Chapter 167
Vol. 13 Ch. 167
မင်မင်နှင့်ရွေ့ရွေ့အား နို့ဘူးရောသူမနို့ပါ နှစ်မျိုး မကြာခဏ တိုက်ကျွေးခဲ့သော်လည်း ကျုံးရှောက်ရှေ့တွင် နို့တိုက်ကျွေးရသည်ကိုတော့ ရှက်ခဲ့ပြီး နှာရွက်များပင်နီလာခဲ့လေသည်။
သူမရှက်လေ ကျုံးရှောက် ပိုမိုစချင်လေဖြစ်ရာ၊ သူကြာရှည်စွာ သည်းခံပြီးသည့်နောက် ရုတ်တရက် ထိုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မည်သူကထင်မည်နည်း။
ကျုံးရှောက် အသေအချာ တောင်းပန်လိုက်သည်။ "ကိုယ် မှားသွားတာပါ။"
လင်းဝေ့ ပြောလိုက်သည်။ "ရှင်ကိုယ်တိုင်ပဲ ဖြေရှင်းလိုက်တော့။"
"ဒါဆို ကိုယ်ရေသွားချိုးလိုက်ရမလား?" ကျုံးရှောက်မေးလိုက်သည်။
လင်းဝေ့ အေးစက်စွာဖြင့်၊ "မြန်မြန်သာသွားပါ။" ဟုပြောလေသည်။
သူ့မိန်းမပြောလိုက်သည်နှင့်၊ ကျုံးရှောက် သက်ပြင်းအရှည်တစ်ချက်ချကာ အိပ်ခန်းထဲမှထွက်သွားလေသည်။
နာရီဝက်ခန့်ကြာပြီးနောက်၊ ကျုံးရှောက်အိပ်ခန်းထဲပြန်လာသော်၊ လင်းဝေ့ အိပ်ပျော်နေပြီဖြစ်လေသည်။ ကျုံးရှောက် ရေချိုးထားသော်လည်း၊ အိပ်ရာမဝင်ချင်သေးဘဲ သူမတို့သားအမိကိုထိုင်ကာ ကြည့်နေလေသည်။
ထို့နေက သူတို့အိမ်သို့ လာလည်သည့်သူတိုင်းသည် ကလေးသည် သူတို့လင်မယားထဲတွင် မည်သူနှင့်ပိုတူသည်ကိုပဲ ဆွေးနွေးနေကြလေရာ၊ အမြင်များသည်လည်း တစ်ယောက်တစ်မျိုးဖြစ်လေသည်။
သို့ပေမယ့်၊ သူကတော့ သူ့သမီးသည် အမေတူသည်ဟု အမြဲထင်ခဲ့လေသည်။ တစ်ထပ်တည်းကျသည့်မျက်ခုံး၊ မျက်လုံးနှင့် ပါးစပ်၊ မျက်နှာသည်လည်း ဆင်တူဖြစ်လေသည်။
လင်းဝေ့ အိပ်နေရင်း၊ တစ်စုံတစ်ယောက် သူမအား ကြည့်နေသည်ဟု ခံစားရကာ မျက်လုံးဖွင့်ကြည့်လိုက်ပြီး အိပ်ချင်မူးတူးအသံဖြင့် မေးလိုက်သည်၊ "ရှင် မအိပ်ဘူးလား?"
