← Chapters

အခန်း (၁၅၃၁-၁၅၃၆)

Vol. 97 Ch. 1531-1536

အခန်း (၁၅၃၁-၁၅၃၆)

Vol. 97 Ch. 1531-1536

အခန်း ၁၅၃၁ ပိုက်ဆံပြန်ပေးခြင်း

အကယ်၍ ကုမ္ပဏီက တကယ်ကျရှုံးသွားလျှင် ကုနင်းက ဒါကို ဂရုမစိုက်ရင်တောင် ကျောက်ပင်းရှုကတော့ ဆုံးရှုံးမှုကြီးကို ခံစားရမှာပါ။

"နားလည်ပါတယ် အစွမ်းကုန်ကြိုးစားပါ့မယ်!" ကျောက်ပင်းရှုသည် ကုမ္ပဏီကို ကောင်းမွန်စွာ စီမံခန့်ခွဲရန် ဆုံးဖြတ်လိုက်သည်။ ကုနင်းသည် အလွန်ရက်ရောသော သူဌေးတစ်ဦးဖြစ်သောကြောင့် ဤအခွင့်အရေးကို သူလက်လွတ်ခံမည်မဟုတ်ပေ။

"ကောင်းပြီ ရှင့်နာမည်ကို လက်မှတ်ထိုးလိုက်ရုံပါပဲ။" ကုနင်းကပြောသည်။

ထို့နောက် ချန်စန်းယိ၏ အတွင်းရေးမှူးသည် ကုမ္ပဏီနှင့် ရှန်းဟွာ အိမ်ခြံမြေ ရုံးခန်းထပ်တို့နှင့် ရင်းနှီးစေရန် သူ့ကို ခေါ်သွား‌သည်။ ကျောက်ပင်းရှုက တခြားလိုအပ်တဲ့အရာ‌တွေရှိလျှင် ချန်စန်းယိ၏ အတွင်းရေးမှူးကို ပြောပြနိုင်‌ပေသည်။

ဤရက်များအတွင်း ကျောက်ပင်းရှုသည် ကုမ္ပဏီအသစ်နှင့် သူ၏အလုပ်သစ်ကို ဦးစွာရင်းနှီးရန် လိုအပ်‌ပေသည်။

ကုမ္ပဏီသည် ကျောက်ပင်းရှုအတွက် အတွင်းရေးမှူးတစ်ဦး၊ ကားနှင့် ဒရိုက်ဘာတစ်ဦးကို တတ်နိုင်သမျှ အမြန်ဆုံး စီစဉ်ပေးမည်ဖြစ်သည်။ စီမံခန့်ခွဲမှုအတွက် အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်သည့် အိမ်တစ်လုံးလည်း ပိုင်ဆိုင်နိုင်သော်လည်း ယခုတော့ မဟုတ်သေးပေ။ ကျောက်ပင်းရှုသည် ကုမ္ပဏီကို ငွေရဖို့အတွက် မကူညီရသေးသောကြောင့် ခဏစောင့်ရန် လိုအပ်သည်။

အမှန်တော့ ကျောက်ပင်းရှု၏အမှုကိစ္စပြေလည်ပြီးသည်နှင့် သူသည် သူ့ပိုက်ဆံပြန်ရကာ သူ့ဘာသာသူ အိမ်တစ်လုံးဝယ်နိုင်သည်။ လူတိုင်းက ကိုယ့်အိမ်ကိုယ်တော့ လိုချင်ကြ‌ပေသည်။

ရှန်းဟွာ အိမ်ခြံမြေ၏မန်နေဂျာအနေဖြင့် ကုမ္ပဏီ၏သမိုင်းကြောင်းကို သေချာပေါက်လေ့လာရန်လိုအပ်သည်။ ထို့ကြောင့် ကျောက်ပင်းရှုသည် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီးနောက် ချန်စန်းယိ၏အတွင်းရေးမှူးသည် ရှန်းဟွာအိမ်ခြံမြေနှင့်ပတ်သက်သည့် စာရွက်စာတမ်းကို ပေးအပ်ခဲ့သည်။

ကျောက်ပင်းရှုသည် ရှန်းဟွာ အိမ်ခြံမြေလုပ်ငန်း၏ မယုံနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်မှုကြောင့် အံ့အားသင့်သွားသည်။ ရှန်းဟွာအိမ်ခြံမြေသည် တစ်နှစ်အတွင်း ပိုင်ဆိုင်မှု ယွမ်သန်းငါးရာမှ ယွမ် ခုနစ်ဘီလီယံနီးပါး ရှိလာသည်။

ရှန်းဟွာ အိမ်ခြံမြေလုပ်ငန်းက ဟုန်ယွမ်ကိုဝယ်ယူသောအခါတွင် ဟုန်ယွမ်မှ ပိုင်ဆိုင်မှုအများစုကို ရရှိသော်လည်း ရှန်းဟွာအိမ်ခြံမြေသည် အမြတ်အစွန်းများစွာရရှိနေဆဲဖြစ်သည်။ ရှန်းဟွာအိမ်‌ခြံမြေမှာလည်း ချေးငွေ ယွမ်နှစ်ဘီလီယံ ရှိပေမယ့် နားလည်နိုင်သည်။ ကုမ္ပဏီတိုင်းလိုလိုမှာ ချေးငွေရဖို့ လိုအပ်ပေသည်။

ကျောက်ပင်းရှုဟာ သူ့ကိုယ်ပိုင်ကုမ္ပဏီကို လည်ပတ်တဲ့အခါမှာလည်း ဘဏ်မှ ပိုက်ဆံအများကြီးချေးခဲ့ရသည်။ ကုမ္ပဏီတစ်ခုသည် ၎င်း၏အကြွေးများထက် ငွေပိုရှာနိုင်သရွေ့ အမြတ်ထွက်ပါသည်။

ကျောက်ပင်းရှုသည် ကုနင်းကို ယခင်ကထက်ပို၍ သဘောကျသွား‌တော့သည်။

…

ကျောက်ပင်းရှုကို ကုနင်း အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တဲ့ သတင်းဟာ နောက်နေ့ အင်တာနက်မှာ ပျံ့နှံ့သွားသည်။

အင်တာနက်အသုံးပြုသူအများစုက ကုနင်းရဲ့ ရဲစွမ်းသတ္တိနဲ့ ကြင်နာမှုတွေအတွက် ချီးကျူးပြောဆိုခဲ့ကြပေမယ့် ကုနင်းဟာ အမှန်တကယ်လို့ ထင်ရဖို့အတွက် ပြီးပြည့်စုံလွန်းတယ်လို့ အချို့က ထင်မြင်နေကြဆဲပါ။ သို့သော်လည်း ကုနင်း၏ သစ္စာရှိ ပရိသတ်များက သူမအား ထုံးစံအတိုင်း ကာကွယ်ပေးကြသည်။

"ဒီလောက်မနာလိုမဖြစ်ပါနဲ့!"

“တချို့လူတွေက ချမ်းသာတဲ့သူတွေကို အမြဲတမ်း မနာလိုဖြစ်ကြတယ်။”

"ကုနတ်ဘုရားမက ထူးခြားတယ်ဆိုတာသိတယ်။ ဒါပေမယ့် လူတိုင်းက သူမလောက် ကူညီပေးပြီး ထူးချွန်တာတော့ မဟုတ်ပါဘူး။"

"သူက အရမ်းကြင်နာတတ်တဲ့ မိန်းကလေးပါ။"

“…”

ကုနင်းရဲ့ ပရိသတ်တွေက သူမကို မုန်းတီးသူတွေ တိုက်ခိုက်တဲ့အခါတိုင်း သူမကို အကာအကွယ်ပေးပေမဲ့ နာမည်ကြီးသူတွေကို အကြောင်းပြချက်မရှိဘဲ ဝေဖန်လေ့ရှိတဲ့ အင်တာနက်အသုံးပြုသူအချို့လည်း ရှိပါသည်။

သတင်းတွေ ပျံ့နှံ့သွားတာကြောင့် ကျန်းဖင်းယီလည်း ထိုသတင်းကို မြင်ခဲ့သည်။

ကျောက်ပင်းရှု ကြောင့် ဝူယွင်ကွမ်း တစ်ညလုံး အိပ်မပျော်နိုင်‌ေပ။

ကျောက်ပင်းရှုသည် နံနက် ၁၀ နာရီတွင် အဆောက်အဦးပေါ်မှ ခုန်ချကာ သတ်သေရန် ကြိုးစားခဲ့ကြောင်း ကျန်းဖင်းယီ ကြားသိရသောကြောင့် ဝူယွင်ကွမ်းသို့ ဆက်သွယ်လိုက်သည်။

