အခန်း (၁၃၆-၁၃၈)
Vol. 10 Ch. 136-138
အခန်း(၁၃၆) အဓိကအချက်
ကျင်းဝူသည် သူ့လက်အောက်ရှိကျောင်းသားသုံးယောက်အား ကြည့်လိုက်သည်။ ခွန်အားနှင့် ကျင့်ကြံရေးအဆင့်အားတွင်မူ အို့ယန်သည် လက်ရှိတွင် ယာယီဦးဆောင်နေသော်လည်း ချူးယွင်ဖန်းနှင့် တန်စီယုတို့၏ တိုးတက်နှုန်းမှာမူ အလွန်လျင်မြန်ကာ ထိတ်လန့်ဖွယ်၊ တုန်လှုပ်ဖွယ်ကောင်းသည်ဟုပင် ဆို၍ရ၏။ အထူးသဖြင့် မမျှော်လင့်ထားသော သိုင်းကွက်များကို ထုတ်သုံးခဲ့သော ချူးယွင်ဖန်းဖြစ်သည်။
၎င်းမှာ အို့ယန်က ကြိုတင်ပြင်ဆင်ထားခြင်းမရှိသောကြောင့်သာဖြစ်သော်လည်း အခွင့်အရေးကို အမိအရရာယူရာတွင်မူ တိကျသည်ဟု ဆို၍ရသည်။ ချူးယွင်ဖန်းသည် လအတော်ကြာအောင် ထင်ပေါ်လာနိုင်သကဲ့သို့ ဆောင်းရာသီကျောင်းပိတ်ရက်များအပြီးတွ၍်လည်း ပို၍ပင် သန်မာလာနိုင်သည်။ ဤတစ်ကြိမ်တွင်တော့ ကျင်းဝူသည် ကျောင်းပေါင်းစုံအစည်းအဝေးကို စောင့်မျှော်နိုင်တော့မည်ဖြစ်သည်။
ချင်ဖုန်းက ရယ်မောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းသည် ကျင်းဝူ၏ကျောင်းသားသာဖြစ်နေဆဲဖြစ်ကာ သူနှင့်ဘာမှမဆိုင်ပေ။ ကျန်းထန်ကိုကြည့်လိုက်သောအခါတွင်မူ အတွေးတစ်ခုခေါင်းထဲသို့ဝင်လာ၏။ ဤအခိုက်အတန့်တွင် ကျန်းထန်သည် သူတို့သုံးဦး၏ နောက်တွင် နောက်ကျကျန်နေခဲ့ပြီဖြစ်သော်လည်း ဤသို့ဆက်လက်၍တော့မဖြစ်ချေ။ ယင်းမှာ သူ့အတန်းထဲမှ တစ်ခုတည်းသော ပျိုးပင်ကောင်းတစ်ခုဖြစ်ကာ အတန်း(၁)သည် သူ့အပေါ်တွင် အမှီသဟဲပြုနေရခြင်းဖြစ်၏။
ချင်းဖုန်းက ကျင်းဝူအားထပ်မံကြည့်လိုက်သော မျက်ဝန်းများထဲတွင် ရှုံးနိမ့်မှိုကို မဝန်ခံလိုစိတ်များပြည့်နှက်နေ၏။
‘ခဏစောင့်စမ်းပါ၊ ဒီအဆင့်က ယာယီပဲ။ ကောလိပ်ဝင်ခွင့်စာမေးပွဲကို မရောက်သေးဘူး။ ဒါတွေအားလုံးကိုပြောဖို့ စောလွန်းပါသေးတယ်” ချင်ဖုန်းက သူ့ဘာသာကြုံးဝါးလိုက်သည်။
ဤအချိန်တွင် ကျောင်းအုပ်ကြီး ဟွာချန်ရှန်သည် ကြင်နာသောအပြုံးတစ်ခုဖြင့် ကျင်းဝူအား ကြည့်လျက် သူတို့ထံသို့ လမ်းလျှောက်လာသည်။
“ဆရာကျင်း၊ ခင်ဗျားကောင်းကောင်းလုပ်ခဲ့တာပဲ။ ခင်ဗျားက ထူးချွန်တဲ့ကျောင်းသားအချို့ကို ပျိုးထောင်ပေးခဲ့တဲ့အတွက် ကျောင်းအစား ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ပါတယ်”
ကျင်းဝူက ချက်ချင်းပင် ခပ်သွက်သွက် မတ်တပ်ထရပ်လိုက်သည်။
“ကျောင်းအုပ်ကြီး၊ ခင်ဗျားက အရမ်းယဥ်ကျေးလွန်းနေပါပြီ။ ကျွန်တော်ဘာမှသိပ်မလုပ်လိုက်ရပါဘူး။ အဲ့တာအားလုံးက သူတို့ရဲ့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ပါပဲ”
ဟွာချန်ရှန်က ပြုံးလျက် “သူတို့ရဲ့ ကိုယ်ပိုင်အောင်မြင်မှုတွေမှာ ကိုယ်စီအကြောင်းပြချက်တွေရှိတယ်။ ဒါပေမယ့် အတန်းပိုင်ဆရာတစ်ယောက်အနေနဲ့ ဂုဏ်ယူရမယ့်ထဲ ခင်ဗျားပါနေတာ သဘာဝပါပဲ။ ဒီလောက်နှိမ့်ချနေဖို့မလိုအပ်ပါဘူး”
ထို့နောက်ဟွာချန်ရှန်က ချင်ဖုန်းအား အနည်းငယ်စိတ်ပျက်နေသော အမူအယာဖြင့်ကြည့်လိုက်သည်။
“ဆရာချင်၊ ခင်ဗျူးအတန်းက ဒီတစ်ခေါက်ရှုံးပေမယ့် ခင်ဗျားရဲ့စွမ်းဆောင်ရည်က မဆိုးဘူးလို့ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ခင်ဗျားအတန်းရဲ့ကျောင်းသားအများစုက ကောင်းကောင်းမွန်မွန်စွမ်းဆောင်နိုင်ခဲ့တယ်။ အတန်းပိုင်ဆရာတစ်ယောက်အနေနဲ့ ခင်ဗျားကောင်းကောင်းလုပ်ထားပါတယ်”
“ကျောင်းအုပ်၊ မြှောက်ပင့်လွန်းနေပါပြီ”ချင်ဖုန်းက ချက်ချင်းပင် ဆိုလိုက်သည်။ ဟွာချန်ရှန်၏ စကားကို ကြားသောအခါ သူ့စိတ်ထဲမှု စိတ်ဓာတ်ကျမှုအချို့မှာ လုံးဝပျောက်ကွယ်သွား၏။
“ကောင်းပြီ၊ အခု အဆင့်သတ်မှတ် တိုက်ပွဲပြီးတော့ ခင်ဗျားတို့တွေ ဆက်ပြီးအလုပ်ရှုပ်ကြရဦးမယ်။ ‘ မနက်ဖြန်မနက်ကိုးနာရီကျရင် ထိပ်တန်းကျောင်းသားအယောက်နှစ်ဆယ်စာရင်းကို ကျောင်းအုပ်ရုံးခန်းကို ယူလာခဲ့ဖို့မမေ့နဲ့ဦးနော်”
“ဟုတ်ကဲ့ပါ ကျောင်းအုပ်”
“နားလည်ပါတယ်”
