← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄) ပထမကျော့ကို အေးဆေးအောင်နိုင်ခြင်း

ဤသည်မှာ ပုံရိပ်ယောင်နက်ဝေါ့ထဲသို့ သူဝင်ရောက်သည့် ပထမဆုံးအကြိမ်မဟုတ်သော်လည်း မြင်ကွင်းများကို လက်တွေ့ကမ္ဘာကကဲ့သို့ စုံလင်စွာပြသထားသည်ကို မြင်သောအခါ အံ့သြမိနေသေးသည်။ အကယ့်ကို အစစ်မှန်နှင့် ကွဲပြားမှုမရှိပေ။

၎င်းသည် နည်းပညာတစ်ခုတည်းကြောင့် အောင်မြင်ခြင်းမဟုတ်ပေ။ ပုံရိပ်ယောင်နက်ဝေါ့၏ရင်းမြစ်မှာ မှော်ဆန်သည့် ကိရိယာတစ်မျိုးဟု ဆို၍ရသည်။

သို့သော် ယခင်က မည်သူမျှ မမြင်ဖူးခဲ့ပေ။ ဤအကြောင်းအရာနှင့် ပတ်သက်သက်၍ ပြည်ထောင်စုအစိုးရသည် များများစားစားဖော်ပြထားခြင်းမရှိပေ။ ဤအကြောင်းကိုသာ လူထုမှသိကြ၏။

ပုံရိပ်ယောင်နက်ဝေါ့ စာမေးပွဲ နေရာသို့ ဝင်ရောက်ပြီးနောက်၊ တရားဝင် အကဲဖြတ်မှု စတင်ခဲ့သည်။ ချူးယွင်ဖန်း၏ရှေ့တွင် သိုင်းပညာရှင်တစ်ဦး ပေါ်လာသည်။ ဤပုံရိပ်ယောင်နက်ဝေါ့သိုင်းပညာရှင်သည် ရုပ်ခန္ဓာနဝမအဆင့်ဖြစ်သည့် ချီပြည့်ဝခြင်းအဆင့်တွင်ရှိသည်။

သာမာန်အတန်းမှ ကျောင်းသားများသည် ယခုအချိန်၌ ချီပြည့်ဝခြင်းအဆင့်သို့ ရောက်ရှိသင့်သည်။ နောက်ဆုံးတွင်၊ ကျောင်းသားများသည် သိုင်းပညာပုံမှန်အတန်းသို့ပင် ဝင်ရောက်နိုင်ရန် အနည်းဆုံး ကိုယ်ခန္ဓာသတ္တမအဆင့်တွင် ရှိရမည်ဖြစ်သည်။

ယခု စာသင်နှစ်တစ်ခုခုပြီးသွားသောအခါ၊ လပေါင်းများစွာ လေ့ကျင့်ပြီးနောက်၊ ၎င်းတို့သည် ချီပြည့်ဝခြင်းအဆင့်သို့ အလွယ်တကူ ရောက်ရှိသင့်နေပြီဖြစ်၏။ ဤစမ်းသပ်မှုအဆင့်သည် အလွန်ခက်ခဲခြင်းမရှိပါ။

ချူးယွင်ဖန်းအတွက်မူ လွယ်ကူလွန်းသည်။ သူသည် ပုံရိပ်ယောင်နက်ဝေါ့သိုင်းညာရှင်ကို အလွယ်တကူ ကန်ထုတ်လိုက်ပြီးနောက် ၎င်းသည် သက်တံအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ပုံရိပ်ယောင်နက်ဝေါ့သိုင်းပညာရှင်ဖြစ်သည့် ဒုတိယမြောက် ပုံရိပ်ယောင်သိုင်းပညာရှင် ပေါ်လာသည်။ ဤတစ်ယောက်၏ ခွန်အားသည် အနည်းငယ် ပိုအားကောင်းသည်။ ၎င်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်ရှိနေ၏။

ယခင်က ကျောင်းသားများကို အတန်းခွဲလိုက်သောအခါတွင် အကဲဖြတ်မှုသည် ဤကဲ့သို့ တစ်ပုံစံတည်းဖြစ်၏။ ယခုမူ၊ ဤလူသည် ချုးယွင်ဖန်း၏ ရှေ့တိုးတိုက်ခိုက်မှုကို လုံးဝမခံနိင်တော့ဘဲရှိကာ ချူးယွင်ဖန်းက သူပျောက်ကွယ်သွားသည်အထိ သူ့ကို သူထိအောင် ကန်ခဲ့သည်။ တတိယအဆင့်မှာမူ ချီပင်လယ်ဒုတိယအဆင့်သိုင်းပညာရှင်ဖြစ်သည်။ သူ ဒီသိုင်းပညာရှင်ကို အနိုင်ယူနေသရွေ့တော့ သူသည် ကောင်းမွန်သည့သည့် အကဲဖြတ်မှုတစ်ခု ရလိမ့်မည်ဖြစ်သည်။

အထူးတန်းရှိ ကျောင်းသားအားလုံးသည် အကဲဖြတ်ခြင်းတွင် ထူးထူချွန်ချွန်အောင်မြင်သင့်ကာ သာမာန်အတန်းများတွင် ထူးချွန်သောအကဲဖြတ်မှုရရှိမည့်သူအချို့လည်း ရှိကောင်းရှိပေမည်။ ကျောင်းသားအများစုသည် ကောင်းမွန်သော အကဲဖြတ်မှုသာ ရရှိမည်ဖြစ်သည်။

စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်ရှိ၊ ဤပုံရိပ်ယောင် သိုင်းပညာရှင်သည်လည်း ချူးယွင်ဖန်းကို မတားဆီးနိုင်ခဲ့ပေ။ အပြင်းအထန် ထိုးနှက်ချက် အနည်းငယ်ကို ခံယူပြီးနောက်တွင် သက်တံ့အလင်းထဲ၌ပျောက်ကွယ်သွား၏။ ထို့နောက် ချူးယွင်ဖန်းသည် ပုံရိပ်ယောင်နက်ဝေါ့မှထွက်လာခဲ့သည်။

ကျန်သည်မှာ အဆင့်တိုက်ပွဲသာဖြစ်သည်။ ဤအဆင့်သတ်မှတ်တိုက်ပွဲသည် ပုံရိပ်ယောင်နက်ဝေါ့တွင်မဟုတ်ဘဲ လက်တွေ့ဘဝတွင် တိုက်ပွဲဝင်မည်ဖြစ်သည်။

ကျောင်းအလယ်ရှိ အားကစားကွင်းသည် အကဲဖြတ်မှုတွင် ပါဝင်သည့် သိုင်းပညာတန်းမှကျောင်းသားများဖြင့် ပြည့်နေပြီဖြစ်သည်။ ကျောင်း၏ဆေးပေးခန်းမှ ဝန်ထမ်းအနည်းငယ်သည် မနက်အစောပိုင်းကတည်းက အသင့်အနေအထားဖြင့် ရှိနေပြီဖြစ်သည်။ အချိန်မရွေးအသုံးပြုနိုင်စေရန် ဆေးပစ္စည်းကိရိယာများကိုလည်း အားကစားကွင်းအစွန်းသို့ ပြောင်းရွှေ့ထားသည်။

