← Chapters

အခန်း (၁၅၇၃-၁၅၇၈)

Vol. 99 Ch. 1573-1578

အခန်း (၁၅၇၃-၁၅၇၈)

Vol. 99 Ch. 1573-1578

အခန်း ၁၅၇၃ ခွန်းလွန်ဘုရားကျောင်း

လေးထောင့်ကွက်၏ အဆုံး၌ ခွန်းလွန်ဂိုဏ်း အခြေစိုက်ရာနေရာ၏ ပင်မအဆောက်အဦဖြစ်သော ခွန်းလွန်ဘုရားကျောင်း ရှိလေသည်။ ခွန်းလွန်ဘုရားကျောင်း၏ နောက်တွင်ရှိသည့် မြင့်မားသော မျှော်စင်တစ်ခုက အမြင်သာဆုံး အဆောက်အအုံတစ်ခု ဖြစ်ခဲ့သည်။

ခွန်းလွန် ဘုရားကျောင်းတစ်ခုလုံးကို တိမ်တိုက်များဖြင့် ဝန်းရံထားသောကြောင့် ကောင်းကင်ဘုံအလား ဖြစ်နေခဲ့သည်။ တကယ်တော့ ၎င်းက မြင့်မြတ်သောနေရာတစ်ခု ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါ ခြားနားသွားခဲ့ပြီဖြစ်သည်။

သူတို့ တောင်ထိပ်သို့ ရောက်သွားချိန်တွင် မှော်စွမ်းအင်က ပို၍ပင် ထူထပ်သိပ်သည်းလာပြီး ကျင့်ကြံသူများ သူတို့၏ ကျင့်ကြံမှုများကို လေ့ကျင့်ရန်အတွက် လက်ဖျားခါရလောက်အောင် ကောင်းမွန်သောနေရာတစ်ခု ဖြစ်လေသည်။

ကျင့်ကြံခြင်းကမ္ဘာမှ ကျင့်ကြံသူများက ဤနေရာကို ဘာကြောင့်ရှာမတွေ့ခဲ့သည်ဆိုခြင်းကို ကုနင်း သိချင်မိခဲ့ပြီး ၎င်းက အတော်လေးထူးဆန်းတော့သည်။ ၎င်းက သူတို့၏ကမ္ဘာမှ ဝေးလွန်း၍ ဖြစ်ကောင်း ဖြစ်နိုင်သောကြောင့် ၎င်းကို သူတို့ သတိမထားမိနိုင်ခဲ့ပေ။

"မဆိုးပါဘူး… မှော်စွမ်းအင်အများကြီးပဲ။" ဟု ကျောင်းလုံ က ပြောလိုက်သည်။

၎င်းသည် ယခင်အချိန်က မှော်စွမ်းအင်၏ ထူထပ်သိပ်သည်းမှုကို မယှဉ်နိုင်သေးသော်လည်း မရှိတာထက်တော့ ပိုကောင်းလေသည်။

မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ မျက်လုံးရှေ့တည့်တည့်တွင် လေးထောင့်ကွက်ရှိနေလျှင်တောင်မှ အလယ်တွင် (၅)မီတာနီးပါး ရှည်လျားသော ချောက်ကမ်းပါးတစ်ခု ရှိနေသောကြောင့် ထိုနေရာသို့ သူတို့ တိုက်ရိုက် မလျှောက်နိုင်ပေ။

တစ်နည်းအားဖြင့်ဆိုသော် ခွန်းလွန် ဂိုဏ်း အခြေရှိ တံခါးပေါက်သည် ခွန်းလွန်ဘုရားကျောင်းနှင့် သီးခြားဖြစ်နေပြီး သူတို့က မတူသော တောင်နှစ်ခု၏ထိပ်တွင် ရပ်နေခဲ့ကြသည်။

ကြိုးတံတားတစ်ခုရှိပေမယ့် ၎င်းက ပျက်စီးနေပြီဖြစ်သောကြောင့် သူတို့ ၎င်းအပေါ်မှ လျှောက်မသွားနိုင်ကြပေ။ ကံကောင်းစွာဖြင့် သူတို့နှင့်အတူ ကျောင်းလုံ ရှိနေခဲ့ပြီး ခုန်ကျော်ရန်က ကျောင်းလုံအတွက် လွယ်ကူလွန်းလှပေသည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ကျောင်းလုံ၏ ခန္ဓာကိုယ်ပေါ်သို့ တုံ့ဆိုင်းခြင်းမရှိပဲ ထပ်တက်လိုက်ပြီးနောက် ၎င်းသည် ချောက်ကမ်းပါးကို အလွယ်တကူ ခုန်ကျော်လိုက်ကာ ခွန်းလွန်ဘုရားကျောင်းရှိရာသို့ လျှောက်သွားတော့သည်။

ဤနေရာသည် သာမန်လူများ၏ ကမ္ဘာမှ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီ ဖြစ်သောကြောင့် ကုနင်းသည် ဘုရားကျောင်းထဲတွင် ရှိသော အရာကို ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်လုံးများကို ထိုအချိန်၌ အသုံးပြုခဲ့သည်။ ထို့အပြင် ထိုနေရာ၌ ဧရာမသတ္တဝါကြီးများအား ဆွဲဆောင်နိုင်သည့် ထူထဲသော မှော်စွမ်းအင်များစွာလည်း ရှိလေသည်။

ကံကောင်းထောက်မစွာဖြင့် ခွန်းလွန် ဘုရားကျောင်းထဲတွင် အဖြူရောင် အရိုးအနည်းငယ်မှလွဲပြီး ဘာမှမရှိခဲ့ပေ။

"အင်း… ခွန်းလွန်ဂိုဏ်းက အမြစ်ပြတ် သုတ်သင်ခံလိုက်ရပုံပဲ။" ဟုပြောကာ ကျောင်းလုံက သက်ပြင်းချလိုက်သည်။

ခွန်းလွန်ဂိုဏ်းသည် ကျင့်ကြံသူများကြားတွင် နံပါတ်(၁) ဂိုဏ်းတစ်ခု ဖြစ်ခဲ့တာတောင်မှ ၎င်းက အမြဲတမ်း အင်အားကြီးမားလိမ့်မည်ဟု မဆိုလိုပေ။

ဘုရားကျောင်းထဲတွင် လှည့်ပတ်သွားကြည့်ပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်တို့သည် အနောက်ဘက်သို့ လျှောက်လာခဲ့ကြသည်။

ခွန်းလွန်ဂိုဏ်း၏ အခြေစိုက်ရာနေရာက အလွန်ကြီးမားလှသောကြောင့် ၎င်း၏ ထောင့်ချိုးနေရာတိုင်းကို တွေ့ရဖို့က သူတို့အတွက် မဖြစ်နိုင်ပေ။

ညနေ (၆)နာရီ ထိုးခါနီးပြီ ဖြစ်သောကြောင့် သူတို့ ညစာစားရန် ဆုံးဖြတ်လိုက်ကြသည်။ ဤကဲ့သို့ အချိန်အတော်ကြာ ခရီးသွားပြီးနောက် သူတို့ ဆာလောင်နေကြပြီဖြစ်သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် စာကြည့်ခန်းတစ်ခန်းကို ရှာတွေ့ခဲ့ကြပြီး ၎င်းကို နောက်ရက်များအတွက် သူတို့၏ အိပ်ခန်းအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့ကြသည်။

တကယ်တော့ ၎င်းက နှစ်ပေါင်းများစွာ ဖြတ်သန်းပြီးသည့်နောက်တွင် ကျိုးပဲ့ပျက်စီးနေသော နေရာတစ်ခု ဖြစ်လိမ့်မည်ဟု ကုနင်း ထင်ထားခဲ့သော်လည်း ၎င်း၏ နေရာများက အခြေအနေ ကောင်းသေးသည်ကို တွေ့ရသဖြင့် သူမ အံ့အားသင့်ခဲ့ရသည်။

ထို့နောက် ကုနင်းက ကျောင်းလုံကို ခဏမျှ သူ့ဟာသူနေဖို့ ပြောလိုက်သည်။

၎င်းက ခွန်းလွန်ဂိုဏ်း၏ အခြေစိုက်ရာနေရာကို လှည့်ပတ်သွားဖို့ တရွရွဖြစ်နေကြောင်းကို သူမ သိခဲ့သည်။

ထို့နောက် ကုနင်းက စာကြည့်ခင်းကို စတင် ရှင်းလင်းလိုက်ပြီး အခန်းထဲတွင် သိမ်းထားသော စာအုပ်အချို့ကို သူမ ဖတ်လိုက်သည်။

ထိုစာအုပ်များအားလုံးက ရှေးဟောင်းစာအုပ်များဖြစ်ပြီး အတော်လေး တန်ဖိုးကြီးလှပေသည်။ စာကြည့်ခန်း သန့်ရှင်းသွားသည်နှင့် ကုနင်းက သူမ၏ အိုးများကို ထုတ်ယူကာ ချက်ပြုတ်ရန် အဆင်သင့် ဖြစ်နေခဲ့လေပြီ။

သို့သော် လင်ရှောင်းထင်က သူမကို တားမြစ်လိုက်ပြီး အနားယူရန် ပြောလိုက်ကာ သူက ချက်ပြုတ်ပေးမှာဖြစ်သည်။

ကုနင်းက သူနှင့် မငြင်းခုံချင်သောကြောင့် စားပွဲပေါ်တွင် အိုးများကို ထားခဲ့တော့သည်။ သို့သော်ငြားလည်း သူမက အနားမယူခဲ့ပေ။ ထိုအစား သူမ၏ စိတ်စွမ်းအင်အာကာပြင်မှ ရွက်ဖျင်တဲတစ်ခုကို ထုတ်ယူလိုက်ပြီး သက်သောင့်သက်သာရှိသော အိပ်ယာတစ်ခုကို ပြုလုပ်လိုက်သည်။

နောက်ထပ်ရက်အနည်းငယ်ကြာ သူတို့ အတူနေထိုင်၊ အိပ်စက်ရမှာ ဖြစ်ပေမယ့် ထူးဆန်းသော တောရိုင်းမြေနေရာတစ်ခုတွင် ဖိုမကိစ္စရှိ မည် မဟုတ်ပေ။

