အခန်း (၁၅၆၇-၁၅၇၂)
Vol. 99 Ch. 1567-1572
အခန်း ၁၅၆၇ ဒုတိယမြို့တော်ဝန်…
"အင်း…"
မန်နေဂျာဟူမှာ ယခုအခါ ဘာလုပ်ရမည်မှန်း မသိတော့ပေ။ ဘာပဲဖြစ်ဖြစ် လူငယ်ကို အနှောင့်အယှက်ပေးရန် သူ ဝန်လေးနေခဲ့သည်။
"ငါဘယ်သူလဲဆိုတာကို ခင်ဗျားတို့ သိကြလား။ ငါ့အဖေက ဘယ်သူလဲဆိုတာကိုရော သိရဲ့လား? ငါ့အဖေက ကောမြို့ ရဲ ဒုတိယမြို့တော်ဝန်ပဲ။"
လူငယ်က အတော်လေး ဂုဏ်ယူနေပုံရသည်။
တကယ်တော့ ဒုတိယမြို့တော်ဝန်တစ်ယောက်သည် အစိုးရအဖွဲ့တွင် အကြီးတန်းအရာရှိတစ်ယောက်ဖြစ်ပေမယ့် ကုနင်းက လုံးဝ မကြောက်ခဲ့ပေ။
"အိုး… ရှင့်အဖေက ကောမြို့ရဲ့ ဒုတိယမြို့တော်ဝန်ပေါ့… အဲ့ဒီတော့…" ဟု ကုနင်းက သူမ၏ မျက်ခုံးကိုပင့်ကာ မေးလိုက်သည်။
မြို့တော်ကြီးတစ်ခု၏ ဒုတိယမြို့တော်ဝန်က ဘယ်သူဆိုခြင်းမှာ အရေးမကြီးပဲ မည်သူ့ကို စိတ်အနှောင့်အယှက်ပေးနိုင်ပြီး မည်သူ့ကို ဆိုးရွားစွာ မပြုမူနိုင်ကြောင်းကို သူက ပါးနပ်ပြီး ရှင်းရှင်းလင်းလင်း သိထားသင့်သည်။ ဘာပဲဖြစ်ဖြစ် ဤလူငယ်က သူဖခင်၏ နာမည်ကို ထိခိုက်အောင် လုပ်နေခဲ့သည်။
လူငယ်က လူမြင်ကွင်းတွင် ကျယ်လောင်စွာ ပြောသောအခါ မန်နေဂျာဟူမှာ လန့်သွားခဲ့ရသည်။ ဤလူငယ်သည် ထိုသို့လုပ်ခြင်းက နိုင်ငံရေးတွင် သူဖခင်၏အလုပ်အား ထိခိုက်နိုင်သည်ဆိုခြင်းကို သဘောမပေါက်ပဲ စိတ်ကြီးဝင်လွန်း လှပေသည်။
"အဲ့ဒီတော့… ငါ ဒီကားကို ပြန်လိုချင်တယ်။"
လူငယ်က ကုနင်းကို အထင်သေးခဲ့သည်။
"ရှောင်းထင်… သူ့ကို ကန်ထုတ်ပြီး မြေကြီးပေါ်မှာ ရိုက်ချပစ်လိုက်။" ဟုကုနင်းက ပြောလိုက်ပြီး လင်ရှောင်းထင်ကလည်း တုန့်ဆိုင်းခြင်းမရှိခဲ့ပေ။
"ကောင်းပြီလေ…"
လင်ရှောင်းထင်က ထိုသို့ ချက်ချင်းပြုလုပ်လိုက်သည်။
လင်ရှောင်းထင် ထရပ်ကာ လူငယ်ဆီသို့ လျှောက်လာသောအခါ သူက ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားခဲ့သည်။
"ခင်ဗျား မလုပ်ရဲပါဘူး။"
လင်ရှောင်းထင်က အရပ်မြင့်ပြီး သန်မာသောကြောင့် လင်ရှောင်းထင်၏ ခန္ဓာကိုယ်အချိုးအစားနှင့် ယှဉ်လိုက်သောအခါ သူက အတော်လေး အားနည်းသည့်ပုံ ပေါက်နေခဲ့သည်။
"ဆရာ… ကျေးဇူးပြုပြီး…"
မန်နေဂျာဟူက ဤနေရာတွင် ပြဿနာမဖြစ်အောင် တားဆီးရန် ကြိုးစားခဲ့သည်။ သူတို့မြို့တော်၏ ဒုတိယမြို့တော်ဝန်သားက သူတို့၏ ကားအရောင်းဆိုင်ထဲတွင် အနာတရဖြစ်ခဲ့လျှင် သူတို့၏ ဆိုင်လည်း ဒုက္ခရောက်ပေလိမ့်မည်။ သို့သော် ကံဆိုးစွာဖြင့် သူ၏ စကားမဆုံးမီ လင်ရှောင်းထင်က လူငယ်၏ ဗိုက်တည့်တည့်ကို ကန်လိုက်ပြီး လူငယ်မှာ မီတာအနည်းငယ်အကွာထိ လွင့်ထွက် သွားအောင် အကန်ခံလိုက်ရတော့သည်။
ထိုအရာကို တွေ့သောအခါ လင်ရှောင်းထင်၏ သန်မာမှုကြောင့် လူတိုင်း အံ့ဩသွားတော့သည်။
လူငယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ မကျမီ တံခါးအပြင်ဘက်သို့ ကန်ထုတ်ခံလိုက်ရသည်။
ဘေးမှဝိုင်းကြည့်နေသူများပင် သူ့အတွက် နာကျင်မှုကို ခံစားနိုင်ခဲ့သည်။
ထို့နောက် လူငယ်ခမျာ လုံးဝ မလှုပ်နိုင်တော့ပဲ မြေပြင်ပေါ်တွင် နာကျင်စွာ ညည်းညူရင်း လုံးဝ အသက်ရှူမှားသွားတော့သည်။
" မစ္စတာဝူ … မစ္စတာဝူ …”
မန်နေဂျာဟူ က စိုးရိမ်မှုအပြည့်ဖြင့် လူငယ်ထံသို့ ချက်ချင်း ပြေးသွားခဲ့သည်။ ထို့အပြင် လူငယ်အဆင်ပြေပါစေဟု ဘုရားသခင်ထံ သူဆုတောင်းနေခဲ့သည်။
"စိတ်အေးအေးထားပါ… သူအဆင်ပြေပါတယ်။ သူ့အဖေက သူ့ရဲ့အပြုအမူအတွက် ရှင့်ကို အပြစ်ပေးရဲတယ်ဆိုရင် ကျွန်မကို ဆက်သွယ်ဖို့ သူ့ကို ပြောလိုက်ပါ။ ရှင့်မှာ ကျွန်မဖုန်းနံပါတ်လဲ ရှိပြီးသားပဲ၊ ဟုတ်တယ်မလား?" ဟု ကုနင်းက မန်နေဂျာဟူကို ပြောလိုက်သည်။
မန်နေဂျာဟူက ဖော်ရွေသောသူတစ်ဦးဖြစ်ပြီး သူတို့ကြောင့် သူ့ကို ပြဿနာထဲတွင် သူမ မပါစေချင်ခဲ့ပေ။
ထို့ကြောင့် ကုနင်းက စာချုပ်ပေါ်တွင် သူမ၏ ဖုန်းနံပါတ်ကို ချန်ထားခဲ့ပြီး ၎င်းတွင် လင်ရှောင်းထင်၏ အမည်လည်း ပါလေသည်။
"မစ္စကု… ကျွန်တော်တို့ရဲ့ ဒုတိယမြို့တော်ဝန်လာမှာကို ဒီမှာနေပြီး ဘာလို့ မစောင့်တာလဲ… မင်းမသွားခင် ဒါကို ဖြေရှင်းလို့ရတာပဲ။" ဟု မန်နေဂျာဟူ က ပြောလိုက်သည်။
သူက သူတို့၏ ဒုတိယမြို့တော်ဝန်ကို သူတစ်ဦးထဲ ရင်မဆိုင်လိုခြင်း ဖြစ်သည်။
"စိတ်အနှောင့်အယှက်ဖြစ်ဖို့ မလိုပါဘူး။ ကျွန်တော် ဒါကို အခု ဖြေရှင်းနိုင်ပါတယ်။" ဟု လင်ရှောင်းထင်က ပြောကာ သူ့ဖုန်းကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ခပ်လှမ်းလှမ်းသို့ လျှောက်သွားပြီး ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။ တစ်မိနစ်မျှကြာပြီးနောက် သူက ပြန်ရောက်လာပြီး မန်နေဂျာဟူကို ခဏစောင့်ဖို့ ပြောလိုက်သည်။
"ခင်ဗျားက ကျုပ်ကို ဘယ်လိုကန်ရဲရတာလဲ။ ခင်ဗျား ဒီလိုလုပ်တဲ့အတွက် နောင်တရအောင် ကျုပ်… ကျုပ် လုပ်ရမယ်။"
နောက်ဆုံးတွင် မစ္စတာဝူမှာ တစ်စွန်းတစ်စ ပြောနိုင်လာသော်လည်း သူ၏ခန္ဓာကိုယ်ကတော့ အလွန်အမင်း နာကျင်နေဆဲပင် ဖြစ်သည်။
သူ၏ခြိမ်းခြောက်စကားကို ပြောလာသောအခါ ကုနင်းရော လင်ရှောင်းထင်ပါ သူ့အား တစ်ချက်မှ ဝေ့မကြည့်ခဲ့ကြပေ။
ထို့နောက် မစ္စတာဝူက မန်နေဂျာဟူ ကို စိန်းစိန်းဝါးဝါးဖြင့် လှည့်ကြည့်လိုက်လေသည်။
"ရဲနဲ့ လူနာတင်ကားကို အခု ခေါ်လိုက်…"
ထိုအခါ မန်နေဂျာဟူက ချက်ချင်းမဖြေပဲ ကုနင်း၏ သဘောထားကို လှည့်မေးလိုက်သည်။
"ရဲခေါ်ဖို့ မလိုပါဘူး… လူနာတင်ကားကိုပဲ ခေါ်လိုက်ပါ။" ဟု ကုနင်းက ပြောလိုက်သည်။
လင်ရှောင်းထင်က ဖုန်းတစ်ခါခေါ်လိုက်ယုံနှင့် ၎င်းက ဖြေရှင်းပြီးပြီ ဆိုခြင်းကို ကုနင်း သိခဲ့သည်။ လင်ရှောင်းထင်က ဖုန်းခေါ်ပြီးပြီဖြစ်သောကြောင့် စိတ်ပူစရာ ဘာမှ မရှိတော့ပေ။
"ခင်ဗျား… "
မစ္စတာဝူမှာ ဒေါသအကြီးအကျယ် ထွက်သွားတော့သည်။ လင်ရှောင်းထင် ဖုန်းဖြင့် ပြောခဲ့သောအရာကို သူ မကြားခဲ့ပေမယ့် လင်ရှောင်းထင်က သူ၏မိသားစုထက် ကောမြို့တွင် ပို၍ ဩဇာညောင်းသည်ဆိုခြင်းကို သူ မယုံကြည်နိုင်ခဲ့ပေ။
"ကျုပ်အဖေကို အရင်ခေါ်.…" ဟု မစ္စတာဝူက ထပ်ပြောလာခဲ့သည်။
မစ္စတာဝူ စကားဆုံးအောင် မပြောနိုင်မီ ကုနင်းက သူ့ကို ကြားဖြတ်ပြောလိုက်သည်။
"မလိုပါဘူး… ရှင့်အဖေက လမ်းမှာ…"
