Chapter 184
Vol. 15 Ch. 184
နှစ်ဝက်၏ နောက်ဆုံးတွင် လင်းဝေ့၊ တန့်ရှင်းယွမ်နှင့် ချန်ပါးမေ့ မဟုတ်ဘူး ယခု ချန်လိဟွာ တို့က အနားရသည့်အချိန်ဖြစ်သည်။ သူတို့ သုံးယောက်က ချန်လိဟွာ အနာဂတ်တွင် နေမည့်အိမ်ကို ကြည့်ရန် စိုက်ပျိုးရေး တပ်မဟာကို သွားခဲ့သည်။
အနာဂတ်တွင် နေထိုင်စရာ အဖြစ် ချန်လိဟွာတွင် ရွေးစရာ သုံးခုရှိသည်။ ပထမ တစ်ခုက ပညာတတ်လူငယ်များ အသင်းတွင် နေရန် ဖြစ်သည်။ ယားချန် မြို့က ဝေးလံသည့်အတွက် နယ်ဘက်ကို သွားသော ပညာတတ် လူငယ်များရှိသည်။ ဒါပေမယ့် စိုက်ပျ်ိုးရေး တပ်မဟာတွင်တော့ ပညာတတ်လူငယ် အများကြီး မရှိပေ။ ပညာတတ် လူငယ်အဖြစ် အမျိုးသမီး ငါးယောက်သာ ရှိသည်။
ပညာတတ် လူငယ်များအတွက် နေစရာ အလုံအလောက် မရှိတာမလို့ ထိုအမျိုးသမီး ငါးယောက်က အခန်းတစ်ခန်းတွင် စုအိပ်ရသည်။ တကယ်လို့ ချန်လိဟွာ သွားနေမည် ဆိုလျှင် သူမက ခုတင်တစ်လုံး ထပ်ထည့်နိုင်သည်။ အခြေအနေက မကောင်းပေမယ့် နေစရာအတွက် ပေးစရာမလိုသလို ပညာတတ်လူငယ်များနှင့်အတူ စားသောက်နိုင်သည့်အတွက် ဒါက ကောင်းကျ်ိုးတစ်ခု ဖြစ်သည်။
ဒုတိယကတော့ တပ်မဟာ၏ အတွင်းရေးမှူးအိမ်ကို ငှားရန် ဖြစ်သည်။ ငှားရန်းခက အလွန် စျေးမကြီးပေ။ တစ်လတွင် နှစ်ယွမ် ဖြစ်သည့်အတွက် ချန်လိဟွာက တတ်နိုင်သည်။ ဒီနည်းနှင့်ဆိုလျှင် သူမက တပ်မဟာ အတွင်းရေးမှူး မိသားစုနှင့်အတူ ချွေတာစားသောက်နိုင်မည် ဖြစ်သည်။ ဆိုးကျိုးကတော့ သူမက အပြင်လူ ဖြစ်သည့်အတွက် သူတို့နှင့် အဆင်ပြေရန် ခက်ခဲနိုင်သည်။
တတိယကတော့ အိမ်ဝယ်ရန် ဖြစ်သည်။ ဝယ်လို့ ရသည့်အိမ် နှစ်အိမ် ရှိသည်။ ပထမ တစ်ခုက တပ်မဟာ အတွင်းရေးမှုးက သူမကို ငှားမည့်အိမ် ဖြစ်သည်။ သူမက ဘေးတံခါးမှဖွင့်ကာ လွတ်လပ်စွာ နေနိုင်မည် ဖြစ်သည်။ နောက်တစ်အိမ်ကတော့ ရွာထဲမှ မုဆိုးမတစ်ယောက်၏ အိမ်ဖြစ်သည်။ သူမတစ်ယောက်ထဲ သီးသန့်နေနိုင်သည်။
ပထမအိမ်၏ အားသာချက်က နေရာကောင်းဖြစ်ပြီး သူက တပ်မဟာ အလယ်ဗဟို တွင် တည်ရှိသည်။ အားနည်းချက်ကတော့ စျေးကြီးလွန်းပြီး ပိုင်ဆိုင်မှု လက်လွှဲယူသည့် ပြသနာပေါ်လာနိုင်သည်။ တပ်မဟာ အတွင်းရေးမှူးက အတွေး ပြောင်းမပြောင်း သေချာ မသိနိုင်ပေ။
ဒုတိယအိမ်ကတော့ အနည်းငယ် ဝေးကာ အနားတွင် လူများ ရှိသည်ဆိုပေမယ့် အနိုင်ကျင့်ခံရမခံရ ဘယ်သူမှ မသိနိုင်ပေ။ ဒီအိမ်၏ အားသာချက်က ထင်ရှားသည်။ စျေးလျော့ပြီး တကယ်လို့ ချန်လိဟွာကသာ တောင့်ခံနိုင်လျှင် အနိုင်ကျင့်ခံရမည် မဟုတ်ပေ။
