အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
အခန်း(၁၂၁) စီးဆင်းနေသာ မြစ်ကိုပိုင်းဖြတ်ခြင်းအောင်မြင်ခြင်း၊ ညီမလေး၏ ပြန်လည်ကျန်းမာလာမှု
ကျင်ဟွာပထမဆေးရုံအနီးရှိလေ့ကျင့်ရေးခန်းမတစ်ခုတွင် လူတစ်ယောက်သည် အခောက်အောက်လှုပ်ရှားလျက်ရှိကာ သူ့ပုံစံသည်အဆက်မပြတ်ပြောင်းလဲနေ၏။ သူလှုပ်ရှားနေစဥ်တွင် ခန္ဓာကိုယ်သည် ပြင်းထန်သော အရောင်အဝါများသယ်ဆောင်လာလျက်ရှိကာ သူ့လက်ထဲမှဓားရှည်သည် ပြင်းထန်သော စွမ်းအင်ဖြင့် ကခုန်လျက်ရှိသည်။ ပကတိမျက်စိဖြင့်ပင် ဓားသွားအား စွမ်းအင်ဖြင့် ယှက်နွယ်ထားသည်ကို မြင်နိုင်၏။
ရှန်း
စွမ်းအင်သည် လေထုကို ဖြတ်တောက်လိုက်ကာ ကျယ်လောင်သောအသံကို ပေါ်ထွက်လာစေ၏။
“စီးေမြာမှုကို ခုတ်ပိုင်းခြင်း”
ချူးယွင်ဖန်းအော်လိုက်သည်နှင့် သူ့လက်ထဲမှဓားသည် တောင်တစ်လုံးကဲ့သို့ ပြိုကျလာ၏။ သူ့ရှေ့ရှိလေသည် ပွက်ပွက်ဆူနေသောရေကဲ့သို့ လွင့်ပျံနေပြီးနောက် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ ၎င်းသည် ပေါက်ကွဲသံတစ်ခုနှင့် တူနေ၏။
သိုင်းကွက်ကို စတင်ပြီးနောက်တွင် ချူးယွင်ဖန်း၏တစ်ကိုယ်လုံးသည် ခွန်အားများဆုံးရှုံးသွားသကဲ့သို့ ထင်ရ၏။ သူ့မျက်နှာသည် ဖျော့တော့လာကာ သူ့န္ဓာတစ်ခုလုံးသည် တုန်ယင်နေ၏။ ပုံမှန်အားဖြင့် သူသည် အရိပ်မဲ့ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်လေ့ရှိသော်လည်း ယခုမူ လက်နှစ်ဖက်ဖြင့်ကိုင်ထားသည့်တိုင် တုန်ယင်နေသေးသည်။
“ဟူး ဟူး ဟူး “
ချူးယွင်ဖန်းသည် လေးလံစွာ အသက်ရှုလျက်ရှိကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်နေ၏။ ကိုယ်ခန္ဓာပေါ်မှ လေ့ကျင့်ရေးဝတ်စုံများသည် ချွေးများဖြင့်စိုရွှဲလျက်ရှိကာ ရေထဲမှဆွဲထုတ်ခံလိုက်ရသကဲ့သို့ဖြစ်နေ၏။
“ဟူး” ချူးယွင်ဖန်းသည် တင်ပျဥ်ခွေထိုင်လိုက်ကာ ခွန်အားပြန်လည်ဖြည့်တင်းရန် တရားထိုင်လိုက်သည်။ ဤအခြေအနေသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း အကြိမ်ပေါင်းများစွာဖြစ်ပြီးသဖြင့် စိတ်ရှုပ်ခြင်းမရှိတော့ပေ။
ခွန်အားပြန်လည်ဖြည့်တင်းရာတွင် စစ်နတ်ဘုရားကျင့်စဥ်သည် ချူးယွင်ဖန်းမျှော်လင့်ထားသည်ထက် များစွာကျော်လွန်လျက်ရှိကာ နွမ်းနယ်သွားသောခွန်အားများပြန်လည်ရရှိရန် အချိန်အတော်ကြာမည်ဖြစ်သည်။
သူ့ဝှက်ဖဲကို စတင်ကျင့်ကြံခဲ့သည်မှာ သုံးရက်ကြာခဲ့ပြီဖြစ်သည်။
သုံးရက်ကြာပြီးနောက်တွင် သူသည် စီးမြောမှု ဓားသိုင်း၏ ပထမဆုံးသိုင်းကွက်ကို စတင်ကျွမ်းကျင်လာခဲ့သည်။
အခက်အခဲသည် သိသာ၏။ ဤသည်မှာ တိုးတက်နေသည့် ဓားသိုင်းစဥ်များဖြစ်သည်။ ချီပင်လယ်အဆင့်တွင် စတင်ကျင့်ကြံနိုင်သည်မှာ မှန်သော်လည်း ခက်ခဲမှုသည်တော့ စိတ်ကူး၍ပင်မရနိုင်ပေ။ ချူးယွင်ဖန်း၏ ဦးနှောက်သည် ဖွံ့ဖြိုးကာ နားလည်နိုင်စွမ်းထူးကဲသောကြောင့် ၎င်းကို ကိုင်တွယ်နိုင်ခြင်းဖြစ်သည်။ ၎င်းသာ သာမန်လူတစ်ယော်ကဖြစ်လျှင် တစ်လ၊ နှစ်လလောက် ကျင့်ကြံလျှင်ပင် ကျွမ်းကျင်နိုင်လိမ့်မည်မဟုတ်ပေ။
ချီပင်လယ်အဆင့်သည် စီးမြောမှုကို ခုတ်ပိုင်းခြင်းသိုင်း ကို ကျင့်ကြံရန်အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သော်လည်း သိုင်းတစ်ခုလုံးသည်မှုအဆင့်မြင့်၏။ ချီပင်လယ်အဆင့်၏ သိုင်းပညာများနှင့် ယှဥ်လျှင် ၎င်းသည် ပို၍ရှုပ်ထွေး၏။
ချူးယွင်ဖန်းအတွက်မူ သူသည် သမိုင်းကို ဖန်တီးခဲ့ပြီးဖြစ်ကာ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို လက်ခံရရှိပြီးနောက်တွင် သိုင်းပညာတစ်ခုတည်းကို ရက်အနည်းငယ်ကြာ လေ့ကျင့်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းပြသနိုင်ခဲ့သော စီးမြောမှုအား ခုတ်ပိုင်းခြင်း သိုင်းကွက်၏ စွမ်းအားများသည် သူ့အားစိတ်မပျက်စေပေ။ ကမ္ဘာခွဲဓားသိုင်းနှင့် နှိုင်းယှဥ်ပါက ဤသိုင်းပညာ၏ စွမ်းအားသည် နှစ်ဆပိုသာ၏။ တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးမှာ ၎င်းသည် ခွန်အားကို များစွာသုံးစွဲခြင်းဖြစ်သ်ည။ ချူးယွင်ဖန်း၏ လက်ရှိကိုယ်ခံအားဖြင့် ဓားချက်တစ်ခုပြီးမြောက်ရန် သူ့ကိုယ်ခံအားတစ်ဝက်ခန့်ကုန်၏။ သူ့တွင်ရှိသော ကိုယ်ခံအား အရည်အသွေးကြောင့်သာ ၎င်းကို ပြုလုပ်နိုင်ခြင်းဖြစ်ကာ ကောင်းဟုန်ကျီနှင့် အခြားသူများသာဖြစ်လျှင် သိုင်းကွက်တစ်ခုသည်ပင် သူတို့အား လဲကျ၊ ခြေကုန်လက်ပမ်းကျရန် လုံလောက်၏။
