← Chapters

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း(၁၄၂) မမေ့နိုင်မည့် သင်ခန်းစာပေးခြင်း

ဖန်ကျိယန်၏ ဓားသည် အလွန်လျင်မြန်ကာ ဖျတ်လတ်သည်။ မာနကြီးသူဖြစ်သည့်အလျှောက် ကျွမ်းကျင်သူဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်ကာ ယုချိုင်အထက်တန်းကျောင်းသည် အထူးကျောင်းတစ်ခုဖြစ်သော်လည်း လက်တွေ့တွင် မြို့၏အခြားအထူးကျောင်းများနှင့် ယှဥ်ပြိုင်နိုင်သည့်ခွန်အားရှိနေပြီဖြစ်သည်။ ဖန်ကျိယန်သည် သူ့ကျောင်း၏ ထိပ်တန်း အယောက် ၂၀ စာရင်းသို့ရောက်နိုင်ရန်မှာ သာမန်အားဖြင့် မလွယ်ကူပေ။ သူ့လက်ထဲရှိ ဓားမှ ထုတ်လွှတ်သော အလင်းသည် အစောပိုင်း ဂေါင်ဟုန်ချီနှင့် တိုက်ပွဲထက် ပို၍ပြင်းထန်နေသည်။ သူသည် ဓား၏ အရှိန်ဖြင့်တိုက်ခိုက်ရသောလမ်းကို လျှောက်လှမ်းခဲ့ကာ သူ့ ဓားချက်တိုင်းသည် အလွန်လျင်မြန်နေ၏။ တစ်ချိန်တည်းတွင်ပင် ၎င်းသည် အလွန်ပြင်းထန်ကာ အံ့သြထိတ်လန့်စရာကောင်း၏။

ချလန်

ဓားချက်သည်အလွန်လျင်မြန်သောကြောင့် လူအများအပြားသည် ဓား၏ အလင်းတန်းကိုသာမြင်နိုင်ကြသော်လည်း ချူးယွင်ဖန်းသည်မူ ပို၍ လျင်မြန်၏၊ ဓားသိုင်းကို မရေမတွက်နိုင်အောင် လေ့ကျင့်ထားသကဲ့သို့ သူ၏ ဓားသည် ပေါ့ပါးစွာ လှုပ်ရှားလျက်ရှိသည်။ တစ်ခဏအတွင်မှာပင် သူခုတ်လိုက်သည်နှင့် ဓားနှစ်စင်းသည် လေထဲတွင် အပြင်းအထန်တိုက်မိသွား၏။

‘ဘယ်လောက်တောင်ကြီးတဲ့ ခွန်အားလဲ’ ဖန်ကျိယန် သူ့ဘာသာတွေးနေမိသည်။

ဖန်ကျိယန်သည် အရိပ်မဲ့ဓားသွား၏ ကြီးမားသော ခွန်အားကို ချက်ချင်းခံစားလိုက်မိကာ ခြေတစ်လှမ်းဆုတ်လုနီးပါးပင်ဖြစ်သွား၏။ သူသည် စတင်တိုက်ခိုက်သူဖြစ်သောကြောင့် အသာစီးရသင့်သော်လည်း၊ ချူးယွင်ဖန်းသည် သူ့အားနောက်ဆုတ်လုပ်နီးပါးပင် တွန်းအားပေးနေ၏။ ဖန်ကျိယန်မှ သူ့ဓားဖြင့် ခုတ်လိုက်သောအခါထွင်မူ ချူးယွင်ဖန်းသည် ချက်ချင်းပင် တန်ပြန်တိုက်ခိုက်နိုင်ခဲ့သဖြင့် နှိုင်းယှဥ်ကြည့်လျှင် ချူးယွင်ဖန်းသည် ပို၍ လျင်မြန်သည်။

ထို့နောက်ဖန်ကျိယန်သည် သူ့ဓားရိုး၏ အစွန်းတွင် ပဲ့ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်းစိတ်ထိခိုက်သွားရ၏။ တိုက်ခိုက်ရေးဓားနှစ်စင်းတိုက်မိသောအခါတွင် သူ့ဓားသွားတွင် အက်ရာတစ်ခုပေါ်လာသော်လည်း ချူးယွင်ဖန်း၏လက်ထဲမှဓားသည်မူ အသစ်အတိုင်းကောင်းနေဆဲဖြစ်သည်။ ထိုအချိန်တွင်မှ ချူးယွင်ဖန်းလက်ထဲမှ ဓား၏သင်္ကေတကို သတိထားမိသွားမိ၏။

‘အရိပ်မဲ့ဓားရှည်’

အရိပ်မဲ့ဓားသည် အလွန်ကျော်ကြားကာ လူကြိုက်များသော လက်နက်တစ်ခုဖြစ်သည်။ ရှာဖွေသူများနှင့် အဆင့်နိမ့်နှင့် အဆင့်လတ် မကောင်းဆိုးဝါးမုဆိုးများကြားတွင် ဤဓားကို နတ်လက်နက်တစ်ခုအဖြစ်သတ်မှတ်ထားကြသည်။ ဖန်ကျိယန်သည်လည်း ဓားရှည်ကို ‌ရွေးချယ်ထားသောကြောင့် သဘာဝအလျောက်ပင် သူသည်လည်း အရိပ်မဲ့ဓားကို လိုချင်ခဲ့သည်။ ကံမကောင်းစွာဖြင့် သူ့မိသားစုသည် သာမန်မိသားစုဖြစ်သဖြင့် ဝယ်ယူရန် ခက်ခဲခဲ့ကာ၊ သူ့လက်ထဲမှ ဓားသည် တစ်သန်းကျော်မျှသာရှိသော်လည်း ယုချိုင်အထက်တန်းကျောင်းတွင်မူ အလွန် ကျော်ကြားသော လက်နက်တစ်ခုဖြစ်၏။ လက်နက်မည်မျှဖြင့် ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ဖူးသည်ကို မသိသော်လည်း ယုချိုင်အထက်တန်းကျောင်း၏ ထိပ်တန်း အယောက်နှစ်ဆယ်စာရင်းတွင်ပါဝင်ရခြင်းမှာ ဤသို့လက်နက်ကောင်းတစ်ခုရှိသောကြောင့်လည်းဖြစ်၏။ သူ့ပြိုင်ဘက်များ၏ စွမ်းရည်သာမက သိုင်းပညာကျွမ်းကျင်မှုသည် အတူတူပင်ဖြစ်သည့်တိုင် သူ့လက်နက်သည် ပြိုင်ဘက်များ၏ လက်နက်ထက် များစွာပို၍သန်မာ၏။

ယခုမူ ဖန်ကျိယန်အလွန်မြတ်နိုးသော ဓားသည် ချူးယွင်ဖန်း၏ ဓားနှင့် ခဏတာသာ တိုက်မိသွားခဲ့သော်လည်း ကျိုးအက်သွားခဲ့သဖြင့် အသဲများကွဲကြေသွားသကဲသို့ ခံစားလိုက်ရသည်။ ဤဓားရှည်များ၏ ဓားသွားများတွင် သတ္တုစပ်များစွာထည့်သွင်းကာ အထူးပြုလုပ်ထားခြင်းဖြစ်သဖြင့်၊ ၎င်းတို့ကို ဖျက်ဆီး၍မရနိုင်သကဲ့သို့ ဖျက်ဆီးရန်ပင်အလွန်ခက်ခဲသည်။ သို့သော် ပျက်ဆီးသွားခဲ့သည်ရှိသော် ပြုပြင်ရန်အလွန်ခက်ခဲသည့်အပြင် အက်ကွဲရာကိုပြုပြင်ရန်ပင် မြောက်မြားစွာ ကုန်ကျနိုင်၏။