နှိုင်းယှဉ် ကြည့်လိုက်လျှင် ပထမ အတွင်းရေးမှူးအိမ်ကို မဝယ်သင့်သည့်အချက်က စျေးကြီးပြီး စွန့်စားရမှာမို့ မတန်ပေ။
ထိုရွေးချယ်စရာ သုံးခုအနက် ကျိုးကျင်းဟွေ့က ပထမနှစ်ခုကို သဘောကျသည်။ သူ့အမြင်တွင် ချန်လိဟွာက လက်ထပ်ရမည့် အရွယ်ရောက်နေပြီ ဖြစ်သည့်အတွက် အိမ်ဝယ်လျှင်လည်း ကြာကြာနေရမည် မဟုတ်သောကြောင့် မလိုအပ်သည့်အရာ ဖြစ်သည်။
တန့်ရှင်းယွမ်ကတော့ တစ်ခုစီတွင် အားသာချက်ရှိသည် ထင်မိသည်။ ဒါက ကျေးလက်အိမ်ဆိုပေမယ့် လက်ထဲတွင် ပိုင်ဆိုင်မှုတစ်ခု ရှိနေခြင်းက ဘာမှမရှိတာထက် သာသည်။ မေးစရာ ရှိတာက ချန်လိဟွာက ရပ်တည်နိုင်မလားဆိုတာ ဖြစ်သည်။ သူ မရပ်တည်နိုင်လျှင် လက်ထဲတွင် အိမ်ရှိနေသော်လည်း အသုံးမဝင်ပေ။
တန့်ရှင်းယွမ်၏ သဘောထားကို နားထောင်ပြီးတော့ လင်းဝေ့က ပြောလိုက်သည်။"ကျွန်မ အထင်တော့ သူဘယ်လို ထင်တယ်ဆိုတာ မေးပြီး ကိုယ်တိုင်ဆုံးဖြတ်ချက် ချခိုင်းသင့်တယ်"
"သူမ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခိုင်းရမှာလား?"
တန့်ရှင်းယွမ်က မှင်သက် သွားသည်။ "သူမက အရမ်း ငယ်သေးတာမလို့ ရေရှည်အတွက် ဘယ်လို စဉ်းစားနိုင်မှာလဲ?"
လင်းဝေ့က သူမ ပြောသော အမြင်က်ို သဘောမတူပေ။ "အသက်ငယ်တာက အတွေးမရှိဘူး ဆိုတဲ့ သဘောမဟုတ်ဘူး။ သူမမှာ အတွေးမရှိဘူး ဆိုရင် သူမက ကလေးတွေနဲ့အတူ စာဖတ်ဖို့ သင်မှာမဟုတ်သလို တကယ်ပဲ မရှိဘူးဆိုရင် သူမက ဒီလို အပတ်တကုတ် ကြိုးစားနေမှာ မဟုတ်ဘူး။ ဒီမိန်းကလေးက တကယ်ကို ဒဏ်ခံနိုင်တဲ့သူပဲ။"
လင်းဝေ့၏ အမြင်တွင် ချန်လိဟွာ၏ ပုံစံက အားနည်းပြီး တောင့်မခံနိုင်တဲ့ သူဆိုရင် သူမက သူ့ဝမ်းကွဲအစ်ကိုနဲ့ ယောက်မကို ပြဿနာ မဖြစ်စေဘူးဆိုရင် ကျိုးအိမ်က ထွက်သွားဖို့ ရွေးချယ်မိမှာ မဟုတ်ဘူး။
ကျိုးမိသားစု၏ ဘဝက သက်တောင့်သက်သာရှိသည်။ သူမက ကလေးထိန်း ဆိုပေမယ့် ရှောင်းရှီက ငါးနှစ်ရှိပြီ ဖြစ်သည်။ သူက စိတ်ဓာတ်ကောင်းပြီး ထိန်းကျောင်းရ လွယ်သည်။ သူမ လုပ်ရသည်က နေ့စဉ် ထမင်းသုံးနပ်စားကာ နှစ်ရက် သုံးရက်လျှင်တစ်ခါ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ရသည် ဖြစ်သည်။