ရွက်ဖျင်တဲနှင့်အိပ်ယာ အဆင်သင့် ဖြစ်သောအခါ ကုနင်းက ဖတ်ရန်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ လင်ရှောင်းထင် အစားအစာများကို ကောင်းကောင်း ပြင်ဆင်မပြီးမချင်း သူမ မထတော့ပေ။

ဆစ်ဂနယ်မရှိသောကြောင့် ကုနင်းက သူမ၏ ဖုန်းခေါ်ဆိုမှုများကို ချောင်ယ၏ဖုန်းသို့ ကြိုတင်လွှဲပေးထားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူမထံ သူတို့ ဖုန်းဆက်၍မရနိုင်ခဲ့လျှင် သူမနှင့်ပတ်သက်ပြီး သူမ၏မိသားစုက စိတ်ပူကြမည်ဖြစ်သောကြောင့် ဖြစ်သည်။

ရှေးပဝေသဏီအချိန်များတွင် လူများသည် ရိုးရာအက္ခရာများကို အသုံးပြုကြသောကြောင့် ထိုအက္ခရာများကို ဖတ်ရန် ကုနင်းအတွက် အနည်းငယ် အခက်အခဲ ရှိခဲ့သည်။ ကုနင်းက အကြောင်းအရာအများအပြားကို သိထားပေမယ့် အရာရာတိုင်းနှင့်တော့ သူမ အကျွမ်းတဝင်မရှိပေ။ ထို့ကြောင့် ပါဝင်သော အကြောင်းအရာကြောင့် စိတ်ညစ်ရသောအခါ သူမသည် လင်ရှောင်းထင်ကို မေးရန် အပြေးသွားခဲ့ရသည်။

လင်ရှောင်းထင်က ရိုးရာအက္ခရာများစွာကို နားလည်ခဲ့သောကြောင့် သူမ အံ့ဩခဲ့ရသည်။

လင်ရှောင်းထင်သည် သခင်ကြီးလင်ကြောင့် ရိုးရာအက္ခရာများကိုဖတ်နိုင်ခဲ့သည်။ သခင်ကြီးလင်က ထိုအက္ခရာများကို အလွန် သဘောကျပြီး ရိုးရာအက္ခရာများဖြင့် သူ၏လက်ရေးကို အမြဲတမ်း လေ့ကျင့်ခဲ့သည်။

လင်ရှောင်းထင် ငယ်ရွယ်စဉ်က သခင်ကြီးလင်၏ ဘေးတွင် ကြာကြာနေခဲ့ရသောကြောင့် သခင်ကြီးလင်ထံမှများစွာ သင်ယူခဲ့ရသည်။

ကျောင်းလုံ ဖမ်းလာသော ယုန်ကို ကင်လိုက်လေသည်။ လင်ရှောင်းထင်က ဟင်းနှစ်ပွဲနှင့် စွပ်ပြုတ်တစ်ပန်းကန်ကို ချက်ပြုတ်ခဲ့သည်။

တစ်နာရီမျှ ကြာပြီးနောက် စားစရာများက အဆင်သင့်ဖြစ်လာခဲ့ပြီး သူတို့ အတူတူ စားသောက်ခဲ့ကြသည်။ သူတို့ ညစာစားပြီးသောအခါကုနင်း ပန်းကန်များကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ပြန်မထည့်မီ လင်ရှောင်းထင်က ၎င်းတို့ကို ဆေးကြောခဲ့သည်။

ထို့နောက် သူတို့ မသိသေးသော ခွန်းလွန်ဂိုဏ်း၏ အခြေစိုက်ရာ နေရာများရှိသေးသောကြောင့် နှောင့်နှေးခြင်းမရှိပဲ ၎င်းကို သူတို့ လေ့လာခဲ့ကြသည်။

ကုနင်းသည် သူမ၏ မြေအောက်ရှိ အရာများကိုလည်း မြင်ရန် သူမ၏ ကျောက်စိမ်းမျက်လုံးများကို အသုံးပြုခဲ့ပေမယ့် လျှို့ဝှက်အခန်းများ (သို့မဟုတ်) လမ်းများကို သူမ ရှာမတွေ့ခဲ့ပေ။

ခဏကြာပြီးနောက် ကျောင်းလုံက ရုတ်တရက် ပြန်ရောက် လာပြီး ကုနင်းကို အလောတကြီး ပြောလိုက်သည်။

"ငါ့သခင်၊ ‌မျှော်စင်မြင့်ရဲ့ မှော်အစွမ်းက အတော်လေး အားကောင်းတယ်၊ ပြီးတော့ အဲ့ဒီနားကို ငါကပ်လိုက်တာနဲ့ ငါ့ကို တွန်းထုတ်ပစ်တယ်။ မင်းဘာလို့ သွားမကြည့်တာလဲ?"

ထိုစကားကို ကြားရသောအခါ ကုနင်းသည် သိချင်စိတ် ပြင်းပြသွားပြီး ချက်ချင်း သဘောတူလိုက်သည်။

မျှော်စင်က အခြားတောင်ထိပ်တွင်ရှိပြီး အလယ်တွင် တံတားမရှိပဲ နောက်ထပ်နေရာလွတ် ရှိနေခဲ့သောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ကျောင်းလုံ၏ အကူအညီဖြင့် ထိုနေရာကို ထပ်မံ ရောက်ရှိလာခဲ့သည်။

သူတို့မျှော်စင်နား သွားလိုက်သောအခါ ပိုထူထပ်ပြီး အားကောင်းသော မှော်စွမ်းအင်ကို သူတို့ အမှန်တကယ် ခံစားခဲ့ရပေမယ့် ၎င်းက မျှော်စင်မှ ထွက်လာခြင်းဖြစ်ပြီး မျှော်စင်ဝန်းကျင်တွင်တော့ ပါးလွှာနေဆဲဖြစ်သည်။

မျှော်စင်တွင် အထပ်ကိုးထပ်ရှိသည်။

မျှော်စင်ရှေ့တွင် သူတို့ ရပ်သောအခါ ကုနင်းက အထဲသို့ချက်ချင်းမသွားပဲ အထဲသို့ အရင်ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်လုံးများကို အသုံးပြုခဲ့သည်။

***

အခန်း ၁၅၇၄ မင်းက ချစ်စရာကောင်းတယ်….

သို့သော် ကုနင်းသည် အထဲတွင် ဘာကိုမှမတွေ့ရပေ။ ၎င်းက လုံးဝမဲမှောင်နေပြီး ယခင် ဘယ်တုန်းကမှ ထိုသို့ မဖြစ်ဖူးသော ကြောင့် သူမ အတော်လေးထူးဆန်းသည်ဟု ခံစားခဲ့ရသည်။

မျှော်စင်ထဲတွင် ပိန်းပိတ်အောင် မှောင်နေခဲ့လျှင်တောင်မှ ကုနင်း၏ ကျောက်စိမ်းမျက်လုံးများက အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နိုင်သောကြောင့် ယခုကဲ့သို့ဘာကိုမှ သူမ,မမြင်နိုင်ခြင်းက ထူးဆန်းတော့သည်။

မျှော်စင်အထဲရှိ တစ်စုံတစ်ခုက သူမ၏ကျောက်စိမ်းမျက်လုံးများကို

မမြင်ရအောင် တားဆီးထားသည်ဟူသော ခံစားချက်တစ်ခုက ကုနင်းတွင် ရှိနေခဲ့သည်။ ၎င်းက ဘာလဲဆိုသည်ကို သူမ မသိခဲ့ပေမယ့် ထိုအရာက အကြောင်းပြချက်တစ်ခုတော့ ရှိရမည် ဖြစ်သည်။

ကုနင်း၏ ကျောက်စိမ်းမျက်လုံးများက ပထမဆုံးအကြိမ်အဖြစ် အသုံးမဝင်ခြင်းဖြစ်ပြီး သူမ ဝမ်းနည်းခဲ့ရသည်။ သို့သော်လည်း ထိုအရာကြောင့် မျှော်စင်ထဲ၌ ရှိသောအရာကို သူမ ပို၍ပင် ဂဃနဏ သိချင်လာတော့သည်။

"ဘာမှားလို့လဲ…" ဟု လင်ရှောင်းထင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ကျွန်မရဲ့ ကျောက်စိမ်းမျက်လုံးတွေက ရုတ်တရက် သုံးမရတော့ပဲ မျှော်စင်ထဲမှာ ရှိတဲ့ဟာကို ကျွန်မ မမြင်နိုင်တော့ဘူး>" ဟု ကုနင်းကပြောလိုက်သည်။

"ကျွန်မတို့ အထဲကို သွားရုံပေါ့…"

"ဒါပေါ့…" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။

"နတ်ဆိုးကျောင်း… မင်းဒီနေရာမှာနေပြီး ငါတို့ကို စောင့်ပါ။" ဟု ကုနင်းက ကျောင်းလုံ ကိုပြောလိုက်သည်။ ၎င်းသည် မျှော်စင်နှင့် နီးလာသောအခါ ဖိစီးမှုကို ခံစားခဲ့ရသောကြောင့် သူတို့နှင့်အတူ အထဲသို့ သွားရန် သူမက ၎င်းကို အတင်းအကျပ်လုပ်ခိုင်းမည် မဟုတ်ပေ။

"ကိစ္စမရှိပါဘူး… သခင်…." ဟု ကျောင်းလုံ က ပြောလိုက်သည်။

ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အတူတူ ရှေ့ဆက်လျှောက်ခဲ့ကြပေမယ့် လင်ရှောင်းထင်က သူမ၏ရှေ့မှ တစ်လှမ်းစောကာ သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ဖြင့် သူမအား ကာကွယ်ထားခဲ့သည်။

အန္တရာယ်တစ်စုံတစ်ခု ဖြစ်လာခဲ့လျှင် အန္တရာယ်ကနေ သူမကို သူ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ အချို့သော ကဏ္ဍများတွင် သူ့ထက် ကုနင်းက ပိုသန်မာလျှင်တောင်မှ သူက သူမကို မထိခိုက်စေချင်ခဲ့ပေ။

သူ ထိုသို့လုပ်ခဲ့သည်မှာ ပထမအကြိမ် မဟုတ်သော်လည်း လင်ရှောင်းထင် ထိုသို့လုပ်သည့်အချိန်တိုင်း ကုနင်းမှာ ဝမ်းသာပီတိ ဂွမ်းဆီထိသလို ခံစားခဲ့ရသည်။

