← Chapters

အခန်း (၁၅၂၅-၁၅၃၀)

Vol. 97 Ch. 1525-1530

အခန်း (၁၅၂၅-၁၅၃၀)

Vol. 97 Ch. 1525-1530

အခန်း ၁၅၂၅ မင်းထက်အသက်မရှည်ချင်ဘူး

ကုနင်းက ဆွံ့အသွားသော်လည်း သူနှင့် ငြင်းခုံခြင်းမရှိပဲ "ဒီရက်ပိုင်း ရှင့်ရဲ့ ကျင့်ကြံမှုက ဘယ်လိုလဲ။"

"မဆိုးပါဘူး တိုးတက်နေတယ်" ဟု လင်ရှောင်းထင်ကဆိုသည်။

ကျင့်ကြံသူသည် သူ၏ ကျင့်ကြံမှု တိုးတက်ရန် အချိန်အတော်ကြာပြီး လင်ရှောင်းထင်သည် များစွာ တိုးတက်နေပြီဖြစ်သည်။

"ကောင်းတယ်။ ဒါပေမယ့် ရှင်အလျင်လိုဖို့ မလိုဘူးနော် စိတ်ရှည်ရှည်နဲ့လုပ်ပါ။”

တကယ်တော့ လင်ရှောင်းထင်က ကုနင်းကို ကာကွယ်လိုပြီး သူ့အမေသေဆုံးရတဲ့ အကြောင်းရင်းအမှန်ကို ရှာဖွေလိုခြင်းကြောင့် မြင့်မားတဲ့အဆင့်ရှိတဲ့ ကျင့်ကြံသူ ဖြစ်ချင်တာပင်။

“နင်းနင်း…..” လင်ရှောင်းထင် ရုတ်တရက် ကုနင်းကို လှမ်းခေါ်သော်လည်း ချက်ချင်း ရပ်တန့်လိုက်သည်။

"ဘာဖြစ်လို့လဲ?" ကုနင်းက စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။

လင်ရှောင်းထင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး "သာမာန်လူတွေက ကျင့်ကြံသူ ဖြစ်လာနိုင်လား။" ဟု မေးလာသည်။

ကုနင်းက "ပုံမှန်အားဖြင့်တော့ မဖြစ်နိုင်ဘူး ဒါပေမယ့် ကျွန်မ ရာနှုန်းပြည့်တော့ မသေချာဘူး။"

"ကောင်းပြီ မင်း‌ရော ကျင့်ကြံသူ ဖြစ်ချင်လား။" လင်ရှောင်းထင်က မေးသည်။

ကုနင်းသည် စက္ကန့်ပိုင်းမျှ တုန်လှုပ်သွားပြီး ခံစားချက်များ ရောထွေးသွားခဲ့သည်။

"ကျွန်မမသိဘူး။"

“ကျင့်ကြံသူတွေက အသက်ရှည်နိုင်ပေမယ့် မင်းထက်တော့ ငါအသက်မရှည်ချင်ဘူး အတူတူ အသက်ကြီးသွား ချင်တယ်။” ဟု လင်ရှောင်းထင်က ပြောသည်။

ကုနင်းသည် ရင်ထဲနွေးထွေးသွားပြီး ဘာပြန်ပြောရမှန်း မသိ။ သူမသည် လင်ရှောင်းထင်ကို ကြီးမြတ်သော ကျင့်ကြံသူ ဖြစ်လာစေလိုသော်လည်း ကျင့်ကြံသူများသည် လူသားများနှင့် မတူကြောင်း သူမ မေ့လျော့နေခဲ့သည်။

ရုတ်တရက်ဆိုသလိုပဲ ကုနင်းလည်း လင်ရှောင်းထင်နဲ့အတူတူ အသက်အရွယ်ကြီးရင့်ချင်တာကြောင့် စိတ်မကောင်းဖြစ်ရပါသည်။ သူမ အသက်ပိုကြီးပြီး လင်ရှောင်းထင် ထက်စောပြီး သေဆုံးသွားပါက လင်ရှောင်းထင်သည် ဤကမ္ဘာပေါ်တွင် အထီးကျန်နေမည်ဖြစ်သည်။

လင်ရှောင်းထင်သည် ကုနင်းကို အဆုံးရှုံးမခံလိုဘဲ ကုနင်းကိုလည်း မထားခဲ့ချင်ပေ။

ကုနင်းသည် လင်ရှောင်းထင် ထက်စောပြီး သေဆုံးသွားပါက လင်ရှောင်းထင်သည် မိမိကိုယ်မိမိ သတ်သေသွားနိုင်သည်။ ထို့အပြင် သူသည် သူ၏မိသားစုဝင်များနှင့် သူငယ်ချင်းများထက် အသက်ပိုရှည်လိမ့်မည် ဆိုလိုသည်မှာ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်ကို သူမြင်တွေ့ရမည်ဖြစ်သည်။

ဤအရာသည် ကြီး‌လေးသောညှဉ်းပန်းမှုဖြစ်လိမ့်မည်။

ကုနင်းသည် မှော်အစွမ်းရှိသော်လည်း သူမသည် ကျင့်ကြံသူများနှင့် မယှဉ်နိုင်သေးပေ။

ဒါကိုတွေးရင်း ကုနင်း အရမ်းဝမ်းနည်းသွားသည်။ သို့သော် လင်ရှောင်းထင်သည် သူ့ဘဝတွင် ကျင့်ကြံခြင်းသည်များစွာအရေးပါသောကြောင့် ကျင့်ကြံလေ့ကျင့်ခြင်းကို သူမ မတားမြစ်နိုင်ပေ။ သူတို့ဘဝမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို သူတို့မထိန်းချုပ်နိုင်ကြ‌ပါ။

သူမမှာ ကျောက်စိမ်းမျက်ဝန်း တစ်စုံရှိပြီး သူမမှာ ထူးဆန်းတဲ့အရာတွေကို မဖြစ်ချင်ပေမယ့်လည်း ကြုံတွေ့ခဲ့ရပါသည်။ အချိန်ကြာလာသည်နှင့်အမျှ မိမိတို့ကိုယ်ကို အန္တရာယ်မှ ကာကွယ်နိုင်ရန် တိုးတက်မှသာဖြစ်မည်ဖြစ်သည်။

ထို့အပြင် လင်ရှောင်းထင်၏မိခင်သည် ကျင့်ကြံသူဖြစ်ပြီး၊ သူ့မိခင်၏သားအဖြစ် ကျင့်ကြံရေးလောကမှာ မကြာမီအချိန်တွင် သို့မဟုတ် နောက်ပိုင်းတွင် ရှာ‌ဖွေရမည်ဖြစ်သည်။ ထိုအခြေအနေတွင် လင်ရှောင်းထင်သည် သူ့ရှေ့တွင် မသိနိုင်သော အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် ခိုင်ခံ့နေမှ ရမည်ဖြစ်သည်။

ကုနင်းသည် လင်ရှောင်းထင်ကို စွန့်လွှတ်ဖို့ စည်းရုံးရန် ရည်ရွယ်ချက်မရှိပေ။ လင်ရှောင်းထင်အတွက် မည်မျှအရေးကြီးသည်ကို သူမ သိသည်။ တစ်ချိန်တည်းမှာပင် သူမကိုယ်တိုင်လည်း ကျင့်ကြံသူ ဖြစ်အောင် ကြိုးစားနိုင်မည်ဟု တွေးသည်။

ကုနင်းက “စိတ်မပူပါနဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ နည်းလမ်းရှာဖို့ ကြိုးစားပါ့မယ်။ ကျွန်မမှာ မှော်အစွမ်းရှိ‌ေတာ့ သာမန်မိန်းကလေး‌တော့မဟုတ်ပါဘူး။"

ထိုစကားကိုကြားတော့ လင်ရှောင်းထင် ဝမ်းသာသွားသည်။ ထိုသို့ဆိုလျှင် ကုနင်းသည်လည်း သူနှင့် အသက်ရှည်စွာ နေနိုင်ဖွယ်ရှိသည်။

အဲဒီနောက် ကုနင်းက သူ့ကို ဆက်လက်အားပေးတယ်

"ကျင့်ကြံသူတွေနဲ့ ကျင့်ကြံရေးလောကအကြောင်းကို ကျွန်မတို့ ပိုသိဖို့လိုတယ်။ ပြီးတော့ ကျွန်မတို့အတူတကွ တိုးတက်နိုင်မယ်လို့လည်း ယုံကြည်တယ်။ ရှင့်အမေသေဆုံးရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းအစစ်အမှန်ကို ရှင်ရှာဖို့ လိုအပ်နေသေးတာကို မမေ့ပါနဲ့"

