← Chapters

Chapter 117

Vol. 9 Ch. 117

Chapter 117

Vol. 9 Ch. 117

လင်းဝေ့လည်း အိမ်ထဲက ထွက်လာတော့ မင်မင်၏ ထူးဆန်းသည့် ပုံစံဖြင့်ထိုင်နေသည်ကို တွေ့လိုက်ရ၍ မေးလိုက်၏။"သားး ဘာလုပ်နေတာလဲ"

မေးသံကြားလိုက်ရ၍ မော့ကြည့်လိုက်ရာ သူ့အမေကိုတွေ့လိုက်ရ၍ မျက်ရည်လေး ဝဲကာ ပြောလိုက်၏။"နာတယ်"

"ဘယ်မှာ နာတာလဲ"

မင်မင်ကတော့ အဖြေကိုမပေးပဲ နာသည်ဟု သာပြောနေ၏။

လင်းဝေ့လည်း စိတ်ပူသွားပြီး မင်မင်ကိုသွားထူကာ ဗိုက် ကိုစမ်းကာမေးလိုက်၏။" ဒီမှာနာတာလားး"

မင်မင်က မျက်ရည်များဖြင့် သူ့ပါးစပ်ကိုပိတ်ကာ ခေါင်းကို ခါလိုက်၏။

လင်းဝေ့လည်း ဝမ်းဗိုက်တစ်ခြားနေရာကို ရွေ့ကိုင်ကာ မေးလိုက်၏။"ဒီနား မှာရော နာလား"

မင်မင်က ခေါင်းသာ ရမ်းနေ၏။

သို့နှင့် လင်းဝေ့က နောက်တစ်နေရာ လက်ဖြင့် စမ်းပြီး ထပ်မေးလိုက်၏။"ဘယ်နား နာနေတာလဲ ဒီနားလား"

မင်မင်ကလည်းမပြောပဲ ခေါင်းသာရမ်းနေ၏။

လင်းဝေ့လည်း မင်မင်၏ တစ်ကိုယ်လုံးကိုစမ်းပြီး ဘယ်လိုမေးမေး မင်မင်က မဖြေပေ။"ဘယ်နား နာနေတာလဲ"

နောက်ဆုံ မင်မင်က သူ့ပါးစပ်ကို ဖွင့်ပြီး ပြောလာ၏။

"သား လျှာကိုက်မိလို့.

လင်းဝေ့လည်း သူ့သားဘေး ဒူးထောက်ကာ ထိုင်လိုက်၏။"…သေစမ်း….

သို့သော် သူ့သား၏ မျက်ရည်များနှင့်သနားစရာပုံစံကိုကြည့်ပြီး သနားသွား၏။" ပါးစပ်ဟပြီး လျှာထုတ်ကြည့် ဘာဖြစ်နေလည်းမေမေကြည့်ပေးမယ်"

မင်မင်က ပါးစပ်ဟပြီး လျှာထုတ်ပေးလိုက်၏။

လျှာထိပ်ပိုင်းလေးက ကိုက်မိထား၍ ကွဲနေ၏။ သွေးတော့မထွက်ပေ။ ဖူးယောင်နေ၏။"သားလျှာကယောင်နေတာပဲ စကားကော ပီပီသသ ပြောလို့ရောရရဲ့လား"

မင်မင်က မျက်လုံးလေးပြူးပြီး လျှာလေးထုတ်ကာပြောလိုက်၏။"စကားပီပီ သသပြောလို့မရတာက ဘယ်လိုမျိုးလဲ မေမေ"

"စကား ပြောရင် မပီတာကိုပြောတာ"

"သားက စကားမပီတော့ဘူးဟင် မေမေ"ဟု ခေါင်းလေးမော့ကာပြောလာ၏။

လင်းဝေ့လည်း တစ်ခုခု အာရုံခံမိလိုက်သည်။"သား တမင်လုပ်ပြောနေတာ မလား"

မင်မင်က ခေါင်းခါလိုက်၏။"မဟုတ်ဘူးမေမေ။ သားတစ်ကယ် စကားပီပီ ပြောလို့မရတာပါ။ မေမေ သားတစ်ကယ် နာနေတာ"

လင်းဝေ့ကလည်း မျက်လုံးလေးမှေးကာကြည့်လိုက်၏။"နာတော့ သားက ဘာလုပ်ချင်တာလဲ.

