← Chapters

အခန်း (၁၅၄၃-၁၅၄၈)

Vol. 98 Ch. 1543-1548

အခန်း (၁၅၄၃-၁၅၄၈)

Vol. 98 Ch. 1543-1548

အခန်း ၁၅၄၃ သူမ၏ လုံခြုံရေးကို စိတ်ပူပေးသည်

ချောင်ယသည် ဗေဒင်ဆရာရှေ့တွင် လက်ဖက်ရည်ခွက်ကိုချပြီး ထွက်သွားကာ ကုနင်း၏ ရုံးခန်းတံခါးကို ပိတ်လိုက်သည်။

"ဘာလို့အဲဒီကိုသွားတာလဲ" ဗေဒင်ဆရာအိုကြီးက လေးနက်သောအမူအရာဖြင့် မေးလိုက်သည်။

“ဒါဟာ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ ရှင်လာရတဲ့ ကိစ္စကိုသာ ပြောပါ" ဟု ကုနင်း ကပြောသည်။ ဗေဒင်ဆရာအိုကြီးကို သူမ မယုံပေ။ ထို့အပြင် သူမသည် အထီးသရဲကို ကိုင်တွယ်ရန် သရဲခြောက်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ခြင်းဟာ အခြားလူများကို မပြောပြနိုင်သော လျှို့ဝှက်ချက်ဖြစ်သည်။

ကုနင်း က သူ့ကို မပြောပြချင်တာကြောင့် ဗေဒင်ဆရာက သူမကို ပြောဖို့ အတင်းအကြပ် မလုပ်ခဲ့‌ပေ။ "ကောင်းပြီ မင်းသွားတုန်းက အဲ့နေရာကကံမကောင်းမှန်း မင်းသိလား"

“သိတယ်” ကုနင်း ခေါင်းညိတ်လိုက်သည်။

"ပုံမှန်မဟုတ်တာ တစ်ခုခုရောတွေ့လား" ဗေဒင်ဆရာအိုကြီးက မေးသည်။

"ရှင်ပြောချင်တာက ဘာလဲ" ကုနင်း သည် သည်းမခံနိုင်တော့ပေ။

ဗေဒင်ဆရာက ပြုံးသည်။ “ကောင်မလေး ငါရုတ်တရက် လာလည်လို့ စိတ်ဆိုးသွားတာ သိပါတယ်။ ပြီးတော့ မင်းရဲ့ မျက်နှာနဲ့ လက်တွေကို မဖတ်စေချင်တာကိုလည်း ကိစ္စမရှိပါဘူး။ ငါတကယ်အရေးကြီးတာတစ်ခုအတွက် ဒီနေ့ မင်းကိုတွေ့ဖို့လာခဲ့တာ မင်း ငါ့အပေါ် ကောင်းကောင်းဆက်ဆံ‌ပေးလို့ မရဘူးလား?"

တကယ်တော့ သူ့အရည်အချင်းက အကန့်အသတ်ရှိပြီး ကုနင်း၏ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို သူအများကြီး မမြင်နိုင်ခဲ့‌ပေ။ ကုနင်း မျက်နှာကို ကြည့်ခြင်းအားဖြင့် သူမရဲ့ ကံကြမ္မာကို သူတကယ်ပြောပြနိုင်ရင် သူမကို အကြိမ်ပေါင်းများစွာ တွေ့ပြီး ပြောစရာတွေ အများကြီးရှိလိမ့်မည်။

ကုနင်းက သူ့ကိုယ်သူ စိတ်လျော့လိုက်ပြီး အသံကို ပျော့ပျောင်း‌စေကာ ပြောလိုက်သည်။ "ကောင်းပြီ ရှင့်အိမ်မက်ထဲမှာ ကျွန်မဘာတွေဖြစ်ခဲ့သေးလဲ? ကျွန်မကို တိုက်ရိုက်ပြောလို့ရမလား။"

"ကောင်းပြီ၊ ငါမင်းကို ရိုးရိုးသားသားပြောမယ်။ ဒါပေမယ့် လူတော်တော်များများရဲ့အမြင်မှာ ဒါက မယုံနိုင်စရာ‌ကောင်းနေလိမ့်မယ် ဒါကြောင့် မင်းစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်။ မယုံရင်တောင် အဆုံးထိ နားထောင်‌ပေး။” ဟု ဗေဒင်ဆရာအိုကြီးက ပြောသည်။

“ေကာင်းပါပြီ”

“ရှေးဟောင်းသင်္ချိုင်းတစ်ခုကို အဲ့ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ တူးဖော်မိတာ မကြာသေးဘူး အခေါင်းထဲမှာ ခြောက်နေတဲ့ ရုပ်အလောင်းတစ်ခုရှိတယ်။ ငါလည်း အဲဒီကိုသွားကြည့်တော့ ယောကျာ်းတစ်ယောက်ရဲ့ဝိညာဉ်ဟာ သင်္ချိုင်းတွင်းထဲမှာ ကျန်နေခဲ့တာကို တွေ့လိုက်ရတယ်၊ ဒါပေမယ့် ငါ့ရဲ့ စွမ်းရည်က အကန့်အသတ်ရှိလို့ အဲဒါကို ငါဘာမှ မလုပ်နိုင်ခဲ့ဘူး။ ထူးဆန်းတာက တစ်နေ့တော့ ခြောက်သွေ့တဲ့ အလောင်းက မတူတာကို ရုတ်တရက် ခံစားလိုက်ရပြီး အဲ့တာက ပုပ်စပြုလာပြီ…”

ထိုသို့ပြောရင်း ဗေဒင်ဆရာဟောင်းသည် သူမ၏အမူအရာကိုကြည့်ရန် ကုနင်း၏မျက်နှာကို အာရုံစိုက်သည်။ ကုနင်းသည် တော်တော်လေးတည်ငြိမ်နေပုံပေါက်သောကြောင့် သူ့ကိုအတော်အံ့အားသင့်သွားစေသည်။

"ငါဘာဖြစ်တာလဲ သိချင်လို့ ခြောက်နေတဲ့ အလောင်းကနေ ဆံပင်တချို့ကို လွန်ခဲ့တဲ့ နှစ်ရက်က မင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားတဲ့နေ့တုန်းက ယူသွားပြီးလေ့လာခဲ့တယ်။ ဒီမနက် အစောကြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပြန်သွားတော့ အလောင်းရဲ့ ဝိညာဉ်က ပျောက်သွားတာကို တွေ့လိုက်ရတယ်။ မင်းနဲ့ ပတ်သတ်ပြီးတစ်ခုခုတော့ ရှိတာဖြစ်နိုင်တော့ မင်းရဲ့ ခန္ဓာကိုယ်ကို ယူဖို့လုပ်မှာဆိုးရတယ်။ မင်းရဲ့လုံခြုံရေးအတွက် ငါစိုးရိမ်လို့ ဒီနေ့မင်းကိုလာတွေ့တာပါ"

ဗေဒင်ဆရာအိုကြီး ‌စကားပြောပြီးသွားသောအခါ ကုနင်းသည် အပေါ်ယံတွင် တည်ငြိမ်စွာ ကြည့်နေသော်လည်း သူမ စိတ်ထဲတွင် အမှန်တကယ်ပင် အံ့အားသင့်နေသည်။ အဘိုးအိုသည် သာမန်လူမဟုတ်ကြောင်း သူမသိသော်လည်း သူ၏စွမ်းရည်ကြောင့် သူမ အံ့အားသင့်ရ‌တော့သည်။ ထို့အပြင် ကုနင်းသည် သူမ၏ လုံခြုံရေးကို စိတ်ပူသောကြောင့် သူမကို လာရောက်တွေ့ဆုံခြင်းကို အစောပိုင်းက သူ့ကို ဆိုးရွားစွာဆက်ဆံခဲ့ခြင်းကြောင့် အပြစ်ရှိသည်ဟု ခံစားရသည်။

"စောစောက ကျွန်မရဲ့အပြုအမူအတွက် တောင်းပန်ပါတယ်။ ကျွန်မဘေးကင်းဖို့အတွက် ရှင်ဒီကိုလာတွေ့တာကို ကျွန်မမသိလိုက်ဘူး" ကုနင်းက သူ့ကို တောင်းပန်သည်။ အဘိုးအိုသည် သူမအပေါ် အလွန်ကြင်နာသည်ဟု သူမယုံကြည်သည်။

"ငါ့စကားကိုယုံလား။"

ဗေဒင်ဆရာအိုကြီးက ကုနင်းရဲ့ အပြုအမူကို ဂရုမစိုက်ပေမယ့် ကုနင်းက တည်ငြိမ်နေပြီး သူ့စကားတွေကို မေးခွန်းမထုတ်ဘဲ ယုံကြည်နေတာကြောင့် အံ့သြသွားသည်။

"ရှင်ကျွန်မကိုပြောတာ တကယ်လား။" ကုနင်းက ရုတ်တရက် မေးလိုက်သည်။

"ဟုတ်ပါတယ် ဒါအမှန်ပဲ!" ဗေဒင်ဆရာအိုကြီးက ချက်ချင်းပြောသည်။ ကုနင်းက သူ့ကို တကယ်ယုံကြည်စေချင်သည်။

"ကောင်းပြီ ကျွန်မရှင့်ကိုယုံတယ်" ကုနင်းကပြောသည်။ သူမသည် အစမှအဆုံးထိ ကြောက်ရွံ့ခြင်း သို့မဟုတ် အံ့သြပုံမပေါ်‌ခြင်းဟာ ဗေဒင်ဆရာအိုကြီးကို ထူးဆန်းစွာ ခံစားစေသည်။

