← Chapters

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း(၁၂၇) တိုက်ပွဲရဲ့စည်းချက်ကို ထိန်းတဲ့သူ

ကျန်းထန်သည် ချူးယွင်ဖန်း၏ တည်ငြိမ်သော အမူအယာကို မြင်သောအခါ သူက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူ့ပြိုင်ဘက်သည် သူအား လှောင်နေသည်မှာ သိသာ၏။

“မင်း ငါ့ဆီက ဓားချက်တစ်ခုပဲလက်ခံရသေးတယ်။ “

ကျန်းထန်တစ်ယောက် ဒေါသထွက်ကာ ပေါက်ကွဲလာသည်။ အလင်းရောင်တွင်ပင် ကောင်းကောင်းမှာ မမြင်ဖူးသူတစ်ဦးထံမှ လှောင်ပြောင်ခြင်းကို ခံနေရခြင်းဖြစ်သည်။ ကျန်းထန်သည် ချူးယွင်ဖန်းထံသို့ ထပ်မံ၍ ခုန်ဝင်လာသည်။ ချူးယွင်ဖန်းသည် ကျန်းထန်နှင့် သိုင်းကွက်များစတင်ဖလှယ်သော်လည်း တည်ငြိမ်ကာ လောခြင်းအလျင်းမရှိပေ။

ချလန်

ချလန်

ချလန်

ဓားသွားနှစ်လတ်၏ တောက်ပသော လှုပ်ရှားမှုများသည် လေထဲတွင် ကခုန်လျက်ရှိသည်။ ၎င်းတို့သည် တစ်ချောင်းနှင့် တစ်ချောင်း ပြင်းပြင်းထန်ထန်ထိတိုက်လျက်ရှိကာ ခပ်ပေါ့ပေါ့ထိတိုက်မှုတွင် နောက်ပြန်ဆုတ်လိုက်ကြသည်။ ကောင်းကင်တွင် သေခြင်းပိုက်ကွန်တစ်ခုကို ရက်နေသည်နှင့် တူ၏။

“နှစ်ယောက်စလုံးက အရမ်းမြန်ပြီးသန်မာတယ်။ ငါ ဝိုးတိုးဝါးတားပဲမြင်ရတော့တယ်”

သာမန်အတန်းမှ ကျောင်းသားတစ်ယောက်သည် ကြည့်ကာ အလွန်ထိတ်လန့်နေသည်။ ဤအဆင့် တိုက်ပွဲသည် သူတို့၏ သာမန်အတန်းထက် အနည်းငယ်ပြင်းထန်သည်ထက် ပို၏။

“ဒါ တိုက်ပွဲတစ်ခုမှာ ရှိသင့်တဲ့ အထွဋ်အထိပ်ပဲ”

“အို့ယန်၏ တိုက်ပွဲကို ချန်ခဲ့ပြီး ဒီကိုလာကြည့်တာ တကယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ”

ကျောင်းသားအများစု ထိတ်လန့်နေကြစဥ်တွင် ဆရာဆရာမများသည်လည်း အထွဋ်အထိပ်တိုက်ပွဲဟုခေါ်နိုင်သည့် ဤတိုက်ပွဲကို ကြည့်နေကြသည်။

ချင်ဖုန်း၏ အကြည့်သည် ကျန်းထန်ပေါ်တွင်သာ အဓိကရှိနေသည်။ သူ့အကြံပြုချက်အရ ကျန်းထန်သည် လှိုင်းရိုင်းဓားသိုင်းကို အသုံးပြုခြင်းဖြစ်သည်။ ကျန်းထန်သည် မည်သည့်သိုင်းပညာကို ကျင့်ကြံရမည်ကို ဆုံးဖြတ်ချက်ချနေချိန်တွင် ချင်ဖုန်း၏ လမ်းညွှန်မှုကို မေးမြန်းခဲ့သည်။ ထို့ကြောင့် ချင်ဖုန်းသည် ဤဓားသိုင်း၏ အသေးစိတ်များကို အလွန်ရှင်းလင်းနေ၏။

ကျန်းထန်သည် အလွန်တော်သည်။ သူသည် လှိုင်းရိုင်းဓားရှည်သိုင်းကို ပြီးပြည့်စုံအဆင့်ထိရောက်အောင် ကျင့်ကြံပြီးဖြစ်သည်။ ဤဓားသိုင်းကို ထုတ်သုံးသည့်အခါတွင် ၎င်းသည် ကြောက်မက်ဖွယ်စွမ်းအင်ဖြင့် စီးဆင်းနေသော လှိုင်းလုံးကြီးနှင့် တူသည်။ တူညီသောအဆင့်၊ တူညီသော နယ်ပယ်တွင်ရှိနေလျှင်ပင်၊ ဤဓားချက်များကို တားဆီးရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် ကျန်းထန်သည် လှိုင်းရိုင်းဓားသိုင်းကို အလွန်ကဲစွာအသုံးပြုနေသည့်တိုင် ချူးယွင်ဖန်းနှင့် ရင်ဆိုင်သည့်အခါတွင် အသာစီးမရနိုင်သေးသည်ကို ထူးဆန်းသည်ဟု သူထင်၏။ မည်မျှပင် ကျန်းထန်တိုက်ခိုက်ပါစေ၊ ချူးယွင်ဖန်းသည် ဝင်လာသော တိုက်ခိုက်မှုအားလုံးကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။ အနည်းငယ်လေးပင် အခွင့်လျော့နည်းသွားခြင်းမရှိပေ။

“ချူးယွင်ဖန်းက ချီပင်လယ် ပဥ္စမအဆင့်ကို ရောက်သွားပြီလား”

သိုင်းကွက်ဖလှယ်ခြင်းများဆက်လက်ပြုနေသည်နှင့် ချူးယွင်ဖန်းနှင့် ပတ်သက်သည့် သဲလွန်စအချို့ကို ချင်ဖုန်း တွေးခေါ်နိုင်ခဲ့သည်။ ဤကောင်လေးသည် ချီပင်လယ် ပဥ္စမအဆင့်သို့ရောက်နေပြီဖြစ်ကြောင်း သူသဘောပေါက်သွား၏။

“ဒါပေမယ့် ချူးယွင်ဖန်း ချီပင်လယ် ပဥ္စမအဆင့်မှာပဲရောက်နေရင်တောင် ကျန်းထန်ရဲ့ကျင့်ကြံရေးက သူ့ထက်ပိုမြင့်မားသင့်တယ်။ ဒါ့အပြင် သူ့လှိုင်းရိုင်းဓားသိုင်းက အခြေခံဓားသိုင်းတွေထက် အများကြီးအားပိုကောင်းတယ်”

ချင်ဖုန်းသည်လည်း အနည်းငယ်စိတ်ရှပ်သွားသည်။ ချူးယွင်ဖန်းသည် ကဏ္ဍတိုင်းတွင် အားနည်းချက်ရှိနေပုံပေါ်သော်လည်း တိုက်ပွဲရလဒ်သည် သူခန့်မှန်းထားသည်နှင့် လုံးဝကွဲပြား၏။ သူသည် သူ့အာရုံအား စုစည်းကာ စိတ်အေးအေးထား၍ ကြည့်လျက်ရှိသည်။ သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် ပြဿနာကို အလွယ်တကူသိနိုင်သည်မှာဧကန်ပင်ဖြစ်သည်။