မင်မင်က မျက်လုံးများအရောင်များတောက်လာ၏။

"သား မက်မွန်သီးကိတ်စားချင်တယ်.

မက်မွန်သီးကိတ်ဆိုသည့် စကားလုံးကိုတော့ပီပီသသပြောထွက်သည်ကို လင်းဝေ့သတိထားမိသည်။"စားလို့မရဘူး။ သားလျှာနေတာဆိုတော့ ဆန်ပြုတ်ပဲစားရမယ် ငါးပေါင်းတို့၊ ပုစွန်တို့ကို သုံးရက်လောက်မစားရဘူးနော်"

မင်မင် - "...အာ?"

......

ညနေခင်းတစ်ခုမှာတော့ လင်းဝေ့က စာဖိုမှုးဖြစ်ပြီး ကျုံးရှောက်နှင့် မင်မင်က စားဖိုမှုးအကူများအဖြစ် လင်းဝေ့ကို ကူညီပေးကြ၏။

ကျုံးရှောက်က လင်းဝေ့ကို ကူညီရန် မီးဖိုကို အရင်ဝင်လာသူဖြစ်ပြီး မင်မင်ကလည်း တွေ့လိုက်၍ သူကလည်း ကူညီပေးချင်နေ၏။

သို့သော် မင်မင်က အရပ်မရှည်သေး၍ မီးဖိုပေါ်က ဟင်းကိုမွှေဖို့ မဖြစ်နိုင်သေးချေ။ မီးအပူလောင်မည်ကိုလည်း စိုးရိမ်ရကာ ဟင်းရွက်များ လှီးခိုင်းမည်ဆိုလည်း လက်ရှမိမည်ကို စိတ်ပူရသေး၏။

ထို့ကြောင့် လင်းဝေ့လည်း မင်မင်ကို ဘာခိုင်းရမလဲ မတွေးတတ်ဖြစ်နေသည်။

မင်မင်က လည်း အရမ်းကူညီပေးချင်သည့် ဟန်ပန်ဖြစ်နေ၍ သူ့စေတနာကို ငြင်းလိုက်လို့ကလည်း မဖြစ်သေးချေ။ သို့နှင့် မင်မင်ကို တစ်ခုခုခိုင်းရန် ကျုံးရှောက်ကိုသာ တာဝန်ပေးလိုက်၏။

ကျုံးရှောက်လည်း ဘေးဘီတစ်ချက်ကြည့်လိုက်ရာ ခြင်းထဲမှ ကြက်သွန်ဖြူများကို တွေ့လိုက်ရ၍ယူလိုက်ပြီး မင်မင်ကို ပေးကာ ခွာခိုင်းလိုက်၏။

ကြက်သွန်ဖြူခွာဖို့ တာဝန်ရသည်နှင့် မင်မင်သည် တက်တက်ကြွကြွ ပြောလိုက်၏။"တာဝန်ကို ပြီးဆုံးအောင် လုပ်ပါ့မယ်"

ကျုံးရှောက်က သဘောတကျ နှာခေါင်းရှုံ့လိုက်ပြီး ဟင်းသီးဟင်းရွက်များ ဆက်လှီးနေ၏။ နောက်တစ်စက္ကန့်အကြာမှာပဲ သူ့သား၏ မေးသံကြားလိုက်၏။

"ဖေဖေ ဒါကို ဘယ်လိုခွာရမှာလဲ"

ကျုံးရှောက်လည်း သူ့သားကို ငုံ့ကြည့်လိုက်တော့ သူ့သားက ကြက်သွန်ဖြူကို လက်မှာ ကိုင်ထားပြီး မျက်လုံးပြူးလေးနှင့် ကြည့်နေ၏။ ကျုံးရှောက်လည်း ကြက်သွန်ဖြူကို ယူလိုက်ပြီး အမွှာလေးတွေခွဲလိုက်ကာ အမွှာတစ်ခုချင်းကို လက်ဖြင့်ပွတ်ကာ လက်သည်းဖြင့် အခွံခွာပြလိုက်၏။ "ရပြီလားး"

