← Chapters

အခန်း (၁၅၇၉-၁၅၈၄)

Vol. 100 Ch. 1579-1584

အခန်း (၁၅၇၉-၁၅၈၄)

Vol. 100 Ch. 1579-1584

အခန်း ၁၅၇၉ ထန်ပင်းစန်က ချီကျီယွဲ့ကို ရှာတွေ့သွားခဲ့ပြီ…

လင်ရှောင်းထင်က ၎င်း၏ ကြီးမားသော အကျိုးတရားအကြောင်းကို

သိပြီးနောက် နှင်းကြာပန်းကို အလွန် ရချင်ခဲ့ပေမယ့် သူ့ကြောင့် ကုနင်း အလွန်ပင်ပန်းမှာကို သူ မကြည့်ရက်ပေ။ သို့သော် ကုနင်းက သူမ လုပ်ဖို့ စီစဉ်ထားသောအရာကို လုပ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ၎င်းကို သူ မတားနိုင်သဖြင့် သူမကို ဂရုစိုက်ရန်သာ လင်ရှောင်းထင် သတိပေးခဲ့ရသည်။

နောက်တစ်ခါ သူမနှင့်အတူ နှင်းကြာပန်းကို သူလည်း လိုက်ရှာချင်သောကြောင့် ကုနင်းက လက်ခံခဲ့သည်။ အဖြူရောင်မြေခွေးပေါ်လာခြင်းကြောင့် ခွန်းလွန်ဂိုဏ်းနေရာက အလွန်အန္တရာယ်များမှန်း ကုနင်း သဘောပေါက်လိုက်ပြီး သူတို့အတူတူနေလျှင် ပိုကောင်းပေမည်။ သူတို့ အတူတူရှိတာက ပိုအားကောင်းသောကြောင့် သူတို့အတူတူနေလျှင် ပို၍ လုံခြုံသည်။

ထိုညနှောင်းပိုင်းတွင် ကုနင်းနှင့် လင်ရှောင်းထင်တို့မှာ အိပ်ပျော်သွား ကြတော့သည်။

…

မြို့တော်တွင် ထန်ပင်းစန်သည် ချီကျီယွဲ့ကို နောက်ဆုံး၌ ရှာတွေ့ခဲ့ပြီး သူ့ကိုဖမ်းရန် လူတချို့ကို ကြိုတင်စီစဉ်ထားခဲ့သည်။

အမှန်တော့ ချန်ယွင်လင်၏ဖခင်က ထန်ပင်းစန်ထံသို့ သတင်း ပေါက်ကြားစေခဲ့ခြင်းဖြစ်သည်။

ဤရက်များတွင် ချန်ယွင်လင် သည် ချီကျီယွဲ့ ကို စောင့်ရှောက်ရန် ဆေးရုံတွင် နေခဲ့သော်လည်း သူမ၏ အစ်ကိုကြီးဖြစ်သူ ချန်ပင်းရှီးက မတော်တဆ တွေ့သွားခဲ့သည်။

ချန်ပင်းရှီး၏ သူငယ်ချင်းများထဲမှ တစ်ယောက်က နေမကောင်းသောကြောင့် သူက ထိုဆေးရုံရှိ သူ့သူငယ်ချင်းထံ သွားကြည့်ရင်း ချန်ယွင်လင် ကို တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရသည်။ မကြာသေးမီက သူမသည် အလွန်ထူးထူးခြားခြား ပြုမူနေခဲ့ပြီး သူမ၏ မိသားစုက သူမနှင့်ပတ်သက်ပြီး စိတ်ပူခဲ့ရသောကြောင့် သူက ချန်ယွင်လင်ကို နှုတ်မဆက်ပဲ သူမနောက်မှ လိုက်သွားခဲ့သည်။

"ကျီယွဲ့ … ဆရာဝန် ဘာပြောလဲ…" ချန်ယွင်လင်က စိုးရိမ်တကြီး မေးလိုက်သည်။

"ငါ အခု တဖြည်းဖြည်း ပိုကောင်းလာပြီ… ဒါကြောင့် ရက်ပိုင်း အတွင်းမှာ ဆေးရုံက ဆင်းနိုင်ပြီ…" ဟု ချီကျီယွဲ့က ပြောလိုက် သည်။

"ဝမ်းသာစရာပဲ…" ချန်ယွင်လင် ပျော်သွားတော့သည်။

"အခု စားကြစို့…"

သူမသည် အလုပ်ဆင်းသည်နှင့် ဆေးရုံသို့ရောက်လာပြီး ချီကျီယွဲ့ အတွက် အရသာရှိသော ဟင်းများကိုယူလာပေးခဲ့သည်။

လူနာဆောင်မှ ချီကျီယွဲ့၏ အသံကို သူ ကြားလိုက်ရသောအခါ ချန်ပင်းရှီးမှာ ကြက်သေသေသွားတော့သည်။ သူက ချီကျီယွဲ့နှင့် ရင်းနှီးသောကြောင့် သူ၏အသံကို သူ အလွယ်တကူ မှတ်မိလေသည်။

သူ၏ ညီမငယ်က ချီကျီယွဲ့နှင့်အတူရှိနေမှန်း သိလိုက်ရသောအခါ ချန်ပင်းရှီးမှာ ဒေါသထွက်သွားတော့သည်။ ချီကျီယွဲ့နှင့် ဖြစ်ပျက်ခဲ့သောအရာကို သူသိထားပြီး ထန်မိသားစုက သူ့အားလိုက်ရှာနေခြင်းက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

ထန်ပင်းစန်က ရဲအား အကူအညီ မတောင်းခဲ့သော်လည်း ချီကျီယွဲ့အား အနှေးနှင့် အမြန် သူရှာဖွေလိမ့်မည်။ ချီကျီယွဲ့ကို ထန်မိသားစုက ဖမ်းမိသွားသောအခါ ပြင်းပြင်းထန်ထန် အပြစ်ပေး ခံရကာ သူ ကံဆိုးမိုးမှောင်ကျပြီဖြစ်သည်။

ချန်ယွင်လင်က ထန်မိသားစု၏ရန်သူအား ကာကွယ်စောင့်ရှောက်နေခဲ့သောကြောင့် ထန်မိသားစုက သူမကိုလည်း စိတ်ဆိုးသွားနိုင်သည်။ ထို့အပြင် သူတို့၏ မိသားစုကိုလည်း ထိခိုက်နိုင်သောကြောင့် ၎င်းက ချန်ပင်းရှီး မဖြစ်ချင်ဆုံး အဆုံးသတ်ပင်ဖြစ်သည်။

ချန်ပင်းရှီးသည် လွန်ခဲ့သော နှစ်အနည်းငယ်ထဲက ချီကျီယွဲ့နှင့် ချန်ယွင်လင်တို့၏ ရိုမန့်တစ်ဆက်ဆံရေးကို သတိပြုမိပေမယ့် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်မပြတ်ခဲ့တာကို သူအံ့ဩခဲ့ရသည်။ ၎င်းက လေးနက်သော ကိစ္စတစ်ခု ဖြစ်ပြီး ချန်ပင်းရှီးလည်း သူ့အဖေနှင့် စကားပြောရပေတော့မည်။

ချန်ပင်းရှီး၏ ဖခင်က ထိုအကြောင်းကို ကြားရသောအခါ ထိတ်လန့်သွားခဲ့ပြီး ချန်ယွင်လင်၏ အပြုအမူကို အလွန် ဒေါသထွက်သွားတော့သည်။

ထန်မိသားစုက လွန်ခဲ့သော နှစ်ပေါင်းများစွာက ချီမိသားစုကို ပျက်စီးစေရန် တုံ့ဆိုင်းခြင်းမရှိခဲ့ပဲ ချန်မိသားစုသည်လည်း ဤတစ်ခါတွင် အပြစ်ပေးခံရနိုင်သည်။

သူတို့သည် ချန်ယွင်လင်၏ အရူးထသော အပြုအမူကြောင့် သူတို့မိသားစုကို ဒုက္ခရောက်ဖို့ ခွင့်ပြုမည်မဟုတ်သောကြောင့် ချန်ယွင်လင်၏ဖခင်က သူမကို ဖုန်းဆက်ကာ အိမ်ကို အတတ်နိုင်ဆုံး အမြန်ပြန်လာရန် ပြောလိုက်သည်။

သူမ၏ ဖခင်က ချီကျီယွဲ့ အကြောင်းကို မေးခွန်းထုတ်သောအချိန်တွင် ၎င်းကို ငြင်းဆိုရန် ချန်ယွင်လင် ကြိုးစားခဲ့ပေမယ့် သူမ၏ဖခင် ဖြစ်သူက ငြိမ်မသွားခဲ့ပေ။ သူက သူမအား ပြင်းပြင်းထန်ထန် ဝေဖန်ကာ ထန်မိသားစုအား ထပ်မံ၍ ဆန့်ကျင်သော အပြုအမူမျိုးမှ သူမအား တားမြစ်ခဲ့သည်။

ချန်ယွင်လင် ငိုချင်မိပေမယ့် သူမ၏ မိသားစုအပေါ် သက်ရောက်မှု အကြောင်းကို စဉ်းစားခြင်းမရှိပဲ ချီကျီယွဲ့အား သူမ မကူညီသင့်မှန်းလည်း သဘောပေါက်မိသည်။ သူမသည် ချီကျီယွဲ့ကြောင့် သူမ၏ မိသားစုကို ပျက်စီးစေလိုခြင်းမရှိပေ။ သူမ၏မိသားစု ပျက်စီးလျှင် သူမ အဆင်ပြေမည် မဟုတ်ပေ။