ဤအရာက ချစ်ခြင်းမေတ္တာဖြစ်ပြီး သူတို့သည် သူတို့ကိုယ်သူတို့ထက်

အခြားသူကို အမြဲတမ်း ဂရုစိုက်ခဲ့ကြသည်။

သူတို့ မျှော်စင်နှင့် နီးလာသောအခါ မှော်စွမ်းအင်က ပို၍ ထူထပ်လာပေမယ့် ကျောင်းလုံ ခံစားရသလောက် ဖိစီးမှုကို မခံစားခဲ့ရပေ။

ကျောင်းလုံ၏ စကားများကို ကုနင်း သံသယမဖြစ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျောင်းလုံ က လူသားများနှင့် အလွန်ကွာခြားသောကြောင့် မျှော်စင်ထဲတွင် အမျိုးမျိုးသော သတ္တဝါများကို မောင်းထုတ်နိုင်သည့် အရာတစ်ခုခု ရှိကောင်းရှိနိုင်သည်။

ကျောင်းလုံက နဂါးတစ်ကောင် ဖြစ်မလာမီ ၎င်းကို ဧရာမသတ္တဝါတစ်ကောင်အဖြစ် မှတ်ယူထားပြီး ၎င်းသည် မှော်ပစ္စည်းများဖြင့် ရင်ဆိုင်ရသောအခါ ဖိစီးမှုကို ခံစားရမည်ဖြစ်သည်။

သာမန်အားဖြင့် မှော်ပစ္စည်းများမှာ ဓားရှည်များနှင့် ဓားမြောင်များဖြစ်ပေမယ့် သူတို့သည် ထိုဓားများထက်တော့ ပိုပေသည်။ မှော်ပစ္စည်းများတွင် ဆုတောင်းခြင်းများ၊ တရားထိုင်ခြင်းများ၊ လှူဖွယ်ပစ္စည်းများ၊ အခမ်းအနားများ အစရှိသည့် ဘာသာရေးနှင့်ဆိုင်သော ဘုရားကျောင်းများတွင် အသုံးပြုသော ပစ္စည်းအမျိုးအစားမရွေး ပါဝင်လေသည်။

ဘာသာရေးကိုင်းရှိုင်းသူများ ကိုင်ဆောင်သော ဆုတောင်းပုတီးများ (သို့မဟုတ်) လေ့ကျင့်ဖို့အတွက် သံဖြူချောင်းများနှင့် အခြားသော ပစ္စည်းများကိုပင် မှော်ပစ္စည်းများဟု ခေါ်ဆိုနိုင်သည်။

မျှော်စင်တွင် မှော်ပစ္စည်းများ ရှိမရှိကို ကုနင်း မသိပေမယ့် ရှိဖို့ကို သူမ

မျှော်လင့်ခဲ့သည်။ မြင့်မြတ်သောအသုံးအဆောင်ပစ္စည်းများကို မရနိုင်လျှင်တောင်မှ မှော်ပစ္စည်းများကလည်း အသုံးဝင်ပေသည်။

လင်ရှောင်းထင်က လက်လှမ်းကာ တံခါးကို တွန်းဖွင့်ရန် ကြိုးစားလိုက်သည်။ အံ့ဩစရာကောင်းသည်မှာ တံခါးက မယုံကြည်နိုင်လောက်အောင် လေးလံလွန်းပြီး ၎င်းကို ရွေ့အောင် သူလုံးဝ မလုပ်နိုင်ခဲ့ပေ။

ထိုအခါ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အကြည့်ချင်း ဖလှယ်ခဲ့

ကြသည်။ တစ်နေရာရာမှာ မြှုပ်ကွက်တစ်ခု ရှိရမည်။

"မြှုပ်ကွက်က ဘယ်နေရာမှာလဲဆိုတာကို ရှာရအောင်…" ဟု ကုနင်းက ပြောလိုက်သည်။

"အင်း…" ဟု လင်ရှောင်းထင်က ပြောလိုက်ပြီးနောက် လျှို့ဝှက်ချက်ကို သူတို့ လှည့်ပတ်ရှာတော့သည်။ အချိန်အတော်ကြာ ရှာခဲ့ပေမယ့် ၎င်းကို ရှာမတွေ့သဖြင့် သူတို့နှစ်ယောက်စလုံး အတော်လေး စိတ်ပျက်လာခဲ့သည်။

"ဒါက စကားဝှက်လိုတာလား…" ဟု ကုနင်းက ခန့်မှန်းလိုက်သည်။

ထိုအခါ လင်ရှောင်းထင်မှာ မျက်မှောင်ကြုပ်သွားတော့သည်။

" စကားဝှက်လိုတယ်ဆိုရင် ဒါက အရမ်းခက်လိမ့်မယ်…"

အက္ခရာများနှင့် နံပါတ်များက များလွန်းလှပေသည်။ ထို့ကြောင့် အချိန်တိုအတွင်း စကားဝှက်ကို သဘောပေါက်ရန်မှာ သူတို့အတွက် မဖြစ်နိုင်ပေ။ စကားဝှက်က နံပါတ်များပဲ ပါလျှင်တောင်မှ ၎င်းက အလွန်ခက်ခဲနေဆဲဖြစ်သည်။

"ကျွန်မ တစ်ခါလောက် စမ်းကြည့်ပါရစေ…" ဟု ကုနင်းက ပြောလိုက်သည်။

တကယ်တော့ သူမတွင် ယုံကြည်ချက် လုံးဝ မရှိပေမယ့် သူမ တစ်ခုခုလုပ်ကြည့်သင့်သည်ဟုသာ ရိုးရိုးတန်းတန်း တွေးခဲ့သည်။

လင်ရှောင်းထင်က သူမ ဘာလုပ်ပြီး ဘာပြောမည်ဆိုသော အကြောင်းကို သိချင်မိခဲ့သည်။

နောက်ထပ်တစ်စက္ကန့်အကြာတွင် ကုနင်းက တံခါးကို ရုတ်တရက် ပြောလိုက်သည်။

"ဥုံဖွ…"

"ဟဟဟဟ… ကျွန်မ တောင်းပန်ပါတယ်…"

ကုနင်းသည် ထိုသို့ကျယ်လောင်စွာ ပြောပြီးလျှင်ပြီးချင်း သူမဟာသူမ အားပါးတရ အော်ရယ်လိုက်တော့သည်။ ၎င်းက ရယ်စရာကောင်းလွန်းတော့သည်။ လင်ရှောင်းထင်လည်း ရယ်မောနေခဲ့သည်။

"ကျွန်မ ကလေးဆန်သွားလား…" ဟု ကုနင်းက မေးကာ အနည်းငယ်ရှက်သွားတော့သည်။

အများက လက်ခံထားသော အထင်ကရ ဂိုဏ်း၏အခြေစိုက်ရာနေရာက စကားဝှက်က ထိုမျှ မရိုးရှင်းနိုင်ပေ။

"ကိစ္စမရှိပါဘူး… မင်းက ချစ်ရာကောင်းတယ်လို့ ကိုယ်ထင်ပါတယ်…" ဟု ပြောကာ လင်ရှောင်းထင်က သူမကို ပြုံးပြလိုက်လေသည်။ သူ့မျက်စိထဲမှာတော့ ကုနင်းသည် ဤကမ္ဘာတွင် ချစ်စရာ အကောင်းဆုံး မိန်းကလေးပင် ဖြစ်တော့သည်။

ထိုစကားကိုကြားသောအခါ ကုနင်းမှာ ရှက်သွေးဖြာသွားတော့သည်။

"ငါတို့ အခု ပြန်ရတော့မယ်ထင်တယ်… စာကြည့်ခန်းထဲက စာအုပ်တွေကနေ ဒီမျှော်စင်နဲ့ပတ်သက်ပြီး ငါတို့ ရှာနိုင်မယ့်ဟာကို ကြည့်ကြရအောင်…" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။

တကယ်တော့ ဤနေရာတွင် သူတို့ အခုချက်ချင်း ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကုနင်းက ခေါင်းညိတ်လိုက်ပြီး အတူတူ ပြန်လာခဲ့ကြသည်။

သူတို့ စာကြည့်ခန်းထဲသို့ ပြန်ရောက်သောအခါ သူမဟာသူမ မျှော်စင်နှင့်ပတ်သက်သော အချက်အလက်များအတွက် ရှာနေစဉ် သူ၏ကျင့်ကြံခြင်းကို လေ့ကျင့်ရန် ကုနင်းက လင်ရှောင်းထင်အား ပြောခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူမသည် မှတ်ဉာဏ်ကောင်းသောကြောင့် ထိုသို့ လုပ်ရန်က သူမအတွက် လွယ်ကူလှပေသည်။

ထို့အပြင် သူမက လင်ရှောင်းထင်အား သူမ၏ ညလင်းပုလဲကို ပေးထားခဲ့သည်။

"ဒါကို ရှင်နဲ့အတူ ယူထားလိုက်… ဒါက ရှင် မှော်စွမ်းအင်ကိုစုဆောင်းဖို့ ကူညီနိုင်တယ်…"

***

အခန်း ၁၅၇၅ နှင်းကြာပန်းသတ္တဝါ

ညဘက်အလင်းရောင်ထုတ်ပေးသောပုလဲက အလိုအလျောက် မှော်စွမ်းအင်ကို စုပ်ယူနိုင်သောကြောင့် လင်ရှောင်းထင်နှင့်အတူ ၎င်းရှိနေပါက မှော်စွမ်းအင်ကို မြန်မြန်ဆန်ဆန် စုစည်းနိုင်မည် ဖြစ်သည်။

"ကောင်းတာပေါ့…"

လင်ရှောင်းထင်က ၎င်းကို ယူလိုက်သည်။ ၎င်းက သူ၏ ကျင့်ကြံခြင်းအတွက် အကူအညီဖြစ်မည်ကို သူ သိခဲ့သည်။

ထို့နောက် သူက ထွက်လာခဲ့ပြီး ခြံဝင်းထဲရှိ ကျောက်စားပွဲ တစ်လုံးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ သူ၏ကျင့်ကြံမှုကို လေ့ကျင့်ရန် စတင်လိုက်သည်။ မှော်စွမ်းအင်က အခန်းထဲမှာထက်

