အခန်း (၁၅၉၁-၁၅၉၆)
Vol. 100 Ch. 1591-1596
အခန်း ၁၅၉၁ ID ကတ်က ဘာလဲ…
"စမတ်ဖုန်း ဟုတ်လား?" ရှန့်ကွမ်ယန် စိတ်ဝင်စားသွားခဲ့သည်။
"အဝေးက တခြားလူတွေကို မင်းက တကယ်ပဲ ဆက်သွယ်နိုင်တာလား?"
"ဟုတ်တယ်။" ကုနင်းက ခေါင်းညိတ်ကာ လင်ရှောင်းထင်ကို ပြောလိုက်သည်။
"ရှောင်းထင်၊ ရှင် ကျွန်မတို့နဲ့ မီတာနည်းနည်းလောက် ကွာအောင် လျှောက်သွားပြီး ကျွန်မကို ဖုန်းခေါ်လိုက်။"
"ရတာပေါ့။"
လင်ရှောင်းထင်က သဘောတူလိုက်ပြီး ကုနင်းထံ ဖုန်းမခေါ်မီ ကုနင်းနှင့် ရှန့်ကွမ်ယန်တို့မှ မီတာအနည်းငယ်အကွာထိ လမ်း လျှောက်သွားခဲ့ သည်။ ထို့နောက် သူက ကုနင်းကို ခေါ်လိုက်သောအခါ ကုနင်း၏ဖုန်းက တုန်ခါလာခဲ့သည်။
ကုနင်း၏ လက်ထဲရှိ တောက်ပသော ဖန်သားပြင်ပေါ်တွင် စာလုံးများကို သူတွေ့လိုက်ရသောအခါ ရှန့်ကွမ်ယန်က ၎င်းကို အတော်လေး ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
နောက်မှ ကုနင်းက ဖုန်းကိုင်လိုက်ပြီး စပီကာကို ဖွင့်လိုက်သောအခါ လင်ရှောင်းထင်၏ အသံကို သူတို့နှစ်ယောက်လုံး ကြားလိုက်ရလေသည်။
"ဝိုး… အံ့ဩစရာကောင်းလိုက်တာ။" ဟု ရှန့်ကွမ်ယန်က အာမေဋိတ်သံဖြင့် ပြောလိုက်သည်။
"ငါပြောတာကိုရော မင်းကြားရလား?"
လင်ရှောင်းထင်က သူ့အသံကို မကြားရဘူးအထင်ဖြင့် ရှန့်ကွမ်ယန်က ဖုန်းကို ရုတ်တရက်အော်ပြောလိုက်သည်။
"ဒါပေါ့ ကျွန်တော်ကြားရပါတယ်။" ဟု လင်ရှောင်းထင်က ပြန်ပြောလိုက်သည်။
"ဘုရားရေ… ဒါကို ငါမယုံနိုင်တော့ဘူး။ ဒါက မယုံနိုင်စရာပဲ။"
"ကမ္ဘာသစ်မှာ မယုံနိုင်စရာကောင်းတဲ့ ပစ္စည်းတွေ အများကြီးပါ။ အဲ့ဒါကို စူးစမ်းဖို့ ကျွန်မတို့မှာ အချိန်အလုံအလောက် ရှိပါတယ်။" ဟု ကုနင်းက နှစ်နှစ်ကာကာပြုံးကာ ပြောလိုက်သည်။
"ကြည့်လိုက်၊ ဒါက အစိမ်းရောင်ခလုတ်ပါ။ အဘိုးက ဒါကို တစ်ခါနှိပ်လိုက်တာနဲ့ တခြားလူတွေက အဘိုးစကားပြောတာကိုကြားရမှာ မဟုတ်တော့ဘူး…"
ထိုသို့ပြောပြီး ကုနင်းက စပီကာကို ရွှေ့ပိတ်ကာ ရှန့်ကွမ်ယန်၏ နားတွင် ဖုန်းကို ကပ်ပေးလိုက်သည်။ ထို့နောက် ရှန့်ကွမ်ယန်က ဖုန်းထဲတွင် စကားအနည်းငယ် ပြောလိုက်သည်။
ရှန့်ကွမ်ယန်က ဖုန်းမှ လင်ရှောင်းထင်၏အသံကို အမှန်တကယ် ကြားနိုင်ခဲ့သည့်အတွက် သူ စိတ်လှုပ်ရှားသွားခဲ့သည်။
ယခုအခါ သူက ကလေးတစ်ယောက်လို ဖြစ်နေသောကြောင့် အတော်လေးကို ရယ်စရာကောင်းတော့သည်။
"အရမ်းမိုက်တယ်၊ ငါတစ်ခု ရနိုင်မလား?" ဟု ရှန့်ကွမ်ယန်က ပြောလိုက်သည်။
"ရတာပေါ့… ဒါပေမယ့် ဖုန်းဝယ်ဖို့ ကျွန်မတို့ မြို့တော်ကို သွားဖို့လိုတယ်။"
သူမတွင် ရှန့်ကွမ်ယန်အတွက် ဖုန်းတစ်လုံးဝယ်ယူရန် အစီအစဉ်ရှိထားပြီး ၎င်းက တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်ရာ၌ သူတို့အတွက် အဆင်ပြေမှာ ဖြစ်တော့သည်။
သူတို့က အတူတူမနေပဲ လင်ရှောင်းထင်က စစ်ဟယ်ယွမ်(ရှေးဟောင်းပုံစံဂေဟာ) တစ်ခုတွင် နေထိုင်ရန် ရှန့်ကွမ်ယန်ကို စီစဉ်ပေးခဲ့သည်။
ဂေဟာအနီးတဝိုက်တွင် စိမ်းလန်းသော အပင်များစွာ ရှိသောကြောင့် ၎င်းက အဘိုးအိုတစ်ယောက်နေထိုင်ရန်အတွက် နေရာကောင်းတစ်ခုဖြစ်ခဲ့သည်။
လင်ရှောင်းထင်၏ ရှေးဟောင်းပုံစံဂေဟာက သီးသန့်ဂေဟာတစ်ခု ဖြစ်ပြီး ဧည့်သည်လာဖို့ ခွင့်မပြုထားသောကြောင့် ၎င်းက အလွန် တိတ်ဆိတ်ငြိမ်သက်လှပေသည်။
"အရမ်းကောင်းတယ်…" ရှန့်ကွမ်ယန်က အားပါးတရ ပြုံးလိုက်သည်။
ထို့နောက် သူတို့သည် လင်ရှောင်းထင်ဆီသို့ အတူတူ လျှောက်လာခဲ့ သည်။ ရှန့်ကွမ်ယန်က ဤခေတ်က မဟုတ်ပဲ သူ့တွင် အိုင်ဒီကတ်မရှိသောကြောင့် သူမ၏ အိုင်ဒီကတ်ဖြင့် ဖုန်းနံပါတ်အသစ်တစ်ခုကို မှတ်ပုံတင်ရန် ကုနင်းက စီစဉ်ထားခဲ့သည်။
သို့သော် ဤပြဿနာက ဖြေရှင်းဖို့ အလွန်လွယ်ကူသည်ဟု လင်ရှောင်းထင် ထင်ခဲ့သည်။
"သူ့မှာ အိုင်ဒီကတ်တစ်ခုရှိရင် ဒီနေရာမှာ နေဖို့ သူ့အတွက် ပိုအဆင် ပြေမှာမို့လို့ ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ စနစ်မှာ ကိုယ့်ဆရာအတွက် အိုင်ဒီ အတုတစ်ခုကို လုပ်ပေးနိုင်တယ်။"
လင်ရှောင်းထင်က ဤပြဿနာကို ဖြေရှင်းရန် ဖုန်းခေါ်ဆိုဖို့သာ လိုအပ်သည်။ ရှန့်ကွမ်ယန်က သူ၏ သီးသန့်ဆရာဖြစ်သောကြောင့် သူ့ကို ကူညီချင်တာထက်ကို ပိုခဲ့သည်။
"အဲ့ဒါက အဆင်အပြေဆုံးပဲ.." ဟု ကုနင်းက ပြောလိုက်သည်။