သူမသည် ထန်မိသားစုကို သွားမထိသင့်ပေ။ သို့သော် သူမက ချီကျီယွဲ့ကို အမှန်တကယ် ချစ်ခဲ့ပြီး ဘေးမှ ရပ်ကာ သူနှိပ်စက်ခံနေ ရတာကို စောင့်ကြည့်ဖို့ နှလုံးသားမျိုး မရှိခဲ့ပေ။

"အခုကစပြီး မင်း ချီကျီယွဲ့ဆီကို ထပ်မသွားရတော့ဘူး… နားလည်လား…"

သူမ၏ ဖခင်က သူမအား သတိပေးလိုက်သည်။

"သမီး နားလည်ပါတယ်…"ချန်ယွင်လင်က ခေါင်းညိတ်လိုက်သည်။

ချန်ယွင်လင်က လက်ခံသော်လည်း သူမ၏ဖခင်က စိုးရိမ်ဆဲပင် ဖြစ်သည်။

"ဒီရက်တွေမှာ မင်း အိမ်မှာပဲ နေရမယ်။ မင်းရဲ့ အလုပ်ကလွဲပြီး ဘယ်နေရာကိုမှ မသွားရဘူး။ မင်းအလုပ်ကို အပို့အကြိုလုပ်ပေးဖို့ ကားဒရိုင်ဘာတစ်ယောက် ငါ စီစဉ်ပေးမယ်။"

"အဖေ…" ချန်ယွင်လင်က သူမ၏ လွတ်လပ်ခွင့်ကို လိုချင်ခဲ့သည်။

"ဘာလဲ? ဒါကို ငါနဲ့ မင်း သဘောတူထားတာမဟုတ်ဘူးလား၊" ဟု သူမ၏ဖခင်က မျက်မှောင်ကြုပ်ကာ မေးလိုက်သည်။

ချီကျီယွဲ့နှင့် သူမ၏ ကြာမြင့်ပြီဖြစ်သော ကြည်နူးဖွယ်ရာ ဆက်ဆံရေးကို သူမ၏ဖခင်က မသိသော်လည်း အတိတ်က သူတို့ အလွန် ရင်းနှီးခဲ့တာကို သူ သိထားခဲ့သည်။

"သမီး တောင်းပန်ပါတယ်…" ချန်ယွင်လင်က သူမ၏ဖခင်ကို တောင်းပန်လိုက်သည်။

"ယွင်လင်… အရမ်း မမိုက်နဲ့။ ငါတို့က ထန်မိသားစုကို သွားထိ လို့မရဘူး၊ ချီကျီယွဲ့ကြောင့် ငါတို့မိသားစု ပျက်စီးသွားရင် ဘယ်လိုဖြစ်မလဲ။" သူမ၏ ဖခင်က ဒေါသထွက်နေခဲ့သည်။

ချန်ယွင်လင်မှာ ကြောက်ရွံ့လို့သွားကာ "သမီး နားလည်ပါတယ်…အဖေ…"

သူမသည် ချီကျီယွဲ့အား တိတ်တဆိတ်ကူညီရန် စိတ်ကူးကို စွန့်လွှတ်လိုက်ရတော့သည်။

***

အခန်း ၁၅၈၀ ချီကျီယွဲ့ သတိလစ်အောင် အရိုက်ခံရပြီး ခေါ်သွားခံရခြင်း…

"ကောင်းပြီ။ ငါအခု အပြင်သွားရမယ်။ ပင်းရှီး … မင်းရဲ့ညီမကို သေချာစောင့်ကြည့်ထား။" ဟု ချန်ယွင်လင်၏ ဖခင်က ပြောလိုက်သည်။

"ဟုတ်ကဲ့…" ဟု ချန်ပင်းရှီးက လက်ခံလိုက်သည်။

အချိန်က ည (၈)နာရီသာရှိပြီး သူတို့၏ဖခင်သည် ဤအချိန်၌ သူ့မိတ်ဆွေများနှင့်အတူ ရင်းရင်းနှီးနှီးတွေ့ဆုံရန် အပြင်ထွက်တတ်သောကြောင့် ၎င်းကို ထူးဆန်းသည်ဟု သူတို့ဘယ်သူမှ မခံစားခဲ့ရပေ။

ချန်ယွင်လင်က ချီကျီယွဲ့နှင့် သူမ၏ပတ်သက်မှုကို ဖြတ်တောက်ရန် သဘောတူခဲ့သော်လည်း သူမ၏ဖခင်က ၎င်းကို တတ်နို်ငသမျှ အမြန်ဆုံးဖြေရှင်းသင့်သည်ဟု ယူဆနေဆဲဖြစ်သည်။

ယခုအခါ မကောင်းသောသူတစ်ယာက်ဖြစ်ရန်မှတစ်ပါး သူ့တွင် အခြားရွေးချယ်ရန် အခွင့်အလမ်း မရှိသောကြောင့် ၎င်းကို ထန်မိသားစုထံတင်ပြရန် သူဆုံးဖြတ်လိုက်သည်။ ထန်မိသားစုက ချီကျီယွဲ့ကို ရှာတွေ့လျှင် ချန်ယွင်လင်နှင့် သူတို့၏မိသားစု ဘေးကင်းမှာဖြစ်သည်။

ထန်မိသားစုက ဩဇာတိက္ကမကြီးမားလွန်းသဖြင့် သူတို့မိသားစု၏အနာဂတ်ကို စွန့်စားဖို့ ဆန္ဒရှိမနေခဲ့ပေ။ ထို့အပြင် ချီကျီယွဲ့ကို ရှာဖို့ သူတို့အား သူကူညီခဲ့လျှင် ထန်မိသားစုက သူ့ကို ကောင်းကောင်း ချီးမြှောက်နိုင်သည်။

ဘာပဲဖြစ်ဖြစ် သူ့မိသားစု ဘေးမသီရန်မခ နေနိုင်ဖို့ကို သူ မျှော်လင့်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ချန်မိသားစုနှင့် ထန်မိသားစုအကြား သူတို့၏ လူနေမှုအဆင့်အတန်းက ကွာဟချက်ကြီးမားသောကြောင့် ချန်ယွင်လင်၏ ဖခင်က အထာနပ်ပြီးသားဖြစ်သည်။ ထို့ကြောင့် သူက အကူအညီတောင်းဖို့အတွက် အစိုးရအရာရှိတစ်ယောက်ဖြစ်သော သူ့သူငယ်ချင်းကို အားကိုးရပေမည်။

ဤသူငယ်ချင်းက သူနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိသောကြောင့် ထန်ပင်းစန်ကို သူ့သူငယ်ချင်းထံမှ ဆက်သွယ်လိုသည့် သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်ထားဖို့ သူ ဂရုမစိုက်ခဲ့ပေ။

သူ့သူငယ်ချင်းက ထိုအကြောင်းကို ဆက်မေးမနေပဲ သူ့အား ကူညီရန် လက်ခံလိုက်သည်။ သို့သော် သူ့သူငယ်ချင်းက ထန်ပင်းစန် အတွင်းရေးမှူး၏ ဖုန်းနံပါတ်ကို သူ့အား ချက်ချင်းမပေးဝံ့ပဲ ဦးစွာ ခွင့်ပြုချက်တောင်းဖို့ လိုအပ်ခဲ့သည်။

ချန်ယွင်လင်၏အဖေကလည်း အပြည့်အဝ နားလည်ခဲ့သည်။

မိနစ်အနည်းငယ်မျှ ကြာပြီးနောက် သူ့သူငယ်ချင်းက သူ့အား ဖုန်းပြန်ခေါ်ပြီး ထန်ပင်းစန် အတွင်းရေးမှူး၏ နံပါတ်ကို ပေးခဲ့သည်။

ထို့နောက် အချိန်မဆွဲတော့ပဲ ချန်ယွင်လင်၏ ဖခင်က ထန်ပင်းစန်၏ အတွင်းရေးမှူးကို ဖုန်းခေါ်လိုက်ပြီး ထန်ပင်းစန်နှင့် အတတ်နိုင်ဆုံး မြန်မြန်တွေ့ရဖို့ကို သူ မျှော်လင့်ကြောင်း ပြောလိုက်သည်။

ဤအချိန်၌ ထန်ပင်းစန်က သူ့ကုမ္ပဏီတွင် အချိန်ပိုဆင်းနေခဲ့ပြီး သူ့အတွင်းရေးမှူးက သူ့ဘေးတွင် ရှိနေခဲ့သောကြောင့် သူ့အား ၎င်းကိုအစီရင်ခံခဲ့သည်။

ချီကျီယွဲ့နှင့်ပတ်သက်သော သတင်းကို ကြားလိုက်ရချိန်တွင် ထန်ပင်းစန်မှာ စိတ်လှုပ်ရှားသွားတော့သည်။

ချီကျီယွဲ့ကို သူဖမ်းမိသည်နှင့် သူ့အတွက် အမှန်တကယ် ပိုကြီးသော ပြဿနာတစ်ခုဖြစ်သည့် ထန်အိုက်နင်းအား ဖမ်းရန် သူ ဆက်လုပ်ရမှာဖြစ်သည်။

ထို့ကြောင့် ထန်ပင်းစန်က ချန်ယွင်လင်၏ ဖခင်ကို တွေ့ဆုံရန် လက်ခံလိုက်သည်။

ထိုအခါ သူ့အတွင်းရေးမှူးက ချန်ယွင်လင်၏ ဖခင်အား ထန်အဖွဲ့အစည်း၏ ဌာနချုပ်သို့ လာရန် ပြောလိုက်သည်။