"ဘာလို့ အံ့ဩသွားတာဖြစ်ဖြစ် ကြောက်သွားတာဖြစ်ဖြစ် မဖြစ်တာလဲ" ဗေဒင်ဆရာအိုကြီးက မေးသည်။ ကုနင်းသည် အနည်းဆုံး သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုပြသင့်သည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း ကုနင်းသည် သရဲတစ္ဆေများရှိကြောင်းကို သတိပြုမိပြီးသားဖြစ်ပုံရသည်။

"ကောင်းပြီ သရဲအထီးက ကျွန်မခန္ဓာကိုယ်လိုချင်နေလို့လို့ ရှင်ထင်ရင် ကျွန်မခန္ဓာကိုယ်ကို အခုကြည့်‌ပေးနိုင်မလား? သူ့ကိုတွေ့လား?" ကုနင်းက ဗေဒင်ဆရာအိုကြီးကို မေးသည်။

တကယ်တော့ သရဲအထီးသည် ယခုအခါ သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲ၌ ရှိနေသော်လည်း ဗေဒင်ဆရာက ထိုအရာကို မမြင်နိုင်ဟု သူမထင်သည်။

“ဟင့်အင်း မတွေ့ဘူး မဟုတ်ရင် အခုမင်းနဲ့စကားပြော‌နေတဲ့အချိန် သိပ်ငြိမ်နေမှာမဟုတ်ဘူး” ဟု ဗေဒင်ဆရာအိုကြီးက ဆိုသည်။

"ဟဲ့ မင်းကဘာလို့ဒီလောက် ‌အေးဆေးနေတာလဲ ငါ့ကိုပြောပြလို့ရမလား?"

"အရင်က ရှင့်လိုလူတစ်ယောက်နဲ့ ကျွန်မတွေ့ဖူးပြီး သရဲတစ္ဆေအကြောင်းတွေ အများကြီးပြောခဲ့တာဆိုတော့ ကျွန်မလက်ခံနိုင်ပါတယ်" ဤအရာသည် လိမ်ညာခြင်းပင်။

အဲဒါကိုကြားတော့ ဗေဒင်ဆရာက ခေါင်းညိတ်လိုက်သည်။

"အိုး မင်းဘာလို့ ဆောက်လုပ်ရေးလုပ်ငန်းကို ရောက်သွားတာလဲ" ဗေဒင်ဆရာအိုကြီးက စိတ်ဝင်တစား မေးသည်။

ကုနင်းက “ကျွန်မ အဲဒီမြေကို လိုချင်တယ်၊ အဲဒီမှာ ဟိုတယ်တစ်ခု ဆောက်ဖို့ စိတ်ကူးထားပေမယ့် အားလုံးက သရဲခြောက်တယ်လို့ ပြောလို့ ကျွန်မ အဲဒီကို သွားကြည့်ခဲ့တာ”

***

အခန်း ၁၅၄၄ ဗေဒင်ဆရာ ရှန်းဟုန်ဟွေ့

"ထူးဆန်းတာရော ခံစားမိလိုက်လား?" ဗေဒင်ဆရာအိုကြီးက မေးသည်။

"မခံစားရပါဘူး" လို့ ကုနင်းကပြောသည်။

ကုနင်းက ထူးဆန်းတယ်လို့ မခံစားတဲ့အတွက်ကြောင့် ဗေဒင်ဆရာဟောင်းက ဒီအကြောင်းကို ထပ်မမေး‌တော့။ အကယ်၍ ကုနင်းသာ ထူးထူးဆန်းဆန်း တစ်ခုခုကို ခံစားလိုက်ရတယ်ဆိုရင် သူ အံ့သြသွားလိမ့်မည်။

“ကောင်းပြီ ဘာပဲဖြစ်ဖြစ် သရဲကရှိ‌နေတာမလို့ မင်း ဆောက်လုပ်ရေးကို ပိုအာရုံစိုက်ချင်တယ်ဆိုရင် ငါကူညီပေးနိုင်ပါတယ်။ အဲ့တာပြန်လာရင် ဘယ်လိုလုပ်မလဲ။ ဖယ်ရှားဖို့ နည်းလမ်းရှာလိုက်ပါမယ်” ဟု ဗေဒင်ဆရာအိုကြီးက ပြောသည်။ သူက ကုနင်းကို အမှန်တကယ်ကူညီပေးချင်နေတာပင်။

ကုနင်းသည် ရင်ထဲထိသွားသော်လည်း ချောင်ပိတ်သွားသလို ခံစားလိုက်ရသည်။ သူမသည် တစ္ဆေအထီးကို သူ့ဘာသာသူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး ၎င်းအား ဗေဒင်ဆရာအား မည်သို့ရှင်းပြရမည်ကို မသိပေ။

"ဘာဖြစ်လို့လဲ?" ဗေဒင်ဆရာက ကုနင်း၏ အမူအရာကိုမြင်သောအခါ မေးသည်။

“အမ် ရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် အခုတော့ မလိုအပ်ဘူး ထင်တယ်။ အနာဂတ်မှာ လိုအပ်ရင် ဆက်သွယ်လိုက်ပါ့မယ်"

ဗေဒင်ဆရာအိုကြီးက မျက်မှောင်ကြုတ်သည်။ သို့ပေမယ့် ကုနင်းက သူ့ကို ဒီကိစ္စမှာ ပါဝင်ခွင့်မပေးလိုကြောင်း နားလည်လိုက်သည်။

"ကောင်းပြီ မင်းက သူဌေးပဲ"

ထို့နောက် သူ့အမည်ကတ်ကို ထုတ်ကာ ကုနင်းအား ပေးလိုက်သည်။ “ဒါက ငါ့နာမည်ကတ်ပါ ပုံမှန်အားဖြင့် ငါက မြို့တော်မှာပဲ နေတယ်။ ငါ့အကူအညီလိုရင် ခေါ်လိုက်ပါ။"

“ဟုတ်ကဲ့ပါ” ကုနင်းက သူ့နာမည်ကတ်ကို ယူလိုက်သည်။

"ဒါက ကျွန်မနာမည်ကတ်ပါ၊ ရှင်အကူအညီလိုရင်လည်း ကျွန်မကို ခေါ်လို့ရပါတယ်" ကုနင်းက သူမနာမည်ကဒ်ကို ဗေဒင်ဆရာအိုကြီးကို ပေးလိုက်သည်။

ယခု ဗေဒင်ဆရာအိုကြီးနဲ့ ဆက်ဆံရေးအဆင်ပြေသွား‌သော်လည်း သူမ၏မျက်နှာ သို့မဟုတ် လက်များကို ဖတ်ခွင့်မပေးသေးပေ။

“ကောင်းပါပြီ!” ဗေဒင်ဆရာက ဝမ်းသာစွာ‌ပြောသည်။ "အင်း အခု ငါဘာမှ မလုပ်နိုင်သေးဘူးထင်တယ် ငါပြန်သင့်ပြီ။"

"ကျွန်မ လိုက်ပို့ပေးပါမယ်" ကုနင်းက မတ်တပ်ရပ်လိုက်သည်။

ဗေဒင်ဆရာအိုကြီးက ခေါင်းညိတ်ပြလိုက်ကာ ကုနင်းနှင့်အတူ ထွက်သွားသောအခါတွင် သူ၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အမူအရာပေါ်လာခဲ့သည်။

သူ့နာမည်က ရှန်းဟုန်ဟွေ့ ဖြစ်ပြီး သူ့နာမည်ကတ်မှာ သူ့နာမည်နဲ့ နံပါတ်ပဲရှိသည်။

ကုနင်းနှင့် ရှန်းဟုန်ဟွေ့ တို့ထွက်သွားသည်ကို ကောင်းယိ နှင့် ချောင်ယတို့သည် လှမ်းကြည့်နေပြီး ကုနင်းသူတို့ကို လိုအပ်လာသောအချိန်တွင် ဘာမဆိုလုပ်ပေးနိုင်ရန် အဆင်သင့်အနေအထားနှင့် နေ,နေသည်။

ကုနင်းက ဘာမှ မပြောဘဲ ရှန်းဟုန်ဟွေ့နှင့်အတူ ဓာတ်လှေကားဆီကို တိုက်ရိုက် လျှောက်သွားသည်။ သူတို့က ၁၈ လွှာမှာရှိတာကြောင့် ဓာတ်လှေကားတက်ဖို့ အချိန်နည်းနည်းယူရသည်။

"ကောင်မလေး မင်းအရာရာတိုင်းမှာ ဒီလောက်ထူးချွန်ထူးချွန်အောင် ဘယ်လိုလုပ်လဲ" ရှန်းဟုန်ဟွေ့ က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အဲလို မပြောပါနဲ့ ကျွန်မ နေ‌တောင်မနေတတ်တော့ဘူး။ ကျွန်မက အရာရာတိုင်းမှာ မတော်ပါဘူး။ ကျွန်မနဲ့ ရွယ်တူ‌တွေထက်အားသာချက်နည်းနည်း ရှိနေရုံပါ” သူမသည် ယုံကြည်ချက်ရှိသလောက် ကျိုးနွံသူလည်းဖြစ်သည်။

ရှန်းဟုန်ဟွေ့က ခေါင်းညိတ်လိုက်ပြီး ဒီအကြောင်းကို ဘာမှ ထပ်မပြောပေ။

စက္ကန့်အနည်းငယ်ကြာတော့ ဓာတ်လှေကား‌ရောက်လာပြီး ရှန်းဟုန်ဟွေ့ ထွက်သွားသည်။

ကုနင်းက သူ့ကို လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်‌သည်။ ဗေဒင်ဆရာကြီးသည် တည်ငြိမ်နေပုံရပေမယ့် တကယ်တော့ ကုနင်းရဲ့ မျက်နှာအမူအရာကို စောင့်ကြည့်နေတာပင်။

