← Chapters

Chapter 26

Vol. 3 Ch. 26

Chapter 26

Vol. 3 Ch. 26

ရဲဘော်လင်းဝေ့ကိစ္စနှင့် ပတ်သက်၍ မသင့်လျော်သည့်ကိစ္စမှာ အိမ်ထောင်စုစာရင်း မသွင်းရသေး၊ အလုပ်လျှောက်လွှာ မတင်ရသေးပဲ အလုပ်ရသွားသည်သာဖြစ်သည်။

သို့သော်လည်း လင်းဝေ့၏ အိမ်ထောင်စုစာရင်းရပြီး ကလေးများကိုလည်း စာရင်းသွင်းခြင်းကိစ္စမှာလည်း မြန်လျင် နှစ်ရက် သုံးရက်အတွင်းသာဖြစ်သည်။

ညွှန်ကြားရေးမှုးချန်ဘက်က အလုပ်လိုအပ်ချက် အလျင်လိုမှုကြောင့်သာ လင်းဝေ့ အလုပ်ရသွားခြင်းဖြစ်သည်။ အရာရှိဇနီးများတွင်လည်း တစ်ခြား အလုပ် လိုအပ်ချက်နှင့် ကိုက်ညီသူ လင်းဝေ့မှလွဲ၍ မရှိပါ။

အမှန်တော့ ကောင်းရှို့လျန်သည် လင်းဝေ့တို့ပြောသော စကားဝိုင်းမှ သတင်းကြားပြီး ညွှန်ကြားရေးမှုး လော့ကို ရှင်းပြချက် လာတောင်းခြင်း ဖြစ်သည်။

လင်းဝေ့၏ စာရွက်စာတမ်းကိစ္စများပြီးသွားကာ အလုပ်လျှောက်လွှာ လာတင်လျင်လည်း ကိစ္စအားလုံးက အတူတူသာ ဖြစ်သွားမည် ဖြစ်သည်။

အခုကောင်းရှို့လျန်က ရုံးကိုလာပြီး ရုတ်ရုတ်သဲသဲ လုပ်လျင်တောင် ညွှန်ကြားရေးမှုးလော့က သူမတို့ကို ဆူရုံမှ လွဲ၍ ပြသနာ ကြီးကြီးမားမား မရှိပါ။

ကောင်းရှို့လျန်၏ ဘဝင်မြင့်နေသော အကြည့်ကို မြင်လိုက်ရ၍ အတွင်းရေးမှုးဟဲ့လည်း မနေနိုင်ပဲ ပြုံးကာ ပြောလိုက်သည်။

"ရဲဘော်ကောင်း ရှင်မသ်ိသေးဘူး ထင်တယ်နော်။ ဆေးပေးခန်းအလုပ်က အနည်းဆုံး အထက်တန်းအောင်ပညာရေး အဆင့်ဖြစ်ရမှာနော်"

ကောင်းရှို့လျန်သည် လင်းဝေ့က ဆေးပေးခန်းတွင် အလုပ်ကောင်းရတော့မည်ကို ကြားသိရ၍ မနေ့ညက ဒေါသထွက်နေခဲ့သည်။ ထို့ကြောင့် အလုပ်အကိုင်ရှာဖွေရေးရုံးသို့ ရှင်းပြချက် တောင်းမည်ဟုသာ သူမစိတ်ကိုပြင်ဆင်ထားခဲ့ရာ အလုပ်၏ ပညာရေးလိုအပ်ချက်ကို မစဥ်းစားမိလိုက်ပါ။

ပြည်နယ် စားသောက်ဆိုင်များနှင့် ရိက္ခာထောက်ပံ့ရေးရုံများတွင် လုပ်နေသူများက အထက်တန်းအောင် ပညာရေး လိုအပ်သော်လည်း ဆန်းလင် အခြေစိုက်စခန်းစတည်ထောင်ချိန်တွင် လူလုပ်အား လိုအပ်သောကြောင့် သတ်မှတ်ချက်များ လျော့ချကာ စာရေးတတ် ဖတ်တတ် သူများကိုပဲ ဝန်ထမ်းခန့်အပ်ခဲ့သည်။

အမှန်အတိုင်းပြောရလျှင် သူမတပ်ထဲ ပြောင်းလာချ်ိန်ဝယ် အခြေစိုက်စခန်း၏ လုပ်အား လိုအပ်မှာမြင့်မားချ်ိန်တွင် ရောက်လာခဲ့ခြင်း မဟုတ်ပါ။ ထို့အပြင် တပ်မတော်နေရာချထားရေးရုံးရှိ ဝန်ထမ်းများမှာလည်း ချေမိုး လွန်းလှ၏။ သူတို့ကလည်း နယ်မှ လာကြသည့်သူများ မဟုတ်သည်အတိုင်း သူမကို မလိမ့်တပတ် လာလုပ်နေကြသည်။