အပြင်ဘက်တွင် ပို၍ ထူထပ်လေသည်။

ဆောင်းတွင်းဖြစ်ပြီး အေးသော်လည်း လင်ရှောင်းထင်က သန်မာပြီး ယခုအချိန်တွင် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ ဖြစ်သောကြောင့့် အအေးဓာတ်က သူ့အတွက် ဘာမှမဟုတ်ပေ။ ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲသို့ မှော်စွမ်းအင်ကို စုပ်ယူလိုက်သောအခါ သူ၏ခန္ဓာကိုယ်၌ နွေးထွေးလာသောကြောင့် သူလုံးဝ မအေးခဲ့ပေ။

ကုနင်းသည် စာကြည့်တိုက်ထဲမှ စာအုပ်တိုင်းနီးပါးကို လှန်လှောကြည့်ရှုကာ အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ပေမယ့် မျှော်စင်နှင့် ပတ်သက် သော မည်သည့်အချက်အလက်ကိုမှ သူမ ရှာမတွေ့သေးပေ။ သို့သော် ၎င်းက အံ့ဖွယ်ရလဒ်တစ်ခု မဟုတ်သောကြောင့် ကုနင်းက စိတ်မပျက်ခဲ့ပေ။

လင်ရှောင်းထင်၏ လေ့ကျင့်မှုက အချိန်ကြာမြင့်ခဲ့ပြီး ကုနင်းက တခါတရံ သူ့အား ခေါင်းမော့၍ ကြည့်ခဲ့သည်။

ဤအဆောက်အအုံတွင် မည်သူမျှ မရှိသော်လည်း အနီးတဝိုက်တွင် သတ္တဝါများ (သို့မဟုတ်) မိစ္ဆာသားရဲများ ဖြစ်လာပြီးသော အပင်များ (သို့မဟုတ်) တိရစ္ဆာန်များရှိနိုင်သည်။

ခွန်းလွန်ဂိုဏ်း၏ အခြေစိုက်ရာနေရာတွင် သတ္တဝါများ ဖြစ်လာသော အပင်များ အမှန်တကယ်ရှိသောကြောင့် ကုနင်း မှန်ပေသည်။

ထို့နောက် ကုနင်းက လင်ရှောင်းထင်ထံမှ သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ချိန်တွင် ချစ်စရာကောင်းစွာခုန်နေသော နှင်းကြာပန်းတစ်ပွင့်က သူမ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

လင်ရှောင်းထင်ခန္ဓာကိုယ်မှ ဖြန့်ကြက်နေသော မှော်စွမ်းအင်က ၎င်းအား ဆွဲဆောင်ခဲ့သည်။ ခွန်းလွန်ဘုရားကျောင်းမှ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော မှော်စွမ်းအင်နှင့် ကျင့်ကြံသူများဆီမှလာသော မှော်စွမ်းအင်ကြောင့် နှင်းကြာပန်း၏ သိချင်စိတ်ပြင်းပြမှုကို နိုးကြားလာစေခဲ့သည်။

လင်ရှောင်းထင်က သူ၏လေ့ကျင့်မှုအလယ်တွင် ရှိနေခြင်းကို နှင်းကြာပန်းက တွေ့သောအခါ သူ မရပ်တန့်နိုင်မှန်းကို သိသောကြောင့် ၎င်းက လုံးဝ မကြောက်တော့ပေ။ ခဏအကြာတွင် နှင်းကြိုးကြာသည် လင်ရှောင်းထင်၏ လက်များထဲတွင်ရှိနေသည့် ညလင်းပုလဲကို သတိပြုမိကာ ၎င်းကို ယူချင်ခဲ့သည်။

ထို့ကြောင့် ၎င်းက လင်ရှောင်းထင်ရှေ့သို့ သွားလိုက်သည်။

၎င်းသည် လမ်းတလျှောက်တွင် မည်သည့်အသံထွက်အောင်မှ မလုပ်ခဲ့သော်လည်း ၎င်း၏ ခန္ဓာကိုယ်က တောက်နေသောကြောင့် ၎င်းအနီးကပ်လာသည်နှင့် လင်ရှောင်းထင်က အလင်းရောင်ကို ခံစားမိခဲ့သည်။ သူ၏မျက်လုံးများကို ပိတ်ထားပေမယ့် အလင်းရောင်ကို သူ ချက်ချင်း ခံစားနိုင်ခဲ့သည်။ ထို့အပြင် နှစ်လိုဖွယ်ကောင်းသော အနံ့တစ်ခုကိုလည်း သူရလိုက်သည်။

အလင်းနှင့် မွှေးရနံ့ကို ရုတ်တရက် ရလိုက်သောကြောင့် လင်ရှောင်းထင်မှာ သတိနေအထား ဖြစ်သွားခဲ့ပေမယ့် သူ၏လေ့ကျင့်မှုကိုတော့ ချက်ချင်း ရပ်မပစ်ခဲ့ပေ။ သို့မဟုတ်ပါက သူ ဆိုးရွားစွာ နာကျင်ရမည် ဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် ကုနင်းက သူနှင့် သိပ်မဝေးသည့်အတွက် သူ့အား သူမ ကာကွယ်နိုင်မည်ဟု သူ ယုံကြည်ခဲ့သည်။

ဤအခိုက်အတန့်၌ ကုနင်းသည် မြင်ကွင်းကြောင့် အံ့အားသင့်နေခဲ့ သည်။ သူမသည် ဖျတ်ကနဲကြည့်ရုံမျှနှင့် နှင်းကြာပန်းကို မှတ်မိခဲ့သည်။

ထိုနှင်းကြာပန်းသည် အစိမ်းရင့်ရောင်အရွက်များပေါ်၌ တောက်ပသော အဖြူရောင်ပန်းများပွင့်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၁၂၀၀၀) ကျော်မြင့်သော တောင်ထိပ်များ၏ ကျောက်တုံးများတလျှောက်တွင် ပေါက်သော အပင်ဖြစ်သည်။

အားနည်းခြင်းအတွက် အားဆေး၊ ရာသီမမှန်ခြင်းများအတွက် ကုထုံးနှင့် အဆစ်ရောင်ရောဂါအတွက် ကုသမှုတစ်ခုအဖြစ် အသုံးပြု၍ရသော ဆေးဖက်ဝင်အပင်ဖြစ်ရန် ဇူလိုင်နှင့် ဩဂုတ်လများတွင် တစ်ပင်လုံးကို ဆွတ်ခူးရလေသည်။

နှင်းကြာပန်း၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် တိုင်းရင်းဆေးများတွင် ၎င်းကို အသုံးပြုဖို့အတွက် ဝယ်လိုအား များပြားသောကြောင့် ထိုပန်းက အတော်လေး ရှားပါးတော့သည်။

ထို့အပြင် သက်တမ်း နှစ်(၅၀)ကျော်ရှိသည့် နှင်းကြာပန်းတစ်ပွင့်သည် ကုနင်း၏ မှော်စွမ်းအင်ကဲ့သို့ ထိရောက်မှု ရှိနိုင်သည်။

ယခုကာလတွင် နှင်းကြာပန်းတစ်ပွင့်ကို ရှာဖွေရန်က ခက်ခဲလှပေသည်။ လူတွေက နှင်းကြာပန်းများကို ယခု ရှာတွေ့နိုင်လျှင်တောင်မှ ၎င်းတို့က လုံလောက်သော သက်တမ်းနှင့် ထိရောက်မှု ရှိမည် မဟုတ်ပေ။

ဈေးကွက်တွင် နှင်းကြာပန်းများကို စိုက်ပျိုးခဲ့ကြပေမယ့် ဆေးဖက်ဝင်ပစ္စည်းအဖြစ် သူတို့၏ အာနိသင်က နည်းပါးတော့သည်။ စိုက်ပျိုးသော နှင်းကြာပန်းများက တစ်စုံတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို တိုးတက်အောင် ကူညီပေးနိုင်ပေမယ့် မည်သည့်နာမကျန်းဖြစ်ခြင်းကိုမှ မကုသနိုင်ပေ။

၎င်းကို သူမ မတွေ့ရသော အခိုက်အတန့်တွင် နှင်းကြာပန်းက လင်ရှောင်းထင်အား အနှောင့်အယှက်ပေးမှာကို ကုနင်း စိုးရိမ်ပေမယ့် ၎င်းက မကောင်းသောအရာမဟုတ်ဟု သူမ တွေးလိုက်သည်။ ဤနှင်းကြာပန်းက သတ္တဝါတစ်ကောင် ဖြစ်လာပြီ ဖြစ်သောကြောင့် ၎င်းက နှစ်ပေါင်းရာချီသော သက်တမ်း ရှိမည်ဖြစ်သည်။

နှင်းကြာပန်းသတ္တဝါသည် ကုနင်း၏ မှော်စွမ်းအင်ထက် ပိုပြီး ထိရောက်မှု ရှိနိုင်သည်။ ကျင့်ကြံသူများ၏ မျက်လုံးများထဲတွင် နှင်းကြာပန်းသတ္တဝါတစ်ကောင်သည် ထူးကဲသော မှော်ဆေးလုံး တစ်လုံးထက်ပင် ပိုကောင်းခဲ့သည်။ ကျင့်ကြံသူတစ်ယောက်က နှင်းကြာပန်းသတ္တဝါတစ်ကောင်ကို ယူနိုင်လျှင် သူ(သို့မဟုတ်)သူမ သည် ၎င်း၏ ကျင့်ကြံခြင်းကို တိုက်ရိုက် ပိုင်ဆိုင်နိုင်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကျင့်ကြံသူသည် အများဆုံး အဆင့်သုံးဆင့် တက်နိုင်မည်ဖြစ်သည်။

၎င်းက လင်ရှောင်းထင်၏ ကျင့်ကြံမှုတိုးတက်ရန်အတွက် အလွန်အကူအညီပေးမှာ ဖြစ်သောကြောင့် နှင်းကြာပန်းသတ္တဝါကို ဖမ်းဆီးရန် ကုနင်း ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမသည် နှောင့်နှေးခြင်းမရှိပဲ အပြင်သို့ ပြေးထွက်သွားတော့သည်။

နှင်းကြာပန်းက သတ္တဝါတစ်ကောင် ဖြစ်လာခဲ့ပြီ ဖြစ်သောကြောင့် ၎င်းတွင် ထက်မြက်သော အာရုံခံစားမှုများက ရှိနေခဲ့သည်။