ကျိုးမိသားစုမှ မည်သူကမျှ သူမကို အနိုင်မကျင့်ပါ။ ကျိုးကျင်းဟွေ့၏ အရေးစိုက်မှုကြောင့် သူမက အပြင်မှ လေဒဏ် မိုးဒဏ်ကို ခံနေစရာလည်း မလိုပေ။ ကြံ့ကြံခံနိုင်သော လူတွေက ဒီလို လွယ်ကူသည့်လမ်းကို မလိုက်ချင် ကြပေ။
ပို၍ အရေးကြီးတာက ဝတ္ထုထဲတွင် ချန်လိဟွာက ကျိုးမိသားစုမှ ထွက်လာပြီး ကောင်းမွန်သည့်ဘဝကို ရရှိခဲ့သည်။ လူတစ်ယောက်၏ ပုံစံက အစောပိုင်းတွင် တစ်မျိုး ဖြစ်ပြီး နောက်ပိုင်းတွင် တစ်မျိုး ပြောင်းသွားစရာ အကြောင်းမရှိပေ။
ဝတ္ထုထဲတွင် ချန်လိဟွာက တပ်မဟာကို စက်ရုံထောင်ရန် ပြောနိုင်ခဲ့ပြီး ၁၉၇၀ နောက်ပိုင်းတွင် စိုက်ပျိုးရေးတွင် ပါဝင်နိုင်ခဲ့သည်မလို့ သူမက ကိုယ်ပိုင်ဆုံးဖြတ်ချက် ကောင်းကောင်းချနိုင်မည်ဟု လင်းဝေ့ ယုံကြည်သည်။
လင်းဝေ့၏ အကြံပေးချက်ကြောင့် တန့်ရှင်းယွမ်က ချန်လိဟွာကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ချခိုင်းလိုက်သည်။
ဒီအကြောင်း စဉ်းစားပြီးနောက်မှာ ချန်လိဟွာက မုဆိုးမ မိသားစု၏ အိမ်ကို ဝယ်ရန် ဆုံးဖြတ်လိုက်သည်။
သူမက မိန်းကလေး တစ်ယောက်မလို့ မွေးကတည်းက မိဘတွေရဲ့ မတူမတန်သလို ဆက်ဆံတာ ခံခဲ့ရသည်။ သူမမှာ အိမ်ရှိပေမယ့် အိမ်နှင့်မတူပေ။ နောက်ပိုင်းတွင် သူမက ကျိုးအိမ်ကို ရောက်ပြီးနောက် သူမ ဝမ်းကွဲအစ်ကိုနှင့် ယောက်မက သူမကို ကောင်းမွန်စွာ ဆက်ဆံပေမယ့် သူမက အထိန်းအချုပ်အောက်မှာ ရှိနေသည့်အတွက် မလွယ်ကူသလို ခံစားရသောကြောင့် သူမက အိမ်လိုချင်စိတ် ပြင်းထန်နေသည်။
သူမက အိမ်ကို မျက်စိစုံလုံးမှိတ် ရွေးချယ်ခဲ့သည်တော့ မဟုတ်ပေ။ မုဆိုးမ မိသားစု ၏ အိမ်က နေကျက်ခံထားသော ရွှံ့နှင့် ဆောက်ထားကာ အနည်းငယ် အိုနေသည့်အတွက် စျေးမကြီးပေ။ ပြီးတော့ အိမ်က လူနေခဲ့တာ ကြာပြီ ဖြစ်သောကြောင့် သူမက ဝယ်ပြီးလျှင် ပြန်ပြင်ဆင်စရာ သိပ်မလိုပေ။ အိမ်ထဲတွင် ခုတင်က အစ ရှိသည့်အတွက် သူမ လိုအပ်သည်က ဗီရို နှင့် စားပွဲခုံများကဲ့သို့ ပစ္စည်းများသာ ဖြစ်သည်။
အတိုချုံးပြောရလျှင် ကုန်ကျစရိတ်အားလုံး တွက်ချက်ပြီးသော အခါ နှစ်အစောပိုင်းထိ ကျနေနိုင်သည်။ သူမ တပ်မဟာမှ ချေးငှားထားသည့် အစားအစာများ အတွက်ကတော့ သူမ၏ အလုပ်ရမှတ်က နှစ်ဆုံးတွင် တွက်ချက်လိုက်လိမ့်မည်။ အကယ်၍ မလောက်လျှင် သူမလက်ထဲရှိ ငွေနှင့် ပေးချေရန် လုံလောက်သည်။
ဒီနှစ်ကို ကျော်ဖြတ်နိုင်လျှင် အရာအားလုံးက နောက်နှစ်တွင် အဆင်ပြေသွားမည် ဖြစ်သည်။