ချန်ယွင်လင်၏ဖခင်မှာ ထန်ပင်းစန်ကို တွေ့ဖို့အတွက် စိတ်လှုပ်ရှားနေခဲ့သည်။ ထန်ပင်းစန်၏ ရှေ့တွင် သူ အတော်လေး စိတ်လှုပ်ရှားနေခဲ့ပေမယ့် ထန်ပင်းစန်ကတော့ သူ့အား အလွန် အရေးတယူ ဆက်ဆံခဲ့လေသည်။

ထို့နောက် ချန်ယွင်လင်၏ဖခင်က ချီကျီယွဲ့ ပုန်းအောင်းနေသော ဆေးရုံ၏ အမည်နှင့် သူ့အဆောင်နံပါတ်ကို ထန်ပင်းစန်အား ပြောပြလိုက်သည်။

ချန်ယွင်လင်၏ ဖခင်က မျက်နှာကိုစေ့စေ့ကြည့်ကာ မလိမ်ဝံ့မှန်း သူ ယုံကြည်သောကြောင့် ထန်ပင်းစန်က သူ့စကားများကို သံသယမရှိခဲ့ပေ။

ထန်ပင်းစန်က ချီကျီယွဲ့ ပုန်းနေသည့် နေရာကို သိလိုက်ရသဖြင့် အနှေးနှင့် အမြန်ဆိုသလိုပင် ချန်ယွင်လင်နှင့် ချီကျီယွဲ့တို့၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီး သူသိတော့မှာဖြစ်သည်။ ထို့ကြောင့် ချန်ယွင်လင်နှင့် သူတို့၏မိသားစုကို ကာကွယ်ရန်အလို့ငှာ ချန်ယွင်လင်၏ဖခင်က ထန်ပင်းစန်ကို အမှန်အတိုင်း ပြောပြခဲ့သည်။

ချန်ယွင်လင်က ချီကျီယွဲ့ကိုသနားသောကြောင့် သူ့ကို ပြုစုစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း ထန်ပင်းစန်အား ရှင်းပြခဲ့သည်။

ယခု ထန်ပင်းစန် လုပ်ချင်တာက ချီကျီယွဲ့ကို ဖမ်းလိုခြင်းသာ ဖြစ်သောကြောင့် ချန်ယွင်လင်နှင့်ပတ်သက်ပြီး တကယ့်ကို ဂရုမစိုက်ခဲ့ပေ။

ချန်ယွင်လင်၏ ဖခင်က သူ့အား အကြောင်းကြားခဲ့သောကြောင့် ထန်ပင်းစန်သည် ချန်ယွင်လင်၏ဖခင်ကို တစ်နည်းတစ်ဖုံဖြင့် ကျေးဇူးတင်သင့်သော်လည်း အခုတော့ မဟုတ်ပေ။ ချန်မိသားစုက ထန်မိသားစုထက် များစွာပို၍နွမ်းပါးသော်လည်း ၎င်းက ပိုက်ဆံ ချို့တဲ့တာတော့ မဟုတ်ချေ။

ထို့အပြင် ထန်ပင်းစန်က အခြားသူများ အထူးသဖြင့် အပြင်လူ များရှေ့တွင် ပုံရိပ်ကောင်းတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ထားသည်။

သူတို့စကားပြောပြီးသောအခါ ထန်ပင်းစန်က ချန်ယွင်လင်၏ ဖခင်အား ထပ်၍ ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် ချန်ယွင်လင်၏ဖခင်အား အပြင်သို့ လိုက်ပို့ရန် သူ့အတွင်းရေးမှူးအား ပြောလိုက်လေသည်။

မကြာမီ ချန်ယွင်လင်၏ဖခင် ပြန်ထွက်သွားတော့သည်။

ထို့နောက် ထန်ပင်းစန်က အချိန်ဆွဲမနေပဲ ချီကျီယွဲ့ ဆေးရုံ၌ တကယ်ရှိ မရှိကို စုံစမ်းရန် လူတချို့ကို ချက်ချင်း စီစဉ်လိုက်သည်။

သူက သေချာလုပ်ပြီးသောအခါ ချီကျီယွဲ့အား ညတွင်းချင်း ခေါ်ထုတ်သွားရန် ဆုံးဖြတ်လိုက်သည်။

ညသန်းခေါင်ယံချိန်မတိုင်မီက ဆေးရုံတွင် လူများလွန်းသောကြောင့် သူ စိတ်ရှည်ဖို့ လိုအပ်သည်။ သူက တတ်နိုင်သမျှ အနည်းငယ်ကိုသာ သတိထားမိစေချင်သည်။

ထန်ပင်းစန်၌ သူ့အား ကူညီရန် တရားမဝင် လူဆိုးဂိုဏ်းတစ်ခု ရှိသောကြောင့် ချီကျီယွဲ့အား သူကိုယ်တိုင်ဖမ်းရန် မလိုခဲ့ပေ။ ထို့အပြင် ထိုလူဆိုးဂိုဏ်းဝင်များသည် ဆိုးဝါးသော အပြုအမူများကို ပြုလုပ်ရာ၌ ကျင့်သားရနေပြီဖြစ်သဖြင့် လူတစ်ယောက်ကို ဖမ်းဖို့က သူတို့အတွက် လွယ်ကူလွန်းတော့သည်။

အရာရာတိုင်းက ထန်ပင်းစန် အလိုရှိသည့်အတိုင်း ချောမွေ့စွာ ဖြစ်ခဲ့သည်။

မကြာမီ ချီကျီယွဲ့သည် အားကောင်းသော လူတစ်စု၏ ခေါ်ယူခြင်းကို ခံခဲ့ရသည်။ သူနာပြုများနှင့် ဆရာဝန်များက သူတို့ကို တွေ့သော်လည်း မည်သူမျှ မတားရဲကြပေ။ ဆေးရုံရှိ အခြားသော ဧည့်သည်များကတော့ ထွက်ပြေးသွားကြပြီဖြစ်သည်။

ချီကျီယွဲ့က သူတို့အတွက် လူစိမ်းတစ်ယောက်သာ ဖြစ်သောကြောင့် ၎င်းက သူတို့၏အမှား မဟုတ်ပေ။ သူစိမ်းတစ်ယောက်ကို ကယ်တင်ရန် သူတို့၏အသက်ကိုစွန့်ဖို့က သူတို့၏တာဝန် မဟုတ်ပေ။ အထူးသဖြင့် ဖြစ်နေသောအရာကို သူတို့မသိသောအချိန်မှာပေါ့။

လူဆိုးများ ထွက်သွားပြီးနောက် ဆရာဝန်တစ်ယောက်က ရဲကို ခေါ်လိုက်ပေမယ့် ချီကျီယွဲ့ အဖမ်းခံရပြီး အချိန်အတော်ကြာသည်အထိ ရဲက ရောက်မလာခဲ့ပေ။ ထို့ကြောင့် ရဲများက သူတို့အား လိုက်ဖမ်းချင်သောအချိန်တွင် သူတို့ကို ဘယ်မှာမှ ရှာမတွေ့တော့ပေ။

***

အခန်း ၁၅၈၁ မျှော်စင်သို့ ထပ်သွားသည်…

ညလည်း နက်နေပြီဖြစ်သောကြောင့် ရာဇဝတ်သားများကို ဖမ်းရန်က ရဲများအတွက် အလွန်ခက်ခဲတော့သည်။ ထို့အပြင် ထိုလူဆိုးဂိုဏ်း ဝင်များသည် ပြစ်မှုများကို ကျူးလွန်ရာ၌ အတွေ့အကြုံရှိသဖြင့် သူတို့ ပုန်းသင့်သောနေရာကို သိကြသည်။

ချီကျီယွဲ့က သူလူများ၏ လက်ထဲတွင် ရောက်နေပြီဖြစ် သောကြောင့် ထန်ပင်းစန်က သူ့အား အလောတကြီး တွေ့စရာမလိုပေ။

ချီကျီယွဲ့သည် ဖမ်းခေါ်မခံရမီ သတိမေ့မြောခဲ့ပေမယ့် သန်မာသောလူများကို သူ ရိပ်ခနဲ မြင်လိုက်ရသည်။ သူ သတိပြန်ရလာသောအခါ မဲမှောင်ညစ်ပတ်နေသော မြေအောက်ခန်း တစ်ခုထဲတွင် သူ ပိတ်လှောင်ခံထားခဲ့ရသည်။

သူက ကြောက်ရွံ့သွားပြီး ထိုလူအုပ်စုကို ထန်ပင်းစန် လွှတ်လိုက်တာဖြစ်မည်ဟု မကြာမီ သဘောပေါက်သွားတော့သည်။ ၎င်းက ချန်ယွင်လင်နှင့် ပတ်သက်မှန်း သူမသိခဲ့ပေ။

သူသည် ထန်ပင်းစန်၏ အနီးတွင် နှစ်အတော်ကြာနေခဲ့သောကြောင့် ထန်ပင်းစန်တွင် တရားမဝင်လူဆိုးအဖွဲ့၏ အကူအညီရှိကြောင်းကို သူသိထားခဲ့သည်။

ချီကျီယွဲ့က အနည်းငယ်လှုပ်ရန် ကြိုးစားခဲ့ပေမယ့် သူ၏ ပါးစပ်ကို တိပ်ဖြင့်ပိတ်ကာ ထိုင်ခုံတစ်လုံးတွင် တင်းကြပ်စွာ ချည်နှောင်ခံထား ရသည်ကို သူ တွေ့လိုက်ရသည်။ ယခု မည်သည့်အသံမဆို ထွက်အောင်လုပ်ဖို့က သူ့အတွက် မဖြစ်နိုင်ပေ။

အခန်းထဲတွင် မှိန်ပျပျအလင်းရောင်ရှိပေမယ့် မြေကြီးပေါ်ရှိ ထူထပ်သော ဖုန်ထုကိုသာ သူမြင်နိုင်ခဲ့သည်။

