ အမြန်ထရန်ပြင်လိုက်သည်။ ထို အလွန်လှပသိမ်မွေ့သော မျက်နှာကလေးသည် ချူးယွင်ဖန်းထံမှ ထိုသို့ တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိသဖြင့် သူတို့နှစ်ဦး၏ မျက်နှာများ မဆုံတွေ့ရန် ရှောင်တိမ်းချိန်မရှိလိုက်ပေ။

တစ်ဦးနှင့် တစ်ဦး နီးကပ်သွားသည်နှင့် နွေးထွေးနူးညံ့သော အထိအတွေ့တစ်ခုသည် ချူးယွင်ဖန်း၏ နှုတ်ခမ်းပေါ်သို့ ကျရောက်လာ၏။

ထို့နောက် ချူးယွင်ဖန်းသည် ထထိုင်ကာ အပေါ်သို့ မော့ကြည့်လိုက်သည်။ အသက် ဆယ့်သုံး၊ ဆယ့်လေးနှစ်ရှိမည့် ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူမ၏ မျက်နှာသည် လှပသိမ်မွေ့ကာ မျက်လုံးများသည် ရေကဲ့သို့ ကြည်လင်နေ၏။ သူမ၏အနက်ရောင် ဆံနွယ်ရှည်များသည် ပခုံးများကို ကျော်၍ အောက်သို့ လွင့်ကျလျက်ရှိသည်။ တီရှပ်တစ်ထည်ကို ဂျင်းဘောင်းဘီဖြင့် တွဲဖက်ဝတ်ဆင်ထားကာ ပေါ့ပေါ့ပါးပါးဖြစ်လျက်ရှိသည်။ သူမသည်ကား ဉာဏ်ကြီးရှင် ဆေးပညာရှင် ပိုင်လင်အာဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် ပိုင်လင်အာ၏ ပါးပြင်များနီမြန်းလာကာ သူမ၏ လည်ပင်းတစ်လျှောက်နီရဲလျက်ရှိသည်။ သူမသည် အလွန်လှပသော်လည်း နှုတ်ခမ်းများကို သုတ်နေကာ အလွန်ထိတ်လန့်နေပုံပေါ်သည်။

သူမသည် မျက်ရည်လဲ့နေသော မျက်လုံးဝိုင်းကလေးများနှင့် ချူးယွင်ဖန်းကို စိုက်ကြည့်ကာ ဆိုသည်။

“ရှင်ဘာလို့ ဒီလိုလုပ်တာလဲ”

ချူးယွင်ဖန်းသည်လည်း ဒေါသထွက်နေသော အမူအယာဖြင့်

“မင်းက တစ္ဆေလိုအမူအယာမျိုးနဲ့ ရုတ်တရက်ပေါ်လာတာ၊ အခု ငါ့ကို လာအပြစ်တင်နေတာလား”

ပိုင်လင်အာက ဒေါသထွက်သွားသည်။ သူမသည် သူမ၏ မိသားစုရှိအကြီးအကဲတစ်ဦးထံသွားရောက်ရန် ကျင်းဟိုင် ပထမဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ ဆေးသင်တန်းသားစာမေးပွဲတွင် သူမထက်သာလွန်ခဲ့သော ထိုမိတ်ဆွေဖြင့် တွေ့ဆုံရန် မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် အနည်းငယ် စနောက်ကာ သူကို ခြောက်ချင်ခဲ့သော်လည်း ဤသို့ဖြစ်သွားလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။ ထိုငညစ်ကို သူမ မခြောက်လှန့်နိုင်ခဲ့ရုံသာမက သူမကိုလည်း အခွင့်ကောင်းယူခဲ့သည်။

၎င်းသည် သူမ၏ ပထမဆုံးအနမ်းဖြစ်သည်။

သူမ၏စိတ်ကူးထဲတွင် ပထမဆုံးအနမ်းသည် အလွန် ရိုမန်တစ်ဆန်သော ပတ်ဝန်းကျင်တွင် ဖြစ်သည်။ သူမသည် အရပ်ရှည်၊ ချောမော၊ ချမ်းသာကာ နူးညံ့သိမ်မွေ့၍ စာနာထောက်ထားတတ်သော စွမ်းအားကြီးချစ်သူကိုသာ ပေးမည်ဖြစ်သည်။ ဤသည်သို့ ညစ်ညမ်းသည့သည့် ကောင်ဆိုးမျိုးဖြင့် ဤအခြေအနေမျိုးတွင်မဟုတ်သည်မှာတော့ သေချာပါသည်။