ဝူယွင်ကွမ်းသည် ကျန်းဖင်းယီထံမှ ထိုကိစ္စကို ဖုံးကွယ်ထား၍ ကျန်းဖင်းယီထံမှ ဖုန်းခေါ်ဆိုမှုကိုမြင်လိုက်ရသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။

ကျန်းဖင်းယီသည် ငတုံးမဟုတ်ပါ။ ဝူယွင်ကွမ်းသည် သူ့နောက်ကွယ်မှ သူ့ကို တိုက်ခိုက်ရန် ကြံစည်နေမှန်း သိသည်။ မဆိုင်းမတွဘဲ ကျောက်ပင်းရှုထံမှ ဝူယွင်ကွမ်း လိမ်လည်လှည့်ဖြားထားသောငွေကို လက်ခံမည်မဟုတ်ကြောင်း ဝူယွင်ကွမ်းကို ပြောလိုက်သည်။ သူသည် ကုနင်းနှင့် မရှုပ်ရဲပါ။ ကျန်းဖင်းယီက ပြန်ပေးလိုက်တဲ့အတွက် ဝူယွင်ကွမ်းက သူ့ကို အပြစ်ပုံချရန် အကြောင်းပြချက် မရှိပေ။

ဝူယွင်ကွမ်းသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျောက်ပင်းရှုကို ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်သည်။

ဝူယွင်ကွမ်းရဲ့ နာမည်ကို မြင်တော့ ကျောက်ပင်းရှုက မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းကိုကိုင်လိုက်သည်။

"ဘာလဲ?" ကျောက်ပင်းရှု အေးစက်စွာမေးလိုက်သည်။

"ပင်းရှု, အမ်… ကျန်းဖင်းယီ ငါ့ကို အခုပဲ ဖုန်းဆက်ပြီး မင်းရဲ့ပိုက်ဆံကို ပြန်ပေးချင်တယ်လို့ ပြောတယ်။ ငါတို့ကို အခု လွှတ်‌ပေးလို့ရမလား။ အဲဒီတုန်းက သူ့မှာလည်း ရွေးချယ်စရာမရှိလို့ ထွက်သွားခဲ့တာပါ။” ဟု ဝူယွင်ကွမ်းက ပြောသည်။ သူက အရာရာတိုင်းအတွက် ကျန်းဖင်းယီကိုပဲ အပြစ်တင်နေသေးသည်။

ဝူယွင်ကွမ်းက သူ့ပိုက်ဆံတွေကို ပြန်‌ပေးချင်တဲ့အခါ ကျောက်ပင်းရှု အံ့ဩသွားသည်။ ခဏလောက်စဉ်းစားပြီးမှ ကုနင်းကိုကြောက်လို့မှန်းသိလိုက်ရသည်။

"အခုချက်ချင်းပြောဖို့ အဆင်မပြေဘူး၊ နောက်မှပြန်ခေါ်လိုက်မယ်" လို့ ကျောက်ပင်းရှုကပြောသည်။ ကုနင်းနှင့် အရင်ပြောသင့်တယ်ဟု သူထင်သည်။

***

အခန်း ၁၅၃၂ လျော်ကြေးငွေ ယွမ်ခြောက်သန်း

ဝူယွင်ကွမ်းသည် ကျောက်ပင်းရှုက ကုနင်း၏ထင်မြင်ချက်ကိုတောင်းခံရန် လိုအပ်ကြောင်းသိသောကြောင့် သူသဘောတူခဲ့သည်။ ကျောက်ပင်းရှု၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သော်လည်း ကုနင်းသည် ၎င်းတွင်ပါဝင်ပတ်သက်နေပြီးဖြစ်သည်။ ထို့အပြင် ကုနင်းသည် ယခု သူ၏ သူဌေး ဖြစ်သောကြောင့် သူမကို လေးစားမှု ပြသသင့်‌ပေသည်။

နှောင့်နှေးမနေဘဲ ကျောက်ပင်းရှုသည် ကုနင်း၏ရုံးခန်းသို့သွားကာ ထိုအကြောင်းကို သူမအား ပြောပြလိုက်သည်။

ကုနင်းက ဝူယွင်ကွမ်းက ပိုက်ဆံပြန်ပေးဖို့ ဆန္ဒရှိတာလည်း မဆိုးဟု ထင်သည်။ ဝူယွင်ကွမ်းနှင့် ကျန်းဖင်းယီတို့ကို ဖမ်းမိရင်တောင် ကျောက်ပင်းရှုသည် ယခု အဆင်ပြေနေပြီး ဘေးကင်းသောကြောင့် ကြီးလေးသော အပြစ်ပေးခံရမည်မဟုတ်ပေ။ သူတို့ငွေကို ပြန်ပေးဖို့ ဆန္ဒရှိတာကြောင့် ကုနင်းရဲ့ အားထုတ်မှုကို အများကြီး သက်သာစေနိုင်ပါသည်။

သို့သော်လည်း ကုနင်းသည် ဝူယွင်ကွမ်းကို အလွယ်တကူ ခွင့်လွှတ်ရန် ဆန္ဒမရှိပေ။ ဝူယွင်ကွမ်းကို လုံးဝ အပြစ်မပေးပါက ကျောက်ပင်းရှုအတွက် တရားမျှတမည်မဟုတ်ပါ။

"ရှင်ရောဘယ်လိုထင်လဲ။ ကျွန်မသဘောထားကို ရှင် စိတ်ပူနေဖို့ မလိုပါဘူး။ ရှင့်ရဲ့ စိတ်ကူးကိုပဲ ပြောပါ။” လို့ ကုနင်းက ကျောက်ပင်းရှုကိုမေးလိုက်သည်။ သူသည် ဤကိစ္စတွင် နစ်နာသူဖြစ်ခဲ့သောကြောင့် ကုနင်းသည် သူ့အကြံဉာဏ်များကို နားထောင်သင့်သည်ဟု တွေးသည်။

"ငါလည်းမသိဘူး၊ ဒါကြောင့် မင်းစကားနားထောင်မှာပါ။ သူက ကုနင်းကို ယုံကြည်ပြီး သူမကိုလည်း အားကိုးသည်။

"ကောင်းပြီ။ ရှင်အဲ့တာကိုလက်ခံနိုင်မယ်လို့ ကျွန်မထင်ပါတယ်။ ရှင်က အခုနေကောင်းပြီး ဘေးကင်းတဲ့အတွက် သူတို့ကို တရားရုံးက ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီလောက် လွယ်လွယ်နဲ့ ခွင့်လွှတ်‌ပေးလို့ မရဘူး သူတို့ ရှင့်ကို လုပ်ခဲ့တာတွေအတွက် ပေးဆပ်ဖို့ လိုနေသေးတယ်။”

“ဟုတ်တယ်” ကျောက်ပင်းရှု ခေါင်းညိတ်လိုက်သည်။

အဲဒီနောက် ကုနင်းက ကျောက်ပင်းရှုကို သူ့ဖုန်းကို ပေးခိုင်းပြီး ဝူယွင်ကွမ်းကိုဖုန်းဆက်လိုက်သည်။

ဝူယွင်ကွမ်းသည် ကျောက်ပင်းရှုထံမှ ဖုန်းခေါ်ဆိုမှုကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသောကြောင့် ချက်ခြင်း ကိုင်လိုက်သည် ။

"ပင်းရှု မင်းရဲ့ဆုံးဖြတ်ချက်ကဘာလဲ"

"ငါတို့လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ရှင် ကျောက်ပင်းရှုကိုလုပ်ခဲ့တဲ့အရာအတွက် ရှင်ပေးဆပ်ရမယ်။" ဟု ကုနင်းကပြောသည်။

ဖုန်းမှ ကုနင်း၏အသံကိုကြားလိုက်ရသောအခါ ဝူယွင်ကွမ်းမှာ ကြောက်ရွံ့တုန်လှုပ်သွားသည်။

"ဘာ...ဘာလိုချင်လို့လဲ?"