ထို့အပြင် သူ့လက်ထဲမှ တိုက်ခိုက်ရေးဓားရှည်သည် ချူးယွင်ဖန်၏လက်ထဲရှိ အရိပ်မဲ့ဓားနှင့် ယှဥ်သောအခါ၊ ချက်ချင်းပင် နိမ့်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

“ငါ မင်းကို အဆုံးထိတိုက်မယ်” ဖန်ကျိယန်က အော်ဟစ်ကာ ချူးယွင်ဖန်းထံသို့ ချက်ချင်း ဓားဖြင့် ခုတ်ချလိုက်ကာ အစောပိုင်းက ဂေါင်ဟုန်ချီကြောင့် နှောင့်နှေးခဲ့ရသည်ထက်ပင် ပို၍ ဒေါသဖြစ်လျက်ရှိ၏။

ဤသည်ကို မြင်သော ချူးယွင်ဖန်းက အေးစက်စွာရယ်မောလိုက်သည်။ သူ့အရိပ်မဲ့ဓားမည်မျှထက်ကြောင်းကို သူသေချာသိနေသောကြောင့် သာမန်အားဖြင့် တိုက်ခိုက်ချိန်တွင် အားကို ထိန်းထားတတ်ကာ ဓားပေါ်တွင်အားပြုခြင်းမရှိပေ။ အခြားသူများ၏ လက်နက်အား ပျက်စီးစေလျှင်လက်နက်ပြုပြင်ရန် မလွယ်ကူကြောင်းသိသဖြင့် ထိုအဆင့်အထိသူတိုက်ခိုက်ခြင်းမပြုခဲ့ပေ။

သို့သော် ဖန်ကျိယန်၏ မောက်မာမှုသည် သူ့အား ဒေါသဖြစ်စေခဲ့သည်။ ယုချိုင်အထက်တန်းကျောင်းမှ ဆရာများ ဤသို့လုပ်ရန် သူ့အားလျှို့ဝှက်ညွှန်ကြားခြင်းကြောင့် မဖြစ်မနေလုပ်ရခြင်းဖြစ်ပါစေ၊၊ ဂေါင်ဟုန်ချီအား သတ်လုနီးပါးဖြစ်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သောကြောင့် တိုက်ခိုက်မှုများကို ထိန်းထားခြင်းမရှိခြင်းဖြစ်၏။ ယနေ့မူ အနှီမောက်မာသည့်လူသားအား သင်ခန်းစာတစ်ခုပေးမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် လေဟုန်တိုက်ခွင်းဓားသိုင်းကို အသုံးပြု၍တိုက်ခိုက်လျက်ရှိသည်။ ဖုန်ကျိယန်၏ ဓားသိုင်းသည် မြန်သောကြောင့် အမြန်နှုန်း၌ အားသာချက်ရှိသည်။ သို့သော် ချူးယွင်ဖန်း၏ သိုင်းသည်လည်း မြန်လျက်ရှိကာ အရှိန်အဟုန်ပိုင်းတွင် သူ၏သိုင်းသည် ဖန်ကျိယန်ထက် အနည်းငယ်လေးပင် နိမ့်ကျမနေပေ။

ထို့ကြောင့် သူတို့နှစ်ဦးတိုက်ခိုက်သောအခါတွင် တိုက်ပွဲအခြေအနေသည် အလျင်နှင့် အလျင် ယှဥ်ပြိုင်သကဲ့သို့ဖြစ်ကာ နှစ်ဦးလုံး၏ အလျင်သည် အလွန်မြန်၏။ ထို့ကြောင့် လူတိုင်း ကြည့်ရှု့နေစဥ်တွင် ကွင်းတစ်ခုလုံးသည် ဓားသွားနှစ်ခု၏ ဓားမီးများဖြင့်ပြည့်လျက်ရှိသည်။ ထိုဓားသိုင်းများ၏ အရှိန်ကြောင့် ကွင်းအတွင်းတွင် လေပြင်းများပင် တိုက်ခတ်လျက်ရှိရာ ကွင်းပြင်ဘက်ရှိလူအများပင် ထိုလေများကို ခံစားမိနိုင်၏။

ကျွမ်းကျင်သူများဟု ယူဆ၍ရသော လူနှစ်ဦးသည် ကွင်းထဲတွင် တိုက်ခိုက်နေခြင်းဖြစ်သဖြင့် ဖန်ကျိယန်နှင့် အတူပါလာသည့် လူငယ်သည်မူ ကွင်း‌ထောင့်တို့သာဆုတ်သွားရုံသာ တတ်နိုင်တော့သည်။ နှစ်ဦးတည်းမှ တစ်ယောက်စီတိုင်းသည့် သူ့အသတ်ကို ခြိမ်းခြောက်နိုင်၏။

တိုက်ပွဲတွင်းမှ ခုတ်ထစ်သံများသည် ကွင်းအပြင်ဘက်ရှိလူအများကို အလွန် ထိတ်လန့်စေလျက်ရှိသည်။

“ဘယ်လောက်တောင် မြန်လိုက်သလဲ” တစ်စုံတစ်ယောက်က ထအော်လိုက်သည်။

“ငါလိုက်မမီနိုင်တော့ဘူး။ ငါတို့သာ ဒီသိုင်းပညာတွေကို ဂရုမစိုက်ရင် ငါတို့သေသွားနိုင်တယ်”

“တိုက်ပွဲအစစ်မှာသာဆိုရင် ငါတို့ ဘာမှလုပ်လို့မရဘူး။ သေရင်သေ မသေရင် ဒဏ်ရာရမှာပဲ၊ ဒါကိုရှောင်လွှဲလို့မရနိုင်လောက်ဘူး”

“နတ်ဘုရား ချူး ရှုံးမယ်လို့ မင်းတို့ထင်လား၊ ပြိုင်ဘက်ကအရမ်းသန်မာတယ်”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ နတ်ဘုရားချူးက နတ်ဘုရားအို့ယန်ကိုတောင် အနိုင်ယူခဲ့တာပဲကို။ သူက ဘယ်လိုလုပ်ရှုံးရမှာလဲ”

လူတိုင်းသည် စိတ်လှုပ်ရှားစွာဆွေးနွေးလျက်ရှိကြသည်။ ဂေါင်ဟုန်ချီ၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာပေါ်ပေါက်လာကာ ချူးယွင်ဖန်းအား ယုံကြည်သော်လည်း ဖန်ကျိယန်သည် ရိုးရှင်းသောသူတစ်ယောက်မဟုတ်ပေ။ သူသည် ယုချိုင်အထက်တန်းကျောင်းမှ လက်ရွေးစင်တစ်ဦးဖြစ်သည်။