လင်ရှောင်းထင်သည် ကုနင်းနှင့် သဘောတူခဲ့သည်။ ကုနင်းအတွက်ပဲဖြစ်ဖြစ် သူ့အမေအတွက်ပဲဖြစ်ဖြစ်၊ သူကတော့ သူ့ရဲ့ လေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်နေဖို့ လိုအပ်သည်။ ထို့ကြောင့် လင်ရှောင်းထင်သည် ထိပ်တန်းကျင့်ကြံသူဖြစ်လာရန် ပို၍စိတ်ပိုင်းဖြတ်ခဲ့သည်။

"နင်းနင်း ကိုယ့်အတွက် စိတ်မပူပါနဲ့။ ကိုယ့်ရဲ့ ကျင့်ကြံရေးကို ကိုယ်အာရုံစိုက်လိုက်ပါမယ်။”

သူ ကုနင်းကို လေးလေးနက်နက် ချစ်ပြီး သူမအတွက် အရာအားလုံးကို ကျေကျေနပ်နပ်ကြီး ကျေပွန်စွာ ထမ်းဆောင်ပေးလိုက်သည်။ ကုနင်းသည် သူ့ဘဝအတွက် ပျော်ရွှင်မှုကို ယူဆောင်လာတဲ့အတွက် သူမကို မဆုံးရှုံးချင်ပေ။ အနာဂတ်မှာ တစ်ယောက်တည်း နေရမယ်ဆိုရင် စောစောသေလိုက်တာကမှ ပိုကောင်းဦးမည်။

အချိန်အကြာကြီး စကားပြောပြီး ဖုန်းခေါ်တာကို အဆုံးသတ်လိုက်သည်။ ထို့နောက် ကုနင်းသည် ကျောင်းလုံကို ထုတ်လိုက်ပြီး လူများက ကျင့်ကြံသူ ဖြစ်လာနိုင်မလား မေးလိုက်သည်။

လူအများအပြားသည် ယခင်က ကျင့်ကြံသူ ဖြစ်လာရန် ကြိုးစားခဲ့ကြသော်လည်း ယခုအခါ ကွဲပြားသွားခဲ့သည်။

ကျောင်းလုံက ကုနင်းကို သူမရဲ့ မှော်အစွမ်းနဲ့ စမ်းကြည့်နိုင်တယ်လို့ ပြောသည်။ ကျောင်းလုံသည် သူတို့နိုင်ငံ၏ ထင်ရှားကျော်ကြားသော လှပသောနေရာဖြစ်သည့် ခွန်းလွန်တောင်အကြောင်းကိုလည်း ပြောပြသည်။

***

အခန်း ၁၅၂၆ ရီယွဲ့တောင်သို့အသွား

ခွန်းလွန်တောင်သည် ရီယွဲ့ တောင်၏နောက်ထပ်အမည်တစ်ခုဖြစ်ပြီး ကျင့်ကြံသူများအတွက် ပြီးပြည့်စုံသော မှော်စွမ်းအားကြွယ်ဝသည့်‌ေနရာဟု ဆိုကြသည်။ အဓိပတိနတ်ဘုရား၏ စံအိမ်တော်မှာလည်း ရီယွဲ့ တောင်၌ တည်ရှိသည်။

ကျောင်းလုံသည် ယခု ရီယွဲ့တောင်တွင် လုံလောက်သော မှော်အစွမ်းများရှိနေသေးသလား မသိ‌ပေ။ မှော်စွမ်းအားအတွက် ခွန်းလွန်တောင်သို့ ခိုးဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖော်ထုတ်ခံရပြီးနောက် နှင်ထုတ်ခံခဲ့ရသည်။

အပြစ်ဒဏ်အနေနှင့် သမုဒ္ဒရာထဲသို့ ပစ်ချခဲ့ခြင်းကြောင့် ခွန်းလွန်တောင်နှင့် ဝေးရာသို့ ကူးခတ်သွားခဲ့သည်။

ထို့ကြောင့် ကျောင်းလုံသည် ကျင့်ကြံသူများကို မနှစ်သက်သည့် အကြောင်းရင်းဖြစ်သည်။ သို့သော်လည်း ကျင့်ကြံသူများသည် သူ့ကို သတ်ခဲ့တာ မဟုတ်တဲ့ အတွက် လက်စားချေရန် အကြောင်းမရှိပေ။

“သခင်၊ မင်းရှာ‌ဖွေနေတာတွေကို ကြည့်ဖို့ ခွန်းလွန် တောင်ကို သွားလည်လို့ရတယ်။” လို့ ကျောင်းလုံက ပြောသည်။

တကယ်တော့ ကျောင်းလုံက သူကိုယ်တိုင်လည်း အဲ့ဒီကို ပြန်သွားချင်တာမလို့ ပြောခဲ့ခြင်းဖြစ်သည်။

ကုနင်းသည် ကျောင်းလုံ တွေးနေသည်ကို ဂရုမစိုက်ဘဲ လင်ရှောင်းထင်၏မိခင်သည် ခွန်းလွန်တောင်တွင် မတော်တဆမှုဖြစ်ခဲ့ကြောင်း သတိရသဖြင့် သူမအားလပ်ချိန်တွင် သွားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ကျောင်းလုံက အဲ့ဒီမှာ မှော်အစွမ်းရှိနိုင်တယ်လို့ ပြောတဲ့အတွက် အဲ့တာကိုကြည့်ဖို့ လိုအပ်တယ်လို့ သူမထင်သည်။

ဇူလိုင်လလယ်ပိုင်းဖြစ်၍ တက္ကသိုလ်မတက်မီ တစ်လခွဲအလိုတွင် အားလပ်ရက်ရှိသေးသောကြောင့် ကုနင်းသည် ရက်အနည်းငယ်အတွင်း ခွန်းလွန်တောင်သို့သွားရန် စီစဉ်လိုက်သည်။

သူမသည် ထိုနေရာသို့ တစ်ယောက်တည်း မသွားချင်ဘဲ လင်ရှောင်းထင်ကို သူမနှင့် လိုက်ခဲ့စေချင်သည်။

လင်ရှောင်းထင်၏မိခင်သေဆုံးပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း သဲလွန်စများကို ရှာတွေ့ရန် မျှော်လင့်နေကြဆဲဖြစ်သည်။ ထို့အပြင် ခွန်းလွန်တောင်တွင် မှော်စွမ်းအားများကို အတူတကွ ရှာဖွေနိုင်သည်။ ထို့ကြောင့် ကုနင်းသည် လင်ရှောင်းထင်ကို မဆိုင်းမတွ ဖုန်းပြန်ခေါ်လိုက်သည်။

"ဘာလဲ? ကိုယ့်ကို အရမ်းလွမ်းနေလို့ အိပ်မပျော်ဘူးလား။" ကုနင်း၏ခေါ်ဆိုမှုကိုလက်ခံရရှိသောအခါ လင်ရှောင်းထင်သည်နောက်ပြောင်ခဲ့သည်။

ကုနင်းကို ဟာသပြောနေပေမယ့် သူတို့ရဲ့ လေးနက်တဲ့ စကားပြောဆိုမှုအပြီးမှာ သူမခံစားချက်တွေကို သူစိတ်ပူနေတုန်းပါပဲ။ ကုနင်းသည် သန်မာသော မိန်းကလေးဖြစ်ကြောင်း သူသိသော်လည်း အဲ့တာက သူမ မငိုတတ်ဟု မဆိုလိုပေ။

"ဟုတ်တယ် ရှင်ဘယ်အချိန်အားမှာလဲ၊" ကုနင်းက မေးသည်။

"ကိုယ်မင်းကိုနှစ်ရက်အတွင်း ပြန်တွေ့နိုင်မယ်လို့ ထင်တယ်။" လင်ရှောင်းထင် ကပြောသည်။

"ဒီတစ်ခေါက်ရော ဘယ်လောက်ကြာကြာနေမှာလဲ။" ကုနင်း က ဆက်ပြောသည်။

"မပြောတတ်သေးဘူး။ အရေး‌ပေါ်ကိစ္စသာမရှိရင် တော့ ကြာကြာနေနိုင်လောက်တယ်။" လင်ရှောင်းထင်သည် ရိုးရိုးသားသား‌ပြောလိုက်သည်။ တခြားလူတွေကို သူ့အတွက် တစ်ခုခုလုပ်ပေးဖို့ သူစီစဉ်နိုင်ပေမယ့် တစ်ခါတလေတော့ သူကိုယ်တိုင်လုပ်ဖို့လိုသည်။

မီးတောက်နီ၏ အဖွဲ့ဝင်များအားလုံးသည် အထူးစစ်သားများဖြစ်ကြသော်လည်း သူတို့သည် ကျင့်ကြံသူများနှင့် မယှဉ်နိုင်ပါ။ လင်ရှောင်းထင်တောင်မှ ကျင့်ကြံသူကို သူတစ်ဦးတည်း အနိုင်မယူနိုင်ပေ။ တစ်ခါက နတ်ဆိုးလေ့ကျင့်မှုခံယူထားတဲ့ လူတစ်ဦးကြောင့် လင်ရှောင်းထင် နာကျင်ဖူးသည်။