ထိုစကားကို ကြားသောအခါ မစ္စတာဝူ မှာ အံ့အားသင့်သွားခဲ့ရသည်။ ကုနင်းက သူ့အဖေအား ဆက်သွယ် နိုင်ခြင်းကို သူ မယုံကြည်နိုင်ခဲ့ပေ။ လင်ရှောင်းထင် ထိုအရာကို လုပ်ခဲ့တာဖြစ်နိုင်သည်ဟု သူ တွေးလိုက်သည်။
ဤအချိန်တွင် သူတို့က မည်သူမည်ဝါဖြစ်ကြောင်းကို သူ စတင် ခန့်မှန်းကြည့်ခဲ့သည်။ တစ်နည်းအားဖြင့် မစ္စတာဝူသည် ယခုအခါ နောက်ထပ် စကား မပြောရဲတော့ပေ။ သူ့အဖေရောက်လာမှာကို သူစောင့်ဆိုင်းရပေတော့မည်။
ထိုစဉ် သူ့အိတ်ထဲမှ ဖုန်းက ရုတ်တရက် ထမြည်လာခဲ့သည်။ သူက အံ့အားသင့်သွားခဲ့ပြီး ဖုန်းခေါ်သူက သူတို့၏ ဒုတိယမြို့တော်ဝန် ဖြစ်နိုင်သည်ဟု အခြားလူများက တွေးခဲ့ကြသည်။
***
အခန်း ၁၅၆၈ စပီကာဖွင့်လိုက်ပါ…
မစ္စတာဝူမှာ အလွန်အမင်း နာကျင်နေသောကြောင့် သူ့အိတ်ထဲမှ
ဖုန်းကိုပင် သူ့ဟာသူ ထုတ်မယူနိုင်ခဲ့ပေ။
"ကျုပ်ကို ထုတ်ပေး…" ဟု မစ္စတာဝူက မန်နေဂျာဟူကို အော်ပြောလိုက်သည်။
ထိုအခါ မန်နေဂျာဟူက သူ့အား ကူညီရန် ပြေးသွားပြီး သူ့ဖုန်းကို ချက်ချင်း ထုတ်ပေးလိုက်သည်။ မန်နေဂျာဟူက ဖုန်းခေါ်သူ၏ အမည်ကို တွေ့သောအခါ သူ့လက်က ကြောက်ရွံ့မှုကြောင့် အနည်းငယ် တုန်ရီသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက တကယ့်ကို သူတို့၏ ဒုတိယမြို့တော်ဝန် ဖြစ်နေတော့သည်။
ဤအခိုက်အတန့်တွင် လင်ရှောင်းထင်က မစ္စတာဝူ၏ မိသားစုထက် ပိုပြီး ဩဇာတိက္ကမရှိကြောင်းကို မန်နေဂျာဟူက ယုံကြည်သွားတော့သည်။
" မစ္စတာဝူ … ဒုတိယမြို့တော်ဝန်…" ဟု မန်နေဂျာဟူက ပြောလိုက်သည်။
"ဘာလဲ…"
မစ္စတာဝူမှာ သူ့နားကိုပင် သူမယုံနိုင်အောင် ဖြစ်သွားခဲ့ပြီး ရုတ်တရက် စိတ်ထင့်သွားတော့သည်။
မစ္စတာဝူက ဖုန်းကို ချက်ချင်းမဖြေပဲ ကုနင်းနှင့် လင်ရှောင်းထင်တို့ကို ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ကြည့်လိုက်သည်။
"စပီကာဖွင့်လိုက်ပါ…" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။
မန်နေဂျာဟူက မစ္စတာဝူ၏ သဘောထားကို သိရန် သူ့ကို စိုက်ကြည့်လိုက်သည်။
"လုပ်ပါ…"
မစ္စတာဝူက ယခု ထိုအကြောင်းကို ဂရုမစိုက်ခဲ့ပေ။
ဒုတိယအကြိမ်ခေါ်လာသောဖုန်းကို သူပြန်ဖြေလိုက်သောအခါ သူ့အဖေ၏ ဒေါသကြောင့် ကျယ်လောင်နေသောအသံကို မစ္စတာဝူ ကြားလိုက်ရသည်။
"နေ့တိုင်း ပြဿနာရှာနေတာကို မင်း မရပ်နိုင်ဘူးလား? မင်းဘယ်တော့မှ ထိလို့မရနိုင်တဲ့ လူတချို့ရှိတာကို မင်းမသိဘူးလား၊ မင်းက တစ်နေ့မှာ ငါတို့မိသားစုကို ဖျက်ဆီးပစ်လိမ့်မယ်။ မင်း သူတို့ကို အခုချက်ချင်း ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်၊ မဟုတ်ရင် အပြင်မှာ မင်း သေသွားနိုင်တယ်။"
သူတို့မြို့တော်ဝန်၏ စကားများကြောင့် အခြားသူများလည်း ထိတ်လန့်သွားကြတော့သည်။ ထို့ကြောင့် သူတို့သည် လင်ရှောင်းထင်နှင့် ကုနင်းတို့ကို အလွန်အံ့အားသင့်စွာ ကြည့် လိုက်ကြသည်။ သူတို့က သူတို့၏ ဒုတိယမြို့တော်ဝန်ထက် ပို၍ဩဇာရှိသူများပင် ဖြစ်တော့သည်။
ယခုအခါ မစ္စတာဝူမှာ လုံးဝ ငြိမ်သက်သွားတော့သည်။ သူ့အဖေအား သူတို့က မည်သူမည်ဝါဖြစ်ကြောင်းမေးရန် တရွရွဖြစ်နေခဲ့ပေမယ့် လောလောဆယ်တွင် ထိုသို့မေးရန် အလွန် ရှက်ရွံ့နေမိခဲ့သည်။ သို့သော် ယနေ့ သူကံဆိုးကြောင်းကို သူရှင်းရှင်းလင်းလင်း သိခဲ့ပြီဖြစ်သည်။
"ငါပြောတာကြားလား…"
ဒုတိယမြို့တော်ဝန်က မစ္စတာဝူ၏ အဖြေကို စောင့်နေခြင်းဖြစ်သည်။
"ဟုတ်ကဲ့… ဟုတ်ကဲ့…" ဟု မစ္စတာဝူက ချက်ချင်း လက်ခံခဲ့သည်။
ထို့နောက် သူ၏ဖခင်က ဖုန်းချသွားတော့သည်။
လင်ရှောင်းထင်က သူသိသည့် ရာထူးကြီးသောအရာရှိ တစ်ယောက်ကိုသာ ဖုန်းခေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ထိုအရာရှိကြီးက ချင်မြို့မှ အရေးပါသောအရာရှိကို ခေါ်လိုက်ပြီးနောက် ထိုအရာရှိက ကောမြို့ ၏ ဒုတိယမြို့တော်ဝန်ကို ခေါ်ခဲ့ခြင်းဖြစ်သည်။
ဒုတိယမြို့တော်ဝန်က သူ့သား မည်သူ့ကို နှောင့်ယှက်ခဲ့သည်ဆိုခြင်းအား မသိသော်လည်း အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်မှန်းတော့ သူသိခဲ့သည်။ ဆင်ခြင်တုံတရားမရှိသော သူ၏ သားဖြစ်သူကြောင့် သူ့အလုပ်အား ထိခိုက်စေလိုခြင်း မရှိခဲ့ပေ။ ထို့အပြင် သူ့သားကို သူကောင်းကောင်းသိပြီး ၎င်းက သူ့သား၏ အမှားဖြစ်မည်ဆိုခြင်းမှာ သေချာတော့သည်။
လင်ရှောင်းထင်က ဤအကြိမ်တွင် သူ့သားကို အနိုင်ကျင့်ခဲ့သော်လည်း သူ့သားက သူတို့အား အရင် အနိုင်ကျင့်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ကုနင်းနှင့် လင်ရှောင်းထင်က ဒုတိယမြို့တော်ဝန်ကို မကြောက်ပေမယ့် ကားအရောင်းဆိုင်ထဲမှ ဝန်ထမ်းအား သူတို့ကြောင့် ဒုက္ခ မရောက်စေချင်ကြပေ။
သူ့အဖေနှင့် ပြောပြီးနောက် မစ္စတာဝူက ကုနင်းနှင့် လင်ရှောင်းထင်တို့အား ချက်ချင်း တောင်းပန်လိုက်သည်။
"ကျွန်တော်လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ဒီတစ်ခါ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ နောက်တစ်ခါ ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။"
သူသည် သူတို့အပေါ်တွင် ယခုအခါ ဒေါသမထွက်ရဲတော့ပေ။ ပုံမှန်အားဖြင့် သူက အခြားသူများကို အနိုင်ကျင့်ရန် သူဖခင်၏ အရှိန်အဝါနှင့် ဩဇာပေါ် အမှီပြုခဲ့ပေမယ့် ယခုအခါမှာတော့ သူ့ဖခင်၏ အရှိန်အဝါက အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
"ကဲ… အခု သွားကြစို့…"
လင်ရှောင်းထင်က မစ္စတာဝူကို အရေးမလုပ်ပဲ ကုနင်းနှင့်အတူ ထွက်သွားချင်ခဲ့သည်။ မစ္စတာဝူက တောင်းပန်ပြီးပြီ ဖြစ်သောကြောင့် ဤနေရာတွင် သူတို့ အချိန်ဖြုန်းဖို့ မလိုတော့ပေ။
သူတို့ကို မည်သူမျှ မတားရဲသောကြောင့် သူတို့သည် ကားကို မောင်းထွက်လာခဲ့ကြသည်။
မန်နေဂျာဟူလည်း ပြဿနာတက်မည် မဟုတ်သောကြောင့် စိတ်သက်သာရာရသွားခဲ့သည်။ မစ္စတာဝူ သည် ကုနင်းနှင့် လင်ရှောင်းထင်တို့ သူ့မြင်ကွင်းမှ ထွက်သွားသည်ကို ကြည့်နေခဲ့ပေမယ့် သူကတော့ မလှုပ်နိုင်သေးပေ။
ခဏကြာပြီးနောက် လူနာတင်ကား ရောက်လာခဲ့ပြီး မစ္စတာဝူကို ဆေးရုံသို့ ပို့လိုက်လေတော့သည်။
…
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ဟိုတယ်တွင် မတည်းခိုမီ အတူတူ