ထိုသို့တွေးလိုက်ပြီး ကောင်းရှို့လျန်က ပြန်ပြောလိုက်သည်။

"အလုပ်က ဆေးပေးခန်းမှာ ဆေးပေးရုံပဲလေ စာရေးတတ် တွက်ချက်တတ်စရာ လိုလို့လား။ ဖတ်တတ်ရင် ရပြီမလား။ ဘာလို့ အထက်တန်းအောင်မှ အလုပ်ခေါ်ရတာလဲ။"

အတွင်းရေးမှုးဟဲ့သည် အလုပ်အက်ိုင်ရှာဖွေရေးရုံးမှာ အလုပ်လုပ်လာသည်မှာ ကြာပြီဖြစ်၍ လူပေါင်းများစွာနှင့်ဆက်ဆံခဲ့ဖူးလေရာ ကောင်းရှို့လျန်၏ အတွေးများကို နားလည်သည်။ ထို့ကြောင့် ပြုံးကာ ချက်ချင်းပြောလိုက်သည်။

"ညွှန်ကြားရေးမှုးချန်ကိုလည်း ကျွန်မတို့ အာ့လိုပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူမက စိတ်ဆိုးပြီးပြန် ပြောတယ်လေ။ ဆေးပေးခန်းအလုပ်ဆိုတာ ဆေးမှားပေးမိရင် လူကိုသေစေနိုင်တယ်။ အထက်တန်းအောင်အဆင့်ဆိုတာတောင် အနည်းဆုံး ပညာရေးလိုအပ်ချက်ပဲ အာ့ထက်လျော့လို့မရဘူးတဲ့"

ထိုစကားများကြားပြီးနောက် ကောင်းရှို့လျန် မျက်နှာက လုံဝ တောင့်တင်းသွားခဲ့သည်။

ကောင်းရှို့လျန် မျက်နှာပျက်သွားသည်ကို မြင်လျင် အတွင်းရေးမှုးဟဲ့က ဝမ်းသာသွားပြီး စကားလုံးများနှင့် ထပ်ပြီး စကားနာထိုးလိုက်သည်။

"ကျွန်မတို့ လုပ်ငန်းစဥ်အတိုင်းလုပ်မယ် ဆိုရင်တောင် မှ အလုပ်လိုအပ်ချက်က ရဲဘော်လင်းနဲ့ပဲ ကိုက်ညီတော့ ရှင် အလုပ်ရမှာမဟုတ်ဘူး နားလည်ရဲ့လား"

ကောင်းရှို့လျန်လည်း သည်လောက်တော့နားလည်ပါသည်။

သူမက ဆေးပေးခန်း အလုပ်လိုချင်၍ လာအတွန့်တက်သည်။ သို့သော် အလုပ်၏ ပညာရေး လိုအပ်ချက်နှင့်မကိုက်ညီ၍ ထိုအလုပ်ကို သူမ မရနိုင်ပေ။ သူမ ပျော်နိုင်ပါ့မလား။

ဘယ်ပျော်နိုင်မလဲ။ ကောင်းရှို့လျန် သေလုမတတ် ဒေါသထွက်နေခဲ့သည်။

သို့သော် ဒေါသထွက်ပြီးနောက် ကောင်းရှို့လျန် တစ်ခု သတိရလိုက်သည်။ ထို့နောက် သူမ မျက်နှာအမူအရာမှာ ငြိမ်သက်ပြီး အေးဆေးသွားသည်။

မစားရသည့်အမဲ သဲနှင့်ပက် တတ်သည့် လူစားမျိုး ရှိလေသည်။ ကိုယ်မရလျှင် သူများကိုလည်း မရစေချင်သည့် လူမျိုးဖြစ်သည်။

ကောင်းရှို့လျန်က ထိုကဲ့သို့သော လူမျိုးဖြစ်လေသည်။ သူမ ဆေးပေးခန်းရှိ အလုပ်မရနိုင်မှန်း သိလျင် တစ်ခြားဘယ်သူ အာ့အလုပ်ကိုရရ လင်းဝေ့ မရမှသာ သူမ စိတ်သက်သာရာရမည် ဟုတွေးလိုက်သည်။