"မင်း အိပ်ပါ" ဟုပြောရင်း လင်းဝေ့ ဘေးတွင်လှဲကာ သူမအားဖက်ထားလိုက်သည်။
လင်းဝေ့အိပ်ချင်မူးတူးဘဲ သူ့လက်မောင်းများကြားဝင်ကာ၊ မျက်လုံးများမှိတ်၍ အိပ်ပျော်သွားလေသည်။
…
ညလယ်ခေါင်တွင်၊ ကလေးနိုးလာပြီး အာပြဲအောင်ငိုလေတော့သည်။
ကျုံးရှောက် အရင်နိုးလာပြီး၊ လင်းဝေ့အား မနှိုးဘဲ၊ ဒူးထောက်ကာ သူမအားကျော်ပြီး ကလေးအားချီလိုက်သည်။ ထို့နောက် နို့ဖျော်ရန် ကလေးအားပြန်ချော့သိပ်ရင်း အိပ်ရာမှထလိုက်သည်။
ဆေးရုံမဆင်းမီရက်များတွင်၊ ကလေးချီနည်းနှင့်ချော့သိပ်နည်းကို သူကျွမ်းသွားပြီး၊ အရှေ့အနောက်လျှောက်ရင်းပဲ၊ အချိန်ကြာလာသော်၊ နို့မှုန့်အား လက်တစ်ဖက်တည်းဖြင့် ဖျော်နိုင်သည်အထိ ဖြစ်လာလေသည်။
နို့မှုန့်သည် အထုပ်သေးလေးများနှင့် ထုပ်ထားသည်ဖြစ်သောကြောင့် တစ်ခါဖျော်လျှင် တစ်ထုပ်သာသုံးလေသည်။ နိူ့မှုန့်ထုပ်အား ပါးစပ်ဖြင့် ကိုက်ဖောက်လိုက်ပြီး နို့ဘူးထဲအား နို့မှုန့်လောင်းထည့်လိုက်သည်။ ထိူ့နောက် ရေနွေးဓာတ်ဘူး အဖုံးဖွင့်ကာ၊ သင့်လျော်သော်ပမာဏရှိသည့် ရေနွေးအား ထပ်လောင်းထည့်လေသည်။
ဤအချိန်တွင်၊ အခန်းတွင်း မီးများပွင့်နေသောကြောင့် လင်းဝေ့လည်းနိုးလာပြီး မျက်လုံးအား လက်ဖြင့်ကာ၍ မေးလိုက်သည်။ "ကလေးနိုးနေတာလား?"
"အခုလေးတင်နိုးတာ ကိုယ် နို့မှုန့်ဖျော်နေတယ်။" ကျုံးရှောက်ပြောလိုက်သည်။
လင်းဝေ့ ထထိုင်ကာပြောလေသည်။ "ကျွန်မ တိုက်လိုက်မယ်၊ ရှင် ဆက်အိပ်လိုက်၊ ရှင်က မနက်စောစောထရဦးမှာ။"
ကျုံးရှောက် လင်းဝေ့အား ကလေးပေးလိုက်ပြီး ကုတင်ပေါ်သို့ပြန်သွားအိပ်ရမည့်အစား၊ သူနို့ဘူးကို ယူလိုက်ပြီး အဖုံးသေချာပိတ်၊ သေချာခလောက်လိုက်ပြီး ပြောလိုက်သည်။ "ကိုယ် မအိပ်နိုင်သေးပါဘူး၊ ကလေးပဲသေချာချော့သိပ်ရအောင်။"
နို့မှုန့်ဖျော်ပြီး ကလေးအားတန်းတိုက်၍မရ၊ မသောက်ဘဲ ငိုသာငိုနေလေရာ၊ ကျုံးရှောက် တစ်ယောက်အိပ်ကုတင်ပေါ်ရှိ အိတ်ထဲမှ ပလုတ်တုတ်တစ်ခုကို သူ့သမီးရှေ့ပြလိုက်သည်။
ပလုတ်တုတ်၏ "တုန် တုန် တုန်" အသံသည် ကလေး၏ အာရုံကိုအလျင်အမြန် ဖမ်းစားနိုင်လိုက်ပြီး၊ သူမမျက်ရည်ဝဲနေသည့် မျက်လုံးများအားဖွင့်ကာ၊ သူမရှေ့ရှိ ပလုတ်တုတ်ပေါ် အကြည့်ပြောင်းလိုက်ကာ၊ စတင်ရယ်လေတော့သည်။