ခံနိုင်ရည်အားသုံးစွဲမှု အလွန်အားကောင်းသော်လည်း ချူးယွင်ဖန်းသည်တော့ အတော်လေးကျေနပ်နေသေးသည်။ ဤသိုင်းကွက်ကို ပုံမှန်သိုင်းအဖြစ်အသုံးမပြုဘဲ ဝှက်ဖဲတစ်ခုဖြစ်သာအရံထားထားမည်ဖြစ်သည်။
သူ၏ခွန်အားများတိုးလာသည်နှင့်အမျှ စီမြောမှုခုတ်ပိုင်းခြင်းသိုင်းကွက်၏ စွမ်းအားသည်လည်း သန့်စင်ခြင်းအဆင့် ဓားနည်းစနစ်သို့မရောက်မချင် းတိုးတက်လာမည်ဖြစ်သည်။ သို့မှသာ ၎င်းသည် အမှန်တကယ်ပြီးပြည့်စုံမည်ဖြစ်သည်။
ခဏအကြာတွင် ချူးယွင်ဖန်း၏ ကိုယ်ခံအားပြန်လည်ကောင်းမွန်လာသည်။ ယခုမူ သူသည် စီးမြောမှုခုတ်ပိုင်း ဓားသိုင်းကို လေ့ကျင့်မည့်အစား ကမ္ဘာခွဲဓားသိုင်းနှင့် လေဟုန်တိုက်ခွင်းဓားသွယ်သိုင်းတို့ကို လေ့ကျင့်လျက်ရှိသည်။ သူ၏ ကိုယ်ခံအားတစ်ဝက်ခန့်ကုန်ဆုံးသွားသောအခါတွင် စီးမြောမှု ခုတ်ပိုင်းဖြတ်ခြင်းကို စတင်ေလ့ကျင့်၏။ ထို့နောက် ခွန်အားအလုံးစုံကုန်ခမ်းသွားသောအခါတွင် ပြန်လည်ဖြည့်တင်းရန်တရားပြန်ထိုင်၏။
သူ့ဘေးတွင် သူသုံးနေကျ စွမ်းအင်ဖြည့်တင်းသည့် ဆေးများထည့်ထားသည့် အထူးဆေးသေတ္တာတစ်လုံးရှိသည်။ ဤသို့မှမဟုတ်လျှင် သူ့ခန္ဓာကိုယ်သည် ဤသို့အလွန်ပြင်းထန်သော ကျင့်စဥ်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သုံးရက်အတွင်းမှာပင် လေ့ကျင့်ရေးခန်းထဲမှလူများသည် ကျင့်စဥ်အရူးအမူးတစ်ယောက် လေ့ကျင့်ရေးခန်းသို့ရောက်နေကြောင်းသတိထားမိလာကြသည်။ စားချိန်နှင့်၊ အိပ်ချိန်မှလွဲ၍ သူသည် အချိန်အများစုကို လေ့ကျင့်ရေးခန်းတွင် ကုန်ဆုံးကာ သိုင်းပညာကို အဆက်မပြတ်လေ့ကျင့်နေခဲ့သည်။
ယင်းကြောင့် လူများစွာသည် ၎င်းတို့၏ ငယ်ဘဝများကို သတိရလာကြသည်။ သူတို့သည်လည်း ငယ်ရွယ်ဖူးကြသည်။ ထိုအချိန်တွင် သူတို့သည်နေထွက်ချိန်ကို အပြေးအလွှားစောင့်ဆိုင်းကာ ငယ်ရွယ်ချိန်၏ သွေး၊ ချွေးများကို လေ့ကျင့်ရန်အသုံးပြုခဲ့ကြသည်။ သို့သော် ဘွဲ့ရပြီး အလုပ်ခွင်ဝင်ချိန်မှစ၍ ဤသို့မလုပ်ဖြစ်ကြတော့ပေ။
ချူးယွင်ဖန်းသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း ကျော်ကြားလာခဲ့သည်ကို သူမသိပေ။ သို့သော် သိနေလျှင်ပင် သူဂရုစိုက်မည်မဟုတ်ပေ။ လက်ရှိ သူ့စိတ်ထဲအာရုံစိုက်သည်မှာ ကျင့်ကြံရေးသာဖြစ်သည်။
သူ့ညီမလေး၏ ခွဲစိတ်မှုသည် ယမန်နေ့တွင်ပြီးဆီးခဲ့ကာ ယွမ်သန်း ၃၀ အကုန်အကျခံ၍ ကျင်ဟွာ ပထမဆေးရုံ၏ အကောင်းဆုံးဆရာဝန်များနှင့် အကောင်းဆုံးဆေးဖက်ဆိုင်ရာပစ္စည်းများကို အသုံဂပြုခဲ့သည်။ ဤအရာများက သူ့ညီမလေး၏ ခွဲစိတ်မှုအောင်မြင်ကြောင်းကို သေချာစေသည်။
ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ချူးများကို ဒုက္ခပေးခဲ့သော ဤပြဿနာကို နောက်ဆုံးတွင်ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် အချိန်ကြာမြင့်စွာ ခြေထောက်များချည့်နှဲ့နေခဲ့သောကြောင့် ချူးချင်ရွှမ်သည် ခွဲစိတ်မှုပြီးသော်လည်း ပြန်လည်ထူထောင်ရေးကုသမှုခံယူရန် လိုအပ်နေဆဲဖြစ်သည်။ ယခုအခါသူမသည် အပြည့်အဝပြန်လည်မကောင်းမွန်လာခင် နောက်ထပ်ကုသမှုများခံယူရန်လိုသေး၏။ သို့သော် မွေးရာပါဗီဇရောဂါ၏ အခက်ခဲဆုံးပြဿနာကိုမူဖြေရှင်းပြီးဖြစ်သည်။ သူမ၏ ခြေထောက်များချည့်နဲ့မှုသည် ကြီးကြီးမားမားမဟုတ်ပေ။ အချိန်အလုံအလောက်ရှိနေသရွေ့ သူမသည် အပြည့်အဝပြန်လည်ကျန်းမာလာမည်ဖြစ်သည်။ ချူးယွင်ဖန်းတို့မိသားစုသည် အချိန်အတော်ကြာကြိုတင်ပြင်ဆင်ထားကြသော်လည်း ဝမ်းသာမှုဖြင့် ငိုကြွေးမိခဲ့ကြသေးသည်။