ကျင်းဝူနှင့် ချင်ဖုန်းက ချက်ချင်းပင် ခေါင်းညိတ်ကာ ဆိုသည်။ ထိုသို့ပြောပြီးနောက် ဟွာချန်ရှန်က လှည့်ထွက်သွား၏။ ကျောင်းအုပ်တစ်ဦးအနေဖြင့် စာမေးပွဲနေ့တွင် လိုက်လံစစ်ဆေးစရာများစွာရှိသည်မှာ သဘာဝပင်ဖြစ်သည်။ သိုင်းပညာတန်းပြိုင်ပွဲကို ကြည့်နေရုံအေးဆေးနေ၍မရပေ၊ လမ်းလျှောက်လှည့်ပတ်ကာ စာပေဆိုင်ရာစာမေးပွဲများကိုလည်း မည်သို့မည်ပုံရှိကြောင်းသွားကြည့်ရသေးသည်။
ချူးယွင်ဖန်းတစ်ယော်လမ်းလျှောက်လာသည်နှင့် သူ့ဘေးတွင်ရှိသော ဂေါင်ဟုန်ချီ က ပျော်ရွှင်စွာအော်ဟစ်လျက်ရှိသည်။ ထို့အပြင် ချူးယွင်ဖန်း၏ဘေးပတ်လည်တွင် အခြားကျောင်းသားများသည် သူ့အား လေးစားမှု၊ အားကျမှုတို့ဖြင့်ကြည့်နေကြသည်။ ကျောင်းသို့စဝင်တည်းက အဆင့်တစ်နေရာတွင်ရပ်တည်နေခဲ့သော အို့ယန်အား အနိုင်ယဓကာ တစ်ကျောင်းလုံးတွင် အဆင့်တစ်ဖြစ်နေခဲ့ပြီဖြစ်သည်။
တစ်နည်းဆိုရလျှင် ချူးယွင်ဖန်းသည် ကျောင်းတစ်ကျောင်းလုံးတွင် နံပါတ်တစ်လူတစ်ဦးဖြစ်လာခဲ့ပြီဖြစ်၏။
အို့ယန်၏ ထောက်ခံသူအများအပြားသည် ချူးယွင်ဖန်းသည် ကံကောင်း၍အနိုင်ရကာ အို့ယန်မှာ ခွန်အားအပြည့်အဝမပြလိုက်ခြင်းကြောင့်ဟုတွေးကြသော်လည်း ချီပင်လယ် ပဥ္စမအဆင့်တွင်ရှိသည့် ချူးယွင်ဖန်းက ချီပင်လယ်သတ္တမအဆင့်ရှိ အို့ယန်ကို အနိုင်ယူနိုင်ခဲ့သည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။ ပဥ္စမအဆင့်တွင်သာရှိရုံဖြင့် တစ်ကျောင်းလုံး၏ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့သည့်အပြင် အနည်းဆုံးတော့ နတ်ဘုရားအို့ယန်နှင့် တန်းတူရှိရန်လုံလောက်၏။
ချူးယွင်ဖန်းသည် သူ့မျက်လုံးထောင့်မှတစ်ဆင့် ဂေါင်ဟုန်ချီကိုကြည့်လိုက်ကာ သူ့အတွက်လည်း ဝမ်းသာပေးလိုက်မိသည်။ သူသည် ထိပ်ဆုံးသို့တက်နိုင်ခဲ့သော ချူးယွင်ဖန်းကဲ့သို့မဟုတ်သော်လည်း အမှန်တကယ်တွင် အဆင့်ရှစ်နေရာ၌ရပ်တည်နိုင်သေးကာ၊ သူဘယ်တုန်းကမှ မတွေးခဲ့ဖူးသော အရာတစ်ခုဖြစ်သည်။
သူ့အရည်အချင်းဖြင့် ဂေါင်ဟုန်ချီသည် မဆိုးလှကာ၊ သူ့မိသားစုသည် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ကြသော်လည်း ဉာဏ်ကြီးရှင်များနှင့် အထက်တန်းစားများရှေ့တွင်တော့ သူသည် ထူးချွန်သူတစ်ယောက်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင်တော့ အံ့ဖွယ်တစ်ခုအနေဖြင့် ထိပ်တန်းအဆင့်ရှစ်နေရာသို့ရောက်နိုင်ခဲ့ပြီဖြစ်သည်။ သူအရမ်းပျော်နေသည်မှာ အံ့သြစရာတော့မရှိလှပေ။
သူနှင့် ဆန့်ကျင်ဘက်တွင် တန်စီယု ုသည် သူတို့ထံသို့လမ်းလျှောက်လာကာ သူမတစ်ကိုယ်လုံးမှာမူ ချွေးများရွှဲနစ်နေ၏။ သူမသည် လက်ရှိတွင်ကိုယ်ခံအားပြန်လည်ဖြည့်တင်းရန် စွမ်းအင်ဖြည့်ဆေးရည်ကိုသောက်လျက်ရှိသည်။ ယခုလေးတင် ပြီးဆီးခဲ့သော ကျန်းထန်နှင့် တိုက်ပွဲကြီးကြောင့် သူမ၏ ခွန်အားများအလွန်ကုန်ခမ်းသွားသည်မှာ သိသာ၏။ ကောလဟာလများပြောထားသလောက် လွယ်ကူမနေခဲ့ပေ။
နောက်ဆုံးတွင်မူ ကျန်းထန်သည် ချီပင်လယ်ဆဠမအဆင့်သို့ အချိန်အတော်ကြာတည်းက တက်လှမ်းခဲ့ခြင်းဖြစ်ကာ တန်စီယု ုသည်မူ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဤအဆင့်သို့ရောက်ရှိခဲ့ခြင်းဖြစ်၏။ နှိုင်းယှဥ်ကြည့်လျှင် သူမတွင် အားနည်းချက်ရှိသေးသည်။
“ဟီးဟီး၊ ငါ ဖေဖေ့ကို ဖုန်းဆက်ပြီး သတင်းကောင်းပြောပြလိုက်ဦးမယ်။ သူက ငါ့မှာ လုပ်စရာမရှိဘူး၊ အနာဂတ်မရှိဘူးလို့ပြောလေ့ပြောထရှိတယ်။ သူအခုတော့ ငါ့မှာ အနာဂတ်ရှိပြီလို့သူပြောရတော့မှာပဲ။ မင်းတို့တွေသွားနှင့်ကြပြီး စကားပြောကြတော့ကွာ”
ဂေါင်ဟုန်ချီက နားလည်ဟန်တူကာ၊ ထိုသို့ပြောပြီးနောက် ချူးယွင်ဖန်းအား မျက်စိတစ်ဖက်မှိတ်ပြကာ ထွက်ခွာသွားခဲ့သည်။ ချူးယွင်ဖန်းကျိန်စာမိသွားသည်ဟုပင် ခံစားလိုက်ရ၏။
‘ဖာ့ခ် ခွေးကောင်’
“နင်အနိုင်ရတာလား၊ ဂုဏ်ယူပါတယ်” တန်စီယုက ညင်ညင်သာသာလေးပြုံးလိုက်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးလိုက်သည်။
“နင်လည်း အနိုင်ရခဲ့တာမဟုတ်ဘူးလား။ ငါတို့နှစ်ယောက် အတူတူပါပဲ” ချူးယွင်ဖန်းက ပြုံးလျက်ဆို၏။
တန်စီယုသည် ခေါင်းကို အနည်းငယ်ညိတ်လိုက်ကာ၊
“ဒါကမလုံလောက်သေးဘူး၊ ပြည်ထောင်စုတက္ကသိုလ်နဲ့ အလှမ်းဝေးနေသေးတယ်”
