← Chapters

Chapter 108

Vol. 9 Ch. 108

Chapter 108

Vol. 9 Ch. 108

လင်းဝေ့တစ်ယောက် စာသင်ခန်းစတိတ်ခုံပေါ်ရပ်နေရင်း ကျောင်းသားတစ်ယောက် နားမလည်သည့် သင်ခန်းစာကို သင်ကြားရန်ပြင်နေစဥ် တစ်ယောက်ယောက် လှမ်းခေါ်၍ စာသင်ခန်းဝကို ကြည့်လိုက်ရာ ဖုန်းယင်ကိုတွေ့လိုက်၏။

လင်းဝေ့လည်းကျောင်းအုပ်ကို တွေလိုက်ရ၍ စိတ်ထဲ တစ်မျိုးဖြစ်သွားပြီး အမြန်လေး လျှောက်သွားကာ မေးလိုက်၏။" ကျောင်းအုပ်ဖုန်း ဘာကိစ္စလဲရှင့်"

"ရှင်နဲ့ ပြောစရာလေး ရှိလို့" ဖုန်းယင်က ရုပ်တည်ဖြင့် ဖြစ်နေ၍ လင်းဝေ့လည်း စဥ်းစားလိုက်၏။"ဘာကိစ္စလဲရှင့်"

ဖုန်းယင်က လင်းဝေ့ကို စိုက်ကြည့်ကာပြောလိုက်သည်။

"အခုလေးတင်ပဲ ကောင်းရှို့လျန်က လာပြောတယ်။ ရှင်က သူ့သမီးကို ဒဏ်ရာရတဲ့အထိ အပြစ်ပေးလိုက်တယ်ဆို"

လင်းဝေ့လည်း မှားကြားမိသည်ထင်၍ နှုတ်မှ ရေရွတ်လိုက်မိ၏။"ရှင် ကျွန်မက ကလေးကို ရိုက်ပြီး အပြစ်ပေးလိုက်တယ်"

လင်းဝေ့မျက်နှာတွင် အံ့အားသင့်သည့်အရိပ်က ဟန်ဆောင်နေခြင်းတော့ မဟုတ်ဟန်တန်ရာ။"ကျွန်မလည်း ရှင်မရိုက်လောက်ဘူးလို့တော့ထင်တယ် ဒါပေမယ့်ကျောင်းသားမိဘက လာတိုင်တော့ အခြေအနေကိုဖြေရှင်းဖို့တော့လိုမယ်"

အမှန်တော့ လင်းဝေ့လည်း နားမလည်နိုင်ဖြစ်နေ၏။ သူမ အစားထိုးဆရာမလုပ်ကတည်း ဘယ်ကျောင်းသားကိုမှ ဒဏ်ရာရအောင်ရိုက်ဖို့မပြောနဲ့ တစ်ခြားအပြစ်လည်း မပေးဘူးပေ။

သို့သော် ဤအချိန်တွင်ငြင်းနေရမည့်အချိန်မဟုတ်ပေ။ထို့ကြောင့် ခေါင်းငြိမ့်လိုက်၏။"ကျွန်မ နားလည်ပါပြီ။ ဒါနဲ့ကျွန်မသိချင်တာက ကျောက်မေ့ကျောင်းသူက ဘယ်အချိန်လောက်မှာ အရိုက်ခံရတာလို့ပြောလဲရှင့်"

လင်းဝေ့အတန်းဝင်တိုင်း ကျောင်သားများကိုစစ်လေ့ရှိရာ ဒီနေ့ ကျောက်မေ့မလာသည်ကိုတွေ့လိုက်ရ၏။

အတန်းခေါင်းဆောင်နှင့် ကျောက်မေ့နှင့် ရင်းနှိီးသည့်သူငယ်ချင်းများကို မေးကြည့်တော့လဲ ဘာ်သူမှမတွေ့မိဟု ပြော၏။ ခွင့်တိုင်ထားသည်လည်း မရှိ၍ လင်းဝေ့က ထူးဆန်းသည်ဟု ထင်မိ၏။

ပုံမှန်အားဖြင့် ကျောင်းသားတစ်ယောက်ဖျားလျင် မိဘက ကျောင်းကိုလာကာခွင့်တိုင်ပေးရ၏။ ကောင်းရှို့လျန်က ကလေးသုံးယောက်ပင်ရှိ၍ ခွင့်တိုင်ရမည်ကိုမသိဟုတော့မထင်ပါ။

