Chapter 52
Vol. 4 Ch. 52
မင်မင်က ကျောက်ပုစွန်တစ်ကောင်တွေ့ပြီး ဘဝင်ခိုက်နေပေမယ့် နောက်တစ်နာရီကြာသည်အထိ နောက်ထပ် ဂဏန်းပုစွန် အကောင်ကြီးများကို ထပ်ရှာမတွေ့တော့ပေ။
ရွေ့ရွေ့ကတော့ ပုစွန်သုံးကောင်တွေ့ပြီး ထိပ်ဆုံးက ပြေးနေသည်။ ရွေ့ရွေ့ကတော့ သူရှာတွေ့သည့် သံပုံးထဲက ပုစွန်ခြောက်ကောင်ကို ခဏခဏ လှမ်းကြည့်ကာ ကြွားနေပြန်သည်။
"မေမေ သားဖမ်းမိတဲ့ ကျောက်ပုစွန်သုံးကောင်က အရမ်းအပြေးမြန်တာပဲနော် "
လင်းဝေ့ - "………"
ဟုတ်ပါပြီ မင်း ကျောက်ပုစွန်သုံးကောင် ရှာတွေ့တာကို သိပါပြီ။
လင်းဝေ့တို့ ဂဏန်းတစ်ကောင်မှ ရှာ မရခဲ့ပေမယ့် အခြား ခရုကမာကောင် အမျိုးအစားတစ်ချို့ကိုတော့ ဟင်းနှစ်ခွက်စာလောက် ကောက်ရခဲ့သည်။ ပုစွန်လည်း ရှစ်ကောင် ကိုးကောင်ခန့်ရ၍ ဟင်းတစ်ခွက်ခန့် ချက်နိုင်ပြီဖြစ်သည်။
လင်းဝေ့က ထိုသို့တွက်ချက်နေစဥ် လျိုတန်းနှင့်အဖွဲ့လည်း အဝေးကနေ အပြုံးမျက်နှာဖြင့် ပြန်လာနေတာကိုတွေ့ လိုက်ရသည်။
လင်းဝေ့တို့အနားရောက်တော့ လင်းဝေ့လည်း သူတို့ပုံးထဲက ပင်လယ်ခရုကမာပုစွန်အများအပြားကိုတွေ့လိုက်ရသည်။
ယန်းယီက လက်ချောင်းသုံးချောင်းအရွယ်အစားရှိ ပင်လယ်သခွားတစ်ကောင်နှင့် ကျောက်ပုစွန် တစ်ဒါဇင်ခန့် ဖမ်းမိလာသည်။ သူရှာတွေ့သည့် ကမာများကလည်း လင်းဝေ့တို့ တွေ့သည် ထက်ပင်ပိုကြီးသည်။
ကျောက်လီကတော့ ပင်လယ် ခရုကြီးတစ်ကောင်၊ ဂဏန်းကြီး နှစ်ကောင်နှင့် ကမာကောင်များတွေ့သည်။ လျိုတန်း ကတော့ တစ်ခြား ထူးထူးခြားခြား ဖမ်းမိသည်မရှိပဲ ဟင်းပွဲကြီး တစ်ခွက်စာ ဂဏန်း ခုနှစ်ကောင် ရှစ်ကောင် ခန့် သာ ဖမ်းဖိသည်။
လျိုတန်းက သူမတို့မလာခင်ကတည်းက မင်မင်ကို ပေးထားသည့်ကတိကို အမှတ်တရဖြင့် ဂဏန်းအကြီးကြီး တစ်ကောင်ကို မင်မင်အား ပေးလိုက်သည်။
မင်မင်ကလည်း အရမ်းပျော်သွားသည်။
"တစ်ကယ်ကြီး ဒီဂဏန်းက သားအတွက်လား"
ဂဏန်းက တစ်ပိသာခန့်ရှိမည်ဖြစ်၍ လင်းဝေ့က အားနာကာ လက်ခံရန်ငြင်းလိုက်သည်။
လျိုတန်းကလည်း မင်မင်ကို သေချာပေးလိုက်ကာ လင်းဝေ့ကိုပြုံးကာ ပြောလိုက်သည်။
"ဒါက ကျွန်မ မင်မင်ကို ပေးမယ်လို့ ပြောထားတာပါ။ ရှင်နဲ့ မဆိုင်ပါဘူးနော် "