အခန်း(၁၁၄) စီးပွားရေးလုပ်ငန်းကြီးတစ်ခု

ချူးယွင်ဖန်းသည် ငတုံးတော့မဟုတ်ပေ။ တစ်ကြိမ်တစ်ခါလေးမှ မနမ်းဖူးသော်လည်း ပိုင်လင်အာ၏ အသွင်အပြင်ကိုပြည့်ကာ နွေးထွေးသောခံစားချက်ဟူသည် မည်သည်ကို ဆိုလိုသည်မှန်း သူနားမလည်နိုင်ခဲ့ပေ။ သို့သော် ဤသည်ကို ယခုအချိန်တွင် ရိုက်နှက်ခံရသည့်တိုင် ဝန်ခံနိုင်မည်မဟုတ်ပေ။ မဟုတ်လျှင် ပိုင်လင်အာလက်ဦးသွားပေလိမ့်မည်။

ချူးယွင်ဖန်း၏ စကားကြောင့် ပိုင်လင်အာဒေါသထွက်သွားသည်။ သူမ၏ ဖွံ့ဖြိုးဆဲဖြစ်သော ရင်သားအသွယ်သွယ်သည် ဒေါသကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်လျက်ရှိသော်လည်း နောက်ဆုံးတွင် သူမကိုယ်ပိုင်၏ သဘောဖြင့် သူ့အနားသို့ တိုးကပ်သွားခဲ့ခြင်းသာဖြစ်သည်။

သူမ၏ ပထမဆုံးအနမ်းသည် ရှုပ်ထွေးကုန်ကာ နားမလည်နိုင်အောင်ဖြစ်သွားခဲ့ပြီဖြစ်သည်။ သူမသည် အသက်ဆယ့်လေးနှစ်သာရှိသေးသော်လည်း မိန်းကလေးငယ်တစ်ဦး၏ မျှော်လင့်ချက်ကလေးများတော့ ရှိနှင့်နေပြီဖြစ်သည်။

“ဒါ မင်းရဲ့ ပထမဆုံးအနမ်းမဟုတ်ဘူးမလား” ချူးယွင်ဖန်းက ဆိုသည်။

“ဟ၊ အင်းလေ ဘယ်ဟုတ်ပါ့မလဲ” ပိုင်လင်အာ၏ မျက်နှာသည် နီရဲနေသော်လည်း ပထမဆုံးအနမ်းဖြစ်ကြောင်း မဝန်ခံချင်ပေ။ ယင်းမှာ ရှက်စရာကောင်းလွန်းလှသည်။

“ဒါဆို ပြီးပြီပေါ့။ ငါ့ရဲ့ ပထမဆုံးအနမ်းလည်း မဟုတ်ဘူး။ ငါ့လို ခပ်မိုက်မိုက်ယောက်ျားမျိုးက အကြိမ်ရာနဲ့ချီပြီးနမ်းဖူးတယ်။ ဒါ ငါတို့ ပထမဆုံးအနမ်းမဟုတ်တဲ့အတွက် ငါတို့ စိတ်အနှောက်အယှက်ဖြစ်နေစရာမလိုဘူး” ချူးယွင်ဖန်းသည် မည်သည်ကြောင့်မှန်းမသိသော်လည်း ပိုင်လင်အာ၏ နီမြန်းနေသော မျက်နှာလေးကိုမြင်ကာ စချင်နောက်ချင်စိတ်များဖြစ်ပေါ်လာ၏။

“ရှင်” ပိုင်လင်အာက ချူးယွင်ဖန်းကို လက်ညှိုးထိုးလိုက်သည်။ သူမ၏ သွယ်လျသော လက်ချောင်းကလေးများသည် အနည်းငယ်တုန်ယင်နေ၏။

“မင်းဘာကို ဆိုလိုတာလဲ။ စိတ်မပူပါနဲ့ ငါ ဖရဲသီးအသေးလေးတွေကို မကြိုက်ဘူး” ချူးယွင်ဖန်းက ဆိုသည်။

