← Chapters

အခန်း (၁၅၁၉-၁၅၂၄)

Vol. 96 Ch. 1519-1524

အခန်း (၁၅၁၉-၁၅၂၄)

Vol. 96 Ch. 1519-1524

အပိုင်း ၁၅၁၉ မင်းက အရမ်းအပိုလုပ်တယ်

ကျောက်ပင်းရှု ဒေဝါလီခံရတဲ့ အချိန်တုန်းကတောင် သူမသည် သူ့ကို ထားမသွားဘဲ သူတို့၏ စားသောက်ဆိုင်ငယ်ကို ဖွင့်လှစ်ရန် သူ့ကို ကူညီပေးဆဲဖြစ်သည်။

ကျောက်ပင်းရှုနှင့် မစ္စကျောက်တို့သည် တစ်ဦးနှင့်တစ်ဦး နားလည်ကြပြီး သာမန်ကိစ္စလေးနှင့် ရန်ဖြစ်တာမျိုးလည်းမရှိပေ။ ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် လူများသည် တစ်ကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကို ပိုအလေးပေးလာကြသည်။

"ငါလုပ်ပါမယ်" ကျောက်ပင်းရှုက ကတိပေးလိုက်သည်။

…

ချောင်ယက ကုနင်းကို စူးစမ်းလိုစိတ်ဖြင့် မေးသည်။ "ဘော့စ် သူ့ကို ဘာလို့ ဒီလောက်ယုံရတာလဲ။"

ကုနင်းက ဒီလိုမျိုးလုပ်တာ ဒါပထမဆုံးအကြိမ်မဟုတ်ပေမယ့် ကုနင်း ဘာလို့လုပ်တယ်ဆိုတာ သူမ နားမလည်သေး‌ပေ။

"ကျောက်ပင်းရှုက ထိပ်တန်းမန်နေဂျာတစ်ယောက္မဟုတ်ပေမယ့် သူက အတွေ့အကြုံရှိပြီး ရိုးသားတယ်။ ရိုးရိုးသားသားပြောရရင် ငါ့ဆရာကြောင့် ကူညီခဲ့တာ။ ငါ့ဆရာက အရင်က မကောင်းမှုတွေ လုပ်ခဲ့ဖူးပြီး အမြဲတမ်း အပြစ်ရှိတယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် အဲဒီဒုက္ခ‌ရောက်နေတဲ့တွေကို အကူအညီလိုရင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်။ ငါက သူ့အတွက် လုပ်ပေးတာပါ။” ဟု ကုနင်းက ဆိုသည်။

ကောင်းယိနှင့် ချောင်ယတို့သည် ကုနင်း၏ဆရာက ထန်အိုက်နင်းဖြစ်သည်ကို သိကြပြီး ထန်အိုက်နင်းသည် ပရော်ဖက်ရှင်နယ်လူသတ်သမားဖြစ်သည်။ ထို့ကြောင့် သူမ လူအများကို နာကျင်စေသည်မှာ သာမန်ဖြစ်သည်။ ထို့ကြောင့် ကောင်းယိနှင့် ချောင်ယတို့သည် ကုနင်း အဘယ်ကြောင့် ကူညီနေရကြောင်း နားလည်ခဲ့ကြသည်။

…

ရှန်းနဉ်အဖွဲ့အစည်းအပြင်ဘက်မှာ ဝူရွှမ်းဟွာက ကုနင်းကို ည ၇ နာရီအထိ စောင့်ခဲ့ပေမယ့် သူမကိုတော့ မတွေ့ရ ‌ပေ။ ကုနင်းက တခြားကားတစ်စီးနှင့် သွားတာဖြစ်လို့ သူလွတ်သွားတာဟု ထင်လိုက်သည်။ ဝူရွှမ်းဟွာသည် ကုနင်းကားကို တစ်ချိန်လုံးပြောင်းစီးရသည့် အကြောင်းရင်းကို နားမလည်နိုင်‌ပေ။

သူ ကုနင်း နောက်ကို အမြဲတမ်းခပ်ခွာခွာက‌နေလိုက်နေတဲ့အတွက် ကုနင်း သူ့ကို သတိမပြုမိသေးဟု ထင်နေခဲ့သည်။

ကုနင်း ထွက်သွားတာဖြစ်နိုင်တာမို့ သူ့ကို ဒီမှာ ဆက်စောင့်နေစရာ မလိုတော့တဲ့အတွက် ရာစုနှစ်မြို့တော်ကို တိုက်ရိုက် မောင်းသွားလိုက်သည်။

ဝူရွှမ်းဟွာသည် ရာစုနှစ်မြို့တော် ဂိတ်ပေါက်၏ ဆန့်ကျင်ဘက်ရှိ ဟိုတယ်တစ်ခုတွင် အခန်းတစ်ခန်းကို ကြိုတင်မှာယူထားသောကြောင့် ရာစုနှစ်မြို့တော် အနီးတွင် ညအချိန်တည်းခိုနိုင်သည်။

…

သို့သော် ကုနင်းသည် ရာစုနှစ်မြို့တော်သို့မပြန်‌သေးဘဲ သရဲခြောက်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားခဲ့သည်။

စောနေ‌သေးပြီး ကောင်းကင်တွင် အလင်းရောင်ရှိသေးသော်လည်း သူမသည် လာတဲ့ လမ်းပေါ်တွင် အချိန်များစွာကုန်ဆုံးနေသောကြောင့် သူမရောက်ရှိချိန်တွင် ညနေ ၈ နာရီ ၂၀ တွင်ဖြစ်သည်။ ဆယ်မိနစ်အတွင်းမှာပဲ ကောင်းကင်ကြီးက လုံးဝမှောင်သွား‌တော့သည်။

ညဘက်တွင် မီးမရှိသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးက ယင်စွမ်းအင်တို့ကြောင့် ပိုကြောက်စရာကောင်း‌နေသည်။

ထိုနေရာသည် လမ်းဆုံလမ်းခွတစ်ခုတွင်တည်ရှိပြီး ၎င်းပတ်ပတ်လည်တွင် အဓိကလမ်းများရှိနေသော်လည်း လမ်းမီးများသည် အပြည့်အဝအလင်းရောင်လုံလောက်စွာ မပေးနိုင်ပါ။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် အများစုမှာ အမှောင်ဖုံးနေသည်။

လမ်းမကြီးများပေါ်တွင် ယာဉ်အသွားအလာ များများစားစားမရှိသော်လည်း ကုနင်းက သူမအား လမ်းသွားလမ်းလာများမှ မှတ်မိမည်ကို စိုးရိမ်သည်။ ထို့ကြောင့် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ကုနင်း၊ ကောင်းယိနှင့် ချောင်ယသည် ကားပေါ်မှဆင်းကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ခြေလျင်လျှောက်သွားကြသည်။

အနီးနားတွင် နေထိုင်ကြသူများ အားလုံးက ကံမကောင်းသည့်နေရာဖြစ်ကြောင်း သိရှိထားသောကြောင့် ဤဆောက်လုပ်ရေးနေရာအနီးတွင် လူများ မသွားလာရဲကြပေ။ တစ်ချို့က ဖြတ်သွားရမယ်ဆိုရင်တောင် မြန်မြန်ဆန်ဆန် ပြေးသွားတတ်ကြ၏။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လူသွားစင်္ကြန်တစ်ခုရှိသော်လည်း လမ်းတစ်လျှောက်ရှိသစ်ပင်များတွက် ထူထပ်သောအရွက်များရှိသောကြောင့် ထိုလမ်းပေါ်တွင် အလင်းရောင်မရအောင် ပိတ်ဆို့‌နေကာ ကြောက်မက်ဖွယ်ဖြစ်‌နေသည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် မနီးမဝေးတွင် ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး စကားများရန်ဖြစ်နေကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး ဒီလမ်းဘေးမှာ လမ်းလျှောက်ရတာကြောင့် ရန်ဖြစ်ခဲ့ကြပေမယ့် မိန်းကလေးက အရမ်းကြောက်တဲ့အတွက် တက္ကစီ ဒါမှမဟုတ် တခြားလမ်းက‌‌နေ သွားချင်နေ၏။ သို့သော် သူတို့နေထိုင်သည့်နေရာသည် ဤဆောက်လုပ်ရေးနေရာ၏နောက်တွင်ရှိပြီး လမ်းကူးပြီးနောက် အိမ်ကို‌ရောက်မည်ဖြစ်သည်။ တက္ကစီစီးတာ ဒါမှမဟုတ် တခြားလမ်းက‌နေသွားရင်တော့ ပိုက်ဆံနဲ့ အချိန်ပဲကုန်လိမ့်မည်။

ထို့အပြင် ကောင်လေးသည် ဘီလူးများနှင့် သရဲတစ္ဆေများကို လုံးဝမယုံကြည်သောကြောင့် ကောင်မလေးသည် အပိုပြောနေခြင်းဖြစ်နေသည်ဟု ထင်ခဲ့သည်။