“ကျောက်ပင်းရှုက ဒီပရောဂျက္မှာ ယွမ်သန်းနှစ်ဆယ် ရင်းနှီးမြှုပ်နှံထားတာဆို‌တော့ ရှင်သူ့ကို ယွမ်သန်းနှစ်ဆယ် ပြန်ပေးရမယ်။ နောက်ပြီး ကျောက်ပင်းရှုက ယွမ်ခြောက်သန်းကို ရှင့်ဆီ ပြန်ပေးမှာမဟုတ်ဘူး။ ယွမ်ခြောက်သန်း ဘယ်ကို‌ရောက်သွားတယ်ဆိုတာတော့ မပြောနိုင်ဘူး။ ဒါပေမယ့် ရှင်လက်မခံလို့တော့ မရဘူး။ မင်းငြင်းရင်တော့ တရားရုံးမှာတွေ့ကြတာပေါ့။" ကုနင်းက ဝူယွင်ကွမ်းကို ခြိမ်းခြောက်လိုက်သည်။

ကျောက်ပင်းရှု အကြွေးပြန်ဆပ်မှာ မဟုတ်ဘူးဟု ကုနင်း ပြောလိုက်တဲ့အခါ ဝူယွင်ကွမ်း စိတ်တိုသွားသည်။ ယွမ်သန်းနှစ်ဆယ်ကို ပြန်ပေးဖို့‌တောင် သူ့အတွက် မလွယ်ပေ။ သို့သော် ကုနင်းက အဲဒီထက် ပိုလိုချင်‌နေသေးသည်။ အစကတည်းက သူ့အမှားဆိုတာကို သူ လုံးဝ မေ့‌နေခဲ့သည်။ အကယ်၍ သူသည် ကျောက်ပင်းရှုကိုပိုက်ဆံမလိမ်ခဲ့ပါက ကျောက်ပင်းရှုသည် အရာအားလုံးဆုံးရှုံးလိမ့်မည်မဟုတ်ပေ။

ကုနင်းက လျော်ကြေး ယွမ်ခြောက်သန်းပေးဖို့ အဆိုပြုတဲ့အခါ ကျောက်ပင်းရှု လည်း အံ့ဩသွားသည်။ သူ့အမြင်မှာ လျော်ကြေး ငွေ ယွမ်ခြောက်သန်းက အရမ်းများ‌နေသည်။

ကျောက်ပင်းရှုက အရမ်းများတယ်လို့ ထင်နေပေမယ့် ကုနင်း ရဲ့ ဆုံးဖြတ်ချက်ဖြစ်တာကြောင့် ဘာမှ မပြောပါ။

ဝူယွင်ကွမ်းသည် ထိုကိစ္စကို စိတ်ဆိုးသော်လည်း ငြင်းဆန်ခြင်း မရှိပေ။ ကုနင်းကို သဘောမတူရင် သူထောင်ကျလိမ့်မယ်။ သူဟာ အနာဂတ်မှာ ငွေပိုရှာနိုင်ပေမယ့် ထောင်ထဲရောက်တာနဲ့ အရာအားလုံးဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။

အဲဒါက သူ့ကုမ္ပဏီတင်ထိခိုက်ရုံတင်မကဘဲ တကယ်ဖြစ်လာရင် သူ့မိသားစုလည်း ပျက်စီးလိမ့်မည်။ ထို့ကြောင့် နောက်ဆုံးတွင် သူသဘောတူခဲ့သည်။

"ကောင်းပြီ၊ ငါသဘောတူတယ်။" ဟုသူကပြောသည်။

"ကောင်းပြီ အဲဒါအတွက် စီစဉ်လိုက်ပါ။ ကျောက်ပင်းရှုက ရှင့်ကို ကျွန်မလူတွေနဲ့အတူ တွေ့လာတွေ့လိမ့်မယ်။" ကုနင်းက ပြောပြီး ဖုန်းချလိုက်သည်။

သူမသည် ကျောက်ပင်းရှုနှင့် ဝူယွင်ကွမ်းကိုတစ်ဦးချင်းတွေ့ဆုံခြင်းဟာ မလုံခြုံသောကြောင့် တွေ့ခွင့်မပြုပါ။ ဝူယွင်ကွမ်းမှာ အခြားမကောင်းသော အကြံအစည်များ ထပ်မံရှိနေရင် ဘယ်လိုလုပ်မလဲ။

ကုနင်း နှင့်ဖုန်းဆက်ပြီးနောက် ဝူယွင်ကွမ်းသည် သူ၏လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပစ်ခွဲလိုက်သည်။ ကုနင်းအပေါ် သူ့ဒေါသကို ထုတ်မပြရဲ‌သောကြောင့် ယခုလိုသာ သူလုပ်နိုင်သည်။

ဝူယွင်ကွမ်းသည် နေ့လည်တွင် တွေ့ဆုံရန်စီစဉ်ပေးသောကြောင့် ကုနင်းက ကျောက်ပင်းရှုနှင့်အတူ ကောင်းယိကို လိုက်သွားပြီးတွေ့ရန် ပြောသည်။

ကောင်းယိက ကုနင်းရဲ့ ကားကို မောင်းလာတဲ့အခါ ဝူရွှမ်းဟွာက အဲဒါကို မြင်ပြီး နောက်ကနေ လိုက်သွားတယ်။ သို့သော်လည်း ကုနင်းသည် ကားထဲတွင် မပါကြောင်း မကြာမီပင် သူသိလိုက်ရသောကြောင့် ရှန်းနဉ်အဖွဲ့သို့ ပြန်လာခဲ့ရသည်။

ထိုအချိန်တွင် ကုနင်းသည် ပိုင်လီကျုံးရွှယ်ထံမှ ဖုန်းလက်ခံရရှိပြီး သူမအား ထိုနေ့လည်ပိုင်းတွင် အတူထမင်းစားရန် ဖိတ်ကြားခံခဲ့ရသည်။

ထိုနေ့မနက်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် ကုနင်းသည် ရိုးရှင်းသော အစာမဟုတ်ကြောင်း သိသော်လည်း သူမ သဘောတူလိုက်သည်။ သူမသည်လည်း ရည်ရွယ်ချက်တစ်ခုကြောင့် ပိုင်လီကျုံးရွှယ်နှင့် သွားတွေ့မည်ဖြစ်သည်။

***

အခန်း ၁၅၃၃ ငယ်ရွယ်သော ဇိမ်ခံကားပိုင်ရှင်

နာရီအတော်ကြာပြီးနောက် ကောင်းယိနှင့် ကျောက်ပင်းရှုတို့သည် ယွမ်သန်းနှစ်ဆယ် ချက်လက်မှတ်ဖြင့် ပြန်လာခဲ့ကြသည်။

ကျောက်ပင်းရှုသည် ကုမ္ပဏီတွင် ကုနင်းကိုတွေ့သောအခါ စိတ်လှုပ်ရှားနေပုံရသည်။ သူ့ပိုက်ဆံကို ပြန်ရဖို့က မလွယ်သလို သူကိုယ်တိုင်ပင် သတ်သေလုနီးပါးဖြစ်ခဲ့သည်။

"ဘော့စ် ကျေးဇူးအများကြီးတင်ပါတယ်!" ကျောက်ပင်းရှုက ကုနင်းကို ထပ်ပြီး ကျေးဇူးတင်သည်။

ကုနင်း၏အကူအညီမပါလျှင် သူသည် ဒေဝါလီခံလျှင်ခံ မဟုတ်လျှင် သေဆုံးနေပြီးတောင် ဖြစ်နိုင်သည်။

"ရပါတယ် ရှင် အခုကိုယ်ပိုက်ဆံနဲ့ကိုယ် အိမ်တစ်လုံး ဝယ်နိုင်ပြီပေါ့။" လို့ ကုနင်းက ပြောသည်။

“ဟုတ်ပါတယ်” ကျောက်ပင်းရှု ပြုံးလိုက်သည်။

…

ကုနင်း သည် ထိုနေ့မွန်းလွဲပိုင်းတွင် ပိုင်လီကျုံးရွှယ်နှင့်တွေ့ဆုံရန်သွားခဲ့ပြီး ခါတိုင်းထက်စော၍ သူမ၏ကုမ္ပဏီမှထွက်ခဲ့သည်။

သူမသည် ယခုတစ်ကြိမ်တွင် ကောင်းယိ, ချောင်ယတို့နှင့် မသွားဘဲ ဝူရွှမ်းဟွာကို သူမပြန်မရောက်လာခင်အချိန်အထိ ဝေးရာသို့ ခေါ်သွားရန် ပြောခဲ့သည်။

ကောင်းယိနှင့် ချောင်ယတို့သည် တစ်စုံတစ်ယောက်က ကုနင်း၏နောက်သို့ အမြဲလိုက်နေကြောင်း သတိပြုမိကြသည်။ အစပိုင်းမှာတော့ ကုနင်းအား ဝူရွှမ်းဟွာကို ဖယ်ရှားဖို့ မကူညီနိုင်ခဲ့တဲ့အတွက် သူတို့ကိုယ်သူတို့ အပြစ်တင်ခဲ့ကြပေမယ့် ကုနင်းကတော့ ဝူရွှမ်းဟွာဟာ ကျင့်ကြံသူဖြစ်တယ်လို့ ပြောခဲ့သည်။ သူတို့သည် သေမျိုးများဖြစ်သည်။ သူတို့သည် ထိပ်တန်းအသက်မွေးဝမ်းကျောင်း လူသတ်သမားများ ဖြစ်သော်ငြား ကျင့်ကြံသူများနှင့် ယှဉ်နိုင်မည် မဟုတ်ပါ။