ပိုင်လင်အာသည် ပို၍ပင် ဒေါသထွက်လာသည်။ ချူးယွင်ဖန်းနှင့် တွေ့ပြီးစဥ်တည်းက ကောင်းတာတစ်ခုလေးမှ မဖြစ်သေးဟု ခံစားရသည်။ သူမ အဖိုး၏ စာအုပ်သည်ပင် သူ့ထံ၌ ကြုံရာကျပန်းဝေဖန်ခြင်းခံခဲ့ရကာ ဆေးသင်တန်းသားစာဖြေပွဲတွင်လည်း သူမ၏ ဉာဏ်ကြီးရှင်ပွဲဦးထွက်ကို လုယူသွားခဲ့သည်။ လူတိုင်းသည် ပထမလူကိုသာ အာရုံစိုက်ကြကာ၊ မည်သူက ဒုတိယနေရာကို ဂရုစိုက်ကြလိမ့်မည်နည်း။

ယခု တတိယအကြိမ်ဆုံသောအခါတွင်မူ သူမ၏ ပထမအနမ်းကို ယူသွားခဲ့ပြန်ပြီဖြစ်သည်။

ဤသည်မှာ ပထမဆုံးအနမ်းမဟုတ်ပေ။ နှုတ်ခမ်းများအချင်းချင်း မတော်တဆထိတွေ့မှုသာဖြစ်သည်။ ဤသို့တွေးကာ ပိုင်လင်အာက ရုတ်တရက်ပို၍ နေသာထိုင်သာရှိလာသည်။ ဤသည်ကိုသာ ပထမဆုံးအနမ်းဟုယူဆနိုင်လိမ့်မည်ဆိုလျှင် သူမမွေးကင်းစအရွယ် ကလေးဘဝတွင်တည်းက သူ့မိဘများကို ပထမဆုံးအနမ်းမပေးခဲ့ရခြင်းလား။ ချူးယွင်ဖန်းသည် စကားလုံးအနည်းငယ်ပြောပြီးသည့်နောက် ခဏရပ်လိုက်သည်။ သူသာ ဆက်ပြောလျှင် ပိုင်လင်အာတစ်ယောက် တကယ်ပင် ရူးသွားနိုင်သည်။

“မင်းဘာလို့ ဒီရောက်နေတာလဲ”

ပိုင်လင်အာက သူမကိုယ်သူမ စိတ်လျော့စေလိုက်ကာ ဆိုသည်။

“ဘာလို့ ငါကဒီမှာ မရှိနေနိုင်ရမှာလဲ”

ချူးယွင်ဖန်း တစ်ခုခုပြောရန်ပြင်နေစဥ်တွင် အတွေးတစ်ခုခုသည် သူ့ခေါင်းထဲသို့ရောက်လာ၏။ သူက ရုတ်တရက် တစ်ခုခုအကြောင်းတွေးလိုက်ကာ ဆိုသည်။

“အိုး ကောင်းပြီ။ ငါ မင်းကို နောက်ဆုံးတစ်ကြိမ်မေးမယ်။ ဆေးပညာရှင်ကြီး ပိုင်ဟုန်က မင်းနဲ့ဘာပတ်သက်လဲ”

ပိုင်လင်အာ၏ အာရုံကို ချူးယွင်ဖန်းမှ အောင်မြင်စွာလွှဲပေးနိုင်ခဲ့သည်။ သူမက ဆို၏။

“အိုး၊ ရှင် နောက်ဆုံးတော့ သူ့ကို သတိထားမိပြီလား”

နောက်ဆုံးအကြိမ်က၊ ချူးယွင်ဖန်း ပိုင်ဟုန်မည်သူဆိုသည်ကို မသိသကဲ့သို့ပြုမူနေခြင်းကို တွေးကာ သူမဒေါသကြောင့် သွားများကို ကြိတ်လိုက်မိသည်။

