အခန်း (၁၅၃၇-၁၅၄၂)
Vol. 97 Ch. 1537-1542
အခန်း ၁၅၃၇ သူထပ်လာပြန်ပြီ
"အဲမှာ ငတုံးတွေလို ရပ်မနေကြနဲ့! အခုချက်ချင်းဒါတွေဖယ်လေ။” ကျီယီကျင်းက အော်လိုက်သည်။ သူမ ထိုဓာတ်ပုံများကို မကြည့်ချင်တော့ပေ။
တကယ်တော့ ကျီယီကျင်းက သူတို့ကို "ထန်အိုက်နင်း"ကို လိုက်ဖမ်းစေချင်ပေမယ့် သူတို့မရှိရင် "ထန်အိုက်နင်း" ပြန်လာမှာကို သူမစိုးရိမ်တဲ့အတွက် ကျီယီကျင်းက သူတို့ကို ရှာခွင့်မပြုခဲ့ပေ။
သို့သော် "ထန်အိုက်နင်း" သည် သက်တော်စောင့်များရှိနေသော်လည်း သူမအလိုရှိသည့်အတိုင်း လုပ်ဆောင်နိုင်သည်ကို ကျီယီကျင်း မေ့နေခဲ့သည်။
အခုတလော ဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့် ကျီယီကျင်းဟာ ထန်ယရှင်းနဲ့ ဒီအခန်းထဲမှာ နှစ်ယောက်တည်းမနေရဲတော့ေပ။
ကုနင်း က သူတို့ရဲ့ တုံ့ပြန်မှုကို ကြည့်ကာ ကျေနပ်ပြီး ထွက်သွားလိုက်သည်။ ပြတင်းပေါက်ကနေ အခန်းထဲဝင်သွားတာကို သူတို့သိပေမယ့် သူ့ကိုဖမ်းမိဖို့ နောက်ကျသွားေလပြီ။
ကုနင်းက မသွားခင် စင်္ကြန်မှာ တခြားလူရှိမရှိ ကြည့်ဖို့ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုလိုက်သည်။ ကံကောင်းစွာနဲ့ပဲ ဘယ်သူမှ အပြင်မှာ မရှိတာကြောင့် ကုနင်းက ဆေးရုံကနေ အောင်မြင်စွာ ထွက်သွားနိုင်ခဲ့ပါသည်။
နှောင့်နှေးမှုမရှိဘဲ၊ ကုနင်းသည် ချီကျီယွဲ့ရှိရာ ဆေးရုံသို့ တက္ကစီစီးကာ ထွက်ခွာလာခဲ့သည်။
…
ကျီယီကျင်းသည် ထိုဓာတ်ပုံများကို သက်တော်စောင့်များက ဖယ်ရှားပြီးသောအခါ ထန်ပင်းစန်ထံ ဖုန်းဆက်ခဲ့သော်လည်း ထန်ပင်းစန် သည် ထိုအချိန်တွင် သူ၏ မယားငယ် ထျန်းဖေးဖေးနှင့် လိင်ဆက်ဆံနေသည်။
ကျီယီကျင်းသည် ယခုရက်ပိုင်းအတွင်း ထန်ယရှင်းနှင့်အတူ ဆေးရုံတွင်နေထိုင်ခဲ့ပြီး ထန်ပင်းစန် သည် ကျီယီကျင်း ကို စိတ်မဝင်စားတော့ပေ။ သူတို့လက်ထပ်ခဲ့တာ အနှစ် ၂၀ ကျော်ပြီမို့ ထန်ပင်းစန်က ကျီယီကျင်းနဲ့ လုံလောက်တဲ့ လိင်ဆက်ဆံမှု ရှိခဲ့ပြီးပါပြီ။ သူ့ကို နှိုးဆွပေးနိုင်တဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်ကိုသာ လိုချင်သည်။
ထန်ပင်းစန်သည် ယခုအချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို နှောက်ယှက်သောအခါ မကျေမနပ်ဖြစ်သွားသော်လည်း ဖုန်းခေါ်ဆိုသူ၏အမည်ကို မြင်သောအခါတွင် ဒေါသကို ထိန်းလိုက်ရသည်။ ကျီယီကျင်းသည် ညဘက်တွင် ရုတ်တရက် သူ့ကို ခေါ်လျှင် ထန်အိုက်နင်းအကြောင်း တစ်ခုခုဖြစ်ရမည်။
ထန်ပင်းစန်သည် ဖုန်းကိုင်ရန် ထျန်းဖေးဖေး၏ ခန္ဓာကိုယ်ကို ရွှေ့လိုက်သည်။
"ဘာလဲ?" ထန်ပင်းစန်က စိတ်ဆိုးစွာဖြင့် မေးလိုက်သည်။
"ဒါလင် သူထပ်လာပြန်ပြီ!" ကျီယီကျင်းက ငိုသည်။ သူ့ခင်ပွန်း ဘာလုပ်နေလဲ မသိပေမယ့် သူ့အသံကြားလိုက်တာနဲ့ ငိုချမိသွားသည်။
သမီးလေးကို နှစ်သိမ့်ပေးဖို့ ဒီလူနာဆောင်ထဲမှာ အေးအေးဆေးဆေး နေခဲ့ပေမယ့် သူမ၏ခင်ပွန်းသည်ကို တွေးမိလိုက်သောအခါ ကြောက်ရွံ့လာသည်။ သူမက ထန်ပင်းစန်ကို အားကိုးပြီး ဒုက္ခကြုံတိုင်း သူ့ဆီ အကူအညီတောင်းတဲ့ အလေ့အကျင့်ရှိသည်။
"ဘာဖြစ်ခဲ့လို့လဲ?" ထန်ပင်းစန်က စိုးရိမ်တကြီး မေးသည်။ သတင်းဆိုးဖြစ်သောကြောင့် သူစိုးရိမ်နေမိသည်။
“သူမ ပြတင်းပေါက်ကနေဝင်လာတာ သက်တော်စောင့်တစ်ယောက်မှ သူ့ကို သတိမထားမိလိုက်ကြဘူး။ အသုံးကိုမကျကြဘူး။ နောက်ပြီး ထန်အိုက်နင်းရဲ့ ဓာတ်ပုံတွေအများကြီးကို နံရံပေါ်မှာကပ်ခဲ့တာ အခုထိ ယရှင်းက ကြောက်နေတုန်းပဲ။"
ကျီယီကျင်းသည် ထန်ပင်းစန်ဆီ သူမသိသမျှကို ပြောပြရင်း ခံစားချက္များပြင်းထန်နေသည်။ သူမသည် ကြောက်ရွံ့တုန်လှုပ်နေ၏။ တစ်ချိန်တည်းမှာပင် ထန်ယရှင်းသည် ထိတ်လန့်သွားပြီးနောက် ထပ်၍လဲကျသွားနိုင်သောကြောင့် သူမ၏သမီးအတွက် လည်း နှလုံးသား နာကျင်ရသည်။
ထန်ယရှင်းသည် ထန်အိုက်နင်း၏ သေဆုံးမှုကို ဖြစ်ပေါ်စေသောကြောင့် ထန်ယရှင်းသည် ထိုအရာကိုလက်ခံရန် အလွန်ခက်ခဲနေသည်။
ထန်ပင်းစန်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း ယခု သူဘာလုပ်နိုင်သည်ကို သူမသိပေ။ သူတို့အား ကာကွယ်ရန်အတွက် သက်တော်စောင့်များစွာနှင့် ကျွမ်းကျင်သော ခေါင်းဆောင်ကို စီစဉ်ပေးထားပြီးဖြစ်သော်လည်း "ထန်အိုက်နင်း" သည် မည်သည့်အရာကိုမျှ အာရုံမစိုက်ဘဲ အဆောင်ထဲသို့ ဝင်ရောက်နိုင်သေးသည်။ သူ့မိန်းမနဲ့ သမီးကို မထိခိုက်စေဖို့ တားဖို့က သူ့အတွက် မဖြစ်နိုင်ဘူးဟု ထင်ရသည်။
ထိုအမျိုးသမီးကို သတ်ရန် ပရော်ဖက်ရှင်နယ် လူသတ်သမားတစ်ဦးကိုလည်း ငှားရမ်းရန် ကြိုးပမ်းခဲ့သော်လည်း မည်သူမှ အကြောင်းပြန်ခြင်းမရှိပေ။
"အခုရော မင်းတို့အဆင်ပြေရဲ့လား?"