ကောင်းယိနဲ့ ချောင်ယက ကုနင်း၏ ကားကို မောင်းထွက်သွားတဲ့အခါ ဝူရွှမ်းဟွာက သူတို့နောက်ကို လိုက်သွားပြီး ကုနင်းက နောက်ထပ်ကားတစ်စီးနှင့် မောင်းထွက်သွားသည်။ ဤကားက Fမြို့က လာတာဖြစ်တဲ့ အတွက် နံပါတ်ပြားက Fမြို့က နံပါတ်ပြားနှင့်ဖြစ်သည်။

ကုနင်းသည် ပိုင်လီကျုံးရွှယ်ကိုတွေ့ရန် အလျင်စလိုမဟုတ်သော်လည်း သူမသည် ကားကို အမြန်မောင်းနေသည်။ သူမသည် ကျွမ်းကျင်စွာ မောင်းနှင်နိုင်သောကြောင့် အခြားကားများကို ကျွမ်းကျင်စွာ ကျော်တက်နိုင်ပြီး အခြားလမ်းကြောသို့လည်း ဖြတ်သွားနိုင်သည်။

သို့သော် ဇိမ်ခံကားတစ်စီးရှေ့တွင် နောက်ထပ်လမ်းကြောတစ်ခုကို ဖြတ်ယူလိုက်သောအခါ ဇိမ်ခံကားပိုင်ရှင်သည် ဒေါသတကြီးဖြစ်သွားသည်။ သူသည် ငယ်ရွယ်သူဖြစ်၍ ဒေါသကို မျိုသိပ်မထားတတ်ဘဲ ကုနင်းကို သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။

လမ်းမပေါ်တွင် ကားအသွားအလာများသော်လည်း လူသိပ်မများသောကြောင့် အရှိန်မြှင့်ကာ ကုနင်း၏ကားကို ရပ်တန့်ရန် အတင်းကြိုးစားတော့သည်။

ကုနင်းက သူမကို ကားရပ်ခိုင်းတဲ့အထိ သူ့ကို ဂရုမစိုက်ပေ။ ထိုယောက်ျားသည် သူမ၏ စောစောက အပြုအမူကို ဒေါသထွက်သွားသည်ဟု သူမ သိလိုက်သည်။ သို့သော်လည်း ထိုလူသည် သူမလောက်မကျွမ်းကျင်သောကြောင့် ကုနင်းသည် လုံးဝဂရုမစိုက်ပါ။ မဆိုင်းမတွဘဲ ကုနင်းလည်း အရှိန်မြှင့်ပြီး ဇိမ်ခံကားကို နောက်ကနေ ထားခဲ့လိုက်သည်။

ဇိမ်ခံကားပိုင်ရှင် လူငယ်လေးသည် စက္ကန့်ပိုင်းမျှ တုန်လှုပ်သွားပြီး သူမနောက်မှ ချက်ချင်း လိုက်လာခဲ့သည်။ ကံမကောင်းစွာပဲ၊ သူဘယ်လောက်မြန်မြန်မောင်းပါစေ၊ သူနဲ့ ကုနင်းကြားမှာ အမြဲတမ်းအကွာအဝေးရှိသည်။

လမ်းပေါ်ရှိ အခြားယာဉ်မောင်းများကမူ အလွန်အန္တရာယ်များသောကြောင့် သူတို့အား ဝေဖန်နေကြသည်။

ဇိမ်ခံကားပိုင်ရှင် လူငယ်သည် ကျင်းလင်ဟိုတယ်သို့ ရောက်သည်အထိ ကုနင်းကို ငါးမိနစ်ခန့် လိုက်ခဲ့သည်။

ကုနင်းသည် တဖြည်းဖြည်း နှေးကွေးလာပြီး နောက်ဆုံးတွင် သူမကို အမီလိုက်နိုင်ခဲ့သည်။

ကျင်းလင်ဟိုတယ်ရောက်သည်အထိ ထိုဇိမ်ခံကားက သူမနောက်လိုက်လာသည်ကိုမြင်လိုက်ရတော့ ကုနင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ ကားသော့ကို ဟိုတယ်ဝန်ထမ်းဆီသို့ ပစ်ပေးလိုက်ပြီးနောက် ဟိုတယ်ထဲသို့ တည့်တည့်လျှောက်သွားလိုက်သည်။

"ဟေ့ ဒီမှာ ရပ်လိုက်!" လူငယ်က သူမကို လှမ်းအော်သည်။

ကုနင်းကကြားပေမယ့် သူနဲ့ စကားမပြောချင်ပေ။ တိုက်ဆိုင်စွာပင် သူသည်လည်း ကျင်းလင်ဟိုတယ်တွင် ထမင်းစားမှာဖြစ်နေသည်။

ကုနင်းက သူမကို လွယ်လွယ်နဲ့ လွှတ်ထားမှာမဟုတ်ဘူးဆိုတာကို သိတဲ့အတွက် ရုတ်တရက် ရပ်လိုက်ပြီး သူ့ကို မျက်နှာချင်းဆိုင် လှည့်ကြည့်လိုက်သည်။

ကုနင်း ရုတ်တရက် ရပ်သွားသောကြောင့် ထိုလူငယ်သည် ဟန်ချက်ပျက်သွားပြီး သူမကို ဝင်တိုက်သည်။

အခြားလူများကလည်း အလွန်နာကျင်လောက်မည်ဖြစ်၍ ထိုမြင်ကွင်းကိုမြင်ရသည်ကို ကြောက်သွားကြသည်။

ကုနင်း၏ရုတ်တရက်ရပ်လိုက်ခြင်းကြောင့်လည်း ထိုလူက ကြောက်လန့်သွားသော်လည်း သူမနှင့် မျက်နှာချင်းဆိုင်လိုက်သော အခိုက်တွင် သူမမျက်နှာကို အံ့သြသွားမိသည်။

တစ်ဆက်ထဲမှာပင် ကုနင်းသည် ထိုလူငယ် သူမကိုဝင်တိုက်ခြင်းကို တားဆီးရန် သူမဖုန်းနဲ့ သူ့ရင်ဘတ်ကို ထိုးလိုက်သည်။ သူမသည် မာနကြီးပုံရသော်လည်း မုန်းတီးစရာတော့ မကောင်းပေ။

ထိုလူငယ်သည် ကုနင်း၏အလှကြောင့် အံ့အားသင့်နေဆဲဖြစ်ပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။ အရင်က လှပတဲ့ မိန်းမတွေ အများကြီးကို သူမြင်ဖူးပေမယ့် ကုနင်းက သူမြင်ဖူးသမျှ မိန်းမတွေထက်တောင် ပိုလှသည်။

ကုနင်းသည် ရင်သပ်ရှုမောရုံသာမကဘဲ သူမတွင် ပုံမှန်မဟုတ်သော ယုံကြည်မှုများပါရှိသည်။

"ဆာရ်၊ ဘာကူညီပေးရမလဲ မသိဘူး" ကုနင်းက ပြောသည်။

“အမ် ဘာမှမဟုတ်ပါဘူး။” ထိုယောက်ျားက သူလုပ်ချင်တာကို လုံးလုံး မေ့သွားသည်။

“ကောင်းပြီ” ကုနင်း နောက်ပြန်လှည့်ကာ မဆိုင်းမတွ ထွက်သွားသည်။ သူမသည် သူ့အတွက် အချိန်ဖြုန်းချင်စိတ်မရှိပေ။ သို့သော် ကုနင်း ထွက်သွားသောအခါ လူငယ်သည် သူ့လိုရင်းကိစ္စကို ရုတ်တရက် သတိရသွားသည်။

"ဟေး ခဏလေး!" သူက သူမကို တားပြန်သည်။

ကုနင်းသည် လှပသော်လည်း သူမကို ထိုကဲ့သို့ အလွတ်ပေးမည်ဟု မဆိုလိုပါ။ တကယ်တော့ သူ့စိတ်ထဲမှာ ရုန်းကန်နေရသည်။ ကုနင်းကို ဒီတိုင်းလွှတ်ပေးလိုက်ရမလား မလွှတ်ပေးရဘူးလား မသိပေ။

***

အခန်း ၁၅၃၄ စိတ်ဆိုးမနေပါနဲ့

ခဏလောက်စဉ်းစားပြီးတဲ့ နောက်မှာတော့ ကုနင်းသာတောင်းပန်လျှင် ခွင့်လွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။

ကုနင်းက "ဆာရ် ဘာလုပ်ပေးရမလဲ။"

"မင်းဘာလုပ်လိုက်လဲ မင်းမသိဘူးလား။" လူငယ်သည် ကုနင်း၏ မျက်နှာကို စိုက်ကြည့်နေသည်။

"ဘာလို့လဲ? ကျွန်မကို တားတဲ့သူကရှင်လေ။" လို့ ကုနင်းကပြောသည်။

လူငယ်က စိတ်ဆိုးသွားသည်။ "မင်း ငါ့လမ်းကြောကို ဖြတ်ယူသွားတာလေ!"

