Chapter 50
Vol. 4 Ch. 50
သို့သော် ကျောက်လီက လင်းဝေ့ အပိုလုပ်ပြောနေသည်ဟုမထင်ပဲ လင်းဝေ့၏ ဝတ်စားပုံကိုသာ အပေါ်အောက် သေချာ ဂရုတစိုက်ကြည့်လိုက်သည်။
ပြောစရာမလိုအောင်ပင် လင်းဝေ့က သပ်သပ်ရပ်ရပ်ဝတ်ဆင်ထား၏။ ကျောက်လီသည် လင်းဝေ့၏ အဝတ်အစားများကို ကြည့်လိုက်ရာတွင် ရိုးရှင်းသည်ဟုထင်ရသော်လည်း ဆန်းပြားနေလေ၏။
လင်းဝေ့ဝတ်ထားသည့် အဖြူရောင်ရှပ်သည် ပွယောင်းယောင်းဖြစ်ကာ မထူးခြားဟု ထင်ရသော်လည်း သေချာကြည့်ပါက ကော်လံသည် သာမန်နှင့်မတူပဲ သေးသေးလေးဖြစ်နေပြီး ပုခုံးပိုင်းကလည်း သာမန်အဝတ်များထက်ကျယ်ကာ တောင့်တောင့်ကြီးဖြစ်မနေပေ။
ထို့အပြင် သူမ ဝတ်ထားသည့်စကပ်ကလည်း သာမန်စကပ်များနှင့်မတူပါ။ ခါးသိမ်ကာ အဖျားရှုးသွား၍ သူမကို ပို၍ သေးသွယ်သွားစေ၏။
အထူးခြားဆုံးက သူမဝတ်ထားသည့် ခြေညှပ်ဖိနပ်ဖြစ်သည်။ ထိုဖိနပ်က မြို့ပေါ်မှာ ခတ်စားသည့် ဖိနပ်မျိုးမဟုတ်ပဲ နယ်ဘက်မှ အဝတ်နှင့် ချုပ်လုပ်သည့်အဝတ်ဖိနပ်မျိုးလဲ မဟုတ်ပါ။ ကောက်ရိုးဖြင့် ရက်ထားဟန်တူပြီး အရောင်ဖျော့ဖျော့လေးဖြစ်နေ၏။
ထို့ကြောင့် ကျောက်လီကလည်း လင်းဝေ့ ဖိနပ်ကို သိချင်လာကာ မေးလိုက်သည်။
"ရှင့် ဖိနပ်လေးတွေ ဘယ်က ဝယ်လာတာလဲ။ ကောက်ရိုးနဲ့ရက်ထားတာလား"
ရုတ်တရက် အမေးခံလိုက်ရ၍ လင်းဝေ့လည်း အောက်က သူမ ဖိနပ်ကိုကြည့်ပြီး ပြောလိုက်သည်။
"ကျွန်မ ဇာတိက အန်တီဆီကပါ။ သူက ကောက်ရိုးရက်တတ်ပြီး အချုပ်အလုပ်လည်း ကျွမ်းတယ်လေ။ သူဝတ်ထားတာ လှလို့ ကျွန်မအဖို့တစ်စုံ လုပ်ခိုင်းခဲ့တာပါ။"
ထိုခတ်လူတော်တော်များများက ဖက်ရှင်ဘရန်းများကိုဝယ်ဝတ်ကြတတ်ကြ၏။ အမျိုးသား သားရေဖိနပ်ဆိုချင် 765 တံဆိပ်၊ အမျိုးသမီး သားရေဖိနပ်ဆိုလျင် T ပုံစံအလှတပ်ကွင်းနှင့် တံဆိပ်၊ အားကစားဖိနပ်ဆိုလျင် ဟွေ့လီတံဆိပ်တို့ ဝတ်ဆင်ကြပြီး နယ်ဘက်တွင်တော့အဝတ်ဖိနပ်များကိုသာ ဝတ်ကြ၏။ လင်းဝေ့ကတော့ ကောက်ရိုး ရှုးဖိနပ်ကိုဝတ်ထား၏။
ကျောက်လီက သိချင်စိတ်နှင့် မေးသောအခါ လင်းဝေ့လည်း စျေးဝယ်ဖို့ မလောတော့ပဲ ဖိနပ်အကြောင်းကိုရှင်းပြလိုက်သည်။
