← Chapters

အခန်း (၁၅၀၇-၁၅၁၂)

Vol. 96 Ch. 1507-1512

အခန်း (၁၅၀၇-၁၅၁၂)

Vol. 96 Ch. 1507-1512

အခန်း ၁၅၀၇ ဆောက်လုပ်ရေးဆိုက်ကို သွားကြည့်ရအောင်

ကုနင်းသည် နောက်ဆုံးအကြိမ် Bမြို့ရှိ စွန့်ပစ်ထားသော အဆောက်အအုံတွင် ဖြစ်ပျက်ခဲ့‌သော အကြောင်းအရာကို သတိရပြီး ထိုနေရာတွင် ဒုက္ခပေး‌နေသည့် သရဲတစ္ဆေများ ရှိနိုင်မည်ဟု ယုံကြည်‌နေသည်။

ထိုအဆောက်အဦး၏ ပုံများနှင့်တည်နေရာကိုကြည့်ရှုပြီးနောက် ကုနင်းသည် ထိုနေရာကိုအလွန်ကျေနပ်ခဲ့သည်။ ထို့ကြောင့် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ချန်စန်းယိ ရှာတွေ့ထား‌သော တတိယနေရာသည်လည်း နေရာကောင်းတစ်ခုဖြစ်သည်။ သို့သော် ပထမနေရာနှင့် အလွန်နီးလွန်းသည်။ ကုနင်းက ဝယ်ဖြစ်မယ်ဆိုရင်တောင် တစ်ချိန်တည်းမှာ အလွန်နီးကပ်တဲ့ ဟိုတယ်နှစ်ခုကို ဆောက်ခြင်းဟာ ကောင်းတဲ့ ဆုံးဖြတ်ချက်မဟုတ်တာကြောင့် ကြည့်မနေတော့ပေ။

ဇိမ်ခံဟိုတယ်တွေမှာ အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးသည်။ ထို့ကြောင့် ကုနင်းသည် ထိုနေရာကို အရင်ဝယ်ပြီး အနာဂတ်တွင် အသုံးပြုလိုလာတဲ့အချိန် အသုံးပြုရန်အတွက် ထိုနေရာတွင်ပဲ ဒီအတိုင်းထားရန် စီစဉ်ခဲ့သည်။

ချန်စန်းယိက သူမကို နောက်ထပ်နေရာတွေကို ပြသခဲ့ပေမယ့် ကုနင်းကတော့ သူတို့ကို သိပ်စိတ်မဝင်စားပါဘူး။ ယခုအချိန်တွင် မြေကွက်များစွာ မလိုအပ်တော့သောကြောင့် မြေကွက်များစွာကို တစ်ပြိုင်နက်ထဲ ဝယ်ယူလိုက်ပါက ငွေကုန်တာပဲ အဖက်တင်ပေလိမ့်မည်။

ကောင်းမွန်သောမြေကွက်အများစုကို မြင့်မားသောလေလံအတွက် အစိုးရက စောင့်ဆိုင်းနေသောကြောင့် ၎င်းတို့ကို ချန်စန်းယိ ရှာတွေ့ရန် မလွယ်ကူပေ။

“ပထမနဲ့ တတိယမြေကို ဝယ်ဖို့ ပြင်ဆင်ထားလိုက် ဆုံးဖြတ်ချက်မချခင် ဒုတိယမြေကို သွားကြည့်တာ‌ပေါ့။” ဟု ကုနင်းက ဆိုသည်။

ပြဿနာက သရဲတစ္ဆေကြောင့် ဖြစ်ရတာလို့ သူမ သံသယ‌ရှိပေမယ့် ၁၀၀%တော့မသေချာသေးပါ။ တခြား ပြဿနာကြီးကြီးမားမားနဲ့သာ ကြုံလာရရင် ဒုတိယမြေကို ဝယ်မှာမဟုတ်ပေ။

ပထမနှင့် တတိယမြေအတွက် ကုနင်းသည် ချန်စန်းယိကို ယုံကြည်ပြီး သူကောင်းစွာကိုင်တွယ်နိုင်မည်ဟု ယုံကြည်သည်။ ချန်စန်းယိသည် အလွန်ထူးချွန်သော မန်နေဂျာဖြစ်ပြီး ကုနင်းကိုယ်စား ကုမ္ပဏီကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သည်။

ထို့နောက် ကုနင်းသည် အန်းကွမ်းယောင်နှင့် လည်း စကားပြောဆိုရမည်ဖြစ်ပါသည်။

အန်းကွမ်းယောင်သည် ကုနင်း၏အိမ်ခြံမြေကုမ္ပဏီ၏အကြီးတန်းမန်နေဂျာဖြစ်သောကြောင့် သူ ဤအလုပ်ကို ကုနင်းအတွက် လုပ်‌ပေးသင့်သည်။ သို့သော်လည်း အန်းကွမ်းယောင်၏ ကျွမ်းကျင်မှုသည် ပြည်နယ် D တွင် အကန့်အသတ်ရှိပြီး မြို့တော်တွင် အဆက်အသွယ်များစွာမရှိသောကြောင့် ၎င်းကိုကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ချန်စန်းယိနဲ့ အန်းကွမ်းယောင် နှစ်ယောက်စလုံးက သူမအတွက် အလုပ်လုပ်နေတာဖြစ်ပြီး သူတို့နှစ်ယောက်လုံး ပြေလည်အောင်ဖြေရှင်းနိုင်မယ့် အလုပ်ကိုပဲ သူမ ပေးအပ်သွားမှာပါ။

ကုနင်းသည် လောလောဆယ်တွင် အခွင့်အလမ်းကောင်း မရှိသေးတဲ့အတွက် မြို့တော်တွင် အိမ်ခြံမြေကုမ္ပဏီဖွင့်ရန် ရည်ရွယ်ချက်မရှိသေးပေ။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည်ပြည်နယ် Dတွင် အတော်လေးကျော်ကြားပြီးအရေးကြီးသော်လည်း ၎င်းသည်မြို့တော်ရှိ အိမ်ခြံမြေကုမ္ပဏီများနှင့်မနှိုင်းယှဉ်ပါ။ ထို့အပြင်၊ သူမသည် မြို့တော်၏အပြင်ဘက်တွင် များစွာပြုလုပ်နိုင်ပြီး ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် ပိုမိုကောင်းမွန်သောဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်ပိုလိုအပ်ပါသေးသည်။

ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် ပြည်နယ် Dမှာ ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီဖြစ်လာသောအခါ၊ သူမသည် မြို့တော်၏ ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ပိုယုံကြည်မှုရှိလိမ့်မည်။

"ကိစ္စမရှိပါဘူး။" ချန်စန်းယိကပြောလိုက်သည်။

အမှန်တော့ ချန်စန်းယိသည် ကံမကောင်းသော ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် ပတ်သက်၍ သံသယရှိသော်လည်း ၎င်းနှင့် ပတ်သက်၍ နောက်ထပ်မမေးခဲ့ပေ။ ကုနင်းသည် ယခင်က Bမြို့ တွင် သရဲခြောက်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝယ်ယူခဲ့ပြီး‌နောက် ထိုနေရာသည်ဘာမှမထူးဆန်းတော့သောကြောင့် ချန်စန်းယိသည် ဤပြဿနာကို သူမဖြေရှင်းနိုင်မည်ဟု ယုံကြည်သည်။

ထိုနေရာသည် ကံမကောင်းသည့်နေရာဖြစ်ကြောင်း သိသော်လည်း ဒုတိယမြေအဖြစ် ရွေးချယ်မှုများတွင် ထည့်သွင်းရခြင်း အကြောင်းရင်းက ဤသို့‌သော ယုံကြည်ချက်ကြောင့်လည်းဖြစ်သည်။

သူ့မျက်လုံးထဲမှာတော့ ကုနင်းဟာ တကယ့်ကို မယုံနိုင်စရာကောင်းပါသည်။ ဒါပေမယ့် သူ မသိသင့်တဲ့အရာတွေကို မမေးသင့်ဘူးဆိုတာ သူသိသည်။

ထို့နောက် ကုနင်း ထွက်ခွာသွားသည်။ ဝူရွှမ်းဟွာက သူမ‌နောက်လိုက်စုံစမ်းနေတုန်းပဲဆိုတာ သူမ သိတဲ့အတွက် ကေကို ကားမောင်းခိုင်းလိုက်သည်။

ကုနင်း ၊ ကောင်းယိနှင့် ချောင်ယတို့သည် ကားနောက်ခန်းတွင် ထိုင်ကာ ဝူရွှမ်းဟွာကို အောင်မြင်စွာ ရှောင်ထွက်သွားနိုင်ခဲ့သည်။

ကုနင်းဟာ ကောင်းယိနဲ့ ချောင်ယတို့နဲ့အတူ ထိုနေရာရဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းဖို့အတွက် အဲဒီကိုသွားခဲ့ခြင်းပင်။ ကောင်းယိနဲ့ ချောင်ယနှစ်ယောက်စလုံးဟာ သာမန်လူတွေထက် စိတ်ဓာတ်ကြံ့ခိုင်သောကြောင့် ကြောက်လန့်သွားမှာကို သူမ စိုးရိမ်ဖို့မလိုအပ်ပေ။

သူတို့သည် တောင်ပိုင်းခရိုင်မှ အရှေ့ပိုင်းခရိုင်သို့ ထွက်ခွာခဲ့ပြီး လမ်းပေါ်တွင် မိနစ် ၄၀ ကျော်ကြာအချိန်ကြာမြှင့်ခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ဝိုက်တွင် အပြာရောင်သံပြားများ ပတ်ပတ်လည်နှင့် လူများ သွားလာခြင်းမပြုရန် တားမြစ်ထားသည်။ ကောင်းယိသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တံခါးတွင် ကားကိုရပ်လိုက်ပြီး သံတံခါးဖွင့်ထားသည်ကို သတိပြုမိလိုက်သည်။