…………

ဆေးရုံသည် အရေးပေါ်လူနာများ အချိန်မရွေး ပေါ်လာတတ်သည့်နေရာဖြစ်သည်။ ထိုကြောင့် ဆရာဝန်များ နှင့်ဝန်ထမ်းများသည်လည်း သူ့ အချိန်နှင့်သူ ခွဲထားကာ အလုပ်ဆင်းကြရသည်။ သို့သော် ဆေးထောက်ပံ့ရေးဌာနကတော့ အရေးပေါ်ဌာန မဟုတ်၍ မနက် ၈ ညနေ ၆ ပုံမှန်အလုပ်ချိန်သာဖြစ်သည်။

သို့သော် အလုပ်သမားများက တက်တက်ကြွကြွ လုပ်ကြ၍ ၇:၅၀ မိနစ်ကတည်းက လုပ်ငန်းခွင် ဝင်ကြရာ ရုံးခန်းက လူစည်နေပြီ ဖြစ်သည်။

ချန်ဝမ်ဖန်းက သူတို့ထက် နောက်ကျကာ ၇နာရီ ၅၅မိနစ်မှရောက်လာသည်။

ရုံခန်းထဲဝင်ကာ ရေနွေးတစ်ခွက် ငှဲ့သောက်လိုက်သည်။ ရေနွေးဓာတ်ဘူးက အပူထိန်းပစ္စည်း ထည့်ထား၍ မနေ့ညနေကတည်းက ထည့်ထားသည့်ရေနွေးသည် အခုထိ ပူနေသေး၏။ ထို့ကြောင့် ရေနွေးပူပူကို ချက်ချင်းမသောက်နိုင်သေးပဲ ရေနွေးထည့်ထားသည့်ကြွေရည်သုတ်ခွက်ကို လက်ထဲတွင် အေးရန်ခဏ ကိုင်ထားကာစောင့်နေလိုက်သည်။

ထို့နောက် ရေနွေးခွက်ကို စားပွဲပေါ်ချထားလိုက်ပြီး အလုပ်စားပွဲ ခုံပေါ်ရှိမနေ့က သူမ မဖတ်ရသေးသော အစီရင်ခံစာများကို ဖတ်နေလိုက်သည်။

အစီရင်ခံစာ များဖတ်နေပြီး ခဏ ချန်ဝမ်ဖန်းသည် တစ်ခုသတိရလိုက်ကာ သူမ၏ ကိုယ်ရေးအရာရှိ စာရေးခဲ့ကို နောက် တနင်္လာနေ့တွင် ဆေးပေးခန်းတွင် လုပ်မည့် ဝန်ထမ်းအသစ်ရောက်မည့် အကြောင်း ပြောလိုက်သည်။

စစ်ဆေးရုံတွင် ဝန်ထမ်းအသစ် ခန့်ထားမှု၌ သတ်မှတ်ချက်များစွာရှိသည်။ လူထု ကျန်းမာရေး ဂရုစိုက်ရသည့်ဌာနဖြစ်၍ အထူးအရေးကြီးကာ အထက်မှသာ ဝန်ထမ်းခန့်လေ့ရှိသည်။ ဆေးပညာရပ်ဝန်းတွင် လုပ်ကိုင်ဖူးသည့် အရာရှိဇနီးသည်များကိုလည်း ခန့်အပ်လေ့ရှိသည်။

သို့သော် ဝန်ထမ်းခန်ထားရေးအဖွဲ့သည် လစ်လပ်နေရာရှိလျင် အရာရှိဇနီးသည်များကို ဦးစားပေး ခန့်အပ်လေ့ရှိသည်။ အရာရှိဇနီးသည်များတွင် သင့်လျော်သည့်လူမရှိမှာသာ အပြင် လူကို ခန့်အပ်လေ့ရှိသည်။

အလုပ်အက်ိုင် ရှာဖွေရေးရုံးသည် လုပ်ငန်းလုပ်ရာ၌ နှေးကွေးကာ သတ်မှတ်ထားသည့် အလုပ်လိုအပ်ချက်အတိုင်း ပြည့်စုံသည့် ဝန်ထမ်းလည်း မရှာပေးကြပါ။

ဥပမာဆိုရသော် နိုင်ငံရေးသတင်းဆောင်းပါးရေးသူဝန်ထမ်းအလိုရှိ၍ အထက်တန်းအောင် ပညာအရည်အချင်းရှိသူကို လိုချင်သည်။ သို့မှသာ စာရေးနိုင်ဖတ်နိုင်ရုံ မက တွေးခေါ်တတ်သူဖြစ်ပါမည်။