ကျောင်းသားမျာသည် အကဲဖြတ်ရုံမျှသာ မဟုတ်ပေ။ ယခုအချိန်တွင် ၎င်းတို့အားလုံးကို သိုင်းပညာရှင်အဖြစ် သတ်မှတ်ထားသည်။ သတိရှိနေသရွေ့ မည်သူ့ကိုမျှ သတ်မိမည်မဟုတ်ပေ။ ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာများနှင့်အတူ၊ ချက်ချင်းသေဆုံးခြင်းမှလွဲ၍ အရာအားလုံဂသည် သေးငယ်သောကိစ္စများသာဖြစ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ဤသည်မှာ တကယ့်တိုက်ပွဲဖြစ်ကာ အခြေအနေသည် မတူသောကိစ္စပင်ဖြစ်သည်။

ကျောင်းသားအားလုံး ရောက်ရှိလာသောအခါတွင် ကျောင်းအုပ်ကြီး ဟွာချန်ရှန်းက စင်မြင့်ပေါ်သို့ ရောက်ရှိလာသည်။ မိုက်ခရိုဖုန်းကိုကိုင်ကာ

“ကျောင်းသားတို့၊ စာသင်နှစ်တိုင်းတစ်ကြိမ်ကျင်းပတဲ့ ကိုယ်ခံပညာကဏ္ဍရဲ့ နောက်ဆုံးစာမေးပွဲ၊

စတင်ပါတော့မယ်။ ဒါက မင်းတို့ရဲ့ နောက်ဆုံး စာမေးပွဲလည်း ဖြစ်တယ်။ မင်းတို့ ကောင်းကောင်းစွမ်းဆောင်ပြီးတော့ ကိုယ့်အဆင့်အတန်းကိုယ်စစ်ဆေးနိုင်မယ်လို့ထင်ပါတယ်။ တခြားအများကြီး မပြောတော့ဘူး။ လူတိုင်း၊ နောက်ဆုံးအခြေအနေတွေကို အာရုံစိုက်ပါ။ ပြိုင်ပွဲမစခင် နောက်ထပ် ကြေငြာပေးပါ့မယ်။”

ကျောင်းအုပ်ကြီး ဟွာချန်ရှန်း၏ပြောဆိုမှုနောက်ဆွင် သိုင်းပညာတန်းအဆင့်သတ်မှတ်တိုက်ပွဲ စတင်တော့မည်ဖြစ်သည်။

“နောက်ဆုံးတော့ စပြီ။ နောက်ဆုံးတော့ ငါ့ရဲ့ အရည်အချင်းကို ပြသဖို့ အလှည့်ရောက်ပြီပေါ့"

ဂေါင်ဟုန်ချီက လှံကိုကိုင်ကာ ရယ်ရယ်မောမောနှင့် ဆိုသည်။ သူသည် အောင်မြင်မှုရခဲ့သည့် ဗီလိန်တစ်ယောက်ကဲ့သို့ မောက်မာနေပုံပေါ်၏။ သူ၏ တင်းမာမှုများကို ဖြေလျှော့ရန် ဤသို့လုပ်နေမှန်းသိသော်လည်း ချူးယွင်ဖန်းအား ခပ်ပြင်းပြင်းကန်လိုက်မိသည်။

“ပထမအချီမှာတင် မရှုံးစေနဲ့” ချူးယွင်ဖန်းက ဆို၏။

“အဲ့တာက မဖြစ်နိုင်ပါဘူး၊ မင်း၊ တန်စီယု၊ ကျန်းထန်နဲ့ အို့ယန်တို့နဲ့ မတိုက်ရသရွေ့ပေါ့။ မင်းတို့ကောင်တွေက မကောင်းဆိုးဝါးတွေ” ဂေါင်ဟုန်ချီက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းထံတွင် အထိနာသွားသည်ကို မြင်ရသောအခါ အနားရှိတန်စီယုသည် မပြုံးဘဲမနေနိုင်တော့ပေ။ မကြာခင်တွင်ပင် သူတို့သုံးယောက်သည် ပထမအကျော့စတင်တော့မည်ဟူသည့် သတင်းကို ကြားလိုက်ရသည်။ ချူးယွင်ဖန်းသည် တိုက်ပွဲဧရိယာများထဲမှ တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် အရပ်ရှည်ရှည်နှင့် ထွားကြိုင်းသော လူငယ်တစ်ဦးသည် ကွင်းထဲတွင်ရပ်နေ၏။ သူသည် ချူးယွင်ဖန်းကို စိုက်ကြည့်လျက်ရှိသည်။ ထို့နောက်အေးစက်စွာပြော၏။

“ချူးယွင်ဖန်း၊ ငါမင်းကို သိတယ်။ ဒါပေမယ့် မင်းခွန်အားကို ငါမယုံဘူး။ ငါ အရင်က အထူးတန်းကို မဝင်နိုင်ခဲ့ပေမယ့် အခုတော့ မင်းပခုံးပေါ်တက်နင်းပြီး ကိုယ်ခံပညာတန်းကို ဝင်တော့မယ်”

ချူးယွင်ဖန်းက အနည်းငယ်ပြုံးလိုက်သည်။ ဤလူများ မည်သို့တွေးနေသည်ကို သူသိချင်သည်။ သူ့အကြောင်းများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ကုန်သော်လည်း အများစုသည် ကောလဟာလများသာဖြစ်သည်။ လူတော်တော်များများသည် သူအား တကယ်မမြင်ဖူးကြသေးပေ။ အို့ယန်နှင့် မတူ၊ ချူးယွင်ဖန်း နှစ်စဥ်အကဲခတ်မှုမှရရှိသော ဂုဏ်သတင်းသည် အခြားသူများ၏ အထက်တွင်ရှိကာ၊ အသိအမှတ်မပြုချင်သည့်တိုင် အသိအမှတ်ပြုရမည်ဖြစ်သည်။

ရဲရင့်ထက်မြက်သော ကျောင်းသားအချို့သည် သေချာပေါက် ယုံကြည်ကြမည်မဟုတ်ပေ။ ဤသည်မှာ ချူးယွင်ဖန်းကဲ့သို့ပင်ဖြစ်သည်။ အကယ်၍ သူသည် လူတစ်ဦးအား အခြားသူများမှာမြှောက်ပင့်ပြောဆိုသည်ကို ကြားဖူးသည့်တိုင် လူကိုယ်တိုင် တစ်ခါမျှမတွေ့ဖူးသရွေ့တော့ မျက်စိမှိတ်ယုံနိုင်မည်မဟုတ်ပေ။ အချို့သူများသည် အလွန်အမင်းဆန်းတင့်လျက်နေထိုင်ခဲ့ကြသော်လည်း၊ သိပ်မကြာလိုက်ခင်တွင်ပင် နာမည်ပျက်သွားတတ်ကြသည်။

“ရဲ့ရင့်ပြီးထက်မြက်တဲ့တယ်ဖို့ ကိစ္စတစ်ခုပဲလိုတယ်။ ဒါပေမယ့် လူတိုင်းက သူတို့ရဲ့ နာမည်နဲ့ မလိုက်ကြဘူးကွ။ အထူးတန်းကို ဝင်ချင်နေတာ ကောင်းပါတယ်။ ဒါပေမယ့် မင်း ငါ့ကို အောင်မြင်မှုအမှတ်တစ်ခုအနေနဲ့ သုံးချင်နေရင်တော့ မင်းအိပ်မက်မက်နေတာပဲ” ချူးယွင်ဖန်းက ခပ်အေးအေးဆိုသည်။

သူသည် လွန်ခဲ့သောလအနည်းငယ်က သူမဟုတ်တော့ပေ။ လွန်ခဲ့သောလအနည်းငယ်အတွင်း လုပ်ဆေင်ခဲ့သည့် သူ၏ လျင်မြန်သောတိုးတက်မှုသည် သူ့သဘောထားကို ပုံဖော်ထားပြီးဖြစ်သည်။