ထိုအရာကိုမြင်တော့ ကုနင်းက မကျေမနပ်နဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ဤနေရာသည် ကံမကောင်းသောကြောင့် တံခါးကို သေချာပိတ်ထားသင့်သည်။ တစ်စုံတစ်ယောက်က အထဲကို မတော်တဆ ဝင်သွားပြီး မတော်တဆ ဖြစ်သွားရင် ဘာလိုလုပ်မလဲ။

ထိုသို့တွေးလိုက်ရင်း ကုနင်းက ကားတံခါးကိုဖွင့်ကာ တံခါးဆီကို လျှောက်သွားတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ဝင်ခါနီးမှာ ယောက်ျားလေးတစ်ယောက် မျက်ရည်ကျနေတာကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၏အလယ်ဗဟိုအထက်တွင် မီးခိုးမည်းများလှည့်ပတ်စီးဆင်းနေသည်ကို ကုနင်း သတိပြုမိသည်။ အထူကြီးလည်း မဟုတ်၊ ပါးလွှာသည်လည်း မဟုတ်။

ထိုအရာကို ကုနင်းသာ မြင်နိုင်သည်။

ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုခု ဖြစ်ခဲ့ပုံရပြီး ထိုအဖြစ်အပျက်ကြောင့် ကောင်လေးက ကြောက်ရွံ့သွားပုံရသည်။

ကုနင်းသည် ချက်ချင်းပင် စွမ်းအင်သလင်းကျောက်များစွာကို ထုတ်လိုက်ပြီး ကောင်းယိနှင့် ချောင်ယတို့ကို အထဲသို့ မသွားမီ ဆေးတစ်လုံးသောက်ရန် ပြောလိုက်သည်။ ထို့နောက် သူမသည် ကောင်လေးဆီသို့ လျှောက်လာလိုက်သည်။

"ကျေးဇူးပြုပြီးကူညီပါ! ငါ့အကိုကြီး ရှောင်လင်း ကိုကူညီ‌ပေးပါ!" ကောင်လေးက ကုနင်းကိုတွေ့တာနဲ့ သူမကို အော်‌ပြောလိုက်သည်။

ထိုသို့ပြောပြီး မြပေြင်ပေါ်ကို လဲကျသွားသည်။ ကုနင်းက သူ့ကို ချက်ချင်းထဖို့ ကူညီပေးကာ “ဘာဖြစ်တာလဲ။” ဟု မေးလိုက်တယ်။

“ကျွန်တော့် အကိုကြီးရှောင်လင်းက တွင်းထဲကို ပြုတ်ကျပြီး သတိလစ်နေတယ်။ ဘယ်သူမှ သူ့ကို နှိုးလို့ မရဘူး။” ကောင်လေးက ကြောက်ရွံ့စွာ အော်ဟစ်ပြောဆိုနေသည်။

ထိုစကားကိုကြားတော့ ကုနင်း သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ အလယ်ဗဟိုကိုကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုခဲ့သည်။

ရိုးရှင်းသော အကြည့်တစ်ချက်ဖြင့် သူမသည် ခေါင်းတလားကို တူးထားသော တွင်းထဲတွင် လဲလျောင်းနေသော နောက်ထပ် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရပြီး သူ့ကို ယင်စွမ်းအင်တို့ဖြင့် ဖုံးအုပ်ထားသည်။ ယင်ဓာတ်ကြောင့် ကောင်လေး၏ မျက်နှာသည် ဖျော့တော့‌နေသည် ။

"ချောင်ယ၊ မင်း ဒီကောင်လေးနဲ့ အပြင်မှာ စောင့်‌‌နပေြီး ကောင်းယိက ငါနဲ့ အတူ လိုက်ခဲ့ပါ။"

“ဟုတ်ကဲ့” နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။

ကောင်လေးက သူတို့လူကောင်းဟုတ်လား မဟုတ်ဘူးလား မတွေးနိုင်လောက်အောင်ကို ကြောက်နေခဲ့ပြီး သူ့အကိုကြီး အဆင်ပြေဖို့ပဲ သူမျှော်လင့်နေခဲ့သည်။

***

အခန်း ၁၅၀၈ သင်္ချိုင်းတွင်း

ကုနင်းနှင့် ကောင်းယိသည် မတော်တဆ ဖြစ်ပွားရာနေရာသို့ အမြန်ရောက်ရှိလာခဲ့သည်။ ကောင်းယိသည် သင်္ချိုင်းတွင်းထဲတွင် ကောင်လေး လဲလျောင်းနေသော ကောင်လေးကို တွေ့လိုက်သည်နှင့် ခုန်ဆင်းပြီး သူ့ကို သယ်ရန်ပြင်ဆင်လိုက်သော်လည်း ကုနင်းက သူ့ကို တားလိုက်ပြီး

"ငါလုပ်လိုက်မယ်။”

ကောင်းယိတွင် စွမ်းအင်သလင်းကျောက်ကို ယူထားပြီးဖြစ်သော်လည်း တွင်းထဲတွင် ယင်ဓာတ်များလွန်းသဖြင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်သွားနိုင်သည်။ တစ်ဖက်တွင် ကုနင်းသည် သူမကိုယ်သူမ ကာကွယ်နိုင်ပြီး သတိလစ်နေသော ကောင်လေးကို သူမ၏ မှော်အစွမ်းဖြင့် ကုသရန် လိုအပ်သည်။

ကုနင်း ကိုယ်တိုင်လုပ်ချင်တာကြောင့် ကောင်းယိလည်း နောက်ပြန်ဆုတ်သွားသည်။

ကုနင်း ခုန်ချလိုက်သည်နှင့် သူမသည် ယင်များ ဝိုင်းရံထားသည်ကို ခံစားလိုက်ရပြီး ၎င်းသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားသော်လည်း သူမ၏ မှော်စွမ်းအားဖြင့် အားလုံးကို ချက်ချင်း တွန်းထုတ်ပစ်လိုက်သည်။ အဲဒီနောက် ကုနင်းက ကောင်လေးကို သူ့ရင်ခွင်ထဲကို ပွေ့ချီပြီး သူမရဲ့ မှော်အစွမ်းကို သူ့ခန္ဓာကိုယ်ထဲကို ချက်ချင်းထည့်လိုက်သည်။

ယင်တို့သည် ကုနင်းကို ဆက်လက်တိုက်ခိုက်ရန် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် စိတ်အနှောင့်အယှက်ဖြစ်‌နပေုံရသည်။

မကြာမီ ကောင်လေးသည် ကုနင်း၏ မှော်စွမ်းအားအကူအညီဖြင့် ယင်စွမ်းအင်ကို ဖယ်ရှားခဲ့ပြီး သူ့ရဲ့ ဖြူဖျော့နေ‌သော မျက်နှာသည် အရောင်အသွေး လျင်မြန်စွာ ပြန်ပြည့်လာသည်။

ကုနင်းက ကောင်လေးကို သင်္ချိုင်းတွင်းထဲက သယ်ချင်ပေမယ့် ယင်စွမ်းအင်တို့က သူတို့ကို ခွင့်မပြုခဲ့ပေ။ အဲဒါကိုမြင်တော့ ကုနင်းက သူတို့ကို တားဖို့အတွက် သူမရဲ့ မှော်အစွမ်းကို ထပ်မံအသုံးပြုပြီး သင်္ချိုင်းတွင်းထဲမှ မဆိုင်းမတွ ထွက်ခဲ့လိုက်လေသည်။

သူမက ကောင်လေးကို စွမ်းအင်သလင်းကျောက်ကို ထုတ်ပြီး မျိုချရန်မကူညီခင် မြေကြီးပေါ်အရင်လှဲချလိုက်သည်။ မှော်စွမ်းအားများစွာသည် ကောင်လေး၏ခန္ဓာကိုယ်ကို ခနအတွင်းပြည့်လာသောကြောင့် မိနစ်အနည်းငယ်အတွင်း သူနိုးလာသည်။

ဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ တကယ်ကို မူမမှန်ပေမယ့် ကုနင်းက ဒီ‌နေရာကို ဝယ်ယူဖို့ ဆုံးဖြတ်ပြီးကတည်းက ကြောက်စရာကောင်းတဲ့ သတင်းတွေ ထပ်ပြီးမပျံ့‌စေချင်တာကြောင့် ဒီကောင်လေးကို ကုသဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကောင်လေးက မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူစိမ်းတစ်ယောက်ရဲ့ မျက်နှာက သူ့ရှေ့မှာ ပေါ်လာတော့ ထိတ်လန့်သွားသည်။ ကြောက်ရွံ့တုန်လှုပ်သွားပြီး ကုနင်း ကို “ဘယ်...ဘယ်သူလဲ" လို့မေးလိုက်တယ်။

ကုနင်းကို လူဆိုးတစ်ယောက်လို့ သူထင်‌နေခဲ့တယ်။ သူဘာဖြစ်သွားမှန်း သူ့ကိုယ်သူမသိတာ ထင်ရှားလှသည်။

"မင်းနာမည်က ရှောင်လင်းလား။ ကောင်လေးတစ်ယောက်က မင်းသင်္ချိုင်းတွင်းထဲ ပြုတ်ကျပြီး သတိလစ်သွားတယ်လို့ ပြောလို့ ငါတို့ မင်းကိုကယ်ခဲ့တာ၊" လို့ ကုနင်းက ကောင်လေးကို ထပ်ပြီး မကြောက်တော့စေရန် နူးညံ့သိမ်မွေ့တဲ့ အသံနဲ့ ရှင်းပြလိုက်သည်။