သာမန်လူတစ်ယောက်သာ ဤသည်ကို ကြားလိုက်ရလျှင် တုန်လှုပ်သွားသလိုခံစားလိုက်ရမှာ သေချာ၏။ သူတို့ကျောင်းမှ မည်သူမှ ပြည်ထောင်စုတက္ကသိုလ်သို့ တက်ရောက်ခွင့်မရနိုင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ မူလနံပါတ်တစ်ကျောင်းသားဖြစ်သည့် အို့ယန်သည်ပင်လျှင့် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရမည်ဟုမပြောရဲပေ။ ထိပ်တန်း တက္ကသိုလ်ဆယ်ခုသို့ဝင်ခွင့်ရရှိရန် အခွင့်အလမ်းအလွန်မြင့်မားသည်ဟုသာပြောနိုင်၏။
သို့သော် ချူးယွင်ဖန်းသည် ဤကိစ္စနှင့်ပတ်သက်၍ မှားယွင်နေသည်ဟု မခံစားရပေ။ သူ၏ ရည်မှန်းချက်မှာ ပြည်ထောင်စုတက္ကသိုလ်သို့ တက်ရောက်ရန်ဖြစ်ကာ ထို့ကြောင့် ဤစကားနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှားယွင်းသည်ဟု မခံစားရခြင်းဖြစ်သည်။
“မလုံလောက်သေးဘူး။ ဒါပေမယ့် ကောလိပ်ဝင်ခွင့်စာမေးပွဲက လနည်းနည်းလိုပါသေးတယ်။ ငါတို့ ကြိုးစားဖို့အချိန်ရှိသေးတယ်” ချူးယွင်ဖန်းက ဆိုသည်။
တန်စီယု၏ စကားလုံးများအရာ သူမ၏စိတ်သည် အနည်းငယ်မှိုင်းပျလျက်ရှိသော်လည်း စိတ်ပိုင်းဖြတ်နှင့်ပြီးသားဖြစ်သည်ကို သူခံစားမိသည်။ ဤအချိန်တွင် ကျင်းဝူသည် ကွင်းထဲသို့ရောက်လာကာ အော်လိုက်၏။
“အတန်း(၂) လူစုမယ်”
ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် ထိုသို့ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချ်ငးရှေ့သို့တိုးသွားကြသည်။ ခဏအကြာတွင် အတန်း(၂)မှ လူများစုလာခဲ့ပြီးနောက် ကွင်း၏အခြားတစ်ဖက်တွင် အတန်း(၁)မှ ကျောင်းသားများ စုစည်းလာခဲ့သည်။
“ဒီအဆင့်သတ်မှတ်တိုက်ပွဲမှာ ငါအရမ်းစိတ်ကျေနပ်ရတယ်။ လူတိုင်းက ကောင်းကောင်းလုပ်ခဲ့ပါတယ်။ အထူးသဖြင့် တန်စီယုနဲ့ ချူးယွင်ဖန်းတို့က ကောင်းကောင်းမွန်မွန်စွမ်းဆောင်နိုင်ခဲ့ကြတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်က အထူးကောင်းမွန်တာကြောင့် အားလုံးပဲ လက်ခုပ်တီးပြီးအားပေးလိုက်ကြရအောင်”
ကျင်းဝူက ထိုသို့ပြောကာ လက်ခုပ်စတီးလိုက်သည်နှင့် အခြားကျောင်းသားများသည်လည်း ချူးယွင်ဖန်းနှင့် တန်စီယု ုတို့အား ကြည့်ကာ စတင်၍လက်ခုပ်တီးကြသည်။
“ဟုတ်တာပေါ့ အခြားကျောင်းသားတွေလည်း ကောင်းကောင်းကြိုးစားခဲ့ကြပါတယ်။ ဒီအဆင့်တိုက်ပွဲမှာ ငါတို့အတန်းက အတန်း(၁)ကို လုံးဝအနိုင်ယူနိုင်ခဲ့တာပဲ”
ကျင်းဝူစကားဆုံးသည်နှင့် ကျောင်းသားများထံမှ ဝမ်းသာအားရအော်ဟစ်သံကပေါ်ထွက်လာသည်။ ဒီ့ထက် သာလွန်သော ဂုဏ်ယူဖွယ်ရာရှိတော့မည်မဟုတ်ချေ။
ကျင်းဝူနှင့် ချင်ဖုန်းတို့လောင်းထားသော ရလဒ်သည် ပေါ်ထွက်လာပြီဖြစ်၏။
ဟုတ်၏၊ လောင်းကြေးအနေဖြင့် ယွမ်တစ်သိန်းကိုရရှိခဲ့သောကြောင့် ကျင်းဝူတစ်ယောက် စိတ်ကောင်းဝင်လျက်ရှိသည်။
အခန်း(၁၃၇) အိမ်ဝယ်ဖို့ အဲ့ပိုက်ဆံဘယ်ကရလဲ
“နောက်တစ်ခုကာတော့ ဆောင်းတွင်းပိတ်ရက်ပဲဖြစ်ပါတယ်။ အားလုံးက လက်လျော့သွားမှာမဟုတ်ဘူးလို့ ငါမျှော်လင့်ပါတယ်။ အိမ်ထဲမှာပဲ လေ့ကျင့်ခန်းတွေ၊ လေ့ကျင့်မှုတွေဆက်လုပ်ကြပါ။ နှစ်သစ်မှာ အားလုံးပျော်နိုင်ပေမယ့် ဒီအတွက်ကြောင့် တက္ကသိုလ်ကောင်းကောင်းမတက်လိုက်ရရင် မင်းတို့တစ်သက်တာလုံး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ ဆုံးတော့မှာမဟုတ်ဘူး။ နောက်လတစ်ခုပဲ ကောင်းကောင်းကြိုးစားလိုက်ရင် တက္ကသိုလ်တက်တဲ့အချိန်ကျ မင်းတို့ လုံးဝအနားယူနိုင်ကြမှာပါ” ကျင်းဝူက ပြောသည်။
“အခုလူစုခွဲလို့ရပါပြီ။ ဒါပေမယ့် မနက်ဖြန်ကျရင် ရီပို့ကတ်တွေလာယူရမယ်။ ထိပ်တန်းအယောက်နှစ်ဆယ်ထဲကို ဝင်နိုင်ခဲ့တဲ့ကျောင်းသားတွေအားလုံးက မနက်ဖြန်မနက်ကိုးနာရီမှာ ကျောင်းအုပ်ကြီးရုံးခန်းကို သတင်းပို့ပေးပါ”
ကျောင်းသားများသည် သူတို့၏ လက်များကို ကောင်းကင်ထက်သို့မြှောက်လိုက်ကာ အော်ဟစ်ရွှင်မြူးလျက်ရှိကြသည်။ နောက်ဆုံးတော့ အားလက်ရက်ရောက်ခဲ့ပြီဖြစ်သည်။ သူတို့အေးဆေးအနားမယူနိုင်ကြသေးသော်လည်း သူတို့၏ ကိုယ်ပိုင်အချိန်ဇယားကို လွတ်လပ်စွာစီစဥ်ကာ အိပ်စက်ရန်အချိန်အနည်းငယ်ပိုရမည်ဖြစ်သည်။ ဆရာများပေးမည့် အလုပ်များနှင့်ပတ်သက်၍ စိုးရိမ်စရာလိုတော့မည်မဟုတ်ပေ။