ဂေါင်ဟုန်ချီသည် ယုချိုင်အထက်တန်းကျောင်းကို ယခင်က ကြားခဲ့ဖူးသည်။ ဝင်ခွင့်ရရှိသော ကျောင်းသားများသည်ပင် အကောင်းတကာ့အကောင်းဆုံးများဖြစ်ကာ အမှတ်(၁၃) အထက်တန်းကျောင်းနှင့် ယှဥ်လျှင် သူတို့၌ပို၍ထူးချွန်ထက်မြတ်သော ဆရာများပိုများသည်။ ထို့ကြောင့် ထိုကျောင်းမှထွက်လာသော ကျောင်းသားများသည် မြို့၏ အခြား အထူးကျောင်းသားများဖြင့် ယှဥ်ပြိုင်နိုင်ကြ၏။

“စိတ်မပူပါနဲ့။ သူဘာမှမဖြစ်ပါဘူး။ အဲ့လူက သူ့ ပြိုင်ဘက်မဟုတ်ဘူး” တန်စီယုက သူမဘေးတွင်ရပ်နေသော ဂေါင်ဟုန်ချီအားပြောလိုက်သည်။

ဂေါင်ဟုန်ချီသည် တန်စီယုအားကြည့်ကာ ကိုယ့်ကိုယ်ကိုယ် ရှုံ့ချသော လေသံဖြင့်

“အခုအတွက်ကျေးဇူးတင်ပါတယ်၊ နင့်ကြောင့်သာမဟုတ်ရင် ငါဒီနေ့ဒီမှာ သေလိမ့်မယ်။ ဟီးဟီး ငါက ဉာဏ်ကြီးရှင်တစ်ယောက်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းတော့လည်း ဘာကောင်ကြီးမှမဟုတ်ပါဘူး” ဆိုသော်လည်း ယင်းထက် စိတ်ဆိုးသည်က ပို၏။

“မလိုပါဘူး။ ငါတတ်နိုင်သလောက်ပဲလုပ်ပေးခဲ့တာပါ။ နောက်ဆုံးအကြိမ်တုန်းက နင်နဲ့ ချူးယွင်ဖန်းသာ ငါ့ကို အန္တရာယ်ထဲက လာမကယ်ခဲ့ဘူးလား။ ဒီလိုစကားမျိုးပြောစရာမလိုပါဘူး။ နင်က အခု ဖန်ကျိယန်လောက်မတော်သေးပေမယ့် အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူသိတာမို့လို့လဲ။ ကောလိပ်စာမေးပွဲဝင်ခွင့်က အခုမှ အဝေးကြီးလိုသေးတာ။ ဘာကြောက်စရာရှိလဲ” တန်စီယုက ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

“ဟုတ်သားပဲ။ အနာဂတ်က အရမ်းဝေးကွာနေသေးတယ်။ နင် ငါ့ကို နှစ်သိမ့်ပေးမယ်လို့ မမျှော်လင့်ထားမိဘူး။” ဂေါင်ဟုန်ချီက ပြောသည်။ “ဖန်ကျိယန်က ချူးယွင်ဖန်းရဲ့ပြိုင်ဘက်မဟုတ်ဘူးလို့ နင်ပြောလိုက်တယ်နော်”

“မှန်တယ်။ ဖန်ကျိယန်က အရှိန်ကောင်းတာကြောင့် နှေးတဲ့ပြိုင်ဘက်တွေကို တိုက်ခိုက်တဲ့အခါမှာ အရှိန်ကို အသုံးပြုတယ်။ ဒါပေမယ့် သူ့အရှိန်ကိုမပြနိုင်ရင် ဒါမှမဟုတ် အသာစီးမရရင် အခြားအားနည်းချက်တွေ ပေါ်ထွက်လာလိမ့်မယ်။ ဒီရှု့ထောင့်ကကြည့်ရင် ဓားသိုင်းရဲ့သန်မာမှု ဒါမှမဟုတ် စွမ်းအားပြန်လည်ဖြည့်တင်းနှုန်းတွေနဲ့ဆို ချူးယွင်ဖန်း အသာစီးရမှာ သေချာတယ်။ ဒါ့အပြင် အရိပ်မဲ့ဓားက ဖန်ကျိယန်ရဲ့ လက်ရှိဓားထက်ပိုသန်မာတာကြောင့် သူကျိန်းသေပေါက်ရှုံးလိမ့်မယ်”

တန်စီယု၏ စကားဆုံးသည်နှင့် ကွင်းတွင်းအခြေအနေသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

အခန်း(၁၄၃) ဖန်ကျိယန်ကို တိုက်ခိုက်ဖို့ သိုင်းကွက်သုံးကွက်

တန်စီယု၏ စကားဆုံးသည်နှင့် တိုက်ပွဲအခြေအနေသည် ပြောင်းလဲသွားသည်။ ချူးယွင်ဖန်းအား ခုခံလျက်ရှိခဲ့သည့် ဖန်ကျိယန်သည် စတင်၍ အားနည်းလာခဲ့သည်။

“သေစမ်း၊ သူက ဘယ်လိုလုပ်အရမ်းသန်မာနေတာလဲ” ဖန်ကျိယန်က စိတ်ဆိုးဒေါသဖြစ်စွာ အော်ဟစ်လိုက်သည်။ နောက်ဆုံးတွင် သူသည် သူ့ကျောင်း၏ ထိပ်တန်း အယောက်နှစ်ဆယ်မြောက်ဖြစ်ကာ၊ အမှတ် (၁၃) အထက်တန်းကျောင်းကဲ့သို့ကျောင်း၏ ပထမနှင့် ဒုတိယအဆင့်ဖြစ်သော အို့ယန်နှင့် ကျန်းထန်တို့ကိုသာလျှင် အာရုံစိုက်ခဲ့ခြင်းကြောင့် သူသည် ချူးယွင်ဖန်းအကြောင်းသိပ်မစဥ်းစားခဲ့ပေ။ သာမန်လူတစ်ယောက်သာဆိုလျှင် ထိုသူအား လှည့်ကြည့်ရန် စိတ်ကူးပင်မရှိပေ။

ရုတ်တရုတ် မည်သည့်နေရာကပေါ်ထွက်လာမှန်းမသိသည့် ဤကောင်သည် အတော်လေးဒုက္ခရောက်စေမည်ဟု မည်သူသိလိမ့်မည်နည်း။

ထိုသူသည် ဖန်ကျိယန်အား လက်တစ်ဖက်တည်းဖြင့် နှိမ်နင်းနိုင်၏။

“မင်းက ဘယ်သူလဲ” ဖန်ကျိယန် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ ဤအချိန်တွင်မူ သူ၏ ဓားသွားတွင် ပွန်းပဲ့ရာများစွာရှိနေပြီဖြစ်ကာ ဆိုး‌ဆိုးရွားရွား အဖျက်ဆီးခံနေရ၏။ သို့သော် ယခုမူ ဓား၏ ပျက်စီးမှုအား ဂရိုစိုက်ရမည့်အချိန်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ပျက်ဆီးနေပြီဖြစ်၏။