“အဲ့တာက လေဟုန်တိုက်ခွင်းဓားသိုင်းနဲ့ ကမ္ဘာခွဲဓားသိုင်းမလား။ ဒီသိုင်းပညာနှစ်ခုလုံးက အခြေခံနည်းပညာတွေဖြစ်ပေမယ့် ချူးယွင်ဖန်းက နှစ်ခုလုံးကို ပြီးပြည့်စုံအောင် ကျင့်ကြံခဲ့တယ်။ ဒီဓားသိုင်းနှစ်ခုကို တစ်လှည့်စီသုံးတဲ့အခါ တိုက်ပွဲရဲ့စည်းချက်ကို လုံးဝပြောင်းလဲပစ်လိုက်နိုင်တယ်။ တစ်ခါတစ်ရံမှာ အဲ့တာကမြန်ပြီး တစ်ခါတစ်ရံမှာ နှေးတယ်။ ကျန်းထန်က ဒီတိုက်ပွဲရဲ့ အရှိန်ကို လုံးဝမခန့်မှန်းနိုင်ဘူး”

ချင်ဖုန်းသည် ဤကောက်ချက်ချလိုက်သော်လည်း ထိတ်လန့်သွားမိသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းထန်သည် ဤတိုက်ပွဲ၏ အရှိန်ကိုထိန်းရန် သူ့၏ စွမ်းအားကြီး ခွန်အားပေါ်တွင် အမြဲအားကိုးနေသောကြောင့်ဖြစ်သည်။ တစ်စုံတစ်ယောက်သာ ကျန်းထန်ထံမှ ဤအရာကိုလုယူနိုင်ခဲ့သည်။ အို့ယန်မှလွဲ၍ ဤသည်မှာ ဤသို့သောအရာကိုအောင်မြင်နိုင်သည့် ဒုတိယမြောက်သူသာဖြစ်သည်။

ဤလေဟုန်တိုက်ခွင်းဓားသိုင်းနှင့် ကမ္ဘာခွဲဓဦးသိုင်းသည် တစ်လှည့်စီပြောင်းလျက်ရှိကာ တိုက်ပွဲ၏ စည်းချက်ကို လုံးဝပြောင်းလဲပစ်လိုက်သည်။ ၎င်းသည် ရိုးရှင်းသည်ထင်ရသော်လည်း ဤသို့သောလုပ်နိုင်သူအရေအတွက်သည် လက်ချောင်းဖြင့်ရေတွက်၍ရ၏။ မျက်နှာပြင်ပေါ်တွင် မြင်ရသလောက် စင်စစ်တွင် မရိုးရှင်းပေ။

ပထမဆုံးအကြိမ်အဖြစ် ချင်ဖုန်းသည် အတန်း ၂ မှ ပေါ်ထွက်လာသော ကျောင်းသားကို အလေးအနက်ထားလာခဲ့သည်။ သူ့အား ရွက်ပုန်းသီးအဖြစ် မဆက်ဆံဘဲ ရှေ့တွင်တောက်ပသော အနာဂတ်ရှိသူတစ်ဦးအဖြစ် သဘောထားသည်။ ချင်ဖန်း၏ ဘေးမှ ကျင်းဝူသည်လည်း ချူးယွင်ဖန်း ဤသိုင်းများကို အသုံးပြုနေသည်ကို မြင်ကာ သူ့မျက်လုံးထဲတွင် သဘောကျနှစ်သက်မှုတစ်ခုသာရှိနေ၏။ ဤတိုက်ပွဲနည်းပညာသည် အစစ်အမှန်ပင် သူ့အား စိတ်မပျက်စေပေ။

“ဒီလိုသိုင်းနှစ်ခုကို တစ်လှည့်စီသုံးတဲ့နည်းက အမြင်ကောင်းပေမယ့် တကယ်တမ်းမှာ ဆိုးရွားတဲ့အားနည်းချက်ရှိတယ်။ သိုင်းနှစ်ခုကို ပြောင်းလဲလိုက်တဲ့အခါ ကြီးမားတဲ့ ဟာကွက်တစ်ခုပေါ်လာလိမ့်မယ်။ ကျန်းထန်က လူသစ်လေးမဟုတ်ဘူး။ သူသတိမထားမိဘဲဘယ်နေလိမ့်မလဲ” ချင်ဖုန်းသည် စဥ်းစားမရဖြစ်စွာမေးလိုက်သည်။

ဤအခိုက်အတန့်တွင် ဤတိုက်ပွဲကွင်းပြင်၌ ကျန်းထန်သည် စတင်၍ မောဟိုက်လာသည်။ အချိန်အတောကြာ တိုက်ခိုက်ပြီးသဖြင့် အမှန်တကယ်ပင် စတင်မောပန်းလာခြင်းဖြစ်သည်။ သူ၏ လှိုင်းရိုင်းဓားသိုင်းကို ထုတ်လွှတ်လိုက်သည်နှင့် ၎င်းသည် အလွန်အားပြင်း‌သော လှိုင်းကြီးတစ်ခုနှင့် တူသည်။ သို့သော် တစ်ချိန်တည်းတွင်ပင် ၎င်းသည် သူ့ကိုယ်ခံအားအမြောက်အမြားကို ကုန်ဆုံးစေ၏။ ပုံမှန်အားဖြင့် သူ့ပြိုင်ဘက်သည် သူ၏ ဓားသိုင်းများကို ခံနိုင်ရည်မရှိဘဲ ရှုံးနိမ့်သွားမည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် ကွဲပြား၏။ သူသည် တိုက်ပွဲကို ယခုချိန်အထိ တောက်လျှောက် ဆွဲလာခဲ့ခြင်းဖြစ်သည်။

ဤအချိန်တွင် ကျန်းထန်သည် သူ၏ ခံနိုင်ရည်အားလျော့ပါးသွားသည်ဟု ခံစားနေရသည်။ တစ်ဖက်တွင် ချူးယွင်ဖန်းသည် သူနှင့် တိုက်ခိုက်နေပုံရသော်လည်း တကယ်တမ်းတွင် ခုခံနေခြင်းသာဖြစ်သည်။ သူသည် မောပန်းခြင်း အရိပ်အယောင်မျှပင်မရှိဘဲ အေးဆေးတည်ငြိမ်စွာတိုက်ခိုက်နေ၏။ သူ့တွင် ကျန်းထန်အား စိတ်အနှောက်အယှက်ဖြစ်စေသည့် ကိုယ်ခံအား များစွာရှိသည်နှင့်တူသည်။

တိုက်ပွဲစည်းချက်သည် သူ့ထံမှ ယူဆောင်သွားသည်ကို သူမြင်နိုင်၏။ ဤသို့သော အခြေအနေကို တစ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ရပြီးဖြစ်ကာ ထိုတုန်းက သူသည် အို့ယန်နှင့် တိုက်ခိုက်နေခြင်းဖြစ်သည်။ သို့သော် ၎င်းသည် အို့ယန်သာဖြစ်သည်။ ချူးယွင်ဖန်းသည် မည်သူနည်း။ သူတကယ်ပဲ ချူးယွင်ဖန်းထံတွင် စည်းချက်ပျက်သွားသည်လား။ ၎င်းသည် အလွန်ရှက်စရာကောင်းသည်။