လင်ရှောင်းထင်သည် ယခုအချိန်တွင် ကျင့်ကြံသူဖြစ်ခဲ့သော်လည်း၊ သူသည် အလွန်နိမ့်ကျသောအဆင့်တွင်ရှိပြီး အဆင့်တက်ရန် အချိန်အတော်ကြာခဲ့သည်။

“ဟုတ်ပြီ။ ခွန်းလွန် တောင်မှာ မှော်အစွမ်းတွေ အများကြီးရှိခဲ့ဖူးပြီး ကျင့်ကြံသူတွေအတွက် ပြီးပြည့်စုံတဲ့ နေရာလို့ ကျောက်လုံက ပြောပေမယ့် အခုအချိန်မှာတော့ မှော်အစွမ်းရှိ၊ မရှိမသေချာတော့ဘူး။ အဲ့တာကြောင့် လူကိုယ်တိုင် သွားကြည့်မလို့ ရှင်လည်း ကျွန်မနဲ့လိုက်နိုင်ရင် ကောင်းမှာပဲ။”

လင်ရှောင်းထင်သည် ခွန်းလွန် တောင်သို့ အမြဲသွားရောက်လိုသောကြောင့် ထိုသတင်းကြားပြီးနောက် စိတ်လှုပ်ရှားသွားသည်။ ဒီကမ္ဘာမှာ ထူးဆန်းတဲ့အရာတွေ အများကြီးရှိတယ်ဆိုတာ သူသိပြီး ကုနင်းနဲ့အတူ စွန့်စားချင်သည်။

“ကောင်းပြီလေ ကိုယ်ဒီဘက်က အလုပ်တွေကို စီစဉ်ဖို့ သုံးရက်ပဲလိုတယ်။ အဲ့တာပြီးတာနဲ့ ဆုံကြတာပေါ့။” ဟု လင်ရှောင်းထင်က ပြောသည်။

လင်ရှောင်းထင်သည် ကုနင်းနှင့်အတူ ခွန်းလွန် တောင်သို့ သွားကြည့်ရန် စိတ်အားထက်သန်သော်လည်း သူစိတ်ရှည်ရန် လိုအပ်သည်။

“ကောင်းလိုက်တာ!” ကုနင်း ပြုံးလိုက်သည်။

လင်ရှောင်းထင်နှင့် ကုနင်း နှစ်ယောက်လုံး စိုးရိမ်ပူပန်နေကြသော်လည်း ကောင်းကောင်းအိပ်ပျော်နေကြဆဲဖြစ်သည်။ ကောင်းယိနှင့် ချောင်ယတို့သည် အင်တာနက်ပေါ်ရှိ ကျင့်ကြံသူများအကြောင်း ဝတ္ထုများနှင့် အခြားအချက်အလက်များကို ဖတ်ပြီးနောက် အိပ်မပျော်နိုင်ပေ။

လင်ရှောက်ကျား ၊ ထန်ယရှင်းနှင့် ချီကျီယွဲ့လည်း အိပ်မပျော်။

လင်ရှောက်ကျားသည် ယခုတွင် ပိုကောင်းလာသော်လည်း ကိုယ်အလေးချိန် အများအပြားကျလာပြီး ကျန်းမာရေး မကောင်းသောပုံပေါက်နေသည်။ သူမသည် ယခုသူမ၏အသွင်အပြင်ကို မုန်းတီး၍ မှန်တောင် မကြည့်ချင်တော့ပေ။

ထန်ယရှင်းသည်လည်း ကုနင်းကြောင့် ညဘက်တွင် အိပ်မက်ဆိုးများ အမြဲမက်သည်။ ထို့ကြောင့် သူမ ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ အားနည်းလာတော့သည်။

***

အခန်း ၁၅၂၇ ပိုင်လီကျုံးယန်က ဝူရွှမ်းဟွာကိုရှာတွေ့သွားတယ်

ချီကျီယွဲ့သည် သူလိုအပ်သော ဆေးများကို လုံလောက်အောင် အောင်မြင်စွာ ရရှိခဲ့သော်လည်း သူသည် အချိန်မရွေး ဖမ်းမိမည်ကို အလွန်စိုးရိမ်နေသည်။

…

နောက်တစ်နေ့တွင်၊ ကုနင်းသည် နံနက်ခင်း အပြေးလေ့မကျင့်တော့ပဲ ကောင်းယိနှင့် ချောင်ယတို့နှင့် ခြံဝင်းထဲတွင် သိုင်းလေ့ကျင့်ခဲ့သည်။ ခြံတံခါးက ပွင့်နေ၍ ဝူရွှမ်းဟွာက သူမကို တွေ့လိုက်ရသည်။

ကုနင်းသည် ကိုယ်ခံပညာ ကျွမ်းကျင်ကြောင်း ဝူရွှမ်းဟွာ သိသော်လည်း သူမ မည်မျှ တိုက်ခိုက်နိုင်သည်ကို အတိအကျ မသိပါ။ ထို့ကြောင့် ယခု ကုနင်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်တွေ့ပြီးနောက် သူ အံ့အားသင့်သွားသည်။

သူမသည် ကျင့်ကြံသူများနှင့် မယှဉ်နိုင်သော်လည်း ကျင့်ကြံသူများသည် သူတို့ရဲ့ အထူးစွမ်းအား၏ အကူအညီဖြင့် တိုက်ခိုက်ကြသည်။ ကုနင်းလို ငယ်ငယ်ကတည်းက ကွန်ဖူးပညာမှာ အရမ်းထူးချွန်ဖို့ဆိုတာ မလွယ်ပေ။ သူမသည် ကျင့်ကြံသူဖြစ်လျှင် သုန်းဖန်းကျီယွီကိုတောင် လွှမ်းမိုးနိုင်မည်ဖြစ်သည်။

သုန်းဖန်းကျီယွီသည် ဝူရွှမ်းဟွာ၏ ညီတစ်ဝမ်းကွဲဖြစ်သော်လည်း ကုနင်းသည် သုန်းဖန်းကျီယွီထက် ပို၍ထူးချွန်ကြောင်း ဝန်ခံလိုသည်။

နှောင့်နှေးမနေဘဲ ဝူရွှမ်းဟွာသည် သူမတို့၏ တိုက်ပွဲ ဗီဒီယိုကို ရိုက်ယူသည်။ ဗီဒီယိုထဲမှာ သူတို့ကြားက အကွာအဝေးနဲ့ သူတို့မျက်နှာတွေက ရှင်းရှင်းလင်းလင်းမရှိပေမယ့် ကုနင်းရဲ့ လှုပ်ရှားမှုတွေက သိသာထင်ရှားနေသည်။

ဝူရွှမ်းဟွာ ပေါ်လာသည်ကို ကုနင်း သတိထားမိသော်လည်း သူမ သူ့ကို ဂရုမစိုက်ပေ။

မနက်ခင်းမှာ အပြေးလေ့ကျင့်သော ပိုင်လီကျုံးယန်သည်လည်း ဝူရွှမ်းဟွာကို သတိထားမိသည်။ ပိုင်လီကျုံးယန်သည် ကုနင်းကို အနီးအနားတွင် မမြင်နိုင်သောကြောင့် သူမအိမ်ဘက်ဆီသို့ တမင်အပြေးလေ့ကျင့်သော်လည်း ကုနင်း၏အိမ်မှ မီတာ ၂၀ သာဝေးသောအချိန်တွင် ကျင့်ကြံသူ၏လေထုကို ခံစားလိုက်ရသည်။

သူက ချက်ချင်းရပ်လိုက်ပြီး ပိုင်လီကျုံးရွှယ်ကို အခုချက်ချင်း အိမ်ပြန်ဖို့ ပြောလိုက်သည်။

ကျင့်ကြံသူများတွင် သရဲများ၊ ဘီလူးများ၊ အခြား ကျင့်ကြံသူများနှင့် ကုနင်းတို့သာ ခံစားနိုင်သော အထူးလေထုတစ်ခုရှိသည်။

အဆင့်နိမ့် ကျင့်ကြံသူများသည် ၎င်းတို့၏ အထူးလေထုကို ဖုံးကွယ်ထား၍ မရသောကြောင့် သူတို့ကို အလွယ်တကူ ခံစားမိနိုင်သည်။ ထို့အတူ မြင့်မားသော အဆင့်ရှိ ကျင့်ကြံသူများသည်လည်း ၎င်းတို့၏ လေထုကထူထပ်လွန်းသောကြောင့် သူတို့၏ အထူးလေကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။

ပိုင်လီကျုံးရွှယ်သည် အဆင့်နိမ့်ကျင့်ကြံသူဖြစ်သောကြောင့် သူမကိုယ်သူမ အလွယ်တကူ ဖော်ထုတ်နိုင်သည်။