မင်မင်ကလည်း လင်းဝေ့ကို မျှော်လင့်တကြီး ကြည့်နေလေရာ လင်းဝေ့ကလည်း မင်မင်ကို စနောက်သလိုပြောလိုက်သည်။
"နေ့လည်ကျရင် ဂဏန်းပေါင်းလုပ်စားရင်ကောင်းမလား"
"ဂဏန်းရှိတယ်လေ မေမေ ဂဏန်းပေါင်းစားရအောင်"
ဟု မင်မင်က တက်ကြွစွာ ပြန်ပြောခဲ့သည်။
နေကလည်း မြင့်လာပြိီဖြစ်ရာ အပူရှိန်ကလည်း ပြင်းလာ၍ လူအများလည်း မိသားစုအိမ်ရာသို့ ပြန်ကုန်ကြသည်။
လင်းဝေ့တို့ မိသားစုအိမ်ရာသို့ ပြန်လာရာလမ်းတွင် ကျောက်လီက လင်းဝေ့ကို သူမဦးထုပ် ဘယ်က ဝယ်လာတာလဲ ဟုမေးလေသည်။ ကျောက်လီလည်း ကမ်းခြေသို့လာစဥ်က နေကာဦးထုပ် ဆောင်းလာသော်လည်း ညစ်ပတ်သွားပြီဖြစ်၍ မဆောင်းတော့ပေ။
ကျောက်လီက ထိုင်နေကာ ဦးထုပ်ကို ကမ်းခြေသို့ ခရုကောက်လာတိုင်း ဆောင်းလေ့ရှိကာ မိသားစုအိမ်ရာတွင်တော့မဆောင်းပါ။
ရိက္ခာထောက်ပံရေးနှင့် သမဝါယမရုံ တွင် အလုပ်လုပ်သောသူဖြစ်၍ သူမ၏ ဂုဏ်သိက္ခာကို ထိန်းသောအားဖြင့် အဝတ်အစား အနွမ်းများကို မဝတ်ခြင်းဖြစ်သည်။
ကျောက်လီက ဦးထုပ်အကြောင်းမေးလိုက်မှ လျိုတန်း ကလည်း မနက်က လင်းဝေ့ကို ဦးထုပ်အကြောင်းမေးသည်ကို သတိရလိုက်သည်။
"ကျွန်မကိုလည်း ဦးထုပ်ဘယ်မှာ ဝယ်လဲဆိုတာ မပြောပြရသေးဘူးနော်"
ယန်းယီကလည်း လင်းဝေ့ ဆောင်းထားသည့်ဦးထုပ်ကို စိတ်ဝင်စားနေသည်မှာ သေချာသည်။
လင်းဝေ့လည်း ဖုံးကွယ်မထားပဲ ပြောပြလိုက်သည်။
"အစ်မတန်းက ကျွန်မကို လုပ်ပြီး လက်ဆောင်ပေးတာပါ"
"ရှင်အပြင်က ဝယ်လာတာ မဟုတ်ဘူးလား"ဟု လျိုတန်းက စိတ်ပျက်လက်ပျက်ပြောလိုက်သည်။
ယန်းယီက လင်းဝေ့နှင့် သိပ်မရင်းနှီး၍ နားမလည်ပဲ ထပ်မေးလိုက်သည်။
"အစ်မတန်းက ဘယ်သူလဲ"
"တပ်မှုးကျိုးရဲ့ အမျိုးသမီး တန်းရှန့်ယွင်လေ" ဟု လျိုတန်းက ပြောပြလိုက်သည်။
"သူမ လားး"
ယန်းယီ ကလည်း တန်းရှန့်ယွင်ကိုသိသွားပြီး
"ဒါဆိုသူက လက်မှုတွေ ကျွမ်းတာပဲ။ ဒီဦးထုပ်ဆို လုပ်ရတာအရမ်းလက်ဝင်မှာ" ဟုပြောလိုက်သည်။
ကျောက်လီလည်း လင်းဝေ့ ဆောင်းထားသည့် ဦးထုပ်ကို အမှန်ပင်ကြိုက်နှစ်သက်၍ လင်းဝေ့ကိုမေးလိုက်သည်။
" ရှောင်လင်း အစ်မအတွက်လည်း တစ်လုံးလောက်လုပ်ပေးနိုင်မလားလို့ တန်းရှန့်ယွင်ကို မေးပေးပါလား အစ်မ လက်ခ ပိုပေးပါ့မယ် လို့ပြောပေးပါလား"