သို့သော် အလုပ်အကိုင်ရှာဖွေရေးရုံးက ရှာပေးသည့်လူက မူလတန်းအောင်ပြီး စာရေးတတ်ဖတ်တတ်သူသာဖြစ်နေသည်။ အလုပ်အကိုင် ရှာဖွေရေးရုံးကို ပြောပြန်လျှင်လည်း သူတို့က အကျိုးအကြောင်းပြန်ရှင်းပြပြန်သည်။

နိုင်ငံရေးသတင်းဆောင်းပါးရေးမည့်သူက သတင်းစာထုတ်ဝေ မည့်နေရာမှာ လုပ်ရမည်သူဖြစ်၍ စာရေးတတ်ဖတ်တတ်လျှင် လုံလောက်ပြီမဟုတ်လားဟု ပြန်ပြောတတ်လေသည်။

ထို့ကြောင့် သူတို့ရှာပေးသည့်လူ အဆင်မပြေ၍ ဝန်ထမ်း ပြန်ရှာပေးရန် အလုပ်အကိုင် ရှာဖွေရေးရုံးနှင့် အမြဲ အတိုက်အခံ လုပ်နေကြရသည်။ ဤကဲ့သို့အခြေအနေ မျိုး လေး ငါး ခြောက် ခေါက် ခဏခဏ ဖြစ်လာတော့ နောက်ပိုင်းတွင် ဌာနတိုင်း၌ သတ်မှတ်ချက်အောက် နှိမ့်သော ဝန်ထမ်းများသာ ခန့်လိုက်ကြတော့သည်။

ညွှန်ကြားရေးမှုးဝမ်က မနေ့က အလုပ်အကိုင် ရှာဖွေရေးရုံးသို့သွားခဲ့သည်။ သူမ၏ ကိုယ်ရေးအရာရှိခဲ့၏ အစီရင်ခံမှုအရ လကုန်တွင် ဆေးပေးခန်းတွင် အလုပ်ဝင်ရန်လူ လစ်လပ်နေကြောင်းသိလိုက်ရသည်။

လစ်လပ်နေရာရှိကြောင်း အစီရင်ခံသည်မှာ တစ်ရက် ပင်ရှိသေးသည် ဝန်ထမ်းရသွားပြီတဲ့လား။

ကိုယ်ရေးအရာရှိ အမျိုးသမီးခဲ့၏ မျက်နှာတွင် အံ့သြသည့်ဟန်ဖြင့် မေးလိုက်သည်။"ဒီတစ်ခါ အရမ်းပျော်နေတဲ့ပုံပဲနော်"

ညွှန်ကြားရေးမှုးဝမ်က မနေ့က အဖြစ်အပျက်ကို တွေးကာ မျက်နှာက ပြုံးလာပြီး ပြောလိုက်သည်။

"မနေ့က အလုပ်အကိုင် ရှာဖွေရေးရုံးကိုသွားတော့ အစက သူတို့က ရှောင်ဟဲ့ ရဲ့နေရာမှာ ခန့်ဖို့ သင့်တော်တဲ့ ဝန်ထမ်းမရှိဘူးလို့ ပြောနေတာလေ။ နောက်တော့ သူတို့က အသစ်ရောက်လာတဲ့ အရာရှိအမျိုးသမီး တစ်ယောက် အိမ်ထောင်စု စာရင်းသွင်း လျှောက်လွှာတင်သွားတယ်ပြောတာနဲ့ ကျွန်မလည်း သူ့ရဲ့ ကိုယ်ရေးအချက်အလက်ကို သွားကြည့်လိုက်တယ်။ သူ့ကိုယ်ရေးအချက်အလက်က အလုပ်လိုအပ်ချက်နဲ့ ကိုက်ညီနေရော။ ဒါနဲ့ ကျွန်မလည်း သူ့အိမ်ကို လိုက်သွားလိုက်ပြီး အလုပ်ခန့်အပ်မယ့်အကြောင်းတွေ ပြောခဲ့လိုက်တာပေါ့"

အရာရှိခဲ့ လည်း ပြုံးကာ " တစ်ကယ့်ကို တိုက်ဆိုင်တာပဲနော်" ဟုပြောလိုက်သည်။

"ဟုတ်တယ်"