ကလေးအငိုရပ်သွားတာကြောင့် သူတို့လင်မယားလည်း သက်ပြင်းချနိုင်သော်လည်း သူတို့မနားရသေးပါ။ ဖျော်ထားသည့် နို့အေးသွားသည်အထိ တစ်ယောက်က ကလေးကိုချီရင်း နောက်တစ်ယောက်က ပလုတ်တုတ်အား လှုပ်ပြနေရလေသည်။
နို့မှုန့်နှင့်ယှဉ်လျှင် ကလေးငယ်သည် သူမအမေ၏ နို့ကိုပိုမိုနှစ်သက်လေသည်။ ထို့ကြောင့် သူမအားနို့ဘူးတိုက်သည့်အခါတိုင်း၊ သူမ စိတ်ဆိုးလေသည်။ မင်မင်နှင့်ရွေ့ရွေ့ငယ်စဉ်ကလည်း ထိုအတိုင်းပင်ဖြစ်သည်။
လင်းဝေ့ အတတ်နိုင်ဆုံး ကြိုးစားသော်လည်း၊ အသားကျမလာခဲ့ပေ။ ထိုစဉ်က သူမနို့တိုက်ချင်လျှင်ပင် ရွေ့ရွေ့တို့သည် အမွှာဖြစ်သည့်အတွက် သူတို့နှစ်ယောက်လုံးအတွက် နို့အလုံအလောက်မထွက်သည့်အတွက်၊ နို့မှုန့်ပါ ရောတိုက်ရလေသည်။
ယခုတွင်တော့၊ နို့အလုံအလောက်မထွက်၍ မဟုတ်ဘဲ၊ နို့မကြာခဏတိုက်ခြင်းသည် သူမရင်သားများအား တွဲကျစေသည်ဟု သူမဖတ်ဖူးသောကြောင့် သူမသမီးအား နို့မှုန့်ပါရော၍ တိုက်ကျွေးခြင်းဖြစ်သည်။
အရှေ့တွင် ကလေးနှစ်ယောက်ရှိခဲ့သော်လည်း၊ လင်းဝေ့ ယခုထိ ကျင့်သားမရသေးပေ။
ကလေးသည် အခုမှမွေးခါစပင်ဖြစ်ပြီး ဘာမှနားမလည်သေးသော်လည်း၊ ကလေးဗီဇအရ၊ ငိုယိုပြီးနောက်၊ နို့ဘူးပါးစပ်အတွင်း ရောက်လာသည်နှင့် မျက်ရည်များဖြင့် စုပ်ယူသောက်သုံးလေသည်။
သောက်ရင်းသောက်ရင်း၊ မျက်ရည်များလည်း ခြောက်သွားပြီး၊ မျက်နှာသည်လည်း ရှုံ့မဲ့မနေတော့ချေ။
ကလေးနို့တိုက်နေစဉ်၊ ကျုံးရှောက် လင်းဝေ့အား ကလေးတစ်လပြည့်ပွဲအကြောင်း ပြောပြပြီး သူမအတွေးအားမေးလိုက်သည်။
လင်းဝေ့ ထိုအကြောင်း မစဉ်းစားရသေးပေ။ ကလေးသည်တစ်ပတ်ခန့်သာ ရှိသေးသဖြင့်၊ တစ်လပြည့်ဖို့ဆိုသည်မှာ ဝေးသေးပေသည်။ သို့ပေမယ့်၊ လုပ်မည်ဆိုလျှင်လည်း အခုတည်းက ကြိုပြင်ဆင်ထားရပေမည်။
လင်းဝေ့ ခဏမျှစဉ်းစားပြီး မေးလိုက်သည်။ "တကယ်လို့ လုပ်မယ်ဆိုရင် ဘယ်သူတွေကိုဖိတ်မှာလဲ?"
ကျုံးရှောက်မှ၊ "အစ်မကျိုးနဲ့ တခြားမင်းရင်းနှီးတဲ့သူတွေကိုဖိတ်လေ။ ကိုယ်က လောင်ကျိုးနဲ့ကိုယ်တို့တပ်စုကသူတွေကို ဖိတ်လိုက်မယ်။ ပြီးတော့ အိမ်နီးချင်းတွေကိုရောပဲပေါ့။"
"အဲ့တာဆိုရင် ဟင်းပွဲသုံးလေးခုလောက်တော့ မပြင်ထားသင့်ဘူးလား? ကျွန်မတို့မှာ လက်မှတ်မကျန်တော့ဘူးမလား?" လင်းဝေ့ မေးလိုက်သည်။ ပွဲကျင်းပရန် အကြီးမားဆုံး ပြဿနာမှာ ပွဲတွင်ကျွေးမွေးမည့် ဟင်းလျာများပင်ဖြစ်သည်။
သတ်သတ်လွတ်ဟင်းလျာများသာ ကျွေးလျှင်လည်း မကောင်းပေ။ သို့ပေမယ့် အသားဟင်းကျွေးရန်လည်း အသားလက်မှတ်များသည် ရရန်မလွယ်ပေ။