"အင်း အခုတော့ အဆင်ပြေသွားပါပြီ"
"ကောင်းပြီ ငါအရမ်းပင်ပန်းနေလို့ အိပ်ချင်နေပြီကုမ္ပဏီမှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ အဲ့ မိန်းမက ကုမ္ပဏီကို တိုက်ခိုက်မှာလည်း ကြောက်ရတယ်။” ဟု ထန်ပင်းစန်က လိမ်ညာပြောဆိုလိုက်သည်။
“ဟုတ်တယ်” ကျီယီကျင်းကတော့ သူ့စကားကို ယုံသည်။
အမှန်မှာ ထန်ပင်းစန်သည် သူ၏ ကုမ္ပဏီနှင့် မိသားစုကိစ္စများ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသောကြောင့် မကြာသေးမီကပင် တကယ်ပင်ပန်းနွမ်းနယ်ခဲ့သည်။ စိတ်အပန်းဖြေဖို့အတွက် သူ့မယားငယ်နှင့် လိင်ဆက်ဆံဖို့ ရွေးချယ်ခဲ့သည်။ သူ့စိုးရိမ်မှုတွေကို မေ့ပျောက်အောင် ကူညီပေးတဲ့ နည်းလမ်းကောင်းတစ်ခုပင်။
ဖုန်းချပြီးနောက် ထန်ပင်းစန်သည် သက်ပြင်းချလိုက်ပြီး သူ့အတွေးထဲတွင် နစ်မြောသွားခဲ့သည်။ ထျန်းဖေးဖေးသည် အနားမှာနေပြီး ဘာမှပြန်မပြောပေ။ သူနဲ့ လိင်ဆက်ဆံတာ လုံးဝမလိုချင်ဘဲ အချိန်တိုင်းပျော်နေဟန် ဟန်ဆောင်နေခဲ့ရသည်။ သူသည် သူမအတွက် အသက်ကြီးလွန်းပြီး ပုံပန်းသဏ္ဍာန်မရှိသောကြောင့် သူမကျေနပ်မှုလုံးဝမရှိပါ။ တကယ်တော့ သူမသည် ငယ်ရွယ်ပြီး သန်မာသော သူနှင့်သာ လိင်ဆက်ဆံခြင်းကို နှစ်သက်သည်။
ထျန်းဖေးဖေးက သူ့လို သကြားဖေဖေကောင်းကို ရှာမတွေ့သေးတာကြောင့် ဆိုတာကို ထန်ပင်းစန် သိတဲ့အတွက် သူမဟာ ဒီရက်ပိုင်းမှာ ဒုက္ခရောက်နေရပါတယ်။ မည်သို့ပင်ဆိုစေကာမူ သူမသည် နောက်ဆုံးတွင် သူ့ကို တကယ်ဆုံးရှုံးသွားခဲ့လျှင်လည်း သူမ လက်ခံနိုင်မည်ဖြစ်သည်။ သူမကို မယားငယ်အဖြစ် ထိန်းသိမ်းထားလိုသော အခြားချမ်းသာသော ယောက်ျားများစွာလည်း ရှိသေးသည်။ သူတို့သည် ထန်ပင်းစန်လောက် မချမ်းသာသော်လည်း သူ့ထက်ငယ်သည်။
***
အခန်း ၁၅၃၈ ချီကျီယွဲ့ ကျွန်မပြန်လာခဲ့မယ်
ဘာပဲဖြစ်ဖြစ် ထန်ပင်းစန်က အခုချိန်မှာ ပိုက်ဆံအများကြီးရှိနေတုန်းမလို့ သူ့ဆီကနေ တတ်နိုင်သမျှ ပိုက်ဆံရရန် အတတ်နိုင်ဆုံးကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် တစ်နေ့ သူ ဒေဝါလီခံလိုက်ရလျှင် သူမ ဘာမှ ရလိုက်မည်မဟုတ်ပေ။
ထန်ပင်းစန်သည် ယခု လိင်ဆက်ဆံခြင်းကို ဆက်လက်ပြုလုပ်ရန် စိတ်မ၀င်စားသောကြောင့် သူတို့သည် ရပ်လိုက်ကြသည်။
အခုအိမ်မှာဘယ်သူမှမရှိတဲ့အတွက် ထန်ပင်းစန်က ထျန်းဖေးဖေးရဲ့အိမ်မှာသာ အိပ်ဖို့ဆုံးဖြတ်လိုက်သည်။
…
ကုနင်းသည် ထိုညနှောင်းပိုင်းတွင် သူ့အိမ်မှ ထွက်ခွာလာပြီး ထန်ယရှင်း၏ ရပ်ကွက်တွင် အချိန်များစွာ ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် ချီကျီယွဲ့ တက်နေသော ဆေးရုံသို့ ရောက်ရှိချိန်တွင် နံနက် ၁၂ နာရီ ၃၀ ရှိနေပြီဖြစ်သည်။
နောက်ကျနေသော်လည်း လူများစွာသည် သူတို့၏သူငယ်ချင်းများ သို့မဟုတ် မိသားစုထံ အလည်အပတ်သွားနေကြဆဲဖြစ်သည်။ ထို့ကြောင့် ကုနင်း ပေါ်လာသောအခါ မည်သူမျှ အထူးဂရုမစိုက်ခဲ့ကြပေ။ သာမာန်အားဖြင့် ဆေးရုံမှာ ဘယ်သူမှ ဒုက္ခပေးမှာ မဟုတ်ပေမယ့် ဒီနေ့ညကတော့ မတူပါ။
ချီကျီယွဲ့က သူ့အပေါ်မှာ အာရုံစိုက်မှုမလိုချင်၍ သူ့ကို ကာကွယ်ဖို့ သက်တော်စောင့်များ မထားရှိထားပေ။ ချန်ယွင်လင်သည် ယနေ့ညတွင် ချန်မိသားစု၏အိမ်သို့ ပြန်သွားသောကြောင့် ချီကျီယွဲ့သည် ယခုအချိန်တွင် ဆေးရုံတွင် တစ်ယောက်တည်း ရှိနေသည်။
ကုနင်းက ဒီည သူမလုပ်ချင်တာကို လုပ်ရတာ အရမ်းလွယ်လိမ့်မည်။
ရက်အနည်းငယ်ကြာ ပြန်လည်ကောင်းမွန်လာပြီးနောက် ချီကျီယွဲ့သည် ယခုအချိန်တွင် ပိုသက်သာလာပြီး သူ့ဘာသာသူ လှုပ်ရှားနိုင်လာသည်။ မူးယစ်ဆေး ရုတ်တရက် တောင့်တလာပါကလည်း သူနှင့်အတူ မူးယစ်ဆေးဝါး သယ်ဆောင်ထား၍ အဆင်ပြေသည်။ ဒီည တစ်ယောက်တည်းဆိုပေမယ့် အဆင်ပြေမယ်ဟုသူယုံကြည်သည်။ အကူအညီလိုအပ်လျှင် ခေါင်းလောင်းကို နှိပ်လိုက်ပါက ဆရာဝန်နှင့် သူနာပြုများ လာမည်ဖြစ်သည်။
ဆရာဝန်နှင့် သူနာပြုများ အဆင်ပြေစေရန်အတွက် ချီကျီယွဲ့၏ လူနာဆောင်တံခါးကို မပိတ်သောကြောင့် ကုနင်း အလွယ်တကူ ဝင်သွားနိုင်သည်။
ထိုအချိန်တွင် ချီကျီယွဲ့ အိပ်ပျော်နေပြီး ကုနင်းသည် ချက်ချင်းမနှိုးပေ။ ထို့နောက် သူမသည် ကျောက်လုံကိုထုတ်ကာ ချီကျီယွဲ့ မလှုပ်ရှားနိုင်အောင် သူ့ခန္ဓာကိုယ်တစ်ဝှိုက် ရစ်ပတ်ထားလိုက်သည်။ အသံလည်း မထွက်နိုင်အောင် သူ့ပါးစပ်ကို တိပ်နဲ့ ပိတ်လိုက်သေးသည်။
အခန်းထဲမှာ မှောင်နေပြီး ချီကျီယွဲ့က ကုတင်ပေါ်မှာ လဲလျောင်းနေသောကြောင့် သူ့ခန္ဓာကိုယ်မှာ ဘာတွေ ရစ်ပတ်နေမှန်းမသိပေ။ သူ့ရှေ့တွင် "ထန်အိုက်နင်း" ကိုသာ မြင်နိုင်သည်။
"ထန်အိုက်နင်း" ၏မျက်နှာကို သူမှတ်မိသွားသည့်အခိုက်တွင် တုန်လှုပ်ချောက်ချားသွားပြီး မျက်လုံးများပြူးသွားသည်။ ကံမကောင်းစွာပဲ သူ လှုပ်လည်း မလှုပ်နိုင်ကာ အော်လည်း မအော်နိုင်ေပ။ "ထန်အိုက်နင်း" က သူ့ကို ထပ်ပြီး နာကျင်စေမှာကို သူ ကြောက်သွားသည်။
ဒါက ဆေးရုံဖြစ်ပေမယ့်လို့ သူမဟာ ပေါ်လာနိုင်သေးသည်။
"အံ့ဩသွားလား" ကုနင်းသည် သူမ၏မျက်နှာပေါ်တွင် အပြုံးအတုတပ်ဆင်ကာ ချီကျီယွဲ့ ကို ကြည့်လိုက်သည်။