စားသောက်ခဲ့ကြသည်။
ထိုညတွင် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် စိတ်မပါသောကြောင့် အတူမအိပ်ဖြစ်ကြပေ။ ခွန်းလွန်တောင်နား သူတို့နီးလာသောအခါ သူတို့ အလွန် ဝမ်းနည်းခဲ့ကြပြီး ငရဲတံခါးသို့ သူတို့ ဝင်ပြီးနောက် ဖြစ်လာမည့်အရာနှင့်ပတ်သက်ပြီး တွေးနေခဲ့ကြသည်။
ကုနင်းက ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်ခြင်း ရှိမရှိဆိုသည့်အကြောင်းကို လင်ရှောင်းထင်က အများဆုံး စိတ်ပူမိခဲ့သည်။ သူ၏မိခင် ယခုအချိန်ထိ အသက်ရှင်ဆဲ ရှိမရှိဆိုသည်က မသေချာ ပေ။ သူ၏မိခင် အမှန်တကယ် သေဆုံးသွားခဲ့လျှင်တောင်မှ သူ့အမေ သေဆုံးသည်မှာ ဘာပဲဖြစ်ဖြစ် (၁၂) ကျော်ပြီဖြစ်သောကြောင့် သူ တည်ငြိမ်နေပြီဖြစ်သည်။ သို့သော် ကုနင်းက ကျင့်ကြံသူတစ်ယောက် ဖြစ်မလာနိုင်ခဲ့ပါက ၎င်းသည် သူတို့၏အနာဂတ်ကို ဆိုးရွားစွာ ထိခိုက်စေမှာဖြစ်သည်။
ထိုညတွင် သူတို့ကောင်းကောင်း မအိပ်ခဲ့ကြပေမယ့် သူတို့ တက်ကြွနေခဲ့ကြသည်။ နောက်ရက်တွင် သူတို့ မနက်(၇)နာရီ ထပြီး ခွန်းလွန်တောင်သို့ ထွက်ခွာလာခဲ့တော့သည်။
ခွန်းလွန်တောင်က မြင့်မားပြီး အေးသောကြောင့် ကုနင်းသည် သူမ၏
စိတ်စွမ်းအင်အာကာပြင်ထဲတွင် ဆောင်းရာသီအဝတ်အစားများကို ပြင်ဆင်ထားခဲ့သည်။
အချိန် တစ်နာရီခွဲမျှကြာပြီးနောက် သူတို့ ရောက်ရှိလာခဲ့သည်။ သူတို့က အလွန်စောစီးစွာ ထွက်လာခဲ့ကြသောကြောင့် ထိုနေရာတွင် လူများစွာ မရှိခဲ့ပေ။
လူအများစုသည် ငရဲတံခါးအပြင်ဘက်တွင်နေကြပြီး ခရီးသည်အနည်းငယ်သာ ၎င်းကို ဝင်ရဲကြသည်။ တကယ်တော့ ၎င်းက အန္တရာယ်ရှိသော နေရာတစ်ခုဖြစ်သည်။ လင်ရှောင်းထင်၏ မိဘများသည် ရာဇဝတ်သားတစ်ယောက်ကို လိုက်ဖမ်းချိန်တွင် ချောက်ကမ်းပါးမှ ကျခဲ့ခြင်းဖြစ်သည်။ သူတို့က ကျွမ်းကျင်သော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသော်လည်း ကံမကောင်းစွာဖြင့် သူတို့၏ အသက်များကို ဆုံးရှုံးခဲ့ကြသည်။ ထို့အပြင် သူ့မိဘများ၏ ရန်သူက အလွန်သန်မာသူဖြစ်သည်။
အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ကြည့်သောအခါ ငရဲတံခါးဝက မည်မျှ အန္တရာယ်ရှိသည်ဆိုခြင်းကို မည်သူမျှ အတိအကျ မသိခဲ့ကြပေ။
***
အခန်း ၁၅၆၉ လင်ရှောင်းထင် မိဘများ သေဆုံးမှု၏ အမှန်တရား
ခွန်းလွန်တောင်တွင် နေထိုင်သော သိုးထိန်းများသည် သူတို့တွင် မြက်ပင်များ မရှိသောကြောင့် ဂိုဘီသဲကန္တာရတွင် သူတို့၏ ကျွဲနွား တိရစ္ဆာန်များနှင့် သိုးများကို အငတ်ထားရမှာထက် စိမ်းလန်းစိုပြေပြီး ရှေးကျကာ တိတ်ဆိတ်နက်ရှိုင်းသော ခွန်းလွန် တောင်ကြားကို ထိုတိရစ္ဆာန်များအား ဝင်ခွင့်ပြုထားခဲ့သည်။ အကြောင်းမှာတော့ ဤတောင်ကြားသည် ဝံပုလွေအမွေး၊ ဝက်ဝံအရိုးများ၊ မုဆိုး၏စတီးသေနတ်များ၊ လူသူကင်းမဲ့သော တောင်ကုန်းများနှင့် ထီးတည်းချည်းဖြစ်နေသော သင်္ချိုင်းအုတ်ဂူများဖြင့် လွှမ်းခြုံထားသော သေမင်းတောင်ကြားတစ်ခုဖြစ်သောကြောင့် ကြောက်မက်ဖွယ်ကောင်းသော သေမင်း၏ ထွက်သက်ဝင်သက်ကို ကမ္ဘာသို့ သယ်ဆောင်ပေးနေခဲ့သည်။
ထိုနေရာတွင် ဒုက္ခပေးသော ဝိဉာဉ်များ (သို့မဟုတ်) ဧရာမသတ္တဝါကြီးများ ရှိကောင်းရှိနိုင်သည်ဟု ကုနင်းတွေးခဲ့ပြီး ၎င်းက သူမ၏အမြင်တွင် ပို၍ ယုတ္တိရှိလေသည်။ သို့သော် ၎င်းက ပထဝီသံလိုက်သတ္တိ အပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲ၊ မြေအနေအထား အပြောင်းအလဲ နှင့် ထိုကဲ့သို့ အန္တရာယ်များသော နေရာတစ်ခုကို ဖြစ်ပေါ်စေသည့် အခြားသော အချက်များစွာ ကြောင့်သာ ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ခဲ့ကြသည်။
၎င်းက မမှားပေ။ ငရဲတံခါးဝက တကယ်တော့ ရာသီဥတု အပြောင်းအလဲမြန်သော နေရာတစ်ခုဖြစ်ပြီး မြေအနေအထားက တောင်များ၊ ချောက်ကမ်းပါးများ၊ တောင်ကြားများ၊ ရွှံ့ဗွက်အိုင်များနှင့် ရေအိုင်များဖြင့် ကြမ်းတမ်းပြီး အန္တရာယ်များလှပေသည်။
တောင်ထွတ်များ၊ တောင်ကြားများနှင့် ရေအိုင်များကို သူတို့ အလွယ်တကူ မြင်နိုင်သောကြောင့် နှစ်လိုဖွယ်ကောင်းလှပေမယ့် ရွှံ့ဗွက်အိုင်များကတော့ အလွန် အန္တရာယ်များလှပေသည်။ သတိမထားမိခဲ့သော် ထိုအိုင်ထဲသို့ ခြေလှမ်း လှမ်းလိုက်မိသည်နှင့် ရုန်းထွက်ရန် ခက်ခဲမည်ဖြစ်သည်။
ထို့ကြောင့် ကုနင်းက နွံအိုင်များကို ရှောင်ရှားရန်အတွက် လမ်းတလျှောက်တွင် မြေပြင်ပြင်အောက်ရှိ အရာများကို ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်လုံးများကို အသုံးပြုခဲ့သည်။
သူတို့ ပိုအတွင်းပိုင်းကျသော နေရာသို့ ရောက်လာသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့မှာ သူတို့၏ ကားကို ထားခဲ့ပြီး လမ်းစလျှောက်ရမှာဖြစ်သည်။
ရှည်လျားသော အကွာအဝေးကို လမ်းလျှောက်ခြင်းက အတော်လေး ကျင့်သားရနေပြီဖြစ်သောကြောင့် သူတို့အတွက် အခက်အခဲမရှိလှပေ။
သူတို့ ကား၏အပြင်သို့ ထွက်လာပြီးနောက် ကုနင်းက ၎င်းကို သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲသို့ ထည့်လိုက်သည်။ သူတို့အနီး၌ မည်သူမှ မရှိသောကြောင့် ကုနင်းက လုံးဝ မစိုးရိမ်ခဲ့ပေ။
လင်ရှောင်းထင်က သူမ၏ စိတ်စွမ်းအင်အာကာပြင်ကို သိပြီးပေမယ့် ၎င်းကို သူ မျက်မြင်တွေ့လိုက်ရချိန်၌ အံ့အားသင့်ဆဲပင် ဖြစ်သည်။
သူတို့၏ လိုရာခရီးကိုရောက်ရန် နာရီဝက်နီးပါး ခြေလျင်လျှောက်ခဲ့ကြပြီး လမ်းမှန်ပေါ်ရှိနေကြောင်း သေချာစေရန် သူတို့၏မြေပုံကို ကြည့်ဖို့ လိုအပ်ခဲ့သည်။ သူတို့သည် ကံမကောင်းစွာဖြင့် ချောက်ကမ်းပါးနေရာအတိအကျအစား မြေပုံမှ ခန့်မှန်းခြေ တည်နေရာကိုသာ သိနိုင်ခဲ့ကြသည်။
လင်ရှောင်းထင်တွင် မတော်တဆမှုထိခိုက်မှုမြင်ကွင်း၏ ဓာတ်ပုံဟောင်းများစွာ ရှိသော်လည်း (၁၂)နှစ်ကျော် ကုန်လွန်သွားသော ကြောင့် ယခုအခါ အရာရာတိုင်းက ကွဲပြားသွားခဲ့ပြီဖြစ်သည်။ ကုနင်းတွင် ကျောက်စိမ်းမျက်လုံးတစ်စုံ ရှိသော်လည်း တိကျသော ချောက်ကမ်းပါးနေရာကို ရှာဖွေရန်အတွက် သူတို့သည် အချိန်များစွာ ကြာနေဆဲဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် ထိုနှစ်က မတော်တတဆမှုဖြစ်ပွားခဲ့သောနေရာကို ရှာတွေ့ခဲ့ကြသည်။