အဲဒါကိုကြားတော့ ရှောင်လင်း သတိရသွားပြီး ကုနင်းကို ချက်ချင်းပင် ကျေးဇူးတင်လိုက်တော့သည်။

"မမ၊ ကျေးဇူးအများကြီးတင်ပါတယ်"

“ရပါတယ်။ မင်းသူငယ်ချင်းနဲ့ အခုပဲ အိမ်ပြန်လိုက်တော့။" ကုနင်းက သူ့ကို ပြုံးပြလိုက်သည်။

“ဟုတ်ကဲ့။” ကောင်လေးက ခေါင်းညိတ်တယ်။

အဲဒီနောက် ကုနင်းက ကောင်းယိကို ကောင်လေး အပြင်ထွက်ဖို့ ကူညီ‌ပေးရန် ပြောလိုက်ပြီး သူမကတော့ ဒီအကြောင်းကို ပိုလေ့လာဖို့ ဆောက်လုပ်ရေးဆိုက်ထဲတွင် နေခဲ့လေသည်။ ကောင်းယိနှင့် ကောင်လေးတို့ သူမနှင့် တဖြည်းဖြည်းဝေးကွာသွားသည့်အခါ သင်္ချိုင်းတွင်းသို့ သူမ လျှောက်သွားလိုက်သည်။

ဒုတိယအကြိမ် ကုနင်းသည် သင်္ချိုင်းတွင်းအစွန်းတွင် ထိုင်ချလိုက်‌သောအခါ ယင်စွမ်းအင်တို့သည် စိတ်ဆိုးသွားကာ ကုနင်း၏ ရှေ့သို့ ရွေ့သွားလေသည်။ သူမကိုထိပြီး ဆွဲချခြင်းခံရတာဟာ နာကျင်ပေမယ့် ကုနင်းက အဲဒါကို လျစ်လျူရှုပြီး အုတ်ဂူအောက်က အရာကိုကြည့်ဖို့ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုခဲ့သည်။ သူမ ခဏလောက် အာရုံစိုက်ကြည့်သော်လည်း ယင်မှလွဲ၍ ဘာမျှမတွေ့‌ရပေ။

ထို့ကြောင့် ယင်က ဒီနေရာမှာ တော်တော်ဒုက္ခဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်နိုင်သည်။ သို့သော် ယခုက အလင်းရောင်ရှိသေးတဲ့အချိန်ဖြစ်ပြီး ကျောင်းလုံကို ယခုအချိန်တွင် လွှတ်ရန် သူမအတွက် အဆင်မပြေသောကြောင့် ယင်ကို ယခုအချိန်တွင် မကိုင်တွယ်နိုင်ပေ။ ထို့ကြောင့် ညဘက်တွင်သာ ပြန်လာနိုင်သည်။

သူမထွက်သွားသောအခါတွင် အခြားအပြစ်မဲ့ပြည်သူများမှာကို ယင်ကြောင့် မထိခိုက်စေရန် သံတံခါးကို သော့ခတ်လိုက်သည်။

ညနေ ၄ နာရီထိုးနပေြီမို့ ကုနင်း အိမ်ပြန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

အိမ်အပြန်လမ်းမှာ ကုနင်းက ကောင်းယိနဲ့ ချောင်ယတို့အား၊ "မင်းတို့နှစ်ယောက်က ငါနဲ့အကြာကြီးနေခဲ့တဲ့ သူတွေဖြစ်ပြီး နှစ်ယောက်လုံးကို ငါအရမ်းယုံကြည်တယ်။ ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့အရာတစ်ခုကို အမြဲကြုံတွေ့ရတယ်ဆိုတာ မင်းတို့သိထားသင့်တယ်၊ ဒါပေမယ့် ဒီအရာက လူနည်းနည်းပဲသိရင် ပိုကောင်းမယ်ထင်လို့ ငါအရင်က မင်းတို့ကို တစ်ခါမှမရှင်းပြဖူးဘူး။"

အဲဒါကိုကြားတော့ ကောင်းယိနဲ့ ချောင်ယက အရမ်းအရေးကြီးတဲ့ အရာတစ်ခုဖြစ်မယ်ဆိုတာကို သဘောပေါက်တဲ့အတွက် လေးနက်တဲ့အမူအရာနဲ့ နားထောင်လိုက်သည်။

ကောင်းယိက အခု ကားမောင်းနေတာဆို‌ပေမယ့် ကုနင်းက အတော်လေး ထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုခုကို ပြောပြရင်တောင်မှ သူ အေးအေးဆေးဆေး နေနိုင်တယ်ဆိုတာ သူမ သိသည်။

"ငါဒီစကားမပြောခင် မင်းတို့စိတ်ကို ပြင်ဆင်ထားရမယ်။"

"အင်း၊" ကောင်းယိကပြောသည် ။

"ငါလည်း အဆင်သင့်ဖြစ်ပြီ" ၊ချောင်ယကပြောသည်။

“ဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်က သရဲခြောက်တာ အမှန်ပဲ၊ သူက နဂိုကသင်္ချိုင်းတွင်းတစ်ခုပဲ။ အဲ့ထဲမှာ အလောင်းတစ်ခုကိုတွေ့ခဲ့ပြီး‌တော့ ပြတိုက်ကို ပြောင်းရွှေ့ထားပေမယ့် ယင်အများကြီးကျန်ခဲ့တယ်။ လူတော်တော်များများက သရဲတစ္ဆေနဲ့ နတ်ဆိုးတွေကို မယုံကြဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အဲဒါတွေက တကယ်ရှိနေတယ်ဆိုတာကို မင်းတို့ကို ပြောပြရမှာဖြစ်ပြီး အခုချိန်မှာတော့ သူတို့ထဲက တော်တော်များများကို ငါမောင်းထုတ်ခဲ့ပြီးပြီ။”

ထိုစကားကိုကြားတော့ ကောင်းယိနှင့် ချောင်ယနှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ သူတို့သည် နတ်ဆိုးများနှင့် သရဲတစ္ဆေများကို မယုံကြသော်လည်း ကုနင်းကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။

သို့သော် ဤ ထိတ်လန့်ဖွယ်သတင်းကို နားလည်ရန် အချိန်အနည်းငယ်ယူခဲ့ရသည်။

"ဝိုး ငါအခုထိ မယုံနိုင်သေးဘူး၊" ချောင်ယက အံ့ဩမှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဒီကမ္ဘာမှာ ငါတို့မသိတဲ့ တခြားအရာတွေ အများကြီးရှိ‌သေးတယ်။ ငါတို့ကတော့ သာမာန်လူတွပေဲ။ အနာဂတ်မှာ ထူးဆန်းတဲ့အရာတွေ ဒါမှမဟုတ် လူတွေနဲ့တွေ့ရင် ငါ့ကိုပြောပြဖို့ မတွန့်ဆုတ်နဲ့၊ ဟုတ်ပြီလား။" ကုနင်း သေချာသတိပေးလိုက်သည်။

***

အခန်း ၁၅၀၉ အမိုးပေါ်က ခုန်ချချင်တဲ့ တစ်စုံတစ်ယောက်

တခြားရှိပြီးသား မွန်းစတားများနှင့် သရဲတစ္ဆေများနှင့် ပတ်သတ်သော အကြောင်းတွေကိုတော့ ကုနင်းသည် သူတို့ကို အသေးစိတ်မပြော‌တော့ပေ။ သူတို့စိတ်က လုံးလုံးလက်ခံပြီးနောက်မှသာ ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။

“ဟုတ်ကဲ့” ကောင်းယိနှင့် ချောင်ယတို့ ပြန်ဖြေလိုက်သည်။

“အဲ့ဒီဆေးတွေကို မင်းတို့နဲ့အတူ ယူသွား။ မတော်တဆမှု တစ်ခုခုဖြစ်ရင် မင်းတို့အသက်ကို ကယ်တင်‌ပေးနိုင်တယ်။” ဟု ကုနင်းက ဆိုသည်။

"နားလည်ပါပြီ။" ထို့နောက် သူတို့သည် တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် ကုနင်းသည် မြင့်မားသော ရုံးခန်းအဆောက်အအုံတစ်ခုအောက်တွင် ရပ်နေသော လူများစွာကို သတိပြုမိပြီး အားလုံးက အပေါ်ကို မျှော်ကြည့်နေကြသည်။

ရုံးခန်း၏ အပေါ်ဆုံးထပ်ရှိ လသာဆောင်တွင် အမျိုးသားတစ်ဦး ထိုင်နေသည်။ သူ့ခြေထောက်တွေဟာ တုန်နပေြီး ခုန်ချ‌‌တော့မည့်ပုံရသည်။

ကုနင်းသည် ထိုယောက်ျား၏မျက်နှာကို စူးစိုက်စိုက်ကြည့်ကာ သူမ မှတ်မိသွားသည်နှင့် တအံ့တဩဖြစ်သွားရသည်။ ထိုသူမှာ ကျောက်ပင်းရှုဖြစ်ပြီး ကုနင်း သူ့ကို သိသည်။

ကျောက်ပင်းရှုသည် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ သူ့ကုမ္ပဏီက ကြီးကြီးမားမားမဟုတ်ပေမယ့် အမြတ်ထွက်ပြီး အလားအလာရှိတဲ့ ကုမ္ပဏီဖြစ်သည်။