"အိုင်ဒီကတ်က ဘာလဲ?" ရှန့်ကွမ်ယန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"အဲ့ဒါက အခုခေတ်ကြီးမှာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အထောက်အထားတွေကို သက်သေပြဖို့ သုံးတဲ့ဟာမျိုးပေါ့။ အဲ့ဒါက ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အရမ်းအရေးကြီးတယ်။ ဒီနေ့ ကျွန်မတို့ရဲ့ အစိုးရဌာနမှာ ပြည်သူ့လုံခြုံရေးဗျူရိုလို့ခေါ်တဲ့ ဌာနတစ်ခုရှိတယ်။ အဲ့ဒီမှာ နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ အထောက်အထား အချက် အလက်တွေ အကုန်ရှိတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
ရှန့်ကွမ်ယန်က လွန်ခဲ့သည့် နှစ်ပေါင်းရာနှင့်ချီသောအချိန်မှ အဘိုးအိုတစ်ယောက် ဖြစ်သောကြောင့် သူ့အား ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြဖို့က သူမအတွက် ခက်ခဲလှပေသည်။
"တကယ်လား?" ရှန့်ကွမ်ယန်က တဖန် အံ့ဩသွားခဲ့ပြန်သည်။ အရာရာတိုင်းက သူ့အတွက် အသစ်ဖြစ်ခဲ့သည်။
"အင်း… နိုင်ငံသားတွေကို ကာကွယ်ဖို့ နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေရှိလို့ ဒီနေရာမှာ အဘိုးရဲ့ မှော်အတတ်ကို မသုံးမိဖို့ သတိရပါ။ အဘိုး ဘယ်လူဆိုးနဲ့မဆို ကြုံတွေ့ရရင် ပြည်သူ့လုံခြုံ ရေးဗျူရိုမှာ ရာဇဝတ်သားတွေကို ဖမ်းဖို့ တာဝန်ရှိတယ်။"
သူမသည် ရှန့်ကွမ်ယန်၏ မှော်ပညာအား သူအလိုရှိသလို မသုံးဖို့ သတိပေးထားရသည်။ ခေတ်မီလူအဖွဲ့အစည်းတွင် ၎င်းကို လက်မခံ နိုင်သောကြောင့်ဖြစ်သည်။ ရှန့်ကွမ်ယန်ကလည်း စောင့်ကြည့် ကင်မရာများနှင့် ပတ်သက်ပြီး သိချင်စိတ် ပြင်းပြနေခဲ့သည်။
"အဲ့ဒါတွေက ဘာနဲ့တူလဲ?" ဟု ရှန့်ကွမ်ယန်က မေးလိုက်သည်။
ထိုအခါ ကုနင်းက သူမ၏ ဖုန်းကို ထုတ်ယူကာ သူတို့ မှတ်တမ်း တင်ထားသော စောင့်ကြည့်ကင်မရာများ၏ ဓာတ်ပုံအချို့နှင့် ဗီဒီယို များကို ပြသခဲ့သည်။
ရှန့်ကွမ်ယန်က စောင့်ကြည့်ကင်မရာများအကြောင်းကို များစွာ သိခဲ့ရပြီး သူတို့နှင့်ပတ်သက်ပြီး ပို၍ပင် စူးစမ်းချင်စိတ် ပြင်းပြလာ တော့သည်။
***
အခန်း ၁၅၉၂ ဓာတ်ပုံဆိုတာဘာလဲ…
အတိအကျပြောရမည်ဆိုလျှင် သူသည် ကမ္ဘာသစ်အကြောင်းကို စူးစမ်းချင်စိတ်ဖြစ်လာပြီး ထိုအကြောင်းကို ထပ်မံလေ့လာရန် မစောင့်နိုင်တော့ပေ။
သူတို့သည် လမ်းတလျှောက် စကားစမြည် ပြောလာရင်း ကြီးမြတ်သောနတ်ဘုရားအိမ်တော်၏ ဝင်ပေါက်သို့ ပြန်ရောက်လာခဲ့သည်။ ရှန့်ကွမ်ယန်က သူ၏ ရှေးဟောင်းဆံပင်ပုံစံနှင့်အတူ သူ၏ အဝတ်အစားသစ်က အနည်းငယ် ထူးဆန်းသောပုံပေါက်နေခဲ့သော်လည်း အခြားဧည့်သည်များက သူ့ကို သိပ်ပြီး ဂရုမစိုက်ခဲ့ကြပေ။
တကယ်တော့ ကုနင်းနှင့် လင်ရှောင်းထင်တို့၏ ထင်ရှားသော ပုံပန်းသဏ္ဍာန်ကြောင့် အခြားသူများ၏ အာရုံစိုက်မှုကို ပိုမိုရရှိခဲ့သည်။
လူတွေအားလုံးက သူ့အစား ကုနင်းနှင့်လင်ရှောင်းထင်တို့အား ငေးစိုက်ကြည့်နေကြတာကို ရှန့်ကွမ်ယန်ကလည်း သဘောပေါက်ခဲ့သည်။
ကုနင်းနှင့် လင်ရှောင်းထင် နှစ်ယောက်စလုံးက သူတို့ဝန်းကျင်ရှိ အခြားသူများထက် များစွာ ပိုလှတာကို သူ ရုတ်ချည်း တွေ့သွားခဲ့သည်။
လင်ရှောင်းထင်က သူ့တပည့်ဖြစ်ပြီး ကုနင်းက သူ့တပည့်စေ့စပ်ထားသော မိန်းကလေးဖြစ်သောကြောင့် ရှန့်ကွမ်ယန်က သူတို့အတွက် ဂုဏ်ယူမိခဲ့သည်။
"အင်း… မင်းတို့နှစ်ယောက်က ဒီနေရာမှာ အလှဆုံးလူတွေလို့ ငါထင်တယ်။" ဟု ရှန့်ကွမ်ယန်က ပြောလိုက်သည်။
"အဘိုးရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်။" ဟု ကုနင်းက ပြုံးကာ ပြောလိုက်သည်။
သူတို့ ကားပါကင်အနီးသို့ လျှောက်လာသောအခါ ရှန့်ကွမ်ယန်က မေးလိုက်သည်။
"အဲ့ဒီသေတ္တာကြီးတွေက ဘာတွေလဲ?"
ကုနင်းက သူ့မေးခွန်းကို မဖြေနိုင်မီ ကားတစ်စီးက ကားပါကင်ထဲသို့ မောင်းဝင်လာသောအခါ ရှန့်ကွမ်ယန်က ထပ်မံ၍ အထိတ်တလန့်ဖြင့် အံ့အားသင့်စွာ ပြောလိုက်သည်။
"အဲ့ဒါက ပြေးနိုင်တယ်ဟ!"
"အင်း… ဒါက ကားတစ်စီးပါ။ အခု ကျွန်မတို့ မြင်းတွေကို မစီးကြတော့ဘူး။" ဟု ကုနင်းက ပြောလိုက်သည်။
ကုနင်းက ထိုအရာကို အသေးစိတ်ရှင်းပြရန် မလိုပေ။ အဘယ်ကြောင့်ဆိုသော် သူမ ရှင်းပြခဲ့လျှင် ရှန့်ကွမ်ယန်က ၎င်းကို နားလည်နိုင်မည် မဟုတ်ပေ။
"ဒါက မြင်းတစ်ကောင်ထက် ပိုမြန်တာလား?"