“ငါ့နာမည်က ….” ကျောင်းသားသည် သူ့ကိုယ်သူစတင်မိတ်ဆက်၏၊

ချုူးယွင်ဖန်းက ခေါင်းကို ခါလိုက်ကာ ဆိုသည်။

“မင်းကိုယ်မင်း မိတ်ဆက်ဖို့မလိုဘူး။ အရှုံးသမားတွေကို စိတ်မဝင်စားဘူး”

ဤကျောင်းသားသည် အစတွင်တည်းက ရန်လိုနေခဲ့သဖြင့် ချူးယွင်ဖန်းတစ်ယောက် အနည်းငယ်ရွံရှာ စက်ဆုပ်သွားမိသည်။ ဒီ့ထက်ပို၍ လေးစားပြရန် စိတ်မဝင်စားတော့ပေ။

"ဒါက လွန်လွန်းတယ်” ကျောင်းသားသည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားသည်။ ချူးယွင်ဖန်း၏ သဘောထားသည် ဤကျောင်းသားအား

အရေးမထားသည့်သဘောပြနေသဖြင့် ရိုးရှင်းစွာပင် ဤသည်က အလွန် အရှက်တကွဲဖြစ်စေသည်။ ကျောင်းသားသည် လက်ဖဝါးကိုလှန်လိုက်သည်နှင့် ဓားရှည်တစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။ သူသည် အရပ်ရှည်ကာ သန်မာသဖြင့် ပေါ့ပေါ့ပါးပါး၊ သွက်သွက်လက်လက် လမ်းလျှောက်ရန် ပုံမှန်ဓားကို အသုံးပြုခြင်းသည် သူ့အတွက် မသင့်တော်ပေ။ သူ့အတွက်မူ သူ့ခွန်အားကို ထုတ်သုံးနိုင်မည့် လေလံသည့်ဓားကို အသုံးပြုခြင်းသည် ပိုသင့်တော်၏။

ရှန်း

ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ခန္ဓာကိုယ်သည် အမြောက်ကျည်တစ်ခုကဲ့သို့ ရှေ့သို့ပျံထွက်လာသည်။ ထို့နောက် သူလက်ထဲတွင်ရှိသော ဓားဖြင့် ခုတ်ချလိုက်ချိန်တွင် စွမ်းအင်စစ်သည် လေကိုဖြတ်သွား၏။ သူ့လက်ထဲမှ ဓားသည် ကျယ်လောင်သည့် အသံကို ပေါ်ထွက်လာစေသည်။

ဤကျောင်းသားသည် အခုလေးတင်မှ စိတ်ကြီးဝင်ကာပြောခဲ့သော်လည်း တကယ်ကိုပင် သူ့တွင်အရည်အချင်းများရှိသည်။ သူသည် သာမန်အတန်းတွင်သာတက်နေရသည့်တိုင် အမှန်တကယ်တွင် ချီပင်လယ် တတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ဤသို့သောကျင့်ကြံရေးဖြင့် သူသည် အထူးတန်းကျောင်းသားများနှင့် တန်းတူဖြစ်သည်။ အထူးတန်း၏ ကျောင်းသားများကြားတွင်ပင် သူသည် အလယ်အဆင့် သတ်မှတ်ခံရနိုင်ကာ အတန်းရဲ့အောက်ခြေသို့ ရောက်မည်မဟုတ်ပေ။

ပြိုင်ဘက်မှားရွေးမိသည်မှာ သနားစရာတော့ ကောင်းသည်။

ချူးယွင်ဖန်းသည် သူ့ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားကာ ဝင်လာသောဓားကို ပိတ်ဆို့လိုက်သည်။

ချလန်

သတ္တုပွတ်တိုက်သံ ထွက်ပေါ်လာသည်။

"ဘာ" ကျောင်းသား၏ မျက်နှာသည် ထိတ်လန့်တကြား ချက်ချင်း ဖြူဖျော့သွားသည်။ သူသည် ဓားကို လက်နှစ်ဘက်နှင့် ကိုင်ထားကာ ၎င်းသည် အတော်လေးလေးလံသောဓားဖြစ်သည်။ သို့သော် သူ၏တိုက်ခိုက်မှုကို အခြားတစ်ဖက်မှ အလွယ်တကူ တားဆီးခဲ့သည်။

ရုတ်​တရက်​ သူအမြင်အာရုံသည် မှုန်​ဝါးသွား၏။ သူသတိမထားမိခင်တွင်ပင် ချူးယွင်ဖန်းသည် သူ့ရှေ့တွင် ပေါ်လာ၏။ ထို့နောက် ချူးယွင်ဖန်းသည် လေးလံသော အမြောက်တစ်စင်းကဲ့သို့ ပြေးဝင်လာ၏။

ဘမ်း

ကျောင်းသားထံမှ ရုတ်တရက် ငြီးသံတစ်ခုထွက်လာကာ နောက်သို့ လွင့်ထွက်သွားသည်။ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျကာ နှစ်ကြိမ်တိုင်တိုင် ရုန်းကန်သော်လည်း မထနိုင်ပေ။

"ပထမအချီ၊ အတန်း၃ အခန်း (၂) မှ ချူးယွင်ဖန်း အနိုင်ရ”

အခန်း(၁၂၅) ထောပတ်ကို လှီးသောဓားကဲ့သို့

“မြန်လိုက်တဲ့အရှိန်”

“ဟုတ်တယ်။ အဲ့တာ သိုင်းကွက်တစ်ခုတည်းပဲ။ မပြီးလိုက်ခင်မှာတင် တုံ့ပြန်ဖို့ အခွင့်အရေးမရလိုက်ဘူး”

“သူတို့နှစ်ယောာက်လုံး ချီပင်လယ်အဆင့်မှာ ရှိနေတာကို ဘယ်လိုလုပ် ဒီလောက် ကွာခြားချက်ရှိနေနိုင်မှာလဲ”

“သာမန်အတန်းရဲ့ လက်ရွေးစင်တွေနဲ့ အထူးတန်းရဲ့လက်ရွေးစင်ကြား ကွာဟချက်ကာ လက်ခံနိုင်စရာမရှိဘူးပဲ”

တိုက်ပွဲရလဒ်ကို မြင်သူအများအပြားသည် အံ့သြသွားကြည်။ တချို့သည် ကြည့်ရန် ရောက်ရုံသာရှိသေး၊ ပွဲပြီးသွားခဲ့ပြီဖြစ်သည်။ ဆရာအတော်များများပင် အံ့သြသွားကြသည်။ ချုးယွင်ဖန်းသည် အထူးတန်း၏ ထိပ်တန်းကျောင်းသားဖြစ်သည့်အလျောက် များစွာသောဆရာများသည် ‌ထောက်လှမ်းရေးကင်မရာများမှ တစ်ဆင့် စောင့်ကြည့်လျက်ရှိသည်။ ပြူးကျယ်သော မျက်လုံးများဖြင့် သူတို့သည် ချူးယွင်ဖန်း သိုင်းကွက်တစ်ခုအတွင်းတွင်၊ မြေပြင်ပေါ်သို့ အလဲသိပ်လိုက်သည်ကို အထူးသဖြင့် ထိုကျောင်းသား၏ အတန်းပိုင်ဆရာက စောင့်ကြည့်လျက်ရှိသည်။ ထိုအချိန်တွင် သူ့အမူအယာသည် အလွန် မြင်မကောင်းရှု့မကောင်းရုပ်ပျက်နေ၏။