ဓာတ်လှေကားတံခါးပိတ်သွားသောအခါ ရှန်းဟုန်ဟွေ့မှ အကြည့်လွှဲလိုက်သည်။ ကုနင်းသည် ရှုပ်ထွေးသော မိန်းကလေးတစ်ဦးဖြစ်ပြီး သူမသည် အောင်မြင်ရန် ရည်မှန်းချက်ကြီးသူဖြစ်‌သည် သူထင်သည်။

"ဘော့စ် အမ် ကျွန်မတို့နှစ်ယောက်လုံး ဘော့စ်တို့စကား‌ပြောတာကို ကြားလိုက်မိလို့တောင်းပန်ပါတယ်" ဟု ချောင်ယက ကုနင်းခန်းမထဲပြန်ရောက်ချိန်မှာ ပြောသည်။ သူတို့သည် အဘိုးကြီးနှင့် ကုနင်း၏ စကားများကို တမင်နားထောင်ရန် မရည်ရွယ်သော်လည်း ၎င်းတို့သည် ကောင်းကောင်းကြားနေရသည်။ ကုနင်းက စိတ်မ၀င်စားဘူးဆိုတာ သူတို့သိပေမယ့် သူမကို ပြောပြသင့်တယ်လို့ သူတို့ထင်ကြသည်။

အမှန်တော့ ရှန်းဟုန်ဟွေ့က ရုံးခန်းမှာ ကုနင်းကို ပြောခဲ့တာ‌တွေကို အံ့သြမိပေမယ့် မကြာခင်မှာပဲ လက်ခံလိုက်ကြသည်။

ကုနင်းသည် ယခင်က ထူးဆန်းသောအရာများစွာကို ၎င်းတို့အား ပြောပြခဲ့ဖူးသောကြောင့် ယခုအခါ ပုံမှန်မဟုတ်သောအရာများကို လက်ခံရန် လွယ်ကူသွားခဲ့သည်။

ကောင်းယိနှင့် ချောင်ယတို့သည် ကုနင်း၏ အနီးကပ် လက်ထောက်များဖြစ်သောကြောင့် ရှန်းဟုန်ဟွေ့နှင့် သူမ၏ စကားပြောဆိုမှုကို ကြားသိရသည်ကို သူမစိတ်မ၀င်စားပေ။

“ကိစ္စမရှိဘူး။ ပြီးတော့ အဘိုးအိုက ဗေဒင်ပညာနဲ့ ပတ်သတ်ပြီးတစ်ခုခုတော့ သိတယ်။ အဲတာကြောင့် ငါ့အကြောင်း သူမသိသင့်တဲ့အရာကို သိမှာဆိုးလို့ ငါ့မျက်နှာနဲ့ လက်တွေကို မဖတ်စေချင်ခဲ့တာပဲ”

"ကျွန်မတို့နားလည်ပါပြီ" ကောင်းယိနှင့် ချောင်ယတို့ ခေါင်းညိတ်လိုက်သည်။ ဘယ်သူကမှ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်မပြချင်ကြပါ။

ရှန်းဟုန်ဟွေ့ မရှိတော့သောအခါ ကုနင်းသည် သူမ၏အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။

နာရီဝက်လောက်ကြာသောအခါ ကုနင်းက ချီထျန်းလင်ထံမှ မက်ဆေ့ချ်တစ်ခုရပြီး သူမကို ယခု အချိန်ရလားဟု မေးသည်။

ထို့နောက် ချီထျန်းလင်သည် ဂိမ်းတွင် သူမနှင့် တူညီသောအဆင့်သို့ ရောက်ရှိ‌နေပြီး သူမနှင့် ကစားလိုကြောင်း ပြောသည်။

ကုနင်းသည် နောက်ပိုင်းတွင် စူးစမ်းချင်စိတ်ပြင်းပြလာပြီး ဂိမ်းသို့ဝင်ရောက်ခဲ့ပြီး ဂိမ်းရှိ ချီထျန်းလင်၏ အိုင်ဒီသည် "အနာဂတ်ဧကရာဇ်" ဖြစ်ကြောင်း သူမတွေ့ရှိခဲ့သည်။ ကုနင်းနှင့် စုံတွဲနာမည်ဖြစ်အောင် သူ့ကိုယ်သူ တမင်ဒီလို နာမည်ပေးခဲ့တာ ထင်ရှားသည်။ လင်ရှောင်းထင်သာ ဒါကိုမြင်ရင် စိတ်ဆိုးပေလိမ့်မည်။

ထို့နောက် ကုနင်းက အကြောင်းပြချက်ပေးလိုက်ကာ ချီထျန်းလင်အား သူမ အလုပ်များနေ‌သည်ဟု ပြောလိုက်သည်။

ချီထျန်းလင်က ၎င်းနှင့်ပတ်သက်ပြီး သံသယဝင်မိပြီး ကုနင်းသည် သူနှင့်ဂိမ်းကစားရန် ဆန္ဒမရှိဟုထင်သော်လည်း ကုနင်းသည် သူမအလုပ်နှင့် သူမအလုပ်ရှုပ်နေမှန်းသိသောကြောင့် သူအတင်းအကျပ်မလုပ်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ကုနင်းအား သူမ မလုပ်ချင်တာကို လုပ်ခိုင်းဖို့ ဆန္ဒမရှိပါ။

ထို့နောက် ကုနင်းသည် လင်ရှောင်းထင်ထံ စာတိုတစ်စောင်ပေးပို့ပြီး ချီထျန်းလင်သည် သူမနှင့် ဂိမ်းကစားချင်သည့်အကြောင်းအား ပြောပြလိုက်သည်။

***

အခန်း ၁၅၄၅ အချစ် ပြိုင်ဘက်

လင်ရှောင်းထင်၏ သဘောထားကို သူမသိချင်သည်။ အကယ်၍ သူစိတ်ထဲမထားပါက ချီထျန်းလင်နှင့် ဂိမ်းကစားရန် သဘောတူလိမ့်မည်။

ဂိမ်းတစ်ခုသာဖြစ်သော်လည်း ချီထျန်းလင်တွင် သူမနှင့် စုံတွဲအမည်ဟုထင်ရသော အိုင်ဒီ ရှိ‌နေသည်။ ထို့ကြောင့် ကုနင်းသည် လင်ရှောင်းထင်၏ ထင်မြင်ချက်များကို တောင်းဆိုရန် လိုအပ်သည်ဟု သူမထင်သည်။

လင်ရှောင်းထင်သည် သူမကို ချက်ချင်းပြန်မဖြေတာကြောင့် အခုအလုပ်ရှုပ်နေတာဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။

တကယ်တော့ လင်ရှောင်းထင်သည် သူမ၏ စာကို ဖတ်ပြီးပြီဖြစ်သော်လည်း စိတ်တို‌နေသောကြောင့် ကုနင်းကို ချက်ချင်း အကြောင်းမပြန်ခဲ့ပေ။ အကယ်၍ ချီထျန်းလင်မှာ ကုနင်းနှင့်စုံတွဲအမည်ဟုထင်ရသော အိုင်ဒီတစ်ခုမရှိပါက သူစိတ်ထဲထားမည်မဟုတ်ပေ သို့သော် ချီထျန်းလင်မှာထိုသို့သော အိုင်ဒီနာမည်မျိုး ရှိနေသည်။

ချီထျန်းလင်သည် ကုနင်းကို နှစ်သက်ကြောင်း သူသိသောကြောင့် ၎င်းသည် သူအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ အတန်ကြာစဉ်းစားပြီးနောက် လင်ရှောင်းထင်သည် ဂိမ်းတွင်ဝင်ရောက်ပြီး သူ၏ အိုင်ဒီကို "အနာဂတ်ဘုရင်မ၏ခင်ပွန်း" အဖြစ် ပြောင်းလဲလိုက်သည်။

ကလေးဆန်သည်ဟုထင်ရသော်လည်း စိန်ခေါ်မှုကို လက်ခံလိုက်သည်။

အဲဒီနောက် လင်ရှောင်းထင်က ကုနင်းကို စာပြန်ပို့သည်။

လင်ရှောင်းထင် : ရပါတယ် ဒါပေမယ့် ကိုယ်လည်း လာခဲ့မယ် နောက်ပြီး မင်း သူနဲ့ တစ်သင်းတည်းမှာ နေလို့မရဘူး

ကုနင်းက ရယ်လိုက်သည်။ သို့ပေမယ့် သူ့အခြေအနေကို သူမလက်ခံလိုက်သည်။

ကုနင်း : ရှင်ဘယ်တော့အားမလဲ

လင်ရှောင်းထင် : နေ့လည် ၁၂ နာရီကနေ ၂ နာရီကြား

ကုနင်း: ကောင်းပြီ သူနဲ့ကျွန်မ အသင်းမတူပဲနေလိုက်မယ်။ ကျွန်မတို့ သူ့ကို အတူတူအနိုင်ယူလို့ရတာပေါ့။

ထို့နောက်တွင် ကုနင်းသည် ယနေ့ Bမြို့သို့ ပြန်သွားမည့် အကြောင်းကို လင်ရှောင်းထင်အား မပြောရသေးသည်ကို ရုတ်တရက် သတိရသွားသည်။ သူ့ကို မပြောပြထားလျှင် သူမ မရှိတော့တာကို တွေ့တဲ့အခါ သူ စိတ်မကောင်းဖြစ်လိမ့်မည်။