အထူးသဖြင့် မိခင်ဖြစ်သူ ယန်ယာယွင်သည် သူမကိုယ်သူမ မထိန်းနိုင်ပေ။ သမီးဖြစ်သူ၏ မွေးရာပါရောဂါသည် သူမကိုယ်ဝန်လွယ်ထားရချိန်တွင် ဂရုမစိုက်မိမှုကြောင့်ဟု အမြဲယုံကြည်နေခဲ့ကာ အပြစ်ရှိစိတ်များကို အမြဲခံစားခဲ့ရသည်။ ယခုမူ သူမ၏ နှလုံးသားထဲမှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးကို ရုတ်သိမ်းနိုင်လိုက်ပြီဖြစ်သဖြင့် နောက်ဆုံးတော့ သူမ၏ အပြစ်ရှိစိတ်ကို စွန့်လွှတ်နိုင်ခဲ့ပြီဖြစ်သည်။
ဖခင်ဖြစ်သူ ချူးဝမ်ချန်းသည်မူ ချူးချင်ရွှမ်၏ ရောဂါကြောင့် ဤနှစ်များတစ်လျှောက်လုံး ပြေးလွှားနေခဲ့ရသည်။ မည်မျှပေးဆပ်ရခဲ့ရသည်ကို သူသာသိသဖြင့် နောက်ဆုံးတော့ စိတ်ဖြေလျော့ကာ သက်ပြင်းချနိုင်ပြီဖြစ်သည်။
ထို့နောက် အပျော်ဆုံးလူမှာ ချူးချင်ရွှမ်ကိုယ်တိုင်ပင်ဖြစ်သည်မှာ သံသယဝင်စရာမလိုပေ။ ကြဥ်ဖယ်မှုနှင့် ကြောက်ရွံမှုတို့သည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ရုတ်တရက် သေဆုံးခြင်းအတွင် သူမစိုးရိမ်ရန်လိုတော့မည်မဟုတ်ပေ။
သူမသည် ကျေနပ်စွာပြုံးလိုက်သည်။ ယခင်အချိန်များကကဲ့သို့ အတင်းအကြပ် ပြုံးပြခြင်းမဟုတ်ပေ။ ထိုစဥ်က သူတပါးအား မစိုးရိမ်စေချင်သဖြင့် အတင်းအကြပ်လုပ်ပြုံးရသည့်အပြုံးမျိုးဖြစ်သော်လည်း ယခုမူ တကယ့်ကိုတောက်ပသည့် အပြုံးဖြစ်နေ၏။ ယခင်တည်းကရှိသင့်သည့် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်၏ အပြုံးလှလှတစ်ခုဖြစ်သည်။
အသိတရားရှိယောင်ဆောင်ရန် မလိုအပ်ပေ။ နှလုံးသားထဲထိထိရောက်သော အသိတရားရှိသည့် အပြုံးမျိုးဖြစသည်။ ငိုရမည့်အချိန်တွင် ငိုကာ၊ ပြုံးရမည့်အချိန်တွင် ပြုံးနိုင်ပြီဖြစ်သည်။ ၎င်းနှင့်ပတ်သက်၍ များများစားစားစဥ်းစားစရာမလိုတော့ဘဲ၊ သူမနှလုံးသားမှလာသည့် အပြုံးမျိုးဖြစ်သည်။
ထိုအပြုံးကို မြင်သောအခါ ချူးယွင်ဖန်းသည် လွန်ခဲ့သောလအနည်းငယ်ကပြုခဲ့သော သူ့ကြိုးစားအားထုတ်မှုမှာ အချည်းအနှီးမဟုတ်ကြောင်းသိလိုက်သည်။
လွန်ခဲ့သော လအနည်းငယ်က သူသည် ၎င်းကို အဆင့်ဆင့်လုပ်ဆောင်ခဲံသည်။ နောက်ဆုံးတွင် ချုူးများကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့သည့် ဤပြဿနာကို တစ်ချက်တည်းဖြင့် ဖြေရှင်းနိုင်ခဲ့သည်။ ယခု သူ့ညီမ၏ ရောဂါအတွက် စိတ်ပူရန်မလိုတော့ဘဲ ချူးယွင်ဖန်းသည် နောက်ဆုံးစာမေးပွဲတွင်ကျင်းပမည့် ထိပ်တန်းအယောက်နှစ်ဆယ်ရွေးချယ်မှုအတွက် စိတ်နှစ်ကာ ပြင်ဆင်နေတော့သည်။
ဤတစ်ခါတွင်တော့ လူတိုင်းကို ကြီးကြီးမားမားအံ့အားသင့်စေချင်သည်။
အချိန်အတော်ကြာအောင်စောင့်ပြီးသည့်နောက်တွင် ချူးယွင်ဖန်း၏ ကိုယ်ခံအားပြန်လည်ကောင်းမွန်လုနီးပါးဖြစ်လာခဲ့သည်။ သူ့ဘေးရှိ ဆေးဗူးထဲမှာ စွမ်းအင်ဖြည့်ဆေးရည်ကို ဆွဲယူကာ အငမ်းမရသောက်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ကျင့်စဥ်တွင် ပြန်လည်နှစ်မြုပ်လိုက်၏။
အခန်း (၁၂၂) ကျောင်းပြန်ပြီ
နောက်နေ့မနက်ကောင်းကင်သည် မှောင်နက်လျက်ရှိသည်။ ကောင်းကင်မှ တွဲလဲကျနေသည့် လရောင်ဖြာဖြာသည် တောက်ပလျက်ရှိကာ ငွေရောင်လရောင်ဆင်မြန်းနေ၏။
ချူးယွင်ဖန်းသည် မနက်စောစောထကာ သူ့မိဘများကို နှုတ်ဆက်ခဲ့လိုက်သည်။ အိပ်မောကျလျက်ရှိသော ညီမဖြစ်သူကို မနှိုးတော့ဘဲ လေဆိပ်သို့အမြန်ပြေးသွားလိုက်သည်။ သူသည် နောက်ဆုံးစာမေးပွဲကို ဖြေဆိုရန် တုန်ဟွာမြို့သို့ပြန်သွားနေခြင်းဖြစ်ကာ ၎င်းသည် သူ၏ အထက်တန်းကျောင်းသားဘဝ နောက်ဆုံးရက်ဖြစ်သည်။ လေယာဥ်သည် ချူးယွင်ဖန်းကို တုန်ဟွာမြို့သို့ နာရီဝက်အတိအကျအကြာတွင် အချိန်မှန်ပို့ဆောင်ပေးခဲ့သည်။ ထိုအချိန်တွင် နံနက် ခုနှစ်နာရီသာထိုးသေး၏။ သူသည် လေယာဥ်ကို အမှတ် ၁၃ ကျောင်းသို့ စီးခဲ့ခြင်းဖြစ်ကာ အချိန်မီရုံရောက်ခဲ့၏။
