အခန်း (၁၁၅-၁၁၇)
Vol. 8 Ch. 115-117
အခန်း (၁၁၅) ဆေးပညာကျွမ်းကျင်သူ၏ ထိတ်လန့်မှု
အဆုံးတွင်၊ ပိုင်လင်အာသည် ချူးယွင်ဖန်းကို သူမ၏ အကြီးအကဲနှင့်တွေ့ဆုံရန် ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ရတော့သည်။ လွန်ခဲ့သောလ အနည်းငယ်က သူခေါင်းထဲသို့ ဗဟုဟုတများစွာကိုရိုက်သွင်းထားသောကြောင့် ဆေးပေါင်းစပဖော်မူလာများ အလွန်အရေးကြီးကြောင်းကို သူမနားလည်ခဲ့သည်။ သူမကိုယ်တိုင်ပင် ဆုံးဖြတ်ချက်မချဝံ့ပေ။ ချူးယွင်ဖန်း အခွင့်ကောင်းယူနေသည်ကို သူမအလွန်ဒေါသထွက်နေသော်လည်း၊ ဤကိစ္စ၏ ပြင်းထန်မှုကို သူမနားလည်သည်။
“ဒါဆို ကောင်းပြီ။ ကျွန်မ အကြီးအကဲနဲ့တွေ့ဖို့ လိုက်ပို့ပေးမယ်” ပိုင်လင်အာကပြောသည်။
“မင်းရဲ့ အကြီးအကဲကရော ဒီမှာလား” ချူးယွင်ဖန်းက မေးသည်။
“ဟုတ်တယ်၊ ကျွန်မအကြီးအကဲက သူ့ သူငယ်ချင်းဟောင်းကို တွေ့ဖို့ ဒီကိုလာလည်တာပဲ။ ကျွန်မကဒီကို အကြီးအကဲနဲ့ အဖော်လိုက်လာပေးတာ။ မဟုတ်ရင် ကျွန်မတို့ လုပ်ဖြစ်မှာမဟုတ်ဘူး”
ပိုင်လင်အာသည် ချူးယွင်ဖန်းကို ကြည့်ပြီးနောက် လှည့်ထွက်သွားကာ ဂုဏ်ယူသော ငန်းတစ်ကောင်အဖြစ် ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် ခဏမျှ တုံ့ဆိုင်သွားသော်လည်း သူမနောက်ကိုသာလိုက်နိုင်တော့သည်ကို သတိထားမိသွားသည်။ ထို့နောက်သူ့မိဘများထံသို့ သူ့ကို လိုက်မရှာရန် စာပို့လိုက်၏။
ချူးယွင်ဖန်းသည် ပိုင်လင်အာနောက်မှ စုပေါင်းဗီလာသို့ လိုက်သွားခဲ့သည်။
ကျင်းဟိုင် ပထမဆေးရုံ၏ အတွင်းလူနာဌာန၌ ထိုသို့သော ဗီလာအဆောက်အအုံ တကယ်တည်ရှိကြောင်း ချူးယွင်ဖန်း ပထမဆုံးအကြိမ်သိလာရခြင်းဖြစ်သည်။ ဂုဏ်သရေရှိ ဧည့်သည်များ ဆေးရုံတက်ချိန်တွင် တည်းခိုရန် နေရာတစ်ခုဖြစ်ရမည်ဟု သူချက်ချင်းနားလည်လိုက်သည်။ ဇိမ်ခံလူနာဆောင်တစ်ခုကို ဘိုကင်လုပ်ခြင်းသည် လုံလောက်ပြီဟု သူထင်ခဲ့သည်။ ယခုမူ၊ ယင်းသည် ဤမြင်ကွင်းနှင့် ယှဥ်လျှင် ဘာမှမဟုတ်ပေ။ သူနုံအလွန်းခဲ့သည်။ ပိုင်ဟုန်သည် ဆေးပညာရှင်ကြီးတစ်ဦးဖြစ်ကာ ကမ္ဘာပေါ်တွင် ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူ့ သူငယ်ချင်းဟောင်းသည် သာမန်လူမဟုတ်မည်မှာ သဘာဝသာဖြစ်၏။ ဤသို့သော ဗီလာနေရာကို တတ်နိုင်သည်မှာ သူ့အတွက်တော့ ပုံမှန်သာဖြစ်သည်။
သူတို့ လမ်းလျှောက်လာသည်နှင့် ရုတ်တရက် လူတစ်ယောက်သည် သူတို့ထံသို့လျှောက်လာ၏။ ထိုလူသည် အရပ်ရှည်ကာ သန်မာပုံပေါ်သည်။ တန်ဖိုးကြီး ဝတ်လုံကို ဝတ်ဆင်ထားသည်။ သူ့တစ်ခေါင်းလုံးသည် ဆံပင်ဖြူများဖြင့် ပြည့်နေသော်လည်း အသက်အရွယ်ကြီးသည့်ပုံမပေါ်ပေ။ သူ့မျက်နှာတွင် အရေးအကြောင်းအနည်းငယ်သာရှိကာ အသက်လေးဆယ်၊ ငါးဆယ်ဝန်းကျင် လူလတ်ပိုင်းတစ်ဦးနှင့် တူသည်။
ယင်းသည် ဆေးပညာ ကျွမ်းကျင်သူ ပိုင်လုံသာဖြစ်သည်။
ချူးယွင်ဖန်းသည် ချက်ချင်းပင် ဤလူကို သတိထားမိသည်။ ယခင်က သူတွေ့ရှိခဲ့သော အချက်အလက်များတွင် ပိုင်လုံ၏ ဓာတ်ပုံနှင့် ဗီဒီယိုများပါဝင်သည်။
“အကြီးအကဲ” ပိုင်လင်အာကာ ရှေ့သို့အမြန်လှမ်းကာဆိုသည်။ ပိုင်လုံက ပြုံးကာ ခေါင်းညိတ်ပြီးနောက် ချူးယွင်ဖန်းကို ကြည့်လိုက်သည်။
သူသည် တစ်နှစ်ပတ်လုံး မြင့်မားသောအနေအထားတွင်ရှိနေသောကြောင့် သူ့အကြည့်များသည် မသိမသာ အနည်းငယ် စီစဥ်မှုများပါနေ၏။ သူ့အကြည့်အောက်တွင် ဣန္ဒြေမပျောက်ရန် သာမန်လူများအတွက် အလွန်ခက်ခဲသော်လည်း ချူးယွင်ဖန်းသည်မူ သူရှေ့တွင် သက်ဆောင့် သက်သာရှိပုံပေါ်နေသည်ကို သူတွေ့ရှိသွားသည်။ ဤသာမန်လူအိုကြီးတစ်ဦးနှင့် တွေ့ရသောအခါ၊ ဤလူငယ်သည် တည်ငြိမ်ဟန်ဆောင်နေသည်လည်းဖြစ်နိုင်သကဲ့သို့ တကယ့်ကိုပင် သာမန်ကျနေသည်ဖြစ်နိုင်သည်။
အရင်က ပိုင်လင်အာပြောခဲ့သည်ကို ပြန်တွေးကြည့်သောအခါ၊ ချူးယွင်ဖန်းသည် သူ့ကို ယခင်က မသိခဲ့သော်လည်း ပေါင်းစပဖော်မျူလာကိုမူ သူသိနေသည်။ သူ့စိတ်ထဲတွင် ပေါ်လာနိုင်သည့် စကားလုံးတစ်ခုမှာ “မွေးကင်းစနွားသည် ကျားကို မကြောက်ဘူး” ဟူ၍ပင်ဖြစ်သည်။
“မင်းက အဲ့ဒီ ချူးယွင်ဖန်းလား” ပိုင်ဟုန်က ရှေ့တစ်လှမ်းတိုးကာမေးသည်။
ချူးယွင်ဖန်းည် အနည်းငယ် ဦးညွတ်လိုက်ကာ မခယလွန်း၊ မပိုလွန်းသော အမူအယာဖြင့် ဆိုသည်။