"ဒါပေါ့… မြင်းတစ်ကောင်ထက် အများကြီး ပိုမြန်တယ်။"
"ဝိုး" ရှန့်ကွမ်ယန် အံ့အားသင့်သွားတော့သည်။
"ဟဟ… ဒါပေမယ့် ဒါက အဘိုးရဲ့ ဓားပျံလောက်တော့ မမြန်သေးပါဘူး။" ဟု ကုနင်းက ထပ်ပြောလိုက်သည်။
ထိုအခါ ရှန့်ကွမ်ယန်က အားပါးတရ အော်ရယ်လိုက်တော့သည်။ သူက သူ၏ဓားပျံအတွက် အလွန်အမင်း ဂုဏ်ယူနေခဲ့သည်။
"အဘိုးရဲ့ဓားပျံထက် ပိုမြန်တဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်းတစ်ခုက တကယ့်ကို ရှိပါတယ်။" ဟု ကုနင်းက ဆက်ပြောလိုက်သည်။
"အဲ့ဒါက ဘာလဲ?" ဟု ရှန့်ကွမ်ယန်က သိချင်စိတ်ပြင်းပြလာခဲ့သည်။
"ကျွန်မတို့က အဲ့ဒါကို လေယာဉ်ပျံလို့ ခေါ်တယ်။ အဲ့ဒါက လေထဲမှာ အရမ်းမြင့်မြင့် ပျံနိုင်ပြီးတော့ တစ်နာရီကို ကီလိုမီတာ (၈၀၀)နီးပါး သွားနိုင်တယ်။ ဒါပေမယ့် သူ့ရဲ့လမ်းကြောင်းကိုတော့ ပေါ့ပေါ့ပါးပါး ပြောင်းလို့ မရနိုင်ဘူး။" ဟု ကုနင်းက ပြောလိုက်သည်။
"မနက်ဖြန် ကျွန်မရဲ့အိမ်ကို ပြန်ဖို့ လေယာဉ်စီးရတော့မှာမို့လို့ အဲ့ဒီအခါ အဘိုးအဲ့ဒါကို ခံစားကြည့်နိုင်တယ်။"
ထိုစကားကို ကြားသောအခါ ရှန့်ကွမ်ယန်မှာ အံ့အားသင့်သွားတော့သည်။
လေယာဉ်တစ်စီးက တစ်နာရီကို (၈၀၀) ကီလိုမီတာဝန်းကျင် ပျံသန်းနိုင်ခဲ့လျှင် ၎င်းက သူ၏ဓားပျံထက် တကယ့်ကို ပိုမြန်ပေသည်။ သူ၏ ဓားပျံက လေယာဉ်တစ်စီးနှင့်ယှဉ်သောအခါ အတော်လေး နှေးသွား တော့သည်။
"ငါတို့ မနက်ဖြန် ဘယ်အချိန် လေယာဉ်စီးမှာလဲ?" ဟု ရှန့်ကွမ်ယန်က မေးလိုက်သည်။ ၎င်းကို တွေ့ကြုံခံစားရန် သူ မစောင့်နိုင်တော့ပေ။
"ကျွန်မတို့ အဘိုးရဲ့ အိုင်ဒီကတ်ကို အရင်ဆုံး ပြီးအောင်လုပ်ဖို့လိုလို့ အခုထိ ကျွန်မ မသိသေးပါဘူး။"
"ဟုတ်တာပေါ့…" ရှန့်ကွမ်ယန်က ခေါင်းညိတ်လိုက်သည်။
အိုင်ဒီကတ်တစ်ခု ပြုလုပ်ရန် ရှန့်ကွမ်ယန်၏ ဓာတ်ပုံများကို သူတို့ လိုအပ်သောကြောင့် လင်ရှောင်းထင်က အဖြူရောင်နံရံတစ်ချပ်ကို ရှာကာ ရှန့်ကွမ်ယန်၏ ဓာတ်ပုံများစွာကို ရိုက်ယူရန် သူ၏ဖုန်းကို အသုံးပြုလိုက်သည်။
"ဓာတ်ပုံတွေ… ဓာတ်ပုံတွေဆိုတာက ဘာလဲ?" ဟု ရှန့်ကွမ်ယန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"အဘိုး နောက်ကျသိလာလိမ့်မယ်၊ ဒါပေမယ့် အခုလောလောဆယ် တော့ ငြိမ်ငြိမ်လေး ရပ်ပေးပါ။"
ရှန့်ကွမ်ယန်က သူမ၏ စကားကို နားထောင်ပြီး မလှုပ်မယှက် ရပ်နေခဲ့သည်။
လင်ရှောင်းထင်က သူ့ဓာတ်ပုံကို ရိုက်ပြီးသည်နှင့် သူ့ဖုန်းစခရင်ကို ကြည့်ရန် ပြေးလာခဲ့သည်။
"ဒီနေ့ခေတ်မှာ တစ်ယောက်ယောက်ရဲ့ ပုံရိပ်ကို သိမ်းထားဖို့ ပုံမဆွဲကြတော့ဘူး။ အဲ့ဒီအစား ကင်မရာတွေကို ကျွန်မတို့ သုံးကြတယ်။ ဒါက အဆင့်မြင့်နည်းပညာပဲ။" ဟု ကုနင်းက ပြောလိုက်သည်။
"အဆင့်မြင့်နည်းပညာဆိုတာက ဘာလဲ?" ဟု ရှန့်ကွမ်ယန်က မေးလိုက်သည်။
"အင်း… ဒါက ခက်ခဲရှုပ်ထွေးတယ်။ " ဟု လင်ရှောင်းထင်က ပြောလိုက်သည်။
၎င်းက ရှုပ်ထွေးသဖြင့် ရှန့်ကွမ်ယန်က ၎င်းနှင့်ပတ်သက်ပြီး ရှည်ရှည်ဝေးဝေး မမေးတော့ပေ။
ထို့နောက် သူတို့၏ ကားဆီသို့ လျှောက်လာခဲ့ကြပြီး လင်ရှောင်းထင်က ရှန့်ကွမ်ယန်အတွက် နောက်ခန်းထိုင်ခုံများရှိရာ ကားတံခါးကို ဖွင့်ပေးလိုက်သည်။
ကုနင်းက ရှေ့ဘက် ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်သည်။ ထို့နောက် လင်ရှောင်းထင်က ကားကို စက်နှိုးကာ မောင်းထွက်လာတော့သည်။
ကားက လမ်းပေါ်တွင် မရပ်မနား မြန်မြန်ရွေ့လျားသောအခါ ရှန့်ကွမ်ယန်မှာ ထပ်ပြီး အံ့ဩခဲ့ရပြန်သည်။
သူတို့ ယခင်က ရောက်ဖူးခဲ့သော မြို့ငယ်လေးဆီသို့ ပြန်သွားသောအခါ အကျွမ်းတဝင်ရှိလှသော လမ်းမကြီးဘေးရှိ စားသောက်ဆိုင်ငယ်လေးကို တွေ့ခဲ့ကြရသည်။ သို့သော် ဆိုင်အပြင်ဘက်တွင် ကြီးမားသော မြေတူးစက်ကြီးတစ်ခုနှင့် လူတစ်စု ရှိနေခဲ့သည်။ စားသောက်ဆိုင်ငယ်လေး ဖျက်ဆီးခံရတော့မည် ဆိုခြင်းက သိသာတော့သည်။
ကုနင်းက သူမ၏ ကျောက်စိမ်းမျက်လုံးကို ချက်ချင်းသုံးလိုက်သောအခါ ဖြိုချတာကို တားဖို့ ကြိုးစားနေသော နောက်ထပ်လူတစ်စုကို တွေ့လိုက်ရသည်။
"သူတို့က စားသောက်ဆိုင်လေးကို အားကြိုးမာန်တက် ဖျက်ဆီးပစ်ချင်ကြတာ။" ဟု ကုနင်းက လင်ရှောင်းထင်ကို ပြောလိုက်သည်။
"ဘာဖြစ်တာလဲ?" ဟု ရှန့်ကွမ်ယန်က မေးလိုက်သည်။
***
အခန်း ၁၅၉၃ မစ္စရှန်း
" ဖြိုချနေကြတာ၊ သူတို့က တခြားလူရဲ့အိမ်ကို အားကြိုးမာန်တက် ဖျက်ဆီးပစ်ချင်နေကြတာပဲ။" ဟု ကုနင်းက ပြောလိုက်သည်။
"ဘာ… အဲ့ဒါ ယုတ်မာတာပဲ!" ရှန့်ကွမ်ယန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
လင်ရှောင်းထင်ကလည်း သဘောမကျသောကြောင့် တစ်ခုခုလုပ်ရန် သူ ဆုံးဖြတ်လိုက်သည်။
"ခဏနေအုံး…"
ရှန့်ကွမ်ယန်က လင်ရှောင်းထင်ကို ဗြုန်းခနဲ တားလိုက်သည်။
"ဘာမှားလို့လဲ…"
ကုနင်းနှင့် လင်ရှောင်းထင်တို့ နှစ်ယောက်စလုံးက နားမလည်ခဲ့ကြပေ။
"လူအုပ်ထဲကနေ ကျင့်ကြံသူတစ်ယောက်ရဲ့ အနံ့ကို ရတယ်။" ဟု ရှန့်ကွမ်ယန်က ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကုနင်းနှင့် လင်ရှောင်းထင်တို့မှာ ခဏမျှ ကြက်သေသေသွားခဲ့ကြသည်။
"ကျင့်ကြံသူက သူတော်စင်ကျင့်ကြံသူလား (ဒါမှမဟုတ်) နတ်ဆိုးကျင့်ကြံသူလား?" ဟု ကုနင်းက မေးလိုက်သည်။