ယခုအခါ သူ အသက်အန္တရာယ်များနေပြီဆိုခြင်းကို ချီကျီယွဲ့ သိလိုက်ပြီး မျှော်လင့်ချက်မဲ့သွားပေမယ့် ဤရလဒ်ကို လက်မခံချင်ခဲ့ပေ။ သူ့တွင် လုပ်စရာအကြောင်းအရာများစွာ ရှိသေးသည်။

မြေအောက်ခန်းထဲတွင် မည်သူမှ မရှိသော်လည်း စောင့်ကြည့် ကင်မရာများစွာရှိကာ ချီကျီယွဲ့သည် အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ဤအခန်းသို့ တစ်ခုတည်းသော အဝင်လမ်းမှာ တံခါးတစ်ချပ်သာ ဖြစ်သောကြောင့် ချီကျီယွဲ့ ထွက်မပြေးနိုင်ပေ။

တစ်နာရီကြာပြီးနောက် ချီကျီယွဲ့သည် ရုတ်တရက် သူ၏ မူးယစ်ဆေးစွဲခြင်း၏ ထိုးနှက်ချက်တစ်ခုကို ခံစားခဲ့ရသည်။ ၎င်းက သူ့အတွက် အလွန်ပြင်းထန်သော ညှင်းပန်းမှုဖြစ်ပြီး သူရုန်းကန်နေစဉ် အတောအတွင်း ခုံကလဲကျကာ မြေပြင်ကို ပြင်းထန်စွာ ထိသွားသောကြောင့် မော်နီတာရှေ့၌ အိပ်ပျော်နေသော လူက နိုးသွားတော့သည်။

သူက ထိုလက္ခဏာကို အတော်လေး ရင်းနှီးသောကြောင့် ချီကျီယွဲ့ ယင်းထနေမှန်းကို ထိုလူက သဘောပေါက်လိုက်သည်။ ထို့နောက် ချီကျီယွဲ့ မသေစေဖို့ ညွှန်ကြားချက်တစ်ခုကို သူတို့ ရထားခဲ့သောကြောင့် သူ့ခေါင်းဆောင်ထံသို့ သူက ချက်ချင်း အကြောင်းကြား လိုက်သည်။

နောက်မှ နောက်ထပ်လူတစ်ယောက် ရောက်လာပြီး ချီကျီယွဲ့၏ပါးစပ်ကို ဖွင့်ပေးကာ ဆေးတချို့ကို တိုက်လိုက်သည်။ ချီကျီယွဲ့က ယခု ဆေးစွဲနေသောကြောင့် သူမှန်မှန်ကန်ကန် အသက်မရှူနိုင်လျှင် သူ အလွယ်တကူ သေဆုံးသွားနိုင်သည်။

သူတို့က ဝေးလံသော နေရာတစ်ခုတွင် ရှိနေပြီး သူကျယ်လောင်စွာ အော်လျှင်တောင်မှ မည်သူမျှ ကြားနိုင်မည် မဟုတ်ပေ။ သို့သော် ချီကျီယွဲ့ ဘယ်လိုအော်အော် အရေးမလုပ်သော်လည်း သူ့အား တိတ်တိတ်နေရန် သတိပေးဆဲဖြစ်ပြီး မဟုတ်လျှင် သူ့အား ဆေးသုံးဖို့ ကူညီခြင်းအား ရပ်တန့်ပစ်မည်ဖြစ်သည်။

ဤအချိန်တွင် သူမလွတ်နိုင်မှန်း ချီကျီယွဲ့ သိခဲ့သည်။ သူသည် လုံးဝ မျှော်လင့်ချက်မဲ့သွားပြီး နောက်ထပ် စကားလုံးကို မအော်ရဲတော့ပေ။ ၎င်းက အသုံးမဝင်ပေ။

ရဲများက သူ့အား တစ်ညလုံး ရှာခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ပေ။

ချီကျီယွဲ့ကို လူဆိုးဂိုဏ်းတစ်ခုက ဖမ်းခေါ်သွားကြောင်း စုံစမ်းရရှိသောအခါ သူတို့က ဤကိစ္စကို စိတ်မဝင်စားတော့ပဲ လက်လျှော့သွားကြသည်။

…

နောက်တစ်ရက်မနက်ခင်းတွင် ကုနင်းနှင့် လင်ရှောင်းထင်တို့က စောစီးစွာ နိုးလာခဲ့ကြသည်။ ကုနင်းက ဘေးမှ သူ့အားကြည့်နေချိန်တွင် လင်ရှောင်းထင်က သူ၏ကျင့်ကြံခြင်းကို လေ့ကျင့်ရန် သွားခဲ့သည်။

ခဏမျှကြာပြီးနောက် သူတို့အတွက် မနက်စာပြင်ဆင်ရန် သူမ ထွက်သွားခဲ့သည်။

လင်ရှောင်းထင်က သူ၏ လေ့ကျင့်မှုအတွက် တိတ်ဆိတ်သော နေရာတစ်ခုတွင် နေရမည် ဖြစ်သောကြောင့် ကုနင်းက သူ့အား အနှောင့်အယှက်မဖြစ်ရန် အကောင်းဆုံး ပြုလုပ်ခဲ့သည်။

ကျောင်းလုံကလည်း ၎င်း၏ ကျင့်ကြံခြင်း တိုးတက်ရန် အချိန်နှင့် နေရာကို လိုအပ်ခဲ့သည်။

သို့သော် ကုနင်းကတော့ ပုံမှန် ပြုလုပ်ရန် မလိုခဲ့ပေ။

လင်ရှောင်းထင်က ကျင့်ကြံသူတစ်ယောက်အဖြစ် နိမ့်သော အဆင့်၌သာ ရှိသေးသောကြောင့် သူ့ကိုယ်သူ တိုးတက်အောင်လုပ်ခြင်းကို မရပ်နိုင်ပေ။ သူ၏ခန္ဓာကိုယ်ထဲရှိ လှည့်ပတ်နေသော အသက်စွမ်းအားဖြစ်သည့် "ချီ" ကို အသုံးပြုတတ်အောင် သင်ယူဖို့ လိုအပ်သည်။

ကျင့်ကြံသူတစ်ယောက်သည် "ချီ" အသုံးပြုနည်းကို သင်ယူခဲ့သည့်အတွက် "ချီ" က သူ့ခန္ဓာကိုယ်ထဲတွင် စုမိလာပြီး အလုံးတစ်ခုအဖြစ် ခဲသွားမည်ဖြစ်သည်။

ထို့နောက်မှ ကျင့်ကြံသူတစ်ယောက်သည် သူ၏ စွမ်းရည်ကို အမှန်တကယ် ပြသနိုင်မှာဖြစ်သည်။ သူလိုချင်သော မည်သည့်အရာကိုမဆို မယူဖို့ "ချီ" ကို အသုံးပြုနိုင်သည်။ ကျင့်ကြံသူ၏ အဆင့် ပိုမြင့်လာသည်နှင့်အမျှ သူ၏ စွမ်းရည်များက ကြီးမားစွာတိုးတက်လာပေလိမ့်မည်။

သို့သော် လင်ရှောင်းထင်က အတွေ့အကြုံနှင့် အလေ့အကျင့် မရှိသေးသောကြောင့် သူ စိတ်ရှည်ဖို့ လိုအပ်သည်။

နှစ်နာရီဝန်းကျင်မျှ ကြာပြီးနောက် လင်ရှောင်းထင်က သူ၏ လေ့ကျင့်မှုကို လတ်စသတ်လိုက်သောအခါ မနက်စာက အဆင်သင့် ဖြစ်နေခဲ့လေပြီ။

သူမသည် မနက်စာကို အေးမသွားစေရန် သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် ထားသောကြောင့် သူမက ထိုထဲမှ ၎င်းကို ထုတ်ယူလိုက်ချိန်တွင် ၎င်းက မှော်ဆန်နေတော့သည်။

အရိုးသားဆုံးပြောရလျှင် ကုနင်းက အလွန်ထူးချွန်သောကြောင့် လင်ရှောင်းထင်သည် အမြဲတမ်း သိမ်ငယ်မှုကို ခံစားခဲ့ရပြီး သူက သူမအား ကာကွယ်သင့်သည်ဟု ယုံကြည်ခဲ့ပေမယ့် လက်တွေ့ဘဝကအတော်လေးကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ သူတို့၏ ရှေ့၌ မသိနိုင်သော အန္တရာယ်များစွာ ရှိမှန်း သိသောကြောင့် ကုနင်းကို ကာကွယ်ဖို့ သူ၏ကျင့်ကြံခြင်းအပေါ်တွင် ပို၍ ကြိုးစား ပမ်းစားလုပ်ရန် သူ စိတ်ပိုင်းဖြတ်ခဲ့သည်။

"စားစရာနည်းနည်းစားလိုက်… ပြီးရင် ကျွန်မတို့ မျှော်စင်ကို နောက်ထပ် ထပ်သွားရမယ်။" ဟု ကုနင်းက ပြောလိုက်သည်။

"ကောင်းပြီလေ…" ဟု လင်ရှောင်းထင်က သဘောတူလိုက်သည်။ သူတို့က မျှော်စင်ကိုလည်း စူးစမ်းချင်စိတ် ပြင်းပြခဲ့ကြသည်။

မနက်စာစားပြီးနောက် သူတို့ အပြင်သို့ အတူတူထွက်လာခဲ့ကြပြီး မျှော်စင်ရှိရာသို့ ရှေးရှုကာ သွားခဲ့ကြသည်။