လျိုတန်းကလည်း တန်းရှန့်ယွင်အကြောင်းသိကာ လင်းဝေ့ ပြန်မဖြေနိုင်ခင် ပြောလိုက်သည်။
"အာ့လိုမကောင်းလောက်ဘူးနော် ပဋိပက္ခတွေဖြစ်လာနိုင်မယ်"
ကျောက်လီကတော့ လက်မှုပစ္စည်းလက်ခပေးတာ ပြသနာမရှိလောက်ဟုထင်သော်လည်း ပြဿနာဖြစ်လာနိုင်ရင်တော့…။
အင်္ကျီအဝတ်အစား ရယ်ဒီမိတ် ဝယ်မဝတ်ချင်ကြသည့်သူများက ချုပ်တတ်သူများကို လက်ခပေးပြီး ချုပ်ခိုင်းကြ၍ အခကြေးငွေပေးတာက ပြဿနာမရှိလောက်ဟု တွေးမိပြန်သည်။
ကျောက်လီလည်း ထိုသို့တွေးကာ ပြောလိုက်လုဆဲဆဲ မှာပဲ တန်းရှန့်ယွင်၏ အခြေအနေကို ပြန်တွေးမိ၍ သက်ပြင်းချကာ ပြောလိုက်သည်။
"အာ့လိုဆိုရင်လည်း ထားလိုက်ပါတော့"
…………
မနက်ပိုင်း ပင်လယ်အစားအစာများ အများကြီးကောက်ခဲ့ကြသောကြောင့် လင်းဝေ့သည် နေ့လည်စာကို ရှယ်ချက်တော့သည်။ ဂဏန်းပေါင်း ကမာကောင်ချက် နှင့် ကြက်ဥပန်ကိတ် လုပ်လေသည်။
နေ့လည်စာစားပြီးနောက် လင်းဝေ့နှင့် ကလေးနှစ်ယောက်လုံး ရေချိုးလိုက်ကြသည်။
မနက်ခင်းနေက သိပ်မပြင်းသော်လည်း သားအမိသုံးယောက်လုံး ခရုကမာကောက်သွားလိုက်၍ နေပူထဲ အကြာကြီးနေလိုက်မိသည်။
ထို့ကြောင့် ချွေးထွက်ရုံမက အလွန်လည်း ပင်ပန်းသွားကြသည်။ ဂဏန်းပုစွန်များ လိုက်ဖမ်းရာတွင်လည်း ကလေးများက အရပ်ပုကြ၍ ကုန်းကောက်ရာတွင် သိပ်အားမစိုက်ရပေမယ့် လင်းဝေ့ကတော့ ၁.၆၃မီတာ ရှည်သည့် လူကြီးဖြစ်၍ ခါးအတော်ကုန်းကာ ကောက်ယူရ၏။
ပုစွန်လိုက်ဖမ်းနေရ၍ ဇောဖြင့် ညောင်းသည်ကို မသိရသော်လည်း အိမ်ပြန်ရောက်ပြီး အနားယူလိုက်မှသာ ခန္ဓာကိုယ်မှ ကိုက်ခဲမှုကို ခံစားလာရသည်။ အပေါ်ထပ် တက်ကာ အနားယူလိုက်ချင်သော်လည်း နေ့လည်စာကို ကြိုးစားကာ ချက်လိုက်ရသေးသည်။
ထို့ကြောင့် ရေမိုးချိုးပြီးသည်နှင့် အဝတ်မလျှော်တော့ပဲ ကလေးနှစ်ယောက်ကို ခေါ်ကာ တံခါးပိတ် အိပ်လိုက်ကြတော့သည်။
အိပ်ပြီးနိုးလာတော့ ညနေပိုင်း လေး ငါး နာရီပင်ရှိနေပြီ။လင်းဝေ့က နှိုးနေပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်က မထချင်သေး၍ အိပ်ရာပေါ် မှိန်းနေရာ မင်မင်က နိုးလာပြီး သူ့အမေကို အပြင်ထွက်ဆော့ချင်ကြောင်းပြောလေသည်။