ဖွင့်ပွဲအခမ်းအနားကို မနက်ဖြန်ကျင်းပမည်ဖြစ်ပြီး သူမသည် ယနေ့မွန်းလွဲပိုင်းတွင် Bမြို့သို့ ရောက်ရှိကာ သဘက်ခါတွင် မြို့တော်သို့ ပြန်လည်ရောက်ရှိရန် စီစဉ်ထားသည်။ သူမသည် မြို့တော်ကို ပြန်ရောက်သည်နှင့် ခွန်းလွန်တောင်သို့ ထွက်ခွာမည်ဖြစ်၍ ကုမန့်နှင့် အခြားမိသားစုဝင်များနှင့်အတူ ကုန်ဆုံးရန် အချိန်များစွာ မရှိတော့ပေ။

လင်ရှောင်းထင်သည် မြို့တော်ကို ဘယ်တော့ပြန်လာမည်ဆိုတာ သူမသေချာမသိတာကြောင့် မပြန်မချင်း လေယာဉ်လက်မှတ်တွေကို သူတို့ကြိုတင်မှာထားမည်မဟုတ်ပါ။

ထို့နောက် ကုနင်း သည် ချီထျန်းလင်ထံ မက်ဆေ့ချ်ပို့ပြီး ၁၂ နာရီ နောက်ပိုင်းတွင် ဂိမ်းကစားရန် ဖိတ်ခေါ်လိုက်သည်။

တကယ်တော့ ဒါဟာ ကုနင်းတင်မဟုတ်ဘဲ၊ ချီထျန်းလင်လည်း အလုပ်များနေသောကြောင့် ဂိမ်းအတူကစားရန် အားလပ်ချိန်ရှာရန် မလွယ်ကူပေ။

မနက် ၁၁ နာရီ ၃၀ လောက်ရှိနေပြီဖြစ်၍ ချီထျန်းလင်က သဘောတူလိုက်သည်။

နေ့လည် ၁၂ နာရီထိုးသောအခါ ကုနင်းသည် လင်ရှောင်းထင်နှင့် ချီထျန်းလင်ထံမှ တစ်ချိန်တည်းနီးပါး တစ်ပြိုက်နက်သူမကို အဆင့်သင့်ဖြစ်ပြီလားဟု မေးလာသည်။

ကုနင်းက လင်ရှောင်းထင်ကို လော့ဂ်အင်ဝင်နေကြောင်း ပြောလိုက်သည်။

နှောင့်နှေးခြင်းမရှိပဲ သူမသည် ချီထျန်းလင်အား အချင်းချင်း ပြိုင်နိုင်ရန်အတွက် မတူညီသောအသင်းများတွင် ခေါင်းဆောင်များ အနေနှင့်ဆော့မည်ဟု ပြောကြားလိုက်သည်။ ထိုသို့ဆိုလျှင် သူမသည် ချီထျန်းလင်နှင့် တစ်ဖွဲ့တည်းတွင် ရှိ‌တော့မည်မဟုတ်ပေ။

ချီထျန်းလင်က ပြဿနာတစ်ခုလို့မထင်တာကြောင့် သူသဘောတူလိုက်သည်။

ကုနင်းဂိမ်းထဲကို ၀င်ပြီးတာနဲ့ မက်ဆေ့ချ်များစွာကို တွေ့ခဲ့ပြီး ကစားသမားတော်တော်များများက သူမကို သူတို့ရဲ့သူငယ်ချင်းအဖြစ် ထည့်ချင်ကြသည်။

အချိန်ခနတာလောက် ကုနင်းက သူတို့ကို သူ့သူငယ်ချင်းတွေအဖြစ် ပေါင်းထည့်လိုက်သည်။ ထို့နောက် ဂိမ်းတွင် လင်ရှောင်းထင်၏ အိုင်ဒီ ပြောင်းလဲသွားသည်ကို သူမ ရုတ်တရက် သတိပြုမိပြီး သူ၏ ကလေးဆန်‌သောအပြုအမူ‌လေးကြောင့် သူမ သဘောကျမိသွားသည်။

သူမတွင် သ၀န်တိုတတ်သော ချစ်သူတစ်ယောက်ရှိပေမယ့်လည်း သူမမှာ ပျော်ရွှင်နေမိသည်။

ပြီးနောက်ကုနင်းသည် အဖွဲ့ဖွဲ့ခဲ့ပြီး သူမသည် လင်ရှောင်းထင်ကို အသင်းဖော်အဖြစ် ထည့်သွင်းခဲ့သည်။

အခြားကစားသမားများသည် ကုနင်း၏အသင်းတွင်ပါဝင်ရန် ခွင့်ပြုချက်လိုအပ်‌သော်လည်း သူမသည် အခြားအသင်းဖော်မည်သူဖြစ်မည်ကို ဂရုမစိုက်ပါ။ အဘယ်ကြောင့်ဆိုတော့ သူမတို့အနိုင်ရမည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။

ချီထျန်းလင်သည် “အနာဂတ်ဘုရင်မရဲ့ခင်ပွန်း” ဆိုသော အိုင်ဒီ နာမည်ကိုတွေ့သောအခါ ဒေါသတကြီးမျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ထို ကစားသမားမှာ လင်ရှောင်းထင် ဖြစ်သည်ကို သူမသိပေ။

မည်သို့ပင်ဆိုစေကာမူ ကုနင်း၏ပရိသတ်တော်တော်များများသည် ကုနင်း၏ အိုင်ဒီ နှင့် လိုက်ဖက်သည့် အိုင်ဒီအနေဖြစ် ဂိမ်းတွင် "အနာဂတ်ဘုရင်မရဲ့ သူရဲကောင်း"၊ "အနာဂတ်ဘုရင်မရဲ့ ချစ်သူ" စသည်တို့ကဲ့သို့ အိုင်ဒီများ ဖန်တီး‌ေလ့ရှိကြသည်။

အခြားကစားသမားများသည် အသင်းနှစ်သင်းရှိ ပုံမှန်မဟုတ်သော အိုင်ဒီ နှစ်ခုကိုလည်း သတိပြုမိကြသည်။ တစ်ခုမှာ "အနာဂတ်ဘုရင်မရဲ့ ခင်ပွန်း" ဖြစ်ပြီး ကျန်တစ်ခုမှာ "အနာဂတ်ဧကရာဇ်" ဖြစ်သည်။

တချို့က အဲဒီအကြောင်းကို စနောက်နေကြသည်။

ကစားသမား အေ : ဟေး “အနာဂတ်ဘုရင်မရဲ့ခင်ပွန်း” အခုအချိန် မင်းမှာ အချစ်ပြိုင်ဘက် ရှိတယ်ဆိုပေမယ့် ငါတို့က အသင်းတစ်သင်းတည်းမှာ ရှိတာဖြစ်လို့ ပံ့ပိုးပေးပါမယ်

ကစားသမား ဘီ : ဟုတ်တယ် ကုနတ်ဘုရားမကို ကာကွယ်ဖို့ မင်းကို ငါတို့ ပံ့ပိုးပေးမယ်။

ဟာသတစ်ခုဖြစ်သော်လည်း လင်ရှောင်းထင်သည် မကျေမနပ်ဖြစ်‌နေပြီး ချီထျန်းလင်အား သင်ခန်းစာပေးရန် မစောင့်နိုင်တော့ပေ။

အနာဂတ်ဘုရင်မ၏ခင်ပွန်း : ငါ့ဆီကနေ ငါ့မိန်းမကို လုတဲ့ဘယ်သူမဆို ခေါင်းဖြတ်ခံရမယ်

ကစားသမား အေ : အိုး အရမ်းမိုက်တယ် ကြိုက်တယ် ကြိုက်တယ်။

ကစားသမား ဘီ : ငါရောပဲ!

ကစားသမား စီ : အရမ်းစိတ်လှုပ်ရှားနေပြီ

ချီထျန်းလင်သည် အထက်ဖော်ပြပါ မက်ဆေ့ချ်များကို မြင်သောအခါတွင် မကျေမနပ်ဖြစ်မိသော်လည်း ၎င်းတို့နှင့် ငြင်းခုံရန် စိတ်မ၀င်စားပေ။

ချီထျန်းလင်သည် မကြာမီတွင် အသင်းဖော်အလုံအလောက်ရှိလာသောကြောင့် ဂိမ်းကိုစတင်လိုက်သည်။

အဖွဲ့နှစ်ဖွဲ့သည် တိုက်ပွဲအဆင့်သို့ရောက်သောအခါ အချင်းချင်းတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

လင်ရှောင်းထင် စင်မြင့်ပေါ်တက်ပြီးသည်နှင့် ချီထျန်းလင်နှင့် တိုက်ရိုက်ရင်ဆိုင်ခဲ့သည်။ သူ့ အဆင့်က ချီထျန်းလင်ထက် ပိုမြင့်တာကြောင့် ဂိမ်းထဲမှာ သူက ပိုအားကောင်းသည်။

အခြားကစားသမားများလည်း ပြင်းထန်စွာ တိုက်နေကြပြီး ကုနင်းသည် သူမ၏ အသင်းဖော်များကို တစ်ခါတစ်ရံ ကူညီ‌ေနသည်။

ခဏအကြာတွင် ချီထျန်းလင်၏ အသင်းဖော်များ အားလုံး သေဆုံးသွားကြပြီး စင်မြင့်ပေါ်တွင် သူတစ်ယောက်တည်းသာ ရှိ‌ေတာ့သည်။

ကုနင်းမှာ အသင်းဖော် နှစ်ယောက်ပဲ ကျန်တော့တာမို့ သူ့အဖွဲ့ထဲက အဖွဲ့ဝင် သုံးယောက်သာ စင်ပေါ်မှာ ကျန်ခဲ့ပါတယ်။

သို့သော်လည်း လင်ရှောင်းထင်မှာ အသာစီးရနေသည်မှာ သိသာလှသောကြောင့် ကုနင်းနှင့် ကစားသမားအေသည် လင်ရှောင်းထင် ကို ကူညီရန် မသွားဘဲ ဘေးနားမှ ရပ်ကာ ချီထျန်းလင်နှင့် သူ၏ တိုက်ခိုက်မှုကို စောင့်ကြည့်နေခဲ့သည်။