မင်မင်ကလည်း တအိုးးအိုးးဖြင့် တအံ့တသြကြည့်နေကာ ခေါင်းငြိမ့်လိုက်၏။"ဒီလိုလုပ်ရတာလား"

"ရော့ ခွာတော့."ဟု ပြောကာ ကျုံးရှောက်သည် ကြက်သွန်ဖြူကို မင်မင်ကို ကမ်းပေးလိုက်၏။

မင်မင်လည်း ကြက်သွန်ဖြူကို ယူလိုက်ပြီး သူ့အဖေလုပ်သလို ကြိုးစားခွာလိုက်၏။ နှစ်ခါသုံးခါ လုပ်သော်လည်း အဆင်မပြေပါ။ ထို့ကြောင့် သူ့အဖေကို ထပ်ခေါ်လိုက်ပြန်၏။"ဖေဖေ ခွာလို့မရဘူး"

ကျုံးရှောက်လည်း သူ့လုပ်လက်စကို ရပ်လိုက်ပြီး သူ့သားကို မျက်နှာသေဖြင့် လှည့်ကြည့်လိုက်၏။"သားက ဒီမှာ အဖေတို့ကို လာကူတာလား အလုပ်လာရှုပ်တာလား"

"သားလက်သည်းလေးတွေက တိုတို လေးဆိုတော့ ခွာလို့သိပ်မရဘူး"မင်မင်က သူ့လက်ကို ထုတ်ပြကာ အမှန်အတိုင်း ပြောလိုက်၏။

လင်းဝေ့က ကျန်းမာရေးကို အထူးဂရုစိုက်သူဖြစ်၍ ကလေးများ၏ လက်သည်းကိုလည်း တိုတိုလေးညှပ်ပေးတတ်၏။

ထို့အပြင် လက်သည်းကိုလည်း မနေ့ကထပ်ညှပ်ပေးထား၍ လက်သည်းက တိုတို တိတိလေးဖြစ်နေ၏။

ကျုံးရှောက်လည်း မတတ်နိုင်တော့၍ မင်မင်လက်ထဲက ကြက်သွန်ဖြူကို ယူလိုက်ကာ တစ်မွှာပြီး တစ်မွှာ စဥ်းတီတုံးပေါ်တင်ပြီး ဓားပြားဖြင့် ထူချေလိုက်ကာ အခွံကို အမြန်ခွာလိုက်၏။ မင်မင်လက်ထဲက မခွာရသေးသည့် ကြက်သွန်အမွှာပါမကျန် ယူကာ ထုချေလိုက်၏။

မင်မင်ကတော့ သူ့အဖေ လုပ်နေသည်ကို ဘေးကနေကြည့်ရင်း ချီးကျူးလိုက်လေ၏။"ဖေဖေ အရမ်းမိုက်တာပဲ"

ကျုံးရှောက်က သူ့သားကိုမျက်လုံးလေး ဆွေကြည့်လိုက်၏။"အာ့လောက်မိုက်လို့လား"

"ဖေဖေ ဘန်းးဘန်းးဘန်းးဆိုပြီးရိုက်လိုက်တာ အရမ်းမိုက်တယ်"မင်မင်က ခေါင်းတငြိမ့်ငြိမ့်နှင့် ပြောလိုက်သည်။

"ဖေဖေ သားကော လုပ်ကြည့်လို့ရမလား"

" သားလုပ်ကြည့်" ဟု ပြောကာ ကျုံးရှောက်သည် မင်မင်ကို ကောက်ချီလိုက်၏။

ကျုံးရှောက်က အရင်ကလည်း သူ့ကလေးများကို ချီခဲ့ဖူးပါ၏။ စစ်တပ်ထဲ ပြောင်းလာတော့ ကား ရထား သင်္ဘောအတန်အတန် ပြောင်းစီးလာခဲ့ရာတွင် သူ့လက်ထဲမှာ ပစ္စည်း အထုပ်အပိုးများနှင့် ကလေးကိုလည်း တစ်ဖက်မှ ချီကာ ပြေးလွှားခဲ့ရဖူး၏။

သို့သော် ကျွန်းပေါ်ရောက်တော့ သူ့ကလေးများကို အလိုလိုက်ရာကျမည်စိုး၍ ချီပိုးခြင်းဖက်ခြင်းသိပ်မရှိတော့ပါ။ ကလေးများကလည်း သူ့ကို ချီပိုးပေးရန် ဖက်ရန် မတောင်းဆိုကြပါ။ သူတို့အမေကိုသာ ချွဲကြသည်ကများ၏။

ထို့ကြောင့် ကျုံးရှောက် မင်မင်ကို ချီလိုက်သောအခါ မင်မင်က ကြောင်အသွား၏။"ဖေဖေ ဘာလို့ သားကို ချီနေတာလဲ.