“အဲ့တာလောက်ကို စိတ်ဆိုးမနေပါနဲ့။ ကျွန်မအချိန်တွေပုပ်ကုန်ပြီ။" ကုနင်း ပခုံးတွန့်လိုက်သည်။ တကယ်တော့ ဒါဟာ ကုနင်း၏ အမှားမဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လမ်းမှာကားတစ်စီးက တခြားကားတစ်စီးကို ဖြတ်တက်တာက ပုံမှန်ဖြစ်နေကြကိစ္စပင်။

“မင်း…” ထိုလူက ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ။ တကယ်တော့ သူသည် ကုနင်းကို အမှီမလိုက်နိုင်ခြင်းကြောင့် ပိုဒေါသတကြီး ခံစားနေရခြင်းဖြစ်သည်။

ကြည့်ရှုသူများကလည်း သူ့ကို ဝေဖန်လာကြသည်။

"အဲ့တာက ဘာအရေးကြီးလို့လဲ ပြီးတော့ ကားတွေ လမ်းဖြတ်တက်တာက ဖြစ်နေကြကိစ္စပဲဟာ"

"ဟုတ်တယ် ဒါသူအကျင့်ပုပ်တာပဲ"

"သူ ကောင်းကောင်းပြောသင့်တယ်လို့ ထင်တာပဲ"

“…”

သူတို့ရဲ့ ဝေဖန်သံတွေကို ကြားတော့ လူငယ်က ပိုဒေါသထွက်သွားသည်။ သို့သော် သူသည် အခြားတစ်ခုခုကို ပြောရန်ပြင်လိုက်သောအခါ တစ်ယောက်ယောက်က သူ့ကို အနှောင့်အယှက်ပေးလာသည်။

"ဟိုင်း ကုနင်း"

ရှုကျင်းလင် တံခါးမှ ဝင်လာသည်။ သူ ဒီကို သူငယ်ချင်းတွေနဲ့ လာတာဖြစ်သည်။

"ဟိုင်း ကျင်းလင်" ကုနင်းက ရှုကျင်းလင်ကို နှုတ်ဆက်သည်။

သို့သော် ရှုကျင်းလင်ကိုမြင်သောအခါ လူငယ်သည် ကြောက်လန့်သွားသည်။ ဘယ်လောက်တောင်ဆိုးလိုက်တဲ့ ကိစ္စလဲ သူ့ရှေ့က ဒီကောင်မလေးက ရှုကျင်းလင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပုံရသည်။

"သခင်လေးရှု" လူငယ်သည် ဒေါသကို ချက်ချင်း မျိုချလိုက်သည်။ ဒီအချိန်မှာ ကုနင်းက သူ့ကို လွှတ်ပေးဖို့ပဲ မျှော်လင့်သည်။ ကုနင်းနဲ့ ငြင်းခုံမိတာကို နောင်တရနေပြီ။

“အို ဟိုင်း သခင်လေးဟူ” ဟု ရှုကျင်းလင်ကပြောသော်လည်း အမှန်တကယ်တော့ သူသည် လူငယ်နှင့် မရင်းနှီးပါ။ ထို့အပြင် ကုနင်းနှင့် သခင်လေးဟူ၏ ငြင်းခုန်သံကို သူကြားလိုက်ရပြီး စိတ်ခုသွားသည်။

သခင်လေးဟူသည် ထိုအရာကို သတိပြုမိသောကြောင့် ချက်ချင်းအလျော့ပေးလိုက်သည်။

"ဘာဖြစ်နေကြတာလဲ?" ရှုကျင်းလင် ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။

သခင်လေးဟူသည် အလျင်အမြန်ရှင်းပြသည်။ "ဘာမှမဟုတ်ပါဘူး နားလည်မှုလွဲတာပါ"

ထို့နောက် ကုနင်းကို တောင်းပန်ခဲ့သည်။ "မစ္စကု ကျွန်တော့်ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူအတွက် တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ။"

ဤအရာသည် ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည် - ကုနင်း ၏ ခွင့်လွှတ်မှုကို တောင်းခံရန်။

“ဟုတ်တယ် နားလည်မှုလွဲတာပါ ဘာမှမဟုတ်ပါဘူး။” ဟု ကုနင်းကပါ ပြောသည်။

ထိုစကားကိုကြားတော့ သခင်လေးဟူသည် ရုတ်တရက်ဆိုသလို ကုနင်းကို ကျေးဇူးတင်သွားကာ သူမကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်ကို လုံးဝမေ့သွားသည်။

“ကောင်းပါပြီ” ကုနင်းက သခင်လေးဟူကို လွှတ်လိုက်ဖို့ ဆန္ဒရှိလို့ ရှုကျင်းလင်က ဒီအကြောင်းကို ထပ်မမေးတော့ပါ။

ရှုကျင်းလင်က ထိုစကားကို မပြောမချင်း သခင်လေးဟူသည် စိတ်သက်သာရာရမှု အပြည့်မရှိပေ။ "အခု ကျွန်တော့်ကို သွားခွင့်ပြုပါ သခင်လေးရှု နဲ့ မစ္စကု" သူခွင့်တောင်းပြီး ထွက်သွားရန်ပြင်လိုက်သည်။

“ဟုတ်ပြီ” ရှုကျင်းလင်က ခေါင်းညိတ်လိုက်ပြီး သခင်လေးဟူသည် နှောင့်နှေးမနေဘဲ အပေါ်ထပ်သို့ တက်သွားသည်။

"မင်းသူငယ်ချင်းတွေနဲ့ လာတာလား။" ရှုကျင်းလင်က ကုနင်းကို မေးသည်။

"ဟုတ်တယ်" ကုနင်း က ဖြေတယ်။

"ငါ့အကောင့်မှာ ဘေလ်ကို ထားခဲ့လိုက်လေ။" ဟု ရှုကျင်းလင်က ပြောသည်။

"ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်မသူငယ်ချင်းက ဒီနေ့ ဒီမှာထမင်းစားဖို့ ဖိတ်တာဆိုတော့ သူကိုယ်တိုင် ပေးချေချင်မှာ ဆိုးရတယ်။" ကုနင်းက ငြင်းသည်။

"ကောင်းပြီ ရှောင်းထင် ပြန်ရောက်တဲ့အခါ ငါတို့ ထမင်းတူတူစားကြမလား။" ရှုကျင်းလင်က အတင်းမတိုက်တွန်းပါ။

“ကောင်းသားပဲ။” ကုနင်း သဘောတူသည်။

ထို့နောက် ဓာတ်လှေကားတူတူ စီးကာ ၃ထပ်တွင် ဆင်းပြီး မတူညီတဲ့လမ်းဘက်ကို အသီးသီး လျှောက်သွားခဲ့သည်။

ကုနင်း သီးသန့်အခန်းတံခါးကိုဖွင့်လိုက်သောအခါ ပိုင်လီကျုံးယန် နှင့် ပိုင်လီကျုံးရွှယ်တို့သည် သူမကို စောင့်နေပြီဖြစ်သည်။

"ဟိုင်း မစ္စကု!"