ကုနင်းက သူတို့ကို ဂရုမစိုက်ဘဲ ကောင်းယိနှင့် ချောင်ယတို့နှင့်အတူ ဆိုက်ထဲ တိုက်ရိုက် လျှောက်သွားခဲ့သည်။

ဒါကိုမြင်တော့ ကောင်လေးက ကောင်မလေးကို ပြောသည်။ "တွေ့လား? သူတို့‌တောင် ငါတို့အနားက လျှောက်လာပြီး ဘာမှမဖြစ်ဘူး။ အရမ်းကြီး အပိုလုပ်မနပေါနဲ့။ မင်းနဲ့တွေ့ဖို့ ငါဒီကိုလာရတာ လွယ်တာမဟုတ်ဘူး။"

"ငါ တခြားလူတွေကို ဂရုမစိုက်ဘူး၊ ငါကြောက်တယ်ဆိုတာပဲ ငါသိတယ်၊ အဲ့တာကြောင့် လမ်း‌လျှောက်မသွားချင်ဘူးလို့‌ပြောနေတယ်။ တက္ကစီစီးရင်စီး မဟုတ်ရင် လမ်းခွဲတာပေါ့။" ကောင်မလေး စိတ်ဆိုးသွားသည်။

"လမ်းခွဲမယ်?" ကောင်လေးက စက္ကန့်ပိုင်းလောက် တွေဝေသွားပေမယ့် မအံ့ဩတော့ပေ။ "သေချာပြီလား?"

"ဟုတ်တယ် သေချာတယ်။" လို့ မိန်းကလေးက ပြောလိုက်သည်။ ကောင်လေးက သူမနဲ့ လုံး၀ လမ်းမခွဲနိုင်ဟု သူမယုံကြည်တဲ့ပုံပေါ်ပါသည်။

"မင်းကိုယ်မင်း ဘာလို့ထင်‌နေတာလဲ။ ငါ မင်းနဲ့ လမ်းမခွဲနိုင်ဘူးလို့ ထင်နေတာလား။ ရိုးရိုးသားသားပြောရရင် ငါမင်းအတွက် လုံလောက်နေပြီ! အခု လမ်းခွဲတာပေါ့!" ကောင်လေးက ဒေါသတကြီးနဲ့ တုံ့ဆိုင်းမနေဘဲ လှည့်ပြီး တစ်ယောက်တည်း ရှေ့ကို လျှောက်သွားသည်။

“နင်…” ကောင်လေးက သူနဲ့ တကယ်လမ်းခွဲဖို့ သဘောတူလိုက်တဲ့အခါ မိန်းကလေးက စိုးရိမ်သွားသည်။ လက်ခံဖို့ ငြင်းဆန်ပြီး သူ့ဆီ ကောင်လေး ပြန်လာဖို့အတွက် ထိုနေရာမှာပဲ ရပ်စောင့်နေ‌တော့သည်။

ကုနင်း၊ ကောင်းယိနှင့် ချောင်ယတို့သည် ဂိတ်ပေါက်သို့ ရောက်လုနီးနေပြီဖြစ်သော်လည်း အနောက်မှ တစ်စုံတစ်ယောက်သည် ၎င်းတို့ဆီသို့ လျှောက်လာနေသောကြောင့် ၎င်းတို့သည် ဂိတ်ပေါ် မတက်နိုင်ကြပေ။ သူတို့က ဖြည်းညှင်းစွာ လျှောက်နေပြီး ကောင်လေးကတော့ သူ့ဒေါသကြောင့် မြန်မြန် လျှောက်‌နေတဲ့အတွက် မကြာခင်မှာဘဲ သူတို့ကို ကျော်ဖြတ်သွား‌တော့သည်။

***

အခန်း ၁၅၂၀ ငါ့ကို ဘယ်လိုကူညီမှာလဲ?

ကောင်လေးက သူတို့ကို ဖြတ်သွားပြီးနောက် သူတို့နောက်မှာ တစ်ယောက်မှ မရှိတော့ပေ။ အချိန်အတော်ကြာအောင် လှည့်ပတ်ကြည့်ရှုပြီးနောက် မည်သူမျှ သတိမပြုမိခင် တံခါးကို ကျော်တက်ခဲ့ကြသည်။

ထိုအချိန်တွင် ယင်စွမ်းအင်သည် သင်္ချိုင်းတွင်းမှ ထွက်လာပြီး အသက် ၃၀ ခန့်ရှိသော လူပုံသဏ္ဍာန်ကို ယူလိုက်သည် ။

သရဲတစ္ဆေဖြစ်သောကြောင့် ၎င်း၏မျက်နှာသည် ပုံမှန်မဟုတ်ပဲ အရောင်ဖျော့‌နေခဲ့သည်။ သင်္ချိုင်းတွင်းထဲမှာ ရပ်နေပြီး ဘယ်မှ မသွားနိုင်တဲ့အတွက် အတော်လေး ဒေါသထွက်နပေုံရသည်။ ဘယ်မှ မသွားနိုင်သလို အခုလည်း ဘာမှလုပ်လို့မရပေ ဒါပေမယ့် အရာတော်တော်များများကို ကိုင်တွယ် ဖြေရှင်းဖို့လိုအပ်နေပါသေးသည်။

ကုနင်းသည် ယောကျာ်းတစ္ဆေကိုမြင်လိုက်ရသည်ကို မအံ့ဩဘဲ ၎င်းသည် သူ၏အသွင်သဏ္ဌာန်ကို ပြောင်းလဲနိုင်သောကြောင့် မြင့်မားသောအဆင့်ရှိ သရဲတစ္ဆေဖြစ်ရမည်ကို သူမသိလိုက်သည်။

ကောင်းယိနှင့် ချောင်ယတို့ ထိခိုက်နိုင်တဲ့အတွက် ၎င်းအနီးသို့ သွားလို့မဖြစ်ပါ။ ထို့ကြောင့် သူတို့အထဲသို့ မသွားမီ ကုနင်းက ကောင်းယိနှင့် ချောင်ယကို ယောကျာ်းတစ္ဆေနှင့် ဝေးဝေးမှာနေရန် ပြောခဲ့သည်။

သူမတစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။

ကုနင်း၊ ကောင်းယိနဲ့ ချောင်ယတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ဝင်လာတော့ တစ္ဆေအထီးက သူတို့ကို မြင်လိုက်ရသည်။ ကုနင်းမှာ သူမနှင့်အတူ မှော်အစွမ်းရှိသောကြောင့် ထိုသရဲသည် ချက်ခြင်းပင် စိတ်မငြိမ်မသက်ဖြစ်‌သွားရသည်။ သို့သော် ယနေ့သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ကျရှုံးခဲ့သည်ကို သတိရသွားပြန်ကာ ဒေါသထွက်လာရသည်။ ကုနင်းကို ကြောက်ပေမယ့် သူမရဲ့ မှော်အစွမ်းကို လုယူဖို့လည်း စိတ်အားထက်သန်နေသေးသည်။

ထို့ကြောင့် ကုနင်းကို မျက်လုံးပြူးကြည့်လိုက်သည်။

ကုနင်းရဲ့အကြည့်က ယောကျာ်းတစ္ဆေအပေါ် မှာမရှိတဲ့အတွက် တစ္ဆေအထီးက ကုနင်း သူ့ကို မြင်နိုင်ပါ့မလား မသေချာ‌ပေ။ သို့သော် ကုနင်းသည် သူမနှင့်အတူ မှော်အစွမ်းရှိသောကြောင့် သူမသည် သာမန်လူမဟုတ်တာ‌တော့ သေချာ‌ပေသည်။

သရဲတစ္ဆေသည် သတိရှိလျက် အနေအထားနဲ့နေပြီး ချက်ချင်းမလှုပ်ရှား‌သေးပေ။

ကုနင်းသည် သင်္ချိုင်းတွင်းရှေ့တွင် ရပ်လိုက်ပြီး တစ္ဆေအထီးကို ကြည့်လိုက်သည်။

ကုနင်းရဲ့မျက်လုံးနဲ့ စုံမိတာနဲ့ သူမသူ့ကိုမြင်နိုင်တယ်ဆိုတာကို တစ္ဆေအထီးက သဘော ပေါက်သွားတော့၏။

"မင်းက ဘယ်သူလဲ?" သူ့အသံနက်ကြီးက ကြမ်းတမ်းပြီး အတော်ကြောက်စရာကောင်းသည်။

“စီးပွားရေးလုပ်ငန်းရှင်။” လို့ ကုနင်းက ပြောသည်။

တစ္ဆေအထီးက မယုံဘဲ ဒေါသကြီးစွာနဲ့ “ငါ့ကို မလှည့်စားနဲ့!”