"သူတော်စင်ကျင့်ကြံသူပေါ့…" ဟု ရှန့်ကွမ်ယန်က ပြောလိုက်သည်။
"ကောင်းလိုက်တာ၊ အဘိုးက ဘာလို့ ဒီမှာမစောင့်တာလဲ။ ကျွန်မ တစ်ချက်သွားကြည့်လိုက်မယ်။" ဟု ကုနင်းက ပြောလိုက် သည်။
"ဘာလို့လဲ…"
ရှန့်ကွမ်ယန်က ဇဝေဇဝါဖြစ်သော လက္ခဏာကို ပြသလာခဲ့သည်။
"အဘိုးတို့နှစ်ယောက်က ကျင့်ကြံသူတွေဆိုတာကို ကျွန်မ တခြားလူတွေကို မသိစေချင်ဘူး။ လူအုပ်ထဲမှာ ကျင့်ကြံသူ တစ်ယောက်ရှိလို့ ကားထဲမှာနေတာ အဘိုးတို့အတွက် ပိုပြီး စိတ်ချရတယ်။"
"ကောင်းပြီလေ…" ရှန့်ကွမ်ယန်က လက်ခံလိုက်သည်။
"အဘိုး ရှန့်ကွမ်… ကျင့်ကြံသူရဲ့အဆင့်ကို အဘိုး တွေ့ရလား?"ဟု အဘိုးရှန့်ကွမ်ကို မေးလိုက်သည်။
"အဲ့ဒီလူ တစ်ခုခုမလုပ်ခင်မှာ ပြောဖို့ခက်တယ်။ ဒါပေမယ့် ဒီကျင့်ကြံသူရဲ့ အဆင့်က ရှောင်းထင်ထက် အများကြီး ပိုမြင့်တယ် ဆိုတာကတော့ သေချာတယ်။" ဟု ရှန့်ကွမ်ယန်က ပြောလိုက်သည်။
"ရှောင်းထင်၊ ကျင့်ကြံသူက ရှင့်ကို အနံ့ခံနိုင်ချေရှိလို့ ရှင့်ကားကို တတ်နိုင်သမျှ ခပ်ဝေးဝေးကို ပြန်ဆုတ်လိုက်ပါ။" ဟု ကားထဲမှ မထွက်မီ ကုနင်းက ပြောလိုက်လေသည်။
"ကောင်းပြီ…" ဟု လင်ရှောင်းထင်က ပြောကာ ကားကို နောက်ပြန်ဆုတ်လိုက်သည်။
နောက်တော့ ကုနင်းက စားသောက်ဆိုင်ငယ်ရှိရာသို့ လျှောက်သွားခဲ့သည်။
စားသောက်ဆိုင်ရှေ့၌ လူအုပ်နှစ်ခုက မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြသည်။ အုပ်စုတစ်ခုတွင် စားသောက်ဆိုင်ငယ်လေး၏ အစောင့်ဝန်ထမ်းခြောက်ယောက်ရှိပြီး သူတို့၏ လက်ထဲတွင် လက်ကိုင်ရှည်ပါသော ကြမ်းတိုက်အဝတ်ဖတ်နှင့် တံမြက်စည်းကို ကိုင်ထားကာ သူတို့၏ အလယ်မှာတော့ မျက်နှာဖုံးတပ်ထားသော အမျိုးသမီးတစ်ယောက်က ရပ်နေခဲ့သည်။
နောက်တစ်ဖွဲ့တွင် အားကောင်းမောင်းသန် လူအယောက်(၂၀)က လက်ထဲတွင် သစ်သားတုတ်တစ်ချောင်းစီ ကိုင်ကာ ရပ်နေခဲ့ကြသည်။ သူတို့က ငှားထားသော ကြေးစားလူမိုက်များ ဖြစ်ပုံရလေသည်။
သူတို့အလယ်တွင် အသက်(၄၀)ကျော်အရွယ်ရှိသော လူတစ်ဦး ရပ်နေခဲ့ပြီး မျက်နှာဖုံးတပ်ထားသော အမျိုးသမီးကို စိုက်ကြည့်နေခဲ့သည်။
"မစ္စရှန်း… ခင်ဗျား ရန်ပွဲတစ်ခုကို မစတာ ပိုကောင်းမယ်။ အခုချက်ချင်း စာချုပ်ကို လက်မှတ်ထိုးလိုက်ပါ။"
ထိုအခါ မစ္စရှန်းဟုခေါ်သော အမျိုးသမီးက ပြောလိုက်သည်။
"ရှင်က ဒီမြေကို လိုချင်တယ်ဆိုရင် ကျွန်မကို ထိုက်သင့်တဲ့ ဈေးနှုန်းတစ်ခု ပေးသင့်တာပေါ့။"
"ကျွန်မက ဒီမြေကွက်ကိုပိုင်တယ်။ ပြီးတော့ ဒါက နည်းတာလည်း မဟုတ်ဘူး။ ဒီနေရာမှာ ကျွန်မက အထပ်ငါးထပ်ပါတဲ့ အဆောက်အအုံတစ်ခုကိုလည်း ဆောက်ထားပြီးပြီ။ ဒါက အနည်းဆုံး ယွမ်ခြောက်သန်းတန်တယ်၊ အဲ့ဒါကို ရှင်က ဘယ်လိုလုပ်ပြီး ယွမ်သုံးသန်းပဲ ပေးနိုင်ရတာလဲ? အဓိပ္ပာယ်မရှိလိုက်တာ!"
မစ္စရှန်းက အအ မဟုတ်ပေ။ ထိုလူက သူမကို စီးပိုးချင်နေတာဖြစ်သည်။
ထိုစကားကို ကြားသောအခါ ကုနင်းက သရော်ပြုံးပြုံးလိုက်သည်။
ထိုလူက တကယ့်ကို လောဘကြီးပြီး မြေကွက်တစ်ကွက်ကို ထက်ဝက်ဈေးဖြင့် ဝယ်ချင်နေခဲ့သည်။
မြေကွက်ချဲ့ထွင်သူတစ်ယောက်က မြေကွက်ကို ဝယ်ချင်ပြီး ၎င်းပေါ်ရှိ အဆောက်အဦဟောင်းများကို ဖျက်ဆီးပစ်ချင်ခဲ့လျှင် ၎င်းကို နားလည်ပေမယ့် သင့်တော်သော ဈေးနှုန်းတစ်ခုကတော့ လိုအပ်ပေသည်။ ထိုက်သင့်သော ပေးကမ်းမှုမရှိဘဲ နေထိုင်သူ မည်သူကမှ ပြောင်းရွှေ့လိုခြင်း ရှိမည်မဟုတ်ပေ။
ကုနင်းက မစ္စရှန်းကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် သူမက ကျင့်ကြံသူဖြစ်မှန်းကို သိလိုက်သည်။ သို့သော် မစ္စရှန်း၏ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုရှိသောကြောင့် ကုနင်းသည် သူမ၏ မျက်နှာကို မမြင်နိုင်ခဲ့ပေ။
ကုနင်းက မစ္စရှန်း၏ မျက်နှာကို ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်လုံးများကိုတော့ ရိုင်းပျမည်စိုးသောကြောင့် မသုံးချင်ခဲ့ပေ။ သူမသည် မစ္စရှန်းနှင့် ပဋိပက္ခ လုံးဝ မရှိခဲ့ပေ။
"အမှန်ပဲ… ယွမ်သုံးသန်းက နည်းလွန်းတာပေါ့။"
"ဒီအဆောက်အအုံနဲ့ မြေက အဲ့ဒီထက်မက အများကြီး ပိုတန်တယ်။"
"သူက လောဘကြီးတဲ့ စီးပွားရေးသမားတစ်ယောက်ပဲ။"
"စီးပွားရေးသမားတွေအားလုံးက လောဘကြီးကြတယ်။"
"သူ အဲ့ဒါကို မလုပ်နိုင်ဘူး။"
"…"
ဘေးမှ ဝိုင်းကြည့်နေသူများက ထိုအကြောင်းကို တိုးတိုးတိတ်တိတ် စပြောလာကြပြီး သူတို့အားလုံးက ထိုလူ၏ အပြုအမူကို မကြိုက်ကြချေ။
ထိုလူက ဘေးမှ ဝိုင်းကြည့်နေသူများအား အရေးမလုပ်ပဲ မစ္စရှန်းကို ပြောလိုက်သည်။
"မစ္စရှန်း… ကျုပ် ခင်ဗျားကို စိတ်မရှည်တော့လို့ ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို အခုချက်ချင်း ချသင့်တယ်။"
"ကျွန်မကို ယွမ်ခြောက်သန်းပေးပါ။ ဒါမှမဟုတ်ရင် ရှင်အခု ထွက်သွားလို့ရပြီ။" ဟု မစ္စရှန်းက ပြောလိုက်သည်။ သူမတွင် အလျှော့ပေးချင်စိတ် ရှိမနေခဲ့ပေ။
ယွမ်သုံးသန်းက မြို့ငယ်လေးတစ်ခုတွင် များပြားသည်ဟု ထင်ရပေမယ့် ဤမြေက အလွန်ကောင်းသောနေရာတွင် ရှိပြီး ယွမ်သုံးသန်းထက် များစွာပိုပြီး တန်ဖိုးရှိလေသည်။ ထို့အပြင် မစ္စရှန်းက သူမ၏ စားသောက်ဆိုင်ငယ်လေးတွင် ရောင်းချခြင်းအားဖြင့် ငွေအမြောက်အမြားကို ရှာနိုင်ခဲ့သောကြာင့် သူမက ပြောင်းရွှေ့ရန် တကယ့်ကို ဝန်လေးနေမိခဲ့သည်။