***

အခန်း ၁၅၄၆ သ၀န်တိုတဲ့ ခင်ပွန်း

အချိန်တိုလေးအတွင်းမှာပင် လင်ရှောင်းထင်နှင့် ချီထျန်းလင်၏စွမ်းရည်ကြားတွင် ကြီးမားသောကွာဟချက်တစ်ခု ပေါ်လာပြီး လင်ရှောင်းထင်သည် ယခုဂိမ်းတွင် ချီထျန်းလင်ကို ခေါင်းဖြတ်ရန် အလွန်လွယ်ကူသွားပါသည်။

ကုနင်းနှင့် ကစားသမားအေ နှစ်ဦးစလုံးသည် ၎င်းကိုမြင်သည်။ ထို့ကြောင့် လင်ရှောင်းထင် ကို မကူညီခဲ့ကြပေ။

ကုနင်းနှင့် ကစားသမားအေတို့သာမက အခြားကစားသမားများကလည်း လင်ရှောင်းထင်သည် ချီထျန်းလင်ကို အရှက်ရရန်ကြိုးစား‌‌နေသည်ကို သတိပြုမိသည်။

ချီထျန်းလင်သည် ဒီအရာက သူ့အတွက် ဂိမ်းတစ်ခုမျှသာဖြစ်သောကြောင့် စိတ်ဆိုးသွားပြီး ဂိမ်းရှိ သူ၏ပြိုင်ဘက်က ဂိမ်းကို အဘယ်ကြောင့် ဒီလောက် အလေးအနက်ထားရသည်ကို နားမလည်နိုင်ပေ။

ချီထျန်းလင်သည် ကျရှုံးရမည့်အချိန်ကို သိသော်လည်း ခေါင်းဖြတ်မခံရမီတွင် သူ၏ပြိုင်ဘက်ကို တိုက်ခိုက်ရန် အရှုံးမပေးပေ။

" 'အနာဂတ်ဘုရင်မရဲ့ခင်ပွန်း'က 'အနာဂတ်ဧကရာဇ်'ကိုတမင် အရှက်ခွဲ‌နေတာလား။ သူ့ကို တန်းခေါင်းဖြတ်လိုက်နိုင်ပေမယ့် တမင်မလုပ်ပဲကစားနေတာ။”

"အနာဂတ်ဘုရင်မ၏ခင်ပွန်းက ဂိမ်းကို စောစောမပြီးချင်မှန်းသိသာတယ်"

"အနာဂတ်ဘုရင်မရဲ့ခင်ပွန်းက မနာလိုဖြစ်နေတာထင်တယ်"

"ဘာကြောင့်လဲ?"

" 'အနာဂတ်ဘုရင်မ' ဆိုတဲ့ နာမည်က သူတို့စုံတွဲရဲ့ နာမည်ဆိုတာ မင်းမတွေ့ဘူးလား။ သူက 'အနာဂတ်ဘုရင်မ' ရဲ့ခင်ပွန်းဖြစ်လောက်တယ်"

"တကယ်လား? အိုး ဒါက ရုတ်တရက် ရယ်စရာ ဖြစ်သွားတယ်"

"အနာဂတ်ဘုရင်မ" မှာ မနာလိုတဲ့ခင်ပွန်းရှိတယ်!

"ဟားဟားဟားဟား"

“…”

ချီထျန်းလင်သည် "အနာဂတ်ဘုရင်မရဲ့ ခင်ပွန်း"ကို အခြားကစားသမားအဖြစ် အမှန်တကယ်မှတ်ယူထားသောကြောင့် ၎င်းကို အလေးအနက်မထားပေ။ ကစားသမားသည် လင်ရှောင်းထင် ဖြစ်သည်ကို သူသိပါက ကုနင်းကို ဒေါသထွက်နေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ယခုတော့ သူ့စိတ်အ‌‌ခြေအနေမကောင်းပါ။

ကုနင်းလည်း ဘာမှမတတ်နိုင်၍ ရန်ပွဲအား နှုတ်ဆိတ်နေပြီးသာ ကြည့်နေနိုင်သည်။

လင်ရှောင်းထင်သည် ၎င်းအ‌ပေါ် အလွန်အကျွံအချိန်မဖြုန်းတီး‌တော့ဘဲ အဆုံးတွင် ချီထျန်းလင်ကို ခေါင်းဖြတ်သတ်လိုက်သည်။

အဲဒီနောက် ချီထျန်းလင်က ကုနင်းကို ချက်ချင်းဖုန်းဆက်ပြီး မေးသည်။

" 'အနာဂတ်ဘုရင်မရဲ့ခင်ပွန်း' က ဘယ်သူလဲ"

လင်ရှောင်းထင်ကို ဤဂိမ်းတွင်ပါဝင်ခွင့်ပေးခြင်းသည် ကောင်းသောအကြံမဟုတ်ကြောင်းကို ချီထျန်းလင်၏ဒေါသထွက်နေသောမေးခွန်းကို သူမ မကြားမီအချိန်အထိ ကုနင်းနားမလည်လိုက်ပေ။

"အင်း ကျွန်မထင်တာတော့ အဲ့ဒီကစားသမားက ရှင့်ရဲ့ အိုင်ဒီကို မကြိုက်တာနေမှာ။ ကျွန်မပရိသတ်တော်တော်များများက ဂိမ်းထဲမှာ ကျွန်မလိုမျိုး အိုင်ဒီ တစ်ခုစီရှိကြတယ်လေ”

အဲဒါကိုကြားတော့ ချီထျန်းလင်က ကျိုးကြောင်းဆီလျော်တယ်လို့ ထင်သည်၊ ဘာကြောင့်လဲဆိုတော့ ဂိမ်းထဲမှာ ကုနင်းရဲ့အိုင်ဒီနဲ့တူတဲ့ အိုင်ဒီ တွေအများကြီးရှိလို့ပါပဲ။

ထို့ကြောင့် ချီထျန်းလင်က ၎င်းအကြောင်းကို ထပ်မမေးတော့ဘဲ "ဂိမ်းကို မြန်မြန်ပြီးအောင်ဖြတ်ပြီး ငါ့ကို အရှက်ရအောင်လုပ်ချင်ရုံနဲ့ အချိန်ဖြုန်းမနေနဲ့လို့ သူကိုပြောလိုက်" ဟု ရိုးရိုးရှင်းရှင်းပြောခဲ့သည်။

“ဟုတ်ပြီ!” ကုနင်း က ပြောသည်။

ထို့နောက် ကုနင်းသည် လင်ရှောင်းထင်ထံ စာတိုတစ်စောင်ပေးပို့ပြီး ချီထျန်းလင် ဒေါသထွက်နေပြီဟု ပြောခဲ့သည်။

လင်ရှောင်းထင်သည် ရလဒ်အတွက် အလွန်ကျေနပ်ခဲ့ပြီး ဂိမ်းကို အမြန်အဆုံးသတ်ရန် သဘောတူခဲ့သည်။ ထို့ကြောင့် လင်ရှောင်းထင်သည် ဒုတိယအချီစတင်ပြီးသည်နှင့် ချီထျန်းလင်ကို တန်းသတ်ခဲ့ပြီး ချီထျန်းလင် အား ထပ်မံစိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ဒုတိယအကျော့ စတင်ပြီး မကြာခင်မှာပဲ သူသေသွားသည်။

နောက်တစ်ကြိမ် အရှက်ကွဲသွားသလို ခံစားရသည်။ ချီထျန်းလင်သည် စိတ်တိုလွန်း၍ ဒေါသထွက်ကာ ဂိမ်းမှ ထွက်ခဲ့သည်။ ဒီတစ်ပွဲ ပြီးသွားပြီဖြစ်တဲ့အတွက် ခုလို ရုတ်တရတ် ထွက်သွားတာ သူ့အတွက် အဆင်ပြေပါသည်။

အဲဒီနောက်မှာတော့ ချီထျန်းလင်က ကုနင်းကို မက်ဆေ့ခ်ျပို့ပြီး ထိုကစားသမားနှင့် ထပ်မံမကစားတော့ဘူးဟု ပြောခဲ့သည်။

ကုနင်းက နှုတ်ခမ်းကို အသာလေးပြုံးလိုက်ပြီး ချီထျန်းလင်ကို အကြောင်းမပြန်တော့ပေ။

အခြားကစားသမားများစွာသည် ကုနင်းကို အတူတကွ ဝိုင်းကစားရန် ဖိတ်ကြားသောကြောင့် ကုနင်းသည် ဂိမ်းမှထွက်ရန် အလျင်စလိုမလုပ်ဘဲ လင်ရှောင်းထင်နှင့် ဆက်လက်ကစားလိုက်သည်။

သူမမှာ စားဖို့တောင် အချိန်မရှိတာကြောင့် ကောင်းယိနဲ့ ချောင်ယကို သူမအတွက် စားစရာတချို့ ပြန်ယူလာပေးဖို့ ပြောလိုက်သည်။

ကုနင်းသည် မွန်းလွဲ ၁ နာရီအထိ ဂိမ်းကစားခြင်း မပြီးသေးပေ။ သူမဂိမ်းမှ ထွက်ပြီးနောက် နေ့လည်စာစားရန် သွားမည်ဖြစ်ပြီး လင်ရှောင်းထင်ကိုလည်း နေ့လည်စာစားရန် သတိပေးလိုက်သည်။