“ဒါဟာ အမှန်တရားပဲ။ ငါက တကယ့်စီးပွားရေးသမားတစ်ယောက်ပါ၊ ဒါပေမယ့် ငါက သာမန်လူ‌တော့မဟုတ်ဘူး။ ဒီနေရာကို ကြိုက်တယ်၊ ဒီမြေကွက်ကို ဝယ်ဖို့ စိတ်ကူးထားပေမယ့် မင်းကြောင့် ဒီမှာ ထူးဆန်းတဲ့အရာတွေ အဆက္မပြတ်ဖြစ်နေတာ။ အဲ့တာကြောင့် ငါ မင်းကို အရင် ဖြေရှင်းသင့်တယ်လို့ ထင်တယ်။” ကုနင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။

ကောင်းယိနှင့် ချောင်ယတို့သည် ကုနင်းမှ ခုနစ်မီတာအကွာတွင် ရပ်နေကြသည်။ သူတို့သည် သူမပြောစကားကို ကြားနိုင်သော်လည်း ယောကျာ်းတစ္ဆေကို မမြင်နိုင်ပေ။

ကုနင်းက ဒီကမ္ဘာကြီးမှာ သရဲတစ္ဆေတွေနဲ့ နတ်ဆိုးတွေ တကယ်ရှိတယ်လို့ သူတို့ကို ပြောထားပြီးသားဆိုတော့ သူတို့ဟာ နည်းနည်း‌တော့ ကြောက်နေသေးပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သည်။ သူတို့သည် တစ္ဆေသရဲတစ္ဆေကို လက်တွေ့ဘဝတွင် တစ်ခါမျှ မမြင်ဖူးကြပေ။ ဒါပေမယ့် ကုနင်း ဒီမှာရှိနေသရွေ့ အရာအားလုံးအဆင်ပြေမယ်လို့ သူတို့ယုံကြည်ကြသည်။

"ဘယ်လိုနဲ့လဲ?" တစ္ဆေအထီးက မကြိုက်‌ပေ။ ကုနင်းသည် သူ့ကို ဖယ်ရှားပြီးမှသာ ဆောက်လုပ်ရေးကို ပြန်လည်စတင်နိုင်သောကြောင့် သူ့ကိုဖယ်ရှားရန် စီစဉ်ထားသည်မှာ ထင်ရှားပါသည်။ ထို့ကြောင့် ကုနင်းသည် သူ၏ သူငယ်ချင်းမဟုတ်ပေ။

"မင်းရဲ့ စွဲလမ်းမှုကို စွန့်လွှတ်ပြီး နောက်ထပ် ဘ၀တစ်ခုအဖြစ် ထပ်‌မွေးဖွားမလား မဟုတ်ရင် မင်းကို ငါတိုက်ရိုက် ဖျက်ဆီးပစ်မယ်။" ကုနင်းက လေးနက်တဲ့ လေသံနဲ့ ပြောလိုက်သည်။

ကုနင်းသည် သူ့ကို စိန်ခေါ်နေသည်ဟု တစ္ဆေအထီးက တွေးကာ ဒေါသတကြီး ထပ်မံ‌ပြောလိုက်သည်။ "ငါ့ကို ဖျက်ဆီးမယ်? မင်းကလား?"

ကုနင်းသည် သာမန်လူမဟုတ်ဘူးဟု ထင်ပေမယ့်လည်း သူ့မျက်လုံးထဲတွင် ရိုးရိုးသာမာန်လူလိုသာ ဖြစ်နေသည်။

"ငါကိုယ်တိုင်လုပ်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ငါ့မှာ မင်းကို ဖျက်ဆီးနိုင်စွမ်းရှိတယ်ဆိုတာ‌တော့ သေချာတယ်" သူမတွင် ကျောင်းလုံ ရှိသည်၊ ကျောင်းလုံနှင့် မည်သည့် တစ္ဆေမျှ မယှဉ်နိုင်။ ထို့အပြင် သူမတွင် သူမ၏ စိတ်စွမ်းအင်အာကာပြင်လည်း ရှိပြီး ယောကျာ်းတစ္ဆေသည် ၎င်းနဲ့ဆိုလျှင် မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သူမရဲ့ စိတ်စွမ်းအင်အာကာပြင်က တစ္ဆေအထီးကို ထောင်ချနိုင်ပြီး အဲဒီမှာရှိတဲ့ မှော်အစွမ်းက သူ့ရဲ့မုန်းတီးမှုကို ဖယ်ရှားဖို့ တစ္ဆေထီးကို ကူညီပေးနိုင်ပေမယ့် အချိန်ကြာပေမည်။

ကုနင်းသည် မကောင်းဆိုးဝါး သရဲတစ္ဆေများအတွက် စိတ်ရှည်သည်းခံမှုနှင့် ကြင်နာမှုများမရှိဘဲ သူတို့သည် အပြစ်မဲ့သူများကို ဒုက္ခပိုရောက်စေတဲ့အခါ သူတို့ကို အမြန်ဖျက်ဆီးပစ်လိုသည်။

“ငါ့ရဲ့ စွဲလမ်းမှုကို အလွယ်တကူ စွန့်လွှတ်နိုင်ရင် ငါက သရဲတစ္ဆေဖြစ်မှာ မဟုတ်ဘူး။” ဟု ယောကျာ်းတစ္ဆေက ဆိုသည်။

အဲဒါမှန်သည်။ စွဲလမ်းမှုကို လုံးဝ စွန့်လွှတ်ဖို့ဆိုတာ မလွယ်ပေ။ တစ်ခုခုကို စွဲလမ်းနေတဲ့သရဲတွေက အထီးကျန်ဆန်သော သရဲတစ္ဆေဖြစ်သောကြောင့် ဖြစ်နိုင်လျှင် စွဲလမ်းမှု‌တွေ မဖြစ်ချင်ကြပေ။

"ကောင်းပြီ ငါမင်းကို ကူညီနိုင်တယ်။" ဒီယောက်ျားဝိညာဉ်သည် မနှစ်မြို့စရာတွေ အများကြီးကို ဖြတ်သန်းခဲ့ရမယ်ဆိုတာ သူမသိလိုက်သည်။

"မင်းကိုယ်မင်းဘယ်သူလို့များ ထင်နေလဲ" တစ္ဆေအထီးက မောက်မာစွာပြောသည်။ ကုနင်းက သူ့ကို ကူညီနိုင်မည်ဟုမထင်‌ပေ။

***

အခန်း ၁၅၂၁ လွှတ်ချလိုက်‌တော့ပါ

"ကောင်းပြီ၊ မင်းငါ့ရဲ့အကူအညီကို လက်မခံချင်ဘူးဆိုရင် ငါမင်းကို အဲဒီလိုလုပ်ဖို့ အတင်းအကြပ်မတိုက်တွန်းပါဘူး။ ဒါပေမယ့် မင်းက ဒီနေရာမှာ မရှိသင့်တဲ့အရာဖြစ်လို့ ငါမင်းကို ဖျက်ဆီးပစ်ရလိမ့်မယ်။" လို့ ကုနင်းကပြောလိုက်သည်။

ထိုစကားကိုကြားတော့ သရဲတစ္ဆေက ဒေါသတကြီးနဲ့ “မင်းမှာ ငါ့ကို ဖျက်ဆီးနိုင်တဲ့ အစွမ်းမရှိဘူး။” ဟု အော်လိုက်တော့သည်။ သူမသည် ယန်လျိုဝမ်လည်း မဟုတ်ဘဲနဲ့ သရဲတစ္ဆေ၏တည်ရှိမှုကို ဖျက်ဆီးပစ်ရန် မဆုံးဖြတ်နိုင်ပေ။

(T/N ယန်လျိုဝမ် - တရုတ်ငရဲမင်း)

တစ္ဆေအထီးက သူသည် လူ့လောကတွင် မရှိသင့်ဟု နားလည်သော်လည်း ထွက်ခွာရန် တွန့်ဆုတ်နေခဲ့သည်။

"မင်းက တစ္ဆေတစ်ကောင်ဖြစ်ပြီး ဒီမှာမနေသင့်ဘူးဆိုတာ မသိဘူးလား?" ကုနင်းက မေးသည်။

ထိုအခါ သရဲသည် ဒေါသအမျက်ထွက်လျက် “ဒါ ငါ့အပြစ်မဟုတ်ဘူး။ မင်းတို့လူတွေက ငါ့နေရာကို အရင်ဖျက်စီးခဲ့တာ!”