***

အခန်း ၁၅၈၂ အဆင့်သုံးဆင့် တက်သွားခြင်း…

သူတို့ မျှော်စင်သို့ သွားချင်လျှင် ကျောင်းလုံ၏ အကူအညီကို လိုအပ်သောကြောင့် ကုနင်းက ကျောင်းလုံကိုခေါ်ကာ သူတို့အား ထိုနေရာသို့ ခေါ်သွားပေးဖို့ ပြောလိုက်သည်။

ကျောင်းလုံက ဘေးဘက်တွင် စောင့်ကာ ကုနင်းနှင့် လင်ရှောင်းထင်တို့ မျှော်စင်ဆီသို့ လျှောက်သွားတာကို စောင့်ကြည့်နေခဲ့သည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် လက်လျှော့ရန် ဆန္ဒမရှိ သောကြောင့် မြှုပ်ကွက်ကို ဆက်ရှာခဲ့ကြသည်။

ကုနင်း ရုတ်တရက် အကြံတစ်ခု ရလိုက်သည်။

"ဒါကိုဖွင့်ဖို့ ကျွန်မတို့ မှော်စွမ်းအင်သုံးဖို့ လိုတာ ဖြစ်နိုင်တယ်…"

မှော်စွမ်းအင်က မှော်စွမ်းအားဖြင့် ပြုလုပ်ထားသော စွမ်းအင် ဖြစ်သည်။ သို့သော် လင်ရှောင်းထင်က ယခုချက်ချင်း မှော်စွမ်းအင်ကို မဖန်တီးနိုင်ပေ။

ကုနင်းက ခဏကြာ စဉ်းစားလိုက်ပေမယ့် မှော်စွမ်းအင်က တံခါးကို အလွယ်တကူ ဖွင့်နိုင်ခဲ့လျှင် မျှော်စင်က အားနည်းချက်ရှိမှာဖြစ်သောကြောင့် ၎င်းကို အကြံကောင်းတစ်ခုဟု မထင်တော့ပေ။

ကုနင်းက မျှော်စင်၏ အထဲကို မြင်ရရန် သူမ၏ ကျောက်စိမ်းမျက်လုံးများကို နောက်တစ်ခါ ထပ်သုံးလိုက်သည်။

ယခင်က ထိုကဲ့သို့ လုံးဝ မကြုံဖူးခဲ့သောကြောင့် ကုနင်း စိတ်ပျက်ခဲ့ရသည်။ သို့သော်ငြားလည်း အနည်းဆုံးအနေနဲ့ သူမ ဤနေရာမှ မထွက်ခွာမီ လက်လျှော့ရန် ဆန္ဒရှိမနေသေးပေ။

"ကောင်းပြီ… ထားလိုက်တော့။ ရှောင်းထင်… ဒီနေရာမှာ ရှင့်ရဲ့ လေ့ကျင့်တာကို ဘာလို့ မစတာလဲ။ ပိုထူထပ်တဲ့ မှော်အစွမ်းရှိတယ်။" ဟု ကုနင်းက ပြောလိုက်ကာ သူမ၏ ညလင်းပုလဲကို လင်ရှောင်းထင်အား ပေးလိုက်သည်။

"သိပ်ကောင်းတာပေါ့…"

လင်ရှောင်းထင်က ထိုပုလဲကို ယူလိုက်ပြီးနောက် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။

ကံမကောင်းစွာဖြင့် ယနေ့ လင်ရှောင်းထင် လေ့ကျင့်ရန် စတင်လိုက်သည့် အချိန်မှာပင် သူ့ဝန်းကျင်ရှိ မှော်စွမ်းအားက တရှိန်ထိုး တက်လာပြီး ချီအစုအဝေး ပါလာခဲ့သည်။

ထိုချီအစုအဝေးက တက်ကြွမှုနှင့် သဘာဝကျကျ စွမ်းအင်ကို ရည်ညွှန်းသည်။

ကျင့်ကြံသူတစ်ယောက်က ချီကို အသုံးပြုရန် လေ့လာသောအခါ ဤကမ္ဘာရှိ စွမ်းအင်အမျိုးမျိုးကို စုပ်ယူရန် သူလိုအပ်သည်။

သူ၏ ခန္ဓာကိုယ်ထဲသို့ ကွဲပြားသော စွမ်းအင်မျိုးစုံက ရုတ်တရက် များပြားစွာ စီးဆင်းလာသောကြောင့် လင်ရှောင်းထင်က အနည်းငယ် မသက်မသာဖြစ်ကာ မျက်မှောင်ကြုပ်သွားခဲ့သည်။

ကုနင်းက အံ့အားသင့်ကာ စိတ်ပူသွားခဲ့ပေမယ့် ဤအခိုက်အတန့်တွင် သူမ လင်ရှောင်းထင်အား အနှောင့်အယှက် မပေးဝံ့ပေ။ ထို့ကြောင့် သူမသည် သူ့အပေါ် စူးစိုက်၍သာ ကြည့်နိုင်ခဲ့သည်။ သူ့တွင် ဆိုးဝါးသော ဘာမဆိုဖြစ်ပျက်ခဲ့လျှင် သူမ၏ မှော်စွမ်းအားဖြင့် သူ့အား ကယ်တင်နိုင်သည်။

လင်ရှောင်းထင်က နေရခက်နေပြီး သူ'ခန္ဓာကိုယ်က လှုပ်ခါနေတာတောင်မှ သူက အကောင်းဆုံး ထိုင်နေသေးသည်။ သူ၏သွေးများက ဆူပွက်ကာ လျှင်မြန်စွာစီးဆင်းနေသည်ဟု ခံစားခဲ့ရသည်။ သို့သော် သူ၏လေ့ကျင့်မှုကို လမ်းတစ်ဝက်တွင် သူမရပ်နိုင်ခဲ့ပေ။ မဟုတ်လျှင် သူ၏ခန္ဓာကိုယ်က ပြင်းထန်စွာ နာကျင်မည်ဖြစ်သောကြောင့် သူ ထိုနေရာတွင် တောင့်ခံထားရပေမည်။

" သခင်… သူက အဆင့်တက်ခါနီးနေပြီ။ ဒါပေမယ့်…" ဟု ကျောင်းလုံက ရုတ်တရက် ပြောလိုက်သည်။

၎င်းက သတင်းကောင်းဖြစ်ပေမယ့် ကျောင်းလုံက ရပ်သွားသောအခါ ကုနင်း စိတ်ထင့်သွားခဲ့ရသည်။

"ဘာဖြစ်လို့လဲ…"

ကုနင်း စိတ်လှုပ်ရှားသွားခဲ့သည်။

"သူ့ခန္ဓာကိုယ်ထဲကို အတင်းအကျပ်စီးဆင်းနေတဲ့ မတူတဲ့စွမ်းအင်တွေက များလွန်းပြီးတော့ အဲ့ဒါတွေအားလုံးကို စုပ်ယူဖို့က သူ့အတွက် ခက်ခဲတယ်။ အဲ့ဒါကို သူမခံနိုင်မှာ ငါစိတ်ပူတယ်။"

ကျင့်ကြံသူတစ်ယောက် အဆင့်များတက်ရန်က အလွန်အန္တရာယ်များပြီး သူ မအောင်မြင်ခဲ့လျှင် ပြင်းထန်စွာ ထိခိုက်နိုင်သည်။

"ဒါဆို… ငါတို့ အခု ဘာလုပ်သင့်လဲ…"

ကုနင်း အထိတ်တလန့် ဖြစ်သွားခဲ့သည်။ အခု ဘာလုပ်ရမည်မှန်း သူမ တကယ့်ကို မသိတော့ပေ။

"သူ့ကို ဘယ်သူမှ မကူညီနိုင်ဘူး။ ဒါကို ကျော်ဖြတ်ဖို့ သူ့ကိုယ်သူပဲ အားကိုးနိုင်တယ်။" ဟု ကျောင်းလုံက ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကုနင်း ငိုချင်သလို ခံစားလိုက်ရသည်။ ၎င်းက အန္တရာယ်ရှိမှန်း သူမ သိပေမယ့် ၎င်းကို ယခင် ဘယ်တုန်းကမှ မျက်မြင်တွေ့ဖူးခြင်း မရှိခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် နာရီဝက်ကြာပြီးနောက် လင်ရှောင်းထင်က တဖြည်းဖြည်း ပိုကောင်းလာပြီး သူ၏ခန္ဓာကိုယ် က အချိန်တိုအတွင်း သန်မာလာခဲ့ပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ကြီးထွားသန်မာလာသောကြောင့် ထိုလုပ်ငန်းစဉ်ကို သူစတင် မွေ့လျော်လာခဲ့သည်။

"အိုး… ပိုကောင်းလာပြီ…"

ကျောင်းလုံ က စိတ်လှုပ်ရှားသွားပြီး လင်ရှောင်းထင်၏ စိတ်ဓာတ်ကြံ့ခိုင်မှုအား တကယ့်ကို လေးစားသွားခဲ့သည်။ အမှန်အားဖြင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ တစ်ချိန်တည်း၌ ကွဲပြားသော စွမ်းအင်များစွာစီးဆင်းနေခြင်းကို တွေ့ရဖို့က ကြုံတောင်ကြုံခဲဖြစ်သည်။

၎င်းက ညလင်းပုလဲ၏ သက်ရောက်မှုကြောင့် ဖြစ်မည်ဟု ကျောင်းလုံ ထင်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ လင်ရှောင်းထင်၏ အခြေအနေ ပိုကောင်းလာသောကြောင့် ကုနင်းမှာ စိတ်သက်သာရာရသွားခဲ့သည်။ လင်ရှောင်းထင်၏ မျက်နှာနှင့် ခန္ဓာကိုယ်မှ သိသာသော အပြောင်းအလဲကို သူမ တကယ် မြင်ခဲ့ရသည်။