ကျောင်းတံခါးဝတွင် မိဘများစွာသည် ကျောင်းသားများနှင့်အတူလိုက်ပါလာခဲ့ကြသည်။ ကျောင်းသားများသည် အရွယ်ရောက်နေကြပြီဖြစ်သဖြင့် မိဘများလိုက်ပို့ဆောင်ရန်မလိုသော်လည်း၊ ယနေ့သည် ကျောင်းတစ်ကျောင်းလုံး၏ နောက်ဆုံးစာမေးပွဲဖြစ်သည်။ မိဘတော်တော်များများသည် စိတ်ပူကာ သာသမီးများကို လိုက်ပို့ပေးရန် နားရက်ယူထားကြ၏။
ဤသည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲရောက်လျှင် တစ်နိုင်ငံလုံးပင် စုစည်းလာလိမ့်မည်ဖြစ်သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲများ၏ အကျိုးသက်ရောက်မှုသည် ခွန်းလွန်ခေတ်တွင်ပင် ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ မိဘများလိုက်ပို့ရသည့် စာဖြေသူများသာ လိုက်ပို့ရသည့် မိဘများအဖြစ်ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။
သို့သော် ထိုလူများအကြားတွင် အနက်ရောင်သိုင်းဝတ်စုံဝတ်ထားသော ချူးယွင်ဖန်း၏ အသွင်အပြင်သည် လူအများ၏ အာရုံစိုက်ခြင်းကို ခံရ၏။
အထူးသဖြင့် တတိယနှစ်ကျောင်းသားများအတွက် ဖြစ်သည်။ ဤရက်အနည်းငယ်အတွင်းဖြစ်လာမည့် ထိပ်တန်းစာရင်းဝင် အယောက်နှစ်ဆယ်ရွေးချယ်မှု၏ နောက်ကွယ်မှ ချူးယွင်ဖန်းနှင့် အို့ယန်အကြားတိုက်ပွဲရက်သည် လူများစွာ၏ ညစာစားပြီး စကားစမြည်ပြောဆိုမှုခေါင်းစဥ်တစ်ခုဖြစ်လာခဲ့သည်။ အို့ယန်နှင့် ကျန်းထန်တို့ ကံကြမ္မာတိုက်ပွဲ၏ အရှိန်ကိုပင် ကျော်လွန်သွားသည်ထင်ရ၏။
ထိပ်တန်းကျောင်းသားနှစ်ဦးသည် ပထမတန်းတွင် ကျောင်းသို့ရောက်လာစဥ်တည်းက ၎င်းတို့၏ ကျင့်ကြံမှု၊ သိုင်းပညာနှစ်ခုလုံးသည် အခြားလူများထက်သာလွန်ခဲ့သည်။ မည်သူမျှ သူတို့အား ယှဥ်ပြိုင်၍မရပေ။ နောက်ဆုံးစာမေးပွဲတိုင်းသည် သူတို့ယှဥ်ပြိုင်ရန် တိုက်ပွဲစင်တစ်ခုသာဖြစ်သည်။ အို့ယန်သည် သူရှုံးသည့်အကြိမ်ထက် အနိုင်ရသည့်အကြိမ်သည် ပိုများသော်လည်း သူတို့နှစ်ဦးသည် တူညီသော အဆင့်တွင်သာရှိနေကြသေးသည်ဟု ယူဆ၍ရသည်။
နှစ်စဥ်နှစ်တိုင်း သူတို့နှစ်ဦးကြားမှယှဥ်ပြိုင်မှုသည် တစ်တန်းလုံးတွင် အရေးအကြီးဆုံးဖြစ်သည်။ “ဘယ်သူအနိုင်ရမှာလဲ”သည် နောက်ဆုံးစာမေးပွဲတိုင်း၏ ပုံသေအကြောင်းအရာတစ်ခုဖြစ်လာပုံရသည်။ ယခုမူ ချူးယွင်ဖန်းနှင့် အို့ယန်အကြားတိုက်ပွဲသည် အို့ယန်နှင့် ကျန်းထန်အကြားရှိ ကြမ္မာတိုက်ပွဲထက် ပို၍ နာမည်ကြီးလျက်ရှိ၏။ ၎င်းသည် လူတိုင်းအတွက် အဆက်အနွယ်အသစ်တစ်ခုဖြစ်ကာ နှစ်တိုင်းတွင် အို့ယန်နှင့် ကျန်းထန်အကြားတိုက်ပွဲကို ကြည့်ရသည်က မည်သို့ပင် ကြည့်စေကာမူ ငြီးငွေ့မှုကို ခံစားလာရပြီဖြစ်သည်။
ချူးယွင်ဖန်းသည် ရက်အနည်းငယ်အတွင်း ဤနေရာတွင်မရှိသော်လည်း သူ၏ ကျော်ကြားမှုမှာ ကျဆင်းသွားခြင်းမရှိပေ။
“ချူးယွင်ဖန်း နောက်ဆုံးတော့ ပေါ်လာပြီ။ ငါ သူမလာရဲတော့ဘူးထင်နေတာ”
“ဘာကိုကြောက်ရမှာလဲ။ တစ်ဖက်ကာ အိုးယန်ပဲကို။ သူရှုံးသွားရင်တောင် ဒါဟာ ကြီးကျယ်တဲ့ ရှုံးနိမ့်မှုပါပဲ။ ဘာကို ကြောက်ရမှာလဲ”
“မင်း နားမလည်ပါဘူး။ လူတစ်ယောက်က အစွမ်းပိုထက်လေလေ၊ ဆုံးရှုံးရမှာကို ပိုကြောက်လေလေပဲ။ သူ့နာမည်သူ ထွင်းထားရတာမလွယ်ဘူးလေ။ သူက အို့ယန်နဲ့ ကျန်းထန်ပြီးရင် ဒုတိယလိုက်နေတာ၊ အကယ်၍ သူသာ အို့ယန်ကို ရှုံးနိမ့်သွားမယ်ဆိုရင် သူဘယ်လိုလုပ် ဆက်ပြီးအသက်ရှင်ဖို့ ဆန္ဒရှိမှာလဲ”
ကျောင်းသားများစွာသည် ချူးယွင်ဖန်း၏ နောက်ကွယ်တွင် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ပထမတန်းနှင့် ဒုတိယတန်းကျောင်းသားများပင် ဤတိုက်ပွဲအကြောင်းကြားကြ၏။
“အဲ့တာ စီနီယာချူးယွင်ဖန်းဖြစ်ရမယ်။ သူအရမ်းတော်တာပဲ”
“သူဖြစ်ရမယ်။ သူက တတိယတန်းတစ်ခုလုံးမှာ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးပဲ။ ဒီနေ့ ငါတို့ဆရာတောင် သူ့ကို စံနမူနာထားပြီး ဥပမာပေးပြောပြခဲ့တယ်။ အရင်တုန်းက သူက သာမန်ကျောင်းသားတစ်ယောက်ပဲလို့ပြောခဲ့ပေမယ့် တတိယတန်းရောက်ပြီးတော့ ရုတ်တရက် တစ်ဟုန်ထိုးတိုးတက်လာခဲ့တာပဲ။ အရင်က သူ့ခွန်အားကိုပဲဖုံးကွယ်ထားသလား ဒါမှမဟုတ် ရုတ်တရက် ဉာဏ်အလင်းရသွားသလားဆိုတာတော့ မသိဘူး”