"သူတို့က မင်းရဲ့သင်္ချိုင်းကို ဖျက်ဆီးလိုက်လို့ စိတ်ဆိုးတာကို ငါသိတယ်။ အဲ့တာကြောင့်ပဲ ငါ့အမှားလည်းမဟုတ်ဘဲနဲ့ မင်းကို ရွေးချယ်ခွင့်ပေးလိုက်တာ။ မင်းစိတ်အေးအေးထားသင့်တယ်။"

သူမသည် ဤမြေကို အလိုရှိသောကြောင့် ဤသရဲတစ္ဆေကို ဖျက်ဆီးရန် လာခဲ့သော်လည်း သူ၏ဖြစ်တည်မှုကို သိရှိပြီးသည်နှင့် ဆုံးဖြတ်ချက်က သူမပေါ်တွင် မဟုတ်ပါ။ ဒါဟာ သရဲတစ္ဆေဖြစ်ပြီး ဒီနေရာမှာ မရှိသင့်‌‌ပေ။ ဒါကြောင့် သူမဟာ မုချ သူ့ကိုဖျက်ဆီးပစ်ရမည်။

"နောက်ပြီး မင်းဘာလို့ဒီမှာနေချင်ရတာလဲ။ ဘယ်မှမသွားနိုင်သလို ဘာမှလည်းလုပ်လို့မရပါဘူး။ နှစ်ရာနဲ့ချီပြီးသွားပြီဆိုတော့ မင်းရဲ့အစွဲအလမ်းတွေကို လွှတ်လိုက်သင့်ပြီ။”

ထိုစကားကိုကြား‌သောအခါ သရဲတစ္ဆေသည် ဝမ်းနည်းသွားပုံပေါ်သည်။ ၎င်းသည် ဤနေရာတွင် လုပ်နိုင်တာ ဘာမှမရှိဘဲ သူ၏ စွဲလမ်းမှုကို စွန့်လွှတ်လိုခြင်းမရှိလျှင်ပင် မည်သည့်အရာမှ ပြီးဆုံးမည်မဟုတ်ကြောင်း သိရှိပါသည်။ ဒါပေမယ့် တကယ်စွန့်လွှတ်ဖို့ဆိုတာက တော်တော်ခက်လှ‌ပေသည်။

တစ်ချိန်တည်းမှာပင် ကုနင်းသည် သူ့အား ဖျက်ဆီးရန် စိတ်ပိုင်းဖြတ်ထားကြောင်းကိုလည်း သိရှိသည်။ ထို့ကြောင့် သူမနှင့် ရင်ဆိုင်ရအုံးပေမည်။

“မင်းငါ့ကို အနိုင်ယူနိုင်ရင် ငါ့ဇာတ်လမ်းကို ပြောပြမယ်။ ဘယ်လိုလဲ?" သရဲထီးက အရမ်းခံနိုင်ရည်ရှိသယောင်နဲ့ ကုနင်းကို အခွင့်အရေးပေးဖို့ ဆန္ဒရှိတဲ့ ပုံစံနှင့် မေးလိုက်သည်။

ကုနင်းက ဒါကိုကြားတော့ ရယ်ချင်သွားသည်။ ဒီသရဲဟာ ယုံကြည်မှုလွန်ကဲလွန်းသည်။ ကုနင်းသည် သူ့အား တိုက်ခိုက်ကာ သူ့ ဇာတ်လမ်းကို နားထောင်ပြီး အချိန်ဖြုန်းမည်ဟု ထင်‌နေပုံရသည်။ ထိုအရာက ငြီးငွေ့စရာကောင်းပြီး ကုနင်းက သူ့ဇာတ်လမ်းကို စိတ်မဝင်စား‌ပေ။

တကယ်တော့ ထိုတစ္ဆေအထီးဟာ သူ့ရဲ့ စွဲလမ်းမှုကို စွန့်လွှတ်ပြီး နောက်ဘ၀ကို အောင်အောင်မြင်မြင် သွားနိုင်ခဲ့မယ်ဆိုရင် နောက်ထပ်ဘဝတစ်ခု ထပ်ရနိုင်ပါသေးသည်။ ဆန့်ကျင်ဘက်အနေနှင့် ကုနင်းက သူ့ကို ဖျက်ဆီးခဲ့လျှင် သူ၏ ဖြစ်တည်မှုသည် တည်ရှိတော့မည်မဟုတ်ပေ။

သရဲတစ္ဆေများသည် နောက်ဘ၀တစ်ခုကို မျှော်လင့်သောကြောင့် သူတို့ကို လုံးလုံးဖျက်ဆီးပစ်ရန် ဆန္ဒမရှိကြပေ။

"မလိုပါဘူး။ မင်းကိုထိလိုက်ရင် ငါ့အစွမ်းအစကို မင်းသိသွားမှာပါ..." ပြောပြီး ကုနင်း ရုတ်တရက် ရှေ့ကိုပြေးသွားပြီး ယောကျာ်းတစ္ဆေကို ဖမ်းလိုက်သည်။

ကုနင်း သည် အလွန်လျင်မြန်စွာ ရွေ့လျားပြီး သရဲထီးမှာ သူမ ရုတ်တရက် ထိုသို့ပြုလုပ်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ကုနင်း ဖမ်းတာခံလိုက်ပြီးနောက် ပျောက်ကွယ်သွား‌တော့သည်။

ကုနင်းသည် ၎င်းကို သူမ၏ စိတ်စွမ်းအင်အာကာပြင် တွင်ထည့်ထားပြီး သူမသည် ဤသင်္ချိုင်းတွင်းမှ ထွက်သွားပြီး သူ့ကို ထုတ်ပစ်မည်။

သို့သော် ကုနင်းသည် သင်္ချိုင်းတွင်းမှ ထွက်သွားပြီးနောက် ခြံစည်းရိုးအပြင်ဘက်မှ လူတစ်ယောက် ခုန်ဆင်းလာသည်ကို သူမတွေ့လိုက်ရသည်။

သူက ပေါ့ပေါ့ပါးပါး လှုပ်ရှားပြီး ကုနင်းသာ သူ့ကို အမှတ်တမဲ့သာ မတွေ့လိုက်ရင် ဘယ်သူမှ သူ့ကို သတိထားမိမှာ မဟုတ်‌ပေ။

ကုနင်းသည် ကောင်းယိ နှင့် ချောင်ယ တို့ကို ရှောင်‌နေရန်ပြောပြီးချိန်တွင် သူမသည် ကျင့်ကြံသူ၏ ရနံ့ကို ရမိလိုက်သည်။

အဲ့ဒီလူက ကျင့်ကြံသူဖြစ်လောက်သည်။

ကုနင်းသည် အံ့အားသင့်သွားပြီး သူ့မျက်နှာကို စူးစိုက်ကြည့်လိုက်ကာ နောက်ဆုံးအကြိမ် Bမြို့ လေဆိပ်တွင် ကားမတော်တဆမှုဖြစ်ခဲ့‌တဲ့အချိန် သူမမြင်လိုက်ရသော သက်လတ်ပိုင်း ကျင့်ကြံသူဖြစ်ကြောင်း သိလိုက်ရသည်။

အဲ့တာကြောင့် ထိုလူသည်လည်း သူတို့ကိုလည်း မြင်ဖူးပြီးဖြစ်၍ ကုနင်းက သူ့ကို ရှောင်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။

ထိုလူသည် ယင်အတွက် ဝင်လာခြင်းဖြစ်‌ပေမယ့် ယင်စွမ်းအင်သည် သူအထဲသို့ ဝင်လာပြီးနောက် တစ်နည်းနည်းဖြင့် ထွက်သွားတာကို ထူးဆန်းစွာ ခံစားရသည်။ ယခု သူ့ရှေ့တွင် လူသုံးယောက်ကိုသာ မြင်‌နေရသည်။

ထိုလူသုံးယောက်က ယင်ဓာတ်ပျောက်ကွယ်သွားခြင်းနှင့် တစ်ခုခုပတ်သတ်နိုင်သည်ဟု သူထင်သော်လည်း မဖြစ်နိုင်ပေ။ သူတို့သည် သာမာန်လူများသာဖြစ်ပြီး သာမန်အားဖြင့် သေသူများသည် ယင်စွမ်းအင်အကြောင်းကို နားမလည်နိုင်ပေ။

သူ့ဖြစ်တည်မှုကို ခံစားလိုက်ရသောကြောင့် ယင်တို့သည် ထွက်ပြေးသွားသည်ဟု သူထင်လိုက်သည်။

ဒါဟာ သူ၏ အစွန်းရောက်တဲ့အ‌တွေးမဟုတ်ဘဲ သရဲတစ္ဆေများနှင့် နတ်ဆိုးများသည် ကျင့်ကြံသူ၏ လေထုကို အမှန်တကယ် ခံစားသိရှိနိုင်သောကြောင့်ဖြစ်သည်။

ကျင့်ကြံသူများသည် တစ္ဆေများနှင့် နတ်ဆိုးများ၏ ရန်သူများဖြစ်သောကြောင့် အချင်းချင်း တွေ့တိုင်း ရန်ဖြစ်ခဲ့ကြသည်။