သူမက ကျင့်ကြံသူတစ်ယောက် မဟုတ်သော်လည်း အပြောင်းအလဲကို သူမ ခံစားနိုင်ခဲ့သည်။

ခဏကြာပြီးနောက် လင်ရှောင်းထင်က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ရှုံ့မဲ့နေသော မျက်နှာဖြင့် မြေပြင်သို့ ပုံလျက်သား ကျသွားတော့သည်။

"ရှောင်းထင်…"

ကုနင်းက ထိတ်လန့်သွားပြီး မတ်တပ်ရပ်ဖို့ သူ့အား ထူမရန် ပြေးသွားခဲ့သည်။

"ကိုယ်အဆင်ပြေတယ်။" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။

"ရှင်သေချာလား… ရှင့်ပုံစံက မကောင်းဘူး။" ဟု ကုနင်းက ပြောလိုက်သည်။

ထိုအခါ လင်ရှောင်းထင်က ပြုံးပြကာ သူမအား နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။

"ဘုရားရေ.. မယုံနိုင်စရာပဲ… သူက အဆင့်သုံးဆင့် တက်သွားပြီ…"

ကျောင်းလုံက ၎င်းကို မယုံကြည်နိုင်ခဲ့ပေ။ ထိုအရာက ယခင်ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့ပေ။

ကျင့်ကြံသူတစ်ယောက်သည် အဆင့်များ၏ ကျိန်းသေသော အတိုင်းအတာတစ်ခုကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါက သူ၏ အာရုံခံစားမှုများက အပြောင်းအလဲတစ်ခုကို ခံစားရပေလိမ့်မည်။ တစ်နည်းအားဖြင့် လင်ရှောင်းထင်သည် သာမန်လူများ မမြင်နိုင်သောအရာများကို ယခုအခါ မြင်နိုင်ခဲ့ပြီဖြစ်သည်။

ထို့အပြင် ချီက သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်နှင့်ရောနှောသွားမည် ဖြစ်လေသည်။

***

အခန်း ၁၅၈၃ အရသာရှိသော အစားအစာ၏ ဆွဲဆောင်မှု

လင်ရှောင်းထင်သည် သူဂရုစိုက်သော လူများ၏ အခြေအနေကိုပင် ခံစားနိုင်ခဲ့သည်။

အဆင့်(၃)ဆင့်တက်ပြီးနောက် အနည်းငယ်သော စွမ်းအင်ပမာဏက စုပုံလာပြီး သူ့ခန္ဓာကိုယ်ထဲတွင် အစိုင်အခဲများ စတင်ပေါ်လာခဲ့ သည်။ ထိုအရာက သူ့ကျင့်ကြံခြင်း၏ တကယ့်အစပင် ဖြစ်တော့သည်။

"ဘ- ဘာဖြစ်လဲ…"

ကုနင်းနှင့် လင်ရှောင်းထင်တို့ နှစ်ယောက်စလုံး ထိတ်လန့်အံ့ဩသွားကြသည်။

လင်ရှောင်းထင်က အချိန်တိုအတွင်း သူ၏ကျင့်ကြံခြင်းကို စတင်ခဲ့ပြီး

ထိုကဲ့သို့သော ကြီးမားသည့် အောင်မြင်မှုတစ်ခုကို သူ ချက်ချင်း ပြုလုပ်နိုင်ခဲ့သောကြောင့် မယုံကြည်နိုင်ခဲ့ပေ။

ကျောင်းလုံ၏ ဖြေရှင်းချက်ကို ကြားရသောအခါ ၎င်း၏စကားအား ယခု သူနားလည်နိုင်ပြီ ဖြစ်ကြောင်းကို လင်ရှောင်းထင် ရုတ်ချည်းသတိပြုမိသွားခဲ့သည်။

"သူ့စကားတွေကို ကိုယ်နားလည်နိုင်ပြီ…"

သူအလွန် စိတ်လှုပ်ရှားခဲ့ရသည်။ သူ ယနေ့တွင် ထူးထူးခြားခြား ကံကောင်းနေခဲ့သည်။

"အင်း… ပိုမြင့်တဲ့ အဆင့်အတွက် ပိုသန်မာတဲ့ ခန္ဓာကိုယ်လိုလို့ နောက်ကာလမှာ ဖြည်းဖြည်းချင်း လုပ်ဖို့လိုတယ်…" ဟု ကျောင်းလုံက ပြောလိုက်သည်။

"သေချာတာပေါ့…" လင်ရှောင်းထင် ခေါင်းညိတ်လိုက်သည်။

သူတို့တွင် လျှို့ဝှက်သိုင်းကျမ်းစာအုပ်များ မရှိသော်လည်း လင်ရှောင်းထင်က အလွန်ကျွမ်းကျင်သော စစ်သားတစ်ယောက်ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်အခြေအနေ တိုးတက်ဖို့က သူ့အတွက် မခက်ခဲလှပေ။

ထိုသို့ပြုလုပ်ရန် သူ၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုများ အပေါ်တွင် အမှီပြုနိုင်သည်။ ထို့အပြင် လင်ရှောင်းထင်က ကြိုးစားမှုကို ဘယ်တော့မှ လက်လျှော့မည် မဟုတ်ပေ။

မနက်(၁၁)နာရီ ထိုးသောအခါ ကုနင်းက လင်ရှောင်းထင်အား အနားယူပြီး နေ့လည်စာအတူ ချက်စားဖို့ ပြောလိုက်သည်။

သူတို့က စာကြည့်ခန်းသို့ ပြန်မသွားတော့ပဲ မျှော်စင်ရှေ့တွင် အိုးများနှင့် စားသောက်စရာများကို ချက်ချင်း ထုတ်ယူလိုက်ကြသည်။

သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲတွင် အလွန်အေးသောအချိန် ဖြစ်သောကြောင့် အရာရာတိုင်းက လတ်ဆတ်နေခဲ့သည်။

ဤမနက်တွင် လင်ရှောင်းထင်အတွက် ငါးစွပ်ပြုတ်ချက်ရန် ကုနင်း ဆုံးဖြတ်ထားခဲ့သည်။

ရေဆူလာသည်နှင့် သွားရေယိုဖွယ်ကောင်းသော ငါးစွပ်ပြုတ်၏အနံ့က နေရာအနှံ့ ပျံ့နှံ့လာခဲ့သည်။

ကုနင်းက အနံ့ရပြီး ဗိုက်ဆာလာတော့သည်။

ထိုစဉ် ဆူညံကျယ်လောင်သော အသံတစ်ခုက ကုနင်းနှင့် လင်ရှောင်းထင်နောက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သောကြောင့် သူတို့ နှစ်ယောက်စလုံး လန့်သွားခဲ့ကြသည်။ သူတို့က ၎င်းကို လှည့်ပတ်ကြည့်သောအခါ ကျောင်းလုံလည်း အလားတူ ပြုလုပ်ခဲ့သည်။

အလွန်အံ့ဩစရာကောင်းသည်မှာ မျှော်စင်၏ တံခါးက သူ့အလိုလို ပွင့်နေခဲ့လေပြီ။

ဘာဖြစ်နေသည်ဆိုခြင်းကို သူတို့ သဘောမပေါက်နိုင်မီ ငါးစွပ်ပြုတ် ထည့်ထားသောအိုးက မျှော်စင်ထဲသို့ ဝဲပျံကာ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

မြင်ကွင်းက ကုနင်းနှင့် လင်ရှောင်းထင်ကို ထပ်မံ၍ အံ့အားသင့်စေခဲ့ကာ နောက်တော့ တံခါးက စပိတ်လာခဲ့သည်။

"နေအုံး…"

ကုနင်းသည် အချိန်မဆွဲပဲ တံခါးဆီသို့ ပြေးသွားခဲ့ပေမယ့် သူမ အပြင်သို့ ရောက်သည်နှင့် ၎င်းက ပိတ်သွားတော့သည်။

"နင်းနင်း…"

ကုနင်း အပြင်ဘက်တွင် အပိတ်ခံထားရသည်ကို သူတွေ့သောအခါမှ လင်ရှောင်းထင် တကယ့်ကို စိတ်သက်သာရာ ရသွားတော့သည်။ သူ အနားမှာမရှိခင် သူမကိုယ်သူမ မကာကွယ်နိုင်လျှင် သူမ အန္တရာယ်တစ်စုံတစ်ခု ဖြစ်မှာကို စိတ်ပူခဲ့သည်။

သူတို့ မျှော်စင်ကိုဝင်ဖို့ လိုလျှင်တောင်မှ နှစ်ယောက်အတူတူ ဝင်မှာဖြစ်ပြီး မသိနိုင်သော အန္တရာယ်ကို ရင်ဆိုင်ရန်အတွက် ကုနင်းတစ်ယောက်တည်းကို မချန်ထားချင်ခဲ့ပေ။

ကုနင်း ခဏမျှ စဉ်းစားပြီးနောက် မျှော်စင်ထဲတွင် ဆရာကြီးတစ်ယောက် ရှိရမည်ဟု သဘောပေါက်သွားပြီး ငါးဟင်းရည်အိုးက အကြောင်းတစ်ခုခုကြောင့် အထဲသို့ ဝဲပျံသွားခဲ့ခြင်း ဖြစ်ရမည်။

"အဲ့ဒီထဲမှာ ဆရာကြီး တစ်ယောက်ရှိရမယ်…" ဟု ကျောင်းလုံက အံ့အားသင့်စွာ ပြောလိုက်သည်။

ခွန်းလွန်ဂိုဏ်း၏ ဂိုဏ်းသားများအားလုံး မျိုးတုန်းပျောက်ကွယ် သွားပြီဟု သူတို့ ထင်ခဲ့ကြပေမယ့် သူတို့ မှားနေပုံပါပဲ။

ကုနင်းက သိချင်စိတ်ပြင်းပြလာခဲ့ပြီး မျှော်စင်ထဲသို့ အော်ပြောလိုက် တော့သည်။

"ဟေး… ဒီမှာ ပိုအရသာရှိတဲ့ အစားအစာတွေ ရှိတယ်… ကျွန်မတို့နဲ့အတူစားဖို့ ရှင်ဘာလို့ ထွက်မလာတာလဲ?"