ဤအခိုက်အတန့်တွင် သူ့စိတ်ထဲရှိတစ်ခုတည်းသောအတွေးသည် ချူးယွင်ဖန်းအား သတ်ရန်သာဖြစ်ကာ ချူးယွင်ဖန်းအား လုံးဝအာရုံစိုက်လျက်ရှိသည်။

‘ငါ သူ့ကို သတ်ရမယ်။ သူ့ကို သတ်၊ သူ့ကို သတ်’

နတ်ဆိုးတစ်ကောင်မှ သူ့အား ဝင်ပူးကာ ရှေ့ကလူအားသတ်ရန် ဖြားယောင်းနေသည့်အလားပင်ဖြစ်သော်လည်း မည်မျှပင် ကြိုးစားနေပါစေ၊ ချူးယွင်ဖန်း၏ ခုခံအားကို မလွန်ဆန်နိုင်ဘဲလျက်ရှိသည်။ ချူးယွင်ဖန်းသည် ဖန်ကျိယန်၏ တိုက်ခိုက်မှုအားလုံးကို သူ့ဓားဖြင့် တားဆီးနိုင်သော်လည်း ဓားနှစ်စင်းတိုက်မိချိန်တိုင်းတွင် ဖန်ကျိယန်၏ လက်သည် အနည်းငယ်ထုံကျဥ်လာ၏။ ခဏအကြာတွင် ဖန်ကျိယန်၏ လက်ဖဝါးများစတင်၍ ထုံကျင်လာကာ အသားများကွဲပြဲထွက်ကာ သူ့သွေးများနေရာအနှံ့သို့ ပြန့်ကျဲသွား၏။

ကွင်းအစွန်းရှိ လူငယ်သည် သူ့မျက်လုံးများကို မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တကြားဖြင့် ချူးယွင်ဖန်းအား ကြည့်လိုက်သည်။ ဖန်ကျိယန်၏ ကြံ့ခိုင်မှုအဆင့်ကို သူအလွန်ရင်းနှီးကာ ယုချိုင်အထက်တန်းကျောင်း၏ ထိပ်တန်းအယောက်နှစ်ဆယ်ထဲဝင်နိုင်ခြင်းသည် ဖန်ကျိယန်သည် တကယ်ကိုပင် အလွန်သန်မာသည်ဟု ဆိုလိုခြင်းလည်းဖြစ်၏။ ဤသို့ ပြိုင်ဘက်ကိုပင် သူသည် ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်ဖြစ်သော်လည်း ချူးဘါင်ဖန်းသည်မူ ဖန်ကျိယန်အား လွယ်လွယ်ကူကူင်အနိုင်ယူလျက်ရှိသည်။

“ဒီလူက ဘယ်သူလဲ၊ သူဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေနိုင်တာလဲ” ထိုလူငယ်က သူ့ဘာသာ ရေရွတ်လိုက်သည်။

သူတို့အားလုံးသည် မတူညီသောကျောင်းများမှ ထိပ်တန်းကျောင်းသားများဖြစ်ကြသောကြောင့် အပြန်အလှန်ဆက်သွယ်ရေးရှိသည်မှာ မလွဲမသေဖြစ်သည်။ ထို့ကြောင့် ကျန်းထန်နှင့် အို့ယန်မည်သို့မည်ပုံရှိသည်ကို သူသိ၏။ ချူးယွင်ဖန်းသည် သူတို့နှစ်ဦးထဲမှ တစ်ယောက်မဟုတ်ကြောင်း သူသေချာနေသည်။ အမှတ်(၁၃) အထက်တန်းကျောင်တွင် ဤကျွမ်းကျင်သူနှစ်ဦးမည်သို့ရုတ်တရက်ပေါ်လာခဲ့သနည်း။ ချူးယွင်ဖန်းအပြင် ဓားဖြင့် လှမ်းပစ်လိုက်သည့် မိန်းကလေး၏ ခွန်အားကိုလည်း လျှော့တွက်၍မရပေ။ အရေးကြီးသော အခိုက်အတန့်တွင် ဂေါင်ဟုန်ချီအား ကယ်တင်ရန် သူမ၏ ဓားကို ပစ်လွှတ်ရမည့်အလျင်မှာ အလွန်မြင့်မားကာ ယင်းကို ကိုင်ဆောင်ထားရမည့်အားသည်လည်း အလွန်ကြီးမား၏။ သို့မှသာ ဂေါင်ဟုန်ချီအား ကယ်တင်နိုင်မည်ဖြစ်သည်။

လူငယ်သည် ဤလူနှစ်ဦးအကြောင်းသိပ်မသိသောကြောင့် သူတို့ ထင်ပေါ်လာသည်မှာ သိပ်မကြာလောက်သေးဟု ထင်လိုက်သည်။ ထိုမှမဟုတ်လျှင် သူတို့အကြောင်းသတင်းများရရှိနှင့်ပြီးမည်မှာ သေချာ၏။

“ဖန်ကျိယန်၊ မင်းက မင်းခွန်အားကို အသုံးပြုပြီး အခြားသူတွေကို အနိုင်ကျင့်နေတာပဲ။ မင်းရဲ့ကျင့်ကြံရေးအဆင့်ကို အခွင့်ကောင်းယူပြီး ငါတို့ အမှတ်(၁၃) အထက်တန်းကျောင်းကို ရောက်လာခဲ့တာမလား။ ဒီနေ့ ငါမင်းကို သင်ခန်းစာတစ်ခုပေးလိုက်မယ်။ မင်းထက် တော်တဲ့လူဆိုတာ အမြဲရှိနေတယ်ဆိုတာ ငါပြပေးမယ်။ ပထမဆုံးအနေနဲ့ မင်းရဲ့ဓားကို ငါဖျက်ဆီးပစ်မယ်။ ဒါက မင်းအတွက် သင်ခန်းစာကောင်းတစ်ခုဖြစ်မှာပါ”

“ဘာ၊ မင်းက ငါ့လက်နက်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာလား။ ချီးပဲ”

ဖန်ကျိယန်သည် ချူးယွင်ဖန်း အစတည်းက ရည်ရွယ်ချက်ရှိရှိ စီစဥ်ထားကြောင်းသိလိုက်ရကာ၊

ထိုစကားများကို ကြားလိုက်ရသောအခါ အလွန်‌ဒေါသပုန်ထလာသည်။

ဖန်ကျိယန်သည် ပြင်းထန်သော တိုက်ပွဲကြောင့် သူ့ဓားပျက်စီးသွားသည်ဟု ထင်ထားခဲ့သော်လည်း ယခုမူ ချူးယွင်ဖန်းသည် ၎င်းကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။

“ဟုတ်တာပေါ့။ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ။ မဟုတ်ရင် မင်းလိုလူကို သိုင်းကွက်သုံးကွက်နဲ့တင် အနိုင်ယူခဲ့လောက်ပြီ”

“ငါ့ကို သိုင်းကွက်သုံးကွက်နဲ့ အနိုင်ယူမယ်၊ ဟုတ်လား။ မင်းကိုယ်မင်း ဘာကောင်လို့ထင်နေတာလဲ၊ တုန်ဖန်ဟောင်လို့ ထင်နေတာလား” ဖန်ကျိယန်သည် သူ့ဂုဏ်သိက္ခာအား ထိပါးလွန်းနေသည်ဟု ခံစားရသောကြောင့် အလွန်အမင်းဒေါသထွက်သွား၏။