“မှန်ပါတယ်၊ ကျွန်တော်က ချူးယွင်ဖန်းပါ။ မင်္ဂလာပါ ဆရာကြီး ပိုင်ဟုန်”
ပို်ငလင်အာသည် အခုလေးတင် မက်ဆေ့ပို့လိုက်ပြီဆိုသည်ကို ချူးယွင်ဖန်းသိလိုက်သည်။ ထု့ိကြောင့် သူသည် ပိုင်ဟုန်ကို ဤနေရာတွင် ‘တိုက်ဆိုင်စွာ’တွေ့ရှိခြင်းဖြစ်လိမ့်မည်။
ချူးယွင်ဖန်းထင်သည်မှာ မှန်သည်။ ပိုင်ဟုန်သည် ပိုင်လင်အာထံမှ အမှန်တကယ်ပင် သတင်းကြားခဲ့ရသောကြောင့် ဤနေရာတွင် အထူးစောင့်ဆိုင်းနေခြင်းဖြစ်သည်။ ပိုင်ဟုန်သည် သာမန်လူတစ်ဦးကို ဤမျှလောက် လေးလေးနက်နက်ဆက်ဆံရန် မဖြစ်နိုင်ပေ။
သူဤသို့ပြုမူရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ ချူးယွင်ဖန်း စောစောကပြောခဲ့သည့် ဆေးပေါင်းစပ်မှု ဖော်မျူလာကြောင့်ပင်ဖြစ်သည်။ ချူးယွင်ဖန်း ပေါ့ပေါ့ပါးပါးရေးချလိုက်သောအရာများသည် သူအား အနှစ်နှစ်ဆယ်လောက် အနည်းဆုံးသက်သာစေနိုင်ခဲ့သည်။ ချူးယွင်ဖန်းတွင် ပေါင်းစပ်ဖော်မျူလာ၏ အခြားအပိုင်းများရှိမရှိကို သူသိချင်သည်။ ချူးယွင်ဖန်းပြောခဲ့သည့် ကြီးမားသောစီးပွားရေး ကိစ္စနှင့် ပတ်သက်၍ သူ့အတွက် တွေးတောစရာရှားသည်။
“မင်းမှာ ငါနဲ့ ဆွေးနွေးစရာ အကြီးကြီးတစ်ခုရှိတယ်လို့ ငါကြားတယ်၊ ဟုတ်လား” ပိုင်ဟုန်က ချူးယွင်ဖန်းကိုကြည့်ကာ အပြုံးမဟုတ်သော အပြုံးဖြင့်ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ဒါက ကြီးမားတဲ့ကိစ္စတစ်ခုပဲ” ချူးယွင်ဖန်းက ခေါင်းညိတ်ကာ ဆိုသည်။
“ဒါပေမယ့်၊ ဒီနေရာက စီးပွားရေးအတွက်နေရာတစ်ခုမဟုတ်မှာ ငါစိုးရိမ်တယ်”
ဤဆေးရုံ၏ နေရာတိုင်းတွင် ကင်မရာများရှိသည်။ ၎င်းတို့ကို လူနာများကို အကာအကွယ်ပေးရန်နှင့် မတော်တဆမှုများကို မဖြစ်စေရန် ထားထားခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ စီးပွားရေးအတွက် မသင့်တော်သော နေရာတစ်ခုဖြစ်နေ၏။
“ကောင်းပြီ။ ငါ့နောက်လိုက်ခဲ့” ပိုင်ဟုန်က ထိုသို့ဆိုပြီးနောက် ချူးယွင်ဖန်းကို ဗီလာထဲသို့ခေါ်သွား၏။ “ဒီဗီလာကို မူလကက ငါ့ရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်က ပြန်လည်သက်သာလာဖို့အသုံးပြုထားတာပါ။ အခုတော့ သူ ဒီမှာမရှိလို့ ငါငှားလို့ရပြီ”
ဗီလာထဲသို့ဝင်ပြီးနောက်တွင် ပိုင်ဟုန် နှင့် ချူးယွင်ဖန်းတို့သည် ဆိုဖာပေါ်တွင် ထိုင်နေကြစဥ် ပိုင်လင်အာသည် သူတို့နှစ်ဦးအတွက် ရိုးကျိုးကာလက်ဖက်ရည်သွားငှဲ့လျက်ရှိသည်။
“မင်းငါ့ကို အခုပြောပြလို့ရပြီလား။ ဘာစီးပွားရေးလုပ်ချင်တာလဲ” ပိုင်ဟုန်ကပြောသည်။
“ကျွန်တော် ခင်ဗျားကို ဆေးဖော်မျူလာလေးတစ်ခု ရောင်းချင်လို့ပါ” ချူးယွင်ဖန်းသည် ဂရုမစိုက်ဟန်ဖြင့်ဆိုသည်။
ပိုင်ဟုန်က ‘အိုး’ ဟု တုံ့ပြန်သည်။ သူ့အဆင့်အတန်းဖြင့် လူအများသည် နှစ်တိုင်း၊ သို့မဟုတ် နေ့တိုင်းပင် ဆေးဖော်မျူလာများ ရောင်းချင်နေကြသည်ဟု ပြော၍ရသည်။ သို့သော် ဆေးဖော်မျူလာအများစုသည် မပြည့်စုံ သို့မဟုတ်၊ တန်ဖိုးမရှိသဖြင့် ၎င်းတို့ထဲမှ တစ်ခုကိုပင် လက်မခံခဲ့ပေ။
“ဘယ်လို ဆေးဖော်မျူလာအမျိုးအစားလဲ” ပိုင်ဟုန်ကမေးသည်။
“ဒါဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော်ရေးထားလိုက်မယ်။ ခင်ဗျားကြည့်ကြည့်ပေါ့” ချူးယွင်ဖန်းက ပြောသည်။ စားပွဲပေါ်မှ စာရွက်ဖြူတစ်ရွက်နှင့် ဘောပင်တစ်ချောင်းကို ယူကာ စတင်ရေးသားလိုက်သည်။
မကြာခင်မှာပင် သူရေးပြီးသည့်နောက် ပိုင်ဟုန်အား ဆေးဖော်မျူလာကိုပေးလိုက်သည်။
ပိုင်ဟုန်သည် ဤကိစ္စကို သိပ်မစဥ်းစားပေ။ လူများကရှာဖွေတွေ့ရှိခဲ့သော ဆေးဖော်မျူလာများမရှိခြင်းမဟုတ်သော်လည်း ယင်းတို့အများသုသည် တန်ဖိုးမရှိပေ။ သို့မဟုတ် ၎င်းတို့သည် သူ့လက်ထဲတွင်ရှိပြီးသားဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် အဓိပ္ပါယ်မရှိပေ။
“ခန္ဓာကိုယ်သန့်စင်ဆေးများ” ပိုင်ဟုန်သည် ၎င်းကိုမြင်သောအခါ စိတ်ဝင်စားမှု လွန်စွာလျော့သွားသည်။ ကိုယ်ခန္ဓာသန့်စင်ဆေးများအတွက် ဆေးဖော်မျူလာသည် အမှန်တကယ်ပင် စျေးကွက်တွင် ရေပန်းစားသော အဆင့်မြင့် ဆေးဖော်မျူလာများမဟုတ်ပေ။ ခန္ဓာကိုယ် သန့်စင်ဆေးအမျိုးအစားများစွာရှိသည်။ သို့သော် လက်တွေ့တွင် အဆင့်မြင့် ဆေးဖော်မျူလာများသည်သာ ငွေကြေးတန်ဖိုးအမြင့်ဆုံးဖော်မျူလာများဖြစ်သည့်အတွက် အသိအမှတ်ပြုခံရသည်။