လင်းဝေ့ကတော့ မင်မင်၏ အမြဲတမ်းတက်ကြွနေသည့်အမူအရာကို ကြည့်ကာ မနာလိုဖြစ်နေမိသည်။
သူမ မထချင်သေးသော်လည်း ညနေစာ ချက်ချိန် ရောက်ပြီဖြစ်၍ ကြိုးစားကာ ထလိုက်သည်။ ထို့နောက် မီးဖိုပေါ် ခေါက်ဆွဲနှင့် ကြက်ဥ သုံးလုံးချက်လိုက်သည်။
ညနေစာ စားသောက်ကြပြီးနောက် လင်းဝေ့က ရေထပ်ချိုးလိုက်ပြီး ပြန်အိပ်ရန်ပြင်လိုက်သည်။
လင်းဝေ့လည်း သူမကိုယ်သူမ အလွန်ပင်ပန်းသွားသည်ဟု ထင်မြင်မိပြီး ယခုည အိပ်စက်အနားယူလိုက်လျင် ကောင်းသွားလိမ့်မည်ဟု တွေးထင်ကာ အိပ်ရာဝင်လိုက်သည်။ သို့သော် ငါးရက်ခြောက်ရက်အကြာ ကျုံးရှောက်ပြန်လာသည်အထိ သူမ ခန္ဓာကိုယ် နှုံးချိနေသေး၏။
ကျုံးရှောက်လည်း သူ့မိန်းမ၏ အလွန်ပင်ပန်းနေသည့် ပုံစံကိုကြည့်ကာ သူ မရှိစဥ် အတောအတွင်း ပင်ပန်းသည့်အလုပ်လုပ်ခြင်းကြောင့် ဖြစ်မည်ဟု ထင်လိုက်သည်။
နောက်တော့ လင်းဝေ့တို့ လွန်ခဲ့သည့်အပတ်က ပင်လယ်ကမ်းခြေသို့ ခရုကမာကောက် သွားကြောင်းသိလိုက်ရသည်။ သူတို့ သွားကောက်သည်မှာလည်း နှစ်နာရီပင်မကြာပေ။
ထိုအကြောင်းကိုကြားပြီး ကျုံးရှောက်လည်း တစ်ခဏ တိတ်သွားသည်။ ထို့နောက် သူ့မိန်းမ ခန္ဓာကိုယ် ကြံခိုင်မှုအားနည်းနေသည်မှန်းသိသွားကာ အကြံပေးလိုက်သည်။
"နောက်ရက်တွေကျရင် စောစောထပြီး ကိုယ်နဲ့ နည်းနည်း အပြေးလေ့ကျင့်လိုက်ပါလား"
လင်းဝေ့လည်း မယုံကြည်နိုင်ပဲ မျက်လုံးပြူးသွားသည်။
"ဒါက အလုပ်ပင်ပန်းလို့ မပျော်မရွှင်ဖြစ်နေတဲ့ ရှင့်မိန်းမကို နှစ်သိမ့်တဲ့နည်းလား။ ရှင် ဒီည အိပ်ရာ ခွဲ အိပ်ချင်လို့လား.
ကျုံးရှောက် - "...…ကိုယ်မှားသွားပါတယ်"
…………
ကျုံးရှောက် ပင်လယ်ကနေ ပြန်ရောက်တာနဲ့ သမဝါယမစျေးကလဲ ဒူးရင်းသီး ရောင်းချပေးလေသည်။
ကျောက်လီကလည်း လင်းဝေ့ကို ဒူးရင်းသီး အမြည်းကျွေးမည်ဟု ပြောထားသောကြောင့်သူမ ညနေ အလုပ်ဆင်းတော့ လင်းဝေ့ဆီကို ဒူးရင်းသီး ယူလာကျွေး၏။
ညရှစ်နာရီ ထိုးပြီဖြစ်၍ လင်းဝေ့လည်း ရေမိုးချိုးကာ အိပ်ရာဝင်ရန်ပြင်နေစဥ် ကျုံးရှောက်က သူကို လှမ်းခေါ်ပြီး ဧည့်သည်လာကြောင်းပြော၍ အံ့သြသွားကာ အောက်ထပ်ဆင်းသွားစဥ် ကျောက်လီကို တွေ့လိုက်ရသည်။