“ဟုတ်တယ်။ သူက တကယ့်အံ့မခမ်းပဲ။ ငါတို့ရဲ့ဆရာက သူ့ရဲ့ အနှစ်နှစ်ဆယ်ကျော်စာသင်နှစ်အတွင်းမှာ ရွက်ပုန်းသီးတွေအများကြီးမြင်ဖူးပေမယ့်၊ ဒီလောက်သိသိသာသာတိုးတက်လာတဲ့ဘယ်သူ့ကိုမှာ မမြင်ဖူးဘူးလို့ပြောပြခဲ့တယ်။ ဒီနေ့ ကျောင်းရဲ့ နံပါတ်တစ်ဖြစ်တဲ့ အိုးယန်နှင့် တိုက်ပွဲဖြစ်မယ်လို့ကြားတယ်။ သေချာတာကတော့ သူတို့နှစ်ယောက်က ထိပ်တန်းအယောက်နှစ်ဆယ်မရေတွက်ခင်မှာ တွေ့ဆုံမယ်လို့မှန်းရတာပဲ”
ကျောင်းသားမိဘတော်တော်များများသည် ကျောင်းသားများဆွေးနွေးနေကြသည်ကို ကြားကာ၊ ဒီချူးယွင်ဖန်းက တကယ်ပဲ အစွမ်းထက်တာလား”
ချက်ချင်းပင် ကျောင်းသားတစ်ယောက်က ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်။ စီနီယာချူးးယွင်ဖန်းက အရမ်းကို အစွမ်းထက်ပါတယ်။ သူ့က ကျောင်းရဲ့ထိပ်မှာရှိတယ်”
ဤမိဘများသည် ချက်ချင်းပင် သဘောပေါက်သွားသည်။ နံပါတ်တစ်သည် တစ်ကျောင်းလုံးတွင်တစ်ယောက်သာရှိနိုင်သဖြင့် နံပါတ်တစ်မဟုတ်ရခြင်းဖြစ်သော်လည်း နံပါတ်တစ်ဖြစ်လာနိင်သူအနည်းငယ်ရှိကာ၊ ထိပ်တန်းဖြစ်လာသူများကိုမှု အလွန်အစွမ်းထက်သည်ဟု ယူဆနိုင်မည်ဖြစ်သည်။
ချူးယွင်ဖန်းအတန်ထဲသို့ခြေချလိုက်သည်နှင့် မရေမတွက်နိုင်သောလူများစွာ၏ သတိပြုခြင်းကို ခံလိုက်ရသည်။ သူနှင့် အို့ယန်အကြားတိုက်ပွဲသည် သူ့အား တစ်တန်းလုံး၏ အာရုံစိုက်စရာဖြစ်စေခဲ့သည်။ ထိုအကြည့်များကြားတွင် အို့ယန်၏ အကြည့်သည်ပင် တစ်ခုအပါအဝင်ဖြစ်၏။
“စိတ်ဝင်စားစရာပဲ။ သူက ပိုသန်မာလာတယ်” အို့ယန်၏ မျက်ဝန်းများ ကျဥ်းသွားသည်။ အချိန်များ သိပ်မကုန်သွားသော်လည်း၊ ချူးယွင်ဖန်းသည် တကယ့်ကိုပင် သန်မာလာခဲ့သည်။ ထို့အပြင် သူသည် များစွာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ အို့ယန်မြင်နိုင်သောအရာသာဖြစ်ကာ သူက ချက်ချင်းပင် ရယ်လိုက်သည်။ ဤသည်မှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။ ချူးယွင်ဖန်းသာ အားနည်းနေလွန်းပါက အရာအားလုံးအဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။
ချူးယွင်ဖန်းသည် အို့ယန်ကို အနည်းငယ်ခေါင်းညိတ်ပြကာ သူ့ထိုင်ခုံဆီသို့သွားလိုက်သည်။
သူထိုင်ခုံသို့ရောက်သည်နှင့် ဂေါင်ဟုန်ချီသည် သူ့ထံသို့ ကိုယ်ကို ကိုင်းညွတ်လိုက်သည်။
“မင်းညီမလေး အဆင်ပြေရဲ့လား” ဂေါင်ဟုန်ချီသည် မကောင်းတာတစ်ခုခုကို မေးမိမည်ကို စိုးရိမ်သဖြင့် သေချာမေး၏။ သူနှင့် ချူးယွင်ဖန်းတို့သည် သူငယ်ချင်းကောင်းများဖြစ်ကြသည်။ ချူးယွင်ဖန်းသည် မိသားစုကိစ္စများကို မျှဝေပြောဆိုတတ်သူမဟုတ်သော်လည်း ချူးယွင်ဖန်းတွင် မျိုးရိုးဗီဇဆိုင်ရာရောဂါတစ်ခုရှိသည်ကိုသိရှိရန် နှစ်နှစ်သည် လုံလောက်သော အချိန်အတိုင်းအတာဖြစ်၏။
သူ့ညီမ၏ ရောဂါသည် ချူးများကို နှိပ်စက်ခဲ့ရာ ဤကိစ္စနှင့် ပက်သက်ဿ သူသည် အားကိုးရာမဲဖြစ်ခဲ့သည်။ လူချမ်းသာမိသားစု၏ ဆက်ခံသူဖြစ်သည့်အပြင် သူ၏မုန့်ဖိုးသည် များသောာအားဖြင့် အလုပ်လုပ်သော လူကြီးများ၏ လစာထက် ပိုများသော်လည်း ယင်းပမာဏသည် အနည်းငယ်သာဖြစ်သည်။ သန်းသုံးဆယ်ကဲ့သို့ များပြားလှသော ပမာဏသည် သူမဆိုနှင့် သူ့အဖေပင် မတတ်နိုင်ပေ။ သူသည် လူချမ်းသာမိသားစု၏ ဒုတိယမျိုးဆက်မျှသာဖြစ်သည်။
ထို့ကြောင့် သူမည်သို့မျှ မကူညီနိုင်ခဲ့ပေ။ သို့သော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သူ့ညီမကို ကျင်ဟွာမြို့သို့ ဆေးကုသရန်ခေါ်သွားကြောင်း မက်ဆေ့ချ်တစ်ခု လက်ခံရရှိခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်တည်းက သူစိတ်ပူနေခဲ့ရခြင်းဖြစ်၏။
“အားလုံးချောချောမွေ့မွေ့ ပြီးသွားလောက်တယ်။ ခဏလောက် အနားယူပြီးရင် သူမက သာမန်လူတစ်ယောက်လိုဖြစ်သွားလိမ့်မယ်လို့ ဆရာဝန်က ပြောတယ်” ချူးယွင်ဖန်းက ခပ်ပြုံးပြုံးပြောလိုက်သည်။