ကိုယ်ခန္ဓာသန့်စင်ဆေး၏ အခြားသော ဆေးဖော်မျူလာများအတွက်မူ ၎င်းတို့ကို အခြေခံအားဖြင့် ချမ်းသာသူအနည်းငယ်အတွက်သာ ပြင်ဆင်ပေးကြခြင်းဖြစ်သည်။ ထိုလူချမ်းသာများသည် အကောင်းဆုံးဆေးဖက်ဝင်အာနိသင်ရှိသည့် ကိုယ်ခန္ဓာသန့်စင်ဆေးဖြစ်သရွေ့ ငွေကို ဂရုမစိုက်ပေ။ သို့သော် သူ့လက်ထဲတွင် ထိုဆေးဖော်မျူလာများစွာ ရှိနေသည့်အတွက် လုံးဝစိတ်ဝင်စားခြင်းမရှိပေ။ သို့သော် သူတပါးအပေါ် လေးစားမှုဖြင့် ဆက်လက်၍စာဖတ်နေသေးသည်။ တစ်လျှောက်တွင် ကိုယ်ခန္ဓာသန့်စင်ဆေးအတွက် ဆေးဖော်မျူလာများမှာ အလွန်စံဖြစ်နေသည်ကို သိမြင်လိုက်သော်လည်း မကြာမီတွင်ပင် တစ်စုံတစ်ခုမမှန်ကြောင်း သဘောပေါက်သွားသည်။ ၎င်းသည် သာမန် အထူးကိုယ်ခန္ဓာသန့်စင်ဆေးတစ်မျိုးမဟုတ်ပေ။
သူသည် ဆေးပညာတွင် ကျွမ်းကျင်သူဖြစ်သည့်အလျောက် ဆေးဖက်ဝင်ပစ္စည်းအများစုကို မြင်ဖူးကာ အနီးစပ်ဆုံးစျေးနှုန်းကို ခန့်မှန်းနိုင်၏။ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်းတစ်ခု၏ ကုန်ကျစရိတ်နှင့် အတူတူပင်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် သာမန်ကိုယ်ခန္ဓာသန့်စင်ဆေးထက် အာနိသင်နှစ်ဆဖြစ်ကြောင်း အောက်ခြေတွင်ရေးသားထားခဲ့သည်။
ဤသည်က သူ့ကို ထိတ်လန့်တကြားထထိုင်လုနီးပါးဖြစ်စေသည်။ ထိုအထူးကိုယ်ခန္ဓာသန့်စင်ဆေးဖော်မျူလာ၏ ဆေးဖက်ဝင်အာနိသင်သည် စံကိုယ်ခန္ဓာသန့်စင်ဆေးဖော်မျူလာထက် ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းအထိ အားကောင်းနိုင်မည်ဖြစ်ကြောင်းသိနိုင်၏။ ဆေးအာနိသင်ကို သုံးဆယ်ရာခိုင်နှုန်းအထိ တိုးမြင့်ပေးနိုင်သောသူများသည် အလွန်ရှားပါးသော အထက်တန်းစားများဖြစ်နေမည်ဖြစ်သည်။
ဆေးအာနိသင်သုံးဆယ်ရာခိုင်နှုန်း ပိုရှိသော ခန္ဓာကိုယ်သန့်စင်ဆေးများသည် စံဖော်မျူလာဖြင့် ဖော်စပ်ထားသော ကိုယ်ခန္ဓာသန့်စင်ဆေးများ၏ စျေးနှုန်းထက် နှစ်ဆပိုများသည်။ ဤအညွှန်းတွင် မှတ်တမ်းတင်ထားသော ကိုယ်ခန္ဓာသန့်စင်ဆေးများ၏ ဆေးဖက်ဝင်ထိရောက်မှုသည် အမှန်တကယ်တွင် စံကိုယ်ခန္ဓာသန့်စင်ဆေးများထက် နှစ်ဆဖြစ်ကာ စျေးနှုန်းမှာမူ စံကိုယ်ခန္ဓာသန့်စင်ဆေးများနှင့် အတူတူပင်ဖြစ်သည်။
“မင်းရေးထားတာ တကယ်မှန်လား” ပိုင်ဟုန်က ကမန်းကတမ်းမေးသည်။
အခန်း(၁၁၆) ကျောထောက်နောက်ခံရှာခြင်း
ပိုင်ဟုန်သည် နောက်ဆုံးတွင် ကြာကြာ မထိန်းထားနိုင်တော့ကာ ပညာရှင်တစ်ဦး၏ အသွင်အပြင်ကို မထိန်းထားနိုင်တော့ပေ။ ဤဆေးသည် တကယ့်ကိုပင် သာမန်ထက်ပိုနေ၏။ ဆေးသည် အခြေခံကျလေ၊ တိုးတက်မှုအတွက် နေရာမရှိလေဖြစ်သော်လည်း အောင်မြင်စွာမြင့်တင်နိုင်သည်နှင့် ၎င်းရရှိလာမည့် အကျိုးကျေးဇူးများမှာ တွေးဆ၍မရနိုင်ပေ။
နှစ်စဥ်၊ မရေမတွက်နိုင်သော ကလေးများမွေးဖွားလာကာ ခန္ဓာကိုယ်သန့်စင်ဆေးလုံးများ ဝယ်လိုအားသည် မည်သည့်အခါမှ မရပ်တန့်သွားခဲ့ပေ။ ဤဆေးလုံး၏ ပိုမိုကောင်းမွန်သော ပုံစံအားလုံးအားလုံးသည် တစ်ခုပြီးတစ်ခုပေါ်ပေါက်လာကာ စံကိုယ်ခန္ဓာသန့်စင်ဆေးများထက် ပိုမိုထိရောက်သော ခန္ဓာကိုယ်သန့်စင်ဆေးများကို ထုတ်လုပ်ပေးပါသည်။ ၎င်းတို့ကို ဖော်စပ်ရန်မှာ သိပ်မခခက်သော်လည်း၊ စျေးသည် အဆမတန်တိုးတက်လာခြင်းဖြစ်သည်။ လိုအပ်သော ပစ္စည်းများသည် ကျယ်ကျယ်ပြန့်ပြန့် ရှာရလွယ်သော အဆင့်မှ ရှာဖွေရခက်သော ဆေးဖက်ဝင်များအဆင့်သို့ရောက်ရှိသွားခဲ့သည်။
ဤအလွန်မြင့်မားသောကုန်ကျငွေနှင့် စွမ်းဆောင်ရည်အချိုးသည် ကြွယ်ဝချမ်းသာသောမိသားစုများပင် မတတ်နိုင်သောအရာဖြစ်သည်။ ထိုကြီးမားသော မင်းဆွေ စိုးမျိုးများတွင် မျိုးဆက်သစ်လူငယ် အချို့သည်သာ စျေးနှုန်းမည်မျှပင်ဖြစ်စေ ကျင့်ကြံချင်စိတ်ရှိကြသည်။ ချူးယွင်ဖန်းပေးသော ဆေးဖော်မျူလာသည် ဆေးဖက်ဝင်အာနိသင်များနှင့် ပတ်သက်၍ ထိတ်လန့်ဖွယ်အကောင်းဆုံးတော့မဟုတ်ပေ။ ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ အသုံးပြုထားသော ပါဝင်ပစ္စည်းများသည် သာမန် ဆေးဖက်ဝင်များဖြစ်သော်လည်း စျေးနှုန်းမှာမူ စံကိုယ်ခန္ဓာသန့်စင်ဆေးများနှင့် အတူတူပင်ဖြစ်နေခြင်းဖြစ်၏။ ဤသည်က တုန်လှုပ်စရာအကောင်းဆုံးဖြစ်သည်။