"သားအရပ်က ပုနေတော့ စဥ်းတီတုံးကို မမှီမှာ စိုးလို့လေ"

"သားက အရပ်မပုပါဘူး"ဟု မင်မင်က နှာခေါင်းကြီးရှုံ့ကာ ပြောလိုက်၏။ မင်မင်သည် သူ့သူငယ်ချင်းများ အကြားတွင် အရပ်အရှည်ဆုံးဖြစ်၏။

"ဒါဆို သားကိုအောက်ချပေးရမလားး သား စဥ်းတီတုံးပြားကို မှိီသည်ဖြစ်စေ မမှီသည်ဖြစ်စေ အဖေ မသိဘူးနော်" ဟု ပြောလိုက်သည်။

မင်မင်က သူ့အဖေ၏ အကူအညီလိုအပ်သည်ကိုတော့ ဝန်မခံလိုပေမယ့် သူ့အရပ်ဖြင့် စဥ်းတီတုံးပြားထားသည့်နေရာကို မမှိိီ နိုင်မှန်းတော့ သိပါသည်။ ထို့ကြောင့် ခေါင်းခါကာ "တော်ပါပြီ အောက်မချပါနဲ့တော့" ဟုသာ ပြောလိုက်လေတော့၏။

လင်းဝေ့က ဓားကိုယူပေးလိုက်၏။ ဓားက သိပ်မကြီး၍ ကိုင်ရသည်မှာ ပေါ့ပါး၏။ ထို့ကြောင့် မင်မင် လက်နှစ်ဖက်ဖြင့်ကိုင်၍ အဆင်ပြေပါ၏။

သို့သော် မင်မင်ဓားကိုင်သည့်အချိန်တွင်တော့ ကျုံးရှောက်က လိုက်ထိန်းပေးကာ ဓားကို အပြားဘက်လှည့်ပေးလိုက်၏။

"မီးဖိုချောင်သုံးဓားတွေက အရမ်းထက်တယ်။သေသေချာချာ ဓားပြားဘက်ကို လှည့်ပြီး ကိုင် သိလား"

"သားသိပြီ သိပြီ"ဟု မင်မင်က ပြောလိုက်ကာ ဓားပြားကို ကိုင်ပြီး ရိုက်ရန်ပြင်လိုက်၏။

"သား ကြက်သွန်ဖြူကို ရိုက်တော့မယ်နော်"

ဓားပြားဖြင့် စဥ်းတီတုံးပြားပေါ်က ကြက်သွန်ဖြူကို ရိုက်ချလိုက်၏။"ဘန်းးးး"

ကြက်သွန်ဖြူက ကွဲသွားပြီး မင်မင်လည်း ဓားပြား၏ တုန်ခါမှုကြောင့် လန့်သွား၏။ ကျုံးရှောက်က လက်မြန်မြန်ဖြင့် ဓားကို ဖမ်းထားလိုက်၍ တော်သေး၏။ မဟုတ်လျှင် ဓားပြုတ်ကျကာ အန္တာရယ်ရှိနိုင်၏။

မင်မင် ဓားပြားတုန်ခါမှုကြောင့် ကျင်သွားသော သူ့လက်ကို ပွတ်နေသည်။

ကြော်ပြီး ဟင်းရွက်များကို ပန်းကန်ထဲ ထည့်နေသော လင်းဝေ့ကလည်း သူ့သားအော်သံကြားလိုက်၍ ပန်းကန်ကိုအမြန်ချကာ ဘာဖြစ်သလဲ လှမ်းမေးလိုက်ရာ သူ့သားက မျက်ရည်ဝေ့နေပြီး ကျုံးရှောက်ကတော့ တည်ငြိမ်ငြိမ်ပဲ ဖြစ်နေ၏။