ချီကျီယွဲ့ အံ့ဩသွားပေမယ့် သူ ပိုထိတ်လန့်သွားရသည်။
"အင်း ကျွန်မ ရှင့်ကို အခုသတ်လိုက်ရင် နောင်တတွေနဲ့ သေသွားမှာလား။" ကုနင်းက ပြောပြီး ချီကျီယွဲ့ ၏လည်ပင်းကို ညစ်ရန် သူမ၏လက်ကို ဆန့်တန်းလိုက်သည်။
ချီကျီယွဲ့၏မျက်နှာသည် ဖြူဖျော့လာပြီး အသက်မရှူနိုင်တော့ပေ။ ကုနင်း၏လက်သည် သူ့လည်ပင်းတစ်ဝိုက်တွင် တင်းကျပ်လာသည်နှင့်အမျှ ချီကျီယွဲ့သည် တဖြည်းဖြည်း အသက်ရှူကျပ်လာသည်။
ဤအခိုက်အတန့်တွင် ချီကျီယွဲ့သည် သူတကယ်သေတော့မည်ကို ခံစားရသော်လည်း ယခုသေဆုံးရန် ဝန်လေးနေမိသည်။
ကုနင်းသည် သူ့ကို ချက်ချင်းသတ်ပစ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘဲ သူမက သူ့ကို ညှဉ်းပန်းနှိပ်စက်ချင်ရုံပါ။
"နာလား? အရမ်းနာကျင်နေမှာပဲ ဟုတ်တယ်လား။ ထန်အိုက်နင်းလည်း ပင်လယ်ထဲ ခုန်ချဖို့တွန်းအားပေးခံရတုန်းက ဒီလိုပဲ ခံစားခဲ့ရတာလေ။ မဟုတ်ဘူး သူက ရှင်အခုခံစားရတာထက် ပိုနာကျင်ခဲ့ရတယ်။ အနည်းဆုံး ရှင်က အသက်နည်းနည်းရှုနိုင်ပေမယ့် သူကတော့ မရှုနိုင်လိုက်တော့ နောက်ဆုံး အသက်ရှုကြပ်ပြီး သေသွားရတာလေ။” ဟု ကုနင်းက ဒေါသတကြီးဖြင့် အံကြိတ်ကာပြောသည်။
လေရရန် ရုန်းကန်ရင်း ချီကျီယွဲ့၏ ရင်ဘတ်သည် လျင်မြန်စွာ နိမ့်လိုက်ဆင်းလိုက် လှုပ်ရှားနေသည်။
ချီကျီယွဲ့အား ညှဉ်းပန်းနှိပ်စက်ခံရတာကို ကုနင်းက တော်တော်ကျေနပ်သွားသည်။ ချီကျီယွဲ့ နာကျင်ခံစားနေရတဲ့ စက္ကန့်တိုင်းကို သူမ နှစ်သက်သည်။
ချီကျီယွဲ့ အချိန်အကြာကြီး အသက္မရှူနိုင်လို့ သေခါနီးမှာ ကုနင်း သူ့ကိုလွှတ်လိုက်သည်။ ဒါကိုလုပ်ဖို့ စောလွန်းနေသေးတယ်လို့ သူမထင်တဲ့အတွက် ဒီအချိန်မှာ သူ့ကိုသတ်ဖို့ စိတ်မကူးသေးပါ။ ထို့အပြင် တစ်စုံတစ်ဦးကို သတ်မိပါက သူမ၏ ကံကြမ္မာကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်သည်။
ချီကျီယွဲ့ သည် ညှဉ်းပန်းနှိပ်စက်မှုကို သည်းမခံနိုင်ပါက မိမိကိုယ်ကို သတ်သေနိုင်ဖွယ်ရှိသည်။ သူ့ကိုယ်သူသတ်သေရင် သူမနှင့် ဆိုင်မည်မဟုတ်ပေ။
ကုနင်းသည် သူမ၏လည်ပင်းမှ လက်ကို ဖယ်လိုက်သော်လည်း ချီကျီယွဲ့သည် ကောင်းမွန်စွာ အသက်ရှုရန် ခက်ခဲနေဆဲဖြစ်သည်။ ပိုဆိုးတာက ကုနင်းက သူ့အိပ်ရာဘေးမှာ ရှိနေ၍ ပိုကြောက်လန့်နေသည်။
ထို့နောက် ကုနင်းသည် ကျောက်လုံကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်လိုက်သော်လည်း ချီကျီယွဲ့ သည် လှုပ်ရှားရန်တောင် အလွန်ကြောက်လန့်နေဆဲဖြစ်သည်။ ဒီညအတွက် လုံလောက်ပြီမို့ သူမ သူ့ကို ဆက်မနှိပ်စက်တော့ပါ။
"ချီကျီယွဲ့ ကျွန်မထပ်လာခဲ့မယ်။ ရှင်ဘယ်ကိုသွား ကျွန်မဆီကနေပြေးလွတ်မှာ မဟုတ်ဘူးဆိုတာ သိထား။" ဟု ကုနင်းမှသူမ မထွက်ခွာမီပြောလိုက်သည်။
ချီကျီယွဲ့သည် သူမ ကြွားလုံးထုတ်နေခြင်းမဟုတ်ကြောင်းနှင့် အမှန်တကယ် ဆိုလိုကြောင်း နားလည်ခဲ့သည်။ ဒီအချိန်မှာ သူ မေ့လဲလုနီးပါး ဖြစ်နေပြီ။ ကုနင်း ထွက်သွားပြီး သိပ်မကြာခင်မှာပဲ သူ့မှာ မူးယစ်ဆေးတောင့်တလာပေမယ့် အခုချိန်မှာတော့ ခွန်အားမရှိတော့ပေ။ သူ့ခြေထောက်ကို အားပြန်ရရန် တတ်နိုင်သမျှ လုပ်ခဲ့ပြီး ဆေးများကို တုန်လှုပ်နေသောလက်ဖြင့် သောက်လိုက်တော့သည်။
…
ထို့နောက် ကုနင်းသည် ရာစုနှစ်မြို့တော် သို့ တက္ကစီစီးကာ ပြန်သွားသည်။ သို့သော် သူမသွားရာလမ်းတွင် မတော်တဆမှုတစ်ခု ဖြစ်ပွားတော့သည်။
***
အခန်း ၁၅၃၉ မေ့လဲသွားသော တက္ကစီသမား
ကုနင်းသည် ရင်သပ်ရှုမောဖွယ် လှ၍ သူမသည် ညဥ့်နက်သည်အထိ တစ်ယောက်တည်း သွားလာနေသည်မှာ အလွန်အန္တရာယ်များသည်။ သူမ တက္ကစီပေါ် ရောက်သောအခါ တက္ကစီသမားသည် နောက်ကြည့်မှန်မှ သူမကို လှမ်းကြည့်ကာ သူမနှင့် စကားစမြည်ပြောရန် ကြိုးစားသည်။
"ကောင်မလေး အရမ်းနောက်ကျနေပြီ။ မင်းဘာလို့ တစ်ယောက်ထဲ အပြင်ထွက်နေတာလဲ။ လူဆိုးတွေကို မကြောက်ဘူးလား။" တက္ကစီသမားက ကြင်နာဟန်ဆောင်ကာ မေးလိုက်သည်။
"ကျွန်မက ဆေးရုံမှာ သူငယ်ချင်းတစ်ယောက်ကို သွားကြည့်တာပါ။ ကွန်ဖူးလည်း တတ်လို့ လူဆိုးတွေကို မကြောက်ပါဘူး။" ဟု ကုနင်းက ပြောသည်။ တက္ကစီဒရိုင်ဘာသည် လူကောင်းမဟုတ်ကြောင်း သူမ မြင်နိုင်သောကြောင့် သတိထားရန် ရည်ရွယ်ချက်ရှိရှိပြောလိုက်သည်။
သို့သော် တက္ကစီသမားက သူမကို မယုံ။ "မင်း မြို့တော်မှာနေတာလား။" သူက ဆက်မေးသည်။
"မဟုတ်ဘူး" ကုနင်း ကပြောသည်။
အဲဒါကို သိလိုက်ရတော့ တက္ကစီသမားက တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ဟေ့ ငါတို့ အချိန်အကြာကြီး သွားရအုံးမယ် ရေလိုချင်လား။" တက္ကစီသမားက ရေတစ်ပုလင်းကို ထုတ်ယူလိုက်တယ်။
"မလိုပါဘူး ကျေးဇူးတင်ပါတယ။် ကျွန်မရေမဆာလို့" လို့ ကုနင်း ကပြောသည်။ ရေပုလင်းသည် မူမမှန်ဘူးဆိုတာ သိသာသည်။
တက္ကစီသမားက ဘာမှမပြောတော့ဘဲ ကုနင်းကို စမ်းသပ်ဖို့သာ လုပ်တာကြောင့် ဒေါသမထွက်ပေ။