လင်းဝေ့၏ ကောက်ရိုးညှပ်ဖိနပ်ကို မမြင်ခင်က ကျောက်လီက ကောက်ရိုးဖိနပ်များကို စိတ်ဝင်စားလေ့မရှိပါ။ လင်းဝေ့ ဝတ်လာသည်ကိုတွေ့၍ လှသည်ဟုထင်ကာ စိတ်ဝင်စား၍ မေးကြည့်ခြင်းဖြစ်သည်။ ထို့ကြောင့် လင်းဝေ့က ပြော၍ မပြီးသေးခင် မေးလိုက်သည်။
"ရှင့်အန်တီက တစ်ခြားလူတွေအတွက် ကော ဖိနပ် လုပ်ပေးလားဟင် "
"အစ်မ လိုချင်ရင် စာရေးပြီး မေးလိုက်မယ်လေ အစ်မအာ့လိုလုပ်ချင်လား " ဟု လင်းဝေ့က သေချာအောင် ထပ် မေးလိုက်၏။
ကျောက်လီကလည်း ခေါင်းငြိမ့်လိုက်ပြီး
" ရတယ်။ ရှင်ဝတ်ထားတဲ့ ညှပ်ဖိနပ်လေးက သက်သောင့်သက်သာရှိပြီး ကောင်းမယ့်ပုံပဲ ကျွန်မလည်း နှစ်စုံလောက်လိုချင်တယ်"
"ရှင့်ဖိနပ် ဆိုက်က ဘယ်လောက်လဲ"
" ကျွန်မက နံပါတ် ၃၆ ၃၇ လောက်ဆိုဝတ်လို့ရပြီ"
ကျောက်လီ ခြေထောက်က လင်းဝေ့ထက် အနည်းငယ်ပဲကြီး၍ လင်းဝေ့က သူမ ဖိနပ်ကို စမ်းကြည့်ရန်ချွတ်ပေးလိုက်သည်။
"ဒါဆိုရင် ကျွန်မ ဖိနပ်နဲ့ အရင် စမ်းဝတ်ကြည့်ပါလား။စမ်းကြည့်ပြီး ကြိုက်ရင် စာရေးပြီး မှာလိုက်မယ်လေ။ဘယ်လိုလဲ"
ကျောက်လီကလည်း စိတ်လှုပ်ရှားစွာ "ကောင်းတယ်"ဟုပြောပြီး ဘေးဘီဝဲယာကြည့်လိုက်ကာ
"ဒီ မှာပဲစမ်းဝတ်ကြည့်ရမလား။ ဒါမှမဟုတ် အလုပ်ဆင်းတဲ့အခါ ရှင့်အိမ်ကို လာ စမ်းဝတ်ကြည့်ရမလား" ဟုမေးလိုက်ရာ လင်းဝေ့က ယ
"ဒီ မှာထဲ ထိုင်ပြီး စမ်းဝတ်ကြည့်လိုက်ပါ" ဟုပြောလိုက်သည်။
လင်းဝေ့တို့နှစ်ယောက် စကားပြောနေစဥ် စက်မှုထုတ်ကုန်ရောင်းသည့်ကောင်တာမှ အစ်မကြီးကမှန်ကောင်တာ အောက်ထပ်မှာ စောင့်ကြောင့်ထိုင်ပြီး လက်အိတ်ရှာနေ၏။ လက်အိတ်တစ်ဒါဇင်ရှာ တွေ့ပြီး ထလာရာ လင်းဝေ့တို့ နှစ်ယောက် ဖိနပ်အကြောင်းပြောနေသည်ကိုကြား၍ လာကြည့်လိုက်၏။
ကောင်တာရှေ့မှာတော့ လင်းဝေ့က ကျောက်လီ အမြဲထိုင်နားနေကြ ခွေခြေခုံလေးပေါ်ထိုင်ရင်း ဖိနပ်ကို ချွတ်လိုက်၏။ ကျောက်လီက မြေပေါ်မှာ ဆောင့်ကြောင့်ထိုင်ရင်း လင်းဝေ့ ဖိနပ်ကို စမ်းစီးလိုက်သည်။ ဖိနပ်က အနည်းငယ် ကျပ်သော်လည်း အားအနည်းစိုက်ကာ ဝတ်ကြည့် ၍ရ၏။
နှစ်ဖက်စလုံးစမ်းဝတ်ကြည့်ပြီးနောက် ကျောက်လီက မတ်တပ်ရပ်ကာ မေးလိုက်သည်။
"ဘယ်လိုလဲ"
စက်မှု ထုတ်ကုန်ရောင်းသည့်ကောင်တာမှ အစ်မကြီးက ကျောက်လီခြေထောက်မှ ဖိနပ်ကိုမြင်သောအခါတအံ့တသြဖြင့် ပြောလိုက်သည်။