သာမာန်အားဖြင့် ကျင့်ကြံသူများသည် တစ္ဆေများနှင့် ဘီလူးများထက် သန်မာသောကြောင့် သရဲနှင့် ဘီလူးများသည် ကျင့်ကြံသူများကို ရှောင်ရှားလေ့ရှိကြသည်။ သရဲထီးက သူ့လေထုကို အဝေးကနေ အာရုံခံနိုင်ရင်၊ နိမ့်ပါးတဲ့ သရဲတစ္ဆေမဖြစ်နိုင်ပါ‌ပေ။

ကုနင်းက ကောင်းယိနဲ့ ချောင်ယဆီကို လျှောက်သွားပြီး တစ်ယောက်ယောက် လာနေပြီဟု ပြောလိုက်သည်။

ကောင်းယိနှင့် ချောင်ယတို့ကတော့ လုံးဝသတိမထားမိသောကြောင့် အံ့ဩသွားကြသည်။

***

အခန်း ၁၅၂၂ - ကျင့်ကြံသူ ကျင်းကျီနဉ်

သူတို့ လှည့်ကြည့်လိုက်သောအခါ ထိုလူကိုတွေ့လိုက်သော်လည်း ကုနင်း ငြိမ်နေသောကြောင့် သူတို့လည်း မလှုပ်ကြပေ။

ကျင့်ကြံသူများသည် အမြင်အာရုံကောင်းမွန်သော်လည်း ကုနင်းသည် သူတို့ထက် အမြင်ပိုကောင်းသောကြောင့် သူမနှင့် ငါးမီတာသာဝေးသည့်တိုင်အောင် သူမကို မတွေ့ရပေ။

"မင်းပဲ?"

သူက Bမြို့ လေဆိပ်မှာ မတော်တဆမှုဖြစ်ပြီးနောက် ကုနင်းအကြောင်းကို ရှာဖွေဖူးထား၍ တစ်ချက်ကြည့်လိုက်ရုံနဲ့ ကုနင်းကို မှတ်မိသွားသည်။ တကယ်တော့ ကုနင်းက သူမနဲ့ရွယ်တူတွေကြားထဲမှာ အရမ်းထူးချွန်တာကြောင့် သူမရဲ့အရည်အချင်းနဲ့ အောင်မြင်မှုတွေကို သူ သဘောကျသည်။ ထန်မိသားစုနှင့် လင်မိသားစု နှစ်ခုစလုံးက သူမကို ပံ့ပိုးပေးကြပြီး သူမကို မည်သူမျှလည်း မနှောက်ယှက်ရဲကြပေ။

သို့သော်လည်း လင်ရှောင်းထင်ကို တွေးလိုက်သောအခါတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရသွားသည်။

တကယ်တော့ လင်ရှောင်းထင်ပဲ မှော်စွမ်းအားရှိတဲ့သူဖြစ်နိုင်မယ်လို့ သူထင်ခဲ့ပေမယ့် ကုနင်းနဲ့သူနဲ့ တိုးတာ နှစ်ခါရှိပြီဖြစ်ပြီး အခုလည်း သူမဒီနေရာရောက်နေချိန်မှာ ယင်ဟာ ရုတ်တရက် ပျောက်သွားသည်။ ထို့ကြောင့် ကုနင်းမှာ မှော်အစွမ်းရှိလောက်သည်ဟု သူခန့်မှန်းမိသည်။

ကုနင်းသည် ယခုအချိန်တွင် အလွန်ကျော်ကြားပြီး အင်တာနက်ပေါ်တွင် သူမသတင်းများစွာထွက်ပေါ်နေသောကြောင့် ဤကျင့်ကြံသူသည် သူမအား မှတ်မိသည်ကို မအံ့ဩပေ။

သူစိမ်းတော်တော်များများက သူမနာမည်ကို သိကြပါသည်။

"ကျွန်မကို သိလို့လား?" ကုနင်းက မေးလိုက်သည်။

“သေချာတာ‌ပေါ့ အင်တာနက်မှာ မင်းအကြောင်းတွေအများကြီး တွေ့ဖူးတယ်‌လေ။ မင်းက မယုံနိုင်စရာပဲ” ကျင့်ကြံသူက ရိုးသားစွာပြောသည်။

"ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။"

“အို အခု အရမ်းနောက်ကျနေပြီကို ဒီမှာဘာလုပ်တာလဲ?" ထိုလူက စိတ်ဝင်တစား မေးသည်။ ကုနင်းက အကြောင်းပြချက်တစ်ခုခုကြောင့် ဒီကိုရောက်လာတာကို သူသိသည်။

ကုနင်းက “ဒီမြေက နာမည်မကောင်းမှန်းသိပေမယ့် ဒီမှာ ကြယ်ငါးပွင့်ဟိုတယ် ဆောက်ချင်နေတာ။ အဲ့တာကြောင့် သရဲတစ္ဆေတွေနဲ့ ဘီလူးတွေကို မယုံပေမယ့် ညဘက်မှာ မကြာခဏ ထွက်လာတတ်တယ်ဆိုလို့ လာကြည့်တာပါ”

သူမသည် ယခုအချိန်တွင် ထိုကျင့်ကြံသူအား မယုံကြည်သောကြောင့် အမှန်အတိုင်းမပြောခဲ့ပေ။

ကုနင်း ရိုးရိုးသားသား‌ပြောနေ‌သောပုံပေါက်သောကြောင့် ကျင့်ကြံသူသည် သူမကို ယုံကြည်ခဲ့သည်။ ကုနင်းသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်ကို သူသိသည်၊ ထို့ကြောင့် သူမသည် ဤမြေကိုဝယ်ပြီး ဤတွင် ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး ဆောက်ချင်သည်မှာ ပုံမှန်ပင်။

ကုနင်းသည် ယခုအချိန်တွင် သူတို့နှစ်ယောက်က သူစိမ်းများဖြစ်နေ‌သေးတာကြောင့် အချိန်တိုအတွင်း တစ်ယောက်ကိုတစ်ယောက် ယုံကြည်ရန် မဖြစ်နိုင်ကြောင်း နားလည်ပါသည်။

သူတို့နှစ်ယောက်စလုံးက ဉာဏ်ကောင်းသူတွေဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံတဲ့ အချိန်မှာတင် တစ်ဖက်လူ၏ အပြုအမူ‌တွေကို သူတို့သိသည်။

"အဲ့တော့ တွေ့ပြီးပြီလား?" အဲဒီလူက ထပ်မေးသည်။

"ကံမကောင်းစွာပဲ မတွေ့ပါဘူး။ ဒီမှာမရှိတော့ဘူးထင်တယ်။" ဟု ကုနင်းကဆိုသည်။

"ရှင်‌ကရော ဘာလို့ဒီကိုရောက်နေတာလဲ သိလို့ရမလား"

"ငါလည်း အကြောင်းပြချက်တူတူပါပဲ။" ထိုလူက ပြုံးပြီး ပြောသည်။

“ရိုးရိုးသားသား ပြောရရင် ငါ့အဘိုးက မော်ရှမ်းကျောင်းက အဖွဲ့ဝင်ဖြစ်ပြီး မော်ရှမ်းအတတ်ပညာကို ကောင်းကောင်းသိတယ်။ ငယ်ငယ်က သရဲတစ္ဆေအကြောင်း ပုံပြင်တော်တော်များများ ကြားဖူးပေမယ့် တစ်ခါမှ မတွေ့ဖူးလို့‌လေ။”

တကယ်တော့ ဒါဟာ လုံးဝ လိမ်ညာမှုတစ်ခုပါပဲ၊ ဒါပေမယ့် အဲဒီလူက လိမ်နေပေမယ့် ကုနင်းက သူ့ရှင်းပြချက်ကို လက်ခံသလို ဟန်ဆောင်လိုက်သည်။

"ဪ၊ စိတ်ဝင်စားစရာပဲ!"