ကုနင်း အပြင်သို့ ပြေးထွက်လာသောအခါ ၎င်းက သတိပြုမိသွားပြီး ထွက်ပြေးသွားတော့သည်။

၎င်းက ယခု သတ္တဝါတစ်ကောင် ဖြစ်နေသော်လည်း ၎င်းတွင် တိုက်ခိုက်ရေးကျွမ်းကျင်မှုများ မရှိသဖြင့် လူသားများအား ကြောက်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းသည် ခါတိုင်းထက် လျှင်မြန်စွာ ရွေ့လျားကာ တစ်စက္ကန့်အကြာတွင် ပျောက်ကွယ်သွားတော့သည်။

ကုနင်းတွင် ကျောက်စိမ်းမျက်လုံးတစ်စုံရှိသောကြောင့် နှင်းကြာပန်း သတ္တဝါ ပုန်းအောင်းနေသောနေရာအား သူမ သိပေမယ့် ၎င်းနောက်သို့လိုက်ဖမ်းရန် သူမ တုံ့ဆိုင်းနေခဲ့သည်။ သူမ မရှိချိန် တစ်ခုခုပေါ်လာရင် ဘာဖြစ်မှာလဲ။

နှင်းကြာပန်းသတ္တဝါက အလွန်အရေးကြီးပေမယ့် လင်ရှောင်းထင်၏ လုံခြုံရေးက ပိုအရေးကြီးပေသည်။ ထို့ကြောင့် ကုနင်းက ဤအချိန်၌ လက်လျှော့လိုက်လေသည်။ လင်ရှောင်းထင်၏ လေ့ကျင့်မှုပြီးမှ ၎င်းကို သူမ ရှာဖွေမည်ဖြစ်သည်။

သို့သော် ထိုအချိန်၌ ကျောင်းလုံ က ပြန်လာပြီး စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြောလိုက်သည်။

"သခင်… ငါ နှင်းကြာပန်းတစ်ပွင့်ကို တွေ့လိုက်တယ်…"

***

အခန်း၁၅၇၆ နှင်းကြာပန်းကို လိုက်ဖမ်းခြင်း…

နှင်းကြာပန်း၏ အနံ့ကိုရသောကြောင့် ကျောင်းလုံ ပြန်ရောက်လာခဲ့သည်။ ထိုပန်းက ကျင့်ကြံသူများအတွက်သာ အထောက်အကူဖြစ်ခြင်းမဟုတ်ပဲ ဧရာမသတ္တဝါကြီးများ (သို့မဟုတ်) သားရဲများအတွက်လည်း အသုံးဝင်လှပေသည်။ ကျောင်းလုံက အတော်လေး စိတ်လှုပ်ရှားခဲ့ရပေမယ့် ကံမကောင်းစွာဖြင့် နှင်းကြာပန်းကို ရှာမတွေ့တော့ပေ။

ကျောင်းလုံက နှင်းကြာပန်းထက် ပိုနှေးသောကြောင့် မဟုတ်ပေမယ့် ၎င်းက သူ့မျက်လုံးများထဲတွင် သေးလွန်းသောကြောင့် ၎င်း၏ အရိပ်အယောင်ကို သူ ရှာမတွေ့တော့ပေ။

ကျောင်းလုံက ကြီးမားလွန်းသောကြောင့် နှင်းကြာပန်းသည် ၎င်းကိုပုန်းရန် အလွန်လွယ်ကူခဲ့သည်။

နှင်းကြာပန်းသည် ကျောက်တုံးများကြားရှိ နေရာလွတ်တစ်ခုထဲသို့ အလျင်အမြန် ဝင်ပြေးသွား၍ ကျောင်းလုံသည် ၎င်းနှင့်ပတ်သက်ပြီး ဘာမှ မလုပ်နိုင်တော့ပေ။ ထို့အပြင် ကျောင်းလုံ က လင်ရှောင်းထင်အား အနှောင့်အယှက်ဖြစ်စေမည့် ကျယ်လောင်သော ဆူညံမှုများကို မလုပ်ချင်ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် သူတို့ကြားမှ အကွာအဝေးက (၁၀)မီတာထက် ပိုနည်းသရွေ့ ကျောင်းလုံက နှင်းကြာပန်း၏ အနံ့ကို ခံနိုင်ဆဲဖြစ်ပြီး ထိုနေရာအနီးသို့ လိုက်သွားခဲ့သည်။

"ငါလည်း အဲ့ဒါကို တွေ့လိုက်ပေမယ့် ထွက်ပြေးသွားတယ်… မင်းဒီနေရာမှာနေပြီး လင်ရှောင်းထင်ကို စောင့်ကြည့်နေ။ ငါသူ့နောက်ကို လိုက်မယ်။" ဟု ကုနင်းက ပြောလိုက်သည်။

သူမက နှင်းကြာပန်းကို ဖမ်းနိုင်လျှင် ကျောင်းလုံနှင့်အတူ ၎င်းကို မျှဝေရန် သူမ မေ့မည်မဟုတ်ပေ။

လင်ရှောင်းထင်က အဆင့်နိမ့်သေးသောကြောင့် နှင်းကြာပန်းတစ်ခုလုံး၏ စွမ်းအင်ကို မစုပ်ယူနိုင်ပေ။ သူက ပန်းတစ်ပွင့်လုံးကို ယူလျှင် သူ၏ခန္ဓာကိုယ်ကို ထိခိုက်နိုင်သည်။ ထို့အပြင် ကျောင်းလုံသည် ယခုအချိန်တွင် သူမအား များစွာ ကူညီပေးခဲ့ပြီး နဂါးတစ်ကောင် ဖြစ်လာရန် ၎င်းအတွက် အထောက်အကူဖြစ်သော တစ်စုံတစ်ခုကို သူမက ပေးသင့်လေသည်။

သူမက ကျောင်းလုံ ၏ သခင်ဖြစ်ပြီး ၎င်းက နဂါးတစ်ကောင်ဖြစ်လာပြီးနောက် သူမအပေါ် သစ္စာရှိနေဆဲဖြစ်လျှင် ၎င်းက သူမအား အလွန်ကောင်းအောင် ပြုလုပ်လိမ့်မည်။

ကုနင်းက မည်သည့် သာမန်လူကိုမှ မကြောက်ပေမယ့် ဤကမ္ဘာတွင် သာမန်လူများကလွဲပြီး လွတ်လပ်စွာသွားလာနိုင်သော သတ္တဝါများ များစွာရှိခဲ့သည်။ သန်မာသော သားရဲများ(သို့မဟုတ်) ဧရာမသတ္တဝါကြီးများနှင့် ပက်ပင်းတိုးလျှင် သူမကိုယ်သူမ ကောင်းကောင်း ကာကွယ်နိုင်မလားဆိုတာကို သူမ မသေချာပေ။ ကျောင်းလုံ က သူမထက် ပိုအားကောင်းလျှင်တောင်မှ သူမတွင် စိတ်စွမ်းအင်အာကာပြင် ရှိသောကြောင့်သာ ၎င်းကို သူမ ထိန်းနိုင်ခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ ကျောင်းလုံ သည် ယခုအခါ သူမ၏ အကြီးမားဆုံး အကူအညီပေးသူဖြစ်ခဲ့သည်။

"ပြဿနာမရှိပါဘူး…" ဟု ကျောင်းလုံ က သဘောတူခဲ့သည်။

၎င်းက လင်ရှောင်းထင်အား စောင့်ရန် နေခဲ့ပြီး ကုနင်းက နှင်းကြာပန်းအနီးသို့ ချက်ချင်း ကပ်သွားတော့သည်။ သူမက တကယ်တော့ မနှေးပေမယ့် နှင်းကြာပန်းထက်တော့ သူမက များစွာပိုနှေးနေခဲ့သည်။

ကုနင်းက မြေပြန့်တွင်သာ လျင်မြန်စွာ သွားနိုင်ပြီး နှင်းကြာပန်းက အန္တရာယ်များသော ချောက်ကမ်းပါးများနှင့် ရှည်လျားသော တောင်တန်းများတလျှောက် သွားလာနိုင်သောကြောင့် လိုက်ဖမ်းရာတွင် သူမ၌ အရေးသာမှု မရှိခဲ့ပေ။ တကယ်တော့ ကျောင်းလုံက တိုတောင်းသော အကွာအဝေးကို ခုန်ပျံနိုင်ပေမယ့် ကုနင်းက မလုပ်နိုင်သောကြောင့် ကုနင်းက ကျောင်းလုံထက်ပင် ပိုဆိုးတော့သည်။ သို့သော် သူမသည် အလျှော့ပေးရန် ဝန်လေးနေခဲ့ သည်။

ကုနင်းသည် သူမ ယနေ့ကံကောင်းနိုင်ပြီး နှင်းကြာပန်းအား ဖြစ်နိုင်သမျှ အမြန်ဆုံး ဖမ်းမိနိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ခုကို အောင်မြင်ရန်အတွက် တစ်ဦးတစ်ယောက်၏ ကံနှင့် ဖြတ်ထိုးဉာဏ်ကို အားကိုးရလေသည်။

ကုနင်းက နှင်းကြာပန်းထက် ပိုနှေးသော်လည်း ၎င်းက ခပ်ဝေးဝေးမပြေးခဲ့ပေ။ ၎င်းနောက်မှ လိုက်လာနေသော မည်သူ့ကိုမှ မတွေ့သောကြောင့် တောင်ကုန်း၏ မတ်စောက်သောအစွန်းပေါ်ရှိ

ကွက်လပ်တစ်ခုတွင် သွားနားခဲ့လေသည်။

ကုနင်းက ခဏမျှ လိုက်ပြီးနောက် ၎င်းကို သူမ၏ ကျောက်စိမ်း

မျက်လုံးများဖြင့် ရှာလိုက်သည်။

သို့သော် နှင်းကြာပန်းက တောင်ကုန်း၏ မက်စောက်သော အစွန်းပေါ်တွင် ပုန်းနေခဲ့ပြီး ၎င်းက ကုနင်းမှ (၅)မီတာအကွာတွင် ရှိခဲ့သည်။ အရှေ့ဘက်၌ ချောက်ကမ်းပါးတစ်ခု ရှိသောကြောင့် ကုနင်းက မစွန့်စားနိုင်ပေ။