ပိုင်လီကျုံးယန်သည် တစ်ဖက်ကျင့်ကြံသူသည် သူ့ထက် နိမ့်ကျသည်ဟု ခံစားမိသည်။

ခဏလောက်စဉ်းစားပြီးမှ ကုနင်းနှင့်ပတ်သတ်ပြီး တစ်ခုခုလာလုပ်မှာဖြစ်နိုင်မယ်လို့ သူထင်၍ အဖြေရှာဖို့ ဆုံးဖြတ်လိုက်သည်။

သူသည် ကုနင်း ၏အိမ်မှ ၁၀ မီတာခန့်အကွာရောက်သောအခါတွင် ကောင်းယိနှင့် ချောင်ယတို့သည် တိုက်ခိုက်ရေးစွမ်းရည်ကို ကုနင်းနှင့် လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူတို့ထံမှ ကျင့်ကြံသူ၏ လေထုကို သူ မခံစားရပေ။ ကုနင်း၏ အိမ်နှင့် သိပ်မဝေးတဲ့ တောအုပ်ငယ်လေးထဲက ထွက်လာပုံရသည်။

ပိုင်လီကျုံးယန် လှည့်ပတ်ကြည့်ပြီးနောက် ဝူရွှမ်းဟွာကို တွေ့လိုက်ရသည်။

သူတို့မိသားစုနှစ်ခုလုံးသည် ကျင့်ကြံ‌ရေးလောကတွင် အရေးပါသောရာထူးတစ်ခုရရှိထားသောကြောင့် ပိုင်လီကျုံးယန်သည် ဝူရွှမ်းဟွာနှင့် အလွန်ရင်းနှီးသည်။

ဝူရွှမ်းဟွာ အဲ့နေရာမှာရှိနေတဲ့ အဓိပ္ပာယ်က ကုနင်း၏လျှို့ဝှက်ချက်ကို ဝူရွှမ်းဟွာလည်းသိရှိသည်ဟု ဆိုလိုတာဖြစ်၍ ဝူရွှမ်းဟွာကိုမြင်လိုက်ရသောအခါတွင် သူစိတ်ညစ်သွားသည်။

ထို့ကြောင့် ပိုင်လီကျုံးယန်က ကုနင်းကို ဝူရွှမ်းဟွာက သူမနောက်လိုက်နေတယ်ဆိုတာကို ပြောပြသင့်သည်ဟု တွေးလိုက်သည်။ ဝူရွှမ်းဟွာသည် ကျင့်ကြံသူဖြစ်ကြောင်း ကုနင်းအား ပြောမှာ မဟုတ်ပေမယ့်လည်း ကုနင်းသည် ဝူရွှမ်းဟွာကို မနှစ်သက်စေရန်သာ ရည်ရွယ်သည်။

တကယ်တော့ ပိုင်လီကျုံးယန် အနားကို ရောက်လာတဲ့အခါ ကုနင်းက သူ့ကို သတိထားမိသည်။ ပိုင်လီကျုံးယန်ကလည်း သူမကို အရမ်းအာရုံစိုက်နေတာသိတာကြောင့် သူ့ကိုကြည့်ဖို့ စိတ်မဝင်စားပေ။

ဝူရွှမ်းဟွာသည် ပိုင်လီကျုံးယန်၏လေထုကိုသတိမထားမိသော်လည်း ကုနင်းကသတိထားမိသည်။

ကုနင်းက သူတို့လုပ်နေတာတွေကို ဂရုမစိုက်ဘဲ သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လေ့ကျင့်ဖို့ပဲ အာရုံစိုက်လိုက်သည်။

ပိုင်လီကျုံးယန်သည် ကုနင်း အိမ်အပြင်ဘက်တွင် အကြာကြီးမနေဘဲ ထွက်ခွာသွားသည်။ သို့သော် ဝူရွှမ်းဟွာသည် တူညီသောနေရာတွင် ဆက်တိုက်ရှိနေဆဲဖြစ်သည်။

ကောင်းယိ၊ ချောင်ယနဲ့ ကုနင်းတို့ဟာ နာရီဝက်လောက်ကြာတော့ ရပ်လိုက်ကြပြီး အားလုံး ချွေးထွက်ပြီဖြစ်၍ ရေချိုးဖို့ အိမ်ပြန်ခဲ့ကြသည်။

…

ပိုင်လီကျုံးယန် အိမ်ပြန်ရောက်တာနဲ့ ပိုင်လီကျုံးရွှယ်က စိုးရိမ်တကြီးနဲ့ "တခြားကျင့်ကြံသူက ဘယ်သူလဲ?" သူတို့က ကုနင်း အပေါ်အာရုံကျနေတဲ့ တခြားကျင့်ကြံသူတွေကို ပိုမလိုချင်ပေ။

“ဝူရွှမ်းဟွာ” ပိုင်လီကျုံးယန်က ပြောသည်။

"ဝူရွှမ်းဟွာ?" ပိုင်လီကျုံးရွှယ်ကတော့ သိပ်အံ့သြပုံမပေါ်။ "ကောင်းပြီ၊ ကုနင်းရဲ့လျှို့ဝှက်ချက်ကို သူတို့လည်း သိတာပေါ့"

အကြောင်းရင်းကို ဖော်ထုတ်ဖို့ သူမအတွက် မခက်ပေ။

"ငါတို့ဘာဆက်လုပ်ကြမလဲ?" ပိုင်လီကျုံးရွှယ်က စိုးရိမ်တကြီး မေးသည်။

“ဒီအချိန်မှာ ငါတို့ နောက်ပြန်လှည့်ဖို့ လိုမယ်ထင်တယ်။ ငါ ဝူရွှမ်းဟွာရဲ့ ဓာတ်ပုံကို ရိုက်ပြီးပြီ၊ မင်း ကုနင်းကို ဒီနေ့ နေ့လည်ထမင်းတူတူစားဖို့ ဖိတ်လိုက်။ မိန်းကလေးအချင်းချင်းဆိုတော့ ယောက်ျားတစ်ယောက်က သူ့နောက်က လိုက်ချောင်းနေတယ်လို့ သူ့ကို တိုက်ရိုက်ပြောလို့ရတယ်။ သူတို့တစ်ယောက်နဲ့တစ်ယောက် မဆုံခင် ဝူရွှမ်းဟွာကို ကုနင်း မုန်းတီးနေသင့်တယ်။” လို့ ပိုင်လီကျုံးယန်က ပြောသည်။

“ကောင်းပြီ!” ပိုင်လီကျုံးရွှယ်က သဘောတူလိုက်သော်လည်း၊ "ကုနင်း သတိထား‌နေမိ‌ပြီးတာရော မဖြစ်နိုင်ဘူးလား?"

“အရေးမကြီးပါဘူး။ ငါတို့က သူ့ကို စေတနာနဲ့ပြောနေတာဆိုတာကို သူသိသင့်တယ်။” ဟု ပိုင်လီကျုံးယန်က ပြောသည်။

"အိုး ဝူရွှမ်းဟွာက ကုနင်းကို လိုက်နေတာဆိုတော့ ငါသူမကို အတူတူထမင်းစားဖို့ ဖိတ်လိုက်ရင် ဝူရွှမ်းဟွာကလည်း သူမနဲ့ ငါတို့ရဲ့ဆက်ဆံရေးအကြောင်း သိသွားလိမ့်မယ်။"

***

အခန်း ၁၅၂၈ လင်းကျားယွီ

“အဆင်ပြေပါတယ်” သုန်းဖန်းမိသားစုသည် ကုနင်း၏တည်ရှိမှုကို သိရှိထားပြီးဖြစ်သောကြောင့် ကုနင်းနှင့် သူတို့၏ဆက်ဆံရေးကို ထုတ်ဖော်လိုက်သော်လည်း အရေးမကြီးပေ။

“ကောင်းပြီ၊ ငါသူ့ကို ဒီနေ့လည်မှာ အတူတူထမင်းစားဖို့ ဖိတ်လိုက်မယ်။” ပိုင်လီကျုံးရွှယ်က ပြောသည်။

ကုနင်းသည် ကုမ္ပဏီသို့ မသွားမီ အိမ်တွင် မနက်စာ စားပြီးခဲ့ပြီး ဝူရွှမ်းဟွာက သူမနောက် လမ်းတစ်လျှောက်လုံး လိုက်လာသည်။

နံနက် ၈ နာရီ ၁၅ မိနစ်တွင် သူမ၏ ကုမ္ပဏီသို့ ရောက်ရှိလာပြီး သူမ၏ ကုမ္ပဏီရုံးခန်းအပြင်ဘက်တွင် ကျယ်လောင်စွာ ငြင်းခုံနေကြသော လူတစ်စုကို တွေ့လိုက်ရသည်။ သူမက ကောင်းယိကို ကားရပ်ခိုင်းပြီး ချောင်ယနဲ့ ကားပေါ်မှ ဆင်းလိုက်သည်။