ကုနင်း၏ ယခင် ဘ၀တွင် ကျောက်ပင်းရှုသည် အစိုးရမှပြုလုပ်သော မြေကွက်တစ်ခုလေလံပွဲတွင် ထန်မိသားစုကို အနိုင်ရခဲ့သည်။ ထိုအချိန်တွင် အဆက်အသွယ်များမရှိ၍ ထန်မိသားစုသည် လေလံကို ဆုံးရှုံးခဲ့သည်။

သူတို့ကြားတွင် ကြီးမားသောကွာဟချက်တစ်ခုရှိလျှင် ထန်ပင်းစန်သည် ရလဒ်ကိုလက်ခံလိမ့်မည်ဖြစ်သော်လည်း ကွာခြားချက်မရှိ၍ ထိုနောက်ပိုင်း ထန်ပင်းစန်သည် ကျောက်ပင်းရှုကိုမုန်းတီးခဲ့သည်။

သိပ်မကြာခင်မှာပဲ သူက ကျောက်ပင်းရှု ဆောက်ထားတဲ့ အိမ်တွေကို ဖျက်ဆီးဖို့ ထန်အိုက်နင်းကို အမိန့်ပေးခဲ့တယ်။ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး စီမံခန့်ခွဲရေးက ထိုကိစ္စတွင် ပါဝင်ခဲ့ပြီး ကျောက်ပင်းရှုသည် ၎င်းတို့အား ရောင်းချခြင်းကို ရပ်တန့်ရန် ဖိအားပေးခဲ့သည်။ ထို့ကြောင့် ကျောက်ပင်းရှုသည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး ဒေဝါလီခံခဲ့သည်။ ကံကောင်းစွာနဲ့ပဲ သူ့မှာ အကြွေးတွေ‌တော့ မတင်ခဲ့ဘဲ သူ့အိမ်နဲ့ ကားတော့ ကျန်ခဲ့ပါသည်။

အဲဒီနောက် သူဘာဖြစ်သွားမှန်း ကုနင်း မသိတော့ပေ။

သူမသည် ယခင်ဘ၀တွင် မကောင်းမှုများစွာကို ပြုလုပ်ခဲ့ဖူးသောကြောင့် သူမကြောင့် အကြပ်အတည်းဖြစ်နေသောသူများကို ယခုအခါ တွေ့လျှင် ကူညီရန် ဆုံးဖြတ်ထားသည်။ ဒါဟာ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ဖြည့်ဆည်းပေးနိုင်တဲ့ နည်းလမ်းပဲလေ။

"ကောင်းယိ အခုချက်ချင်းကားကို လမ်းဘေးရပ်လိုက်။" ကုနင်းက ကောင်းယိကို ချက်ချင်းပြောပြီး ကောင်းယိကလည်း သူမစကားကို လိုက်နာသည်။

"ငါနဲ့ အတူ ကားထဲက ဆင်းခဲ့။" ကုနင်းက ကားထဲက မထွက်ခင် ချောင်ယကို ပြောလိုက်သည်။

ကောင်းယိနှင့် ချောင်ယသည် ကုနင်း တစ်ခုခုလုပ်တော့မည်ကို နားလည်လိုက်သည်။

"ဘာလို့ ဒီအဆောက်အဦးကနေ ခုန်ချချင်တာလဲ။ ဒီလိုလုပ်လိုက်တာနဲ့ အရာအားလုံးဆုံးရှုံးသွားလိမ့်မယ်။”

“သူ့မိန်းမနဲ့ သမီးက အရမ်းငို‌ေနတယ်။ သနားစရာဖို့ကောင်းလိုက်တာ။”

"သူ စိတ်ဓာတ်ကျနေတာလည်း ဖြစ်နိုင်တယ်။"

"သူတကယ် သေချင်တာ မဟုတ်ဘူးထင်တယ်၊ ဘာလို့လဲဆိုတော့ သူအဲဒီမှာ အကြာကြီးနေနေတာ။"

"သူ တစ်ခုခုကို စောင့်နေတာထင်တယ်"

“ဟုတ်တယ်။”

“…”

ကြည့်ရှုသူများက စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။

ကုနင်းနှင့် ချောင်ယသည် အဆောက်အဦးအောက်တွင် ရပ်လိုက်သည်။ မီးသတ်သမားများ မရှိသောကြောင့် ကျောက်ပင်းရှု ယခုချက်ချင်း ခုန်ချပါက သေဆုံးသွားမည်ဖြစ်သည်။

ကုနင်းက သူ့ကို ဖမ်းနိုင်ခဲ့ရင်တောင် ချက်ချင်းဆိုသလို သတင်းကြီး ဖြစ်သွားလိမ့်မည်။ နေ့ခင်းကြောင်တောင်ကြီးဖြစ်ကာ သူတို့ပတ်ဝန်းကျင်တွင် လူများစွာရှိသည်။ ထို့ကြောင့် သူမသည် လူတိုင်းရှေ့တွင် ထိုသို့မလုပ်နိုင်ပေ။

လူအုပ်ကြားတွင် မျက်ရည်ကျနေသော အမျိုးသမီးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့သည် ကျောက်ပင်းရှုအား ခုန်မချရန် တောင်းပန်နေကြသည်။ ၎င်းတို့မှာ ကျောက်ပင်းရှု၏ဇနီးနှင့် ၁၅ နှစ်အရွယ်သမီးတို့ဖြစ်သည်။

“ကျေးဇူးပြုပြီး မခုန်ချလိုက်ပါနဲ့၊ ကျွန်မတို့ကို မထားခဲ့ပါနဲ့။"

"ဖေဖေ၊ ကျေးဇူးပြုပြီး ဆင်းခဲ့ပါ။ အမေရော သမီးရော အဖေမရှိပဲ မနေနိုင်ဘူး။"

"ကျေးဇူးပြု၍…"

“…”

"အခုချက်ချင်း အပေါ်တက်သွားလိုက်။ သူ့ကို သူ့ဆန္ဒနဲ့သူ ဆင်းလာဖို့ တားနိုင်ရင် အကောင်းဆုံးပဲ မဟုတ်ရင် ငါသူနဲ့ ညှိနှိုင်းဖို့ ကြိုးစားလိုက္မယ် ပြီးရင် သူ့ကို ဆွဲနိုင်မယ့် အခွင့်အရေးရောက်တဲ့အခါ ဆွဲထားလိုက်။” ဟု ကုနင်းက ချောင်ယကို ပြောကြားခဲ့သည်။

“ကောင်းပြီ။” ချောင်ယက ခေါင်းညိတ်ပြလိုက်ပြီး အဆောက်အဦးထဲကို ပြေးသွားသည်။ ဒါက ရုံးအဆောက်အဦးတစ်ခုဖြစ်ပြီး သူမဟာ တတ်နိုင်သမျှ အပေါ်ဆုံးကို ရောက်အောင်သွားရမည်။

တစ်ချိန်တည်းမှာပင် ကုနင်း သည် မစ္စကျောက်ထံသို့ လျှောက်သွားပြီး "မဒမ် မင်းရဲ့ခင်ပွန်း ဘာကြောင့် သတ်သေချင်တာလဲဆိုတာ ငါသိလို့ရမလား။"

သို့သော်လည်း မစ္စကျောက်က ဘာမှပြန်မပြောမှီ၊ ကြည့်ရှုသူများသည် ကုနင်း ကို စတင်ဝေဖန်လာကြသည်။ "ဟေ့ မင်းကဘာလို့ဒီမေးခွန်းမေးတာလဲ။ ငိုနေတာကို မင်းမမြင်ဘူးလား။"

"အတင်းမပြောနဲ့!"

“…”

ကြည့်ရှုသူအချို့က သူတို့ကိုယ်သူတို့ တရားမျှတမှုဘက်တွင် ရပ်တည်သည်ဟု အထင်ရောက်ပြီး ကုနင်းကိုတော့ စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု အပြစ်တင်ကြသည်။

ကုနင်းက သူတို့ကို လျစ်လျူရှုပြီး မစ္စကျောက်ကို အာရုံစိုက်လိုက်တယ်။ မစ္စကျောက်က သူမကို ပြောချင်စိတ်ရှိလျှင် သူမ နားထောင်လိမ့်မည်။ မဟုတ်ရင် သူ့ကို အတင်း‌ပြောခိုင်းမှာ မဟုတ်ပေ။ ကျောက်ပင်းရှုကို ကူညီနိုင်ဖို့ သူဘာလို့ အဆောက်အဦးပေါ်က ခုန်ချဖို့ ရွေးချယ်ခဲ့တာလဲဆိုတာ သူမသိချင်နေသည်။

ကုနင်းက ကြင်နာတဲ့‌မေးခွန်း‌မေးတာကို မစ္စကျောက် က နားလည်တဲ့အတွက် သူမက “ကျွန်မခင်ပွန်းက ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ သူ့သူငယ်ချင်းရဲ့ အလိမ်ခံလိုက်ရတယ်။ အခု အကြွေးတွေနဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နပေေမယ့် သူ့သူငယ်ချင်းက အကြွေးဆပ်ပေးဖို့ လက်မခံဘူး။…”

ကျောက်ပင်းရှု၏သမီး ကျောက်ကျင်းဟန်သည် ကုနင်းကို ချက်ချင်းမမှတ်မိပဲ အချိန်တစ်ခုကြာအောင် ထုံထိုင်းနပေြီးနောက်

"ကု..ကုနတ်ဘုရားမ? အိုး၊ ကုနတ်ဘုရားမ မလား။ ကျေးဇူးပြုပြီး ငါ့အဖေကို ကူညီပေးပါ။ ငါ့အဖေကို မဆုံးရှုံးချင်ဘူး၊" ပြောရင်း ကျောက်ကျင်းဟန်က ထပ်ပြီး ငိုပြန်လေသည်။