နှင်းများက ထူထပ်စွာကျနေပြီး သူမ မတော်တဆ ချော်ကျခဲ့လျှင် သေဆုံးသွားနိုင်သည်။ ထို့ကြောင့် နှင်းကြာပန်းက အန္တရာယ်ရှိသောနေရာမှ ထွက်ခွာရန် ဆန္ဒမရှိလျှင် သူမသည် ဤနေရာ၌သာ ရပ်ပြီး

ဘေးမှသာ ၎င်းကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။

ကုနင်းက ဤနေရာတွင် အချိန်ဖြုန်းရန် ဝန်လေးခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် နှင်းကြာပန်းက သတ္တဝါတစ်ကောင်ဖြစ်လာသော်လည်း ၎င်းက သိပ်ပြီး ပါးနပ်မှုမရှိပဲ ထိုနေရာလွတ်တွင် နေသရွေ့ သူ လုံခြုံလိမ့်မည်ဆိုခြင်းကို မသိခဲ့ပေ။

၎င်း၏ တုံ့ပြန်မှုကို ကုနင်းက သတိထားမိလိုက်သောကြောင့် ကျောက်တုံးများကို ကြိုးဖြင့်ရိုက်ကာ ၎င်းကို ခြောက်လှန့် လိုက်သည်။

ကျောက်တုံးများကို ကြိုးက ပြင်းထန်စွာ ရိုက်မိပြီး ကြောက်စရာကောင်းသော အသံများ ထွက်လာသောအခါ နှင်းကြာပန်းမှာ ကြောက်လန့်သွားတော့သည်။ ထို့ကြောင့် ၎င်းက ထိုနေရာလွတ်တွင်နေရန် အလွန်ကြောက်သွားကာ စက္ကန့်အနည်းငယ်မျှ ကြာပြီး

နောက် ၎င်းသည် ကြောက်လန့်တကြားဖြင့် ရုတ်တရက် ခုန်ထွက်လာတော့သည်။ သို့သော် ၎င်းက ချောက်ကမ်းပါးမှ ခုန်ချမသွားပဲ ရှေ့သို့ ဆက်ပြေးခဲ့လေသည်။ လမ်းက သိပ်မကြမ်းသည်ကို ကုနင်း တွေ့ရသောကြောင့် ၎င်းကို သူမ လိုက်ဖမ်းခဲ့သည်။ သို့သော်ငြားလည်း နှင်းကြာပန်းက သူမ၏ရှေ့ ခပ်လှမ်းလှမ်းတွင် ရှိနေခဲ့သည်။

၎င်းကို ကုနင်းက အလွယ်တကူ မမီနိုင်ပေမယ့် သူမက လက်မလျှော့ခဲ့ပေ။

နှင်းကြာပန်းက တောက်ပနေသောကြောင့် ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်လုံးများ၏ အကူအညီမပါပဲ ၎င်းကို အလွယ်တကူ တွေ့မြင်နိုင်ခဲ့သည်။ ကုနင်းသည် သူမ၏ကျောက်စိမ်းမျက်လုံးများကို အသုံးပြုသော အချိန်တိုင်း သူမ၏ မှော်စွမ်းအင်ကို သုံးစွဲခဲ့သည်။ ထိုကဲ့သို့ နှင်းကြာပန်းက သူမ၏ မြင်ကွင်းမှ ပျောက်မသွားသဖြင့် သူမ၏ ကျောက်စိမ်းမျက်လုံးများကို အသုံးပြုရန် သူမအတွက် မလိုအပ်ပေ။

ကျောက်စိမ်းမျက်လုံးများက အရာဝတ္ထုများ အဝေး၌ရှိနေချိန်တွင်

ကုနင်း၏ မျက်လုံးများထဲ၌ ပိုကြီးလာအောင် ပြုလုပ်ပေးနိုင် သောကြောင့် သူမသည် ထိုအရာများကို ရှင်းရှင်းလင်း မြင်နိုင်ပေသည်။ သို့သော် သူမ၏လမ်းကြောင်းတွင် (၁၀)မီတာ ထုထည်ရှိသော တစ်စုံတစ်ခုရှိလျှင် ၎င်းနောက်ကွယ်၌ ရှိနေသော အရာကို သူမ မြင်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူမနှင့် နှင်းကြာပန်းကြား ဘာမှမရှိသရွေ့ ၎င်းကို ကုနင်းဖမ်းရန် အခက်အခဲရှိမည် မဟုတ်ပေ။

ကုနင်းက ၎င်း၏နောက်ဘက် (၁၀)မီတာ အကွာတွင် ကျန်နေခဲ့ချိန်တွင် နှင်းကြာပန်းသည် ကုနင်းကို အနံ့မခံနိုင်သောကြောင့် ခတ္တမျှ ရပ်သွားခဲ့သည်။

သို့သော် ကုနင်းက သိပ်မကြာမီ တဖန်ပြန်ပေါ်လာသဖြင့် နှင်းကြာပန်းမှာ ထပ်ပြေးတော့သည်။ ကုနင်းက ၎င်းနောက်တွင် ကျန်ခဲ့သောအခါ ၎င်းက ရပ်လိုက်ပြီး ကုနင်းမှီလာသောအချိန်၌ ဆက်ပြေးခဲ့ပြန်သည်။ နှင်းကြာပန်းက ကုနင်းနှင့် ကစားနေပုံရပြီး ကုနင်းက ၎င်းကို ဘယ်သောအခါမှ ဖမ်းမမိနိုင်တော့ပေ။

***

အခန်း ၁၅၇၇ အဖြူရောင်မြေခွေး

နှင်းကြာပန်းက ၎င်းကို တမင်ရည်ရွယ်ပြီး မလုပ်မှန်း ကုနင်း သိသော်လည်း သူမ ဒေါသထွက်နေဆဲဖြစ်သည်။

ဤအချိန်၌ မြေခွေးဖြူတစ်ကောင်က ရုတ်တရက် အရှိန်ဖြင့် ဖြတ်ပြေးသွားခဲ့သည်။

၎င်းက နှင်းကြာပန်းဆီသို့ ပြေးဝင်သွားသောအခါ မြေခွေးဖြူက နှင်းကြာပန်းကို ရခဲ့လျှင် သူမ၏ အစီအစဉ် ပျက်စီးသွားမည် ဖြစ်သဖြင့် ကုနင်း အံ့အားသင့်သွားတော့သည်။ ထို့ကြောင့် သူမ၏လက်ထဲတွင် ပစ္စတိုတစ်လက်ကို ကိုင်ကာ ရှေ့သို့ ပြေးသွားပြီး အဖြူရောင်မြေခွေးကို သေနတ်နှင့် ချိန်လိုက်လေသည်။

မြေခွေးဖြူကလည်း ကုနင်းကို သတိထားမိပေမယ့် ၎င်း၏ မျက်လုံးများထဲတွင် သူမက သာမန်လူတစ်ယောက်သာ ဖြစ်သောကြောင့် သူမကို အလေးအနက် မထားခဲ့ပေ။ ၎င်းသည် သေနတ်က ဘာမှန်း မသိသောကြောင့် လုံးဝ ပြင်ဆင်မထားခဲ့ပေ။

ထို့နောက် ကျည်ဆန်က အလွန်လျင်မြန်စွာ ထွက်သွားပြီး မြေခွေးဖြူက ကုနင်းနှင့် မဝေးလှသောကြောင့် ကျည်ဆံကို ရှောင်ဖို့က ၎င်းအတွက် မဖြစ်နိုင်ပေ။ ကျည်ဆံက ၎င်း၏အမြီးကို ထိသွားသောကြောင့် နာကျင်စွာဖြင့် စူးစူးဝါးဝါး အော်လေတော့သည်။

ထို့နောက် မြေခွေးဖြူသည် နှင်းကြာပန်းကို ချန်ထားကာ ကုနင်းကို တိုက်ခိုက်ရန် စတင်လိုက်သည်။

၎င်း၏အမြီးမှ ကျည်ဆံကြောင့် အလွန်အမင်း နာကျင်မှုကို ခံစားခဲ့ရသော်လည်း ၎င်းက သန်မာဆဲဖြစ်သည်။ မြေခွေးဖြူက ၎င်း၏ ချွန်ထက်သောသွားများကို ဖြဲပြရင်း ဒေါသတကြီးဖြင့် အူလိုက်တော့သည်။

၎င်းက အူသံတစ်သံသာ ဖြစ်သော်လည်း ကုနင်းက ၎င်း၏ စကားကို နားလည်လိုက်သည်။

"အသုံးမကျတဲ့လူ… မင်းကငါ့ကို နာအောင် ဘယ်လို လုပ်ရဲရတာလဲ…" ဟု မြေခွေးဖြူက ပြောနေခြင်းဖြစ်သည်။

မြေခွေးဖြူက ယခုအခါ မိစ္ဆာသားရဲ တစ်ကောင် ဖြစ်သောကြောင့် ၎င်းက လူများကို မထီမဲ့မြင်ပြုခဲ့သည်။

ယခုအခါ ကုနင်းသည် နှင်းကြာပန်းမှ သူမ၏အကြည့်ကို ရုတ်သိမ်း လိုက်ပြီး မြေခွေးကိုရင်ဆိုင်တိုက်ခိုက်ရန် အာရုံရောက်သွားခဲ့သည်။

ခွန်းလွန်ဘုရားကျောင်းက ဝေးကွာသောကြောင့် လင်ရှောင်းထင်နှင့် ကျောင်းလုံတို့က သေနတ်သံကို မကြားခဲ့ကြပေ။

လင်ရှောင်းထင်က သူ၏လေ့ကျင့်မှုတွင် ရှိနေသောအချိန်တွင် အခြားလူများ၏ စကားပြောသံကို ကြားနိုင်သောကြောင့် ကုနင်း သူ့ကို ထားခဲ့မှန်း သူ သိလေသည်။

သူ့ကို ကာကွယ်ပေးရန် ကျောင်းလုံ ကို ထားခဲ့သောကြောင့် သူက စိတ်မပူခဲ့ပေ။

မြေခွေးဖြူက အတော်လေး သန်မာပေမယ့် ကုနင်းအတွက်တော့ ၎င်းက ဘက်ညီသူ မဟုတ်သေးပေ။ အံ့ဩစရာကောင်းစွာဖြင့် ကုနင်းက ထူးထူးခြားခြား အင်အားကြီးမားသောအခါ ၎င်းက လက်လျှော့ရန် စိတ်ကူးလိုက်သည်။