ခပ်ဝေးဝေးမှနေကာ ကုနင်းသည် သူမ၏ ကုမ္ပဏီဝန်ထမ်းဖြစ်သည့် အသက် ၂၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် သက်ကြီးရွယ်အိုစုံတွဲတစ်တွဲ စကားများရန်ဖြစ်ကြသည်ကို သတိပြုမိသည်။ ထိုမိန်းကလေးသည် မည်သည့်ဌာနတွင် အလုပ်လုပ်သည်ကို ကုနင်း မသိသော်လည်း သူမ၏ ရင်ဘတ်တွင် ဝန်ထမ်းတံဆိပ် ချိတ်ဆွဲထားသည်။

များမကြာမီတွင် လုံခြုံရေးအရာရှိ အများအပြားသည် သက်ကြီးရွယ်အိုစုံတွဲကို တားလိုက်ကာ မိန်းကလေးကို အကာအကွယ်ပေးကြသည်။

ရှန်းနဉ်အဖွဲ့ရှိ လုံခြုံရေးအရာရှိများအားလုံးသည် အငြိမ်းစားစစ်သားများဖြစ်သောကြောင့် သက်ကြီးရွယ်အိုစုံတွဲသည် သူတို့နှင့် မယှဉ်နိုင်ပါ။

"နင် တော်တော်ကျေးဇူးမသိတတ်တာပဲ! ငါ နင့်ကို ဒီအရွယ်ထိရောက်အောင် ပြုစုပျိုးထောင်ပေးလာတာ အခု နင့်အစ်ကို အိမ်ထောင်ပြုဖို့အတွက် နင့်အကူအညီလိုနေတာလေ။ သူ့ကို ကူညီသင့်တယ် မဟုတ်ဘူးလား? အဲဒါကို နင်က ဘာမိုလို့ ငြင်းရတာလဲ။" အဘွားကြီးက တော်တော် ရက်စက်သည်။

ထိုအချိန်တွင် စုန့်မန်နီ ထွက်လာသည်။ သူမသည် ယခုအခါ HR မန်နေဂျာဖြစ်နေပြီဖြစ်သည်။

ကုနင်းသည် ယခုလို ရှုပ်ထွေးနေသော အခြေအနေတွင် စုန့်မန်နီ၏ စွမ်းရည်ကို မြင်ချင်သောကြောင့် သူမချက်ချင်း ဝင်မပါခဲ့ပေ။

"ဘာလို့ ဒီကို ပြန်လာရဲတာလဲ။ ရှင်တို့လို မုန်းစရာကောင်းတဲ့ မိဘတွေကို ကျွန်မ တစ်ခါမှ မတွေ့ဖူးဘူး။ ရှင်တို့သားကိုပဲ ဂရုစိုက်ပြီး သမီးကိုကျ ဂရုမစိုက်ဘူး။" စုန့်မန်နီက ဝေဖန်သည်။ ဒီသက်ကြီးရွယ်အိုစုံတွဲတွေ ဒီကိုရောက်တာ ဒါပထမဆုံးအကြိမ်မဟုတ်လောက်ပေ။

တကယ်တော့ ဒီအသက်ကြီးတဲ့ စုံတွဲက လင်းကျားယွီလို့အမည်ရတဲ့ မိန်းကလေးကို မနေ့က ရုံးအဆောက်အဦးအပြင်ဘက်မှာ ပိတ်ဆို့ထား၍ စုန့်မန်နီက အဲဒီတုန်းက သူ့ကို ကူညီပေးခဲ့သည်။ ထို့ကြောင့် စုန့်မန်နီက သူတို့ဒီကို လာရသည့် အကြောင်းရင်းအမှန်ကို သိပြီး ဒေါသဖြစ်ရသည်။

လင်းကျားယွီ၏မိဘများသည် သူတို့၏သားကို သမီးထက်ပိုတန်ဖိုးထားကြပြီး လင်းကျားယွီကို သားဖြစ်သူ၏အိမ်ထောင်ပြုရန် အသုံးပြုမည့်ငွေအတွက် ချမ်းသာသောအဘိုးအိုတစ်ဦးနှင့်လက်ထပ်ရန်ပင် အတင်းအကြပ်ကြိုးစားကြသည်။ ထိုသူဌေးကြီးသည် ရက်စက်ကြမ်းကြုတ်ပြီး သုံးကြိမ်တိုင်တိုင် ကွာရှင်းခဲ့ဖူးသည်။

သူတို့သည် လင်းကျားယွီကို ပိုက်ဆံကြောင့် ရောင်းစားချင်ကြပြီး သူမ၏ခံစားချက်များကို လုံးဝဂရုမစိုက်ကြပေ။

မိဘတိုင်းက မိဘကောင်းတွေ မဟုတ်ပါ။ အချို့သောမိဘများသည် ဆိုးသွမ်းပြီး သားသမီးများကို တန်းတူမဆက်ဆံကြပေ။

အသေးစိတ်ကို ကြည့်ရှုသူများက မသိကြသော်လည်း လင်းကျားယွီ၏မိဘများသည် အစ်ကိုဖြစ်သူ၏အိမ်ထောင်ရေးအတွက် သူမကို ငွေဖြင့်ရောင်းစားလိုကြောင်း ကြားသိလိုက်ရသောအခါတွင် လင်းကျားယွီသည် ကံမကောင်းအကြောင်းမလှစွာ ထိုသို့သော မိဘနှစ်ပါးရှိကြောင်း သူတို့သိလိုက်ရသည်။

“ဘုရားရေ သူ့မိဘတွေ အရမ်းစက်ဆုပ်စရာကောင်းတယ်”

“သူတို့က မိဘဖြစ်ထိုက်တဲ့ သူတွေ မဟုတ်ဘူး”

"သမီးကို ပိုက်ဆံနဲ့ရောင်းစရာလား"

"ဒါဟာ ဆိုးရွားပြီး လက်မခံနိုင်စရာပဲ"

“…”

လူတွေရဲ့ဝေဖန်သံတွေကိုကြားသောအခါ လင်းကျားယွီရဲ့မိဘတွေဟာ သူတို့ရဲ့အမူအရာတွေပြောင်းသွားပြီး အရှက်ရမှုကနေ ဒေါသတကြီးခံစားကြရသည်။

"ဒါ မင်းကိစ္စလား! ပါးစပ်ပိတ်ထား!" လင်းကျားယွီ၏မိခင်က အော်ပြောလိုက်သည်။

တကယ်တော့ သူတို့မိသားစုရဲ့ အရေးဆိုပေမယ့် သူတို့ရဲ့ ညစ်ပတ်တဲ့လျှို့ဝှက်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါသည်။

"ရှင်တို့တွေက ကျွန်မတို့ကုမ္ပဏီကို ဒုက္ခရောက်အောင် ဆက်လုပ်နေတဲ့အတွက် ဒီလိုမလုပ်ခိုင်းတာ။ ရှင်တို့ အခုချက်ချင်း မထွက်သွားရင် ကျွန်မ ရဲကို ခေါ်လိုက်တော့မယ်။” လို့ စုန့်မန်နီက ဆိုသည်။

စုန့်မန်နီသည် လင်းကျားယွီကို ကူညီချင်သော်လည်း ဒီကိစ္စက သူမ မိသားစု၏ အရေးကိစ္စဖြစ်တဲ့အတွက် သူတို့ကို ပြန်လည်တိုက်ခိုက်ရန် လင်းကျားယွီ ပေါ်တွင်သာမူတည်သည်။ လင်းကျားယွီသည် သူမ၏ မကောင်းသော မိဘများထံမှ မိမိကိုယ်ကို ကာကွယ်ရန် သန်မာသူဖြစ်ရမည်။ လင်းကျားယွီက အရမ်းအားနည်းပြီး လက်လျှော့လိုက်မယ်ဆိုရင် သူ့ကို ဘယ်သူမှ မကူညီနိုင်ပေ။

လင်းကျားယွီ၏မိဘများသည် အနည်းငယ် ထိတ်လန့်သွားသော်လည်း ငြင်းခုံဆဲဖြစ်သည်။ "ငါတို့ကို မခြောက်နဲ့! သူက ငါတို့သမီးပဲ။ ငါတို့ သူ့ကိုတွေ့ရမယ်!"

"မင်းတို့ကုမ္ပဏီက ကြီးတယ်ဆိုတိုင်း ငါတို့ကို အနိုင်ကျင့်လို့မရဘူး!"

“နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေ ရှိတာပဲ ရဲတွေက ဘယ်သူက ပြဿနာရှာနေတယ်ဆိုတာ သိမှာပါ။” ဟု စုန့်မန်နီက အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ပြောကြားသည်။ လင်းကျားယွီ၏ မိဘများသည် သူတို့၏ ကုမ္ပဏီကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု သူမ မထင်ပေ။ ထို့အပြင် ကုနင်းသည် သူမ၏ သူဌေးဖြစ်ပြီး ကုနင်းသည် ကုမ္ပဏီကို လုံခြုံစေမည်ဟု သူမယုံကြည်သည်။

“မင်း…” လင်းကျားယွီ၏ မိဘများ စိတ်ဆိုးသွားသည်။ လင်းကျားယွီကို ရိုက်နှက်ချင်သော်လည်း သူမကို ယခု လုံခြုံရေးအစောင့်အကြပ်များစွာဖြင့် အကာအကွယ်ပေးထားသည်။

“အခုထွက်သွား မဟုတ်ရင် ကျွန်မ ရဲကိုခေါ်လိုက်တော့မယ်။” စုန့်မန်နီက သူ့ဖုန်းကို ထုတ်ကာ ပြောလိုက်သည်။ အဆင့်အတန်းမရှိတဲ့လူတွေကို သူမမုန်းတီးသည်။

လင်းကျားယွီ၏မိဘများသည် ရဲများက သူတို့ကိုသာ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သူတို့သိသောကြောင့် စုန့်မန်နီ၏ဖုန်းကို လုယူချင်ကြသည်။ သို့သော် စုန့်မန်နီ အနီးတွင် လုံခြုံရေးအစောင့်များရှိသဖြင့် ချဉ်းကပ်ရန် မဖြစ်နိုင်ပေ။

လင်းကျားယွီသည် နှလုံးကြေကွဲသွားသလို ခံစားချက်ဖြင့် သူတို့ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ အကိုကြီး၏အိမ်ထောင်ရေးစရိတ်အတွက် သူမ၏မိဘများက သူ့ကိုရောင်းရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်းကို သူမ မယုံနိုင်ပေ။

ငယ်ငယ်လေးကတည်းက သူ့မိဘတွေက သူမကို အိမ်ဖော်တစ်ယောက်လို ဆက်ဆံခဲ့သည်။ ကျောင်းလခကို သူ့ဘာသာသူအကုန်လုံး ရှာခဲ့ရသည်။ သူမ၏မိဘတွေကို မုန်းတီးခဲ့ပြီး ဒီတစ်ကြိမ် သူတို့လုပ်ရပ်က သူမကို ရင်ကွဲစေပါသည်။

***

အခန်း ၁၅၂၉ မင်းရဲ့ ဘဝကို မင်းဘာသာ ထိန်းချုပ်ပါ

"ကျားယွီ အဘိုးကြီးနဲ့ လက်ထပ်ရင် ဘယ်လောက်ရမှာလဲ?"

ထိုအချိန်တွင် အမျိုးသားတစ်ဦး၏ အသံသည် သူတို့ငြင်းခုံနေခြင်းကို ရပ်တန့်သွားစေခဲ့ပြီး ထိုလူသည် လူအုပ်ထဲမှ ထွက်လာသည်။

"ကျန်းဟောက် ရှင် ဒီမှာ ဘာလုပ်နေတာလဲ?" လင်းကျားယွီက သူ့ကိုတွေ့တော့ အံ့သြသွားသည်။

ကျန်းဟောက်သည် လင်းကျားယွီ၏ အမေးကို ချက်ချင်း မတုံ့ပြန်ဘဲ လင်းကျားယွီ မိဘများ၏ အဖြေကို စောင့်ရင် သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

လင်းကျားယွီ၏မိဘများသည် စက္ကန့်အတော်ကြာ တုန်လှုပ်ခြောက်ခြားသွားပြီး သူတို့၏မျက်နှာများတွင် သိသာထင်ရှားသော အထင်အမြင်သေးမှုကို ပြသခဲ့သည်။

ကျန်းဟောက်သည် လင်းကျားယွီ၏ ချစ်သူဖြစ်သော်လည်း သူသည် မချမ်းသာသောကြောင့် လင်းကျားယွီ၏ မိဘများက သူတို့၏ လက်ထပ်ခြင်းကို လက်မခံခဲ့ကြပေ။

"ယွမ်နှစ်သိန်း" လင်းကျားယွီ၏မိခင်က ကျန်းဟောက်အား မောက်မာစွာပြောသည်။ သူတို့၏အမြင်တွင် ကျန်းဟောက်သည် ယွမ်နှစ်သိန်းမတတ်နိုင်လောက်အောင် ဆင်းရဲလွန်းလှသည်။

"ကောင်းပြီ ငါ မင်းတို့ကို ယွမ်သုံးသိန်း ပေးနိုင်တယ်၊ လင်းကျားယွီနဲ့ ငါ လက်ထပ်ချင်တယ်၊ ဒါပေမယ့် မင်း ငါ့ရဲ့ အခြေအနေကို သဘောတူပြီး ငါနဲ့ သဘောတူညီချက်လက်မှတ် ထိုးရမယ်။" ဟု ကျန်းဟောက်က ပြောသည်။

ထိုစကားကိုကြားတော့ လင်းကျားယွီနှင့် သူမ၏မိဘနှစ်ပါးစလုံး အံ့သြသွားကြသည်။

"ကျန်းဟောက် မရူးစမ်းပါနဲ့။ ရှင်ဘယ်လိုလုပ်တတ်နိုင်မှာလဲ နောက်ပြီးတော့ ရှင် သူတို့ကို ပိုက်ဆံ လုံးဝမပေးနဲ့။" လင်းကျားယွီ စိတ်ပူသွားသည်။ ပိုက်ဆံပေးဖို့ သဘောတူပြီးတာနဲ့ သူ့မိဘတွေက ကျန်းဟောက်ကို ဒုက္ခရောက်အောင် လုပ်မှာကို သူမကြောက်သည်။ “ကျွန်မအတွက် စိတ်မပူပါနဲ့။ ကျွန်မအဘိုးကြီးနဲ့လက်ထပ်မှာမဟုတ်ဘူးလို့ ကတိပေးပါတယ်။"

"ကျားယွီ ဒီတစ်ခါတော့ ငါ့ကိုယုံပေးနိုင်မလား။" ကျန်းဟောက်က လင်းကျားယွီကို လေးနက်သောလေသံဖြင့် မေးလိုက်သည်။

လင်းကျားယွီသည် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားသော်လည်း အဆုံးတွင် ဘာမှ မပြောပေ။ ကျန်းဟောက်က ဘယ်လို ပိုက်ဆံတွေ အများကြီး ရခဲ့တယ်ဆိုတာ သူမ မသိပေမယ့် သူ့ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ပါသည်။

လင်းကျားယွီ၏ မိဘများသည် ငွေကိုသာ လိုချင်သောကြောင့် ကျေနပ်စွာ ပြောသည်။ "တကယ်လား? ဘယ်လိုအခြေအနေလဲ။"

"မင်းတို့ အခုကချိန်ကစပြီး လင်းကျားယွီကို ပိုက်ဆံတစ်ပြားမှ တောင်းလို့မရဘူး၊ မင်းတို့တွေ ငါတို့ကို ထပ်ပြီး ဒုက္ခပေးရဲရင် မင်းတို့လည်း လွယ်လွယ်နဲ့ ပြီးသွားမယ်မထင်နဲ့။"ဟု ကျန်းဟောက်က ဆိုသည်။

"ပြဿနာမရှိဘူး!" လင်းကျားယွီ၏မိခင်က ချက်ချင်းသဘောတူသည်။ သူမသည် ယခုအချိန်တွင် ငွေကို လိုချင်နေပြီး အနာဂတ်တွင် ဘာဖြစ်မည်ကို ဂရုမစိုက်ပေ။

“ကျန်းဟောက် သူတို့…” လင်းကျားယွီသည် သူမ၏ မိဘများ မည်မျှဆိုးကြောင်း ရှင်းရှင်းလင်းလင်း သိသောကြောင့် သူမ စိုးရိမ်နေခဲ့သည်။ သူမဆီက ပိုက်ဆံရနေသရွေ့ သူမကို အလွတ်ပေးမည်မဟုတ်ပေ။

"ကျားယွီ ငါ့ကိုယုံပါ၊ ငါဖြေရှင်းနိုင်မှာပါ။" ကျန်းဟောက်သည် လင်းကျားယွီ၏ စိုးရိမ်မှုကို နားလည်သည်။ သို့သော် သူမ၏မိဘများသည် ယခု ဤနေရာတွင် ရှိနေသောကြောင့် သူ၏အကြံကို သူမအား မရှင်းပြနိုင်ပေ။