“သိပ်ကောင်းတာပေါ့” ဂေါင်ဟုန်ချီကဆိုသည်။ ချူးယွင်ဖန်းသည် သူ့ညီမ၏ရောဂါကို စိတ်ပူနေခဲ့ရကြောင်း လွန်ခဲ့သည့် နှစ်နှစ်တည်းက သူကောင်းကောင်းသိခဲ့သည်။ ယခုတော့ သူမပြန်လည်ကောင်းမွန်လာသောကြောင့် နောက်ဆုံးတွင် စိုးရိမ်စိတ်များ ပြန်လည် သက်သာရာရသွားပုံပေါ်၏။
“ဟုတ်တယ်” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ့အား စိုးရိမ်စိတ်ပြင်းပျနေသည့် အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။ ၎င်းသည် တန်စီယုသာဖြစ်သည်။
တန်စီယု၏ အကြည့်များသည် သူ့အပေါ်သို့ကျရောက်နေကာ သိပ်မကြာမီမှာပင် သူမထံမှ မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိ၏၊။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့အဆင်ပြေရရဲ့လားဟု မေးခြင်းဖြစ်သည်။ ချူးယွင်ဖန်းက အဆင်ပြေကြောင်း မက်ဆေ့ချ်ဖြင့်ပြန်ဖြေလိုက်သည်။ တန်စီယုက ဆက်မမေးတော့ပေ။
ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့သည် အချိန်ကြာမြင့်စွာ စကားပြောကြသည်။ လူတိုင်း၏ အကြည့်များသည် ချူးယွင်ဖန်းထံမှ ရွေးလျားသွားကြသည်။ သူတို့သည် ထိုမျှလောက် မစပ်စုပေ။ နောက်ဆုံးတွင်တော့ သူတို့သည် အတန်းဖော်များဖြစ်ကြကာ၊ ပြင်ပလူများကဲ့သို့ လုံးဝမသိနားမလည်ခြင်းမျိုးမရှိကြပေ။
ခဏအကြာတွင် အတန်းပိုင်ဆရာကျင်းဝူသည် လမ်းလျှောက်ဝင်လာ၏။
အခန်း(၁၂၃) စာမေးပွဲစတင်ပြီ
ကျင်းဝူ၏ ဦးတည်ရာသို့ကြည့်လိုက်သည်နှင့် လူတိုင်း၏ အမူအရာသည် တောက်ပလာသည်။
“မင်္ဂလာနံနက်ခင်းပါ နည်းပြ” တစ်တန်းလုံး သံပြိုင်အော်ကြသည်။
“မင်္ဂလာနံနက်ခင်းပါ” ကျင်းဝဓက လူတိုင်းကို လှည့်ပတ်ကြည့်ကာ ခေါင်းညိတ်ပြရင်း ဆိုသည်။
“လူတိုင်း ဒီမှာပဲ။ ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားကြပါ။ စာမေးပွဲက နည်းနည်းကြာမယ်။ စည်းမျဥ်းဟောင်းတွေနဲ့အတူတူပဲ။ ပထမဆုံး စာတွေ့ဖြေရမယ်။ ပြီးရင်သိုင်းပညာ စာမေးပွဲပဲ”
လူတော်တော်များများက ခေါင်းညိတ်ကာ လက်ခုပ်တီးကြသည်။ စာသင်နှစ်တစ်ခုအပြီးတွင် အထူးသဖြင့် အထူးတန်းကျောင်းသားများအတွက် ရလဒ်များကို စစ်ဆေးရန် အချိန်ကျရောက်လာခဲ့ပြီဖြစ်သည်။ ဤသည်က သူတို့အတွက်သူတို့ နာမည်ရစေနိုင်မည့်အခွင့်အရေးလည်းဖြစ်သည်။ အဆင့်ကောင်းလေ၊ အကျိုးအမြတ်များလေဖြစ်၏။
ထိပ်တန်း အယောက်နှစ်ဆယ် စာရင်းဝင်ရန် လူတိုင်းလုပ်နိုင်မည်မဟုတ်သော်လည်း၊ ပိုမိုကောင်းမွန်စွာဆက်ဆံခံရမည်မှာ သံသယဝင်ရန်မလိုအောင်ပင် သေချာ၏။ ဤသည်က သူတို့ အထူးတက္ကသိုလ်များကို ဝင်ခွင့်ရ၏၊ မရ၏ နှင့် သက်ဆိုင်သည်။ ဤသည်က သူတို့၏ တကယ့်အကျိုးအမြတ်နှင့် သက်ဆိုင်သည်။
နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ဆယ်ခုကိုမူ သူတို့ လုံးဝပင် မစဥ်းစားကြတော့ပေ။ ရယ်စရာကောင်းသည်။ လက်ရှိတွင် ထပ်တန်းအဆင့်၌ရပ်တည်နေသော အို့ယန်နှင့် ကျန်းထန်ပင်လျှင် ထိပ်တန်းတက္ကသိုလ် ဆယ်ခုသို့ ရောက်နိုင်မည်မဟုတ်ပေ။
နံပါတ်တစ် တက္ကသိုလ်အတွက်မူ သူတို့၏ မျှော်လင့်ချက်များသည် ပို၍ ပို၍ပင် သေးငယ်သေးသည်။
“ကောင်းပြီ။ မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့။ စာမေးပွဲစဖြေရအောင်” ကျင်းဝူသည် လူတိုင်းအား နံပါတ်ပြားများပေးပြီးနောက် ကျယ်လောင်စွာပြောလိုက်သည်။
ချူးယွင်ဖန်း၊ ဂေါင်ဟုန်ချီနှင့် တန်စီယုတို့ ထွက်သွားကြသည်။ တံခါးဝသို့ရောက်သောအခါ အို့ယန်ကို တွေ့ကြ၏။ အို့ယန်က ချူးယွင်ဖန်းကို ကြည့်ကာဆိုသည်။
“အခြားတစ်ယောက်ဆီ မရှုံးစေနဲ့။ ငါအရမ်းစိတ်ပျက်ရလိမ့်မယ်”
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ အို့ယန်၏ စကားများသည် မယဥ်ကျေးသော်လည်း ထိခိုက်နစ်နာလိုစိတ် တစ်စုံတစ်ရာမရှိသည်ကို သူခံစားမိနိုင်၏။ သူ့ကိုယ်သူ ပြိုင်ဘက်အဖြစ်သာ သတ်မှတ်ထားခဲ့သည်။