သူမတို့မိသားစုတွင် မိသားစုဝင်ငါးယောက်ရှိပြီး ဟင်းနှစ်ပွဲလောက်ဆိုလျှင် သူမတို့အတွက် လုံလောက်ပေသည်။
ကျုံးရှောက် ပြောလိုက်သည်။ "အဲ့အခါကျရင်တော့၊ ငါးဟင်းတစ်ပွဲ၊ ဟင်းသီးဟင်းရွက်ရယ်၊ မုန်လာချဉ်ရယ်ရောကြော်ထားတဲ့ ကြက်သား၊ ဘဲသား၊ ပြီးတော့ ဈေးကနေတာဝန်ရှိတဲ့သူကို ဝက်နံရိုးနှင့်အသား ချန်ပေးထားဖို့ပြောလိုက်မယ်။ အသားနည်းနည်းနဲ့စွပ်ပြုတ်လည်းချက်လို့ရတာပဲ။"
သူမတို့မိသားစုစားရန် လစဉ် ပင်လယ်စာ၁၀ကီလိုမျှဝယ်ခြမ်းရလေ့ရှိသည်။ ငါးဟင်းအတွက် တစ်ကီလိုမျှဆိုရင်လောက်မည်။ ဟင်းလေးပွဲအတွက် ပင်လယ်စာလက်မှတ်နှင့်ဆိုလျှင် ၅ကီလို၊ ၆ကီလိုခန့်သာကုန်မည်ဖြစ်သည်။ ကြက်သား၊ ဘဲသားအတွက် လက်မှတ်မလောက်သော်လည်း အနီးအနားရွာများတွင် သွားရောက်ဝယ်ယူနိုင်သဖြင့်အဆင်ပြေသည်။
ဝက်နံရိုးနှင့် အသားအတွက်တော့ လက်မှတ်မလိုသော်လည်း၊ စောစောကုန်တတ်သဖြင့် နောက်ကျမှသွားလျှင်မရနိုင်ပေ။ သို့သော်လည်း၊ ဈေးမှတာဝန်ရှိသူနှင့် ရင်းနှီးလျှင် ဝယ်ရန်လွယ်ကူပေသည်။
ဤသို့ဖြင့် အသားဟင်းလျား၅မျိုး၆မျိုးခန့်ရပြီဖြစ်သည်။ အိမ်တွင်ကြက်ဥများလည်းရှိသဖြင့်၊ ဟင်းသီးဟင်းရွက်စိမ်းတို့ဖြင့် ရော၍ကြော်နိုင်သည်။
လင်းဝေ့လည်း ဤသည်မှာ လုပ်ရန်လွယ်သည်ဟု တွေးလိုက်ပြီး ပြောလိုက်သည်။ "အဲ့တာဆို အဲ့လိုပဲလုပ်လိုက်မယ်လေ၊ ရက်ကိုရော တနင်္ဂနွေနေ့ရွေးဖို့လိုလား?"
တနင်္ဂနွေနေ့ဖြစ်မှရပေမည်၊ ကြားရက်ကို ရွေးလိုက်ရင် အခြားသူများအဖို့ သူမတို့ပွဲအားလာရန် ခွင့်ယူနေရမည်ဖြစ်သည်။
တနင်္ဂနွေနေ့ဖြစ်သည့်နေ့ကိုရွေးမှဖြစ်မည့်အတွက်ကြောင့်၊ ကျုံးရှောက် စဉ်းစားလိုက်ပြီး၊ "မနက်ဖြန်ကျရင် ဘယ်နေ့အဆင်ပြေလဲလို့ ပြက္ခဒိန်ကြည့်လိုက်မယ်။"
"အင်းပါ။"
ထိုအကြောင်းဆွေးနွေးပြီးနောက်၊ သူတို့လင်မယားလည်း မီးများပိတ်ကာ အိပ်ရာဝင်ကြလေသည်။
နောက်တစ်နေ့ မနက်စာစားပြီးနောက်၊ လင်းဝေ့ ပြက္ခဒိန်လှန်ကြည့်လိုက်သည်။ သူမတို့ အိမ်တွင်ရှိသည့် ပြက္ခဒိန်သည် တစ်ရက်ကုန်လျှင် ထိုရက်အား စုတ်ဖြဲပစ်ရသည့် ရွက်စုတ်ပြက္ခဒိန်ဖြစ်သည်။ ဘယ်နေ့တွင် ပွဲကျင်းပသင့်သည်မကျင်းပသင့်သည့်ကို ရှင်းလင်းစွာ ရေးထားလေသည်။