သာမန်ပြည်သူများဆိုလျှင် ထားပါ။ သို့သော် ကိုယ့်ရှေးလူကြီးများကို မသိသည့် ဆေးဆရာတစ်ယောက်ယောက်ရှိခဲ့ဖူးပါသလား။ ယင်းသည် ဆေးဘုရင်များနောက် ဒုတိယလိုက်သော ဆေးပညာရှင်များကြားရှိ ထိပ်တန်းလူငယ်အုပ်စုများဖြစ်သည်။ ဆေးပညာရှင်များတင်မကပေ၊ ဆေးပညာတွင် စိတ်ဝင်စားခဲ့သူများပင် သူတို့အားသိသင့်သည်ဖြစ်သည်။

အဲ့နောက်ဆုံးအကြိမ်တုန်းကကြောင့် မင်း ငါ့ကိုမဆုံးမခဲ့ဘူးလား။ အဲ့တာနဲ့ အဲ့ကပြန်သွားတော့ စုံစမ်းကြည့်တယ်။ သူက ဆေးပညာရှင်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာလိုက်ရတယ်လေ” ချူးယွင်ဖန်းကပြောသည်။ သူသည် ဆေးပညာရှင်များအကြောင်းပြောသောအခါတွင် သာမန်လူများကို ရိုသေခြင်းမရှိပေ။ လွန်စွာဂရုမစိုက်သော အမူအယာတစ်ခုသာရှိသည်။ အစွမ်းထက်ကာ ဉာဏ်ရည်ထက်မြတ်သော ဆေးဧကရာဇ်နှင့် နှိုင်းယှဥ်ပါက ပိုင်ဟုန်သည် အတော်သေး သာမန်ကျနေသည်။ ဆေးဧကရာဇ်သည်သာ ဆေးပညာသမိုင်းတွင် ပထမဆုံးနှင့် တစ်ဦးတည်းသော ပုဂ္ဂိုလ်အဖြစ် ဧကရာဇ်ဘွဲ့ကို နှင်းအပ်ခြင်းခံရသူဖြစ်သည်။

ချူးယွင်ဖန်းတစ်ယောက် ပေါ့‌ပေါ့တန်တန်ပြောနေသည်ကို ကြားရသောအခါ ပိုင်လင်အာစိတ်ထဲ ကျိန်ဆဲနေရုံသာ တတ်နိုင်တော့သည်။

‘အထာကျချင်ယောင်ဆောင်နေတာလား။ ငါ့အဘိုးက ဆေးပညာကျွမ်းကျင်သူပဲ၊ ဟုတ်ပြီလား။ သူက ကြောင်လေး၊ ခွေးလေးတစ်ကောင်မဟုတ်ဘူး။ ရှင်က မသိရင် လမ်းသွားလမ်းလာတစ်ယောက်အကြောင်းပြောနေသလိုပဲ”

သူမ၏ အမြင်အရ ချူးယွင်ဖန်းသည် သူမအားဒေါသထွက်စေရန် ရည်ရွယ်ချက်ရှိရှိလုပ်နေခြင်းဖြစ်သည်။ သူသည် သေချာပေါက် ရည်ရွယ်ချက်ရှိရှိလုပ်နေခြင်းပင်ဖြစ်၏။

“ဟမ်” ပိုင်လင်အာက အော်လိုက်သည်။

“ဒါဆို မင်းနဲ့ ပိုင်ဟုန်ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ” ချူးယွင်ဖန်းက ထပ်မေးသည်။

“သူက ငါမိသားစုရဲ့ အကြီးအကဲပဲ” ပိုင်လင်အာက ဆိုသည်။

တကယ်တမ်းတွင် ပိုင်လင်အာသည် ပိုင်ဟုန်၏ မြေးမလေးဖြစ်သည်။ ထို့ကြောင့် အမြဲတစေ အကြီးအကဲဟု ခေါ်ခြင်းဖြစ်သည်။ သူမသည် ပိုင်ဟုန်၏ အနားတွင် နေခဲ့ကာ ငယ်စဥ်တည်းက ဆေးပညာကို သင်ယူခဲ့သည်။

ခေတ်သစ်လူများ၊ အထူးသဖြင့်သိုင်းပညာ ကျွမ်းကျင်သော သူများ၏ သက်တမ်းသည် မျက်မှောက်ခေတ်က လူများထက် များစွာ ပိုကြာရှည်သည်။ ထိုသို့သော သက်တမ်းရှည်များဖြင့် မျိုးဆက်ပေါင်းများစွာ အတူတကွယှဥ်တွဲနေထိုင်ခြင်းသည် အလွန်ဖြစ်လေ့ဖြစ်ထရှိသည့် အခြေအနေတစ်ခုဖြစ်သည်။