အရသာရှိသော အစားအသောက်များကြောင့် ပိုင်ရှင်က တံခါးကို ဖွင့်ခဲ့သဖြင့် သူ့ကို ဆွဲဆောင်ရန် ထိုအစားအစာများကို သူတို့ အသုံးချနိုင်မှာဖြစ်သည်။

"သခင်… မင်းရဲ့ စိတ်စွမ်းအင်အာကာပြင် ထဲကို ငါ့ကိုအရင် ထည့်ပေးနိုင်မလား?" ဟု ကျောင်းလုံက ပြောလာသည်။

လွန်ခဲ့သော နှစ်ပေါင်းရာချီအချိန်က ၎င်းသည် ခွန်းလွန်ဂိုဏ်းမှ ကျင့်ကြံသူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသောကြောင့် ၎င်းက သူတို့ကို ကြောက်ရွံ့နေဆဲဖြစ်သည်။

ကုနင်းက ၎င်း၏ခံစားချက်ကို နားလည်သောကြောင့် သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်သည်။

ကံမကောင်းစွာဖြင့် ကုနင်းသည် မည်သည့်တုန့်ပြန်သံကိုမှ မကြားခဲ့ရပေ။ ထို့ကြောင့် သူမက ဆက်မအော်တော့ပဲ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ကုနင်းက သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲမှ ကြက်တစ်ကောင်ကို ထုတ်ယူလိုက်ပြီး ၎င်းကိုသတ်ရန် လင်ရှောင်းထင်အား ပြောလိုက်သည်။ ဤတစ်ခါ ကြက်ကောင်လုံးကင်လုပ်ရန် သူမ စီစဉ်ထားသည်။ ကြက်ကို သတ်ကာ သန့်စင်ပြီးနောက် ခဲပတ်ဖြင့် မထုပ်မီ ဟင်းခတ် အမွှေးအကြိုင်ဖြင့်နယ်ကာ ရွှံ့ဖြင့်မံလိုက်ပြီးနောက် ကင်ဖို့အတွက် မီးပေါ်တင်လိုက်သည်။

အချိန်ခဏကြာပြီးနောက် နှစ်လိုဖွယ်အနံ့တစ်ခုက ထွက်လာခဲ့ပေမယ့် ၎င်းက ဆွဲဆောင်မှုမရှိသေးသောကြောင့် ဂိတ်တံခါးက လုံးဝ လှုပ်မလာခဲ့ပေ။

ကြက်သားက စားမရသေးမှန်း ဆရာကြီးက သိသောကြောင့် ဤအချိန်၌ သူဘာမှ မလုပ်ခဲ့တာ ဖြစ်နိုင်သည်။

အချိန်ကြာလာသည်နှင့်အမျှ နှစ်လိုဖွယ်အနံ့က ပို၍ မွှေးပျံ့လာပြီး လေထဲတွင် လွင့်ပျံလာတော့သည်။

ကျယ်လောင်သောအသံတစ်ခုဖြင့် မျှော်စင်တံခါးက ထပ်ပွင့်လာပေမယ့် ကုနင်းက အသံကြားကြားချင်း သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ကြက်ကင်ကို ထည့်လိုက်သည်။ ထို့ကြောင့် ဆရာကြီးက လေကိုခွင်း၍ အစားအစာကို ယူရာ၌ မအောင်မြင်တော့ပေ။

သူမ၏ လျှို့ဝှက်ချက်အား ထိုသို့ ထုတ်ဖော်ပြရမည်ဆိုခြင်းကို ကုနင်း သိပေမယ့် လောလောဆယ် ၎င်းနှင့်ပတ်သက်ပြီး သူမ ဂရုမစိုက်ပေ။ လတ်တလောတွင် သူမ၌ ရွေးချယ်စရာ မကျန်တော့ပေ။

နောက်ထပ်စက္ကန့်ပိုင်းတွင် အရိပ်တစ်ခုသည် တံခါးမှ လျှပ်ပြက်သလို လက်သွားပြီး ကုနင်းဆီသို့ ရွေ့လျားလာခဲ့သည်။ ၎င်းက လျှင်မြန်လွန်းသောကြောင့် ကုနင်းရော လင်ရှောင်းထင်ပါ ထိုပုဂ္ဂိုလ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မတွေ့နိုင်ခဲ့ကြပေ။

လင်ရှောင်းထင်က အထိတ်တလန့်ဖြစ်သွားပြီး ကုနင်းကို သူ၏ နောက်သို့ပို့ကာ ချက်ချင်း ကာကွယ်လိုက်သည်။ သို့သော် သူ အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။

အရိပ်က ကုနင်း၏ မျက်နှာရှေ့တွင် ရပ်သွားခဲ့ပြီး ၎င်းက လက်စသတ်တော့ အဘိုးအိုတစ်ယောက် ဖြစ်နေခဲ့သည်။ သူက အသက်(၇၀)ကျော်အရွယ်၌ ရှိပုံပေါ်ပေမယ့် တကယ်တမ်းတော့ သူက အသက်(၁၀၀)လောက် ရှိနိုင်သည်။

"သွားစမ်း…"

အဘိုးအိုက စိတ်မရှည်စွာဖြင့် လင်ရှောင်းထင်အား တွန်းဖယ်လိုက်သည်။

လင်ရှောင်းထင်က သူ့အတွက် ပြိုင်ဘက်မဟုတ်သဖြင့် အလွယ်တကူ တွန်းထုတ်ပစ်ခဲ့သည်။

အဘိုးအိုက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ကုနင်းကို ကြည့်လိုက်သည်။

"ကြက်ကင် ဘယ်မှာလဲ… ငါ့ကိုပေးစမ်း…"

***

အခန်း ၁၅၈၄ ရှင့်ရဲ့ပညာသင်အဖြစ် သူ့ကိုခေါ်ပါ…

အဘိုးအိုက ကုနင်းအား နာကျင်အောင်လုပ်ဖို့ ရည်ရွယ်ထားခြင်း မရှိပဲ ကြက်ကင်ကိုသာ လိုချင်ခဲ့သောကြောင့် လင်ရှောင်းထင် စိတ်သက်သာရာ ရသွားပြီး ကုနင်း၏ဘေးသို့ ပြန်လျှောက်လာခဲ့ သည်။

"ဒါက ကျွန်မဟာ… ကျွန်မဘာလို့ ရှင့်ကို ပေးရမှာလဲ?" ဟု ကုနင်းက ပြောလိုက်သည်။

လင်ရှောင်းထင်နှင့် သူမတို့ နှစ်ယောက်စလုံးက ဤအဘိုးအိုအတွက် ဘက်ညီသူမဟုတ်သော်လည်း သူမက ကြိတ်မှိတ်ကာ သည်းခံလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ကုနင်းသည် ဤလူထံမှ မည်သည့် ရက်စက်မှုကိုမှ မခံစားရသောကြောင့် သူ့ကို သူမ စချင်စိတ်ဖြစ်လာခဲ့သည်။

"ဒါကို ငါ့ကို ပေးဖို့အတွက် မင်းမှာ ဘယ်လိုတောင်းဆိုချက်ရှိလဲ?"

အဘိုးအိုက မျက်မှောင်ကြုပ်နေခဲ့သည်။

"ရှင်ဘယ်သူလဲဆိုတာကို ကျွန်မကိုပြောပါ။" ဟု ကုနင်းက ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အဘိုးအိုးက စိတ်ရှုပ်သွားပုံရသည်။

"ငါမသိဘူး…"

ကုနင်းက အံ့အားသင့်သွားပေမယ့် သူမ ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ဤအဘိုးအိုက မျှော်စင်ထဲတွင် နှစ်ပေါင်းရာနှင့်ချီကြာအောင် နေခဲ့သောကြောင့် သူ၏မှတ်ဉာဏ်များကို ဆုံးရှုံးသွားတာ ဖြစ်နိုင်သည်။

တကယ်တော့ သူဘယ်သူလဲဆိုတာကို သတိမရလျှင် ၎င်းက သိပ်အရေးမကြီးပေ။ ကုနင်းက ထိုအကြောင်းကို သိပ်ပြီး ဂရုမစိုက်ချေ။ သူမက သူ့အကြောင်းကိုသာ သိချင်ခဲ့တာဖြစ်သည်။

"ဟေး… မင်းရဲ့မေးခွန်းကို ငါဖြေပြီးသွားပြီ။ ဘယ်မှာလဲ ကြက်?"