ထိုကျောင်းသားသည် သူ့အတန်းထဲတွင် အတော်ဆုံး၊ အထူးချွန်ဆုံးကျောင်းသားတစ်ဦးဖြစ်သည်။ ယခုနှစ်တွင် ထိုကျောင်းသားသည် အထူးတန်းသို့ဝင်ရောက်ရန် အလားအလာရှိသော်လည်း၊ နောက်ဆုံးတွင်မူ သိုင်းကွက်တစ်ခုတည်းဖြင့် ကျရှုံးသွားရသည်။ အထူးတန်းနှင့် သာမန်အတန်း၏ ကွာခြားချက်သည် တကယ်ကိုပင်ကြီးမား၏။

ချူးယွင်ဖန်းသည် တိုက်ပွဲဧရိယာမှ ထွက်လာခဲ့သည်။ ကျရှုံးသွားသည့် ကျောင်းသားကိုလည်း ဆေးကုသမှုခံယူစေရန် ကျောင်းဝန်ထမ်းတစ်ဦးမှ အမြန်ခေါ်ဆောင်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သိုင်းကွက်တစ်ချက်တည်းဖြင့် အလဲသိပ်ခံလိုက်ရသော်လည်း ဒဏ်ရာသည် သိပ်မပြင်းထန်ပေ။ အနည်းငယ် လွင့်ထွက်သွားရုံသာဖြစ်သည်။ ဆေးကုသမှုခံယူနေသရွေ့ ဤအဆင့်သတ်မှတ်တိုက်ပွဲတွင် ဆက်လက်ပါဝင်နိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ဤကျောင်းသား၏ ရန်လိုသည့်သဘောထားကြောင့် စိတ်ဆိုးခဲ့သော်လည်း ရက်စက်စွာပြုမှုခြင်းမရှိခဲ့ပေ။

ဤအချိန်တွင် ကျောင်းအုပ်ကြီးမှလွဲ၍ အခြားကျောင်းရေးရာ ဒါရိုက်တာနှင့် ချင်ဖုန်းနှင့် ကျင်းဝူကဲ့သို့ အခြား အဆင့်မြင့်အရာရှိဝန်ထမ်းများသည် စင်မြင့်၏ အနီးတွင် စုဝေးနေကြသည်။ ထိုအပြင် သူတို့သည် လုံးဝမတူညီသော စကားလမ်းကြောင်းတွင် မျောနေကြ၏။

“ချင်ဖုန်း၊ မင်းလောင်းချင်လား။ ဒီတစ်ခေါက် ထိပ်တန်း ၅၀၂ယောက်မှာ မင်းရဲ့အတန်းတစ်က ဒါမှမဟုတ် ငါ့ရဲ့ အတန်း ၂က ပိုများမလား” ကျင်းဝူက ဆို၏။ “အစကတော့ ချန်ပီယံဖြစ်လာမယ့်သူကို လောင်းကြေးထပ်မလို့ပဲ။ ဒါပေမယ့် မင်းအတန်းက ကျန်းထန် ငါ့အတန်းက အို့တစ်ယန်ဆီရှုံးတာ ပထမအကြိမ်မဟုတ်ဘူးဆိုတော့ ဒီကိစ္စနဲ့လောင်းရင် မင်းကို အနိုင်ကျင့်ရာကျလိမ့်မယ်”

ချင်ဖုန်း၏ အမူအယာသည် အချဥ်ပေါက်သွားကာ အောက်သိုးသိုးဖြစ်သွားသော်လည်း ဆိုသည်။ “ကောင်းပြီ။ လောင်းရအောင်။ ငါတို့လောင်းကြေးဘယ်လောက်ထားမလဲ။ တစ်သိန်းဆို ဘယ်လိုလဲ”

သူ့အတန်း၏ အခြေအနေကို သူသိသည်။ ကျန်းထန်နှင့် အို့ယန်သည် အမြဲတန်းတူညီနေသော်လည်း သူ့ကျောင်းသားသည် အနိုင်ရသည့်အကြိမ်ထက် ရှုံးသည့်အကြိမ်က ပိုများ၏။ မည်သူချန်ပီယံဖြစ်မလဲကိုသာ လောင်းကြေးထပ်လျှင် ချင်ဖုန်းစိတ်ဝင်စားမည်မဟုတ်ပေ။

“ကောင်းပြီ” ကျင်းဝူက ပြောသည်။

ရုတ်တရက်၊ ကျင်းဝူသည် ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်ကို မြင်လိုက်ရကာ ချူးယွင်ဖန်း ထို သာမန်အတန်းမှ‌ကျောင်းသားကို လွယ်လွယ်ကူကူအနိုင်ယူလိုက်သည်ကို မြင်လိုက်ရသည်။ သူက မသိမသာခေါင်းညိတ်လိုက်မိသည်။ ချူးယွင်ဖန်းသည် သူ့အား အတော်လေး အံ့အားသင့်စေကာ၊ ယခုဆိုလျှင် ချူးယွင်ဖန်း မည်သည့်အတိုင်းအတာထိဆက်သွားနိုင်မည်ကို သူမသိပေ။

ဤအချိန်တွင် ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီနှင့် တန်စီယုတို့ဖြင့်တွေ့ဆုံကြသည်။ ပထမအချီတွင်သာ သူတို့ ကံမကောင်းခဲ့လျှင် မည်သည့် မတော်တဆမှုမှ ရှိတော့မည်မဟုတ်ပေ။ ဒုတိယတစ်ချီစရန် သူတို့အချိန်ခပ်ကြာကြာမစောင့်လိုက်ရပေ။

ချူးယွင်ဖန်းသည် တိုက်ပွဲဧရိယာထဲသို့နောက်တစ်ကြိမ် ခြေချလိုက်သည်။ အထဲတွင် ကျောင်းသားတစ်ယောက် စောင့်လျက်ရှိနှင့်ပြီးဖြစ်ကာ၊ ချူးယွင်ဖန်းကိုတွေ့သည်နှင့် သူသည် ခါးသက်သက်အမူအယာကို ပြသလျက်ရှိ၏။

ဤကျောင်းသားသည် အထူးတန်းကျောင်းသားတစ်ယောက်ဖြစ်ကာ အတန်း ၁မှဖြစ်သည်။ ဆိုရလျှင် ချူးယွင်ဖန်းသည် အတန်း၁ နှင့်အတော်လေး လေးနက်သော ဆက်ဆံရေးရှိသည်ဟု ယူဆနိုင်သည်။ အတန်း ၁မှ ကျောင်းသားများနှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။

“ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ” အတန်း ၁ မှ ကျောင်းသားသည် စိတ်ဓာတ်ကျသည့်ပုံစံဖြင့် ဆို၏။ ဟုတ်သည်၊ သူ ချူးယွင်ဖန်းကို သိသည်။ သူသည် အထူးတန်းများတွင် အကောင်းဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။ အို့ယန်နှင့် ကျန်းထန်ပြီးလျှင် ဒုတိယလိုက်သည်ဟု ကောလဟာလများထွက်နေသူဖြစ်၏။

“ဘာလို့ ငါမဖြစ်ရမှာလဲ။ ဒါတွေအကုန်လုံးက ကံတရားပေါ်မူတည်ပါတယ်” သူ့အားဤသို့မေးသည်ကို ကြားကာ ချူးယွင်ဖန်းကရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

“ကောင်းပြီ။ ငါရှုံးနိမ့်တယ်လို့ ဝန်ခံလိုက်တာပိုကောင်းမယ်ထင်တယ်။ အတန်းအတွက် ဂုဏ်မဆယ်ချင်လို့မဟုတ်ဘဲ၊ ငါမင်းကို သေချာပေါက် အနိုင်မယူနိုင်လောက်ဘူး။ ဘာလို့ ဒီတိုက်ပွဲကို ဆက်တိုက်ရမှာလဲ။ မင်း ငါ့ကို အနိုင်ယူဖို့ အခွင့်အရေးပေးလိုက်မယ်။ ငါဒီလိုမျိုး မလုပ်နိုင်ဘူး”