ချင်ဖုန်း ထောက်ပြခဲ့သည့် ချူးယွင်ဖန်း၏ ဓားသိုင်းမှဟာကွက်နှင့် ပတ်သက်၍မူ ကျန်းထန်သည် ၎င်းကို သတိမပြုမိခဲ့ပေ။ ချူးယွင်ဖန်း၏ ဓားသိုင်းနှစ်ခုလုံးသည် အလွန်ပြီးပြည့်စုံလှလွန်းသည်။ အနည်းငယ်လေးပင် ချို့ယွင်းချက်၊ ဟာကွက်ဟူ၍မရှိပေ။

ဤသည်က ကျန်းထန်ကို ထိတ်လန့်စေသည်။

ချူးယွင်ဖန်းသည် ဓားသိုင်းနှစ်ခုကြား လှည့်ပြောင်းသည်ကို လေ့ကျင့်ခဲ့ကြောင်း သူမသိပေ။ သူသည် ထိုသို့ ကျွမ်းကျင်ပြီးဖြစ်သဖြင့် သဘာဝကျကျပင် အပြစ်အနာအဆာမရှပေ။

ချလန်

သတ္တုပွတ်တိုက်သံနှင့် အတူ ကျန်းထန်သည် ချူးယွင်ဖန်း၏ ခုခံရေးစက်ဝန်းထဲမှ ဆုတ်ခွာရန် ပြန်ကန်အားကို အသုံးပြုလိုက်သည်။

အသက်ကို တည်ငြိမ်စွာရှုလိုက်ကာ ချုူးယွင်ဖန်းအား ဓားဖြင့် ရွယ်လိုက်သည်။

“မင်း ငါ့ကို ဒီအတိုင်းအတာထိ တွန်းအားပေးနိုင်မယ်လို့ ငါမထင်ထားဘူး။ ငါ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို သုံးဖို့ကလွဲရွေးချယ်စရာမရှိတော့ဘူးထင်တယ်။ အစက အဲ့တာကို အို့ယန်နဲ့ သုံးဖို့ စီစဥ်ထားပေမယ့် အခု မင်းနဲ့ ရင်ဆိုင်ဖို့ သုံးရတော့မယ်။ အဲ့တာက သားသတ်သမားရဲ့ ကြက်သတ်ဖို့သုံးတဲ့ဓားလိုပဲ”

ချူးယွင်ဖန်းက သူ့ဓားကို မြှောက်လိုက်ကာ ကျန်းထန်အားကြည့်ရင်းဆိုသည်။

“စကားကြီးစကားကျယ်ပြောဖို့ စောလွန်းပါသေးတယ်။ မင်းငါ့ကို အနိုင်ယူပြီးမှ ဒီအကြောင်းပြောရအောင်”

“စိတ်ကြီးဝင်နေတဲ့ကောင်” ကျန်းထန်က ကျိန်ဆဲကာ ချူးယွင်ဖန်းထံသို့ ပျံသန်းသွားခဲ့သည်။

သူသည် အရှိန်ပြင်းဖြင့် တိုက်ခိုက်နေခဲ့ခြင်းဖြစ်သော်လည်း တကယ်တမ်းတွင် သူ့အရှိန်ကို နောက်ထက် ထပ်တိုးနိုင်သေးသည်။ သူ့၏အရှိန်ဖြစ်စေ၊ သူ၏ သြဘာပင်ဖြစ်စေ၊ ၎င်းတို့သည် အမှန်တကယ်ပင် တစ်ဆင့်တိုးလာ၏။

“ချီပင်လယ် ဆဠမအဆင့်”

ဆရာတစ်ယောက်သည် ဤမြင်ကွင်းကိုမြင်ကာ အံ့သြ၍ မအော်ဘဲမနေနိုင်ခဲ့ပေ။

ကျန်းထန်နှင့် အို့ယန်တို့သည် ချီပင်လယ် ဆဠမအဆင့်သို့ တက်လှမ်းနေပြီဟု ကောလဟာလများထွက်ပေါ်နေသော်လည်း ကောလဟာလများမှာ ကောလဟာလများအဆင့်သာရှိသေးသည်။ မည်သူကမှ သူတို့ ဤသို့သော တိုက်ခိုက်အားအဆင့်ကို ပြသသည်ကို မမြင်ဖူးကြပေ။

ယခုမူ သူတို့ နောက်ဆုံးမြင်နေရပြီဖြစ်သည်။

“ဒါက ကျန်းထန်ရဲ့ စစ်မှန်တဲ့တိုက်ပွဲခွန်အားပဲ။ ကျင်းဝူ မင်းကျောင်းသားအောင်ပွဲခံဖို့ အခွင့်အရေးမရှိတော့ဘူး” ချင်ဖုန်းသည် ဝုန်းခနဲရယ်လိုက်သည်။ မတ်တပ်ထရပ်ကာ လက်ခုပ်တီးလုနီးနီးပင် ဖြစ်သွား၏။

“ကောက်ချက်ချမစောနဲ့ဦး”

အခန်း(၁၂၈) အရည်အချင်းမပြည့်တဲ့သူက မင်းပဲ

ကျင်းဝူတစ်ဖက်သတ်သာ စကားပြောလိုက်သော်လည်း သူဘာမှပြန်မပြောနိုင်ခင်တွင်ပင် ချူးယွင်ဖန်းနှင့် ကျန်းထန်တို့သည် အနီးကပ်တိုက်ပွဲအဆင့်သို့ရောက်နေကြပြီဖြစ်သည်။

ကျန်းထက်သည် ချူးယွင်ဖန်းမျှော်မှန်းထားသည်ထက် ပိုမြန်၏။ ဓားရှည်သည် ချူးယွင်ဖန်း၏ မျက်နှာရှေ့တည့်တည့်သို့ ဝိုက်ကျလာကာ ကြောက်မက်ဖွယ်လေရိုင်းတစ်ခုသည် ချူးယွင်ဖန်း၏ ပါးပြင်ပေါ်သို့ နာကျင်သွားသည်အထိတိုက်ခတ်လိုက်သည်။

“အား”

မိန်းကလေးအများစုသည် ခေါင်းကို လှည့်ကာ မျက်နှာလွှဲသွားကြသည်။ သွေးရဲရဲနီများပက်ဖြန်းကျနေမည့်မြင်ကွင်းကို မကြည့်ဝံ့ကြပေ။

ချလန်

သို့သော် ကိစ္စများသည် သူတို့ထင်ထားသည်နှင့် တက်တက်စင်လွဲသွား၏။ ကျန်းထန်ဖေ၏ ဓားရှည်သည် အဆုံးတွင် ချူးယွင်ဖန်းအား မထိခိုက်စေနိုင်ခဲ့ပေ။ ထိုအရေးကြီးအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သူ၏ဓားကို မြှောက်လိုက်ကာ ဝင်လာသော တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ချလန်