ချန်လိဟွာတွင် စိတ်ကူးရှိတာ သိရတော့ တန့်ရှင်းယွမ်တို့ ဇနီးမောင်နှံက ဘာမှ မပြောတော့ပေ။ ကျိုးကျင်းဟွေ့က အိမ်ဝယ်မည့်ကိစ္စကို ညှိနှိုင်းသေးပြီး စိုက်ပျိုးရေး တပ်မဟာ မှ အခြားလူတစ်ယောက်ကလည်း ချန်လိဟွာက တစ်ယောက်ထဲ နေမှာမို့ မသင့်တော်ဘူးဟု ပြောသည်။
အိမ်ပြန်ပြင်သည့်ကိစ္စကို ကျိူးကျင့်ဟွေ့က ကူညီပေမယ့် ချန်လိဟွာက ငြိမ်မနေပေ။ ထိုအချိန် အတောအတွင်းတွင် သူမက အိမ်သစ်ကို ပြင်ဆင်ရာတွင် သွားရောက် ကြည့်ရှု ညွှန်ကြားခဲ့သည်။ သို့မှသာ လှည့်စား မခံရမှာ ဖြစ်သည်။
အိမ်က ပြန်လည် ပြင်ဆင်ရုံသာ မလို့ လဝက်နှင့် ပြင်ဆင်၍ ပြီးသွားသည်။
ကျိုးကျင််းဟွေ့က အိမ်ထဲထည့်ရန် တစ်ပတ်ရစ် ပစ္စည်းများ ရှာလိုက်သည်။ ချန်လိဟွာက လူနေလို့ရစေရန် ရှင်းလင်းပြီးချိန်မှ သူတို့ကို ကြည့်ရန် ခေါ်ခဲ့သည်။
စိုက်ပျိုးရေး တပ်မဟာက မဝေးသည့်အတွက် မိနစ်နှစ်ဆယ့်လောက် လမ်းလျှောက်လျှင် ရောက်ပြီ ဖြစ်သည်။ တပ်မဟာက စုစုပေါင်း အိမ်ထောင်စု ခုနစ်ဆယ်လောက် ရှိပြီး သိပ်မကြီးပေ။
မုဆိုးမ မိသားစု၏ အိမ်က ရွာအဆုံးတွင် ဖြစ်ပြီး ဘေးတွင် မိသားစု လေးခု ငါးခုလောက် ရှိသည်။
အိမ်က သိပ်မကြီးဘဲ အခန်းသုံးခန်း ဖွဲ့ထားသည်၊ အိမ်ခန်းနှစ်ခန်းက ဘယ်နှင့်ညာတွင် ဖြစ်ပြီး ပင်မအခန်းက အလယ်တွင် ဖြစ်သည်။ ချန်လိဟွာကို ရောင်းလိုက်သည့် ဘယ်ဘက်က အိမ်တွင် ယခင်က ဧည့်ခန်းနှင့် ဆက်ထားသည့် တံခါးရှိသော်လည်း ယခု မရှိတော့ာပဲ တံခါးက အပြင်ဖက်ကို ဖွင့်လိုက်သည့်အတွက် သူမက ခြံထဲမှ ဖြတ်သွားစရာ မလိုတော့သည့်အတွက် အိမ်က လွတ်လပ်စွာ နေ၍ ရသည်။
အိမ်က အလွန် သန့်ရှင်းသည်။ ချန်လိဟွာက အသန့်ကြိုက်သူ ဖြစ်ပြီး ဒါက သူမအိမ်သစ်မလို့ သူမက အိမ်ရှင်းနေချိန်တွင် စိတ်အားထက်သန်မှု အပြည့်ရှိနေမည်ဆိုတာ ပြောစရာပင် မလိုပေ။
လင်းဝေ့ တံခါးဝတွင် ရပ်ကာ ကြည့်လိုက်တော့ အိမ်လေးက နှစ်ပိုင်းခွဲထားသည်ကို တွေ့ရသည်။ ခုတင်နှင့် တံခါးတစ်ချပ်ပါသော အဝတ်ဗီရိုက တံခါးဘယ်ဘက်တွင်ရှိသည်။ ကုတင်ဘေးတွင် စာအုပ်အနည်းငယ် တင်ထားသော စားပွဲရှိသည့်အတွက် ဒါက သူမစာကြည့်စားပွဲ ဖြစ်သည်။ ညာဘက်တွင် မီးဖိုခန်း ဖြစ်ပြီး ကြောင်အိမ်တစ်လုံး မီးဖိုတစ်ခုနှင့် အိုးအသေး နှစ်အိုးရှိသည်။
လင်းဝေ့က မေးလိုက်သည်။ "ကိုယ်တိုင် ချက်စားမလို့လား?"