"ဘာမှ မဖြစ်ပါဘူး ဓားပြား တုန်ခါအားကို လန့်သွားတာ"

ကျုံးရှောက်ရဲ့ စကားသံကိုကြားတော့ မင်မင်က ရုတ်တရက်သူ့အဖေကို အံ့သြသည့်အကြည့်ဖြင့် ကြည့်လိုက်၏။ ဖေဖေ ရက်စက်လှချည်လား။ သားဒီလောက်နာတာကို ဘာမှမဖြစ်ဘူးလို့ ပြောရက်တယ်နော် ဟူသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်လေ၏။

ကျုံးရှောက်ကလည်း ထိုအကြည့်ကိုသိ၍ မျက်ခုံးပင့်ကာ ပြန်ကြည့်လိုက်၏။"သားပဲ လုပ်ကြည့်ချင်တယ်ပြောတာလေ"

"……" မင်မင်လည်း ပြန်မပြောတတ်တော့၍ သူ့အမေကိုသာ ကြည့်လိုက်၏။

လင်းဝေ့ကတော့ သူ့သားလက်က်ို ယူကြည့်လိုက်ရာ လက်ဖဝါးလေးနည်းနည်း နီနေတာကလွဲလို့ တစ်ခြား အနာတရဖြစ်တာမျိုးမတွေ့ရပါ။

"သား နောက်ထပ်လုပ်ဦးမလား" ဟု လင်းဝေ့ကမေးလိုက်ရာ မင်မင်က ခေါင်းကို အမြန်ခါရမ်းပြီး "မလုပ်တော့ဘူး မလုပ်တော့ဘူး" ဟုပြောလိုက်လေ၏။ သူ့အဖေ လုပ်တာကိုကြည့်ပြီး လွယ်သည်ဟုထင်ကာ လုပ်ချင်ခဲ့သော်လည်း လက်အရမ်းနာသည်ကို သိလိုက်ရ၍ ဆက်မလုပ်ချင်တော့ပေ။

"ကြက်သွန်ဖြူအခွံကော ဆက်ခွာဦးမှာလား" ဟု လင်းဝေ့က ဆက်မေးလိုက်ရာ မင်မင်က တုံ့ဆိုင်းနေပြီး မဝံ့မရဲနှင့်မေးလိုက်၏။

"မေမေသား ကြက်သွန်ဖြူခွာပေးရင် ဒီည ငါးနဲ့ ပုစွန်စားရမှာလား"

လင်းဝေ့ကတော့ အစကတည်းက သူ့သားရဲ့အကြံအစည်က်ိုရိပ်မိသော်လည်း မသိဟန်ဆောင်ကာ အသံရှည်ဆွဲရင်းမေးလိုက်၏။"အော် သားက ပုဇွန်နဲ့ ငါးစားချင်လို့ လာကူတာပေါ့"

သူ့အကြံအစည်လေးပေါ်သွားတော့ မင်မင်က ရှက်သွား၏။"သား ရဲ့ လျှာ ကောင်းသွားပြီ" ဟု ပြောကာ လင်းဝေ့ကို လျှာထုတ်ပြ လိုက်၏။

လင်းဝေ့ကလည်း တစ်ချက်စစ်ဆေးကြည့်လိုက်၏။

"အင်းး ပျောက်တော့ ပျောက်ပါပြီ ဒါပေမယ့် ပင်လယ်အစားအစာတွေစားပြီး ပင်လယ်စာမှာပါတဲ့ ဆူးအမျှင်တွေက သားရဲ့လျှာကိုပြန်နာလာမှာကို မေမေ စိုးရိမ်လို့"

မင်မင်က သူ့အမေပြောသည့် ပင်လယ်စာမှာပါတဲ့ ဆူးအမျှင်ဆိုတာ ဘာလဲ မသိပေ။ သို့သော် စားရရင်ပြီးရော လျှာပြန်နာလည်းဂရုမစိုက်ပါ။ ထို့ကြောင့် "သား နာမှာကိုမကြောက်ဘူး"ဟု ခေါင်းခါကာ ပြောလိုက်လေ၏။

All Chapters