အချိန်အတော်ကြာပြီးနောက် တက္ကစီသမားသည် သူတို့ပတ်ဝန်းကျင်တွင် အခြားအသွားအလာမရှိချိန်မှာ ရုတ်တရက် ကားကိုရပ်လိုက်ကာ "တောင်းပန်ပါတယ် မစ္စ ကားစက်ပျက်သွားတယ်ထင်လို့ တစ်ချက်စစ်ကြည့်ဖို့ လိုတယ်။"
“ဟုတ်ကဲ့ပါ” တက္ကစီဒရိုင်ဘာသည် သူ၏ မကောင်းသော အကြံအစည်များကို စွန့်လွှတ်မည်မဟုတ်ကြောင်း ကုနင်း နားလည်သောကြောင့် သူ့အားသင်ခန်းစာတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။
တက္ကစီသမားက ကားပေါ်ကဆင်းခဲ့ပေမယ့် ကားမှန်မှန်ကန်ကန် အလုပ်လုပ်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် မသွားပေ။ အဲဒီအစား ကားနောက်ခန်း တံခါးကို ရုတ်တရက်ဖွင့်ပြီး အထဲကို ဝင်ရန် ကြိုးစားသည်။
"ရှင် ဘာလုပ်နေတာလဲ?" ကုနင်းက သူ့ကို စိုက်ကြည့်နေတယ်။ သူမသည် အလွန်တည်ငြိမ်နေပုံရသည်။
"ငါ ဘာလုပ်မယ်လို့ မင်းထင်လဲ။ အခု ငါတို့နှစ်ယောက်တည်းရှိတာလေ။" တက္ကစီသမားက သူ့အမူအရာပြောင်းပြီး ကုနင်းကို လှောင်ပြောင်လိုက်သည်။ ဒီလိုပြောရင်း သူ့နောက်ခန်း ကားတံခါးကို ပိတ်လိုက်ပြီး ကုနင်းက သူ့ကို တားဖို့ စိတ်မ၀င်စားပေ။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် ကုနင်းသည် သူ့လည်ပင်းကို ရိုက်လိုက်သဖြင့် သတိလစ်သွားတော့သည်။
မနှောင့်နှေးဘဲ ကုနင်း သည် သူ့အိတ်ကပ်ထဲမှ ကားသော့ကို ရှာတွေ့ပြီး ကားကို သူ့ဘာသာသူ မောင်းလိုက်သည်။
သူမသည် စီစီတီဗီ ကင်မရာများကို ရှောင်ရှားလိုသောကြောင့် ရာစုနှစ်မြို့တော် ၏ဘေးတံခါးအပြင်ဘက်တွင် ရပ်လိုက်သည်။
အိမ်မပြန်ခင်မှာ အငှားယာဉ်မောင်းကို ရိုက်နှက်ခဲ့ပေမယ့် ဒဏ်ရာပြင်းပြင်းထန်ထန် မရသွားခဲ့ပါ။
တက္ကစီသမားသည် နာကျင်မှုများစွာကို ခံစားလိုက်ရပြီး မျက်လုံးများပွင့်လာသော်လည်း ကုနင်းသည် သူသတိပြန်လည်လာချိန်တွင် ထွက်သွားပြီဖြစ်သည်။
"ဘာဖြစ်တာလဲ?" တက္ကစီဒရိုင်ဘာသည် မလှုပ်နိုင်ဘဲ စောစောက သူတစ်စုံတစ်ယောက်၏ ရိုက်နှက်ခြင်း ခံခဲ့ရသလို ခံစားရသည်။
သိပ်မကြာခင်မှာပဲ ကုနင်း အကြောင်းတွေးပြီး သူ့ကို ရိုက်နှက်ခဲ့တဲ့ ကုနင်း ပဲဖြစ်မယ်ဆိုတာ သိလိုက်ရသည်။ ကုနင်းက သူမဟာ ကွန်ဖူးပညာ ကောင်းကောင်းတတ်တာမို့ လူဆိုးတွေကို မကြောက်ပါဘူးလို့ ပြောခဲ့သည်။
အဲဒီတုန်းက သူ အလေးအနက်မထားခဲ့ပေမယ့် အခု သူမလိမ်နေတာ မဟုတ်ဘူးဆိုတာကို သိလိုက်ရသည်။
တက္ကစီသမားက ကုနင်းကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးစားတာကို နောင်တရခဲ့ပြီး ကုနင်းက သူ့ကို ရိုက်နှက်တဲ့အတွက်လည်း ဒေါသထွက်နေသည်။
ကံမကောင်းစွာပဲ သူအဖမ်းခံရခြင်းကို ရဲကိုတိုင်လိုလည်းမရဲတဲ့အတွက် ဒေါသကို မျိုချခဲ့ရပါသည်။
သူအရမ်းနာနေပြီး ကားမမောင်းနိုင်တော့တဲ့အတွက် သူ့ညီလေးကိုခေါ်ပြီး အကူအညီတောင်းလိုက်သည်။ အဲဒီနောက်မှာတော့ သူက ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ကုနင်းသွားတဲ့ နေရာကို သိလိုက်ရသည်။
ရာစုနှစ်မြို့တော် တွင် အိမ်တစ်လုံးရှိမည်ဆိုပါက ကုနင်းသည် ချမ်းသာတဲ့သူ သို့မဟုတ် ဩဇာကြီးသူသာ ဖြစ်နိုင်သောကြောင့် ယခုအချိန်အထိ သူသည် ဤမျှ မိုက်မဲနေမှန်း သူ မသိခဲ့ပါ။ ဤနေရာတွင် အိမ်တစ်အိမ်သည် အနည်းဆုံး ယွမ်သန်းပေါင်းများစွာ ကုန်ကျသောကြောင့် သူ ကုနင်းနှင့် သွားမရှုပ်သင့်ပေ။
ကုနင်း ဤနေရာတွင် မရှိတော့တာ ကံကောင်းတယ်လို့ ခံစားလိုက်ရသည်။
ကုနင်း မအိပ်ခင် ရေချိုးလိုက်ပြီး အိပ်ယာ၀င်သွားပါတော့သည်။
…
နံနက်စောစော မိုးကုပ်စက်ဝိုင်းမှ အလင်းရောင် ပျော့ပျောင်းစွာ ထွက်ပေါ်လာပြီး အရာအားလုံး တိတ်ဆိတ်နေသည်။ လှပသောရှေးဟောင်းခြံဝင်းတစ်ခုတွင် ကျောက်သားဥယျာဉ်၊ ရေကန်၊ ပန်းရောင်ကြာပန်းစသည်ဖြင့် လှပသောရှုခင်းများစွာရှိသည်။
ချက်ချင်းဆိုသလိုပဲ ဆံပင်ခပ်မြင့်မြင့်စည်းကာ အဖြူရောင်ရှေးဟောင်းဝတ်စုံဝတ်ထားသော မိန်းကလေးငယ်တစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်သည်။
ဒီမိန်းကလေးက သုန်းဖန်းကျီယွီဖြစ်ပြီး သူမဟာ အခုအချိန်မှာ သုန်းဖန်းမိသားစုရဲ့အိမ်မှာ ရှိနေသည်။ ကျင့်ကြံရေးလောကတွင် ခေတ်မီသောအရာများစွာရှိခဲ့သော်လည်း သူတို့သည် ရှေးခေတ်ပုံစံအတိုင်း နေထိုင်ခဲ့ကြသေးသည်။
ထို့နောက် သုန်းဖန်းကျီယွီသည် ခြံထဲတွင် သူမ၏ဓားရေးကို စတင်လေ့ကျင့်ခဲ့သည်။
ကောင်းကင်ကြီး တောက်ပနေတဲ့အချိန်မှာ သူမ ချွေးထွက်လာ၍ မျက်နှာသစ်ဖို့ ရပ်လိုက်သည်။
အိမ်အကူတစ်ယောက်က သူ့အတွက် မနက်စာပြင်ဆင်ပြီးသားမို့ သုန်းဖန်းကျီယွီက မနက်စာစားပြီး ခြံထဲမှထွက်သွားတော့သည်။
***
အခန်း ၁၅၄၀ အကြောင်းရှိလို့ ထွက်သွားတာပါ
ခြံအပြင်ဘက်မှာ ပန်းခြံကြီးတစ်ခုရှိပြီး သုန်းဖန်းကျီယွီ၏ ခြံထက်တောင် ပိုလှသည်။
ရှေးခေတ်အဝတ်အစားတွေနဲ့ အိမ်ဖော်တွေက အနားလာရပ်ပြီး သူတို့အားလုံးက သုန်းဖန်းကျီယွီ ရောက်လာသည်နှင့် ရိုသေလေးစားစွာ နှုတ်ဆက်ကြသည်။
ကျင့်ကြံရေးကမ္ဘာသည် တစ်ချိန်တည်းတွင် တည်ရှိသော်လည်း လူသားတို့၏ကမ္ဘာနှင့် လုံးဝကွဲပြားပါသည်။ တကယ်တော့ ကျင့်ကြံရေးလောက,က မြို့တော်ကြီးလို ကျယ်ဝန်းပြီး လူသားတွေရဲ့ကမ္ဘာကနေ ရုန်းထွက်ဖို့ နေရာလွတ်ကြီးပါပဲ။