"ကိုယ်တိုင် ချက်စားတာက ပိုသင့်တော်ပါတယ်" ချန်လိဟွာက ပြောလိုက်သည်။ အခြားသူများနှင့် အတူ အလုပ်လုက်တာက ကောင်းတယ်ဆိုပေမယ့် လွတ်လွတ်လပ်လပ် မစားရဘူး၊ ဒါကြောင့် ကိုယ့်ဘာကိုယ် ချက်စားတာက ပိုကောင်းသည်။
"ကောင်းပါတယ်"
အိမ်ကို ကြည့်ပြီးတော့ လူအချို့က ကြာကြာမနေတော့ဘဲ အိမ်ပြန်ရန် လုပ်လိုက်သည်။ မပြန်ခင်မှာ ဘေးအိမ်မှ အိမ်နီးချင်းတစ်ယောက် ရောက်လာသည်။ သူတို့ကို မြင်တော့ သူမက အံ့သြ သွားပြီး မေးလိုက်သည်။ "ရှင်တို့က ရှောင်ချန် ရဲ့ ဆွေမျိုးတွေလား?"
တန့်ရှင်းယွမ်က ပြုံးပြီး ဖြေလိုက်သည်။ "ကျွန်မက လိဟွာရဲ့ ယောက်မပါ။ ရှင်က အမျိုးသမီးကျောက် လား?"
"အာ ဟုတ်ပါတယ်။ ရှင်တို့ ဒီနေ့ ဒီကို ရောက်နေကြတာလား?"
"ကျွန်မတို့က လိဟွာရဲ့ အိမ်ကို ဘယ်လို ပြင်ထားတယ်ဆိုတာ လာကြည့်တာပါ။ သိတဲ့အတိုင်း သူက မိန်းကလေးတစ်ယောက်ထဲ နေမှာဆိုတော့ ကျွန်မတ်ို့က သူ့က်ို ဂရုစိုက်သင့်ပါတယ်။ နောက်ပိုင်း လိဟွာ ဒီမှာနေတဲ့အချိန် ဂရုစိုက်ပေးဖို့ ကျွန်မ တောင်းဆိုပါတယ်"
အစ်မကျောက်ကလည်း ထက်မြက်သူ ဖြစ်သည့်အတွက် တန့်ရှင်းယွမ်၏ ဆိုလိုရင်းကို သဘောပေါက် သွားကာ အလျင်အမြန် ပြောလိုက်သည်။ "ကျွန်မတို့က နောက်ပိုင်းမှာ အိမ်နီးချင်းတွေ ဖြစ်တော့မှာဆိုတော့ ဂရုစိုက် ပေးမှာပါ"
အိမ်ကို မဝယ်ခင်မှာ ကျိုးကျင်းဟွေ့က လူလွှတ်ပြီး အစ်မကျောက်၏ အကြောင်းကို စုံစမ်းခိုင်းပြီး သူမက ရိုးသားသူမလို့ ချန်လိဟွာက ဒီအိမ်ကို ဝယ်ခဲ့ခြင်း ဖြစ်သည်။ သူမ အဖြေကို ကြားရတော့ တန့်ရှင်းယွမ်က စိတ်သက်သာရာ ရသွားကာ စကားအနည်းငယ် ပြောပြီး နှုတ်ဆက် ခဲ့ကြသည်။
.......