သူတို့ ခဏမျှ လျှောက်လာခဲ့ပေမယ့် အသုံးဝင်သော ဘာတစ်ခုကိုမှ ရှာမတွေ့ခဲ့ပေ။ သို့သော် သူတို့ ချက်ချင်း ထွက်မသွားခဲ့ကြပေ။ ထိုအစား လင်ရှောင်းထင်၏ မိဘများအား ပူဇော်ရန်အတွက် ဖယောင်းတိုင်များနှင့် ငွေစက္ကူများကို သူတို့ ထုတ်ယူလိုက်ကြသည်။
"မစ္စတာလင်… မစ္စလင်… ကျွန်မက ရှင်တို့ရဲ့ ချွေးမပါ။ ရှောင်းထင်နဲ့ ကျွန်မ ဒီနေ့ အလည်လာတာပါ။" ဟု ကုနင်းက ပြောလိုက်သည်။
လင်ရှောင်းထင်က တိတ်ဆိတ်နေဆဲဖြစ်သော်လည်း ထိုအချိန်၌ သူ အတော်လေး ဝမ်းနည်းနေခဲ့သည်။
"မစ္စတာလင် … မစ္စလင်ရဲ့ အထောက်အထားအစစ်အမှန်ကို ကျွန်မတို့ စုံစမ်းလို့ရထားလို့ သူအသက်ရှင်နေသေးလားဆိုပြီး ကျွန်မ စိုးရိမ်မိတယ်။ ပြီးတော့ ကျွန်မတို့…" ဟု ကုနင်းက ဆက်ပြောလိုက်သည်။
သို့သော် သူမ ပြီးဆုံးအောင် မပြောနိုင်မီ မီးတောက်များက ရုတ်တရက် မြင့်တက်လာသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့ အံ့အားသင့်သွားခဲ့ကြသည်။
ထို့နောက် ကုနင်းက ချက်ချင်းရပ်လိုက်ပြီး လင်ရှောင်းထင်ကို ဖျတ်ခနဲကြည့်လိုက်သည်။ သူတို့က ၎င်းကို နားမလည်ဘဲ တိုက်ဆိုင်မှုတစ်ခုအဖြစ်သာ မှတ်ယူလိုက်ကြသည်။
"ရှောင်းထင်ရဲ့ အမေ တကယ်အသက်ရှင်နေသေးတယ်ဆိုရင် ကျွန်မတို့ တကယ် …"
ကုနင်း ထပ်ပြောလိုက်သောအခါ မီးတောက်များက ရုတ်တရက် ထပ်၍ မြင့်တက်လာခဲ့ပြန်သည်။
ထိုအခါ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ၎င်းက တိုက်ဆိုင်မှုတစ်ခု
မဖြစ်နိုင်မှန်းကို သဘောပေါက်သွားတော့သည်။ ၎င်းက တစ်ခုခုအတွက် သဲလွန်စတစ်ခု ဖြစ်ရမည်။
၎င်းကို သေချာအောင် ပြုလုပ်ရန် လင်ရှောင်းထင်က သူ့ကိုယ်သူ စိတ်ငြိမ်အောင် လုပ်လိုက်ပြီး မပြောမီ သူ၏လည်ချောင်းကို ရှင်းလိုက်လေသည်။
"အဖေ… ကျွန်တော် ရှောင်းထင်ပါ။ ဒီနေ့ အဖေ့ဆီကို သားလာလည်တာပါ။ အမေအသက်ရှင်နေသေးတယ်ဆိုတာကို ကျွန်တော် သံသယဖြစ်မိတယ်။ အဖေ ကျွန်တော်ပြောတာကို ကြားတယ်ဆိုရင် အမေ့ကိုရှာဖို့ ကျွန်တော်တို့ကို ကျေးဇူးပြုပြီး ကူညီပေးပါ။"
လင်ရှောင်းထင် ပြော၍ပြီးသည်နှင့် မီးတောက်များက တဖန် မြင့်တက်လာခဲ့ပြီး မီးထဲတွင် ထူးဆန်းသော ပုံရိပ်များ ပေါ်လာခဲ့ သည်။
ပုံရိပ်များတွင် ပုံဖျက်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက အနက်ရောင်ဝတ်ရုံ ဝတ်ထားသော အခြားလူတစ်ယောက်ကို တိုက်ခိုက်နေကြသည်။ ပုံရိပ်များက ရေးရေးမျှသာ
ဖြစ်သောကြောင့် သူတို့၏ မျက်နှာများကို သူတို့ မမြင်နိုင်ပဲ ပုံဖျက်ထားသော လူကို အနက်ရောင်ဝတ်ရုံ ဝတ်ထားသောလူက ချောက်ကမ်းပါးမှ အတင်း ခုန်ချခိုင်းခဲ့သည်။
အမျိုးသမီးက သူ့ကို လှမ်းဆွဲရန် ကြိုးစားခဲ့ပေမယ့် အနက်ရောင်ဝတ်ရုံ ဝတ်ထားသောလူက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးများနှင့်အတူ မြေမှုန့်များကိုပါ လေထဲသို့ ချက်ချင်း လွှတ်ထုတ်လိုက်လေသည်။
ထို့နောက် ပြင်းထန်သောမုန်တိုင်းက အလျင်အမြန် ဝှေ့လာပြီး အမျိုးသမီးကို ကြီးမားသောအင်အားဖြင့် တိုက်ခိုက်တော့သည်။
အမျိုးသမီးက ကြိုတင်မပြင်ဆင်ခဲ့သောကြောင့် မြောက်မြားလှစွာသော ကျောက်တုံးများက သူမ၏ ခန္ဓာကိုယ်အား ဖောက်ဝင်သွားပြီး နောက် ချက်ချင်းပင် ချောက်ကမ်းပါးမှ ပြုတ်ကျသွားတော့သည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လူ၏
ရက်စက်သော မျက်လုံးအစုံကို ကုနင်း ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ သူ၏ညာဘက်မျက်လုံးအောက်ဘက်ထောင့်တွင် ကြီးမားသော မှဲ့တစ်လုံးရှိပေမယ့် သူ၏မျက်နှာကိုတော့ သူမ မမြင်နိုင်ခဲ့ပေ။
နောက်တစ်စက္ကန့်တွင် ခန္ဓာကိုယ်နှစ်ခုက ချောက်ကမ်းပါးအောက်တွင် လဲလျောင်းနေခဲ့ပြီ ဖြစ်လေသည်။ သူတို့နှစ်ယောက်လုံးက ပတ်ဝန်းကျင်နှင့်တစ်သားတည်း ထင်ရအောင် ပုံဖျက်ထားခဲ့ကြသည်။
အမျိုးသားဖြစ်သူက ပက်လက် လဲလျောင်းနေခဲ့ပြီး အမျိုးသမီးကတော့ မှောက်လျက် လဲလျောင်းနေခဲ့သည်။
ခဏကြာပြီးနောက် ပုံရိပ်ထဲသို့ လူတစ်ယောက် ဝင်လာပြီး အမျိုးသမီးဖြစ်သူကို အခြားအလောင်းဖြင့် အစားထိုးလိုက်သည်။
ထိုအရာက ပုံရိပ်များ၏ အဆုံးသတ် ဖြစ်ခဲ့သည်။
ကုနင်းက သူတို့၏ မျက်နှာများကို အစမှ အဆုံးတိုင် မမြင်နိုင်ခဲ့သော်လည်း ကိုယ်ယောင်ဖျောက်ကာ ပုံဖျက်ထားကြသော အမျိုးသားနှင့် အမျိုးသမီးက လင်ရှောင်းထင်၏ မိဘများဖြစ်မည် ဆိုခြင်းကို သူမ သေချာသိခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ်ထားသော လူကတော့ သူ၏အင်္ကျီလက်ကို
ဝှေ့ယမ်းလိုက်ယုံဖြင့် ဖုန်မှုန့်များ၊ ကျောက်တုံးများနှင့်အတူ ပြင်းထန်သော မုန်တိုင်းတစ်ခုကို လွယ်ကူစွာ ဖြစ်ပေါ်နိုင်သော ကြောင့် သူက ရိုးတော့ မရိုးပေ။
သူက စီနီယာကျင့်ကြံသူတစ်ယောက် ဖြစ်ရမည်ဟု ကုနင်း ယုံကြည်ခဲ့သည်။ ထိုလူက သူတော်စင်ကျင့်ကြံရေး (သို့မဟုတ်) နတ်ဆိုးကျင့်ကြံရေးမှ အဖွဲ့ဝင်တစ်ယောက် ဟုတ်မဟုတ်ဆိုခြင်းကို သူမ မသိခဲ့ပေမယ့် သူ့ရဲ့ညာဘက်မျက်လုံးအောက်မှ မှဲ့ကြီးကိုတော့ သူမ မှတ်မိသွားပြီဖြစ်သည်။ ထို့ကြောင့် သူ့ကို သူမတွေ့တာနဲ့ မှတ်မိနိုင်မည်ဟု သူမ ယုံကြည်မှု ရှိခဲ့သည်။
***
အခန်း ၁၅၇၀ ရင်းနှီးသော အရသာ…
ယွင်ယောင်၏ ခန္ဓာကိုယ်ကို အခြားခန္ဓာကိုယ်နှင့် အစားထိုးခဲ့သောလူက လင်ရှောင်းထင်၏ မိဘများအား သတ်ခဲ့သူမဟုတ်ကြောင်းကို ကုနင်း သေချာသိပေမယ့် သူတို့က တစ်ဖွဲ့ထဲ ဟုတ်မဟုတ်ကိုတော့ မသိရသေးပေ။
၎င်းက ရှုပ်ထွေးတော့သည်။ ယွင်ယောင်၏ ခန္ဓာကိုယ်ကို ယူသွားခဲ့လျှင်တောင်မှ ၎င်းက သူမ အသက်ရှင်နေသေးသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ယွင်ယောင်က လင်ရှောင်းထင်၏ဖခင်ကို သစ္စာမဖောက်ခဲ့ပေ။ ထိုအစား သူမက လင်ရှောင်းထင်၏ဖခင်ကို ကယ်တင်လိုသောကြောင့် သူတို့၏ရန်သူက သူမအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် ယွင်ယောင်က လင်ရှောင်းထင်၏ ဖခင်အား ကယ်တင်ရန် မကြိုးစားခဲ့လျှင် သူမ အဆင်ပြေမှာဖြစ်သည်။ သူ၏ဖခင်အသတ်ခံရလျှင်တောင်မှ သူတို့တွင် ငယ်ရွယ်သော သားတစ်ယောက်ရှိသောကြောင့် ယွင်ယောင်သည် ကိုယ့်ကိုယ်ကို သတ်သေမည် မဟုတ်ပေ။ သူတို့နှစ်ယောက်စလုံး အသတ်ခံခဲ့ရလျှင် သူတို့သားက ဘယ်လိုလုပ်မလဲ…