သူမ၏ မျက်လုံးများထဲတွင် ယွမ်ခြောက်သန်းက မလုံလောက်ပေ။ သို့သော် ဤနေရာမှ ထွက်သွားရန် သူမ စီစဉ်ထားသောကြောင့် ဈေးနှုန်းကို ယွမ်ခြောက်သန်းဟုသာ စဉ်းစားထားခဲ့သည်။
"ယွမ်ခြောက်သန်းဟုတ်လား? မဖြစ်နိုင်တာပဲ။" ထိုလူက စိတ်ဆိုးသွားခဲ့သည်။
ဘတ်ဂျက်အဖြစ် သူ့တွင် ယွမ်ခြောက်သန်းရှိသော်လည်း ၎င်းထဲမှ တချို့တစ်ဝက်ကို ယူဖို့ သူ စီစဉ်ထားသောကြောင့် ပိုက်ဆံအားလုံးကို မစ္စရှန်းအား သူ မပေးချင်ခဲ့ပေ။
***
အခန်း ၁၅၉၄ ငါ့ကို တရားစွဲပါ…
မြင့်မားသောဈေးနှုန်းကို မစ္စရှန်းက လိုချင်ခဲ့တာကြောင့် မဟုတ်ပဲ ပိုက်ဆံအားလုံးကို သူမအား ပေးလိုက်ရလျှင် သူ ဘာမှ မရနိုင်သောကြောင့် ထိုလူက ဒေါသထွက်ခြင်းဖြစ်သည်။ သူက အချိန်တိုင်း ဘတ်ဂျက်၏ သုံးပုံတစ်ပုံကို ယူနေကျဖြစ်သည်။ သို့သော် မစ္စရှန်းက သူ့အပေါ်တွင် ယခင်က အာဃာတများထားခဲ့သောကြောင့် ဘတ်ဂျက်မှ တမင်သက်သက် သူ ပိုယူခဲ့တာဖြစ်သည်။
"ရှင့်ကို အရိုးသားဆုံးပြောရမယ်ဆိုရင် ကျွန်မရဲ့ အိမ်နဲ့မြေက ယွမ်ခြောက်သန်းထက် ပိုတန်တယ်။ ကျွန်မက ဒါတွေကို ယွမ်ခြောက်သန်းဈေးနဲ့ ရှင့်ကို ရောင်းရင် ကျွန်မ အများကြီး ရှုံးမှာ။ ရှင့်မှာ လုံလောက်တဲ့ ဘတ်ဂျက်ရှိတယ်ဆိုတာကို ကျွန်မသိတယ်။ ပြီးတော့ အဲ့ဒီကနေ ပိုက်ဆံတစ်ချို့တစ်လေယူဖို့ ရှင်စီစဉ်ထားတာ ကိုလည်း ကျွန်မသိထားတယ်။" မစ္စရှန်းက အသံကို မြှင့်ကာ ပြောခဲ့သည်။ သူမက ထိုလူကို လုံးဝ မကြောက်ခဲ့ပေ။
"အဓိပ္ပာယ်မရှိလိုက်တာ… အဲ့ဒါ အမှန်မဟုတ်ဘူး။" ထိုလူက အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။
"ဒါက မှန်လား မမှန်ဘူးလားဆိုတာကို ရှင်သိပါတယ်။ ကျွန်မက ယွမ်ခြောက်သန်းမရပဲ စာချုပ်ကို လက်မှတ်ထိုးမှာ မဟုတ်ဘူး။" ဟု မစ္စရှန်းက ပြောလိုက်သည်။
"ခင်ဗျားက ခေါင်းမာလွန်းလို့ ခင်ဗျားကို ကျုပ် ထပ်ပြီး ယဉ်ကျေးလို့ရမယ်မထင်တော့ဘူး။ "
ထိုလူက စိတ်မရှည်တော့ပေ။ ထို့နောက် သူ့လူများကို အမိန့်ပေးကာ စားသောက်ဆိုင်ငယ်အား ချက်ချင်း ဖျက်ဆီးပစ်ရန် ပြောလိုက်သည်။
မစ္စရှန်းက ပျော့ညံ့သော အမျိုးသမီးတစ်ယောက်မဟုတ်မှန်း သူသိထားသော်လည်း သူမကို သူက ပေါ့ပေါ့တန်တန်သာ သဘောထားဆဲ ဖြစ်သည်။
ခဏအကြာတွင် မြင့်မားသန်မာသော လူရှစ်ယောက်က ရှေ့သို့တိုးလာခဲ့ပေမယ့် ဝန်ထမ်းခြောက်ယောက်ကတော့ နောက်မဆုတ်ခဲ့ပေ။
သူတို့က မစ္စရှန်းနှင့် ထူးခြားသော ဆက်ဆံရေးရှိသောကြောင့် စားသောက်ဆိုင်ငယ်၌ ကြီးမားသော အန္တရာယ်ကျရောက်ချိန်တွင် သူတို့က ထွက်မပြေးခဲ့ပေ။
မစ္စရှန်း သူတို့အား မမွေးစားမီအချိန်က သူတို့သည် မိဘမဲ့ကလေးများနှင့် သူတောင်းစားများ ဖြစ်ခဲ့ကြသည်။ မစ္စရှန်းကြောင့်သာ မဟုတ်လျှင် သူတို့ ငတ်သေကုန်ကြမှာဖြစ်သည်။
ဤနှစ်များအတွင်း သူတို့သည် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအချို့ အပါအဝင် မစ္စရှန်းထံမှ များစွာသင်ယူခဲ့ရသောကြောင့် အဖွဲ့တစ်ခုအဖြစ် အတူတူ ပူးပေါင်းတိုက်ခိုက်ခြင်းအားဖြင့် သူတို့၏ ရန်သူများကို ရိုက်နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ထားခဲ့ကြသည်။
သူတို့က ကြောက်ရွံ့ပေမယ့် ဘယ်သောအခါမှ နောက်ပြန်ဆုတ်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် မစ္စရှန်းက ပျော့ညံ့သော အမျိုးသမီးတစ်ယောက်မဟုတ်မှန်းကို သူတို့ သိထားခဲ့ကြပြီး သူမက သူတို့၏ မျှော်လင့်ချက်ပင် ဖြစ်တော့သည်။
"မင်းတို့ ဒါကို ရှင်းနိုင်လား?" ဟု မစ္စရှန်းက သူမ၏ ဝန်ထမ်းကို လှည့်မေးလိုက်သည်။
"ကျွန်မတို့ လုပ်နိုင်ပါတယ်။" ဟု သူတို့ခြောက်ယောက်က ကျယ်လောင်စွာ ပြန်ဖြေလိုက်ကြသည်။ သူတို့၏အိမ်အတွက် သူတို့၏ ရန်သူများကို ရင်ဆိုင်တိုက်ခိုက်ရန် သူတို့ ဆုံးဖြတ်ထားခဲ့ကြသည်။
ခဏအကြာတွင် မြင့်မားသန်မာသော လူရှစ်ယောက်က ကြုံလှီသော အမျိုးသမီး ခြောက်ယောက်ကို တိုက်ခိုက်ရန် စတင်လာခဲ့သည်။
ဘေးမှ ဝိုင်းကြည့်နေသူတိုင်းက ပြင်းထန်သောတိုက်ပွဲကို ကြည့်ကာ အသက်ရှူဖို့ မေ့နေခဲ့ကြသည်။ သူတို့က မစ္စရှန်းကို နိုင်စေချင်ကြသော်လည်း ၎င်းက သိပ်ပြီး ဖြစ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
မြင့်မားသန်မာသော လူရှစ်ယောက်က ကြောက်စရာကောင်းပြီး ကြမ်းကြုတ်ပုံရသော်လည်း တိုက်ပွဲတွင် မည့်သည့်အားသာချက်ကိုမှ သူတို့ မရခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကြုံလှီသော အမျိုးသမီးခြောက်ယောက်က သန်မာပြီး မရပ်မနား တိုက်ခိုက်နေခဲ့ကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လူရှစ်ယောက်ကို ကြုံလှီသော အမျိုးသမီးခြောက်ယောက်က အပြင်းအထန် ရိုက်နှက်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့ ရှုံးနိမ့်သွားတော့သည်။
ရလဒ်က သူတို့ဝန်းကျင်ရှိ ရပ်ကြည့်နေသော လူတိုင်းကို အံ့အားသင့်သွားခဲ့စေသည်။
"မင်းတို့ ဘာဖြစ်လို့လဲ? ဒီမိန်းမပိန်ပိန်ခြောက်ယောက်ကို ရိုက်ဖို့ ဘယ်လိုလုပ်ပြီး မအောင်မြင်တာလဲ?"