လကုန်ရက်တွင် သူတို့နှစ်ယောက်က ထမင်း အတူ စားခဲ့သည်။ ဒါက ချန်လိဟွာအတွက် လေ့ကျင့်မှုဆိုပေမယ့် လေ့ကျင့်မှု ဟုတ်မနေပေ။ သူမက အိမ်က ထွက်သွားပေမယ့် ပြန်လာလည်ရန် လွယ်ကူသည်။
ညစာစားပြီး နောက်နေ့မှာ ကျိုးကျင်းဟွေ့က ချန်လိဟွာ ပြောင်းရွှေ့ရန် ကူညီခဲ့သည်။
ချန်လိဟွာ ပြောင်းသွားပြီးနောင် ရှောင်းရှီကို ထိန်းရန် လူမရှိတော့ပေ။
ဒါပေမယ့် တန့်ရှင်းယွမ်၏ ယခု အခြေအနေက ယခင်နှစ်နှစ်ကထက် ပိုကောင်းသည်။ သူမက ဆေးရုံ၏ ဆေးဝါးဌာနတွင် အလုပ်လုပ်သည့်အတွက် ယခင်ကလောက် စကားမနည်း တော့ပေ။ သူမက ပေါင်းသင်းရ လွယ်လာသည်။ အချို့သော တပ်ထဲမှ မဟုတ်မခံသော အစ်မများမှ လွဲလျှင် လူအများက ငြိမ်နေတတ်ကြသည်။ သူမကလည်း သူမအတွက် သူမ ပြောဆို လာနိုင်ကာ သူမ၏ လူသိများလာမှုက လည်း ယခင်ထက် ပိုတိုးလာသည်။
ကလေးတွေက မိဘခြေရာ နင်းသည့်အတွက် တန့်ရှင်းယွမ်က ယခင်ထက်ပို လူသိများလာမှုကြောင့် ရှောင်းရှီကလည်း ယခင်လို မဟုတ်တော့ပေ။ သူ့အချစ်ဆုံးသူငယ်ချင်းများ ဖြစ်သော မင်မင်နှင့် ရွေ့ရွေ့တို့ အိမ်တွင် မရှိလျှင် သူက အခြားကလေးများနှင့် အတူ ကစားလာသည်။
ယခု တန့်ရှင်းယွမ်က သူမကို အခြားသူများ အထင်သေး အနိုင်ကျင့်မည်ကို စိတ်မပူရတော့ပေ။ ဒါကြောင့် သူမက ချန်လိဟွာ ထွက်သွားပြီးနောက် သူမသားကို တပ်ထဲမှ ကလေးထိန်းကောင်းသော အစ်မထံ ပို့ထားလိုက်သည်။
သူမက နေ့လည်တွင် တစ်နာရီခွဲသာ နားချိန်ရတာမလို့ သူမအတွက် အခြားသူကို အစားအသောက် မစီစဉ်ခိုင်းလိုပေ။ ပြီးတော့ ကုန်ကျစရိတ်ကလည်း တစ်လတွင် သုံးယွမ်မလို့ စျေးသက်သာသည်။
ပြီးတော့ ဒါက ကလေးကို လအနည်းငယ် ပို့ထားရသည့် ကိစ္စသာ ဖြစ်သည်။ စက်တင်ဘာလ ကျောင်းဖွင့်ချိန်တွင် ရှောင်းရှီက ကျောင်းသွားရတော့မည် ဖြစ်သည်။
ရှောင်းရှီပဲ ကျောင်းတက်မည် မဟုတ်ဘဲ လင်းဝေ့ကလည်း မင်မင်နှင့် ရွေ့ရွေ့ကို စက်တင်ဘာလတွင် ကျောင်းပို့ရန် စီစဉ်ထားသည်။
ပထမတန်း ကျောင်းသားတစ်ယောက်က အနည်းဆုံး ခြောက်နှစ် ဖြစ်ရမည် ဆိုပေမယ့် အမှန်တကယ် ကျောင်းအပ်ရာတွင် အသက်ကို သိပ်မစစ်ဆေးပေမယ့် အရမ်းငယ်သေးလျှင်တော့ ကျောင်း မတက်ရပေ။ ဒါကြောင့် ကျောင်းက မိဘတွေကို သူတို့သားသမီး အရမ်းငယ်နေလျှင် ကျောင်းစောစော မတက်ခိုင်းပေ။
ဒါပေမယ့် စာသင်နှစ်သစ် စချိန်တွင် ရှောင်းရှီက သုံးယောက်ထဲတွင် အငယ်ဆုံး ဆိုပေမယ့် ငါးနှစ်ပြည့်ပြီမို့ သိပ်မငယ်ပေ။ ပြီးတော့ သူတို့က လင်းဝေ့နှင့် နှစ်နှစ် စာသင်ထားသည့်အတွက် အညံ့ဆုံး တစ်ယောက်သည်ပင် ဒုတိယတန်း တက်နိုင်နေပြီ ဖြစ်သည့်အတွက် နောက်တစ်နှစ် စောင့်ပြီး အချိန်မဖြုန်းသင့်ပေ။