“စိတ်မပူပါနဲ့။ ငါ့ကို အနိုင်ယူဖို့ မလွယ်ပါဘူး”
လူတိုင်းသည် နံပါတ်ပြားပေါ်မှ အချက်အလက်များအတိုင်းလိုက်နာကာ ရေးဖြေတန်းအတွက် စာမေးပွဲခန်းသို့သွားကြသည်။ မကြာမီတွင်ပင် ရေးဖြေစာမေးပွဲစတင်၏။
ချူးယွင်ဖန်း၏ လက်ချောင်းများသည် ကွန်ပျူတာကီးများပေါ်တွင် လှုပ်ရှားလျက်ရှိသည်။ သိုင်းပညာတန်းအတွက် ရေးဖြေစာမေးပွဲသည် ဘာသာရပ်ခွဲထားသည့် ယခင်ကကဲ့သို့မဟုတ်ဘဲ ဘာသာရပ်အားလုံဂကို အတူတကွစစ်ဆေးခြင်းဖြစ်သည်။ ၎င်းတို့အားလုံဂသည် ကျယ်ပျံ့သော မေးခွန်းများဖြစ်ကြသည်။ သို့သော် ဤပြီးပြည့်စုံသော မေးခွန်းများတွင် နက္ခတ္တဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ သင်္ချာ၊ စာပေနှင့် ဥပဒေ စသဖြင့် အကြောင်းအရာများစွာပါရှိသည်။
ချူးယွင်ဖန်းအတွက်မူ လုံးဝမခက်ပေ။ သူသည် ကျောင်းစာအုပ်ကို အလွတ်ကျက်မှတ်ထားသဖြင့် သဘာဝကျကျပင်၊ စာမေးပွဲသည် လုံးဝမခက်ခဲပေ။
ပြီးသွားသောအခါတွင် တစ်ကြိမ်စစ်ဆေးပြီးမှ အမှားအယွင်းမရှိကြောင်း အတည်ပြုလိုက်သည်။ ၎င်းသည် အမှတ်ပြည့်ဖြစ်သည်။ သူတို့အားလုံး ဤသို့လုပ်နိုင်ရန်လည်း လုံလောက်သည်။ နောက်ဆုံးတွင်တော့ သိုင်းပညာတန်း၏အဓိကသည် သိုင်းပညာစာမေးပွဲရလဒ်များပေါ်တွင် မူတည်နေသေး၏။
ယခုအချိန်တွင် စာဖြေခန်းထဲ၌ ဆရာများစုဝေးလျက်ရှိသည်။ ခေတ်မီစက်ကိရိယာများဖြင့် စာမေးပွဲခန်း၏ နေရာတိုင်းမှကြည့်ရှု့စောင့်ကြည့်လျက်ရှိသည်။ ကျောင်းသားများ စာခိုးချခြင်းကို စိုးရိမ်ရန်မလိုတော့ပေ။ ၎င်းတို့ ဤနေရာတွင် စာမေးပွဲခန်းကို စောင့်ကြပ်ကြည့်ရှု့နေသရွေ့ ပြဿနာမရှိနိုင်ပေ။
အရေးအကြီးဆုံးနှင့် အထူးချွန်ဆုံးကျောင်းသားများ စာသင်ခန်း၏ မောနီတာရှေ့တွင် ဆရာ၊ ဆရာမအများအပြားသည် သူတို့အားရပ်ကြည့်လျက်ရှိသည်။
“အိုး ချူးယွင်ဖန်းက သူ့အဖြေလွှာကို ထပ်လိုက်ပြီလား။ သူက သင်ယူလေ့လာအား အရမ်းကောင်းတယ်။ အဲ့လိုတစ်ယောက် တိုက်ခိုက်ပြီး သတ်ဖြတ်နေမှာ နှမျောစရာပဲ။ စာပေပိုင်းကိုပဲ သူလေ့လာသင့်တာ။ နှစ်စဥ်နှစ်တိုင်း သိုင်းပညာရှင်တွေပဲပေါ်ထွက်လာကြတာ၊ နည်းနည်းပိုရှိလာတော့ရော ဘာထူးမှာမို့လို့လဲ။ ဒါပေမယ့်၊ ကောင်းမွန်တဲ့ သိပ္ပံပညာရှင်တစ်ယောက်သာ ငါတို့လူသားတွေထဲရှိရင် စစ်တပ်တစ်ခုထပ်ရှိနေတာနဲ့တောင် နှိုင်းယှဥ်လို့ရဦးမယ်။” စာပေသင်သည့် ဆရာကမကျေမနပ်ဖြင့်ဆိုသည်။ သိုင်းပညာနှင့် ဘာသာရပ်ပညာများ နှစ်ခုလုံးအရေးကြီးသည် မှန်သော်လည်း နှိုင်းယှဥ်ကြည့်လျှင် စွမ်းရည်ပြည့်ဝသော ကိုယ်ခံပညာဖြင့် မိမိကိုယ်ကိုယ်မြှင့်တင်ကာ ကမ္ဘာမြေမှလွတ်မြောက်စွာ ပျံသန်းခွင့်သည် လူငယ်များအကြားတွင် ပိုမိုရေပန်းစားသော ရွေးချယ်မှုတစ်ခုဖြစ်သည်။
“သူကောင်းကောင်းသင်ယူနိုင်တယ္။ အရင်က ငါတောင်သင်ပေးခဲ့ရသေးတယ်။ သူက တကယ် အတတ်မြန်တယ်။ သိုင်းပညာတန်းမှာလည်း အတော်လေးနာမည်ကြီးသဗျ၊ ဒါပေမယ့် သူသာ စာပိုင်းပေပိုင်းကို ဆက်လေ့လာမယ်ဆိုရင် သူ့အရည်အချင်းက အတော်လေး ကောင်းမှာပဲ။ သိပ္ပံအကယ်ဒမီကို ဝင်ပြီး အနာဂတ်မှာ ပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်တာမျိုးမှမဟုတ်တာ” စာပေပညာတန်းမှ အခြားဆရာတစ်ဦးသည်လည်း လုံးဝ စိတ်မကောင်းဖြစ်ပုံရသည်။
“မင်းတို့တွေက စိတ်ညစ်စရာပဲ။ သူသိုင်းပညာအရည်အချင်းကလည်း အတော်ထူးချွန်တယ်။ ဘာကြောင့် စာပေကိုလေ့လာရမှာလည်း။ အနည်းဆုံးတော့ အထူးတက္ကသိုလ်တွေကို တက်နိုင်တယ်။ သူသာ အနာဂတ်မှာ ကြိုးစားရင် ထိပ်တန်း နာမည်ကြီး တက္ကသိုလ်ဆယ်ခုထဲက တစ်ခုကို ဝင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိတယ်လို့ ငါထင်တယ်” သိုင်းပညာတန်းမှ ဆရာတစ်ဦးက အခြားဆရာနှစ်ဦး၏ ပြောဆိုမှုကို ကြားလိုက်သဖြင့် ပြန်ပြောသည်။