လင်းဝေ့ မီးဖွားပြီးတည်းမှ ညတိုင်းစောစောအိပ်ရာဝင်သော်လည်း၊ ညဘက်ကလေးငိုလျှင် ထရသောကြောင့် မနက်တွေမှာ စောစောမထနိုင်သဖြင့် သူမတို့မိသားစုတွင် နောက်ဆုံးမနက်စာစားရသူမှာ သူမပင်ဖြစ်သည်။
လင်းဝေ့ မနက်စာစားစဉ်တွင်၊ သူမအမေသည် လုပ်စရာမရှိသည့်အတွက် သူမ သမီးအားချီကာ ဧည့်ခန်းထဲတွင် လမ်းလျှောက်နေလေသည်။ ထို့နောက် ထမင်းစားပွဲဘက်သို့ လျှောက်လာကာ၊ သူမ ပြက္ခဒိန်ကြည့်နေသည်ကို မြင်သော်၊ "ဘာလို့ ပြက္ခဒိန်ကြည့်နေတာလဲ?" ဟုမေးလေသည်။
"မနေ့ညက ကျုံးရှောက်က ကလေးတစ်လပြည့်ပွဲ လုပ်ဖို့ပြောတယ်၊ တခြားအာလုံးပြောပြီးပေမယ့် ရက်မရွေးရသေးဘူး။ အဲ့တာကြောင့် ဘယ်နေ့ရွေးရင်ကောင်းမလဲလို့ ကြည့်နေတာ။" လင်းဝေ့ ပြက္ခဒိန်ကြည့်ရင်း ပြောလိုက်သည်။
သူမသမီး တစ်လပြည့်သည် ကြားရက်ကျကာ၊ မပြည့်မီ တနင်္ဂနွေနှင့် ပြည့်ပြီးတနင်္ဂနွေတို့သည် ရက်ကောင်းလေသည်။ ထို့ကြောင့် သူမ ခေါင်းမော့ကာ၊ သူမအမေအား မေးလိုက်လေသည်။ "အမေ ဒီနှစ်ရက်မှာ ဘယ်ရက်ကကောင်းတယ်ထင်လဲ?"
အမေလင်း အံ့ဩသွားသော်လည်း သူမတို့လင်မယား ဆွေးနွေးပြီးသွားကြောင်း ကြားသော်၊ သူမဘာမျှသိပ်မပြောချေ။ "ပိုနောက်ကျတဲ့ရက်ကို ရွေးလိုက်လေ သမီးကလေးမွေးထားတာမှမကြာသေးဘဲ။"ဟု သာပြောလေသည်။
အမေလင်းသည် ရှေးရိုးစွဲအတွေးများရှိသဖြင့် ကလေးမီးဖွားပြီးခါစ မိန်းမများသည် အပြင်ထွက်လျှင် လေအေးများကြောင့် နေမကောင်းဖြစ်မည်ဟုတွေးကာ အပြင်ထွက်ရန်မသင့်ဟု ယူဆသည်။ တစ်လလောက် အိပ်ရာထဲ လှဲကာနားသည်က ပိုကောင်းမည်ဟု ယူဆလေသည်။
ရွေ့ရွေ့တို့မွေးစဉ်က သူမတစ်လလောက် အိပ်ရာထဲလှဲကာ အနားယူခဲ့သော်လည်း၊ ဒီတစ်ခေါက်တွင်တော့ သူမထိုကဲ့သို့မနေနိုင်ပါ။ သူမ နံနက်စာလည်း ကိုယ်တိုင်ထစားကာ၊ကျန်အလုပ်များလည်း လုပ်ကိုင်လေသည်။
အမေလင်းက ဒုတိယရက်အား ရွေးစေချင်နေသောကြောင့်၊ သူမ တွေဝေမှုမရှိဘဲ ဒုတိယရက်ကိုသာရွေးလိုက်လေသည်။
ကလေးမီးဖွားပြီးနောက် တစ်ခန့် နားနေရမည်ဟူသော အမေလင်း၏ အတွေးအားမလိုက်နာသော်လည်း၊ လင်းဝေ့ ယခုသူမအမေ၏ သဘောထားကိုတော့ ထည့်တွေးကာ ပြောလိုက်သည်။ "အဲ့တာဆိုရင် ညနေကျ ကျုံးရှောက်ပြန်လာရင် ဒုတိယရက်ကို ရွေးမရွေးမေးကြည့်လိုက်မယ်။"
အမေလင်းခေါင်းညိမ့်ကာ "ဟုတ်ပြီဟုတ်ပြီ။" ဟုပြောလိုက်လေသည်။
ကျင်းပမည့်ရက်မေးပြီးသောအခါ၊ လင်းဝေ့ ထပ်၍မေးလေသည်။ "အမေ ရက်နည်းနည်းလောက်ပိုနေပြီး ပွဲပြီးမှပဲပြန်ပါ့လား?"