ထိုလူက ဒေါသထွက်ကာ မစ္စရှန်းကို အော်ပြောလိုက်သည်။
"ရှန်းယောင်၊ ခင်ဗျားရဲ့ လူတွေက ကျုပ်လူတွေကို နာအောင် လုပ်ခဲ့တယ်။ ဒါကြောင့် သူတို့ကို ဖမ်းဖို့ ရဲကို ကျုပ်ခေါ်လိုက်မယ်။"
"လုတာဝေ့၊ မျက်နှာပြောင်မတိုက်စမ်းနဲ့။ ရှင့်ရဲ့လူတွေက ကျွန်မရဲ့လူတွေကို တိုက်ခိုက်ခဲ့တယ်၊ ကျွန်မလူတွေက သူတို့ကိုယ်သူတို့ ရိုးရိုးတန်းတန်း ကာကွယ်ခဲ့တာပဲ။" ဟု ရှန်းယောင်က ပြောလိုက်သည်။
" အဲ့ဒီတော့ ဘာဖြစ်လဲ? ကျုပ်လူတွေက အခု ဒဏ်ရာရသွားပြီ။ ပိုပြီး အာဏာရှိတဲ့လူတစ်ယောက်ဆီက ပံ့ပိုးတာကို ကျုပ်ရထားတယ် ဆိုတာကို မမေ့နဲ့။" ဟု လုတာဝေ့က ဂုဏ်ယူဝံ့ကြွားစွာ ပြောခဲ့လေသည်။
"ကျွန်မကြောက်မယ်လို့ ရှင်ထင်လား? ကျွန်မတို့ကို ဆက်ပြီးနှောင့်ယှက်မယ်ဆိုရင် ရှင့်ကို ကျွန်မ ချက်ချင်း သတ်ပစ်မယ်။" ရှန်းယောင်က လုတာဝေ့ကို စိုက်ကြည့်လိုက်သည်။
"မင်း…" လုတာဝေ့ အထိတ်တလန့် ဖြစ်သွားခဲ့သည်။
ရှန်းယောင်က ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သာမန်လူတစ်ယောက်ကို သတ်ဖို့က သူမအတွက် အလွန်လွယ်ကူတော့သည်။
" ခင်ဗျား ကျုပ်ကိုသတ်မယ်လို့ ခြိမ်းခြောက်ရင် ကျုပ် တရားစွဲလို့ရတယ်။" ဟု လုတာဝေ့က ပြောလိုက်သည်။
"ဒါဆို ကျွန်မကို တရားစွဲလိုက်လေ…" ရှန်းယောင်က သူမ၏မျက်နှာပေါ်၌ အထင်အမြင်သေးမှုကို ထင်ရှားစွာ ပြသခဲ့သည်။
လုတာဝေ့မှာ တခဏမျှ ဆွံ့အသွားခဲ့ပြီး ယခု ဘာပြောရမှန်း မသိတော့ပေ။ သူ ဤနေရာသို့ မလာမီ စုံစမ်းစစ်ဆေးမှုတချို့ကို ပြုလုပ်ခဲ့ပြီး ရှန်းယောင်တွင် ဩဇာတိက္ကမကြီးမားသော အဆက်အစပ်များ မရှိမှန်း သူ သိထားခဲ့သည်။ သူမ ဘာကြောင့် ထိုလောက် ယုံကြည်ချက်ရှိနိုင်မှန်းကို သူ နားမလည်တော့ပေ။
ရှန်းယောင်က ယုတ္တိမရှိတဲ့အာဏာကို သူ့ဘာသာ ရင်ဆိုင်ရဲသည့် အတွက် ကုနင်းက ရှန်းယောင်ကို အထင်ကြီးခဲ့သည်။ သို့သော် ရှန်းယောင်၏ မျက်လုံးများက တရင်းတနှီးရှိလှသည်ဟု ဘာကြောင့်မှန်းမသိ သူမ ခံစားခဲ့ရသည်။
၎င်းက ကုနင်း၏ သိချင်စိတ်ကို နှိုးဆွခဲ့လေသည်။ စူးစမ်းချင်စိတ်ပြင်းပြလာသောကြောင့် ကုနင်းက သူမဘယ်သူလဲဆိုတာသိဖို့ ရှန်းယောင်၏မျက်နှာကို ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်လုံးများကို အသုံးပြုလိုက်သည်။
ကုနင်းက ရှန်းယောင်၏ မျက်နှာကို နောက်ဆုံး မြင်တွေ့လိုက်ချိန်တွင် သူမ၏ ဘယ်ဖက်ပါးပြင်ပေါ်တွင် အကျည်းတန်လှသော ကြီးမားသည့် အမာရွတ်ကြီးတစ်ခုကို သူမ တွေ့လိုက်ရသည်။ သူမ တစ်ချိန်လုံး မျက်နှာဖုံးတပ်ထားခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ဤအခိုက်အတန့်မှာပင် ရှန်းယောင်က အနှောင့်အယှက်ဖြစ်သော အကြည့်တစ်ချက်ဖြင့် ကုနင်းကို ရုတ်တရက် ကြည့်ခဲ့သည်။ ကုနင်းက သူမ၏ မျက်နှာအား အကဲခတ်နေတာကို သူမ သဘောမကျမှန်း သိသာတော့သည်။
ကုနင်းက သူမ၏ မျက်နှာကို အမှန်တကယ် မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ ရှန်းယောင်မှာ ကသိကအောက်ဖြစ်ခဲ့ရသည်။
***
အခန်း ၁၅၉၅ ရှန်းယောင်က ဘယ်သူလဲ…
ကုနင်းက သူမ၏ စူးစိုက်ကြည့်နေသော အကြည့်ကို ချက်ချင်း ရုတ်သိမ်းလိုက်ပေမယ့် ရှန်းယောင်၏ မျက်လုံးများကိုတော့ မရှောင်နိုင်ခဲ့ပေ။
ကုနင်းသည် လွန်ခဲ့သော ရက်အနည်းငယ်က သူမ၏စားသောက်ဆိုင်တွင် လာစားခဲ့တာကို သူမ မှတ်မိသွားသောကြောင့် ကုနင်းကိုတွေ့သောအချိန်တွင် ရှန်းယောင်က အံ့အားသင့်သွားခဲ့ရသည်။ ထို့အပြင် ကုနင်းသည် ဤနေရာတွင် ထူးဆန်းသော လူတစ်ယောက်နှင့်အတူ ရှိဖူးခဲ့သည်။
ထူးခြားသောလူမှာ တကယ်တော့ လင်ရှောင်းထင်ပင် ဖြစ်လေသည်။
ခဏနေတော့ ရှန်းယောင်က ကုနင်း အနီးဝန်းကျင်ကို ကြည့်လိုက်ပေမယ့် လင်ရှောင်းထင်ကို မတွေ့ခဲ့ရပေ။ သူမသည် အနည်းငယ်
စိတ်ပျက်သွားပေမယ့် ခဏအကြာတွင် ၎င်းကို မေ့ပစ်လိုက်သည်။
ကုနင်းက သူမ၏ တုန့်ပြန်မှုကို သတိထားမိပြီး ထူးခြားသည်ဟု ခံစားခဲ့ရပေမယ့် ဘာကြောင့်မှန်း မသိခဲ့ပေ။
"မင်းတို့အားလုံး သူတို့ကို တပြိုင်ထဲရိုက်ကြ…"
လုတာဝေ့က ကျန်သောသူ့လူများကို အမိန့်ပေးလိုက်သည်။ သူက ဤနေရာကို သန်မာသော လူများနှင့် လာခဲ့ပေမယ့် သူတို့ထဲမှ ရှစ်ယောက်ကသာ ကြေးစားလူမိုက်များ ဖြစ်ကြပြီး ကျန်လူများက သာမန်လူများ ဖြစ်ကြသည်။
ရန်ပွဲတွင် ရှန်းယောင်၏ လူများက သူ့လူများထက် များစွာ ပိုကောင်းမှန်း လုတာဝေ့သိသော်လည်း သူက ချက်ချင်း လက်လျှော့ဖို့ ဆန္ဒရှိမနေခဲ့ပေ။
လုတာဝေ့၏ လူများက ထပ်၍ အရိုက်ခံရရန် အမှန်တကယ် တွန့်ဆုတ်နေခဲ့ကြပေမယ့် သူ့စကားကိုတော့ နားထောင်ရမည် ဖြစ်လေသည်။
"နောက်ဆုတ်ကြ… ဒါကို ငါ့ဟာငါရှင်းမယ်။" ဟု ရှန်းယောင်က ပြောလိုက်သည်။
သူမက ထိုလူများကြောင့် သူမ၏လူများ ထိခိုက်မည်ကို မလိုချင်ပေ။ သူတို့ကို သူမတစ်ယောက်ထဲ ရိုက်နိုင်လေသည်။
ရှန်းယောင် စတင် တိုက်ခိုက်လိုက်သောအခါ ထိုလူများမှာ မြေပြင်ပေါ်သို့ အလွယ်တကူ ရိုက်ချခံခဲ့ရသည်။
ရှန်းယောင်၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုနှင့် ယုံနိုင်စရာမရှိသော အင်အားကြောင့် ကုနင်းလည်း အံ့အားသင့်သွားခဲ့ရသည်။ ထို့ကြောင့် သူမသည် ရှန်းယောင်အကြောင်းကို ပိုသိချင်လာတော့သည်။