မိသားစုအိမ်ရာမှာ ကလေးပျောက်ဖို့ကလည်း မဖြစ်နိုင်ပါ။ မနက်က ကျောင်းကို ထွက်လာတော့လဲ ကျောက်အိမ်ဘက်မှာ ထူးခြားတာမျိုးလဲ ဖြစ်မနေပါ။

ထို့ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် နေ့ခင်းပိုင်းကျလျင် သိရလိမ့်မည်ဟုတွေးလိုက်သည်။

သို့သော် လင်းဝေ့ မထင်ထားသည်က ကျောက်မေ့ကျောင်းမလာရသည့် အကြောင်းပင် ဖြစ်သည်။ မနေ့ကတောင် ကျောက်မေ့ကို အိမ်မှာ မြင်လိုက်တာကို ဘာလို့ကောင်းရှို့လျန်က သူ့သမီး ဒဏ်ရာရသွားတယ်လို့ပြောရတာလဲ။

ဖုန်းယင်ကတော့ ကောင်းရှို့လျန်ပြောသလို လင်းဝေ့ကို တစ်ဖက်သတ်မထင်လိုက်ပါ။" ကျောက်မေ့လက်မှာ အရှိုးရာ နှစ်ခုဖြစ်နေတာ သစ်ကိုင်းနဲ့ ရိုက်ထားတဲ့ပုံပဲ"

လင်းဝေ့လည်း ကျောင်းအုပ်ပြောသည်ကိုနားထောင်ကာ မျက်မှောင်ကြုံ့ရင်း သေချာပြောလိုက်၏။

"ကျွန်မမှာ သစ်ကိုင်း မပြောနဲ့ သစ်ကိုင်းနဲ့တူတာကိုမရှိဘူး။ ဒုတိယတန်းက ဆရာမတွေနဲ့ ကျောင်းသားတွေအားလုံးကို မေးကြည့်လို့ရပါတယ်။ ဘာလို့ ကောင်းရှို့လျန်က ကျွန်မရိုက်တယ်လို့ပြောရတာလဲ မသိဘူး။ ကျောင်းသူကိုယ်တိုင်က ပြောလာတာလား"

"ကောင်းရှို့လျန်ကတော့ သူ့သမီးက သူ့ကိုပြောပြခဲ့တာလို့ပြောတာပဲ။ ဒါပေမယ့် ကလေးကို ကျွန်မမေးကြည့်တော့ ကလေး အမေက အမေးမခံဘူး။ အခု သူတို့သားအမိနှစ်ယောက်လုံးရုံးခန်းမှာ စောင့်နေတယ်။ဆရာမလင်းကို လာခေါ်ပြီး မျက်နှာချင်းဆိုင်ဖြေရှင်းခိုင်းမလို့"

ဖုန်းယင်ကလည်း စကားကုန်တော့မပြောခဲ့ပါ။ လင်းဝေ့ကလည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေသူဖြစ်၍ အမှန်တစ်ကယ် ကျောက်မေ့ကို ရိုက်ခဲ့မရိုက်ခဲ့ သူမမသိပေ။

သို့သော် ဤကိစ္စမှာ ကျောက်မေ့ကို မေးဖို့လုပ်လိုက်တိုင်း ကောင်းရှို့လျန်က ဝင်ဖြတ်ပြောနေသဖြင့် စိတ်ဝင်စားဖို့ကောင်းလေ၏။

ကျောက်မေ့လက်က ဒဏ်ရာက သူမနှင့်မသက်ဆိုင်ကြောင်း ကောင်းရှို့လျန် ကောင်းကောင်းသိပါလိမ့်မည်။ သို့သော် ဘယ်သူ့ကြောင့်ဖြစ်သည်ဆိုတာကို ဂရုမစိုက်ပဲ လင်းဝေ့ကို ပြဿနာရှာချင်၍ဖြစ်သည်။

ထို့အပြင် ကျောက်မေ့ကိုပါ ကောင်းရှို့လျန်က ဖိအားပေး၍ လိမ်ခိုင်းထားလိမ့်မည်ဟု တွေးလိုက်၏။ ကလေးကတော့ လိမ်ချင်မှာမဟုတ်ပေမယ့် သူ့အမေရဲ့ ဖိအားကြောင့်မသက်သာပဲ ငြိမ်နေရတာဖြစ်လိမ့်မည်။