သို့သော် မြေခွေးများသည် နာကျည်းသောခံစားချက်ကို အငြှိုးထားကာ နောင်တစ်ချိန် သူမအား ကလဲ့စားချေရန်အတွက် ပြန်လာနိုင်သည်ကို သူမ သိသောကြောင့် ကုနင်းက ၎င်းကို လွတ်မြောက်ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် ကုနင်းက အခွင့်ကောင်းကို အသုံးချပြီး ၎င်းကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်လိုက်သည်။

မြေခွေးဖြူကြောင့်ဖြစ်သော ပြဿနာကို သူမ ဖြေရှင်းပြီးနောက် နှင်းကြာပန်းကို ဘယ်နေရာမှ ရှာမတွေ့တော့ပေ။

ကုနင်းက စိတ်ပျက်လက်ပျက် ဖြစ်သွားပေမယ့် ယခုအခါ ၎င်းနှင့်ပတ်သက်ပြီး သူမ ဘာမှ မတတ်နိုင်တော့ပေ။

ကုနင်းသည် သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲရှိ ဝိဉာဉ်ယောက်ျား ကို ရုတ်တရက် သတိရလိုက်သည်။ သူမသည် ၎င်းကို ရက်ပေါင်းအတော်ကြာ အထဲတွင် သိမ်းထားခဲ့ပြီး ယခုအခါ ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် သူမတွက် အချိန်ကျပြီဖြစ်သည်။

ကုနင်းက ခဏစဉ်းစားလိုက်ပြီးနောက် ဝိဉာဉ်ယောက်ျားကို လွှတ်ပေးလိုက်သည်။

ထို ဝိဉာဉ်ယောက်ျားက ကုနင်းကို ထပ်တွေ့ရသောအချိန်တွင် အံ့ဩပုံမရခဲ့ပေမယ့် သူမ၏အဝတ်အစားများ ဘာကြောင့် မတူသည်ကို နားမလည်ခဲ့ပေ။ ထို့အပြင် ပတ်ဝန်းကျင်ကလည်း မတူပေ။ သူ သူမကို နောက်ဆုံးအကြိမ် မြင်ခဲ့ချိန်က နွေရာသီသာ ဖြစ်သေးပေမယ့် ယခုအခါ ဆောင်းရာသီဖြစ်နေခဲ့လေပြီ။

ထို့ကြောင့် ဝိဉာဉ်ယောက်ျားမှာ အံ့ဩတုန်လှုပ်ကာ စိတ်ရှုပ်သွားတော့သည်။

သူတို့အနီးတဝိုက်တွင် ထူထပ်သော မှော်စွမ်းအင်များလည်း ရှိနေခဲ့သည်။

"ဒီ… ဒီမှာဘာဖြစ်နေတာလဲ…" ဟု ဝိဉာဉ်ယောက်ျားက ကုနင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ကျွန်မ ရှင့်ကို နောက်ဆုံးတစ်ခါ ပြောခဲ့တဲ့ဟာကို ရှင်မှတ်မိသေးလား၊" ဟု ကုနင်းက ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို ထိလိုက်တာနဲ့ ရှင် ကျွန်မပြောတာကို နားထောင်ရမယ်။"

"ဒါပေါ့… ငါ အဲ့ဒါကို မှတ်မိသေးတယ်။" ဟု ဝိဉာဉ်ယောက်ျားက ပြောလိုက်သည်။

"အင်း… နောက်ဆုံးတစ်ခါ ကျွန်မ ရှင့်ကို ထိတဲ့အချိန်က ခံစားချက်ကို ရှင် မှတ်မိသေးလား။" ဟု ကုနင်းက ဆက်မေးလိုက်သည်။

"ငါ့ရဲ့ဝိဉာဉ်ကို ငါ့ရဲ့ခန္ဓာကိုယ်ကနေ ဆွဲထုတ်ခံလိုက်ရသလို ငါခံစားလိုက်ရပြီးတော့ အခု အရမ်းထူးဆန်းတဲ့ ဒီနေရာမှာ ငါရောက်နေတယ်…" ဟု ဝိဉာဉ်ယောက်ျားက ပြောလိုက်သည်။

ဝိဉာဉ်ယောက်ျားသည် ကုနင်း၏ စိတ်စွမ်းအင်အာကာပြင် ထဲသို့ အထည့်ခံရပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သည်ဆိုခြင်းကို မသိခဲ့ပေ။ သူ၏မျက်လုံးများတွင် ၎င်းက မျက်တောင်တခတ်စာ အချိန်မျှသာ ဖြစ်ခဲ့သည်။

ယခုအခါ ကုနင်းက သူထင်ထားတာထက် ပိုပြီး အစွမ်းထက်ကြောင်းကို နောက်ဆုံးတွင် ဝိဉာဉ်ယောက်ျားက နားလည်သဘောပေါက်သွားခဲ့လေပြီ။ ထို့နောက် ရုတ်တရက် သူမကို ကြောက်သွားတော့သည်။

"မှန်တာပေါ့… ရှင့်ရဲ့ဝိဉာဉ်က ကျွန်မရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲကို ဆွဲခေါ်ခံလိုက်ရပြီးတော့ ရှင့်ရဲ့မှတ်ဉာဏ်နဲ့ အသိစိတ်က အဲ့ဒီအချိန်မှာ ရပ်သွားခဲ့တယ်… ရှင့်ရဲ့ အုတ်ဂူကနေ ကီလိုမီတာ(၃၀၀၀)ကျော်ဝေးတဲ့ နေရာတစ်ခုမှာ ကျွန်မတို့ ရောက်နေပြီးတော့ နေ့ရက်တွေက ကြာခဲ့ပါပြီ…" ဟု ကုနင်းက ပြောလိုက်သည်။

သူမပြောတာကို နားထောင်စေချင်လျှင် ဝိဉာဉ်ယောက်ျားကို သူမ၏ အစွမ်းအား အသိပေးရန် သူမအတွက် လိုအပ်ပေမယ့် သူမ၏ ကျောက်စိမ်းမျက်လုံးများအကြောင်းကို သူ့အား သူမ ပြောမည် မဟုတ်ပေ။

"ဘာလဲ…"

ဝိဉာဉ်ယောက်ျားက ထိတ်လန့်အံ့ဩသွားတော့သည်။ ကုနင်း သူ့အားပြောလိုက်သော စကားတစ်ခွန်းကို သူ မယုံကြည်နိုင်ခဲ့ပေ။ သို့သော် အုတ်ဂူ၏ ထိန်းချုပ်မှုကနေ လွတ်သွားတာကို သိလိုက်ရသည်နှင့် သူက စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ ယခု သူလွတ်လပ်လေပြီ။

"အင်း… ရှင်က ကျွန်မကို ဆန့်ကျင်ချင်သေးလား…" ဟု ကုနင်းက မေးလိုက်သည်။

"မဟုတ်ရပါဘူး…"

"ကောင်းတာပေါ့… ရှင့်ရဲ့ အစွဲအလမ်းကို ကျွန်မကို အခု မပြောသင့်ဘူးလား…"

"ဘာလို့လဲ… ငါ အုတ်ဂူကထွက်လာပြီ… ငါမင်းကို ထပ်ပြီး ထိခိုက်စေမှာမဟုတ်ဘူး…" ဟု ဝိဉာဉ်ယောက်ျားက ပြောလိုက်သည်။ သူသည် ဤလောကမှ ထွက်သွားချင်စိတ်မရှိပဲ ထိုအကြောင်းကို ပို၍ပင် သိချင်စိတ်ပြင်းပြခဲ့သည်။

ဝိဉာဉ်ယောက်ျား စိတ်ပြောင်းသွားသောအခါ သူမ မကြိုက်သောကြောင့် ကုနင်း၏အမူအရာက ပြောင်းသွားတော့သည်။

ကုနင်းက သူ့ကို နောက်ထပ် လူအဖြစ်ဝင်စားဖို့ သွားရန် အတင်းအကြပ် တိုက်တွန်းမှာ မဟုတ်သော်လည်း သူ ဤနေရာတွင် ရှိလျှင် သူက ဒုက္ခပေးသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

***

အခန်း၁၅၇၈ နတ်ဘုရားများက ဒဏ်ခတ်သည်…

"ရှင်လူ့လောကမှာနေရင် စည်းမျဉ်းတွေကို ဆန့်ကျင်လို့ နတ်ဘုရားတွေက ရှင့်ကို အပြစ်ပေးလိမ့်မယ်…" ဟု ကုနင်းက ပြောလိုက်သည်။

"အဲ့ဒီတော့ ဘာဖြစ်လဲ… ငါ ဒီနေရာမှာ အကြာကြီးနေခဲ့တာ ဘာမှမဖြစ်ဖူးပါဘူး…" ဟု ဝိဉာဉ်ယောက်ျားက ပြောလိုက်ပြီး ၎င်းကို အရေးကြီးသည်ဟု မထင်ခဲ့ပေ။

နတ်ဘုရားများက ဒဏ်ခတ်ခြင်းကို ကြားဖူးခဲ့ပေမယ့် ယခင်က ၎င်းကို တစ်ခါမှ မျက်မြင်မတွေ့ဖူးသောကြောင့် ထိုအကြောင်းကို သူ မယုံကြည်ခဲ့ပေ။

ထို့အပြင် ၎င်းက တကယ်ရှိခဲ့လျှင်တောင် သူ မကြုံဖူးပေ။ ဘာပဲဖြစ်ဖြစ် အခုချက်ချင်း သူ ထွက်မသွားချင်ပေ။ ထိုအစား ဤတစ်ခါတွင် သူ့စိတ်တိုင်းကျ သူ၏ဘဝကို ရှင်သန်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုအတွေးကြောင့် ဝိဉာဉ်ယောက်ျားက ပို၍ ဆုံးဖြတ်ချက်ခိုင်မာသည့် ပုံ ပေါက်နေခဲ့သည်။

"ရှင်ဒီနေရာမှာ ဘာလုပ်ချင်တာလဲ…" ဟု ကုနင်းက မေးလိုက်သည်။

"ဒီနေရာက မှော်စွမ်းအင်ထူထပ်လို့ ငါ့ရဲ့ကျင့်ကြံတာကို သေချာ တိုးတက်အောင်လုပ်မလို့ပါ…" ဟု ဝိဉာဉ်ယောက်ျားက ပြောကာ သူ၏မျက်လုံးများထဲတွင် ပြင်းပြသောဆန္ဒကို ပြသနေခဲ့သည်။