“ယွင်ဖန်း၊ ငါ့အဖေက မင်းကို ထမင်းစားဖို့ဖိတ်ချင်နေတယ်” ဂေါင်ဟုန်ချီက ဆိုသည်။ “ငါက ဉာဏ်ကြီးရှင်တစ်ယောက်ဆိုတာ သိသာပေမယ့် ထိပ်တန်းအဆင့်ရှစ်နေရာကို ရနိုင်ခဲ့တာ မင်းရဲ့လေ့ကျင့်ပေးမှုကြောင့်ပါပဲ။ ဒါ့ကြောင့် မင်းကို ကျေးဇူးတင်ဖို့ ထမင်းဖိတ်ကျွေးချင်တယ်”
“ကောင်းပြီ ကျေးဇူးပဲ”
ကျောင်းဆင်းပြီးချိန်တွင် နေသည် အနောက်ဂေါယာာကျွန်းသို့ ဆင်းသက်ခဲ့ပြီဖြစ်သည်။ ဂေါင်ဟုန်ချီ၏ ဖခင်နှင့် ညစာစားပြီးနောက်တွင် လခြမ်းသည် အရှေ့ကောင်းကင်၌ မြင့်မားစွာတွဲလောင်းကျလျက်ရှိသည်။ ငွေရောင်လရောင်များသည် လမ်းမထက်သို့ ဖြန့်ကျက်လျက်ရှိကာ လမ်းမီးတိုင်၏ အလင်းများနှင့် ရောယှက်၍ မည်သည့်အလင်းမှန်းခွဲခြား၍မရပေ။ ချူးယွင်ဖန်း၏ မျက်နှာသည်လည်းအနည်းငယ်နီမြန်းလျက်ရှိသည်။
ညစာစားနေစဥ်တွင် ဂေါင်ဟုန်ချီနှင့် သူ့အဖေ၏ တိုက်တွန်းမှုကြောင့် ဝိုင်အနည်းငယ်သောက်ခဲ့သော်လည်း သူမျက်နှာသည် အနည်းငယ် နီမြန်းလျက်ရှိသည်။ တကယ်တမ်းတွင်မူ သူ့စိတ်ထဲတွင်တော့ အလွန်ရှင်းနေသေး၏။ သူ၏ ကျင့်ကြံရေးအခြေခံဖြင့် ဝိုင်အနည်းငယ်သည် သူ့စိတ်အလုံးစုံအား မထိခိုက်စေနိုင်ပေ။ စစ်နတ်ဘုရားကျင့်စဥ်ကို ဖြန့်ကျက်ပြီးသည့်နောက်တွင် သူ့မျက်နှာထက်ရှိ နီမြန်းမှုများ ပျောက်ကွယ်သွားသည်။
ချူးယွင်ဖန်းသည် ခဏတာရပ်ကာ လုယုရှု ၏ လေ့ကျင့်ရေးတိုက်ခိုက်ဖော်ဖြစ်ခဲ့စဥ်ကာ ရခဲ့သော ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
“နင်က အခုတော့ရှားရှားပါးပါး ငါ့ကိုခေါ်နေပြီပေါ့” လုယုရှုသည် သူမ၏ ဖုန်းစက်ခရင်ပေါ်တွင် ချူးယွင်ဖန်း၏နာမည်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အနည်းငယ်အံ့သြသွားသလိုခံစားလိုက်ရသည်။
လအနည်းငယ်ကြာသွားသော်လည်း သူမသည် ချူးယွင်ဖန်းကို လေးလေးနက်နက်အထင်ကြီးနေသေး၏။ တကယ်တမ်းတွင် ချူးယွင်ဖန်းကဲ့သို့ ထမင်းစားရေသောက်လောက်လုပ်ရုံနှင့် သိုင်းပညာတွင် အောင်မြင်မှုရရှိထားသူကိုတွေ့ရခဲ၏။
မဟုတ်၊ ဒီလိုလူတစ်ယောက်သာ သူမမြင်ဖူးခဲ့သည်ဟု ပြော၍ရ၏။
“ဟား ဟား ဟားး ဘုရားရှိခိုးဖို့လိုတဲ့အခါ ငါတို့ဘုရားကျောင်းသွားရတာဓမ္မတာပဲမဟုတ်လား” ငါ မင်းအကူအညီတစ်ခုလိုလို့” ချူးယွင်ဖန်းက ပြုံးကာပြောလိုက်သည်။
“ဘာလဲ ငါ့ကိုပြော” လုယုရှုက ပြန်မေး၏။
အခြားသူသာဆိုလျှင် ဤအရာများနှင့်ပတ်သက်၍ စိတ်အနှောက်အယှက်ဖြစ်ခံလိမ့်မည်မဟုတ်သော်လည်း ချူးယွင်ဖန်းသည်မူ ကွဲပြား၏။ ချူးယွင်ဖန်းသည် သူမနှင့် မိတ်ဆွေဖြစ်နိုင်သည်ဟု ယူဆထားသောကြောင့် သူ့စကားကိုနားထောင်ရန်ဆုံးဖြတ်လိုက်သည်။
“မင်းရဲ့ပတ်ဝန်းကျင်မှာ ရောင်းတော့မယ့်အိမ်တွေကို တစ်ချက်လောက်စောင့်ကြည့်ပေးထားလို့ရမလား” ချူးယွင်ဖန်းက ဆိုသည်။
“ဟမ်၊ ဘာလို့လဲ၊ နင်ဝယ်တော့မလို့လား” လုယုရှု အံ့အားသင့်စွာဖြင့်မေးသည်။ သူမအကူအညီလိုအပ်လောက်မည့် ဖြစ်နိုင်သမျှအရာများအားလုံးကို စဥ်းစားကြည့်ပြီးနောက်တွင် ဤအရာသည် သူမစိတ်ထဲတွင်ဖြစ်နိုင်ချေအနည်းဆုံးအရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ထဲမှ တစ်လုံးဝယ်တော့မလားဟု အရွှန်းဖောက်လိုက်ခြင်းဖြစ်သည်။ သူမ၏ အမြင်တွင် ချူးယွင်ဖန်းမှာ အခြားတစ်ယောက်ကိုယ်စားမေးနေပုံပေါ်သည်။ ချူးယွင်ဖန်း၏မိသားစု အခြေအနေကြောင်း သူမကိုမပြောပြခဲ့သော်လည်း ၎င်းတို့သည် သာမန်မြို့သူမြို့သားများသာဖြစ်သည်ဟု သူမထင်ခဲ့သည်။ သူမတို့ရပ်ကွက်ရှိ ဗီလာတစ်လုံးကို သူတို့မည်သို့တတ်နိုင်ကြလိမ့်မည်နည်း။ စျေးအသက်သာဆုံးအိမ်တစ်လုံးကိုပင် ချူးယွင်ဖန်းမိသားစုတတ်နိုင်သည့်အရာမျိုး မဟုတ်ပေ။
“ဟုတ်တယ် ဟုတ်တယ်၊ ငါတစ်နေရာလောက်ဝယ်ချင်လို့” ချူးယွင်ဖန်းက ပြန်ဖြေသည်။
လုယုရှုသည် ခဏတာအံ့အားသင့်သွားသည်။ ချူးယွင်ဖန်းသည် သူမ၏မျှော်လင့်ချက်အတိုင်း ထပ်မံပြုမူခဲ့ကာ သူတစ်ကယ်ကိုပင် အိမ်တစ်လုံးဝယ်ရန်ရည်ရွယ်နေခြင်းဖြစ်၏။ အကယ်၌သူမသာ ချူးယွင်ဖန်းနှင့် ယခင်က ပတ်သတ်မှုများမရှိခဲ့ကာ သူ၏ကိုယ်ကျင့်တရားနှင့် မရင်းနှီးနေပါက သူမအား အခွင့်အရေးယူရန်ကြိုးစားနေသည်ဟုပင် ထင်မိပေလိမ့်မည်။