“ငါမင်းကို အနိုင်ယူဖို့ သိုင်းကွက်သုံးကွက်နဲ့လုံလောက်ပါတယ်။ တုန်ဖန်ဟောင်ဖြစ်စရာမလိုပါဘူး”

“မင်း”

ချူးယွင်ဖန်း ဤသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ပြန်လည်တိုက်ခိုက်ကြရာ သူ့အရှိန်သည် ပို၍ပင် လျင်မြန်လာ၏။

‘သူက အရမ်းမြန်တယ်’ ဖန်ကျိယန်တစ်ယောက် ရုတ်တရက်သူ့အမြင်အာရုံများဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရကာ ချူးယွင်ဖန်း၏ ဓားသည်သူ့မျက်နှာရှေ့သို့ ရောက်နေပြီဖြစ်၏။ ဝင်လာသော ဓားချက်ကို တားဆီးရန် သူ၏ ဓားကို ချက်ချင်းမြှောက်တင်လိုက်သည်။ ထို့နောက် အလွန်ကြီးမားထူးဆန်းသော အားတစ်ခုသည် သူ့လက်မောင်းထဲသို့ အရှိန်ဟုန်ပြင်းပြင်းဖြင့် တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

သူ့လက်ဖဝါးတစ်ခုလုံးစုတ်ပြဲသွားကာ သွေးစိမ်းများ ထွက်လာသည်။

ချူးယွင်ဖန်းသည် သူ့ကိုယ်သူ ဟန်ချက်ထိန်းရန် နောက်သို့ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ရ၏။

“ဒုတိယတစ်ချက်”

ချူးယွင်ဖန်း၏ ရေခဲကဲ့သို့အေးစက်နေသော အသံသည် ငရဲမှ နတ်ဆိုးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာ၏။

အလင်းတန်းတစ်ခုသည် လေကို ခွင်း၍ဖြတ်လာသည်။

မြန်

မြန်

မြန်

ချူးယွင်ဖန်း၏ ဓားရှည်သည် ဖန်ကျိယန်အား နောက်ထပ်တစ်ကြိမ်ခုတ်လိုက်သည်ကို လူအများက မှုန်ဝါးဝါးသာမြင်လိုက်ရသည်အထိ မြန်ဆန်လွန်းနေ၏။ ဖန်ကျိယန်သည် တိုက်ခိုက်မှုကို ဟန့်တားရန် သူ့ဓားကို မြှောက်တင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ၎င်းကို မည်သို့ တားဆီးနိုင်မည်နည်း။ သူ့လက်များထုံနေပြီဖြစ်သဖြင့် ဓားကို ဆက်လက်၍ ထိန်းမထားနိုင်တော့ဘဲရှိကာ ဓားရိုးကိုပင် မနည်းကိုင်ထားရခြင်းဖြစ်၏။

ဖန်ကျိယန်၏ လက်ထဲမှ ဓားရှည်သည် လွင့်ထွက်သွားကာ ကွင်းပြင်၏ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။

“တတိယ သိုင်းကွက်”

ချူးယွင်ဖန်း၏ နောက်တစ်ကြိမ်တိုက်ခိုက်မှုသည် ပိုမိုမြန်ဆန်လာကာ ဖန်ကျိယန် မျှော်လင့်ချက်များလုံးဝပျောက်ဆုံးသွားသည့်တိုင် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ်၊ ဂေါင်ဟုန်ချီ ခုဏကခံစားခဲ့ရမည့်ခံစားချက်ကို သူနားလည်သွားသည်။ သူ့လက်ထဲတွင်ရှုံးနိမ့်ခဲ့သူများ၏ အတွေးများကို နားလည်သိရှိသွား၏။

“ရပ်” ရုတ်တရက် ကျယ်လောင်သော အော်သံတစ်ခုကို ကြားလိုက်ရကာ အလင်းတန်းတစ်ခုသည် လေကို ဖြတ်ခွင်း၍ ချူးယွင်ဖန်းဆီသို့ တည့်တည့်ရောက်လာ၏။

သို့သော် ချူးယွင်ဖန်း၏ ဓားသည်မူ ဖန်ကျိယန်၏ ခန္ဓာကိုယ်အား ခုတ်ချလိုက်ပြီဖြစ်သည်။

ရွပ်

ဖန်ကျိယန်၏ ပခုံးထက်မှ သွေးများစီးကျလာသဖြင့် အော်ဟစ်ကာ မြေပြင်ပေါ်သို့လဲကျသွားသည်။ ဂေါင်ဟုန်ချီ၏ ပခုံးထက်တွင် ရခဲ့သော ဒဏ်ရာကြီးကဲ့သို့ပင်ဖြစ်ကာ ပြင်းထန်သောနာကျင်မှုကြောင့် ဖန်ကျိယန်သည် လူးလိမ့်ကာ အော်ဟစ်လျက်ရှိသည်။

ဤအရာများဖြစ်သွားချိန်တွင်ပင် ချူးယွင်ဖန်းသည် သူ့ထံသို့တိုက်ခိုက်လာသော ဓားကို တားဆီးရန် လက်မြှောက်ချိန်ရသေး၏။ ဓားနှင့် ဓားတို့ ထိပ်တိုက်တွေ့ကာ၊ ရုတ်တရက်စတင်တိုက်ခိုက်သူ၏ ပုံရိပ်သည် သူ့မြင်ကွင်းမှကွယ်နေ၏။ ချူးယွင်ဖန်းသည် ခဏတာလောက် အနည်းငယ်ယိမ်းထိုးသွားပြီးမှ သူ့ကိုယ်သူ လုံးဝ ဟန်ချက်ညီစေရန်ထိန်းလိုက်သည်။ ကွင်းထောင့်တွင်ရပ်နေသော လူငယ်သာဖြစ်ကာ အ‌ရေးကြီးအခိုက်အတန့်တွင် သူ့သိုင်းကွက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်၏။ ချူးယွင်ဖန်း၏ အာရုံကို သူ့ထံသို့ရောက်စေ၍ ဖန်ကျိယန်အား ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ပေ။

“မင်း လှုပ်ရှားဖို့မလိုပါဘူး။ ငါသူ့ကို သတ်မှာမှမဟုတ်တာ။ အဲ့လိုမလိုဘူး” ချူးယွင်ဖန်းက အမှန်အတိုင်းပင် ပြောခဲ့သည်။

သူ့ဓားရှိသွေးများကို ဓားစွန်းမှတစ်ဆင့် လျင်မြန်စွာလျှောကျသွားပြီးနောက်တွင် ဓားသည် ယခင်ကကဲ့သို့ ပြန်လည်သန့်ရှင်းသွား၏။ ထို့နောက် ချူးယွင်ဖန်းသည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ခေတ်မီနည်းပညာဖြင့် ပြုလုပ်ထားသော လက်နက်များဖြစ်သည့်အတွက် အညစ်အကြေးများ၊ ဖုန်မှုန့်များစုဆောင်းမိခြင်းမရှိနိုင်ပေ။ လက်နက်များ သွေးစွန်းသွားလျှင်ပင် လျင်မြန်စွာ စီးကျသွားကာ အနည်းငယ်လေးမျှ စွန်းထင်းမှုရှိလာလိမ့်မည်မဟုတ်ပေ။