“ကံမကောင်းစွာပဲ မော်ရှမ်းကျောင်းက ယိုယွင်းလာပြီး လူလည်းသိပ်မသိကြ‌တော့ပါဘူး။” အဆိုပါအမျိုးသားက ဝမ်းနည်းစွာပြောလိုက်သည်။

သူ့အဖိုးက မော်ရှမ်းကျောင်းကဆိုတာကတော့ လိမ်ညာမှုတစ်ခုဆိုပေမယ့် ထိုကျောင်းဟာ တကယ်ယိုယွင်းလာခြင်းဖြစ်ပြီး သူနှင့်လည်း အထူးရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့အတွက်ကြောင့် တကယ်ကို စိတ်မကောင်းဖြစ်ရပါသည်။

“ဟုတ်တယ်” ကုနင်း ခေါင်းညိတ်လိုက်သည်။ ခဏလောက် နှုတ်ဆိတ်နေပြီးနောက်

“ရှင့်နာမည်ကို သိလို့ရမလား” ဟု ထပ်မေးလိုက်သည်။

သာမာန်အားဖြင့် ကုနင်းသည် သူစိမ်းတစ်ယောက်၏အမည်ကို မတောင်းတတ်သော်လည်း ဤလူသည် ကျင့်ကြံသူဖြစ်ပြီး ကျင့်ကြံရေးလောကအကြောင်း အချက်အလက်များပိုမိုသိရှိနိုင်ဖို့ သူ့အကြောင်းပိုမိုသိရှိရန်လိုအပ်သည်။

ထို့အပြင် လင်ရှောင်းထင်၏မိခင်သည်လည်း ကျင့်ကြံရေးလောက၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

"ငါ့နာမည် ကျင်းကျီနဉ်ပါ ငါမင်းထက်အသက်အများကြီးကြီးတယ်။ စိတ်မရှိရင် ငါ့ကိုဦးလေးကျင်း လို့ခေါ်လို့ရတယ်။"

ကျင်းကျီနဉ်သည် ကုနင်းကိုအထင်ကြီးပြီး သူမမှာ မှော်အစွမ်းရှိမရှိ သိချင်သောကြောင့် ကုနင်းနှင့် မိတ်ဖွဲ့ရသည်ကို ပျော်ရွှင်နေသည်။

ကုနင်းက သူ့သိချင်စိတ်ကို နှိုးဆွနေပေသည်။

***

အခန်း ၁၅၂၃ ထိုလူက ထူးဆန်းတယ်

သူ့အမြင်မှာ ကျင့်ကြံရေးလောကထဲတွင် ထင်ရှားကျော်ကြားသော ထိပ်တန်းအမျိုးသမီး ကျင့်ကြံသူ သုန်းဖန်းကျီယွီပင်လျှင် ကုနင်းနှင့် မယှဉ်နိုင်ပေ။

ကျင်းကျီနဉ်က ကုနင်းကို ကောင်းကောင်း အထင်ကြီးရတဲ့ အကြောင်းရင်းတစ်ခု ရှိသည်။ လင်ရှောင်းထင်သည် ကုနင်း၏ ချစ်သူဖြစ်သည်ကို သူသိပြီး သူသည် လင်ရှောင်းထင်ကို လေးနက်စွာ အထင်ကြီးသည်။

"တွေ့ရတာဝမ်းသာပါတယ်အန်ကယ်ကျင်း၊" ကုနင်းက ပြောလိုက်သည်။ သူမလည်း သူနှင့် မိတ်ဖွဲ့လိုစိတ်ရှိသည်။

"ကောင်းပြီ ငါမင်းကို ကုနင်းလို့ပဲ ခေါ်လိုက်မယ်နော်"

"ပြဿနာမရှိပါဘူး" ကုနင်းက သဘောတူသည်။

"ကဲ ငါတို့က မိတ်ဆွေတွေဖြစ်နေပြီမို့ ဖုန်းနံပါတ်ချင်း လဲလို့ရမလား။" ကျင်းကျီနဉ် က ပြောသည်။

ကုနင်းက ခေါင်းညိတ်လိုက်ပြီး ကျင်းကျီနဉ် နဲ့ သူ့ဖုန်းနံပါတ်ကို လဲလှယ်လိုက်သည်။

ကုနင်းသည် ရည်ရွယ်ချက်ဖြင့် သူနှင့် သူငယ်ချင်းဖွဲ့လိုကြောင်းကို ကျင်းကျီနဉ် မသိသော်လည်း ကောင်းယိနှင့် ချောင်ယတို့ကတော့ သတိပြုမိကြသည်။ တစ်ချိန်တည်းမှာပင် ကျင်းကျီနဉ်သည်လည်း ကုနင်းကို ရည်ရွယ်ချက်ဖြင့် ခင်မင်ရန်ကြိုးပမ်းကြောင်းကိုလည်း သူတို့ နားလည်ကြသည်။

"ကျွန်မတို့ အခုပြန်လို့ရပြီထင်တယ်" ဟု ကုနင်းက ခနကြာပြီးနောက် ပြောလိုက်သည်။ ကျင်းကျီနဉ် ဒီမှာရှိနေ၍ ကုနင်းက သရဲထီးကို အခု အပြင်မထုတ်နိုင်တော့ပေ။

"ဟုတ်ပြီ အခု သွားကြရအောင်" ယင်ဓာတ် မရှိတော့တဲ့အတွက် ကျင်းကျီနဉ် ဒီမှာနေဖို့ မလို‌ပေ။ ကုနင်းမှာ မှော်အစွမ်းရှိမရှိ သိချင်ပေမယ့် သူမကို ချက်ချင်းမေးဖို့ အလျင်စလိုတော့ မဟုတ်ပါ။ ကုနင်းသည် အလွန်ထက်မြက်တဲ့အတွက် သူ့သရုပ်မှန်သူ ဖော်ထုတ်ခံရမည်ကို ကြောက်သည်။

"အန်ကယ်ကျင်း ဘာအလုပ်လုပ်တာလဲ ကျွန်မ သိလို့ရမလား" ကုနင်းသည် လမ်းတွင် သူနှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောသည်။

"ငါက ကျောက်စိမ်းလုပ်ငန်းရှင်ပါ၊ အတိအကျပြောရရင် ပွဲစားပေါ့။" ဟု ကျင်းကျီနဉ်က ပြောသည်။

ပွဲစားများသည် အကျိုးအမြတ်အတွက် လက်ကားရောင်းချသူများနှင့် လက်လီရောင်းချသူများကဲ့သို့ ထုတ်လုပ်သူများကို ရည်ရွယ်ပြီး ကုန်ပစ္စည်းများကို ပြန်လည်ရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို လုပ်ကိုင်သည်။ သူတို့သည် အချိန်၊ နေရာနှင့် ပိုင်ဆိုင်မှုအသုံးအဆောင်များကို ဖန်တီးကြသည်။ ပွဲစားများသည် ဖောက်သည်များထံ ပြန်လည်ရောင်းချရန်အတွက် ကုန်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူကာ ၎င်းတို့၏ဖောက်သည်များအတွက် အေးဂျင့်အ‌‌နေနှင့် ဝယ်ယူသည့် အခန်းကဏ္ဍမှ လုပ်ကိုင်သည်။ ပွဲစားများတွင် လက်ကားရောင်းချသူများ၊ လက်လီရောင်းချသူများနှင့် အေးဂျင့်များပါဝင်သည်။

ကျောက်မျက်ရတနာလုပ်ငန်းရှင်တိုင်းသည် ကျောက်စိမ်းတွင်းလုပ်သားများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်အများအပြားသည် ကြားခံပွဲစားများ လိုအပ်ပါသည်။ ထို့ကြောင့် ပွဲစားတွင် ဖောက်သည်များစွာရှိလျှင် သူ/သူမသည် သေချာပေါက် ချမ်းသာနိုင်သည်။

ကုနင်းသည် ကျောက်စိမ်း၏ မှော်အစွမ်းဖြင့် ကျင့်ကြံသူများအား သူတို့၏ ကျင့်ကြံမှုတွင် ကူညီပေးနိုင်ကြောင်း နားလည်ထားသောကြောင့် ကျင်းကျီနဉ်သည် ကျောက်စိမ်းလုပ်ငန်းတွင် ပါဝင်ပတ်သက်နေခြင်းကို သူမ မအံ့ဩပေ။

ကျင်းကျီနဉ်သည် ကုနင်းအား ကျင့်ကြံသူအဖြစ် သူ၏အစစ်အမှန်ပုံစံကို ဖုံးကွယ်ထားသော်လည်း သူသည် ကြင်နာတတ်သူဖြစ်ကြောင်းကို သူမ သိသည်။

"အန်ကယ်ကျင်း ဘယ်ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီနဲ့ အလုပ်လုပ်တာလဲ။"

"ယွင်ပြည်နယ်၊ မြို့တော်ယွေ့က ယွီထျန်းကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ" ဟု ကျင်းကျီနဉ်ကဆိုသည်။

ကျင်းကျီနဉ်သည် ကုနင်းသည်လည်း ကျောက်စိမ်းရောင်းသူဖြစ်ကြောင်း မသိသည့်အပြင် ကုနင်းကလည်း သူ့ကိုပြောပြရန် ရည်ရွယ်ချက်မရှိပေ။

ယွေ့မြို့သည် သူတို့နိုင်ငံ၏ အနောက်တောင်ဘက်တွင် အကြီးဆုံး ကုန်းတွင်းဆိပ်ကမ်းဖြစ်ပြီး ၎င်းသည် အရေးကြီးသော ကျောက္မျက်ရတနာ ဖြန့်ဖြူးရေး‌နေရာတစ်ခုဖြစ်သည်။ ၎င်းတွင် ကျောက်စိမ်းအရင်းအမြစ်များ ပေါကြွယ်ဝ‌သည်။ ထန်မြို့သည်လည်း ဖြန့်ဖြူးရေး‌နေရာတစ်ခုသာဖြစ်သော်လည်း သူ၏ ကျောက်စိမ်းအရင်းအမြစ်များမှာ ကောင်းမွန်ခြင်းမရှိပေ။ ထို့ကြောင့် ကုနင်းလည်း တစ်နေ့လောက် ယွေ့မြို့သို့ သွားလည်ရန် စီစဉ်ထားသည်။