"ဖိနပ်လေးက ယဥ်ယဥ်လေးနဲ့လှတယ်နော်"
"ဟုတ်တယ်"ဟု ကျောက်လီက ပြန်ဖြေရင်း သူမခြေထောက်ကိုငုံ့ကြည့်ကာ ကျေနက်နေခဲ့သည်။
သို့သော်စက်မှု ထုတ်ကုန်ရောင်းသည့်ကောင်တာမှ အစ်မကြီးက ထပ်ပြောလိုက်သောစကားကြောင့် နှစ်မိနစ်လောက်သာ ပျော်လိုက်ရသည်။
"ဒါပေမယ့် အခုအဝတ်အစားနဲ့တော့မလိုက်ဘူး အဝတ်အစားရွေးရလိမ့်မယ်"
ကျောက်လီကလည်း သက်ပြင်းလေးချကာ လင်းဝေ့ဘက်ကို လှည့်ပြီး မေးလိုက်၏။
"ရှင်ကော သိပ်မလိုက်ဘူးလို့ထင်လား"
သမဝါယမ နှင့်ရိက္ခာထောက်ပံ့ရေးရုံက ဝန်ထမ်းများအတွက် ယူနီဖောင်း သတ်မှတ်ပေးထားခြင်းမရှိ၍ မိမိကြိုက်နှစ်သက်ရာ ဝတ်ဆင်နိုင်ကြသည်။ သို့သော် ကျောက်လီ၏ နေ့စဥ် အဝတ်အစားက ရှပ်အင်္ကျီနှင့်ဘောင်းဘီရှည်ရိုးရိုး သာဖြစ်သည်။ ခြေကျင်းဝတ် ဖုံးနေသည့် ဘောင်းဘီရှည်က ကောက်ရိုးညှပ်ဖိနပ်နှင့် မလိုက်ပါ။
ထို့ကြောင့် လင်းဝေ့ကလည်း"ဒီဖိနပ်တွေက စကပ်နဲ့ ဆိုပိုလိုက်တယ်" ဟုပြောလိုက်သည်။
"အာ့လိုလား" ဟုပြောပြီး ကျောက်လီမျက်နှာညိုးသွားသည်။ သူမသည် စကပ် မဝတ်ရဲသောကြောင့် သူမအဝတ်ဘီဒ်ိုထဲတွင်လည်း စကပ်မရှိပေ။ ထို့ကြောင့် ဤဖိနပ်နှင့် လိုက်ဖက်အောင် စကပ်တစ်ထည် ဝယ်သင့်မဝယ်သင့်လည်း သေချာ မဆုံးဖြတ်ရဲပါ။
ကျောက်လီတွေဝေနေသည်ကိုတွေ့ပြီး လင်းဝေ့က ပြုံးလျက် အကြံပေးလိုက်သည်။
"ဒီဖိနပ်တွေကလှပေမယ့်လည်း အဝတ်အစားရွေးတယ်။ စီးရလွယ်ပေမယ့်လည်း အဝေးကြီးလမ်းလျှောက်ရတာမျိုးဆို အဆင်မပြေဘူး။ ဒါ့ကြောင့်မိသားစုအိမ်ရာထဲမှာတော့ စီးလို့ရတယ်။ ဝယ်ဖြစ် မဝယ်ဖြစ် သေချာစဥ်းစားလိုက်ပါဦး"
"ဟုတ်ပါပြီ သေချာစဥ်းစားကြည့်လိုက်ပါ့မယ်"
ကျောက်လီလည်း ဖိနပ်ကိုချွတ်ပြီး လင်းဝေ့ကို ပြန်ပေးလိုက်၏။
"ရှင့်ကို ဒုက္ခပေးလိုက်မိပြီ"
လင်းဝေ့ကလည်းပြုံးကာ "ရပါတယ် အစ်မရယ်" ဟုပြန်ပြောလိုက်၏။
လင်းဝေ့လည်း ဖိနပ်ပြန်စီးပြီး စက်မှုထုတ်ကုန်ကောင်တာဘက်သို့ သွားကာ အနက်ရောင်ရာဘာဖိနပ် နှင့် သူမနှင့်တော်သည့် နိုင်လွန်လက်အိတ်ကို ရွေးလိုက်သည်။
လင်းဝေ့သည် သူမအတွက် ဖိနပ်သာမက သူမကလေးနှစ်ယောက်အတွက်ပါ ဖိနပ် နှစ်စုံဝယ်လိုက်သည်။သို့သော် ကလေးများအတွက် နိုင်လွန်လက်အိတ်တော့ မရှိပေ။