ကျောက်ကျင်းဟန်က ကုနင်း သည် အပြစ်မဲ့‌ေသာလူများစွာကို ကယ်တင်ခဲ့သည်ကို သူမ သိသောကြောင့် သူ့အဖေကိုလည်း ကုနင်း ကယ်တင်‌ပေးနိုင်မည်ဟု ယုံကြည်‌နေလေသည်။

***

အခန်း ၁၅၁၀ ရှင့်အကြွေးတွေကို ကျွန်မဆပ်ပေးမယ်

သူ့သမီးက ကုနင်းကို ကုနတ်ဘုရားမဟု ခေါ်သံကြားတော့ မစ္စကျောက် စိတ်ရှုပ်သွားသည်။ သူ့သမီးက ကုနင်းနဲ့ ရင်းနှီးပုံရ‌ပေမယ့် ဘာကြောင့်လဲဆိုတာ သူမ မသိပေ။ သို့သော် ကုနင်းသည် သူမ၏မျက်လုံးထဲတွင် သာမာန်မိန်းကလေးမျှသာဖြစ်သောကြောင့် သူမ၏ခင်ပွန်းကို ကယ်တင်နိုင်လိမ့်မည်ဟု သူမ,မထင်ပေ။

မစ္စကျောက် တင်မဟုတ်ပဲ တခြားလူတွေလည်း မယုံကြပါ။

"ဒီကောင်မလေး ရူးနေတာလား။ သူ့အဖေကို ကယ်တင်ဖို့ တခြားမိန်းကလေးကို ဘာလို့ အကူအညီတောင်း‌နေတာလဲ”။

"သူ့လို ငယ်ငယ်ရွယ်ရွယ် မိန်းကလေးက ဘာလုပ်တတ်မှာမလို့လဲ။"

"သူမ အရမ်းစိုးရိမ်နေတော့ အခု ဘာလုပ်ရမှန်းတောင် မသိတော့တာနေမယ်။"

"ဟုတ်တယ်”

“…”

ကုနင်းက ဒါကို ဖြေရှင်းနိုင်မယ်လို့ ဘယ်သူမှ မယုံခဲ့ကြပေမယ့် ကုနင်းကတော့ သူတို့ရဲ့ ထင်မြင်ချက်တွေကို ဂရုစိုက်နေခြင်းမရှိပေ။

"စိတ်မပူပါနဲ့။မင်းအဖေ အဆင်ပြေစေမယ်လို့ အာမခံတယ်။" ကုနင်းက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။

ကျောက်ကျင်းဟန်သည် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး ထိုစကားကိုကြားပြီးနောက် စိတ်သက်သာရာရသွားသည်။

အခြားတစ်ဖက်တွင်မူ မစ္စကျောက်သည် ရင်ထဲခံစားလိုက်ရပြီး ကုနင်း၏ကတိကိုတော့ အလေးအနက်မထားပေ။ အနည်းဆုံးတော့ ကုနင်းက အဲ့ဒီကြည့်နေတဲ့လူတွေလောက် စိတ်အနှောက်အယှက်ဖြစ်ဖို့မကောင်းပေ။

ခနအကြာတွင် ကုနင်းသည် သူမ၏ ကျောပိုးအိတ် (သူမ၏ စိတ်စွမ်းအင်အာကာပြင်) ကို ချွတ်လိုက်ပြီး အသံချဲ့စက်ကို ထုတ်လိုက်သည်။

သူမ ထုတ်ယူလိုက်သောအခါ အားလုံး အံ့ဩသွားကြသည်။

ကုနင်းက အဲဒါကို ဖွင့်လိုက်ပြီး ကျောက်ပင်းရှု ကို အော်ပြောလိုက်တယ်

"ဟေ့ မစ္စတာကျောက်၊ ရှင် ကိုယ့်ကိုကိုယ် သတ်သေလိုက်တာနဲ့ ပြသနာကိုဖြေရှင်းနိုင်မယ်လို့ ထင်‌ေနတာလား။ ရှင့်မိန်းမနဲ့သမီးအတွက်တောင် မစဉ်းစားတော့ဘူးလား။ ရှင်က သေရမှာတောင် မကြောက်ဘူးဆိုတော့ ရှင့်ကိုယ်ရှင် ကျွန်မဆီရောင်းရဲလား။ ကျွန်မ ရှင့်ရဲ့အကြွေးတွေကို ဆပ်ပေးပြီး ရှင့်ကိုလှည့်စားတဲ့သူကို အပြစ်ပေးပေးမယ် ဒါပေမယ့် ရှင်ကျွန်မအတွက်‌တော့ အလုပ်လုပ်‌ပေးရမယ်။"

အဲဒါကို ကြားတော့ ကြည့်ရှုသူတွေ အံ့ဩသွားကြသည်။

"ဘာလဲ? ရူးနေတာလား။"

"ငါ့နားကိုငါ မယုံနိုင်ဘူး။"

"သူမက သူ့အကြွေးတွေကို ဆပ်ပေးမှာလား။ တကယ်ကြီး?"

“သူမက ဒီတိုင်းကြွားနေတာ။”

"ငါ့အထင် သူက အဲဒီလူကို အမိုးပေါ်က ဆင်းစေချင်လို့ ပြောတာထင်တယ်။"

“မသိတော့ဘူး။”

"ငါတော့ မယုံဘူး။"

“…”

ကုနင်းက ကျောက်ပင်းရှုကို အဆောက်အဦးပေါ်ကနေ ဆင်းအောင်လို့ ဆင်ခြပေေးနေတယ်လို့ ကြည့်ရှုသူအများစုက ထင်နေကြသည်။ အဲ့တာသာ အမှန်ဆိုလျှင် ကုနင်း၏ အပြုအမူကို နားလည်ပေးလို့ရပေသည်။ ။

တစ်ဖက်တွင် ကျောက်ကျင်းဟန်သည် စိတ်လှုပ်ရှားနပေြီး ကုနင်းအပေါ် မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေသည်။ သူမက ကုနင်းရဲ့ ပရိသတ်တွေထဲက တစ်ယောက်ဖြစ်လို့ ကုနင်း ဒီလိုတကယ်လုပ်နိုင်တယ်ဆိုတာ သူမ သိသည်။

မစ္စကျောက်လည်း အလွန်အံ့အားသင့်သွားပြီး ကုနင်း တကယ်ပြောတာ ဟုတ်၊မဟုတ်မသေချာပါ။ ဘာပဲဖြစ်ဖြစ် သူမရဲ့ခင်ပွန်းကို ကယ်တင်နိုင်သရွေ့တော့ သူမဟာ ကုနင်းကို ယုံကြည်ဖို့ ဆန္ဒရှိနေခဲ့သည်။

ကျောက်ပင်းရှုသည် ကုနင်း၏စကားကိုကြားသောအခါ အနည်းငယ် ငြိမ်သက်သွားပြီး သူမသည် သူ့ကို နောက်ပြောင်‌နေသည်ဟု ခံစားရလေသည်။

"ဒါ အဓိပ္ပာယ်ရှိတယ်လို့ မင်းထင်နေတာလား?" သူမေးလိုက်သည်။ တကယ်တော့ သူသေဖို့ တွန့်ဆုတ်နပေေမယ့် အခုအချိန်မှာ ရွေးချယ်စရာမရှိတော့‌အေ။ သူ့သူငယ်ချင်းကို ပိုက်ဆံပြန်ပေးစေချင်ရုံလေးပါ။ တကယ်လို့ သူ့သူငယ်ချင်းက ဒါကို ငြင်းဆိုခဲ့မယ်ဆိုရင် သူ ဒီအဆောက်အဦးကနေ တကယ်ခုန်ချပစ်နိုင်သည်။

သူသည် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ပြီး ငွေအနည်းငယ်ရှာနိုင်သော်လည်း အလွန်ချမ်းသာသည်‌တော့မဟုတ်ပေ။ သူသည် အရမ်းချမ်းသာကြွယ်၀ခြင်းမရှိသောကြောင့် စီးပွားရေးနှင့် နိုင်ငံရေးတွင် ဩဇာကြီးမားခြင်းမရှိသည့်အပြင် သူအလိမ်ခံလိုက်ရပြီးနောက် မည်သူမျှ သူ့ကို မကူညီပေ။

သူ့ပိုက်ဆံကို ပြန်လိုချင်ပြီး သူ့သူငယ်ချင်းကို ဥပဒေနဲ့အညီ အပြစ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ကံမကောင်းစွာနဲ့ပဲ သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးလိုက်ရသောအခါတွင် သူသည် အကူအညီမဲ့သွားသလို ခံစားခဲ့ရသည်။

"ကျွန်မပြောတာတကယ်ပါ ရှင့်မှာဖုန်းရှိလား။ ကျွန်မနာမည်ကို အင်တာနက်မှာ ရှာကြည့်လို့ရတယ်။ ကျွန်မနာမည် ကုနင်းပါ။ ကျွန်မအကြောင်း သတင်းတချို့ဖတ်ပြီးရင် ရှင့်ကို ကူညီပေးနိုင်လား မကူညီနိုင်ဘူးလားဆိုတာကို သိသွားလိမ့်မယ်။"

“ရှင် ကျွန်မကိုယုံရင် အခုချက်ချင်းဆင်းလာပြီး ရှင့်ရဲ့အခက်အခဲတွေကို ကျွန်မတို့ဆွေးနွေးနိုင်တယ်။ ရှင်ဘယ်သူလဲဆိုတာ ကျွန်မသိတယ်၊ ရှင်ကစီးပွားရေးလုပ်ငန်းကို ကောင်းကောင်းလုပ်တတ်တယ်ဆိုတာလည်း သိတယ်။ ကျွန်မအတွက် အလုပ်လုပ်‌ပေးဖို့ ရှင့်လိုလူလိုအပ်နေတယ်။"