အဘိုးအိုက စိတ်မရှည်တော့ပေ။

ကုနင်းက ကြက်ကင်ကို သူနှင့် ဝေးရာ၌ ဖွက်ထားဆဲ ဖြစ်သောကြောင့် ကြက်ကင်ကို သူ့အား ထုတ်ပေးရန် ကုနင်းကို တိုက်တွန်းခဲ့သည်။

"ရှင် ကျွန်မရဲ့ မေးခွန်းကို ဖြေခဲ့ရင်တောင်မှ အဲ့ဒါကို ရှင့်ကိုပေးဖို့ ကျွန်မ သဘောတူမှာ မဟုတ်ဘူး…"

ကုနင်းက အဘိုးအိုကို ‌ပေကလတ်ပေကလတ်လုပ်၍ ကြည့်ကာ အပြစ်ကင်းသည့် ပုံစံ ပေါက်နေခဲ့သည်။

"မင်း… " အဘိုးအိုက ဒေါသထွက်သွားသောကြောင့် ကုနင်းကို ရုတ်တရက် တိုက်ခိုက်လာပါက လိုရမယ်ရအနေဖြင့် လင်ရှောင်းထင်က အသင့်အနေအထား ပြင်လိုက်သည်။ သို့သော် အဘိုးအိုက ထိုသို့ မလုပ်ပဲ ကုနင်းအား စူးရှစွာ စိုက်ကြည့်လိုက်သည်။

"မင်းဘာလိုချင်တာလဲ…"

"သူ့ကို ရှင့်ရဲ့ ပညာသင်အနေနဲ့ ခေါ်သွားပြီး လျှို့ဝှက်ကွန်ဖူး အစွမ်းတွေကို သင်ပေးပါ။" ဟု ကုနင်းက လင်ရှောင်းထင်ကို ညွှန်ပြကာ ပြောလိုက်သည်။

ကုနင်းသည် လင်ရှောင်းထင်၏ ခွင့်ပြုချက်ကို ကြိုမတောင်းပဲ ထိုဆုံးဖြတ်ချက်ကို ချခဲ့ပေမယ့် သူ့ကို ကူညီဖို့ ကွန်ဖူးဆရာတစ်ယောက် လိုအပ်ကြောင်းကို သူမ သိခဲ့သည်။

"ဘာ…"

အဘိုးအိုနှင့် လင်ရှောင်းထင်တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြသည်။

သူ့အား သင်ကြားရန် ကွန်ဖူးဆရာတစ်ယောက် တကယ့်ကို လိုအပ်ခဲ့သောကြောင့် လင်ရှောင်းထင်က သဘောတူခဲ့သည်။ တကယ်တော့ ကုနင်းက အရေးထားလွန်းသောကြောင့် သူ ကျေးဇူးတင်ခဲ့ရသည်။

သူမ ထိုသို့ပြောသောအခါ လင်ရှောင်းထင်၏ တုန့်ပြန်မှုကိုလည်း ကုနင်းက သတိပြုမိခဲ့ပြီး သူ စိတ်မဆိုးသောကြောင့် စိတ်အေး သွားခဲ့ရသည်။ တကယ်တော့ ၎င်းက သူကောင်းဖို့အတွက်ဟု သူမ ပြောခဲ့လျှင်တောင်မှ သူ၏ခွင့်ပြုချက်မရပဲ သူမ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကံအားလျော်စွာဖြင့် လင်ရှောင်းထင်တွင် သူမအတိုင်း တူညီသော စိတ်ကူး ရှိနေခဲ့သည်။

အဘိုးအိုက လင်ရှောင်းထင်အား ခဏမျှ သုံးသပ်ပြီးနောက် သူ့မျက်နှာပေါ်တွင် ကျေနပ်မှုကို ပြသခဲ့သည်။

"သူက မတူတဲ့ အားကောင်းတဲ့စွမ်းအင်တွေကို လက်ခံနိုင်ပြီးတော့ တစ်ကြိမ်ကို အဆင့်သုံးဆင့်တက်နိုင်တဲ့ ပါရမီရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ။ ဒီလိုမျိုးကို တွေ့ရဖို့က ရှားတယ်။ ဒါပေမယ့်…"

အစောပိုင်းက လင်ရှောင်းထင် ဖြစ်ပျက်ခဲ့သောအရာကို သူ မျက်မြင်မတွေ့ခဲ့ပေမယ့် လင်ရှောင်းထင်၏ ခန္ဓာကိုယ်အပြောင်းအလဲ ကို ခံစားနိုင်ခဲ့သည်။

"ဒါပေမယ့် ဘာလဲ…"

ကုနင်းက မျက်မှောင်ကြုပ်ကာ စိတ်လှုပ်ရှားသွားခဲ့သည်။

"ငါက တပည့်တွေ ရှိရတာကို သဘောမကျဘူး။ အဲ့ဒါက စိတ်အနှောင့်အယှက်ဖြစ်တယ်။ ငါ့ဟာငါပဲ လွတ်လပ်တယ်။" ဟု အဘိုးအိုက ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကုနင်းက လှောင်ရယ်ရယ်လိုက်သည်။ အဘိုးအိုက ကရိကထဖြစ်မှာ စိုးရိမ်သောကြောင့် သူ၏ ပညာသင်အဖြစ် လင်ရှောင်းထင်ကို ခေါ်ဖို့ ငြင်းဆန်ခဲ့ခြင်းကို သူမ အံ့အားသင့်ခဲ့ရသည်။

"ရှင် ကြက်ကင်ကို လိုချင်လား၊ မလိုချင်ဘူးလား?" ဟု ကုနင်းက မေးလိုက်သည်။

အဘိုးအိုက ကြက်ကင်သံကြားသောအခါ ချက်ချင်းပင် သူ၏ မျက်လုံးများက တောက်ပသွားခဲ့ပေမယ့် သူ၏အလုပ်သင်အဖြစ် လင်ရှောင်းထင်အား ခေါ်ရမည်ကို တွေးမိလိုက်သည်နှင့် သူ စိတ်မချမ်းသာသည့်ပုံ ပေါက်သွားတော့သည်။

"ရှင်က မျှော်စင်ထဲမှာ အကြာကြီးနေခဲ့တာဖြစ်ရမယ်။ ဟုတ်တယ်မလား?" ဟု ကုနင်းက ပြောလိုက်သည်။

"အင်း…"

"အင်း… ကျွန်မတို့ရဲ့ ကမ္ဘာမှာ အရသာရှိတဲ့ စားစရာတွေ အများကြီးရှိတယ်။ ကြက်ကင်တစ်ကောင်က ဘာမှမဟုတ်ပါဘူး။" ဟု ကုနင်းက ပြောလိုက်သည်။

အဘိုးအိုးက ဖြားယောင်းမှုကို တောင့်မခံနိုင်တော့ပဲ ကုနင်းအား ချက်ချင်း တားလိုက်သည်။

"ကောင်းပြီ… ကောင်းပြီ။ အခု ငါ့ကို သွားရည်ယိုအောင်လုပ်နေတာ ရပ်လိုက်တော့။"

"ရှင် အရင် ဘယ်တုန်းကမှ မမြည်းစမ်းဖူးတဲ့ အရသာရှိတဲ့အစားအစာတွေကို ရှင် စားမကြည့်ချင်ဘူးလား?" ဟု ကုနင်းက ပြောလိုက်သည်။

သူအမြဲတမ်း စားချင်ခဲ့သော အရသာရှိသည့် စားသောက်ဖွယ်ရာများကို စားကြည့်ရန် ငြင်းဆန်ဖို့က အဘိုးအိုအတွက် မဖြစ်နိုင်ပေ။ ရှားပါးအရသာရှိသော အစားအစာများကို ခွန်းလွန် တောင်၌ သူ မရနိုင်ပေ။

သူက အလွန်အဆင့်မြင့်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အများကြီးမစားပဲ သူ ရှင်သန်နိုင်သော်လည်း ၎င်းက အရသာရှိသော အစားအစာအတွက် သူ၏စားချင်စိတ် ပျောက်ဆုံးသွားသည်ဟု မဆိုလိုပေ။

"အရသာရှိတဲ့ စားစရာတွေအပြင် ကျွန်မတို့မှာ သောက်လို့ ကောင်းတာတွေ အများကြီး ရှိတယ်။" ဟု ကုနင်းက ဆက်ပြော လိုက်သည်။

"တော်ပြီ… တော်ပြီ… အဲ့ဒီမှာ ရပ်လိုက်တော့။"

အဘိုးအိုက သူ့လက်များဖြင့် သူ၏နားများကို ပိတ်ထားလိုက်သည်။

"လာပါ… တပည့်သင်တစ်ယောက်ရှိတာက ရှင်ထင်ထားသလို ဒုက္ခမဖြစ်ပါဘူး။ သူက နေ့တိုင်း ရှင်နဲ့အတူ နေမှာမှ မဟုတ်တာ။ ရှင့်ဆီလာပြီး ရှင့်ဆီက ကွန်ဖူးစွမ်းရည်တွေကို တစ်ခါတစ်လေ သင်မှာပါ။"

"တကယ်လား…"

ကုနင်း၏ အကြံဉာဏ်က အဘိုးအိုကို စိတ်ဝင်စားစေခဲ့သည်။

"တကယ်ပေါ့။ ကျွန်မတို့ ဒီနေရာကို တစ်ခါလာဖို့က မလွယ်လို့ ကျွန်မနဲ့ လိုက်ခဲ့လို့လဲရပါတယ်။ ကျွန်မတို့ကမ္ဘာက မရေမတွက်နိုင်တဲ့ အရသာရှိတဲ့ စားစရာတွေနဲ့ ‌သောက်စရာကောင်းကောင်းတွေကို ရှင် စားသောက်နိုင်ပါတယ်။" ဟု ကုနင်းက ပြောလိုက်သည်။

သူမသည် အဘိုးအိုကို ဖြားယောင်းနေခဲ့သည်။

အဘိုးအိုက သူတို့၏ကမ္ဘာသို့ မကြာမကြာသွားဖို့ ဆန္ဒရှိနေခဲ့လျှင် သူ့ထံမှ လျှို့ဝှက်ကွန်ဖူးကျွမ်းကျင်မှုများကို သင်ယူဖို့ လင်ရှောင်းထင်အတွက် ပို၍အဆင်ပြေမည် ဖြစ်လေသည်။

All Chapters