“ဒါဆို မင်းတို့နှစ်ယောက်က ဆွေမျိုးတွေပေါ့။ ကောင်းတယ်။ ငါ့ကို မင်းရဲ့အကြီးအကဲဆီခေါ်သွားပါ။ ငါ သူနဲ့ဆွေးနွေးစရာ စီးပွားရေးကိစ္စလေးရှိတယ်” ချူးယွင်ဖန်းက လက်ခုပ်တီးကာ ဆိုသည်။

“ရှင်က ကျွန်မအကြီးအကဲနဲ့ စီးပွားရေးကိစ္စပြောချင်တယ်၊ ဟုတ်လား” ပိုင်လင်အာက ချူးယွင်ဖန်းကို သံသယဝင်စွာကြည့်ရင်းပြောလိုက်သည်။ ချူးယွင်ဖန်းက သူ့အကြီးအကဲနှင့် မည်သည့်အလုပ်လုပ်စရာရှိနိုင်မည်လဲ။

သူမ၏ အကြီးအကဲသည် နိုင်ငံရေးနှင့် စီးပွားရေးအသိုင်းအဝိုင်းတွင် စစ်တပ်မှ အကြီးတန်းများနှင့် အရေးပါသော ပုဂ္ဂိုလ်များအတွက်ပင် ထင်ရှားကျော်ကြားသော ဧည့်သည်တော် တစ်ဦးဖြစ်သည်။ သာမန်ကုမ္ပဏီငယ်များ၏ သူဌေးများပင်လျှင် သူမ၏ အကြီးအကဲနှင့် မတွေ့ဆုံနိုင်ပေ။

“ကျွန်မအကြီးအကဲနဲ့ ရှင်ဘာစီးပွားရေးလုပ်လို့ရနိုင်မှာလဲ။ အဲ့လို စိတ်ကူးယဥ်အတွေးတွေးတွေကို လက်လျှော့လိုက်ပါ။ ကျွန်မအကြီးအကဲက ရှင်နဲ့တွေ့မှာမဟုတ်ဘူး” ပိုင်လင်အာသည် ချူးယွင်ဖန်းကို ကြည့်ကာ သွားများကို ကြိတ်လိုက်သည်။ ဤစက်ဆုပ်ရွံရှာစရာကောင်းသည့်သူကို လက်စားချေရန် အကောင်းဆုံးအချိန်ဖြစ်လိမ့်မည်ဟု သူမထင်လိုက်သည်။

ချူးယွင်ဖန်းသည် လုံးဝမစိုးရိမ်ပေ။ သူက အနည်းငယ်ပြုံးကာ ဆိုလိုက်သည်။

“မင်းပြီးတဲ့ကြိမ်ကာ ဆေးဝါး‌ေပါင်းစပ်မှုဖော်မျူလာကို မမေ့သေးဘူးလား။ မင်းသူ့ကို မပြလိုက်ဘူးလား”

ဆေးဝါး‌ေပါင်းစပ်မှု ဖော်မျူလာအကြောင်းဆွဲထည့်လာသောအခါ ပိုင်လင်အာ၏ အမူအယာသည် ပြောင်းလဲသွားသည်။ သူမသည် လွန်ခဲ့သော လအနည်းငယ်ကနှင့် ကွဲပြားနေပြီဖြစ်သည်။ လွန်ခဲ့သောလအနည်းငယ်အတွင်း သူမသည် သူမခေါင်းထဲသို့ ဆေးပေါင်းစပ်မှု ဖော်မျူလာနှင့် ပတ်သက်သည့် ဗဟုသုတများကို ပြွတ်သိပ်ထည့်ခဲ့သောကြောင့် ယင်း၏ လုပ်ဆောင်ချက်အကြောင်းကို သဘာဝအလျောက်ပင် နားလည်နေပြီဖြစ်သည်။ သူမ၏ အကြီးကဲသည် ဆေးပေါင်းစပ်မှု ဖော်မျူလာကို အဖြေထုတ်ခဲ့ကာ သူမအကြီးအကဲ၏ စကားအရ၊ တစ်စုံတစ်ယောက်သည် ၎င်းကို ဖော်ထုတ်နိုင်သမျှ လူသားများ၏ ဆေးပညာအဆင့်သည် မြင့်မားသောအဆင့်သို့ တိုးတက်လာလိမ့်မည်ဖြစ်သည်။