"လင်းကျားယွီ နောက်လမတိုင်ခင် ကျန်းဟောက်ကို လက်ထပ်ပါ၊ ဒါဆို မင်းအကိုကြီး အမျိုးသားနေ့မတိုင်ခင် လက်ထပ်ဖို့ ပိုက်ဆံရပြီ။" ဟု လင်းကျားယွီ၏ဖခင်က ချက်ချင်းပြောသည်။

ကြည့်ရှုသူများအားလုံးသည် လင်းကျားယွီကို သနားကြသည်။ သူ့ဘဝတွင် ထိုသို့သောမိဘရှိခြင်းသည် ဆိုးရွားလှပေသည်။

ယခုအချိန်တွင် လင်းကျားယွီသည် သူမ၏မိဘများအတွက် မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးသွားခဲ့သည်။ သူ့ဘဝနဲ့သူ နေထိုင်ချင်လျှင် သူတို့နဲ့ အဆက်အသွယ်ဖြတ်ရမယ်ဆိုတာ သူသိသည်။

လင်းကျားယွီကို သတိပေးပြီးနောက် သူမ၏မိဘများ ထွက်ခွာသွားတော့သည်။

လင်းကျားယွီ၏ မိဘများ ထွက်သွားပြီးနောက် ကြည့်ရှုသူများလည်း ထွက်သွားကြသည်။

ဝန်ထမ်းများက ကုနင်းကို အခုအချိန်အထိ မတွေ့ရသေးတာကြောင့် သူမကိုတွေ့လိုက်ရတာနဲ့ ထိတ်လန့်သွားကြသည်။ ကုနင်း ရောက်နေတာကို မည်သူမှ မသိကြပေ။

မနက် ၉ နာရီကျော်နေပြီ သူတို့ အလုပ်ဆင်းသင့်ပြီဖြစ်၍ ကုနင်းသည် ဒီအရာကိုကြည့်ရှုခြင်းအတွက် သူတို့အား ဆူမည်ကို စိုးရိမ်နေကြသည်။

“အဆင်ပြေပါတယ် အခု ကိုယ်အလုပ်ကို သွားလုပ်ကြတော့။” လို့ ကုနင်းက သူတို့ကို ပြောလိုက်သည်။ သူမ လုံးဝ စိတ်မဆိုးခဲ့ပါ။

သူတို့အလုပ်တွေကို ချန်ထားပြီး ဒီပွဲကိုကြည့်တာ မမှန်ပေမယ့် ဘာကြောင့် ဒီလိုလုပ်ကြတာလဲဆိုတာ သူမနားလည်သည်။ အလုပ်ကို ကောင်းကောင်း ပြီးအောင် လုပ်နိုင်သရွေ့ သူမ ခဏတာ အနားယူခွင့်ပေးလိမ့်မည်။

“ဟုတ်ကဲ့!” ဝန်ထမ်းတွေအားလုံး ရုံးခန်းထဲကို ချက်ချင်းပြန်ပြေးသွားကြသည်။

လင်းကျားယွီသည် အထဲသို့ မဝင်သေးဘဲ ကုနင်းကိုကြည့်ကာ လွန်စွာ ကြောက်ရွံ့နေလေသည်။ "တောင်းပန်ပါတယ် ဥက္ကဌပြ ကျွန်မမိဘတွေ... "

"မင်း တောင်းပန်စရာ မလိုဘူး။ မင်းရဲ့ခံစားချက်တွေကို ငါနားလည်ပါတယ်၊ ဒါပေမယ့် မင်းကိုယ့်ဘဝကို ထိန်းချုပ်ပြီး လိုအပ်လာတဲ့အခါ ပြန်တိုက်ခိုက်ဖို့ သင်ယူရမယ်။"

ကုနင်းသည် အခြားသူများ၏ မိသားစုကို အကဲမဖြတ်ချင်ပေ။

"ကျေးဇူးတင်ပါတယ် ဥက္ကဌကြီး" ကုနင်းက သူမရဲ့ခံစားချက်တွေကို နားလည်ပေးတဲ့အတွက် လင်းကျားယွီ ဂုဏ်ယူမိသည်။

"အရေးကြီးကိစ္စရှိရင် မင်းရည်းစားနဲ့ စောစောသွားလို့ရတယ်။" လို့ ကုနင်းက ဆိုသည်။

ကုနင်းက သူတို့အတွက် အရမ်းအရေးကြီးတယ်ဆိုတာ နားလည်ပြီး အခုချက်ချင်းစကားပြောဖို့ လိုအပ်တာကြောင့် လင်းကျားယွီကို အလုပ်စောစောဆင်းဖို့ ခွင့်ပြုလိုက်ပါသည်။

"ကျေးဇူးအများကြီးတင်ပါတယ်!" လင်းကျားယွီက ကုနင်းကို ချက်ချင်း ကျေးဇူးတင်သည်။ သူမသည် ကျန်းဟောက်နှင့် အမြန်ဆုံး ဆွေးနွေးရန် လိုအပ်နေသည်။

ကုနင်းက သူမကို ပြုံးပြပြီးနောက် စုန့်မန်နီနောက်မှ ထွက်ခွာသွားခဲ့သည်။

“တချို့မိဘတွေက ဘာလို့ ဒီလောက်ဆိုးနေရတာကို နားမလည်ဘူး။ သမီးတွေထက် သားကို ပိုဂရုစိုက်တဲ့ မိသားစုတွေရှိတယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် သူတို့သမီးလေးကို ပိုက်ဆံနဲ့ရောင်းစားချင်တာတော့ လွန်လွန်းတယ်။” စုန့်မန်နီက ပြောသည်။

လင်းကျားယွီ၏မိဘများသည် အဘိုးကြီးနှင့်လက်ထပ်ကာ သူမကို ငွေဖြင့်ရောင်းစားလိုကြသည်။ စုန့်မန်နီက ဒီလိုမျိုး ကြုံဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ အရင်က ကြားတော့ကြားဖူးပေမယ့် အခုအချိန်အထိ မမြင်ဖူးပေ။

"ဟုတ်တယ် ဒီကမ္ဘာမှာ လူအမျိုးမျိုးရှိတယ်၊ အားနည်းနေရင် အနိုင်ကျင့်ခံရမှာပဲ။"

သူမ၏ ဆွေမျိုးများသည်လည်း မိန်းကလေးများထက် ယောက်ျားလေးများကို တန်ဖိုးထားသော်လည်း လင်းကျားယွီ၏ မိဘများသည် သူမ၏ ဆွေမျိုးများထက်ပင် ဆိုးရွားလှသည်။

***

အပိုင်း ၁၅၃၀ ကျောက်ပင်းရှု၏လုပ်ငန်းတာဝန်

ကံကောင်းစွာဖြင့်၊ ကုနင်း၏မိခင်သည် လွတ်လပ်ခွင့်အပြည့်ပေးပြီး သူမကို အလွန်ချစ်သည်။

…

ကုနင်း ထွက်သွားပြီးနောက် လင်းကျားယွီ စိတ်သက်သာရာရသွားသည်။ သူမသည် ကျန်းဟောက်ကို တံခါးဆီသို့ ချက်ချင်းဆွဲခေါ်သွားလိုက်ပြီး "ကျန်းဟောက် ရှင် ယွမ်သုံးသိန်း ဘယ်ကရလဲ။" လို့ အသံတိုးတိုးနှင့် မေးသည်။

"ကျားယွီ ကိုယ့်မိသားစုရဲ့အိမ်ကို နောက်လမှာ ဖြိုချတော့မှာဆိုတော့ လျော်ကြေးအနေနဲ့ ယွမ်နှစ်သန်းနဲ့ အိမ်နှစ်အိမ်ရနိုင်တယ်။ မနေ့ကအထိ အဆင်မပြေသေးလို့ မပြောသေးတာ ကျားယွီ၊ ကိုယ်မင်းကိုချစ်တယ်၊ မင်းကိုလက်ထပ်ပြီး မင်းနဲ့အတူကျန်တဲ့ဘဝတစ်လျှောက်လုံးဖြတ်သန်းချင်တယ်၊ ဒါပေမယ့် မင်းမိဘတွေကို ထပ်ပြီးအလျှော့မပေးပါနဲ့။ ကိုယ်တို့ကိုယ်တိုင် ဘဝကို ရှင်သန်ဖို့ လိုတယ်။”

"ကျွန်မသိတယ် ကျွန်မသိပါတယ်။ အခုကစပြီး ကျွန်မ သူတို့အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ သူတို့နဲ့ ဆက်ဆံရေးဖြတ်ဖို့လည်း မစောင့်နိုင်တော့ဘူး။ ကျွန်မအစ်ကိုက အသက်ကြီးလာတဲ့အခါ သူတို့ကို မထောက်ပံ့ချင်ဘူးဆိုရင်တောင် ကျွန်မ သူတို့ကို ဂရုစိုက်မှာ မဟုတ်ဘူး။” လို့ လင်းကျားယွီက ဆိုသည်။ ၎င်းတို့သည် အရည်အချင်းပြည့်မီသောမိဘများမဟုတ်ကြ၍ လင်းကျားယွီသည် သူတို့အား ထောက်ပံ့ရန်ငြင်းဆိုပိုင်ခွင့်ရှိသည်။