“နင်တကယ် တစ်အိမ်ဝယ်ချင်တာလား၊ ဒါပေမယ့် ဒီအိမ်ကြီးတွေရဲ့စျေးက မသေးဘူးနော်” လုယုရှုက ခဏရပ်ကာမေးလိုက်သည်။
“ဟုတ်တယ်။ ငါတကယ်ဝယ်ချင်တာ။ စျေးနှုန်းက ပြဿနာမဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကိုအပူကပ်ရတော့မှာပဲ”
လုယုရှုက နောက်ဆုံးတွင် ချူးယွင်ဖန်း နောက်နေကြောင်းမဟုတ်မှန်း သဘောပေါက်သွားကာဆို၏။
“အိုး၊ အဲ့တာကကြီးကြီးမားမားတော့မဟုတ်ပါဘူး။ ငါစစ်ဆေးကြည့်ဖို့တစ်ယောက်ယောက်ကိုခေါ်လိုက်မယ်။ နင့်အတွက်ကောင်းတာပေါ့၊ ရုတ်တရက်ကြီးချမ်းသာလာတာလား”
ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးကာ “ငါတကယ် ကံအပြောင်းအလဲလေးတစ်ခုလုပ်ထားလို့ပါ”
ဟုတ်သည်။ သူသည် လုယုရှု ပေါ်တွင် မျှော်လင့်ချက်အားလုံးပုံအပ်ထားလိမ့်မည်မဟုတ်ပေ။ နောက်မှ အင်တာနက်တွင်ဆက်လက်ရှာဖွေဦးမည်ဖြစ်သော်လည်း လဝိဉာဥ်အသိုင်းအဝိုင်းတွင်နေကြသော လျူမိသားစုကို သဘောကျသောကြောင့် သူမအား ဦးစွာပထမ အကူအညီတောင်းခဲ့ခြင်းဖြစ်၏။
“ဒါက ခပ်သေးသေး ကံအပြောင်းအလဲတော့မဟုတ်ဘူးမလား။ ဂုဏ်ပြုပါတယ်”
“ကောင်းပြီ၊ ငါအခု ဖုန်းချရတော့မယ်၊ လက်ရှိပွဲတစ်ခုတက်နေတာမို့လို့ သတင်းရရင်ဖုန်းဆက်လိုက်မယ်”
“ကောင်းပြီ၊ ကိစ္စမရှိပါဘူး၊ ဒုက္ခပေးမိတဲ့အတွက်တောင်းပန်ပါတယ်” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ အိမ်ဝယ်ခြင်းအမှုသည် တစ်ရက်နှစ်ရက်အတွင်းပြု၍ရသည်မျိုးမဟုတ်ပေ။
ဖုန်းချပြီးသည့်နောက် လုယုရှုသည် သူမ၏ တုန်လှုပ်မှုကို ဖြေဖျောက်ရန် ရင်ဘက်ကုိဖိလိုက်သည်။ ချူးယွင်ဖန်းသည် သူမ ကမ်းလှမ်းသော စျေးနှုန်းဖြင့် သူမ၏ တိုက်ခိုက်ဖော်အဖြစ် ယခင်က ကမ်းလှမ်းဖူးခဲ့သော်လည်း ယခုလအနည်းငယ်အကြာတွင် သူမတို့ပတ်ဝန်းကျင်၌ အိမ်တစ်လုံး ရုတ်တရက်ဝယ်ယူတော့မည်ဖြစ်သည်။
‘ဒါက အိပ်မက်လား’
ဤအချိန်တွင် လုယုရှု၏ဖခင် လျူဝေ့ကော်သည် ဝိုင်တစ်ခွက်ကို လက်ထဲတွင်ကိုင်လျက် သမီးဖြစ်သူ၏ အနားသို့လျှောက်သွားခဲ့သည်။ သူတို့နှစ်ဦးလုံးသည် ပွဲတစ်ခုတွင်ရှိနေကာ ဤပွဲ၏ အဓိကရည်ရွယ်ချက်မှာ တည်ငြိမ်သမုဒ္ဒရာ အမှတ် ၁ အထက်တန်းကျောင်း၏ နောက်ဆုံးစာမေးပွဲတွင် လျို့ယွီရှု့၏ ရလဒ်ကောင်းများကို ဂုဏ်ပြုပေးရန်ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် သူမသည် ထိပ်တန်း ဆယ်ယောက်စာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်၏။
သူမသည် ထိပ်တန်း ဆယ်ယောက်တွင်ရှိသော်လည်း တစ်စုံတစ်ယောက်သည် သူမ၏ ကျောင်းကို ထည့်သွင်းစဥ်းစားနိုင်သူ ခပ်များများရှိမည်မဟုတ်ပေ။ တည်ငြိမ်သမုဒ္ဒရာမြို့တွင် တည်ငြိမ်သမုဒ္ဒရာ အမှတ်(၁) အထက်တန်းကျောင်းသည် အကောင်းဆုံးကျောင်းဖြစ်သည့်အလျောက် ထိုကျောင်းသို့ဝင်ခွင့်ရသူများမှာ အကောင်းဆုံးအတော်ဆုံးကျောင်းသားများသာဖြစ်သည်။ ထိပ်ဆုံးဆယ်ယောက်သို့ဝင်နိုင်သူများသည် ပြည်ထောင်စုတက္ကသိုလ်သို့ဝင်ခွင့်ရရန် အခွင့်အလမ်းမြင့်မား၏။ သူတို့ကို ကောင်းကင်ဘုံမှ နှစ်သက်သဘောကျသူများဟုပင် ဆို၍ရနိုင်မည်ဖြစ်သည်။
လျူဝေ့ကော်၏ မိသားစုနှင့် သူငယ်ချင်းများအပြင် စီးပွားရေးမိတ်ဆွေ့အချို့ကပါ ဂုဏ်ပြုချီးမြှောက်ပေးရန်ရောက်ရှိလျက်ရှိသည်။ ပွဲသည် အသက်ဝင်လျက်ရှိကာ ပွဲ၏ ကြယ်ပွင့်ဖြစ်သူ လုယုရှုသည်မူ လူတိုင်း၏ အာရုံစိုက်မှုကို ခံ၏။
“ဘာဖြစ်လို့လဲ” လုဝေ့ကော်ကမေးသည်။ “နေမကောင်းဘူးလား”
“ဘာမှမဟုတ်ပါဘူး” လုယုရှုက ခေါင်းယမ်းကာ “အဖေ ချူးယွင်ဖန်းကို မှတ်မိသေးလား”
လုဝေ့ကော် ခဏတာစဥ်းစားပြီးနောက်တွင် နောက်ဆုံးတွင် သတိရသွားကာ
“အင်း၊ သူက သိုင်းပညာကို အရမ်းမြန်မြန်သင်ယူနိုင်တဲ့သူမဟုတ်လား။ သူက အရမ်းအထင်ကြီးစရာပဲ”
“သမီးတို့ရပ်ကွက်ထဲမှာ အိမ်ဝယ်ချင်တယ်လို့ပြောတယ်။ သူ့ဖို့ ရှာပေးထားဖို့ပြောသွားတယ်”လုယုရှုသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် လုဝေ့ကော်အားထိုကိစ္စပြောပြရန် ဆုံးဖြတ်လိုက်သည်။