မိနစ်အနည်းငယ်အကြာတွင် ကောင်းယိနှင့် ချောင်ယတို့က ကုနင်းကို လေဆိပ်သို့ လိုက်ပို့ကြသည်။ ဒီနေ့ Bမြို့ကို ပြန်ဖို့ လိုအပ်တယ်ဆိုတာ သူမ မမေ့ပေ။

ထိုအချိန်တွင် သုန်းဖန်းကျီယွီ သည် ရှန်းနဉ်အဖွဲ့အစည်းအနီးရှိ နေရာတစ်ခုသို့ရောက်ရှိလာပြီး ဝူရွှမ်းဟွာနှင့်တွေ့ဆုံခဲ့သည်။

ကုနင်းသည် သူတို့ကို တမင်ရှောင်မသွားတာကြောင့် ဝူရွှမ်းဟွာနဲ့ သုန်းဖန်းကျီယွီတို့က သူမ၏ကား အပြင်ကို ထွက်သွားတာကိုတွေ့လိုက်ရသည်။

"ကုနင်းက ကားထဲမှာပါရဲ့လားတော့ မသိဘူး။"

ဝူရွှမ်းဟွာသည် ယခင်က အမှားများစွာ ပြုလုပ်ခဲ့ဖူးသောကြောင့် ယခုတစ်ကြိမ်တွင် ယုံကြည်မှုမရှိခဲ့ပေ။

"ရှင်လိုက်သွားလိုက်ပါ။ ကျွန်မ ဒီမှာပဲ နေခဲ့မယ်။" ဟု သုန်းဖန်းကျီယွီက ပြောသည်။

“ကောင်းပြီ” ဝူရွှမ်းဟွာ ခေါင်းညိတ်လိုက်ပြီး သူ့ကားနှင့် ချက်ချင်းလိုက်သွားလိုက်သည်။

ကုနင်းကို ရက်အတော်ကြာ လိုက်ကြည့်ပြီးနောက် အတော်လေး ငြီးငွေ့စရာကောင်းပေမယ့် သူမကို စုံစမ်းရန်အတွက် ဒီထက်ပိုကောင်းတဲ့ နည်းလမ်းတော့ မရှိပေ။

ကုနင်းသည် သူမ၏ ကျောပိုးအိတ်မှလွဲ၍ မည်သည့်အိတ်မှ မပါသောကြောင့် ဝူရွှမ်းဟွာသည် သူမကို လာခေါ်ရန်တစ်စုံတစ်ယောက်လာလိမ့်မည်ဟု ထင်‌နေသည်။ သုန်းဖန်းကျီယွီပင်လျှင် ထိုသို့ ပြုလုပ်တတ်သည်။

သို့သော် ကုနင်းက လေယာဉ်လက်မှတ်ယူလိုက်တဲ့အခါ ကုနင်းက လေယာဉ်နှင့် ထွက်သွားမည်ဆိုတာကို သူသိလိုက်ရသည်။

"ကျီယွီ သူမ လေယာဉ်နဲ့ မြို့တော်ကနေ ထွက်သွား‌တော့မယ်။ အခု ဘာလုပ်ရမလဲ" ကုနင်း ဘယ်ကို သွားမယ်ဆိုတာတော့ သူမသိပေ။

"သူမဘယ်ကိုသွားနေတာလဲ" သုန်းဖန်းကျီယွီ မျက်မှောင်ကြုတ်လိုက်သည်။

"မသိဘူး" ဝူရွှမ်းဟွာ ကပြောသည် ။

"လေဆိပ်ထဲမှာနေ ငါဒါကိုတတ်နိုင်သမျှအမြန်ဆုံး သိအောင်ကြိုးစားမယ်" သုန်းဖန်းကျီယွီကပြောသည်။

***

အခန်း ၁၅၄၇ ကျင်းကျီနဉ်နှင့်တွေ့ဆုံ

“ဟုတ်ပြီ” ဝူရွှမ်းဟွာက သဘောတူလိုက်ပြီး လေဆိပ်ထဲမှာ လမ်းလျှောက်‌နေသည့် ကုနင်းကို ကြည့်‌နေလိုက်သည်။

တိုက်ဆိုင်စွာပင် ကုနင်းသည် ကျင်းကျီနဉ်ကိုတွေ့လိုက်ရသည်။

ကျင်းကျီနဉ်သည် အမှတ် ၁၆ ဂိတ်တွင် စောင့်ဆိုင်းနေပြီး ကုနင်းသည် အမှတ် ၂၈ ဂိတ်သို့ လျှောက်သွားကာ အမှတ် ၁၆ ဂိတ်သို့ လှမ်းရန် လိုအပ်သည်။

ကျင်းကျီနဉ်သည် ကုနင်းကိုတွေ့သောအခါ အံ့သြသွားပြီး ချက်ချင်းထရပ်လိုက်သည်။ "ဟိုင်း တိုက်ဆိုင်လိုက်တာ။ မင်း ဘယ်သွားမလို့လဲ"

"ဟိုင်း အန်ကယ်ကျင်း ကျွန်မ Bမြို့ကို သွားမလို့ပါ ရှင်ရော" ကုနင်း ပြုံးလိုက်သည်။

"ငါက စီးပွားရေးကိစ္စတစ်ခုနဲ့ ယွေ့မြို့ကို သွားမလို့"

"ရှင် လေယာဉ် ဘယ်တော့ဆိုက်မှာလဲ" ကုနင်း က မေးသည်။

"နည်းနည်းကြာရင် ငါတက်ရတော့မှာ" ဟု ကျင်းကျီနဉ်က ပြောသည်။

"အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေ နောက်မှတွေ့တာပေါ့!" ကုနင်းက ကျင်းကျီနဉ်ကို လက်ပြနှုတ်ဆက်လိုက်သည်။

"အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေ" ကျင်းကျီနဉ်က ကုနင်းကိုထားခဲ့ကာ ထွက်သွားတော့သည်။

နာရီဝက်လောက်ကြာတော့ ကုနင်း၏ လေယာဉ်လည်းဆိုက်‌ရောက်လာသည်။

လေယာဉ်လက်မှတ်ကို နောက်မှမှာသောကြောင့် ပထမတန်းတွင် ထိုင်ခုံမရသဖြင့် ရိုးရိုးတန်းတွင်သာ ထိုင်ခဲ့ရသည်။ ကုနင်းက ဒါကိုစိတ်မ၀င်စားပေမယ့် ပထမတန်းက သာမန်အားဖြင့် တိတ်ဆိတ်ပြီး ပိုအဆင်ပြေသည်။

ကုနင်း၏ ထိုင်ခုံက နောက်ထိုင်ခုံမှာ ရှိနေတာကြောင့် သူမထိုင်ပြီးတာနဲ့ သူမ၏ ကျောပိုးအိတ် (စိတ်စွမ်းအင်အာကာပြင်) ထဲက စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။

သူမ၏ စိတ်စွမ်းအင်အာကာပြင်တွင် စာအုပ်များစွာရှိသော်လည်း သူမသည် လေယာဉ်ပျံသန်းနေစဉ် အချိန်အတွက်သာ လိုအပ်သည်။

ကုနင်း အမှတ်တမဲ့ထုတ်လိုက်‌သော စာအုပ်သည် ခန္ဓာဗေဒဆိုင်ရာ လေ့လာခြင်းအကြောင်းဖြစ်သည်။ ခန္ဓာဗေဒဆိုင်ရာ‌လေ့လာခြင်းသည် လူတစ်ဦး၏ စရိုက် သို့မဟုတ် ပင်ကိုယ်စရိုက်—အထူးသဖြင့် မျက်နှာကို ကြည့်ကာ အကဲဖြတ်နိုင်သည့် အလေ့အကျင့်ဖြစ်သည်။

ကုနင်းသည် ၎င်း၏အကြောင်းအရာကို နားလည်နိုင်သော်လည်း အမှန်အတိုင်းဆိုလျှင် သူမသည် ၎င်းကို လက်တွေ့ဘဝတွင် အသုံးမချနိုင်ပေ။ လူကြီးတစ်ယောက်ကို ကြည့်ရခြင်းဟာခက်ခဲသည်။

သူမ ထိုင်ခုံမှာ ခဏလောက် ထိုင်ပြီးတဲ့ နောက်မှာတော့ တစ်ယောက်ယောက်က သူမဘေးမှာ ဝင်ထိုင်လိုက်သည်။

ကုနင်း သည် ပြတင်းပေါက်နားမှာ ထိုင်နေသောကြောင့် သူမသည် ဖယ်ပေးရန် မလိုအပ်ဘဲ ထိုလူကို သူမအနားတွင် လျှောက်သွား၍ ရသောကြောင့် သူမသည် ထိုလူကို ဂရုမစိုက်တော့

ပေ။

သို့သော် သူမသည် ရုတ်တရက် ကျယ်လောင်သော မိန်းမတစ်‌ယောက်၏အသံကို ကြားလိုက်ရသည်။

“မဖြစ်‌ေသးပါဘူး အခုခေတ်မှာ လူတွေက ဘာလို့ ဒီလိုစာအုပ်မျိုးတွေ ဖတ်နေရတာလဲ”

သူမသည် ကုနင်းကို ဝေဖန်နေသည်မှာ ထင်ရှားသည်။

ကုနင်း စိတ်မဆိုးသော်လည်း သူမခေါင်းကို‌ထောင်လိုက်ကာ ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။

အမျိုးသမီးသည် နှာခေါင်းစည်းနှင့် ဘေ့စ်ဘောဦးထုပ်ကို ဝတ်ဆင်ထားသောကြောင့် ကုနင်းသည် သူမ၏မျက်လုံးများကိုသာ မြင်နိုင်သည်။

သူမ အခုလေးတင်စာအုပ်ထဲက သင်ယူလိုက်ရသော အကြောင်းအရာအရ အဲဒီအမျိုးသမီးဟာ အလွန်ရိုင်းစိုင်းမည့်ပုံပေါက်သည်။

တကယ်တော့ ကုနင်းဟာ ဘာအမှားမှ မလုပ်ဘဲ ဆိတ်ဆိတ်နေပြီး သူ့စာအုပ်ကို ထိုင်ဖတ်နေပေမယ့် အမျိုးသမီးက အကြောင်းပြချက်မရှိဘဲ သူမကို လှောင်ပြောင်ခဲ့သည်။ သူမရဲ့ ရိုင်းစိုင်းတဲ့ အမူအရာက သူမရဲ့ အကျင့်စရိုက်ကို ပြသပြီးသားပင်။

ကုနင်းသည် ထိုအမျိုးသမီးကို ကြည့်လိုက်သောအခါ အမျိုးသမီးသည် ကုနင်း၏ ထူးကဲသော အလှကို သတိပြုမိပြီး သူမသည် ချက်ချင်းပင် မနာလိုဖြစ်သွားသည်။

"ဘာကြည့်‌နေတာလဲ!"