"ဟိုင်း ကုနင်း"

ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်သည် ကုနင်းကိုကြိုဆိုရန် ချက်ချင်းထရပ်လိုက်သည်။

"ကုနင်း ငါ့အကိုကြီးလည်း ဒီမှာရှိနေရင် မင်းစိတ်ဆိုးမှာလား။"

ပိုင်လီကျုံးရွှယ်က ကုနင်းကို ထမင်းစားဖို့ ဖိတ်တဲ့အခါ သူ့အကိုကို ခေါ်လာမည်ဟု သူမပြောမပြထားတာကြောင့် အနည်းငယ်အားနာသွားမိသည်။

ပိုင်လီကျုံးရွှယ်က အဲဒီလိုပြောတဲ့အခါ ပိုင်လီကျုံးယန်က ကုနင်းကို ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။

"ရပါတယ်" တကယ်တော့ ပိုင်လီကျုံးယန်ကိုတွေ့လိုက်ရလို့ သူမ မအံ့သြပေ။

"ကျေးဇူးတင်ပါတယ်" ပိုင်လီကျုံးရွှယ်က ပြောပြီး ကုနင်းအတွက် ကုလားထိုင်ကို ဆွဲထုတ်လိုက်သည်။ “ကျေးဇူးပြု၍ ထိုင်ပါ”

ထို့နောက် ပိုင်လီကျုံးယန်က ကုနင်းကို မီနူးကို ပေးလိုက်ပြီး "မစ္စကု ကျေးဇူးပြုပြီး စိတ်ကြိုက်မှာပါ"

"ကျေးဇူးတင်ပါတယ်" လို့ ကုနင်းကပြောပြီး သူမအကြိုက်ဆုံးဟင်းပွဲများကို မှာလိုက်ပါသည်။ ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့လည်း သူမမှာပြီးတဲ့အခါ သူတို့ဖို့လည်း မှာကြသည်။ သူတို့ သုံးယောက်ပဲရှိတဲ့ အတွက် ဟင်းခြောက်ပွဲသာ မှာယူခဲ့ပါသည်။

စားပွဲထိုးထွက်သွားသောအခါ၊ ပိုင်လီကျုံးယန်သည် လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။

"မစ္စကု တကယ်တော့ ဒီနေ့ မင်းကို အရေးကြီးကိစ္စတစ်ခု ပြောပြချင်လို့ပါ။"

***

အခန်း ၁၅၃၅ သူနဲ့ တစ်ခါတွေ့ဖူးတယ်

"အိုး ဘာကိုလဲ" ကုနင်းက မေးသည်။ ပိုင်လီကျုံးယန်က အရမ်းလေးနက်တဲ့ပုံပေါက်တာကြောင့် ကုနင်းက လေးနက်တဲ့အမူအရာမျိုးပြခဲ့ပေမယ့် သူမမှာ အဖြေရှိပြီးသားပါ။ ဝူရွှမ်းဟွာ အကြောင်းဖြစ်ရမည်။

ပိုင်လီကျုံးယန်သည် ကွေ့ဝိုက်ပြောမနေတော့ပဲ တည့်ပြောခဲ့သည်။ “ကောင်းပြီ ဒီမနက် မင်းအိမ်နားမှာ အပြေးလေ့ကျင့်တော့ အနီးနားက တောအုပ်ထဲမှာ မင်းကို ချောင်းနေတဲ့ လူစိမ်းတစ်ယောက်ကို တွေ့လိုက်တယ်။ မင်းသိလား မသိဘူးလားတော့မသိပေမယ့် ငါသူ့ဓာတ်ပုံကို ရိုက်ခဲ့တယ် ဒီမှာ။”

ဒီလိုပြောရင်း သူ့ဖုန်းကိုထုတ်ပြီး ဝူရွှမ်းဟွာ၏ဓာတ်ပုံကို ကုနင်းအား ပြလိုက်သည်။

သို့သော်လည်း ပိုင်လီကျုံးယန်သည် ကုနင်း ဤဟိုတယ်သို့ ဝင်လာကတည်းက အခြားသော ကျင့်ကြံရေးသမား၏ လေကို မခံစားရသောကြောင့် ဝူရွှမ်းဟွာ အနီးအနားတွင် မရှိဟု အဓိပ္ပါယ်ရသည့်အတွက် ယခုအခိုက်အတန့်တွင် သူ့စိတ်ထဲမှာ သံသယများရှိနေသည်။ ဝူရွှမ်းဟွာသည် ကုနင်း နောက်ကို ရပ်လိုက်တာလား သို့မဟုတ် ကုနင်းသည် ဝူရွှမ်းဟွာကို မတော်တဆ ရှောင်မိခြင်းလား မသိပေ။

ကုနင်းသည် ဝူရွှမ်းဟွာ၏ပုံကို ကြည့်ပြီး မအံ့သြပေ။ တကယ်တော့ အဲဒီနေ့မနက်မှာ တစ်စုံတစ်ယောက်က သူမကို ချောင်းနေမှန်း သူတို့သိပေမယ့် အခုအချိန်အထိ သူမကို မပြောခဲ့ပေ။ စောစောက ဘာလို့ မပြောခဲ့ကြတာလဲ။

ကုနင်း သူတို့ကိုမမေးတော့ပါ။ သူမကို ဘာကြောင့် အခုမှပြောပြဖို့ ရွေးချယ်ခဲ့တာလဲဆိုတာ သူမ နားလည်ပါသည်။

"အိုး ဒါ သူပဲ" ကုနင်း အံ့သြဟန်ဆောင်လိုက်သည်။

အဲဒါကိုကြားတော့ ပိုင်လီကျုံးယန်နဲ့ ပိုင်လီကျုံးရွှယ်ဟာ တစ်စက္ကန့်လောက် ထိတ်လန့်တုန်လှုပ်သွားပြီး ကြိုတင်သတိပေးချက်တစ်ခု ရလိုက်သလိုပင်။

"မစ္စကု သူ့ကိုသိလို့လား" ပိုင်လီကျုံးယန်က မေးသည်။

“သေချာတော့ မသိပါဘူး ဒါပေမယ့် ကျွန်မ သူ့ကို တစ်ခါတွေ့ဖူးတယ်။ သူ့နာမည်က ဝူရွှမ်းဟွာတဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သုန်းဖန်းကျီယွီဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဖို့ လာခဲ့သေးတယ်လေ။ သူတို့ ကိုလိန်းနဲ့ ပူးပေါင်းပြီး တခြားမြို့မှာ စက်ရုံတစ်ခု ဆောက်ချင်ပေမယ့် ကျွန်မက တခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ ရည်ရွယ်ချက်မရှိလို့သူတို့ကို ငြင်းလိုက်တယ်။” ဟု ကုနင်းက ပြောသည်။

ပိုင်လီကျုံးယန်လည်း အဲဒီလိုလုပ်ချင်ရင် သူနဲ့တွဲလုပ်ဖို့ သဘောတူမှာမဟုတ်ဘူးလို့ ပြောချင်တဲ့အနေနဲ့ သူ့ကိုပြောပြခဲ့သည်။

ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ် အနည်းငယ် အံ့အားသင့်သွားသည်။ သူတို့ အကြည့်တွေကို ဖလှယ်နေကြပြီး ကိစ္စက သူတို့ထင်ထားတာထက် ပိုရှုပ်ထွေးနေတာကို သိလိုက်ရသည်။

ကံကောင်းစွာဖြင့် ကုနင်းသည် သုန်းဖန်းကျီယွီ, ဝူရွှမ်းဟွာတို့နှင့် အလုပ်တွဲလုပ်ရန် ငြင်းဆန်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အတွက်လည်း ကုနင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်တော့ပေ။ တကယ်တော့ ပိုင်လီကျုံးယန်ဟာ ကုနင်း၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်လာဖို့ စိတ်ကူးရှိခဲ့ပေမယ့် ကုနင်းက ကိုလိန်းမှာ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရှင်းရှင်းလင်းလင်းပြောလိုက်တာကြောင့် သူ့စိတ်ကူးကို ပြောမည်မဟုတ်ပေ။

“တစ်ယောက်ယောက်က ကျွန်မနောက်ကို လိုက်နေတယ်လို့ ကျွန်မ အမြဲတမ်း ခံစားမိပေမယ့် အခုအချိန်အထိ ဘယ်သူလဲဆိုတာ ကျွန်မ မသိသေးဘူး။ ကျေးဇူးအများကြီးတင်ပါတယ်” ဟု ကုနင်းက ရိုးသားစွာပြောသည်။

"ရပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က သူငယ်ချင်းတွေလေ။” လို့ ပိုင်လီကျုံးရွှယ်က ပြုံးပြုံးလေး ပြောလိုက်သည်။

"သူလက်လျော့ဖို့ ဆန္ဒမရှိလို့ ဒီလိုဆက်လိုက်နေတာ ဖြစ်ရမယ်။ မင်းသတိထားနေနော်။" ဟု ပိုင်လီကျုံးယန်က စိုးရိမ်စွာပြောသည်။ သူသည် ကုနင်း၏ မှော်စွမ်းအားကိုရရှိရန် သူမနှင့်ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ချင်သော်လည်း သူမကိုလည်း ဂရုစိုက်ပါသည်။