ဓားသွားနှစ်ခုသည် တိုက်မိကာ တုန်ခါသွား၏။

ကျန်းထန်၏ မျက်နှာထက်တွင် အံ့အားသင့်အသော အမူအယာရှိနေသည်။ သူသည် ယခင်ကဲ့သို့မဟုတ်တော့ဘဲ ချီပင်လယ်ဆဠမအဆင့် သိုင်းသမား၏ တုန်လှုပ်ဖွယ်ခွန်အားကို ထုတ်လွှတ်ပြလိုက်ခြင်းဖြစ်သည်။ ဤသို့သော ထပ်တိုး ကြောက်မက်ဖွယ်ခွန်အားဖြင့်ပင် ချူးယွင်ဖန်းသည် သူ့အား တားဆီးနိုင်နေသေး၏။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အနည်းငယ်လေးသာ ယိမ်းယိုင်သွားကာ ဓားချက်၏အားကို တားဆီပျောက်ကွယ်စေနှင့်ပြီးဖြစ်၏။

“မင်းတစ်ယောက်တည်း ခွန်းအားကို ဖုံးကွယ်ထားတဲ့လူလို့ ဘယ်သူပြောလဲ”

ချူးယွင်ဖန်းက ဤသို့ပြောရင်း ဘယ်ဘက်လက်သီးကိုဆုတ်ကာ ကျန်းထန်အား ရုတ်တရတ်ထိုးလိုက်၏။

“ကျားနတ်ဆိုးလက်သီး’

ဤသိုင်းကွက်သည် ကျားဆိုးလက်သီးများသိုင်းထဲမှ သိုင်းကွက်တစ်ခုဖြစ်သည်။ ကျန်းထန်သည် သူ့ခြေထောက်များကို ခပ်ပြင်းပြင်းနင်းလိုက်ကာ ငှက်မွှေးတစ်ခုကဲ့သို့ လေထဲသို့ပျံတက်သွား၏။ လေထဲတွင် အကြိမ်အနည်းငယ်လှည့်ပြီးကာမှ သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြန်ကျလာ၏။ သူ၏ အမူအယာသည် မယုံမကြည်နိုင်ဖြစ်ခြင်းများပြည့်နှက်နေသေးသည်။ ချီပင်လယ်ပဥ္စမအဆင့်တွင်သာရှိသေးသည့် ချူးယွင်ဖန်းသည် တကယ်ကိုပင် ကြောက်မက်ဖွယ်ကိုယ်ခံအားရှိနေသည်။ ချီပင်လယ်ဆဠမအဆင့်၏ ခွန်အားဖြင့်တိုက်ခိုက်သည့်တိုင် ချူးယွင်ဖန်းသည် တကယ်ကိုပင် သူနှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သေး၏။

“မဖြစ်နိုင်တာ”

အဆင့်ကိုကျော်တက်ကာ တန်ပြန်တိုက်ခြင်းကို ခံလိုက်ရသဖြင့် ကျန်းထန်သည် မခံမရပ်နိုင်ဖြစ်နေ၏။ ရုတ်တရက် ချူးယွင်ဖန်းသည် မြေပြန်သို့ အရှိန်ဖြင့်နင်းလိုက်ကာ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အရောင်အဝါတစ်ခုကို ထုတ်လွှတ်လျက်ရှိသည်။ ယင်းသည် ကျားရိုင်းတစ်ကောင်ကို လှောင်အိမ်ထဲမှ ထုတ်လိုက်သကဲ့သို့ ထင်ရ၏။

သူကျင့်ကြံခဲ့‌သော နတ်ဘုရားကျင့်စဥ်သည် အဆင့်တူ အခြားတစ်ယောက်ထက် အဆပေါင်းများစွာသာ၏။ ၎င်းသည် ချီပင်လယ်ဆဠမအဆင့် အထွဋ်အထိပ်နှင့်ပင် နှိုင်းယှဥ်၍ရသည်။ ဤသည်မှာ သူ၏ စစ်မှန်သော ဝှက်ဖဲတစ်ခုသာဖြစ်ကာ ထိုကြောင့်လည်း အို့ယန်အားတိုက်ခိုက်ရဲခြင်းဖြစ်သည်။ အို့ယန်နှင့် ကျန်းထန်တို့၏ ကျင့်ကြံမှုသည် ချီပင်လယ်ဆဠမအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူကြားသိခဲ့သည်မှာ ကြာပြီဖြစသ်ည်။ သို့သော်လည်း ကျန်းထန်သည် သူ့ခွန်အားအား သေချာနားမလည်သေးပေ။ ဤသည်မှာ ချူးယွင်ဖန်း၏ အားသာချက်ပင်ဖြစ်သည်။

ဝှစ်ရှ်

ချူးယွင်ဖန်းသည် ချက်ချင်းပင် ကျားဆိုးတစ်ကောင်ကဲ့သို့ခုန်ထွက်လာသည်။ ဤသည်မှာ ဤတိုက်ပွဲတွင် ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခြင်းဖြစ်၏။

အသက်အနည်းငယ်ရှုချိန်ကြာသောအခါ ချူးယွင်ဖန်းသည် ကျန်းထန်၏ ရှေ့သို့ရောက်နေပြီဖြစ်ကာ ကျန်းထန်သည် သူ့ခြေထောက်အား ဟန်ချက်ညီစေရန် ထိန်းဆဲသာရှိသေး၏။ ရှေ့သို့ချီတက်လာသော ချူးယွင်ဖန်းအား မျက်နှာချင်းဆိုင်နေပြီဖြစ်သဖြင့် နောက်ပြန်ဆုတ်ရန် မရတော့ပေ။ ထို့ကြောင့် ဓားရှည်ကိုထုတ်ကာ ဝင်လာသော ဓားချက်ကို ရင်ဆိုင်လိုက်သည်။

ချလန်

ချလန်

ချလန်

လူတိုင်းသည် ကွင်းထဲမှထွက်လာသော သတ္တုပွတ်တိုက်သံများကိုကြားနေရသည်။ အစောပိုင်းတွင် ခေတ္တရပ်နားထားသောကြောင့် နှစ်ဦးနှစ်ဖက်ကြား သိုင်းကွက်များသည် မလျော့နည်းသွားရုံပင်မက ပို၍ပင် ပြင်းထန်လာ၏။ နောက်ထပ်တစ်ဆင့်သို့ပင် တက်သွား၏။

တိုက်ခိုက်သည့် သူတို့၏ စွမ်းရည်အစစ်အမှန်ကို အခုလေးတင်မှ ထုတ်ပြလိုက်သော လူနှစ်ဦးကိုကြည့်ကာ ကျောင်းသားအားလုံးအံ့အားသင့်သွားကြသည်။

“ဒီတိုက်ပွဲရဲ့အဆင့်က ဘာလဲ။ သူတို့က ငါတို့နဲ့တစ်ကမ္ဘာတည်းရောဟုတ်ရဲ့လား”

“ဒီနှစ်ယောက်က တကယ့်မကောင်းဆိုးဝါးတွေပဲ”

“တကယ့်မကောင်းဆိုးက ချူးယွင်ဖန်းမဟုတ်လား။ ချီပင်လယ်ပဥ္စမအဆင့် ကျင့်ကြံရေးနဲ့ ကျန်းထန်ကို တကယ်ပဲ ရပ်တန့်သွားအောင်လုပ်နိုင်တယ်”