ထိုကျောင်းသားသည် အေးအေးဆေး‌ဆေး သက်တောင့်သက်သာရှိလှသည်။ သို့သော် ချူးယွင်ဖန်းဖြစ်ကြောင်းတွေ့ရှိပြီးနောက် ချက်ချင်းပင် အရှုံးကို ဝန်ခံလိုက်သည်။ ချူးယွင်ဖန်း၏ စွမ်းအားအဆင့်သည် လူတိုင်းအတွက် ရှင်းလင်းသည်။

“ဘာလဲ၊ မင်းက ဒီတိုက်ပွဲကို အရှုံးပေးတော့မလို့လား” ချူးယွင်ဖန်းက မေးသည်။

“ငါလုပ်နိုင်တာရှိသေးလို့လဲ။ ကိုးချီကျန်သေးတယ်။ စွမ်းအင်ကို ချွေတာနိုင်ရင် အခြားသူတစ်ယောက်ကို အနိုင်ယူနိုင်မယ်။ ဟူး၊ ဆိုးလိုက်တဲ့ကံ။ ဒီနေ့အပြင်မထွက်မီ ပြက္ခဒိန်မကြည့်လိုက်မိလို့လား။ အခုမှစတာကို ဒီလိုမကောင်းဆိုးဝါးနဲ့တွေ့ရတယ်လို့” ကျောင်းသားသည် စကားပြောနေရင်းဖြင့် ကွင်းထဲမှ ခုန်ဆင်းသွားသည်။

ချူးယွင်ဖန်းသည် ရီရမလား၊ ငိုရမလားမသိသော်လည်း ထိုကျောင်းသားကို သူ့စိတ်ထဲမှ လက်မထောင်ပြမိသည်။ ထိုကျောင်းသားသည် သူ့အတွက် အကောင်းအဆိုးကို မသိစွာ ရှေ့သို့ဇွတ်တိုးပါက ချူးယွင်ဖန်းထံတွင် အနိုင်ယူခံရခြင်းမှလွဲအခြားရှိမည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် ရန်ဘက်လက်နက်ချခြင်းကို ကြားသာကြားခဲ့ဖူးသည်။ နာမည်ကြီးသော ကျောင်းသားများသာ ဤသို့ ဆက်ဆံခံရကြ၏။ ယခုမူ သူသည် ထိုကျောင်းသားများထဲမှ တစ်ဦးဖြစ်လာကာ၊ လအနည်းငယ်အတွင်းတွင် သူများစွာပြောင်းလဲသွားပြီဖြစ်သည်။

ချူးယွင်ဖန်းအပြင် တန်စီယုနှင့် ဂေါင်ဟုန်ချီတို့သည်လည်း ဒုတိယအချီတွင် အထစ်အငေါ့မရှိ ပြီးစီးခဲ့သည်။ လက်ရှိ ချူးယွင်ဖန်းအတွက် အဆင့်သတ်မှတ်တိုက်ပွဲ၏ အစောပိုင်းအဆင့်များသည် လုံးဝမခက်ခဲပေ။

အဆင့်သတ်မှတ်တိုက်ပွဲတွင် နောက်ပိုင်းပြိုင်ဘက်ဖြစ်လေ ပြိုင်ဘက်သည် ပိုအားကောင်းလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာမှတွဲပေးထားသူများတွင် အမှတ်တူများရှိမည်ဖြစ်သောကြောင့်ဖြစ်၏။ အကယ်၍ မိမိ၏ အမှတ်သာမြင့်နေလျှင် ပြိုင်ဘက်၏ အမှတ်သည်လည်း မြင့်ပေလိမ့်မည်။

တတိယအချီ။

စတုတ္ထအချီ။

ပဥ္စမအချီ။

ဆဠမအချီ။

နောက်ထပ်လေးချီကြာပြီးနောက်တွင် ချူးယွင်ဖန်းသည် သူ၏ ပြိုင်ဘက်များကို အပြီးသတ်နိုင်ရန် အမြန်ဆုံးအရှိန်ကို အသုံးပြုခဲ့သည်။ သူ၏ ပြိုင်ဘက်များ လက်နက်ချသည်ဖြစ်သည်၊ တိုက်ခိုက်သည်ဖြစ်စေ၊ ဓားချက်တစ်ခုတည်းကိုပင် တောင့်ခံနိုင်ကြမည်မဟုတ်ပေ။ ယင်းတွင် စိတ်ထင့်စရာမရှိပေ။ သူရင်ဆိုင်ရသည့် ပြိုင်ဘက်များသည် ပို၍ ပို၍ အားကောင်းလာသော်လည်း ပဥ္စမအချီအပြီးတွင် သူတို့အားလုံးသည် အထူးတန်းကျောင်းသားများထဲမှသာဖြစ်သည်။ သာမန်တန်းမှ ကျောင်းသားတစ်ဦးမှမကျန်တော့ပေ။ သို့သော်လည်း ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သူတို့၏ ရုန်းကန်မှုများသည် အချည်းအနှီးသာဖြစ်၏။

သိုင်းကွက်တစ်ခုသာ လိုအပ်ခဲ့ကာ၊ တစ်ခုပဲလိုအပ်တုန်းပင်ဖြစ်သည်။ သူ့သိုင်းကွက်များမှ တစ်ချက်ကိုပင် မည်သူမျှ မပိတ်ဆို့နိုင်ကြပေ။ သို့သော် သတ္တမအချီတွင် ပြဿနာတစ်ခုပေါ်လာသည်။ ထိုပြဿနာသည် ချူးယွင်ဖန်းအပေါ်တွင်မဟုတ်ပါ၊ ဂေါင်ဟုန်ချီအတွက်သာဖြစ်၏။

“အဟွတ် အဟွတ်” ဂေါင်ဟုန်ချီသည် ချောင်းဆိုးကာသွေးအန်မိသည်။ သွေးအနည်းငယ်ကို ချောင်းဆိုးထုတ်ပြီးနောက်တွင် သက်ပြင်းတစ်ချက်ချကာ ဆိုသည်။

“နောက်ဆုံးတော့ နည်းနည်းသက်သာလာပြီ”

“ဘာမှားလို့လဲ။ ဘယ်သူနဲ့တွေ့တာလဲ” ချူးယွင်ဖန်းကမေးသည်။ ဂေါင်ဟုန်ချီ၏ ခွန်အားနှင့်ပတ်သက်၍ သူအတော်လေးနားလည်သည်။ သူ့သူငယ်ချင်းသည် သူ့ထက်များစွာအားနည်းသော်လည်း ထိပ်တန်း ၁၀ယောက်ထဲသို့ဝင်ရန် မျှော်လင့်ချက်ရှိသေးသည်။ ယခုမူ သွေးအန်သည်အထိ အနိုင်ယူခံလိုက်ရပြီဖြစ်သည်။

“ငါ ကျန်းထန်နဲ့တွေ့ခဲ့ရတာ။ သူက အရမ်းအားကောင်းလွန်းတယ်။ ငါသိုင်းကွက် ငါးခုတောင်မခံနိုင်လိုက်ဘဲ ရှုံးသွားတာ” ဂေါင်ဟုန်ချီက ဆိုသည်။