သူသည် မည်သူက ဤသည်ကို ပိုမိုကောင်းမွန်စေရန်မွမ်းမံထားသည်ကို သိချင်သည်။ သူသိသလောက်၊ ဆေးဘုရင်များသည်ပင် ဤမျှအတိုင်းအတာထိ တိုးတက်ရန် ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဆေးဖက်ဝင်ပစ္စည်းများကို အနည်းငယ်အစားထိုးရုံဖြင့် ဤသို့လုပ်ဆောင်နိုင်မည့်အရာတစ်ခုမဟုတ်ပေ။ ဆေးဖက်ဝင်အပင်များအားလုံးကို နက်နဲစွာနားလည်သဘောပေါက်ရန်လိုအပ်သည်။ ဆေးသန့်စင်ခြင်းအကြောင်း လေးလေးနက်နက်နားလည်သော လူတစ်ယောက်သာလျှင် ၎င်းကို အတိုင်းအတာတစ်ခုအထိ တိုးတက်စေနိုင်လိမ့်မည်ဖြစ်သည်။
ဤကမ္ဘာတွင် ထိုသို့လူမရှိပေ။ ချူးယွင်ဖန်း သို့မဟုတ် သူ့နောက်ကွယ်မှလူသည် ၎င်းကို ရှေးဟောင်းလူသားများခေတ် အပျက်အစီးများထဲမှ တူးဖော်ခဲ့ခြင်း ဖြစ်နိုင်ချေတစ်ခုသာရှိသည်။ ဤဆေးဖော်မျူလာသာမှန်ပါက ကြီးမားသော ကံကြမ္မာဖြစ်မည်ကို သူပို၍ ရှင်းလင်းစွာ နားလည်ခဲ့သည်။ ဆေးဖော်မျူလာမှန်ကန်သရွေ့တော့ သူ၏ အစွမ်းအထက်ဆုံး ရန်သူများကိုပင် အလွယ်တကူ အနိုင်ယူနိုင်မည်ဖြစ်သည်။ ကိုယ်ခန္ဓာသန့်စင်ဆေးနှင့်ပတ်သက်၍ မည်သူမျှ သူနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည်မဟုတ်ပေ။
စျေးနှုန်းတူညီသော အခြေအနေအောက်တွင် ဆေးဖက်ဝင်အာနိသင် နှစ်ဆပိုသာသော ဆေးလုံဂကို မည်သူက မသုံးစွဲလိုပဲနေလိမ့်မည်နည်း။ ပိုက်ဆံဘယ်လောက်တောင်ဖြစ်လိမ့်မည်ကို သူတွေးပင်မတွေးဝံ့တော့ပေ။
ထို့ကြောင့် သူ့စိတ်ကို ဆက်လက်ထိန်းထားနိုင်ခြင်းမရှိတော့ပေ။ ကမ္ဘာပေါ်တွင် တစ်ဦးတည်းအပိုင်းစီးထားခြင်းထက် ငွေပို၍ရသော လုပ်ငန်းမျိုးမရှိနိုင်တော့၌။
“တကယ်အစစ်ဖြစ်သည်ဖြစ်စေ၊ မစစ်သည်ဖြစ်စေ ခင်ဗျားကုမ္ပဏီဆီပြန်ပို့ပြီး ယုံကြည်စိတ်ချရတဲ့ ဆေးပညာရှင်တစ်ဦးကို စစ်ကြည့်ခိုင်းလိုက်ရင် ရပြီမဟုတ်လား၊ ဆရာပိုင်၊ ဒါဆို ခင်ဗျားမသိနိုင်ဘူးလား” ချူးယွင်ဖန်းက ပိုင်လင်အာ သူ့ကိုပေးသော ရေတစ်ခွက်ကို လက်ခံလိုက်ကာ ဆိုဖာပေါ်သို့ပြန်လှန်ချလိုက်ပြီး ခပ်ရိုးရိုးဆိုသည်။ ပိုင်လင်အာသည် ပိုင်ဟုန်၏နောက်ဆွင်ရပ်နေကာ သူ့အား ဖြောင့်မတ်စွာကြည့်နေသည်ကို မြင်ရသဖြင့် မတတ်နိုင်ဘဲ ပြုံးလိုက်မိသည်။
ထိုနောက် ချူးယွင်ဖန်းသည် ပိုင်ဟုန်ကို ပြန်ကြည့်လိုက်သည်။ ပိုင်ဟုန်ကဲ့သို့ ဆေးဆရာများသည် ၎င်းတို့၏ ကွပ်ကဲမှုအောက်တွင်၊ အဆုံးမဲ့ ငွေကြေးစီးဆင်းမှုပေးစွမ်းနိုင်မည့် ဆေးကုမ္ပဏီကြီးတစ်ခုရှိနေမည်ကို သူသိသည်။ ဤသို့မဟုတ်လျှင် ဆေးဖော်စပ်ခြင်းသည် အလွန်ငွေကြေးအကုန်အကျများမည်ဖြစ်ကာ သူတို့တတ်နိုင်မည်မဟုတ်ပေ။ ပိုင်ဟုန်၏ စွမ်းရည်ဖြင့် ဆေးဖော်မျူလာ၏ စစ်မှန်မှုကို စစ်ဆေးရန် အလွန်လွယ်ကူပါသည်။
ချူးယွင်ဖန်း၏ ယုံကြည်မှုကို မြင်လိုက်ရသဖြင့် ပိုင်ဟုန်သည် အနည်းငယ် သိချင်စိတ်များပေါ်ပေါက်လာသည်။ သူက ပါးစပ်ကို ဖွင့်ကာ
“မင်းက တကယ့်ကို ယုံကြည်မှုရှိတယ်။ ဒီဖော်မျူလာကို ငါ့အပိုင်လို့သတ်မှတ်လိုက်မှာ မင်းမကြောက်ဘူးလား။ ဒီဖော်မျူလာကို တွေ့ရင် ဆေးဘုရင်တောင် မနာလိုဖြစ်သွားလိမ့်မယ်” ဆေးဘုရင်သည် ဤဆေးဖော်မျူလာကို မနာလိုဖြစ်မည်မဟုတ်သည်မှာ သိသာသော်လည်း ၎င်းနောက်မှ အဆုံးမဲ့သော ငွေကြေးများကိုမူ မနာလိုဖြစ်လိမ့်မည်ဖြစ်သည်။
“ဒါက ဆေးဖော်မျူလာလေးတစ်ခုပါပဲ။ တကယ်လို့ ဒါက ခင်ဗျားရဲ့သဘောထားဆို ကျွန်တော်အရမ်းစိတ်ပျက်မိမှာပါ၊ ဆရာပိုင်၊ အနာဂတ်မှာ ကျွန်တော်တို့ အလုပ်တူတူတွဲလုပ်ဖို့ အခွင့်အလမ်းတွေအများကြီးရှိလာမှာပါ။ ဆေးဖော်မျူလာတစ်ခုတည်းက လူတစ်ယောက်ရဲ့ စရိုက်ကို စမ်းသပ်နိုင်မယ်ဆိုရင် တန်တယ်လို့ကျွန်တော်ထင်ပါတယ်” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
ပိုင်ဟုန်၏ မျက်လုံးများသည် ချူးယွင်ဖန်း၏ တည်ငြိမ်မှုအတုအယောင်ကို ဖောက်ထွင်းမြင်ကြည့်ချင်သည့်နှယ် ချူးယွင်ဖန်းအားစိုက်ကြည့်လျက်ရှိသည်။ သို့သော် ချူးယွင်ဖန်းသည် ခပ်အေးအေးပင်ဖြစ်နေကာ အနည်းငယ်လေးပင် ကြောက်ရွံခြင်းမရှိလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