…

ကုနင်းနှင့် စုန့်မန်နီတို့သည် ၁၇ ထပ်မှ ချန်စန်းယိ၏ရုံးခန်းဆီသို့ တိုက်ရိုက်သွားကြသည်။

ကုနင်းသည် စုန့်မန်နီနှင့် ချန်စန်းယိကို ကျောက်ပင်းရှု အကြောင်းပြောပြခဲ့ပြီး စာချုပ်ပြင်ဆင်ရန် စုန့်မန်နီအား ပြောလိုက်သည်။

ချန်စန်းယိသည် ကုနင်း၏ရွေးချယ်မှုကို ယုံကြည်သောကြောင့် ၎င်းအကြောင်းကို နောက်ထပ်မမေးခဲ့ပေ။

စုန့်မန်နီသည် စာချုပ်ကိုပြင်ဆင်ရန် သူမ၏ရုံးခန်းသို့ ပြန်သွားသောအခါ ကုနင်းသည် သရဲခြောက်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ယခုအဆင်ပြေနေပြီဟု ချန်စန်းယိသို့ပြောသည်။

ချန်စန်းယိက ခေါင်းညိတ်ပြီး ကျန်လုပ်ထုံးလုပ်နည်းများကို နောက်မှ ကိုင်တွယ်မည်ဟု ပြောသည်။

…

ကျောက်ပင်းရှုသည် ၉:၃၀ တွင် ကုမ္ပဏီအပြင်ဘက်သို့ ရောက်ရှိလာပြီး ကုနင်းကို ဖုန်းဆက်လိုက်သည်။ ကုနင်း၏ကမ်းလှမ်းချက်ကို တွေးနေသောကြောင့် မနေ့ညက သူကောင်းကောင်းအိပ်မပျော်ခဲ့‌ပေ။

ကုနင်းသည် ကျောက်ပင်းရှု ဖုန်းဆက်တာတွေ့တာနဲ့ ကောင်းယိကို သွားခေါ်ခိုင်းသည်။ ထိုအချိန်တွင် ကုနင်းသည် ချန်စန်းယိ၏ရုံးခန်းတွင် ရှိနေဆဲဖြစ်သောကြောင့် သူမသည် ထိုနေရာတွင်နေ၍ ကျောက်ပင်းရှုကိုစောင့်နေသည်။

စုန့်မန်နီသည် မကြာမီ စာချုပ်ဖြင့် ပြန်လာသည်။

ကျောက်ပင်းရှုသည် ကောင်းယိကိုတွေ့သည်အထိ နည်းနည်းမျှ စိတ်မလျှော့နိုင်ပေ။

"မစ္စတာကောင်း ဒီရုံးခန်းအဆောက်အအုံတစ်ခုလုံးကို မစ္စကု ပိုင်တာလား" ကျောက်ပင်းရှုက မေးသည်။

“ဟုတ်တယ်၊ ဆောက်လက်စ ရုံးခန်းအဆောက်အအုံတစ်ခုလည်းရှိသေးတယ်။” ဟု ကောင်းယိက ပြန်ဖြေလေသည်။

အဲဒါကိုကြားတော့ ကျောက်ပင်းရှု အံ့သြသွားသည်။ ကုနင်းသည် အလွန်ချမ်းသာကြောင်း သူသိသော်လည်း သူမ၏ ကြွယ်ဝမှုများကို အံ့ဩနေဆဲဖြစ်သည်။

ကောင်းယိသည် ကျောက်ပင်းရှုကို ၁၇ ထပ်သို့ ခေါ်ဆောင်သွားကာ ကျောက်ပင်းရှု ဩက ကုနင်း ဩကို မြင်သည်နှင့် လေးလေးစားစား နှုတ်ဆက်သည်။ "မင်္ဂလာပါ မစ္စကု"

ကျောက်ပင်းရှုသည် ချန်စန်းယိနှင့် စုန့်မန်နီ တို့ကို မသိသောကြောင့် ၎င်းတို့ကို မနှုတ်ဆက်ဘဲ ခေါင်းညိတ်ပြီးသာ နှုတ်ဆက်လိုက်သည်။

"အန်ကယ်ကျောက် ထိုင်ပါဦး!" ကုနင်းက သူ့ကို ပြုံးပြသည်။

“ဟုတ်ကဲ့” ကျောက်ပင်းရှုက ချက်ချင်း ထိုင်လိုက်သည်။

"ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါရစေ၊ ဒါက ရှန်းနဉ်အဖွဲ့အစည်းရဲ့ အမှုဆောင်အရာရှိ ချန်စန်းယိ ဖြစ်ပြီး ဒါက ကျွန်မတို့ရဲ့ HR မန်နေဂျာ စုန့်မန်နီ ဖြစ်ပါ။" ဟု ကုနင်းမှ ကျောက်ပင်းရှုသို့ ပြောကြားလိုက်သည်။

ကျောက်ပင်းရှုသည် အမှုဆောင်က အခန်းထဲတွင် ရှိနေကြောင်း သိလိုက်သည်နှင့် မတ်တပ်ထရပ်လိုက်သည်။ "တွေ့ရတာဝမ်းသာပါတယ်၊ အမှုဆောင်ချန်နဲ့ မန်နေဂျာစုန့်။"

"တွေ့ရတာဝမ်းသာပါတယ်။" ချန်စန်းယိ ကပြောသည်။ ကုနင်းသည် ကျောက်ပင်းရှုအပေါ် အလွန်ကြင်နာသောကြောင့် သူလည်း ဖော်ရွေသင့်သည်။

“စာချုပ်က အဆင်သင့်ဖြစ်နေပြီ ကြည့်လို့ရပါတယ် ရှင့်မှာ တခြားပြဿနာမရှိဘူးဆိုရင်တော့ စန်းယိက ရှင်ဘာလုပ်ရမယ်ဆိုတာကို နောက်မှပြောလိမ့်မယ်။" ဟု ကုနင်း က ပြောသည်။

“ဟုတ်ကဲ့ပါ” ကျောက်ပင်းရှုက သဘောတူပြီးနောက် စာချုပ်ကို ဖတ်သည်။

၁၀ မိနစ်အတွင်း ကျောက်ပင်းရှုသည် စာဖတ်ခြင်းပြီးဆုံးခဲ့ပြီး ကုနင်းက သူ့ကို ကောင်းမွန်သော ကမ်းလှမ်းချက်ပေးတဲ့အတွက် အံ့သြသွားသည်။

ကုနင်း သည် သူ့ကို လစာပေးရုံသာမက မြို့တော်ရှိ ရှန်းဟွာ အိမ်ခြံမြေ၏ ရှယ်ယာ ၂ ရာခိုင်နှုန်းကိုလည်း ပေးသည်။ မြို့တော်တွင် ရုံးခွဲမဖွင့်သေးသော်လည်း ကမ်းလှမ်းချက်ကကောင်းလွန်းသည်။ ထို့အပြင် ရှန်းဟွာအိမ်ခြံမြေ၏အလားအလာကြောင့် ၎င်းသည်အနာဂတ်တွင်ကြီးမားသောအခွင့်အရေးဖြစ်လာလိမ့်မည်။

“မစ္စကု၊ ရှယ်ယာတွေ…” ကျောက်ပင်းရှုက သူတို့ကို လက်ခံဖို့ တုံ့ဆိုင်းနေမိသည်။ သူ့မျက်လုံးထဲမှာ အရမ်းများနေသည်။

“အန်ကယ်ကျောက် ကျွန်မက မန်နေဂျာကောင်းတစ်ယောက်တွေ့တိုင်း ဒီလိုလုပ်ပါတယ်။ အဲဒါက ကျွန်မကုမ္ပဏီမှာ ကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှုကို ထိန်းထားနိုင်တဲ့ နည်းလမ်းပဲ။ တကယ်တော့ မြို့တော်မှာ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဌာနခွဲက မဖွင့်ရသေးတဲ့အတွက် ငွေမရှာခင် ရှင်ဘာမှရအုံးမှာတော့မဟုတ်ဘူး။” ဟု ကုနင်းက ပြောသည်။ သူမသည် အလွန်ရိုးရိုးသားသားပြောတာဖြစ်ပြီး ကျောက်ပင်းရှုသည်လည်း ကုမ္ပဏီ၏ဘဏ္ဍာရေးအခြေအနေအတွက် တာဝန်ယူရန် လိုအပ်သည်။ ရုံးခွဲကနေ အမြတ်မထုတ်နိုင်ရင် ကျောက်ပင်းရှုလည်း တစ်ပြားမှ ရမည်မဟုတ်ပေ။

All Chapters