ချန်ဝမ်ဖန်းလည်း သူထိုင်နေသည့်ခုံကို နောက်ကျောမှိီလိုက်ကာ သက်ပြင်းချလိုက်သည်။

"ဒါနဲ့ ရှောင်လင်း အလုပ်ဝင်ရင် ရှောင်ဟူကိုလုပ်ငန်းလုပ်ရမှာတွေ ပြပေးဖို့ပြောလိုက်ပါဦး။ ရှောင်ဟူ ထွက်မသွားခင် ဆေးပစ္စည်းတွေနဲ့ လုပ်ငန်းအသေးစိတ်တွေ ရင်းနှီးသွားအောင်လို့လေ။"

"ဟုတ်ကဲ့ပါ ဒါဆို တစ်ခြားကိစ္စမရှိတော့ဘူးဆိုရင် ကျွန်မ အလုပ်အရင်သွားလုပ်လိုက်ပါ့မယ် "

"ဟုတ်ပြီ သွားတော့"

ချန်ဝမ်းဖန်းလည်း ကြွေရည်သုတ်ခွက်ကို ကောက်ကိုင်လိုက်ပြီးရေနွေးကို သောက်လိုက်ကာ အစီရင်ခံစာများကို ဖတ်နေလိုက်သည်။

နာရီဝက်လောက်ကြာစဥ် အခန်းတံခါးခေါက်သံကြားကာ ထူးလိုက်စဥ် အလုပ်အက်ိုင် ရှာဖွေရေးရုံးက ညွှန်ကြားရေးမှုးလော့ ရောက်နေကြောင်း ပြောလာသည်။သူမ မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။"ဝင်လာခိုင်းလိုက်ပါ"

တံခါးလာခေါက်ကာ အကြောင်းကြားသည့် အရာရှိခဲ့ ထွက်သွားပြီးနောက် လော့ရှု့ကျီ ဝင်လာသည်။

ချန်ဝမ်ဖန်းနှင့် လော့ရှုကျီတို့ နှစ်ဦးစလုံးက ယားကျိုကျွန်းမှဖြစ်ပြီး ဆန်းလင် အခြေစိုက်စခန်း တည်ထောင်က တည်းက နေထိုင်ကြသူများဖြစ်သည်။ သူတို့ချင်းသိလာသည်မှာ နှစ် ၂၀ ကျော် ရှိပြီဖြစ်သော်လည်း သူတို့ချင်း ဆက်ဆံရေးကတော့ သိပ်မကောင်းပါ။

ချန်ဝမ်ဖန်းက လော့ရှုကျီကို ဟိတ်ဟန်များသည်ဟု ထင်ကာ လော့ရှုကျီက ချန်ဝမ်ဖန်းကို မဆင်မခြင် လုပ်တတ်သူဟု ထင်သည်။ အတိုချုံးကာ ပြောရလျှင် သူတို့ကအချင်းချင်း အထင်သေးနေသူများဖြစ်သည်။

နှစ်ဦးစလုံးမှာလည်း အသက်က ငါးဆယ် ဝန်းကျင် ဖြစ်ရာ အခုမှ အလုပ်စဝင်သည့် ငယ်ရွယ်သူများ မဟုတ်ကြချေ။ သူတို့နှစ်ဦး မည်မျှ ဆက်ဆံရေး မကောင်းပါစေ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ အပြင်ပိုင်းတွင်တော့ အလွန် ဖော်ရွေကြဟန် ပြကြသည်။

ထို့ကြောင့် လော့ရှုကျိီ ရုံးခန်းထဲဝင်လာသည်နှင့် ချန်ဝမ်ဖန်းက ပြုံးကာ နှုတ်ဆက်လိုက်သည်။

"ဘယ်လေ တိုက်လို့ ကျွန်မတို့ဆီ လွင့်လာရတာတုန်း"ဟုပြောကာ လော့ရှုကျီ ထိုင်ဖို့ နေရာပြလိုက်သည်။

လော့ရှုကျီလည်း အပြုံးမျက်နှာဖြင့် ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ အရှေ့လေပြေ လေးက သာယာနေပါတယ်။ ကျွန်မ ဒီကို လာတာက ရှင့်ကို တောင်းပန်ချင်လို့ပါ။"

"ကျွန်မကို တောင်းပန်မယ်? "ချန်ဝမ်ဖန်းလည်း ရေနွေးခွက်ထဲ ရေနွေးငှဲ့ထည့်ရင်း မျက်ခုံးပင့်ကာ မေးလိုက်သည်။

"ကျွန်မကို ဘာကိစ္စကြောင့်တောင်းပန်မလို့လဲ"

"မနေ့က ဖြစ်ခဲ့တဲ့ကိစ္စကြောင့် မဟုတ်ပါဘူးရှင်" လော့ရှုကျီသည် သက်ပြင်းချကာ ပြောခဲ့သည်။

All Chapters