ချူးယွင်ဖန်းသည် ဤဆေးဖော်မျူလာကို သူ့အတွက်သူယူသုံးမှာမဟုတ်ကြောင်း ယုံကြည်မှုကို မည်သည့်နေရာမှရခဲ့သနည်း။ ၎င်းရှိ အကျိုးရလဒ်များသည် ဆေးဘုရင်ကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်ကိုပင် မနာလိူဖြစ်စေနိုင်ရန် လုံလောက်၏။
ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ အလွန်အေးဆေးတည်ငြိမ်နေသည်။ ကိုယ်ခန္ဓာသန့်စင်ဆေးအတွက်ဖော်မျူလာသည် အလွန်တန်ဖိုးရှိသော်လည်း သူ့ကဲ့သို့ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံထားရသူအတွက်တော့ ဘာမှမဟုတ်ပေ။
ဆေးဧကရာဇ် မွမ်းမံထားသော ဆေးဖော်မျူလာသည် တစ်ခုနှစ်ခုထက်မကရှိသည်။ ကိုယ်ခန္ဓာသန့်စင်ဆေးများအပြင်၊ အခြားဆေးများလည်းရှိသေးသည်။
‘ဘာကိုကြောက်ရမှာလဲ’
ကိုယ်ခန္ဓာသန့်စင်ဆေးများအတွက် ဆေးဖော်မျူလာမျှသည်သာ လူတစ်ဦး၏ စရိုက်လက္ခဏာကို စမ်းသပ်ရန် လုံလောက်ပါသည်။ ထိုက်တန်သည်ဟု သူခံစားမိသည်။ အနာဂတ်တွင် လှည့်စားခံရမည်ထက်တော့ တော်သေး၏။
ပိုင်ဟုန်သာ သူ့အပိုင်လုပ်လိုက်လျှင် ချူးယွင်ဖန်းသည် ၎င်းကို လက်လွှတ်ပေးလောက်သည်အထိ သဘောကောင်းလိမ့်မည်မဟုတ်ပေ။ ပိုင်ဟုန်၏ ကုမ္ပဏီကို ဖျက်စီးရန် နည်းလမ်းကို သေချာပေါက် စဥ်းစားလိမ့်မည်ဖြစ်သည်။ သာမန်လူတစ်ဦးအတွက် ဆေးပညာရှင်တစ်ဦး၏ ကုမ္ပဏီကို ဖျက်ဆီးရန်မဖြစ်နိုင်ပေ။ ထို့အပြင် အကျိုးအမြတ်များသည် ဆုံးရှုံးမှုများနှင့်ကာမိမည်မဟုတ်ပေ။ များစွာကုန်ကျမည်မှာ သေချာ၏။
သို့သော်လည်း ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံရရှိခဲ့သော ချူးဘွင်ဖန်းအတွက်မူ ဤသည်က စိတ်ကူးယဥ်သက်သက်မဟုတ်ပေ။ မွမ်းမံထားသော ဆေးဖော်မျူလာများစွာကို လက်ကိုင်ထားခြင်းက သူ့အတွက် အကောင်းဆုံးဝှက်ဖဲဖြစ်သည်။ သူသည် သွေးပူသော လူငယ်တစ်ဦးသာဖြစ်ကာ အကြံဉာဏ်ကောင်းများထုတ်တတ်သည့် လူတစ်ယောက်မဟုတ်သဖြင့သဖြင့် အခြားသူ၏ ငွေတစ်ထောင်ဆုံးရှုံးသည်ထက် သူ့ငွေ ရှစ်ရာကို အရှုံးခံလိုက်ရလိမ့်မည်။
ချူးယွင်ဖန်းသည် သူ၏ ကိုယ်ပိုင်ကုမ္ပဏီကို စတင်ရမည့်အစား၊ ပိုင်ဟုန်ဘက်တွင်နေဖို့ရွေးချယ်ရန် ဂရုတစိုက်စဥ်းစားခဲ့ခြင်းဖြစ်သည်။ မွမ်းမံထားသော ခန္ဓာကိုယ်သန့်စင်ဆေးများသည် ကောင်းမွန်သော်လည်း ၎င်းတို့၏ စျေးနှုန်းသည်မူ အလွန်နည်းပါး၏။ ယင်းတို့ကို အခြေခံဆေးများဟု ယူဆကြသည်။ အကယ်၍ ပမာဏအလွန်များပါက သဘာဝကျကျပင် အမြတ်သည်လည်း အဆုံးရှိလိမ့်မည်မဟုတ်ပေ။ ထိုအပြင်၊ လူသားမျိုးနွယ်မရပ်တန့်သရွေ့ စျေးကွက်သည် အမြဲရှိနေမည်ဖြစ်သည်။
သို့သော် နေ့စဥ်ဆေးဖော်စပ်ရန် သူ့ဘဝကိုရင်းထားလျှင်ပင် သူမည်မျှလုပ်နိုင်လိမ့်မည်နည်း။ အဆင့်နိမ့်ဆေးပညာရှင်များသာ ဤသို့လုပ်နိုင်လိမ့်မည်။ တန်းမြင့် ဆေးပညာရှင်များအတွက်မူ တန်းမြင့်ဆေးတစ်လုံး၏ စျေးနှုန်းသည် တစ်ရာနှင့် နှိုင်းယှဥ်နိုင်သည်။ တစ်ထောင် သို့မဟုတ် အဆင့်နိမ့်ဆေးလုံး တစ်ထောင်ပင်ဖြစ်သော်လည်း ၎င်းသည်သူတို့အတွက် အလွန်အမြတ်အစွန်းကြီးပေလိမ့်မည်။
ဆေးဖော်မျူလာကို မထုတ်ပြန်လျှင် မူပိုင်ခွင့်အခကြေးငွေကို ရနိုင်သော်လည်း ဤအရာသည် ပို၍ပင်အန္တရာယ်ရှိသည်။ ဆေးလုံးအနည်းငယ်ကို သူကိုယ်တိုင်ဖော်စပ်လိုက်လျှင် အဆိုပါဆေးကုမ္ပဏီများက ဒုတိယပြန်ကြည့်ရလောက်မည့် အတိုင်းအတာထိဖြစ်မည်မဟုတ်ပေ။ သို့သော်လည်း ဆေးဖော်မျူလာကို ထုတ်ဝေကာ မူပိုင်ခွင့်တင်လျှင် ကြီးမားသော အမြတ်ငွေသည် ကုမ္ပဏီတချို့ စွန့်စားရန်အတွက် လုံလောက်ပေလိမ့်မည်။ အကယ်၍ သူသေဆုံးလျှင် ဤဆေးလုံးသည် ပိုင်ရှင်မဲ့ဖြစ်သွားမည်ဖြစ်ကာ ထိုအချိန်တွင် ထိုဆေးကုမ္ပဏီများသည် ၎င်းတို့အလိုရှိသလောက် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည် အတွေ့အကြုံမရှိသော်လည်း မတုံးအပေ။ ထိုဆေးကုမ္ပဏီများတွင် အဆိုးဆုံး ရည်ရွယ်ချက်များရှိသည်ကို ခန့်မှန်းရန်သိပ်မခက်ပေ။ သို့သော် သူတွင် ခိုင်မာသော ကျောထောက်နောက်ခံရှိလျှင်မူ ၎င်းသည် ကွဲပြားသွားပေလိမ့်မည်။ သူ၏ ကျော်ထောက်နောက်ခံသည် ပြင်ပကမ္ဘာ၏ ဖိအားများကို ခံနိုင်ရည်ရှိစေလိမ့်မည်ဖြစ်သည်။ သူသည်မူ ပိုက်ဆံများလိုက်စုရန်သာ တာဝန်ရှိသည်။ ပိုင်ဟုန်သည် ဆေးပညာနယ်ပယ်ထဲတွင် သူ၏ ကျောထောက်နောက်ခံဖြစ်ရန် အရည်အချင်းပြည့်မီသော လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။