ရုပ်ပုံများကိုကြည့်ပြီးနောက် ကုနင်းမှာ ကြက်သေသေသွားတော့ သည်။ ကံမကောင်းစွာဖြင့် လင်ရှောင်းထင်၏ ကျင့်ကြံခြင်းက ယခုအချိန်၌ အဆင့်နိမ့်သောကြောင့် အဖြစ်အပျက်ကို သူ မမြင်နိုင်ခဲ့ပေ။
ယခုအချိန်၌ သူမ၏ မျက်လုံးရှေ့တွင် အဖြစ်အပျက်က ဘာကြောင့် ပေါ်လာသည်ဆိုခြင်းကို ကုနင်း နားမလည်ခဲ့ပေမယ့် လင်ရှောင်းထင်၏ မိဘများကို သတ်ခဲ့သူနှင့် ယွင်ယောင်၏ အလောင်းကို သယ်သွားသူအားရှာဖို့ သူမ ဆုံးဖြတ်လိုက်သည်။
ယွင်ယောင် ၏အလောင်းအား သယ်သွားသောလူကို သူတို့ ရှာတွေ့သည်နှင့် သူမ အသက်ရှင်နေဆဲ ဟုတ်မဟုတ်ကို သူတို့ သိနိုင်မည်ဖြစ်သည်။ ယွင်ယောင်က အသက်ရှင်နေဆဲဖြစ်လျှင် သူတို့အား သတ်ခဲ့သူကို သူတို့ သိကြမည် ဖြစ်သည်။
ဤမျှ ကြီးမားလှသော ကမ္ဘာတစ်ခုတွင် လူစိမ်းတစ်ယောက်ကို ရှာဖို့က အလွန်ခက်ခဲကြောင်းကို ကုနင်းသိပေမယ့် ယခု သူတို့တွင် သဲလွန်စတစ်ခု ရှိနေပြီဖြစ်သည်။
ထို့ကြောင့် နှောင့်နှေးခြင်းမရှိပဲ ကုနင်းက လင်ရှောင်းထင်အား သူမ မြင်လိုက်ရသော အရာကို ပြောပြလိုက်သည်။
လင်ရှောင်းထင်သည် အဖြစ်အပျက်ကို ကြားပြီးနောက် တုန်လှုပ်အံ့ဩသွားတော့သည်။
ထို့နောက် စီနီယာကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် သူ မစောင့်နိုင်တော့ပေ။ ထို့ကြောင့် ကျင့်ကြံခြင်းကမ္ဘာထဲသို့ ဝင်ပြီး သူ့မိဘများအား သတ်ခဲ့သူကို ရှာဖွေတော့သည်။ သူ၏မိခင်ဖြစ်သူက အသက်ရှင်လျှက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုလူသည် တစ်ချိန်က သူ့မိခင်အား သတ်ခဲ့သူသာဖြစ်သည်။
"ရှောင်းထင်… ရှင့်အမေ အသက်ရှင်သေးတယ်ဆိုရင် ကျွန်မတို့ သူ့ကို အနှေးနဲ့အမြန်ရှာပြီး အဲ့ဒီလူကို ကလဲ့စားချေရမယ်။ ရှင့်ရဲ့ ကျင့်ကြံတာကို မလောသင့်ဘူး။ မဟုတ်ရင် ကိုယ့်ကိုယ်ကို ထိခိုက်နိုင်တယ်။"
ကုနင်းက လင်ရှောင်းထင်အား ပြောပြီး သူ့ကို စဉ်းစဉ်းစားစားလုပ်ရန် သတိပေးခဲ့သည်။
"အင်းပါ။" လင်ရှောင်းထင် ခေါင်းညိတ်လိုက်သည်။
သူတို့သည် ထိုနေရာတွင် အချိန်အတော်ကြာနေခဲ့ပြီးနောက် ထွက်လာခဲ့ကြသည်။
ယွင်ယောင်၏အလောင်းကို ယူသွားသဖြင့် သူမသည် ယခုအခါ ခွန်းလွန်တောင်တွင် ရှိနေမည် မဟုတ်ပေ။
ထိုစဉ် ကုနင်းသည် သူမ၏အိပ်မက်ကို ရုတ်တရက် သတိရသွားခဲ့သည်။ အိပ်မက်က မှန်ပြီး အမျိုးသမီးက တကယ်သာ ယွင်ယောင် ဖြစ်ခဲ့လျှင် ၎င်းက အကောင်းဆုံးရလဒ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ဧည့်သည်အချို့သည် ငရဲတံခါးဝ၏အနားသို့ ရောက်လာသော်လည်း သူတို့မည်သူမှ အထဲသို့ မလျှောက်ရဲခဲ့ကြပေ။ ထို့ကြောင့် ကားမောင်းထွက်လာသောအခါ သူတို့အားလုံး အံ့ဩသွားတော့သည်။
"ဘုရားရေ… သူတို့ အဲ့ဒီထဲကို သွားကြတယ်… သူတို့က သတ္တိရှိလိုက်တာ။"
"အင်း… ဒါပေမယ့် သူတို့ အဝေးကြီးတော့ သွားမယ်လို့ ငါမထင်ဘူး… မဟုတ်ရင် သူတို့ပြန်ထွက်လာဖို့ လွယ်မှာ မဟုတ်ဘူး။"
"ဖြစ်နိုင်ပါတယ်… ဒါပေမယ့် သူတို့ တော်တော် ကံကောင်းကြ တယ်။"
“…”
ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ကြီးမြတ်သောနတ်ဘုရား၏ ဘုံဗိမာန်ရှိရာသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့ကြသည်။
ငရဲတံခါးဝနှင့် ကြီးမြတ်သောနတ်ဘုရား၏ဘုံဗိမာန်ကြားတွင် ရှည်လျားသော အကွာအဝေးရှိပေမယ့် လမ်းတလျှောက်ရှိ လှပသော တောင်တန်းရှုခင်းများက သူတို့အား သာယာကြည်နူးစေခဲ့သည်။
ခွန်းလွန်တောင်က ကုန်းပြင်မြင့်တစ်ခုဖြစ်သည်။ ၎င်းသည် ခပ်လှမ်းလှမ်းမှ ကြည့်လျှင် တောင်တစ်လုံးဖြစ်ပေမယ့် အဝေးမှကြည့်လျှင် အေးမြသောကန္တာရတစ်ခုပုံမျိုး ဖြစ်နေခဲ့သည်။ ထို့ကြောင့် အဝေးမှကြည့်လျှင် မြင့်မားပြီး ခံညားထည်ဝါသော ခွန်းလွန်တောင်က ကမ္ဘာပေါ်ရှိ မည်သည့်အရာနှင့်မှမတူဘဲ နှင်းဖုံးနေသော မျှော်စင်ထိပ်များက ပို၍ပင်ထည်ဝါပြီး မြင်သာတော့သည်။
သူတို့ ငရဲတံခါးဝသို့ ထွက်လာခဲ့သော အချိန်က နေ့လည်(၁၂)နာရီနီးပါး ဖြစ်သောကြောင့် လမ်းတစ်ဝက်ရှိ မြို့ငယ်တစ်ခုတွင် သူတို့ ထမင်းစားခဲ့ကြသည်။
၎င်းက မြို့ငယ်လေးတစ်မြို့ ဖြစ်သော်လည်း ထူးကဲသော ပတ်ဝန်းကျင် ရှိခဲ့သည်။
ကုနင်းနှင့် လင်ရှောင်းထင်က ဆွဲဆောင်မှုရှိသော စားသောက် ဆိုင်ငယ်တစ်ခုဆီသို့ သွားခဲ့ကြသည်။ ဆိုင်က မကြီးပေမယ့် အတော်လေး လူကြိုက်များလေသည်။ ဆိုင်ထဲတွင် စားပွဲဝိုင်း (၁၀)ခုနီးပါး ရှိပြီး (၈)ခုမှာ လူပြည့်နေပြီဖြစ်သည်။
သာမန်အားဖြင့် မနက်ခင်းတွင် အပြင်၌ ထမင်းစားသောသူက အနည်းငယ်သာ ရှိပေမယ့် ဤစားသောက်ဆိုင် သေးသေးလေးကတော့ ဤအချိန်မှာ စည်ကားနေပြီဖြစ်သည်။
ကုနင်းနှင့် လင်ရှောင်းထင်က စားပွဲလွတ်တစ်ခုတွင် ထိုင်လိုက်ကြသည်။ ကုနင်းက သန့်စင်ခန်းသုံးရန် လိုအပ်သောကြောင့် လင်ရှောင်းထင်က အစားအသောက်များကို ကြိုမှာထားမည် ဖြစ်သည်။
လင်ရှောင်းထင် မီနူးကို ကောက်ကိုင်လိုက်ချိန်တွင် သူ အံ့အားသင့်သွားခဲ့သည်။
သူတို့က အနောက်မြောက်ပိုင်းဒေသတွင် ရှိနေကြသောကြောင့် အစားအစာက မြောက်ပိုင်းမှ အစားအစားများနှင့် အရမ်းကွာခြား သင့်ပေမယ့် မီနူးပေါ်တွင် ရေးထားသော ဟင်းပွဲများအားလုံးက မြောက်ပိုင်းမှ ဖြစ်နေခြင်းကို တွေ့ရသောကြောင့် လင်ရှောင်းထင် အံ့အားသင့်သွားခဲ့ရသည်။
အရေးအကြီးဆုံးမှာ ငယ်စဉ်ကလေးဘဝ အချိန်အတွင်းက သူ၏ အကြိုက်ဆုံးဖြစ်သော ဟင်းပွဲများစွာကို သူ တွေ့လိုက်ရခြင်းဖြစ်သည်။
ထိုဟင်းပွဲများက သူ့ကို ဝမ်းနည်းအောင်ပြုလုပ်ခဲ့ပြီး အတိတ်အချိန်တုန်းက သူ့အတွက် သူ၏မိခင်ဖြစ်သူ ချက်ပြုတ်ပေး ခဲ့သော ဟင်းပွဲများဖြစ်သောကြောင့် သူ မစားရသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သည်။
သူ့မိခင် သေဆုံးပြီးကတည်းက ထိုအရာများကို မေ့ပစ်ဖို့ သူ့ကိုယ်သူ အတင်းအကျပ် တမင်လုပ်ယူခဲ့ရသည်။ ၎င်းက သူ့ဘဝတွင် တားမြစ်ချက်တစ်ခုလိုဖြစ်ခဲ့ပြီး ၎င်းကို ကျော်ဖြတ်ဖို့ သူ အချိန်တော်ကြာ ယူခဲ့ရသည်။
ယခုအခါ သူ အလွန်ဆာလောင်နေပြီ ဖြစ်သောကြောင့် အရသာအကြောင်းကို သူ ဂရုမစိုက်ပဲ စားသာ စားချင်တော့သည်။ ထို့နောက် ဟင်းပွဲများစွာကို သူ အလျဉ်းသင့်သလို မှာယူလိုက်သည်။