သုန်းဖန်းမိသားစုသည် ၎င်းတို့၏ မိသားစုအကျိုးစီးပွားအတွက် မကောင်းမှုများစွာပြုလုပ်ခဲ့သည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။ ထို့ကြောင့် ပိုင်လီကျုံးယန်က ကုနင်းသည် သုန်းဖန်းကျီယွီ ကြောင့် ထိခိုက်မည်ကို စိုးရိမ်သည်။ ကုနင်းသည် သေမျိုးမျှသာဖြစ်သောကြောင့် သူမသည် ကျင့်ကြံသူနှင့် မယှဉ်နိုင်ပါ။

ပိုင်လီကျုံးယန်က သူမကို ဂရုစိုက်ကြောင်း ကုနင်း နားလည်တာကြောင့် သူမက "ကျွန်မဂရုစိုက်လိုက်ပါမယ်"

ထို့နောက် သူတို့ အချင်းချင်း စကားစမြည်သာပြောဖြစ်ကြပြီး ထမင်းစားပြီးတာနဲ့ ပြန်သွားကြသည်။ သူတို့အားလုံး ရာစုနှစ်မြို့တော်တွင် နေထိုင်ကြသောကြောင့် တူညီသောလမ်းဖြစ်သော်လည်း မတူညီသောကားအသီးသီးဖြင့် ပြန်သွားကြသည်။

သူတို့ ရာစုနှစ်မြို့တော် သို့ဝင်ရောက်သောအခါ ကုနင်းနှင့် ပိုင်လီကျုံးယန် နှစ်ဦးစလုံးသည် သူတို့၏ပတ်ဝန်းကျင်ကို အာရုံစိုက်ကြည့်ကြသော်လည်း ဝူရွှမ်းဟွာ၏လေထုကို မခံစားနိုင်သောကြောင့် ဝူရွှမ်းဟွာသည် မရှိတော့တာ သို့မဟုတ် သူက သူတို့နှင့် အဝေးမှာရောက်နေတာဖြစ်နိုင်သည်ဟု မှန်းဆမိသည်။

မည်သို့ပင်ဆိုစေကာမူ သူ့လေထုကို အာရုံမခံစားနိုင်သောကြောင့် သူတို့ကိုလည်း မြင်နိုင်မှာ မဟုတ်ပေ။

ယခု ဝူရွှမ်းဟွာသည် ရာစုနှစ်မြို့တော်မှ လမ်းတစ်ဖက်ရှိ ဟိုတယ်တွင် ရှိနေသည်။

သူသည် ထိုမနက်အစောပိုင်းက ရိုက်ကူးခဲ့သော ဗီဒီယိုကို သုန်းဖန်းကျီယွီအား ပေးပို့ခဲ့သော်လည်း သုန်းဖန်းကျီယွီသည် ကျင့်ကြံရေးလောကတွင် ရှိနေသောကြောင့် ၎င်းကို သူမလက်မခံနိုင်ပေ။

ဝူရွှမ်းဟွာသည် ကုနင်းသည် ကိုယ်ခံပညာကျွမ်းကျင်ကြောင်း သုန်းဖန်းကျီယွီကို ဒီတိုင်းပြောပြချင်ရုံသပ်သပ်ဖြစ်သောကြောင့် အရေးတော့မကြီးပါ။

…

ည ၁၁ နာရီထိုးခါနီးတွင် ကုနင်းသည် သူ့ကိုယ်သူ "ထန်အိုက်နင်း" အဖြစ် ရုပ်ဖျက်ပြီး အပြင်သို့ မထွက်မီ အနက်ရောင် ပေါ့ပေါ့ပါးပါး ၀တ်စုံကို ၀တ်ဆင်လိုက်သည်။

ရာစုနှစ်မြို့တော် တွင် စောင့်ကြည့်ကင်မရာများစွာရှိသော်လည်း အမှောင်ထောင့်များရှိနေသောကြောင့် ကုနင်းသည် သူမကိုယ်သူမ ဖုံးကွယ်ရန်လွယ်ကူလှသည်။

သူမသည် ယနေ့ည ချီကျီယွဲ့နှင့် ထန်ယရှင်းကိုသွားတွေ့ရမည် မဟုတ်လျှင် သူမထွက်သွားပြီဟု ထင်ကောင်းထင်နေပေလိမ့်မည်။

ရာစုနှစ်မြို့တော် မှ လမ်းလျှောက်ပြီးနောက် ကုနင်း သည် ထန်ယရှင်းရှိသည့် ဆေးရုံဆီသို့ တက္ကစီ တိုက်ရိုက်စီးခဲ့သည်။

သူမအဲဒီကိုရောက်ဖို့ နာရီဝက်လောက်ကြာသည်။

ဤတစ်ကြိမ်တွင် ကုနင်းသည် သူမကိုယ့်ကို ဖုံးကွယ်ရန် မလုပ်တော့ဘဲ သူမ၏ သရုပ်မှန်ကို မည်သူမှ မသိနိုင်သောကြောင့် ရင်ကိုကော့ကာ လျှောက်လာလိုက်သည်။

ထန်ယရှင်း၏ အခန်းအပြင်ဘက်တွင် သက်တော်စောင့်နှစ်ယောက်ရှိပြီး ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် သက်တော်စောင့်နှစ်ယောက်က ဖုန်းဆော့နေကြသည်။

အစောကြီးမဟုတ်သောကြောင့် ထန်ယရှင်းနှင့် ကျီယီကျင်းတို့သည် ယခုအချိန်တွင် ကုတင်ပေါ်၌ အိပ်နေကြသည်။ ဒီရက်တွေမှာ ကောင်းကောင်းမအိပ်နိုင်ကြဘဲ တစ်ခါတစ်ရံမှသာ ကောင်းမွန်စွာ အိပ်ပျော်သွားတတ်ကြသည်။

အခန်းရှေ့မှာမှာ သက်တော်စောင့်တွေရှိတာကြောင့် ကုနင်းက အဲဒီထဲကိုဝင်ဖို့ အဆင်မပြေပေ။ သူမသည် အပေါ်ထပ်နှင့် ထန်ယရှင်း၏ အခန်းအောက်ရှိ အထပ်ကို ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုခဲ့သည်။

***

အခန်း ၁၅၃၆ သူမဒီမှာရှိနေတယ်

ထန်ယရှင်း၏ လူနာဆောင်အောက်တွင် တစ်စုံတစ်ယောက် နေနေသော်လည်း အပေါ်ထပ်အခန်းမှာ ဗလာဖြစ်နေသောကြောင့် ကုနင်းသည် အပေါ်ထပ် ပြတင်းပေါက်မှ ထန်ယရှင်း အဆောင်၏ အတွင်းခန်းထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။

အဆောင်တွင်း လေဝင်လေထွက်ရှိရန် လိုအပ်သောကြောင့် ထန်ယရှင်း အခန်းပြတင်းပေါက်ကို မပိတ်ထားတဲ့အတွက် ကုနင်း အခန်းထဲသို့ ဝင်ရန် အလွန်အဆင်ပြေသည်။

မနှောင့်နှေးဘဲ ကုနင်းသည် ၈ လွှာသို့ရောက်ပြီး ထန်ယရှင်း၏အ‌ဆောင်အထက်ရှိ အခန်းထဲသို့ရောက်ရှိခဲ့သည်။

မနက် ၁၂ နာရီလောက်ရှိပြီမို့ စကြံမှာ ဘယ်သူမှ မရှိတော့ပေ။

ကုနင်းသည် ထန်ယရှင်း၏ အဆောင်အထက်ရှိ အခန်းထဲသို့ ခိုးဝင်ပြီးနောက် ကြိုးများကို ထုတ်ကာ တင်းကျပ်စွာ ချည်နှောင်လိုက်သည်။ သူမသည် ကြိုးများကို လျှောချလိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် ထန်ယရှင်း၏ အခန်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

သူမသည် ကျောက်လုံကို အသုံးပြုလျှင် ပိုမိုမြန်ဆန်နိုင်သော်လည်း အခြားလူများက ၎င်းကို ရှာဖွေတွေ့ရှိသွားနိုင်သည်။ ဤအချိန်တွင် လူများစွာ နိုးကြားနေကြဆဲဖြစ်ပြီး အချို့ပင် နောက်တစ်ထပ်မှာ လမ်းလျှောက်နေကြဆဲဖြစ်၍ ကျောက်လုံသည် သူ့ကိုယ်သူ ဖုံးကွယ်ရန် အလွန်ကြီးမားသည်။

ကုနင်းက ထန်ယရှင်းကို ကြောက်စေချင်ပေမယ့် သူ့ကို နှိုးဖို့ မလိုအပ်ပါ။

ကုနင်းသည် အခန်းထဲတွင် ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်သည်။ သူမကို သက်တော်စောင့်များ သတိမပြုမိကြပေ။