ကိုယ်ခန္ဓာသန့်စင်ဆေးရောင်းချမှုကို လက်ဝါးကြီးအုပ်ခြင်းသည် ဆေးအားလုံးကို လက်ဝါးကြီးအုပ်ခြင်းနှင့် မတူပေ။ ပိုင်ဟုန်သည် ဤသို့သော ဖိအားများကို ခံနိုင်ရည်ရှိလိမ့်မည်ဖြစ်သည်။ ဤသည်ကလည်း လုချင်းရွှမ်နှင့် အလုပ်တွဲမလုပ်ရန်ဆုံးဖြတ်ခဲ့ရသည့် အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။ လုချင်းရွှမ်၏ ကုမ္ပဏီသည် မကြာသေးမီကမှ ဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း မုန်တိုင်းတစ်ခုရင်ဆိုင်ရသည်နှင့် ၎င်းသည် ဆက်လက်ကျဆင်းနေဦးဖြစ်သည်။
တန်ဒါအဖွဲ့ကဲ့သို့ ကျပန်းအဖွဲ့တစ်ခုပင် လုချင်းရွှမ်၏ ရောင်းဝယ်ရေးလမ်းကြောင်းကို ထိန်းချုပ်နိုင်ကာ အခြားမျိုးများတွင် ဆက်သွယ်ရေးလမ်းကြောင်းများဖွင့်ရန် ဖိအားပေးနိုင်ခဲ့သည်။
“ဟား ဟား ဟား ဟား၊ ကောင်းတယ်၊ ဒါကစိတ်ဝင်စားစရာပဲ”
ပိုင်ဟုန်သည် ကျယ်လောင်စွာရယ်မောလိုက်သည်။
“ဆေးဖော်မျူလာကို ငါ့ကုမ္ပဏီကို အရင်ပို့ကြည့်လိုက်မယ်။ ပြဿနာမရှိရင် ပူးပေါင်းဆောင်ရွက်ဖို့ ဆက်ပြောကြတာပေါ့”
အခန်း (၁၁၇) လျှို့ဝှက်ဆေးဂိုဏ်း ၏ တပည့်
ပိုင်ဟုန်သည် လက်ရှိတင်းမာနေသော အခြေအနေကို တမင်ဖန်းတီးခဲ့သူသည် သူမဟုတ်သကဲ့သို့ ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ့အကြည့်အောက်တွင် ချူးယွင်ဖနး်သည် အနည်းငယ်လေးပင် ထိတ်လန့်ခြင်းမရှိပေ။ သူသည် တည်ငြိမ်ချင်ယောင်ဆောင်နေခြင်းမဟုတ်ပေ။ တကယ်ကိုပင် တည်ငြိမ်ကာ အေးအေးဆေးဆေးဖြစ်နေ၏။ ဤအရာသည် ချူးယွင်ဖန်း၏ နောက်ကွယ်တွင် အားကောင်းသည့်လူတစ်ယောက်ရှိနေကြောင်း သူ့ကို ပို၍ပင်သံသယဖြစ်စေခဲ့သည်။
နောက်ဆုံး သူသည် ဆေးဖော်မျူလာကို အမှတ်တမဲ့ရနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ သို့သော် သူ၏ ဆေးပညာဗဟုသုတကိုမူ အထင်သေး၍မရပေ။ ချူးယွင်ဖန်းသည် ပိုင်ဟုန် ကြိုးစားပမ်းစား ပြုစုပျိုးထောင်ပေးခဲ့သော ပိုင်လင်အာအား လုံးဝကျော်တက်နိုင်ခဲ့ခြင်းဖြစ်ကာ ဤသည်မှာလည်း ထည့်သွင်းစဥ်းစားသင့်သည့်အရာတစ်ခုပင် ဖြစ်သည်။ ဆေးဖော်မျူလာတစ်ခုပေးရုံဖြင့် ဆေးပညာရှင်တစ်ဦးဖြစ်လာနိုင်သည်တော့မဟုတ်ပေ။ ဆရာရှိသော ဆေးပညာရှင်နှင့် ဆရာမရှိသော ဆေးပညာရှင်သည် လုံးဝကွဲပြား၏။
ဆေးဖော်မျူလာအနည်းငယ်ကို ရရှိရုံဖြင့် ထိုသူတို့သည် ဆေးဖော်စပ်နိုင်လိမ့်မည်မဟုတ်ပေ။ လိုအပ်သော များပြားလှသည့်ငွေကြေးပမာဏသည်ပင် အခြေမခိုင်သောလူတစ်ဦး ရရှိနိုင်သည့်အရာတစ်ခုမဟုတ်ပေ။ ဤသည်က ချူးယွင်ဖန်းကို ပို၍ပင် ထူးခြားစေခဲ့သည်။
သို့သော် ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကိုရရှိထားခဲ့ကြောင်း သူမသိပေ။ သာမန်လူတစ်ယောက်သည် ဆေးပညာကို ကျင့်ကြံရန် အဆုံးမရှိသော ငွေကြေးပမာဏကို သုံးစွဲရန်လိုအပ်သည်။ ချူးယွင်ဖန်းသည်မူ အမှန်စင်စစ်ပင် ၎င်းကို အမွေဆက်ခံခဲ့ခြင်းဖြစ်၏။
ပိုင်ဟုန်သည် ဆေးဖော်မျူလာကို စကန်ဖတ်ကာ သူ့ကုမ္ပဏီသို့ ပြန်ပို့ပေးလိုက်သည်။ သူ့ကုမ္ပဏီမှ ဆေးပညာရှင်များကို ထိုဆေးဖော်မျူလာဖြင့် စတင်ဆေးဖော်စပ်ခိုင်းလိုက်သည်။
ရလဒ်များသည် မကြာခင်တွင်ထွက်လာမည်ဖြစ်သည်။
ထို့နောက် ပိုင်ဟုန်သည် ထိုင်လိုက်ကာ ဆို၏။
“နောက်ဆုံးအကြိမ်ကာ ငါ့စာအုပ်ထဲက အမှားအချို့ကို သတိပြုမိတဲ့အတွက် မငး်ကို ကျေးဇူးတင်ပါတယ်။ မင်းကိုယ်တိုင်မြင်တာလား၊ မင်းဆရာက မင်းကိုပြောပြခဲ့တာလားဆိုတာ ငါမသိဘူး”
ပိုင်ဟုန်သည် ချူးယွင်ဖန်း၏ နောက်ကွယ်တွင် အားကောင်းသည့် ကျောထောက်နောက်ခံတစ်ခုရှိမရှိ စမ်းသပ်ကြည့်ချင်နေသေးသည်။
“အဲ့တာက သိသာတဲ့ အမှားတစ်ခုပါပဲ။ ကလေးတစ်ယောက်တောင် မြင်နိုင်သေးတာ ကျွန်တော့်ကို တစ်ယောက်ယောက်က ဘာလို့ပြောပြစရာလိုမှာလဲ” ချူးယွင်ဖန်းသည် မဆိုင်းမတွပြောလိုက်သည်။