သူမသည် ဤရက်ပိုင်းအတွင်း အလုပ်များလွန်းပြီး သူမ၏ ကျောက်စိမ်းကုမ္ပဏီသည် ထန်မြို့တွင် ကောင်းမွန်စွာ အလုပ်လုပ်နေသေးသောကြောင့် သူမသည် ထိုအရာကို အလျင်စလို မလုပ်သေးပါ။ ထို့အပြင် သူမမှာ ကျောက်စိမ်းမျက်ဝန်း ရှိတာကြောင့် ကျောက်စိမ်းရှာရတာ အရမ်းလွယ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက်လာသောအခါ ကုနင်းက "ဦးလေးကျင်းက ဒီကို ကားမောင်းလာတာလား ဒါမှမဟုတ် တက္ကစီနဲ့ လာတာလား။"

ကျင်းကျီနဉ်က “ငါ တက္ကစီနဲ့လာတာ”

“ကျွန်မတို့မှာ ကားပါတယ်။ အိမ်ကို လိုက်ပို့ပေးရမလား။" ကုနင်းက မေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါအနီးနားက ဟိုတယ်မှာ နေတာ အဲ့တာကြောင့် လေ့ကျင့်ခန်းလုပ်တယ်လည်းဖြစ်အောင် လမ်းလျှောက်ပဲပြန်လိုက်တော့မယ်။" ကုနင်း ပြန်သွားပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပြန်သွားချင်သေးတဲ့အတွက်ကြောင့် လိမ်ညာပြီးပြောလိုက်ခြင်းဖြစ်သည်။

“ဟုတ်ပြီ နောက်မှတွေ့ကြတာ‌ပေါ့” ကုနင်းက ပြောလိုက်သည်။

ထို့နောက် လမ်းခွဲလိုက်ကြသည်။

ကုနင်း ထွက်သွားသည်နှင့် ကျင်းကျီနဉ်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပြန်သွားသော်လည်း အသုံးမဝင်တော့ပေ။

…

ချောင်ယက ကုနင်းကို "ဘော့စ်၊ ဒီလူက ထူးဆန်းနေသလိုပဲ။"

"မင်းပြောတာမှန်ပေမယ့် သူက လူဆိုး‌တော့မဟုတ်ဘူး။ တကယ်တော့ သရဲတစ္ဆေတွေနဲ့ ဘီလူးတွေအပြင် ကျင့်ကြံသူတွေလည်း တကယ်ရှိ‌တယ်။ သူတို့ဟာ သာမာန်လူ မဟုတ်ဘူး၊ သူတို့ရဲ့ ကျင့်ကြံမှုက မြင့်မားရင် မြင့်မားသလို နှစ်ရာနဲ့ချီ အသက်ရှင်နိုင်တယ်။” ဟု ကုနင်းက ဆိုသည်။

ဒါကို သိလိုက်ရတော့ ကောင်းယိနဲ့ ချောင်ယတို့မှာတော့ အံ့ဩသွားရပြန်သည်။ ကျင့်ကြံသူများသည် တကယ်ရှိသည်ကို မယုံနိုင်။ ကံကောင်းစွာဖြင့် သူတို့သည် သရဲတစ္ဆေများနှင့် နတ်ဆိုးများရှိကြောင်းကို သိရှိထားပြီးဖြစ်သောကြောင့် ယခုအခါ ကျင့်ကြံသူများကို လက်ခံရန် သူတို့အတွက် မခက်ခဲလှပေ။

ကောင်းယိနှင့် ချောင်ယတို့သည် သရဲတစ္ဆေများ၊ ဘီလူးများနှင့် ပြုစုပျိုးထောင်သူများအကြောင်း ကုနင်း မည်ကဲ့သို့ သိရှိသည်ကို သိချင်သော်လည်း သူတို့သည် ထိုအကြောင်းကို ထပ်မံမမေးခဲ့ကြပေ။ ကုနင်းက သူတို့ကို သိစေချင်ရင် ပြောပြလိမ့်မည်။

ကျင်းကျီနဉ်သည် ထူးဆန်းသည်ဟု ကုနင်းမှသဘောတူလိုက်သောကြောင့် ကောင်းယိနှင့် ချောင်ယက သူသည် ကျင့်ကြံသူဖြစ်ကြောင်း ခံစားမိပြီး သူတို့ခံစားမှုသည် မှန်ပေသည်။

“မင်းတို့ အခုတွေ့လိုက်တဲ့လူက ကျင့်ကြံသူဖြစ်ပေမယ့် သူ့အဆင့်ကို ငါမသိဘူး။ သူငါ့ကို ရည်ရွယ်ချက်ရှိရှိ မိတ်ဖွဲ့နေတာ သိသာတယ်၊ ဒါပေမယ့် အခုချိန်အထိတော့ သူငါ့အ‌ပေါ်ကောင်းသေးတာပဲ။”

***

အခန်း ၁၅၂၄ သူတို့ဆီက ဝေးဝေးနေ

“ငါက ကျင့်ကြံသူတွေအကြောင်း ပိုသိချင်တာနဲ့သူနဲ့လည်း မိတ်ဖွဲ့ဖြစ်သွားတယ်။ ထူးဆန်းတဲ့အရာတွေ အများကြီးကို ဖြတ်ကျော်ရတော့လောက္ပေမယ့် အဲဒါတွေကို ရှောင်လို့ မရဘူး။ အဲဒီ့အစား ငါ ကိုယ့်ကိုယ်ကို ဆက်ပြီးတိုးတက်အောင် လုပ်ရမယ်။” ဟု ကုနင်းက ဆိုသည်။

ကောင်းယိနှင့် ချောင်ယသည် ကုနင်းသည် လျှို့ဝှက်ဆန်းကြယ်ကြောင်း အမြဲသိခဲ့သော်လည်း ယခုအခါ သူမသည် သူတို့ထင်ထားသည်ထက် ပို၍ပင် အစွမ်းထက်ကြောင်း တွေ့ရှိလာခဲ့သည်။ ဤအခိုက်အတန့်တွင် သူတို့သည် ကုနင်း၏ရှေ့တွင် နောက်ထပ်အခက်အခဲများ ရှိနိုင်သည်ကို သူတို့သဘောပေါက်ထားသော်လည်း သူမအနားတွင် ရှိနေရန် ဆန္ဒရှိကြသည်။

"မင်းတို့ သူ့လို ထူးဆန်းတဲ့လူတွေနဲ့ တွေ့ရင် သူတို့နဲ့ ဝေးဝေးနေပါ။" လို့ ကုနင်းက ပြောလိုက်သည်။

ကုနင်းသည် အပြစ်မဲ့သူများကို မကြာခဏကူညီပေးသော်လည်း သူမသည် သူမ၏ကိုယ်ပိုင်အရည်အချင်းများကို ကောင်းစွာသိသည်။ လူတိုင်းကို ကယ်တင်ဖို့က သူမ၏ တာဝန်မဟုတ်သလို သူမထိန်းချုပ်မှုအောက်မှာ မရှိတဲ့ အရာတွေကိုလည်း သူမကူညီ‌ပေးနိုင်မှာမဟုတ်‌ပေ။

"နားလည်ပါပြီ" ကောင်းယိနဲ့ ချောင်ယတို့ ပြန်ဖြေလိုက်ကြသည်။

ရာစုနှစ်မြို့တော်ကိုပြန်ရောက်တဲ့အခါ ကိုယ့်အိမ်ကိုယ်ပြန်ကြသည်။ စောနေသေးသောကြောင့် ကုနင်းသည် သူမ၏ ဖုန်းကို ထုတ်လိုက်ပြီး သူတို့၏ WeChat အဖွဲ့တွင် သူမ၏ သူငယ်ချင်းများနှင့် စကားပြောဆိုသည်။

ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့ တွေ့သွားနိုင်ခြင်းကြောင့် လောလောဆယ်တော့ သရဲထီးကိုလွှတ်ပေးဖို့ ဆန္ဒမရှိသေးပေ။ နောက်ပိုင်းမှာ သူမအတွက် အဆင်ပြေတဲ့အခါ ထိုသရဲထီးကို မေးခွန်းများ‌မေးရန် စီစဉ်ထားပါသည်။