ရာဘာဖိနပ်နှင့် လက်အိတ်များက စက်မှုထုတ်ကုန်များဖြစ်၍ စက်မှုကူပွန်လက်မှတ်များဖြင့်ဝယ်ရ၏။ သို့သော် အကန့်အသတ်ဖြင့်သာ ဝယ်ယူနိုင်၏။
ကံကောင်းစွာပင် ကျုံးရှောက် ပင်လယ်ထဲမထွက်ခင် လစာ ထုတ်ခွင့်ရခဲ့သည်။ စက်မှုထုတ်ကုန်ကူပွန်များကိုလည်း ပြန်ပေးရမည့်သူကို အကုန်မပေးပဲ အနည်းငယ် ချန်ထားခဲ့ရာ ရာဘာဖိနပ် သုံးစုံ နှင့် လက်အိတ် တစ်စုံဝယ်ဖို့ လောက်သေး၏။
ထို့ကြောင့်လင်းဝေ့လည်း ငွေချေပြီး ကလေးများမှာသည့် လိုင်ချီးသိီးနှင့် ပိန္နဲသီး အနည်းငယ်ထပ်ဝယ်ခဲ့သည်။
လင်းဝေ့က မနက်တိုင်း သစ်သီး လာဝယ်လေ့ရှိ၍ကျောက်လီက ပိန္နဲသီးကို မနက်ခင်းကတည်းက ခွဲထားလေ့ရှိသည်။ ပိန္နဲသီးကလဲ ရောင်းကောင်း၍ နေ့လည်မတိုင်ခင် ကုန်သွားလေ့ရှိသည်။
ကျောက်လီက လင်းဝေ့အတွက် ပိန္နဲသီးကို ဆီစိမ်စက္ကူနှင့် ထုပ်ပေးရင်းမေးလိုက်သည်။
"ဒူးရင်းသီးကောစားလား"
လင်းဝေ့ကျွန်းပေါ်ရောက်သည်မှာ အနည်းငယ်ကြာပြီဖြစ်သော်လည်း ဒူးရင်းသီးရောင်းသည်ကို မတွေ့ခဲ့ဖူးပါ။
"ကျွန်မဒူးရင်းသီး မစားဖူးသေးဘူး ဘာလို့လဲ"
"ရိက္ခာထောက်ပံ့ရေးရုံက ဒူးရင်းသီးတွေ လက်လီ ဝယ်မလို့ လုပ်နေတာ ရှင်စားချင်တယ်ဆို တစ်လုံး ယူထားပေးမလို့လေ"
သစ်သီးအချို့က်ို လူတွေသိပ်မကြိုက်ကြရင်တောင် စားနိုင်ကြသေးသော်လည်း ဒူးရင်းသီးကတော့ မတူချေ။ ဒူးရင်းသီးကြိုက်သည့် သူတွေက အရမ်းကြိုက်ကြကာ မကြိုက်ကြသည့်သူတွေက အနံ့ပင်မခံနိုင်ကြပါ။
မိသားစုအိမ်ရာဝင်းထဲမှာလည်း ဒူးရင်းသီးကြိုက်သူသိပ်မရှိ၍ ရိက္ခာထောက်ပံ့ရေးရုံက သစ်သီးကောင်တာတွင် ဒူးရင်းသီး မကြာခဏတင်လေ့မရှိပါ။
ကျောက်လီကလည်း ဒူးရင်းသီးကြိုက်သူဖြစ်ရာ သူမအတွက် အသီးတစ်ချို့ကို သက်သက်အရင် ဝယ်ယူထားရန်စိတ်ကူးလိုက်သည်။ လင်းဝေ့ကလည်း သစ်သီးအမြဲဝယ်သူဖြစ်၍ ဒူးရင်းသီးကြိုက်လောက်မည်ထင်၍မေးကြည့်ခြင်းဖြစ်သည်။
လင်းဝေ့ကလည်း စဥ်းစားလိုက်ပြီး "အစ်မက ဒူးရင်းသီး ကိုယ်တိုင်ရောင်းတာလား။ ဒူးရင်းသီးကိုကျွန်မလည်း အရင်မစားဘူးတော့ စားတတ်ပါ့မလားမသိဘူး" ဟုပြောလိုက်သည်။