"မင်းတကယ် ရိုင်းစိုင်းပြီး ဆူညံနေတာ မင်းသိလား။" ကုနင်းက မေးသည်။ သူမသည် အေးဆေးတည်ငြိမ်နေပြီး ထိုအမျိုးသမီးအား ငြင်းခုံရန် စိတ်မဝင်စားသော်လည်း ပြုံးပြီးသည်းခံ‌ေနမည်ဟု မဆိုလိုပါ။

“နင်…” အမျိုးသမီးက စိတ်ဆိုးသွားပေမယ့် ရုတ်တရက် ဘာပြန်ပြောရမှန်း မသိတော့ပေ။

"ပေပေ!" အမျိုးသမီး၏ဘေးတွင် ရပ်နေသော မိန်းကလေးတစ်ဦးသည် ချက်ချင်းတားလိုက်ကာ သူမ၏ပုံရိပ်ကို ဂရုစိုက်ရန် သတိပေးသည်။

အန်းပေပေသည် အရှုံးပေးလိုက်ရန် ဆန္ဒမရှိသော်လည်း သူမသည် နာမည်ကြီးဖြစ်သောကြောင့် လေယာဉ်ပေါ်တွင် အာရုံစိုက်ခံမိပါက သူမ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်သောကြောင့် ဒေါသကို မျိုချရမည်ဖြစ်သည်။

အန်းပေပေ ငြိမ်သွားပြီးကတည်းက ကုနင်းသည် သူမ၏စာအုပ်ကို ဆက်လက်ဖတ်ရှုလိုက်သည်။

အန်းပေပေသည် ခဏတာမျှသာ တိတ်ဆိတ်သွားပြီး “သိပ်ဆိုးတာပဲ! ဘာလို့ စောစောကတည်းက ငါတို့ကို မပြောတာလဲ။ အခုတော့ ရိုးရိုးတန်းမှာပဲ ထိုင်ရတယ်။"

တကယ်တော့ နာမည်ကြီး ဘယ်လောက်ပဲကြီးတဲ့ ကြယ်ပွင့် ဖြစ်ပါစေ သူတို့ဟာ ပထမတန်းမှာ အချိန်တိုင်း ထိုင်ခုံနေရာ မရနိုင်ပေ။ တခါတရံမှာ အချိန်ကုန်ပြီး ရွေးချယ်မှုတွေ နောက်ကျပြီး ရိုးရိုးတန်းမှာ လက်မှတ်ကြိုတင်မှာယူရတယ်။

အနုပညာရှင်တိုင်းက ဒါကို ဂရုမစိုက်သည်ဟုတ်ပါ။ မာနကြီးတဲ့ သူတွေသာ ရိုးရိုးတန်းမှာ စီးရခြင်းကို ညည်းညူတတ်ကြသည်။

နောက်တော့ အန်းပေပေက သူ့ဖုန်းကို ဖွင့်လိုက်သည်။

ထန်ရှောင်ရှောင်အကြောင်း သတင်းကို သူမဖတ်လိုက်သောအခါ သူမ မနာလိုဖြစ်ပြန်သည်။ "ထန်ရှောင်ရှောင် တော်တော်ကံကောင်းတာပဲ။ ဖန်းရှီရွှမ်က သူ့ကို နောက်ဆုံးအကြိမ်လုပ်ခဲ့တဲ့ကိစ္စ‌ကြောင့် ကျရှုံးသွားမယ်လို့ ထင်ခဲ့ပေမယ့် တစ်ယောက်ယောက်က သူ့ကို ကာကွယ်ပေးခဲ့‌သေးတယ်"

ထန်ရှောင်ရှောင်၏အမည်ကိုကြားလိုက်ရသောအခါ ကုနင်း အနည်းငယ်အံ့သြသွားပြီး အန်းပေပေ သည် ထန်ရှောင်ရှောင် နှင့်မတည့်ကြောင်း သိသာထင်ရှားသည်။

"ထန်ရှောင်ရှောင် ဘယ်လောက်ပဲ ကံကောင်းနေပါစေ သူမဟာ မင်းနဲ့ ယှဉ်လို့မရပါဘူး။ သူမဟာ အခုအချိန်မှာ ဖျော်ဖြေရေးကုမ္ပဏီလေးတစ်ခုမှာ အလုပ်လုပ်နေတာ သူ့မှာ အနာဂတ်မရှိဘူး” လို့ အန်းပေပေရဲ့ လက်ထောက်က သူမကို ကျေနပ်စေဖို့ ချက်ချင်းပြောသည်။

"ဟုတ်တယ် ထန်ရှောင်ရှောင်က ငါနဲ့ မယှဉ်နိုင်ဘူး! ကျန်း တောင်မှ ငါက နာမည်ပို‌ကောင်းလို့ သူ့ကို ငါ့ကြောင့် စွန့်ပစ်‌ခဲ့တာ!” အန်းပေပေက သူ့ကိုယ်သူ တော်တော် ဂုဏ်ယူနေပံုရသည်။

ဒါကိုကြားတော့ ကုနင်းက ရယ်စရာကောင်းတယ်ဟု ခံစားရလိုက်သည်။ သူမသည် အန်းပေပေ၏မျက်နှာကို မမြင်နိုင်သော်လည်း ထန်ရှောင်ရှောင်သည် အန်းပေပေထက် များစွာသာလွန်ကြောင်း သူမသေချာပေါက်သိသည်။

အန်းပေပေဟာ တကယ်ကို မိုက်မဲ‌ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ၎င်းကို အများသူငှာ နေရာတစ်ခုတွင် ဆွေးနွေးခဲ့ပြီး အခြားသူများကလည်း သူမ၏ လက်ထောက်နှင့် စကားပြောဆိုမှုများကို ကြားနိုင်သောကြောင့် ဖြစ်သည်။

အန်းပေပေ သည် ထန်ရှောင်ရှောင်ထက် ပိုမိုကျော်ကြားသည်ဟု ယုံကြည်သောကြောင့် သူမသည် အနုပညာနယ်ပယ်တွင် အေအဆင့်ရှိ မင်းသမီးဖြစ်လိမ့်မည်။

***

အခန်း ၁၅၄၈ ထန်ရှောင်ရှောင်က ပိုကောင်းလာတယ်

ကုနင်းသည် ဖျော်ဖြေရေးနယ်ပယ်မှ နာမည်ကြီးသရုပ်ဆောင်များစာရင်းကို ဖတ်ဖူးသောကြောင့် သူမနာမည်အားလုံးကို မှတ်မိနေခဲ့သည်။ ဖျော်ဖြေရေးနယ်ပယ်တွင် အန်းပေပေ အမည်ရှိ မင်းသမီးတစ်ဦးသာ ရှိသည်။

ကုနင်းသည် မဆိုင်းမတွဘဲ သူ့ဖုန်းကိုထုတ်ကာ 'ထန်ရှောင်ရှောင်၏ ချစ်သူ' ဟူသော စာလုံးကို ရိုက်နှိပ်လိုက်ရာ မကြာမီတွင် ၎င်းတို့နှင့်ပတ်သက်သည့် သတင်းများစွာကို တွေ့ရှိလိုက်သည်။ သို့သော်လည်း ထန်ရှောင်ရှောင်နှင့် သူမ၏ ချစ်သူအကြောင်း သတင်းတိုင်းလိုလိုတွင် မင်းသမီးတစ်ယောက် ပေါ်လာသည်။

အဲဒီမင်းသမီးက အန်းပေပေပါ။

ထန်ရှောင်ရှောင်၏ချစ်သူ၊ သူမ၏ရည်းစားဟောင်းမှာ ဟွမ်းရီကျန်း ဖြစ်သည်။ ဟွမ်းရီကျန်းသည် အဆိုတော်တစ်ဦးဖြစ်ပြီး စီးပွားရေးသမားတစ်ဦးလည်းဖြစ်ကာ သူ၏ တစ်ဦးတည်းသောချစ်သူမှာ ထန်ရှောင်ရှောင် ဖြစ်သည်ဟု လူသိရှင်ကြား ဝန်ခံခဲ့သော်လည်း ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သော ၂ နှစ်ခန့်က လမ်းခွဲခဲ့ကြသည်။

လွန်ခဲ့သော တစ်နှစ်ခန့်က ဟွမ်းရီကျန်းသည် အေအဆင့်ရှိမင်းသမီး အန်းပေပေနှင့် လက်ထပ်ခဲ့သည်။