လူငယ်သည် သူ့လှုပ်ရှားမှု မအောင်မြင်သဖြင့် အလွန်ရုပ်ဆိုးသော မျက်နှာထားမျိုးဖြင့် ရှိနေသည်။ ချူးယွင်ဖန်းသည် အစတည်းက ဖန်ကျိယန်အား သတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ တစ်နည်းဆိုရလျှင် သူဘာမှမအောင်မြင်ခဲ့ပေ။ ဖန်ကျိယန်၏ ကိုယ်ပေါ်မှ ဒဏ်ရာကို မြင်လိုက်ပါက သူ့ကို သတ်ရန် ရည်ရွယ်ချက် မရှိမှန် မည်သို့နားမလည်ဘဲနေလိမ့်မည်နည်း။ ထိုဖက်တီးအတွက် လက်စားချေပေးချင်ခြင်းသာဖြစ်၏။

တစ်နေရာတည်းတွင် တူညီသော ဒဏ်ရာသာဖြစ်သည်။

ထိုအချိန်တွင် လူငယ်၏ မျက်လုံးများသည် ချူးယွင်ဖန်းပေါ်၌သည် တည်မြဲလျက်ရှိသည်။

“ဒီဆုံးရှုံးမှုကို ငါ ဝန်ခံပါတယ်။ ငါ လုရှု့ရန်ပါ မင်းနာမည်သိလို့ရမလား” ထိုလူငယ်က လက်ခုပ်တီးလျက်ပြောသည်။

“ချူးယွင်ဖန်း”

အခန်း(၁၄၄) လုရှု့ရန်အား ငြင်းဆိုခြင်း

“ချူးယွင်ဖန်း ဟုတ်လား” လုရှု့ရန်က ခဏတာလောက်စဥ်းစားလိုက်သည်။ ဤနာမည်ကို ယခင်က တစ်ခါမှ မကြားဖူးသည်မှာ သေချာသော်လည်း ဤသည်က အရေးမကြီးပေ။ ထိုကဲ့သို့သော ခွန်အားရှိသူသည် အနှေးနဲ့အမြန် ကျော်ကြားလာလိမ့်မည်မှာ သေချာ၏။ ထိုအချိန်ရောက်မှသာ သူအရာအားလုံးကို သိရှိနိုင်လိမ့်မည်ဖြစ်သည်။

ဤသည်ကို တွေးကာ လုရှု့ရန်သည် သူ့ရင်ဘက်ထဲမှ အနာကျက်ဖြန်းဆေးအားထုတ်၍ ဖန်ကျိယန်၏ ဒဏ်ရာပေါ်သို့ ဖြန်းပေးလိုက်သည်။ ထိုမှသာ ဖန်ကျိယန်သည် ပိုမိုကောင်းမွန်လာကာ အော်ဟစ်နေရရာမှ ရပ်တန့်သွားသည်။ သို့သော် ချူးယွင်ဖန်းအား ဆွဲဖြဲပစ်ချင်သည့်မျက်လုံးများဖြင့် စိုက်ကြည့်လျက်ရှိသည်။

ချူးယွင်ဖန်းက လုရှု့ရန်အား တားမြစ်ခြင်းမပြုဘဲ ဘာသိဘာသာ ကြည့်လျက်ရှိသည်။ ထိုအချိန်တွင်မူ ကျောင်းသားများအကြား ရုတ်ရုတ်သဲသဲဖြစ်လာကာ ချူးယွင်ဖန်း၏ အင်အားကြောင့် ထိတ်လန့်သွားကြသည်။

“ငါသိနေတယ်။ နတ်ဘုရားချူးက သူ့ကို အနိုင်ယူမယ်ဆိုတာ ငါသိနေတယ်”

“ဟုတ်တယ်။ သူမှာ ဒီလောက်ခွန်အားလေးရှိတာကို စိတ်ကြီးဝင်နေလွန်းတာကွာ၊ ဓားဖျက်ဆီးခံလိုက်ရတာလည်း အရမ်းကောင်းတယ်။ သူဂုဏ်ယူစရာရှိသေးလား ကြည့်ရအောင် ဟားဟား”

“ငါ အဲ့ဓားကို လက်နက်မဂ္ဂဇင်းမှာ တွေ့ဖူးတယ်။ တစ်ချောင်းကို တစ်သန်းကျော်တယ်တဲ့၊ အများကြီးပျက်ဆီးတာကို ထိန်းထားရတော့ သူ့ကို အရည်ကျိုပြီး အသစ်တစ်ချောင်းပြန်လုပ်မှပဲရတော့မယ်။ ဆိုရရင် လုံးဝအသုံးမဝင်တော့ဘူးပေါ့။ ဒီကောင်တော့ ငိုပြီးသေရတော့မှာပဲ”

“နတ်ဘုရား ချူးက သိုင်းကွက်သုံးကွက်အတွင်း တိုက်ခိုက်မယ်လို့ပြောပြီး တကယ်ကို သိုင်းကွက် သုံးကွက်ပဲ။ အစပိုင်းက သူနဲ့ ဆော့နေရုံပဲပေါ့၊ မိုက်လိုက်တာဟယ်၊ ငါအခု နတ်ဘုရားချူးရဲ့ တရားဝင် ပရိတ်သတ်လုပ်တော့မယ်”

ကျောင်းသူတစ်ယောက်သည် လက်နှစ်ဖက်ပေါ်တွင် မေးတင်လျက် ချူးယွင်ဖန်းအား ချစ်ရည်ရွှမ်းနေသော အကြည့်များဖြင့်ငေးကြည့်လျက် ဆို၏။

“အဲ့အရိပ်မဲ့ဓားသွားက သုံးသန်းကျော်တန်တဲ့ ဓားတစ်လတ်ပဲ” ကျောင်းသားအချို့သည် ချူးယွင်ဖန်း၏ လက်နက်ကို သတိထားမိကြသည်။

“မှန်တယ်၊ အဲ့တာ အရိပ်မဲ့ဓားပဲ၊ ကျစ်… အရင်က အဲ့ဓားရဲ့ စွမ်းအားအပြည့်ကို မပြသခဲ့တာကြောင့် ဒီသုံးသန်းကျော်တန်တဲ့ဓားကြီးကို သာမန်လို့ပဲထင်ခဲ့တာ။ နတ်ဘုရားချူး ထိန်းထားတာကြောင့်လို့ ငါလုံးဝမထင်ထားဘူး။ နတ်ဘုရားချူး အပြင်းအထန်တိုက်ခိုက်ရင် တစ်သန်းကျော်တဲ့ဓားကိုတောင် ဖျက်ဆီးလို့ရနိုင်တာပေါ့”

ကျောင်းသားများ အချင်းချင်း ဆွေးနွေးနေကြစဥ် လုရှု့ရန်သည် ဖန်ကျိယန် အဆင်ပြေကြောင်း အတည်ပြုကာ သက်ပြင်းချလိုက်သည်။ ထို့နောက် ချူးယွင်ဖန်းအား ကြည့်ကာပြောလိုက်သည်။