ဒူးရင်းသီး ချစ်သူဖြစ်သည့် ကျောက်လီကတော့ အမြဲတမ်း သူများကို ဒူးရင်းသီးကောင်းကြောင်း ညွှန်းတတ်သူဖြစ်သည်။ မိသားစုအိမ်ရာမှာ ဒူးရင်းသီးစားသုံးသူများလာမှ သမဝါယမနှင့် ရိက္ခာထောက်ပံ့ရေးရုံးမှလည်း ဒူရင်းသီးကို သစ်သီးကောင်တာတွင် အမြဲတင်ရောင်းပေးမည်ဖြစ်သည်။ သို့မှသာ ကျောက်လီလဲ ဒူးရင်းသီးကို အမြဲဝယ်စားနိုင်မည်ဖြစ်သည်။
ထိုကဲ့သို့တွေးကာ ကျောက်လီက လင်းဝေ့ကို စိတ်ပါလက်ပါ ဒူးရင်းသီးအကြောင်း မိတ်ဆက်ပေးလိုက်သည်။
" အဆင်ပြေပါတယ်။ ကျွန်မအိမ်က ဒူးရင်းသီးမှည့်လို့ ခွဲတဲ့အချိန်ကျရင် ရှင်စားရအောင်လို့ချန်ထားပေးမယ်လေ။ မစိုးရိမ်ပါနဲ့ ဒူးရင်းသီးက အနံပြင်းပေမယ့် အရသာက အရမ်းကောင်းပါတယ်."
လင်းဝေ့လည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် "ဟုတ်ကဲ့ပါရှင် စားကောင်းရင်တော့ ကျွန်မလည်း တစ်လုံးယူပါ့မယ်" ဟုပြောလိုက်သည်။
ကျောက်လီကလည်း အမွှာကလေးနှစ်ယောက်၏ ခေါင်းကိုပုတ်ပြီးပြောလိုက်သည်။
"နောက်ရက်လောက်ဆို မှည့်ပြီး အရမ်းစားကောင်းတော့မှာနော်"
ရွေ့ရွေ့က ကျောက်လိီပြောသည်ကို ကြားပြီး ဒူးရင်းသီးမြည်းစမ်းရန် မျှော်လင့်နေမိသည်။ သို့သော် ထိုမျှလောက် အနံ့ပြင်းသောအသီးကို စားကြသေးတယ်လား ဟု ကလေးအတွေးဖြင့်စဥ်းစားနေမိသည်။
စားလို့ကော ကောင်းပါ့မလားးး
…………
တနင်္ဂနွေနေ့မနက်တွင်တော့ လင်းဝေ့လည်း နေမထွက်ခင် စောစောထလိုက်ပြီး အောက်ထပ်မီးဖိုဆောင်ထဲဝင်ကာ ဆန်ပြုတ်ချက်လိုက်သည်။ ထို့နောက် အပေါ်ပြန်တက်ပြီး ကလေးနှစ်ယောက်ကို နှိုးလိုက်၏။
ကလေးနှစ်ယောက်က လွယ်လွယ်နှင့်မထသေး၍ လင်းဝေ့က နာရီဝက်လောက်နှိုးနေရ၏။ အချိန်မှီပြီးစေရန်အတွက် လင်းဝေ့က ကလေးများ၏ အဝတ်အစားကို ပြင်ဆင်ထားလိုက်သည်။ ကလေးနှစ်ယောက် အောက်ဆင်းလာကြသောအခါ ရွေ့ရွေ့က မျက်လုံးပင်မဖွင့်နိုင်သေးချေ။
လင်းဝေ့ အော်လိုက်မှ မျက်လုံးကို ကြိုးစားဖွင့်ကာ သက်ပြင်းလေးချရင်း အောက်ထပ်ကို ဆင်းလာသည်။
သွားတိုက်မျက်နှာသစ်ပြီးတော့ ကလေးများက လန်းဆန်းနေပြီဖြစ်သည်။ ရွေ့ရွေ့ကတော့ ပျင်းနေ၍ ရေချိုးခန်းထဲက ထွက်ပြီးနောက် ခုံပုလေးဖြင့်တံခါးပေါက်နားထိုင်ကာ ငိုင်နေ၏။