လင်းဝေ့လည်း အခြေအနေကို ထိုကဲ့သို့ သုံးသပ်လိုက်ကာ ဖုန်းယင်ကို ပြောလိုက်၏။"ကျွန်မ အတန်းကိုကြည့်ပေးဖို့ ဘေးအခန်းက ဆရာမလီဆီ အပ်ခဲ့လိုက်ပါဦးမယ်"

"ဟုတ်ပြီ" ဖုန်းယင်ကလည်း ခေါင်းငြိမ့်လိုက်၏။

မနက်ခင်းစာကျက်ချိန်က ကလေးတွေကိုသင်ပြီးသည့်စာများကျက်မှတ်ရန် ကိုယ်ပိုင်စာကြည့်ချိန်ပေးထားသည်ဖြစ်၍ ဆရာမအများစုက အားကြသည်။ထို့ကြောင့်ဆရာမတစ်ဦးတည်းက အတန်းနှစ်တန်းပြိုင်တူကြည့်ပေးရန်အဆင်ပြေပါ၏။

ဆရာမလီက ဒီနေ့မနက်ခင်းအတွက် စာကျက်တန်းကို နှစ်တန်းတာဝန်ယူထား၍ လင်းဝေ့က ပထမအခန်းကို သွားကြည့်လိုက်၏။ ဆရာမလီကိုမတွေ့၍ နောက်တစ်ခန်းမှာ သွားရှာလိုက်သည်။

စာသင်ဆောင်တစ်ခုတွင် အခန်းလေးခန်းရှိရာ ပထမစာသင်ဆောင်တွင် ပထမတန်း သုံးခန်းနှင့် ဒုတိယတန်းတစ်ခန်းရှိပြီး နောက် ဒုတိယတန်းနှစ်ခန်းနှင့် တတိယတန်းနှစ်ခန်းက ဒုတိယစာသင်ဆောင်တွင် ရှိ၏။

ဤသို့ စာသင်ခန်းများ အစဥ်လိုက်ရှိရာ ပထမတန်း နှင့် ဒုတိယတန်း စာသင်ခန်းရှိရာ စာသင်ဆောင်မှာ ကပ်ရပ်ရှိရာ လင်းဝေ့က တစ်ဖက်စာသင်ဆောင်ကိုသွားရန် ပထမတန်း အခန်း၃ကိုဖြတ်သွားရာ ဆရာမဟွမ်အိုက်ယွင်ကတွေ့လိုက်၍ လင်းဝေ့ကို မေးလိုက်၏။"ဆရာမလီက စာကျက်တန်းမလာဘူးလား"

"လာတယ်ရှင့်။ ကျောင်းအုပ်က ကျွန်မကို ခေါ်လို့ ကျွန်မအတန်းကို ကူကြည့်ပေးဖို့ လာပြောတာပါ"

ဟွမ်အိုက်ယွင်ကတော့ စာသင်ခန်းထဲမှာ သက်ပြင်းချကာ ပျင်းနေမိ၍ လင်းဝေ့နောက်လိုက်ကာ ကျောင်းအုပ်လာခေါ်သည့်အကြောင်းကို စပ်စုလိုက်၏။" ကျောင်းအုပ်ဖုန်းက ဘာလို့ခေါ်တာလဲ"

လင်းဝေ့ကလည်း သူ့ကိုဂရုမထားမိပဲ ဆရာမလီ ရှိသည့်အခန်းကို သွားနေ၍ မကြားလိုက်မိပေ။"ဆရာမဟွမ် ဘာမေးလိုက်တာလဲ"

ဟွမ်အိုက်ယွင် - "ဘာမှ မဟုတ်တော့ပါဘူး"

လင်းဝေ့လည်း စာသင်ခန်းထဲ ဆရာမလင်းကို ပတ်ရှာလိုက်၏။

တတိယတန်းနင့် စတုတ္ထတန်းက သီးသန့်အဆောင်ဖြစ်ပြီး နောက် စာသင်ဆောင်တွင်တော့ဒုတိယတန်းနှင့် တတိယတန်းရှ်ိ၏။ အခန်းထဲတွင် ခန့်မှန်းခြေ ကျောင်းသားအယောက်၅၀ခန့်ရှိ၏။

အခန်းထဲမှ ဆရာမလီကို လင်းဝေ့တွေ့လိုက်ကြီး လက်ပြကာ လှမ်းခေါ်လိုက်၏။ ဆရာမလီကလည်း အမြန်ထွက်လာကာ မေးလိုက်၏။"ဘာကိစ္စလဲ"