ပိုင်ဟုန်သည် သူ့မျက်နှာပေါ်မှ ကြွက်သားများ တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။ ကလေးတစ်ယောက်တောင်မြင်နိုင်လျှင် သူသည်ကလေးထက်ပိုဆိုးသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ပိုင်ဟုန်၏ နောက်တွင်ရှိနေသော ပိုင်လင်အာသည် အလွန်ရယ်ချင်နေသော်လည်း အသံမထွက်ရဲပေ။ မျက်နှာများနီရဲကာ သူမပခုံးလေးများလှုပ်ယမ်းသွားသည်အထိ ရယ်ချင်စိတ်ကို ထိန်းထားလိုက်ရသည်။
မူလတွင် ဆွံ့အမှုကို ခံခဲ့ရသူသည် သူမတစ်ဦးတည်းသာဖြစ်ကာ ယခုမူ သူမ၏ အကြီးအကဲပင် ဆွံ့အသွားခဲ့ပြီဖြစ်သည်။ ယခုမူ၊ ဤညစ်ညမ်းသောငတိလက်တွင် ဆွံ့အခဲ့ရကြောင်းကို လက်ခံရန် သူမအတွက် ခက်ခဲလွန်းသည်တော့မဟုတ်တော့ပေ။
သူမသည် ရုတ်တရက် ခံစားချက်ပိုကောင်းလာသကဲ့သို့ ခံစားလိုက်ရသည်။
ပိုင်ဟုန်သည် သူ့အတွေးများကို ဖယ်ကာပြုံးနေရုံသာ တတ်နိုင်တော့သည်။ ချူးယွင်ဖန်း၏ နောက်ခံကို စုံစမ်းရန်ထပ်မကြိုးစားတော့ပေ။
“မင်းနောက်ဆုံးရေးခဲ့တဲ့ ဆေးပေါင်းစပ်မှုဖော်မျူလာ…” ပိုင်ဟုန်က ထပ်မံ၍ စုံစမ်းသည်။ ဤအကြောင်းနှင့်ယှဥ်လျှင် ချူးယွင်ဖန်း၏ နောက်ခံသည် အရေးမကြီးပေ။
အကယ်၍ သူသည်သာ ဆေးပေါင်းစပ်မှု ဖော်မျူလာများထဲမှ တစ်ခုကို ဖော်ထုတ်နိုင်လျှင် သူသေချာနိုင်မည်ဖြစ်သည်။ အဝေးမှမပြောဝံ့သော်လည်း၊ အနည်းဆုံးတော့ သူသည် နောက်ထပ် ဆေးဘုရင်ဖြစ်လာနိုင်ဖွယ်ရှိသည်။
“ဒါပဲရှိတာပါ” ချူးယွင်ဖန်းသည် ပြတ်ပြတ်သားသားပြောလိုက်သည်။ သူ ဤကိစ္စကို မည်သို့ စွန့်လွှတ်နိုင်လိမ့်မည်နည်း။ သူသည်လည်း ဆေးပေါင်းစပ်မှုဖော်မျူလာများ၏ အရေးပါပုံကို သိသာ်။ ရှေးဟောင်းလူသားများခေတ်တွင်ပင် ပေါင်းစပ်မှုဖော်မျူလာပေါ်ပေါက်လာမှုတိုင်းသည် ကြီးမားသော အုတ်အော်သောင်းတင်းဖြစ်မှုကို ဖြစ်ပေါ်စေ၏။ ဆေးပေါင်းစပ်မှုဖော်မျူလာကို ဖော်ထုတ်နိုင်သူတိုင်းသည် ထိုအချိန်၏ အကောင်းတကာ့အကောင်းဆုံးဖြစ်လာမည်ဖြစ်သည်။ ဆေးပေါင်းစပ်မှုဖော်မျူလာ၏ အစိတ်အပိုင်းတစ်ခုကို ကောက်နုတ်ခြင်းသည် အလွန်ကောင်းသော်လည်း ၎င်းသည် အံ့သြဖွယ်အဆင့်တွင်သာ ရှိမည်ဖြစ်ကာ၊ နောက်ဆုံးတွင်တော့ ၎င်းသည် ပြီးပြည့်စုံသော ဖော်မျူလာတစ်ခုမဟုတ်သေးပေ။ တန်ဖိုးရှိရုံသာ ဖြစ်မည်ဖြစ်ကာ အကယ်၍ ၎င်းသည် ပြီးပြည့်စုံသော ပေါင်းစပ်ဖော်မျူလာဖြစ်ပါက ကြီးမားသောအော်သော်သောင်းတင်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။
သူသည် အနာဂတ်တွင် ပေါင်းစပ်မှုဖော်မျူလာကို ကြေညာနိုင်လောက်သော်လည်း သူ့ကိုယ်သူကာကွယ်နိုင်စွမ်းရှိသည့်အချိန်ထိ စောင့်ရန်လိုဦးမည်ဖြစ်သည်။ သေချာသည်ကတော့ ယခုမဟုတ်သေးပေ။
ချူးယွင်ဖန်း၏ ပြတ်ပြတ်သားသားစကားလုံးများကို ကြားလိုက်ရသောအခါ ပိုင်ဟုန်အနည်းငယ်စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူသည် ၎င်းကို သံသယမရှိခဲံပေ။ သူသိရသလောက်တော့ ဆေးဘုရင်သည် ပေါင်းစပ်ဖော်မျူလာကို ကောက်ချက်ချနိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ ရလဒ်မထွက်သေးပေ။ ချူးယွင်ဖန်း၏ နောက်တွင် ကျောထောက်နောက်ခံတစ်ယောက်ရှိလျှင်တောင် သူသည် ဆေးဘုရင်ထက် အစွမ်းထက်နိုင်လိမ့်မည်လား။
ဆေးပေါင်းစပ်မှုဖော်မျူလာ၏ ပြီးပြည့်စုံသောပုံစံသာ အမှန်တကယ်ပေါ်ထွက်လာလျှင် မည်သည့်သတင်းမှ သူမကြားရသည်တော့ မဖြစ်နိုင်ပေ။
ဖော်မျူလာအသစ်အရ ကိုယ်ခန္ဓာသန့်စင်ဆေးများ အဆင်သင့်ဖြစ်ရန် နာရီအနည်းငယ်လိုသေး၏။ ချူးယွင်ဖန်းသည် အလျင်လိုခြင်းမရှိသဖြင့် အချိန်ကုန်စေရန် ပိုင်ဟုန်သည် ချူးယွင်ဖန်းနှင့် ဆွေးနွေးစရာအကြောင်းအချို့ကိုစတင် စဥ်းစားလျက်ရှိသည်။
မူလတွင် ဤသည်မှာ အချိန်ကုန်စေရန်သာဖြစ်သော်လည်း ပိုင်ဟုန်သည် တစ်စုံတစ်ရာပုံမှန်မဟုတ်သည်ကို သတိထားမိလိုက်သည်။ သူမည်သည့်အကြောင်းအရာကိုပဲ ပြောပါစေ၊ ချူးယွင်ဖန်းသည် စကားဆက်ပြောနိုင်လိမ့်မည်ဖြစ်၏။
အစပိုင်းတွင် သူသည် အလွန်ရိုးရှင်းသော အကြောင်းအရာများကိုသာ ထုတ်ပြောခဲ့သော်လည်း၊ ချူးယွင်ဖန်း ချောမွေ့စွာပြန်လည်ဖြေဆိုနိုင်သည်ကို မြင်ရသောအခါ ပို၍ နက်နဲစွာဆန်းစစ်ရန် အတွေးအချို့ပေါ်ပေါက်လာ၏။ သူသည် ပို၍လေးနက်သောအကြောင်းအရာများကို စတင်၍ပြောဆိုခဲ့သော်လည်း ချူးယွင်ဖန်း ထိန်းထားနိုင်သည်ကိုသိရသောအခါ အံ့သြသွားရသည်။