ကနဦးထိတ်လန့်မှုအပြီးတွင် လူအများသည် ချူးယွင်ဖန်းကိုသာ ကြည့်နေကြ၏။

ကျန်းထန်သည် ခေသူမဟုတ်ပေ။ သို့သော် သူ့ထက်တစ်ဆင့်နိမ့်သည့် ချူးယွင်ဖန်းထံတွင် ရှုံးနိမ့်ရခြင်းမှာ ယုံနိုင်စရာကောင်းမနေပေ။

စင်မြင်ထက်တွင်မူ ကျင်းဝူသည် ချူးယွန်ဖန်ကိ နောက်ဆုံးတွင် အားရကျေနပ်စွာပြုံးလိုက်သည်။ ထို့နောက် ပါးစပ်အဟောင်းသားဖြင့်သူ့အား စိုက်ကြည့်နေသည့် ချင်ဖုန်းကို ကြည့်လိုက်သ်ည။

“ဆရာချင်၊ ငါ မင်းကို အရင်တုန်းတည်းကပြောဖူးပါတယ်။ ကောက်ချက်ချမစောနဲ့ဦးလို့”

ချင်ဖုန်း၏ အမူအယာသည် ဖြည်းဖြည်းပြန်လည်တည်ငြိမ်လာသည်။

“ဆရာကျင်၊ တကယ်ကိုပါပဲ။ ငါတောင် မင်းရဲ့ဒီကျောင်းသားက အရမ်းအစွမ်းထက်တယ်ဆိုတာကို ဝန်ခံရမယ်။ ကျန်းထန်ကို ဒီအတိုင်းအတာတစ်ခုထိ တွန်းအားပေးနိုင်ဖို့ဆိုတာ သူ့အနာဂတ်ကအကန့်အသတ်ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ကျန်းထန်ကို နိုင်ဖို့မဖြစ်နိုင်ဘူး။ ချီပင်လယ်ပဥ္စမအဆင့် သိုင်းပညာပေါက်ကွဲမှုက ကြာကြာခံမှာမဟုတ်ဘူး။ အနှေးနဲ့အမြန်ရှုံးမှာပဲ”

ကျင်းဝူသည် မျက်ခုံးကိုပင့်လိုက်ကာ

“ငါတော့ မထင်ပါဘူး။ ဟဲဟဲ ဒီအကြောင်းကို မပြောရဲသေးဘူး။ ငါထက်ပြီးမျက်နှာမပျက်ချင်တော့ဘူး”

“မင်း…” ချင်ဖုန်းသည် ကျင်းဝူ၏စကားလုံးများကြောင့် စိတ်ဆိုးသွားရသော်လည်း ပြန်မပြောနိုင်ပေ။ ကျန်းထန်သည် ဤအခြေအနေတွင် အသားစီးရမနေပေ။ ဆရာတစ်ယောက်အနေဖြင့် ကောင်းကောင်းပြောရန် ကျန်းထန်သည် ယုံကြည်မှုရှိမနေပေ။ ကျန်းထန်သာ ပိုကောင်းအောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကာ ကွင်းကို လှမ်းကြည့်လိုက်သော်လည်း သူမြင့်မားစွာမျှော်လင့်ထားသော ကျန်းထန်သည် ကွင်းအခြေကို ပြောင်းပြန် မလှန်နိုင်ပေ။ အခွင့်မသာမှုကိုပင် စတင်ခံစားနေရပြီဖြစ်သည်။

ကျန်းထန်သည် သူ၏ ခံနိုင်ရည်၊ သက်လုံကို စတင်၍ ဆုံးရှုံးလာသည်။ အရင်က ဤလက္ခဏာများရှိခဲ့သော်လည်း သူသည် ချီပင်လယ်ဆဠမအဆင့်၏ ခွန်အားကို ရုတ်တရက်ဖော်ထုတ်ပြလိုက်မိသည်။ ယင်းသည် ထိုသက်လုံကျဆင်းမှုအားဖုံးကွယ်ထားလျက်ရှိကာ အချိန်အတော်ကြာပြီးသည့်နောက်တွင် စတင်၌ ပေါ်ထွက်လာပြီဖြစ်သည်။

“ဒါဘယ်လို ဟာသမျိုးလဲ။ ငါက ချီပင်လယ် ဆဠမအဆင့်မှာ။ ငါ့ရဲ့ကိုယ်ခံအားက ဘယ်လိုလုပ်မင်းထက်နိမ့်ရမှာလဲ”ကျန်းထန်သည် ဒေါသတကြီးအော်ဟစ်ပစ်လိုက်ကာ ချူးယွင်ဖန်းထံသို့ နောက်ထပ်တစ်ကြိမ် ပျံလာ၏။

ချူးယွင်ဖန်းသည် တိုက်ပွဲအစတွင် ရှိခဲ့သည့်အတိုင်း တည်ငြိမ်လျက်ရှိကာ စကားကြောရှည်ခြင်းမရှိပေ။ ထို့ကြောင့် ဤသည်မှာ ကျန်းထန်အတွက်ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်နေ၏။

“ရုန်းကန်နေတာက အသုံးမဝင်ဘူး” ချူးယွင်ဖန်းက လှောင်ပြောင်လိုက်ကာ သူ့လက်ထဲမှဓားရှည်သည် ပို၍မြန်လာ၏။

သူ၏ ကိုယ်ခံအားသည် ပျမ်းမျှ ချီပင်လယ်အဆင့်ထက် များစွာပိုနေကာ စစ်နတ်ဘုရားကျင့်စဥ်ကိုလည်ပတ်နေစေချိန်တွင် သူ၏ ပြန်လည်သက်သာနှုန်းမှာ ပို၍ပင်မြန်၏။ ထိုကြောင့် သူသည် ခွန်အားများစွာအသုံးပြုမနေပုံပေါ်ခြင်းဖြစ်သသည်။ တကယ်တမ်းတွင်မူ သူအသုံးပြုခဲ့သော် ခွန်အားပမာဏသည် ကျန်းထန်ထက်တော့မနည်းပေ။ ပိုပင်ပိုနိုင်၏။ ကျင့်ကြံရေးအဆင့်အရ ကျန်းထန်သည် အားနည်းသည့်ဘက်တွင်ရှိနေ၏။

ကျန်းထန်၏ သြဘာစတင်၍ မတည်မငြိမ်ဖြစ်လာသည်ကို မြင်လိုက်ရသဖြင့် ချူးယွင်ဖန်းသည် အနိုင်ယူချိန်ရောက်မှန်းကို သိလိုက်သည်။

ဘမ်း

ဘမ်း

ဘမ်း

ချူးယွင်ဖန်းလက်ထဲမှ ဓားရှည်သည် ပို၍မြန်ကာ ပို၍အားကောင်းလာသည်နှင့် သူသည်လည်း ဆက်လက်တိုက်ခိုက်နေသည်။