သူက နေထိုင်ရန် သာမန်ခန္ဓာကိုယ် ရှိချင်ခဲ့ပြီး မြင့်မားသောအဆင့်ကို ရောက်နိုင်လျှင် သာမန်လူတစ်ယောက်လို ရှင်သန်ရန် အခွင့်အရေး ရှိလေသည်။

"ဒါက မလွယ်ဘူး…" ဟု ကုနင်းက ပြောလိုက်သည်။

တကယ်တော့ မှော်စွမ်းအင်နှင့်အတူ ကျင့်ကြံခြင်းကို တိုးတက် အောင်လုပ်ခြင်းဖြင့် နေထိုင်ရန် ခန္ဓာကိုယ်အစစ်တစ်ခုရရှိဖို့က ဝိဉာဉ်တစ်ယောက်အတွက် နှစ်ပေါင်းများစွာ အချိန်ယူရသည်။

ဤဝိဉာဉ်ယောက်ျားသည် ထိုအတွက် စိတ်ရှည်မည်ဟု ကုနင်း မထင်ပေ။

ထို့အပြင် သူက ကြီးမားသောအာဃာတများကို ကိုင်စွဲထားသောကြောင့် မှန်ကန်သော အရာများကိုသာ ပြုလုပ်ဖို့က သူ့အတွက် မဖြစ်နိုင်ပေ။

"ငါကြိုးစားကြည့်ချင်တယ်…" ဟု ဝိဉာဉ်ယောက်ျားက ပြောလိုက်သည်။

"ရှင်သေချာလား…" ဟု ကုနင်းက မေးလိုက်သည်။

"အင်း… သေချာတယ်…"

ဝိဉာဉ်ယောက်ျားက ခေါင်းညိတ်လိုက်ပြီး ထိုကဲ့သို့သော မေးခွန်းများကို ကုနင်း မေးနေသည့်အတွက် သူအနည်းငယ် ဒေါသထွက်ခဲ့သည်။

"ကောင်းပြီ… ကျွန်မ ရှင့်ကို အခု မတားနိုင်တာကို စိတ်မကောင်းဖြစ်မိတယ်…" ဟု ကုနင်းက ပြောလိုက်ပြီး သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲမှ ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

"ကံကြမ္မာက ကျွန်မတို့ကို ပြန်ပြီးသင့်မြတ်စေတဲ့အတွက် ရှင့်ရဲ့ ကျင့်ကြံခြင်းကို တကယ်တိုးတက်ချင်တယ်ဆိုရင် ကျွန်မ ရှင့်ကို ကူညီနိုင်ပါတယ်။ ဒါက ရှင်လိုချင်ရင် ယူနိုင်တဲ့ မှော်စွမ်းအင် ခရစ်စတယ်တွေပါတဲ့ ပုလင်းတစ်လုံးပဲ။"

ဝိဉာဉ်ယောက်ကျားက သူမအား မယုံကြည်ခဲ့သည်ရှိသော် လိုရမယ်ရအနေဖြင့် ကုနင်းက ကြွေပုလင်းကို ဖွင့်ပြလိုက်သည်။

ပုလင်းကို ဖွင့်လိုက်သောအခါ ဝိဉာဉ်ယောက်ျားက သန့်စင်ထူထပ်သော မှော်စွမ်းအင်ကို အနံ့ရလိုက်ပြီး သူ၏မျက်လုံးများက တောက်ပသွားတော့သည်။

"ကျေးဇူးအများကြီးတင်ပါတယ်… "

ဝိဉာဉ်ယောက်ျားက စိတ်လှုပ်ရှားသွားခဲ့သည်။

သူ့ကို မှော်စွမ်းအင်ခရစ်စတယ်တွေက အပြည့်အဝဆွဲဆောင် ခဲ့သောကြောင့် ကုနင်း ဘာကြောင့် ထိုသို့လုပ်ခဲ့သည်ဆိုခြင်းကို ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ပေ။

ထို့နောက် ပုလင်းကိုယူရန် သူ လက်လှမ်းလိုက်သည်။ သို့သော် သူ၏လက်များ ကြွေပုလင်းကို ထိခါနီးအချိန်တွင် ကြွေပုလင်းက ပျောက်ကွယ်သွားပြီး ခဏအကြာတွင် သူ၏လက်ကို ကုနင်းက လှမ်း၍ ဖမ်းလိုက်လေတော့သည်။

ဝိဉာဉ်ယောက်ျားက ကြောက်လန့်သွားပေမယ့် သူ့ကို ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ တဖန် ပြန်ထည့်လိုက်ပြီဖြစ်သည်။

ကြွေပုလင်းက ငါးစာသက်သက်သာ ဖြစ်သည်။

ကုနင်းက ဝိဉာဉ်ယောက်ျားကို ထုတ်ယူခဲ့သောကြောင့် သူပြုလုပ်ရန် စီစဉ်လိုက်သော အရာကို သူမ သိပြီးနောက် ဤနေရာတွင် နေထိုင်ရန် သူမ ခွင့်မပြုသင့်ပေ။

ဝိဉာဉ်ယောက်ျားက သူ၏ အစွဲအလမ်းကို သူမအား ပြောပြရန် ဆန္ဒရှိ မနေခဲ့လျှင် သူမ၏ စိတ်စွမ်းအင်အာကာပြင် ၏ အကူအညီဖြင့်သာ သူ့ကို သန့်စင်ပေးနိုင်မည်ဖြစ်သည်။

အနာဂတ် တစ်နေ့နေ့၌ သူ့ကို ချေမှုန်းရန် ကျောင်းလုံကို သူမ ပြောဖို့လည်း ဖြစ်နိုင်ချေရှိသည်။

ကုနင်းသည် သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲသို့ ဝိဉာဉ်ယောက်ျားကို ပြန်ထည့်လိုက်ပြီးနောက် သက်ပြင်းချကာ သူမ ပြန်လျှောက်လာခဲ့သည်။

သူမ ခွန်းလွန် ဘုရားကျောင်းသို့ပြန်ရောက်ချိန်တွင် မနက်(၁၂)နာရီ ထိုးပြီးခဲ့လေပြီ။

လင်ရှောင်းထင်က ခြံဝင်းထဲတွင် ကုနင်းကို စောင့်နေဆဲဖြစ်သည်။ ကုနင်းဘယ်သွားပြီး ဘယ်အချိန်ပြန်လာမည်မှန်း သူ မသိသောကြောင့် သူသည် ထိုနေရာ၌ပင် သူမကို စောင့်နေခဲ့သည်။ သူက ကုနင်းကို စိတ်ပူနေခဲ့ပြီး သူမ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

လင်ရှောင်းထင်သည် ၎င်းနှင့်အတူ ရှိသောအခါ စိတ်မသက်မသာ ဖြစ်ရသောကြောင့် ဤအချိန်၌ ကျောင်းလုံ ရှိမနေခဲ့ပေ။

လင်ရှောင်းထင် အားမနည်းမှန်း ကျောင်းလုံက သဘောပေါက်သောကြောင့် သူ၏လေ့ကျင့်မှု ပြီးဆုံးသည်နှင့် ၎င်းက ထွက်ခွာသွားခဲ့သည်။ သို့သော်ငြားလည်း ကျောင်းလုံက ခပ်ဝေးဝေးသို့ မသွားပဲ ခြံဝင်းထောင့်တစ်နေရာတွင် နေခဲ့သည်။ ၎င်းက နှင်းကြာပန်း၏ နောက်ဆုံးအခြေအနေကို သိချင်စိတ် ပြင်းပြနေခဲ့သည်။

"သခင်… ဘယ်လိုလဲ…" ဟု ကုနင်းကို မြင်မြင်ချင်း ကျောင်းလုံ က မေးလိုက်သည်။

"ငါဖမ်းမမိပေမယ့် အဲ့ဒါကို နောက်မှ ရှာတော့မယ်။" ဟု ကုနင်းက

ပြောလိုက်သည်။ ၎င်းက အံ့ဩစရာကောင်းသော ရလဒ်တစ်ခု မဟုတ်ပေ။

ကျောင်းလုံက ကုနင်းကို ယုံကြည်ခဲ့ပြီး သူမ ညာပြောနေသည်ဟု မထင်ခဲ့ပေ။ ၎င်းသည် ကုနင်းကို အချိန်တော်ကြာ သိကျွမ်းခဲ့ပြီး ကုနင်းကို ကောင်းကောင်း သိလေသည်။

ကုနင်းက နှင်းကြာပန်းသတ္တဝါကို ၎င်းနှင့်အတူ မဝေမျှလျှင်တောင်မှ ဆုအဖြစ် တစ်စုံတစ်ခုကို သူမက ပေးမှာဖြစ်သည်။ ကုနင်းက ယနေ့တွင် နှင်းကြာပန်းအား တကယ် မဖမ်းနိုင်ခဲ့ပေ။

ထို့နောက် ကျောင်းလုံက ထွက်သွားခဲ့ပြီး ကုနင်းက ဘုရားကျောင်းထဲသို့ လျှောက်လာခဲ့သည်။

"နင်းနင်း… အဆင်ပြေရဲ့လား…"

လင်ရှောင်းထင်က သူမဆီသို့ ချက်ချင်း လျှောက်လာခဲ့သည်။

"ရှင်ဘာလို့ အခန်းထဲမသွားတာလဲ… အပြင်မှာအေးတယ်…" ဟု ကုနင်းက မေးလိုက်သည်။

သူမကိုစိတ်ပူသောကြောင့် ခြံထဲတွင် လင်ရှောင်းထင်နေခဲ့မှန်း သူမ သိပေမယ့် သူ့ကိုယ်သူလည်း ကောင်းကောင်းဂရုစိုက်ဖို့ သူမ မျှော်လင့်မိသည်။

"ငါ မင်းကို စိတ်ပူလို့ပါ…" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။

ထိုအခါ ကုနင်းက ပြုံးလိုက်ပြီး အခန်းထဲသို့ အတူတူ ဝင်ခဲ့ကြသည်။

နှင်းကြာပန်းသတ္တဝါနှင့် သူမ ဖြတ်သန်းခဲ့သောအရာကို လင်ရှောင်းထင်အား ကုနင်းက နောက်မှ ပြောပြခဲ့သည်။

All Chapters