ဤသည်မှာ အဖြေများကို ကျွမ်းကျွမ်းကျင်ကျင်ရွတ်ဆိုပြနိုင်သောကြောင့် မဟုတ်သော်လည်း တတယ်တမ်းတွင်သူပြောနေသည်ကို နားမလည်ပေ။ ယင်းအစား သူ့တွင် သာမန်လူတစ်ဦးနှင့် လုံးဝမတူသော ကိုယ်ပိုင်ထင်မြင်ချက်များရှိသည်။ ဆေးပညာနယ်ပယ်ထဲရှိ ဗဟုသုတဖြစ်နေသရွေ့တော့ ချူးယွင်ဖန်းအတွက် မည်သည့်အကြောင်းအရာမဆိမဆို ခက်ခဲလိမ့်မည်မဟုတ်ဟု ဆိုနိုင်၏။
ဤသည်က ပိုင်ဟုန်အား တိတ်တဆိတ် တုန်လှုပ်သွားစေသည်။ ဆိုလိုသည်မှာ ချူးယွင်ဖန်း၏ အသိပညာသည် အလွန် တုန်လှုပ်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းဖြစ်သည်။
ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်ကို မမြင်ရသေးသော်လည်း ဤပမာဏရှိသော အသိပညာဖြင့်ပင် ဆေးသင်တန်းသားမဆိုနှင့် တရားဝင်ဆေးပညာရှင်တစ်ဦးဖြစ်လာရန် လုံလောက်နေပြီဖြစ်သည်။ ဤအရာသည် သူ၏ ဂုဏ်ယူစရာကောင်းသော မြေးမလေး ပိုင်လင်အာပင် နှိုင်းယှဥ်၍မရသော အရာဖြစ်သည်။ ဆေးပညာရှင်ဖြစ်ခြင်းသည် အချိန်အလွန်များစွာကုန်ဆုံးစေသော အလုပ်အကိုင်တစ်ခုဖြစ်သည်။ ဆေးဖော်စပ်နိုင်သည့် စွမ်းရည်ဖြစ်စေ၊ ဆေးပညာတွင် ဗဟုသုတများစွာရှိသည်ဖြစ်စေ၊ ၎င်းတို့အားလုံးကို တတ်မြောက်ရန် အချိန်များစွာလိုအပ်၏။ ပိုင်လင်အာသည် သူ့ဘေးတွင် ငယ်စဥ်တည်းက ရှိခဲ့ကာ ဗဟုသုတမျိုးစုံရခဲ့သည်။ သူနှင့်သက်တူရွယ်တူများမဆိုနှင့် အရွယ်ရောက်ပြီးသား ဆေးသင်တန်းသားများပင် သူမနှင့် နှိုင်းယှဥ်နိုင်မည်မဟုတ်ပေ။
သို့သော် ယုံကြည်မှုအပြည့်ဖြင့် စကားပြောနေသော ဤလူငယ်လေး၏ ရှေ့တွင်တော့ ထိုအရာအားလုံးသည် ဘာမှမဟုတ်တော့ပေ။ သူ့အား ထူးဆန်းသည်ဟုခံစားစေသောအရာမှာ ချူးယွင်ဖန်းသည် သူ့စကားများထဲ၌ သူ၏ ဆေးပညာနယ်ပယ်မှအသိပညာအချို့ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကာ ၎င်းတို့သည် အလွန်ခေတ်နောက်ကျနေပြီဖြစ်သည်။ ဗဟုသုတများစွာသည် မှန်သော်လည်း အလွန်ပင်ခေတ်နောက်ကျနေ၏။
ခေတ်မီဆေးပညာစနစ်သည် ရှေးဟောင်းလူသားများခေတ်ကာလမှ အမွေဆက်ခံခဲ့ကြခြင်းဖြစ်သော်လည်း ခေတ်နှင့်အညီ ၎င်းတို့ကို ပြုပြင်မွမ်းမံခဲ့သည်။ ၎င်းတို့ထဲမှအချို့သည် ရှေးဟောင်းလူသားများခေတ်နှင့်ပင် အလွန်ကွာခြားနှင့်နေပြီဖြစ်၏။
ယင်းတို့ထဲမှ အများကို ပိုင်ဟုန်ကိုယ်တိုင် ပြုပြင်ထားခဲ့ခြင်းဖြစ်သော်လည်း အသိပညာဖြစ်စေ၊ တိကျသောနည်းလမ်းများဖြစ်စေ ချူးယွင်ဖန်း၏ စကားများသည် အလွန်ဟောင်းနေပုံပေါ်၏။
ခေတ်ဟောင်းနည်းလမ်းများသည် မှားယွင်းနေခြင်းမဟုတ်ပေ။ ယနေ့ခေတ်တွင် ပိုမိုကောင်းမွန်သော ရွေးချယ်စရာနည်းလမ်းများစွာရှိနေပြီဖြစ်သည်။ သိပ္ပံနှင့် နည်းပညာ၏ ပံ့ပိုးမှုဖြင့် အတိတ်တွင်မလုပ်နိုင်သောအရာများကို အရာများကို လုပ်ဆောင်နိုင်နေပြီဖြစ်၏။
တစ်ဖက်တွင် ချူးယွင်ဖန်းသည် ရှေးခေတ် ဆေးဂိုဏ်းတစ်ခုမှ ရှေးရိုးစွဲလူအိုတစ်ယောက် သို့မဟုတ် ရှေးရိုးစွဲလူအိုတစ်ယောက်မှ သင်ကြားပေးထားသော ပညာသင်တစ်ဦးဖြစ်နိုင်သည်။ ဤဆေးပညာဂိုဏ်းသည် ကမ္ဘာမှ နှစ်ပေါင်းများစွာ သီးခြားဖြစ်နေပြီဖြစ်သည်။
ထို့အပြင် ချူးယွင်ဖန်းသည် ကမ္ဘာသို့ လျှောက်လှမ်းနိုင်သော၊ ဤဆေးဂိုဏ်း၏ ဆက်ခံသူဖြစ်သည်။
စကားဖလှယ်မှု ပို၍ နက်နဲလာသည်နှင့်အမျှ ခံစားချက်သည် ပို၍ ပို၍ လေးနက်လာသည်။ သူ့ဝေဖန်မှုအပေါ်ပိုသေချာလာလေ ဤကိစ္စသည် ပို၍ သေချာလေလေဖြစ်နေ၏။
ခေတ်မီဆေးအဖွဲ့အစည်းတွင်ပင် သီးသန့်လုပ်ဆောင်သော ဂိုဏ်းအချို့ရှိသည်။ ဣင်းတို့သည် အတိုင်းအတာအားဖြင့် ကြီးကြီးမားမားမဟုတ်သည့်အပြင် အဖွဲ့ဝင်များများစားစားမရှိသောကြောင့် ၎င်းတို့ကို အခြားသူများက မသိကြပေ။ သို့သော် သူတို့၏ အမွေအနှစ်များနှင့် အသိပညာများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်နဲ၏။
ဤသို့သော တပည့်မျိုးကို သူအရင်ကတွေ့ဖူးကာ ချူးယွင်ဖန်းသည် ထိုလူများနှင့် တူညီသော ခံစားချက်ကို ပေးနေ၏။
သေချာသည်ကတော့ သူသည် သီးသန့်ဆေးဂိုဏ်းတစ်ခုခု၏ တပည့် သေချာပေါက်ဖြစ်ရမည်ဖြစ်သည်။
ပိုင်ဟုန်သည် ဤဝေဖန်မှုကို သူ့နှလုံးသားတွင်သာ သိမ်းထားလိုက်၏။