ကုနင်း သန့်စင်ခန်းက ထွက်လာသောအခါ သူတို့ အတူတူ ထမင်းစားခဲ့ကြသည်။
လင်ရှောင်းထင်က အားလုံးပေါင်း ဟင်းပွဲငါးပွဲကို မှာယူထားခဲ့သည်။ သူက ပလုပ်ပလောင်းဖြင့် အားပါးတရ စားသောက်ပြီးနောက် ၎င်း၏ အရသာက အလွန်ရင်းနှီးလွန်းသောကြောင့် ခဏမျှ မင်သက်သွားခဲ့သည်။ ဟင်းပွဲများက သူ့အား သူ့အမေကို ထပ်ပြီး စဉ်းစားမိအောင် လုပ်ခဲ့လေသည်။
ထို့နောက်မှာတော့ လင်ရှောင်းထင်သည် အစားအစားများကို အားပါးတရ စားသောက်နေတော့သည်။
ထမင်းစားပြီးနောက် ကုနင်း နှင့် လင်ရှောင်းထင်တို့သည် သူတို့၏လမ်းကို ဆက်သွားခဲ့ကြသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အေပရွန်ဝတ်ထားသော အမျိုးသမီးတစ်ယောက်သည် စားသောက်ဆိုင်ငယ်၏ အပြင်ဘက်သို့ ထွက်လာပြီး သူတို့၏ကား ထွက်ခွာသွားခြင်းကို မျက်စိတဆုံး ကြည့်နေခဲ့သည်။
"ဘာမှားလို့လဲ ဘော့စ်…" ဟု အစောင့်တစ်ယောက်က မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ သူတို့ကို ကြည့်ရတာက နည်းနည်းထူးဆန်း တယ်လို့ ငါခံစားရလို့ပါ။" ဟု အမျိုးသမီးက ပြောလိုက်ပြီး စားသောက်ဆိုင်ငယ်ရှိရာသို့ ပြန်လျှောက်သွားတော့သည်။
***
အခန်း ၁၅၇၁ ခွန်းလွန်ဂိုဏ်း၏နေရာတွင် နေထိုင်သည်…
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် တစ်နာရီကြာ စားသောက်ခဲ့ကြပြီး နောက်တစ်နာရီအကြာတွင် ကြီးမြတ်သောနတ်ဘုရား၏ဘုံဗိမာန်ရှိရာသို့ သူတို့ ရောက်ရှိလာခဲ့သည်။
တကယ်တော့ ၎င်းက ခရီးရှည်တစ်ခု ဖြစ်ပေမယ့် လင်ရှောင်းထင်က အလွန်မြန်ဆန်စွာ မောင်းနှင်ခဲ့သောကြောင့် သူတို့ များစွာအချိန်ကုန် သက်သာခဲ့သည်။
ကြီးမြတ်သောနတ်ဘုရား၏ဘုံဗိမာန်က ကမ္ဘာလှည့်ခရီးသည်အား ဆွဲဆောင်သော နေရာတစ်ခု ဖြစ်သောကြောင့် ထိုနေရာတွင် လာရောက်လည်ပတ်သူများစွာ ရှိနေခဲ့လေသည်။
ထိုနေရာက သဘာဝအလျောက်ဖြစ်သော ကုန်းပြင်မြင့် ရေကန်တစ်ခု ဖြစ်သည်။ ၎င်းက ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ (၄၄၇၀)မီတာ မြင့်ပြီး အရှေ့မှအနောက်သို့အရှည်က မီတာ(၅၀၀၀) နီးပါး ကျယ်ဝန်းကာ အလွန် ကြီးမားလှပေသည်။ ထို့အပြင် ရေကန်၏ အနက်ဆုံးအပိုင်းက (၂၁.၉) မီတာ ရှိလေသည်။
ရေကန်ထဲရှိ ရေက ဆေးဆိုးထားသလို အစိမ်းရောင်ဖြစ်နေပြီး ကြည်လင်ကာ တလက်လက် တောက်ပနေတော့သည်။ ထိုနေရာတွင်ရေပျော်ငှက်များလည်း စုဝေးနေပြီး ကန်ရေပြင်ပေါ်တွင် ပျံသန်းကာ ဆော့ကစားနေကြသည်။
ထို့အပြင် ကြည်နူးဖွယ်ကောင်းသော လေပြေလေညင်းက လန်းဆန်းနေပြီး နေရာတိုင်းက ငြိမ်းချမ်းသော မြင်ကွင်းတစ်ခု ဖြစ်စေခဲ့သည်။
အရေးအကြီးဆုံးမှာ ကုနင်းသည် ဤနေရာတွင် မှော်စွမ်းအင်ကို အာရုံခံနိုင်ခဲ့ပေမယ့် ၎င်းက အတော်လေး အားနည်းနေခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် သူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စ များကို ဖြေရှင်းရန် လိုအပ်သောကြောင့် ကံမကောင်းစွာဖြင့် သူတို့ ကြာကြာမနေနိုင်ခဲ့ပေ။
ကြီးမြတ်သောနတ်ဘုရား၏ဘုံဗိမာန်က အတော်လေး ကြီးမားပေမယ့်သေးငယ်သော ထောင့်လေးတစ်ခု၌သာ ဧည့်သည်များအတွက် ဖွင့်လှစ်ပေးထားခဲ့သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် လေးနက်သော ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ လာခဲ့သောကြောင့် သူတို့တွင် လည်ပတ်ရန် ဆန္ဒ ရှိမနေခဲ့ပေ။
မြင်ကွင်းက ရင်သပ်ရှုမောဖွယ် ဖြစ်နေသော်လည်း ၎င်းကို ခံစားရန် သူတို့တွင် အချိန်မရှိခဲ့ကြပေ။ ယခုအခါ တောင်ထိပ်တွင် တည်ဆောက်ထားသော ခွန်းလွန် ဂိုဏ်းကို သူတို့ ရှာရမည်ဖြစ်သည်။
သို့သော် တောင်ထိပ်ပိုင်းက ကျယ်ပြန့်၍ ရှည်လျားပြီး သူတို့ မည်သည့်ဘက်သို့ သွားသင့်မှန်း မသိသောကြောင့် လူများသော နေရာကို စွန့်ခွာပြီး လမ်းပြရန် ကျောင်းလုံကို လွှတ်ရမည် ဖြစ်သည်။
လမ်းတလျှောက်တွင် ကုနင်းသည် ပတ်ဝန်းကျင်ကို လေ့လာရန် သူမ၏ ကျောက်စိမ်းမျက်လုံးများကို အသုံးပြုခဲ့ပေမယ့် အထူးတလည် ဘာမှ မတွေ့ခဲ့ရပေ။
သူမ၏ ကျောက်စိမ်းမျက်လုံးများအကူအညီဖြင့် တောင်အနှံ့ရှိ ခွန်းလွန်ဂိုဏ်း၏ နေရာကို ရှာဖွေရန် သူမ တုံ့ဆိုင်းခြင်း မရှိခဲ့ပေ။
၎င်းကို သူမ ချက်ချင်း ရှာမရလျှင်တောင်မှ ၎င်းက မရှိဘူးဟု မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် ကြီးမြတ်သောနတ်ဘုရား၏ ဘုံဗိမာန်က ကြီးမားလွန်းပြီး မြင်ကွင်းတွင် တောင်များစွာ ရှိနေသောကြောင့် ဖြစ်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် လူစုလူဝေးမှ လှမ်းလာသောအခါ ကုနင်းက ကျောင်းလုံကို လွှတ်ပေးလိုက်သည်။ သူမက ခွန်းလွန်ဂိုဏ်းကို ရှာတွေ့အောင် ကူညီပေးရန် ကျောင်းလုံကို ပြောလိုက်သည်။
လင်ရှောင်းထင်က ကျောင်းလုံကို မြင်ခဲ့သည်မှာ ပထမဆုံး အကြိမ် မဟုတ်သော်လည်း ၎င်းကို သူ ထပ်တွေ့ချိန်၌ ကြောက်ရွံ့မှုကို ခံစားရဆဲဖြစ်သည်။ ကျောင်းလုံသည် ၎င်းဝန်းကျင်ရှိ အားနည်းသော မှော်စွမ်းအင်ကို ခံစားလိုက်ရသောအခါ စိတ်ပျက်သွားတော့သည်။
"အင်း … ခုကာလက မှော်စွမ်းအင်က အတိတ်မှာရှိတဲ့ဟာနဲ့ ယှဉ်ဖို့ ခက်ခဲတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး အရမ်း စိတ်မကောင်း ဖြစ်ရတယ်။ "
" ခွန်းလွန် ဂိုဏ်းက ဘယ်နေရာမှာလဲ?" ဟု ကုနင်းက မေးလိုက်သည်။
"ငါ့ကို ပတ်ဝန်းကျင်အရင်ကြည့်ခွင့်ပေး။” ဟု ကျောင်းလုံ က ပြောလိုက်သည်။
"ရပါတယ်…"
ကုနင်းက ခေါင်းညိတ်လိုက်သည်။ ကျောင်းလုံသည် အပေါ်သို့ တက်ခါနီးအချိန်တွင် အကြံတစ်ခုပေါ်လာကာ ကုနင်းကို ပြောလိုက်သည်။
"မင်း ဘာလို့ ငါ့ပေါ်မှာ မထိုင်တာလဲ၊ ငါမင်းကို တောင်ထိပ်ကို ခေါ်သွားပြီးတော့ မင်းအတွက် ခွန်းလွန်ဂိုဏ်းရဲ့နေရာကို ပြပေးမယ်။"
ကုနင်းသည် ၎င်းက အကြံကောင်းတစ်ခုဖြစ်သောကြောင့် တောင်ခြေ၌ သူမအားစောင့်ရန် လင်ရှောင်းထင်အား ပြောလိုက်ပြီး ကျောင်းလုံ၏ ခန္ဓာကိုယ်ပေါ်သို့ တက်လိုက်သည်။
ကျောင်းလုံက လျင်မြန်စွာ လှုပ်ရှားသွားပြီး မကြာမီ တောင်ထိပ်သို့ ရောက်ရှိသွားခဲ့သည်။ တောင်ထိပ်၌ ကျယ်ပြန့်သော မြင်ကွင်းရှိပြီး ကြီးမြတ်သောနတ်ဘုရား၏ဘုံဗိမာန်ကို မြင်ရလေသည်။