ကျန်းထန်သည်မူ ဒီထက်ကြာကြာ ထိန်းမထားနိုင်တော့ပေ။ အစပိုင်းတွင် ချူးယွင်ဖန်းအား တိုက်ခိုက်ကာ သူ့ကိုယ်သူ ခုခံကာကွယ်နိုင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူမလိုက်နိုင်တော့ပေ။ ချူးယွင်ဖန်းသည် ဤမျှထိ ကိုယ်ခံအား ကြံခိုင်နိုင်သလား။ သူသည် တကယ့်ကိုပင် သဘာဝလွန်အရည်အချင်းရှိသည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေနိုင်သလား။

ကျန်းထန်သည် သူပို၍ပင်ပန်းလာသည်ကိုသာ ခံစားနိုင်သည်။ အရင်က ဤသို့သော တိုက်ပွဲမျိုးကြုံဖုးသည်။ ၎င်းမှာ အို့ယန်အား တိုက်ခိုက်နေချိန်တွင်ဖြစ်ကာ အချိန်ကြာလေလေ တိုက်ပွဲကို ထိန်းချုပ်ရန်ပို၍ခက်ခဲလေလေဖြစ်နေသည်။

နောက်ဆုံးတွင် သတိလက်လွတ်ဖြစ်ကာာ ချူးယွင်ဖန်း၏ ဓားဖင်ဖြင့် အပြင်းအထန်ခုတ်ခံလိုက်ရသည်။ ကျန်းထန်သည် ငြီးတွားလိုက်ကာ သူ့ခန္ဓာတစ်ကိုယ်လုံးသည် နောက်သို့လွင့်ထွက်သွား၏။ သူပြန်ထချင်သော်လည်း မျက်နှာရှေ့တွင် ဓားတစ်ချောင်းရှိနေပြီကို မြင်လိုက်ရသည်။ အကယ်၍ သူသာ ထပ်မံရွေ့လျားလိုက်လျှင် ၎င်းသည် သူ့အားခုတ်ထစ်လိုက်မည်သာဖြစ်၏။ ရလဒ်သည် ဆုံးဖြတ်ပြီးဖြစ်နေပြီဖြစ်သည်။

“အခုလေးတင် မင်း ငါက အို့ယန်နဲ့တိုက်ဖို့အရည်အချင်းမပြည့်ဘူးလို့ပြောနေတာမလား။ တကယ်တော့ အရည်အချင်းမပြည့်မီသူက မင်းပဲ”

အခန်း (၁၂၉) အဓိကရုန်းတစ်ခု ဖြစ်စေ၏

“ဒီအချီ၊ အတန်း သုံး အခန်း (၂) မှ ချူးယွင်ဖန်း အနိုင်ရ”

ကြေညာသူ၏ စကားနောက်တွင် ဆီမီးလောင်ကျွမ်းသကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

ချူးယွင်ဖန်း၊ ကျန်းထန် နှင့် ဤအခရာတိုက်ပွဲ က ကျန်းထန်နှင့် အို့ယန်ကြား သို့မဟုတ် ချူးယွင်ဖန်းနှင့် အို့ယန်ကြားတိုက်ပွဲသာမှလွဲ၍ အာရုံအစိုက်ခံရဆုံးတိုက်ပွဲမှာဤတိုက်ပွဲဟု ဆို၍ရနိုင်မည်ဖြစ်သည်။

တိုက်ပွဲမပြီးခင်တွင် နှစ်ဦးသားသည် အခြေခံအားဖြင့် ခုခံအားများများစားစား သုံးရန်မလိုဘဲ တိုက်ခိုက်ခဲ့ကြသည်။ သူတို၏ ပြိုင်ဘက်များသည် အရှုံးကို ဝန်ခံလျှင် ဝန်ခံ မဝန်ခံလျှင် သိုင်းကွက်အနည်းငယ်အတွင်းရှုံးနိမ့်ခဲ့ကြ၏။ သူတို့နှင့် သင့်တော်သော ပြိုင်ဘက်လုံးဝမရှိခဲ့‌ပေ။ ဤတိုက်ပွဲသည်မူ သံသယကင်းစွာပင် ပြင်းထန်၏။

ကျန်းထန်သည် အို့ယန်နှင့် အမြဲတစေ ပခုံးချင်းယှဥ်ရပ်တည်ခဲ့ကာ ကျောင်းမှ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် ယခုမှထမြောက်လာသော နာမည်ကြီးပုဂ္ဂိုလ်ဖြစ်ကာ သူတို့နှစ်ဦးလုံးအား တစ်ကျောင်းလုံးအာရုံအစိုက်ဆုံးသူများဟု ပြော၍ရသည်။

သို့သော် ချူးယွင်ဖန်းသည် ကျန်းထန်နှင့် မယှဥ်နိုင်ဟု အများက ထင်မြင်ယူဆနေကြဆဲဖြစ်သည်။ အချက်အလက်များသည် ဤယူဆချက်ကို သက်သေပြလိုက်ခြင်းဖြစ်၏။ ကျန်းထန်သည် ချီပင်လယ် ဆဠမအဆင့်သို့ တက်လှမ်းခဲ့ပြီးဖြစ်သော်လည်း ချူးယွင်ဖန်းသည်မူ ချီပင်လယ် ပဥ္စမအဆင့်တွင်သာရှိသေးသည်။ သို့သော် နောက်ဆုံးတွင် ချူးယွင်ဖန်းက အနိုင်ရခဲ့၏။ ဤသည်က မည်သို့ လူတိုင်းကို မအံ့သြဘဲနေစေလိမ့်မည်နည်း။

ဤသည်မှာ အကြိတ်အနယ်တိုက်ခိုက်ပြီးမှရသည့်အောင်ပွဲမဟုတ်ပေ။ တိုက်ပွဲအစမှအဆုံးတွင် စည်းချက်သည် ချူးယွင်ဖန်း၏ လက်ထဲတွင်ရှိသည်ကို လူတိုင်းမြင်နိုင်၏။ ချီပင်လယ်ဆဠမအဆင့်ကျင့်ကြံရေးရှိသည့် ကျန်းထန်သည် တကယ်ကိုပင် သူ့ကိုယ်ခံအား၏ ထက်ဝက်ကျော်ခန့်ကို အသုံးပြုခဲ့ရခြင်းဖြစ်သည်။ ဤသည်မှာ ကျန်းထန်သည် တိုက်ပွဲ၏ စည်းချက်ကို အဆက်မပြတ်ချိန်ညှိနေရခြင်းကြောင့်ဖြစ်သည်။ ဤဖြစ်စဥ်တွင် သူသည် သူ၏ ကိုယ်ခံအားပမာဏအမြောက်အမြားကို အသုံးပြုခဲ့၏။

“ဒါဆို ဒါက ဒီလိုဖြစ်သွားတာပေါ့။ မင်းထက် သန်မာတဲ့လူတွေကို အနိုင်ယူဖို့ အဲ့နည်းလမ်းအပေါ်မှီခိုလို့ရသေးတယ်ဆိုတာကို ပြောလိုက်တာပဲ။ ချူးယွင်ဖန်းက အရမ်းသန်မာတယ်။ ငါလည်း အဲ့နည်းလမ်း လေ့လာချင်လိုက်တာ” သာမန်အတန်းမှကျောင်းသားတစ်ဦးက စိတ်လှုပ်ရှားစွာဆိုသည်။