“မင်းသာ ဒီရက်တွေထဲ ငါ့ရဲ့တိုက်ခိုက်ရေးလေ့ကျင့်ဖော်မဟုတ်ခဲ့ရင် သုံးကွက်လောက်ကိုတောင် ကိုင်တွယ်နိုင်ခဲ့မှာမဟုတ်ဘူး။ ဒီနှစ်တစ်လျှောက်မှာ သူ့ကျော်ကြားမှုက အခြေအမြစ်မရှိတာတော့မဟုတ်ဘူးပဲ”

“မှန်တယ်။ သူက အို့ယန်လိုပဲနာမည်ကြီးတယ်။ သူသာ အရည်အချင်းမရှိရင် ဘယ်လိုလုပ် အို့ယန်လိုနာမည်ကြီးမှာလဲ။ မင်းသူ့ကို ရှုံးတာ သဘာဝပါပဲ။ စိတ်ဓာတ်မကျပါနဲ့” ချူးယွင်ဖန်းက သူ့ကို နှစ်သိမ့်ပေးသည်။

“မင်း ငါ့ကို နှစ်သိမ့်ပေးစရာမလိုပါဘူး။ ဒီလိုကြောင့် ငါတကယ်ရှုံးသွားမယ်ထင်လို့လား။ ငါတို့က ငယ်သေးတယ်။ အနာဂတ်အကြောင်း ဘယ်သူသေချာပြောနိုင်မှာလဲ။ အနှေးနဲ့အမြန် သူ့ကို ကျော်တက်မှာ”‌ေဂါင်ဟုန်ချီက လက်ပြကဆိုသည်။

“ဒါပေမယ့် မင်းသတိထားရမယ်။ သူနဲ့မတွေ့တာအကောင်းဆုံးပဲ။ ဒါပေမယ့် မင်းရဲ့ လက်ရှိအမှတ်အရ မင်းနဲ့ အမှတ်တူတာသိပ်မရှိလောက်ဘူး။ သူနဲ့တွေ့ဖို့ ဖြစ်နိုင်ခြေအရမ်းများတယ်”

“မင်း သူနဲ့ရင်ဆိုင်လိုက်ရတာကောင်းပါတယ်။ ငါမင်းအတွက် လက်စားချေပေးမယ်” ချူးယွင်ဖန်းသည် ကြောက်ရွံခြင်းအလျင်းမရှိဘဲ ခပ်ပြုံးပြုံးပြောသည်။

ကံမကောင်းစွာဖြင့် ဂေါင်ဟုန်ချီ ၏ ခန့်မှန်းချက်သည် မှန်ခဲ့သည်။ အဌမအချီတွင် ချူးယွင်ဖန်း၏ပြိုင်ဘက်မှာ ကျန်းထန်မှလွဲ၍ အခြားသူမဟုတ်ပေ။

အခန်း (၁၂၆) အရေးကြီးဆုံးအချက်မှာ လက်နက်ကိုင်ဆောင်သူဖြစ်သည်

အဌမအချီတွင် ချူးတွင်ဖန်းသည် ဂေါင်ဟုန်ချီကို သွေးအန်သည်အထိ အနိုင်ယူခဲ့သော ကျန်းထန်နှင့် ရင်ဆိုင်ရပြီဖြစ်သည်။ ကွင်းထဲတွင်ရပ်နေသည့် ကျန်းထန်သည် အဝေးမှ ချူးယွင်ဖန်းကို လှမ်းကြည့်နေ၏။ မတ်တပ်ရပ်နေခြင်းဖြစ်သော်လည်း ကျန်းထန်သည် ကွင်းအပြင်ဘက်ရှိလူများထံသို့ သြဇာအရှိန်အဝါများ ဖြန့်ကျက်လျက်ရှိသည်။

ချူးယွင်ဖန်းသည် အရပ် ငါးပေ ၉လက်မရှိကာ အရပ်ပုသည်ဟု ယူဆ၍မရပေ။ အရပ် ၆ပေ နှစ်လက်မမြင့်ကာ ကြွက်သားကြံ့ခိုင်သော ကျန်းထန်နှင့် ရင်ဆိုင်ရသောအခါတွင် သူသည်သိသိသာသာပင် အဆင့်သေးသွားသည်ထင်ရသည်။ လူတစ်ဦး၏ သန်မာမှုကို သူတို့၏ ကိုယ်ခန္ဓာဆိုဒ်ဖြင့် ဝေဖန်ရန်မှာ မမှန်ကန်သော်လည်း၊ အခြေအနေအများစုတွင် ၎င်းသည် အဓိပ္ပါယ်ရှိကာ အရပ်ရှည်သောသူများသည် ပို၍သန်မာကာ အားသာချက်ရှိ၏။

“ဒီတိုက်ပွဲက စိတ်ဝင်စားစရာပဲ။ အဌမမြောက်မှာ ကျွမ်းကျင်သူတွေအကြား စိတ်လှုပ်စရာကောင်းတဲ့တိုက်ပွဲတွေ အများကြီးရှိပေမယ့် ကျန်းထန်နဲ့ ချူးယွင်ဖန်းတို့ကြားကတိုက်ပွဲက စိတ်ဝင်စားစရာအကောင်းဆုံးပဲ”

“တစ်ယောက်က ဒုတိယနေရာရရင် တစ်ယောက်က တတိယနေရာရလိမ့်မယ်၊ ကျစ်… ကျစ်၊ တကယ်ကို ပြင်းထန်တဲ့ပွဲတစ်ပွဲဖြစ်မှာပဲ”

“ကျန်ထန်က အို့ယန်ရဲ့ ကြမ္မာပြိုင်ဘက်ဖြစ်နေပြီး ချူးယွင်ဖန်းနဲ့ အို့ယန်က တိုက်ပွဲမှာတွေ့ဖို့ သဘောတူထားကြတယ်။ ဘယ်သူနိုင်နိုင် ရှုံးရှုံး သူတို့ထဲကတစ်ယောက်ယောက်ကတော့ အို့ယန်နဲ့တွေ့နိုင်တော့မှာမဟုတ်ဘူး”

“ဒါနဲ့ပတ်သတ်ပြီး ဘယ်သူမှ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ပြိုင်ဖက်တွေက ကွန်ပျူတာကတွဲပေးတာ လူသားတွေပေးတာမဟုတ်ဘူး ဆိုတော့ လူတွေက ဒါကိုဝင်စွက်ဖက်ဖို့ခက်တယ်လေ။ ဒါ့ကြောင့် နှစ်ယောက်စလုံး ဖိုင်နယ်မတိုင်ခင်တွေ့တာလည်းဖြစ်နိုင်တယ်”

နှစ်ဦး‌ကြားမှတိုက်ပွဲသည် ကျောင်းသားများနှင့် ဆရာများကိုပါ ဆွဲဆောင်ခဲ့သည်။

“ငါမင်းကို မမျှော်လင့်ထားမိဘူး” ကျန်းထန်က အေးစက်စက်လေသံဖြင့်ဆိုသည်။ သို့သော် သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများပြည့်နှက်လျက်ရှိသည်။ ချူးယွင်ဖန်းအား သူ သင်ခန်းစာပေးချင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အခွင့်အရေးမရခဲ့ပေ။

ချူးယွင်ဖန်း၏ အမူအယာသည်မူ တည်ငြိမ်လျက်ရှိကာ တစ်ပွဲမှ မရှုံးနိမ့်သေးသည့်အပြင် သူ့ကဲ့သို့ ခုနှစ်ပွဲဆက်တိုက်နိုင်ခဲ့သူ အများအပြားမရှိပေ။ ထို့ကြောင့် ယခုအချိန်တွင် မည်သူနှင့်မဆို ရင်ဆိုင်ရနိုင်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ မနောက်ပေါ်လာမည့်သူမှာ အို့ယန်ဖြစ်လျှင်ပင် ၎င်းသည် သာမန်ဟုခံစားမိလိမ့်မည်ဖြစ်သည်။