စာပေပညာနှင့် သိုင်းပညာအတန်းများ ခွဲခြားထေားခြင်းကြောင့် ပြိုင်ဆိုင်မှုများ မလွဲမသွေ ဖြစ်ရသည်။ နှစ်စဥ်နှစ်တိုင်း ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ ဘွဲ့ရနှုန်းသည် ပြိုင်ပွဲ၏ ပန်းတိုင်သာဖြစ်ကာ သိုင်းပညာတန်းသည် အကျောင်းသားများစွာ၏ အကြိုက်ဆုံးဘာသာရပ်ဖြစ်သော်လည်း စာပေပညာသည် သိုင်းပညာကို လွှမ်းမိုးနေသည်ဟူသောအချက်မှာ ရှောင်လွှဲ၍မရပေ။
သိုင်းပညာကို လေ့ကျင့်ရာတွင် အရည်အချင်းလိုအပ်ချက်များအပြင် အရေးအကြီးဆုံးမှာ အမွေအနှစ်နှင့် အရင်းအမြစ်များဖြစ်သည်။ စွမ်းရည်သည် မွေးရာပါပါရမီဖြစ်သော်လည်း အရင်းအမြစ်များသည်မူ စုစည်းရယူရသည်။ သူတို့ကျောင်းသည သာမန်ကျောင်းလေးတစ်ကျောင်းသာဖြစ်ကာ ၎င်းတို့ကိုပေးစွမ်းနိုင်သည့်အရင်းအမြစ်များမှာမူ အကန့်အသတ်ရှိနေသည်။ ထို့ကြောင့် ထိပ်တန်းကျောင်းများနှင့် ယှဥ်ပြိုင်ရန် အလွန်ခက်ခဲသည်။ သို့သော် ပညာရှင်များအတွက်မူ ယင်းသည် ကွာခြား၏။ လူတစ်ယောက်တွင် အရည်အချင်းရှိကာ လုံလုံလောက်လောက်ကြိုးစားနိုင်သရွေ့ သူတို့ ပေါ်လွင်နေနိုင်မည်ဖြစ်သည်။
ထို့ကြောင့် အမှတ် ၁၃ အထက်တန်းကျောင်းမှ ကျောင်းသားများသည် ထင်ရှားကျော်ကြားသော ထိပ်တန်းကျောင်းဆယ်ကျောင်းအတွင်းမှ တစ်ခုဖြစ်သည့် အထူးတက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်သူများ ရှိနိုင်သည်။ နှစ်စဥ်နှစ်တိုင်း၊ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်နိုင်သူ အနည်းငယ်ရှိနိုင်မည်
စာပေနှင့် သိုင်းပညာတွင် ကြွယ်ဝခြင်း၊ မကြွယ်ဝခြင်း၏ နိယာမသည် ဤနေရာတွင်အပြည့်အဝထင်ဟပ်၏။ စာမေးပွဲပြီးသောအခါတွင် ချူးယွင်ဖန်းသည် စာသင်ခန်းထဲမှ ထွက်လာသည်။ သူ့ကြောင့် စာပေပညာတန်းမှ ဆရာများနှင့် သိုင်းပညာတန်းမှ ဆရာများ ငြင်းခုံမှုအသေးစားလေးတစ်ခု ရှိခဲ့သည်ကိုတော့ ချူးယွင်ဖန်းမသိလိုက်ပေ။
မေးခွန်းများစွာမရှိသောကြောင့် သိုင်းပညာတန်းမှကျောင်းသားများသည် သူတို့၏ အဖြေလွှာများကို အမြန်ပြီးအောင်ဖြေကြသည်။ စာပေပညာတန်းတွင် နောက်ထပ်စာရွက်များ ထပ်ယူရန်မလိုတော့သော်လည်း သိုင်းပညာစာမေးပွဲအတွက်မူ ပြင်ဆင်ရမည်ဖြစ်သည်။
“နောက်ဆုံးစာမေးပွဲပုံစံကို သိလား” ချူးယွန်ဖန်းက ဂေါင်ဟုန်ချီအား ဘေးသို့ဆွဲကာမေးလိုက်သည်။
“ဆရာက ငါတို့ကို ကြိုပြောထားပေမယ့် မင်းမှဒီမှာမရှိတာ။ မင်းမသိတာပုံမှန်ပါပဲ” ဂေါင်ဟုန်ချီက ဆိုသည်။ “သိုင်းပညာစာမေးပွဲကို အပိုင်းနှစ်ပိုင်းခွဲဖြေရမယ်တဲ့။ တစ်ခုက virtual world မှာဝင်ပြီး စာမေးပွဲဖြေရမယ့် အခြေခံစာမေးပွဲ။ မင်းရှုံးတဲ့ ပြိုင်ဘက်အရေအတွက်ကို လိုက်ပြီး အဆင့်သတ်မှတ်မယ်။ အဲ့တာပြီးရင် အဆင့်လိုက်ပြိုင်ပွဲရှိမယ်တဲ့။ ပြိုင်ပွဲက ဆယ်ကျော့လောက်ရှိမယ်။ မင်းရဲ့ ပထမဖြေဆိုမှုရဲ့ ရလဒ်အရ နောက်ဆုံးအဆင့်ကို သတ်မှတ်လိုက်မယ်။ ဒါက ငါတို့ရဲ့ တစ်ကျောင်းလုံးပမာဏနဲ့ အဆင့် သတ်မှတ်ချက်ဖြစ်ပြီးတော့၊ ထိပ်တန်း အယောက်နှစ်ဆယ်ရွေးဖို့အပြင် အထူးတန်းရောက်နေပြီး အဆင့်နိမ့်ရတဲ့ ကျောင်းသားတချို့ကိုလည်း ဖယ်ရှားပစ်မှာတဲ့။ အဲ့ကျ လွတ်သွားတဲ့နေရာတွေကို သာမန်အတန်းတွေက လက်ရွေးစင်တွေနဲ့ အစားထိုးလိုက်လိမ့်မယ်”
“နားလည်ပြီ” ချူးယွင်ဖန်းက ခေါင်းညိတ်သည်၊ ယခင်က အတန်းခွဲပြီးသော်လည်း သိုင်းပညာတန်းတစ်ခုလုံးရှိ အထူးချွန်ဆုံးကျောင်းသားမျာကိုသာ အထူးတန်းများတွင် စုဝေးခြင်းကို သေချာစေရန် စာသင်နှစ်တိုင်းတွင် ပြောင်းလဲမှုများ ပြုလုပ်လေ့ရှိကြသည်။
ဤပြိုင်ပွဲသည် အလွန်ပြင်ထန်ကာ၊ ထိပ်ရောက်နေသောကျောင်းသားများအတွက် ၎င်းသည် ထိပ်တန်းအယောက်နှစ်ဆယ်ပြိုင်ပွဲဖြစ်သည်။ အောက်ခြေအဆင့်တွင်ရှိသော ကျောင်းသားများအတွက်မူ အထူးတန်းတွင် ဆက်လက်နေထိုင်ခွင့်ရရန် ပြိုင်ဆိုင်မှုတစ်ခုဖြစ်သည်။
နောက်ထပ်နာရီဝက်အကြာတွင်တော့ သိုင်းပညာစာမေးပွဲကို စတင်ခဲ့သည်။ ကျောင်းသားအားလုံးသည် လေ့ကျင့်ခန်းထဲသို့ဝင်ကြကာ ဖြေဆိုရန် virtua; network သို့ ချိတ်ဆက်လိုက်ကြသည်။