သုန်းဖန်းကျီယွီသည် အခြားခြံထဲသို့ ဝင်လာပြီး အလယ်တွင် လူလတ်ပိုင်းတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ “သခင်မလေးသုန်းဖန်း သခင်ကြီးသုန်းဖန်းက မင်းကို စောင့်နေပါတယ်။” ဟု ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်" သုန်းဖန်းကျီယွီကပြောပြီး ထွက်သွားသည်။ အခန်းတံခါးကို ခေါက်လိုက်သည်။ သို့သော် အတွင်းခန်းမှ ခွင့်ပြုချက်မကြားမချင်း မဖွင့်ပေ။
အသက် ၆၀ ခန့်ရှိ အဘိုးအိုတစ်ဦးသည် ခုံရှေ့တွင် ထိုင်နေသည်။ အသက် ၆၀ အရွယ် အဘိုးအိုတစ်ယောက်လို ထင်ရသော်လည်း အမှန်တကယ်တော့ အသက်ရာနှင့်ချီရှိနေပြီဖြစ်သည်။ သူသည် ကျင့်ကြံသူဖြစ်သောကြောင့် တဖြည်းဖြည်း အသက်ကြီးလာသည်။ သူ့အဆင့်မြင့်လေ၊ အသက်ကြီးတာ နှေးလေဖြစ်ပါသည်။
သုန်းဖန်းကျီယွီသည် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့်တူသော်လည်း တကယ်တမ်းတွင် သူမသည် အသက် ၄၅ နှစ်ရှိပြီ ဖြစ်သည်။
"အဘိုး ကျွန်မကို ဘာပြောချင်လို့လဲ။" သုန်းဖန်းကျီယွီက မေးသည်။
အဘိုးကြီးသည် သုန်းဖန်းကျီယွီ၏အဘိုးဖြစ်ပြီး၊ သူသည် သုန်းဖန်းမိသားစု၏ဘိုးဘေးဖြစ်သည်။
“ကွန်ဖူးပြိုင်ပွဲက နီးနေပြီ။ မင်းရဲ့ ကျင့်ကြံရေးက ဘယ်လိုလဲ။" သခင်ကြီးသုန်းဖန်းက မေးသည်။
ဆရာကြီးသုန်းဖန်းသည် အချိန်အတော်ကြာ တရားထိုင်နေသောကြောင့် မကြာသေးမီက သုန်းဖန်းကျီယွီ ဘာလုပ်နေသည်ကို သူမသိပါ။ ကျင့်ကြံရေးကိုသာ အာရုံစိုက်နေတယ်ဟု သူသူထင်သည်။ ဒီနေ့ သူ့ရဲ့တရားထိုင်မှု အဆုံးသတ်သွားတဲ့အတွက် ဒီမနက် သူ့ကိုတွေ့ဖို့ သုန်းဖန်းကျီယွီကို ပြောခဲ့ခြင်းဖြစ်သည်။
သုန်းဖန်းမိသားစုတွင် သုန်းဖန်းကျီယွီသည် သူ၏ မြေးများကြားတွင် အရည်အချင်းအရှိဆုံးဖြစ်သောကြောင့် သူမကို ပိုအာရုံစိုက်ခဲ့သည်။ သူမအတွက် ကြီးမားသော မျှော်လင့်ချက်များလည်း ရှိသည်။
သုန်းဖန်းကျီယွီသည် ယခုရက်ပိုင်းတွင် သူမ၏ လေ့ကျင့်မှုအား အချိန်များစွာ မပေးမိသောကြောင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း သူမအဖိုး၏ မျက်နှာကို ကြည့်ပြီး လိမ်ညာဖို့ မရဲပါ။ “အဘိုး ကျွန်မ အရင်ရက်ပိုင်းတုန်းက လူ့ပြည်ကို ခဏခဏ သွားခဲ့ဖူးလို့ ကျင့်ကြံရေးအပေါ် အာရုံမစိုက်လိုက်ရဘူး။ ဒါပေမယ့် အကြောင်းရှိလို့ သွားတာပါ။"
ထိုစကားကိုကြားသောအခါ သခင်ကြီးသုန်းဖန်းက မကျေမနပ်ဖြစ်သွားသည်။
"ဘာအတွက်လဲ?"
သုန်းဖန်းကျီယွီ အကြောင်းသူနားလည်သောကြောင့် အရေးကြီးသော အကြောင်းအရာကြောင့်သာ သွားခြင်းဖြစ်ရမည်ဟု သူသိသည်။
အဲဒီနောက်မှာတော့ သုန်းဖန်းကျီယွီက ကုနင်း နဲ့ မှော်အစွမ်းတွေအကြောင်း သူမ သိခဲ့တဲ့အရာများကို ပြောပြခဲ့သည်။ သခင်ကြီးသုန်းဖန်း သည် ဇာတ်လမ်းကို ကြားပြီးနောက် အံ့သြသွားသည်။ "ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
“အဲဒါက တကယ်ပါ ကျွန်မမှာ ဆေးတချို့ရှိတယ်။ ကျေးဇူးပြုပြီး ကြည့်ပေးပါ။” သုန်းဖန်းကျီယွီက သခင်ကြီးသုန်းဖန်းကို ကိုလိန်း ဆေးအချို့ကို ချက်ချင်းပေးလိုက်သည်။
သခင်ကြီးသုန်းဖန်းက သူတို့ကို ယူလိုက်ပြီး ချက်ချင်းဖွင့်လိုက်တော့ မှော်အစွမ်းကို သူတကယ်ခံစားလိုက်ရသည်။
ဆေးတွင် မှော်အစွမ်းများစွာမရှိသော်လည်း ၎င်းသည် လူသားများအတွက် အလွန်အသုံးဝင်သည်။ အရေးအကြီးဆုံးမှာ မှော်ဆေးပြား သို့မဟုတ် မှော်ဆေးဖက်ဝင်အပင်တစ်မျိုးမျိုးသည် ဤဆေးများနှင့်အတူ ရောနှောနေသည်။ ဘာပဲဖြစ်ဖြစ် ဤအရာက သိပ်ကို ဆန်းကြယ်ပါသည်။
"ဒီရက်ပိုင်းမှာ ရွှမ်းဟွာနဲ့ ကျွန်မက မှော်စွမ်းအားတွေ ဘယ်ကလာတယ်ဆိုတာကို အဖြေရှာဖို့ ကြိုးစားနေပေမယ့် ကိုလိန်း ပိုင်ရှင်က စီးပွားရေးမှာ ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒမရှိဘူး။" လို့ သုန်းဖန်းကျီယွီက ဆိုသည်။
"ဒါက မတော်တဆလည်း ဖြစ်နိုင်တယ်။" ဟု သခင်ကြီးသုန်းဖန်းက ပြောသည်။ သေမျိုးသည် မှော်စွမ်းအားကဲ့သို့သော အရာတစ်ခုအကြောင်းကို သိလိမ့်မည်ဟု ယုံရခက်သည်။
သုန်းဖန်းကျီယွီက "ကျွန်မလည်း အဲ့လိုပဲထင်တယ်" ကုနင်းသည် မယုံနိုင်စရာကောင်းသော မိန်းကလေးဖြစ်ကြောင်း သူမ အသိအမှတ်ပြုသော်လည်း ကုနင်းသည် မှော်အစွမ်းကို ရနိုင်သည်ကို သူမ မယုံနိုင်ပေ။
"အိုး ရွှမ်းဟွာက ကုနင်း နေထိုင်တဲ့ နေရာအပြင်ဘက်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပိုင်လီကျုံးရွှယ်နဲ့တွေ့တယ်တဲ့ ပိုင်လီကျုံးရွှယ်လည်း ဒါကို စုံစမ်းနေတယ်ထင်တယ်” ဟု သုန်းဖန်းကျီယွီက ပြောသည်။
သခင်ကြီးသုန်းဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်လီမိသားစုကလည်း ဒါကို သတိထားမိပုံရသည်။
"သူ့မှာ သတင်းတစ်ခုခုရှိမရှိ သိဖို့အတွက် ရွှမ်းဟွာကို သွားတွေ့လိုက်။ ကုနင်း နဲ့ ပိုင်လီမိသားစုက ဘာလုပ်နေတယ်ဆိုတာ ငါတို့သိမှရမယ်။” လို့ သခင်ကြီးသုန်းဖန်းက ပြောသည်။
"ဟုတ်ကဲ့" သုန်းဖန်းကျီယွီ ကပြောသည် ။