အန်းပေပေ သည် ဟွမ်းရီကျန်းနှင့် ထန်ရှောင်ရှောင်၏ အချစ်ရေးကို နှောက်ယှက်သောအမျိုးသမီးဖြစ်ကြောင်း လူများစွာက ပြောကြသော်လည်း ဟွမ်းရီကျန်းနှင့် အန်းပေပေတို့က ဟွမ်းရီကျန်းနှင့် ထန်ရှောင်ရှောင် ကြားပဋိပက္ခများကြောင့်သာ သူတို့လမ်းခွဲခဲ့သည်ဟုအခိုင်အမာ ပြောဆိုခဲ့ကြသည်။

ဟွမ်းရီကျန်းနှင့် အန်းပေပေတို့သည် တီဗီရှိုးတစ်ခုတွင် အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး ယင်းဇာတ်လမ်းတွဲတွင် နှစ်သက်သဘောကျခဲ့ကြသည်။ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ပြီး တစ်နှစ်ခွဲအလိုမှာ ချိန်းတွေ့ခဲ့ကြတာဖြစ်သည်။

ဖျော်ဖြေရေးနယ်ပယ်မှာ သတင်းအတုတွေ အရမ်းများနေပြီး တကယ်ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ မသိနိုင်ပေ။ သို့သော် အန်းပေပေ မှပြောလိုက်သည့်စကားကြောင့် အန်းပေပေသည် ဟွမ်းရီကျန်းနှင့် ထန်ရှောင်ရှောင်၏ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့သည်ကို ကုနင်း သိလိုက်ရသည်။

အန်းပေပေသည် ထန်ရှောင်ရှောင်ထက်စောပြီး ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး သူမသည် ထန်ရှောင်ရှောင်ထက် ပိုမိုလျင်မြန်စွာ နာမည်ကြီးလာခဲ့သည်။

အန်းပေပေသည် ထန်ရှောင်ရှောင်ကဲ့သို့ သရုပ်ဆောင်မကောင်းသော်လည်း သူမ၏အဖွဲ့သည် လူသိရှင်ကြားဆွဲဆောင်ရာတွင် ထူးချွန်ပြီး အတင်းအဖျင်းများတွင် ပါ၀င်လေ့ရှိသည်။ ထို့အပြင် အန်းပေပေသည် ထန်ရှောင်ရှောင်ထက် ဆက်စ်စီကျပြီး ကင်မရာများရှေ့တွင် အသားအရေများစွာကို အမြဲပြသလေ့ရှိကာ လူသိရှင်ကြား ဆွဲဆောင်နိုင်သည့် အခြားနည်းလမ်းတစ်ခုလည်း ဖြစ်သည်။

အန်းပေပေသည် လက်ထပ်ပြီးနောက် ရှေးရိုးဆန်သူဖြစ်လာပြီး အခြားအမျိုးသားများနှင့် ခပ်ခွာခွာနေခဲ့သည်။

"ထန်ရှောင်ရှောင်က ပိုကောင်းလာတယ်" ဟု ကုနင်းက ဆိုလိုက်သည်။ တစ်ယောက်ယောက်က သူ့ရှေ့မှာ သူ့ဝန်ထမ်းတွေအ‌ကြောင်းမကောင်းပြောတာကို သည်းမခံနိုင်တော့ပေ။

နာမည်ကြီး မင်းသမီးတွေအကြောင်း လူတွေက အတင်းအဖျင်းပြောလေ့ရှိပေမယ့် အန်းပေပေသည် ထန်ရှောင်ရှောင်၏ ချစ်သူကို ခိုးယူသွားပြီး ထန်ရှောင်ရှောင်ကို နာကျင်စေခဲ့တဲ့အတွက် ကုနင်းက ထန်ရှောင်ရှောင် ရှေ့က မားမားမတ်မတ် ခုခံကာကွယ်ရမည် ဖြစ်သည်။

အန်းပေပေသည် ကုနင်းကို စူးစူးစိုက်စိုက်ကြည့်လာသည်။ "နင် ငါတို့ ပြောနေတာကို ခိုးနားထောင်နေတာလား။"

"ငါအဲလိုလုပ်စရာ မလိုပါဘူး။ မင်းအသံအရမ်းကျယ်နေတာပဲ။" ကုနင်းက မထီမဲ့မြင်နဲ့ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနီးတွင် ထိုင်နေသော အခြားခရီးသည်များစွာသည် အန်းပေပေ၏အသံကိုကြားသည်မှာ အမှန်ပင်ဖြစ်သည်။

“နင်…” အန်းပေပေ စိတ်ဆိုးသွားသော်လည်း ဘာပြန်ပြောရမှန်းမသိ။

"ကောင်းပြီ၊ ငါတို့စကားပြောတာကို မင်းနားမထောင်ဘူးပဲထားပါတော။့ ဒါဆို ထန်ရှောင်ရှောင်က ပိုပိုကောင်းလာတယ်လို့ မင်းဘာလို့ထင်တာလဲ ငါ့ကိုပြော။ သူက ဒီနယ်ပယ်မှာအသစ်ဖွင့်ထားတဲ့ ဖုန့်ဟွာအင်တာတိန်းမန့်က လူပဲ။ မကြာသေးမီက နာမည်တော့ကြီးလိုက်ပေမယ့် အဲ့တာက အခြားထိပ်တန်းဖျော်ဖြေရေးကုမ္ပဏီတွေနဲ့ ယှဉ်လို့မရဘူး။” ဟု အန်းပေပေ က ပြောသည်။

"ဟုတ်ပါတယ် ဖုန့်ဟွာအင်တာတိန်းမန့်ဟာ အသစ်တည်ထောင်ထားတဲ့ ဖျော်ဖြေရေးကုမ္ပဏီဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်ပေမယ့် ထန်ရှောင်ရှောင်က သူမလှပသလောက်အရည်အချင်းလည်းရှိတယ် အဲ့တာကြောင့် ပိုပိုပြီးနာမည်ကြီးလာမယ်လို့ ယုံကြည်တယ်။" ဟု ကုနင်းမှ ပြောသည်။

“တုံးလိုက်တာ” အန်းပေပေက ဟစ်အော်လိုက်သည်။ "ဖျော်ဖြေရေးနယ်ပယ်မှာ နေ့တိုင်း မရေမတွက်နိုင်တဲ့ မျက်နှာသစ်တွေ ပေါ်လာနေတာ မကြာခင်မှာ ထန်ရှောင်ရှောင် နေရာကို အစားထိုးသွားတော့မှာ"

တကယ်တော့ အန်းပေပေသည် ထန်ရှောင်ရှောင်ကို တစ်ယောက်ယောက်က နောက်ကွယ်မှတစ်ခုခုလုပ်လိုက်ရုံနဲ့ ထန်ရှောင်ရှောင် အလွယ်တကူ ပျက်စီးသွားလိမ့်မည်ဟု ထင်သော်လည်း ထုတ်တော့ မပြောခဲ့ပါ။

အန်းပေပေသည် ထန်ရှောင်ရှောင်နှင့် ဆက်ဆံရေးမပြေလည်သော်လည်း ထန်ရှောင်ရှောင်ကို ဖျက်ဆီးရန် သူမ၏ အာဃာတက မလုံလောက်ပါ။ သူမသည် ထန်ရှောင်ရှောင်ထံမှ ဟွမ်းရီကျန်းကို ရိုးရိုးရှင်းရှင်း ခိုးယူခဲ့တာဖြစ်ပြီး ၎င်းသည် အလွန်လေးနက်သောကိစ္စမဟုတ်ပေ။

"မင်းပြောတာကို ငါလည်းသဘောတူပါတယ်။ ဒါပေမယ့် မင်းမှာ ဖျော်ဖြေရေးနယ်ပယ်မှာ အားကိုးစရာဘယ်သူမှမရှိဘူးဆိုတော့ ထန်ရှောင်ရှောင်ထက် မင်းကို အစားထိုးဖို့ အလားအလာပိုများမယ်လို့ ထင်တာပဲ"

အန်းပေပေက ချောပေမယ့် တခြား မင်းသမီးတွေထက်တော့ အများကြီး မလှပေ။ ထို့အပြင် သူမတွင် ကောင်းတဲ့ အလုပ်လည်းမရှိသလို အကျင့်စာရိတ္တလည်း ကောင်းမွန်သူလည်းမဟုတ်ပေ။

“နင်…” အန်းပေပေသည် ဒေါသထွက်သွားသော်လည်း ကုနင်းသည် ဖျော်ဖြေရေးနယ်ပယ်အကြောင်းများစွာသိထားသောကြောင့် ရိုးရှင်းသောမိန်းကလေးမဖြစ်နိုင်ကြောင်း ရုတ်တရက်သိလိုက်ရသည်။

"ငါဘယ်သူလဲဆိုတာ မင်းသိလား။" အန်းပေပေ က စိတ်လှုပ်ရှားသွားသည်။

"မင်း ထန်ရှောင်ရှောင်ရဲ့ ချစ်သူကို ခိုးတယ်လို့ မပြောမချင်း မင်းဘယ်သူလဲဆိုတာ ငါမသိပါဘူး။" လို့ ကုနင်းက ဆိုသည်။ သူမသည် ငြိမ်သက်နေပြီး အန်းပေပေ၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေသည်။

အဲဒါကိုကြားလိုက်သောအခါ အန်းပေပေသည် ကုနင်းက သူမဘယ်သူလဲဆိုတာ သိထားပြီးသားဖြစ်ကြောင်း သိလိုက်ရသည်။

"ရယ်ရတယ်! မဟုတ်တဲ့ သတင်းတွေနဲ့ ဂုဏ်သိက္ခာကို ချဖို့ မကြိုးစားနဲ့။ ကျန်းနဲ့ ထန်ရှောင်ရှောင်တို့က ငါတို့မတွဲခင်ထဲက လမ်းခွဲခဲ့တာ" အန်းပေပေ က ငြင်းလိုက်သည်။

All Chapters