ထို့နောက် ကုနင်းသည် မလိုအပ်သော်လည်း နှောင့်နှေးခြင်းမရှိပဲ ရန်ပွဲတွင် ပါဝင်လိုက်သည်။ ထိုလူများသည် ရှန်းယောင်ကို မယှဉ်နိုင်သည့်အပြင် ကုနင်း၏ ခပ်မြန်မြန် ရိုက်နှက်လာတာကိုလည်း ခံခဲ့ရပြန်သည်။
ကုနင်းက သူမအား ကူညီရန် ရပ်တည်ခဲ့ချိန်တွင် ရှန်းယောင်က အံ့အားသင့်သွားခဲ့ပြီး ကုနင်း၏ တိုက်ရည်ခိုက်ရည်ကိုလည်း သူမ တအံ့တဩ ဖြစ်ခဲ့ရသည်။
သူတို့ ယခင် ဘယ်တုန်းကမှ မမြင်ဖူးခဲ့သော မြင်ကွင်းကြောင့် ဘေးမှ ဝိုင်းကြည့်နေသူများကလည်း အလွန်အံ့အားသင့်ခဲ့ရသည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး…"
ရှန်းယောင်က ကုနင်း၏ အကူအညီကို မလိုခဲ့လျှင်တောင်မှ သူမ၏ ကြင်နာမှုအတွက် သူမကို ကျေးဇူးတင်ခဲ့သည်။
"သူတို့ကို စက္ကန့်ပိုင်းအတွင်း ရှင် ရိုက်နိုင်မယ်ဆိုတာ ကျွန်မ ယုံပါတယ်။ ကျွန်မက သူတို့ရဲ့ အပြုအမူကို သည်းမခံနိုင်တော့လို့ ရှင့်ကို ကူညီခဲ့တာပါ။" ဟု ကုနင်းက ပြောလိုက်သည်။
ရှန်းယောင်က ကုနင်း သူမကို ဘာကြောင့် ကူညီချင်ရသည့် အကြောင်းကို ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ပေ။
"အခုခေတ်မှာ ရဲရင့်ပြီး ကြင်နာတတ်တဲ့ လူကို တွေ့ရဖို့က ရှားပေမယ့် အရင်ဆုံး မင်းကိုယ်မင်း ကာကွယ်ပြီး ဂရုစိုက်ဖို့က လိုသေးတယ်။" ဟု ရှန်းယောင်က ပြောလိုက်သည်။ ထိုအရာက သူမ၏ သဘောထားအမှန်ဖြစ်ပြီး သူမကို အကူအညီပေးရန် လူစိမ်းများကို သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
တကယ်တော့ ကုနင်းတွင်လည်း အလားတူစိတ်ကူးမျိုး ရှိခဲ့သည်။
"ကျွန်မ နားလည်ပါတယ်…" သူမက ရှန်းယောင်ကို ပြုံးပြလိုက်သည်။
"မင်း…"
လုတာဝေ့က ကြောက်လန့်တကြားဖြင့် ကုနင်းနှင့် ရှန်းယောင်ကို ကြည့်ကာ တုန်ရီနေသောလက်ချောင်းဖြင့် လက်ညှိုးထိုးလိုက်သည်။
"ဘာလဲ…" ရှန်းယောင်က အေးစက်စွာဖြင့် သူ့အား စူးစိုက်ကြည့်လိုက်သည်။
"ရှန်းယောင်… မင်း ဒီလိုလုပ်လို့ နောင်တရစေရမယ်လို့ ငါသေချာပြောရဲတယ်။" ဟု လုတာဝေ့က ခြိမ်းခြောက်ခဲ့သည်။
"စောင့်ကြည့်ကင်မရာတွေရှိတာကို မမေ့နဲ့။ ဒီနေရာမှာ အစွမ်းထက်တဲ့ အားကိုးအားထားရှိတဲ့သူက ရှင်တစ်ယောက်ထဲ မဟုတ်ဘူး။ ဒီနေ့ဖြစ်ခဲ့တဲ့ဟာအတွက် ဘယ်သူအပြစ်ပေးခံရမလဲဆိုတာကို ကြည့်ကြသေးတာပေါ့!" ဟု ရှန်းယောင်က ပြောလိုက်သည်။
"မင်း…"
လုတာဝေ့ ကြောက်ရွံ့သွားတော့သည်။ ရှန်းယောင်က စဉ်းစားဉာဏ်မဲ့သူမဟုတ်မှန်း သူသိပြီး သူမက သူ့အား အမှန်တကယ် ဒုက္ခဖြစ်စေနိုင်သည်။ လုတာဝေ့က အလျှော့မပေးချင်ပေမယ့် ယခု သူဘာလုပ်ရမည်မှန်း မသိတော့ပေ။
"ကဲ… ဒီနေရာမှာ ရှင် ဆက်ပြီး အချိန်ဖြုန်းချင်လား? ဒါမှမဟုတ် ဒီဒရမ်မာကို အဆုံးသတ်ဖို့ ယွမ်ခြောက်သန်းကို ကျွန်မကို ပေးချင်လား?" ဟု ရှန်းယောင်က မေးလိုက်သည်။
သူမက လုတာဝေ့နှင့် အချိန်ဖြုန်းရန် အမှန်တကယ် ဆန္ဒရှိမနေခဲ့ပေမယ့် အာဏာကို ဘယ်တော့မှ သူမ အညံ့ခံလိမ့်မည် မဟုတ်ပေ။
လုတာဝေ့သည် ခဏမျှ တွန့်ဆုတ်သွားခဲ့ပြီး လောလောဆယ်တွင် သူ ဘာပြောရမလဲ မသိတော့ပေ။
ထိုစဉ် သူ၏ဖုန်းက ရုတ်တရက်မြည်လာခဲ့ပြီး သူက ချက်ချင်း ကိုင်လိုက်သည်။ ခဏမျှနားထောင်ပြီးနောက် လုတာဝေ့၏ မျက်လုံးများက ထိတ်လန့်ကာ ပြူးကျယ်သွားပြီး ရှန်းယောင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
အခြားလူများက စကားပြောတာကို မကြားနိုင်ပေမယ့် ကုနင်းနှင့် ရှန်းယောင်ကတော့ ကြားနိုင်ခဲ့သည်။
လူတစ်ယောက်က လုတာဝေ့ကို ဖုန်းထဲမှ အော်ဟစ်နေခဲ့သည်။
"လုတာဝေ့… မင်းက အရူးလား? ရှန်းယောင်က မြို့တော်ဝန်ကတော်ရဲ့အသက်ကို ကယ်ခဲ့တာ? သူ့မှာ မြို့တော်ဝန်ကတော်ရဲ့ အထောက်အပံ့ရှိတယ်။"
***
အခန်း ၁၅၉၆ မြို့တော်ဝန်ကတော်၏ ကယ်တင်ရှင်
ရှန်းယောင်က မြို့တော်ဝန်ကတော်၏ အသက်သခင်ကျေးဇူးရှင်မှန်း သိသောအခါ လုတာဝေ့ ကြောက်ရွံ့သွားတော့သည်။ ထို့ကြောင့် သူ ဖုန်းချလျှင်ချချင်း ရှန်းယောင်ကို တောင်းပန်ခဲ့သည်။
"မစ္စရှန်း… အမှားအတွက် ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်ရဲ့ အမှားပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီတစ်ခါ ခွင့်လွှတ်ပေးပါ။ ခင်ဗျားကို ကျွန်တော် ယွမ်ခြောက်သန်း ချက်ချင်းပေးပါ့မယ်။"
"ကောင်းတာပေါ့၊"
ရှန်းယောင်က ခေါင်းညိတ်လိုက်ပြီး သူ့အတွက် ခက်ခဲသောအရာကို လုပ်ဖို့ အပင်ပန်းမခံတော့ပေ။
ထို့နောက် သူတို့သည် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။
ဘဏ်က သူမ၏အကောင့်ထဲသို့ ငွေပမာဏကို လွှဲပေးသောအချိန်မှ ရှန်းယောင် ထွက်သွားမှာဖြစ်သည်။
လုတာဝေ့နှင့် သူ့လူများက ချက်ချင်း ထွက်သွားကြပြီး နောက်ထပ် စကားမပြောရဲတော့ပေ။
"ဟေး… မိန်းကလေး… မင်းနာမည်က ဘယ်သူလဲ?"
အရာအားလုံး ပြီးပြတ်သွားချိန်တွင် ရှန်းယောင်က ကုနင်းကို မေးလိုက်သည်။ သူမသည် ကုနင်းကို ကောင်းသောထင်မြင်ချက် ရှိခဲ့သည်။
"ကျွန်မနာမည်က ကုနင်းပါ။" ဟု ကုနင်းက ပြောလိုက်သည်။
"မင်းက နယ်ခံတစ်ယောက် မဟုတ်ဘူးမလား?" ဟု ရှန်းယောင်က ထပ်မေးလိုက်သည်။ သူမသည် လင်ရှောင်းထင်အကြောင်းကို အမှန်တကယ် ပို၍သိချင်ခဲ့ပေမယ့် လင်ရှောင်းထင်က မရှိခဲ့ပေ။
"ဟုတ်ကဲ့… ကျွန်မက F မြို့က လာပေမယ့် အခု မြို့တော်မှာ နေပါတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
"မြို့တော်မှာလား?"