ကျန်းထန်သည် ပြုံးလျက်ပြောသည်။

“မင်းနဲ့ အို့ယန်က ထိပ်တန်း အယောက်နှစ်ဆယ်မှာတွေ့ဖို့ သဘောတူထားတယ်ဆိုတာ ငါကြားတယ်။ ဒါပေမယ့် မင်းငါ့ကို ဒီမှာရှုံးရတော့မှာ သနားစရာပဲ။ သူနဲ့တွေ့ဖို့ အခွင့်အရေးမရှိတော့ဘူး”

ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးကာ

“မင်းတော်တော် ယုံကြည်မှုရှိနေတာပဲ”

“ဘာလို့လဲဆိုတော့ မင်းက သူ့ရန်သူဖြစ်ဖို့ မထိုက်တန်ဘူးလေ။ သူ့ရန်ဘက်ဖြစ်ဖို့ အထိုက်တန်ဆုံးလူက ငါတစ်ယောက်တည်းပဲ” ကျန်းထန်က ဆိုးယုတ်စွာပြုံးလိုက်သည်။ သူနှင့် အို့ယန်အကြား ဆက်ဆံရေးသည် အမြဲတစေ ခါးသီးမှုများပြည့်နှက်နေသော်လည်း ဤမည်သည့်နေရာမှ ထွက်လာမှန်းမသိသော ချူးယွင်ဖန်းကြောင့် သူ့အဆင့်နိမ့်ကျသွားသည်ဟု ခံစားလိုက်ရသည်။ အကယ်၍ လူတိုင်းသာ အို့ယန်၏ ပြိုင်ဘက်ဖြစ်ရန်အရည်အချင်းပြည့်မီနေလျှင် သူသည်လည်း ထို အညတရများထဲမှ တစ်ဦးဖြစ်သွားပေလိမ့်မည်။

“ဟား ဟား ဟား စိတ်ဝင်စားစရာပဲ။ ဒါဆို ငါတို့က အို့ယန်ရဲ့ပြိုင်ဘက်တွေဖြစ်ဖို့ အရည်အချင်းတွေကို ပြိုင်ကြမှာလား” ချူးယွင်ဖန်းသည် ဤအရာက အလွန်ရယ်စရာကောင်းသည်ကို ခံစားလိုက်ရသည်။

“အရည်အချင်းတွေ ပြိုင်မယ်ဟုတ်လား” ကျန်းထန်၏ မျက်နှာသည် မထီမဲ့မြင်ပြုသော အပြုံးကို ပေါ်လွင်စေသည်။

ဤအခိုက်အတန့်တွင် စင်မြင့်ပေါ်၌ ကျင်းဝူနှင့် ချင်ဖုံးတို့သည် ၎င်းတို့၏ သက်ဆိုင်ရာအတန်းမှ အထူးချွန်ဆုံးကျောင်းသားများ ကွင်းထဲသို့ ဝင်လာကြသည့်အတွက် ကွင်းဆီသို့ တစ်ပြိုင်နက် စိုက်ကြည့်လိုက်ကြသည်။

“ဆရာကျင်း၊ သနားစရာကောင်းလိုက်တာ။ မင်းရဲ့ကျောင်းသားက ဒီအချီမှာ ရှုံးရတော့မယ်။ ကျန်းထန်နဲ့ ရင်ဆိုင်ဖို့က စောလွန်းနေသေးတယ်။ ဒါက သူ့အတွက်အဆင်မပြေဘူး” ချင်ဖုန်းက မိုက်မဲစွာ ကြွေးကြော်လိုက်သည်။

နောက်ဆုံးတွင် သူ ဂုဏ်ယူရမည့်အချိန်သို့ရောက်ရှိလာပြီဖြစ်သည်။ အကယ်၍သာ ကျန်းထန်ကို အို့ယန်နှင့်တိုက်ခိုက်ရန် အသုံးပြုမည်ဆိုပါက ကျန်းထန် ကျိန်းသေအနိုင်ရရှိမည်ဟု ယုံကြည်ချက်မရှိပေ။ သို့သော် အခြားသူတစ်ဦးဦးဖြစ်လျှင်တော့ မည်မျှပင်ဖြစ်စေကာမူ၊ သူ့စိတ်ထဲတွင် ၎င်းသည် အသုံးမဝင်ကြောင်းသိနေသည်။

“ကျန်းထန်နိုင်မယ်လို့ မင်းထင်နေတာလား၊ ငါတော့မထင်ဘူး” ကျင်းဝူက ခေါင်းခါလျက်ဆိုသည်။

အခြားသူများသာဆိုလျှင် ကျန်းထန်လက်တွင် ရှုံးမည်မှာသေချာသည်။ ဤသည်မှာ အဆိုးမြင်လွန်းသည် မဟုတ်သော်လည်း ကျန်းထန်၏ အင်အားကို ကောင်းကောင်းနားလည်၏။ တစ်ကျောင်းလုံးတွင် သူနှင့်တ တန်းတူရှိသူမှာ အို့ယန်တစ်ဦးတည်းသာဖြစ်သည်။ အခြားမည်သူမှ မလုပ်နိုင်ကြပေ။ အခြားသူများနှင့် သူတို့နှစ်ဦးကြားတွင် သိသိသာသာကွာခြားချက်ရှိသည်။ မကြာသေးမီကမှ အံ့ဖွယ်ကိစ္စများကို စွမ်းဆောင်နိုင်ခဲ့သည့် တန်စီယုသည်ပင်လျှင် အနည်းငယ်ချို့တဲ့နေသေးဟု ခံစားမိသည်။ သို့သော်

ချူးယွင်ဖန်းသည်တော့ ကွဲပြားစွာပင် ခြားနားသော ရလဒ်တစ်ခုပင် ဖြစ်ကောင်းဖြစ်လာနိုင်လိမ့်မည်ဖြစ်၏။

ချင်ဖုန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်လှုပ်ယမ်းသွားသည်။ ကျင်းဝူ၏ စကားလုံးများသည် ခေါင်းမာနေခြင်းကြောင့်သာဖြစ်မည်ဟုသာ နားလည်ကာအတော်လေး ကျေနပ်နေမိ၏။

“လိုရင်းကိုပဲပြောကြရအောင်။ ကဲ စကြတာပေါ့” ချူးယွင်ဖန်းက ဆိုသည်။

သူပြောပြီးသည်နှင့် ကျန်းထန်က စတင်လှုပ်ရှားလိုက်သည်။ သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်းပေါ်လာ၏၊ သူသည်လည်း ဓားရှည်ကို ကိုင်ဆောင်ရန်ရွေးချယ်ခဲ့သည်။

ချလန်

ဓားရှည်သည် ချက်ချင်းထွက်လာကာ ထိတ်လန့်စရာကောင်းသော အလင်းတန်းတစ်ခုကို ဆွဲထုတ်လိုက်သည်။ စွမ်းအင်စစ်သည် လေထုကို ဖြတ်တောက်ကာ ဆူညံသော အသံပေါင်းစုံကို ထုတ်လွှတ်လျက်ရှိသည်။ သူ့အရှိန်သည် အလွန်မြန်သဖြင့် တစ်ခဏချင်းတွင်ပင် ချူးယွင်ဖန်း၏ ရှေ့သို့ ရောက်လာကာ ဓားဖြင့်ခုတ်လိုက်သည်။ ကောင်းကင်အား တုန်လှုပ်စေသည့် ပင်လယ်လှိုင်းတစ်ခုကဲ့သို့ ချူးယွင်ဖန်းဆီသို့ ပြေးဝင်လာ၏။