ကျောက်ပင်းရှုသည် အပေါ်ဆုံးထပ်အစွန်းတွင် ထိုင်နေတဲ့အတွက် လှုပ်ရှားမှုနည်းနည်း‌လောက်လိုက်ရုံနဲ့ ဖုန်းကို သုံးနိုင်မည်ဖြစ်သည်။

ကြည့်ရှုသူများကလည်း ကုနင်းအကြောင်း သိချင်လာသောကြောင့် သူတို့အားလုံး ကုနင်းအကြောင်းကို စတင်ရှာဖွေခဲ့ကြသည်။

ကုနင်းသည် သူမကိုယ်သူမ လူသိရှင်ကြား ထုတ်မပြချင်သော်လည်း ယခုအချိန်တွင် ဒီထက့် ပိုကောင်းသော အကြံဉာဏ်မရှိပေ။ သူမသည် ကျောက်ပင်းရှုကို သတ်သေဖို့ လက်လျော့ရန် လိုအပ်သောကြောင့် သူမ၏ လုပ်နိုင်စွမ်းကို ပြသရန် လိုအပ်သည်။

အင်တာနက်မှာ ကုနင်းအကြောင်း သတင်းကို ဖတ်ပြီးနောက် လူတိုင်း အံ့ဩသွားကြသည်။

"အိုး သူက ဒီနှစ် အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးနဲ့ ၀င်ခွင့်ရခဲ့တာပဲ။"

"အိုး ငါသူ့ကိုသိတယ်။"

"သူမက မယုံနိုင်စရာပဲ။"

“အခုတော့ သူ့အကြွေးတွေကို ဆပ်ပေးနိုင်မယ်ဆိုတာ ယုံသွားပြီ။”

"ဝိုး... သူက နာမည်ကြီး ကုနတ်ဘုရားမပဲ!"

"ငါ သူ့ကို မမှတ်မိလိုက်ဘူး။"

“…”

ကုနင်းသည် ဒီတိုင်း ကြွားလုံးထုတ်နေခြင်းမဟုတ်ဟု လူတိုင်းက ယုံကြည်သွားကြပြီး သူမ၏ မယုံကြည်နိုင်စရာကောင်းသော အောင်မြင်မှုများအကြောင်းကို သိပြီးနောက် အားလုံးက သူမကို ချီးကျူးခဲ့ကြသည်။

မစ္စကျောက်က သူတို့ပြောနေတာတွေကို ကြားပြီး ကုနင်း အကြောင်းကို အများကြီး သိသွားခဲ့သည်။ ချက်ခြင်းဆိုသလိုပဲ သူ့သမီးက မှန်ကန်တဲ့လူဆီ အကူအညီတောင်း‌ကြောင်း သူမ သိလိုက်ရသည်။ လက်ရှိအခြေအနေမှာ ကုနင်းထက် ဘယ်သူကမှ ဒါကို ကောင်းကောင်းမဖြေရှင်းနိုင်‌ပေ။

အဲဒါကိုတွေးပြီး မစ္စကျောက်က ကုနင်းကို ထပ်တောင်းဆိုလိုက်သည်။ "မစ္စကု မင်းငါ့ခင်ပွန်းကိုသာ ကယ်တင်‌ပေးမယ်ဆိုရင် မင်းအတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိပါတယ်။"

***

အခန်း ၁၅၁၁ ကျောက်ပင်းရှု သဘောတူလိုက်ပြီ

"မစ္စကျောက် ၊ ကျွန်မအတွက် မင်းရဲ့ခင်ပွန်းက အလုပ်လုပ်‌ပေးဖို့ပဲလိုတယ်။ သူက မန်နေဂျာကောင်းတစ်ယောက်ဖြစ်ပြီးတော့ ကျွန်မကို ကူညီပေးဖို့ မန်နေဂျာကောင်းတစ်ယောက် လိုအပ်‌‌နေတယ်။” လို့ ကုနင်းက ဆိုသည်။

ကုနင်းသည် ရိုးရိုးသားသားနဲ့ကူညီချင်တာဖြစ်ပြီး ကျောက်ပင်းရှုအတွက် လိုအပ်နေတာကလည်း သူ့ကို ကူညီထောက်ပံ့ပေးမယ့်သူ ဖြစ်သည်။

မည်သည့်လုပ်ငန်းတွင်မဆို လူတစ်ဦးသည် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကြောင်းတစ်ခုရရှိရန် တခြားသူရဲ့ ပံ့ပိုးကူညီမှု လိုအပ်သည်။

ကုနင်းသည် ငယ်ငယ်ရွယ်ရွယ်တွင် ဤမျှအထိ အောင်မြင်နိုင်ခြင်းကလည်း သူမ၏ အဆက်အသွယ်များမှ အကူအညီများစွာကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ သူမသည်လည်း ယနေ့ သူမရှိတဲ့ နေရာသို့ ရောက်ရှိရန် အခြားသူများ၏ ပံ့ပိုးကူညီမှုများကိုလည်း လိုအပ်ခဲ့ပါသည်။

ကုနင်းက သူ့ခင်ပွန်းကို အလုပ်ပေးမယ်လို့ ကတိပေးလိုက်တဲ့အခါ မစ္စကျောက်က စိတ်လှုပ်ရှားနေတော့သည်။

ကျောက်ပင်းရှုသည် အင်တာနက်ပေါ်တွင် ကုနင်းအကြောင်း သတင်းကို ဖတ်လိုက်သောအခါ အံ့အားသင့်သွားပြီး သူမသည် သူ့သမီးလေးရဲ့ အိုင်ဒေါ ကုနတ်ဘုရားမဖြစ်သည်ကို သတိရသွားသည်။ သူ့သမီးဆီမှ ကုနင်းအကြောင်း အနည်းငယ်ကြားသိခဲ့ရတုန်းက သူမအပေါ် အထင်ကြီးသွားခဲ့သည်။ ကုနင်းက သူ့ကို ကူညီချင်စိတ်ရှိရင် သူ့မိသားစုနဲ့ သူ့အသက်ကို ကယ်တင်နိုင်ပေလိမ့်မည်။

"အခု ရှင်ကျွန်မကိုယုံနိုင်ပြီလား။" ကုနင်းက သူ့ကို ထပ်အော်‌မေးလိုက်သည်။။

"မစ္စကု ၊ မင်းက မယုံနိုင်စရာ မိန်းကလေးပဲ၊ ငါ မင်းအတွက် အလုပ်လုပ်ပေးပါမယ်။ ငါ အခု ဆင်းလာပါပြီ!" ကျောက်ပင်းရှု သည် မျှော်လင့်ချက်များ မြင်လာသောကြောင့် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“ကောင်းလိုက်တာ!” ကုနင်း ခေါင်းညိတ်လိုက်သည်။

ဘာပြောလိုက်လဲဆိုတာကို အားလုံးက သိချင်နေကြလေသည်။ အဆောက်အဦးခေါင်မိုးကနေမလို့ ကျောက်ပင်းရှု ပြောတာကို သူတို့မကြားနိုင်ပေမယ့် ကုနင်း လုပ်နိုင်လိုက်ပုံရတယ်။ ဘယ်လိုလုပ်အဲ့တာ ဖြစ်နိုင်တာလဲ။ မယုံနိုင်ခဲ့ကြဘူး။

"မစ္စကျောက် မကြာခင် မင်းခင်ပွန်းကို တွေ့ရလိမ့်မယ်။ သူဆင်းလာပြီ။”

"တကယ်လား? ကောင်းလိုက်တာ…” မစ္စကျောက် နှင့် ကျောက်ကျင်းဟန် နှစ်ဦးစလုံးသည် သူတို့၏မျက်လုံးများတွင် မျက်ရည်များဝဲလျက်။

ကျောက်ပင်းရှု မတ်တပ်ထရပ်လိုက်သည်။

သူ နောက်ပြန်ဆုတ်သွားတော့မယ်လို့ လူတိုင်းက ထင်နေချိန်မှာတော့ ကြောက်စရာကောင်းတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တော့သည်။

ကျောက်ပင်းရှု အောက်ပြန်ဆင်းရန် လှည့်လိုက်တဲ့အချိန်မှာ တစ်စုံတစ်ယောက်က တွန်းထုတ်ခြင်းခံလိုက်ရပြီး ဟန်ချက်ပျက်ကာ ခေါင်မိုးပေါ်ကနေ ပြုတ်ကျသွားသည်။

"အမယ်လေး!" အဆောက်အဦးအောက်ရှိလူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြတယ်။

မစ္စကျောက်နှင့် ကျောက်ကျင်းဟန်သည် လုံးဝအံ့အားသင့်သွားပြီး မစ္စကျောက်ဆို မေ့လဲလုနီးပါးဖြစ်သွားသည်။

ကျောက်ပင်းရှုက ဘာလို့ ရုတ်တရက် ပြုတ်ကျရတာလဲ။ ဆင်းဖို့သဘောတူတယ် မဟုတ်ဘူးလား။

ဘာဖြစ်ခဲ့လဲဆိုတာ လူတိုင်း မသိပေမယ့် ကုနင်းကတော့ ဒါဟာ မတော်တဆ မဖြစ်နိုင်ဘူးဆိုတာ သိသည်။ အမိုးက သူတို့ခေါင်းထက်အဝေးမှာရှိလို့ တခြားလူတွေမမြင်နိုင်ပေမယ့် ကုနင်းကတော့ ရှင်းရှင်းလင်းလင်းမြင်လိုက်လေသည်။