လက်ရှိတွင် ဆေးဘုရင်များအပါအဝင် ဆေးပညာနယ်ပယ်မှ ထိပ်တန်းပုဂ္ဂိုလ်အုပ်စုတစ်ခုသည် ဆေးပေါင်းစပ်ခြင်းဖော်မျူလာကို ဖော်ထုတ်ရန် ကြိုးစားလျက်ရှိသည်။ ခြေလှမ်းတစ်လှမ်းတိုင်းသည် နှစ်ပေါင်းများစွာကြာခဲ့ကာ ဆယ်နှစ်ထက်ပင်ပိုကြာနိုင်၏။

ချူးယွင်ဖန်း သူမအားနောက်ဆုံးအကြိမ်ရေးပေးခဲ့သည့် ပေါင်းစပ်ခြင်းဖော်မျူလာသည် အရေးကြီးသော အပိုင်းတစ်ခုမဟုတ်သော်လည်း ၎င်းက သူ့အား အနည်းဆုံး နှစ်နှစ်ဆယ်သက်သာစေခဲ့ပြီဟု သူမ၏ အကြီးအကဲက ပြောခဲ့သည်။

“ဆေးပေါင်းစပ်မှုဖော်မျူလာရဲ့ အခြားအပိုင်းတွေ မင်းမှာရှိသေးလား” ပိုင်လင်အာက ကမန်းကတန်းမေးလိုက်သည်။

“ကြည့်ရတာ မင်းအိမ်စာတွေလုပ်ခဲ့တဲ့ပုံပဲ။ အရင်တစ်ခေါက်ကလိုတောင် မထီမဲ့မြင်မလုပ်တော့ဘူး” ချူးယွင်ဖန်းသည် သူမ၏ တုံ့ပြန်မှုကို မြင်ကာ ပေါင်းစပ်မှုဖော်မြူလာကို လေ့လာနှင့်ပြီးဖြစ်ကြောင်း သိလိုက်သည်။ “ဒါတွေကို ငါပြောပြရင် မင်းငါ့ကို နားလည်မှာလား။ မင်းအကြီးအကဲကိုပြောပြမယ်။ ဒီကိစ္စက မင်းအတွက် အရမ်းအကျိုးရှိလိမ့်မယ်လို့ ငါသေချာပေါက်ပြောနိုင်တယ်။ မင်းဒါကို လွတ်သွားရင် နောင်တရလိမ့်မယ်”

ပိုင်လင်အာသည် ချူးယွင်ဖန်းကို သံသယဖြစ်စွာကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် သူမအား လှည့်စားနေသည်ဟု အမြဲခံစားရသည်။ သို့သော် နောက်ဆုံးအကြိမ်တွင် ချူးယွင်ဖန်းသည် ဆေးပေါင်းစပ်မှုဖော်မျူလာ၏ မှန်ကန်သောအပိုင်းတစ်ခုကို အလွယ်တကူရေးသားပေးနိုင်ခဲ့ကာ သူမ အကြီးအကဲ၏ အနည်းဆုံးနှစ်နှစ်ဆယ်ကို သက်သာစေခဲ့သည်။ ဤအရာက သူ့စကားများကို အနည်းငယ်ယုံကြည်စေနိုင်ခဲ့ကာ သူမ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ သူမအကြီးအကဲသည် ချူးယွင်ဖန်းကို တွေ့လိုသောကြောင့် သူမသည်လည်း သူ့ကိုခေါ်ဆောင်သွားရမည်ဖြစ်သည်။ ထို့နောက်ပိုင်းဖြစ်ပျက်မည့်အရာများကို သူမဂရုစိုက်စရာမလိုတော့ပေ။

“ကောင်းပြီ။ ကျွန်မ ရှင့်ကို သူ့ဆီခေါ်သွားပေးမယ်”

All Chapters