“ချူးယွင်ဖန်း ဒါက ဧည့်သည်တွေကို အမှတ်(၁၃) အထက်တန်းကျောင်းက ဆက်ဆံတဲ့ပုံစံလား။ ငါတို့က ဖိတ်စာလာပို့တာပေမယ်၊ မင်းက ငါတို့ကျောင်းသားတစ်ယောက်ကို ဓားနဲ့ခုတ်ပြီး ဒဏ်ရာရစေခဲ့တယ်ပေါ့”

“အသုံးမဝင်တဲ့ကောင်က သူလေ၊ မင်းက အခု ငါ့ကို အပြစ်တင်ချင်နေတာလား” ချူးယွင်ဖန်းက ဘာသိဘာသာဆိုလိုက်သည်။

“မင်း…” လုရှု့ရန်၏ ဒေါသများစောင့်တက်လာသော်လည်း ဤစကားလုံးများသည် ဖန်ကျိယန်စောစောကပြောခဲ့သည့် စကားလုံးများမှန်း သတိရလိုက်သည့်အတွက် ဘာမှပြန်မပြောနိုင်ခဲ့ပေ။ ချူးယွင်ဖန်း လက်စားချေနေသည်မှာ ထင်ရှား၏။

“ခွီး ဟား ဟား ဟား” ကွင်းအပြင်ဘက်မှ ဂေါင်ဟုန်ချီသည် ဒဏ်ရာရနေသည့်တိုင် ကျယ်လောင်စွာရယ်မောဟားတိုက်လိုက်သည်။ သူရယ်မောလိုက်ခြင်းသည့် သူ့အား ပို၍နာကျင်စေသော်လည်း သူ့အတွက်တော့ ဤသည်က အရေးမပါပေ။ ဖန်ကျိယန် သူ့အပေါ်လုပ်ခဲ့သမျှအားလုံးကို ချူးယွင်ဖန်းထံ၌ ပေးဆပ်နေရပြီဖြစ်သဖြင့် သူ့နှလုံးသားထဲတွင် တုနှိုင်းမရသော ပျော်ရွှင်မှုကိုသာ ခံစားနေမိသည်။

“နောက်ပြီး၊ ဒီလိုသေးငယ်တဲ့ ဒဏ်ရာက လက်ရွေးစင်တွေကိုပဲလေ့ကျင့်ပေးတဲ့ ယုချိုင်အထက်တန်းကျောင်းသားတွေအတွက် ဘာမှမဖြစ်ဘူးလို့ ငါယုံပါတယ်။ မဟုတ်ဘူးလား” ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့အပြုံးဖြင့် ဆိုလိုက်သည်။

“ဒါ့အပြင် ဧည့်သည်တွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ မင်းက ဘာလို့ငါ့ကို ပြောနေတာလဲ။ မင်းတို့ ဒီကိုလာတာ ဧည့်လာတာလား၊ ရန်စဖို့လားတောင် ငါမသိဘူး။ နိုင်ငံရေးသမားလိုလိုဘာလိုလို လုပ်နေစရာမလိုဘူး။ အခုချက်ချင်း ငါပြောလိုက်မယ်။ မင်းတို့ စောက်ရေးမပါတဲ့ အထူးကျောင်းပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊ ဘယ်သူက စောက်ဂရုစိုက်လို့လဲ။ ငါတို့ကျောင်းမှာ မင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်လို့တွေးတောင် မတွေးမိစေနဲ့။ ဒီကျောင်းမှာ မင်းတို့ကို သင်ခန်းစာပေးနိုင်တဲ့သူတွေ အများကြီးရှိတယ်” ချူးယွင်ဖန်းက လှောင်ရယ်လျက်ပြောသည်။

အမှတ်(၁၃) အထက်တန်းကျောင်းသားအားလုံးသည် ချက်ချင်းပင် ကျေးအေးသွားကြသည်မှာ နွေရာသီရက်တစ်ရက်၌ ရေခဲရေပုလင်းကြီးတစ်ပုလင်းကို သောက်လိုက်ရသကဲ့သို့ပင်ဖြစ်၏။ ခေါင်းမှ ခြေဖျားအထိ ကောင်းမွန်စွာခံစားလိုက်ရသည်။

ဖန်ကျိယန်သည် ယုချိုင်အထက်တန်းကျောင်း၏ နံပါတ်(၁) ကျောင်းသားတစ်ယောက်မဟုတ်ပေ။ ထိပ်တန်း အယောက်(၂၀) စာရင်းဝင် တစ်ဦးသာဖြစ်သော်လည်း သူသည် ဤနေရာတွင် အဓိပ္ပါယ်မဲ့သော စကားများကို ပြောဆိုကာ သူတို့အား အနိုင်ယူနိုင်လိမ့်မည်ဟု တကယ်ပင်ထင်ခဲ့သည်။

“မင်းလက်နက်ရဲ့ အားသာချက်အပေါ် မှီခိုနေတာ လူကြီးလူကောင်းတစ်ယောက်ရဲ့ နည်းလမ်းမဟုတ်ဘူး”

ချူးယွင်ဖန်း၏ စကားကိုကြားသောအခါ လုရှု့ရန်၏ မျက်နှာ နီမြန်းသွားသော်လည်း သူငြင်းဆန်၍မရပေ။ သူတို့ အဘယ်ကြောင့်ဤနေရာတွင်ရှိနေရသည်ကို သူကောင်းစွာသိ၏။ အကယ်၍ သူသာ အတင်းအကြပ်ငြင်းဆန်ခဲ့မည်ဆိုလျှင် ၎င်းသည် သူ့အား ငတုံးတစ်ယောက်အဖြစ်သာမြင်စေမည်ဖြစ်၏။ လက်ရှိတွင် မည်သူကမှ အရူးမဟုတ်ကြသည့်အတွက် ထိုသို့သော အရာများကိုပြောနေသည်မှာ မည်သည့်သဘောနည်း။

“ငတုံး၊ အစာကွင်းဆက်ရဲ့ အောက်ခြေကနေ ထိပ်ကို တက်ဖို့ လူသားတွေက ဘာကို အားကိုးကြလဲ။ သူတို့က သားရဲသတ္တဝါတွေလိုများ လက်သည်းတွေ၊ သွားတွေကို မှီခိုခဲ့ကြတာလား။ မဟုတ်ဘူးလေ။ လူသားတွေက လူသားမျိုးနွယ်ရဲ့ ဉာဏ်ပညာကိုသုံးပြီး ကိရိယာတွေကို အသုံးပြုကြတယ်။ ဒါကမှ လူ့လောကရဲ့ မှန်ကန်ဖြောင့်မတ်တဲ့လမ်းပဲ”