ကျောက်လီ၏ လာရင်းအကြောင်းအရင်းကိုသိလိုက်ရသောအခါ လင်းဝေ့က "အားနာစရာကြီး အစ်မရယ် မနက်ကျမှ လာလည်း ရတာကို အထူးတလည် လာပေးရတယ်လို့ "ဟု ပြန်ပြောလိုက်သည်။
" စျေးက တစ်ခြားလူတွေ က ဒူးရင်းသီး အနံ့မခံနိုင်ကြဘူးလေ။ ဒါနဲ့ ကျွန်မလည်း အိမ်ပြန်ယူလာလိုက်တာ။ ရှင့်ကို အမြည်းပေးဖို့ ပြောထားတာလည်း သတိရလိုက်လို့ တစ်လက်စတည်း ဝင်လာလိုက်တာပါ" ဟု ကျောက်လီ က ပြန်ပြောလေသည်။
"ဒါဆို ကျွန်မ ခွဲဖို့ဓါးသွားယူလိုက်မယ် အစ်မ ခဏစောင့်ဦးနော်"
ဧည့်သည်ကို ဧည့်ခန်းထဲ ခဏဧည့်ခံလိုက်ပြီး လင်းဝေ့က မီးဖိုထဲက ကြောင်အိမ်အပေါ်ထပ်ရှိ ဓါးကို ယူလိုက်ပြီး ရေဖြင့်ဆေးလိုက်သည်။
လင်းဝေ့ ဓါးယူကာပြန်လာစဥ် ကျောက်လီက "အပြင်မှာပဲ ခွဲရအောင် အိမ်ထဲ မှာခွဲရင် အနံ့စွဲ ကုန်လိမ့်မယ်" ဟု ပြောလိုက်သည်။
လင်းဝေ့လည်း ဒူးရင်းသီးက အနံ့ပြင်းပြီး မည်ကဲ့သို့ အနံ့မှန်းလည်း မသိ၍ အိမ်ထဲမှာမခွဲရဲပဲ အိမ်အပြင်ဘက်က ခုံတန်းတွင် ခွဲရန် ကျောက်လိီကို ဓါးပေးလိုက်သည်။
ဒူးရင်းသီးက ဆူးများပါ၍ လင်းဝေ့ ကိုယ်တိုင် မခွဲတော့ပါ။
ကျောက်လီက ဒူးရင်းသီးကို သွက်သွက်လက်လက် ခွဲလိုက်သည်။ ဒူးရင်းသီးအတွင်းတွင် အသီးအမွှာလေးမွှာပါက အသားကလည်း အတော် ထူလှသည်။
ဒူးရင်းသီးခွဲသည်နှင့် အနံ့ကို ရှုလိုက်ရာတွင် အနံ့ သိပ်မဆိုးဟု လင်းဝေ့ထင်မိသည်။ လင်းဝေ့က ထိုသို့တွေးနေစဥ် သူမအနောက်မှ အသံ တစ်သံထွက်လာသည်။
"မေမေ ဘာလုပ်နေတာလဲ နံစော်နေတာပဲ"
လင်းဝေ့ လှည့်ကြည့်လိုက်တော့ မင်မင်နှင့် ရွေ့ရွေ့လည်းအပေါ်ထပ်မှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။
မင်မင်ကတော့ နှာခေါင်းနဲ့ ပါးစပ်ကိုပိတ်ကာ သူ့အမေကိုမေးပြီး အနောက်ဆုတ်သွားသည်။ ရွေ့ရွေ့ကလည်း ဒူးရင်းသီး အနံ့ရှုကြည့်ကာ စိတ်ရှုပ်ဟန်ဖြင့် မေးလိုက်သည်။
"မနံ ဘူးလား မေမေ"
ကျောက်လီကလည်း ကလေးနှစ်ယောက်၏ အမူအရာကို ကြည့်ကာ အပြုံးဖြင့် ရှင်းပြလိုက်သည်။
"ဒူးရင်းသီးက ဒီလိုမျိုးပဲ။ ကြိုက်တဲ့သူတွေက ဒူးရင်းသီးအနံ့ကို မွှေးတယ်လို့ထင်ကြပြီး မကြိုက်တဲ့ သူတွေကတော့ နံတယ်လို့ထင်ကြတယ်။
ရွေ့ရွေ့လည်း ဒူးရင်းသီးက ဒီလိုအနံံံ့မျိုးရှိတာပါလားလို့ သိလိုက်ပြီး သူ့အမေကို ကြည့်လိုက်သည်။