လင်းဝေ့ကလည်း တိုက်ရိုက်သာပြောလိုက်၏။

"ဒီလိုရှိတယ်။ ကျောင်းသားမိဘတစ်ယောက်က ကျွန်မကို ကလေးရိုက်လို့ဆိုပြီးလာတိုင်လို့ ဖြေရှင်းရအောင် ကျွန်မကိုလာခေါ်လို့။ ကျွန်မအတန်းကို ခဏကြည့်ပေးဖို့ အကူအညီလာတောင်းတာပါ"

လင်းဝေ့ပြောသည်ကိုနားထောင်ရင်း ဆရာမလီက ဘာမှ မပြောခင်မှာ ဟွမ်အိုက်ယွင်က မေးလိုက်၏။" ကျောင်းသားမိဘကို ဆရာမလင်းကို သူတို့ကလေးရိုက်လို့ဆိုပြီး လာတိုင်တယ်???"

"ကျွန်မလည်း သူတို့ကလေးကိုဘာလို့ ကျွန်မရိုက်တယ်လို့ ထင်လဲမသိဘူး" ဟု လင်းဝေ့က မျက်နှာ မဲ့ပြကာပြောလိုက်၏။

"ဘယ်ကျောင်းသားရဲ့မိဘတွေလဲ။ ကလေးက ဒဏ်ရာ အတော်ပြင်းလား" ဟု ဆရာမလီကမေးလိုက်၏။

"အခန်း၂က ကျောက်မေ့ရဲ့မိဘပါ။ ကျွန်မတို့အိမ်ဘေးကပဲ ကောင်းရှို့လျန်လေ။ ဒဏ်ရာကြည့်ရတာတော့ သစ်ကိုင်းနဲ့ရိုက်ထားတဲ့ပုံပဲ ဒဏ်ရာ ပြင်းမပြင်းတော့မသိဘူး"

ကျောင်းသားမိဘက ကောင်းရှို့လျန်ဟုလည်း ကြားလိုက်ရော ဟွမ်အိုက်လင်းနှင့် ဆရာမလီအချင်းချင်းကြည့်လိုက်ကြ၏။ လင်းဝေ့၏ အရင်အလုပ်ကလည်း ကောင်းရှို့လျန်ကြောင့် ပျက်သွားရမှန်းသိထားကြ၍ ကောင်းရှို့လျန်က ဘာ့ကြောင့် သူ့သမီးကိုလင်းဝေ့ရိုက်သည်ဟု ထင်လဲ ဆိုတာကို နားလည်လိုက်သည်။

ကောင်းရှို့လျန်က သူ့ကလေးသူရိုက်ကာ လင်းဝေ့ကိုတော့ ချောက်ချမည်မဟုတ်ချေ။ သို့သော်လင်းဝေ့ကိုလည်း ကလေးအားရိုက်သည့်သူဟု မထင်ပါချေ။ လင်းဝေ့နှင့် ကောင်းရှို့လျန်အကြား ကတောက်ကဆလေးများဖြစ်ထားကြကာ ကောင်းရှို့လျန်သမီးကလည်း လင်းဝေ့တပည့်ဖြစ်လာ၍ လင်းဝေ့ရိုက်သည်ဟုလည်း တွေးနိုင်၏။

"ဒီတော့ ဆရာမလင်းက ဘယ်လိုလုပ်မလဲ"ဟု ဟွမ်အိုက်ယွင်ကမေးလိုက်၏။

"သွားပြီး ဖြေရှင်းရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ဘယ်ကျောင်းသားကိုမှ မရိုက်ခဲ့ဖူးတော့ကျွန်မလိပ်ပြာလုံပါတယ် ဖြေရှင်းရဲတယ်"

ဆရာမလီကတော့ ဤကိစ္စကိုမရိုးရှင်းဟု ထင်မိ၏။ကျောင်းသူက လင်းဝေ့ရိုက်သည်ဟု ဝန်ခံလိုက်လျင် လင်းဝေ့အမှန်မရိုက်ခဲ့လျင်တောင် ဘယ်သူမှ ယုံမည်မဟုတ်ချေ။" ကျောင်းသူက ဘာပြောသတဲ့လဲ"

"ကျွန်မလည်း အခုထိတော့မသိသေးဘူး။ မျက်နှာချင်းဆိုင်ဖြေရှင်းမှ သိရမှာပဲ" ဟု ပြောလိုက်ပြီးဆရာမလီကို သူမအတန်း ခဏကြည့်ပေးရန်ပြောလိုက်၏။

