လင်းဝေ့နှင့် ကျုံးရှောက်တို့သည် နှစ်ဖက်မိဘများ သဘောတူညီမှုဖြင့် လက်ထပ်ထားကြသည့် ဇနီးမောင်နှံ နှစ်ဥိီးဖြစ်ကြပြီး သူတို့ချင်းခွဲနေသည်မှာ လေးနှစ်ခန့်ကြာခဲ့ပြီဖြစ်သည်။ ကလေးနှစ်ဥိီးထွန်းကားခဲ့သော်လည်း ဇနီးမောင်နှံ နှစ်ဦး၏ ဆက်ဆံရေးမှာ မိတ်ဆွေ သူငယ်ချင်း ဆက်ဆံရေး သာသာ သာ ဖြစ်လေသည်။ သူမနှင့် ကျုံးရှောက်၏ လင်မယားဆက်ဆံရေးမှာ တစ်သက်လုံး အပေါ်ယံ ဆက်ဆံရေးသာ ဖြစ်သွားလိမ့်မည်ဟု ထင်ခဲ့ပြီး သူမ စစ်တပ်ထဲ လိုက်နေဖို့ ပြောင်းရွေ့တဲ့ခရီး၌ အိပ်မက် မမက်ခင်အထိဖြစ်သည်။ အဲသည့်အိပ်မက်ထဲ၌ သူမ ယောကျာ်းက ဇာတ်လိုက်အမျိုးသမီးရဲ့ ဘဝမှာ မမျှော်လင့်ရဲခဲ့တဲ့ အချစ်ဦးဖြစ်ပြီးးးး သူမကတော့ အဲဒီအချစ်ဦးရဲ့ အချစ်ဦးဖြစ်နေသည်။ ဝတ္ထုထဲမှာတော့ သူမတို့ အိမ်ထောင်ကျပြီးနောက်ပိုင်း သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံဖြစ်လာကြသတဲ့။ သူမက အချိန်မတိုင်မီ သေ ဆုံးသွားခဲ့ပြီးနောက် သူမယောက်ျားက သူမကိုပဲ သတိရနေကာ နောက်အိမ်ထောင်လည်း ထပ်မပြုတော့ပေ။ အိပ်မက်ကနေ နိုးလာပြီးနောက် လင်းဝေ့ သူမရှေ့မှာရှိတဲ့ မျက်နှာသေနဲ့ လူကိုကြည့်ကာ တွေးနေမိသည်။ "သူ ငါ့ကို အရမ်းချစ်မှတော့ ငါလည်း သူ့ကို နည်းနည်းလေးပြန်ချစ်သင့်တယ် ထင်တာပဲ"