ကံကောင်းစွာနဲ့ပဲ ကျောက်ပင်းရှု ပြုတ်ကျပြီး ဒုတိယအထပ် ရောက်ချိန်မှာ လက်တစ်ဖက်က ပြတင်းပေါက်ကနေ ထွက်လာပြီး သူ့လက်ကို ဖမ်းကိုင်လိုက်တာကြောင့် ပြုတ်ကျတာကို တားဆီးလိုက်နိုင်ပြီး ပြတင်းပေါက်မှာ တွဲလောင်း အနေအထားနဲ့ဖြစ်သွားတော့သည်။

သူ့ကိုဖမ်းတဲ့လူကတော့ ချောင်ယပင်။ တစ်ယောက်ယောက်က အမိုးထပ် တံခါးကို ပိတ်ဆို့ထားသောကြောင့် ချောင်ယသည် ကုနင်း စကားအတိုင်း အတွင်းထဲသို့ မဝင်ရောက်နိုင်ခဲ့ပေ။ အဲဒီအစား ကျောက်ပင်းရှု ရုတ်တရက်ခုန်ချခဲ့သည်ရှိသော် ထိုသို့သော အခြေအနေအတွက် ကျောက်ပင်းရှု ထိုင်နေတဲ့ နေရာအောက်က အခန်းကို သွားလိုက်သည်။

သူမသည် တကယ် အလွန်ထက်မြက်ပြီး ရဲရင့်‌ပေသည်။

အခန်းထဲတွင် အခြားမည်သူမျှမရှိသောကြောင့် သူမကို မည်သူမှ မတားခဲ့ပေ။

ကျောက်ပင်းရှုကို လက်နဲ့ ဖမ်းထားတာကို အဆောက်အဦးအောက်က လူတွေက မြင်တော့ သက်သာရာရသွားသည်။

ချောင်ယသည် ပုံမှန်ထက် သန်မာသောကြောင့် ကျောက်ပင်းရှုကို အခန်းပေါ်သို့ ဆွဲတင်ရန် သူမအတွက် မခက်ခဲပေ။ နောက်ဆုံးတွင် ကျောက်ပင်းရှုကို ကယ်တင်နိုင်ခဲ့သည်။

အဆောက်အဦအောက်မှာ လူတွေက သူတို့ကိုယ်တိုင် မကူညီနိုင်‌ခဲ့ကြသော်လည်း လက်ခုပ်တီးကြတော့သည်။

မစ္စကျောက်နဲ့ ကျောက်ကျင်းဟန်က ထပ်ပြီး ငိုနေခဲ့သော်လည်း သူ့ကို သေစေချင်တဲ့ သူတွေက တော့ စိုးရိမ်နေကြတော့သည်။

အမိုးပေါ်တက်တံခါးကို ပိတ်ဆို့ထားပြီး လူလေးယောက်က ကျောက်ပင်းရှုရဲ့နောက်မှာ စောင့်ဆိုင်းနေခဲ့သည်။ သူတို့သည် ကျောက်ပင်းရှု၏ပိုက်ဆံကို လိမ်လည်လှည့်ဖြားခဲ့ကြသူများဖြစ်သည်။ တစ်ယောက်က ရှင်းထုံဆောက်လုပ်ရေး ကုမ္ပဏီ၏ ဥက္ကဌ ဝူယွင်ကွမ်းဖြစ်သည်။

တစ်ဦးက သူ၏မန်နေဂျာဖြစ်ပြီး ကျန်နှစ်ဦးမှာ အတွင်းရေးမှူးဖြစ်သည်။

ရှင်းထုံ ဆောက်လုပ်ရေးကုမ္ပဏီသည် ကြီးမားသည်မဟုတ်သလို သေးငယ်သည်လည်းမဟုတ်ပေ။ ပိုင်ဆိုင်မှု ယွမ်သန်းတစ်ရာကျော်ရှိသည်။ အရေးအကြီးဆုံးကတော့ ဝူယွင်ကွမ်းရဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပြီး သူအရမ်း တန်ဖိုးထားဂရုစိုက်သည်။

ကျောက်ပင်းရှုသည် မိမိကိုယ်မိမိသတ်သေလိုသည့် အကြောင်းရင်းအမှန်ကို အခြားသုံးဦးမှ သိရှိခဲ့ကြသော်လည်း သူတို့ဟာ ဝူယွင်ကွမ်းရဲ့လူတွေမို့လို့ ဘယ်သူ့ကိုမှ မပြောရဲကြပေ။

ဝူယွင်ကွမ်းက သူတို့ကို ယုံကြည်တဲ့အတွက် ဒီနေ့ သူ့ကို ကူညီပေးဖို့ ပြောခဲ့တာဖြစ်သည်။

တကယ်တော့ ဝူယွင်ကွမ်းက ကျောက်ပင်းရှုကို ဒီမှာပဲ မသေစေချင်ဘူး ၊ ဒါက သူ့ကို ဒုက္ခများ‌စေသည်။ သို့သော်လည်း ကုနင်းသည် ရုတ်တရက်ပေါ်လာပြီး ကုနင်းက ကျောက်ပင်းရှုကို ကူညီပေးနိုင်သည်မှာ သေချာနေသည်။ ကုနင်းပါ ပါဝင်လာပါက ထောင်ကျမည်ကို သူကြောက်သောကြောင့် ကျောက်ပင်းရှုကို အဆောက်အဦးမှ တွန်းထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ မထင်မှတ်ပဲ ကျောက်ပင်းရှု မသေသေးဘဲ နောက်တစ်ဆင့်မှာ တစ်စုံတစ်ယောက်က လှမ်းဆွဲတာကို ခ‌ံလိုက်ရသည်။

ဝူယွင်ကွမ်းက အခုထိ ထိတ်လန့်နေတော့တယ်။ ဘာဖြစ်ခဲ့လဲဆိုတာကို လျှို့ဝှက်ထားရန် အခြားလူသုံးဦးကို သတိပေးခဲ့ပြီး မတော်တဆမှုပြုတ်ကျသွားသလို နေရန်ပြောလိုက်သည်။

ဝူယွင်ကွမ်း၏အနာဂတ်သည် သူတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက်လည်း အလွန်အရေးကြီးသောကြောင့် မဆိုင်းမတွ သဘောတူခဲ့ကြသည်။ အဲဒီနောက် သူတို့လည်း ဆင်းသွားသည်။

ကျောက်ပင်းရှုက အရမ်းကြောက်‌နပေြီး တုန်လှုပ်‌နေကာ သူ့ကို ကယ်တင်လိုက်သည်ကို အံ့အားသင့်သွားသည်။ ဒါကိုမြင်တော့ ချောင်ယက သူ့ကို ချက်ခြင်း အောက်ထပ်ကို ဆင်းဖို့ အတင်းမတိုက်တွန်းတော့ပဲ ခဏလောက် အနားယူဖို့ ပြောလိုက်သည်။

မစ္စကျောက်နှင့် ကျောက်ကျင်းဟန်တို့က အပေါ်ထပ်သို့ တက်ချင်သော်လည်း ကုနင်းက သူတို့ကို တားလိုက်သည်။ "အဆင်ပြပေါတယ် ငါ့လက်အောက်ငယ်သားက သူ့ကိုကူညီပြီး ဆင်းလာလိမ့်မယ်။ အခု အပေါ်တက်ရင် ဓာတ်လှေကားအများကြီးရှိလို့ တစ်ယောက်နဲ့တစ်ယောက် လွဲသွားနိုင်တယ်။"

အဲဒါကိုကြားတော့ မစ္စကျောက်နဲ့ ကျောက်ကျင်းဟန်က သဘောတူပြီး အဆောက်အဦးအောက်မှာ စောင့်နေခဲ့သည်။

"မစ္စကု၊ ငါ့ခင်ပွန်းကို ဖမ်းမိတဲ့လူက မင်းရဲ့လက်အောက်ငယ်သားလား။" မစ္စကျောက်က ကုနင်းကို မေးလိုက်သည်။ ထိုလူကိုလည်း ကျေးဇူးတင်သင့်သည်ဟု သူမထင်သည်။

အခန်း ၁၅၁၂ အမှန်မဟုတ်ဘူး!