"ရပါတယ်"ဆရာမလီကလည်း သဘောတူလိုက်ပြီးနောက် လင်းဝေ့လည်း အမြန်ပြန်သွားကာ ကျောင်းအုပ်ဖုန်းနောက်လိုက်သွားလေ၏။

စစ်တပ်မူလတန်းကျောင်းတွင် အိမ်တန်းလျား ၆ဆောင်ရှ်ိ၏။ ငါးခုမြောက်တန်းလျား၏ အခန်းနှစ်ခန်းကိုတော့ ကျောင်းသားအိပ်ဆောင်နှင့် မီးဖိုချောင်အဖြစ်ပြောင်းထားလေ၏။ ကျန်နေသည့် ၄ ခန်းကိုတော့ ဘာမှ မပြောင်းပဲ ဒီအတိုင်းထားထားလေ၏။

နောက်ဆုံး အဆောင်ကိုတော့ ကျောင်းအုပ်ရုံးခန်းဆောက်ရန်စီစဥ်ထားကာ အကျယ်အဝန်းကိုလည်း အနည်းငယ် ချဲ့ထားခဲဲ့ပြီးအခန်းအရေအတွက်ကလည်း တစ်ခြားအခန်းများထက် ပိုများလေ၏။

ထိုထဲမှ ငါးခန်းက ဆရာမရုံးခန်းဖြစ်ပြီး တစ်ခုက ကျောင်းအုပ်ရုံးခန်းဖြစ်၏။

ကောင်းရှို့လျန်သည် သူ့သမီးကိုတီးတိုးပြောပြီး၍ ပိတ်ထားသည့်တံခါးကို ပြန်ဖွင့်လိုက်ပြီးနောက် ကျောင်းအုပ်ကြီး ပြန်လာသည့်ခြေသံကိုကြားလိုက်ရလေ၏။

ကောင်းရှို့လျန်လည်း သူ့သမီးကို မျက်လုံးမှိတ်ပြပြီး တံခါးဝဘက်ကို စောင့်ကြည့်နေလိုက်၏။

ဖုန်းယင်ဝင်လာသည်ကို မြင်တော့ အပြုံးမျက်နှာဖြင့် " ကျောင်းအုပ်ဖုန်း" ဟုခေါ်လိုက်၏။သို့သော် နောက်ကနေ လင်းဝေ့လိုက်လာတာမြင်တော့ မျက်နှာက တည်သွားပြန်၏။

လင်းဝေ့လည်း ကောင်းရှို့လျန်၏မျက်နှာ အပြောင်းအလဲကို မြင်လိုက်သော်လည်း အမှုမထားပဲ ကျောက်မေ့ကိုသာ ကြည့်လိုက်၏။

ကျောက်မေ့သည် စောနလေးကမှ အဆိတ်ခံထားရ၍ ငိုချင်စိတ်ကိုထိန်းကာ မျက်လုံးများနီရဲနေ၏။

လင်းဝေ့က သူ့ကိုကြည့်နေသည်က်ိုမြင်တော့ ခေါင်းကိုငုံ့လိုက်၏။

ကျောင်းအုပ်ဖုန်းက စိတ်ဓာတ်ပြတ်သားသူဖြစ်ပြီး အချိန်ဆွဲတတ်သူမဟုတ်ပေ။ ထို့ကြောင့် အခန်းတွင် လူစုံသည်နှင့် "ကဲစကြစို့" ဟုပြောလိုက်လေ၏။

ကောင်းရှို့လျန်ကြောင်သွား၏။"ဘာကိုစရမှာလဲရှင့်"

"ရဲဘော်ကောင်းက ရှင့်သမီးကို ဒဏ်ရာရအောင် ရိုက်တဲ့အကြောင်းပြောပြရမှာလေ။ ဆရာမလင်းကတော့ ကျောက်မေ့ကို မရိုက်ဘူးဆိုတဲ့အကြောင်းကို ပြောရမယ်။ ကဲ ဘယ်သူစပြောမှာလဲ"

"ရဲဘော်ကောင်းက လာရောက်တိုင်ကြားတာဆိုတော့ ရဲဘော်ကောင်းကပဲ အရင်စပြောလိုက်ပါ" ဟု လင်းဝေ့က ပြောလိုက်၏။