အဖိုး၏ခွင့်ပြုချက်ရသောကြောင့် သူမသည် ယခုအပြင်ထွက်သွားရန် ဆင်ခြေပေးစရာ မလိုတော့ပေ။ ထို့နောက် သုန်းဖန်းကျီယွီသည် ကျင့်ကြံရေးလောကမှ ထွက်ခွာသွားသည်။
သူမ အပြင်သို့ ထွက်လာသောအခါ ဝူရွှမ်းဟွာထံမှ မက်ဆေ့ခ်ျကို တွေ့လိုက်ရသည်။ ကံမကောင်းစွာပဲ ဝူရွှမ်းဟွာသည် ကုနင်းနှင့်ပတ်သက်သည့် အသုံးဝင်သောသတင်းအသစ်တစ်ခုမျှမရှိဘဲ သူမ၏ကိုယ်ရံတော်များကိုတိုက်ခိုက်နေသည့် ကုနင်း ဗီဒီယိုဖိုင်ကိုသာ ပေးပို့ထားသည်။
ဗီဒီယိုကိုကြည့်ပြီးနောက် သုန်းဖန်းကျီယွီသည် ကုနင်းက သူမထင်သည်ထက် ပိုမိုအားကောင်းကြောင်း ဝန်ခံသည်။ သူမက ဝူရွှမ်းဟွာကို ချက်ချင်းဖုန်းဆက်ပြီး လက်ရှိအခြေအနေကို မေးလိုက်သည်။
***
အခန်း ၁၅၄၁ ဗေဒင်ဆရာအိုကြီး
ချန်ယွင်လင်သည် ထိုနေ့နံနက်တွင် ချီကျီယွဲ့ဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး ချီကျီယွဲ့ ကိုပိုဆိုးသော အခြေအနေဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ချီကျီယွဲ့ကို ဘာဖြစ်သွားတာလဲဟု မေးသောအခါ ထိုအမျိုးသမီးက မနေ့ညက လာသွားသည်ဆိုတာကို သိလိုက်ရသည်။
ချန်ယွင်လင် က သူမကိုယ်သူမ အပြစ်တင်နေသည်။ မနေ့ညက အိမ်မပြန်ခဲ့ဘူးဆိုရင် ထိုအမျိုးသမီးကို ချီကျီယွဲ့ အားမခြောက်နိုင်အောင် တားနိုင်မှာပါ။ သူမသည် ထိုအမျိုးသမီးနှင့် ယှဉ်နိုင်မယ်မဟုတ်သော်လည်း အနည်းဆုံးတော့ အခြားလူများကို ဖုန်းဆက်အကူအညီတောင်းနိုင်သည်။
ချီကျီယွဲ့သည် ယခုထိကြောက်နေသေးသော်လည်း သူ၏တည်နေရာကို ဖော်ထုတ်မိမှာဆိုး၍ ရဲကို မတိုင်ရဲပေ။
…
ထန်ပင်းစန်သည် ရဲအကူအညီမပါဘဲ ချီကျီယွဲ့ကို ရှာမတွေ့သေးပေ။ ထန်အိုက်နင်းနှင့် ချီကျီယွဲ့ နှစ်ယောက်စလုံးကို မည်သည့်နေရာမှာမှ ရှာမတွေ့သောကြောင့် သူရူးနေပြီး သူ့အလုပ်ကို အာရုံမစိုက်နိုင်တော့ပေ။
သို့သော်လည်း ထန်မိသားစုမှ အခြားမိသားစုဝင်တစ်ဦးသည် ယခုအချိန်တွင် အလွန်ကောင်းမွန်သော စိတ်အခြေအနေတွင်ရှိပြီး ထိုသူမှာ ထန်ချင်းယန် ဖြစ်သည်။
ထန်ပင်းစန်သည် သူ့ကိုကုမ္ပဏီတွင် အရေးကြီးသော ဆုံးဖြတ်ချက်များချရန်အတွက် ခွင့်မပြုသော်လည်း သူသည် အဓိကရှယ်ယာရှင်တစ်ဦးဖြစ်ပြီး သူ့လက်ထဲတွင် အာဏာတချို့ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ထန်ချင်းယန်သည် အခြားရှယ်ယာရှင်များကို သူ့ဘက်သို့ ဆွဲသွင်းရန် တွန့်ဆုတ်မနေပေ။
ပုံမှန်အားဖြင့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုတွင် အစုရှယ်ယာရှင်များစွာရှိပြီး ထန်အဖွဲ့အစည်းတွင် စုစုပေါင်း ၁၃ ဦးရှိသည်။ ၎င်းတို့အနက် ထန်ပင်းစန်တွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ထန်ချင်းယန်သည် ရှယ်ယာ ၂၀ ရာခိုင်နှုန်း၊ ထန်ပင်းကျန်းသည် ရှယ်ယာ ၈ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး အခြားရှယ်ယာရှင်တစ်ဦးစီတွင် ရှယ်ယာရာခိုင်နှုန်းကိုယ်စီရှိသည်။
ရှယ်ယာရှင်တိုင်းသည် ထန်ပင်းစန်၏လူမဟုတ်ပေ။ ကိစ္စအများစုတွင် ထန်ပင်းစန်သည် ထန်အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သောကြောင့် ထန်ပင်းစန်၏ အမိန့်ကို သူတို့လိုက်နာရမည်ဖြစ်သည်။
ထန်ပင်းစန်ကို မကြိုက်သောသူများသည် ထန်ချင်းယန်သည် ငယ်ရွယ်ပြီး ထက်မြက်သောကြောင့် ထန်ချင်းယန်နှင့် လက်တွဲရန် ရွေးချယ်ခဲ့ကြသည်။
ထန်ပင်းစန်သည် သူ၏ ဦးဆောင်မှုအောက်တွင် ကုမ္ပဏီကို လျင်မြန်စွာ ကြီးထွားလာစေသော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သော်လည်း ထန်ချင်းယန်သည် သူ့ထက်သာလွန်သော ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်နိုင်သည်ဟု လူအများက ယုံကြည်ကြသည်။ ထို့အပြင် ထန်ပင်းစန်သည် ဤနှစ်များအတွင်း ကုမ္ပဏီကိုကောင်းစွာ မထိန်းချုပ်နိုင်ပေ။
တကယ်တော့ အရင်တုန်းက ထန်အိုက်နင်းသည် သူ့အတွက် မကောင်းမှုတွေ အများကြီးပြုလုပ်ပေးခဲ့ပြီး သူ့စီးပွားရေး ပြိုင်ဘက်တွေကို ဖယ်ရှားဖို့ ကူညီပေးခဲ့တဲ့အတွက် ကုမ္ပဏီကို ကောင်းကောင်းလည်ပတ်နိုင်ခဲ့တာဖြစ်သည်။ သို့သော်လည်း ထန်အိုက်နင်းသည် ယခုသေဆုံးသွားခဲ့ပြီဖြစ်ပြီ ဖြစ်တဲ့အတွက် သူ့အတွက် ဥပဒေကို ဖောက်ဖျက်လိုသည့် အခြားလူတစ်ယောက်မျှ မရှိခဲ့ပေ။ ထို့အပြင် တန်အဖွဲ့အစည်း၏ အမွေဆက်ခံသူသည် ယခုအခါ ပြဿနာဖြစ်လာသည်။
ထန်ပင်းစန်တွင် ထန်ယရှင်း တစ်ဦးတည်းသာရှိသဖြင့် ထန်ယရှင်းသည် ထန်မိသားစု၏လုပ်ငန်းကို သိမ်းပိုက်နိုင်မည်ဟု လူတိုင်းက ယုံကြည်ခဲ့ကြသည်။ ချီကျီယွဲ့သည် ထန်မိသားစုနှင့် အောင်မြင်စွာ လက်ထပ်ခဲ့မည်ဆိုပါက သူသည် လုပ်ငန်းကို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ချီကျီယွဲ့သည် ထန်ချင်းယန် လောက် မထူးချွန်သော်လည်း သူလည်း မဆိုးပေ။ မည်သို့ပေဆိုစေကာမူ ထန်ယရှင်းက ထန်မိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သရွေ့ ထန်ချင်းယန်သည် ကုမ္ပဏီကို သိမ်းပိုက်ဖို့ မဖြစ်နိုင်ပေ။