ရှန်းယောင်မှာ စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားခဲ့ပြီး အနည်းငယ် ဝမ်းနည်းသွားပုံပေါ်ခဲ့သည်။
"အင်း… ငါအားတဲ့အခါ မြို့တော်ကို ခရီးထွက်ချင်ပါတယ်။ မင်းဒီနေ့ အလုပ်များလား? ငါ့စားသောက်ဆိုင်မှာ မင်းဘာလို့ ဒီည ညစာမစားတာလဲ? မင်းရဲ့အကူအညီအတွက် ငါမင်းကို ကျေးဇူးတင်ချင်တယ်။ ဒါကြောင့် စားစရာတွေကို အလကား စားသွားပါ၊"
"ကျေးဇူးတင်ပါတယ်… ဒါပေမယ့် ကံဆိုးချင်တော့ ကျွန်မမိတ်ဆွေနဲ့ ကျွန်မက မြို့တော်ကောကို အခု ထွက်သွားပြီးတော့ မနက်ဖြန်မှာ မြို့တော်ကို လေယာဉ်ပြန်စီးရမယ်။ မစ္စရှန်း … ရှင် တစ်နေ့နေ့ မြို့တော်ကို လာရရင် ကျွန်မကို တွေ့ဖို့ မမေ့နဲ့။ ကျွန်မက ရှင့်ရဲ့လမ်းပြ ဖြစ်နိုင်ပါတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
သူမသည် ရှန်းယောင်နှင့် မိတ်ဆွေဖွဲ့ချင်ခဲ့သည်။
"မင်းရဲ့မိတ်ဆွေ ဟုတ်လား? အရင်ရက်က မင်းနဲ့အတူ ဒီမှာ စားခဲ့တဲ့ လူငယ်လေးကို ဆိုလိုတာလား?" ဟု ရှန်းယောင်က မေးလိုက်သည်။
ကုနင်းက အံ့အားသင့်သွားခဲ့သည်။
"ဟုတ်ပါတယ်…"
"မြို့တော်ကောက ဒီနေရာနဲ့ သိပ်မဝေးဘူး။ မင်းနဲ့ မင်းရဲ့မိတ်ဆွေက မသွားခင် ဒီနေရာမှာ ဘာလို့ ညစာမစားကြ တာလဲ။ ဘာပဲဖြစ်ဖြစ် မင်းတို့က မြို့တော်ကို မနက်ဖြန်မှ သွားကြမှာလေ။" ဟု ရှန်းယောင်က ပြောလိုက်သည်။
သူမသည် စောင့်ကြည့်ဗီဒီယိုများမှ လင်ရှောင်းထင်၏ မျက်နှာကို တွေ့ခဲ့ရပြီး သူ့ကို အတော်လေး ရင်းနှီးသလို ခံစားခဲ့ရသည်။ သူမသည် သူ့ကို ယခင်က တစ်နေရာရာတွင် ဆုံဖူးခဲ့သော်လည်း မည်သည့်အချိန်နှင့် မည်သည့်နေရာတွင် ဖြစ်ခဲ့မှန်းကို သူမ မမှတ်မိတော့ပေ။
သို့သော် လင်ရှောင်းထင်က ငယ်ရွယ်လွန်းသောကြောင့် သူမ မှတ်ဉာဏ်များ မပျောက်ဆုံးမီက သူ့အား သူမ တွေ့ခဲ့တာတော့ မဟုတ်နိုင်ပေ။ ရှန်းယောင်သည် လွန်ခဲ့သော (၁၂)ကျော်အချိန်က သူမ၏ မှတ်ဉာဏ်များကို ဆုံးရှုံးခဲ့ရသည်။
ထိုရက်များအတောအတွင်း အကြောင်းပြချက်မရှိပဲ မြို့တော်သို့ သူမ အမြဲတမ်း သွားရောက်လည်ပတ်ချင်ခဲ့ပြီး ထိုအကြောင်းကို သူမ စိတ်ရှုပ်ထွေးခဲ့ရသည်။
"မစ္စရှန်း… ကျေးဇူးအများကြီးတင်ပေမယ့် ဒါက မလိုအပ်ပါဘူး။ မြို့တော်ကောမှာ ကျွန်မတို့ အရေးကြီးတဲ့ဟာတွေကို ဖြေရှင်းဖို့လိုလို့ ဒီမှာ ကျွန်မတို့ ညစာစားရင် နောက်ကျသွားလိမ့်မယ်"
သူတို့သည် ရှန့်ကွမ်ယန်အတွက် အိုင်ဒီကတ်ကို မြို့တော်ကောတွင် လုပ်ရမှာဖြစ်သည်။
"ကောင်းပြီလေ၊ မင်း စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ငါတို့ရဲ့ ဖုန်းနံပါတ်တွေကို ဖလှယ်ထားပြီးတော့ မြို့တော်ကို ငါသွားတဲ့အခါမင်းကို ငါ ဖုန်းဆက်လိုက်ပါ့မယ်။" ဟု ရှန်းယောင်က ပြောလိုက်သည်။
ကုနင်းက မနေချင်သောကြောင့် သူမက ကုနင်းကို အတင်းအကြပ်လုပ်မှာမဟုတ်ပေ။ သူမက လင်ရှောင်းထင်ကို ထပ်တွေ့ချင်သော်လည်း ၎င်းက သိပ်အရေးမကြီးပေ။
"ရတာပေါ့…"
ကုနင်းက ရှန်းယောင်နှင့်အတူ သူမ၏ ဖုန်းနံပါတ်ကို ချက်ချင်း ဖလှယ်လိုက်သည်။ သူမကလည်း ရှန်းယောင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပြီး သူတို့ တစ်ယောက်နှင့် တစ်ယောက် ထပ်တွေ့ကြမည်ဟု သူမ ယုံကြည်ခဲ့သည်။
နောက်တော့ ရှန်းယောင်က ကုနင်းကို ပြုံးပြလိုက်ပြီး သူမ ထွက်သွားတာကို ကြည့်နေခဲ့သည်။ ကုနင်းက လှည့်မကြည့်ပဲ ထွက်ခွာသွားတော့သည်။
မြင်ကွင်းမှ ကုနင်းပျောက်ကွယ်သွားချိန်တွင် ရှန်းယောင်၌ ခံစားချက်များ ရောထွေးသွားခဲ့သည်။ ဤနေရာမှ အရာအားလုံး ပြီးဆုံးသွားပြီးနောက် မြို့တော်ကိုသွားဖို့ သူမ စိတ်ဆုံးဖြတ်လိုက်သည်။
ထိုနေရာတွင် ကုနင်းနှင့် ဆုံတွေ့ပြီး လူငယ်ကို တွေ့ရန် အစီစဉ်ဆွဲထားလိုက်သည်။ ထို့အပြင် သူမသည် မြို့တော်တွင် အရေးကြီးသောအရာတစ်ခုကိုလည်း ဖြေရှင်းရန် လိုအပ်လေသည်။
…
လင်ရှောင်းထင်က စားသောက်ဆိုင်ငယ်မှ ဝေးရာတွင် နေခဲ့သောကြောင့် ကုနင်းဘာလုပ်နေမှန်း သူ မသိခဲ့ပေ။
အခြားတစ်ဖက်တွင် ရှန့်ကွမ်ယန်က စီနီယာကျင့်ကြံသူ တစ်ယောက်ဖြစ်သောကြောင့် အခြားသူများက သူ့အား မြင်မှာကို သူ မကြောက်ရပေ။ ထို့ကြောင့် ဒရမ်မာကို အစမှအဆုံးထိ သူ မြင်လိုက်ရသည်။
ကုနင်း ပြန်ရောက်လာသောအခါ စားသောက်ဆိုင်အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သော အရာများကို သူတို့အား ပြောပြခဲ့သည်။
ထိုအခါ ရှန့်ကွမ်ယန်က ရယ်မောကာ လှောင်ပြောင်လိုက်သည်။
"ဒီလူ အရှက်မရှိပါလား။ မြေကို တစ်ဝက်ဈေးနဲ့ဝယ်ဖို့ ဘယ်လိုလုပ်ပြီး သူ ကြိုးစားရတာလဲ?"
ရှန့်ကွမ်ယန်က ယွမ်သုံးသန်း (သို့မဟုတ်) ခြောက်သန်းက ဘယ်လောက်များမှန်း မသိခဲ့သော်လည်း သူက အလွန်ပါးနပ်ပြီး လူအုပ်စုနှစ်စု ဘာကြောင့် အငြင်းပွားကြတယ်ဆိုတာကို သူသိခဲ့သည်။ မြို့တော်ဝန်က အစိုးရအဖွဲ့တွင် အရေးကြီးသော အရာရှိဖြစ်မှန်းကိုလည်း သူ သဘောပေါက်ခဲ့သည်။