ကျောင်းလုံက ခဏမျှ အာရုံစိုက်လိုက်ပြီးနောက် ခွန်းလွန်ဂိုဏ်း၏ ဦးတည်ရာဘက်ကို သေချာအောင် ပြုလုပ်လိုက်သည်။ သို့သော် ခန့်မှန်းခြေတည်နေရာကိုသာ မြင်နိုင်ပြီး အဆောက်အဦးများကိုမူ မမြင်နိုင်ခဲ့ပေ။
မြင့်မားသော တောင်များက တစ်ခုပြီးတစ်ခုဆက်ကာ သွယ်တန်းနေသောကြောင့် သူတို့၏မြင်ကွင်းထဲတွင် အားလုံးက အဖြူရောင်များဖြစ်နေတော့သည်။
ခွန်းလွန်ဂိုဏ်း၏ နေရာက ယခု သူတို့ရှိနေသော နေရာနှင့် အလှမ်းဝေးကာ လေယာဉ်မရှိသဖြင့် ထိုနေရာသို့ ခြေလျင်ဖြင့် သွားရောက်ရန်က အလွန်ကြာမြင့်မှာဖြစ်ပြီး တောင်များပေါ်သို့လည်း သူတို့ တက်ရမှာဖြစ်သည်။
တောက်တက်လမ်းကို သူတို့ရှောင်ချင်လျှင် သူတို့ ပိုဝေးသောလမ်းကို ရွေးရမှာဖြစ်သည်။
ယခင်တုန်းက ခွန်းလွန်ဂိုဏ်း၏ စီနီယာအဖွဲ့ဝင်များက အပြင်ထွက်ပြီးသောအခါ သူတို့၏ ဓားပျံများကိုစီးကာ ပြန်လာခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ခွန်းလွန်ဂိုဏ်းတွင် စီနီယာကျင့်ကြံသူများ,များစွာ ရှိလေသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့က အချိန်ကြာလွန်းသောကြောင့် လမ်းလျှောက်သွားမည် မဟုတ်ပေ။ ထိုနေရာတွင် လေယာဉ်လည်း မရှိသောကြောင့် သူတို့ မောင်း၍ မရနိုင်ပေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကျောင်းလုံကို အားကိုးရန် သူတို့ လိုအပ်ခဲ့သည်။
ကျောင်းလုံသည် သူ့ကိုယ်သူ နဂါးတစ်ကောင်အဖြစ်သို့ မပြောင်းမီ မပျံနိုင်ပေမယ့် ခုန်တော့ ခုန်နိုင်ခဲ့သည်။ ၎င်းခုန်လိုက်ချိန်တွင် သိပ်မဝေးသော အကွာအဝေးကို ပျံနိုင်ခဲ့သည်။ ထို့ကြောင့် ကုနင်းနှင့် လင်ရှောင်းထင်နှစ်ယောက်စလုံးက ကျောင်းလုံ၏ ခန္ဓာကိုယ်ပေါ်သို့ တက်လိုက်သောအခါ သူတို့သွားမည့်နေရာသို့ တတ်နိုင်သမျှ ခုန်တက်သွားတော့သည်။
ကျောင်းလုံက အထက်နှင့်အောက်ကို ထပ်တလဲလဲ နိမ့်ချည်မြင့်ချည် ရွေ့လျားခဲ့သောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့မှာ ရိုလာကိုစတာ စီးသလို ခံစားခဲ့ရပြီး အတော်လေး စိတ်လှုပ်ရှားနေခဲ့ရသည်။
လမ်းတွင် သူတို့သည် ယုန်များနှင့် တိုးခဲ့ပြီး သူတို့၏ ညစာအတွက် တစ်ကောင်လောက် ဖမ်းပေးဖို့ ကျောင်းလုံကို ကုနင်းက ပြောလိုက်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ယနေ့ပြန်ရန် အစီအစဉ် မရှိသဖြင့် ခွန်းလွန်ဂိုဏ်းနေရာတွင် ရက်ပေါင်းများစွာ ကြာကြာနေရန် ဆုံးဖြတ်ထားကြသည်။
ခွန်းလွန်ဂိုဏ်း၏ နေရာက နှစ်ပေါင်းများစွာကြာအောင် နေရာလွတ် ဖြစ်နေခဲ့ပြီး နေထိုင်ရန် သက်သောင့်သက်သာ မရှိသော်လည်း ၎င်းက လေဒဏ်မိုးဒဏ်မှ သူတို့ကို ကာကွယ်ပေးနိုင်ခဲ့သည်။ ကုနင်း၏ စိတ်စွမ်းအင်အာကာပြင် ထဲတွင် ဂွမ်းကပ်အိပ်ယာခင်းတစ်ခုရှိသောကြောင့် သူတို့ ယနေ့ည မည်သို့အိပ်ရမည်ဆိုခြင်းကို စိတ်ပူစရာ မလိုခဲ့ပေ။
ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် အိုးများနှင့် ဟင်းခတ်အမွှေးအကြိုင်များပင် ရှိသောကြောင့် နောက်ပိုင်း ချက်စားနိုင်မည် ဖြစ်သည်။
ကျောင်းလုံသည် ယုန်တစ်ကောင်ကို အလွယ်တကူ ရရှိခဲ့သည်။
***
အခန်း ၁၅၇၂ မှော်ပစ္စည်းများ
ကျောင်းလုံက မြန်လွန်းသောကြောင့် (၁၀)မိနစ်အတွင်း သက်ဆိုင်ရာနေရာသို့ သူတို့ ရောက်လာခဲ့ကြသည်။ နောက်တော့ ကျောင်းလုံက မည်သည့်တောင်တွင် ခွန်းလွန်ဂိုဏ်းတည်ရှိသည်ဆိုခြင်းကို သဘောပေါက်သွားတော့သည်။ ထို့နောက် ခွန်းလွန်ဂိုဏ်းရှိရာ တောင်ခြေသို့ သူတို့ သွားခဲ့ကြပြီး ဤနေရာရှိ မှော်စွမ်းအင်က ကြီးမြတ်သောနတ်ဘုရား၏ဘုံဗိမာန်၌ ရှိတာထက် ပို၍ ပြည့်နှက်နေသည်ကို သူတို့ ခံစားခဲ့ရသည်။ လင်ရှောင်းထင်က ကျင့်ကြံသူတစ်
ယောက်အနေနှင့် စိတ်လှုပ်ရှားသွားခဲ့ပြီး ဤနေရာတွင် သူ၏ ကျင့်ကြံခြင်း စတင်ရန် မစောင့်နိုင်တော့ပေ။
သို့သော် သူက တောင်တက်ရန် လိုသေးသောကြောင့် ထိုသို့မလုပ်ခဲ့ပေ။
ယခင်က ခွန်းလွန်ဂိုဏ်းသည် ကျင့်ကြံသူများကြားတွင် အထင်ကရ ရှေးရိုးစွဲဂိုဏ်းတစ်ခု ဖြစ်ပေမယ့် ယခုအခါ နှစ်ပေါင်းရာနှင့်ချီပြီး ပျောက်ကွယ်သွားခဲ့လေပြီ။
ဤနေရာသို့ လေ့ကျင့်ခန်းလုပ်သည့်အနေဖြင့် တောင်တက်ရန် လူအများ လာရောက်ခဲ့ကြသော်လည်း သူတို့သည် မည့်အခါမှ ဝေးလံသောနေရာသို့ မသွားခဲ့ကြပေ။ ခွန်းလွန်ဂိုဏ်းသည် ခွန်းလွန်တောင်၏ အလယ်တွင် တည်ရှိသောကြောင့် ယခုအခါ ၎င်းကို မည်သူမျှ သတိမပြုမိတော့ပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့က တောင်တက်ရန် တုံ့ဆိုင်းခြင်း မရှိခဲ့ကြပေမယ့် ဤတစ်ခါတွင် ကျောင်းလုံ၏ ခန္ဓာကိုယ်ပေါ်တွင် သူတို့ မထိုင်ခဲ့ကြပေ။ လမ်းတလျှောက် ပတ်ဝန်းကျင်ကို စူးစမ်းရန် သူတို့ အချိန်အနည်းငယ် လိုအပ်ခဲ့ကြသည်။
ဤနေရာတွင် ယခင်က အင်အားကြီးဂိုဏ်းတစ်ဂိုဏ်း ရှိသောကြောင့်လူများ အတက်အဆင်းပြုလုပ်ရန်အတွက် လှေကားထစ်များ ရှိလေသည်။ နှင်းများ စုပုံနေသောကြောင့် လမ်းက အနည်းငယ် ချော်နေခဲ့ပေမယ့် ကုနင်းနှင့် လင်ရှောင်းထင်တို့ကို ထိခိုက်မှု မရှိခဲ့ပေ။
ကုနင်းက ကျောင်းလုံကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ပြန်မထည့်ပဲ သူတို့နှင့် အဖော်လုပ်ရန် ၎င်းကို အပြင်၌ လွှတ်ထားပေးခဲ့သည်။ သူတို့အနီးဝန်းကျင်တွင် မည်သူမှ မရှိ၍ ကျောင်းလုံက ခွန်းလွန်ဂိုဏ်းနှင့်ပတ်သက်ပြီး သူမအား ပိုပြောပြနိုင်ခဲ့သည်။
လင်ရှောင်းထင်၏ ကျင့်ကြံခြင်းက ယခုအခါ အဆင့်နိမ့်နေဆဲ ဖြစ်သောကြောင့် အခြားသတ္တဝါများ၏ ဘာသာစကားများကို နားမလည်နိုင်ခဲ့ပေ။ ကျောင်းလုံက ခွန်းလွန်ဂိုဏ်းအကြောင်းကို သိပ်အများကြီး မသိပေမယ့် ကုနင်းက ၎င်းနှင့်ပတ်သက်ပြီး ဘာကိုမှ မသိခဲ့ပေ။
" ခွန်းလွန် ဂိုဏ်းက ရှေးပဝေသဏီထဲက ကျင့်ကြံသူတွေကြားမှာ အင်အားအကြီးဆုံး ဂိုဏ်းဖြစ်လို့ လှည့်စားတဲ့ ကိုယ်ခံပညာ တွေအများကြီးရှိခဲ့ပေမယ့် အခု အဲ့ဒါတွေ ရှိသေးလား မရှိတော့ ဘူးလားဆိုတာကို ငါမသိဘူး။" ဟု ကျောင်းလုံက ပြောလိုက်သည်။
"ကျင့်ကြံသူတွေက သူ့ရဲ့စွမ်းရည်တွေကို အကောင်းဆုံး လုပ်နိုင်ဖို့ ကွန်ဖူးစကေးတွေနဲ့ ကျင့်ကြံတာတွေကို လေ့ကျင့်ဖို့ လိုတယ်။"
ထို့နောက် ကုနင်းက ကျောင်းလုံ သူမအား ရှင်းပြခဲ့သော အရာကို