အိမ်နှင့် တစ်လကျော်ခန့်ဝေးကွာပြီးနောက်၊ အမေလင်း အိမ်လွမ်းကာ၊ အိမ်မှသူများအားစိတ်ပူလာလေသည်။ သူမသည် လင်းဝေ့ကလေးမီးဖွားသည်နှင့် ပြန်ရန်စီစဉ်ထားသော်လည်း၊ ယခု သူမသမီးက ကလေးတစ်လပြည့်အခမ်းအနားလုပ်မည်ဟု ဆိုလာသည်။ လူကြီးတစ်ယောက်အနေနှင့် ဆက်နေပြီးပါဝင်ဆင်နွှဲချင်သောကြောင့်၊ သူမ သမီးပြောသည်ကို ကြားပြီးနောက်၊ "အဲ့တာဆို အမေရက်နည်းနည်းလောက် ထပ်နေလိုက်မယ်။"
ညနေပိုင်း ကျုံးရှောက်ပြန်လာခဲ့အခါ၊ လင်းဝေ့သူ့အားရက်ရွေးထားသည့်အကြောင်းပြောပြလိုက်ပြီး ကျုံးရှောက်လည်း သဘောတူလေသည်။
သူသည်လည်း နေ့ခင်းပိုင်းတွင် တပ်စု၌ ပြက္ခဒိန်ကြည့်ပြီးနောက် ဤနှစ်ရက်အား ရွေးခဲ့လေသည်။ အတိအကျကိုတော့ အိမ်ပြန်ရောက်မှသာ လင်းဝေ့နှင့် တိုင်ပင်ကာ ရွေးမည်ဟု တွေးထားခဲ့လေသည်။
ဤသို့ ရက်အတိအကျရွေးပြီးနောက်၊ သူမခေါင်းညိမ့်ကာပြောလိုက်သည်။ "အဲ့တာဆို အဲ့နေ့ပဲရွေးလိုက်တာပေါ့။"
ပွဲနေ့အတိအကျ သတ်မှတ်ပြီးသွားသည့်အခါ သူတို့စတင်ပြင်ဆင်လေသည်။ လင်းဝေ့သည် ဟင်းလျာများကိုစီစဉ်ပြီး ကျုံးရှောက်က သူ့မိတ်ဆွေများနှင့် အိမ်နီးချင်းများအား တစ်ယောက်ပြီးတစ်ယောက် လိုက်ဖိတ်လေသည်။ ထို့နောက် ဈေးမှတာဝန်ရှိသူကို ထိုရက်တွင်သူ့အတွက် ဝက်နံရိုးနှင့်အသားတစ်ချို့ ချန်ပေးရန်ပြောလေသည်။
ဤကဲ့သို့ တစ်လပြည့်ပွဲ ဆင်နွှဲခြင်းသည် ကျုံးရှောက်ဧ။်သမီး အတွက်ပျော်ရွှင်ဖွယ်အခမ်းအနားတစ်ခု ဖြစ်လေသည်။ မိသားစုအိမ်ရာတွင်နေထိုင်သူများနှင့်လည်း ပြဿနာမရှိခဲ့ပေ။ သူမအပေါ်တွင်လည်း မည်သူမျှ မုန်းတီးခြင်းမရှိပေ။ ဈေး၏ တာဝန်ရှိသူကပင် သူတို့အားအဆင်ပြေစေရန် ဆန္ဒရှိပြီး ကျေကျေနပ်နပ် သဘောတူလိုက်လေသည်။