ထန်ယရှင်းနှင့် ကျီယီကျင်းတို့သည် ကုတင်ပေါ်တွင် အိပ်ပျော်နေကြဆဲဖြစ်သည်။

အမှန်တော့ ထန်ယရှင်း သို့မဟုတ် ကျီယီကျင်းသည် သက်တော်စောင့်များကို အကူအညီတောင်းရန် မခေါ်ခဲ့ပါက သူတို့သည် မ၀င်လာနိုင်ပေ။ ထန်ယရှင်းနဲ့ ကျီယီကျင်းတို့အကူအညီလိုတဲ့အခါ သူတို့ စကားကို နားထောင်ရန်ပဲလိုအပ်သည်။ ထို့အပြင် တစ်စုံတစ်ဦးသည် အပေါ်ထပ်မှ ကြိုးများတွဲလောင်းဖြင့် အခန်းထဲသို့ ဝင်နိုင်သည်မှာ စိတ်ကူးထက် ကျော်လွန်နေပါသည်။ ကုနင်း လုပ်ခဲ့တာတွေက မယုံနိုင်စရာပင်။

ထို့နောက် ကုနင်းသည် စိတ်စွမ်းအင်အာကာပြင်ထဲမှ သူမကြိုတင်ပြင်ဆင်ထားသည့်အရာများကို ထုတ်ယူလိုက်သည်။ သူမသည် ထန်အိုက်နင်း၏ ဓာတ်ပုံများကို ပြင်ဆင်ထားသော်လည်း အမှန်မှာ ပန်းချီကားများဖြစ်သည်။ ကုနင်းသည် ပန်းချီပညာကို ကျွမ်းကျင်သောကြောင့် ပန်းချီကားများသည် ထန်အိုက်နင်း၏ ဓာတ်ပုံများနှင့် တူကြသည်။

ထန်အိုက်နင်းနှင့်ရင်းနှီးသောသူများသည် သူမ၏မျက်နှာကို အကြည့်တစ်ချက်ဖြင့် မှတ်မိနိုင်မည်ဖြစ်သည်။ မဆိုင်းမတွဘဲ ကုနင်းသည် ၎င်းတို့ကို အခန်းတွင်း နေရာတိုင်းတွင် ကပ်လိုက်သောကြောင့် ထန်ယရှင်းသည် ထန်အိုက်နင်း၏မျက်နှာကို သူမပတ်ဝန်းကျင်တွင် မြင်နိုင်မည်ဖြစ်သည်။

ဓာတ်ပုံအကြီးအသေးလေးတွေပါရှိပေမယ့် အရမ်းရှင်းလင်းပါတယ်။

ကုနင်းသည် ဒီလိုလုပ်ခြင်းဟာ အနည်းငယ်သော မကောင်းမှုဖြစ်ကြောင်း နားလည်သော်လည်း ထန်ယရှင်း နောက်တစ်ကြိမ် ထပ်ကြောက်နေသရွေ့ ၎င်းကို သူမ ဂရုမစိုက်ပါ။

ဓာတ်ပုံတွေကို နံရံမှာ ကပ်ပြီးတာနဲ့ ကုနင်း က ပြတင်းပေါက်က ကြိုးတွေကို အသုံးပြုပြီး ထွက်သွားသည်။ ထန်ယရှင်း နိုးလာသောအခါ သူမ၏တုံ့ပြန်မှုကိုမြင်ချင်သောကြောင့် သူမချက်ချင်းမထွက်ခွာခဲ့ပေ။ ထို့ကြောင့် သူမသည် ထန်ယရှင်း၏ အခန်းထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချကာ သူမ၏ အိပ်နေသည်ကို တမင် နှောင့်ယှက်လိုက်သည်။

ထန်ယရှင်းနှင့် ကျီယီကျင်းသည် ရုတ်တရက် အသံကြောင့် ထိတ်လန့်သွားပြီး မျက်လုံးများကို ချက်ချင်းဖွင့်လိုက်သည်။

ဧည့်ခန်းရှိ သက်တော်စောင့်များကလည်း ကြားသော်လည်း ဂရုမစိုက်ကြပေ။

အတွင်းခန်းတွင် အလင်းရောင်မှိန်မှိန်သာရှိသော်လည်း ဓာတ်ပုံများကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန် လုံလောက်ပါသည်။

ထန်ယရှင်းသည် "ထန်အိုက်နင်း” ၏ဓာတ်ပုံများပေါ်တွင် သူမ၏အကြည့်ရောက်သွားသောအခါ အော်ပြောလိုက်သည်။ "အိုး မဟုတ်ဘူး!" သူမ ကြောက်ရွံ့တုန်လှုပ်သွားသည်။ ကံကောင်းထောက်မစွာနဲ့ သူမမေ့တော့မလဲသွားပေ။

"ဘာဖြစ်လို့လဲ?" ထန်ယရှင်း၏အော်သံကြောင့် ကျီယီကျင်းသည် ကြောက်လန့်သွားသည်။

ထန်ယရှင်း သည် သူမ၏မေးခွန်းကို မဖြေမီတွင် မတ်တပ်ရပ်လိုက်ပြီး နံရံတစ်ဝိုက်ရှိ "ထန်အိုက်နင်း"၏ ဓာတ်ပုံများကို သတိပြုမိခဲ့သည်။ "ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ"

"မစ္စထန် မစ္စထန် ဘာဖြစ်လို့လဲ" အပြင်မှာ ရပ်နေတဲ့ သက်တော်စောင့်တွေက တံခါးဆီကို အလျင်စလို ရွှေ့လိုက်ပေမယ့် မဖွင့်ရဲကြပေ။

ကျီယီကျင်းသည် မကြာခင် ငြိမ်သက်သွားပြီး "မင်းတို့အားလုံး ဝင်လာခဲ့!"

သူမအမိန့်ကိုကြားတော့ အဲဒီသက်တော်စောင့်တွေက တစ်ယောက်ပြီးတစ်ယောက် ဝင်လာပြီး ဓာတ်ပုံတွေကို နေရာအနှံ့မှာ မြင်လိုက်ရတော့ အံ့သြသွားသည်။

တစ်စုံတစ်ယောက်သည် ဤနေရာကို ဝင်လာခြင်းဖြစ်သော်လည် မည်သူမျှ ထိုလူကို သတိမပြုမိခဲ့ပါ။ သို့သော် သူတို့တစ်ညလုံး အပြင်မှာ နိုးနေပြီး ဘာသံမှလည်း မကြားရသောကြောင့် ယုံရခက်နေသည်။

"မင်းတို့ အလုပ်ကို ဘယ်လိုလုပ်နေတာလဲ အခန်းထဲလူဝင်လာတာတောင် မသိဘူးလား" ကျီယီကျင်းက ဒေါသတကြီး အော်လိုက်သည်။

အဲဒါကိုကြားတော့ အဲဒီအစောင့်တွေက ကြောက်ရွံ့သွားတယ်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ့ဆီ မလာနဲ့" ထန်ယရှင်းကပြောပြီး စောင်ခြုံလိုက်သည်။

"မစ္စထန် တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ညလုံး အပြင်မှာစောင့်နေတာပါ။ ထူးထူးခြားခြား ဘာမှမကြားရပါဘူး။” အဖွဲ့ခေါင်းဆောင်က ငြင်းခုံပြီး ရှင်းပြသည်။

"ဒါဆိုဘာလဲ? ဒီဓာတ်ပုံတွေက သူ့ကိုယ်သူ နံရံမှာလာကပ်နေတာလား။” ကျီယီကျင်းက ပိုဒေါသထွက်သွားသည်။

“ကျွန်တော်ပြောတာ အဲ့လိုမဟုတ်ပါဘူး အမှန်အတိုင်းပြောပြရုံပါ။” ဟု အစောင့်က ပြောသည်။

"ဒါဆို အခုဘယ်လိုဖြစ်တာလဲဆိုတာ ရှင်းလေ။" ကျီယီကျင်းက မေးသည်။

အဖွဲ့ခေါင်းဆောင်က ခဏလောက် စစ်ဆေးပြီး “ပြတင်းပေါက်ကနေ ဝင်လာတာထင်တယ်။ ဒီလိုလုပ်ဖို့ သူမအတွက် ခက်မှာ မဟုတ်လောက်ဘူး။”

ပြတင်းပေါက်က ပွင့်နေဆဲပင်။

ကျီယီကျင်းသည် စက္ကန့်အနည်းငယ်မျှ တုန်လှုပ်သွားပြီး ပြတင်းပေါက်ကို ကြည့်လိုက်သည်။

All Chapters