“မင်း ငတုံးလား” ချက်ချင်းဆိုသလိုပင် သူ့ဘေးနားမှ အထူးတန်းကျောင်းသားတစ်ယောက်က အထင်သေးစွာဆိုသည်။

“ဒီနည်းကို ဘယ်သူမဆို သုံးလို့ရတယ်လို့မင်းထင်နေလား။ ကျန်းထန်က တိုက်ပွဲရဲ့စည်းချက်ကို ထိန်းဖို့ သူ့ခွန်အားတွေ အများကြီးသုံးဖို့လိုတာမှန်တယ်။ တိုက်ပွဲရဲ့စည်းချက်ကို အရင်ထိန်းလိုက်တဲ့ ချူးယွင်ဖန်းက သူ့ခံနိုင်ရည်အားကို မသုံးရဘူးလို့မင်းထင်လား။ သူလည်း ခံနိုင်ရည်အများကြီးလိုအပ်တယ်ကွ။ ဒီနည်းက ရိုးရှင်းပေမယ့် လူတိုင်းလေ့လာလို့မရနိုင်ဘူး”

နည်းလမ်းသည် ရိုးရှင်းသည်ဟု လူအများက မြင်နိုင်သော်လည်း ဤသည်မှာ နှစ်ဖက်လုံးကို အထိနာ‌စေနိုင်သည့်နည်းဟု ဆို၍ရနိုင်သည်။ အသုံးပြုရသည်မှာ အရမ်းလွယ်သော်လည်း အသုံးပြုသူ၏ ခံနိုင်ရည်အားသည် ကျန်းထန်ကိုအနိုင်ယူနိုင်မှသာဖြစ်ပေလိမ့်မည်။

ဤတိုက်ပွဲသည် ဆရာများ၊ အထူးသဖြင့် အထူးတန်းနှစ်ခု၏ အတန်းပိုင်များဖြစ်သည့် ချင်ဖုန်းနှင့် ကျင်းဝူတို့အကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ သူတို့သည် များသောအားဖြင့် နေရာများစုံတွင်ယှဥ်ပြိုင်ခဲ့ကြသည်။ ဤအချိန်တွင် ချင်ဖုန်း၏ အမူအယာသည် အလွန်အရုပ်ဆိုးလွန်းသည်။

ယခင်က ချူးယွင်ဖန်းသည် ကျန်းထန်နှင့် မယှဥ်နိုင်ကြောင်းသူပြောခဲ့သည်။ ယခုမူ ချူးယွင်ဖန်းသည် ကျန်းထန်အား အနိုင်ယူလိုက်ပြီဖြစ်ကာ ဤသည်က သူ့မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သို့ပင်ဖြစ်၏။

“ဆရာချင်၊ ငါဘာပြောခဲ့သလဲ။ အချို့အရာတွေက သိပ်စောပြီးပြောလို့မကောင်းဘူးကွ” ကျင်းဝူက ဂုဏ်ယူစွာပြောလိုက်သည်။ “ဒီနှစ် ချန်ပီယံက ငါ့အတန်း၂ထဲ ပြည်တွင်းစစ်ဖြစ်တော့မယ်ထင်တယ်”

ချင်ဖုန်းသည် အနားတွင်ရပ်နေသော်လည်း ဘာမှပြန်မပြောပေ။ အလွန် ကို့ရို့ကားယားနိုင်သည်ဟုခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ကျန်းထန်နှင့် ချူးယွင်ဖန်းတို့တိုက်ပွဲတွင် ချူးယွင်ဖန်းအနိုင်ရကာ အဆုံးသတ်သွားလိမ့်မည်ဟု စိတ်ကူးအယဥ်တတ်ဆုံးလူတစ်ယောက်ပင် တွေးထားမိလိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် တိုက်ပွဲစင်ပေါ်မှ ဆင်းလာခဲ့သည်။ အချိန်အတော်ကြာစောင့်ဆိုင်းလျက်ရှိသော ဂေါင်ဟုန်ချီသည် သူ့အားတွေ့ရန် အမြန်သွား၏။

“အရမ်းကောင်းလိုက်တာ။ မင်းအရမ်းတော်တယ်။ ဟား ဟား ဟား ကျန်းထန်က သူ့ကိုယ်သူအထင်ကြီးလွန်းနေတာ။ အခု မင်းကို ရှုံးသွားတော့ သူဘယ်လိုဂုဏ်ယူဦးမလဲကြည့်ရအောင်”

ကောင်းဟုန်ကျီက ကျယ်လောင်စွာရယ်မောလိုက်သည်။ “ဒီတစ်ခါ မင်းနဲ့အို့ယန်တို့ဆုံနိုင်ပြီလေ။ ဟားဟား ကောင်းတယ်” ဂေါင်ဟုန်ချီက ပြောသည်။

“ဟုတ်တယ်။ အစတည်းက ငါ့ရဲ့ပစ်မှတ်က အို့ယန်ပဲ” ချူးယွင်ဖန်းကပြောသည်။

အဠမအကြိမ်မြောက်အချီသည် အလွန်လျင်မြန်စွာပြီးဆုံးသွားသည်။ သူနှင့် ကျန်းထန်ကြားမှတိုက်ပွဲမှလွဲ၍ ပရိတ်သတ်သည် အခြားတိုက်ပွဲများကို သိပ်အာရုံမထားပေ။

နဝမအချီတွင် ချူးယွင်ဖန်းသည် ယခင်က သူ့ထံတွင်ရှုံးနိမ့်ခဲ့ဖူးသော ကျူရိနှင့် ရင်ဆိုင်ရသည်။ ဤအချိန်တွင် ကျူရိ၏ စွမ်းအားသည် အနည်းငယ်တိုးတက်လာခဲ့ကာ ချီပင်လယ်ဆဠမအဆင့်မှ လက်တစ်ကမ်းမျှသာကွာဝေး၏။ ယခင်က တန်စီယုနှင့် တန်းတူဖြစ်ကာ အမည်ပျက်မရှိခဲ့ပေ။ သူတွင် ယုံကြည်ချက် အမှန်တကယ်ပင်ရှိ၏။

ချူးယွင်ဖန်းနှင့် တွေ့ဆုံရခြင်းသည် သနားစရာကောင်းသည်။ ယခင်က အနိုင်ယူခံရပြီးနောက်တွင် သူ့နာမည်ပျက်သွားခဲ့သည်။ ကိုးကြိမ်မြောက်တွင် နှစ်ဦးသားထပ်မံတွေ့ဆုံကြပြီဖြစ်ကာ ချူးယွင်ဖန်းသည် ပွဲတိုင်းကျော် ကျန်းထန်အား အနိုင်ယူခဲ့ပြီဖြစ်သော်လည်း ကျူရိသည် အရှုံးကို ထိုကဲ့သို့ ဝန်မခံချင်ပေ။ ကျူရိ၏ ခွန်အားများတိုးတက်လာနိုင််သော်လည်း ချူးယွင်ဖန်း၏ ခွန်အားသည် ပို၍ပင် မြန်မြန်တိုးတက်လာခြင်းဖြစ်သည်။ သိုင်းကွက်ဆယ်ကွက်အတွင်းတွင်ပင် ကျူရိရှုံးနိမ့်ခဲ့ရပြန်သည်။ သို့သော် အနီးနားမှ ကျောင်းသားများနှင့် ဆရာများသည် ၎င်းကို ပုံမှန်ဖြစ်နေပြီဖြစ်သည်။ ကျန်းထန်ပင်လျှင် ရှုံးနိမ့်ခဲ့သောကြောင့် ကျူရိရှုံးနိမ့်ခြင်းမှာ မထူးဆန်းပေ။