ဤသည်မှာ ကျောင်းတွင် လေ့လာ၍ရသည့် ကမ္ဘာခွဲဓားသိုင်းနှင့် လေဟုန်တိုက်ခွင်းဓားသိုင်းတို့မဟုတ်ကြပေ။ ဤသည်မှာ ပိုမိုအဆင့်မြင့်ဓားသိုင်းတစ်ခုဖြစ်သည့် လှိုင်းရိုင်းဓားသိုင်ဖြစ်သည်။ ၎င်းကို တဟုန်းဟုန်းကျနေသည့် လှိုင်းလုံးကြီးများကို စံနမူနာပြုထားကာ အသုံးပြုသည့်အခါတွင် ကောင်းကင်အား တုန်လှုပ်စေသည့် ဆူနာမီများ ရိုက်ခတ်သွားသည်နှင့်တူသည်။

နောက်ဆုံးတော့ တိုက်ပွဲစတင်ပြီဖြစ်သည်။ လူတိုင်းသည် အသက်မရှုနိုင်လောက်အောင် တိုက်ပွဲတွင် အာရုံစိုက်နေကြသည်။ မျက်တောင်ပင် မခတ်ဝံ့ဘဲ တစ်စုံတစ်ခုကို လွတ်သွားမည်ကို စိုးရိမ်ကြသည်။ လူတိုင်းသည် ဤလူနှစ်ယောက်တိုက်ခဲ့သော တိုက်ပွဲတိုင်းကို အာရုံအပြည့်အဝစိုက်ထားခဲ့ကြကာ၊ နှစ်ဦးသားလုံး၏ ပြိုင်ပွဲများသည် မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်သွားခဲ့ကြသည်။ သူတို့သည် ပြိုင်ဘက်များကို သိုင်းကွက် နှစ်ချက်၊ သုံးချက်အတွင်းတွင် အပြီးသတ်နိုင်ကြသည်။ သူတို့သာ တိုက်ခိုက်ရမည်ဆိုလျှင် မည်သို့ဖြစ်မည်ကို မည်သူမျှမသိကြပေ။

ယခုမူ နှစ်ဦးလုံးသည် လိုက်ဖက်ညီသော တန်းတူညီပြိုင်ဘက်များဖြစ်ကြကာ၊ ပရိတ်သတ်များသည် ၎င်းတို့၏ ခွန်အားအစစ်အမှန်များကို မြင်တွေ့ခွင့်ရတော့မည်ဖြစ်သည်။

အချိန်အတော်ကြာအထိ ချူးယွင်ဖန်းသည် လုံးဝလှုပ်ရှားခြင်းမရှိပေ။ မြင်လိုက်ရသည်ကို အံ့အားသင့်သွားသကဲ့သို့ပင်။

“ချူးယွင်ဖန်းက ဘာလို့သိုင်းကွက်တစ်ခုမှမထုတ်တာလဲ။ သူအံ့သြသွားတာလား”

ကျောင်းသားတော်တော်များများသည် ဤအရှိန်ကိုလိုက်မမီသော်လည်း ဆရာများကမူ ထုတ်ပြောမိကြသည်။ သူတို့စာကြောင်းတစ်ကြောင်းပင်မဆုံးသေးခင်မှာပင် ချူးယွင်ဖန်းသည် စတင်လှုပ်ရှား၏၊ အရိပ်မဲ့ဓားရှည်သည် သူ့ကျောဘက်မှ ပျံထွက်လာသည်။ နေရောင်အောက်တွင် ဓားသည် ၎င်း၏ရောင်ခြည်များကို ရောင်ပြန်ဟပ်ကာ စူးရှသော အလင်းရောင်ကို ထုတ်လွှတ်လျက်ရှိသည်။ ထို့နောက် ၎င်းသည် ကျန်းထန်၏ ဓားဆီသို့ ခုတ်လိုက်၏၊

တန်ပြန်တိုက်ခိုက်နေပြီဖြစ်ကာ အရှိန်သည် အလွန်မြန်၏။

“လေဟုန်တိုက်ခွင်းဓားသိုင်း။ အခြေခံဓားသိုင်းတစ်ခုဖြစ်ပေမယ့်၊ ချူးယွင်ဖန်းလက်ထဲမှာတော့ ဒီလောက်တောင်စွမ်းအားရှိတယ်။ ဒီကလေးက တော်တာပဲ”

“ချူးယွင်ဖန်းက တကယ့်ကို လွယ်တဲ့ပစ်မှတ်တော့မဟုတ်ဘူး”

လူတိုင်းသည် ချူးယွင်ဖန်းသုံးသည့် ဓားသိုင်းကို အသိအမှတ်ပြုကြကာ၊ အချင်းချင်းစကားပြောမိကြသည်။

“မင်းက ငါ့ကို ဒီလို အခြေခံဓားသိုင်းနဲ့တားဆီးရဲတယ်ပေါ့၊ မင်းသေချင်နေတာလား” ကျန်းထန်က အော်လိုက်သည်။ သူ့ဓားရှည်သည် ၎င်း၏ အရှိန်ရောခွန်အားပါတိုးမြင့်လာ၏။

ဤလေဟုန်တိုက်ခွင်းဓားရှည်သိုင်းကို သူအထင်သေးနေခြင်းဖြစ်သည်။ သူ ဓားရှည်သုံးသည်မှန်သော်လည်း လေဟုန်တိုက်ခွင်းဓားသိုင်းကဲ့သို့သော ဓားသိုင်းများကို အသုံးမပြုရန် အစတည်းက စီစဥ်ခဲ့သည်။ သူ့အတွက်မူ ၎င်းသည် အလွန်အခြေခံကျ၏။

ထိုစကားကို ကြားပြီးနောက်တွင် ချူးယွင်ဖန်းသည် အေးစက်စွာပြုံးလိုက်၏။ သူ၏ တောက်ပနေသော ဓားရှည်သည် ချက်ချင်းပင် လှိုင်းရိုင်းများ၏ လမ်းကြောင်းကို ခုတ်ဖြတ်လိုက်သည်။

ချလန်

ဓားသွားနှစ်ခု တစ်ခုနှင့်တစ်ခု တိုက်မိကာ ပြတ်သားကျယ်လောင်သော အသံတစ်ခုပေါ်ထွက်လာ၏။

ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားရှည်သည် မရိုးရှင်းသော်လည်း ကျန်းထန်လက်ထဲမှ ဓားသည်လည်း မရိုးရှင်းပေ။ မည်သူက သာသည်ကို ပြောရန်ခက်ခဲသည်။

“မင်း တကယ်ပဲ ငါ့ဓားချက်ကို တားဆီးနိုင်ခဲ့တာပဲ”

ကျန်းထန်သည် သူ့တိုက်ခိုက်မှု အတားဆီးခံလိုက်ရသည်ကို မြင်လိုက်ရသည်။ သူသည် ဤသည်ကို မမျှော်လင့်ထားပေ၊ သူ့ပထမဆုံး သိုင်းကွက်တွင်ပင် ချူးယွင်ဖန်း ပြင်းထန်စွာဒဏ်ရာရလိမ့်မည်ဟု မျှော်လင့်ထားသည်။

“မင်းနားမလည်ဘူးလား။ အရေးကြီးတာက ဓားသိုင်းမဟုတ်ဘူးကွ။ အဲ့တာကို သုံးတဲ့သူပဲ”

All Chapters