“ဟုတ်ပါတယ်။” ကုနင်း ခေါင်းညိတ်လိုက်သည်။

အဲဒါကို သိလိုက်ရတော့ မစ္စကျောက်ဟာ အသက်ပြင်းပြင်းရှူရင်း ကုနင်းရဲ့ စွမ်းရည်ကို အံ့ဩမိပြန်တယ်။

သူမသည် ကိုယ်တိုင်လည်း မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရုံသာမက သူမ၏ လူများကလည်း မယုံနိုင်စရာပင်။

ယခု သူမသည် ကုနင်းကို အတော်လေး ကျေးဇူးတင်နေမိသည်။ ဒါဟာ မတော်တဆ တစ်ခုလို့သာ သူမထင်ပြီး ခင်ပွန်းဖြစ်သူကို ဘေးကင်းစေချင်ရုံလေးပါ။

…

ကျောက်ပင်းရှု အခန်းထဲမှာ ခဏလောက် အနားယူနေတော့ ဝူယွင်ကွမ်းနဲ့အတူ သူ့လူတွေ ရောက်လာသည်။

အမျိုးသမီးတစ်ဦး ကျောက်ပင်းရှု၏အသက်ကို ကယ်တင်ခဲ့သည်ကိုတွေ့လိုက်ရသောအခါ ဝူယွင်ကွမ်းသည် အလွန်အံ့အားသင့်သွားပြီး ဒေါသလည်းထွက်သွားတော့သည်။

"အို ဟိုင်း ပင်းရှု ဘယ်လိုနေလဲ? မင်းအဆင်ပြေလို့ ဝမ်းသာလိုက်တာ၊ ဒါပေမယ့် ပြောစရာရှိတယ် မင်းစီးပွားရေးကျရှုံးတာနဲ့ပဲ ငါ့ကို အပြစ်ပြောလို့မရဘူးလေ ရင်းနှီးမြုပ်နှံတယ်ဆိုတာက ဘယ်လောက် အန္တရာယ်များလဲ မင်းသိလား။” ဝူယွင်ကွမ်းက အပြစ်ကင်းသလိုဟန်ဆောင်လေသည်။

ဝူယွင်ကွမ်းသည် ကျောက်ပင်းရှုကို ရင်းနှီးမြုပ်နှံရန် လှည့်စားပြီး သူ့ပိုက်ဆံများကို လိမ်ယူခဲ့သော်လည်း ရင်းနှီးမြှပ်နှံမှုနှင့် တိုက်ရိုက်ပတ်သက်မှုမရှိ‌ပေ။ ထို့ကြောင့် သူ့နာမည်ကို ရှင်းရန် ကြိုးစား‌နေခြင်းဖြစ်သည်။ သူသည် တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးသွမ်းသူဖြစ်သည်။

ကျောက်ပင်းရှုသည် ဒေါသတကြီးဖြင့် အံကြိတ်ထားသည်။

"ဝူယွင်ကွမ်း အဲ့တာက မင်းနဲ့ ကျန်းဖင်းယီနဲ့ဆင်ထားတဲ့ ထောင်ချောက် ဆိုတာ ငါသိတယ်။ ငြင်းဖို့မကြိုးစားနဲ့! ငါ့မှာ သက်သေမရှိဘူးလို့ မင်းထင်‌နေလား။ ကြည့်ရ‌သေးတာ‌ပေါ့။"

အမှန်မှာ ကျောက်ပင်းရှုနဲ့ချုပ်ထားသော စာချုပ်သည် အစစ်အမှန်မဟုတ်သောကြောင့် အသုံးဝင်သောအထောက်အထားမရှိ၍ ကျန်းဖင်းယီ ပျောက်ဆုံးနေချိန်တွင် ဝူယွင်ကွမ်းက ဝန်ခံရန်ငြင်းဆိုခဲ့သည်။ သို့သော် ယခုအချိန်တွင် သူအားတင်းထားရမည်ဖြစ်သည်။

ဝူယွင်ကွမ်းက သူ့ကို ဘာကြောင့် ဒီလိုလုပ်မယ်မှန်း မသိ‌ပေ။ အရင်တုန်းကတော့ ဝူယွင်ကွမ်းကို သူအများကြီး ကူညီပေးခဲ့ဖူးပေမယ့် ဝူယွင်ကွမ်းကတော့ သူ့ရဲ့ ကြင်နာမှုကို ဒီပုံစံနဲ့ ပြန်ပေးလာခဲ့သည်။

ကျောက်ပင်းရှုသည် ကုနင်းကို ယုံပြီး ဝူယွင်ကွမ်းကို ထောင်ထဲထည့်ရန် သူမအတွက် ခက်ခဲမည်မဟုတ်ဟု ယုံကြည်သည်။ ထို့ကြောင့် ကုနင်းက သူ့ကို ကူညီမည်ဟု ကတိပေးသောကြောင့် သူစိတ်ရှည်ရမည်။

ဝူယွင်ကွမ်းသည် ကျောက်ပင်းရှုကို မျက်လုံးမှိတ်ပြလိုက်သည်။

“လျှောက်ပြောမနေနဲ့။ ငါ့မှာ အပြစ်ရှိကြောင်း သက်သပေြဖို့ မင်းမှာ ခိုင်လုံတဲ့ အထောက်အထား ရှိလို့လား ရယ်စရာပဲ!” ဝူယွင်ကွမ်းက ပြောသည်။

"ကြည့်ရသေးတာပေါ့!"

ကျောက်ပင်းရှုသည် ရွံရှာသလိုခံစားလိုက်ရပြီးခေါင်းလှည့်လိုက်ကာ ချောင်ယကို ရိုးသားစွာ ကျေးဇူးတင်စကားဆိုသည်။

“မစ္စ ဘယ်လို ကျေးဇူးတင်ရမှန်းကို မသိတာ အမှန်ပါပဲ။ မင်း‌ကြောင့်သာမဟုတ်ရင် ကျွန်တော် အမိုးပေါ်ကနေ ပြုတ်ကျသွားမှာ။"

ထိုစကားကို ပြောရင်းနဲ့တောင် ကျောက်ပင်းရှု အနည်းငယ် ကြောက်လန့်သွားသေးသည်။

"ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး ကျွန်မဘော့စ် ကုနင်းကို ကျေးဇူးတင်ရမှာပါ။" လို့ ချောင်ယက ဆိုသည်။ သူမသည် ကုနင်း၏အမိန့်ကြောင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကုနင်း၏အမိန့်သာ မရှိလျှင် ကျောက်ပင်းရှုသည် ယခုသေဆုံးသွား‌ပြီးဖြစ်ပေလိမ့်မည်။

"မင်းက ကုနင်းအတွက် အလုပ်လုပ်‌နေတာလား။" ကျောက်ပင်းရှု အံ့ဩသွားကာ မေးလိုက်သည်။

“ဟုတ်ပါတယ်” ချောင်ယက ခေါင်းညိတ်လိုက်သည်။

ဝူယွင်ကွမ်းလည်း အံ့ဩသွားပြီး ကုနင်းကို ယခင်ကထက် ပိုမုန်းတီးသွားသည်။ ကုနင်းသည် သူ့အကြံအစည်ကို ဖျက်ဆီးပစ်လိုက်တယ်လေ။

“ဟိုဟာ‌လေ...” ကျောက်ပင်းရှုသည် ရုတ်တရက် အနည်းငယ် ရှက်သွားပုံရသည်။

"မစ္စ ငါ့ကို တွဲဖို့ကူပေးနိုင်မလား။ ငါ ခြေထောက်က အခုအားမရှိတော့လို့..."

ချောင်ယသည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် ကျောက်ပင်းရှုသည် သူမ မကြိုက်မည်ကို စိုးရိမ်သော်လည်း သူတကယ်မလှုပ်ရှားနိုင်တော့ပေ။ ဝူယွင်ကွမ်းက သူ့ကို ထပ်ပြီးနာကျင်စေနိုင်တဲ့အတွက် သူဒီ‌နေရာမှာမနေချင်တော့‌ပေ။

“ပြဿနာမရှိပါဘူး၊” ချောင်ယ က ပြောသည်။ သူမ စိတ်လုံး၀မရှိပါ။

"ခဏနေဦး!" ချောင်ယသည် ကျောက်ပင်းရှု နှင့် ထွက်ခွာခါနီးတွင် ဝူယွင်ကွမ်း က သူတို့ကို တားလိုက်သည်။

"ဘာလဲ?" ချောင်ယ က သူ့ကို ဒေါသတကြီး တစ်ချက် ကြည့်လိုက်သည်။

ဝူယွင်ကွမ်းသည် ချက်ခြင်းပင် စိတ်ဖိစီးလာကာ ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ဒီမိန်းမနဲ့ သူမယှဉ်နိုင်‌လောက်ဘူးလို့ ခံစားနေရသည်။

“ဘာမှမဟုတ်ဘူး၊” ဝူယွင်ကွမ်း ချက်ချင်းလက်လျှော့လိုက်သည်။

ချောင်ယက ရယ်ပြီး ကျောက်ပင်းရှုနဲ့ ထွက်သွားသည်။

ဝူယွင်ကွမ်းက သူတို့ကို မလွှတ်ပေးလိုက်ချင်ပေမယ့် အခုချိန်မှာတော့ သူလုပ်နိုင်တာ ဘာမှမရှိပါ။ အမှန်တော့၊ သူတို့ဆက်နေရင်တောင် ဝူယွင်ကွမ်းက သူတို့ကို နာကျင်အောင် မလုပ်ရဲ‌ပေ။

သူ ဒေါသထွက်နေတာမလို့ သူတို့ကို တားဖို့ ကြိုးစားလိုက်ပြီး ချောင်ယက သူ့ ခွင့်ပြုချက်မရှိဘဲ ဒီအခန်းထဲကို ဝင်တဲ့အတွက် သူမအပေါ် ဒေါသထွက်ချင်တာပင်။

ဒီ‌အဆောက်အအုံရဲ့အပေါ်ဆုံးထပ်ကို ဝူယွင်ကွမ်းက ပိုင်ဆိုင်သည်။ သူ့မှာ သူ့ကုမ္ပဏီအပြင် အခြား အလတ်စား လုပ်ငန်း ခုနစ်ခုလည်း ရှိသေးသည်။

ဝူယွင်ကွမ်းသည် ချောင်ယနှင့် ကျောက်ပင်းရှုက သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး နောက်မှ ဆိုဖာပေါ်တွင် လဲကျသွားသည်။

အခန်းထဲရှိ ဝူယွင်ကွမ်း၏လူများမှာလည်း ကြောက်လန့်ပြီး အသံမထွက်ရဲပေ။

ချောင်ယနဲ့ ကျောက်ပင်းရှုတို့ ထွက်သွားပြီးတာနဲ့ မန်‌နေဂျာက အတွင်း‌ရေးမှူးနှစ်ယောက်ကို ထွက်သွားဖို့‌ပြောလိုက်ပြီး တံခါးကိုပိတ်လိုက်သည်။

All Chapters