ချူးယွင်ဖန်း တိုက်ပွဲဧရိယာမှထွက်သွားသောအခါ ဂေါင်ဟုန်ချီပင်မမြင်လိုက်ပေ။ ထို့နောက်၊ အားလုံးသည် ပွဲကြည့်ရန်သွားကြပြီဖြစ်ကြောင်းကို အတန်းဖော်များထံမှကြားလိုက်ရသည်။ တစ်ကျောင်းလုံးကို အာရုံဖမ်းစားနိုင်သည့်နောက်ထပ်ပွဲတစ်ခုဖြစ်၏။ ချူးယွင်ဖန်းနှင့် ကျန်းထန်တို့ကြားတိုက်ပွဲမှလွဲ၍ အို့ယန်၌သာလျှင် ထိုသို့ ဆွဲဆောင်မှုမျိုးရှိ၏။

အို့ယန်၏ ပြိုင်ဘက်သာသာမန်လူဖြစ်မည်ဆိုပါက မည်သူကမှ ဂရုစိုက်ကြလိမ့်မည်မဟုတ်သော်လည်း နဝမအချီတွင် အို့ယန်၏ ပြိုင်ဘက်မှာ ကျောင်း၏ အခြားရွက်ပုန်းသီးဖြစ်သည့် တန်စီယုသာမှလွဲ၍အခြားသူမဟုတ်ပေ။

လွန်ခဲ့သောလတွင် တန်စီယုသည် ချူးယွင်ဖန်း၏ ထင်ပေါ်ကျော်ကြားမှုကြောင့် လွှမ်းမိုးခံခဲ့ရသော်လည်း သူမသည် ကျောင်းရှိ ဆရာဆရာမများ၊ ကျောင်းသားများမှ အထူးအာရုံစိုက်ခံရသည် စူပါမြင်းနက်တစ်ကောင်ဖြစ်နေဆဲဖြစ်သည်။

ကျောင်းစဝင်စတည်းက သူမသည် အံ့ဖွယ်များစွာကို ဖန်တီးခဲ့ကာ လူများ၏အာရုံစိုက်မှုကို ခံခဲ့ရသည်။ ချူးယွင်ဖန်း ရောက်လာသောအခါတွင် တန်စီယုနှင့် အို့ယန်တို့အကြားတိုက်ပွဲသည် အလွန်ပြင်းထန်သော အဆင့်သို့ရောက်နေပြီဖြစ်သည်။

တန်စီယု၏ ဓားသိုင်းသည် သေမျိုးကမ္ဘာသို့ဆင်းသက်လာသော နတ်သမီးကဲ့သို့ သွက်လက်သည်။ သူမ၏ လှုပ်ရှားမှုများသည် မဖော်ပြနိုင်လောက်အောင် ကျက်သရေရှိကာ ကျော့ရှင်းနေသော်လည်း ဓား၏ရောင်ဝါသည် မြေပြင်ပေါ်သို့ အဆက်မပျံလျှံကျနေသော ပြဒါးနှင့် တူသည်။ ဤသည်က သူမမည်မျှအန္တရာယ်ကြီးသည်ကို လူတိုင်းအားပြောပြနေခြင်းဖြစ်သည်။

သို့သော် အို့ယန်သည် သူမရှေ့တွင် ကျား၏ အစင်းကြောင်းများနှင့် တူသော အနက်နှင့် ရွှေရောင်ရောစပ်ထားသည့် လှံရှည် ကို အသုံးပြုလျက်ရှိသည်။ တန်စီယု၏ ဓားသိုင်း မည်မျှပင် ပြင်းထန်ပါစေ၊ အို့ယန်၏ ခံစစ်များဖြင့်တားဆီးခံရ၏။

သတ္တုပွတ်တိုက်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းသည် တန်စီယုနှင့် အို့ယန် အားကုန်သုံးနေသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ချူးယွင်ဖန်းနှင့် ကျန်းထန်တို့ကဲ့သို့ပင် နှစ်ဦးသား၏ တိုက်ပွဲသည် ဆက်တိုက်အရှိန်မြင့်တက်လာ၏။ သူတို့၏ ခြေရာကို လိုက်နိုင်သော လူများစွာမရှိပေ။

လူတိုင်းသည် အို့ယန်၊ ကျန်းထန်၊ ချူးယွင်ဖန်းနှင့် တန်စီယု ုတို့၏ အဆင့်သည် အခြားကျောင်းသားများ၏ အထက်တွင်ရှိကြောင်းရှင်းလင်းစွာသိကြသည်။ သူတို့သည် တူညီသောအဆင့်တွင်ရှိမနေကြပေ။

“ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး၊ ဒီတိုင်းဆက်သွားရင် တန်စီယုသေချာပေါက်ရှုံးလိမ့်မယ်။” ချူးယွင်ဖန်းက မျက်မှောင်ကြုတ်ကာ ဆိုသည်။

အနီးကပ်တိုက်လျှင် ဓားရှည်သို့မဟုတ် ဓားရှည်သည် အားသာချက်ရှိသည်။ ၎င်းသည် ပို၍ လိုက်ရောညီထွေမှုရှိကာ အသုံးပြုနိုင်၏။ သို့သော် တိုက်ပွဲကွင်းပြင်ကဲ့သို့ ဟင်းလင်း နေရာမျိုးတွင် လှံနှင့် တုတ်ကို အသုံးပြုခြင်းက ပို၍အားသာ၏။ ဤအခြေအနေမျိုးတွင် တစ်လက်မရှည်ခြင်းသည် တစ်လက်မသန်မာခြင်းသာဖြစ်၏။

အို့ယန်၏လှံရှည် သည် တန်စီယုအား ဆက်တိုက် ရိုက်ခတ်နေသော်လည်း သူမ၏ ဓားသည်မူ အို့ယန်၏ ခန္ဓာကိုယ်သို့ လုံးဝမရောက်ပေ။ တိုတောင်းသောလက်နက်မှ ရှည်လျားသောလက်နက်ကို ရင်ဆိုင်ခြင်းသည် သဘာဝအလျောက်အားနည်းချက်သာဖြစ်သည်။ လူတစ်ဦးသည် သန့်စင်ခြင်း အဆင့်အထိ ကျင့်ကြံကာ စွမ်းအင်ကို ထုတ်လွှတ်နိုင်ခြင်းရှိမှသာ ဤအကွာအဝေးကို ဖြည့်တင်းအမှီလိုက်နိုင်လိမ့်မည်။

ဤအခိုက်အတန့်တွင် တန်စီယု၏ ပုံရိပ်သည် ရုတ်တရက်ပြောင်းလဲသွား၏။

All Chapters