ကံမကောင်းစွာပင် ထန်ယရှင်းနှင့် ချီကျီယွဲ့ နှစ်ဦးစလုံးသည် ယခုအခါ အသုံးမဝင်တော့၍ ထန်ချင်းယန်သည် ရုတ်တရက် ထန်အဖွဲ့အစည်း၏ ဆက်ခံသူနေရာအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်လာခဲ့သည်။
ချမ်းသာသော သူဌေးတစ်ဦးတွင် တရားမဝင်ကလေးရှိခြင်းသည် အဆန်းမဟုတ်သောကြောင့် ထန်ပင်းစန် မှာလည်း တရားမဝင်ကလေးရှိနိုင်ခြေ ရှိပါသည်။
ထန်ပင်းစန်တွင် တရားမ၀င်သား သို့မဟုတ် သမီးရှိမရှိကို မည်သူမျှမသိကြသော်လည်း အခြားအစုရှယ်ယာရှင်များက ထန်ချင်းယန်သည် ပို၍ယုံကြည်စိတ်ချရကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူတို့သည် ယခုအချိန်တွင် သူတို့အတွက်နေရာတစ်ခုရရှိရန် ထန်ချင်းယန်နှင့် ကောင်းမွန်သော ဆက်ဆံရေးကိုသာ ထိန်းသိမ်းထားကြသည်။
ထန်ပင်းစန်နေရာကို အစားထိုးရန် ရည်မှန်းချက်ကြီးသော ရှယ်ယာရှင်အချို့ရှိသော်လည်း ကုမ္ပဏီကို ထန်မိသားစုမှ ထိန်းချုပ်ထားသောကြောင့် ထိုအရာကအလွန်ခက်ခဲလှသည်။
ထန်ချင်းယန်သည် သူ၏အနာဂတ်အတွက် အထောက်အကူဖြစ်စေသောကြောင့် ရှယ်ယာရှင်များနှင့် ကောင်းမွန်သောဆက်ဆံရေးထားရှိရန် ဆန္ဒရှိသည်။ ရုတ်တရက် တစ်ယောက်ယောက်က သူ့ကို သစ္စာဖောက်လျှင် ရှယ်ယာရှင်တွေရဲ့ ထက်ဝက်နီးပါး သူ့ဘက်မှာ ရှိပါသည်။
ထန်ပင်းစန်သည် ယခုချိန်တွင် ထန်အိုက်နင်း" ကြောင့် သူ့မိသားစုအတွက် စိတ်ပူပန်နေရတဲ့အတွက် ထန်ချင်းယန် နှင့် ညှိနှိုင်းရန် လုံလောက်သော အင်အားမရှိပေ။
ရှုချင်ယင်းသည် ထန်ချင်းယန် လက်တလောအလုပ်များနေမှန်း သိသောကြောင့် သူ့ကို အနှောက်အယှက်မပေးပေ။ သို့သော် သူနှင့် အချိန်အတော်ကြာ အဆက်အသွယ်ပြတ်သွားပြီးနောက် သူမစိတ်မကောင်းဖြစ်ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ထန်ချင်းယန် အပေါ် လုံခြုံမှုမရှိသော သူမ၏ ခံစားချက်ကို နားမလည်သေးပါ။
ကူအန်းနာသည် အရာအားလုံးကို မျက်မြင်တွေ့နေရသော်လည်း သူမသည် ၎င်းနှင့်ပတ်သက်ပြီး ဘာမှမတတ်နိုင်ပေ။ ထန်ချင်းယန်သည် အလုပ်ရှုပ်နေသောကြောင့် ရှုချင်ယင်းနှင့် သူ၏ဆက်ဆံရေးအကြောင်းကို စဉ်းစားရန် အချိန်မရှိပေ။
…
မနက်ဖြန်တွင် ကုဖန်း၏ဖွင့်ပွဲအခမ်းအနားကို ရုတ်တရက်သတိရလိုက်သဖြင့် Bမြို့သို့ လေယာဉ်လက်မှတ်ကို ကြိုတင်မှာယူလိုက်သည်။
ကောင်းယိနဲ့ ချောင်ယတို့သည် ထန်ပင်းစန်အား ထောက်ပံ့သော မကောင်းဆိုးဝါးတပ်ဖွဲ့တွေကို စုံစမ်းနေသည့်အတွက် ဒီတစ်ကြိမ်မှာ Bမြို့ကို သူမတစ်ယောက်တည်းသွားရမည်ဖြစ်သည်။
မနက် ၁၁ နာရီမှာ ကုနင်း၏ ရုံးခန်းထဲက ဖုန်းဝင်လာသည်။ ပုံမှန်အားဖြင့် ဖုန်းများသည့် သူ့ကုမ္ပဏီရှိ ရုံးလိုင်းမှ လာခြင်းဖြစ်ပါသည်။
"ဟိုင်း!" ကုနင်းက ကိုင်လိုက်သည်။
"ဥက္ကဌကု အဘိုးကြီးတစ်ယောက်က ဧည့်ခံကောင်တာမှာ ဥက္ကဌကို တွေ့ချင်တယ်လို့ပြောနေတယ်။ ထွက်သွားခိုင်းတာလည်း မထွက်သွားပဲ အော်ကြီးဟစ်ကျယ်လုပ်နေလို့ပါ။ ကျွန်မတို့ သူ့ကို ဆွဲထုတ်သွားလိုက်ရမလား။"
ဧည့်ကြိုသည် ကုနင်းနှင့် စကားပြောတာ ပထမဆုံးအကြိမ်မို့ သူမ တော်တော်စိတ်လှုပ်ရှားနေသည်။
အဘိုးအိုက သူမကုမ္ပဏီကို လာပြီး သူမကို တွေ့ဖို့ အော်ပြောတာဖြစ်၍ သူ့မှာသူမဖုန်းနံပါတ် မရှိနိုင်ပေ။ တစ်နည်းဆိုရသော် သူတို့သည် မရင်းနှီးပါ။
ကုနင်းက အဖိုးအိုရဲ့ နာမည်ကို မေးရန်ပြင်လိုက်သည့်အခါ ဖုန်းထဲကနေ အဖိုးအို၏ အသံကို ကြားလိုက်ရသည်။ “ဟေး ကောင်မလေး ငါပါ။ ဗေဒင်ဆရာအိုကြီးလေ ငါ့ကို မှတ်မိသေးလား။" သူ ကျယ်လောင်စွာ အော်လိုက်ကာ ကုနင်းကသူပြောတာ မကြားမည်ကို စိုးရိမ်နေပုံရသည်။
ကုနင်းသည် သူ၏လုပ်ရပ်ကြောင့် အနည်းငယ်ကြောက်ရွံ့သွားပြီး သူမကို ရှာတွေ့နိုင်သည်ကို မယုံနိုင်ဖြစ်နေသည်။
***
အခန်း ၁၅၄၂ ငါအိပ်မက်မက်ခဲ့တယ်
သို့သော် လူရှေ့သူရှေ့တွင် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေခြင်းက သူမ၏ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။
ကုနင်းက စိတ်ဆိုးပြီး ရှက်သွားသည်။
အဘိုးအိုက သူသည် ဗေဒင်ဟောသည်ဟု ဆိုသောအခါ ခန်းမအတွင်းရှိ ဝန်ထမ်းများ အံ့အားသင့်သွားကြသည်။ သူတို့သူဌေးက ဗေဒင်ဆရာလိုတယ်ဆိုတာကို မယုံနိုင်ပေ။
ကုနင်းက ချက်ချင်း ငြင်းလိုက်သည်။ "သူ့ကို အခုချက်ချင်းမောင်းထုတ်လိုက်! ပိုက်ဆံလိုချင်နေတဲ့ လူလိမ်ပဲ။”
“ဟုတ်ကဲ့ ဥက္ကဌကု။” လို့ ဧည့်ကြိုဝန်ထမ်းက ချက်ချင်းပြောလိုက်သည်။
“ဟေး ငါလူလိမ်မဟုတ်ဘူး၊ မင်းရဲ့ပိုက်ဆံကိုလည်း ငါမလိုချင်ဘူး…” အဖိုးအိုက ကုနင်း ပြောတာကိုကြားပြီး သူ့ကိုယ်သူ ကာကွယ်သည်။
"အဘိုးကြီးကို ဖုန်းပေးလိုက် ငါနဲ့ပြောမယ်။" လို့ ကုနင်းက ပြောသည်။ သူမသည် ဤအဘိုးကြီးနှင့် ယနေ့ဖြေရှင်းရမည်။ မဟုတ်ပါက နောင်တွင်သူမကို ပို၍ ဒုက္ခဖြစ်စေနိုင်သည်။
“ဟုတ်ကဲ့” ဟု ဧည့်ကြိုကပြောပြီး ဗေဒင်ဆရာကို ဖုန်းလက်ခံရန်ပေးလိုက်သည်။ “ကျွန်မတို့ဥက္ကဌ…”
ဗေဒင်ဆရာအိုကြီးက ဖုန်းကို ဖမ်းဆွဲပြီး “ဟေး ငါပါ ငါမင်းကို အရေးတကြီး ပြောစရာရှိတယ်။ မင်းပိုက်ဆံကို ငါမလိုချင်ဘူး!"