လုဝေ့ကော်က ချက်ချင်းမျက်မှောင်ကြုတ်လိုက်ကာ
“သူ သမီးကို နောက်ပြောင်နေတာမဟုတ်တာ သေချာလား” ဟုမေး၏။
ချူးယွင်ဖန်း၏ မိသားစုနှင့် တွေ့ဆုံခြင်းကို သူသတိရမိသည်။ တကယ်တမ်းတွင် သူတို့သည် သာမန်ပြည်သူများသာဖြစ်ကြကာ သာမန်လူချမ်းသာများဟုပင် ယူဆ၍မရနိုင်ပေ။ သူတို့၏ ပတ်ဝန်းကျင်တွင် အိမ်တစ်လုံးဝယ်ယူနိုင်ရန် မဖြစ်နိုင်ပေ။
“စနေတာမဟုတ်ဘူး၊ သမီးသေချာသိတယ်” လုယုရှုက ဆိုသည်။ “သူဘယ်က ပိုက်ဆံရလဲဆိုတာပဲ သမီးမသိတာ”
လုဝေ့ကော်က ချက်ချင်းဆို၏။
“သူပိုက်ဆံဘယ်ကရလဲဆိုတာ ငါတို့နဲ့မသက်ဆိုင်ပါဘူး။ အိမ်ပွဲစားကိုသာ အိမ်ရှာဖို့မေးကြည့်လိုက်ပါ။ သွားကြရအောင်၊ လူတိုင်းကသမီးကို စောင့်နေကြတယ်”
ချူးယွင်ဖန်းအတွက်မူ အိမ်တစ်လုံးဝယ်ခြင်းသည် ဦးစားပေးကိစ္စဖြစ်သော်လည်း လုဝေ့ကော်အတွက်မူ ယင်းမှာ သေးငယ်၏။
လုယုရှုက ခေါင်းညိတ်ကာ ခန်းမထဲသို့လုေဝ့ကော်နောက်မှ လိုက်သွား၏။
အခန်း(၁၃၈) ကိုယ်ခန္ဓာသန့်စင်ဆေးအသစ်တွေက ကြီးမားတဲ့ အုတ်အော်သောင်းတင်းဖြစ်စေခဲ့တယ်
ဖုန်းပြောပြီးသည်နှင့် ချူးယွင်ဖန်း အိမ်သို့ပြန်ရောက်လာခဲ့သော်လည်း အိမ်တွင် ယခင်ကကဲ့သို့ ဟင်းပူပူနွေးနွေးများဖြင့် ကြိုဆိုနေမည့်သူမရှိပေ။ အိမ်ငယ်လေးသည် ရုတ်တရက် ဗလာနတ္ထိကဲ့သို့ထင်ရ၏။
ချူးယွင်ဖန်းက သက်ပြင်းချလိုက်ကာ ယနေ့အောင်စာရင်းကို သူ့မိဘများထံပြောပြရန် ဖုန်းဆက်လိုက်သည်။ ချူးယွင်ဖန်သည် တကယ်ပင် ထိပ်ဆုံးသို့ရောက်ခဲ့ကာ ပထမနေရာတွင်ရပ်တည်နေသည်ကို သူ့မိဘများနှင့်ညီမတို့က မယုံနိုင်ဖြစ်လျက်ရှိသည်။ သာမန်အထက်တန်းကျောင်းတွင် ပထမရခဲ့လျှင်ပင် အထင်သေးဖွယ်မရှိပေ။ သူတို့ချူးယွင်ဖန်းအပေါ်တွင် မျှော်လင့်ချက်များစွာရှိသော်လည်း ထိုကဲ့သို့ရလဒ်များထွက်လာလိမ့်မည်ဟု မတွေးထားခဲ့ဖူးကြပေ။
သူ့ညီမနေကောင်းကြောင်း အတည်ပြုပြီးနောက် ချူးယွင်ဖန်းက ဖုန်းချလိုက်သည်။ ထို့နောက် သူကြီးပြင်းခဲ့သော ဤနေရာကို လှည့်ပတ်ကြည့်လိုက်သည်။ ဤနေရာတွင် အမှတ်တရများစွာပါဝင်နေသော်လည်း ယခုမူ ငွေကြေးချို့တဲ့နေခြင်းမရှိသည့်အတွက် မနက်ဖြန် ရီပို့ကတ်ကိုရရှိပြီးသည်နှင့် အိမ်ကိ စ္စကို ဖြေရှင်းကာ ကျင်ဟွာမြို့မှ မိသားစုနှင့်တွေ့ဆုံ၍ နှစ်သစ်ကူးအတွက် ပြင်ဆင်ရမည်ဖြစ်သည်။
ချူးယွင်ဖန်းသည် အင်တာနက်သို့တက်ကာ အိမ်များရှာရန်ရည်ရွယ်လိုက်သော်လည်း လူကြိုက်များနေသည့်ခေါင်းစဥ်မှာ ကိုယ်ခန္ဓာသန့်စင်ဆေးများအကြောင်းတွေ့လိုက်ရသည်။ ချူးယွင်ဖန်းနှင့် စာချုပ်ချုပ်ဆိုပြီးသည့်နောက်၊ ပိုင်ဟုန်သည် သူ၏ မြင့်မြတ်သောဆေးပညာရှင်၏ အထောက်အထားများဖြင့် ကိုယ်ခန္ဓာသန့်စင်ဆေးရောင်းဝယ်ရေးကွန်ရက်အသစ်ကို မြှင့်တင်ရန်အတွက် စတင်သံုးခဲ့သည်။ ပြီးခဲ့သောရက်အနည်းငယ်အတွင်းတွင် သူသည် ကိုယ်ခန္ဓာသန့်စင်ဆေးအသစ်ကို လူထုအားချပြရန် နည်းလမ်းမျိုးစုံအသုံးပြုခဲ့သည်။ ၎င်းနှင့်ပတ်သက်သည့်သတင်းများသည် ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီ ဆေးပညာရှင်ကျွမ်းကျင်သူတွေရဲ့နောက်ကွယ်က စွမ်းအားက ငါအမီလိုက်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူး” ချူးယွင်ဖန်းက ဤသည်ကိုမြင်သောအခါ အံ့သြစွာဖြင့် သူလျှာသူကိုက်လိုက်မိသည်။
အကယ်၍ သူသည်သာ ဆေးဖော်မျူလာကို လူသိရှင်ကြားကြေညာခဲ့သူဖြစ်ခဲ့လျှင် ဤသို့သော အချိန်တိုအတွင်းတွင် အဖွဲ့အစည်းအများအပြားထံသို့ရောက်ရှိရန် မဖြစ်နိုင်ပေ။ အကယ်၍ သူကိုယ်တိုင်ပြုလုပ်ခဲ့မည်ဆိုပါက ရက်အနည်းငယ်ကြာပြီးနောက်တွင်ပင် တစ်ကမ္ဘာလုံးမဆိုနှင့် တည်ငြိမ်သမုဒ္ဒရာမြို့တစ်မြို့တည်းတွင်ဖြင့် လှုပ်လှုပ်ရှားရှားရှိလာပေလိမ့်မည်မဟုတ်ပေ။ ဤဆေးပညာရှင်များ၏ နောက်ကွယ်တွင် ကြီးကျယ်သော အဖွဲအစည်းတစ်ခု သို့မဟုတ် များစွာရှိနေနိုင်သည်။ သူတို့၏ နောက်ကွယ်မှ အင်အားကြီးသော အင်အားစုများသည် လူများကို ဆွံ့အစေ၏။ ဤသည်မှာ ကိုယ်ခန္ဓာသန့်စင်ဆေးများသာဖြစ်ကာ ပြုပြင်ထားခြင်းဖြစ်လျှင်ပင် တုန်လှုပ်ဖွယ်ရာ အုတ်အော်သောင်းတင်းဖြစ်စရာမလိုပေ။ အများအားဖြင့် ပြုပြင်ထားသော ဆေးများသည် ပိုမိုကောင်းမွန်သော ပါဝင်ပစ္စည်းများကို အသုံးပြုလေ့ရှိကာ ၎င်းတို့၏စျေးနှုန်းများသည်လည်း မြင့်မားတတ်သဖြင့် သာမန်ပြည်သူလူထုသည် ပို၍ပင် တတ်နိုင်လိမ့်မည်မဟုတ်ပေ။ သဘာဝအလျောက်ပင် ထိုသူတို့သည် ဤအရာများကို အာရုံစိုက်ရလောက်အောင် စိတ်ဝင်စားကြမည်မဟုတ်ပေ။