ရွေ့ရွေ့က ကျောင်းတက်မှာ သေချာသည့်အတွက် လင်းဝေ့က နွေရာသီ ပိတ်ရက်တွင် သူတို့အတွက် ကျောပိုးအိတ် တစ်လုံးစီ လုပ်ပေးခဲ့သည်။
ထိုရက်များတွင် စစ်တပ်သားရေလွယ်အိတ်များက ခေတ်စားနေသည်။ မူလတန်းကျောင်းသား၊ အလယ်တန်းကျောင်းသား ဒါမှမဟုတ် အလုပ်လုပ်နေသူများကပါ စစ်တပ်သားရေလွယ်အိတ်များကို လွယ်ချင်ကြသည်။ ဒါပေမယ့် စစ်တပ်သားရေလွယ်အိတ်များက သာမန်လူများ ရနိုင်သောအရာ မဟုတ်ပေ။ လူအများစုက အချ်ို့ စစ်စိမ်းရောင် အဝတ်မျာနှင့်သာ ရိုးရှင်းသော လွယ်အိတ် လုပ်နိုင်သည်။
ကျုံးရှောက်တွင် စစ်လွယ်အိတ် ရှိပေမယ့် တစ်အိတ်သာ ရှိသည်ဖြစ်၍ ကလေးနှစ်ယောက်အတွက် မလောက်ပေ။ ဒါကြောင့် လင်းဝေ့က အဝတ်များကို ပူးကာ သတင်းပို့သမား လွယ်အိတ်ကို ကလေးနှစ်ယောက်အတွက် ချုပ်ပေးလိုက်ပြီး ကြယ်ငါးပွင့် ကိုပါ ထည့်ချုပ်ပေးရာ ထိုအရာနှင့် တူနေသည်။
ဒါပေမယ့် ထိုအိတ်ကို ရသည့်သူက မပျော်ရွှင်ပေ။ သူက မကြိုက်လို့ မဟုတ်ဘဲ ဒီလွယ်အိတ်ကို ရသည်က သူကျောင်းတက်ရတော့မည် ဟူသည့် သဘောကြောင့် ဖြစ်သည်။
သူက ကျောင်းမသွားချင်သည့် ကောင်ဆိုးလေး ဖြစ်သည်။
သူက လင်းဝေ့နှင့် အတူ အရင်က နေ့တိုင်းကျောင်းသွားပေမယ့် ထိုအချိန်က သူက ကျောင်းသားမဟုတ်သည့်အတွက် တစ်နေ့လုံး ကျောင်းတက်နေစရာ မလိုပေ။ သူက သူ့ညီနှင့်အတူ ရုံးခန်းတွင် ကစားကာ ညီမလေးကို ထိန်းရင်း အချိန်ကုန်ခဲ့တာ ဖြစ်သည်။
ပြီးတော့ လင်းဝေ့က အတန်းချိန် နှစ်ချိန် ဖြစ်သည်။ သူက အများဆုံး ကျောင်းကို နေ့ထက်ဝက်နေရသည်။ အိမ်ရောက်လျှင် စာသင်ရသော်လည်း အချိန်အကြာကြီး မသင်ရသည်မလို့ နေ့တိုင်း ကစားရန် အချိန် အများကြီးရှိသေးသည်။
ကျောင်းတက်ပြီးရင်တော့ ဘဝက အဆင်မပြေတော့ပေ။ နေ့စဉ် ကျောင်းတွင် ခုနစ်နာရီ ရှစ်နာရီ ကျောင်းတွင် နေရမည် ဖြစ်ပြီး အိမ်တွင်လည်း အိမ်စာလုပ်ရမည် ဖြစ်သည်။ အဓိက ကတော့ တစ်ပတ်တွင် ပိတ်ရက် တစ်ရက်သာ ရှိသည်။
အနာဂတ် အကြောင်းတွေးရုံနှင့် စိတ့ထိခိုက်စေပြီး ထမင်းစားရသည်ပင် အဆင်မပြေတော့ပေ။
ကျုံးရှောက်က သူ့သား၏ ပြောင်းလဲမှုကို သတိထားမိသည်။ ညစာ စားပြီးတော့ လင်းဝေ့ကို မေးလိုက်သည်။
"မင်မင် အခုတလော ဘာဖြစ်နေတာလဲ? သူ ထမင်း တစ်ပန်းကန်ပဲ စားတယ်"
သူတို့ အသက်အရွယ်နှင့်လိုက်၍ မင်မင်နှင့် ရွေ့ရွေ့၏ အစာစားချင်စိတ်ကလည်း ပြောင်းလဲသွားသည်။