ကောင်းရှို့လျန် ထင်သည်က ကျောင်းအုပ်ဖုန်းသည် လူစုံသည်နှင့် အဖြစ်အပျက်ကို အတိုချုပ်ရှင်းပြမည်။လင်းဝေ့ကလည်း သူမဟုတ်ကြောင်းငြင်းမည်။ သို့သော် သူ့သမီးလက်က သက်သေရှိနေ၍ လင်းဝေ့၏ ငြင်းဆိုမှုက အသုံးမဝင်ပါ။ ထို့နောက် လင်းဝေ့ကို ဆရာမအာဏာအလွဲသုံးစားလုပ်မှုဖြင့် အလုပ်မှ အထုတ်ခံရမည် ဟုတွေးနေ၏။

အခုတော့ ဖုန်းယင်က ဘာမှ မပြောပဲ ကိုယ်တိုင်ပြောခိုင်းနေတယ်။ ပြီးတော့ လင်းဝေ့ကလည်း သူအရင် ကာကွယ်မပြောထားပဲ ဘာလို့ သူ့ကို အခွင့်အရေးပေးနေရတာလဲ။

ဒီနှစ်ယောက်ရဲ့ လှည့်ကွက်တွေကို မမြင်နိုင်၍ ကောင်းရှို့လျန်လည်း စိတ်ရှုပ်သွားရာ တစ်ခဏအကြာမှ အသံထွက်လာနိုင်၏။"အမ်……"

"ရဲဘော်ကောင်း ?"ဖုန်းယင်က မျက်မှောင်ကြုံ့ကာ ခေါ်လိုက်၏။

ကောင်းရှို့လျန်လည်း ကျောင်းအုပ်အသံကြားမှ အသိပြန်ကပ်လာကာ " အာ " ဟုပြောကာ အစပျိုးလိုက်သည်။

"ဒီလို ကျွန်မ စနေနေ့က အလုပ်ကပြန်လာတော့ ကျွန်မသမီး ကျောက်မေ့ရဲ့ အိမ်စာရေးနေတဲ့ လက်ချောင်းတွေက မူမမှန်နေမှန်း ရိပ်မိလိုက်တယ်။ ဒါနဲ့ကျွန်မ သွားစစ်ကြည့်လိုက်တော့ သူ့လက်ဝါးက စိမ်းပုတ်ရောင်ဖြစ်နေပြီး သွေးတောင်စို့နေတယ်လေ။ ကျွန်မလည်း ဒေါသထွက်သွားပြီး ဘာဖြစ်တာလဲလို့ သူ့ကိုမေးကြည့်တာပေါ့။ကလေးက အစက ဘာမှ မပြောရဲရှာဘူး။ အတင်းမေးလိုက်မှ ရှင်းပြရှာတယ်"

"ကျွန်မ ကလေးကို ကျောင်းပို့တယ် ဆိုတာ ပညာရဖို့ပါ။ ဆရာမတွေ ပညာပြရိုက်နှက်ဖို့ မဟုတ်ဘူး။ ကျွန်မသမီးလေးက ငယ်ငယ်လေးရှိသေးတာကို ဒီလိုရက်ရက်စက်စက် လုပ်ဖို့ လိုလို့လား"ဟု လင်းဝေ့ကို ပြောလိုက်ပြီး ဖုန်းယင်ဘက်ပြန်လှည့်လိုက်၏။

" ကျောင်းအုပ်ကြီးရှင့် ဒီလို ကျောင်းသားတွေကို ရက်စက်တဲ့ အကျင့်မကောင်းတဲ့ဆရာမကို အရေးယူပေးပါ"

ကျောင်းအုပ်ဖုန်းက လင်းဝေ့ကို မျက်နှာပေးကာ ထိထိရောက်ရောက် အရေးမယူမည်စိုး၍ ထပ်ပြောလိုက်သေး၏။

" ကျောင်းအုပ်ကြီးက ဒီလိုဆရာမကို ဆက်ခန့်ထားမယ် ဆိုရင်တော့ ဘယ်ကျောင်းသားမိဘမှ ဒီကျောင်းမှာ သူတို့ကလေးကို ထားရဲတော့မှာ မဟုတ်ဘူး။ ကျောင်းမှာရှိတဲ့ ဆရာမတွေအားလုံးရဲ့ သိက္ခာကော ကျောင်းရဲ့သိက္ခာကော ကျောင်းအုပ်ကြီးရဲ့ သိက္ခာကိုရော ထိခိုက်လာနိုင်တယ်နော်"

All Chapters