လင်ရှောင်းထင်အား ပြောပြခဲ့သည်။
"အရင်တုန်းက စီနီယာကျင့်ကြံသူတွေက သူတို့ရဲ့ ဓားတွေနဲ့ ပျံဖို့ စသင်နိုင်ပေမယ့်မှော်ပစ္စည်းတွေကိုတော့ လိုအပ်ကြတယ်။" ဟု ကျောင်းလုံ က ထပ်ပြောလိုက်သည်။
ကုနင်းက လင်ရှောင်းထင်အား ထိုအကြောင်းကို ပေးသိလိုက်ပြီးနောက် ကျောင်းလုံကို မေးလိုက်သည်။
"ဘာမှော်ပစ္စည်းတွေလဲ…"
"အဲ့ဒါတွေက မှော်စွမ်းအင်တွေရှိတဲ့ လက်နက်တွေပါ။ အဲ့ဒီလက်နက်တွေအများစုက ဓားတွေနဲ့ လှံတွေပဲ။" ဟု ကျောင်းလုံက ပြောလိုက်သည်။
ထိုအခါ ကုနင်းမှာ မျက်မှောင်ကြုတ်သွားတော့သည်။
"ငါ့မှာ မှော်စွမ်းအင်ရှိတဲ့ ကြေးညိုရောင် ဓားတစ်လက်ရှိတယ်။ ဒါပေမယ့် အဲ့ဒါကို ငါရောင်းပစ်ပြီ။"
သူမက ဓားကို ကျန်းကျုံးယွီအား ရောင်းခဲ့ခြင်းဖြစ်ပြီး ၎င်းက ပြန်ရနိုင်ချေ မရှိတော့ပေ။
"မှော်စွမ်းအင်ရှိတဲ့ လက်နက်တိုင်းက မှော်ပစ္စည်းတစ်ခု မဟုတ်ဘူး။ မှော်ပစ္စည်းတွေကို ဒီကမ္ဘာမှာ အဖိုးတန်ပစ္စည်း ရတနာပေါင်းစုံနဲ့ လက်နက်တွေအဖြစ် ပြန်လုပ်ထားတယ်။ အကောင်းဆုံး ပန်းပဲသမားက အဲ့ဒါတွေကို လုပ်နိုင်တယ်။ ကျင့်ကြံသူတွေမှာ အလုပ်အကိုင်ပေါင်းစုံရှိပြီးတော့ အများဆုံးလုပ်တဲ့ သာမန်အလုပ်ကတော့ ကိုယ်ခံပညာအလုပ်သင်ပဲဖြစ်တယ်။ ကိုယ်ခံပညာတွေက ကျင့်ကြံသူတစ်ယောက်ရဲ့ အခြေခံ စွမ်းရည်လဲဖြစ်တယ်။ ကျင့်ကြံသူ အယောက်(၁၀၀) ကြားမှာ တစ်ယောက်၊ နှစ်ယောက်လောက်ကပဲ ပန်းပဲသမားကောင်း (ဒါမှမဟုတ်) အဂ္ဂိရတ်သမားကောင်းတစ်ယောက်ဖြစ်နိုင်လို့ မှော်ပစ္စည်းတွေနဲ့ ဆေးဝါးတွေက အရမ်းရှားတယ်… ပြီးတော့ နှစ်ခုစလုံးကလည်း အရမ်း ဈေးကြီးတယ်၊ ဒါကြောင့် အရင်က ပန်းပဲဆရာတွေနဲ့ အဂ္ဂိရတ်ဆရာတွေဟာ အချမ်းသာဆုံးလူတွေပဲ။"
"မှော်ပစ္စည်းတွေအားလုံးက သူတို့ရဲ့ ပိုင်ရှင်ကို အသိအမှတ်ပြုဖို့ လိုအပ်ပြီးတော့ သူတို့ရဲ့ ပိုင်ရှင်တွေက ဆက်ပြီး ပိုအားကောင်း လာတာနဲ့အမျှ ဆက်ပြီးပြောင်းလဲလာကြလို့ သူတို့ရဲ့ ပိုင်ရှင်တွေနဲ့အတူ သူတို့ ပိုကောင်းအောင် လုပ်နိုင်ကြတယ်။ မြင့်မြတ်တဲ့ ပစ္စည်းတွေက မှော်ပစ္စည်းတွေထက် ပိုကောင်းတယ်… ဘာလို့လဲဆိုတော့ အဲ့ဒီပစ္စည်းတွေမှာ အမှီအခိုကင်းတဲ့ စိတ်ဝိဉာဉ်တွေရှိပြီးတော့ အဲ့ဒါတွေက ဆန်းသစ်တဲ့လက်နက်တွေဖြစ်လို့ပဲ။ "
"ဒါပေမယ့် သူတို့က သူတို့ရဲ့ပိုင်ရှင်တွေကို သူတို့ဟာသူတို့ ရွေးချယ်ကြပြီးတော့ သူတို့လက်ခံထားတဲ့ လူတွေကိုပဲ သစ္စာစောင့်သိကြတယ်။ ဒါ့အပြင် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မြင့်မြတ်တဲ့ပစ္စည်းတွေ ရှိနေလို့ မင်းရဲ့လက်တွေနဲ့ အဲ့ဒီလက်နက်တွေကို ကိုင်ထားဖို့ မလိုဘူး။ မင်းက အဲ့ဒါကို ပေါ်လိုက်ပျောက်လိုက် လုပ်ချင်ရင် မင်းစိတ်တိုင်းကျ ပေါ်လိုက်ပျောက်လိုက် ဖြစ်လိမ့်မယ်။ " ဟု ကျောင်းလုံက ပြောလိုက်သည်။
ကုနင်းနှင့် လင်ရှောင်းထင် နှစ်ယောက်စလုံးသည် ယခင်က ကျင့်ကြံသူများနှင့် ပတ်သက်ပြီး လေ့လာဖူးခြင်း မရှိသောကြောင့် ၎င်းက မှန်မမှန် သူတို့ မသေချာခဲ့ပေ။ ကျောင်းလုံသည် ယခုအခါ
သူတို့အား ထိုကဲ့သို့အကြောင်းကို ပြောပြခဲ့သောကြောင့် သူတို့က ဖြစ်နိုင်ချေများသည်ဟု သူတို့ ယုံကြည်ထားခဲ့ကြသည်။
"သခင်… မင်းရဲ့လူက မှော်ပစ္စည်းတွေ လိုနိုင်ပေမယ့် မင်းက ငါ့ကို နဂါးတစ်ကောင်အဖြစ်ကို ပြောင်းဖို့ ကူညီနိုင်ပြီးတော့ ငါက ပျံနိုင်မှာမို့လို့ မင်းက အဲ့ဒါကို မလိုဘူး။"
နဂါးတစ်ကောင်က နတ်ဘုရားတစ်ပါးလိုဖြစ်ပြီး မြင့်မြတ်သော ပစ္စည်းများက နတ်ဘုရား၏စကားကို နာခံသောကြောင့် ၎င်းက အမှန်တရားပင် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ကုနင်းက မှော်ပစ္စည်းကိရိယာများကို စိတ်မဝင်စားပဲ လင်ရှောင်းထင်တွင် မြင့်မြတ်သော ပစ္စည်းတစ်ခု ရှိနိုင်သည်ဟု သူမ ထင်ခဲ့သည်။
ကျောင်းလုံကို နဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းခြင်းက သူမအတွက် အကူအညီဖြစ်သောကြောင့် ၎င်းအား ကူညီပေးရခြင်းကို သူမ စိတ်အနှောင့်အယှက်မဖြစ်ခဲ့ပေ။
သူတို့တောင်ပေါ်သို့ တက်လာနေစဉ် ကုနင်းသည် ပတ်ဝန်းကျင်ကို စစ်ဆေးရန်အတွက် သူမ၏ ကျောက်စိမ်းမျက်လုံးများကို အသုံးပြုရန် မမေ့ခဲ့ပေ။ သူတို့ ပို၍ မြင့်တက်လာသောအခါ မှော်စွမ်းအင်က ပိုပြီး ထူထပ်လာသည်ဆိုခြင်းကို သူမ သတိပြုမိခဲ့သည်။ သို့သော် လမ်းတလျှောက် မှော်စွမ်းအင်ကို ရှူရှိုက်ခဲ့ရသောကြောင့် ခွန်အားပြည့်ဝပြီး လန်းဆန်းမှုကို သူတို့ ခံစားခဲ့ရသည်။
တောင်က မြင့်မားပြီး လှေကားထစ်များက မြွေလိမ်မြွေကောက်ဖြင့် အပေါ်သို့ တက်လာရသောကြောင့် ခွန်းလွန် ဂိုဏ်း၏ နေရာသို့ ရောက်ရှိရန် သူတို့အား အချိန်ပိုကြာစေခဲ့သည်။
နေရာအနှံ့တွင် ဆီးနှင်းများ ရှိနေပြီး သူတို့ ဖြေးညင်းစွာ လမ်းလျှောက်ကာ သတိထားခဲ့ရသည်။ ဤနေရာ၌ ဆောင်းရာသီက အမြဲတမ်း ကြာမြင့်လေသည်။
ခွန်းလွန် ဂိုဏ်းရှိရာအရပ်မှ မီတာ(၁၀၀)ဝန်းကျင် အကွာအဝေးသို့ ရောက်လာချိန်တွင် ကုနင်းသည် လှပသော ဂိတ်တစ်ခုကို တွေ့လိုက်ရသည်။ ခွန်းလွန်ဂိုဏ်းက ကြီးမားသော ဂိုဏ်းကြီးတစ်ခုဖြစ်သောကြောင့် ၎င်း၏ အခြေစိုက်ရာအဖြစ် ကျယ်ဝန်းသော အဆောက်အအုံတစ်ခု ရှိခဲ့သည်။
အဆုံးတွင် ခွန်းလွန် ဂိုဏ်း အခြေစိုက်ရာနေရာ၏ ဝင်ပေါက်ရှိရာသို့ သူတို့ ရောက်ရှိလာခဲ့သည်။
နှစ်ပေါင်းရာနှင့်ချီပြီး ဖြတ်သန်းခဲ့တာတောင်မှ ထိုနေရာတွင် ခမ်းနားသော သွင်ပြင်မျိုး ရှိနေသေးသည်။ တကယ်တော့ ဤနေရာကို နတ်ဘုရားများက ကာကွယ်ပေးထားပြီး မှော်စွမ်းအင်က ပစ္စည်းများနှင့် လူများအား နှစ်ပေါင်းရာနှင့်ချီပြီး ကြာသည့်တိုင် ကောင်းမွန်သော အနေအထားတွင် ရှိအောင် ကူညီပေးနိုင်ခဲ့သည်။
ပြင်ပတံခါးပေါက်မှ သူတို့ ဝင်လိုက်ကြပြီး ခွန်းလွန်ဂိုဏ်း အဆောက်အအုံ၏ ပင်မတံခါးရှိရာသို့ရောက်ရန် မီတာ(၅၀) မျှ ရှေ့ဆက် လျှောက်ခဲ့ကြသည်။
ပင်မတံခါးနောက်ကွယ်မှ မြင်ကွင်းကြောင့် ကုနင်းနှင့် လင်ရှောင်းထင် နှစ်ယောက်စလုံးမှာ တအံ့တဩ ဖြစ်သွားခဲ့ရသည်။
ထိုနေရာတွင် ကျောက်ဖြူမြေသားလေးထောင့်ကွက်တစ်ခုက မယုံကြည်နိုင်လောက်အောင် ရှိနေခဲ့သည်။ ၎င်းက တောက်ပနေပြီး လာရောက်လည်ပတ်သူတိုင်းကို မဆိုစလောက် ခံစားရအောင် ပြုလုပ်ခဲ့သည်။