ဗေဒင်ဆရာအိုကြီးက ကုနင်းကို အရှက်ရစေပေမယ့် သူမကို တွေ့ဖို့ တွန်းအားပေးနေဆဲပင်။ သူ ဒီနေ့ ကုနင်းကို တွေ့ဖို့ ဆုံးဖြတ်ထားသည်။
“ရှင် ကျွန်မရဲ့လက် ဒါမှမဟုတ် မျက်နှာကို ကြည့်ပြီးဖတ်ချင်တာဆိုရင် မေ့လိုက်တော့။ ကျွန်မရှင့်ကို အဲ့လိုလုပ်ခွင့်ပေးမှာမဟုတ်ဘူး။" လို့ ကုနင်း ကပြောသည်။
“အဲ့လိုမဟုတ်ဘူးလို့ ကတိပေးပါတယ်။ တခြားကိစ္စကြောင့် မင်းကိုတွေ့ဖို့လာတာ။” ဟု ဗေဒင်ဆရာအိုကြီးက ပြောသည်။
"ကောင်းပြီ ဧည့်ကြိုဝန်ထမ်းကို ဖုန်းပြန်ပေးလိုက်ပါ။"
“ကောင်းပြီ!” ဗေဒင်ဆရာဟောင်းသည် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ဖုန်းအား ဧည့်ကြိုဝန်ထမ်းထံ ပြန်ပေးလိုက်သည်။
"ဟုတ်ကဲ့၊ ဥက္ကဌကု" ဟု ဧည့်ခံဝန်ထမ်းက ပြောသည်။
"သူ့ကို ဓာတ်လှေကားဆီခေါ်ပေးပြီး ၁၈ ထပ်ကို လာခဲ့ဖို့ ပြောလိုက်ပါ။" လို့ ကုနင်းက ပြောပြီး ဖုန်းချလိုက်သည်။
အဲဒီနောက် ဧည့်ကြိုက ဗေဒင်ဆရာအိုကြီးကို ဓာတ်လှေကားဆီ ခေါ်သွားပြီး ၁၈ ထပ်ကို တက်ခိုင်းသည်။
အဘိုးကြီး ထွက်သွားသောအခါတွင် ဝန်ထမ်းတစ်ဦးတစ်ယောက်ကမှ ကုနင်းနှင့် သူ၏ဆက်ဆံရေးအကြောင်း မပြောကြပေ။ သူတို့သည် ကုနင်းကို လေးစားကြသည်။
ကုနင်းက ကောင်းယိနဲ့ ချောင်ယကို ဗေဒင်ဆရာအိုကြီးလာနေတယ် ဟုပြောပြီး သူ့ကို ဝင်ခွင့်ပြုခိုင်းလိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အဘိုးအိုရောက်လာပြီး ခန်းမအပြင်ဘက်တွင် ကောင်းယိနှင့် ချောင်ယ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ကောင်းယိ နဲ့ ချောင်ယက သူ့ကိုတွေ့တာ မအံ့သြပေမယ့် ကုနင်းက ဘာကြောင့် သူ့ကိုတွေ့ဖို့ ဆန္ဒရှိလဲဆိုတာ နားမလည်ခဲ့ကြပေ။ ကုနင်း သည် ဤဗေဒင်ဆရာအိုကြီးကို မျက်နှာ သို့မဟုတ် လက်များကို ဖတ်ခွင့်ပြုမည် မဟုတ်ကြောင်း သူတို့ သိထားသောကြောင့် အခြားအရာတစ်ခု ဖြစ်နိုင်သည်။
သူတို့သည် ဤအဘိုးကြီးအပေါ် အမြင်မကြည်ကြသော်လည်း ယဉ်ကျေးစွာ ဆက်ဆံသည်။
"ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါ။" ချောင်ယကပြောပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။
ထို့နောက် သူတို့သည် ကုနင်း၏ရုံးခန်းဆီသို့ လျှောက်သွားကြသည်။
ချောင်ယသည် တံခါးခေါက်လိုက်သောအခါ ကုနင်းက ဗေဒင်ဆရာအိုကြီးကို ဝင်လာရန် ပြောလိုက်သည်။
ဗေဒင်ဆရာအိုကြီး ဝင်လာပြီးတာနဲ့ ရုံးစားပွဲရှေ့မှာ ထိုင်နေတဲ့ ကုနင်းကို ဒေါသတကြီး မျက်နှာအမူအရာနဲ့ တွေ့လိုက်ရသည်။ သူ၏ ရုတ်တရက် လုပ်ရပ်ကြောင့် သူမစိတ်မချမ်းသာဖြစ်သွားကြောင်း သူသိသည်။
"ဟိုင်း မတွေ့ရတာတောင်ကြာပြီပဲ ဘယ်လိုနေလဲ?" ဗေဒင်ဆရာအိုကြီးသည် ကုနင်းကို သဘောကျအောင် အပြုံး ကြီးကြီးဖြင့် ပြုံးပြလိုက်သည်။
"ရှင် မပေါ်ခင်အချိန်အထိ မဆိုးပါဘူး" ဟု ကုနင်းက ပြောသည်။
ဗေဒင်ဆရာအိုကြီးသည် သူမ၏ မကောင်းသော သဘောထားကို စိတ်မ၀င်စားဘဲ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ ကုနင်းက သူ့အတွက် လက်ဖက်ရည်တစ်ခွက် ပြင်ဆင်ပေးဖို့ ချောင်ယ ကို ပြောလိုက်သည်။
"ကောင်းပြီ ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းရဲ့ မယုံနိုင်စရာ အောင်မြင်မှုတွေကြောင့် ငါ အံ့ဩမိပါတယ်" လို့ ဗေဒင်ဆရာက ပြောပြီး ကုနင်းကို ချီးကျူးသည်။
ကုနင်းနှင့် စကားစမြည်ပြောဆိုရန် ကြိုးစားနေပုံရသည်။
အမှန်တော့ ဗေဒင်ဆရာအိုကြီးက ဒီကိုမလာခင်မှာ ကုနင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ အများကြီးဖတ်ခဲ့သည်။ သူမရဲ့ အောင်မြင်မှုတွေကြောင့် အံ့အားသင့်ခဲ့ရပါသည်။
"ကျေးဇူးတင်ပါတယ် ဒါပေမယ့် လိုရင်းကိစ္စကိုပဲ ပြောကြတာပေါ့။" ဟု ကုနင်းမှ ပြောသည်။
“အင်း ငါအိပ်မက်တစ်ခု မက်ခဲ့တယ်…” ဗေဒင်ဆရာအိုကြီးသည် ကုနင်းအား သူဒီနေ့လာရသောအကြောင်းအရင်းကို ပြောပြရန်စတင်သည်။
အဲဒါကိုကြားသောအခါ ကုနင်းက ရယ်လိုက်သည်။ အဖိုးအိုက သူ့အိမ်မက်ကို ဘာကြောင့်ပြောပြချင်နေတာလဲဆိုတာ သူမ နားမလည်ပါ။ မည်သို့ပင်ဆိုစေကာမူ ကုနင်း က သူ့ကို မနှောင့်ယှက်ဘဲ ပြီးဆုံးအောင် ပြောခွင့်ပြုမည်ဖြစ်သည်။
"ငါ့အိပ်မက်ထဲမှာ မင်းကို လွန်ခဲ့တဲ့နှစ်ရက်က အရှေ့ပိုင်းခရိုင် XX လမ်းမှာ သရဲခြောက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတွေ့ခဲ့တယ် ဟုတ်တယ်မလား။" ဗေဒင်ဆရာအိုကြီးက မေးသည်။
ကုနင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း အဲ့တာက ကြီးကြီးမားမားကိစ္စဟု မထင်ပေ။ သူမမျက်လုံးထဲမှာ ဒီအဘိုးကြီးဟာ သာမန်လူတစ်ယောက်တော့ မဟုတ်ပေ။
"ဟုတ်တယ် ကျွန်မ သရဲခြောက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ရောက်ဖူးတယ်။" ကုနင်းသည် မဆိုင်းမတွဝန်ခံလိုက်သည်။