သို့သော် ဤတစ်ကြိမ်သည် ကွဲပြားသည်။ ပိုင်ဟုန့်မိတ်ဆက်ပေးခဲ့သော ခန္ဓာကိုယ်သန့်စင်ဆေးများသည် စျေးနှုန်းတက်ခြင်းမရှိဘဲ ဆေးအာနိသင် နှစ်ဆရှိနေသောကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် ဤသည်မှာ လူအများစုအတွက် တတ်နိုင်သော ပမာဏဖြစ်နေခဲ့သည်။
အတိတ်တွင် နှစ်ဆထိရောက်သည့် ကိုယ်ခန္ဓာသန့်စင်ဆေးတစ်မျိုးမှမရှိခြင်းမဟုတ်သော်လည်း ထိုဆေးလုံးများ၏ စျေးနှုန်းများသည် အနည်းဆုံးအဆပေါင်းများစွာ မြင့်တက်လျက်ရှိသည်။ သာမန်လူများသည် ထိုသို့သော ဆေးများကို မီဝှဲနိုင်မည်ဟုတ်ပေ။ သို့သော် ယခုအကြိမ်တွင်မူ ဤဆေးသည် လူသားမျိုးနွယ်တစ်ခုလုံးအတွက် အမှန်တကယ်ပင် အကျိုးပြုသော ဆေးဖြစ်လာခဲ့၏။
ကျင့်ကြံရေး အစောပိုင်းအဆင့်များတွင် ကိုယ်ခန္ဓာသန့်စင်ဆေးများကို အသုံးပြုရ်လိုအပ်သည်။ ဤဆေးများ၏ ပေါ်ပေါက်လာမူဖြင့် အနာဂတ်လူသားများသည် ယနေ့ခေတ်လူသားများထက် များစွာအားကောင်းလာမည်ဖြစ်ကာ မျိုးဆက်တစ်ခုစီသည် ယမန်တစ်ခုထက် ပိုမိုအားကောင်းလာမည်ဖြစ်သည်။ တရုတ်လူမျိုးများသည် ကြီးစွာသော ကပ်ဆိုးများကို ကြုံတွေ့ခဲ့ရသော်လည်း နောင်လာနောက်သားများအပေါ်တွင်ထားသည့် မျှော်လင့်ချက်များကို မည်သည့်အခါတွင်မှ စွန့်လွှတ်ခဲ့ကြခြင်းမရှိပေ။ ဤဆေးကို မိတ်ဆက်ပေးခဲ့သည့် ပိုင်ဟုန်သည် အချိန်တိုအတွင်းတွင် မည်မျှအသိအမှတ်ပြုခံရလိမ့်မည်မှာ သိသာ၏။
ဆေးကျွမ်းကျင်သူများစွာထဲမှ တစ်ယောက်ဖြစ်ကာ သိပ်နာမည်မကြီးသော ပိုင်ဟုန်သည် ရုတ်တရက် လူများစွာ၏ စကားဝိုင်းထဲမှ အာရုံစိုက်စရာတစ်ခုဖြစ်လာခဲ့ကာ သူ့ဂုဏ်သတင်းသည် တက်သည်ထက်တက်လာသည်။ ဤအစီရင်ခံချက်တစ်ခုတွင်မှ ချူးယွင်ဖန်း၏ အမည်အားဖော်ပြထားခြင်းလုံးဝမရှိသော်လည်း ဤသည်မှာ ချူးယွင်ဖန်းဖြစ်စေချင်သော အရာပင်ဖြစ်သည်။ နောက်ဆုံးတော့လည်း သူသည် အရွယ်မရောက်သေးကာ ငယ်ရွယ်လွန်းသေးသည်။ တောထဲတွင်ပေါက်နေသည့် သစ်ပင်တစ်ပင်သည် လေဒဏ်ကြောင့် ပျက်စီးသွားနိုင်သကဲ့သို့ သူ့လိုအပင်ငယ်ကလေးသည် ဤသို့အကြပ်အတည်းမျိုးကို ခံနိုင်ရည်ရှိနိုင်မည်မဟုတ်ပေ။
သို့သော် မကြာမီတွင်ပင် အုပ်စုအသီးသီးမှတိုက်ခိုက်မှုများရောက်ရှိလာသည်။ သိသာသော အချက်တစ်ခုမှာ လူအများက ပိုင်ဟုန်အား ဆေးဖော်မျူလာကို လွှဲပေးရန် တောင်းဆိုကြလိမ့်မည်သာဖြစ်သည်။ ဤဆေးဖော်မျူလာသည် လူသားမျိုးနွယ်တစ်ခုလုံး၏ ခွန်အားကို အမှန်တကယ်ပင် မြှင့်တင်ပေးနိုင်ပါက တစ်ဦးတစ်ယောက်တည်း၏ လက်ထဲတွင်ရှိနေပါက အမှန်တကယ်ပင် မသင့်လျော်ကြောင်း လူအများက ဆိုကြသည်။
ပိုင်ဟုန်သည် လူသားမျိုးနွယ်တစ်ခုလုံး၏ ကောင်းကျိုးကိုတွေးကာ ဆေးဖော်မြူလာကို ဆေးကုမ္ပဏီအသီးသီးသို့ ဝေမျှပေးသင့်သည်။ သို့မှသာ လူသားမျိုးနွယ်တစ်ခုလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဖြစ်သည်။ ဤပြိုင်ဘက်များသည် လွန်ခဲ့သော နှစ်များတစ်လျှောက်ရှာဖွေတွေ့ရှိခဲ့သော ဆေးဖော်မြူလာများကိုပင် စာရင်းပြုစုထားကြသေး၏။
သို့သော် ပိုင်ဟုန်၏ ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှုအောက်တွင် မီဒီယာအများအပြားလည်းရှိသည့်အတွက် ၎င်းတို့က ချက်ချင်းငြင်းဆိုကာ ထိုအသံများကို ဂရုစိုက်ခြင်းမရှိပေ။ လူသိရှင်ကြား ထုတ်ဝေသည့်ဖော်မျူလာများအနက် မည်သည့်ဖော်မျူလာကို ဖန်တီးမှုအစတည်းက ထုတ်ပေးခဲ့ဖူးသနည်း။ ထုတ်ကုန်မူပိုင်ခွင့်များကျော်လွန်သွားပြီးနောက် ဆယ်စုနှစ်အနည်းငယ်၊ သို့မဟုတ် ရာစုနှစ်များကြာပြီးနောကမှသာ အတုအပထုတ်ကုန်အများအပြား စျေးကွက်အတွင်းသို့ လွှမ်းမိုးလာလိမ့်မည်ဖြစ်သည်။ အကယ်၍ လူတိုင်းသည်သာ လူသားမျိုးနွယ်အတွက် ကိုယ်ကျိုးမဖက်ဘဲ အနစ်နာခံရမည်ဆိုလျှင် မည်သူက ဆေးများကို အရည်အသွေးတိုးမြှင့်ချင်တော့လိမ့်မည်နည်း။