အရင်က သူတို့က အများဆုံး ထမင်းတစ်ပန်းကန် ဖြစ်ပြီး စားချင်စိတ်ရှိလျှင် ပိုတောင်းတတ်သည်။ ဒါပေမယ့် ယခု သူတို့က ထမင်းကို တစ်ပန်းကန်နှင့် ထက်ဝက် စားလာပြီး စားချင်စိတ်ရှိလျှင် နှစ်ပန်းကန် စားသည်။
သူနောက်ဆုံး အနေနှင့် ထမင်းတစ်ပန်းကန် စားတာ နှစ်လယ်က ဖြစ်သည်။
လင်းဝေ့က ဒေါသတကြီး ပြောလိုက်သည်။ "ကျွန်မ သိတယ်၊ သူက ကျောင်းသွားရမှာမလို့ စိတ်ဓာတ်ကျနေတာ"
"သူက ကျောင်းကို နေ့တိုင်းသွားနေတာတောင် ကျောင်းနဲ့ မရင်းနှီးသေးဘူး၊သူက ကစားဖို့ပဲ သိတာ"
လင်းဝေ့က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ "သူ့ကို လွှတ်ထားလ််ိုက်၊ ရက်နည်းနည်း ကြာလို့ ဗိုက်ဆာလာရင် အမှန်ကို လက်ခံသွားလိမ့်မယ်"
ကျောင်း သွားမှ ဖြစ်မယ်။ အရင်ဘဝမှာတုန်းက ကောလိပ်ဘွဲ့ ရကောင်းရနေနိုင်တယ်။ ယခု ဘဝမှာ အများကြီး မသွားနိုင်ရင်တောင် အနည်းဆုံးတော့ အရင်ထက် ပိုဆိုးလို့မရဘူး။
ကျုံးရှောက်က ကလေးတွေကို အလိုမလိုက်တဲ့ သူမလို့ လင်းဝေ့ စကားကို ကြားတော့ ဘာမှ ထပ်မမေးတော့ပေ။
ဒါပေမယ့် ရက်အနည်းငယ် အဆာခံပြီးနောက်မှာ သူက အမှန်ကို နားလည်လာပြီး အစာပြန်စားလာသည်။ သူ ပြန်မကောင်းလာလျှင် အလုပ်မဖြစ်ပေ။ သူက ဒီရက်များတွင် အစာသိပ်မစားသည့်အတွက် အပြင်ထွက်ကစားရန် အားအင် သိပ်မရှိပေ။
ကျောင်းတက်ရန် ရက်အနည်းငယ်သာ လိုတော့သည့်အတွက် နောက်ဆုံးအနေနှင့် မြန်မြန် ကစားရမည်။
ဒါပေမယ့် ကစားတာက ဘယ်တော့မှ မလုံလောက်ခဲ့ပေ။ စက်တင်ဘာ ၁ရက်နေ့တွင် မင်မင်က စစ်သားသားရေလွယ်အိတ်လွယ်ကာ ကျောင်းသွားနေချိန်တွင် ကျောင်းတွင် အပြစ်ခံယူရန် သွားသလို ခံစားနေရသည်။
ရွေ့ရွေ့က လင်းဝေ့နှင့်အတူ ကျောင်းသွားနေကြ ဖြစ်သည့်အတွက် ဆရာတွေက သူတို့နှင့် ရင်းနှီးနေသည်။ ဘယ်သူက ဘယ်သူဆိုတာကို သူတို့က ချက်ချင်း ခွဲခြားနိုင်သည်။
ဒါပေမယ့် မင်မင်က ဒီနေ့ စိတ်ဓာတ်ကျနေပြီး ပုံမှန်လို စကားပြောချင်စိတ်မရှိသည့်အတွက် ပထမတန်း အတန်းပိုင်ဆရာက ဘယ်သူက ဘယ်သူဆိုတာ ခွဲခြားမပြောနိုင် ဖြစ်နေသည်။
ဒါပေမယ့် အတန်းပိုင်ဆရာက ထက်မြက်သူ ဖြစ်သည်။ နှုတ်ဆက်ချ်ိန်တွင် သူက မင်မင်နှင့် ရွေ့ရွေ့၏ နာမည်ကို ခေါ်ကာ မေးလိုက်သည်။ "မင်မင် ဒီနေ့ ဘာဖြစ်နေတာလဲ? ဒီနေ့ စိတ်မကြည်ဘူးလား?"
အတန်းပိုင်ဆရာ၏ စကားကိုကြားတော့ သူက ခေါင်းမော့လိုက်ကာ ဆရာ့ကို ဝမ်းနည်းစွာကြည့်ပြီး သက်ပြင်းချလိုက်သည်။
သူ့ပုံစံက်ို သတ်ိထားမိပြီး ဒီနေ့က စိတ်ဓာတ်ကျသည့်နေ့ ဖြစ်မည်ဟု ဆရာက တွေးလ်ိုက်သည်။