“ငါတို့လူသားတွေက အဲ့ မကောင်းဆိုးဝါးတွေရဲ့ ဝန်းရံမှုဒဏ်ကနေ‌ အောင်အောင်မြင်မြင်နဲ့ ဖောက်ထွက်နိုင်ခဲ့ကြတယ်။ မကောင်းဆိုးဝါးတွေနဲ့ တန်းတူ လက်ရည်တူ ရပ်တည်နိုင်ခဲ့တယ်။ ငါတို့ ဘာကို အားကိုးခဲ့ကြသလဲ။ မရေမတွက်နိုင်တဲ့ လက်နက်တွေကို မှီခိုအားထားခဲ့ရတာ။ အခုမင်းက လက်နက်တွေရဲ့ အားသာချက်တွေကို အားကိုးတာကို ပြောချင်နေတာလား။ တကယ်ပိန်းတာပဲဥါ၊ လူသားတွေက လူစွမ်းကောင်းတွေလုပ်ပြီး မကောင်းဆိုးဝါးတွေကို လက်ဗလာနဲ့တိုက်ရမယ်လို့မပြောနဲ့”

လုရှု့ရန်သည် သူ့မျက်နှာများ ပို၍နီရဲသွားသည်အထိ ချူးယွင်ဖန်းထံတွင် ပြင်းပြင်းထန်ထန်ရှုံ့ချခံလိုက်ရသည်။ ချူးယွင်ဖန်း၏ မထီမဲ့မြင်ပြုသော အကြည့်ကို သူမြင်လိုက်သောအခါတွင် သူ၏ ဉာဏ်ရည်ဉာဏ်သွေးအား နှိမ့်ချနေသကဲ့သို့ ခံစားလိုက်ရသည်။

“ဒါ့အပြင် မင်းက ဘယ်လိုမျိုး လူကြီးလူကောင်းမျိုးလဲ။ ဒီလိုစကားမျိုး ငါ့လာပြောနေတာ ရယ်စရာလို့မထင်ဘူးလား” ချူးယွင်ဖန်းက ရယ်မောကာ ပြောလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ မင်းရဲ့ လျှာသွားက အရမ်းထက်တယ်။ ချူးယွင်ဖန်း၊ မင်း ငါ့ကို တိုက်ဖို့ သတ္တိရှိလား” လုရှု့ရန်သည်သူ၏ နူးညံ့သိမ်မွေ့ကာချုပ်တည်းထားသော အမူအယာအား စွန့်လွှတ်လိုက်ကာ၊ သူ၏ နဂို ကြမ်းတမ်းရိုင်းစိုင်းသော မျက်နှာကို ထုတ်ဖော်ပြသလိုက်သည်။

ချူးယွင်ဖန်းအား စကားလုံးများဖြင့် အနိုင်ယူ၍မရနိုင်သောကြောင့် တစ်ဖက်သားအား အနိုင်ယူနိုင်သော နောက်ထပ်နည်းလမ်းတစ်ခုရှိသေးသည်။ ဤသည်မှာ အမြန်ဆုံးနည်းလမ်းသာဖြစ်၏။

“ဘာလို့မတိုက်ရဲရမှာလဲ” ချူးယွင်ဖန်းက အေးဆေးတည်ငြိမ်စွာပြောလိုက်သော်လည်း ထိုအချိန်တွင် ဘေးဘက်မှ ကျယ်လောင်သောအသံအချို့ထွက်ပေါ်လာ၏။ ကျင်းဝူ ချင်ဖုန်းနှင့် သူတို့မသိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် ခြေလှမ်းကျယ်ကြီးများဖြင့် သူတို့ထံသို့လျှောက်လာ၏။ ဤလူလတ်ပိုင်းအရွယ်အမျိုးသားသည် စည်းကမ်းကြီးသူတစ်ယောက်နှင့်တူကာ ပိန်ပိန်ရှည်ရှည်နှင့် မျက်မှန်တပ်ထား၏။ တိတ်ဆိတ်စွာလမ်းလျှောက်နေသော ပုံစံသည် ကြီးကျယ်သော ကျင့်ကြံရေးအခြေခံရှိပုံပေါ်၏။ ဖန်ကျိယန် သွေးအိုင်ထဲလဲနေသည်ကို မြင်လိုက်ရသောအခါတွင် ချက်ချင်းပင် ချင်ဖုန်းနှင့် ကျင်းဝူအား လှည့်ကာပြောလိုက်၏။

“ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ငါ့တပည့်တွေက ဒဏ်ရာရနေတာလဲ”

ချင်ဖုန်းနှင့် ကျင်းဝူသည်လည်း အလွန်ထိတ်လန့်သွားကာ မည်သို့ဖြစ်နေသည်ကို သူတို့မသိကြပေ။

“ဘယ်သူလဲ၊ ဘယ်သူသူ့ကို ဒဏ်ရာရအောင်လုပ်လိုက်တာလဲ” အသက်လတ်ပိုင်းလူသည် အော်ဟောက်လိုက်သည်။ သူ၏ အကြည့်များသည် ကျောင်းသားများထံသို့ ကျားတစ်ကောင်ကဲ့သို့ ဖြတ်ကျော်သွားကာ နောက်ဆုံးတွင် ချူးယွင်ဖန်းထံတွင်ရပ်တန့်သွား၏။

“မင်းပဲလား”

ချူးယွင်ဖန်းက ခေါင်းညိတ်ကာ ပြောသည်။ “ဟုတ်၊ ကျွန်တော်ပါပဲ။ တိုက်ခိုက်ရေးနဲ့ပတ်သက်ရင် ကျွန်တော့လက်တွေ ခြေတွေက သူများကို အထင်မသေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လွန်ခဲ့တာ ဘာမှမရှိပါဘူး”

“ဘာပြောတယ်”

အသက်လတ်ပိုင်းလူသည် ဒေါသကြောင့် မျက်လုံးများပြူးကျယ်လာသည်။ သူ၏ အဆင့်အတန်းကို လျစ်လျူရှု့ကာ တိုက်ခိုက်တော့မည့်ဆဲဆဲတွင် ကျင်းဝူက ရုတ်တရက် သူ့လမ်းကြောင်းတွင် ဝင်တားလိုက်၏။

“ဆရာလီ၊ ဒါက ကျောင်းသားတွေကြားက လေ့ကျင့်ရေးတိုက်ပွဲပါပဲ။ ဒဏ်ရာတွေရလာမှာ မလွဲဧကန်ပဲမို့ ခင်ဗျားဟာ ဆရာတစ်ယောက်ပါ၊ ကျွန်တော့် ကျောင်းသားကို တိုက်ခိုက်ချင်နေတာလို့တော့ မပြောဘူးမလား” ကျင်းဝူက အေးစက်သော အမူအရာဖြင့်ဆိုလိုက်သည်။

“တိုက်ခိုက်ရေး၊ ဟုတ်လား။ ဆရာကျင်း ခင်ဗျားက အခြေအနေကို အကျဥ်းချုံးချင်နေတာလပဲ။ ဒါက လေ့ကျင့်ရေးတိုက်ပွဲနဲ့တူသေးလို့လား။ ဒီ့ထက်သာပြင်းထန်ခဲ့ရင် ငါ့တပည့်ရဲ့ လက်မောင်းတစ်ခုလုံးပြုတ်ထွက်သွားလိမ့်မယ်။ ဒီကိစ္စအတွက် မင်းရဲ့ ကျောင်းသားကို ငါ သေချာပေါက်တာဝန်ယူခိုင်းမယ်” အသက်လတ်ပိုင်းအရွယ်လူက ကျင်းဝူ၏ စကားကို လက်မခံသည့်သဘောဖြင့် ပြောလိုက်သည်။

All Chapters