ပိုင်ဟုန်သည် လူသားမျိုးနွယ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် သူတို့ကုမ္ပဏီသည် အချိန်ပိုအလုပ်လုပ်မည်ဖြစ်ကြောင်း လူသိရှင်ကြားကြေညာရန် အဖွဲ့အား အမြန်အကြောင်းကြားခဲ့သည်။ မည်သူမျှ စိုးရိမ်ရန်မလိုပေ။
သို့သော် မည်သို့ပင် လူများနှင့် အများသူငှာသဘောထား ကွဲနေကြပါစေ ပိုင်ဟုန်၏ ရှယ်ယာများ တစ်ဟုန်ထိုး တိုးမြင့်လာခဲ့ကာ ရက်အနည်းငယ်အတွင်း ၎င်းတို့သည် ၅၀ရာခိုင်နှုန်းကို ကျော်လွန်လာခဲ့သည်။ သူ့ကုမ္ပဏီများအားလုံး အလွန်ကြီးမားလာခဲ့၍ စျေးကွက်ရှယ်ယာများသည်လည်း အလွန်မြင့်မားနေပြီဖြစ်သည်။ ရက်အနည်းငယ်အတွင်းတွင် သူတို့၏ ရှယ်ယာများ နောက်ထပ် ၅၀ ရာခိုင်နှုန်းထိ တိုးတက်လာမည်ဆိုလျှင် ရှုးနှမ်းကုန်ပေလိမ့်ဖြစ်သော်လည်း သာမန်ပြည်သူလူထုသည် ပိုင်ဟုန်အပေါ်တွင် မျှော်လင့်ချက်မြင့်မြင့်များမှန်းထားသည်ကိုလည်း မြင်နိုင်၏။ မြောက်မြားစွာသော ကျွမ်းကျင်သူများမည်မျှပင် ငြင်းခုံနေကြပါစေ ဤတိုးတက်ကောင်းမွန်လာသည့် ဆေးများအပေါ်တွင် ရပ်တည်နေသော ပိုင်ဟုန်အဖွဲ့၏ နှစ်စဥ်ရောင်းအားသည် လွန်စွာမြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ အကယ်၍ ဤလူများသည် အမြန်မထဘဲ စတင်မလှုပ်ရှားလျှင် အချိန်မည်မျှ စောင့်ကြရလိမ့်မည်နည်း။ ချူးယွင်ဖန်းသည် ရှစ်နာရီ တီဗီရှိုးနှင့်တူသော စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကွက် အလှည့်အပြောင်းများကို ဖတ်ရှု့ပြီးသောအခါ ညဥ့်ပင်နက်နေပြီဖြစ်သည်။ သူအရာအားလုံးကို စေ့စေ့ကြည့်ရှု့ခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မီဒီယာမျိုးစုံ၏ ရှုံးရင်းဆန်ခတ်မှုများသည် အမှန်တကယ်ပင် နောက်ကွယ်မှ အခြားဆေးကုမ္ပဏီကြီးများ သို့မဟုတ် အခြားနယ်ပယ်များမှ ဝင်ရောက်စွက်ဖက်လိုသော ကုမ္ပဏီကြီးအချို့မှ ဖန်တီးထားသော ပဋိပက္ခများဖြစ်သည်။ ပိုင်ဟုန်၏ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသော သြဇာလွှမ်းမိုးမှုဖြင့်ပင် ပါတီအသီးသီး၏ ကြမ်းတမ်းသော လက်များကို ကိုင်တွယ်ဖြေရှင်းရန် အပေးအယူများစွာနှင့် ကတိများစွာကို ဖြတ်တောက်ခဲ့ရသည်။ ထို့အပြင် သူ၏ အရင်းအမြစ်များစွာကိုလည်း အသုံးပြုခဲ့ရသည်။ ကိုယ်ခန္ဓာသန့်စင်ဆေးသည် စျေးကွက်တွင်မစတင်မီ၌ပင် အရင်းအမြစ်များစွာကို သုံးစွဲခဲ့ပြီးဖြစ်၏။
ဤထိပ်တိုက်ရင်ဆိုင်မှုအဆင့်သည် ချူးယွင်ဖန်း ဝင်ရောက်စွက်ဖက်နိုင်သောအရာတစ်ခုမဟုတ်ပေ။ သူသည် ဆေးဖော်မျူလာအသစ်ကို အစောတလျင်ကြေညာဝံ့ခဲ့ပါက အချိန်တိုအတွင်းပင် ဆွဲချခံရကာ တိမ်မြုပ်သွားလိမ့်မည်ဖြစ်သည်။ ဤသည်ကြောင့်ပင် အမြတ်၏ ၁၀ရာခိုင်နှုန်းကိုသာ ယူရန်ဆန္ဒရှိခဲ့ခြင်းဖြစ်၏။ ပိုင်ဟုန်သည် ကျန်အမြတ်ငွေ ၉၀ရာခိုင်နှုန်းကို ရနိုင်မည်မဟုတ်ပေ။ သူသည် အကျိုးအမြတ်၏ ရာခိုင်နှုန်းအနည်းငယ်ကို အမျိုးမျိုးသော အကျိုးခံစားခွင့်များနှင့် လဲလှယ်ခဲ့ရနိုင်သည်ပင်ဖြစ်၏။
သတင်းများကိုဖတ်ရှု့ပြီးသည့်နောက်တွင် ချူးယွင်ဖန်းသည် တည်ငြိမ်သမုဒ္ဒရာမြို့တော်ရှိ အိမ်ကြီးအမျိုးမျိုး၏ အချက်အလက်များကိုရှာဖွေခဲ့သည်။ ညတစ်ဝက်လောက်ကုန်ဆုံးသွားပြီးသည့်နောက်တွင် သက်ပြင်းချလိုက်မိသည်။ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းသည် သူ့ကို စိတ်မဝင်စားလောက်တော့ပေ။ ထို့ကြောင့် မီးများကို တမင်တကာ ခပ်ကြာကြာဖွင့်ထားခဲ့ခြင်းဖြစ်၏။ မကောင်းဆိုးဝါးဂိုဏ်းက လူများသာ သူ့အား အာရုံစိုက်နေကြပါက သူတို့ရောက်လာခဲ့ကြသည်မှာ ကြာနှင့်လောက်ပြီဖြစ်၏။
သူ့ဘေးတွင် အရိပ်မဲ့ဓားရှည်ရှိနေကာ ယင်းသည် သူ့ဘေးနားမှ မည်သည့်အချိန်တွင်မှ ထွက်ခွာသွားမည်မဟုတ်ဘဲ အချိန်မရွေး လှုပ်ရှားရန် အဆင်သင့်ဖြစ်နေမည်ဖြစ်သည်။ ယခုတော့ သက်ပြင်းတစ်ချက်ချကာ ကောင်းကောင်းအိပ်ပျော်သွားပြီဖြစ်သည်။