ချူးဖေ့ဟန် နှင့် အခြားသူတို့သည် သူတို့၏အိပ်မက်ဖြစ်တဲ့ တက္ကသိုလ်များသို့ ဝင်ခွင့်စာများ လက်ခံရရှိခဲ့သည်။ ထို့ကြောင့် လအနည်းငယ်အတွင်း သူတို့၏အိပ်မက် တက္ကသိုလ်များတွင် ပညာသင်ရန် စိတ်လှုပ်ရှားနေခဲ့သည်။ မတော်တဆအခြေအနေတစ်ခုခုသာ မဖြစ်ခဲ့ရင် သူတို့ စိတ်ကြိုက် မေဂျာမှာ တန်းတက်နိုင်သည်။

သူတို့နှင့်ခဏစကားပြောပြီးနောက် ကုနင်း သည် WeChat Momentsတွင်သူမ၏သူငယ်ချင်းပို့စ်များကို ဖတ်‌နေသည်။ လူအများစုက အဆင်‌ပြေပေမယ့် ရှုချင်ယင်းကတော့ စိတ်ဆိုးနပေုံရသည်။

ကုနင်းက သူမ ဘာကို စိတ်ပူနေမှန်း နားလည်လိုက်သည်။ ကုအန်းနာသည် ရှုချင်ယင်းအား ရဲရင့်ရန် အားပေးသည့် မှတ်ချက်များအရ ရှုချင်ယင်း သည် ထန်ချင်းယန်နှင့် သူမ၏ ဆက်ဆံရေးအကြောင်း အလေးအနက် စဉ်းစားနေပုံရသည်။

ကုနင်းသည် ယခုအချိန်တွင် သူမဘာပြောနိုင်သည်ကို မသိသောကြောင့် မှတ်ချက်ပေးမနေတော့ပေ။

ပိုင်ရွှယ်ယန် က မကြာသေးမီက ပို့စ်တစ်ခုကို တင်ခဲ့ပြီး ထိုပို့စ်မှာ သူမအများကြီး ဖြတ်သန်းပြီးနောက် ကြီးပြင်းလာခဲ့ပြီး သူမအား နာကျင်စေခဲ့သူများအား သူမကို သန်မာလာစေရန် ကူညီပေးခဲ့သော‌ကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားထားသည်။

ကုနင်းသည် ပိုင်ရွှယ်ယန်ကို သူမ၏ သူငယ်ချင်းအဖြစ် သတ်မှတ်ထားသည်။ အလုပ်များလွန်းတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် သိပ်မရှိပေမယ့် သူမကို ဂရုစိုက်ဆဲပါ။ ပိုင်ရွှယ်ယန်၏ပို့စ်ကိုဖတ်ပြီးနောက် ကုနင်း သည်သူမအတွက်စိုးရိမ်သောကြောင့် သူမထံစာတစ်စောင်ပေးပို့လိုက်သည်။

ကုနင်း : နင် အခု ဘယ်လိုနေလဲ?

သိပ်မကြာခင်မှာပဲ ပိုင်ရွှယ်ယန်က သူမကို ပြန်ဖြေလာသည်။

ပိုင်ရွှယ်ယန် : နင် ငါ့ကို မက်ဆေ့ချ်ပို့တယ် အံ့ဩဖို့ကောင်းလိုက်တာ။

ပိုင်ရွှယ်ယန် : မဆိုးပါဘူး၊ ဒါပေမယ့် သိပ်‌လည်းမကောင်းဘူး။

ဆိုလိုတာက သူမ အခြေအနေ မကောင်းဘူးလို့ ဆိုလိုသည်။

ကုနင်း မနေ့က နင်တင်ထားတဲ့ ပို့စ်ကို ငါမြင်ပြီး စိတ်ပူလို့ဂ။

ပိုင်ရွှယ်ယန်: အင်း ငါ မနေ့က အယ်လန်ကို ဖွင့်ပြောလိုက်တယ်။ ဒါပေမယ့် သူက ငါ့ကို ငြင်းခဲ့တယ်။ ငါက အရမ်းငယ်ပြီး သူ့မျက်လုံးထဲမှာ မရင့်ကျက်ဘူးတဲ့လေ။

ကုနင်းက အယ်လန်အကြောင်းကို နားလည်သည်။

ကုနင်း : ဒါက နင်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမို့ ငါဘာပြောရမှန်းကို မသိပေမယ့် ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်ကို ပြန်ချစ်ဖို့ဆိုတာကခက်တယ်။

ပိုင်ရွှယ်ယန်: ငါသိပါတယ် ငါနည်းနည်းဝမ်းနည်းနေရုံပါ။

ပိုင်ရွှယ်ယန်ကို ခဏနှစ်သိမ့်ပြီးနောက် ကုနင်းသည် လတ်တလောသတင်းများ အထူးသဖြင့် သူမ၏ကုမ္ပဏီများအကြောင်း သတင်းများကို စတင်ဖတ်ရှုသည်။ ကံကောင်းစွာဖြင့် သူမသည် ကြောက်မက်ဖွယ်ကောင်းသော သတင်းများကို မတွေ့ရဘဲ၊ အင်တာနက်အသုံးပြုသူအများစုသည် သူမ၏ ကုမ္ပဏီများအပေါ် အပြုသဘောဆောင်သော မှတ်ချက်များသာ ထားခဲ့ကြသည်။

ကုနင်း သည် ထန်ရှောင်ရှောင်နှင့် အခြားအနုပညာရှင်များအကြောင်း သတင်းများကိုလည်း အာရုံစိုက်လိုက်သည်။ ‘ဘုင်မတစ်ပါး၏စစ်သွေးစစ်မာန်’ ကြောင့် သူတို့ကို လူသိများလာကြသည်။

အနုပညာရှင်များသည် လူသိများရန် လိုအပ်သည် မဟုတ်လျှင် သူတို့ကို မကြာခင်ပင် ပရိသတ်များက မေ့သွားကြမည်ဖြစ်သည်။ အချို့သော အနုပညာရှင်များသည် လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်အတွက် လူသိရှင်ကြား ပွဲများပင် ပြုလုပ်ကြသည်။ သူတို့နဲ့ပတ်သက်တဲ့ သတင်းဆိုးတွေသာ ရှိခဲ့ရင်တောင် သူတို့ကို လစ်လျူရှုထားတာထက် ပိုကောင်းသည်။ သို့သော် သတင်းဆိုးသည် သတင်းကောင်းထက် မြန်မြန်ပျံ့နှံ့ကြသည်။

အတင်းအဖျင်းပြောခြင်းကို နှစ်သက်သူ များလွန်းသောကြောင့် အနုပညာရှင်များသည် ကြီးမားသော ဖိအားများအောက်တွင် ရှိကြသည်။ လုပ်ငန်းတိုင်းတွင် စည်းကမ်းများရှိပြီး ယင်းအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမည်ဖြစ်သည်။

အချို့သော အနုပညာရှင်များသည် ဖျော်ဖြေရေးနယ်ပယ်တွင် ငွေကြောင့် ကျော်ကြားမှုရရှိရန် မည်သည့်အရာမဆို လုပ်နိုင်သည်။ လူတွေက သူတို့ကို ချီးကျူးသလား၊ ဝေဖန်သလားဆိုတာကို ဂရုမစိုက်ဘဲ အာရုံစိုက်မှုကိုသာ လိုချင်ကြသည်။

တကယ်တော့ ထူးချွန်ထက်မြက်တဲ့ အနုပညာရှင်တွေသာ ရေရှည်နာမည်ကြီးနေနိုင်မှာဖြစ်သည်။

…

ခဏအကြာတွင် လင်ရှောင်းထင် ရုတ်တရက် ကုနင်းကိုဖုန်းခေါ်သည်။ အချိန်က ၁၂ နာရီနီးပါးရှိပြီဖြစ်သော်လည်း ကုနင်း သည် ပုံမှန်အားဖြင့် နောက်ကျမှ အိပ်တတ်သည်ကို သူသိသည်။ ၁၂ နာရီကျော်တဲ့အထိ သူမ မအိပ်‌ပေ။ ထို့ကြောင့် သူ့ဖုန်းသည် ယခုအချိန်တွင် သူမကို အနှောင့်အယှက်ပေးမည်မဟုတ်ပေ။

ကုနင်း၏ ဖုန်းသည် သူမလက်ထဲတွင် ရှိနေသောကြောင့် သူမ ချက်ချင်း ကိုင်လိုက်သည်။

လင်ရှောင်းထင်က အံ့အားသင့်သွားပြီး နောက်ပြောင်လိုက်သည်။

"ကိုယ်ခေါ်တာကို စောင့်နေတာမလား။"

"မဟုတ်ပါဘူး ဖုန်းကလက်ထဲမှာရှိနေလို့လေ။" ဟု ကုနင်းက ပြောလိုက်သည်။

"တကယ်လား?" လင်ရှောင်းထင် ပြုံးလိုက်သည်။

All Chapters